မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label သားသား. Show all posts
Showing posts with label သားသား. Show all posts

ဆစ်ဒနီက အထက်တန်းကျောင်း အားကစားသမားလေးနှစ်ဦး


ဆစ်ဒနီက Homebush Boys High School မှာ ဗမာကလေးဆိုလို့ သူတို့နှစ်မှာ သူတို့ နှစ်ယောက်ပဲ ရှိပါတယ်။ ဒီကလေးနှစ်ယောယက်စလုံးက အားကစားသမားတွေ ဖြစ်ပြီး ဆယ်တန်းနှစ်တုန်းကတော့ တယောက်က ကျောင်းရဲ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ တယောက်ကအကောင်းဆုံး ဘောလီဘောသမားဆုကို အသီးသီး ရရှိထားသူနှစ်ဦးပါ။ လက်ရှိအခြေအနေမှာ ၁၂ တန်း HSC လုပ်နေရလို့ စာဘက်ကို အဓိကထားနေရတော့ အားကစားကိုသိပ် ဦးစားပေးမလုပ်နိုင်ပေမဲ့ School Sport Representative တွေအဖြစ် ဆက်လက်တာဝန်ယူနေရဆဲ ဖြစ်တယ်။ ဝေလျှံနဲ့ သားက ၁၂ တန်းမှာ ယူထားတဲ့ ဘာသာတ၀က်ကျော်တူတယ်။ သူတို့နှစ်ယောက် သင်္ချာသာသာ ပြောင်းတာလည်း တူကြတယ်။ သားက သူယူထားတဲ့ Subject တွေကို မကြိုက်လို့ဆိုပြီး ဥပဒေနဲ့ စီးပွားရေးကို ကျောင်းဖွင့်ပြီး ငါးပတ်မြှောက်မှာမှ ဝေလျှံဆီက မှတ်စုတွေကူးပြီး ပြောင်းခဲ့တယ်။

၇ တန်းကစပြီး သားအထက်တန်းကျောင်း ရောက်ပြီးနောက်ပိုင်း အိမ်ကို မကြာခဏ သားသူငယ်ချင်းတွေခေါ်တတ်ပေမဲ့ အဲဒီကလေးက အိမ်ကို အခုမှတခါပဲ ရောက်ဖူးတယ်။ သူငယ်ချင်းတွခေါ်ရင် ဘာကြောင့်မပါလဲ မခေါ်ဘူးလား ဆိုတာမေးရင် "သားက ခေါ်တယ် သူကမလာချင်ဘူး၊ သားနဲ့သူနဲ့က အုပ်စုတခုစီ ဆိုတော့ သားအုပ်စုက သူငယ်ချင်းတွေနဲ့ ဝေလျှံနဲ့ မရင်းနှီးတော့ သူမလိုက်ချင်ဘူး" ဆိုတာမျိုး အမြဲပြောတတ်တယ်။ နောက်တခါ အိမ်ကို ဧည့်သည်ခေါ်လို့ အဲဒီကလေးမပါရင် ဘယ်ဧည့်သည်မှ မခေါ်နဲ့လို့ သားကို ကျွန်မပြောထားလို့ ထင်တယ် ပြီးခဲ့တဲ့ကျောင်းပိတ်ရက်တုန်းကတော့ ဥပဒေ Assignment အတူတူလုပ်ရင်း စာကြည့်တိုက်ကနေ အိမ်ကိုခေါ်လာလို့ ရောက်လာတုန်း ဓာတ်ပုံရိုက်ထားလိုက်တယ်။ ဒါကြောင့် " ပြေးကြည့်မှ ဗမာကလေးနှစ်ယောက်ပဲ ရှိတာ နင်က ဗမာကလေးနဲ့ကျတော့ မခင်ပဲ တခြားကလေးတွေနဲ့ပဲ ခင်တာက ဘယ်လိုဖြစ်ရတာလဲ" မေးတော့ "ခင်တယ် သားက ပျော်ပော်ျပါးပါး နေတဲ့အခါမှာပဲ သားအုပ်စုက သူငယ်ချင်းတွေနဲ့ ရင်းနှီးတာ အလေးအနက်ထားပြီး ရင်ဖွင့်ရမည့်ကိစ္စတွေကျတော့ ဗမာသူငယ်ချင်းနဲ့ပဲ ရင်ဖွင့်တတ်တယ်" တဲ့။

အဲဒါကြောင့် "ဟယ်..မောင်တိုးရေ ခုတမျိုး တော်ကြာတမျိုးပါလား HSC ၁၂ တန်းမှာ အရေးကြီးလို့ အားကစားတောင်မှ မလုပ်နိုင်တာ ကျန်တာဘာမှ စိတ်ဝင်စားလို့ မအားဘူးဆိုပြီး ရင်ဖွင့်စရာတွေ ရှိနေပြီလား အမေကိုပွင့်ပွင့်လင်းလင်း ပြောပါလို့ ပြောထားရဲ့သားနဲ့ ဘာကြောင့် အမေကို ပွင့်ပွင့်လင်းလင်း မပြောတာလဲ" ဆိုပြီး မေးတော့ " မေမေက ဘာထင်နေလို့လဲ၊ တခြားဟာ မဟုတ်ဘူး မေမေတို့ ဗမာမိဘတွေက သားသမီးတွေကို Stress ဖြစ်အောင် လုပ်တတ်တဲ့အကြောင်းတွေပဲ ပြောဖြစ်တာပါ" တဲ့။ "ဘုရားရေ ဒုက္ခပါပဲ ၊ နင့်ကိုမိဘက ဘာစိတ်ဖိစီးအောင် လုပ်နေလို့လဲ" ဆိုတော့ " ဝေလျှံအဖေနဲ့ မေမေတို့နဲ့က အတူတူပဲ အဲဒါကြောင့် ဗမာသားသမီးတွေ အာရှကလာတဲ့သားသမီးတွေဆို ကျောင်းတက်ရတာ Pressure သိပ်များတယ် အဖြူသားသမီးတွေလို မဟုတ်ဘူး" တဲ့။ " မြတ်စွာဘုရား၊ ဒီလောက် အေးအေးဆေးဆေး ဘာမှမပူရဘဲ ပညာသင်နေရတာနင်ပဲ ရှိတယ်၊ ဒါတောင်မှ မိဘကြောင့် စိတ်ဖိစီးလို့ ရင်ဖွင့်ရလောက်အောင် မိဘတွေက နင်တို့ကို ဘာများစိတ်ဒုက္ခပေးနေလို့လဲ" ဆိုပြီးကျွန်မ မေးရတယ်။ ဒီတော့ နှစ်စက Subject တွေ သွားပြောင်းလို့ ကျွန်မဆူခဲ့တာကို ဥပမာပေးပြီးပြောတယ်။ အဲလိုမျိုး အိမ်နဲ့ပတ်သက်ပြီး အလားတူ စိတ်ညစ်စရာ ကြုံရင် သူတို့ဟာ အချင်းချင်း ရင်ဖွင့်ကြတယ် တခြားသူငယ်ချင်းတွေနဲ့ ဘယ်လောက်ခင်ခင် ဘယ်တော့မှ မပြောဘူးတဲ့။ ဝေလျှံလည်း သူ့လိုပဲ သူကြိုက်တဲ့ Subject တွေ ပြောင်းလိုက်တော့ သူ့အဖေဆူလို့ စိတ်ညစ်ရတဲ့အကြောင်း ပြောတယ်။

 ဒါကြောင့် "နင်တို့က မိဘတွေ ကောင်းစေချင်လို့ ပြောတာကို ဘယ်လောက်တောင် ခံစားရလို့ ရေးကြီးခွက်ကျယ် လုပ်ပြီးမိဘအတင်းပြောရတာလဲ။ အဲလိုအတင်းပြောတဲ့နေရာမှာပဲ ခင်ကြဆိုတော့ မိဘအတင်းပြောလို့ ကောင်းကျိုးရတယ်များ ထင်နေလားဆိုတော့ " ကောင်းတော့ တော်တော်ကောင်းတယ် မေမေ ဝေလျှံနဲ့ စကားပြောရတာ စိတ်ပေါ့သွားပြီးတော့ အရမ်း ရယ်ရတယ်၊ သြစတြေးလျားမှာ ကြီးတဲ့ဗမာကလေးတွေထဲမှာ ဗမာလိုကို ဗမာလူကြီးတွေနဲ့ တူအောင် လိုက်တုပြီး နိုင်ငံခြားအသံ လုံးဝမ၀ဲဘဲ ကျွမ်းကျွမ်းကျင် ပြောနိုင်တာ ရွယ်တူတွေထထဲမှာ ဝေလျှံကို ဘယ်သူမှ မမီဘူး" ဆိုတာနဲ့ အစချီပြီး ပြောပြတယ်။ သားက ကျွန်မတို့ လင်မယား ပြောတာတခါမှမကြားဖူးတဲ့ ဗမာလို ဘန်းစကားတွေကို ဝေလျှံဆီက အများကြီးသိရတယ်ဆိုပြီး ဝေလျှုံအဖေ ဝေလျှံကိုဆူတဲ့ပုံကို ဝေလျှံက သူ့ကိုပြောပြပြီး ကျွန်မသူ့ကို ဆူတဲ့ပုံကို ဝေလျှံကို သူက ပြန်ပြောလို့ အဲဒီတုန်းက စိတ်ဖိစီးတာတွေ ပေါ့သွားကြောင်း ပြောပြပါတယ်။ ကျွန်မသားက သူ့ကိုကျွန်မ ဘယ်လိုဆူတယ်ဆိုတဲ့အကြောင်း ဝေလျှံကို ပြောပြတာ ဘယ်လောက် တူမတူတော့ မသိဘူး။ ဝေလျှံပြောပြတဲ့ပုံအတိုင်း ဝေလျှံအဖေ သူ့သားကို ဆူပုံကို သားကျွန်မကို ပြန်ပြောပြတဲ့ ပုံကတော့ ဝေလျှံအဖေရဲ့ပုံရော အသံကိုပါ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လို့ရတယ်။

ဝေလျှံအဖေက အင်ဂျင်နီယာတယောက်ပါ။ ဝေလျှံက ကျွန်မသား မောင်တိုးလိုပဲ အထက်တန်းမှာ အမြင့်ဆုံးအဆင့် သင်္ချာကို ယူထားရာကနေ အနှိမ့်ဆုံးအဆင့်ကိုပြောင်းလိုက်တယ်။ ဝေလျှံက သူ့အဖေကို အဲဒီ Subject ပြောင်းမယ်လို့ ပြောတော့ သူ့အဖေက " ဘာပြောတယ် .. မင်းဘာပြောလိုက်လဲ ဝေလျှံ၊ ပြန်ပြောစမ်း ငါ့ကို အဲဒီစကား၊ (ဝေလျှံကလည်း မေးတိုင်း တခုခု ပြန်ပြောတယ်)၊ ဘာပြောတယ် ပြန်ပြောစမ်း. မင်းဘာထင်နေလဲ ဝေလျှံ၊ နားပန်ကျင်းထည့်လိုက်ရမလား၊ မင်းနားရင်းပူသွားချင်လား၊ မင်းထမင်းဘာနဲ့ စားမလဲ။ အဲဒီ Subject နဲ့ထမင်းစားလို့ ဖြစ်မလား၊ ဦးနှောက်နဲ့ စဉ်းစားစမ်းပါ၊ မင်းဦးနှောက်ထဲမှာ ဘာတွေရှိသေးလဲ ငါ့ကိုပြောစမ်း" ဆိုပြီး ပြောတော့ ဝေလျှံကလည်း မေးခွန်းတခုပြီးတခု သူ့အဖေဘာကိုဆိုလိုမှန်း မသိ သူဖြေချင်တာ ဖြေတော့ သူ့အဖေကပိုစိတ်တို၊ မသိတဲ့စကားလုံးဆိုရင်လည်း ဘာပြောလဲအဖေနဲ့ ပြန်မေးလိုမေး၊ ထမင်းဘာနဲ့စားမလဲဆိုရင် ကြက်သားနဲ့ စားမယ်ဆိုတာမျိုးတွေ မေးတာနဲ့ ဖြေတာတခြားစီတွေ ဖြစ်နေတာကို သားက ကျွန်မကို ပြန်ပြောပြတယ်။ ပြီးတော့ ဝေလျှံပြောတာလည်း မလွန်ဘူး အဲဒီမေးခွန်းတွေနဲ့ Subject ပြောင်းတာနဲ့ ဘာမှလည်း ဆိုင်တာမဟုတ်ဘူး ပြောပြီး တဟားဟားနဲ့ ရယ်နေလို့ အဲဒီမေးခွန်းတွေက Subject ပြောင်းတာနဲ့ ဆိုင်တယ် နင့်သူငယ်ချင်း ပြန်ဖြေတဲ့အဖြေနေ ပြန်မေးနေတာတွေကမှ မဆိုင်တာလို့ ပြောပြီးကျွန်မလလည်း သားသရုပ်ဆောင်ကောင်းအားကြီးလို့ ဝေလျှံတို့သားအဖပုံကို မြင်ယောင်ပြီး ရယ်လိုက်ရတာ အူကိုနာသွားလို့ ဆက်ပြီးအပြစ်မတင်ဖြစ်ခဲ့ဘူး။

ကျွန်မသား မောင်တိုးက ဝေလျှံထက်ပိုဆိုးတယ် ဝေလျှံကမှက မပြောင်းခင် သူ့အဖေကို Subject ပြောင်းတော့မည့်အကြောင်း ပြောဖေါ်ရသေးတယ် သားကတော့ အဲဒီတုန်းက ပြောင်းပြီးမှ အမေ သား Extension English ကနေ Advanced English နဲ့ Law, ကို Extension Maths ကနေ General Maths ကို Biology ကနေ Business ကို Subject ပြောင်းလိုက်ပြီ ဆိုပြီး ဖုန်းနဲ့ အကြောင်းကြားလာလို့ မောင်တိုး ဘာတွေလျှောက်နေလဲ မေမေသဘောမတူဘူး သင်္ချာကို General မလုပ်နဲ့ Advanced ဒါမှမဟုတ် အနည်းဆုံးတော့ Standard လုပ်ပါ၊ ကျန်တဲ့ဘာသာတွေလည်း မေမေ သဘောမတူဘူးဆိုတာ အခုချက်ချင်း နင့်ကျောင်းအုပ်ဆီ ဖုန်းဆက်ပြီးပြောမယ် ပြောတော့ မေမေတယောက်ပဲ သဘောမတူတာ သားလည်းသဘောတူတယ် ဆရာဆရာမတွေလည်း သဘောတူတယ်၊ ကျောင်းအုပ်လည်း သဘောတူလို့ ပြောင်းလိုက်ပြီ ဖုန်းမခေါ်နဲ့တော့ ထူးမှာမဟုတ်ဘူး ဆိုပြီးပြောလို့ ဖုန်းထဲမှာလည်း ရန်ဖြစ် အိမ်ရောက်တော့လည်း တခါ ရန်ဖြစ်ခဲ့ရတယ်။ ကျွန်မလည်းသားကို နင်လုပ်ချင်ရာ လျှောက်လုပ်မနေနဲ့ နင်ယူထားတဲ့ Subject တွေမှာ ထမင်းစားလို့ရတဲ့ Subject ဘာကျန်သေးလို့လဲ မေးတော့ ကိစ္စမရှိဘူး သားကထမင်းမှ မကြိုက်တာ ထမင်းမစားရလည်း ဘာမှမဖြစ်ဘူးဆိုပြီး ပြောလို့ မောင်တိုးနော် နင်ငါ့ကို ထော်လော်ကန့်လန့် မပြောနဲ့ ငါရိုက်ထည့်လိုက်မယ် ဆိုပြောပြီး တခါမှလည်း မရိုက်ထည့်ဘူး ကျွန်မက ပြောတဲ့အကြောင်းကို ဝေလျှံကို သူကပြောပြတယ်။ ဝေလျှံကလည်း သူ့အဖေက သူ့ကိုငါ နားပန်ကျင်းထည့်လိုက်ရင် နားရင်းပူသွားမယ် ပြောပြီး တခါမှလည်း မကျင်းထည့်ကြောင်း မိဘတွေအကြောင်းကို အတင်းပြောပြီး ရယ်တဲ့နေရာမှာတော့ သူတို့နှစ်ယောက် ရင်းနှီချစ်ခင်ကြပါတယ်။

