မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

ပြောက်ကျားတိုက်ပွဲများ

ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တာ နှစ်ပေါင်း ၆၆ နှစ်တိတိ ရှိခဲ့ပါပြီ။ ဖက်ဆစ်စနစ်ဆိုတာ မကောင်းမှန်းသိလို့ ကမ္ဘာာမှာ ဖက်ဆစ်စနစ်ကို ဖက်ဆစ်တို့ရဲ့ ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ဂျာမန်၊ အီတလီ၊ ဂျပန်တို့တောင်မှ သူတို့ကျင့်သုံးခဲ့တဲ့ စနစ်ဟာ သူတို့ပြည်သူတွေအတွက် မကောင်းမှန်းသိလို့ စွန့်ပစ်ပြီး ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်ကုန်ကြတာ ကြာပါပြီ။ ဖက်ဆစ်စနစ် ဆိုတာ ကမ္ဘာ့ တခြားနေရာတွေမှာ ဘယ်နေရာမှာမှ မရှိတော့ပါဘူး။ သို့သော်လည်း ဂျပန်အမွေပေးခဲ့တဲ့ ဖက်ဆစ်စနစ်ကို မြန်မာ့တပ်မတော် ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်တွေက ယနေ့အထိ နှစ်ခြိုက်စွာ ကျင့်သုံးနေဆဲ၊ ဒါကိုအဟုတ်ကြီးမှတ်ပြီး စစ်ခေါင်းဆောင်တွေ ဘာပြောပြော အမှန်ပဲ ထင်နေတဲ့ နောက်လိုက်တွေကလည်း ယနေ့အထိ ရှိနေဆဲပဲ။ ဒီနေ့ မတ်လ (၂၇) ရက်နေ့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့ ၆၆ ကြိမ်မြောက် တော်လှန်ရေးနေ့ မှာ ခင်မမမျိုး ရေးဖွဲ့ထားတဲ့ တော်လှန်ရေးတိုက်ပွဲဝင် ကာလတိုင်းမှာ အသုံးပြုလာခဲ့တဲ့ ပြောက်ကျားတိုက်ပွဲ ပုံစံများကို သဘောကျလို့ တော်လှန်ရေးနေ့ အမှတ်တရအဖြစ် ဘလော့ဂ်မှာ သိမ်းထားရင်း ပြန်လည်ဖေါ်ပြလိုက်ပါတယ်။


အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- မန္တလေးတိုင်း

"ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ။ ငါတို့ ဒီအတိုင်း ငြိမ်ခံနေလို့ မဖြစ်တော့ဘူး။ တခုခုတော့ လုပ်ရမယ်"
"ငါလဲ မင်းလိုပဲ စဉ်းစားမိတယ်။ ဘယ်နဲ့ကွာ။ စစ်မတိုက်ချင်လို့ စစ်တက္ကသိုလ်မတက်ပဲ ရိုးရိုးတက္ကသိုလ်တက်တာပေါ့။ ဘွဲ့ရပြီးကာမှ ငါတို့က စစ်သားဝင်လုပ်ရမှာလား"
"အေးကွာ။ တတိယကမ္ဘာစစ်ဖြစ်နေတာလဲ မဟုတ်ဘူး"
"တတိယကမ္ဘာစစ်ဖြစ်နေတာ မဟုတ်ဘူးဟေ့။ လူသတ်ပွဲဖြစ်နေတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေ၊သီလရှင်တွေကို ပစ်သတ်တာ၊ ရိုက်သတ်တာ မတွေ့ဘူးလား။ ငါတို့ကို စစ်မိန့်နဲ့ အဲလို သတ်ခိုင်းဖို့ ကြံစည်နေတာ"
"မိုက်ရိုင်းတယ်ကွာ။ ငါကတော့ စစ်မိန့်တွေ၊ဘာတွေ ဂရုမစိုက်ဘူး။ ဦးနှောက်ရှိတဲ့ လူကွ။ ငါ့ကိုလာပြီး ဘုန်းကြီးသတ်ခိုင်းလို့ကတော့ ငါ့သေနတ်ပြောင်းဝမှာ ဘုန်းကြီးတွေ မရှိစေရဘူး။ သေနတ်ပြောင်းပြန်လှည့်မှာပဲ"



"သေနတ်ပြောင်းပြန်လှည့်တာက နောက်မှကွ။ ပြန်မလှည့်ခင် ငါတို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ခိုင်းမယ်၊ ရွာတွေ မီးရှို့ခိုင်းမယ်၊ မိုင်းကွင်းဖြတ်ခိုင်းမယ်၊ လူသတ်ခိုင်းမယ်။ ဒါတွေ လုပ်ဖို့ စစ်တပ်မှာ အင်အားအပြည့် မရှိတော့ဘူးကွ။ သူတို့တပ်တွေမှာ ဗိုလ်တွေပဲ ရှိပြီး၊ အရာခံ၊ အကြပ်၊ တပ်သားဖွဲ့စည်းပုံတွေ မပြည့်ဘူးလို့ ကြားတယ်။ အဲဒီပြဿနာကို ဖြေရှင်းတာ"
"ဒါတခုတည်းတင် မဟုတ်ဘူးကွ။ ငါတို့တိုင်းပြည်က နောင်တခေတ်ရဲ့ ခေါင်းဆောင် လူငယ်မျိုးဆက်သစ်တွေကို စစ်ဗိုလ်တွေရဲ့ အမိန့်အောက်မှာ ပြားပြားဝပ်နာခံရပြီး၊ ဦးကျိုးသွားအောင် လုပ်တာ။ ဒါမှလဲ သူတို့ရဲ့ စစ်သွေးကြွနိုင်ငံတော် တည်ဆောက်ရေး စီမံချက်ကြီး အောင်မြင်သွားမှာပေါ့"
"အေး၊ ဟုတ်တယ်ကွ။ ခုဆို ရွေးကောက်ပွဲမှာလဲ အရပ်ဝတ်ဗိုလ်တွေနဲ့ ကြံ့ဖွတ်တွေပဲ အနိုင်ရကြတယ်။ လွှတ်တော်ထဲမှာလဲ ရွေးကောက်ပွဲမ၀င်ပဲ အချောင်ပါလာတဲ့ ဖားတပိုင်း၊ ငါးတပိုင်းတွေကလဲ ရှိသေးတယ်ကွာ။ ဒီတော့ လွှတ်တော်နိုင်ငံရေးမှာ သူတို့ပဲ ကြီးစိုးထားတာ။ ဒါပေမယ့် လွှတ်တော်ပြင်ပ နိုင်ငံရေးကိုတော့ သူတို့ ကြောက်တယ်ကွ။ ဒါကြောင့် လူငယ်တွေ ဦးကျိုးသွားအောင် ချိုးဖို့ လုပ်တာ"
"အဲလိုဆိုရင် ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအားလုံး စစ်ကျွန်ဘ၀ရောက်ပြီပေါ့ကွ။ လွှတ်တော်တွင်းမှလဲ ဖားတပိုင်း၊ ငါးတပိုင်းတွေ၊ လွှတ်တော်ပြင်ပမှာလဲ စစ်မှုထမ်းဟောင်းတွေပဲ ဖြစ်ကုန်ပြီပေါ့။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ကြမှာလဲ"
"တောက်၊ ခံပြင်းတယ်ကွာ"
"ခံပြင်းနေလို့ မပြီးဘူးကွ။ ဒါကို ငါတို့က ငြိမ်ခံနေကြမှာလား။ ငါတော့ကွာ။ စစ်မှုထမ်းပြီး ဦးချိုးခံရ၊ စစ်မြေပြင်မှာ ခွေးသေ၊ ၀က်သေ အသေခံရတာထက်စာရင် မတရားတဲ့ ဒီအမိန့်အာဏာတွေကို ဖီဆန်ပြီး သေရတာကမှ တော်သေးတယ်လို့ မြင်တယ်"
"ဟုတ်တယ်ကွ။ ငါတို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဒီလိုဖြစ်နေရတာ။ ဒီစနစ်ကို မဖယ်ရှားမချင်း ငါတို့ ဘ၀အနာဂတ်တွေ မရေမရာဖြစ်နေဦးမှာပဲ"
"ငါတို့ ဘာလုပ်ကြမလဲ"
"အေး၊ ဟုတ်တယ်။ ငါတို့ တခုခုလုပ်ရမယ်။ ဒါပေမယ့် ငါတို့မှာ အဆက်အသွယ် မရှိဘူးကွ"
"မန္တလေးဘက်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းတချို့ရှိတယ်။ သူတို့ကတော့ အင်တာနက်ပေါ်ကနေ ပိုစတာလေးတွေ ရတယ်။ အဲဒါလေးတွေ ပရင့်ထုတ်ပြီး၊ ပိုစတာကင်ပိန်း လုပ်တယ်ကွ"
"မင်းကလဲကွာ။ ပိုစတာကပ်ရုံနဲ့ ဒီအစိုးရက ပြုတ်ကျမှာတဲ့လား"
"အဲလိုတော့ မဟုတ်ဘူးလေကွာ။ တဘက်ရန်သူက အင်အားကြီးတယ်။ ငါတို့ အုပ်စုလေးမှာက လူ ၅ယောက်ပဲ ရှိတာ။ ဒီအတိုင်းပဲ ထွက်တိုက်လိုက်ရင် အင်အားချင်းမမျှဘူးလေ။ ဒီတော့ ပြောက်ကျားတိုက်ပွဲ လုပ်ရမယ်။ ဒီလို လုပ်တာမှာလဲ ငါတို့လိုမျိုး စစ်အာဏာရှင်စနစ်ကို တိုက်ချင်တဲ့ လူတွေအားလုံး ပါဝင်လာအောင် လှုံ့ဆော်ဖို့ ပိုစတာကင်ပိန်း လုပ်ဖို့လိုတယ်"
"ဒါပေမယ့် ငါတို့ဆီမှာ ပိုစတာမှ မရှိတာ"
"သားတို့ ဘာတွေ ပြောနေကြတာလဲ"

အဖေ ၀င်လာသဖြင့် လူငယ်တစု ပြောနေသော စကားဝိုင်း ရပ်သွားသည်။ သူတို့ လူငယ်များ အချင်းချင်းဆွေးနွေးနေသော စကားလုံးများကို အဖေများ ကြားသွားလေသလားဟူသော စူးစမ်းကြည့်ဖြင့် မိုးအေးက လှမ်းကြည့်သည်။ အဖေက ခပ်အေးအေးပင်။
"သားတို့တွေ၊ ပိုစတာလုပ်ချင်လို့လား။ လူငယ်ဆိုတာ မရှိတာကို အကြောင်းပြတာထက်၊ ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားရတယ်။ လိုရင်ကြံဆ၊ နည်းလမ်းရပေါ့ကွာ။ သြော်-သား၊ မင်းအမေ သိမ်းထားတဲ့ ပြက္ခဒိန်ဟောင်းတွေ အများကြီးရှိတယ်လေ။ ပြက္ခဒိန် စာမျက်နှာ အလွတ်တဘက်မှာ မင်းတို့ဆွဲချင်တဲ့ ပုံဆွဲပြီး၊ ကြွေးကြော်သံတွေ ရေးလိုက်ရင် ပိုစတာဖြစ်ပြီပေါ့ကွ။ ကွန်ပျူတာတွေ၊ ဂရပ်ဖစ်တွေ မပေါ်တဲ့ ခေတ်တုန်းက အဖေတို့တွေ ဒီလိုပဲ လုပ်ခဲ့ကြတာပဲ"
"အဖေ"
မိုးအေးက ၀မ်းသာအားရဖြင့် လှမ်းခေါ်တော့ အဖေက သားပခုံးကို လှမ်းဖက်လိုက်သည်။
"ပိုစတာသွားကပ်ရင်တော့ သတိထားကြကွာ။ သတိရှိရှိနဲ့လုပ်။ တိုက်ပွဲဖော်တယ်ဆိုတာ သတိရှိရတယ်"

ထူးခြားသော အားအင်တခုက အဖေဆုပ်ကိုင်ထားသော လက်မောင်းများမှတဆင့် မိုးအေးကိုယ်ထဲသို့ စီးဝင်သွားသည်။ အခန်းထဲမှ မိုးအေးသူငယ်ချင်းများတွင်လဲ အပြုံးကိုယ်စီဖြင့်။

မည်သို့ဆိုစေ၊ သေချာသည်ကတော့ မကြာမီရက်ပိုင်းအတွင်းတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြက္ခဒိန် ပိုစတာများ မိုးအေးတို့ မြို့လေးတွင် ပျံ့နှံ့သွားပေတော့မည်။ အခြားမြို့များ၊ ရွာများသို့လည်း အဆိုပါ ပြောက်ကျားတိုက်ပွဲလေးများ ဆက်လက်ပျံ့နှံ့သွားပါက …...................................။

တိုက်ပွဲ (၂) – ဗလာစာရွက်၊ ဖြန့်ဝေစာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ပဲခူးတိုင်း

