၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား
၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....
ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ
၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....
ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး
ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...
ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်
ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....
ဂုဏ်ယူစရာ ရွှေမြန်မာ
ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....
နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ
"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....
ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်
Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...
၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ
ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...
Child Migration
ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....
တော်လှန်ရေးနှင့် အိမ်ထောင်ရေး
သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....
ABSDF မကဒတ ၂၇ နှစ် မွေးနေ့ အခမ်းအနားတွင် Dr Myint Cho ပြောကြားသော ရွေးကောက်ပွဲ သုံးသပ်ချက်
၂၀၁၅ အတွက် ကိုနေမျိုးဇင်ရဲ့ အကျဉ်းထောင်မှ အမှာစကား
ကိုနေမျိုးဇင်အနေနဲ့ပေါ့နော့် 2015 မှာ ပြည်သူတွေကို တိုင်းပြည်အတွက် ပြည်သူတွေအားလုံးကို ဘာများ ပြောကြားချင်ပါသလဲချင်ဗျား။
အဓိကက နိုင်ငံရေးစိတ်ပါဝင်စားမှုကို နိုးကြွားတက်ကြွမှု အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အားလုံးဟာ နိုးကြွားဘို့ ပထမတချက်၊ ပြီးတော့မှ နိုးကြွားမှုနဲ့အတူ ဒီဆန္ဒမဲတပြားရဲ့ အရေးကြီးပုံ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလ ဒေါ်အောင်ဆန်းစုကြည် ပြောစကားအရဆိုရင် ဒုတိယအကြိမ် ရွေးကောက်ပွဲသာလျှင် တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးတယ်ဆိုတော့ကာ အခု ၂၀၁၅ သည် စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီခေတ်ကို ကူးပြောင်းမည့် ဒုတိယကြိမ်မြှောက် ရွေးကောက်ပွဲ ဖြစ်တယ်။ ဒါကြောင့်မို့ အရေးကြီးဆုံး ဖြစ်တယ်။ ပထမအကြိမ်မှာ ကလိန်ခြုံကျ ကျပါစေ၊ စစ်အာဏာရှင်ခေတ်က အသွင်ပြောင်းစမို့ ဒုတိယအကြိမ်မှာတော့ ထပ်ကလိန်ခြုံကျလို့မရဘူး။ ဒါကြောင့် လက်ရှိ နှစ်ပြည့်ပြီးသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးသည် အတိတ်သမိုင်းရဲ့ သင်ခန်းစာတွေကို ကျေကြပါ။
၂၀၁၀ တုန်းက ဘယ်လိုကလိန်ခြုံလုပ်သွားတယ်၊ ဘယ်လိုကြိုတင်မဲတွေ အိတ်လိုက်နဲ့ ဘယ်လို ဘယ်လိုဓာတ်တိုင်တွေ အရောင်ပြစိုက်ပြီး ဘယ်လိုလမ်းခင်းကျောက်တွေနဲ့ မဲလိမ်သွားလဲ၊ ဘယ်လို ငွေချေးပြပြီး ဘယ်လိုနားလှည့်ပါးလှည့်လုပ်ပြီး ပါးရိုက်သွားလဲ ဒီသမိုင်း ဒီသမိုင်းသင်ခန်းစာတွေကို ယူပါ။ အဲဒီ မဲတခုခု ရိုးသားဖြောင့်မတ်မှုမရှိဘဲ မဲရယူခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်ရှိ ၄ နှစ်ကျော်သက်တမ်း လွှတ်တော်တွင်းက အစွမ်းအစကိုလည်း ကျနော်တို့ အားလုံး သိရှိပြီးဖြစ်တယ်။ သူ့လစာတိုးရေးကလွဲလို့ တိုင်းပြည်အတွက် မှန်ကန်တဲ့ ပြတ်သားတဲ့ မားမတ်တဲ့ မခြေခံ ပန္နက်တွေအထိ သက်ရောက်စေမယ့် ပြင်ဆင်ပြောင်းလဲရေး တခုမှ ယခုလွှတ်တော်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုက လုပ်မသွားနိုင်ပါဘူး။ အနည်းစုကြိုးပမ်းပေမဲ့ လူညီရင် ဤကျွဲဖြစ်မယ်ဆိုတဲ့ စားဖားချင်းညီညွတ်နေတဲ့တသိုက် ကဖျက်ယဖျက်လုပ်လို့ တိုင်းပြည်အတွက် ကောင်းစေရာကောင်းစေကျိုး သယ်ပိုးဘို့ လွှတ်တော်ကိုယ်စားလှယ်အနည်းစုရဲ့ တင်ပြချက်တွေ အဟောသိကံ ဖြစ်သွားတာ အများကြီး ကျနော်တို့ သမိုင်းသင်ခန်းစာ ရပြီးပြီ။
အဲတော့ ဒီလိုလူမျိုးတွေကို လွှတ်တော်ထဲကို နောက်တဖန်ခြေချခွင့် မရအောင် သူတို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလာနိုင်ခြေရှိတဲ့ ကကြိုးလေးနဲ့ ပြောရရင် စနစ်ဆွေးပိုးလောက်တွေရဲ့ အသစ်ခွေးတိုးပေါက် PR ဆိုတာမျိုးကိုလည်း လက်မခံဘို့ မဲလိမ်၊ မဲခိုး၊ မဲဆွယ်၊ မဲညာ၊ မဲယောင် လုပ်ပြီးတော့ ပြည်သူ့မဲကို လတ်တလောရရင်ပြီးရော မဲရပြီးနောက်နေ့ ပြည်သူ့အကျိုး လှည့်ကြည့်စရာမလိုဘူး ပြည်သူ့မျက်နှာ ကြည့်စရာမလိုဘူးဆိုတဲ့ အချိုးရှိတဲ့ ကိုယ်စားလှယ်ဆိုးတွေ လွှတ်တော်ထဲကို နောက်တကြော့ ခြေချခွင့်မရဘို့ ဒါကိုကာကွယ်ရင်းနဲ့ တဘက်က ပြည်သူ့ကိုယ်စားလှယ်စစ်စစ် ပြည်သူ့ပါတီစစ်စစ် ဘယ်သူတွေဖြစ်မလဲ။ နေ့စဉ် လူသားစိတ်နဲ့ ကိုယ်ချင်းစားစိတ်နဲ့ အသိညာဏ် ဆင်ခြင်တုံတရားနဲ့ နိုင်ငံရေးစာပေ လေ့လာဖတ်ရှုသုံးပ်နိုင်တဲ့စွမ်းရည်နဲ့ ချိန်ထိုးပြီးတော့ ရွေးချယ်ပါ။
ဖြစ်မြှောက်အောင် မဲပေးပါ။ မဲပေးပိုင်ခွင့်ကိုလည်း မှန်မှန်ကန်ကန် ရရှိအောင် အခုကတည်းကကြိုးစားပါ။
ကိုယ်မဲပေးလိုက်တဲ့လူကို လွှတ်တော်ထဲမှာ တိတိကျကျ ထမ်းဆောင်နိုင်ခွင့် ရရှိအောင် ပြည်သူ့အစိုးရ စစ်စစ် တရပ်ပေါ်ပြီး ဆောင်ရွက်နိုင်ခွင့်ရရှိအောင် ခပ်ရှင်းရှင်းပြောရရင် ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင် သမ္မတဖြစ်ခွင့်၊ သမ္မတ မဖြစ်မနေ ဖြစ်ကိုဖြစ်ရမယ် ဘုရင့်နောင်ဖေါင်ဖျက်ကိန်းကို ပြည်သူတိုင်း အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုပါ မကျန် ၂၀၁၅ မှသည် နောက်ဆက်မယ့် ခေတ်အဆက်ဆက်အထိ ပြည်သူ့အစိုးရနှင့် ပြည်သူ့အာဏာသည်သာလျှင် တည်ပြီး ပြည်သူ့အကျိုးစီးပွားအတွက်ကို တကယ်ထမ်းဆောင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေနှင့် ပြည်သူများကောင်းကျိုးကို ပြည်သူများရဲ့ စုစည်းညီညွတ်တဲ့အားနဲ့ ကြိုးပမ်းသွားမယ့် ပြည်သူ့လက်ထဲမှာ အာဏာရှိအောင် ပြည်သူတွေ ၀ိုင်းဝန်း ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ကို ပြည်သူတွေ အခုကတည်းက မွေးဘို့ မျိုးဆက်သစ်တွေကိုလည်း နောက်ရွေးကောက်ပွဲတွေမှာ မဲပေးလာရမည့် မျိုးဆက်သစ်တွေကိုလည်း အခုကတည်းက သွန်သင်ပေးသွားဘို့ အရေးတကြီးလိုနေပြီလို့ ကျနော်ပြောချင်ပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကာလ မတိုင်ခင် ဖမ်းဆီးမှုတွေ ထပ်ကြမ်းကောင်းကြမ်းလာနိုင်ပါတယ်။
