"အဖွဲ့အစည်းတစ်ခု အနေနဲ့ကတော့ တာဝန်ရှိတာပေါ့ဗျာ။
ABSDFမှာ ဖြစ်တဲ့ကိစ္စကို ABSDF ဗဟိုဥက္ကဋ္ဌ အနေနဲ့
ငါနဲ့မဆိုင်ဘူးလို့တော့ ဘယ်ပြောလို့ရပါ့မလဲ"
ABSDF(ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
၁၉၉၁-၁၉၉၂ခုနှစ်များအတွင်း
မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်
ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ABSDF(မြောက်ပိုင်း) တွင် တပ်ဖွဲ့ဝင်ကျောင်းသား(၁၀၇)ဦး ဖမ်းဆီးခံခဲ့
ရပါသည်။ ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများအနက် ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ (၁၂)
ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်ဗမာပြည်)
ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား(၁၅)ဦးကို သတ်ဖြတ်ခဲ့ပြီး
ABSDF စစ်ကြောရေး၌ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး သေဆုံးခဲ့ရသူ ကျောင်းသား
(၁၄)ဦး၊ တစ်ဦးချင်းစီအလိုက် သတ်ဖြတ်ခံရသူ (၉) ဦး စုစုပေါင်း(၃၈) ဦး
သေဆုံးခဲ့ရပါသည်။ သတ်ဖြတ်ခံရသူများမှာ ABSDF တပ်ဖွဲ့ဝင်များဖြစ်ကြပြီး
ထိုကျောင်းသားများသည် စစ်တပ်မှ စေလွှတ်ထားသော ထောက်လှမ်းရေးများဟု
စွပ်စွဲခံခဲ့ရပြီး ABSDF(မြောက်ပိုင်း) စစ်ကြောရေး၌ လည်းကောင်း၊
အကြောင်အမျိုးမျိုးဖြင့်လည်းကောင်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
အဖမ်းခံခဲ့ရပြီး မသေဘဲ ကျန်ရစ်ခဲ့ရသူများမှာ နည်းလမ်းအမျိုးမျိုးဖြင့်
ထွက်ပြေးလွတ်မြောက်ခဲ့ကြပါသည်။ ABSDF (မြောက်ပိုင်း)၌
ညှင်းဆဲနှိပ်စက်ခံခဲ့ပြီး လွတ်မြောက်လာခဲ့သော
မြောက်ပိုင်းပြန်ကျောင်းသားများ၏ အဆိုအရ မြောက်ပိုင်းတွင်
ဖြစ်ပျက်ခဲ့မှုများသည် မတရားစွပ်စွဲခံခဲ့ရသည့် ကိစ္စရပ်ဖြစ်ပြီး ကြီးမားသော
လူ့အခွင့်အရေး ချိုးဖောက်တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုကြပါသည်။ ၎င်းတို့အနေဖြင့်
သမိုင်းအမှန်ကို ပြန်လည်ဖော်ထုတ်ရန်နှင့် မတရားစွပ်စွဲမှုများကို ချေဖျက်ရန်
အသင့်ရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။
မြောက်ပိုင်းကိစ္စတွင်
အဓိက တာဝန်ရှိသူများမှာ ထိုအချိန်က ABSDF(မြောက်ပိုင်း) ဥက္ကဋ္ဌ
ရော်နယ်အောင်နိုင် (ယခု ထိုင်းနိုင်ငံ၊ ချင်းမိုင်နေ) ၊ ဒုတိယ ဥက္ကဋ္ဌ-၁ နှင့်
စစ်ရေးတာဝန်ခံ သံချောင်း (ခ) ကိုမြင့်စိုး (ခ) စပ်ခွန်ကျော် (ယခု သာယာဝတီ
အကျဉ်းထောင်အတွင်း)၊ ကိုမျိုးဝင်း (ဒုတိယ စစ်ရေးတာဝန်ခံနှင့် တွဲဖက်
အထွေအထွေအတွင်းရေးမှူး-၁ (ကွယ်လွန်)၊ တွဲဖက် အထွေအထွေ အတွင်းရေးမှူး-၂
ကိုလှဆိုင်း(ယခု ABSDF (မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး
တာဝန်ခံ ကိုသန်းဇော် (ယခု မန္တလေးမြို့နေ) နှင့် ABSDF (ဗဟို)၏ ဥက္ကဋ္ဌမှာ
ဒေါက်တာနိုင်အောင်တို့ ဖြစ်ကြသည်ဟု မြောက်ပိုင်းမှ ထွက်ပြေး
လွတ်မြောက်လာသော ကျောင်းသား ရဲဘော်ဟောင်းများက ပြောဆိုထား ကြပါသည်။ ဒုတိယ
ဥက္ကဋ္ဌ-၂ ကိုကျော်ကျော် (ယခု ABSDF(မြောက်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင်
ကိုအောင်ကြီး (ယခု SSA (တောင်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုစိန်အေး (ယခု
ABSDF (မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး ဒုတိယ တာဝန်ခံ
ကိုဇော်ဇော်မင်း (ယခု မိုးညှင်း(နမ်းမား)နေ)၊ ကျောင်းသား ထောက်လှမ်းရေး
အဖွဲ့ဝင် ကိုအောင်စိုးမြင့်(ယခု မိုးညှင်းနေ) နှင့် ကျောင်းသား
ထောက်လှမ်းရေးအဖွဲ့ဝင် ကိုကျော်ထင်ဦး (ကွယ်လွန်) တို့ကိုလည်း တာဝန်
ရှိသူများအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများက ပြောဆိုခဲ့သည်။
ABSDF
(မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ ရှင်းလင်းမှု
မရှိသေးချိန်တွင် ထိုဖြစ်စဉ်၌ အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် မြောက်ပိုင်းပြန်
ကျောင်းသားများမှ သတ်မှတ်ထားသော ABSDF (ဗဟို)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ
ဒေါက်တာနိုင်အောင် (ယခု အထွေထွေ အတွင်းရေးမှူး- မြန်မာနိုင်ငံ
ဒီမိုကရက်တစ်တပ်ပေါင်းစု (FDB)) သည် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင်
နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေး အကျိုးဆောင်များ၏
စီစဉ်ပေးဖြင့်ဖြင့် မြန်မာနိုင်ငံသို့ တွေ့ဆုံဆွေးနွေးရေး လေ့လာရေးခရီးစဉ်
လာရောက်ခဲ့ပါသည်။ ထိုကဲ့သို့ ရောက်ရှိပြီးနောက် ခေတ္တတည်းခိုရာ
ရှင်စောပုဟိုတယ်၌ သီးခြားတွေ့ဆုံခဲ့ပြီး ABSDF (မြောက်ပိုင်း) ကိစ္စနှင့်
ပတ်သက်သော သဘောထားများကို မေးမြန်းခဲ့ခြင်းအား ဖော်ပြလိုက်ပါသည်။
၁၉၉၁-၁၉၉၂ခုနှစ်များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၊
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF(မြောက်ပိုင်း) တွင်
တပ်ဖွဲ့ဝင်ကျောင်းသား(၁၀၇)ဦး ဖမ်းဆီးခံခဲ့ ရပါသည်။ ဖမ်းဆီးခံခဲ့ရသော
ကျောင်းသားများအနက် ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌဟောင်း
ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား(၁၅)ဦးကို သတ်ဖြတ်ခဲ့ပြီး ABSDF
စစ်ကြောရေး၌ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး သေဆုံးခဲ့ရသူ ကျောင်းသား (၁၄)ဦး၊
တစ်ဦးချင်းစီအလိုက် သတ်ဖြတ်ခံရသူ (၉) ဦး စုစုပေါင်း(၃၈) ဦး
သေဆုံးခဲ့ရပါသည်။ သတ်ဖြတ်ခံရသူများမှာ ABSDF တပ်ဖွဲ့ဝင်များဖြစ်ကြပြီး
ထိုကျောင်းသားများသည် စစ်တပ်မှ စေလွှတ်ထားသော ထောက်လှမ်းရေးများဟု
စွပ်စွဲခံခဲ့ရပြီး ABSDF(မြောက်ပိုင်း) စစ်ကြောရေး၌ လည်းကောင်း၊
အကြောင်အမျိုးမျိုးဖြင့်လည်းကောင်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
အဖမ်းခံခဲ့ရပြီး မသေဘဲ ကျန်ရစ်ခဲ့ရသူများမှာ နည်းလမ်းအမျိုးမျိုးဖြင့်
ထွက်ပြေးလွတ်မြောက်ခဲ့ကြပါသည်။ ABSDF (မြောက်ပိုင်း)၌
ညှင်းဆဲနှိပ်စက်ခံခဲ့ပြီး လွတ်မြောက်လာခဲ့သော
မြောက်ပိုင်းပြန်ကျောင်းသားများ၏ အဆိုအရ မြောက်ပိုင်းတွင်
ဖြစ်ပျက်ခဲ့မှုများသည် မတရားစွပ်စွဲခံခဲ့ရသည့် ကိစ္စရပ်ဖြစ်ပြီး ကြီးမားသော
လူ့အခွင့်အရေး ချိုးဖောက်တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုကြပါသည်။ ၎င်းတို့အနေဖြင့်
သမိုင်းအမှန်ကို ပြန်လည်ဖော်ထုတ်ရန်နှင့် မတရားစွပ်စွဲမှုများကို ချေဖျက်ရန်
အသင့်ရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။
မြောက်ပိုင်းကိစ္စတွင် အဓိက တာဝန်ရှိသူများမှာ ထိုအချိန်က
ABSDF(မြောက်ပိုင်း) ဥက္ကဋ္ဌ ရော်နယ်အောင်နိုင် (ယခု ထိုင်းနိုင်ငံ၊
ချင်းမိုင်နေ) ၊ ဒုတိယ ဥက္ကဋ္ဌ-၁ နှင့် စစ်ရေးတာဝန်ခံ သံချောင်း (ခ)
ကိုမြင့်စိုး (ခ) စပ်ခွန်ကျော် (ယခု သာယာဝတီ အကျဉ်းထောင်အတွင်း)၊
ကိုမျိုးဝင်း (ဒုတိယ စစ်ရေးတာဝန်ခံနှင့် တွဲဖက် အထွေအထွေအတွင်းရေးမှူး-၁
(ကွယ်လွန်)၊ တွဲဖက် အထွေအထွေ အတွင်းရေးမှူး-၂ ကိုလှဆိုင်း(ယခု ABSDF
(မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး တာဝန်ခံ ကိုသန်းဇော် (ယခု
မန္တလေးမြို့နေ) နှင့် ABSDF (ဗဟို)၏ ဥက္ကဋ္ဌမှာ ဒေါက်တာနိုင်အောင်တို့
ဖြစ်ကြသည်ဟု မြောက်ပိုင်းမှ ထွက်ပြေး လွတ်မြောက်လာသော ကျောင်းသား
ရဲဘော်ဟောင်းများက ပြောဆိုထား ကြပါသည်။ ဒုတိယ ဥက္ကဋ္ဌ-၂ ကိုကျော်ကျော် (ယခု
ABSDF(မြောက်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုအောင်ကြီး (ယခု SSA
(တောင်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုစိန်အေး (ယခု ABSDF
(မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး ဒုတိယ တာဝန်ခံ
ကိုဇော်ဇော်မင်း (ယခု မိုးညှင်း(နမ်းမား)နေ)၊ ကျောင်းသား ထောက်လှမ်းရေး
အဖွဲ့ဝင် ကိုအောင်စိုးမြင့်(ယခု မိုးညှင်းနေ) နှင့် ကျောင်းသား
ထောက်လှမ်းရေးအဖွဲ့ဝင် ကိုကျော်ထင်ဦး (ကွယ်လွန်) တို့ကိုလည်း တာဝန်
ရှိသူများအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများက ပြောဆိုခဲ့သည်။
ABSDF (မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ ရှင်းလင်းမှု