"မမဆီမှာ ပိုက်ဆံ အပိုနည်းနည်းများ ရှိလားဟင်"
"ဟဲ့၊ မိသူ။ နင်ငါ့ကို ဒီလိုတခါမှ မမေးဖူးပါဘူး။ ဘာဖြစ်လို့လဲ။ အမေက မုန့်ဖိုးမပေးဘူးလား"
"မုန့်ဖိုးတော့ ပေးပါတယ်။ ဒါပေမယ့် ငွေနည်းနည်းလိုနေလို့ပါ"
"မဟုတ်သေးပါဘူးဟယ်။ မိသူ၊ နင်မှန်မှန်ပြောစမ်း။ ဘာလုပ်မလို့လဲ။ နင့်မှာ ရည်းစားရှိနေပြီလား။ ဆယ်တန်းကျောင်းသူ ရည်းစားထားကို မမခွင့်မပြုဘူးနော်"
"မဟုတ်ပါဘူး၊ မမရဲ့။ ရည်းစားမထားပါဘူး။ ညီမလေးက ဒီစာရွက်လေးတွေကို ကော်ပီကူးပြီး ဖြန့်ချင်လို့ပါ"
သူသူ့လက်ထဲမှ စာရွက်လေးတွေကို ကြည့်ပြီး၊ မမမျက်လုံးပြူးသွားသည်။
"ဟဲ့၊ ဒါက စစ်အစိုးရဆန့်ကျင်ရေးကြေငြာချက်တွေပဲ"
"ဟုတ်တယ်မမ။ ညီမလေး ဒါတွေကို ဖြန့်ချင်လို့။ အဲဒါ ကော်ပီဆွဲဖို့ ငွေလိုနေတာ"
"ဘာလို့ လုပ်ချင်ရတာလဲ မိသူရယ်။ နင်အဖမ်းခံရလိမ့်မယ်"
မမရယ်၊ အဖမ်းခံရမှာကို ညီမလေး မကြောက်ပါဘူး။ ညီမလေးတို့ ဘ၀တွေ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာ မမအသိဆုံးနေမှာပါ။ မမဆိုရင် အဝေးသင်နဲ့ ဘွဲ့ရပြီးပြီ။ ဒီဘွဲ့လေးရအောင် စတိုးဆိုင်မှာ အလုပ်လုပ်ရင်း မမ ဘယ်လောက် ကြိုးစားခဲ့ရလဲ။ မုဆိုးမအမေလဲ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ ဟော- ခုဘွဲ့ရတော့ကော မမဘ၀က တိုးတက်လာလား။ မမဘွဲ့ရရင် ရုံးတရုံးမှာ အရာရှိဖြစ်မှာပဲလို့ မျှော်လင့်ချက်လေးနဲ့ အမေ့မှာ ရုန်းကန်ခဲ့ရတာ။ ၀န်ထမ်းရွေးချယ်ရေးက အဝေးသင်ဘွဲ့ရတွေကို အရာရှိအလုပ် မလျှောက်ရဘူးဆိုတော့ ခုမမ ဘာလုပ်နေရလဲ။ မနက်မှာ စတိုးဆိုင်အရောင်းစာရေး၊ ညနေမှာ စားသောက်ဆိုင် အဆိုတော်။ ခုညီမလေး ဆယ်တန်းအောင်ပြီးရင်ကော၊ ဘာဖြစ်လာမှာလဲ။ ဘယ်မှာလဲ ညီမလေးတို့ ကျောမွဲကျောင်းသူတွေရဲ့ အနာဂတ်"

သူသူ့ အပြောကြောင့် မမ ငိုင်သွားသည်။ ဘွဲ့ရရင်တော့ ဘ၀ အပြောင်းအလဲလေး တစုံတရာဖြစ်မလားလို့ မမ မျှော်လင့်ခဲ့ဖူးသည်။ သို့ပေမယ့် ဘ၀ပြောင်းဖို့နေနေသာသာ၊ မယိုင်လဲအောင်တောင် မနည်းထိန်းနေရသည်။ အမေမျှော်လင့် ခဲ့သလို၊ ရုံးအရာရှိဖြစ်ဖို့ဝေးစွ။ ရုံးစာရေးအလုပ်ပင် အဆက်အသွယ်ကောင်းရှိမှ ရသည်တဲ့။ ဖခင်ကလဲ မရှိ၊ ဆွေမျိုး သားချင်းလဲ မရှိသော မုဆိုးမအမေနှင့် ညီအစ်မနှစ်ယောက်ဘ၀မှာ ဘယ်လိုအဆက်အသွယ် ရှိပါမည်တဲ့လဲ။ စားသောက်ဆိုင် အဆိုတော် အလုပ်လေး ရတာတောင် ကံကောင်းပေလွန်းလို့။

"မမရယ်။ ညီမလေးတို့ဘ၀တွေ ဒီလိုနဲ့ပဲ အဆုံးသတ်ရတော့မှာလားဟင်။ ညီမလေးတို့ မရေရာ၊ မသေချာ ဘ၀နဲ့ပဲ မဆုံးချင်ဘူး။ ကျောင်းမှာလဲ ကျူရှင် မတက်နိုင်တော့ သိပ်မျက်နှာငယ်တာပဲ။ ဒီကြားထဲ ရေအိုးဖိုး၊ တံမြက်စည်းဖိုး၊ အချိန်ပိုဖိုး၊ ဆရာကန်တော့ပွဲအလှူငွေဆိုပြီး တမျိုးပြီးတမျိုးတောင်းကြသေးတယ်။ ဟိုနေ့တုန်းကဆို အေတန်းက ဗိုလ်မှူးသမီး တယောက်က ညီမလေးတို့ကို မဆီမဆိုင်ချိုးချိုးဖဲ့ဖဲ့လာပြောလို့ ညီမလေးတို့ ဘီတန်းက ကျောင်းသူတွေနဲ့ စကားများကြတယ်။ ဆရာမတွေက ဘာလုပ်လဲသိလား မမ။ အကောင်သမီးနဲ့ ရန်ဖြစ်လို့တဲ့။ ညီမလေးတို့ကို ရိုက်ပြီး သူ့ကိုတောင်းပန်ခိုင်းတယ်။ ညီမလေးတို့ဘ၀တွေက ဘာဖြစ်နေပြီလဲဟင်။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေး။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ အနာဂတ်ပန်းတိုင်"

သူသူက ပြောရင်း မျက်ရည်များကျလာသည်။ မမလဲ မျက်ရည်ကို မနည်းထိန်းထားရသည်။ ဆိုင်မှာ ပြောနေကြသော ဇိုင်းဂနိုင်း လူသတ်ပွဲကို သတိရလာသည်။ စားသောက်ဆိုင်ကအပြန် လူငယ်ချင်းရန်ဖြစ်တာကို တဘက်စစ်ဗိုလ်က စစ်တပ်ခေါ်လာပြီး လမ်းမပေါ်မှာတင် လူငယ်တွေကို ပစ်သတ်သတဲ့။ မမတို့ တိုင်းပြည်ကြီး ဘာဖြစ်နေပြီလဲ။ ရောမခေတ်ကလို ကျွန်ဇာတ်သွင်းခံနေရပြီလား။ ဒါဆို ဘယ်သူတွေက သခင်တွေလဲ။ ဘယ်သူတွေက ကျွန်တွေလဲ။ ပြည်သူလူထုက စစ်အာဏာရှင်တွေရဲ့ ကျွန်တွေ ဖြစ်နေပြီလား။

"ညီမလေးကို ပိုက်ဆံနည်းနည်းပေးပါ မမရယ်။ ကော်ပီဆွဲပြီး၊ ကြေငြာချက်လေးတွေ သွားဖြန့်ချင်လို့ပါ"

"မမဆီမှာလဲ ငွေပိုငွေလျှံ သိပ်မရှိဘူး သူသူ။ ပြီးတော့ ကော်ပီသွားဆွဲတုန်း ကော်ပီဆိုင်က အစိုးရလူတွေကို သတင်းပေးလိုက်ရင် ဘယ်လို လုပ်မလဲ။ ဒီလိုလုပ်ပါလား။ မမတို့ ရှိတဲ့ ပိုက်ဆံလေးတွေနဲ့ ဗလာစာအုပ်လေးတွေ ၀ယ်မယ်လေ။ ပြီးရင် အချိန်အားတွေမှာ ဗလာစာရွက်တွေပေါ်မှာ ကူးရေးမယ်။ မမသူငယ်ချင်းတွေကိုလဲ ကူရေးခိုင်းမယ်၊ သူသူ့သူငယ်ချင်းတွေကိုလဲ ကူရေးခိုင်း။ ပြီးရင် စုပြီး ဖြန့်မယ်လေ"

"ကောင်းတယ်မမ။ အဲဒါကောင်းတယ်။ ညီမလေးက ငွေမရှိလို့ စိတ်ဆင်းရဲနေတာ။ ခုလိုဆို ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ကြေငြာချက်တွေ ဖြန့်လို့ ရပြီပေါ့နော် မမ"

သူသူက မျှော်လင့်ချက်မျက်ဝန်းလေးများဖြင့် ၀မ်းသာအားရ ပြောသည်။ မမလည်းပျော်ပါသည်။ အချိန်အားရတာနှင့် ကြေငြာချက်စာလေးများကို ဗလာစာအုပ်ထဲမှာ ကူးပြီး စာရွက်လေးတွေ လိုက်ဖြန့်မည်။ သူငယ်ချင်းများကိုလဲ ကူးပြီး ဖြန့်ခိုင်းမည်။ ငွေမရှိလို့ စစ်အာဏာရှင်စနစ်ကို မတိုက်နိုင်တာ မဖြစ်စေရ။ ဗလာစာရွက်၊ ဖြန့်ဝေစာများဖြင့် စစ်အစိုးရကို တိုက်မည်။ ဗလာစာရွက်၊ ဖြန့်ဝေစာလေးများ တပြည်လုံးအနှံ့၊ ပျံ့နှံ့သွားသော တနေ့မှာ …............................။

တိုက်ပွဲ (၃) - နှုတ်ခမ်းနီ လှုံ့ဆော်စာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်

"ဟဲ့။ ကျော်အောင်။ သား ဒါဘာလုပ်နေတာလဲ"

ကျောင်းသို့ အစောကြီးလာပြီး၊ ပြတင်းပေါက်မှန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ လိုက်ကပ်နေသော ကျော်အောင်တယောက်၊ နောက်မှ အသံကြောင့် ရုတ်တရက်လန့်သွားရသည်။ လှည့်ကြည့်လိုက်တော့ ကျော်အောင်တို့ ဌာနမှ ကထိက ဆရာမ။
"ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ ဆရာမ"
"ကဲလာလာ၊ ဆရာမတို့ ကင်တင်းဘက်သွားရအောင်၊ ဒီနားမှာ ရပ်နေလို့ သိပ်မကောင်းဘူး"

ပြောပြောဆိုဆိုဖြင့် ဆရာမက ကင်တင်းဘက်ထွက်သွားတာကြောင့် ကျော်အောင်လဲ ဆရာမနောက်သို့ လိုက်သွားရသည်။

"ဘာလို့ ဒီလို လုပ်ရတာလဲ သားရယ်။ သားက စာလဲတော်တယ်။ မိဘတွေ မရှိတော့ပေမယ့် ကိုယ့်ထူးကိုယ်ချွန်ကြိုးစားရင်း အလုပ်လုပ်နေရတာ။ ဆရာမနဲ့ တွေ့တာမဟုတ်ပဲ တခြားလူတွေနဲ့ တွေ့သွားရင် သားဘ၀ပျက်သွားမှာပေါ့"
"ကျွန်တော်တို့ လူငယ်တွေရဲ့ ဘ၀တွေက ပျက်ပြီးသားပါ ဆရာမရယ်။ ဒီလိုကျောင်းတက်နိုင်အောင် ကျွန်တော် ဘာလုပ်နေရတယ်လို့ ဆရာမထင်လဲ"
"သားပြောမှ ဆရာမသိမှာပေါ့"
"ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ် မတက်ခင် အလုပ်ရှာတယ်ဆရာမ။ အလုပ်က လွယ်လွယ်ကူကူ မရဘူး။ နောက်တော့ အသိတယောက်အဆက်အသွယ်နဲ့ လိုင်စင်မဲ့ဆိုင်ကယ်သွင်းတဲ့ အလုပ်ရတယ်။"
"လိုင်စင်မဲ့ဆိုင်ကယ်။ ဒါဆို ဥပဒေနဲ့ ဘယ်ကင်းပါ့မလဲ"
ဆရာမက အံ့သြတကြီးနှင့် ကျော်အောင့်ကို ကြည့်သည်။

"ဟုတ်တယ်ဆရာမ။ ယိုးဒယားဘက်ကနေ ဆိုင်ကယ်ပစ္စည်းတွေသွင်း၊ ပြန်ဆင်ထားတဲ့ ၀စ်ဒေါက် တွေလေ။ ကျွန်တော်တို့က ဆင်ပြီးသားဆိုင်ကယ်တွေကို တောင်ကြီးအထိ သွားမောင်းယူပေးရတာ"
"အန္တရာယ်များလိုက်တာဟယ်"
"ဟုတ်တယ်ဆရာမ။ အန္တရာယ်များပါတယ်။ ဒါပေမယ့် ငွေလွယ်လွယ်ရတော့ ဒီအလုပ်တွေထဲမှာ လူငယ်တွေ အများကြီးပဲ။ ဆိုင်ကယ်တင်မဟုတ်ဘူး ဆရာမ။ ရာဘဆေးတွေ သွင်းတဲ့လိုင်းတွေ၊ ကားတွေသွင်းတဲ့လိုင်းတွေ အများကြီးရှိတယ်။ ဒါတွေကို ဘယ်သူတွေက လုပ်နေတယ်ထင်လဲဟင် ဆရာမ။ အကျင့်စာရိတ္တမြင့်မားရေးဆိုတာကို လူမှုရေးဦးတည်ချက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင်တွေ ကိုယ်တိုင် လုပ်နေကြတာ။ ကျွန်တော်တို့ကို အဲဒီပခုံးကြယ်ပွင့်ပါ ပုဂ္ဂိုလ်တွေနဲ့ ဆွေမျိုးသားချင်းတွေက ခိုင်းနေကြတာဗျ။ သူတို့အချင်းချင်း စားကျက်လုပြီး သူ့လူ၊ ကိုယ့်လူစားကြရင်လဲ ကျွန်တော်တို့ လူငယ်တွေက မဖြစ်စလောက်ငွေလေးတွေနဲ့ ကြားကနေ ထောင်ကျခံကြရတာပါ"