လတ်တလော ကျနော်တို့ အဖမ်းခံထားရတဲ့သူတွေ အခုဆိုရင် ထောင်ထဲမှာ သုံးရာကျော်လောက် ရှိနေပါပြီ။ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်နဲ့မဆိုင်ရင် ဂလိုင်မဖေါက်ဘူး၊ ကိုယ့်ပေါင်ပေါ်မှာ မီးပွားမကျသေးသရွေ့ ငါပူမှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုး မထားဘဲနဲ့ မတရား ဖမ်းဆီးခံရမှု သေးသေးလေးကအစ လက်မခံဘဲနဲ့ တရားဥပဒေအတိုင်း စစ်စစ် မှန်မှန် ပြည်သူ့အကျိုးကို ရှေ့ရှုတဲ့ စီရင်ထုံးတွေ ပေါ်ပေါက်လာအောင် ဥပဒေမဲ့ ပြုကျင့်မှု မျက်နှာပြောင်တိုက်၊ တိုက်လေ့တိုက်ထ ရှိတဲ့ အုပ်ချူပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးကို ရှက်ဖွယ်လိလိ ဖြစ်ကြောင်း ပြည်သူ့အား စတုတ္ထမဏ္ဍိုင်ရဲ့အား ပေါင်းစပ်ညီညွတ်တဲ့အားနဲ့ ၀ိုင်းဝန်းထောက်ပြ ဝေဖန်ရှုပ်ချခြင်းနည်းဖြင့် အမှန်တရားတွေ၊ ပြတ်သားတဲ့ စီရင်ထုံးတွေ မတရားဖမ်းဆီးထားခံထားရတဲ့ ပြည်သူ၊ နိုင်ငံသား အကျဉ်းသားတွေ လွှမြှောက်အောင်လည် တဘက်တလမ်းက ၀ိုင်းဝန်း ကြိုးပမ်းပေးပါ။
အဲလိုဟန်ချက်
ချမ်းသာကြီးကျောင်းတိုက်မှာ ကျင်းပမည့် အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် အလှူရှင်များ၊ သြစကြေးလျားမှ အလှူရှင်များနှင့် တခြားခုနှစ်ရက်သားသမီး အလှူရှင်များအပါအ၀င် စုပေါင်းလှူဒါန်းသော သောကအေး နဂါးရုပ်ရှင်တော်မြတ်ကြီး ဌာပနာပူဇော်ပွဲနှင့် သိက္ခာထပ် ရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာကို ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ချမ်းသာကြီး ကျောင်းတိုက်တွင် အောက်ပါ ဖိတ်စာထဲက အစီစဉ်အတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ မည်သူမဆို ကြွရောက် ကုသိုလ်ယူကြပါရန် ဖိတ်ကြားအပ်ပါသည်။
ဖိတ်စာ
အရှေ့မျက်နှာဖုံး



ဖိတ်စာထဲမှာ စာလုံးသေးပြီး မမြင်ရမှာစိုးလို့ ဖိတ်စာအတွင်းဘက်က အစီစဉ်တွေကို စာရိုက်ပြီး ပြန်တင်ပေးလိုက်ပါတယ်။
ကျွန်တော်/ကျွန်မတို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်အမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းဆု အာရုံပြု၍ သောကအေးနဂါး ရုပ်ရှင်တော်မြတ်ကြီး ဌာပနာပူဇော်ပွဲနှင့် ကျေးဇူးတော်ရှင် ဆရာတော် ဦးဝရသာမိ (၀ိဇ္ဇာဝရသိဒ္ဓိအောင်) နယ်လှည့်သာသနာပြုအား သိက္ခာထပ်မင်္ဂလာ နှင့် မိဘမဲ့ ချို့တဲ့ဆင်းရဲသော ကိတ္ထိမသားများကို ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ ကျင်းပမည် ဖြစ်ပါ၍ အောက်ပါအစီစဉ်အတိုင်း ကြွရောက် ကုသိုလ်ယူနိုင်ရန်အတွက် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အလှူတော်မင်္ဂလာနေ့ရက် -
၉-၄-၁၂ (တနင်္လာနေ့) နံနက် ၉ နာရီတွင် ရှင်သာမဏေလောင်းများ ရွှေတိဂုံနှင့် ဗိုလ်တထောင်ဘုရားသို့ ဘုရားကန်တော့ ရှင်လောင်းလှည့်လည်ခြင်း မင်္ဂလာ။
ဖျော်ဖြေရေးအစီစဉ် -
၉-၄-၂၀၁၂ ရက် ညတွင် ရုပ်ရှင်သရုပ်ဆောင်များမှ ဧည့်ခံဖျော်ဖြေခြင်း။
အလှူတော်မင်္ဂလာနေ့ရက်
၁၀-၀၄-၂၀၁၂ (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင်သိမ်ဆင်းသံဃာတော် အပါး (၈၀) အား သိမ်ဆင်းလောင်းပြီး အလှူတော်မင်္ဂလာထမင်းဖြင့် ဧည့်ခံပါမည်။
ဒီဖိတ်စာကို ကျွန်မကိုလည်း ဖိတ်ရင်း အွန်လိုင်းပေါ်မှာ တင်ပြီး အများကိုပါ ဖိတ်ပေးဖို့အတွက် ပေးထားလို့ လက်ထဲရောက်နေတာ နှစ်ပတ်ခန့် ရှိပြီ။ စကင်ဖတ်မအားလို့ ပြီးတော့ ရွေးကောက်ပွဲနဲ့ တခြားအကြောင်းအရာတွေကို အရင်တင်နေရလို့ အခုမှ တင်ဖြစ်တာ အားလုံးကို တောင်းပန်ပါတယ်။
ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့လင်းစေသော်
နိဗ္ဗာန်ဆော်ခြင်း (လူရွှင်တော် ဒိန်းဒေါင် ဦးဆောင်သော ရဟန်းခံရှင်ပြုပွဲအတွက် အလှူခံရရှိငွေ စာရင်း)
ရဟန်းခံရှင်ပြု ရဟန်း/သာမဏေ တပါးစီ ပရိက္ခရာအတွက်အလှူ၊ ဆွမ်းအလှူ၊ ၀တ္တုငွေအလှူ၊ သိမ်အလှူတို့အတွက် စုစုပေါင်း အလှူခံရရှိသောငွေမှာ ၉၁၂၂ ဒေါ်လာရရှိပြီး အလှူ ရငွေအားလုံးကို နှစ်ကြိမ်ခွဲပြီး မ၀င်းဝင်းမူက ကိုဒိန်းဒေါင်ဆီ လွှဲပေးခဲ့ပါတယ်။ ပထမအကြိမ်မှာ ၆၅၃၀ အတွက် တဒေါ်လာ ၈၅၀ ကျပ်ဈေးနဲ့ မြန်မာငွေ 5,550,500 ကျပ် ပို့ပေးခဲ့ပါတယ်။ နောက်ထပ်အလှူခံရရှိတဲ့ငွေတွေက လှူသူကလှူတဲ့အချိန်မှာ ထွက်နေတဲ့ ငွေလဲနှုန်းအတိုင်း ထည့်ဝင်ထားတာ ဖြစ်ပြီး ငွေဈေးနှုန်းက အတက်အကျရှိပြီး ၂၅၉၂ ဒေါ်လာအတွက်ကို လွှဲပေးချိန်မှာ ဖြစ်ပေါ်နေတဲ့ မြန်မာငွေလဲနှုန်း ပေါက်ဈေးအတိုင်း လွှဲပေးခဲ့ပါတယ်။ ပရိက္ခရာအတွက် ပြည့်သွားပြီဖြစ်ပေမဲ့ ဆွမ်း၊ ၀တ္ထုငွေနဲ့ သိမ်အတွက် အလှူငွေများကို ဆက်လက်အလှူခံလျှက် ရှိကြောင်း သိရပါတယ်။
သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့မှ မ၀င်းဝင်းမူ ကောက်ခံရရှိသော ရဟန်းခံရှင်ပြု အလှူရှင်များနှင့် ရငွေစာရင်း
ရဟန်း (သို့) ရှင်သာမဏေ တပါးအတွက် အလှူမှာ သြစကြေးလျားဒေါ်လာ မြန်မာငွေလဲနှုန်းပေါ် မူတည်ပြီး အပြောင်းအလဲ ရှိသော်လည်း များသောအားဖြင့် ၆၅ ဒေါ်လာကျပါတယ်။
- ၁။ ဦးတကောဝါး၊ ဒေါ်သန်းသန်းဌေး (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ၃ ပါးအတွက် ၁၈၈ ဒေါ်လာ
- ၂။ ကိုချစ်ကို၊ မသက်မွန် (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ၃ ပါးအတွက် ၁၈၈ ဒေါ်လာ
- ၃။ ကိုလွင်ဦး၊ မငယ် (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း (သို့) ကိုရင် ၃ ပါးအတွက် ၁၈၈ ဒေါ်လာ
- ၄။ ဦးအောင်သိန်း၊ မရှု (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ၂ ပါးအတွက် ၁၂၅ ဒေါ်လာ
- ၅။ မောင်တိုးနန္ဒဦး Toee Nanda Oo နှင့် မိဘနှစ်ပါး (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၁၉၅) ဒေါ်လာ
- ၆။ ကိုသက်ဦး၊ မထွေး (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ၅ ပါးအတွက် ၃၁၃ ဒေါ်လာ
- ၇။ မသိန်းသိန်းဦး (ကမ်ဘာရာ၊ သြစကြေးလျား) ရဟန်း/ကိုရင် ၁၀ ပါးအတွက် ၆၂၅ ဒေါ်လာ
- ၈။ ကိုစနေ၊ မ၀င်းဝင်းမူ (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ၂၅ ပါးအတွက် ၁၅၆၈ ဒေါ်လာ
- ၉။ ကိုဇော်ဝင်း၊ မပူစူး (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ၁ ပါးအတွက် ၆၅ ဒေါ်လာ
- ၁၀။ ကိုကြည်ဝေ၊ မရူပ (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၁၈၈) ဒေါ်လာ
- ၁၁။ ဦးဒယ်နီဘွင့်၊ ဒေါ်နီနီဘွင့် (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် (၂) ပါးအတွက် ၁၂၀ ဒေါ်လာ
- ၁၂။ ဦးသောင်းထွန်း၊ မပြုံးရည် (နယူးဇီလန်) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၂၀၀) ဒေါ်လာ
- ၁၃။ ၀င်းဝင်း (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၁၄။ ကိုလှဝင်း (ကမ်ဘာရာ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၁၈၈) ဒေါ်လာ