မရှိသေးချိန်တွင် ထိုဖြစ်စဉ်၌ အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် မြောက်ပိုင်းပြန်
ကျောင်းသားများမှ သတ်မှတ်ထားသော ABSDF (ဗဟို)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ
ဒေါက်တာနိုင်အောင် (ယခု အထွေထွေ အတွင်းရေးမှူး- မြန်မာနိုင်ငံ
ဒီမိုကရက်တစ်တပ်ပေါင်းစု (FDB)) သည် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင်
နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေး အကျိုးဆောင်များ၏
စီစဉ်ပေးဖြင့်ဖြင့် မြန်မာနိုင်ငံသို့ တွေ့ဆုံဆွေးနွေးရေး လေ့လာရေးခရီးစဉ်
လာရောက်ခဲ့ပါသည်။ ထိုကဲ့သို့ ရောက်ရှိပြီးနောက် ခေတ္တတည်းခိုရာ
ရှင်စောပုဟိုတယ်၌ သီးခြားတွေ့ဆုံခဲ့ပြီး ABSDF (မြောက်ပိုင်း) ကိစ္စနှင့်
ပတ်သက်သော သဘောထားများကို မေးမြန်းခဲ့ခြင်းအား ဖော်ပြလိုက်ပါသည်။
"တရား ဥပဒေ စိုးမိုးမှု ပွင့်လင်းထင်သာ မြင်သာမှုဖြစ်တဲ့
အခြေအနေရောက်ရင် အဖြစ်မှန် ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ
လုပ်ဆောင်ချင်ပါတယ်။ အဲဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော်
ပြောချင်ပါတယ်"
ABSDF(ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် တွေ့ဆုံခြင်း
မေး- မြန်မာနိုင်ငံကို ခြေချပြီးတဲ့အချိန်မှာ
ABSDF(မြောက်ပိုင်း)ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေက ကိုနိုင်အောင်ကို
စောင့်ကြိုနေပါတယ်။ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်လို့ ဘာ ပြောချင်ပါသလဲ။
ဖြေ- ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့
ဒီလိုကိစ္စမျိုးတွေကို ပွင့်လင်းမြင်သာတဲ့ တရားဥပဒေစိုးမိုးတဲ့
အချိန်ရောက်လို့ရှိရင်တော့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်လိုဟာ
မျိုးဖွဲ့ပြီးတော့မှ အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။
မြောက်ပိုင်းဗဟိုကော်မတီကနေ စွပ်စွဲထားတဲ့ဟာ ဟုတ်လား၊
မဟုတ်လားဆိုတဲ့ဟာကိုလည်း အားလုံး ပူးပေါင်းပါဝင်မှ သိမှာလေ။ နောက်ပြီးတော့
လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိလားဆိုတာ သိမှာပေါ့။ နောက်ပြီး
အဲလိုမျိုးတွေ လုပ်တဲ့အခါမှာ ကျွန်တော်ကိုယ်တိုင် ပူးပေါင်းပါဝင်မယ်လို့ ခဏ
ခဏ ပြောဖူးပါတယ်။ နောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုတာတွေ
ကြားလာတော့ ကျွန်တော်တို့က ၀မ်းနည်းတယ်၊ စိတ်မကောင်းပါဘူး ဆိုတာလည်း
ပြောပြချင်ပါတယ်။ တရားဥပဒေစိုးမိုးမှု ပွင့်လင်းထင်သာ မြင်သာမှုဖြစ်တဲ့
အခြေအနေရောက်ရင် အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ
လုပ်ဆောင်ချင်ပါတယ်။ အဲဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော်
ပြောချင်ပါတယ်။
မေး- မြောက်ပိုင်းကနေ အနှိပ်စက်ခံပြီး
ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားတွေက ပြောပါတယ်။ မြောက်ပိုင်း
ဖြစ်ရပ်အတွက် တာဝန်ရှိတဲ့လူတွေထဲမှာ ကိုနိုင်အောင်လည်း ပါဝင်တယ်။
တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါ။ တာဝန်ရှိ တယ်ဆိုတဲ့ အပေါ်မှာ ဘာပြောချင်ပါလဲ။
ဖြေ- အဖွဲ့အစည်းတစ်ခု အနေနဲ့ကတော့ တာဝန်ရှိတာပေါ့ဗျာ။
ဒါပေမဲ့ တိုင်းပြည်တစ်ပြည်မှာ လူတစ်ယောက်ကနေပြီးတော့ ရာဇ၀တ်မှု ကျူးလွန်လို့
တိုင်းပြည်ရဲ့ သမ္မတက အဖမ်းခံရမယ်ဆိုပြီး အဲလိုမျိုးပြောတာတော့ မဟုတ်ဘူး။
အဖွဲ့အစည်း တစ်ရပ်မှာ တာဝန်ရှိတဲ့ လူတစ်ယောက် အနေနဲ့ကတော့ တာဝန်ရှိတယ်။
ကျွန်တော် ဘယ်လောက်အထိ တာဝန်ရှိတယ်ဆိုတဲ့ ကိစ္စကိုလည်း တရားရုံးတွေ ဘာတွေက
စစ်လို့ အဲတာမျိုးဆို ပတ်သက်တယ် ဆိုရင် ကျွန်တော်က၀င်ပြီး
ပူးပေါင်းပါဝင်ရမှာပဲလေ။ ABSDFမှာ ဖြစ် တဲ့ကိစ္စကို ABSDFဗဟိုဥက္ကဋ္ဌ အနေနဲ့
ငါနဲ့မဆိုင်ဘူးလို့တော့ ဘယ်ပြောလို့ရပါ့မလဲ။
မေး - မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကိုနိုင်အောင်
ပြောခဲ့ဖူးတာရှိပါတယ်။ အကယ်၍ မြန်မာနိုင်ငံကို ပြန်ရောက်လို့ရှိရင်
မြောက်ပိုင်းကိစ္စမှာ နစ်နာခဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ပြီး
တောင်းပန်မယ်လို့ ပြောခဲ့ပါတယ်။ အခု မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့
အချိန်မှာ ဘာပြောချင်ပါလဲ။
ဖြေ- ဟုတ်တယ်။ ကျွန်တော် ပြောခဲ့ပါတယ်။
ပြောခဲ့တယ်ဆိုတော့ ကျွန်တော် ABSDFက ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်လေ။
ဒီကိစ္စကလည်း ကျွန်တော် မလွဲမသွေကြုံမှာပဲ ဆိုပြီးတော့။ ABSDF ကတော့ အခု
ကျွန်တော် ပြောတဲ့ ဟာလေးပဲ ပြောပါ။ အဖွဲ့အစည်းအနေနဲ့ တာဝန် ရှိ တဲ့
အချိန်ကျရင်တော့ ပေးတွေ့မယ်။ သူတို့ပဲ စီစဉ်မယ်ပေါ့။ ဆိုတော့ သူတို့
အဖွဲ့အစည်းသဘောဖြစ်နေပြီး ကျွန်တော်က အပြင်လူ ဖြစ်နေတဲ့ သဘောမျိုး
ဖြစ်နေတဲ့ အခါကျတော့ သူတို့ အဲလိုမျိုးဖြစ်စဉ်ကို သေသေချာချာ
မှန်မှန်ကန်ကန် သိပြီး တောင်းပန်သင့်တာတွေ တောင်းပန်ရမယ်။ နစ်နာတာတွေကို
ဖြေရှင်းသင့်သာ ဖြေရှင်းပေးရမယ်လို့ အဖွဲ့အစည်းက ပြောတာတော့ အဲဒီအတိုင်းပဲ
နားလည်ထားပါတယ်။
မေး- ကိုနိုင်အောင်တို့ မြန်မာမြေကို ခြေမချခင်
နာရီပိုင်းအလိုမှာ မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့
သတင်းစာရှင်းလင်းပွဲကို ရန်ကုန် မြို့၊ တော်ဝင်နှင်းဆီမှာ လုပ်ခဲ့ပါတယ်။
သူတို့က အမှန်တရား ပေါ်ပေါက်ရေးအတွက် လုပ်ခဲ့တာပါ။ အဲဒီပွဲမှာ
ကျောင်းသားဟောင်းတစ်ဦးက ပြောခဲ့ပါတယ်။ မြောက်ပိုင်းကိစ္စဟာ သံသယတွေ၊
နိုင်ငံရေး အားပြိုင်မှုတွေ၊ ဒေသစွဲ အငြှိးအတေးတွေကြောင့် ဖြစ်ခဲ့ရတယ်လို့
ဆိုပါ တယ်။ မြောက်ပိုင်းကိစ္စ ဘာကြောင့် ဖြစ်ခဲ့တယ်လို့ ပြောချင်ပါသလဲ။
ဖြေ- ကျွန်တော်တို့ကို သူတို့ အစီရင်ခံတုန်းကတော့
ထောက်လှမ်းရေးသူလျိုတွေ ထောက်လှမ်းပြီး ၀င်ထားတယ်ဆိုတာနဲ့ သိတယ်။
ပွင့်ပွင့်လင်းလင်း တိတိကျကျ ပြောလို့ ရှိရင် သူတို့ ၁၂ ရက်နေ့ (၁၉၉၂ခုနှစ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့)က သတ်လိုက်တယ်ဆိုတဲ့ ဥစ္စာက သူတို့ သတ်ပြီးမှ
ကျွန်တော်တို့ သိရတာ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့က ညီလာခံ အကွဲအပြဲနဲ့
မာနယ်ပလော ထိုးစစ်နဲ့ ဆိုတော့ ကျွန်တော်တို့ အဲဒီမှာပဲ
အလုပ်ရှုပ်နေကြတာဆိုတော့ အဲဒီ နောက်ပိုင်းသွားတဲ့ အခါမှာ အခုလွတ်လာတဲ့
သူတွေရှိတယ်။ ကျွန်တော် သူတို့ပြောသလိုပဲ။ နာမည်တွေတော့ မမှတ်မိဘူးဗျာ။
နှစ်ယောက် သုံးယောက် လောက်တွေ့တယ်။ မှတ်မိတာကတော့ နန်းအောင်ထွေးကြည်ကို
တွေ့ တယ်။ မှတ်မိတာကတော့ အဲဒီအချိန်မှာ မှန်တယ်၊ မမှန်ဘူးဆိုတာကို
ကျွန်တော်တို့ဘက်က စစ်ဆေးသိရှိနိုင်ဖို့ တော်တော်ခက်တယ်။ တစ်ဖက် ပြောတာပဲ
ကြားတာကိုး။ ဒါပေမဲ့ ဘာပဲ ပြောပြော တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တော့တာ
မဟုတ်တော့တဲ့ အတွက်ကြောင့်မို့လို့ ခင်ဗျားတို့ သူတို့ကို လွှတ်ပေးလိုက်ပါ။
မိဘတွေကို ပြန်အပ်လိုက်ပါ။ ဒါကိုပဲ အဓိက သူတို့ကို တိုက်တွန်းတာပါပဲ။
မေး-လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီ
ဖြစ်တဲ့အတွက် မြောက်ပိုင်း ကျောင်းသားဟောင်းတွေရဲ့ စွပ်စွဲမှုတွေနဲ့
စပ်လျဉ်းပြီး ဘာတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားလဲ။
ဖြေ-အခုလာတဲ့ ခရီးစဉ်က မြောက်ပိုင်းကိစ္စကို
ဖြေရှင်းဖို့ အဓိကလာတဲ့ ခရီးစဉ်တော့ မဟုတ်ဘူး။ ABSDF ကလည်း အဲဒီလိုတော့
တာဝန်မပေးလိုက်ဘူး။ သူတို့ သဘောမတူဘဲနဲ့ ကျွန်တော်တို့ ပြောလို့ မရဘူးပေါ့။
အဲလို အချိန်မျိုးဖြစ်လာလို့ရှိရင် စုံစမ်းရေး ကော်မရှင်လိုဟာမျိုး
တစ်ခုဖွဲ့ပြီးတော့ အဖြစ်မှန် ဖော်ထုတ်သင့်တယ်။ ကာယကံရှင် အားလုံး
ပါဝင်သင့်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို တိုက်တွန်းချင်ပါတယ်။
Eleven Media Group မှ ကူးယူဖေါ်ပြပါတယ်။
မြောက်ပိုင်းကိစ္စအပေါ် ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ ရှင်းလင်းချက် ကို
ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