ဆရာမက ဂရုဏာမျက်လုံးဖြင့် လှမ်းကြည့်နေရုံမှတပါး ဘာမှ ဆက်မပြောနိုင်ဖြစ်သွားသည်။
"ဒီစစ်အာဏာရှင်တွေလက်အောက်မှာ ကျွန်တော်တို့ တိုင်းပြည်ကြီးရဲ့ စီးပွားရေးကဏ္ဍကြီးတခုလုံး ခြွတ်ခြုံကျ ပျက်စီးနေတာကို ပညာတတ်ကထိကကြီးဖြစ်တဲ့ ဆရာမက ပိုပြီး သိမှာပါဗျာ။ စီးပွားရေးလုပ်ငန်းတွေကို ဘယ်သူတွေက လုပ်နေကြတာလဲ။ တရားဝင်စီးပွားရေး လုပ်ငန်းတွေမှာလဲ စစ်အာဏာရှင်တွေနဲ့ ဆွေမျိုးသားချင်းတွေ၊ နီးစပ်ရာတွေက ချုပ်ကိုင်ထားကြတာပါ။ တရားမ၀င်စီးပွားရေး လုပ်ငန်းတွေမှာလဲ သူတို့နဲ့ ဝေစားမျှစား လုပ်နိုင်သူတွေကပဲ ချုပ်ကိုင်ထားကြတာပါ။ ပြည်သူတွေဆိုတာက လက်ဝေခံတွေပါ။ ကျွန်တော်တို့ တိုင်းပြည်ကြီးတခုလုံး နွံနစ်နေပြီ ဆရာမ။ အဲဒီနွံထဲမှာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်တွေပါ မြှုပ်နေပြီ။ ကျွန်တော်တို့ ဘယ်လို ရုန်းထွက်ရမလဲ။ ဒီစစ်အာဏာရှင်တွေကို မဖြုတ်ချပဲ ကျွန်တော်တို့ တိုင်းပြည်ကြီးကို ဘယ်လိုတည်ဆောက်လို့ ရမှာတဲ့လဲ။ ကျွန်တော်တို့ရဲ့ ဘ၀တွေကို ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ ဘယ်လို ရုန်းကန်လို့ ရမှာတဲ့လဲ။ တက္ကသိုလ်ပရ၀ုဏ်တွေအထဲထိ ရောက်နေတဲ့ နှစ်လုံးထီ၊ သုံးလုံးထီတွေ၊ ရာဘဆေးတွေ၊ စာကူးချပညာရေးစနစ်တွေ၊ အမှတ်ဝယ်စနစ်တွေကို ကျော်လွှားပြီး ဆရာမတို့ကကော ဘယ်လို ပညာရေးအဆင့်အတန်းကို မြှင့်တင်နိုင်မှာတဲ့လဲ"

တက္ကသိုလ်ကျောင်းတော်ကြီးမှ သင်ကြားထားပေးခြင်းမရှိသော ပကတိအရှိတရား ဘ၀ပညာများကို ရရှိထားသော တပည့်ငယ်ကို ကြည့်ရင်း ဆရာမ ငိုင်သွားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် တပည့်လေးကို သတိကြီးကြီးနှင့် လုပ်စရာရှိတာများလုပ်ဖို့ သတိပေးရသည်။ တပည့်ငယ်နှင့် လမ်းခွဲပြီးချိန်အထိ ကျောင်းသူကျောင်းသားများ၊ ဆရာမများက ကျောင်းပရ၀ုဏ်တွင်းမှ သိပ်မရှိသေးကြ။

ပြတင်းပေါက်မှန်တခုပေါ်မှာ ကြွေးကြော်သံများပါသော စာရွက်လေးကို ကြည့်ရင်း သူမ ပြုံးမိသည်။ ပြီးတော့ သူမအိတ်ထဲမှ နှုတ်ခမ်းနီတောင့်လေးကို ထုတ်ပြီး စာရွက်မကပ်ထားသော ပြတင်းမှန်များပေါ်တွင် စစ်အစိုးရဖြုတ်ချရေး- ဒို့အရေး ဟု လိုက်ရေးလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးရန်အဖြေလွှာတချို့ ရုံးခန်းထဲ ကျန်ခဲ့တာမို့ ကျောင်းစောစောလာခဲ့မိတာကို ကိုယ့်ဘာသာကိုယ် ကျေနပ်မိတာတော့အမှန်။ လှုံ့ဆော်စာ စာရွက်များ လက်ထဲမှာ မရှိပေမယ့် သူမတို့ မိန်းကလေးများရဲ့ ပိုက်ဆံအိတ်တွေထဲမှာ နှုတ်ခမ်းနီတောင့်များ ကိုယ်စီဆောင်ထားလေ့ရှိပါသည်။ အဆိုပါ နှုတ်ခမ်းနီလေးများဖြင့် လူအများမြင်နိုင်သော မှန်များပေါ်တွင် လှုံ့ဆော်စာများ လိုက်ရေးထားပါက နှုတ်ခမ်းနီ လှုံ့ဆော်စာများကလဲ တနည်းတဖုံဖြင့် လူထုလှုပ်ရှားမှုကို ထောက်ကူပြုမည် မလွဲ............။

တိုက်ပွဲ (၄)- ကြက်ခြေခတ်၊ ဆန္ဒဖော်ထုတ်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ဧရာဝတီတိုင်း

"မမ၊ ကော်ဖီသောက်ပါဦးရှင့်"
သူနာပြုဆရာမ ဖျော်ပေးသော ကော်ဖီကို ဟန်ပင်မဆောင်နိုင်တော့ပဲ အားရပါးရ မော့ချလိုက်မိသည်။
"သြ၀ါဒခံယူပွဲ အဆင်ပြေရဲ့လား မမ"
"နော်ဆေးရယ်။ မသိတာလဲ မဟုတ်ပဲနဲ့၊ မေးနေသေးတယ်။ တို့လဲ လူနာတွေ ဆေးကုချင်လို့ ဆရာဝန်လုပ်တာပါဟယ်။ သူတို့နဲ့ကျမှပဲ ကိုယ့်ဘာသာကိုယ် ဆရာဝန်လား၊ မူလတန်းကျောင်းသူလားဆိုတာ မသိတော့ဘူး။"
"တိုးတိုးပြောမမ။ တော်ကြာ ဟိုကြံ့ဖွတ်သူနာပြုမ ကြားသွားလို့ တိုင်နေဦးမယ်"
"အမယ်လေး။ တိုင်စမ်းပါစေဟယ်။ နယ်ပြောင်းခံရရုံမကလို့ အလုပ်ထုတ်ခံရရင်တောင် တို့မှာ နားအေးပါးအေး နေရဦးမယ်။ ခုတော့ တခါလာ ၀န်ကြီး၊ တခါလာ ဒုဝန်ကြီး၊ တခါလာ တိုင်းမှူးနဲ့ တယောက်ပြီးတယောက်လာပြီး သြ၀ါဒပေးနေကြတာ။ တို့မှာ အလုပ်ပျက်၊ အကိုင်ပျက်နဲ့။ ဒီကြားထဲ သူတို့အလာမှာ လက်အုပ်လေးတွေ ချီပြီ ကြိုရသေးတယ်။ ဘယ်နဲ့ဟယ်။ လူ့အသက်ကယ်တဲ့ လက်ဆိုပြီး ကိုယ့်ဘာသာကိုယ်ကျေနပ်နေတာ။ ခုမှပဲ လူသိရှင်ကြား လူသတ်သမားတွေကို လက်အုပ်ချီနေရတယ်။ ကိုယ့်လက်ကိုတောင် ကိုယ် မသတီတော့ဘူး"
"မမ။ ဒီနေ့ တခုခုဖြစ်လာတယ်ထင်တယ်။ ဒီလိုပြောတာ တခါမှ မကြားဖူးဘူး"
"ဘာမှမဖြစ်လာပါဘူးနော်ဆေးရယ်။ တို့စိတ်ကုန်နေတာကြာပြီ။ ပြောမထွက်ပေမယ့် ရင်ထဲမှာ မခံချင်စိတ်တွေ အပြည့်ပဲ။ ရှစ်လေးလုံးတုန်းက ဆေးရုံထဲ ၀င်ပစ်တာတွေ သိပြီးကတည်းက သူတို့ မျက်နှာတွေကို မြင်ရရင် မျက်စိထဲ ဆံပင်မွှေးစူးသလို ခံစားနေရတာ"
"မမတောင် ဒီလိုခံစားရရင် နော်ဆေးတို့ဆို ပိုဆိုးတာပေါ့ မမရယ်။ ရွာမှာတုန်းကဆိုရင်လေ သူတို့ဝင်လာပြီဆိုရင် ဘယ်သူအသတ်ခံရမလဲ၊ ဘယ်သူ မုဒိမ်းကျင့်ခံရမလဲဆိုပြီး တထိတ်ထိတ်နဲ့ နေကြရတာ။ ကလေးတောင် သူတို့လာပြီပြောရင် အငိုတိတ်တယ်။ အဲလောက်ထိ ရမ်းကားကြတာ။ အပြစ်မဲ့ လူတွေကို အပြစ်ရှာပြီး သတ်ဖြတ်တာ၊ ရွာမီးရှို့တာတွေ မြင်ရ၊ ကြားရဖူးတော့ သိပ်မုန်းတာပဲ မမရယ်။ အမှန်ပြောရရင် မြို့ပေါ်မှာ ဗမာဆို မုန်းနေတာ"
"မမလဲ ဗမာပါပဲ နော်ဆေးရယ်။ မမတို့ ဗမာတွေက နော်ဆေးတို့တွေကို ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ စစ်တပ်ကို ထိန်းချုပ်ပြီး လုပ်နေကြတာပါ။ တကယ်တမ်းကျတော့ ဗမာလူမျိုးတွေအပါအ၀င် တိုင်းရင်းသား ပြည်သူတွေအားလုံးက စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေကြရတာပါ"
"ဟုတ်ပါမယ် မမ။ မမတို့နဲ့ နာဂစ်ကယ်ဆယ်ရေး လိုက်မိတော့မှ နော်ဆေး သဘောပေါက်သွားတာပါ။ နော်ဆေးတို့ တိုင်းရင်းသားတွေကိုတင် သတ်ဖြတ်နှိပ်စက်နေတာမှ မဟုတ်ပဲ။ ဗမာလူမျိုးတွေကိုလဲ ဖိနှိပ်လိုက်ကြတာနော်။ ကူညီကယ်တင်မယ့် လူတွေကိုလဲ တိုင်းပြည်ထဲ အ၀င်မခံဘူး။ ဒုက္ခဆင်းရဲ ရောက်နေကြသူတွေကိုလဲ မစောင့်ရှောက်ဘူး။ ဒီကြားထဲ မနေနိုင်လို့ အလောင်းတွေစုပြီး သဂြိုလ်ပေးသူတွေကိုလဲ ဖမ်းလားဆီးလားနဲ့"
"ကျန်းမာရေးစောင့်ရှောက်သူတယောက်အနေနဲ့ ဒီအကြောင်းတွေကို ပြန်ကြားရတိုင်း၊ ပြန်တွေးမိတိုင်း အော့နှလုံးနာမိတယ် နော်ဆေးရယ်။ အရေးထဲ သေစာရင်းလူနာမည်တွေကို သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ လိုက်ထည့်နေတာက တမျိုး"
"ဟုတ်တယ်မမရယ်။ ဒါလား လူထုဆန္ဒ။ မုန်တိုင်းရောက် တမလွန်ရောက်သွားသူတွေရဲ့ အလောင်းတွေကိုကျတော့ ပုပ်ပွနေမှ သဂြိုလ်ကြပြီး၊ ဒီလူတွေရဲ့ နာမည်တွေကိုကျတော့ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ ထည့်ထားတာကို လူထုဆန္ဒ အပြည့်အ၀ ရထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ပြောနေတာများ၊ သူတို့မို့ မရှက်မကြောက်"
"ဟိုတလောက ရွေးကောက်ပွဲကကော ဘာထူးလို့လဲ နော်ဆေးရယ်။ ကြိုတင်မဲတွေ လိုက်ကောက်ကြတာပဲလေ။ တို့တွေအားလုံး ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ခွင့်မှ မရခဲ့ကြတာ"
"အဲဒီတုန်းက ဖော်ထုတ်ခွင့် မရပေမယ့် အချိန်တော့ မနှောင်းသေးဘူး မမ။ နော်ဆေးတို့တွေ သူတို့လုပ်ရပ်တွေကို လက်မခံဘူးဆိုတဲ့ ဆန္ဒအစစ်အမှန်ကိုတော့ တနည်းနည်းနဲ့ ဖော်ထုတ်ကြရမယ်"
"ပြောပါဦးနော်ဆေး။ နော်ဆေးက ဘယ်လိုနည်းတွေ တွေ့ထားလို့လဲ"
"အထွေထွေ သပိတ်မပေါ်သေးပေမယ့် ပြောက်ကျားတိုက်ပွဲလှုပ်ရှားမှုတော့ လုပ်လို့ရမယ်ထင်တယ် မမ"
"ပြောက်ကျားနည်းဆိုလို့ လူတိုင်းအလွယ်တကူ ပါဝင်နိုင်တဲ့ နည်းတွေနဲ့ စသင့်တယ်ထင်တယ်"
"ဟုတ်တယ် မမ။ ဥပမာ- သတင်းစာတွေ၊ ဂျာနယ်တွေထဲက အစိုးရဦးတည်ချက်ဆိုတာတွေ၊ ကြွေးကြော်သံတွေကို ကြက်ခြေခတ်ပြီး ဆန္ဒဖော်ထုတ်တာကတော့ လူတိုင်းအလွယ်တကူ လုပ်လို့ရတယ်။ အဲဒီကြက်ခြေခတ်ထားတဲ့ သတင်းစာဖြတ်ပိုင်းတွေကို သစ်ပင်တွေ၊ အုတ်နံရံတွေမှာ လိုက်ကပ်ထားလို့လဲ ရတယ်။ ရုံးတွေ၊ ဆိုင်တွေမှာလဲ ဖတ်ပြီးရင် မသိမသာ ကြက်ခြေခတ်ထားလိုက်ရင် နောက်လူက မြင်သွားမှာပဲ"
"ဟုတ်တယ်။ ဒါလဲ လှုပ်ရှားမှုတခုပဲ။ အခြေအနေ၊ အချိန်အခါကြည့်ပြီး လူတိုင်းပါလို့ရတယ်။ ဆန္ဒအစစ်အမှန်ကို ကြက်ခြေခတ်သင်္ကေတနဲ့ ဖော်ထုတ်ပြလို့ရတယ်"
ဒေါက်တာကြူကြူက ပြောရင်းဆိုရင်း၊ သူမရှေ့မှာရှိသော ကျန်းမာရေးစာစောင်၊ မဂ္ဂဇင်းများမှ ဦးတည်ချက်စာမျက်နှာများကို ကြက်ခြေခတ် စလုပ်ချိန်တွင် နော်ဆေးကလဲ ဆေးရုံထဲမှ သတင်းစာများကို သွားယူလေတော့သည်။ ကြက်ခြေခတ် သင်္ကေတများပါသော သတင်းစာများ၊ စာစောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများဖြင့် စစ်မှန်သော ဆန္ဒကို ဖော်ထုတ်ကြသည့် တိုက်ပွဲများ လူထုကြားသို့ ပျံ့နှံ့လာခြင်းဖြင့်................................။