- ၁၅။ ဦးကြင်စန်း၊ ဒေါ်ခင်ခင် (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၅) ပါးအတွက် (၃၅၀) ဒေါ်လာ
- ၁၆။ မခိုင်(ကမ်ဘာရာ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၅) ပါးအတွက် (၃၁၃) ဒေါ်လာ
- ၁၇။ မောင်ဖြိုးကိုလတ် Phyoe Ko Latt- (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၁၈၈) ဒေါ်လာ
- ၁၈။ မောင်ထွန်းလင်းမိုး - Tun Lin Moe (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၁၉။ ဦးရွှေမြင့်၊ ဒေါ်စိန်စိန် (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၂၀။ မအေးသီဝင်း (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၂) ပါးအတွက် (၁၃၀) ဒေါ်လာ
- ၂၁။ ဒေါက်တာကျော်မြင့်၊ မနန်း (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၁၇၀) ဒေါ်လာ
- ၂၂။ ဦးကျော်မြင့်၊ ဒေါ်ခင်ဌေးလှိုင် (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၂၃။ မစန်းစန်းအေးနှင့် မိသားစု (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၁၈၈) ဒေါ်လာ
- ၂၄။ ကိုအောင်နေလင်းထွန်း၊ မတိုးတိုးခိုင် (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( 1) ပါးအတွက် (65) ဒေါ်လာ
- ၂၅။ ကိုမင်းသူရ၀င်း၊ မနွယ်နီထွန်း (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၂၆။ ကိုအောင်သူ၊ မမာမာလွင်မိသားစု (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၂၇။ ကိုကျော်စန်း၊ မမော်မိသားစု (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၂၈။ ကိုသန်းလှိုင်၊ မစုလှိုင်နှင်း မိသားစု (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၂၉။ ကိုပြေစိုးလှိုင်နှင့်သမီး (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၃၀။ ကိုတင်စိုး၊ မနှင်းနွယ်စိုး မိသားစု (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၃၁။ မငယ်မိသားစု (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၃၂။ ကိုဥာဏ်ဝင်း၊ မမီးမီး (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၃၃။ ကိုထက်ရွှေ၊ မလေးမိသားစု (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၃၄။ ကိုကြည်လွင်၊ မရီရီသွယ် မိသားစု (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၃၅။ မအေးအေး (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁) ပါးအတွက် (၆၅) ဒေါ်လာ
- ၃၆။ ကိုကျော်ဇေယျထွန်း၊ မစိန်းလဲ့လဲ့စိုး (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁၀) ပါးအတွက် (၆၅၀) ဒေါ်လာ
- ၃၇။ ဦးဒေါင်း၊ ဒေါ်စိန် (မဲလ်ဘုန်း၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၁၀) ပါးအတွက် (၆၅၀) ဒေါ်လာ
- ၃၈။ ဒေါ်သန်းနွဲ့ (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( 1) ပါးအတွက် (65) ဒေါ်လာ
- ၃၉။ ကိုသိန်းစိုး၊ မသန်းအေး မိသားစု (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၁၉၅) ဒေါ်လာ
- ၄၀။ အင်ယု (ရစ်ချမွန်း၊ ကနေဒါ) ရဟန်း/ကိုရင် (1) ပါးအတွက် (65) ဒေါ်လာ
- ၄၁။ ဒေါ်ခင်မြရီ (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် ( ၃) ပါးအတွက် (၁၉၅) ဒေါ်လာ
- ၄၂။ ကိုဝင်းဝေမြတ်၊ မသန္တာ (ဆစ်ဒနီ၊ သြစကြေးလျား) ရဟန်း/ကိုရင် (၁) ပါးအတွက် (၆၅) ဒေါ်လာ
၁။ မယင်းမာထွေး၊ မကေခိုင်ဝင်း (ဆစ်ဒနီ၊ သြစကြေးလျား) အာရုံဆွမ်းနဲ့နေ့ဆွမ်း တနေ့စာ အလှူ ၁၃၀
၂။ မစန်းစန်းအေး (ဆစ်ဒနီ၊ သြစကြေးလျား) အာရုံဆွမ်းအလှူ ၂ ရက်စာ နှစ်သိန်း၊ သိမ်အတွက် ၂ သိန်း (ရဟန်းခံရှင်ပြုအတွက် ၁၈၈ ဒေါ်လာမပါဘဲ) ဆွမ်း၊ ၀တ္ထုငွေနဲ့ သိမ်အတွက်သီးသန့် မြန်မာငွေ လေးသိန်းကိုးသောင်းစာ စုစုပေါင်း သြစကြေးလျား ဒေါ်လာ ၅၇၆.၅ ဒေါ်လာ
လှူနိုင်တဲ့ အလှူအမျိုးအစားထဲမှာ ရဟန်းခံရှင်ပြုအတွက်အလှူ၊ ဆွမ်းအလှူ၊ ၀တ္တုငွေအလှူနှင့် သိမ်အတွက်အလှူ ရှိကြပြီး ရဟန်းခံရှင်ပြုအတွက်ကလွဲရင် ကျန်တဲ့ ဆွမ်း၊ ၀တ္ထုငွေနှင့် သိမ်အလှူတွေအတွက် အလှူမှာ အင်မတန် နည်းနေသေးတဲ့အတွက် အလှူငွေကို ဆက်လက် အလှူခံနေဆဲဖြစ်ကြောင်း သိရပါတယ်။
၂။ ကွယ်လွန်သူ မိဘနှစ်ပါးအား ရည်စူး၍ ၁၄-၀၄-၁၂ ရက်နေ့အတွက် ဆွမ်းအလှူ (၁) သိန်း
၃။ ၂။ ကွယ်လွန်သူ ခင်ပွန်း ဦးဝင်းမြင့်သိန်းအတွက် ရည်စူး၍ ၁၅-၄-၁၂ ရက်နေ့အတွက် ဆွမ်းအလှူ (၁) သိန်း
၎။ ဦးဝင်းမြင့်သိန်း(ကွယ်လွန်)၊ မစန်းစန်းအေး မိသားစု ကောင်းမှု သိမ်အတွက်အလှူ (၂) သိန်း
၅။ မစန်းစန်းအေး မိသားစုမှ ရှင်ပြုရဟန်းခံတွက်လည်း ရဟန်းသာမဏေ (၃) ပါးစာအတွက် ၁၈၈ လှူဒါန်းခဲ့တာကို အပေါ်က စာရင်းထဲမှာ တွေ့ရမှာဖြစ်တယ်။ စုစုပေါင်း ၇၆၄.၅ ဒေါ်လာ
ဆက်လက်အလှူခံနေသေးတဲ့ အလှူတွေ ဖြစ်တဲ့ ရှင်သာမနေများနှင့် ရဟန်းများကို ဆွမ်းလှူပြီး ကုသိုလ်ဒါန ပြုလိုပါက တနေ့ကို နေ့ဆွမ်းနှင့် အာရုဏ်ဆွမ်းအတွက် တသိန်း၊ ဖြစ်ပြီး ၀တ္ထုငွေ ကပ်လှူပူဇော်လိုပါက တပါးကို တသောင်းနှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ နောက်တခုက ချမ်းသာကြီးကျောင်းတိုက်မှာပဲ ရပ်နီးရပ်ဝေးက အလှူရှင်များရဲ့ ကုသိုလ်ကောင်းမှုနဲ့ သိမ်တခုဆောက်နေတာ ပြီးလုနီးနေပြီ အချောသပ်ဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ အဲဒီအတွက် အလှူငွေကို ဆက်လက်အလှူခံနေဆဲဖြစ်ပါတယ်။ လှူဒါန်းလိုသူများအနေဖြင့် ဆစ်ဒနီက မ၀င်းဝင်းမူကိုဖြစ်စေ၊ မြန်မာပြည်က လူရွင်တော် ကိုဒိန်းဒေါင်ကို တိုက်ရိုက်ဖြစ်စေ ဆက်သွယ်လူဒါန်းနိုင်ကြောင်း နိဗ္ပာန်ဆော်ပေးလိုက်ပါတယ်။
ကိုဒိန်းဒေါင်
ဖုန်း ၉၅၉၅ ၁၃၈၉၉၆
မ၀င်းဝင်းမူ

မြန်မာကုန်စုံဆိုင်
2/28 Smart St. Fairfield NSW 2165
Tel: 02 9755 7880 Fax: 9755 7886
Mobile: 0403 038206
ရဟန်းခံရှင်ပြုပေးသူတွေရဲ့ ကုသိုလ်နဲ့ ပတ်သက်ပြီး မိမိကိုယ်တိုင်မွေးသည့်သားကိုဖြစ်စေ၊ ဒိဋ္ဌိမသားကိုဖြစ်စေ၊ မည်သူ့ကိုဖြစ်စေ ရဟန်း/သာမဏေဘောင် သွင်းပေးနိုင်ခြင်းဟာ ဗုဒ္ဓသာသနာမှာ အပယ်မလားအောင် အပယ်တံခါး ပိတ်ပေးနိုင်တဲ့ အချက်တခုထဲမှာ ပါတဲ့ သာသနာ့အမွေပေးခြင်းဖြစ်တယ်လို့ တရားတော်တွေမှာ နားကြား မှတ်သားခဲ့ရဖူးပါတယ်။ သာသနာ့အမွေပေး ကုသိုလ်ရှင်များ အားလုံးရဲ့ ကောင်းမှုကို ပီတိသောမန အပြည့်အ၀ဖြင့် သာဓုအနုနမော ခေါ်ဆိုလိုက်ပါတယ်။ သာဓု သာဓု သာဓု ပါ။
ဗုဒ္ဓမြတ်စွာ သာသနာ... ရောင်ဝါနေသို့ လင်းစေသော်...
လိုချင်ရင် ရအောင်ချူလော့၊ သင်၏အခွင့်အရေး သင်လက်မနှေးစေလို

အသားအရောင် ၀ါချင်ဝါ
ဖြူချင်ဖြူ ..မဲချင်မဲ..
လူဟာ လူပါဘဲ။
မျက်လုံးဘဲ ပြာပြာ
စိမ်းစိမ်း မဲမဲ ညိုညို..