အင်ဂျင်နီယာတယေက်ရဲ့သားနဲ့ သင်္ချာကို Advanced Level အဆင့်ယူခဲ့တဲ့ အမေတယောက်ရဲ့သားတွေက အမြင့်ဆုံး ယူထားရာကနေ ကြားမှာ Advanced and Standard နှစ်ခု ရှိလျက်နဲ့ အနှိမ့်ဆုံး General သင်္ချာအဆင့်ကို ယူလိုက်ကြတဲ့အပေါ် မိဘတွေရဲ့ ရုတ်တရက်ခံစားမှုကို နားလည်နိုင်လိမ့်မယ်ထင်တယ်။ နောက်ဆုံးတော့ သူတို့သဘောအတိုင်းပဲ ကျေနပ်ပေးလိုက်ရပါတယ်။ ဒါပေမဲ့ သူတို့လုပ်နေတဲ့ အလုပ်မှာ သူတို့ပိုင်ပိုင်နိုင်နိုင် ရှိတဲ့အတွက်တော့ ၀မ်းသာပေးရပါတယ်။ ဗမာကလေးနှစ်ယောက်ပဲ ရှိတဲ့ကျောင်းမှာ နှစ်ယောက်စလုံး ကျောင်းရဲ့အကောင်းဆုံးဆုကို ချီြးုမှင့်ခံရတယ်ဆိုတာ ဂုဏ်ယူစရာပါ။ ဆုရတဲ့နှစ်တုန်းကတော့ ကျွန်မသား ရတာပဲကျွန်မသိပြီး တချိန်တည်းမှာပဲ ဝေလျှံပါ ရခဲ့တယ်ဆိုတာကို မပြောပြလို့ မသိလိုက်ဘူး။ ဘာကြောင့်မပြောပြလဲ မေးတော့ ပြောပြရင် " မေမေတို့က Show off လုပ်မယ်ဆိုတော့ သားတို့ Privacy ထိခိုက်တယ်" တဲ့။ အဲဒါကြောင့် အဲဒါမျိုးက ကြွားတာမဟုတ်ဘူးသား ဗမာဆိုလို့ သားတို့နှစ်ယောက်ပဲ ရှိပြီး နှစ်ယောက်စလုံး ရရှိခဲ့တယ်ဆိုတာ မိဘတွေအတွက်သာမဟုတ် ဗမာကွန်မြူနီတီအတွက်ပါ ဂုဏ်ယူစရာဖြစ်တယ်သား အရာရာတိုင်းကို ကြွားတယ်လို့ မသတ်မှတ်ရဘူးလို့ ပြောပြတယ် ဒါမေပဲ့ ကလေးတွေက လက်မခံဘူး။ သူတို့နှစ်ယောက်က သူတို့ယူထားတဲ့ Subject တွေမှာ Top ထဲမှာပါတယ်လို့တော့ မိဘတွေ ကျေနပ်အောင် ပြောကြတယ်။ သူတို့နှစ်ယောက် ဒီနှစ်ပြီးရင်တော့ ရောက်တဲ့တက္ကသိုလ်မှာ အားကစား ပြန်လုပ်ဖြစ်မယ်ထင်တယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။






သားပေးတဲ့ မိခင်များနေ့ လက်ဆောင် (၂)






အမှတ်တရများ

စက်လှေကို ကမ်းကပ်လာစဉ် နက်ရှိုင်းတောက်ပတဲ့နေရောင်ခြည် ဖုံးလွှမ်းထားတဲ့ မြစ်ကမ်း ရေပြင်က လှပစွာ တလက်လက် ထနေပါတယ်။ အ၀ါရောင် စက်လှေကို ဆိပ်မှာကပ်လိုက်တာနဲ့  တလိပ်လိပ်တက်နေတဲ့ ညင်သာတဲ့လှိုင်းလုံးလေးတွေနဲ့အတူ ကမ်းစပ်မြစ်ရေက ရေစက်ရေပေါက်တွေ ဒလိတ်ကောက်ကွေးနဲ့ ဖြာထွက်လျက် ရှိနေပါတယ်။ ခရီးသည်တွေ အားလုံး သစ်သားဆိပ်ကူးတံတားဟောင်း လေးကတဆင့် စက်လှေထဲကနေ ဆိပ်ပေါ်ကို တဖြေးဖြေးထွက်ခွာလျက် ရှိပါတယ်။ ဒီမြို့ကို မရောက်မီကပင် စက်လှေမှောင်းသမား ခေါင်းဆောင် ဖြစ်သူက အခုရောက်မယ့်ဆိပ်က နောက်ဆုံးဆိပ်ဖြစ်ကြောင်း ကြော်ငြာထားပြီး ဖြစ်တယ်။

စက်ဆီအနံ့တွေနဲ့ ရောနေတဲ့ မြစ်ရေအနံ့ကို သူသတိထားမိလိုက်တယ်။ ကမ်းနားတလျှောက် ဇင်ယော်ငှက်တွေက ဟိုမှသည်မှ တောင်ပံတဖျတ်ဖျတ်နဲ့ လူလာခေါက်တုန့် ပျံသန်းလှုပ်ရှားလျက် ရှိနေပါတယ်။ လမ်းမတွေပေါ်မှာ သစ်ပင်တွေ၊ မိုးမျှော်အဆောက်ဦးတွေကို  စိတ်ဝင်တစားနဲ့ သူတောင်ကြည့်မြောက်ကြည့် မော့ကြည့်နေစဉ် သူ့ရဲ့ စိတ်ဝင်စားမှုအားလုံးက အာခေါင်ခြစ်သံနဲ့ အော်ပြောလိုက်တဲ့ အသံပိုင်ရှင်လေးကြောင့် ပျက်စီးသွားပါတယ်။ သူမက ပန်းရောင် ကုတ်အကျိင်္လေးကို ၀တ်ထားပြီး လူရွယ်ရဲ့ အရပ်တ၀က်ခန့်ရှိတဲ့ ကလေးမလေး တဦး။

လူရွယ်က သက်ပြင်းချပြီး “လာ၊ အဖေဖေ့လက်ကို ကိုင်ထား” လို့ ယဉ်ကျေးစွာ ဆိုတယ်။ သူမရဲ့ပျော့ပြောင်းဖေါင်းအိတဲ့ လက်လေးကို သူရဲ့ ကြမ်းတမ်းပြီး ကျုံလီနေတဲ့လက်ထဲ ထည့်လိုက်တယ်။ သူက သက်ပြင်း ချလျက် သူ့ကိုယ်သူ သဘောကျတဲ့အပြုံးနဲ့ “အမေဖြစ်နေရတာ ကြာပြီပဲ”  လို့ တိုးညှင်းစွာ ပြောလိုက်တယ်။ သူက ကလေးကို စိတ်မရှည်စွာ ကြည့်လျက် “ကဲ သွားကြရအောင် သမီး”  လို့ အရယ်တ၀က်နဲ့ ပြောပြီး သူတို့သားအဖ ကမ်းမှ စတင်ထွက်ခွာကြပါတယ်။

နှစ်ယောက်သား မှန်ကြွေပြားခင်းလမ်းတလျှောက် အတန်ကြာလျှောက်လာကြပြီးနောက် မိုးထိမြင့်မားနေတဲ့ အဆောက်ဦးတွေက သူတို့ကိုယ်ပေါ် အုပ်မိုးလျက် နေရောင်ခြည် မကျရောက်နိုင်အောင် ကာကွယ်နေတယ်။ ကလေးမလေးက လမ်းတလျှောက် သီချင်းလေး အသံသေးအသံကြောင်နဲ့ ညည်းတွားရင်း ခုန်လိုက်ပေါက်လိုက်နဲ့ လျှောက်လာတယ်။ လူရွယ်ကတော့ ကလေးမလေးနဲ့ အနောက်ကနေပြီး မနီးမဝေးမှာ ကပ်ပြီး လျောက်လိုက်လာတယ်။ ကလေးကစားကွင်းဆီကို သွားနေပေမဲ့ သူသွားလိုတဲ့ ကလေးကစားကွင်း ရှိရာနေရာကို ဦးတည်သွားနေတာမျိုးထက် ရောက်တက်ရာရာ ငေးမောလျက် လျှောက်ကြည့်ပြီး သွားနေသလို ဖြစ်နေတယ်။ ငယ်စဉ်က သူနှစ်သက်ပျော်ပါးကျင်လည် ကျက်စားခဲ့ဖူးတဲ့ နေရာဟောင်းကို ရှာဖွေလိုက် အပြောင်းအလဲတွေအပေါ် သုံးသပ်လိုက်နဲ့ လျှောက်လာနေတယ်။ သူ့ရဲ့ ငယ်ဘ၀ကို ပြန်လည် သတိရစေတဲ့ အဖြစ်အပျက် အားလုံးကို သူ့ခေါင်းထဲမှာ စုစည်းလျက် ရှိပါတယ်။ သူ့ရဲ့ လူ့ဘ၀အစ ကလေးဘ၀ကာလ၊ လမ်းလျှောက်ပြီး လူမှန်းသိတတ်စရွယ်၊ မူကြိုကျောင်း၊ ချစ်ရသေအမေ အရာအားလုံးက သူ့အတွက် သတိတရ ဖြစ်စေပါတယ်။

“ကစားကွင်းက ဘယ်လိုမျိုးလဲ ဖေဖေ” ကလေးမလေးက မေးတယ်။
“ဟို.. ဖေဖေ ဒီကိုမရောက်တာ ကြာပြီဆိုတော့ ဖေဖေ (အခုဘယ်လိုနေလဲဆိုတာ) သိပ်တော့မသေချာဘူး သမီး”  လို့ မချင့်မရဲ တုံ့ဆိုင်းစွာနဲ့ သူဖြေလိုက်တယ်။
“သမီးတို့ အိမ်နားမှာ ရှိတဲ့ ကစားကွင်းထက် ပိုကောင်းလား ဖေဖေ” ကလေးမလေးက စိတ်ဝင်စားစွာနဲ့ မေးလိုက်တယ်။
“အဲဒါတော့ ဖေဖေမထင်ဘူး သမီး” လို့ သူရယ်သွမ်းသွေးစွာနဲ့ ဖြေတယ်။
အဲဒီအချိန်မှာပဲ ကလေးမလေးက စကားပြောရင်းနဲ့ တခုခုကို သတိထားမိသွားပြီး “ဒါဖေဖေ သမီးအရွယ်တုန်းက ကစားခဲ့တဲ့ ကစားကွင်း မဟုတ်လား ဖေဖေ” လို့ ကောက်ကာငင်ကာ မေးလိုက်တယ်။ သူမ ညွန်ပြနေရာကို ကြည့်ရင်း “ဟုတ်တယ် သမီး” လို့ သူဖြေလိုက်တယ်။
သမီး သွားကစားမယ် ဆိုပြီး သူမ ခုန်ပျံကျော်လွှားနဲ့ ပြေးထွက်သွားတယ်။

ကမ်းနားကနေ ဆယ်မိနှစ်ခန့် လမ်းလျှောက်လာပြီး နောက်ဆုံးမှာတော့ မြို့လယ်ကို ရောက်လာပါတယ်။ မြို့က မတူကွဲပြားတဲ့ လူမျိုးစုံနဲ့ ပြည့်နက်နေတယ်။ ဈေးဆိုင်တွေဆီက မီးရောင်တလက်လက်, တေးဂီတသံ၊ အကဖျော်ဖြေသံ၊ သီချင်းသံ တညံညံနဲ့ အသံစုံ ကြားနေရတယ်။ (လမ်းဘေးပလက်ဖေါင်းပေါ်က) မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တောင်းရမ်းနေသူတွေကိုလည်း တွေ့ရတယ်၊ သတင်းစာ၊ ကြော်ငြာစာရွက် ဝေသူတွေ၊ စာအုပ်ကြော်ငြာသူတွေ မိနှစ်ပိုင်းအတွင်း သူတို့ဆီ ရောက်လာနေတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက တယ်လီဖုန်းကိုယ်စီပြောလျက် လမ်းလျှောက်ရင်း အလုပ်များနေကြတယ်၊ ချစ်သူစုံတွဲတွေ လက်ချင်းချိတ်လျက်၊ အားကစားသမားတွေလည်း လမ်းလျှောက်လေ့ကျင့် ခန်းလုပ်လျက် တွေ့ရတယ်။ သူမှတ်မိခဲ့သမျှ ငယ်ဘ၀က မြင်တွေ့ရတဲ့ အရာအားလုံး တွေ့နေရတယ်။ အရာအားလုံး  ကျန်ရှိနေသေးပါလား  တခုတည်းကလွဲရင် ပေါ့ အဲဒီတခုကတော့ “ကစားကွင်း”။

ညီညာပြန့်ပြူမှု မရှိတဲ့ မြက်ခင်းကို သူကြည့်လိုက်တယ်။ သူငယ်ငယ်က သူ့အမေနဲ့ ပျော်ပျော်ပါးပါး လာကစားခဲ့တဲ့ ကစားကွင်း မရှိတော့ပါ၊ ကောင်စီက နှစ်အတော်ကြာတုန်းကတောင် ကစားကွင်းကို ဖြုတ်လိုက်ပုံရတယ်။ ဖြူနီဝါပြာ ရောင်စုံ ကလေးကစားကွင်းနေရာမှာ အခုတွေ့ရတာက ထိုင်ခုံရှည်တခုနဲ့ သစ်ပင်တပင်တည်း အောက်မှာ စာဖတ်နေသူ မြက်ခင်းပေါ် လဲလျောင်းသူ စုံတွဲတွေ ချစ်တင်းနှောနေသူတွေနဲ့ ပြည့်နက်နေတဲ့ သစ်ပင်တပင်ကိုသာ တွေ့ရတယ်။ ခိုငှက်တွေကို ပေါင်မုန့်တွေ ဆိတ်ပြီး အစာကြွေးတဲ့အချိန်မှာ ဗျိုင်းဖြူငှက်တွေက တကွပ်ကွပ် အော်မြည်လျက် သစ်ပင်အပေါ်နဲ့ အအောက်ကို တောင်ပံတဖျတ်ဖျတ်နဲ့ ရိုက်ခတ်ပြီး ပျံသန်းလှုပ်ရှားလျက်ရှိတဲ့ မြင်ကွင်းတခုပဲ ကလေးဘ၀က မြင်ကွင်းကို ဒီကစားကွင်းရှိတဲ့ နေရာမှာ မြင်တွေ့ရတော့တယ်။ သူစိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းတခုကို ချပြီး ကလေးဘ၀က ကစားခဲ့တဲ့ ကစားကွင်းလိုမျိုးကို တွေ့လိုတွေ့ငြား လျှောက်ကြည့်နေမိတယ်။ သေချာအောင်ဆိုပြီး သူ့အနီးနားပတ်ဝန်းကျင်မှာ  အရင်က ရှိခဲ့ဖူးတဲ့ ဒီနား ဟိုနား ရှိခဲ့ဖူးတဲ့ အရာတွေကို တခေါက်ပြန်ကြည့်တယ်။ ဘာမှမတွေ့တော့ပါ။

“ကစားကွင်း မရှိတော့ဘူး မဟုတ်လား” လို့ သမီးလေးက မေးတယ်။
“မရှိတော့ဘူး ထင်တာပဲ”
Shopping ထဲ သွားကြရအောင်လို့ သူမပြောခင် အနီရောင်တိုင်ပေါ်မှာ  သံချေးတက်တနတဲ့ မီးခိုးရောင်ကြိုးနဲ့ ချိတ်ဆွဲထားတဲ့ အနက်ရောင် ဒန်းတခုကို သူမက တွေ့ပြီး ဟိုမှာ ကြည့်ပါဦး ဒန်းတခု လို့ ပြောလိုက်တယ်။ ပြီးတာနဲ့ သူမက သူ့အဖေကို မစောင့်ဘဲ ဒန်းရှိရာကို ပြေးထွက်လာတယ်။ လူရွယ်က ပျော်ရွှင်သွားတဲ့ မျက်နှာနဲ့ သမီးဆီကို လိုက်လျှောက်လာပြီး ဒန်းနားရောက်တော့ သမီးကို ညင်သာစွာ ချီကာ ဒန်းပေါ်တင်တယ်။ ပြီးတော့ သူ့ဒူးကိုထောက်ပြီး ဒန်းစီးခါးပတ်ကို သေချာစွာ ပတ်ပေးတော့ “အဲဒါဘာအတွက်လဲ ဖေဖေ”  လို့ ကလေးမလေးက မေးတယ်။

“သမီးပြုတ်ကျမှာ စိုးလို့ပေါ့” လို့ လူရွယ်က ဖြေတယ်။
သူမက “ အိုကေ” လို့ ပြောပြီး စိတ်ဝင်စား စိတ်လှုပ်ရှားပြီး စူးရှတဲ့မျက်လုံနဲ့ စူးစမ်းစွာ သူ့အဖေကို စိုက်ကြည့်နေတယ်။
သူ့အဖေကလည်း အလားတူ ပြန်ကြည့်ရင်း “သမီးက ဖေဖေ့မေမေ သမီးအဖွားရဲ့ မျက်လုံးကို ပိုင်ဆိုင်ထားတယ်” သမီးသိလား လို့ ရုတ်တရက် မေးလိုက်တယ်။
“ဟုတ်လား” လို့ သူမက ပြန်မေးတော့ “ဟုတ်တယ်” လို့ သူက ပြန်ဖြေတယ်။