တိုက်ပွဲ (၅)- အမှောင်တိုက်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရန်ကုန်တိုင်း

"တောက်။ မီးကပျက်ပြန်ပြီကွာ"
ဦးစိတ်တို၏ တောက်ခေါက်သံက အမှောင်နှင့် အတူ ထွက်ပေါ်လာသည်။ အကြောင်းသိသော သားနှင့် သမီးကလဲ အခန်းထဲက ထွက်လာကြသည်။ မီးပျက်လျှင် ဖယောင်းတိုင်ခြွေတာသည့်အနေဖြင့် မိသားစုအားလုံး အခန်းတခန်းထဲမှာပဲ စုနေကြသည်။ စာကျက်သူကလဲ ၀ါကျင့်ကျင့် ဖယောင်းတိုင်မီးရောင်လေးဖြင့် စာကျက်ကြရသည်။ ဖခင်၏ လုပ်စာလေးတခုတည်းနှင့် တအိမ်လုံးစားနေကြရသော မိသားစုလေးအတွက် သူများတွေလို အက်ဗာတာ အိပ်မက်တွေလဲ မမက်နိုင်ပါ။
"အမယ်လေး၊ လာကြပါဦးတော်"
အိမ်နောက်ဖေးဘက်မှ အသံကြားတော့ သားသမီးနှစ်ယောက်က ပြုံးကြသည်။ ဦးစိတ်တိုက ပုဆိုးကို ခပ်တိုတိုပြင်ဝတ်ရင်း ပါးစပ်က တတွတ်တွတ် ရေရွတ်သည်။
"ဒီမိန်းမကွာ။ ကလေးပဲ နှစ်ယောက်ရနေပြီ။ ခုထိ သရဲကြောက်တုန်း"
မကျေမနပ်ဖြင့် ရေရွတ်မိပေမယ့် ထုံးစံအတိုင်း နောက်ဖေးအိမ်သာမှ ပြန်ထွက်လာသော မိန်းမဖြစ်သူကို ဖယောင်းတိုင်လေးဖြင့် သွားကြိုရပြန်သည်။
"ရှင်ကလဲတော်။ မှောင်မှောင်မည်းမည်းကြီးကို။ ကျုပ်ကြောက်တာပေါ့"
အိမ်ထဲပြန်ရောက်လာတော့ ဒေါ်ပိစိကလဲ ထုံးစံအတိုင်း အရှက်ပြေပြောသည်။ ကြားနေကြ စကားမို့ ဘယ်သူမှ ဘာမှ ပြန်မပြောကြ။

"ငါတို့ဘ၀တွေလဲ ဘယ်တော့များကျမှ အမှောင်ထဲက လွတ်မလဲ မသိပါဘူးကွာ"
"ရှင်က ဘယ်အမှောင်ကို ပြောနေတာတုန်း"
"သြော်- ဒီမိန်းမ။ မီးမှောင်တာကို ပြောတာပေါ့။ ငါ့မှာ တနေ့လုံး အလုပ်က ပင်ပန်းလာပြီး အပျင်းပြေစာအုပ်လေး ဖတ်ချင်တာတောင် မဖတ်ရဘူး။ မီးက ပျက်ပြီ"
"သိပါဘူးတော်။ ဈေးမှာ ဟိုကောင်မတွေ ပြောသံကြားတာတော့ အမှောင်က နှစ်မျိုး ရှိတယ်တဲ့။ မီးမလာတဲ့ အမှောင်က တမျိုး။ နောက်တမျိုးက စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်တခုလုံးကျနေတာကလဲ အမှောင်ထဲ ရောက်နေတာပဲတဲ့"
"ဟ။ မင်းတို့က နိုင်ငံရေးပြောနေကြတာလား"
"နိုင်ငံရေးဆိုတာလဲ ကျုပ်တို့အရေးပါပဲ တော်ရယ်။ ကျုပ်တို့နိုင်ငံကြီးတိုးတက်မှ ကျုပ်တို့ရဲ့ ဘ၀တွေလဲ တိုးတက်မှာပေါ့တော်။ ခုတော့ ကျုပ်မှာလေ၊ ဈေးရောင်းတာတောင် အေးအေးဆေးဆေး မရောင်းရဘူး။ ဈေးခေါင်းတွေ ကြောက်ရ၊ စည်ပင်တွေ ကြောက်ရနဲ့။ ဒီကြားထဲ ဈေးတွေက တက်တော့ အမြတ်မရပဲ အရင်းထဲက မပါသွားအောင်တောင် မနည်းပြောရောင်းနေရတာ။ ခုဆို ကျုပ်ဘုရားရှိခိုးရတာတောင် စိတ်မဖြောင့်ဘူးတော်။ ငါးပါးသီလခံပြီး အလေးခိုးနေရတာ မကောင်းပါဘူးရှင်"
"ငါတို့လဲ မထူးပါဘူးကွာ။ ဒီခေတ်ကြီးမှာ ရုံးကားမောင်းတယ်ဆိုတာနဲ့ ဆီခိုးတာနဲ့က ဒွန်တွဲနေတာပဲ။ ဒီလိုမှ မလုပ်ရင်လဲ လခက လောက်မှ မလောက်တာ"
"တခါတလေ၊ ကျုပ်စဉ်းစားမိတယ်။ ကလေးတွေကြီးလာရင် စာရိတ္တကောင်းဖို့ သင်ပေးရမှာလား၊ အနေအစားချောင်အောင် ဘာမဆိုလုပ်ဖို့ သင်ပေးရမှာလားလို့"
"ဟေ"
ဦးစိတ်တို ငိုင်သွားသည်။ အလင်းရောင်ဖျော့ဖျော့ကြားမှ သူ့မိန်းမမျက်နှာကို ပြန်ကြည့်မိသည်။
"ကျုပ်တကယ်ပြောနေတာ။ ကျုပ်လေ၊ စိတ်မကောင်းဘူး သိလား။ ဈေးထဲမှာ ပြောနေကြတာတော့ ဒါတွေဟာ စစ်အစိုးရကြောင့်တဲ့။ အုပ်ချုပ်သူတွေကိုယ်တိုင်က စာရိတ္တတွေ ချို့ယွင်းပြီး တိုင်းပြည်ဘဏ္ဍာခိုးစားနေကြမှတော့ တတိုင်းပြည်လုံးမှာလဲ သူခိုးကြီး၊ သူခိုးလေးတွေ ပြည့်နေတော့မှာပေါ့တဲ့"

စကားဝိုင်းက အတန်ကြာတိတ်ဆိတ်သွားသည်။ ကလေးများလဲ စာဖတ်ရင်း စားပွဲပေါ်မှာ မှောက်အိပ်နေကြသည်။ ဦးစိတ်တိုက ငုတ်တုတ်ထိုင်နေသည်။ ဒေါ်ပိစိကလဲ နံရံမှီပြီး ငိုက်နေသည်။
"ဟော- မီးလာပြီတော့"
မီးပြန်လာသဖြင့် ဒေါ်ပိစိက ၀မ်းသာအားရ ဖြစ်သွားသည်။
"မီးခလုတ်တွေ သွားပိတ်လိုက်စမ်း"
"ရှင်ဘာပြောတယ်"
"ဟုတ်တယ်။ မီးခလုတ်တွေကို ပိတ်ပစ်လိုက်။ ဒီနည်းနဲ့ ငါတို့တိုင်းပြည်ကို ကယ်တင်ရမယ်"
ဒေါ်ပိစိက အလန့်တကြားဖြင့် ဦးစိတ်တိုကို ကြည့်သည်။
"ငါတို့တွေက သူတို့မီးဖြတ်ရင် မီးမလာဘူးဆိုပြီး စိတ်ညစ်၊ သူတို့မီးပေးရင် မီးလာပြီဆိုပြီး ပျော်နဲ့ သူတို့ခြယ်လှယ်သမျှ ငုံ့ခံနေမှတော့ တတိုင်းပြည်လုံး သူတို့လက်ထဲ ရောက်နေတာ ဆန်းသလားကွ။ ဒီတော့ အာဏာဖီဆန်ရမယ်။ သူတို့မီးပေးတဲ့ နေ့တွေမှာလဲ တတ်နိုင်သမျှ အမှောင်ချပြီး အာဏာဖီဆန်ရမယ်။ မီးမပေးတဲ့ နေ့တွေမှာလဲ မီးပေးဖို့ လျှပ်စစ်ရုံးတွေကို သွားဝိုင်းပြီး တောင်းဆိုရမယ်။ မင်းလဲဒါကို ဈေးထဲမှာပြော။ ငါလဲ လူတွေကို ပြောမယ်။ ဒီလိုအာဏာဖီဆန်တဲ့ တိုက်ပွဲတွေနဲ့မှ ငါတို့ တိုင်းပြည်တခုလုံး အမှောင်ကျနေတာကို ကယ်နိုင်မှာပေါ့ကွ"

ဦးစိတ်တိုစကားဆုံးတော့ ဒေါ်ပိစိက မီးခလုတ်ကို အမြန်သွားပိတ်လိုက်သည်။ အာဏာဖီဆန်သည့် အမှောင်တိုက်ပွဲစလေပြီ။ မတရားသည့် အမိန့်အာဏာဟူသမျှကို တတ်နိုင်သည့်နည်းလမ်းဖြင့် ဖီဆန်သည့် တိုက်ပွဲများ တနိုင်ငံလုံးကို ပျံ့နှံ့သွားခြင်းဖြင့်...........။

ပြောက်ကျားတိုက်ပွဲများမှသည်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆီသို့



ခင်မမမျိုး (၂၆၊ ၃၊ ၂၀၁၁)


ပို့ပေးလာသော ခင်မမမျိုးကို ကျေးဇူးတင်ပါတယ်။

မေတ္တာ ဇာနည်



နှလုံးသား ရှိသူတိုင်း ခံစားတတ်စေရန် Fact နှင့် ခံစားမှုကို ပြန်လည်ကူးယူ စုစည်း ဖေါ်ပြခြင်း ဖြစ်ပါတယ်။ ဒီပို့စ်က အာဂါတ အငြိုးတွေကို မီးပွားများရန်မဟုတ်၊ ဒီလို ရုပ်ဆိုးအကျည်းတန်လှတဲ့ အဖြစ်မျိုး နောင်လာနောက်သားတွေ မခံစားရဖို့အတွက်ဆိုရင် ဒီခေတ်ဒီစနစ်ကို မပြောင်းလဲဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာနဲ့ နအဖ အခုလုပ်မှာ ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင် ဒီမိုကရေစီ ဖြစ်လာရင် ဒီထက်ပိုဆိုးဦးမယ်ဆိုတာကို သတိတရားများဝင်ကာ ၀ိုင်းဝန်းဖြေရှင်းနိုင်စေဖို့ ရည်ရွယ်ပြီး ရွှေဝါရောင် တော်လှန်ရေး အမှတ်တရ စုစည်းတင်ပြပါတယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ အသက်ပေးသွားကြသော၊ လက်ရှိအကျဉ်းကျနေသော ရဟန်းရှင်လူအားလုံးကို အလေးပြုလိုက်ပါတယ်။ စာသားက ကိုကလိုစေးထူးပို့စ် ဖြစ်ပြီး ဗွီဒယိုတွေက Google Youtube မှ ဖြစ်ပါတယ်။ အပေါ်က ဓါတ်ပုံကို မင်းဓမ္မ မှကူးယူဖေါ်ပြပါတယ်။


` မေတ္တာဇာနည်

ကန်တော့ ဆွမ်းပါဘုရား´

ညှိုးနွမ်းဟန် မျက်နှာမသာမယာဖြင့် တိုးလျလျ လျှောက်ထားလာသော ဒကာမကြီးကို ကြည့်ရင်း သက်ပြင်းဖွဖွ ချမိ၏။ ထို့နောက်မှာတော့ စက္ခူအိဒြေ္နကို အသာချလျက် ဦးပဉ္ဖင်း နေမိန္ဒ ရဲ့ ခြေလှမ်းအစုံတို့က ဆွမ်းခံကြွရာ အိမ်ဆီမှ တဆင့် လမ်းပေါ်သို့ တလှမ်းခြင်း…။

***

အရှင်နေမိန္ဒ ဆွမ်းခံကြွလေ့ ရှိတဲ့ သုတလမ်းတလျှောက် က များသောအားဖြင့် လက်လုပ်လက်စား လူတန်းစားများ၊ အလယ်အလတ်တန်းစား များနဲ့ အလွန်နည်းပါးလှစွာသော လူချမ်းသာ တချို့တလေသာ ရှိတတ်သော လမ်းဖြစ်ပါသည်။

သုတလမ်း တလျှောက်မှာ လမ်းသွယ်လေးတွေက သုတ (၁)လမ်း၊ (၂)လမ်း၊ စသဖြင့် အမှတ်စဉ် (၈) အထိ ရှိ၏။ အရှင်နေမိန္ဒ သီတင်းသုံးရာ ငွေကြာယံပရိယတ္တိ စာသင်တိုက်ကနေ တဆင့် ဝေဇယန္တာလမ်းကို အတန်ငယ် ဖြတ်လျှောက်ပြီးရင်တော့ သုတလမ်းကို ရောက်နိုင်ပါသည်။ ဒီလမ်းထဲမှာပင် အရှင်နေမိန္ဒ ဆွမ်းခံကြွခဲ့သည်မှာ ငွေကြာယံကျောင်းကို ရောက်ခါစ ကိုရင်ဘ၀ကတည်းမှ ယခု ရဟန်းဝါ (၅) ၀ါရသည်အထိပင်…။

နယ်မြို့ တောရကျောင်းက ဆရာတော်က ဉာဏ်ရည် ထက်မြက်ဟန်ရှိသော သားတပည့် အရှင်နေမိန္ဒကို ငွေကြာရံဆရာတော်ကြီးဆီမှာ အပ်နှံပြီး ပရိယတ္တိ စာပေများကို သင်ကြားစေခဲ့သည်။ ဆရာတော်ကြီးများရဲ့ ဆုံးမသွန်သင်မှုကို နာခံလို့ ၂၂၇ သွယ်သော ရဟန်းကျင့်ဝတ်ကို အထူးရိုသေလေးစားသူ အရှင်နေမိန္ဒရဲ့ ရည်ရွယ်ချက်က ပရိယတ္တိစာပေများကို အပတ်တကုတ်သင်ယူပြီး သာသနာ ပြန့်ပွားအောင် ဆောင်ရွက်ဖို့…။

***

ဒီတော့ ဒီလမ်းကလေးမှာ အရှင်နေမိန္ဒ ဆွမ်းခံထွက်လာသည်မှာ နှစ်အတန်ကြာခဲ့ပါပြီ။

မြန်မာလူမျိုးတို့ရဲ့ အလှူဒါန ထက်သန်လှတဲ့ စိတ်စေတနာကြောင့် သံဃာတော်အဖို့ ဆွမ်းမရှားလှပါ။ နေ့ဆွမ်းအတွက် အရှင်နေမိန္ဒ ဆွမ်းခံထွက်လာပြီလား ဆိုရင် အိမ်ဆွမ်းကြွဖို့ ဖိတ်ထားသူ ဒကာ၊ ဒကာမတွေရဲ့ ဆွမ်းအပြင် `ရပ်တော်မူပါဦး ဘုရား´ လို့ လှူတတ်သူတွေရဲ့ သစ်သီးဆွမ်း၊ အချိုရည်ဆွမ်းများလဲ မနည်းလှပါ။

အခုတော့ …။

တကယ်တော့ ဒကာဒကာမတွေရဲ့ ဆွမ်းအလှူတွေ အရင်ကထက် ပိုနွမ်းပါးလာတာကို အရှင်နေမိန္ဒ သတိပြုမိနေခဲ့တာ အတန်ကြာခဲ့ပါပြီ။ ကျောင်းကို ပြန်ရောက်လို့ ဆွမ်းဟင်းခွက်တွေကို လှပ်ကြည့်လိုက်ရင် အရင့်အရင်ကတော့ အသားဟင်း သုံးလေးခွက် ပါလေ့ရှိပေမယ့် အခုနောက်ပိုင်းတွေမှာတော့ တချို့ဟင်းခွက်တွေက ကန်စွန်းရွက်ကြော်၊ တချို့ဟင်းခွက်က ပဲပြုတ်၊ တချို့ဟင်းခွက်မှာတော့ ဘူးသီးဟင်း၊ အတန်ငယ် ချောင်လည်ဟန် ရှိသူ ဆွမ်းဒကာရဲ့ ဆွမ်းခွက်မှာ အသားဟင်းပါရုံ မည်ကာမတ္တဟင်း တခွက်…။

`ရပ်တော်မူပါဦး ဘုရား´ လို့ တားပြီး လှူဒါန်းသူတွေတောင် နည်းပါးလာခဲ့တာ အတော်ကြာပါပကော…။

ဆွမ်းခံပြီးလို့ ကျောင်းကို ပြန်ရောက်ချိန် နေ့ဆွမ်းဘုန်းပေးချိန်တွေမှာ တခြားသော ကိုယ်တော်တွေရဲ့ ဆွမ်းခွက်တွေကို စောင်းငဲ့ကြည့်မိပြန်တော့လဲ ဒီနည်းနှင်နှင်…။

တကယ်တော့ သံဃာတော်တွေ ဆိုတာက ဒကာတွေ လှူသမျှနှင့် ရောင့်ရဲတင်းတိမ်စွာ ဘုဉ်းပေး သုံးဆောင်ရသည်မှာ မှန်သော်လည်း ဆွမ်းခံထွက်ချိန်ရောက်တိုင်း မြင်ရသည့် ညှိုးငယ် နွမ်းလျနေသော ဒကာဒကာမတွေရဲ့ မျက်နှာသွင်ပြင်ကို မြင်ယောင်မိပြန်တော့ အရှင်နေမိန္ဒ အဖို့ ဆွမ်းဘုဉ်းပေးရသည်မှာ မျိုမကျတော့…။

***

`အရှင်ဘုရား၊ ကားခလေး မစပါဘုရား´

ဆရာတော်ကြီး ခိုင်းလို့ မြို့ထဲက ကျောင်းတကျောင်းကို သွားရတော့ ကျပ်ညပ်နေသော (၃၆) ဟိုင်းလတ် လိုင်းကားငယ်ကို ဖြစ်သလိုပင် သင်္ကန်းတလွှားလွှားဖြင့် တွယ်စီးလာရသည်။ တချို့ကားတွေကတော့ သံဃာတော်တွေကို မြင်တာနဲ့ ကားခေါင်းခန်းမှာ နေရာပေးတတ်ပေမယ့် ဒီနောက်ပိုင်းမှာတော့ သင်္ကန်းတလွှားလွှားဖြင့် ကားတွယ်စီးနေရတဲ့ သံဃာတော်ဆိုတာ အထူးအဆန်းပင် မဟုတ်တော့ပြီ။ အခုလဲ ကားတွယ်စီးနေရလျက်ကပင် စပယ်ယာလေးရဲ့ ကားခ တောင်းသံကြောင့် ကားပေါ် မတက်မီကပင် လက်ထဲမှာ ကိုင်ထားသော နှစ်ရာတန်ကို လှမ်းပေးလိုက်၏။

`ဘယ်ကို ကြွမှာလဲဘုရား´

`ရွှေဂုံတိုင်ကို´

`နှစ်ရာ မရတော့ဘူးဘုရား၊ ဒါပေမယ့် တပည့်တော် လှူပါတယ်ဘုရား၊ နှစ်ရာပဲ ယူပါမယ်´

အလို…၊ ဒီလမ်းဒီခရီးကို ကားခ ဈေးတက်သွားတာ မြန်ဆန်လှပါလား။ တခြားခရီးသည်တွေရဲ့ အထွန့်တက်သံ၊ စပယ်ရာရဲ့ `ဆီဈေး´ `ဆီဈေး´ `ကားက ရေနဲ့ထည့်မောင်းလို့မရဘူးဗျ´ ဆိုတဲ့ အပြန်အလှန်ပြောဆိုသံ…။

***

တရားရှုမှတ်အပြီးမှာတော့ ည ဆယ်နာရီထိုးလုချေပြီ။ ညကာလက တိတ်ဆိတ် ငြိမ်သက်နေလွန်းလှ၏။ အင်း…၊ မကျိန်းခင် စာနည်းနည်းဖတ်မှ လို့ တွေးရင်း ဗီရိုထဲမှ စာအုပ်တအုပ်ကို ဆွဲယူပြီး ဖတ်ရှုနေခိုက်…

`ကိုယ်တော်၊ ကိုယ်တော်၊ ဦးနေမိန္ဒ´

လေသံခပ်အုပ်အုပ် ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ရှင်သိရိနန္ဒရ…။

`တပည့်တော်တို့နဲ့ မနက်ကျရင် လိုက်မှာလား ဘုရား´

`ဘယ်ကိုတုန်း ကိုယ်တော်ရဲ့´

`ဒီလို…၊ ကိုယ်တော် … … … … …´

ဦးသိရိန္ဒရရဲ့ ပြောပြလျှောက်ထားသံကို နားထောင်ရင် အရှင်နေမိန္ဒ စိတ်တို့က ၀မ်းနည်းမှုတို့က လှိုက်ခနဲ လှိုက်ခနဲ ဖြစ်လာသည်။ ဒကာဒကာမတွေ ကျပ်တည်းနေတာ အစိုးရရဲ့ တလောကမှ မြင့်တင်လိုက်တဲ့ ဆီဈေးနှုန်းကြောင့်တဲ့…၊ ပခုက္ကူမှာ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်သတဲ့…၊ စကားသံတွေနဲ့ အတူ ညှိုးနွမ်းနေသော ဆွမ်းအလှူရှင်တို့ရဲ့ မျက်နှာ၊ ကြီးမြင့်လှသော ကားခကြောင့် စိတ်ပျက်နေဟန် မျက်နှာတွေကိုပါ မြင်ယောင်လာ၏။

`ဒီတော့၊ ဒီလောက်တောင် ဒုက္ခသုက္ခတွေ ခံစားပြီး လှူနေရတဲ့ ဆွမ်းအလှူကို ကိုယ်တော်တို့ တပည့်တော်တို့က ဒီအတိုင်း မသိချင်ဟန်ဆောင် ဘုဉ်းပေးသလား ဘုရား´

`ဟင်´

တိမ်ဝင်သွားသော စကားသံအဆုံးမှာ အဖျားခတ်သွားသော အရှင်သိရိန္ဒရရဲ့ လေသံ…။ လက်ထဲမှာ ဖွင့်ထားလျက်သား ဖြစ်နေသော စာအုပ်ပေါ်သို့ ရှင်နေမိန္ဒရဲ့ မျက်စိအစုံက ရောက်သွားမိပြန်သည်။

ပတ္တနိက္ကုဇ္ဖန ကံဆောင်ရသည့် အချက်များ

(၁) ရဟန်းတော်တို့အား ပစ္စည်းလေးပါး မရစိမ့်သောငှာ လုံ့လပြုခြင်း။

(၂) ရဟန်းတော်တို့အား ဘေးအန္တရာယ် ဖြစ်စေရန်၊ မတိုးပွားရန် လုံ့လပြုခြင်း။

(၃) ရဟန်းတော်တို့အား ဤနေရာ၊ ထိုနေရာတို့၌ မနေရစိမ့်သောငှာ လုံ့လပြုခြင်း။

(၄) ရဟန်းတော်တို့ကို ဆဲရေးခြင်း ဆယ်ပါးတို့ဖြင့် ဆဲရေး ရေရွတ်ခြင်း။

(၅) ရဟန်း တပါးနှင့်တပါး စိတ်ဝမ်းကွဲပြားအောင် လုံ့လပြုခြင်း။

(၆) ဘုရားရှင်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

(၇) တရားတော်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

(၈) သံဃာတော်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

ငုံ့ထားသော ဦးခေါင်းအစုံကို မော့ကြည့်မိတော့ အရှင်သိရိန္ဒရ ရဲ့ တည်ငြိမ်အောင် ကြိုးစား ထိန်းချုပ်နေရသော မျက်ဝန်းအစုံဖြင့် ရင်ဆိုင်မိ၏။