ဆံပင်အရောင် ၀ါ နီ ညိုနက်..
ကွေးကောက် ဖြောင့်တို..
ပိုးသား..အကြေသား
ဘယ်လိုအနေဘဲဖြစ်ဖြစ်
တောင်တန်းနေ မြေပြန့် သား
သမုဒ္ဒရာ ကျွန်းဖွားများ
ရေခဲပြင်ထဲဘဲ နေ နေ..
သဲကန္တာရထဲဘဲ နေ နေ..
တောင်တန်းပေါ်ဘဲ နေ နေ
ပိန်းဥဘဲ စားစား ကောက်နှံဘဲ ၀ါး ၀ါး
ပြောင်းအာလူးဘဲ စားစား. ထမင်းဘဲစားစား
ရှည်မြင့် ၀တို ပုသေး..
ပုံသဏ္ဍာန်အသွေး ဘယ်လိုဖြစ်ဖြစ်..
အားလုံးဟာ လူသားသာလျှင် ဖြစ်တယ်။
မွေးရာပါ လူ့ အခွင့်အရေး အားလုံးအတူတူ
လူသားချင်း..ကြင်နာ
စာနာ ထောက်ထား လေးစား ကူညီကြ..
လူ့ အခွင့်အရေး ကြေညာစာတမ်း
(Universal Declaration of Human Rights) က
သင့်နဲ့အတူရှိတယ်။
သင်တို့ အခွင့်အရေး သင်တို့ ပိုင်ဆိုင်ခွင့်ရှိရမယ်။
အပိုဒ် (၁) - လူတိုင်းသည် မွေးဖွား လာကတည်းက တန်းတူညီမှုရှိသည်။
အပိုဒ် (၂) - မည်သူ့ ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။
အပိုဒ် (၃) - လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်။
အပိုဒ် (၄) - မည်သူ့ ကို့မှ ကျွန်အဖြစ်စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်းမပြုရ။
အပိုဒ် (၅) - မည်သူ့ ကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာ ဆက်ဆံခြင်း အပြစ်ပေးခြင်း မပြုရ။
အပိုဒ် (၆) - တရားဥပဒေရှေ့ မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြု ခံပိုင်ခွင့်၊
အပိုဒ် (၇) - တရားဥပဒေရှေ့ တွင် တန်းတူညီခွင့်၊
အပိုဒ် (၈) - မိမိပိုင်အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေအကူအညီ ရယူခွင့်၊
အပိုဒ် (၉) - မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှု ရရှိခွင့်၊
အပိုဒ် (၁၀) - လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်၊
အပိုဒ် (၁၁) - ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်၊
အပိုဒ် (၁၂) - ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း၊
အပိုဒ် (၁၃) - လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊
အပိုဒ် (၁၄) - မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့်၊
အပိုဒ် (၁၅) - နိုင်ငံသား ဖြစ်ခွင့်၊
အပိုဒ် (၁၆) - အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ် အိမ်ယာ ထူထောင်ခွင့်၊
အပိုဒ် (၁၇) - ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊
အပိုဒ် (၁၈) - လွတ်လပ်စွာ တွေးခေါ် ယုံကြည် ကိုးကွယ်ခွင့်၊
အပိုဒ် (၁၉) - လွတ်လပ်စွာ ထုတ်ဖော်တင်ပြ ပြောဆိုခွင့်၊ သတင်းရယူခွင့်၊
အပိုဒ် (၂၀) - ငြိမ်းချမ်းစွာ ဖွဲ့ စည်းထားသောအဖွဲ့ များအား လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ စုဝေးခွင့်၊
အပိုဒ် (၂၁) - အစိုးရတွင် ပါဝင်ခွင့်၊
အပိုဒ် (၂၂) - လူမှုဖူလုံရေး ခံစားခွင့်၊
အပိုဒ် (၂၃) - အလုပ်လုပ်ခွင့်၊ အလုပ်သမား သမဂ္ဂများဝင်ရောက်ခွင့်၊
အပိုဒ် (၂၄) - အပန်းဖြေအနားယူခွင့်၊
အပိုဒ် (၂၅) - လုံလောက်သော လူမှုအဆင့်အတန်း ခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်၊
အပိုဒ် (၂၆) - ပညာ သင်ကြားပိုင်ခွင့်၊
အပိုဒ် (၂၇) - ယဉ်ကျေးမှုဘဝတွင် ပါဝင်ပိုင်ခွင့်နှင့် မိမိတီထွင်မှု အကျိုးကို မိမိခံစားပိုင်ခွင့်၊
အပိုဒ် (၂၈) - ထိုအခွင့်အရေးများကို လေးစားရန်တာဝန်၊
အပိုဒ် (၂၉) - အခြားသူများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊
အပိုဒ် (၃၀) - မည်သူမှ ဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်၊
အချက် ၃၀ သော ဤလူ့ အခွင့်အရေး
သင်သည်သာ လူသားဖြစ်ပါစေ..
သင် ပိုင်ဆိုင်ရမည်။
သင် အခွင့်အရေး ကို
သင် ရယူရန် ကြိုးစားရန်မှာ..
သင်၏ သမိုင်းပေးတာဝန်
သင်ညံ့ရင်…သင်အရှုံးပေးရမည်။
သင်မရလျှင်…သင့်ဘ၀ဆုံးသည်။
ရအောင် တိုက်ကြ..
လူသား အားမာန်ဇွဲ ပြကြ..
သင်သည်သာ မဟာလူသား..
အခွင့်အလမ်းပိုင်ဆိုင်သူ..လူသား..
တူညီပြစို့  ရုန်းကြစို့ ။
မသဒ္ဓါ ( ၅။၂၇။၂၀၁၀)
Human Rights ပျောက်ဆုံးနေကြသော…ရှိသည်ကို မသိရစေအောင်…ကန့် လန်ကာ အမှောင်ချထားသော လူမဆန်သော အာဏာရှင်လူသား များကြောင့် မျက်ကန်းဖြစ်နေရသော မြန်မာ ပြည်သူများသို့ ..အကျိုးမျှော်၍ နှိုးဆော်ပါသည်။
ယမန်နေ့ ဟောင်းသည်..သမိုင်းအဖြစ် အတိတ်တွင်ကျန်ရစ်ခဲ့ပြီး.မနက်ဖြန်သည် ဘာဖြစ်မည်.သိရန် ခက်ခဲသော ပဟေဠိတပုဒ်သာ ဖြစ် သောကြောင့်..ယနေ့ အချိန်ရှိစဉ် ရုန်းကန်ဖောက်ထွက်ကြရန်မှာ မိမိတို့ ၏ တာဝန်သာဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် ပြဌာန်းလိုက်သော အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းသည် လက်မှတ်ရေးထိုးစရာ လိုအပ်သော သဘောတူစာချုပ် မဟုတ်သော်လည်း မည်သည့်နိုင်ငံမဆို ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်သွားသည်နှင့် တပြိုင်နက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို လေးစား လိုက်နာရန် တာဝန်ရှိသွားပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်မှ လွဲ၍ မည်သည့်စာချုပ်၊ မည်သည့် ဥပဒေကမှ မလွှမ်းမိုးနိုင်။ ( မြန်မာပြည်က အဘတို့ သာ မက မြောက်ကိုရီးယား က ငပွဘဲ ဖြစ်စေ…အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို လိုက်နာရမည်ဖြစ်သည်။ မကြောက်ကြပါနှင့်..ဒီနေ့ ကြိုးစားလျှင် မနက်ဖြန်ကို သင်ပိုင်ဆိုင်သည်။ )
Yatana.co.cc မှ အချက်အလက်များရယူထားပါသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ Universal Declaration of Human Rights (UDHR) ကို မသဒ္ဒါက လိုရင်းတိုရှင်း လွယ်လွယ်နားလည်အောင် ထိထိမိမိ အတိုချုပ်လုပ်ထားတာကို သဘောကျလို့ ပြန်လည်ကူးယူ ဒီနေရာမှာ ဖေါ်ပြခဲ့တာကို မဖတ်ရသေးသူများအတွက် ရည်ရွယ်ပြီး အသစ် ပြန်တင်လိုက်ပါတယ်။ မသဒ္ဒါရဲ့ မူရင်းကဗျာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ Nge Naing -(10/12/11)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
သေမင်းတမန် မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ပါတယ်
မြသားငယ်တဲ့ ရေရမုန်
ငွေလှိုင်းတွေ ဖြူစင်စွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြဒိုက်ပုံ
ကျူဝါးရုံ တူစုံကွဲ့ဖေါ်နှော
ဗုံမတီးရယ်နဲ့ ငှက်ကြီးရွှေဝန်ဘိုတို့
ကွန်းခိုလို့မျော။
ဘယ်သူရေးတယ်ဆိုတာ မမှတ်မိတော့ပေမဲ့ ငယ်ငယ်က မူလတန်းမှာ သင်ရပြီး အခုထိ မှတ်မိနေတဲ့ မူလတန်းမှာ ကျွန်မသိတဲ့ ဧရာဝတီအကြောင်း တခုတည်းသော ကဗျာလေးပါ။ ဧရာဝတီမြစ်ကို တခါမှမမြင်ဖူး စာထဲကဗျာထဲ ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးပေမဲ့ မှတ်မှတ်ရရ ဒီကဗျာလေးကို အခုထိ အလွတ်ရနေပြီး ဒီကဗျာလေးနဲ့အတူ ဧရာဝတီမြစ်ကို ငယ်ငယ်ကတည်းက စတင်ရင်းနှီးခဲ့ပါတယ်။ သို့ပေမဲ့လည်း အမှန်အတိုင်း ၀န်ခံရရင် ဧရာဝတီမြစ်ပေါ်မှာ ကြီးလာတာလည်း မဟုတ်တော့ ဧရာဝတီကို ကျွန်မနဲ့ ဆိုင်တယ်လို့တော့ သိပ်မထင်ခဲ့တာတာ့ အမှန်ပဲ။ သို့သော် ဧရာဝတီရဲ့ အသုံးဝင်ပုံကိုတော့ ဖတ်ဖူးကြားဖူးတာနဲ့တင်ပဲ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ အကျိုးပြုတယ်ဆိုတာ ဘယ်အရပ်ဘယ်နယ်မှာပဲနေနေ မူလတန်းအဆင့် မြန်မာပြည်က အနှိမ့်ဆုံးအဆင့် ပညာသင်ဖူးသူမှန်သမျှတောင် သိမှာအမှန်ပါ။။
ဧရာဝတီရဲ့ အသုံးဝင်ပုံကို အားလုံးက သိကြသလို ဧရာဝတီကို အားလုံးကချစ်ကြမှာလည်း အမှန်ပဲ။ သီချင်းနာမည်၊ သတင်းဌာနနာမည်၊ ဘလော့ဂ်နာမည်၊ လူနာမည်တွေကို ဧရာဝတီလို့ အမည်ပေးတာတာကို ကြည့်ခြင်းအားဖြင့် ဧရာဝတီကို ချစ်ကြ တန်ဖိုးထားကြတာ သိသာပါတယ်။ လူနာမည်ကို ဧရာဝတီလို့ အမည်ပေးထားသူအကြောင်းကို အကြောင်းတိုက်ဆိုင်နေလို့ သတိရမိပါတယ်။ တခြားသူမဟုတ်ပါဘူး ကျွန်မတို့ ABSDF တောတွင်းမှာတုန်းက တပ်ရင်း (၆၀၁) က ကွယ်လွန်သွားပြီ ဖြစ်တဲ့ မသက်သက်လွင်ခေါ် မသက်ပါ။ သူ့သမီးနာမည်ကို ဧရာဝတီလို့ ပေးထားတော့ ကျွန်မက ဟာသလုပ်မိလို့ ကျွန်မကို သူပြန်ပြောတဲ့ စကားကို အခုထိ ပြန်သတိရနေပါတယ်။ မသက်က ABSDF မှာ ဗဟိုကော်မတီဝင်တဦးဖြစ်ပြီး တပ်ရင်းအတော်များများကိုလည်း ရောက်ဖူးတယ်၊ အမျိုးသမီး တပ်ဖွဲ့ဝင်တဦးလည်း ဖြစ်တော့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတိုင်း မသက်ကို တယောက်မကျန် အကုန်သိကြပါတယ်။ ကျွန်မနဲ့လည်း ညီအစ်မအရင်းလို သိပ်ရင်းနှီးသလို အမြဲတမ်းလည်း ငြင်းနေခုန်နေတတ်တော့ တယောက်နဲ့တယောက် ပြောမနာဆိုမနာလည်း ဖြစ်တယ်။ သူက ရှမ်းပြည်နယ်ကလောမြို့သူ ရှမ်းဗမာ ကပြားဖြစ်ပြီး သူ့အမျိုးသားကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့သား ဗမာဆိုတော့ နှစ်ယောက်စလုံး ရှမ်းပြည်နယ်ကပါ။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ သမီးဦးလေးနာမည်ကျတော့ ဧရာဝတီတဲ့။