“အိုကေပါ” လို့ ပြောပြီး သူမ ကစားချင်တာကလွဲပြီး သူမ သိပ်စိတ်ဝင်စားပုံမရဘူး။
ပြီးတော့ သူမက “ဖေဖေ ဒီနေရာသမီးကြိုက်တယ် သမီးတို့ ခဏခဏ လာကစားရအောင်နော့် ဒီနေရာ ဘယ်လိုခေါ်လဲ တခေါက်ပြန်ပြောပြဦး” လို့ မေးလိုက်တယ်။
“Parramatta” သူဖြေတယ်။

အိုကေ ဒီနာမည် သမီးကြိုက်တယ် လို့ ပြောပြီး “ပါရာမာတာ” လို့ ရေရွတ်လိုက်တယ်။
သူမတ်တပ်ရပ်ပြီး သူမအနောက်ဘက်ကနေ ဒန်းကို ကိုင်ထားတယ်။
“သမီးအဆင်သင့် ဖြစ်ပြီလား” လို့ သူမေးတယ်။
“စောင့်ဦး” လို့ သူမက ဖြေတယ်။

သူမ လက်နှစ်ဘက်ကို အပေါ်မြှောက်တင်ပြီး ဒန်းလွှဲတဲ့အချိန်မှာ မပြုတ်ကျအောင် ဒန်းတွယ်ထာတဲ့ သံကြိုးကို ခေါင်းအရှေ့ရောက်အောင် ဆွဲချပြီး သေချာအောင် လုပ်လိုက်တယ်။
“အိုကေ” လွှဲလို့ ရပြီလို့ သူမပြောတဲ့အချိန်မှာတော့
သူငယ်ငယ် သူ့သမီးအရွယ်က သူ့ကိုသူ့အမေ ဒန်းလွှဲပေးတဲ့ နည်းအတိုင်း သူ့သမီးကို သူလွှဲပေးနေတယ်။

တိုးနန္ဒ (၁၁-၀၅-၁၅)


ပြီးခဲ့တဲ့ အမေများနေ့တုန်းက သားပေးတဲ့ မူရင်းအင်္ဂလိပ်လိုကို အနီးစပ်ဆုံး ဘာသာပြန်ဆိုပြီး fb မှာ တင်ခဲ့တာကို ဘလော့ဂ်မှာ သိမ်းထားချင်လို့ Face book မှ ပြန်လည် ကူးယူဖေါ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ

Busy Fullmoon Day

အဘိဓမ္မာ အခါတော်နေ့ သတင်းကျွတ်လပြည့်နေ့မှာ မနက်ဆိုင်း ညဆိုင်း Double shift လုပ်ပြီး မောမောနဲ့ အိမ်ပြန်လာတော့ ရောက်တာနဲ့ ဘုရားစဉ်ကို အရင်ကြည့်ဖြစ်ပြီး ဘုရားစဉ်လေး လန်းနေတာ တွေ့တော့ စိတ်ချမ်းသာသွားတယ်။ ပြီးတာနဲ့ အိတ်တွေချ အနွေးထည်အင်္ကျှီ ချိတ်ရင်း သားသားကို ဖယောင်းခွက် (Tea Light) လေးတွေ ထုတ်ပြီး ဘုရားမီးထွန်းဖို့ ပြင်ခိုင်းလိုက်ပြီး ကပြာကယာ ရေပြေးချိုပြီးတာနဲ့ သားအမိနှစ်ယောက် ဘုရားအတူတူ ၀တ်ပြုကာ ပဌာန်းအတူတူ ရွတ်ကြတယ်။ ခါတိုင်းကျွန်မ တယောက်တည်း ဘုရားရှိခိုးရင် ငါးပါးသီလရော အာဇိဝဌမက သီလပါ နှစ်ခုယူပေမဲ့ သားသားက ငါးပါးသီလပဲရတော့ ကျွန်မလည်း သူနဲ့အတူ ရှိခိုးစဉ် ငါးပါးသီလပဲ ယူပြီး မဟုတ်သေးပါဘူး နေ့ကြီးရက်ကြီးမှာ သီလက ပိုယူရမှာကို လျှော့သွားတယ်ဆိုတာတော့ မဖြစ်သင့်ဘူးဆိုပြီး အာဇိဝဌမကသီလကို နောက်မှ ပြန်ယူရတယ်။

ကျွန်မ မှတ်မိသလောက်တော့ အရင်နှစ်တွေကဆို ဆက်တိုက်ဆိုသလိုပဲ သတင်းကျွတ်လပြည့်နေ့ ဖြစ်တဲ့ အဘိဓမ္မာအခါတော်နေ့က အောက်တိုဘာ အလယ်ကျော်ပြီး တတိယပတ်ထဲမှာမှ ကျရောက်လေ့ရှိပေမဲ့ ဒီနှစ်ကျတော့ ၈ ရက်နေ့မှာ လာဖြစ်နေတာကို သိတာတော်တော် နောက်ကျသွားပါတယ်။ အကျိုးဆက်အနေနဲ့ ပန်းကို ၀ယ်နေကျပန်းဈေးဖြစ်တဲ့ Sdyney Market မှာ စနေနေ့က မ၀ယ်ဖြစ်လိုက်ဘူး။ မနက်ကတည်းကနေ အလုပ်သွားလိုက်တာ မနက်ပိုင်း အလုပ်ချိန် ပြီးတော့လည်း  တယောက်နေမကောင်းလို့ မလာနိုင်တာနဲ့ ညနေပိုင်းဆက်လုပ်ဖို့ မန်နေဂျာနာ့စ်က ခေါ်လို့ ဆက်လုပ်လိုက်တာ ည ၉ နာရီထိုးမှ အလုပ်ပြီးပြီး ၁၀ နာရီထိုးခါနီးမှ အိမ်ပြန်ရောက်ခဲ့တယ်။ ဒါကြောင့် ကိုယ်လိုတဲ့ပန်းကို ဝေးဝေးမှာ သွားရှာဝယ်နေဖို့လည်း အချိန်မရတာနဲ့ အလုပ်နဲ့နီးတဲ့ AlDI store မှာပဲ နေ့လည် နာရီဝက် အချိန်ရတာနဲ့  ရတဲ့ပန်း နှင်းဆီအ၀ါနဲ့ ပန်းရောင်တစီးစီကို ပြေးဝယ်လာခဲ့ရပါတယ်။

 ပုံမှန်ဆိုရင်တော့ နှင်းဆီပန်းက တပတ်ကြာအောင် မခံလို့ ကျွန်မဘုရားစဉ်မှာ တင်ခဲလှပါတယ်။ မှတ်မိသလောက် တခါပဲ ၀ယ်ကပ်ဖူးပါတယ်။ လှသလောက် အညှိုးမြန်လို့ နောက်ပိုင်း ၀ယ်မကပ်ဖြစ်ခဲ့ဘူး။ ကျွန်မအိမ်က ဘုရားစဉ်မှာ ပတ်စဉ် အမြဲတမ်းလိုလို နေရာယူလေ့ရှိတာက ဂန္ဓမာပန်း၊ လီလီပန်းနဲ့ သစ်ခွပန်း ဒီသုံးမျိုပဲ ရှိပါတယ်။ ကျွန်မ အိမ်ပြန်ရောက်တော့ ဆွမ်းလှည့်ကျလို့ ဆွမ်းချက်ပေးတာကလွဲပြီး ခါတိုင်းဆို ဘုရားတရားကိစ္စ ဘယ်တော့မှ ၀ိုင်းကူဖေါ်မရတဲ့ အမျိုးသားက ရပ်ကွက်ထဲက Shopping မှာ ကျွန်မ ၀ယ်ကပ်နေကျ ဂန္ဓမာပန်းဝယ်ပြီး ဘုရားပန်း ထိုးထားတာတွေ့တယ်။ ဂန္ဓမာပန်းနဲ့အတူ ကျွန်မ၀ယ်လာတဲ့ နှင်းဆီလောက် မလတ်တဲ့ နှင်းဆီပန်းအနီ ၆ ပွင့်ကိုလည်းတပွင့် တဒေါ်လာနဲ့ ၀ယ်ပြီး အကျအနထိုးထားပေးတယ်။ ဒါအပြင် ဘုရားစဉ်မှာ ရှိနှင့်ပြီးသား ဖြစ်တဲ့ ကျောက်စိမ်းပန်းခက်တွေမှာ ခြောက်နေတဲ့ အရွက်တွေကို ညှပ်ထုတ်ပြီး စိမ်းစိုသပ်ယပ်နေအောင် လုပ်ထားပေးလို့ ကျေးဇူးတင်ရတယ်။ အလုပ်ပင်ပန်းလာသလောက် ဘုရားစဉ်ကြည့်ပြီး ကြည်နူးခဲ့ရပါတယ်။

ပဌာန်းရွတ်တော့ သားအမိနှစ်ယောက် စာအုပ်က တယောက်တအုပ်စီ။ ကျွန်မကြည့်တဲ့ စာအုပ်က မြန်မာပြည်က သာသနာရေးဦးစီးဌာနက ထုတ်တဲ့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲက ပါဠိလို မြန်မာစာလုံးနဲ့၊ သူကြည့်တဲ့စာအုပ်က ပြီးခဲ့နဲ့ နှစ်နှစ်ခန့်က ကနေဒါက သူ့အဒေါ်သားအမိ လာလည်တုန်းက ယူလာပေးတဲ့ သူတို့မြို့ မြန်မာဘုန်းကြီးကျောင်းမှာ ၀တ်ရွတ်တဲ့စာအုပ်။ သားရွတ်တဲ့ စာအုပ်ကထဲက ပဌာန်းက ပါဠိကိုအင်္ဂလိပ်လို ရေးထားပြီး စာအုပ်သေးသေးပါးပါး စာရွက်ထူထူ အရောင်ဖြူဖြူ ဒါပေမဲ့ ကျွန်မ စာအုပ်က ပါဠိကိုဗမာစာနဲ့ ရေးထားပြီး သူ့စာအုပ်နဲ့ ဆန့်ကျင်ဘက် စာအုပ်ခပ်ထူထူ၊ စာရွက်ပါးပါး စာအုပ်အဖုံးက အ၀ါရောင် ဖြစ်သလို အထဲက စာရွေက်တွေကလည်း ခပ်ဝါ၀ါပါပဲ။ ပဌာန်းကို ဘုန်းကြီးကျောင်းမှာ လူကြီးတွေ ရွတ်ရင် ကလေးတွေပါ ရွတ်လို့ရအောင် ပါဠိစာသားကို အင်္ဂလိပ်လိုနဲ့ပါ ရိုက်ပေးပြီး လှူထားတဲ့ သူငယ်ချင်း မစောစောအေး Sawaye Sawနဲ့ စိုးမြင့်လေးတို့ ဇနီးမောင်နှံကို သိပ်ကျေးဇူးတင်မိတယ်။ စာအုပ်ကို ဆစ်ဒနီရောက်အောင် ယူလာပေးတဲ့ ညီမကိုလည်း တကယ်ကို ကျေးဇူးတင်တယ်။ သူတို့ကျေးဇူးကြောင့် သားက ပဌာန်းကို ကောင်းကောင်းရွတ်တတ်လာခဲ့တယ်။ 

အဘိဓမ္မာအခါတော်နေ့မှာ ဘုရားဝတ်ပြုပြီး ပန်း၊ ရေချမ်း ဆီမီး၊ လျှပ်စစ်မီး ဖယောင်းမီးနဲ့ ဖယောင်းအမွှေးရနံ့တို့ကို ကပ်လှူပူဇော်ရသောအကျိုး၊ ပရိတ်ကြီး၊ မင်္ဂလသုတ်၊ မေတ္တာသုတ်၊ ဗောဇ္ဖင်္ဂသုတ်၊ ပုဗ္ဗဏှသုတ်စတဲ့ ပရိတ်တရားတော်တွေနဲ့အတူ ပဌာန်းပစ္စယနဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်သရဈာယ်ရသော အကျိုးကြောင့် ဝေနေယျ သတ္တ၀ါ အားလုံးအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒများအားလုံး ပြည့်စုံပြီး မကောင်းသည့်အရာမှန်သမျှကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် ရှောင်ရှားနိုင်ကြပါစေ။ ဗုဒ္ဓမြတ်စွာ သာသနာသည်လည်း စင်္ကြာဝဠာတခွင်လုံးသို့  ထွန်းလင်းတောက်ပနိုင်ပါစေ..


ရွင်လန်းချမ်းမြေ့ကြပါစေ












သူတို့အရွယ် သူတို့အတွေး



ဗုဒ္ဓဟူးနေ့ (၀၁-၁၀-၁၄) က  အိမ်မှာ ဧည့်သည်တွေ ညနေစာစားပြီးလို့ ပြန်တော့ အိပ်ရာမ၀င်ခင် အိမ်ရှေ့ဧည့်ခန်းမှာ ကျွန်မ ကွန်ပြူတာ ခဏထိုင်သုံးနေစဉ် တ၀ါးဝါး တဟားဟားနဲ့ သားအခန်းထဲက သူ့အဖေရဲ့ အော်ရယ်သံကြားရလို့ ဘာဖြစ်လဲမေးကြည့်တော့ မငယ်မင်းသားတော့ ခေသူမဟုတ်တော့ဘူး မိန်းကလေးတွေကို ဖေါဖေါဖိတ်ဖိတ်တွေ လိုက်လုပ်လို့တတ်နေပြီတဲ့။ အကျိုးအကြောင်း မေးကြည့်တော့မှ အဲဒီနေ့က နေ့လည်ဘက် သားနဲ့ သူငယ်ချင်း တယောက် ခဏပျောက်ထွက်သွားတာ ဘယ်ရောက်နေလဲဆိုတာ သိလိုက်ရတယ်။

အဲဒီနေ့က အိမ်မှာ ထိုင်းကရောက်လာတဲ့ ကိုစိုးအောင်နဲ့တကွ မိတ်ဆွေတွေကို ညနေစာ ဖိတ်ကျွေးတာကို သားတော်မောင်က သူငယ်ချင်းအိမ်ကို သွားလည်ရာက အပြန်မှာ ငါတို့အိမ်မှာ ဒီနေ့ ပါတီရှိတယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက် ခေါ်ပြန်လာတယ်။ နေ့လည် တနာရီခွဲခန့် အဖေရော အမေရော အလုပ်များနေချိန်မှာ ရောက်လာပြီး နေ့လည်စာ စားမလို့တဲ့။ ဒါကြောင့် ကျွန်မက အိမ်မှာဧည့်သည်ဖိတ်တာ ညနေစာပါသားရယ် နေ့လည်စာမှမဟုတ်တာ ဆိုတော့ ဖေဖေက ခေါ်လာလို့ရတယ်ပြောလို့ ခေါ်လာတာ အခုနေ့လည်စာ စားမှဖြစ်မယ်ဆိုလို့ သူ့အဖေခမျာ လုပ်လက်စ ပြင်ဆင်နေတာတွေကို ရပ်ပြီး Star City မှာချက်တဲ့ အစားအသောက်တွေကို လူကြီးတွေအတွက် ဘာမှ မချက်ရသေးခင် သူတို့ ကလေးသုံးယောက်အတွက် စားဦးစားဖျား လုပ်ပေးရပါတယ်။ ဖိတ်ထားတဲ့ ဧည့်သည်တွေထဲမှာ မူစလင်မပါလို့ ၀ယ်ထားတဲ့ အသားတွေထဲမှာလည်း ဟာလာလုပ်ထားတဲ့ (လည်လှီး) အသား မပါခဲ့ဘူး။ ဒါမေပဲ့ သူ့သူငယ်ချင်းနှစ်ယောက်မှာ တယောက်က တူရကီကလေးဆိုတော့ သူ့သူငယ်ချင်းတွေက အသားပဲ ကြိုက်တယ် Seafood မကြိုက်ဘူးလို့ ပြောထားပေမဲ့လည်း တတ်မနိုင်ဘူးဆိုပြီး အဲဒီတူရဂီကလေးအတွက်ကို Seefood နဲ့ လုပ်ပေးပြီး သားနဲ့အော်စီကလေးအတွက်တော့ ကြက်သားနဲ့ ချက်ပေးခဲ့ရတယ်။ မိဘကို ကူညီဖို့နေနေသာသာ ဒီလောက် အလုပ်များနေတဲ့အချိန်မှာတောင် ပိုပြီးအလုပ်ရှုပ်စေတဲ့သား။

စားပြီးတာနဲ့ တနာရီခန့်အကြာမှာ သူ့သူငယ်ချင်းတယောက်က ပြန်တော့မလို့ဆိုလို့ ညနေစာချက်ပြုတ်ဖို့ ပြင်ဆင်နေတဲ့ သူ့အဖေက တန်းလန်းထားခဲ့ပြီး ဘူတာရုံကို လိုက်ပို့ရပြန်တယ်။ သူ့တို့နှစ်ယေက်လည်း သူ့အဖေနဲ့အတူ ဘူတာရုံကို လိုက်သွားတယ်။ မပြန်သေးတဲ့ တယောက်က Boxing ထိုးသမား ဆိုတော့ အရင်တခါလာတုန်းက သူ့ကို ကြွက်သားထွက်အောင် ဘယ်လိုကစားရသလဲဆိုတာ ပြရင်း အိမ်နားက Park မှာ နှစ်ယောက်သွားကစားဖူးတယ်။ ဘူတာရုံက အပြန် သိပ်မကြာခင်မှာပဲ ကလေးနှစ်ယောက် ပျောက်ထွက်သွားတာ အဲဒီ Perk မှာပဲ ကြွက်သားထွက်တဲ့ ကစားနည်းနဲ့ အားကစားသွားလုပ်နေတယ်ထင်တာ ဘယ်ဟုတ်မလဲ ပြန်ရောက်လာတော့ ကောင်မလေးနှစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ ပုံတွေကိုတယ်လီဖုန်းထဲမှာ ဖွင့်ပြပြီး အဆိုတော်တွေနဲ့ ဓာတ်ပုံရိုက်လာတယ်တဲ့။ ကျွန်မလည်း ချက်ပြုတ်နေ၊ ဧည့်သည်တွေ ဧည့်ခံနေတာနဲ့ မအားတာရယ်၊ သိပ်လည်း စိတ်မ၀င်စားတာရယ်ကြောင့် ကောင်းကောင်း မကြည့်မိဘူး။

ပြန်သွားတဲ့သူငယ်ချင်းကို ဘူတာရုံ သွားပို့ရင်း ကားပေါ်ကနေပြီး Queen Street ရဲ့ တနေရာမှာ လူတွေတန်းစီနေတာတွေ့လို့ အိမ်ပြန်ရောက်တာနဲ့ သူငယ်ချင်းကိုခေါ်ပြီး ဘာလုပ်နေလဲဆိုတာ သွားကြည့်ရအောင်ဆိုပြီး လမ်းပြန်လျှောက်သွားတယ်တဲ့။ ဟိုရောက်တော့ အဆိုတော်တွေ ရောက်နေလို့ မိတ်ဆက်ချင်လို့ တန်းစီနေတယ်ဆိုတာ သိရပြီး သူတို့နှစ်ယောက်လည်း ဘုမသိဘမသိနဲ့ တခြားသူတွေ လက်ထဲမှာ တခုခုကိုင်ပြီး တန်းစီနေတဲ့အချိန်မှာ လက်ဗလာနဲ့ ၀င်တန်းစီတယ်လို့ ပြောတယ်။ တန်းစီရင်း သူတို့နှစ်ယောက်က ငါတို့ဘယ်လိုနှုတ်ဆက်မလဲ ဘာပြောကြမလဲနဲ့ သူက သူငယ်ချင်းကို မေးနေပြီး သူ့သူငယ်ချင်းကလည်း မသိဘူးလေ နင်တွေ့ချင်တယ်ဆိုလို့ ငါလိုက်လာတာ ဘယ်သိမလဲ နင်ပြောပေါ့ ငါပြောမတတ်ဘူးလို့ ပြောတယ်တဲ့။ သူတို့နှစ်ယောက်က နင်အရင်ပြော နင်ပြောပြီးမှ ငါပြောမယ်ဆိုပြီး အပြန်အလှန် ပြောနေကြသလို ဓာတ်ပုံရိုက်ရင်လည်း အရပ်ပိုရှည်တဲ့တယောက်နားမှာ သူရပ်မယ်ငါရပ်မယ်နဲ့ ငြင်းခုန်နေတာကို သူတို့အရှေ့နဲ့ အနောက်နဲ့မှာ တန်းစီနေတဲ့ အဆိုတော်တွေကို တကယ်လေးလေးနက်နက် တွေ့ချင်လို့ ရောက်နေသူတွေက စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေကြတယ်တဲ့။

ဒီအချိန်မှာ သူတို့အနောက်မှာ တန်းစီနေတဲ့ယောက်က မနေသာလို့ ဖြစ်ပုံရတယ် နင်တို့မှာ CD ကောဘယ်မှာလဲလို့ မေးတယ်တဲ့။ ဒီအချိန်မှ ဘာ CD လဲလို့ ပြန်မေးတော့မှ အခုတန်းစီနေသူတွေ အကုန်လုံးက သူတို့ကြိုက်တဲ့ အဆိုတော်တွေ ဆိုထားတဲ့သီချင်းခွေတွေမှာ အဆိုတော် ကိုယ်တိုင်ရဲ့ အမှတ်တရ လက်မှတ်လေးတွေ ထိုးပေးတာကို လိုချင်လို့ တန်းစီနေကြမှန်း သိရပြီး အားလုံးက CD အနည်းဆုံး တယောက်တခုစီတော့ ကိုင်ထားတာကို သတိထားမိတယ်လို့ ပြောတယ်။ အဲဒီအချိန်မှပဲ စီဒီဘယ်မှာဝယ်လဲလို့ မေးပြီး ပိုက်ဆံလည်းပါမသွားတော့ သူငယ်ချင်းရဲ့ ဘဏ်ကဒ်နဲ့ ဘဏ်ရှိတဲ့နေရာကို ပြေး ပိုက်ဆံထုတ်၊ CD ပြန်လာဝယ်ပြီးမှ ပြန်သွားတန်းစီရတယ်တဲ့။ တန်းစီရင်း သူတို့အလှည့်ရောက်လာတော့ သူ့သူငယ်ချင်းက အော်စီကလေးလို့သာပြောတယ် အရမ်းစကားနည်းပြီး အေးတော့ သူကပဲ အရင်မိတ်ဆက်ရတယ်တဲ့။ သားသား သူငယ်ချင်းတွေထဲမှာ အော်စီကလေးတွေထက် အာရှကလေးတွေက ပိုပြီးသွက်လက်ချက်ချာတာကို တွေ့ရတယ်။ အဆိုတော်တွေနဲ့ မိတ်ဆက်တော့ ငါက မူလတန်းကလေးဘ၀ကတည်းက နင်တို့သီချင်းတွေကို စွဲစွဲမြဲမြဲနားထောင်လာတာ သိပ်ကောင်းတာပဲ အခုလိုကိုယ်ကြိုက်တဲ့ အဆိုတော်တွေနဲ့ လူချင်းတွေရတာ သိပ်ကိုဝမ်းသာတာပဲလို့ ဟုတ်တာလည်း မဟုတ်ဘဲနဲ့ ပြောတော့ ဟိုက You are so cute လို့ ပြောလိုက်ပြီး အခွေမှာ လက်မှတ်ထိုးပေးလိုက်တာကို ပီတိသောမန ဖြစ်ပြီးပြန်လာပြောပြတာဖြစ်တယ်။ သူပြောနေတဲ့အချိန်မှာ သူ့နားက သူငယ်ချင်းနေရာမှာသာ တခြား အာရှသူငယ်ချင်းတွေဆိုရင် တိုးကြီးဟုတ်မှလည်း ပြောပါလို့ မပြောရင်တောင် အနည်းဆုံးတော့ ရီကြမှာသေချာပြီး အခုပါသွားတဲ့ သူငယ်ချင်းက မရီပဲ ခပ်တည်တည် နေခဲ့တာကို ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်သေးတယ်။

သူ့အဖေ အော်ရယ်နေတာ သူ့သားက အဆိုတော်တွေကို အဲလို ဖြည်းဖြန်းပြောတာကို သဘောကျပြီး ရယ်နေမှန်း အဲဒီအခါမှ ကျွန်မလည်း သိရတယ်။ ဒါကြောင့် ကျွန်မလည်း နင့်ကိုငယ်ငယ်ကတည်းက ငါးပါးသီလ သင်ထားပေးတာ အဲလိုလုပ်စရာလား၊ အဖေကလည်း ကလေးအဲလို လုပ်တာ မတားဘဲနဲ့ ရယ်စရာလားလို့ ဆူလိုက်တော့ သားအဖနှစ်ယောက် ကျွန်မ ရှိနေတဲ့ ဧည့်ခန်းထဲကို မရောက်လာတော့ဘူး။ ဒါပေမဲ့ သားက ဒီဇင်ဘာကျရင် ဆစ်ဒနီအိုလံပစ်ကွင်းမှာ အမေရိကက ရောက်လာမည့် အဆိုတော်နှစ်ယောက်ရဲ့ စတိတ်ရှိုးတာကို အဲဒီအချန်ကျရင် ရောက်လာမည့် ကနေဒါက သူ့ညီအတွက်ပါ လက်မှတ်နှစ်စောင် Book လုပ်ဖို့ လုပ်နေတယ်။ ပြီးတော့ မနေနိုင်မထိုင်နိုင် ကနေဒါအချိန်နဲ့ မနက်အစောကြီးပဲ ရှိသေးပေမဲ့ သူ့ညီကို အတင်းသွားနိုးပြီး သူအဆိုတော်တွေနဲ့ မိတ်ဆက်တဲ့အကြောင်း နင်ရောက်လာလို့ရှိရင်လည်း စတိတ်ရှိုးသွားပြီး အမေရိကားက ရောက်လာမဲ့ အဆိုတော်တွေကို သွားမိတ်ဆက်ကြမယ်ဆိုတဲ့အကြောင်း ပြောပြီး i-pot ထဲကနေကြွားနေလို့ ညနက်နေပြီ အိပ်တော့ ဟိုကလည်း ကျောင်းသွားချိန်နီးပြီ ပြင်တော့လို့ ပြောပြီး ရပ်ခိုင်းပေမဲ့ တော်တော်နဲ့ မရပ်ကြဘူး။ ဟိုကလည်း အော်စီမှာ နာမည်ကြီးအဆိုတော်တွေနဲ့ သူ့အကိုနဲ့ တွေ့တယ်ဆိုတာကို အားကျနေပြီး ဒီဇင်ဘာကျရင် တွေ့ရမည့် အမေရိကက လာဖျော်ဖြေကြမယ် ဆိုတဲ့ အဆိုတော်တွေကလည်း သူကြိုက်တဲ့ အဆိုတော်တွေ ဖြစ်တဲ့အကြောင်း ပြောပြီးစကားဖေါင်ဖွဲ့နေကြတယ်၊ သားလည်း တော်တော်နဲ့ မအိပ်ဘဲ ဒီမှာရှိနေတဲ့ သူငယ်ချင်းတွေနဲ့ ထပ်ကြွားနေတယ်။

ဒီမနက်တော့ တော်တော်နဲ့ အိပ်ရာမထဘဲ ၁၂ နာရီ ထိုးခါနီးမှထပြီး ထထချင်းရေမိုးချိုး မနက်စာစားပြီးတာနဲ့ ၀ဏ္ဏအောင် (ကိုတင့်အောင် မစန်းစန်းမြင့်) အိမ်သွားမယ်ဆိုလို့ ဘာသွားလုပ်မလဲမေးတော့ ညကဒီသီချင်တွေကို သေသေချာချာ နားထောင်ကြည့်မှ ကိုတင့်အောင် သမီးတွေရဲ့ အသည်းစွဲသီချင်းတွေ ဖြစ်နေတာကိုကိုတွေ့ရလို့ သူငယ်ချင်းဆီသွားရင်း သွားပေးမယ်လို့ ပြောတယ်။ ဒီနေ့ညနေ စာပေဟောပြောပွဲကို သားအမိနှစ်ယောက် အတူတူသွားမယ်လို့ ပြောထားတဲ့ကြားက သူဟိုကပဲ တခါတည်း သွားတော့မယ်ဆိုလို့ အခုတော့ စာပေဟောပြောပွဲကို တယောက်တည်း သွားရတော့မယ်။ ပုံက သူအိမ်ကမထွက်ခင် သီချင်းခွေကို ခဏကိုင်ကြည့်ပြီး ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ


သားပေးတဲ့ မိခင်မျာျးနေ့ လက်ဆောင်


Happy Mothers Day!!! I Love You!!

You always give me my wants and needs,
And even though I might not exceed to your expectations,
You gave me everything toys games and even education,
Helped me with all my problems and incidents that I was facing,
No matter how simple bad the problem was,
You were always there for me and gave me much love,
A mum like you is irreplaceable,
Who's going to give me food on the table,
Who will help me through rough days if I'm not able,
Everything you did was always for me in the first place,
And all the steps that you took, I won't be able to retrace,

"I know it's not easy for a woman to raise a man,
There's no way I can pay you back, and for that my plan is to show you that I understand
You are appreciated" - Tupac Shakur
I love you mum
Toee Nanda Oo

၁၂ နှစ်မြောက် သားမွေးနေ့နှင့် ၁၀ ကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲ




ဒီနှစ် သားရဲ့ ၁၂ နှစ်မြောက်မွေးနေ့ 24/7/11 မှာ သာသနာ့ဓဇ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းရဲ့ ၁၀ ကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်ပွဲ ကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် သားအသက် ၁၂ နှစ်တိတိ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် သံဃာတော်အတွက် ၀ါဆို သင်္ကန်းတစုံ ကပ်ပေးပြီး ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ကြွရောက်လာကြသူတွေအတွက် ကလေးလူကြီး ဘယ်သူမဆို ကြိုက်တဲ့ ပီဇာကို လှူပေးလိုက်ပါတယ်။ ညဘက် သူ့ကိုမွေးတဲ့ ထိုင်းစံတော်ချိန် 7:13 မိနှစ်မှာတော့ ဘုရားဝတ်ပြုပြီး ဘုရားကို ပန်း၊ သက်စေ့ဆီမီးနဲ့ ရေချမ်းကပ်ကာ ဘုရားတရားသံဃာ ဂုဏ်တော်တွေ၊ ၂၄ပစ္စည်းပဌာန်းအတိုနဲ့ အခု ဆိုက်ဘားက C-Box အပေါ်နဲ့ အောက်ကို ညှပ်ထားတဲ့ပို့စ် မကြာသေးခင်ကမှ သင်ပေးခဲ့တဲ့ မေတ္တာပို့ဘုရားရှိခိုးကို ရွတ်ဆိုစေပါတယ်။


အကျွေးအမွေးအလှူရှင်များနှင့် အစားအသောက် အမျိုးအစားများ


(၁) ကိုခိုင်ကိုဦး၊ မထိုက်စုထွေး မိသားစု-------------------------မုန့်ဟင်းခါးနှင့် ပဲကြော်
(၂) ဦးအုန်းမြင့်၊ ဒေါ်သန်း-------------------------------------ငပိနှင့် တို့စရာ
(၃) ကိုကျော်ဦး၊ မသန္ဒ္ဒာ -------------------------------------ငါးကြော်
(၄) ဒေါ်ရွှေကြည် မိသားစု -----------------------------------၀က်သားနှင့် ကျန်မဆိုင်
(၅) ကိုဌေးဝင်း၊ မသဲသဲ မိသားစု ------------------------------ပုဇွန်ကြော်
(၆) ကိုရောနီ၊ မတင့်တင့်သူ ----------------------------------ကုလားပဲနှပ်
(၇) ဦးမန်းရွှေကျော်၊ ဒေါ်မိုးမိုး--------------------------------- ပုဇွန်မုံလာဟင်း
(၈) ကိုဇော်ဝင်းထွဋ်၊ မမေစန္ဒာဝင်း မိသားစု--------------------- ၀က်သားဟင်း
(၉) ကိုလူအေး၊ မခင်မာဦး------------------------------------ အသီးစုံ
(၁၀) ဦးသိန်းဟန်၊ ဒေါ်မြင့်သိန်း မိသားစု------------------------ဘဲသားဟင်း
(၁၁) ကိုအောင်ဆန်းမိုး မိသားစု ------------------------------ ကြားသားဟင်း၊ ငါးဟင်း
(၁၂) ကိုတင့်အောင်၊ မစန်းစန်းမြင့် မိသားစု--------------------- အမဲသားဟင်း
(၁၃) ဦးစိုးဝင်း မိသားစု---------------------------------------ပဲထမင်းနှင့် ဆိတ်သား
(၁၄) မနီလာ----------------------------------------------- ၀က်ခြေတောက်ဟင်း
(၁၅) ကိုကြည်ဝေ၊ မရူပါ-----------------------မုံလာဥပိုးတီသနပ် (အသက်သတ်လွတ)်
(၁၆) ကိုထင်အောင်မိုး၊ မမိငယ်-------------------------အစိမ်းကြော် (အသက်သတ်လွတ်)
(၁၇) ကိုမျိုးဇော်ဦး၊ မရွှေရီဝင်း---------------------------------ငါးဆုပ်ဟင်း အသီးစုံ
(၁၈) ကိုမြင့်ဦး၊ မမြမြ၀င်း မိသားစု------------------------------အအေး
(၁၉) ကိုတင်ဌေး၊ မယုရှိန် မိသားစု -----------------------------မုန့်အချို
(၂၀) ကိုရဲအောင်၊ မသင်းသင်းဟန် မိသားစု----------------------ပူတင်း၊ ကျောက်ချော
(၂၁) မောင်တိုးနန္ဒဦး (12 နှစ် ပြည့်မွေးနေ့ အထိမ်အမှတ်)------ပီဇာ (Pizza)
လွန်ခဲ့သည့် ၁၂ နှစ်နှစ်က သားကိုမွေးတဲ့ ညမှာ ကျွန်မ သူ့ကို မတွေ့ရဘဲ ထိုင်းစံတော်ချိန်နဲ့၂၅ ရက်နေ့ မနက် ၉ နာရီခွဲ ဆရာဝန် Round လှည့်တဲ့အချိန်မှာမှ သားမျက်နှာကို မြင်ခွင့်ရပါတယ်။ သူ့ကိုမွေးတေ့ ဗိုက်ခွဲမွေးရတဲ့အတွက် မွေးတဲ့ညမှာ ကျွန်မ ဘာမှ သတိမရ၊ သားကိုလည်း မမြင်တွေ့ခဲ့ရတဲ့အတွက် မွေးတဲ့နေ့ ၂၄ ရက်နေ့ညထက် သားမျက်နှာကို ပထမဦးဆုံး မြင်တွေ့ခဲ့ရတဲ့နေ့ ၂၅ ရက်နေ့က ကျွန်မကို အမှတ်တရ ပိုဖြစ်စေပါတယ်။ သားမွေးနေ့ အတွေ့အကြုံဆောင်းပါးလေးကိုတော့ အနက်ဖြန်အားတဲ့အချိန်မှ ဖြည့်ရေးဖို့ ရှိပါတယ်။ အခုတော့ ဓါတ်ပုံတွေပဲ အရင်တင်လိုက်ပါတယ်။


ကျောင်းထိုင်ဆရာတော်မှ မြတ်သောအလှူ တရားဟောနေစဉ်
တရားနာ ပရိတ်သတ်များနဲ့ အတူ တရားနာစဉ်

တရားနာပြီး သင်္ကန်းကပ်ရန် စောင့်နေစဉ်

သင်္ကန်းကပ်နေစဥင်္


ညနေဘက်အိမ်က ဘုရားမှာ ပန်း၊ သက်စေ့ဆီမီးနှင့် ရေချမ်း ကပ်ရန် ပြင်ဆင်နေစဉ်


ဘုရားရှိခိုးနေစဉ်


ဘုရားမှာ ကပ်သော ပန်း၊ ရေချမ်းနှင့် သက်စေ့ဆီမီး


သားလေး ဘာသာရေးအသိ ကြွယ်ဝပြီး အများအကျိုးဆောင်တဲ့ လူတော်လူကောင်း သူတော်ကောင်းလေး ဖြစ်ပါစေ။


ဆစ်ဒနီမြို့ သာသနာ့ဓဇ ဘုန်းတော်ကြီးကျောင်း၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ဘိတ်ကြားလွှာ

သာသနာ့ဓဇ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ဒသမကြိမ်မြောက်
ဝါဆိုသင်္ကန်း ကပ်လှူပွဲ ဘိတ်ကြားလွှာ

တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား လေးမြတ်စွာ ဘိတ်ကြားအပ်ပါသည်။
ဇူလိုင်လ (၂၄) ရက် - ၂၀၁၁ (တနင်္ဂနွေနေ့) တွင် Villawood Senior Citizen Hall ၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဒေသနာတော်နှင့်အညီ မြန်မာတို့၏ လထူးလမြတ် အခါသမယ၀ယ် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် သာသနာတော်အကျိုး မျှော်ကိုး၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အမွေအနှစ်များကို ထိန်းသိမ်းသောအားဖြင့် အောက်ပါ အစီစဉ်အတိုင်း ၀ါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ပါမည်ဖြစ်သည်။



ကျင်းပမည့် အစီစဉ်


ဇူလိုင်လ (၂၄) ရက် ၂၀၁၁ ခုနှစ် (တနင်္ဂနွေနေ့)

နေရာ------Villawood Senior Citizens Hall, 29 Villawood Road, Villawood Road, Villawood
KFC နှင့် ALDI Store အနီး

အချိန်------နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၂း၀၀ နာရီအထိ

နံနက် ၁၁ နာရီတွင် သံဃာတော် အရှင်မြတ်များအား စုပေါင်း ဆွမ်းကပ်လှူခြင်း၊

နံနက် ၁၀ နာရီမှ နေ့လည် ၂း၀၀ နာရီအထိ ဧည့်ပရိတ်သတ်များအား မုန်းဟင်းခါး၊ ထမင်းဟင်း
စသည့်အစားအစာတို့ဖြင့် တည်ခင်းဧည့်ခံခြင်း

နေ့လည် ၁၂း၃၀ တွင် သံဃာတော် (၉) ပါးတို့အား ၀ါဆိုသင်္ဃန်း ကပ်လှူပူဇော်ခြင်း၊

အကျွေးအမွေးနှင့် ၀ါဆိုသင်္ဃန်း ဆက်ကပ်လိုသူများ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

သာသနာ့ဓဇ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ----------------02 9724 1546

ကိုဇော်ဝင်းနိုင် ----------------------------------------------02 9709 3623

ကိုစံလှိုင် -------------------------------------------------- 02 9682 1250

သာသနာ့ဓဇ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ဆစ်ဒနီမြို့



အကျွေးအမွေးအလှူရှင်များနှင့် အစားအသောက် အမျိုးအစားများ
(အသက်သတ်လွတ်စားသူများ စားနိုင်သည့် အစားအစာများကို အရောင်ဖြင့် ပြထားပါသည်)

(၁) ကိုခိုင်ကိုဦး၊ မထိုက်စုထွေး မိသားစု-------------------------မုန့်ဟင်းခါးနှင့် ပဲကြော်
(၂) ဦးအုန်းမြင့်၊ ဒေါ်သန်း-------------------------------------ငပိနှင့် တို့စရာ
(၃) ကိုကျော်ဦး၊ မသန္ဒ္ဒာ -------------------------------------ငါးကြော်
(၄) ဒေါ်ရွှေကြည် မိသားစု -----------------------------------၀က်သားနှင့် ကျန်မဆိုင်
(၅) ကိုဌေးဝင်း၊ မသဲသဲ မိသားစု ------------------------------ပုဇွန်ကြော်
(၆) ကိုရောနီ၊ မတင့်တင့်သူ ----------------------------------ကုလားပဲနှပ်
(၇) ဦးမန်းရွှေကျော်၊ ဒေါ်မိုးမိုး--------------------------------- ပုဇွန်မုံလာဟင်း
(၈) ကိုဇော်ဝင်းထွဋ်၊ မမေစန္ဒာဝင်း မိသားစု--------------------- ၀က်သားဟင်း
(၉) ကိုလူအေး၊ မခင်မာဦး------------------------------------ အသီးစုံ
(၁၀) ဦးသိန်းဟန်၊ ဒေါ်မြင့်သိန်း မိသားစု------------------------ဘဲသားဟင်း
(၁၁) ကိုအောင်ဆန်းမိုး မိသားစု ------------------------------ ကြားသားဟင်း၊ ငါးဟင်း
(၁၂) ကိုတင့်အောင်၊ မစန်းစန်းမြင့် မိသားစု--------------------- အမဲသားဟင်း
(၁၃) ဦးစိုးဝင်း မိသားစု---------------------------------------ပဲထမင်းနှင့် ဆိတ်သား
(၁၄) မနီလာ----------------------------------------------- ၀က်ခြေတောက်ဟင်း
(၁၅) ကိုကြည်ဝေ၊ မရူပါ------------------------------မုံလာဥပိုးတီသနပ် (အသက်သတ်လွတ)်
(၁၆) ကိုထင်အောင်မိုး၊ မမိငယ်-------------------------အစိမ်းကြော် (အသက်သတ်လွတ်)
(၁၇) ကိုမျိုးဇော်ဦး၊ မရွှေရီဝင်း---------------------------------ငါးဆုပ်ဟင်း အသီးစုံ
(၁၈) ကိုမြင့်ဦး၊ မမြမြ၀င်း မိသားစု------------------------------အအေး
(၁၉) ကိုတင်ဌေး၊ မယုရှိန် မိသားစု -----------------------------မုန့်အချို
(၂၀) ကိုရဲအောင်၊ မသင်းသင်းဟန် မိသားစု----------------------ပူတင်း၊ ကျောက်ချော
(၂၁) မောင်တိုးန္ဒဦး (12 နှစ် ပြည့်မွေးနေ့အလှူ)------------------ပီဇာ (Pizza)

Hall အလှူရှင်

ကွယ်လွန်သူ ဖခင်ကြီး ဦးဝင်းဒင်အား ရည်စူး၍ မိခင်ကြီး ဒေါ်မြသွင်မိသားစုမှ Hall ခန်းခ လှူဒါန်းပါသည်။


ရဟန်း သံဃာများအား ၀ါဆိုသင်္ကန်း လှူဒါန်းရသော အကျိုး

ဤသို့အဆင်း၊ မြူးကြေးကင်း၍၊ ရောင်ဝင်းစုံဝ၊ ထွန်းလင်းပ၏၊ နုလှကာယ မကသိန်းဘိုး၊ ပုဆိုရလိမ့်၊ ၀ါ ရွှေ ဖြူ နီ၊ ဤရှစ်လီသည်၊ ကျမ်းညီ သင်္ကန်း လှူကျိုးတည်း။

တဘော်ဆင်းမြန်း၊ ၀တ်သင်္ကန်းကို၊ လှူဒါန်းသည့်သူ၊ အဆင်းလှူတည့်၊ နတ်လူတို့ဘောင်၊ ဖြစ်တိုင်နောင်ဝယ်၊ အခေါင်ဦးစွန်၊ ကိုယ်ရောင်ထွန်း၍၊ တုကျွန်လွတ်ကွာ၊ မယ်ဥမ္မာနှင့်၊ ပပ၀တီ၊ နတ်တပြီသို့၊ အညီနှိုင်းရှီ၊ လှခေါင်ထိလိမ့်။

သင်္ကန်း လှူဒါန်းသော ပုဂ္ဂိုလ်တို့သည် ဥမ္မာဒန္တိ၊ ပပ၀တီကဲ့သို့ လှပတင့်တယ် အသံသာယာ ဖွယ်စသော အကျိုးထူးကို ခံစားရ၍ နောက်ဆုံးဘ၀ နောင်ကာလ၌ မဂ် ဖိုလ်ရရှိ အကျိုးသိ၊ အပယ်တံခါးပိတ် နိဗ္ဗာန်စခန်း တက်လှမ်းနိုင်ခြင်း အကျိုးထူးများ ခံစားရမည်။


အပယ်မကြောက် (၇) ယောက်


(၁) သရဏဂုံ သုံးပါးတည်သူ
(၂) ငါးပါးသီလ တည်သူ
(၃) စာရေးတံမဲဖေါက်သူ
(၄) လဆန်းလဆုတ် ဆွမ်းကပ်သူ
(၅) ၀ါဆိုသင်္ကန်း၊ ၀ါဆိုပန်း၊ ၀ါဆိုဆွမ်းကပ်သူ
(၆) ၀ါတွင်း ရေကန်၊ ရေပိုက်စသည်လှူသူ
(၇) ဘုရား၊ ကျောင်းကန်၊ တန်ဆောင်းလှူသူ

ဖိတ်စာမရသောသူများအတွက် သာသနာ့ဓဇဘုန်းတော်ကြီးကျောင်း၏ ဒသမကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ ဘိတ်ကြားလွှာမှ စာသားများကို ပြန်ရိုက်ပြီး ဖေါ်ပြလိုက်ပါတယ်။

ရွှင်လန်း ချမ်းမြေ့ကြပါစေ

မေတ္တာပို့ နှင့် ကလေးကို ဘုရားရှိခိုး သင်တဲ့အခါမှာ ရင်ဆိုင်ရတဲ့ အခက်အခဲ

သားကို မေတ္တာပို့ ပါဠိသင်ပြီး အဓိပ္ပာယ် ရှင်းပြရင်းနဲ့ တခြား မိဘတွေလည်း ဆန္ဒရှိရင်ကလေးတွေကို သင်ပေးချင်ရင်ဖြစ်စေ၊ မိမိကိုယ်တိုင် လေ့လာချင်ရင် ဖြစ်စေ အသုံးပြုလို့ရအောင် မေတ္တာပို့ ပါဠိသီချင်းတွေကို မြန်မာလိုပါဠိ နဲ့မြန်မာ၊ အင်္ဂလိပ်ဘာသာပြန်ကို ဖြည့်ပြီး ဘလော့ဂ်မှာ တင်ပေးလိုက်ပါတယ်။ သီချင်းသံကို နားထောင်ရင်း မေတ္တာပို့ရဲ့ အနက် အင်္ဂလိပ်လို၊ မြန်မာလို (သို့) ပါဠိတို့ကို အလွယ်တကူ ခွဲပြီး ကြည့်လို့ အဆင်ပြေအာင် အရောင်ခွဲထားပါတယ်။ လူဝတ်ကြောင်တွေအနေနဲ့ကတော့ ကျွန်ုပ်၏ ပစ္စည်းလေးပါး ဒါယကာတွေဆိုပြီး အစချီထားတဲ့ နံပါတ် (၅) အပိုဒ်ပါ ဆုတောင်းကို ထည့်ဆိုဖို့ မလိုပါဘူး။ ပို့စ်တင်ခါစကတော့ မြန်မာပါဠိမရတဲ့ ကလေးတွေအတွက် ပါဠိအသံထွက်ကို ကျွန်မ တတ်သလောက် အင်္ဂလိပ်လိုနဲ့ အနီးစပ်ဆုံး ကြိုးစားပြီး ရေးထားပေးပါတယ်။ ဒါပေမဲ့ အခုတော့ ဒါတွေကို ဖျက်ပြီး ဆရာတော် ဓမ္မင်္ဂါရဲ့ မှတ်ချက်မှာ ပေးထားတဲ့ Link ထဲကအတိုင်း အင်္ဂလိပ်လိုပါဠိစာသားတွေနဲ့ ပြန်အစားထိုးထားပြီမို့ အားလုံးအဆင်ပြေသွားပါပြီ။ မြန်မာစာ ဖတ်မတတ်တဲ့ ကလေးတွေလည်း အင်္ဂလိပ်စာလုံးနဲ့ ရေးထားတဲ့ ပါဠိကို ဖတ်ပြီး မေတ္တာပို့ကို လေ့လာနိုင်ပါပြီ။ သားကို မေတ္တာပို့ သင်ပေးစဉ် စောတကတက်လို့ ကျွန်မကြုံတွေ့ရတဲ့ အခက်အခဲနဲ့ ဖြေရှင်းပေးရတာကိုတော့ မေတ္တာပို့ ဗွီဒီယိုတွေ စာတွေ အပြီးမှာ ဖေါ်ပြထားပါတယ်။

အင်္ဂလိပ်လို ပါဠိနဲ့ အဓိပ္ပါယ်ကို စာတန်းထိုးပြီး ဘာသာပြန်ထားပါတယ်။ မြန်မာလိုပါဠိ (သို့) မြန်မာစာမရတဲ့ ကလေးတွေအတွက် အသင့်တော်ဆုံး ဗွီဒယိုဖြစ်တယ်။ (ဒီဗွီဒီယို Link ကို ညွန်းပေးတဲ့ ကိုအာယုကို ကျေးဇူးတင်ပါတယ် Nge Naing - 8/7/11)။


မြန်မာလို အဓိပ္ပါယ်ကိုအသံနဲ့ ဘာသာပြန်ထားတာကို နားထောင်ချင်ရင် ဒီဗွီဒီယိုကို နားထောင်နိုင်ပါတယ် (စာတန်းထိုးမပါ)။



မြန်မာလိုအဓိပ္ပါယ်နဲ့ ပါဠိစာသားကို မြန်မာစာလုံးနဲ့ စာတန်းထိုးထားပါတယ်။ သီချင်းသံကိုပဲ ကြားချင်ပြီး ဘာသာပြန်တဲ့အသံကို မကြားချင်သူအတွက် ပိုအဆင်ပြေပါတယ်။



ဒီဗွီဒီယိုလည်း မြန်မာလို စာတန်းထိုးဘာသာပြန်ထားပြီး သီချင်းအသံထွက်ကို ပိုပြီးပီပီသသ နားထောင်ချင်ရင် ဒီဗွီဒီယိုကို နားထောင်ပါ။ နိုင်ငံခြားအဆိုတော်တွေ ဆိုထားတဲ့ တခြားဗွီဒီယိုအားလုံးထက် စကားလုံးအသံပိုရှင်းပါတယ်။ (အဆို ဟေမာနေ၀င်း)



သီချင်းကို အင်္ဂလိပ်လို အသံနဲ့ ဘာသာပြန်ထားပါတယ်။ မြန်မာလို သိပ်မရတဲ့ ဖတ်တာထက် နားထောင်တာကို အားသန်တဲ့ နိုင်ငံခြားရောက် ကလေးလေးတွေအတွက် သင့်တော်တဲ့ ဒီဗွီဒီယို ဖြစ်တယ်။ (စာတန်းထိုးမပါ)






The Chant of Metta (Pali, English, Burmese)


(1) အဟံ အဝေရော ဟောမိ (Aham avero homi)
May I be free from enmity and danger
ကျွန်ုပ်သည် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏

အဗျာပဇ္ဇော ဟောမိ (abyapajjho homi)
May I be free from mental suffering
စိတ်ဆင်းရဲခြင်း ကင်းရပါလို၏

အနီဃောဟောမိ (anigha homi)
May I be free from physical suffering
ကိုယ်ဆင်းရဲခြင်း ကင်းရပါလို၏

သုခိ အတ္တာနံ ပရိဟရာမိ(sukhi - attanam pariharami)
May I take care of myself happily
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ရပါလို၏

(2) မမ မာတာပိတု(Mama matapitu - May my parents,)၊ အာစရိယာစ (acariya ca - teachers,)၊ ဥာတိမိတ္တာစ (natimitta ca - relatives and friends)၊ သဗြဟ္မ စရိနောစ (sabrahma - carino ca - follow dharma colleagues)

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...

အဝေရာ ဟောန္တု (avera hontu) May they be free from enmity and danger.
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊

အဗျာပဇ္ဗာ ဟောန္တု(abyapajjha hontu) May they be free from mental suffering
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊

အနီဃာဟောန္တု (anigha hontu) May they be free from physical suffering
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

သုခိအတ္တာနံ ပရိဟရန္တု (sukhi - attanam pariharantu) ။ May they take care of themselves happily
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

(3) ဤမသ္မီ အာရာမေ သဗ္ဗေယောဂိနော။ (Imasmim arame sabbe yogino)
May all meditators in this compound

ဤအရပ်အတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော ယောဂီယူတော်စင်အားလုံး..


အဝေရာ ဟောန္တု (avera hontu) May they be free from enmity and danger.
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊

အဗျာပဇ္ဗာ ဟောန္တု(abyapajjha hontu) May they be free from mental suffering
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊

အနီဃာဟောန္တု (anigha hontu) May they be free from physical suffering
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

သုခိအတ္တာနံ ပရိဟရန္တု (sukhi - attanam pariharantu) ။ May they take care of themselves happily
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


(4) ဤမသ္မီ အာရာမေ သဗ္ဗေဘိက္ခု (Imasmim arame sabbe bhikkhu - May all monks in this compound,
)၊ သာမဏေရာစ (samanera ca novices )၊ ဥပါသကာ ဥပါသိကာယောစ (upasaka - upasikaya ca - all members of the ecclesiastical order lay men and lay women and others )

ဤအရပ်အတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော ရဟန်း သာမဏေအားလုံး၊ သူတော်စင် အမျိုးသား သူတော်စင် အမျိုးသမီးအားလုံး..
အဝေရာ ဟောန္တု (avera hontu) May they be free from enmity and danger.
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊

အဗျာပဇ္ဗာ ဟောန္တု(abyapajjha hontu) May they be free from mental suffering
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊

အနီဃာဟောန္တု (anigha hontu) May they be free from physical suffering
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

သုခိအတ္တာနံ ပရိဟရန္တု (sukhi - attanam pariharantu) ။ May they take care of themselves happily
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


(5) အမှာကံ စတုပစ္စယ ဒါယကာ (Amhakam catupaccaya - dayaka) May our donors of the four requisites of food, clothes, shelter and medicines
ကျွန်ုပ်၏ ပစ္စည်းလေးပါး၊ အလှူဒါယကာ ဒါယိကာမများအားလုံး..


အဝေရာ ဟောန္တု (avera hontu) May they be free from enmity and danger.
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊

အဗျာပဇ္ဗာ ဟောန္တု(abyapajjha hontu) May they be free from mental suffering
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊

အနီဃာဟောန္တု (anigha hontu) May they be free from physical suffering
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

သုခိအတ္တာနံ ပရိဟရန္တု (sukhi - attanam pariharantu) ။ May they take care of themselves happily
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

(6) အမှာကံ အရက္ခ ဒေ၀တာ (Amhakam arakkha devata - May our guardian (devas) spirit )၊ ဤမံသ္မီ ၀ိဟာရေ(Ismasmim vihare - in this monastery)၊ ဤမံသ္မီ အာဝါသေ (Ismasmim avase - in this dwelling,)၊ ဤမံသ္မီ အာရာမေ (Ismasmim arame - in this compound...) အရက္ခ ဒေ၀တာ (arakkha devata - May the guardian devas)..... ,

ကျွန်ုပ်၏ ကိုယ်စောင့်နတ်အပေါင်း၊ ဤကျောင်းတော်အတွင်း၌ လည်းကောင်း၊ ဤအဆောက်ဦးတွင်း၌ လည်းကောင်း၊ ဤခြံကြီးအတွင်း၌လည်းကောင်း စောင့်ရှောက်ကြကုန်သော နတ်ဒေ၀တာများအပေါင်း....


အဝေရာ ဟောန္တု (avera hontu) May they be free from enmity and danger.
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊

အဗျာပဇ္ဗာ ဟောန္တု(abyapajjha hontu) May they be free from mental suffering
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊

အနီဃာဟောန္တု (anigha hontu) May they be free from physical suffering
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

သုခိအတ္တာနံ ပရိဟရန္တု (sukhi - attanam pariharantu) ။ May they take care of themselves happily
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


(7) (1)၊ သဗ္ဗေ သတ္တာ (Sabbe satta - May all of beings, )၊ (2) သဗ္ဗေ ပါဏာ (sabbe pana - All breathing ones,)၊ (3) သဗ္ဗေ ဘူတာ (sabbe bhutta - all creatures,)၊ (4) သဗ္ဗေ ပုဂ္ဂလာ (sabbe puggala - all individuals, )၊ (5) သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ (sabbe attabhava - pariyapanna - all personalities (all beings with mind and body)...)၊ (6) သဗ္ဗေ ဤတ္ထိယော (sabbe itthoyo - May all females,)၊ (7) သဗ္ဗေ ပုရိသ (sabbe purisa - all males,)၊ (8) သဗ္ဗေ အရိယာ (sabbe ariya - all noble ones (saints), )၊ (9) သဗ္ဗေ အနရိယာ (sabbe anariya- all wanderers, all worldlings those yet to attain sainthood))၊ (10) သဗ္ဗေ ဒေ၀ါ (sabbe deva- all denties,)၊ (11) သဗ္ဗေ မနုဿာ(sabbe manussa- all human beings,)၊ (12) သဗ္ဗေ ၀ိနိပါတိကာ (sabbe vinipatika- All those four of nether would of miseries (woeful planes)...)
(၁) သက်ရှိ ကျား၊ မ - မဟူ သတ္တ၀ါအပေါင်း၊ (၂) ၀င်သက်ထွက်သက် ရှိကြကုန်သော သတ္တ၀ါအပေါင်း၊ (၃) အားလုံးသော သတ္တ၀ါ အပေါင်း၊ (၄) ပုဂ္ဂိုလ်အပေါင်း၊ (၅) ရုပ်၊ နာမ် နှစ်ပါး ရှိကြကုန်သော သတ္တ၀ါ အပေါင်း၊ (၆) အမျိုးသမီးအပေါင်း၊ (၇) အမျိုးသား၏အပေါင်း၊ (၈) အရိယသူတော်စင်အပေါင်း၊ (၉) အရိယာ မဖြစ်သေးသော ပုဂ္ဂိုလ်အပေါင်း၊ (၁၀) နတ်ဗြဟ္မာအပေါင်း၊ (၁၁) လူသားအပေါင်း၊ (၁၂) အပယ်ဘုံသားအပေါင်း...
အဝေရာ ဟောန္တု (avera hontu) May they be free from enmity and danger.
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊

အဗျာပဇ္ဗာ ဟောန္တု(abyapajjha hontu) May they be free from mental suffering
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊

အနီဃာဟောန္တု (anigha hontu) May they be free from physical suffering
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

သုခိအတ္တာနံ ပရိဟရန္တု (sukhi - attanam pariharantu) ။ May they take care of themselves happily
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။



ဒုက္ခ မုစ္စန္တု (Dukkha muccantu- May all beings be free from sufferings and) ၊ ယထာ လဒ၊္ဓ သမ္ပတ္တိယော၊ မာဝိဂစ္ဆန္တု.(Yattha-laddha-sampattito mavigacchantu - whatever they have gained, may they be no diminishment and destruction.(Not be lost)).....။ ကမ္မဿကာ (Kammassaka.-All beings are inheritors of their own karmma.....)။

ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေသတည်း။ ရရှိပြီးသော ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာများလည်း မယုတ်လျှော့ကြပါစေ သတည်း။ ကိုယ်ပြုသော အမှုအတိုင်း ခံစား စံစားရသူချည်းပါတကား....

(8) (1) ပုရတ္တိမာယ ဒိသာယ (Purathimaya disaya - In the eastern direction,)၊ (2) ပစ္ဆိမာယ ဒီသာယ (pacchimaya disaya - in the western direction,)၊ (3) ဥတ္တရာယ ဒီသာယ (uttara disaya - in the northern direction, )၊ (4) ဒက္ခိဏာယ ဒိသာယ (dakkhinaya disaya - in southern direction, )၊ (5) ပုရတ္တိမာယ အနုဒိသာယ (purathimaya anudisaya - in the southeast direction,)၊ (6) ပစ္ဆိမာယ အနုဒိသာယ (pacchimaya anudisaya - in the northwest direction, )၊ (7) ဥတ္တရာယ အနုဒိသာယ( uttara anudisaya - in the southwest direction, )၊ (8) ဒက္ခိဏာယ အနုဒိသာယ (dakkhinaya anudisaya - in the northeast direction, )၊ (9) ဟေဋ္ဌိမာယ ဒီသာယ (hetthimaya disaya - in the direction below,)၊ (10) ဥပရိမာယ ဒိသာယ (uparimaya disaya - in the direction above..)...
(1)၊ သဗ္ဗေ သတ္တာ (Sabbe satta - May all of beings, )၊ (2) သဗ္ဗေ ပါဏာ (sabbe pana - All breathing ones,)၊ (3) သဗ္ဗေ ဘူတာ (sabbe bhutta - all creatures,)၊ (4) သဗ္ဗေ ပုဂ္ဂလာ (sabbe puggala - all individuals, )၊ (5) သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ (sabbe attabhava - pariyapanna - all personalities (all beings with mind and body)...)၊ (6) သဗ္ဗေ ဤတ္ထိယော (sabbe itthoyo - May all females,)၊ (7) သဗ္ဗေ ပုရိသ (sabbe purisa - all males,)၊ (8) သဗ္ဗေ အရိယာ (sabbe ariya - all noble ones (saints), )၊ (9) သဗ္ဗေ အနရိယာ (sabbe anariya- all wanderers, all worldlings those yet to attain sainthood))၊ (10) သဗ္ဗေ ဒေ၀ါ (sabbe deva- all denties,)၊ (11) သဗ္ဗေ မနုဿာ(sabbe manussa- all human beings,)၊ (12) သဗ္ဗေ ၀ိနိပါတိကာ (sabbe vinipatika- All those four of nether would of miseries (woeful planes)...)

(၁) အရှေ့ရပ်၌ရှိကြကုန်သော၊ (၂) အနောက်ရပ်၌ ရှိကြကုန်သော၊ (၃) မြောက်အရပ်၌ ရှိကြကုန်သော၊ (၄) တောင်အရပ်၌ ရှိကြကုန်သော၊ (၅) အရှေ့တောင်ထောင့် အရပ်၌ ရှိကြကုန်သော၊ (၆) အနောက်မြောက်ထောင့် အရပ်၌ ရှိကြကုန်သော၊ (၇) အရှေ့မြောက်ထာင့် အရပ်၌ ရှိကြကုန်သော၊ (၈) အနောက်တောင်ထောင့် အရပ်၌ ရှိကြကုန်သော၊ (၉) အောက်အရပ်၌ ရှိကြကုန်သော၊ (၁၀) အထက်အရပ်၌ ရှိကြကုန်သော...
(၁) သက်ရှိ ကျား၊ မ - မဟူ သတ္တ၀ါအပေါင်း၊ (၂) ၀င်သက်ထွက်သက် ရှိကြကုန်သော သတ္တ၀ါအပေါင်း၊ (၃) အားလုံးသော သတ္တ၀ါ အပေါင်း၊ (၄) ပုဂ္ဂိုလ်အပေါင်း၊ (၅) ရုပ်၊ နာမ် နှစ်ပါး ရှိကြကုန်သော သတ္တ၀ါ အပေါင်း၊ (၆) အမျိုးသမီးအပေါင်း၊ (၇) အမျိုးသား၏အပေါင်း၊ (၈) အရိယသူတော်စင်အပေါင်း၊ (၉) အရိယာ မဖြစ်သေးသော ပုဂ္ဂိုလ်အပေါင်း၊ (၁၀) နတ်ဗြဟ္မာအပေါင်း၊ (၁၁) လူသားအပေါင်း၊ (၁၂) အပယ်ဘုံသားအပေါင်း...


အဝေရာ ဟောန္တု (avera hontu) May they be free from enmity and danger.
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊

အဗျာပဇ္ဗာ ဟောန္တု(abyapajjha hontu) May they be free from mental suffering
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊

အနီဃာဟောန္တု (anigha hontu) May they be free from physical suffering
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊

သုခိအတ္တာနံ ပရိဟရန္တု (sukhi - attanam pariharantu) ။ May they take care of themselves happily
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

ဒုက္ခ မုစ္စန္တု (Dukkha muccantu- May all beings be free from sufferings and) ၊ ယထာ လဒ၊္ဓ သမ္ပတ္တိယော၊ မာဝိဂစ္ဆန္တု.(Yattha-laddha-sampattito mavigacchantu - whatever they have gained, may they be no diminishment and destruction.(Not be lost)).....။ ကမ္မဿကာ (Kammassaka.-All beings are inheritors of their own karmma.....)

ကိုယ်စိတ်ဆင်းရဲခြင်း ကင်းလွတ်ကြပါစေသတည်း။ ရရှိပြီးသော ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာများလည်း မယုတ်လျှော့ကြပါစေ သတည်း။ ကိုယ်ပြုသော အမှုအတိုင်း ခံစား စံစားရသူချည်းပါတကား....


(9) ဥဒ္ဓံယာဝ ဘ၀ဂ္ဂါစ(Uddham yava bhavagga ca - Upward as fare as highest apex of existence,)၊ အဓောယာဝ အ၀ီစိတော (adho yava aviccito - downward as far as to the lowest plane of avici hell)၊ သမန္တာ စက္က၀ါဠေသု (samanta cakkavalesu - in the entire universe. )၊ ယေသတ္တာ ပထ၀ီစရာ(ye satta pathavicara - whatever terminal beings that live on earth,)၊ အဗျာပဇ္ဇာ နိဝေရာစ(abyapajjha nivera ca - May they all be free from mental suffering and enmity,)၊ နိဒ္ဒုက္ခာစ နုပဒ္ဒ၀ါ။ (nidukkha ca nupaddava and may they be free from physical pain and danger.)
အတက်ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ အနန္တစင်္ကြာဝဠာ ကုန်းနေသတ္တ၀ါအားလုံး ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(10) ဥဒ္ဓံယာဝ ဘ၀ဂ္ဂါစ(Uddham yava bhavagga ca - Upward as fare as highest apex of existence,)၊ အဓောယာဝ အ၀ီစိတော (adho yava aviccito - downward as far as to the lowest plane of avici hell)၊ သမန္တာ စက္က၀ါဠေသု (samanta cakkavalesu - in the entire universe. )၊ ယေသတ္တာ ပထ၀ီစရာ(ye satta udakecara - whatever terminal beings that live in the water,)၊ အဗျာပဇ္ဇာ နိဝေရာစ(abyapajjha nivera ca - May they all be free from mental suffering and enmity,)၊ နိဒ္ဒုက္ခာစ နုပဒ္ဒ၀ါ။ (nidukkha ca nupaddava and may they be free from physical pain and danger.)

အတက်ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ အနန္တစင်္ကြာဝဠာ ရေနေသတ္တ၀ါအားလုံး ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(11) ဥဒ္ဓံယာဝ ဘ၀ဂ္ဂါစ(Uddham yava bhavagga ca - Upward as fare as highest apex of existence,)၊ အဓောယာဝ အ၀ီစိတော (adho yava aviccito - downward as far as to the lowest plane of avici hell)၊ သမန္တာ စက္က၀ါဠေသု (samanta cakkavalesu - in the entire universe. )၊ ယေသတ္တာ ပထ၀ီစရာ(ye satta akasecara - whatever terminal beings that live in the arial space)၊ အဗျာပဇ္ဇာ နိဝေရာစ(abyapajjha nivera ca - May they all be free from mental suffering and enmity,)၊ နိဒ္ဒုက္ခာစ နုပဒ္ဒ၀ါ။ (nidukkha ca nupaddava and may they be free from physical pain and danger.)

အတက်ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ အနန္တစင်္ကြာဝဠာ ကောင်းကင်နေသတ္တ၀ါအားလုံး ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။


(မေတ္တာပို့ ပါဠိကို အင်္ဂလိပ်လိုနဲ့ ရေးထားတဲ့ Link ကို Comment နေရာမှာ ထည့်ပေးခဲ့တဲ့ ဆရာတော် အရှင်ဓမ္မဂင်္ဂါကို ကျေးဇူးတင်ပါတယ်။ (သာဓု)၃ ပါဘုရား။)

အင်္ဂလိပ်လို စာသားက ဒီနေရာမှာ စာတန်းထိုးထားတာကို ပြန်ရိုက်ပြီး ဖေါ်ပြထားပါတယ်။


ဗမာလိုသီးသန့်ဆိုပြီး
မေတ္တာပွားချင်သူများအတွက်

(၁) ကျွန်ုပ်သည် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏
စိတ်ဆင်းရဲခြင်း ကင်းရပါလို၏
ကိုယ်ဆင်းရဲခြင်း ကင်းရပါလို၏
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ရပါလို၏

(၂) ကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဆွေမျိုး ညာတိကာ မိတ်ဆွေများအားလုံး၊ တရားကျင့်ဖေါ်များ အားလုံး...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

(၃) ဤအရပ်အတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော ယောဂီယူတော်စင်အားလုံး..ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

(၄) ဤအရပ်အတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော ရဟန်း သာမဏေအားလုံး၊ သူတော်စင် အမျိုးသား သူတော်စင် အမျိုးသမီးအားလုံး..ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

(၅) ကျွန်ုပ်၏ ပစ္စည်းလေးပါး၊ အလှူဒါယကာ ဒါယိကာမများအားလုံး..ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

(၆) ကျွန်ုပ်၏ ကိုယ်စောင့်နတ်အပေါင်း၊ ဤကျောင်းတော်အတွင်း၌ လည်းကောင်း၊ ဤအဆောက်ဦးတွင်း၌ လည်းကောင်း၊ ဤခြံကြီးအတွင်း၌လည်းကောင်း စောင့်ရှောက်ကြကုန်သော နတ်ဒေ၀တာများအပေါင်း....ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

(၇)
(၁) သက်ရှိ ကျား၊ မ - မဟူ သတ္တ၀ါအပေါင်း၊ (၂) ၀င်သက်ထွက်သက် ရှိကြကုန်သော သတ္တ၀ါအပေါင်း၊ (၃) အားလုံးသော သတ္တ၀ါ အပေါင်း၊ (၄) ပုဂ္ဂိုလ်အပေါင်း၊ (၅) ရုပ်၊ နာမ် နှစ်ပါး ရှိကြကုန်သော သတ္တ၀ါ အပေါင်း၊ (၆) အမျိုးသမီးအပေါင်း၊ (၇) အမျိုးသား၏အပေါင်း၊ (၈) အရိယသူတော်စင်အပေါင်း၊ (၉) အရိယာ မဖြစ်သေးသော ပုဂ္ဂိုလ်အပေါင်း၊ (၁၀) နတ်ဗြဟ္မာအပေါင်း၊ (၁၁) လူသားအပေါင်း၊ (၁၂) အပယ်ဘုံသားအပေါင်း...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ကိုယ်စိတ်ဆင်းရဲခြင်း ကင်းလွတ်ကြပါစေသတည်း။ ရရှိပြီးသော ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာများလည်း မယုတ်လျှော့ကြပါစေ သတည်း။ ကိုယ်ပြုသော အမှုအတိုင်း ခံစား စံစားရသူချည်းပါတကား....

(၈) (၁) အရှေ့ရပ်၌ရှိကြကုန်သော၊ (၂) အနောက်ရပ်၌ ရှိကြကုန်သော၊ (၃) မြောက်အရပ်၌ ရှိကြကုန်သော၊ (၄) တောင်အရပ်၌ ရှိကြကုန်သော၊ (၅) အရှေ့တောင်ထောင့် အရပ်၌ ရှိကြကုန်သော၊ (၆) အနောက်မြောက်ထောင့် အရပ်၌ ရှိကြကုန်သော၊ (၇) အရှေ့မြောက်ထာင့် အရပ်၌ ရှိကြကုန်သော၊ (၈) အနောက်တောင်ထောင့် အရပ်၌ ရှိကြကုန်သော၊ (၉) အောက်အရပ်၌ ရှိကြကုန်သော၊ (၁၀) အထက်အရပ်၌ ရှိကြကုန်သော...
(၁) သက်ရှိ ကျား၊ မ - မဟူ သတ္တ၀ါအပေါင်း၊ (၂) ၀င်သက်ထွက်သက် ရှိကြကုန်သော သတ္တ၀ါအပေါင်း၊ (၃) အားလုံးသော သတ္တ၀ါ အပေါင်း၊ (၄) ပုဂ္ဂိုလ်အပေါင်း၊ (၅) ရုပ်၊ နာမ် နှစ်ပါး ရှိကြကုန်သော သတ္တ၀ါ အပေါင်း၊ (၆) အမျိုးသမီးအပေါင်း၊ (၇) အမျိုးသား၏အပေါင်း၊ (၈) အရိယသူတော်စင်အပေါင်း၊ (၉) အရိယာ မဖြစ်သေးသော ပုဂ္ဂိုလ်အပေါင်း၊ (၁၀) နတ်ဗြဟ္မာအပေါင်း၊ (၁၁) လူသားအပေါင်း၊ (၁၂) အပယ်ဘုံသားအပေါင်း...ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ကိုယ်စိတ်ဆင်းရဲခြင်း ကင်းလွတ်ကြပါစေသတည်း။ ရရှိပြီးသော ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာများလည်း မယုတ်လျှော့ကြပါစေ သတည်း။ ကိုယ်ပြုသော အမှုအတိုင်း ခံစား စံစားရသူချည်းပါတကား....


(၉) အတက်ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ အနန္တစင်္ကြာဝဠာ ကုန်းနေသတ္တ၀ါအားလုံး ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၁၀) အတက်ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ အနန္တစင်္ကြာဝဠာ ရေနေသတ္တ၀ါအားလုံး ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၁၁) အတက်ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ အနန္တစင်္ကြာဝဠာ ကောင်းကင်နေသတ္တ၀ါအားလုံး ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

အင်္ဂလိပ်လို သီးသန့် မေတ္တာပွားချင်သူများအတွက်
The Chant of Metta Text (ENGLISH)



(1) May I be free from enmity and danger, May I be free from mental suffering, May I be free from physical suffering, May I take care of myself happily

(2) May my parents
, teacher relatives and friends, fellow Dhamma farers ...be free from enmity and danger, be free from mental suffering, be free from physical suffering, may they take care of themselves happily
(3) May all meditators in this compound, be free from enmity and danger, be free from mental suffering, be free from physical suffering. May they take care of themselves happily
(4)May all monks in this compound, novice monks, laymen and laywomen disciples... be free from enmity and danger, be free from mental suffering, be free from physical suffering, may they take care of themselves happily
(5) May our donors of the four supports: clothing, food, medicine and lodging.. be free from enmity and danger, be free from mental suffering, be free from physical suffering, may they take care of themselves happily

(6) May our guardian devas
in this monastery, in this dwelling, in this compound. May the guardian devas..be free from enmity and danger, be free from mental suffering, be free from physical suffering, may they take care of themselves happily
(7) May all beings, all breathing things, all creatures, all individuals (all beings), all personalities (all beings with mind and body), may all females, all males, all noble ones (saints), all worldlings (those yet to attain sainthood), all devas (deities), all humans, all those in the four woeful planes...be free from enmity and danger, be free from mental suffering, be free from physical suffering, may they take care of themselves happily
-May all being be free from suffering, May whatever they have gained not be lost, All beings are owners of their own Kamma.
(8) in the eastern direction, in the western direction, in the northern direction, in the southern direction, in the southeast direction, in the northwest direction, in the northeast direction, in the southwest direction, in the direction below, in the direction above...
- May all beings, all breathing things, all creatures, all individuals (all beings), all personalities (all beings with mind and body), may all females, all males, all noble ones (saints), all worldlings (those yet to attain sainthood), all devas (deities), all humans, all those in the four woeful planes...be free from enmity and danger, be free from mental suffering, be free from physical suffering, may they take care of themselves happily
-May all being be free from suffering, May whatever they have gained not be lost, All beings are owners of their own Kamma.
(9) As far as the highest plane of existence to as far down as the lowest plane in the entire universe whatever beings that move on earth.. may they are free of mental suffering and enmityand from physical suffering and danger.
(10) As far as the highest plane of existence to as far down as the lowest plane in the entire universe whatever beings that move on water.. may they are free of mental suffering and enmityand from physical suffering and danger.
(11) As far as the highest plane of existence to as far down as the lowest plane in the entire universe whatever beings that move in air.. may they are free of mental suffering and enmityand from physical suffering and danger.

ကလေးကို ဘုရားရှိခိုး သင်တဲ့အခါမှာ ရင်ဆိုင်ရတဲ့အခက်အခဲ
ကလေးတွေက သိချင်စရာ များပြီး စူးစမ်းတတ်တဲ့ အသက်အရွယ်ဖြစ်တော့ ကလေးမေးတာကို လူကြီးဖြေနိုင်ဖို့ တော်ရုံအသိနဲ့ သူတို့လက်ခံအောင် ဖြေဖို့ ဆိုတာ တကယ်ကို မလွယ်ပါဘူး။ ဒီမေတ္တာပို့ကို ငယ်ငယ်က ကျွန်မ သင်ဖူးပေမဲ့ ကျွန်မမေးတာကို သင်ပေးတဲ့အဖွားက မဖြေနိုင်လို့ ကျွန်မစိတ်မ၀င်စားတော့ဘဲ ဆက်မသင်ဖြစ်ပေမဲ့ အဖွားနေ့တိုင်း ဘုရားရှိခိုးရင် မေတ္တာပို့တဲ့ အသံနဲ့တော့ တရင်းတနှီး ရှိခဲ့ပါတယ်။ အဖွားမရှိတော့တဲ့ နောက်ပိုင်းမှာတော့ မေတ္တာပို့သံနဲ့ အဆက်ပြတ်သွားခဲ့ပါတယ်။ အခုလို သီချင်းအနနဲ့ ဆိုထားတဲ့ မေတ္တာပို့ကို ၂၀၀၈ ခုနှစ်မှာမှ အွန်လိုင်းပေါ်မှာ ကျွန်မ ကြားဖူးပေမဲ့ ပါဠိစကားလုံးတွေကိုတော့ အဖွားဆိုနေတာကို နေ့တိုင်း ကြားခဲ့ရလို့ ကောင်းကောင်း ရင်းနှီးနေပါတယ်။ မေ့မေ့ပျောက်ပျောက် ဖြစ်နေရာကနေ အွန်လိုင်းပေါ်မှာ သီချင်းအဖြစ်နဲ့ ပြန်ကြားရတဲ့အချိန်မှာတော့ အဓိပ္ပါယ်ကိုသာ မသိပေမဲ့ အဲဒီသီချင်းကို နားထောင်မိတိုင်း အဖွားမေတ္တာပို့နေတဲ့ အသံကို နားထဲမှာ ကြားယေင်လာပြီး စကားလုံးတွေကို ကောင်းကောင်း မှတ်မိနေပါတယ်။ ကျွန်မကတော့ ဘုရားရှိခိုးပြီးတိုင်း မေတ္တာပို့ရင် တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ မေတ္တာပို့နည်းအတိုင်း မြန်မာလိုနဲ့ အတိုချုပ်ပဲ သုံးပြီး ဆုတောင်း မေတ္တာပို့လေ့ရှိသလို သားကိုလည်း ဒီအတိုင်းပဲ သင်ပေးထားခဲ့ပါတယ်။ အခုတော့ ဒီမေတ္တာပို့လေးက မဟာစည်ဆရာတော်ဘုရားရဲ့ နည်းဖြစ်ပြီး မြတ်စွာဘုရားဟောတဲ့ မေတ္တာသုတ်ကို အခြေခံထားတယ်ဆိုတာ သိရတော့ ဒီမေတ္တာပို့ကိုပဲ ကျွန်မ ပြန်အသုံးပြုနေသလို သားကိုလည်း သင်ပေးဖို့ ဆုံးဖြတ်ပြီး အခု စတင်သင်ပေးနေပါတယ်။ ဒီလို သင်ပေးရင်းနဲ့ အခုသားက စိတ်မ၀င်စား ဖြစ်နေတော့ အရင်က အဖွားကျွန်မကို သင်ပေးခဲ့တုန်းက အကြောင်းကို မှတ်မိနေပြီး မရှိတော့တဲ့ အဖွားကို သတိရလွမ်းဆွတ်မိပါတယ်။

အဖွားသင်တုန်းက ကျွန်မ စိတ်မရှည် ဖြစ်ခဲ့တဲ့ အချက်တွေကလည်း အခု သားကိုကျွန်မ သင်ပေးနေတဲ့အချိန်မှာ သား စိတ်မရှည် ဖြစ်နေတဲ့အချက်နဲ့ အတူတူပဲ ဖြစ်နေတာကို တွေ့ရတယ်။ အဖွားသင်ပေးတဲ့ ကျန်တဲ့ ဘုရားရှိခိုးတွေ အားလုံးကို ကျွန်မ အလွတ်ရခဲ့ပေမဲ့ မေတ္တာပို့ကိုကျတော့ ရှည်လို့ဆိုပြီး ကျွန်မ သင်ချင်စိတ် မရှိတာနဲ့ အဖွားက ကျွန်မကို ဆက်မသင်ပေးဖြစ်ခဲ့လို့ ကျွန်မ မရလိုက်ဘူး။ ဒီမေတ္တပို့ အပေါ်မှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ခန့်က ကျွန်မ အမြင်နဲ့ အခုသားရဲ့ အမြင်က ထပ်တူ ဖြစ်နေပြီး မသင်ချင်ဖြစ်နေတော့ ကျွန်မမှာ သူသင်ချင်လာအောင် ကျွန်မ ငယ်ငယ်ကအတွေ့အကြုံတွေကိုလည်း ပြောပြ၊ ဥပမာတွေလည်း ပေးပြီး အမျိုးမျိုး ရှင်းပြပြီး စည်းရုံးရပါတယ်။

မေတ္တာပို့ရဲ့ အဓိပ္ပါယ်ကို တပိုဒ်ချင်း သေသေချာချာ ဖတ်ကြည့်ရင် ဆုတောင်းပိုဒ်တမျိုးတည်းကို မတူတဲ့ သတ္တ၀ါ အမျိုးမျိုးအတွက် အကွက်စေ့အောင် ထပ်ခါထပ်ခါ ဆုတောင်းပေးထားတာကို သတိထားမိလိမ့်မယ်။ အဲဒါကို မလိုအပ်ဘဲနဲ့ ရှည်လွန်းလို့ ဆိုပြီး ကျွန်မ ငယ်ငယ်တုန်းက စိတ်မရှည်ခဲ့သလို အခုကျွန်မသားကလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။ "သတ္တ၀ါအားလုံးလို့ ပြောလိုက်ရင် အကုန်လုံး အကျုံးဝင်သွားပြီး တပိုဒ်တည်းနဲ့ ပြီးတဲ့ကိစ္စကို ရှည်ပြီး တမျိုးပြီးတမျိုး လိုက်ဆုတောင်းနေရတာ အချိန်မကုန်ဘူးလား မေမေ၊ အဲဒီ မေတ္တာပို့ဆုတောင်းကို ပထဦးဆုံး တီထွင်တဲ့ ပုဂ္ဂိုလ်က တော်တော် စကားများတဲ့သူပဲ ဖြစ်မယ် ဘယ်သူလဲ မေမေတဲ့" ကျွန်မကို မေးလာတယ်။ ကျွန်မက "ဟဲ ..သား အဲလိုမပြောရဘူး ငရဲကြီးမယ် အဲဒါကို တီထွင်တာ တခြားဘယ်ပုဂ္ဂိုလ်မှ မဟုတ်ဘူး ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် တီထွင်ခဲ့တဲ့ မေတ္တာ စီးဖြန်းနည်းပဲ၊ ပုဂ္ဂိုလ် တဦးချင်းစီအတွက် ဆုတောင်းတာ လိုအပ်လို့ဆုတောင်းတာသာ ဖြစ်တယ်" လို့ ပြောတော့ သားက " ဒီလိုသာ တမျိုးပြီးတမျိုး လိုက်ဆုတောင်းနေရင် ဦးထုပ်အပြာ ဆောင်းထားတဲ့သူတွေ၊ ဘောင်းဘီအတို/အရှည် ၀တ်ထားတဲ့သူတွေ၊ အင်္ကျီအရောင် အမျိုးမျိုး ၀တ်ထားတဲ့သူတွေအတွက်ပါ မတူလို့ဆိုပြီး တမျိုးစီ ခွဲပြီး ဆုတောင်းပေးရမလိုလို ဖြစ်နေပြီး အဲလိုသာ ဆုတောင်းနေရရင် ဘယ်တော့ ပြီးမလဲ" လို့ ကပ်ဖဲ့ပြောပြီး ဘ၀င်မကျ ဖြစ်နေခဲ့တယ်။ ဒါကြောင့် " မေမေငယ်ငယ်တုန်းကလည်း အဲလိုပဲ စိတ်မရှည်ဖြစ်ဖူးလို့ သားစိတ်မရှည်တာ မေမေ နားလည်လို့ရတယ်" ဆိုတာနဲ့ အစချီပြီး ကျွန်မငယ်ငယ်တုန်းက အဖွားကို ပြောဖူးတဲ့စကားတွေကို ပြန်ပြောပြပြီး အဲလိုဆုတောင်းဖို့လိုတယ်ဆိုတာကို ဥပမာတွေနဲ့ ပြန်ရှင်းပြရပါတယ်။ မေတ္တာသုတ် ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကိုလည်း ရှင်းပြလိုက်တယ်။

ကျွန်မတုန်းကတော့ ဒါဘုရားလက်ထက်ကတည်းက ဆုတောင်းလာတယ်ဆိုတာ အဖွားပြောလို့ သိထားပါတယ်။ သားကျွန်မကို ပြောသလို မဟုတ်ပေမဲ့ ကျွန်မလည်း အဖွားကို "တခါတည်းနဲ့ ဆုတောင်းလို့ရတဲ့ ကိစ္စကို ထပ်ခါထပ်ခါ ဆုတောင်းနေရတာ ဘုရားလက်ထက်က လူတွေက ဒီလောက်တောင်ပဲ ထုံရအရလားအဖွား" လို့မေးဖူးပါတယ်။ ဒီအကြောင်း သားကို ပြောပြတော့ သားက ကျွန်မကို သိပ်သဘောကျပြီးတော့ ဟက်ဟက်ပက်ပက်ကို ရီနေတယ်။ အဖွားက ဘာပြန်ပြောလဲဆိုတာကို စိတ်ဝင်စားပြီး သူမေးတော့ "အဖွားက လိုအပ်လို့ ဆုတောင်းတယ်ဆိုတာပဲ ပြောပြီး ဘာမှဆက်မရှင်းပြပါဘူး၊ နောက်ပိုင်း မေမေလည်း စိတ်မ၀င်စားတော့တာနဲ့ ဆက်မသင်ဖြစ်ခဲ့ဘူး၊ ဒါပေမဲ့ သားကိုတော့ မေမေ အဲလို အဖြစ်မခံနိုင်ဘူး မေမေက ဘာကြောင့်လိုအပ်တယ်ဆိုတာကို မေမေသားကို ရှင်းပြနိုင်တယ်" ဆိုပြီး သူ့ကို ဆက်ရှင်းပြတယ်။


ကျွန်မသားက အကြောင်းအရာတခုကို လွယ်လွယ်နဲ့ လက်ခံတတ်သူ မဟုတ်တော့ ဆုတောင်းခံ ပုဂ္ဂိုလ်တွေဟာ မတူလို့ ကွဲကွဲပြားပြား ဖြစ်အောင် အုပ်စုလိုက်ခွဲပြီး ဆုတောင်းလို့ရတယ်ဆိုတာကို မတူဘူးဆိုတဲ့အချက်ကို သူမြင်ယောင်လို့ရအောင် သူတကယ် နားလည်တဲ့အကြောင်းအရာ နဲ့ အရင် မိတ်ဆက်ဝင်ပေးရပါတယ်။ သူက ကလေးအခွင့်အရေးတို့ လူ့အခွင့်အရေးတို့ သိပ်ပြောတတ်သူဆိုတော့ မေတ္တာပို့က အကြောင်းအရာနဲ့ သိပ်မဆိုင်ပေမဲ့လူ့အခွင့်အရေးနဲ့ အရင် ဥပမာပေးပြီးမှ ပိုပြီးတိုက်ရိုက်ကျတာကို ကျွန်မ ပြန်ရှင်းပြပါတယ်။ သြစကြေးလျားမှာ ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ယျော်း၊ လူဖြူ၊ ဌာနေတိုင်းရင်းသား အားလုံးဟာ လူတွေဖြစ်လို့ သူတို့တွေအတွက် အခွင့်အရေးကို ပြောတဲ့နေရာမှာအားလုံးခြုံပြီး အတိုချုပ်အနေနဲ့ လူ့အအခွင့်အရေးဆိုတာ တခွန်းတည်း ပြောလို့ရနိုင်ပေမဲ့ အဲဒီ တခွန်းတည်းက အားလုံးအတွက် အကွက်အစေ့အောင် မလွှမ်းချုံဘူး။ ဒါကြောင့် ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ဌာနေတိုင်းရင်းသားအခွင့်အရေး စသည်ဖြင့် မတူတဲ့အခွင့်အရေးတွေကို သီးသန့် ထပ်ပြီး ပေးရပါတယ်။ အနီးစပ်ဆုံးအနေနဲ့ လူကြီးနဲ့ ကလေးကိုပဲ ကြည့်ပါ၊ လူချင်းတူပေမဲ့ အခွင့်အရေးချင်း မတူဘူးဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ကလေးမှာ ရတဲ့အခွင့်အရေးတွေ လူကြီးမှာ မရနိုင်တာ ရှိပါတယ်။ ဥပမာ ကလေးတယောက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာအောင် စောင့်ရှောက်ဖို့ မိဘ (သို့) အုပ်ထိန်းသူမှာပဲ တာဝန်ရှိပါတယ်။ မိသားစုမှာ ကလေးက ၀င်ငွေရအောင် အလုပ်လုပ်စရာ မလိုဘူး၊ ကလေးကို မိဘက ၀င်ငွေရတဲ့ အလုပ်လုပ်ခိုင်းရင် အဲဒီမိဘက Criminal ပဲ။ လူကြီးအတွက်ကတော့ ဒီလိုမဟုတ်ဘူး သူ့ဘ၀အဆင်ပြေအောင် သူကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ တခြားတဘက်မှာတော့ လူကြီးရတဲ့အခွင့်အရေးတွေမှာလည်း ကလေးကို ပေးလို့မရတာ အများကြီး ရှိပါတယ်၊ ဥပမာ ကလေးကားမှောင်းလို့မရဘူး၊ မဲပေးလို့မရဘူး၊ အဲဒါတွေဟာ လူချင်းတူပေမဲ့ ထူးခြားတဲ့ ကွဲပြားမှုရှိလို့ အခွင့်အရေးချင်း သီးခြားရှိတယ် ဆိုတဲ့သာဓက ဖြစ်တယ် ဆိုတဲ့အကြောင်းကို သားကို ရှင်းပြရတယ်။

သားကို ရှင်းပြရင်းက သူမငြီးငွေ့သွားအောင်လည်း ကျွန်မငယ်ငယ်က အဖွားဇရပ်မှာ သွားအိပ်ပေးတုန်းက အတွေ့အကြုံလေးတွေကို ကြားညှပ်ပြီး ပြောပြရသေးတယ်။ အဖွားက မေတ္တာပို့ရင် ပါဠိကို သီးသန့် အရင်တခေါက်ဆိုပြီး နောက်တခါ အဲဒီပါဠိရဲ့ မြန်မာပြန်ကို သီးသန့်ပြန်ဆိုပြီး ဆုတောင်းလေ့ ရှိပါတယ်။ အဲလိုပြန်ဆိုရင် ဒီဗွီဒီယိုထဲမှာ ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာကို ကောင်းစွာမွေးမြူနိုင်ပါစေလို့ မြန်မာလို ပြန်ထားတဲ့ "သုခိအတ္တာနံ ပရိဟရန္တု" ကို အဖွား ဆိုတာ နည်းနည်းကွဲတယ်။ သူဆိုတာက "မိမိတို့ခန္ဓာကိုယ်ကို မိမိတို့ ကောင်းစွာ သယ်ဆောင်နိုင်ကြပါစေ" လို့ ဆိုပြီး ဆုတောင်းပါတယ်။ အဲဒီတကြောင်းကို ကြားတိုင်း ကျွန်မကအမြဲရီတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ ငယ်ငယ်တုန်းက မြန်မာပြည်မှာ ဘယ်မှ သိပ်မရောက်ဖူးတော့ အတော်အသင့် ၀တဲ့သူတွေကို တွေ့ဖူးပေမဲ့ ခန္ဓာကိုယ်ကို ၀န်ထုပ်ဝန်ပိုးလို ဆွဲပြီး သွားနေရလောက်တဲ့အထိ ၀တဲ့သူတွေကို ကျွန်မ မတွေ့ဖူးတာ အမှန်ပဲ။ ပြီးတော့ ဘာပစ္စည်းမှ ထမ်းထား ရွက်ထားတာ မဟုတ်ဘဲ ဒီအတိုင်း သွားလာလှုပ်ရှားနေရတာကို ခန္ဓာကိုယ်ကြီးကို သယ်ပြီး သွားနေရတယ်ဆိုတဲ့ ခံစားမှုမျိုး တခါမှ မဖြစ်ဖူးသလို တခါမှ မတွေးထင်မိခဲ့ဘူး။ ဒါကြောင့် "အဖွားကလည်း ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်က ဘာသယ်နေစရာလိုလို့လဲ တကူးတက ခေါင်းပေါ်မှာ ရွက်ထားရတာလည်း မဟုတ် ပုခုံးနဲ့ထမ်းထားရတာလည်း မဟုတ်ဘဲ ကိုယ့်ခန္ဗ္ဓာကိုယ်ကို မသယ်နိုင်တဲ့သူဆိုတာ ရှိနိုင်ပါ့မလား အဖွားရယ် ဘာဖြစ်လို့ ဒီလိုမလိုအပ်တာ မရှိနိုင်တာကို လိုက်ဆုတောင်းနေရတာလဲ၊ ဘေးရန်ကင်းဖို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့အတွက် ဆုတောင်းပေးရင် တော်ပြီပေါ့" လို့ ပြောပြီး ကျွန်မ အမြဲရီတယ်။

အဖွားကတော့ "မီးငယ်မမြင်ဖူးလို့ပါ လူတွေမှာလည်း အများကြီး ရှိတယ် ဗြိတ္တာတွေလည်း အများကြီးရှိတယ်" လို့ ပြောပေမဲ့ ကျွန်မ တခါမှ အမြင်ဖူးတော့ မယုံဘူး။ ဒါပေမဲ့ သားကို ကိုယ်ဝန်လွယ်ထားစဉ် ကိုယ်ဝန် ၆ လနောက်ပိုင်း ရောက်လာတဲ့အခါမှာတော့ ၀န်တခုအနေနဲ့ သယ်နေရတာကို စတင်ခံစားဖူးပြီး မွေးခါနီးလေ ၀န်ပိလေ ခံစားလာရမှ ၀တဲ့သူတွေလည်း ဒီလိုခံစားရမှာပဲ ဆိုတာ သဘောပေါက်ပြီး အဖွားဆုတောင်းကို နည်းနည်း နားလည်လို့ရလာတယ်။ အခုတော့ ဆေးရုံတွေ Disable service တွေမှာ လေ့ကျင့်ခန်း လုပ်ယူနေရတဲ့ အဲလို ကိုယ့်ကိုယ်ကိုယ် မသယ်နိုင်တဲ့ လူတွေကို အများကြီး တွေ့နေရတော့ သူတို့ကို တွေ့တိုင်း အဖွားရှိတုန်းက နေ့တိုင်း ဆုတောင်းပေးခဲ့တဲ့ လူအမျိုးစားတွေ အများကြီး ရှိပါလားဆိုတာ ပိုပြီးသဘောပေါက်သွားတယ်။ အဖွားကို ကျွန်မ ပြောခဲ့တဲ့ အကြောင်း သားကိုပြောပြတော့ သားက တကယ်ကို သဘောကျပြီး မေမေက ဒီလောက်တောင်ပဲ ဗဟုသုတနည်းတယ်ဆိုပြီး ရီလိုက်တာ တော်တော်နဲ့ကို မရပ်ဘူး။ အဲဒါနဲ့ပဲ သူ့ကို ဆက်သင်ပေးဖို့ စည်းရုံးလို့ရသွားတယ်။

မေတ္တာပို့ကို ပြန်ဆက်ရင် တမျိုးစီအတွက် ဆုမတောင်းဘဲ သဗ္ဗေသတ္တာ အဝေရာဟောန္တု ဆိုပြီးပဲ အားလုံးအတွက် ခြုံပြီး တကြိမ်တည်းပဲ ဆုတောင်းလိုက်ရင် ဆုတောင်းသူရဲ့ မေတ္တာ ဓါတ်က အဲဒီဆိုလိုက်တဲ့ ခဏလေးမှာ မိမိမြင်ယောင်လို့ရသူ (သို့) မိမိနဲ့ အရင်းနှီးဆုံးသူတွေဆီကိုပဲ စူးရှနိုင်လိမ့်မယ်။ စင်္ကြာဠာ အနန္တက သက်ရှိတွေအားလုံးဆီကို ဘယ်လိုမှ ရောက်မှာမဟုတ်ဘူး။ တမျိုးစီ သီးသန့် ဆုတောင်းလိုက်တော့ သဗ္ဗေဒေ၀ါ ဆိုလိုက်တာနဲ့ နတ်တွေဗြဟ္မတွေဆီ စံမြန်းနေတဲ့ပုံကို မြင်ယောင်ပြီး စိတ်ကချက်ချင်း သူတို့ဆီရောက်သွားမယ်၊ သဗ္ဗေ ၀ိနိပါတိက လို့ဆိုလိုက်တာနဲ့ ငရဲမီးတွေဝိုင်းပြီး ငရဲမှာ ငရဲသားတွေ ဒုက္ခခံစားနေရတဲ့ပုံကို ချက်ချင်းမြင်ယောင်ပြီး ပို့ပေးတဲ့ မေတ္တာဓါတ်က ပိုပြီးစူးရှမယ်။ ဒီလိုမဟုတ်ဘဲ အားလုံးအတွက် တခွန်းတည်းနဲ့ ချုပ်ပြီး ဆုတောင်းလိုက်ရင် မျက်စိထဲမှာ မြင်ယောင်နေတဲ့ (သို့) စိတ်ကူးထဲမှာ နေရာယူနေတဲ့ သူတယောက်ဆီကိုပဲ မေတ္တာက ရောက်ပြီး ကျန်တဲ့သတ္တ၀ါတွေဆီကို ပြန့်နှံ့ရောက်ရှိဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အားလုံးပါအောင် ရည်ညွန်းပြီး ဆုတောင်းတာ မေတ္တာပို့ပေးသူအတွက် ပိုပြီး အကျိုးရှိတဲ့အကြောင်းနဲ့ လိုအပ်လို့သာ ဘုရားက ဒီလို မေတ္တာစီးဖြန်းပုံကို ဟောခဲ့တာ ဖြစ်ပြီး ဆုတောင်းတာ အကျိုးများကြောင်း ရှင်းပြလိုက်တော့ သဘောပေါက်သွားပြီး သူသင်ပါ့မယ် မေတ္တာပို့ကို သူရအောင်ကျက်မယ်လို့ ပြောပါတယ်။

အဖွားတုန်းက ကျွန်မကို သင်ပေးတာ မအောင်မြင်ခဲ့ပေမဲ့ သားကိုတော့ ပါဠိကို အလွတ်ရွတ်နိုင်ပြီး အဓိပ္ပာယ်ကို ပြန်ရှင်းပြနိုင်တဲ့အထိ ကျွန်မ ဖြစ်အောင်သင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ် ပြုလုပ်သောကုသိုလ်နဲ့ ဒီပို့စ်အတွက် ရတဲ့ကုသိုလ်ကို ဘယ်ဘုံဘ၀ကို ရောက်နေမှန်းမသိတဲ့ တမလွန်က အဖွားအတွက် ဆုတောင်းအမျှဝေလိုက်ပါတယ်။
သဗ္ဗေသတ္တာ
အဝေရာ ဟောန္တု
အဗျာပဇ္ဗာ ဟောန္တု
အနီဃာဟောန္တု
သုခိအတ္တာနံ ပရိဟရန္တု။
ဒုက္ခ မုစ္စန္တု
ယထာ လဒ၊္ဓ သမ္ပ
တ္တိယော
မာ၀ိဂစ ၦႏ ၱဳ
ကမၼႆကာ။