***

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

တည်ငြိမ်သော ဟန်ပန်၊ တက်ကြွသော ခြေလှမ်းတို့နှင့် အတူ များပြားလှသော သံဃာထုကြီးရဲ့ ဆုတောင်း မေတ္တာပို့သသံတွေက လမ်းမထက်တွင် ပြန့်လွင့်နေသည်။

`ကြည်ညိုစရာ ကောင်းလိုက်တာ၊ ငါတို့ကို ဘုန်းဘုန်းတွေ ကယ်တော့မယ်´


ငိုသံပါကြီးဖြင့် အော်ဟစ်အားပေးပြီး ဦးချဝတ်ပြုသူတွေကလည်း မနည်းလှ…။ `ဟဲ့၊ ဘုန်းဘုန်းတွေကို ရေကပ်ပါဟဲ့´ အတန်ငယ် တတ်နိုင်ဟန်ရှိသော ဒကာမကြီး တယောက်က ရေသန့်ဘူးတွေကို သယ်လာပြီး တုန်ယင်သော လက်အစုံဖြင့် သူကိုယ်တိုင်လဲကပ်၊ ဘေးကလူတွေကိုလဲ ပြောရင်း လောဆော်နေ၏။

လှိုက်လှဲလှစွာသော လက်ခုပ်သံတွေနဲ့ အတူ သံဃာတော်တွေရဲ့ မေတ္တာပို့သံအတိုင်း လိုက်ဆိုကြသော ဒကာ၊ ဒကာမတွေရဲ့ အသံက လမ်းမတလျှောက် ဟိန်းလို့နေလေတော့သည်။

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်ပင် မေတ္တာဓာတ်ဖြင့် အောင်ခြင်းရှစ်ပါးကို ရယူခဲ့သည်။ ဒီတော့ ဘုရား သားတော် သံဃာတော်တွေအဖို့လဲ ဒုက္ခသုက္ခ အပေါင်း အတိပြီးသော ဒကာဒကာမတွေရဲ့ ပူဆွေးသောကတွေ ပြေပျောက်ဖို့ဆိုသည်မှာ မေတ္တာပို့ ဆုတောင်းခြင်းသည်သာ အထိရောက်ဆုံး လက်နက် မဟုတ်ပါလော…။

***

ညောင်းကိုက်နေသော ခြေအစုံက တောင့်တင်းပြီး ကြွက်သားတို့က နာကျင်နေသည်။ အင်းလေ…၊ မေတ္တာပို့ ကြွချီနေသည်မှာလဲ သုံးရက်တောင် ရှိခဲ့ပြီပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အားတက်နေဟန် ဒကာဒကာမတွေရဲ့ မျက်နှာတွေကို မြင်ယောင်မိပြန်တော့ မောပန်းသမျှ ပြေရပြန်သည်။ မေတ္တာတရားရဲ့ တန်ခိုးတော်ကြောင့် ဒုက္ခသုက္ခအပေါင်းကနေ မြန်မာပြည်သူ ပြည်သားတွေအားလုံး လွတ်မြောက်နိုင်ကြပါစေ…။

ပင်ပန်းလာသော ခန္ဓာကိုယ်အစုံကို လဲလျောင်းကျိန်းစက်ရင်း အနားပေးလိုက်သည်။ မနက်ကျလျင်လဲ ဆုတောင်းမေတ္တာပို့ရဦးမည်လေ…။ ဒီလိုနဲ့ မှေးခနဲ အိပ်ပျော်သွားခိုက်…။

***

`၀ုန်း၊ ဒုန်း၊ ခလွမ်း´

ခပ်ကြမ်းကြမ်း တွန်းတိုက်ဖွင့်သံ တခုခုနှင့်အတူ အော်ဟစ်ညည်းညူသံ၊ ဆဲရေးတိုင်းထွာသံတွေက အမှောင်ထဲမှာ ၀ရုန်းသုန်းကားဖြင့် ထွက်ပေါ်လာသည်။ အလို၊ ဘာတွေပါလိမ့်…။ ထိတ်လန့်သော စိတ်ဖြင့် အလူးအလဲ ကြုံးထမိတော့ မျက်နှာပေါ်ကို ဓာတ်မီးရောင် တခုက ၀င်းခနဲ ရောက်လာ၏။ မီးရောင် ရောက်လာပြီး သိပ်မကြာလိုက် တစုံတယောက်ရဲ့ က ကန်ကျောက်လိုက်သဖြင့် မျက်လုံးထဲမှာ လျှပ်ပြက်သလို မီးပွင့်သွား၏။ အံ့သြခြင်း ကြီးစွာဖြင့် အလန့်တကြား မော့ကြည့်ဖို့ ကြိုးစားတော့…

`မော့မကြည့်နဲ့ကွ´

မာကျောသော အရာဝတ္ထုတခုခုနဲ့ အရှင်နေမိန္ဒရဲ့ ခန္ဓာပေါ်ကို တယောက်ယောက်ု ပြင်းစွာ ရိုက်နှက်ပြန်သည်။ အလိုလေး…၊ ရက်စက်လှပါတကား။ စိတ်အသိတရားတို့က ခန္ဓာကိုယ်ကနေ ကင်းလွတ်ချင်သလိုလို ဖြစ်လာသည်။ တစုံတခုကို ပြောဖို့ ကြိုးစားလိုက်မိပြန်သည်။

`မ…မလုပ်ကြပါနဲ့၊ ဒကာတို့၊ မရိုက်ကြပါနဲ့ ဒကာတို့၊ ဦးပဉ္ဖင်း… ဦးပဉ္ဖင်း…´

`ဘာ ဦးပဉ္ဖင်းလဲ၊ ဘာဘုန်းကြီးလဲကွ၊ ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာဆိုင်လဲကွ´

`ဗုန်း´

`ခွပ်´

`ခွပ်´

နာကျင်လွန်းလှသော ဝေဒနာကြောင့် အရှင်နေမိန္ဒရဲ့ စိတ်နဲ့ ခန္ဓာကိုယ် ကင်းလွတ်လုလု ဖြစ်လာပြီ။ မျက်လုံးအစုံထဲမှာ အမှောင်ထုက ကြီးသထက်ကြီးလာပြီ။ ကင်းလုလု အသိတရားရဲ့ နောက်ဆုံး ထွက်သက်မှာပင် ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော်ကို အောက်မေ့ရင်း အသိစိတ်ရဲ့ ရေရွတ်မှုက…

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

***

ဆူညံပွက်လောရိုက်နေခဲ့သော ကျောင်းတော်ကြီးက တိတ်ဆိတ်သွားခဲ့ပါပြီ။ တရားသံတွေ ဝေစည်နေတဲ့ ၀တ္တကမြေပေါ်မှာတော့ ဘုရားသားတော်တွေရဲ့ သွေးကွက်တွေက နီနီစွေး…လို့။

အပြင်းမောင်းထွက်သွားသော စစ်ကားတစီးပေါ်မှာတော့ အသိမဲ့သော ခန္ဓာတစုံက နောက်ဆုံး ထွက်သက်အထိ မေတ္တာပို့ရင်း ငြိမ်သက်စွာ ပါရှိသွားလေတော့သည်။


ကလိုစေးထူး


ဗွီဒယိုကို ဤနေရာ မှကူးယူဖေါ်ပြပါတယ်။


ဗွီဒယိုကို ဤနေရာမှ ကူးယူဖေါ်ပြပါတယ်။

ဝတ္တုတိုကို ကိုယ်တိုင်ရေးမတတ်လို့ ကိုကလိုစေးထူးရဲ့ တကယ့်အဖြစ်အပျက်အပေါ် ခံစားရေးဖွဲ့ထားတာကို ထပ်တူခံစားပြီး ကူးယူဖေါ်ပြလိုက်ပါတယ်။ ဆုတောင်းကလည်း စာရေးသူနဲ့ ထပ်တူထပ်မျှပါပဲ

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´


A one to one patient (or) စပယ်ရှယ်လူနာ တယောက်

ဝမ်းတူဝမ်းလူနာဆိုတာ လူနာရဲ့ လုံခြုံစိတ်ချရမှုအတွက် သူနာပြုတယောက်တည်းက အထူးသီးသန့် ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ လူနာကိုခေါ်ပါတယ်။ ‘သေလိုက်ချင်တယ်၊ သေတာကမှ ကောင်းဦးမယ်၊ ငါသေချင်တယ်ဟေ့’ ဆိုပြီး မိမိဖါသာ ပြောသလို တခြားသူတွေကိုလည်း ‘နင့်ကို သတ်ပစ်ချင်တယ်၊ သတ်ပစ်မယ်၊ သေလိုက်ပါလား’ စသည်ဖြင့် တကယ်လုပ်ဖို့လည်း မရည်ရွယ်၊ တစုံတရာ စိတ်ညစ်လို့လည်း မဟုတ်ဘဲ  အဲလိုစကားတွေကို နေ့စဉ် လက်သုံးစကားအဖြစ် ပြောတတ်ကြတာ မကြာခဏ ကြားဖူးကြလိမ့်မယ်။ ဒီစကားတွေကို အရပ်ထဲမှာ ကြားရရင်တော့ ဘာမှ ပြဿနာမရှိပေမဲ့လည်း ဆေးရုံက လူနာတယောက်က ပြောလိုက်ရင်တော့ Mental Health Research အထောက်အထားများအရ ဒီလိုပြောတဲ့သူ အများစုဟာ တကယ်ကို သတ်သေသွားကြတာကို တွေ့ရှိထားလို့ တကယ်ကို အရေးတကြီး ထည့်သွင်းစဉ်းစားပါတယ်။ ပြောတဲ့ လူနာကို Neurologist, Psychologist တွေနဲ့ တာဝန်ယူကုသတဲ့ ဆရာဝန်တွေက မေးခွန်းတွေ များစွာပါတဲ့ Neurological Assessment, Mental Status Examination တွေနဲ့ စမ်းသပ်ပြီး သူနာပြုတယောက်တည်းက လူနာတယောက်တည်းကို အနီးကပ်စောင့်ကြည့်ဖို့ ပေါ်လစီရှိပါတယ်။ ဒီလို စောင့်ရှောက်တဲ့ နာ့စ်ကို ONE TO ONE NURSE (1:1) (သို့) Special Nurse လို့ ခေါ်ကြပါတယ်။


အခုတလော အလုပ်မှာကျွန်မ လုပ်ရတာ one to one nurse အဖြစ်နဲ့ 7AM - 7PM (သို့) 7PM - 7AM လုပ်ရတဲ့ 12 hours shift တွေနဲ့ပဲ ကြုံတွေ့နေရပါတယ်။ အဲဒီအထဲမှာ Health Care Team က တကယ် လိုအပ်တယ်လို့ ဆုံးဖြတ်ထားတဲ့ လူနာတွေအထဲမှာ တကယ်မလိုအပ်ဘဲနဲ့ အင်တာဗျူးလုပ်တဲ့အချိန်မှာ သူတို့ကို အရှုးမေးတဲ့ မေးခွန်းတွေ မေးလို့ဆိုပြီး ပေါက်ကရတွေ ဖြေဆိုကာ မချေမငန်တုံ့ပြန် ပြောဆိုမိလို့ စိတ်မချရတဲ့ စာရင်းထဲ ပါသွားပြီး ၀မ်းတူဝမ်း ထဲ အထည့်ခံရတဲ့ လူနာတွေကိုလည်း ကျွန်မ များစွာ တွေ့ဖူးပါတယ်။ အရင်နှစ်ပတ် စနေနေ့က စလို့ ဆက်တိုက်လိုလို ကျွန်မမှာ Ward ထဲက ပုံမှန်တိုင်း လုပ်ရတဲ့ အလုပ်တွေ သိပ်နည်းပြီး one to one လူနာတွေကိုပဲ အများဆုံး ကြည့်ရပါတယ်။ ကျွန်မနဲ့ ထိပ်တိုက်တွေ့ရတဲ့ လူနာတယေက်အကြောင်းကို ပြောပြချင်ပါတယ်။

အဲဒီနေ့က မနက်အစောကြီး ခုနှစ်နာရီ မတိုင်ခင် ကျွန်မစောင့်ရှောက်ရမည့် လူနာရှိတဲ့အခန်းကို ရောက်လာပြီး အခန်းဝမှာ ရပ်စောင့်နေတဲ့ အမျိုးသားသူနာပြုနဲ့ အချင်းချင်း မိတ်ဆက်လိုက်တယ်။ ကျွန်မရောက်တော့ လူနာက အိပ်နေတုန်းပဲ။ ညစောင့်တဲ့ အမျိုးသားနာ့စ်က လူနာရဲ့ နောက်ခံသမိုင်း အကျဉ်းအနည်းငယ်ကို စတင်ပြောပြီး Handover Report ပေးပါတယ်။ “လူနာက အသက် ၅၅ နှစ်၊ ကင်ဆာကြောင့် လည်ပင်းမှာ အနာရှိပြီး အစာမျိုရခက်လို့ ဒီဆေးရုံမှာ အစာမြိုတဲ့ လေ့ကျင့်ခန်း (Rehabilitation) လုပ်ဖို့ သူအရင်တက်တဲ့ဆေးရုံက လွှဲပြောင်းပေးလိုက်ပါတယ်။ one to one ထားရတာက သတ်သေမယ်လို့ အဲဒီဆေးရုံမှာ ပြောခဲ့သလို ဒီရောက်ပြီးမှလည်း Staff တွေအပေါ် မှာ ကိုယ်၊ နှုတ်အမူအရာ နှစ်ခုစလုံးနဲ့ Aggressive ရှိခဲ့ပါတယ်၊ ဒါပေမဲ့ ညကတော့ အေးအေးဆေးဆေးပါပဲ တညလုံးအိပ်နေပြီး ဘာပြဿနာမှ မရှိခဲ့ပါဘူး” လို့ ညစောင့်တဲ့ စပယ်ရှယ်နာ့စ်က ကျွန်မကို လူနာအကြောင်း အတိုချုပ် Report ပေးပါတယ်။ ကျွန်မလည်း Charts တွေ၊ Record တွေကို လွှဲပြောင်းလက်ခံယူကာ ညစောင့်တဲ့ သူနာပြုကို “Good night, Have a good sleep” လို့ နှုတ်ဆက်ပြီး ပေးပြန်လိုက်ပါတယ်။ သတ်သေဖို့ ကာရကံမြောက်ကြိုးစားခဲ့ခြင်း ရှိမရှိနဲ့ သူမရဲ့ Aggressive behaviour က ဘယ်အတိုင်းအတာအထိ ဆိုးရွားခဲ့လဲ ဆိုတဲ့ အရေးကြီးတဲ့ အချက်တွေကို အတိအကျ သိချင်ရင်တော့ File ထဲမှာ ကိုယ့်ဖါသာကိုယ် ရှာဖတ်ရမှာ ဖြစ်တယ်။

ဒီ Ward က လူနာတွေ အားလုံးကလည်း တခုခု ဖြစ်လို့ ဆေးရုံတက်ပြီး အိမ်ပြန်နိုင်လောက်အောင် သက်သာတဲ့ အခြေအနေမရောက်ခင် Acute Care Ward ထဲမှာလည်း အနီးကပ် ပြုစုနေဖို့အထိလည်း မလိုအပ်တော့တဲ့ လူနာတွေကို ပုံမှန် (သို့) ပုံမှန်နဲ့ အနီးဆုံးပြန်ဖြစ်အောင် အိမ်မပြန်ခင် လေ့ကျင့်ခန်း လုပ်ပေးတဲ့ Rehabilitation Ward ဖြစ်ပါတယ်။ Weekdays တွေမှာတော့ ရှစ်နာရီထိုးမှာ မနက်စာစား ဆေးသောက်ပြီးတာနဲ့ ဆရာဝန်၊ Physiotherapist, Occupational therapist, Speech-pathologist, Social Worker, Nutritional therapist, Psychologist စတဲ့ Health Care နဲ့ ပတ်သက်တဲ့ Staff တွေက သူတို့သတ်မှတ်ထားတဲ့ အချိန်တွေမှာ လူနာကို လာတွေ့ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Weekend မှာကျတော့ လေ့ကျင့်ခန်းလုပ်စရာ မရှိလို့ Clinical Staff ဆိုလို့ ဆရာဝန်နဲ့ သူနာပြုပဲ ရှိပါတယ်။ Weekend မှာ လူနာတချို့က အိမ်ကိုပြန်လည်ကြတယ်။ တချို့ကလည်း မိသားစုနဲ့ အပြင်က စားသောက်ဆိုင်တွေမှာ နေ့လည်စာ သွားစားတာတွေ ရှိပါတယ်။

အဲဒီမနက်က ကျွန်မရဲ့ စပယ်ရှယ်လူနာက တော်တော်နဲ့ အိပ်ရာက ထမလာဘူး။ ရှစ်နာရီထိုးခါနီးမှာမှ လူနာက နိုးလာလို့ ကျွန်မက ကျွန်မနာမည် ပြောပြီး ဒီနေ့သူ့ကို စောင့်ရှောက်မည့် သူနာပြုဖြစ်ကြောင်း သွားမိတ်ဆက်တော့ “စောင့်ရှောက်ဖို့လား အရူးလို ရာဇ၀တ်သားလို စောင့်ကြည့်ဖို့လား ငါ့ကို ဘယ်သူမှ စောင့်ရှောက်စရာမလိုဘူး ငါ့ဖါသာ စောင့်ရှောက်နိုင်ပါတယ်” လို့ လေသံမာမာနဲ့ ပြန်အော်လွှတ်လိုက်တယ်။ ကျွန်မကလည်း “စောင့်ရှောက်တာရော စောင့်ကြည့်တာရော နှစ်ခုစလုံးတော့ ဟုတ်ပါတယ် ဒါပေမဲ့ အရှုးလို ရာဇ၀တ်သားလို စောင့်ကြည့်တာတော့ မဟုတ်ဘူး Miss ရဲ့ Safety အတွက် အကူအညီပေးဖို့ပါ” လို့ ပြန်ပြောလိုက်တော့ “တော်စမ်းပါ နင်ကငါ့ကို ဘာအကူအညီပေးနိုင်မှာမို့လဲ ငါ့ကို အကုန်လုံးက အရှုးလို ထင်အောင် အရှက်ခွဲတဲ့ အလုပ်ကိုပဲ နင်လုပ်နိုင်ပါတယ်” လို့ ဆက်တိုက်ပြောပြီး ရှိုက်ကြီးတငင် ငိုချနေတယ်။

ကျွန်မလည်း သူ့ကိုဖက် သူ့ကြောကုန်းကိုပွပ်ပြီး “ Miss ဘယ်လို ခံစားရနေရမယ်ဆိုတာ ကျွန်မ နားလည်လို့ရပါတယ် ဒါပေမဲ့ Miss က အဲလို စောင့်ရှောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကို နားမလည်သေးလို့ပါ။ ဘာကြောင့် စောင့်ကြည့်ရတယ်ဆိုတာ Nurse Manager က Miss ကို ရှင်းပြတော့လည်း စကားမဆုံးခင် ဖုန်းနဲ့ ကောက်ပစ်တယ်ဆိုတော့ Miss ကို နားလည်အောင် ဘယ်လိုရှင်းပြမလဲ။ Miss စိတ်အေးအေးထားလိုက်ပါ ကျွန်မ ဒီမှာ Miss နဲ့အတူ ညနေ ၇ နာရီအထိ ရှိနေမယ်၊ ကျွန်မ သေသေချာချာ ရှင်းပြမယ်။ လောလောဆယ် ကျွန်မတို့ဟာ Miss အတွက် ကောင်းဖို့သက်သက်၊ အကူအညီပေးဖို့ သက်သက်ဆိုတာတော့ နားလည်ထားဖို့လိုပါတယ်” လို့ ပြောပြပြီး အားပေးတော့ သူနည်းနည်းတော့ စိတ်ပေါ့သွားပုံရပါတယ်။ မငိုတော့ဘူး။ ဒါပေမဲ့ “ ငါလိုချင်တဲ့ လောလောဆယ် အကူအညီက ငါ့ကို အရှုးလို စောင့်ကြည့်နေတာကို ရပ်ဖို့ပါ။ ဒါဆိုရင် အကုန်လုံးအဆင်ပြေပြီ။ ပြောပါဦး နင်က ငါ့ကိုအခုလိုစောင့်ကြည့်ပြီး ဘာများအကူအညီပေးနိုင်မှာမို့လဲ” မေးလို့ ကျွန်မလည်း သူ့ကို နောက်မှပဲ ပြောကြရအောင် အခုလောလောဆယ် အိပ်ရာထပြီး မနက်စာ စားဖို့ ပြင်ဆင်ဖို့ ပြောတော့ သူ့အလုပ်သူသိကြောင်း သူ့နားမှာ ဘယ်သူ့ကိုမှ အလိုမရှိကြောင်း သူ့ကို ဘယ်သူမှ စောင့်ကြည့်နေစရာ မလိုကြောင်း မကျေမနပ်တဲ့ လေသံနဲ့ ပြန်ပြောနေလို့ ကျွန်မလည်း စကားထပ်ရှည်နေရင် သူဒေါသပိုထွက်မှာမို့ ဘာမှ ဆက်မေပြာတော့ဘဲ ထွက်လာလိုက်တယ်။ မလိုအပ်ဘဲနဲ့လည်း သူ့ရှေ့ကို မသွားတော့ဘဲ နေလိုက်တယ်။

အပူချိန်၊ သွေးပေါင်ချိန်တွေ သွေးထဲသကြားဓါတ်တွေ သွားတိုင်းချိန်မှာ သူဘာမှမပြောပေမဲ့ သူ့မျက်နှာ သုန်သုန်မှုန်မှုန်နဲ့ သူ့စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာကိုတော့ သိသာစွာ တွေ့နေရပါတယ်။ ကျွန်မလည်း သူ့ကို စကားပြောရင် ပေါက်ကရ ပြန်ပြောမယ်ဆိုတာ သိလို့ မလိုအပ်တာ ဘာမှ မပြောပေမဲ့ သူ့ကိုရှင်းပြဖို့ ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ စဉ်းစားနေခဲ့တယ်။ သူ့ပုံကိုကြည့်ရတာ စိတ်ဓါတ်အကြီးအကျယ် ကျဆင်းပြီး ဘ၀ကို သတ်သေတဲ့အထိ အရှုံးပေးမည့် ပုံတော့ ရှိမယ်မထင်ဘူး။ သူ့ကို ဒီလို Special Nurse ထားတာကို သူ့ရဲ့ Safety အတွက်လို့ မမြင်ဘဲ အရှက်ခွဲနေတယ် မြင်နေတာကို ကျွန်မတို့မှာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။ သူဟာ သူ့ကို အရှုးလို၊ ရာဇ၀တ်သားလို ဆက်ဆံတယ်ဆိုပြီး စိတ်တိုနေတာကလွဲပြီး တခြားမူမမှန်တဲ့ အရိပ်ယောင်လုံးဝ မတွေ့ရတာတော့ အမှန်ပဲ။ ဒါကို သူနားလည်သွားရင် အဆင်ပြေသွားမှာ ဖြစ်ပြီး စပယ်ရှယ်လုံးဝ လိုတော့မှာ မဟုတ်ဘူးဆိုတာ ကျွန်မ ယုံကြည်တယ်။ ဒါကြောင့် သူ့ကို ကျွန်မ စကားဘယ်လို ပြောရမလဲဆိုတာပဲ စဉ်းစားနေခဲ့ပါတယ်။

သူကလည်း ကျွန်မကို ဘာမှလာမပြောနဲ့ မကြားချင်ဘူး မမြင်ချင်ဘူးလို့ ပြောထားပြီး လှည့်တောင် လှည့်မကြည့်တော့ ပြောရသိပ်ခက်တယ် ဒါပေမဲ့ ကျွန်မက ကြိုးစားပြီး ချဉ်းကပ်ခဲ့ပါတယ်။ “ ဒီနေ့ Weekend ဆိုတော့ ဘာလေ့ကျင့်ခန်းမှ လုပ်စရာမရှိဘူး၊ ဆေးရုံအောက်က ပန်းခြံထဲမှာ လမ်းသွားလျှောက်ချင်လား” လို့ သူစိတ်ပြောင်းပြီး စကားလေးဘာလေး ပြောလို့ရအောင် မေးကြည့်လိုက်တယ်။ သူက “ သိပ်ကိုလျှောက်ချင်တာပေါ့ ဒါပေမဲ့ ငါ့နောက်မှာ ဘယ်သူမှမပါဘဲ ငါ့ဖါသာလွတ်လွတ်လပ်လပ် လျှောက်ရမယ်ဆိုရင်တော့ ဆင်းလျှောက်ချင်တယ်” လို့ ပြန်ပြောတယ်။ ကျွန်မက “ဒီလိုတော့ မဟုတ်ဘူးလေ ကျွန်မတို့လမ်းလျှောက်ရင်း စကားပြောကြရင် ပိုပျော်စရာ ကောင်းတာပေါ့ ”လို့ ပြောတော့ “ဒါဆိုရင်တော့ ငါ့ကို ဘာမှထပ်မမေးနဲ့တော့ ငါ့ကိုအရှုးလို လူဆိုးသူခိုးလို စောင့်ကြည့်နေသူနဲ့ လမ်းအတူလျှောက်ပြီး စကားပြောဖို့နေနေသာသာ အခုလည်း ဘာမှကို မပြောချင်ဘူး” လို့ပြောလိုက်တယ်။

ကျွန်မလည်း ဒီတခါတော့ လေသံကို နည်းနည်းမြင့်ပြီး “Miss ကို အဲဒီလို စောင့်ကြည့်ဖို့ ဆုံးဖြတ်တာ Health Care team တခုလုံးက ဆုံးဖြတ်တာဖြစ်တယ်။ Miss ဟာ ဟိုဆေးရုံမှာ သတ်သေမယ်လို့ ပြောခဲ့တယ် ဒီရောက်ပြီးမှ Nurse Manger ကို Hand phone နဲ့ ကောက်ပစ်တယ် ဒီတော့ ဟိုဆေးရုံက လာတုန်းက သတ်သေဖို့ ပြောတာနဲ့ မိမိကိုယ်မိမိ နာကျင်အောင် (Self-Harm) လုပ်မှာကိုပဲ စောင့်ကြည့်စရာ ရှိခဲ့တယ် အခုတော့ သူများကို နာကျင်အောင်လုပ်တာ (Harm to others) ပါ တိုးလာပြီ ဒီအတွက် Miss တယောက်တည်းရဲ့ Safety တင်မကဘူး တခြားသူတွေရဲ့ Safety အတွက်ပါ စဉ်းစားလာရလို့ ပိုပြီးတောင် စောင့်ကြည့်ဖို့ လိုအပ်တဲ့ အခြေအနေကို Miss ကိုယ်တိုင်က ဖန်တီးလိုက်တာ ဖြစ်တယ်။ Miss က မစောင့်ကြည့်စေချင်ရင် မစောင့်ကြည့်ရလောက်အောင် စိတ်ချရတဲ့ အခြေအနေ Miss မှာ ရှိဖို့လိုအပ်ပါတယ်။ ကျွန်မတာဝန်က Miss ကို စောင့်ကြည့်ပြီး အော်ရင် အော်တယ်၊ ဆဲရင်ဆဲတယ်၊ ငိုရင်ငိုတယ်၊ Aggressive လုပ်ရင် လုပ်တယ်၊ Staff ကို ရန်ရှာရင် ရန်ရှာတယ်စတဲ့ Miss ရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာက ထွက်လာတာ အားလုံးကို Record လုပ်ထားဖို့ပါပဲ ဖြစ်တယ်။ ဒါကို Team က တနင်္လာနေ့ကျရင် Miss အခြေအနေကို Review ပြန်လုပ်ပြီး ပြန်ဆုံးဖြတ်မှာ ဖြစ်တယ်။ ကျွန်မက Miss ပျင်းနေမှာစိုးလို့ Miss အတွက် စေတနာသက်သက်နဲ့ ပြောတာသာ ဖြစ်တယ်၊ ကျွန်မအတွက် Miss နဲ့ စကားမပြောရလို့ ဘာမှ ဖြစ်မသွားဘူး” လို့ သူသိသင့်တာကို အခွင့်အရေးရတုန်း လေသံမာမာနဲ့ ပြောလိုက်တော့ သူနည်းနည်းတော့ ငြိမ်သွားပါတယ်။ နောက်ပိုင်း သူ့ကို ကျွန်မကြည့်နေတာကို သိပ်မကြည်တဲ့ အရိပ်အယာင် ရှိပေမဲ့ ဘာမှတော့ ဆက်မပြောတော့ပါဘူး။

ကျွန်မလည်း ရတဲ့အခွင့်အရေးကို ယူပြီး ဆက်လက်ပြီးတော့ လေသံနည်းနည်း ဖျော့ကာ “အမှန်အတိုင်းပြောရရင်တော့ ကျွန်မတို့ မြန်မာလူမျိုးတွေကိုသာ ဒီလို သတ်သေမယ်ပြောတိုင်း စောင့်ကြည့်မယ်ဆိုရင် တနိုင်ငံလုံးမှာ ရှိတဲ့ သူနာပြုတွေလုံလောက်မှာ မဟုတ်ဘူး” လို့ ကျွန်မက ပြောပြောပြီး တခြားဘာမှ ဆက်မပြောခင် နင်က မြန်မာပြည်ကလားဆိုပြီးတော့ သူ့အမူအရာတွေက ချက်ချင်းကို ပြောင်းသွားပြီး "I love Aung Sun Suu Kyi, She is very strong lady!" လို့ စတင်ကာ မြန်မာပြည် နိုင်ငံရေးအကြောင်း ရေပက်မ၀င်အောင် ပြောပြီး သူနဲ့ကျွန်မနဲ့ စကားဖေါင်ဖွဲ့လို့ ရသွားတော့တယ်။ စကားတွေ အများကြီးပြောဖြစ်ပြီးမှ သူလည်း ကျွန်မပြောတာကို ယုံပြီး ကျွန်မ အကြံပြုချက်တွေကို လက်ခံတော့တယ်။ သူလည်း နေမကောင်းလို့ ဆေးရုံလာတက်တာကို အရှုးလိုဆက်ဆံခံရတော့ နင်ဆိုရင်လည်း ဘယ်လိုနေလဲဆိုပြီး ပြောတော့ ကျွန်မလည်း သူ့နေရာကို ၀င်ခံစားလို့ရပါတယ်။ သူဒီမှာ မိသားစုလည်းမရှိ သူ့သားနဲ့သမီးက ဂျာမဏီမှာ သူ့မှာ ကင်ဆာရောဂါလည်း ရှိတယ်။ အဲလိုအခြေအနေမှာ သူ့ရဲ့ စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှုကို ခန့်မှန်းလို့ရပါတယ်။

“ကျွန်မလည်း Miss ပြောသလို ငါသေချင်တယ်လို့ စကားအရ အမြဲပြောတတ်ပါတယ်။ Miss လည်း အဲဒီလိုပဲ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်။ ဒါပေမဲ့ Miss က ဆေးရုံက လူနာဖြစ်တော့ ကျန်းမာရေး ဌာနက ချထားတဲ့ ပေါ်လစီအတိုင်း စောင့်ကြည့်ခံရတာဖြစ်တယ်။ ဒါကလည်း အတိတ်ကာလတွေမှာ ဒီလိုပြောပြီး မစောင့်ကြည့်မိလို့ တကယ်သတ်သေသွားတဲ့သူတွေ အများကြီးရှိခဲ့လို့ ပေါ်လစီအရ စောင့်ကြည့်တာသာ ဖြစ်တယ်။ လူနာတယေက်ဟာ လူကောင်းတယေက်ထက် ခံစားမှု ပိုပြီး Sensitive ဖြစ်တယ်ဆိုတာ Health Care Team က member တွေ အကုန်လုံး နားလည်ပြီးသား ဆေးရုံရဲ့ စောင့်ရှောက်မှု အောက်က လူတယောက်သတ်သေသွားရင် အဲဒီ Team တခုလုံးမှာ တာဝန်ရှိပါတယ်။ Miss ကို မေးတဲ့မေးခွန်းတွေဟာ ဒီလို သတ်သေဖို့ ပြောတဲ့ လူနာတိုင်း (သို့) လဲကျပြီးသတိလစ်လို့ သတိပြန်ရလာတဲ့ လူနာတိုင်း အာရုံအဖွဲ့အစည်းနဲ့ memory တွေ ပုံမှန်အလုပ်မလုပ် သိရအောင် မေးမြန်းတဲ့မေးခွန်းတွေသာ ဖြစ်တယ်။ Miss ထင်သလို အရှုးထင်ပြီး မေးတာ မဟုတပါဘူး။ အခု Miss ကို စောင့်ကြည့်လို့ Miss ကပုံမှန် ဖြစ်နေရင် အဲဒီစပယ်ရှယ်ထားတာကို တနင်္လာနေ့ Team Review ပြန်လုပ်ရင် ဖြုတ်လိုက်မယ်လို့ ကျွန်မ ယုံတယ်။ ဒီလိုမဟုတ်ဘဲ Miss က ပိုဆိုးလာရင် ဆက်စောင့်ကြည့်ရင်ကြည့် ပိုပြီး Aggressive ဖြစ်လာရင် Mental Health Ward ကို လွှဲပြောင်းပေးရင် ပေးနိုင်တယ်။ အားလုံးက Miss ရဲ့ တုံ့ပြန်မှုအပေါ်မှာပဲ မူတည်တယ်” လို့ ကျွန်မ ပြောလိုက်တော့ သူတော်တော်လေး သဘောပေါက်သွားပါတယ်။ သူအော်လွှတ်တာတွေအတွက် ကျွန်မကို ပြနတောင်းပန်ပါတယ်။ သူ့အနေနဲ့ သက်သာချင်လို့ ဆေးရုံလာတက်တယ်ဆိုမှ အကုန်လုံးက အရှုးလိုဆက်ဆံတော့ မခံမရပ်နိုင် ဖြစ်ပြီး ဖြစ်သွားကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာတော့ တခြား staff တွေကိုလည်း ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် ဆက်ဆံလာတာကို တွေ့ရပါတယ်။

ကျွန်မ Special လုပ်ရတဲ့ လူနာ တ၀က်ခန့်က ဒီလို မထင်မှတ်ပဲ သတ်သေမယ် ပြောလိုက်လို့ Special အထားခံရတာကိုသာ အများဆုံး တွေ့ရပါတယ်။ တကယ်သတ်သေဖို့ ကြိုးစားခဲ့သူ သိပ်ကိုနည်းပါတယ်။ ဒီလူနာကို ပြီးခဲ့တဲ့ စနေတင်္ဂနွေ နှစ်ရက်လုံးလည်း ကျွန်မ စပယ်ရှယ်လုပ်ခဲ့ရပါတယ်။ အရင်တပတ်က တနင်္ဂလာနေ့ကတော့ Public Holiday ဖြစ်နေလို့ Health Care Team Team Review မလုပ်ဖြစ်ခဲ့ဘဲ အခုပြီးခဲ့တဲ့ တင်္လာနေ့မှာတော့ Review လုပ်ပြီး နောက်တခါ ပြန်တွေ့ရင် Special မလိုတော့တဲ့ လူနာတယောက်အဖြစ် မြင်တွေ့ရလိမ့်မယ်လို့ ကျွန်မ ထင်တယ်။ အမှန်က ဒီလူနာမှာ သတ်သေဖို့အစီစဉ် လုံးဝမရှိနိုင်ပါဘူး၊ စိတ်မမှန်တာလည်း မရှိပါဘူး၊ ရောဂါ ရတဲ့အချိန်မှာ စိတ်ခံစားလွယ်ပြီး ဒေါသဖြစ်မြန်တာပဲ ရှိပါတယ်။ အကယ်၍သာ သူက ကျွန်မတို့ စောင့်ရှောက်တာဟာ Quality Care အတွက် Safety နဲ့ ညီညွတ်အောင် လုပ်တယ်ဆိုတာ ကြိုတင်သိထားရင် သူဒီလိုခံစားရပြီး ဒီလောက်အထိ စိတ်ဆင်းရဲကာ ဒေါသဖြစ်ရလိမ့်မယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူနားလည်သွားပါတယ်။ ကျွန်မနဲ့ စကားတွေ ပြောပြီး ညနေ ၇ နာရီ ကျွန်မ အိပ်ပြန်ချိန် ညဘက်တာဝန်ကျတဲ့ 1:1 nurse နဲ့ ကျွန်မ မိတ်ဆက်ပေးတော့ သူပြုံးပြုံးရွှင်ရွှင်ပဲ လက်ဆွဲ နှုတ်ဆက်ပြီး လက်ခံပါတယ် ကျွန်မကို တွေ့တုန်းကလို မအော်ထုတ်ခဲ့ဘူး။ ပြီးခဲ့တဲ့ တနင်္ဂလာနေ့က Public Holiday မို့ သူ့ကို Review မလုပ်ရလို့ Special Nurse ကို မဖြုတ်ဖြစ်ပေမဲ့ တပတ်လုံး သူဟာ Special Nurse နဲ့ရော တခြား Staff တွေ လူနာတွေနဲ့ပါ စလိုက်နောက်လိုက် ပြောဆိုရယ်မောပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ တင်္ဂနွေနေ့က အိမ်ပြန်ခါနီး သူ့ကို ကျွန်မ နှုတ်ဆက်ရင်း ကျွန်မက “တနင်္လာနေ့ကျရင် ဆရာဝန်၊ Psychologist, Neurologist, Social Worker တို့ Miss ကိုလာတွေ့ရင် အခုကျွန်မနဲ့ စကားပြောသလို ပုံမှန်အတိုင်း ပြန်ပြောပါ အရှုးလို ရာဇ၀တ်သားလို လာမဆက်ဆံနဲ့ဆိုပြီး မအော်လွှတ်ပါနဲ့ ဒါပေမဲ့ Mental Health Ward မှာ စိတ်ရောဂါလူနာ အဖြစ်သွားနေချင်ရင်တော့ Miss သဘောပဲ အော်လွှတ်၊ လာသမျှလူတွေကို မူဘိုင်းဖုန်းမကလို့ စားပွဲပေါ်မှာ ရှိတာတွေ အကုန်လုံးနဲ့ ပစ်ပေါက်ပေါ့” လို့ ကျွန်မက နောက်ထားခဲ့သေးတယ်။ ကျွန်မကို မြန်မာပြည်ကမှန်း သိလိုက်တာနဲ့“ Are you Burmese ? I love Aung Sun Suu Kyi!” ဆိုတဲ့ သူ့ရဲ့ အံ့သြ၀မ်းသာတဲ့ အာမေတိတ် စကားကတော့ ကျွန်မနားထဲက အခုထိမထွက်ဘူး။ တော်ပါသေးရဲ့ ဒေါ်အောင်ဆန်းစုကြည် ကယ်ပေလို့သာ နို့မဟုတ်ရင် အဲဒီလူနာဟာ ဘယ်သူ့ပြောစကားကိုမှ လက်မခံ အော်လွှတ်ပြီး Mental Health Ward မှာ စိတ်ရောဂါ လူနာအဖြစ် Assessment လုပ်ဖို့ ဘယ်လောက်သွားနရမလဲ ပြောမတတ်ဘူး။

ရွှင်လန်းချမ်းမြေ့ကြပါစေ။