ဒါကြောင့် ကျွန်မက "မသေက်ယောက်ျားက တောင်ကြီးက မသက်က ကလောသူ နှစ်ယောက်စလုံး ရှမ်းပြည်နယ်မှာပဲမွေးပြီး ရှမ်းပြည်နယ်မှာပဲ ကြီးလာကြတယ်။ ဧရာဝတီမြစ်ကြီးက ကချင်ပြည်နယ်ကနေ မြန်မာပြည်အလယ်ပိုင်းကိုပဲ ဖြတ်ပြီး မြစ်ဝကျွန်းပေါ်ကနေ ပင်လယ်ထဲ စီးဆင်းတယ်။ ရှမ်းပြည်နယ်ကို ဖြတ်တာလည်းမဟုတ်၊ ရှမ်းပြည်နယ်နဲ့လည်း ဘာမှလည်း မဆက်စပ် မပတ်သက်၊ ရှမ်းပြည်နယ်ကို ဖြတ်သန်းစီးဆင်းတဲ့ သံလွင်မြစ်ကို အကြောင်းပြုပြီး မေသံလွင် စသည်ဖြစ် သံလွင်မြစ်နာမည်နဲ့ ပေးရင် ဟုတ်တုတ်ရှိသေးတယ်၊ အခုတော့ ဒီသမီးကလည်း ဧရာဝတီမြစ်ရှိတဲ့ ဒေသမှာမွေးတာလည်း မဟုတ်၊ ဧရာဝတီနဲ့ ဘာဆိုဘာမှလည်း အဆက်အစပ်မရှိဘဲနဲ့ မသက်သမီးနာမည်က ဘယ်လိုလုပ်ပြီး ဧရာဝတီ ဖြစ်ရတာလဲ၊ မသက်လုပ်လိုက်ရင်တော့ တလွဲချည်းပဲ" လို့ ကျွန်မက သူကျွန်မကို တလွဲစီပဲလို့ အမြဲနှိပ်ကွပ်လေ့ ရှိတတ်လို့ သူ့ကို နှိပ်ကွပ်တဲ့သဘောနဲ့ ပြောလိုက်တယ်။ ဒီတော့ မသက်က မခံမရပ်နိုင် ဖြစ်ပြီး "မငယ် ညည်းကလေ ဦးနှောက်သေးသေးလေးနဲ့ ပြောဖို့ပဲသိတယ်၊ ရှမ်းပြည်နယ်မှမဟုတ်ဘူး ဧရာဝတီက ငါတို့အားလုံးနဲ့ဆိုင်တယ် ငါတို့အားလုံးပိုင်တယ်၊ ညည်းဖါသာညည်း မဆိုင်ဘူးထင်ရင်လည်း ထားလိုက်တော့ ငါ့သမီးနာမည်ငါ ကြိုက်သလိုပေးမယ် ညည်းအလုပ်မဟုတ်ဘူး" လို့ သူက ဘုကလန့် ပြန်ပြောခဲ့တာကို ကောင်းကောင်း မှတ်မိနေတယ်။ အဲဒီတုန်းက ကျွန်မလည်း ဒီလောက်အထိ လေးလေးနက်နက်လည်း မတွေးဘူး ကျွန်မပြောလိုက်တာကို မခံနိုင်လို့ မသက်ပြန်ပြောပုံကို ကြည့်ပြီးရီပြီးပဲ ပြီးသွားပါတယ်။ ဒါကတော့ ဧရာဝတီနဲ့ ပတ်သက်ပြီး မှတ်မိနေတဲ့ အမှတ်တရလေးတခုပါ။
နောက်ပိုင်းလည်း ခေတ်ပေါ်သီချင်း မကြိုက်တတ် ခေတ်ဟောင်း မြန်မာသံစဉ်သီချင်းတွေကိုသာ ကြိုက်တတ်တဲ့ ကျွန်မက ထူးအိမ်သင်ဆိုတဲ့ ရာဇ၀င်များရဲ့ သတို့သမီးနဲ့ ခင်ဝမ်းရဲ့ ဧရာဝတီသီချင်းကိုတော့ နှစ်နှစ်ခြိုက်ခြိုက်ကို နားထောင်တတ်ပြီး ဧရာဝတီရဲ့ ဂုဏ်ပုဒ်တွေကို အဓိပ္ပါယ်အရခံစားရတာကို သိပ်ပြီးသဘောကျပါတယ်။ အခုနောက်ပိုင်းမှာ မြစ်ဆုံရေကာတာ စီမံကိန်းအကြောင်းတွေ မကြာခဏ သတင်းတွေမှာ ပါလာခဲ့တာကြားသိရပေမဲ့ လူ့အခွင့်အရေးကိုပဲ စိတ်ဝင်စားတဲ့ ကျွန်မအတွက် ဒီလောက်အထိလည်း အလေးအနက်မထားခဲ့ဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး သိပ်နားမလည်တာလည်းပါတယ်။ ဒီကိစ္စ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ လုပ်ပါလိမ့်မယ်လို့ပဲ တွေးပြီး သတင်းသိပ်မဖတ်ဖြစ်ဘူး။ နောက်ပိုင်း ကျယ်ကျယ်လောင်လောင် ဖြစ်လာတဲ့အချိန်မှာတော့ ကိုအောင်ဒင်ရေးတဲ့ ပို့စ်နှစ်ခု (ဧရာဝတီကို ကာကွယ်ကြစို့ နှင့် ဧရာဝတီကို ကယ်တင်ကြစို့ ) ကိုဖတ်မိတော့မှ ကျွန်မကို တကယ်ပဲ တုန်လှုပ်စေခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီပို့စ်ကို ပြီးခဲ့တဲ့ လက ကျွန်မ ပြန်ဖေါ်ပြဖြစ်ခဲ့ပါတယ်။ အဲဒီမှာ တင်ထားတဲ့ မိတ်ဆက်စာသားတချို့နဲ့ သီချင်းလေးနှစ်ပုဒ်ကို ဒီမှာ ဆက်လက်နားဆင်လို့ရအောင် ဖေါ်ပြလိုက်ပါတယ်။
ဟုတ်ပါတယ် ဧရာဝတီဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်လို့ ရေကာတာကြောင့် ဧရာဝတီမြစ်ကြီး ပျက်စီးရင် မြန်မာပြည်လည်း ပျက်စီးမယ်။ မသက်ပြောခဲ့သလို၊ အခုလက်ရှိ ဧရာဝတီ မပျက်စီးရေး Campaigns လုပ်နေသူတွေ ပြောနေသလို ဧရာဝတီဟာ ကျွန်မတို့ အားလုံးနဲ့ ဆိုင်တယ်။ ဧရာဝတီကို ကာကွယ်ဖို့အရေးဟာ လူမျိုးမရွေး၊ လူတန်းစားမရွေး၊ ကျား၊မ မရွေး၊ ဘာသာမရွေး၊ နိုင်ငံရေးကျောထောက်နောက်ခံမရွေး အားလုံးနဲ့ ဆိုင်တဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်။
မြစ်ဧရာရဲ့ ငွေလှိုင်းတွေ ဖြူစွာနဲ့ ဆက်လိုက်ရိုက်ခတ်နိုင်ဖို့၊ မြန်မာပြည်ရဲ့ စပါးကျီကြီး မပျက်စီးစေဖို့ ထူးအိမ်သင်၊ ခင်ဝမ်းတို့ရဲ့ သီချင်းထဲက ဧရာဝတီ့ဂုဏ်ပုဒ်တွေ မပျက်စီးစေဖို့၊ မြန်မာပြည်ကြီး ဆက်လက်တည်တံ့နေဖို့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ အစဉ်ရှင်သန်နေဖို့ လိုပါတယ်။ ဧရာဝတီကို ကာကွယ်ဖို့အရေးမှာ အုပ်တချပ်သဲတပွင့်အနေနဲ့ လူတိုင်းလူတိုင်း ပါဝင်သင့်ပါတယ်။
ဒါကြောင့်မို့ ဧရာဝတီအတွက် သေမင်းတမန် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကျွန်မ လုံးဝ ကန့်ကွက်ပါတယ်။
ပုံကို မောင်လေး ဘလော့ဂ်မှ ကူးယူထားပါတယ်။ အပေါ်ဆုံးပုံကိုကျတော့ google မှ ကူးယူဖေါ်ပြထားပါတယ်။ရွင်လန်းချမ်းမြေ့ကြပါစေ။
ဒေါ်အောင်ဆန်းးစုကြည်နဲ့ NLD ကို အားပေးကြ
၈၈ နောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် လှုပ်ရှားလာခဲ့တဲ့ လှုပ်ရှားမှုအတော်များများဟာ စစ်အုပ်စုလုပ်လိုက်တဲ့ Action တခုကို မူတည်ပြီး လှုပ်ရှားလာတာက များလို့ စစ်အုပ်စုက ဦးဆောင်ပြီး စစ်အုပ်စုခင်းတဲ့ လမ်းကိုလျှောက်လာခဲ့ရတယ်လို့ ပြောရင်မမှားပါဘူး။ သို့ပေမဲ့လည်း လက်ရှိအခြေအနေမှာတော့ တွေ့ဆုံဆွေးနွေးဖို့ အခြေအနေကို ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အရှေ့က ဦးဆောင်လာခဲ့တာ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ခင်းတဲ့လမ်းကို စစ်အုပ်စုက လျှောက်နေရတဲ့ အခြေအနေကို ရောက်နေတာ တွေ့ရမှာဖြစ်တယ်။ ကျွန်မ ဆိုလိုချင်တာက ကျွန်မတို့ ဒီမိုကရေစီ အင်အားစုတွေဟာ တိုက်ပွဲသာ ၀င်လာခဲ့ပေမဲ့ တိုက်ပွဲသဏ္ဍန်ကို မိမိအစီအစဉ်နဲ့ မိမိဘက်က စပြီးအကောင်အတည်ဖေါ်တာ တော်တော်လေး နည်းပြီး န၀တ၊ နအဖက တခုခုကို စလုပ်ပြီးမှပဲ အဲဒီအပေါ်မှာ တုံ့ပြန်တဲ့ တိုက်ပွဲငယ်တွေနဲ့ပဲ တောက်လျှောက် ဖြတ်သန်းလာခဲ့တာ များပါတယ်။ မြန်မာပြည်ရဲ့ ပြဿနာကို လူနာတယောက်မှာ ရှိတဲ့ ရောဂါတခုနဲ့ ဥပမာပေးရင် ရောဂါကို ကုသနိုင်တဲ့ နည်းလမ်းဖြစ်တဲ့ ကုသမှု အဆင့်ကို မရောက်နိုင် မချည်းကပ်နိုင်ဘဲ ရောဂါလက္ခဏာတချို့ကို ထိန်းချုပ်ပေးတဲ့ အဆင့်ကိုပဲ ကျွန်မတို့ လှုပ်ရှားနိုင်ခဲ့ပါတယ်။
တိုက်ပွဲဖေါ်တဲ့နေရာမှာ ပြင်ပအင်အားစုတွေက နအဖ တခုခုလုပ်မှ အဲဒီအပေါ် ဆန္ဒစပြရတာ၊ စတိတ်မင့်စထုတ်တာ၊ UN မှာ lobby လုပ်ရင်လည်း နအဖ ဒီလို လူ့အခွင့်အရေး ချိုးဖေါက်နေလို့ အရေးယူပေးဖို့၊ UN ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ဖြစ်အောင် လုပ်ပေးဖို့ နအဖလုပ်တဲ့အပေါ်မှာပဲ သွားတောင်းဆိုရပါတယ်။ နယ်စပ်အင်အားစုတွေအနေနဲ့လည်း ၉၃ နောက်ပိုင်း ရန်သူထိုးစစ်ဆင်မှ ခံစစ်အနေနဲ့ ပြန်ခံထားရတာကများပြီး မိမိဘက်က ကိုယ်တိုင် တိုက်ပွဲစဖေါ်တာ သိပ်နည်းတာကို တွေ့ရပါတယ်။ ပြည်တွင်းလူထုလှုပ်ရှားမှုမှာတော့ ရွှေဝါရောင် တော်လှန်ရေးအပါအ၀င် တခြား ကျောင်းသားလှုပ်ရှားမှုတွေမှုတချို့ကို မိမိဘက်က ဦးဆောင်ခဲ့တာ တွေ့ရပေမဲ့လည်း တခုလုံးအတိုင်းအတာနဲ့ ပြောင်းလဲမှု ဖြစ်နိုင်တဲ့အဆင့်ထိ မရောက်နိုင်ခဲ့ဘူး။ ရောဂါတခုလုံး ပျောက်ကင်းတာနဲ့ တူတဲ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အဓိက ပြဿနာတခုလုံးကို ဖြေရှင်းဖို့အဆင့်ကို ဒီမိုကရေစီ အင်အားစုတွေ လက်လှမ်းလို့ မမီသေးဘူး။ ဒါကြောင့် တခုလုံးအတိုင်းအတာနဲ့ ကြည့်ရင် Actions တွေ အတော်များများက အာဏာရှင်လုပ်ပြီးသား လုပ်ရပ်အပေါ်မှာသာ မူတည်ပြီး နောက်က လိုက်လုပ်ရတာများလို့ အာဏာရှင်ခင်းတဲ့လမ်းကို လိုက်လျှောက်ရသလို ဖြစ်လာခဲ့ပါတယ်လို့ ကျွန်မ ဆိုလိုခြင်း ဖြစ်တယ်။ အခုချိန်မှာတော့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ကို တလျှောက်လုံးငြင်းလာခဲ့တဲ့ အာဏာရှင်ဘက်က ဒေါ်အောင်ဆန်းစုကြည် ဖေါ်ဆောင်နေတဲ့လမ်းကို လိုက်လျှောက်နေရတဲ့ အခြေအနေမျိုးကို စတင် တွေ့မြင်ရပါပြီ။
ပြီးခဲ့တဲ့လက ကချင်အပါအ၀င် ငြိမ်းချမ်းရေး ယူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ စေ့စပ်ရေး ပျက်သွားပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အချိန်မှာ ဒီပြဿနာ အပါအ၀င် မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို အဆင်ပြေစေဖို့ ဒေါ်အောင်ဆန်းစုကြည်က သူကူညီလို့ရရင် ကူညီပါမယ်လို့ စစ်အုပ်စုနဲ့ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေကို အိတ်ဖွင့်ပေးစာတစောင် ပို့ပြီး စတင် ကမ်းလှမ်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာကို ဦးသိန်းစိန် အစိုးရက စစချင်းဘာမှ မတုန့်ပြန်ခဲ့ပေမဲ့ နယ်စပ်အင်အားစုတွေက RFA တနင်္ဂနွေစကားဝိုင်းကတင့် ကြိုဆိုကြောင်း လက်ခံကြောင်း တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရက ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်တွေ့စေပြီး သွယ်ဝိုက်တဲ့နည်းနဲ့ စတင်တုံ့ပြန်ခဲ့ပါတယ်။ နောက်တော့မှတဆင့် နေပြည်တော်မှာ ကျင်းပတဲ့ စီးပွားရေးနှီးနှောဖလှယ်ပွဲကို ဖိတ်
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်က ကြားခံအနေနဲ့ ဆောင်ရွက်ပေးရင် ၄င်တို့အနေဖြင့် လက်ခံနိုင်ကြောင်း RFA က တနင်္ဂနွေ စကားဝိုင်းတခုမှာ အတိအလင်း ပြောထားပြီး ဖြစ်သလို အခု အာဏပိုင်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း စပြီး စကားစပြောနေကြပြီဖြစ်လို့ ကျွန်မတို့ မျှော်လင့်နေတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို အမှန်တကယ် အကောင်အထည်ဖေါ်လာအောင် တွန်းအားပေးဖို့ပဲ လိုပါတော့တယ်။ အခုလိုအခြေအနေမှာ ဒေါ်အောင်ဆန်းးစုကြည် အသုံးချခံနေရတယ်ပြောသူ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မရိုးသားတော့ဘူး ပြောလာသူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ်က ပယ်လိုက်ပြီလို့ ပြောကြသူနဲ့ပတ်သက်ပြီး လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့် ရှိလို့ ဘာမှ မပြောလိုပေမဲ့ မိသားစုကိုပစ်၊ အခြေအနေအစည်းစိမ်နဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး မြန်မာပြည်အတွက် အနစ်နာခံကာ ပေးဆပ်လာတဲ့ ခေါင်းဆောင်တဦးအပေါ် ဒီမိုကရေစီ လိုလားပါတယ်ဆိုတဲ့ သူတချို့က ဒီလိုအထင်မြင်သေးကာ ပုတ်ခတ်စော်ကား တန်ဖိုးမထား ပြောဆိုကြတာကိုတော့ ကျွန်မ တကယ်ပဲ ၀မ်းနည်းမိပါတယ်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်အစိုးရက တကယ်ပဲ အသုံးချနေတယ်ဆိုရင်တောင်မှ အသုံးချတာမဖြစ်စေဘဲ မှန်ကန်တဲ့တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်လာအောင် ဒီမိုကရေစီလိုလားသူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးဖို့ လိုအပ်ပါတယ်။ အခုတော့ ဒီလို ဖြစ်ရမည့်အစား ခေါင်းဆောင်စာရင်းက ပယ်လိုက်ပြီဆိုတဲ့သူတွေ စေတနာကို စော်ကား ပြောဆိုမှုတွေကို တွေ့ရတော့ အခုတမျိုး တော်ကြာတမျိုး ဒီလောက်ပဲ အပြောင်းအလဲ မြန်တဲ့အပေါ် နားမလည်နိုင်အောင် အံ့သြမိပါတယ်။ အဆိုးဆုံးက အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်လာတဲ့နေ့က ကျွန်မနဲ့ အွန်လိုင်းမှာ တွေ့စဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံလေးကြားချင်လှပြီ မျက်နှာလေးမြင်ချင်လှပြီ စကားသံလေး ကြားချင်လှပြီဆိုပြီး အဖြစ်သည်းနေတဲ့သူနဲ့ ကျွန်မဘလော့ဂ်မှာ မှတ်ချက်သိပ်ရေးလေ့ မရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုတာ ကိုဒီရေက ကျွန်မဘလော့ဂ်မှာ ပို့စ်လာတင်ထားတော့ ၀မ်းသာအားရ ပြေးလာပြီး မှတ်ချက်လာရေးခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို သက်ရှိထဲမှာ အလေးစားဆုံးလို့ ပြောခဲ့ဖူးသူလည်းပါနေလို့ ပိုအံ့သြရတယ်။ အမှန်က အရင်က ဆွေးနွေးဖို့ အမြဲတမ်းငြင်းပယ်နေတဲ့ အစိုးရကို ဒေါ်အောင်ဆန်းစုကြည်က ဆွဲခေါ်လာနိုင်တာ ဖြစ်လို့ ကျွန်မတို့ ဖြစ်ချင်တဲ့ လမ်းကြောင်းအတိုင်း ဖြစ်အောင် ကျွန်မတို့ သူ့ကို အရင်ကထက် ပိုပြီး ၀ိုင်းရံဖို့ မသင့်ဘူးလား။ ဦးသိန်းစိန် အစိုးရက မရိုးသားဘဲ ရှိချင်ရှိမယ် အရာရာကို တိုင်းပြည်အတွက် စွန့်လွှတ်ပြီး မြန်မာပြည်အတွက် ပေးဆပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့မှာ လူထုအတွက်ဆိုတဲ့ ရည်ရွယ်ချက်ကလွဲရင် တခြားဘာမှ မရှိတော့ လူထုကို မရိုးမသားလုပ်စရာဆိုလို့ ရှိနိုင်ပါ့မလား။ ဒေါ်အောင်ဆန်းစုကြည် အခုတွေ့ဆုံနေတာဟာ အရင်ကလို အကျယ်ချုပ်ကနေ နအဖခေါ်တွေ့လို့ ထွက်တွေ့ရတာမျိုးလည်း မဟုတ်၊ သူကိုယ်တိုင် Initiate လုပ်ပြီး အိတ်ဖွင့်ပေးစာနဲ့ ကမ်းလှမ်းလိုက်ပြီး နောက်ပိုင်း တွေ့တာ ဖြစ်လို့ တကယ်လို့ ဦးသိန်းစိန် အစိုးရက မလွဲသာမရှောင်သာဘဲ မရိုးသားနဲ့ တွေ့တယ်ဆိုရင်တောင်မှ မရိုးမသား လုပ်လို့မရနိုင်အောင်ဒေါ်အာင်
ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းက ဗိုလ်ချုပ်ပုံကို သူ့ရုံးခန်းထဲမှာ ချိတ်ထားတော့ တချို့က ဒေါ်အောင်ဆန်းစုကြည်ကို ဖါးပြီးချိတ်တာလို့ ပြောကြတော့ ကျွန်မက ဘာအကြောင်းကြောင့်ပဲ ချိတ်ချိတ် အကြာကြီး လစ်လျူရှုထားခံရပြီး အခုလို ဗိုလ်ချုပ်ပုံကို အစိုးရရုံးခန်းမှာ ပြန်တွေ့ရတာ ၀မ်းသာတယ်လို့ ပြောခဲ့ပါတယ်။ အခုလည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ အာစီယံနေရာအတွက်ပဲ တွေ့တွေ့ ဖိအားကြောင့်ပဲ တွေ့တွေ့၊ တကယ်ငြိမ်းချမ်းစေလိုတဲ့ စေတနာနဲ့ပဲ တွေ့တွေ့ ဘာကြောင့်ပဲတွေ့တွေ့ စကားပြောတယ်ဆိုကတည်းက သူကကျွန်မတို့ လိုချင်တဲ့လမ်းကို စလျှောက်တာပဲ ဖြစ်လို့ တိုင်းပြည်ကို တကယ်ငြိမ်းချမ်းစေချင်သူမှန်သမျှဟာ ဒီအပေါ်မှာ အပြစ်တင်ရှုပ်ချနေမည့်အစား တကယ်ငြိမ်းချမ်းဖို့ အခြေအနေ ဖန်လာအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ၀ိုင်းဝန်းပံ့ပိုးဖို့ တကယ်ပဲ လိုအပ်ပါတယ်လို့ မြင်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အားပေးကြဆိုတဲ့စကားကို ထပ်ခါထပ်ခါ ရေးထားတဲ့ အဘဦးရဲခေါင်ရဲ့ ငါတို့တသက် ယုံကြည်ချက် နိုးဆော်လွှာ ပို့စ်ကိုလည်း ထပ်ဆင့်ညွန်းလိုက်ပါတယ်။
(ဘလော့ဂ်တခုရဲ့ မှတ်ချက်မှာ ရေးခဲ့တဲ့စာသားကို နောက်တော့ ဒီစာသားနဲ့ သက်ဆိုင်သူတွေက အများကြီး ရှိတာကို သတိထားမိလို့ မအားလို့ ပို့စ်အသစ်မတင်ဖြစ်တာလည်း ကြာပြီဆိုတော့ အဲဒီမှာ ဖျက်လိုက်ပြီး အနည်းငယ်ဖြည့်စွက်ကာ ဘလော့ဂ်မှာ သီးသန့်ပို့စ်တခုအဖြစ် ပြန်တင်လိုက်ပါတယ်။)
စာလာဖတ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
ဧရာဝတီကို ဘာကြောင့်များ ဖျက်ဆီးချင်ရတာလဲ
မေခမေလိခမြစ်နှစ်ခုဆုံပြီး ဖြစ်လာတဲ့ ဧရာဝတီဟာ မြစ်ဆုံရေကာတာကြီး ဆောက်ပြီးရင်တော့ အခုပေါ်မှာ ထူးအိမ်သင်နဲ့ ခင်ဝမ်း စပ်ဆိုထားတဲ့ သီချင်းထဲက အလှကျက်သရေ ဂုဏ်ပုဒ်တွေမက ဧရာဝတီနဲ့ ဧရာဝတီကို အမြှီပုနေတဲ့ သက်ရှိသက်မဲ့တွေ ဘယ်လိုပျက်စီးပျောက်ကွယ်သွားမယ်ဆိုတာ တရုတ်နိုင်ငံက မြစ်ဝါမြစ်ကြီး ပျက်စီးသွားပုံနဲ့ ဥပမာပေးပြီး အောက်ကဆောင်းပါးနှစ်ပုဒ်မှာ စာရေးသူ ကိုအောင်ဒင်က အသေးစိတ် သုံးသပ်ဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံက မြစ်ဝါမြစ်တစင်း ပျက်စီးသွားလည်း သူ့နိုင်ငံမှာ မြစ်ဝါမြစ်လို အသုံးဝင်တဲ့ တခြားမြစ်တွေ ရှိသေးလို့ တရုတ်နိုင်ငံကို သိသိသာသာ မထိခိုက်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ဧရာဝတီပျက်စီးရင် ဧရာဝတီမြစ်ထက် ပိုပြီးအသုံးဝင်တဲ့မြစ် မရှိလို့ အဓိက နှလုံးသွေးကြောကို ပိတ်လိုက်တာနဲ့ တူတဲ့အတွက် ဘာတွေ ဖြစ်သွားနိုင်လဲဆိုတာ ဒီဆောင်းပါးနှစ်ပုဒ်ကို ဖတ်ပြီး မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာ ဖြစ်တယ်။ ဧရာဝတီရဲ့ ဂုဏ်ကျက်သရေတွေကို ရှုစားနားထောင် ဖတ်ရှုပြီး ဧရာဝတီကို မပျက်စီးအောင် အားလုံး ၀ိုင်းဝန်း ကာကွယ်နိုင် ကယ်တင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
(၁) ကွယ်လွန်သွားသော မြစ်ကြီးများ
မြစ်ကြီးတစင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ် ခိုလှုံရခြင်းပါ။ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်။ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရ တာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီး တွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ် ဝါမြစ်ကြီး (Yellow River) ပဲ ဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲ တောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။
တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှု တို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အ ကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျို ညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏ ဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီးဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့။
ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ် ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခု အဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများနဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအ ထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်း တွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ။
ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ် နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေ အလုံအလောက်ရပြီး စီးပွား ရေး ပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေနဲ့ အလိုတော်ရိစီးပွားရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီး ကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုးဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ထက် အဆပေါင်းများစွာနိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ။ ဧရာဝတီကို မြစ်ဝါမြစ်လို ဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ၊
(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ
စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကိုဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ။ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကိုတားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်။ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာ တာ (Dam) နဲ့ ဟန့်တား၊ မြစ်ထဲကရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေး မှာကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်။ ဒီမြစ်ဆုံဆည်ကရ မည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ။ ရေကာတာမှာ ရေတံခါးကြီးများရှိ ပါတယ်။ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ် ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ။ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများ ကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ။ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည် စီမံကိန်းတခုရဲ့ ယေဘုယျလုပ်ငန်းစဉ်ပါ။
ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်။ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေ အားလျှပ်စစ် ကီလိုဝတ် ၃ သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့် ထားတာမို့ ဆည်ကြီးရဲ့ အလျားနဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်။ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အ ထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်။ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာအကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်။
ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ။ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက် သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများ အမွန်အမြတ် တန်ဘိုး ထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဖွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ။ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ။
(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ
ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်။
(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေ ကို ပိတ်ဆို့ဟန့်တားပြီး နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ။ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ။ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီး ဆင်းနိုင်မှာပါ။
(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ။ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်။ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာ မဟုတ်ပါ။
(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်။ ဒါပေမည့် ရေတွေက ညစ် ပတ်ပြီး မသန့်ရှင်းတော့ပါ။
(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့ အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန်တွေအတွက် ရောဂါဘယတွေ ရစေပါတယ်။ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွားများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန် တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ။ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက် မှာမဟုတ်တော့ပါ။ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်။
(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်း သွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်။ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင် သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။
(ဆ) မြစ်ရေပမာဏနဲ့ ရေစီးကို ဆည်ကြီးက ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေများနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ။ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ် သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေများ မိုးရာသီက လွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာ မဟုတ်တော့ပါ။
(ဈ) ရေစီးနှေးပြီး ရေပမာဏနဲသွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက် တောတွေ ပျက်စီးကုန်ပါလိမ့်မယ်။ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ် လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများလာပါလိမ့်မယ်။ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့် မယ်။
(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာ ထတ် အဆမတန်ပိုများလာတတ်ပါတယ်။ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည် ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်။ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်။ မြစ်ထဲမှာလဲ ကမ်းပြို ထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ။
(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊ နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ။ အဲဒီအ ချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီး ဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်။ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့် အ ချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွားကို အကြီးအ ကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်။
အထက်မှာတင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါးသစ်ပင်များ၊ ပန်းများ၊ ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ် ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာကို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အ သက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ။ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ်ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာ ဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်။ တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန် မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်။ တကယ်တော့ သူတို့တွေလဲ မျိုးရိုးစဉ်ဆက် ဧရာဝတီနဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ။ ဧရာဝတီဟာ ကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်။ ဧရာဝတီရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်။
(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြတာကတော့ “ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ပပျောက်ရေး” ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအ ကျယ်ပြုလုပ်နေကြတာပါ။ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ ခုနှစ် မေ လ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေး ပွဲ” မှာ “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ” ဆိုတဲ့ စာတမ်းတစောင်တင်သွင်း ခဲ့ပါတယ်။ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံ ရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်။
သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာ ကဏ္ဍကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုး ထုတ် လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အ ထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဍ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ် သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေကို ပြင် ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်။ အခြား စီးပွားရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေး ကြပါတယ်။ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ။
ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာ ကဏ္ဍကို မြှင့်တင်ရမယ်။ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်။ လယ်သမားတွေ အတွက်အကျိုး စီးပွားတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်။ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ။ ကျနော်က ဆရာ ဦးမြင့်လို စီးပွားရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ် တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်း ကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်။ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်။
မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်။ အဲဒီ ဆွေးနွေးပွဲကို ဒေါ် အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်။ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီမြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။
(၅) တာဝန်သိသူများက ပြောနေကြပြီ
တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံတွင်းက လစဉ် ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုးကြီးမားမှုနဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီး အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်း ဆရာတွေက အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြဆွေးနွေးနေကြပါပြီ၊ စာ မဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင်တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည်နေကြပါပြီ၊ တချို့ စာရေး ဆရာတွေက စာပေဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီမြစ်ကြီး ရဲ့ အတိဒုက္ခတွေအကြောင်း ရဲရဲတင်းတင်းဟော ပြောနေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုကို ကျေးဇူးတင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ်ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်မိပါရဲ့။
အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်။ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ။ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာ ပေဟောပြောပွဲတခုမှာ ပြောခဲ့တာလို့ သိရပါတယ်။ အဲဒီဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီးအ ကြောင်း ကဗျာနှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။
ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာ တပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က “အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ” တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ။ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်။
“အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ”
မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။
သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊
ကမ္ဘာတည်သရွေ့
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။
ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” လို့ ရဲရဲဝင့် ဝင့် တင်စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ ကဗျာဆရာက ဆက်ပြောပြပါတယ်။ ရသစာပေ တခုရဲ့ တန်ဘိုးကို အ ချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ်ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်း တယ်လို့ မခေါ်နိုင်ဘူးတဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်။ “ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး” တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလားလို့ သူ သံသယဖြစ်မိရပါတယ်… တဲ့၊
ကဗျာဆရာက ဆက်ပြောပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်။ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က “မြစ်ကော” တဲ့။
“မြစ်ကော”
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။
ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝအရင်းအမြစ်တွေ ကို မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ အရှင်သခင် တရုတ်အစိုးရထံ ပဏ္ဍာဆက်သ လာဘ်ထိုးပသနေခဲ့တာ ကုန် သလောက်ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြားမြစ်ကြီးတွေကိုပါ မြန်မာ စစ်ခေါင်းဆောင်တွေက တရုတ်အစိုးရထံ လက်ညှိုးထိုး ရောင်းစားလိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က “ကိုယ့် သွေးကို ကိုယ်ပြန်သောက်ပြီလား” လို့ နာနာကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင်လုပ်တာဟာ မြန်မာနိုင်ငံ ပျက်သုံးအောင်လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက်တာပါ။ ဆရာမောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီးဘက်က အမှန်တရား ကို ရဲရဲဝံ့ဝံ့ပြောရဲသူတွေ ပို၍ပို၍များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသား ကြားကြပြီး အမှားပြင်နိုင်ကြပါစေ။
(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html နားထောင်နိုင်ပါတယ်။)
(၆) မြစ်ကြီးနား၊ ငလျင်နဲ့ စက္ကန့် ၂၀
ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ “ဧရာဝတီကို ကယ်တင်ကြစို့” စာတမ်းမှာ “မြစ်ဆုံဆည်ဟာ စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ် မြုတ်သွားနိုင်တယ်” လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်။ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန် လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာတွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်။ “ဒီလို ဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်” လို့ စာရေးဆရာက ဆိုပါတယ်။ တ ယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်။ နဲနဲပိုရေးမိသွားတာများလား” လို့ ဖြေပါတယ်။ တယောက်က ကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈ မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ ဆကျော်မြန်နေပြီ” လို့ ထောက်ပြပြန် ပါတယ်။ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင်တရနေကြပြန်ပါတယ်။ ကျနော်ကတော့ အံ့ဩမိပါတယ်။ စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂ နာရီ၊ နာရီ ၂၀ ဆိုတာက အဓိက မဟုတ်ပါ။ ငလျင်ဒဏ် ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ်လို့ ကျနော့် စာတမ်းတခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ် ဆွေးနွေးနေမည့်အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန်ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ။
ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်။ မိုးအကြီးအကျယ်အဆက် မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအား ဒဏ်မခံနိုင်ပဲ ဆည်ကျိုးတတ်ပါတယ်။ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်း ထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်။ နောက်တကြောင်းက တော့ တရုတ်ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ။ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီးတွေ ပြိုလဲတော့ အဆောက်အအုံ ၆ သန်းကျော် ပျက်ဆီး၊ လူ ၁၁ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရပါတယ်။
Floodwaters overrunning the Washawng Dam in Burma in may 2006 shortly before it broke. (Photo: KDNG)
ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့နဲ့ ငလျင်လှုပ်လို့ စတဲ့ အ ကြောင်းသုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊ နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင် တဲ့ ကိစ္စပါ။ ကျိန်ခရန်ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂ နာရီမှာ ဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနား မြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲမျောပါပျက်စီးသွားမှာပါ။
DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂ မှာ ဟောဒီလို ရေးထားပါတယ်။ “တကယ်လို့ များ ကမ္ဘာမြေကြီးက ရွေ့လျားပြီး (မြစ်ဆုံ) ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တသိန်းခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ ကျော် နေထိုင်နေသူ ဖြစ်ပါတယ်။ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေရိကန် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ်ပါတယ်။
(၇) အမျိုးသားရေးလှုပ်ရှားမှု
ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံတကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြု နေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်။ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ် အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်။ ပြီးတော့လဲ ပြည်တွင်းမှာ ပြည်သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို “ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့”၊ “အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့”၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေး နိုင်ကြမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည် စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်။
ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသရွေ့ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ချမှုကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ် သစ္စာခံပြီး တရုတ်လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသားအချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိ နှိုင်း ဖြေရှင်းကြရင် တရုတ်အပါအဝင် ဘယ် နိုင်ငံခြားအစိုးရကိုမှ ကြောက်မနေရဘဲ ဂုဏ်သိက္ခာရှိရှိ၊ “ကမ္ဘာတည်သရွေ့၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး” ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင်လာစေနိုင်မှာဖြစ်ကြောင်းပါ။
လေးစားစွာ
အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁








