မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label မွေးနေ့ဆုတောင်း. Show all posts
Showing posts with label မွေးနေ့ဆုတောင်း. Show all posts

ကိုမင်းကိုနိုင် သက်တော်ရာကျော်ရှည်ပါစေ


ကိုမင်းကိုနိုင်ရဲ့ ရွှေရတုမွေးနေ့ကို လွန်ခဲ့တဲ့ ၂၄ နှစ်က သူကိုယ်တိုင် စပ်ခဲ့တဲ့ ကျွန်မ အကြိုက်ဆုံး ကဗျာလေးကို ပြန်ဖေါ်ပြပြီး ဂုဏ်ပြုလိုက်ပါတယ်။ မင်းကိုနိုင်ဆိုတဲ့ နာမည်ကို ကျွန်မ စကြားဖူး တွေ့ဖူးခဲ့တာကတော့ ၈၈ အရေးတော်ပုံမတိုင်ခင် ရက်ပိုင်းမှာပါ။ ("ခွေးအိုဆင်းလို့ ခွေးရူးတက် မြန်မာနိုင်ငံပျက်” ဆိုတဲ့ ခေါင်းစဉ်ပါ ကိုမင်းကိုနိုင် လက်ရေးမူနဲ့ ကော်ပီဆွဲထားတဲ့ ဗကသများ အဖွဲ့ချုပ်က လှုံ့ဆော်စာတစောင်ကို ကျွန်မတို့ အတန်းက ယောက်ျားလေးတွေကြားထဲမှာ ရှစ်ရက်နေ့ မတိုင်ခင် နေ့ရက်တွေကတည်းက ရောက်နေရာကနေ ကျွန်မတို့ မိန်းကလေးတွေ ဆီအထိ ပြန့်နှံ့လာခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ၆၂ အာဏာသိမ်းတဲ့နေ့ ကနေ ၈၈ တံတားနီအရေးခင်းကို နှိမ်နင်းရာမှာ ကျောင်းသူတွေကို စိန်လွင်လက်ပါးစေတွေက အင်းယားကန်မှာ ရေနစ်သတ်တာ၊ အချုပ်ခန်းအတွင်း မုဒိန်းကျင့်ခံခဲ့ရတာတွေနဲ့၊ အခုချိန်မှာ မဆလကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာအထိ မဆလ တပါတီအာဏာရှင်တွေရဲ့ စံပြလုပ်ရပ်တွေနဲ့ ဖုံးကွယ်ထားတဲ့ သမိုင်းအမှန်တွေကို ဖေါ်ပြထားပါတယ်။ စာရဲ့ အဆုံးပိုင်းမှာတော့ ဒီမကောင်းတဲ့ မိစ္ဆာအယုတ်မာတွေကို ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ဟာ ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ ဆိုတဲ့အကြောင်း၊ ခေတ်အဆက်ဆက်မှာ စနစ်တခုကို ပြောင်းချင်ရင် ကျောင်းသားတွေကပဲ အနှစ်နာခံပြီး ရှေ့ကအသေခံ ဦးဆောင်ခဲ့လို့သာ ပြောင်းခဲ့ကြောင်း ဒါကြောင့်မို့ ၈.၈.၈၈ မှာ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူကျောင်းသားများ အားလုံးလမ်းမပေါ်ထွက် ဆန္ဒပြပြီး ပြည်သူတွေကို ရှေ့ကလမ်းပြဖို့ ရေးထားပါတယ်။

ဒီစာကို ဖတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ကိုယ်ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို အခုမှ သိရတာကို ယူကျုံးမရ ခံစားရပြီး ကျွန်မတို့ အထက်တန်း ကျောင်းသားတွေကြားမှာ အစိုးရကို မုန်းတီးရွံရှာတဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့ပါတယ်။ ဒီစာကို ဖတ်ပြီးနောက်ပိုင်း ကျွန်မတို့ ကျောင်းသားတွေ မလုပ်ရင်တော့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ တကယ်ပဲ ယုံကြည်သွားခဲ့ပါတယ်) 

 စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပို့စ်ထဲက ပြန်ကူးထားတဲ့ စာပိုဒ်ပါ။ အဲဒီစာကြောင့်ပဲ အစိုးရကို ဘယ်တော့မှ ဆန့်ကျင်ရကောင်းမှန်းမသိခဲ့တဲ့ ကျွန်မဟာ အတွေးအခေါ် အယူဆတွေလည်း လုံးဝပြောင်းလဲသွားပြီး အစိုးရကို ဆန့်ကျင်တဲ့ ဒီအရေးတော်ပုံကြီးမှာ ပါဝင်လာခဲ့ရာကနေ ဘ၀တဆစ်ချိုးကို ဖြစ်စေခဲ့ပါတယ်။ အဲဒီစာကြောင့်ပဲ ကျွန်မတို့ မြို့က အထက်တန်းကျောင်းလေးမှာ ရှစ်လေးလုံး အရေးတော်ပုံကို စတင်ခဲ့ပြီး ကျွန်မတို့တမြို့နယ်လုံး ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီတုန်းက အကြောင်း အသေးစိတ်ကိုတော့ အပေါ်မှာ ညွန်းထားတဲ့ စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပို့စ်ထဲမှာ ရေးထားတာ ရှိပါတယ်။ အခုပြန်ဖေါ်ပြတဲ့ အောက်က ကဗျာကိုတော့ ၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တောတွင်းကို ရောက်မှ ဖတ်ဖူးတဲ့ ကဗျာပါ။ ကျွန်မရဲ့ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ်ဆိုတဲ့ အသိတရားကို ကိုမင်းကိုနိုင်ရေးတဲ့စာကို ဖတ်ပြီး စတင်သိရသလို အာဏာရှင်ကို တော်လှန်တဲ့စိတ် ဆက်လက်ရှင်သန်ဖို့အတွက်ကိုလည်း ကိုမင်းကိုနိုင်ရေးတဲ့ ဒီကဗျာလေးကပဲ ကျွန်မကို ပေးခဲ့ ပေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုမင်းကိုနိုင်ရဲ့ အရင်နှစ်မွေးနေ့တွေကိုလည်း ဒီကဗျာလေးနဲ့ ဂုဏ်ပြုခဲ့သလို အခုဒီနေ့ကျရောက်တဲ့ ရွှေရတုမွေးနေ့ကိုလည်း ဒီကဗျာလေးနဲ့ပဲ ဂုဏ်ပြုလိုက်ပါတယ်။ ကိုမင်းကိုနိုင် မွေးနေ့အနှစ်တရာတိုင်ပါစေ..

သစ္စာ
 
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ၀ိညာဉ် ပူးကပ်ဝင်၍
ကျွနိုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ် ပေးကြပါလေ။

မပြီးပြတ်သေးလေသာ တော်လှန်ရေးအတွက်
ကျွနိုပ် အသက်လမ်းတ၀က်မှ ပေးဆက်ရလည်း
လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ် ကျွေပြွန် မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွနိုပ် ၀ိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွနိုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ။

(မင်းကိုနိုင်)

ကိုမင်းကိုနိုင် ကျန်းမာရွှင်လန်း ချမ်းမြေ့စွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ။ မပြီးပြတ်သေးသော ဒီမိုကရေစီ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက် ဦးဆောင်နိုင်ပါစေ...

ကိုမင်းကိုနိုင် ၄၈ နှစ်မြောက်မွေးနေ့ အထိမ်းမှတ် တင်ခဲ့တဲ့ကဗျာကို ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။

စာဖတ်သူများအာလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
 

မွေးနေ့ မင်္ဂလာ အနှစ်တရာ တိုင်စေသော်

တကယ်တော့ သူကသာ ဟိုနေ့က ပြောတဲ့ "ကြာသပတေးနေ့ကျရင် အလုပ်မှာ ခွင့်ယူလိုက်ရင် ကောင်းမယ်ထင်တယ်" လို့ မပြောခဲ့ရင် ဒီနှစ်ကျရောက်တဲ့ သူ့မွေးနေ့ကို သတိထားမိလိုက်မှာ မဟုတ်ဘဲ အမှတ်တမဲ့နဲ့ ဖြတ်သွားပြီး ရက်ကျော်မှ သတိထားမိမလား မသိဘူး။ ဒီလိုဖြစ်လာဖူးတဲ့ နှစ်တွေကလည်း အများကြီးရှိခဲ့ပါတယ်။ မသိတဲ့သူတယောက်အနေနဲ့ ကျွန်မ ဒီလိုပြောလိုက်တဲ့အပေါ်မှာ ကိုယ့်ယောက်ျား မွေးနေ့ကိုတောင် အလေးအနက်မထားထားဘူးဆိုပြီး အပြစ်တင်စရာ အဖြစ် မြင်နိုင်ပေမဲ့ သူကိုယ်တိုင်ကလည်း ကျွန်မမွေးနေ့နဲ့ ပတ်သက်ပြီး ဒီလိုပဲ မသိလိုက်တဲ့ နှစ်တွေ အများကြီးရှိခဲ့တယ်ဆိုတော့ ကျွန်မတို့နှစ်ယောက်ကြားမှာ ဒီအတွက်နဲ့ တယောက်ကိုတယောက် အပြစ်တင်စရာ မရှိတာတော့ အမှန်ပဲ။ အမှန်က ဒီလိုဖြစ်ရတာ တယောက်ကိုတယောက် အလေးအနက်မထားလို့လည်း မဟုတ်ပါဘူး။ ဂရုမစိုက်လို့လည်း မဟုတ်ပါဘူး။ အဓိက ကတော့ ကျွန်မတို့နှစ်ယောက်စလုံးက မွေးနေ့နဲ့ပတ်သက်ပြီး အလေးအနက်မထားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့လို့ ဒီယဉ်ကျေးမှုက ကျွန်မတို့ကို လွှမ်းမိုးလာခဲ့လို့ ဖြစ်ဖို့များပါတယ်။

ကျွန်မဟာ တကယ်ပဲ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့တခုကိုပဲ ကောင်းကောင်းသိပြီး ကျွန်မ ကိုယ်တိုင်ရဲ့ မွေးနေ့ကိုတောင် အမေပြောပြထားလို့ မြန်မာသက္ကရာဇ်နဲ့ပဲ ကောင်းကောင်းသိပါတယ်။ ခရစ်သက္ကရာဇ်နဲ့ မွေးနေ့ကို တော်တော်ကြီးမှ သိတဲ့အပြင် တခြား ဘယ်သူ့မွေးနေ့ကိုမှ ထူးထူးခြားခြား မှတ်မိတတ်သူလည်း မဟုတ်ဘူး။ ကျွန်မဟာ စာတခုဖတ်ပြီး ဖြစ်စေ၊ ဟောပြောတာ တခုခုကို နားထောင်ပြီးဖြစ်စေ အကြောင်းအရာနဲ့ ပတ်သက်ရင် ခရေစေ့အတွင်းကျ တခုမကျန် အကုန် မှတ်မိတတ်ပေမဲ့ နာမည်တွေ၊ ခုနှစ်တွေ၊ နံပါတ်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်မ ဦးနှောက်ဟာ တော်တော်လေး မှတ်ဥာဏ်နည်းပြီး သီခြား အားထုတ်ပြီး မမှတ်ထားရင် ဘာမှမမှတ်မိတတ်ဘူး။ အလားတူပဲ မွေးနေ့နဲ့ ပတ်သက်ပြီး အခုထိ ကျွန်မ ကောင်းကောင်း မှတ်မိပြီး အမှတ်တရ ဖြစ်နေတဲ့ မွေးနေ့ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ သားမွေးနေ့ ဒီသုံးယောက်ရဲ့ မွေးနေ့ပဲ ရှိပါတယ်။ ကျွန်မ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်က လူတွေဟာ နောက်လ ဘယ်နေ့ကျရင်တော့ ဘယ်သူဆုံးတာ ဘယ်နှစ်နှစ်ပြည့်ပြီဆိုတာမျိုး ပြောပြီး သက်ရှိထင်ရှား ရှိနေတဲ့သူတွေရဲ့ မွေးနေ့ထက် မရှိတော့တဲ့သူတွေရဲ့ သေဆုံးတဲ့နေ့ကိုပဲ မှတ်မိနေတတ်ပါတယ်။ ဒါကြောင့်မို့ သေဆုံးသူအတွက် ဘယ်နှစ်နှစ်ပတ်လည် ပရိတ်တရားနာဆွမ်းကျွေး အထိမ်းအမှတ်ဆိုတာသာ မကြာခဏ ရှိတတ်ပြီး မွေးနေ့မင်္ဂလာ အထိမ်းအမှတ်ဆိုတာကတော့ ကျွန်မ ငယ်ငယ်က ကြီးပြင်းတဲ့ ပတ်ဝန်းကျင်မှာ မရှိသလောက်ကို ရှားပါတယ်။

ကျွန်မတို့ နယ်မှာ မင်္ဂလာတွေနဲ့ ပတ်သက်ရင်လည်း ကိုယ်ဝန်ဆောင်တွေက မွေးရက်နီးရင် ကျင်းပတဲ့ ခေါင်းဆေးမင်္ဂလာ၊ ကလေးမွေးပြီး ကလေးကင်မွန်းတပ်မင်္ဂလာ၊ အိမ်တက်မင်္ဂလာ၊ ရှင်ပြုမင်္ဂလာ၊ ထိမ်းမြားမင်္ဂလာ စသည်ဖြင့် အထိမ်းအမှတ် မင်္ဂလာတွေ ပေါများသလောက် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်ဆိုပြီး တကူးတက ကျင်းပတာကိုတော့ ကျွန်မ သိရသလောက် ထွက်လာတဲ့အချိန် ၁၉၈၈ အထိ တခါမှ မကြုံဖူး မကြားဖူးတာတော့ အမှန်ပဲ။ အခုနောက်ပိုင်းတော့ တချို့တွေ ကျင်းပတယ်လို့ ကြားသိရပါတယ်။ မွေးနေ့ကို အလေးမထားတဲ့ အလေ့အထက ကျွန်မမှာ အခုထိ ကိန်းအောင်းနေပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်အထိ ကိုယ့်မွေးနေ့ကိုယ်တောင် အမှတ်တမဲ့နဲ့ ဖြတ်သွားတဲ့နှစ်တွေက ပိုများပါတယ်။ သူ့မွေးနေ့က ဒီဇင်ဘာမှာဆိုတာ ကျွန်မသိပေမဲ့ ဘယ်နေ့ဆိုတာကို တိတိကျကျ တခါမှ မမှတ်ထားလို့ နှစ်တိုင်း ပြန်ပြန်မေးရပါတယ်။ အခုတော့ သူ့မွေးနေ့ကို နောက်နှစ်တွေကျရင် မေးစရာလည်းမလို၊ အမှတ်တမဲ့ ဖြတ်သွားတာမျိုးလည်း မဖြစ်အောင် ဒီနေ့ကစပြီး ဘယ်တော့မှ မမေ့အောင် မှတ်ထားလိုက်တော့မယ်။

လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ခန့်က သူ့မွေးနေ့တနေ့က အဖြစ်အပျက်တခုကို ကျွန်မ မှတ်မိနေပါတယ်။ အဲဒီနေ့က ကျွန်မက သူ့မွေးနေ့မှန်းလည်း မသိခဲ့တော့ အမှတ်တမဲ့ပဲ နေခဲ့ပါတယ်။ အဲဒီညက ကျွန်မက သားကို သိပ်ပြီးအိမ်ခန်းထဲကနေ အပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ သူ့ကို တယောက်တည်း ဘီယာထိုင် သောက်နေတာကို တွေ့တယ်။ အရက်သေစာကို လုံးဝအနံ့မခံနိုင်တဲ့ ကျွန်မက သူသောက်တိုင်း အမြဲတမ်း အပြစ်တင်တတ်ပြီး အဲဒီနေ့ကလည်း ချည်စုပ်စုပ်အနံ့ကို မခံနိုင်လို့ နှာခေါင်းရှုံ့ပြီး အပြစ်တင်ဖို့ စဉ်းစားနေတုန်းပဲ ရှိသေးတယ် သူက ဒီနေ့ သူ့မွေးနေ့ဆိုတာ ပြောပြလိုက်လို့ သူ့မွေးနေ့မှန်း သိခဲ့ရတယ်။ အဲဒီနေ့က တနေ့တည်းမှာပဲ ဆေးရုံက ကျွန်မလုပ်တဲ့ Ward မှာ Staff တယောက်ရဲ့ မွေးနေ့ဖြစ်ပြီး ကျွန်မတို့ တခြား Staff တွေက မွေးနေ့ရှင်မသိအောင် ပိုက်ဆံ အနည်းငယ်စီ ၀ိုင်းထည့်ပြီး လက်ဆောင်ပစ္စည်းနဲ့ ကိတ်မုန့်ကို ၀ယ်ကာ မွေးနေ့ရှင်ကို ရုတ်တရက် လက်ဆောင်သွားပေးပြီး Happy Birthday to you လို့ ၀ိုင်းဆိုပြီး ဆုတောင်းပေးကြတယ်။ ဒီတော့ မွေးနေ့ရှင်က အံ့သြ၀မ်းသာပြီး ကျေးဇူးတင်စကားဆိုတယ်၊ လက်ဆောင်ထုပ်ကို ဘာများပါလိမ့်ဆိုတာ သိလိုဇောနဲ့ မွေးနေ့ရှင်က ဖြည်ကြည့်နေတာကို ကြည့်ပြီး အားလုံးက ပျော်နေကြတယ်။ မွေးနေ့ရှင်လည်း တော်တော်ပျော်ခဲ့ပါတယ်။

အလုပ်က လုပ်ဖေါ်ကိုင်ဖက်တယောက်ရဲ့ မွေးနေ့အတွက် ဒီလိုပျော်အောင် လုပ်ပေးရာမှာ ပါခဲ့ပေမဲ့ အိမ်က ခင်ပွန်းရဲ့ မွေးနေ့ကိုတော့ သိတောင် မသိလိုက်လေခြင်းဆိုပြီး ကျွန်မ အဲဒီအချိန်က သူ့အတွက် တကယ်ပဲ စိတ်မကောင်း ဖြစ်သွားတယ်။ ဒါကြောင့် အဲဒီနေ့က သူသောက်တာနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှအပြစ်မတင်တော့ဘဲ စောစောက ပြောတာမဟုတ်ဘူး ပြောရင် တခုခုလုပ်ပေးတာပေါ့လို့ပဲ ပြောဖြစ်ခဲ့တယ်။ ဒီအပြောတခုနဲ့ ဘီယာသောက်တာကို ဆက်လက်အပြစ်မတင်တာကပဲ အဲဒီနှစ်က ကျွန်မရဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ဖြစ်သွားခဲ့ပါတယ်။ အမှန်က သူပြောနေစရာ မလိုဘဲနဲ့ ကျွန်မ သိသင့်တာပေါ့။ အဲဒီနောက်ပိုင်းတော့ ဒီဇင်ဘာလထဲရောက်လာရင် မွေးနေ့ဘယ်နေ့လဲဆိုတာ အမြဲမေးပြီး အိမ်မှာ တခုခု လုပ်စား၊ ဘုရားရှိခိုးဆုတောင်းပေးတယ်၊ မြန်မာပြည် (သို့) လိုအပ်နေတဲ့နေရာ တခုခုမှာ ကုသိုလ်အဖြစ်လှူပေးတာမျိုး လုပ်ပေးလေ့ ရှိပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ပြီး မွေးနေ့ပါတီတော့ တခါမှ မလုပ်ပေးဖြစ်ဘူး အကြောင်းကတော့ ဒီနိုင်ငံမှာ မွေးနေ့ဆိုရင် အရက်သေစာတွေက အမြဲတမ်းဒွန်တွဲပြီး ပါလာစမြဲမို့ မွေးနေ့ မင်္ဂလာအချိန်အခါမှာ ကုသိုလ်ထက် အကုသိုလ် ပိုများနေတာကို အားမပေးချင်လို့ပါ။ ပြီးခဲ့တဲ့နှစ် သူ့မွေးနေ့ဟာ ကားတိုက်မှုတခုကို ဖြစ်ခဲ့ပြီး တကယ်ပဲ အမင်္ဂလာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုဒီနှစ်မွေးနေ့ကတော့ အကုသိုလ်အပေါင်း အမင်္ဂလာအပေါင်းကို အဆုံးသတ်တဲ့နေ့ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

မွေးနေ့ဆိုတာ လူတယောက်ရဲ့ တသက်မှာ တနေ့တည်းသာ ရှိတဲ့အတွက် အမှတ်တမဲ့ ဖြတ်သွားတာမျိုး အလေးအနက်မထားတာမျိုး မဖြစ်သင့်သလို မင်္ဂလာရှိတဲ့ နေ့ရက်ကို အကုသိုလ် ဖြစ်စေတဲ့ အရက်သေစာတွေနဲ့ မဖြတ်သန်းသင့်တာလည်း အမှန်ပဲ။ ဒီနှစ် မွေးနေ့ကစပြီး မင်္ဂလာရှိသော မွေးနေ့ဖြစ်ပြီး ဘ၀မှာ ရင်ဆိုင်လာရတဲ့ အခက်အခဲနဲ့ လောကဓံတရား မှန်သမျှကို ခံနိုင်ရည်ရှိပြီး အလိုရှိအပ်တောင်းတပ်အပ် ရည်မှန်းအပ်သော ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝအောင်မြင်ပြီး မကောင်းမှုတွေကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ ရှောင်နိုင်ပါစေ။ မွေးနေ့အနှစ်တရာတိုင်အောင် ကျန်းမာ၊ ချမ်းသာ အကုသိုလ်ကင်းစွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ မာကြာခင် မိနှစ်ပိုင်းအတွင်း ကျရောက်လာမည့် မွေးနေ့ရှင်အတွက် ဆုတောင်းပေးလိုက်ပါတယ်။

မွေးနေ့မင်္ဂလာ အနှစ်တရာ တိုင်စေသော်

ချစ်ခြင်းမေတ္တာနှင့် အကြင်နာတရား ပြည့်ဝစွာဖြင့်

၁၂ နှစ်မြောက် သားမွေးနေ့နှင့် ၁၀ ကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲ




ဒီနှစ် သားရဲ့ ၁၂ နှစ်မြောက်မွေးနေ့ 24/7/11 မှာ သာသနာ့ဓဇ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းရဲ့ ၁၀ ကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်ပွဲ ကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် သားအသက် ၁၂ နှစ်တိတိ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် သံဃာတော်အတွက် ၀ါဆို သင်္ကန်းတစုံ ကပ်ပေးပြီး ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ကြွရောက်လာကြသူတွေအတွက် ကလေးလူကြီး ဘယ်သူမဆို ကြိုက်တဲ့ ပီဇာကို လှူပေးလိုက်ပါတယ်။ ညဘက် သူ့ကိုမွေးတဲ့ ထိုင်းစံတော်ချိန် 7:13 မိနှစ်မှာတော့ ဘုရားဝတ်ပြုပြီး ဘုရားကို ပန်း၊ သက်စေ့ဆီမီးနဲ့ ရေချမ်းကပ်ကာ ဘုရားတရားသံဃာ ဂုဏ်တော်တွေ၊ ၂၄ပစ္စည်းပဌာန်းအတိုနဲ့ အခု ဆိုက်ဘားက C-Box အပေါ်နဲ့ အောက်ကို ညှပ်ထားတဲ့ပို့စ် မကြာသေးခင်ကမှ သင်ပေးခဲ့တဲ့ မေတ္တာပို့ဘုရားရှိခိုးကို ရွတ်ဆိုစေပါတယ်။


အကျွေးအမွေးအလှူရှင်များနှင့် အစားအသောက် အမျိုးအစားများ


(၁) ကိုခိုင်ကိုဦး၊ မထိုက်စုထွေး မိသားစု-------------------------မုန့်ဟင်းခါးနှင့် ပဲကြော်
(၂) ဦးအုန်းမြင့်၊ ဒေါ်သန်း-------------------------------------ငပိနှင့် တို့စရာ
(၃) ကိုကျော်ဦး၊ မသန္ဒ္ဒာ -------------------------------------ငါးကြော်
(၄) ဒေါ်ရွှေကြည် မိသားစု -----------------------------------၀က်သားနှင့် ကျန်မဆိုင်
(၅) ကိုဌေးဝင်း၊ မသဲသဲ မိသားစု ------------------------------ပုဇွန်ကြော်
(၆) ကိုရောနီ၊ မတင့်တင့်သူ ----------------------------------ကုလားပဲနှပ်
(၇) ဦးမန်းရွှေကျော်၊ ဒေါ်မိုးမိုး--------------------------------- ပုဇွန်မုံလာဟင်း
(၈) ကိုဇော်ဝင်းထွဋ်၊ မမေစန္ဒာဝင်း မိသားစု--------------------- ၀က်သားဟင်း
(၉) ကိုလူအေး၊ မခင်မာဦး------------------------------------ အသီးစုံ
(၁၀) ဦးသိန်းဟန်၊ ဒေါ်မြင့်သိန်း မိသားစု------------------------ဘဲသားဟင်း
(၁၁) ကိုအောင်ဆန်းမိုး မိသားစု ------------------------------ ကြားသားဟင်း၊ ငါးဟင်း
(၁၂) ကိုတင့်အောင်၊ မစန်းစန်းမြင့် မိသားစု--------------------- အမဲသားဟင်း
(၁၃) ဦးစိုးဝင်း မိသားစု---------------------------------------ပဲထမင်းနှင့် ဆိတ်သား
(၁၄) မနီလာ----------------------------------------------- ၀က်ခြေတောက်ဟင်း
(၁၅) ကိုကြည်ဝေ၊ မရူပါ-----------------------မုံလာဥပိုးတီသနပ် (အသက်သတ်လွတ)်
(၁၆) ကိုထင်အောင်မိုး၊ မမိငယ်-------------------------အစိမ်းကြော် (အသက်သတ်လွတ်)
(၁၇) ကိုမျိုးဇော်ဦး၊ မရွှေရီဝင်း---------------------------------ငါးဆုပ်ဟင်း အသီးစုံ
(၁၈) ကိုမြင့်ဦး၊ မမြမြ၀င်း မိသားစု------------------------------အအေး
(၁၉) ကိုတင်ဌေး၊ မယုရှိန် မိသားစု -----------------------------မုန့်အချို
(၂၀) ကိုရဲအောင်၊ မသင်းသင်းဟန် မိသားစု----------------------ပူတင်း၊ ကျောက်ချော
(၂၁) မောင်တိုးနန္ဒဦး (12 နှစ် ပြည့်မွေးနေ့ အထိမ်အမှတ်)------ပီဇာ (Pizza)
လွန်ခဲ့သည့် ၁၂ နှစ်နှစ်က သားကိုမွေးတဲ့ ညမှာ ကျွန်မ သူ့ကို မတွေ့ရဘဲ ထိုင်းစံတော်ချိန်နဲ့၂၅ ရက်နေ့ မနက် ၉ နာရီခွဲ ဆရာဝန် Round လှည့်တဲ့အချိန်မှာမှ သားမျက်နှာကို မြင်ခွင့်ရပါတယ်။ သူ့ကိုမွေးတေ့ ဗိုက်ခွဲမွေးရတဲ့အတွက် မွေးတဲ့ညမှာ ကျွန်မ ဘာမှ သတိမရ၊ သားကိုလည်း မမြင်တွေ့ခဲ့ရတဲ့အတွက် မွေးတဲ့နေ့ ၂၄ ရက်နေ့ညထက် သားမျက်နှာကို ပထမဦးဆုံး မြင်တွေ့ခဲ့ရတဲ့နေ့ ၂၅ ရက်နေ့က ကျွန်မကို အမှတ်တရ ပိုဖြစ်စေပါတယ်။ သားမွေးနေ့ အတွေ့အကြုံဆောင်းပါးလေးကိုတော့ အနက်ဖြန်အားတဲ့အချိန်မှ ဖြည့်ရေးဖို့ ရှိပါတယ်။ အခုတော့ ဓါတ်ပုံတွေပဲ အရင်တင်လိုက်ပါတယ်။


ကျောင်းထိုင်ဆရာတော်မှ မြတ်သောအလှူ တရားဟောနေစဉ်
တရားနာ ပရိတ်သတ်များနဲ့ အတူ တရားနာစဉ်

တရားနာပြီး သင်္ကန်းကပ်ရန် စောင့်နေစဉ်

သင်္ကန်းကပ်နေစဥင်္


ညနေဘက်အိမ်က ဘုရားမှာ ပန်း၊ သက်စေ့ဆီမီးနှင့် ရေချမ်း ကပ်ရန် ပြင်ဆင်နေစဉ်


ဘုရားရှိခိုးနေစဉ်


ဘုရားမှာ ကပ်သော ပန်း၊ ရေချမ်းနှင့် သက်စေ့ဆီမီး


သားလေး ဘာသာရေးအသိ ကြွယ်ဝပြီး အများအကျိုးဆောင်တဲ့ လူတော်လူကောင်း သူတော်ကောင်းလေး ဖြစ်ပါစေ။


မွေးနေ့ဆုတောင်းများအတွက် ကျေးဇူးတင်လွှာ

ဒီနှစ် ကျရောက်တဲ့ မွေးနေ့အတွက် လာရောက် ဆုတောင်းပေးသူ အားလုံးကို ကျေးဇူးအထူးတင်ရှိစွာဖြင့် ဘလော့ဂ်မှာ မှတ်တမ်းလေးအဖြစ် အမှတ်တရ သိမ်းထားပါရစေ။ သီတာဂူဆရာတော် အရှင်ဥာဏိဿရ အင်းစိန်ထောင်တွင်းမှာ ဟောတော်မူတဲ့ တရားထဲက အချက်တချက်ကို သတိရလို့ ပြန်ကောက်နှုတ်ပြီး လာဆုတောင်းပေးသူများကို စကားလက်ဆောင်လေးတခု ပြန်ပေးချင်ပါတယ်။ လူ့သက်တမ်းမှာ မွေးခါစကနေ ဆယ်နှစ်အတွင်း အသက်အရွယ်ကို အကျိုးအကြောင်း၊ အကောင်းအဆိုး ဘာမှမသိနားမလည်သေးတဲ့အရွယ်၊ ဆယ်နှစ်ကနေ အနှစ်နှစ်ဆယ်အထိကို ပျော်ရွှင်မြူးတူးခြင်းနှင့် မုသားဝါဒအများဆုံးအရွယ်၊ နှစ်ဆယ်ကနေ သုံးဆယ်အထိကို ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်ဆုံးအရွယ်၊ သုံးဆယ်ကနေ လေးဆယ်အထိကို ကိုယ်ကာယဗလ ခွန်အားနှင့် အပြည့်စုံဆုံးအရွယ်၊ အသက်လေးဆယ်ကနေ ငါးဆယ်အထိ အသက်အရွယ်တွေကို လူ့ဘ၀မှာ ပညဥာဏ်ရည် ဖွံဖြိုးတိုးတက်မှု အကောင်းဆုံးအရွယ်၊ ၅၀ ကျော်မှာ မတက်တော့ဘဲ ၆၀ အထိ ဒီအတိုင်းပဲ သွားနေပြီး ၆၀ ကျော်လာရင်တော့ ရုပ်အဆင်း၊ ခွန်အား၊ ဥာဏ်ရည်အကုန်လုံး ပြန်ကျတဲ့အရွယ်လို့ ဟောခဲ့တာကို မှတ်သားခဲ့ရပါတယ်။

Human lifespan (လူ့သက်တမ်း) ကို လေ့လာတဲ့အခါမှာလည်း ဒီအသက်အရွယ်ကို Middle adulthood (လူလတ်ပိုင်း) လို့ခေါ်ပြီး လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေကို ဦးဆောင်မှု ပြုရတဲ့ အသက်အရွယ် ဖြစ်တယ်။ လက်တွေ့အခြေအနေတွေကို ပြန်ကြည့်လိုက်ရင်လည်း ဒီအသက်အရွယ်တွေဟာ လူ့သက်တမ်းတလျှောက်လုံးမှာ ဥာဏ်ရည်အဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ် ဖြစ်သလို လူငယ်တွေလို စိတ်ကူးယဉ်မှုပိုများပြီး လက်တွေ့ဘ၀ဖြတ်သန်းမှု အားနည်းသေးတဲ့အရွယ်ကို ကျော်လွန်သွားပြီ၊ လူကြီးတွေလိုလည်း ဘာလုပ်လုပ် ကိုယ်လက် ညေင်းညာ၊ ကိုက်ခဲနာကျင်ပြီး စိတ်သွားတိုင်းကိုယ်မပါနိုင် မဖြစ်သေးတဲ့အရွယ်၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မကျဆင်းမှုကြောင့် ရောဂါအမျိုးမျိုး မ၀င်ရောက်လာနိုင်သေးတဲ့အရွယ် ဖြစ်တာကို တွေ့ရပါတယ်။

၄၀ ကျော် အသက်အရွယ်က လောကကြီးကို အခုမှအကျိုးပြုဖို့ အကောင်းဆုံး အရွယ်ဖြစ်နေတော့ လူ့ဘ၀ရဲ့ အရေးကြီးတဲ့လုပ်ငန်းတွေကို အများဆုံး ဆုံးဖြတ်ချက်ချပြီး လုပ်ရတဲ့ အသက်အရွယ်မို့ အသက်လေးဆယ်မှ လူ့ဘ၀စတယ်ဆိုတဲ့ ဒီအသက်အရွယ်ကို တင်စားတဲ့ စကားပုံ ပေါ်လာတာလို့ ကျွန်မနားလည်လိုက်ပါတယ်။ အထူးသမြင့် အမျိုးသမီးတွေအဖို့ ဒီအသက်အရွယ်ဟာ အီစရိုဂျင်ခေါ် အမျိုးသမီးဟော်မုန်း ကျဆင်းတဲ့အရွယ်ဖြစ်သည့်အပေါ် များသောအားဖြင့် မိခင်နို့ချိုတိုက်ရတဲ့ အရွယ် ကလေးမရှိတော့ဘဲ ကလေးတွေကြီးလာလို့ သက်တောင့်သက်သာ ဖြစ်ခါစ အသက်အရွယ်လည်း ဖြစ်ပြီး ကျားသတ္တ၀ါတွေရဲ့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရမှု (သို့) ဖြားယောင်းသွေးဆောင်ခံရမှု အန္တရယ် ကလည်း စတင်လျှော့ပါးလာတဲ့ အသက်အရွယ် ဖြစ်တယ်။ ပြီးတော့ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ဒီအသက်အရွယ်ကို ရောက်လာသူတွေဟာ မိသားစု ၀န်ထုပ်ဝန်ပိုးက အတိုင်းအတာတခုထိ လျှော့ပါးလာတဲ့အရွယ်မို့ မိမိဝါသနာပါရာ အလုပ်တွေမှာ အချိန်ပေးဖို့ ပိုရလာတဲ့အသက်ရွယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါကြောင့် ဒီအသက်အရွယ်ဟာ ဘ၀ကျချိန်မဟုတ် ဘ၀စချိန်ဆိုတာ ဒီအသက်အရွယ်ကြောင့် ကျချိန်ဆိုပြီး စိတ်ဓါတ်ကျချင်နေသူ အားလုံးကို စိတ်ဓါတ်မကျဖို့ သတိပေးချင်ပါတယ်။

ဒီနေ့အတွက် ကျွန်မဆုတောင်းကတော့ ဘာလုပ်လုပ် မိမိလုပ်ချင်တဲ့အလုပ်တခုကို အာရုံစူးစိုက်စွာနဲ့ ပန်းတိုင်ရောက်တဲ့အထိ လုပ်ဆောင်နိုင်ပါစေ၊ လာဆုတောင်းပေးသူတွေရဲ့ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ပဲ လောလောဆယ် ဆုတောင်းလိုက်ပါတယ်။ ကျွန်မ ဒီပို့စ်တင်ပြီးရင် ဘုရားရှိခိုး ပန်းဆီမီး ရေချမ်းကပ်ပြီး ဓမ္မစင်္ကြာနဲ့ ပဌါန်းကို ရွတ်ဖတ်ပြီး အားလုံးအတွက် ဆက်လက် ဆုတောင်းပေးပါ့မယ်။

မွေးနေ့ ဆုတောင်းပေးသူများနှင့် ဆုတောင်းများ


(100) ပန်းပန်လျက်ဘဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာ said...
မငယ်နိုင် အတွက် မွေးနေ့လက်ဆောင် ကဗျာ

"ပန်းပန်လျက်ဘဲ"
သို့မဟုတ်
"ငယ်နိုင်လမ်း" ကဗျာ


ငယ်နိုင်လမ်း

အော်စီကမ္ဘာ ဆစ်ဒနီမြို့တွင်း
မငယ်နိုင် ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ဘလော့ရေးလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ။

"အိုပါး" နဲ့ "hanzaw" လဲပါ၊ ငယ်နိုင်မ ရန်ဘေး။
"တုတ်ကြီး" ခေါ် အဆဲတိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းရလဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ၊ "zaw" ၊ "သူတော်" comment မှာ၊ ငယ်နိုင်ကို ဝိုင်းသမ
ကိုယ်ခွဲကာ ရိုင်းသဗျ၊ ပိတ်လိုက်ပြန်ရ။

comment ပိတ်လဲ မသက်သာ
C-Box ဝယ် Moscow နယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာနှစ်ရာ၊ ငယ်နိုင်က တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
မငယ်နိုင် အံကိုခဲ၊ ပန်းပန်လျက်ဘဲ။

စစ်နိုင်
(၁၇-၆-၂ဝ၁၁)
(ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ။)
June 17, 2011 11:50 AM
(နံပါတ် (၁၀၀) မြောက်ဆုတောင်း ဖြစ်တဲ့ ကိုစစ်နိုင်ရဲ့ ကဗျာကို ဖတ်စေချင်လို့ ကဗျာရှင် (သို့) တခြားတယောက်ယောက်လားတော့ မသိဘူး C-Box တွေမှာ လိုက်ကြော်ငြာထားတာ တွေ့လို့ လာဖတ်သူများ မြင်သာအောင် နံပါတ် ၁၀၀ မြောက်မွေးနေ့လက်ဆောင် ဖြစ်တဲ့ ဒီကဗျာကို အောက်က ကော်ပီကူးလာပြီး ဆုတောင်းအားလုံးရဲ့ အပေါ်ဆုံးမှာ တင်ထားပေးလိုက်ပါတယ် ရွင်လန်းချမ်းမြေ့ကြပါစေ- Nge Naing 21/06/11။)


(1)

Happy birthday to you!
(2)

Happy birth day Nge Nge. May triple gem bless you healthy, happy and long live.
(3)

ံHi Nge Naing wishing you a happy birthday ,on June 16..
(4)

i wish you a happy birthday
(5)

Happy birthday ....
(6)
(7)
(8)
(9)

ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ ငယ်နိုင်ရေ..။
(10)

  • ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့လေးမှ စလို့ ရှေ့ဆက်ရမည့် ဘ၀ခရီးလမ်းမှာ ကိုယ်စိတ်နှပါး ရွှင်ပြုံးစွာနဲ့ လှမ်းလျှောက်နိုင်ပါစေ အစ်မ Nge Naing ..
(11)
(12)

မွေးနေ့ ပေါင်းများစွာ ကို မိသားစုနဲ့အတူ ကျန်းမာရွှင်လန်းစွာဖြတ်သန်းနိုင်ပါစေ မငယ်နိုင် ရေ..
17 Jun 11, 01:11 AM
kiki: မွေးနေ့ မင်္ဂလာရက်မြတ်မှာ အေးချမ်းပျော်ရွှင်ပါစေ လို့ ထပ်မံဆုတောင်းသွားပါတယ် မငယ်နိုင်ရေ..စီဗုံးမှာ ပေါက်တတ်ကရ ရေးသွားသူများ အစားလည်း ရှက်မိတယ်..

(13)
(14)
(15)

  • Wishing you the best birthday ever!!!

    May all your birthday wishes come TRUE!!!

(16)
(17)
(18)

  • happy birthday
    live with peace, wisdom, and success.
(19)
(20)
(21)
(22)

  • May you be well & happy on your special day. Many happy returns
(23)

  • Happy Birthday Ma Nge... Many happy returns of the day...!!
(24)

  • Happy Birthday Ma Nge, wishing all the best for u & family!!!
(25)
(26)

  • Happy Birthday, Ma !! Wishing you joy & happiness always. Best wishes to you :-)
(27)
(28)

  • Happy Birthday ! May each and every passing year bring you wisdom, peace and cheer.
(29)
(30)
(31)
(32)

  • Happy Birthday Ah Ma ! ... :)
(33)

  • happy birthday ma nge! hope you and your family are doing well. btw, does maung cheese like cheese? ;) i forgot to ask you and him about that when we saw each other in sydney.
(34)
(36)

  • မင်္ဂလာမွေးနေ့ပါ မငယ်ရေ။ လိုအင်ဆန္ဒတွေအားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။
(37)

  • အမငယ်..
    ပျော်ရွှင်ဖွယ်မွေးနေ့လေးကို ချစ်တဲ့မိသားစုနဲ့ ဖြတ်သန်းနိုင်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး တရားမျှတမှုရှိတဲ့ ချစ်မြတ်နိုးစရာ နေရာလေးမှာ နေထိုင်နိုင်ပါစေ။

(38)
(39)

  • ပျော်စရာ မွေးနေ့ ဖြစ်ပါစေ မငယ်ရေ ။ သတိရလျှက်
(40)

  • Happy Birthday Ahma!!! May you attain Harmonious life ahead...
(41)
(42)
ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ။ နှစ်ပေါင်းများစွာ တိုင် ချစ်စွာသော မိသားစု၊ သူငယ်ချင်း များစွာ ဖြင့် မွေးနေ့ ပေါင်းများစွာကျင်းပနိုင်ပါစေ။ Happy Birthday Sis.. All My Best Wishes!
(43)

  • အစ်မကြီးမငယ်နိုင်.. မွေးနေ့မှာပျော်ရွှင်ပါစေရှင်။ =)
(44)
(45)

  • Happy Birthday !!! sister :D may u be well and happy !!
(46)
(47)
happy birthday........nge ...
(48)


Happy Birthday!!! WIll you treat the friends with noodle?
(49)


မွေးနေ့မှသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးသို့ ကျနော်တို့ အရင်အတိုင်း ချီတက်ကြပါစို့
(50)

Happy birthday and wishing you a great year up ahead! :)
(51)
(52)


Happy birthday ma nge!
(53)
(54)


Happy birthday Ma Nge Naing!
(55)
(56)
(57)
(58)

Happy Birthday Ma Nge. :)
(59)
(60)

  • အမရေ....ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေနော်....အမြဲတမ်းစိတ်၏ချမ်းသာခြင်း ...ကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံနိုင်ပါစေနော်.......
(61)
(62)

  • မွေးနေ့မှါပျော်ရွှုင်ပါစေအစ်မငယ်နိုင် :))))
(63)

Happy Birthday !!!
(64)

ပျော်ရွှင်စရာမွေးနေ့ပါ တီငယ်နိုင်...
(65)


Happy Birthday!
(66)

ဒီမွေနေ့က စပြီး စိတ်ချမ်းသာမှုတွေ့နဲ့ တွေ့ကြုံပါစေ
(67) Mie Nge ညီမရေ မအားတာနဲ့ ဆုတောင်းနောက်ကျနေပြီ ခုမှ အပြေးအလွှား အလုပ်မသွားခင်လေး... ချစ်သောမိသားစုနဲ့အတူ လိုအင်များအားလုံး ပြည့်စုံပါစေ ... ယုတ်ညံ့သော အတိုက်အခိုက်များ အားလုံးလည်း ဒီထက်မက ကြံ့ကြံ့ခံနိုင်ပါစေ ....

(68)

(69)

Happy Birthday Sis..
All the best....
(70)
Anonymous said...
Happy Birthday A Ma !

Wishing you a very happy birthday and many happy returns of the day.

I regularly visit your blog from Myanmar mostly everyday by using various proxy and I support you on sharing of your experiences and thoughts. Believe, people from all works of life herein Myanmar know how bad dictatorship is leading our country down and there is a day for revolution soon which will be worsen than 1988 since people are struggling for living and not even think for others i.e. entertaining, children education, etc...

I have also a sister and she is also living in Australia. She is almost 40 years old same as you and i wish to see you all in Australia one day.

Patrick (nickname)
June 16, 2011 7:22 PM
(71)
ပြည်သူ့ဘက်သား said...
အစ်မငယ်နိုင်ရဲ့ မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ။

အမှန်တရားဘက်က၊ ပြည်သူတွေဘက်က အမြဲ ရပ်တည်တဲ့ ပြည်သူ့ဘလော့ဂါ အဖြစ် ပြည်သူ့ရန်သူ စစ်အာဏာရှင်ရဲ့ လက်ပါးစေ ရုရှားက စစ်ခွေးတွေရဲ့ နှောင့်ယှက်မှုကို ကြံ့ကြံ့ခံနိုင်ပါစေ။

ပြည်သူ့ဘက်သား
June 16, 2011 8:53 PM
(72)
Blogger ညိမ်းနိုင် said...
မွေးနေ့မှာပျော်ရွင်ချမ်းမြေ့ပါစေ...အစ်မရေ....။
June 17, 2011 12:03 AM
(73)
Blogger သျှင်နေမင်း said...
မငယ်နိင် မွေးနေ့ မှာမိသာစု
နဲ့ အတူထာဝရပျော်ရွှင်ပါစေ..
June 17, 2011 12:20 AM
(74)
Blogger ကိုဇော် said...
HappY BirthdaY ပါ အစ်မရေ . . .
မွေးနေ့မှ နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေ။

အတော် မအားလို့ အခုမှပဲ ဒီကို ရောက်တော့တယ်။
June 17, 2011 1:19 AM
(75)


Happy Birthday to you.Have a great time..:)
(76)


Happy Birthday Daw Nge Naing
(77)

  • Happy belated birthday to you.
(78)

  • မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနဲ့ ပြည့်စုံပါစေ...
(79)

  • Happy birthday aunty Nge i miss you and the family!!
(80)
(82)


Happy Birthday Ma Nge!
(83) ဂရမ်မာကြာရွက် said...
မငယ်နိုင်ရေ .....

အခုလို ပျော်စရာ ကိုယ်ပိုင်မွေးနေ့ လေးတွေ နောက်ထပ် ၆ဝ လောက် ကြုံရပါစေဗျာ။

ဂရမ်မာကြာရွက်
June 17, 2011 2:41 AM
(84) Observer said...
Happy birthday to you,

Happy birthday to you,

Happy birthday, dear Ma Nge Naing,

Happy birthday to you !
June 17, 2011 4:13 AM
(85) တာရာ said..
အစ်မငယ်နိုင် အတွက် မွေးနေ့ဆုတောင်းလေးပါ။

အသက် ၄ဝ မှ ဘဝ စတာပါ။

အသက် ၄ဝ ကျော်မှ ပညာရော၊ ဗဟုသုတရော၊ အတွေ့အကြုံပါ ပြည့်စုံပြီး ရင့်ကျက်လာတာပါ။

အစ်မငယ်နိုင်လည်း အခုလို ပညာရော၊ ဗဟုသုတရော၊ အတွေ့အကြုံပါ ပြည့်စုံပြီး ရင့်ကျက်လာတဲ့ အသက် ၄ဝ ကျော်အရွယ်ကနေ အမေမာလို အသက် ၉ဝ ကျော်အရွယ်အထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြည်သူ့ဘက်က ရပ်တည်ပြီး စာကောင်းပေကောင်းတွေ ဆက်ရေးနိုင်ဖို့ အခုလို အစ်မရဲ့ ပျော်စရာ မွေးနေ့ အခါသမယမှာ အမှတ်တရ ဆုမွန်ကောင်း တောင်းပေးပါတယ်။

တာရာ
June 17, 2011 4:35 AM
(86) Anonymous said... "အပျော်ရွင်ဆုံး---အပြုံးလှလှများ"
ထာဝရပိုင်ဆိုင် နိုင်ပါစေ ။
ယ္ခု ပိုင်ဆိုင်ထားသော
မိသားစု ဘ၀လေးကို
နောက်ဆုံးထွက်သက်ထိ
ချမ်းမြေ့ ကြည်နှူးစွာဖြင့်
ဖြတ်သန်းကုန်ဆုံးနိုင်ပါစေ ဗျာ►►►
June 17, 2011 4:46 AM

(87) ကောင်းစေလိုသူ
said...
မငယ်နိုင်

တိုးတက် အောင်မြင်ပါစေဗျာ။
June 17, 2011 5:12 AM
(88) မာဃ said...
မငယ်နိုင် အနေနဲ့ အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ပြည်သူတွေကို သုတ၊ ရသ အစုံပေးနိုင်တဲ့ ပြည်သူ့အကျိုးပြုစာပေတွေ ဆထက်ထမ်းပိုး ရေးနိုင်ပါစေ လို့ .......
June 17, 2011 5:34 AM
(89) Min said...
Ma Nge Naing,


Many happy returns of the day !
June 17, 2011 6:05 AM
(90) Anonymous said...
ငယ်နိုင်.ယောက်ျား = တုတ်ကြီး = mg = zaw = hanzaw = ဦးသူတော် တို.၏ ရန်မှ ကင်းဝေးပါစေ မငယ်နိုင်
June 17, 2011 7:32 AM
(91) စစ်မုန်း said...
ကိုကျော်နိုင် နဲ့ မငယ်နိုင်တို့ တည်ငြိမ်သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝကို ရာသက်ပန် ပိုင်ဆိုင်နိုင်ပါစေ

မငယ်နိုင် အမှန်ကိုအမှန်အတိုင်း မြင်တတ်လာတဲ့ ဆယ်ကျော်သက်အရွယ်ကတဲက တစိုက်မတ်မတ် စိုက်ပျိုးလာခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အပင်က စစ်အာဏာရှင်ကျဆုံးခြင်း အသီး သီးတာကို ပျော်ရွှင်စွာ ခူးဆွတ်စားသုံး ခံစားရတဲ့ ပီတိကို မဝေးတော့တဲ့ တနေ့မှာ ရနိုင်ပါစေ
June 17, 2011 7:40 AM
(92) Rose said...
Today marks the day a righteous person was born, with a strong heart, wise brains, a decisive mind, an unyielding spirit and dauntless actions.

Yes, today is your birthday!

May you reach your goal soon!

Down with the dictatorship!
June 17, 2011 9:10 AM
(93)
(94) Anonymous said...
Happy Birthday ပါအစ်မ။ ပျော်ရွှင် ချမ်းမြေ့တဲ့  ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ။

လေးနက်စွာဖြင့် 
ငမူး
June 17, 2011 9:39 AM
(95)
(96)

ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေ မငယ်ရေ.....
(97) ပဲခူးသား said...
အစ်မ

ကိုယ်ေ၇ာစိတ်ပါ ကျန်းမာပျော်၇ွှင်ပြီး ဘေး၇န်ခပ်သိမ်း ကင်းငြိမ်းပါစေကြောင်း ဆ န္ဒ ပြု လိုက်ပါတယ်။
June 17, 2011 10:08 AM
(98) Activist said...
ပြည်သူ့ဘလော့ဂါ မငယ်နိုင် စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာတွေ ပြည့်ဝပါစေ။

ပညာမဲ့ ကိုယ်ကျိုးရှာ လူယုတ်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုရဲ့ အကြောက်တရားနဲ့ သွေးခွဲ အုပ်ချုပ်ခံနေရတဲ့ တသွေးတသံတမိန့် စစ်ဖိနပ်အောက်က လွတ်မြောက်တဲ့ နေ့ကို မကြာခင် ဆင်နွှဲနိုင်ပါစေ။

နှစ် ၅ဝ လုံးလုံး စစ်ခေါင်းဆောင်တွေနဲ့ လက်ပါးစေတွေက ခိုးချင်တိုင်း ခိုး၊ လုပ်ချင်သလို လုပ်လာလို့ ကမောက်ကမ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အမိမြန်မာပြည်၊ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် နယ်ပယ်ပေါင်းစုံမှာ ဓါးမနောက်ပိတ်ခွေး ဖြစ်နေရတဲ့ အမိမြန်မာပြည်ကို

အမှန်တရား၊ တရားမျှတမှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး ..... တွေ ထွန်းကားတဲ့၊ တကယ် တိုးတက်ခေတ်မီ အေးချမ်းတဲ့၊ စစ်မှန်တဲ့ ပြည်ထောင်စုသစ်ကို ပျော်ပျော်ကြီး တည်ဆောက်ခွင့် ရပါစေ။
June 17, 2011 10:35 AM
(99) ရာကြီး ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ (video) said...
ဆရာကြီး ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ

ဗေဒါလမ်း

ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။

အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။


ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)




ဆရာကြီး ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ ကို စန္ဒရားချစ်ဆွေ သံစဉ်သီကုံး၍ ရုပ်ရှင်မင်းသမီးကြီး (ဒေါ်)ကြည်ကြည်ဌေး သီဆိုပြီး ရုပ်ရှင်မင်းသမီး အကယ်ဒမီ မေသန်းနု က သော video


http://www.youtube.com/watch?v=LG0MHiakXzM

(100) ပန်းပန်လျက်ဘဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာ said...
မငယ်နိုင် အတွက် မွေးနေ့လက်ဆောင် ကဗျာ

"ပန်းပန်လျက်ဘဲ"
သို့မဟုတ်
"ငယ်နိုင်လမ်း" ကဗျာ

ငယ်နိုင်လမ်း

အော်စီကမ္ဘာ ဆစ်ဒနီမြို့တွင်း
မငယ်နိုင် ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ဘလော့ရေးလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ။

"အိုပါး" နဲ့ "hanzaw" လဲပါ၊ ငယ်နိုင်မ ရန်ဘေး။
"တုတ်ကြီး" ခေါ် အဆဲတိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းရလဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ၊ "zaw" ၊ "သူတော်" comment မှာ၊ ငယ်နိုင်ကို ဝိုင်းသမ
ကိုယ်ခွဲကာ ရိုင်းသဗျ၊ ပိတ်လိုက်ပြန်ရ။

comment ပိတ်လဲ မသက်သာ
C-Box ဝယ် Moscow နယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာနှစ်ရာ၊ ငယ်နိုင်က တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
မငယ်နိုင် အံကိုခဲ၊ ပန်းပန်လျက်ဘဲ။

စစ်နိုင်
(၁၇-၆-၂ဝ၁၁)
June 17, 2011 11:50 AM

(101) ပြည်သူ said...
မွေးနေ့ဆုမွန် တောင်းပေးလိုက်ပါတယ်။ ကိုယ်စိတ်ကျန်းမာ ဆန္ဒပြည့်ဝပါစေ။
June 17, 2011 10:05 PM

(102) ရဲဘော်ဘခက် said...
ဒီမိုကေ၇စီတိုက်ပွဲဝင် ၇ဲဘော်မငယ်နိုင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ဒီမိုကေ၇စီတိုက်ပွဲကို အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်နိုင်ပါစေလို့ ၇ဲဘော်မငယ်နိုင်၇ဲ့ မွေးနေ့မှာ ဆုတောင်းပေးပါတယ်..

၇ဲဘော်မငယ်နိုင်ကို ဆုမွန်ကောင်း တောင်းပေးကြတဲ့ ဒီမိုကေ၇စီတိုက်ပွဲဝင် ၇ဲဘော်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..

၇ဲဘော်စစ်နိုင်က ၇ဲဘော်မငယ်နိုင်ကို မွေးနေ့လက်ဆောင် အမှတ်တ၇ အဖြစ် "ပန်းပန်လျက်ဘဲ"
သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာ စပ်ဆိုပြီး ၇ဲဘော်မငယ်နိုင်ကို ဂုဏ်ပြုပေးတာလဲ နှစ်ထောင်းအား၇ ဖြစ်မိပါတယ်.. ၇ဲဘော်မငယ်နိုင်
လို ချီးကျူးထိုက်၊ ဂုဏ်ပြုထိုက်တဲ့ လူကို ချီးကျူး ဂုဏ်ပြုတာ မင်္ဂလာတပါးပေပဲ..
June 17, 2011 10:07 PM
(103) Blogger Support Group said...
Ma Nge Naing


You are a true democracy activist.

We support you.

We wish you a long, healthy and happy life!

May your democracy dreams come true!
June 17, 2011 10:32 PM
(104)

မင်္ဂလာမွေးနေ့ပါ မငယ်နိုင်
Blogger မန်းကိုကို said...မင်္ဂလာမွေးနေ့ပါ မငယ်နိုင် ။


(105) ဆက်သစ်လူငယ် said...အစ်မငယ်နိုင်ရေ..
စစ်အုပ်စုရဲ့ ယုတ်မာရက်စက်စွာ ဥပဒေမဲ့ လူသတ်မှုတွေ၊ ပြည်သူ့ငွေကို ဒေါ်လာသန်းထောင်နဲ့ ချီဲပြီး ခိုးနေမှုတွေ၊ အုပ်ချုပ်ပုံ ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံက ဘက်ပေါင်းစုံမှာ နိမ့်ကျပြီး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတာတွေကို သတင်းဘလော့တွေက စဉ်ဆက်မပြတ် ဖော်ထုတ်ပေးနေတာကို အစ်မငယ်နိုင်တို့လို ကိုယ်ပိုင် ဘဝမှတ်တမ်း ဘလော့တွေကပါ အားဖြည့်ပေးနေတာ အင်မတန် လျော်ကန်ပါတယ်..

လူငယ်တွေအနေနဲ့ အစ်မငယ်နိုင်တို့လို အတွေ့အကြုံရှိတဲ့ ရှေ့မီနောက်မီ ဘလော့ဂါတွေက ရေးမှ ဖတ်ဖူးပြီး သိမှတ်ရတာတွေက အများကြီးပါ..

ဒါကြောင့် ကျနော်တို့ ဆင်နွှဲလာတဲ့ အာဏာရှင်ဆန့်ကျင်ရေးမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ပါဝင်လာတဲ့ အစ်မငယ်နိုင်လို ပြည်သူ့ဘလော့ဂါ တယောက်ရဲ့ မွေးနေ့မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူစစ်စစ်တွေက မွေးနေ့ဆုတောင်းပေးတာတွေက သဘာဝကျတဲ့ မြင်ကွင်းပါ..

ဒီအထဲမှာ ဆွမ်းဆန်ထဲ ကြွက်ချေးတွေ ရောပါနေတာကိုတော့ စာဖတ်သူတွေက ကျော်ပြီး ဖတ်ရတာပေါ့..

အစ်မငယ်နိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အရာခပ်သိမ်း အဆင်ပြေပါစေ လို့ အခုလို အစ်မငယ်နိုင် ရဲ့ ပျော်စရာ မွေးနေ့သမယမှာ လေးလေးနက်နက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျား..


မျိုးဆက်သစ်လူငယ်
June 18, 2011 4:09 AM

(106) Jimmy said...
Ma Nge Naing,

May Buddha bless you always!
We all wish you a very very happy birthday!
June 18, 2011 6:35 AM

(107) အာယု said...
မငယ်နိုင်

မင်္ဂလာ မွေးနေ့ ရက်သတ္တပတ်လေး ဖြစ်ပါစေဗျာ။

မငယ်နိုင် အိမ်မှာရော၊ ဆေးရုံမှာပါ အဆင်ပြေပါစေဗျာ။

စစ်အာဏာရှင်ရဲ့ လက်ပါးစေတွေက မငယ်နိုင်အတွက် တောင်းပေးသွားတဲ့ ဆုတွေ မပြည့်ပါစေနဲ့။

မငယ်နိုင်ရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ စာဖတ်ပရိသတ်တွေ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရဲဘော်တွေက မငယ်နိုင်အတွက် တောင်းပေးသွားတဲ့ ဆုတွေ ပြည့်ဝပါစေဗျာ။

အာယု
June 18, 2011 8:58 AM

(108) Mahn Ba Khaing said...
Ma Nge Naing

It's a nice feeling to know that there are also Bamar who care Karens' plight.
Thanks God for having brought you to this world.
May God bless you!
I wish you health, happiness, prosperity and success in your life.
June 18, 2011 9:22 AM
(109) တိုက်မောင်း said...
မငယ်နိုင်ရေ..
နှစ် ၄ဝ မှသည် နှစ် ၁ဝဝ တိုင်
ပျော်စရာ မွေးနေ့လေးတွေ ဆက်လက် ဆင်နွှဲနိုင်ပါစေ။
June 18, 2011 11:13 AM

(110) ဖိုးခွား said...
အန်တီငယ်နိုင်
အန်တီရဲ့ ၄၁ နှစ် မြောက် မွေးနေ့ချိန်ခါမှာ ပျော်ရွှင် ချမ်းမြေ့ပါစေ။
အန်တီတို့ မိသားစုလည်း သာယာတဲ့ မိသားစုဘဝလေးကို တသက်တာလုံး ပိုင်ဆိုင်နိုင်ပါစေ။
June 18, 2011 12:28 PM

(111) Anonymous said...
အရောက်နောက်ကျသွားပေမဲ့ အမရဲ့ မွေးနေ့ မှာ ပျော်ရွှင်ပါစေ။ သာယာပြီးပြည့်စုံတဲ့ မိသားစုလေးအဖြစ်နဲ့  နောက်နှစ်ပေါင်းများစွာ ဆက်လက်ပြီး အတူတကွ ချမ်းမြေ့ခိုင်မာစွာ တည်ရှိနိုင်ပါစေ။ အစစအရာရာ အောင်မြင်စွာ နဲ့ အလွယ်တကူ အခက်အခဲမရှိဘဲ ကျော်ဖြတ်နိုင်ပါစေ လို့ ဆုတွေအများကြီး တောင်းပေး သွားပါတယ်ရှင်။
June 18, 2011 12:38 PM

(112) Anonymous said...
Dear Ma Ma,

Wish you a very happy birthday
May life lead you to great happiness success and hope that
all your wishes comes true!
enjoy your day.

I am very happy to read that all of birthday wishes and comments that I know, many peopel are loving and supporting you including me unless some of comments from Russia.

Sorry for my lately wish and long time no see because I had an exam until yesterday. Now we are school holidays I can read every new posts.

WE LOVE AND SUPPORT YOU ALWAYS.
(KAUNG)
June 18, 2011 6:54 PM
(113) သားထူး said...
အန်တီငယ်

ပန်းပမာ လန်းဖြာ ကျန်းမာ ချမ်းသာစေကြောင်း
မွေးနေ့ဆုမွန်ကောင်း တောင်းပေးပါတယ်
June 18, 2011 8:51 PM
(114) Chum said...
Don't be impressed by senseless words of slaves of junta - "An old dame in her forties falling out with young chaps."

41 is not an old age. Life begins at 40. You're far from being over-the-hill. You've just reached an age of maturity through experience, and have been sharing your knowledge and experience to your readers.

May your 41st birthday bring you more adventures, more satisfaction and more success!
June 18, 2011 9:27 PM
(115) Than Naing said...
Ma Nge,

Hope you had a great time with your loved ones on your birthday!

Wishing you a belated birthday!
(116) သမိုင်းလေ့လာသူ said...
မငယ်နိုင်

မငယ်နိုင်ကို ခင်မင်တဲ့ မိတ်ဆွေတွေ၊ မငယ်နိုင်ကို လေးစားတဲ့ စာဖတ်သူတွေ တောင်းပေးသွားတဲ့ မွေးနေ့ဆုမွန်တွေ အားလုံး ပြည့်ဝပါစေ ..... လို့
June 19, 2011 9:51 AM

(117) စစ်ခွေးမုန်းသူ said...
မငယ်နိုင်ေ၇

ဟက်ပီး ဟက်ပီး ဘာ့သ်ဒေး ပါဗျာ

ကိုကျော်နိုင်နဲ့မငယ်နိုင်တို့မိသားစုလေး ပျော်၇ွှင်အေးချမ်းတည်ငြိမ်ပီး မတောင့်မတမကြောင့်မကြ၇ှိတဲ့ မိသားစုဘဝကို ၇ာသက်ပန်ခံစားနိုင်ပါစေဗျာ
(ခုနက မငယ်နိုင်ကို ဟက်ပီးဘာ့သ်ဒေး လုပ်မလို့ ကွန်မန့်ကိုေ၇ာက်လာတာ အကုသိုလ်ကောင် စစ်ခွေး mg အေ၇မ၇အဖတ်မ၇ အလေဏတောေ၇းထားတာတွေကိုပြန်ပြောနေ၇င်းနဲ့ မငယ်နိုင်ကိုမွေးနေ့ဆုတောင်းပေးမလို့မေ့သွားလို့ အခုမှပြန်လာပီးဆုတောင်းပေးတာပါ)
June 19, 2011 9:16 PM

(118) လောကပါလ said...
အစ်မငယ်နိုင်

ဒီနှစ် ကျရောက်တဲ့ အစ်မငယ်နိုင်ရဲ့ ပျော်စရာ မွေးနေ့လေးလို နောက်ထပ် အကြိမ်ပေါင်း များစွာ ထပ်ပြီး ကြုံနိုင်ပါစေ။

အစ်မငယ်နိုင် အနေနဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်ပြီး လိုရာဆန္ဒတွေ ပြည့်ဝပါစေ။

အခု အစ်မငယ်နိုင်ရဲ့ ဘလော့သက်တမ်း တနှစ်ကျော်မှာ ပြည်သူတွေကို ဒီမိုကရေစီမျက်စေ့ ဖွင့်ပေးသလို အစ်မငယ်နိုင်ရဲ့ ရှေ့ဆက်လျှောက်ရမယ့် ဘဝကို အခုလိုပဲ တန်ဖိုးရှိရှိ အဓိပ္ပာယ်ရှိရှိ ဆက်လက် ဖြတ်သန်းနိုင်ပါစေ။

အစ်မငယ်နိုင် ယုံကြည်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမှန်တရားနဲ့ တရားမျှတမှု အပြည့်အဝ ရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းသစ် ပေါ်ထွန်းရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး တွေကို ထင်ဟပ်တဲ့ ဆောင်းပါးတွေ ဆက်ရေးနိုင်ပါစေ။
June 19, 2011 11:12 PM

(119) Advisor said...
Ma Nge Naing,

I'm sorry I'm late. But my good wishes are always with you.

Belated Happy Birthday, anyway!

I wish you a healthy, happy and successful life.
June 20, 2011 12:26 AM

(120) အမှန်မြင်သူ said...
မငယ်နိုင်

မငယ်နိုင်ရဲ့ ဘဝမှာ ပျော်ရွှင်မှု နဲ့အောင်မြင်မှုတွေ အမြဲ ရပါစေ၊ ပျော်စရာ ၄၁ နှစ်မွေးနေ့လိုပဲ ၁ဝဝ ပြည့်နှစ် မွေးနေ့တိုင် မင်္ဂလာမွေးနေ့တွေ နှစ်စဉ် ဆင်နွှဲနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။



မငယ်နိုင်က စစ်အုပ်စုရဲ့ ညံ့ဖျင်းမှု၊ မတရားဖိနှိပ်မှု၊ ရက်စက်ယုတ်မာမှု၊ ပြည်သူ့ငွေကို ဒေါ်လာသန်းထောင်နဲ့ချီဲပြီး ခိုးနေလို့ ပြည်သူ့ကျန်းမာရး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း ... ဘက်ပေါင်းစုံမှာ နိမ့်ကျနေရမှုတွေကို အရှိကိုအရှိအတိုင်း ရေးသားတင်ပြနေတော့ အမှန်တရားကို ကြောက်တဲ့ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် ရုရှက စစ်ခွေးတွေက မငယ်နိုင်ဘလော့ကို စာဖတ်သူတွေ လာဖတ်မှာကို စိုးရိမ်လို့ မငယ်နိုင်နဲ့ ပတ်သက်ပြီး အရည်မရအဖတ်မရ မဟုတ်တရုတ်တွေ ရေးလိုက်၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ သုံးပြီး ပျစ်ပျစ်နှစ်နှစ် ဆဲလိုက် လုပ်ပီး မငယ်နိုင်ဘလော့ကို စာဖတ်သူတွေ မလာချင်အောင် ဘလော့ဖျက်ရေးစီမံကိန်း ချပြီး လုပ်နေတာပါ။

(121) ဒေါင်းသွေး said...
မငယ်နိုင်

မငယ်နိုင် မွေးနေ့ကို မမီလိုက်ပေမယ့် မင်္ဂလာမွေးနေ့လေး ဖြစ်မယ် ဆိုတာကို ယုံကြည်ပါတယ်..

မငယ်နိုင် တို့ မိသားစု အစစအရာရာ အဆင်ပြေပါစေ..

စစ်အာဏာရှင်စနစ်ကို ဆန်ကျင်တိုက်ပွဲဝင်ရာမှာ စစ်အာဏာရှင်စနစ် ဘုံးဘုံးလဲသည်အထိ မငယ်နိုင် ဆက်လက် ပါဝင်နိုင်ပါစေ..

စစ်အာဏာရှင်စနစ်ကို ဆန်ကျင်တိုက်ပွဲဝင်ရာ လမ်းခုလတ်မှာ အာဏာရှင်ရဲ့ လက်ပါးစေ အလိုတော်ရိ SLIP ရဲ့ စကားကို နားယောင်သွားပြီး SLIP ရဲ့ မာယာထောင်ချောက် ညွတ်ကွင်းထဲကို သက်ဆင်းသွားတဲ့ SV
လို အဖြစ်ဆိုးမျိုး မဖြစ်ပါစေနဲ့..
လို့ ဆုတောင်းပေးပါတယ်..


(မငယ်နိုင်က ရင့်ကျက်တဲ့၊ ပြည့်ဝတဲ့၊ ယုံကြည်ချက် ခိုင်မာတဲ့ လူစားမျိုး ဆိုတာကို သိပြီးသားပါ.. မငယ်နိုင်က SV လို အပြောင်းအလဲများတဲ့ လူစားမျိုး မဟုတ်ဘူး၊ အပြောတမျိုး အလုပ်တမျိုး လူစားမျိုး မဟုတ်ဘူး ဆိုတာကို သိပြီးသားပါ.. ဆုတောင်းရာမှာ ပြည့်စုံအောင်သာ တပါတည်း ထည့်ပြီး ဆုတောင်းပေးလိုက်တာပါ..)
June 21, 2011 7:35 PM

(122) Tommy Thet Naing said...
အစ်မငယ်နိုင်ရေ

အစ်မငယ်နိုင် အခုလို ပျော်စရာမွေးနေ့တွေ အများကြီး အများကြီး ထပ် ကြုံရပါစေခင်ဗျာ။
အစ်ကိုကျော်နိုင် နဲ့ အစ်မငယ်နိုင် တို့ လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝပြီး သာယာအေးငြိမ်းပျော်ရွှင်တဲ့ မိသားစုလေးကို သေတပန်သက်တဆုံး ထိန်းသိမ်းနိုင်ပါစေ။
အင်တာနက် မရလို့ အစ်မငယ်နိုင် ရဲ့ မွေးနေ့ဆုတောင်းများအတွက် ကျေးဇူးတင်လွှာ ပို့စ်ကို အခုမှ ဖတ်ရလို့ အခုမှ မွေးနေ့အတွက် ဆုတောင်းရတာပါ။
နောက်ကျသွားတာ ဆောရီးပါနော်။
June 21, 2011 9:20 PM

(123) မောင်လူအေး said...
အန်တီငယ်နိုင် မွေးနေ့ (ဇွန်လ ၁၆ ရက်) နဲ့ အမေစု မွေးနေ့ (ဇွန်လ ၁၉ ရက်) က တထပ်ထဲနီးပါး တိုက်ဆိုင်နေတယ်.. စစ်အုပ်စုရဲ့ မတရားမှုတွေကို ဆန့်ကျင်တဲ့ အန်တီငယ်နိုင်ရဲ့ စိတ်ဓါတ်ကလဲ အမေစု စိတ်ဓါတ်လိုပဲ ပြတ်သားပါတယ်.. စစ်အုပ်စုရဲ့ ညစ်ပတ်ယုတ်မာမှုတွေကို ပိုင်းခြား ဝေဖန် သုံးသပ်ပြရာမှာလဲ အန်တီငယ်နိုင်က အမေစုလို ရှင်းလင်း ထိရောက် စေ့စပ်ပါတယ်.. အန်တီငယ်နိုင်လဲ (တခေတ်မှာ တယောက်ထွန်းတဲ့) အမေစုလို မဟုတ်ရင်တောင် အောင်မြင်သူတဦး ဖြစ်ပါစေဗျာ..
June 21, 2011 10:46 PM
(124)

  • Mayco Latt im sorry aunty i cldnt send u my wish. . exam တွေရှိနေတာနဲ့ . belated happy bday. . ♥
(125)
Blogger မိုးယံ said...
ပျော်ရွှင်ဖွယ် မွေးနေ့မှသည်။ နောင် နှစ်များစွာတိုင် ငြိမ်းချမ်းသာယာသော မိသားစုနှင့်အတူ ဘ၀ကို အေးချမ်းစွာဖြတ်သန်းနိုင်ပါစေ။

ယုံကြည်ရာကို ရဲဝံ့စွာ စွမ်းဆောင်အောင်မြင်နိုင်ပါစေ။
June 24, 2011 4:47 AM
(126) Delete
Blogger Shoomayn said...
မငယ်နိုင်ခင်ဗျား
ကျုပ် ဖူ့တာမိက်ပါ ဖူ့ဆိုတာက ကရင်လိုခေါ်တာပါ
ဗမာလိုကတော့ အဘိုးပေါ့နော်။
အပြည့်အစုံဆိုလျင်တော့ ဘိုးတာမိုက်ပါ။

လင့်ပေးထားတာတွေ့ပြီး လာလည်ရာကနေ
မငယ်နိုင်ရဲ့ မွေးနေ့ဆိုလို့ လာပြီးဆုတောင်းပေးသွားပါတယ်။

ကျန်းမာပါစေ။ ချမ်းသာပါစေ။ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ပါစေ။
ဘေးဘယာဝေးကွာပါစေ။
July 3, 2011 2:31 AM

(1) ကိုသိန်းလွင်၊ (2) အန်ကယ် နယ်လဆင်ထွန်း၊ (3) Sau Gerald, (4) ကိုကောင်းမြတ်၊ (5) ကိုအောင် ၊ (6) ကိုသောင်းဟိန်း၊ (7) ကိုမျိုးချစ်မြန်မာ၊ (8) Austin Thet Win, (9) မခင်မင်းဇော်၊ (10) ကိုဗမာ့သွေး (11) Oungknai, (12) Kiki,(13) ကောင်းကင်ကို၊ (14) Mandalay Voice, (15) ကိုမင်းထဋ် (16) မသီတာ (17) ကိုအောင်ထွန်း၊ (18) ကိုနိုင်အောင်၊ (19) Noypi Yonip, (20) U Min Min, (21) မချစ်ကြည်အေး (22) အန်ကယ်ကြီး ဒန်နီဘွင့် (23) မသက်ဝေ (24) ကိုဇော်လင်း (25) ကိုလူသစ် (26) ညီမငယ်လေး လင်းလက်ကြယ်စင် (27) ညီမလေး Cherry Khin KHin (28) ညီမလေး Pan Chu Chu (29) Anelyn De Luna (30) ဥက္ကဌလေး Ronald Aung Naing, (31) မောင်လေး Henry Chen, (32) ကိုစိုးထက် (33) ကိုစိုးအောင် (34) အိအိချော၊ (35) ကို Thaw Zin, (36) ကိုမြတ်သူ၊ (37) ညီမလေး မသန္တာ၊ (38) Ko Wild, (39) ညီမလေး ဇင်ဇင်ဝင်းကို (40) ညီမ ခွန်မြလှိုင် (41) ကိုတေဇသူရ (42) မောင်လေး Thomas Latt (43) ညီမလေး ရွှန်းမီ (44) ညီမလေး Yadana Lai (45) မောင်လေး သက်တန့်ချို (46) ကိုထက်အောင်ကျော် (47) Sandar Suzan (48) ကိုအောင်မျိုးမင်း (49) ကို Yoe Chittaya (50) Turn on Ideas (51) ညီကျော် (52) ကိုသန်းကျော်ဌေး၊ (53) ရီတိုး၊ (54) ကိုမောင်မောင်သန်း၊ (55) Rose, (56) မျိုးမျိုး၊ (57) ကိုရန်နိုင်သိန်းဖေ၊ (58) Nan Moe Hnin Oo, (59) ဆရာဝင်းနိုင်ဦး၊ (60) ကိုမျိုးသန့်ဦး၊ (61) ကိုအေးလွင်၊ (62) ညီမမွန်ထက်၊ (63) မြစ်ကျိုးအင်း၊ (64) Dream Lover, (65) ကိုဇော်မျိုးလွင်၊ (66) သားငယ်၊ (67) မမီးငယ်၊ (68) Debbie, (69) ဆရာမ မေငြိမ်း၊ (70) Patrick, (71) ပြည်သူ့ဘက်သား၊ (72) ငြိမ်းနိုင်၊ (73) သျှင်နေမင်း၊ (74) ကိုဇော် (75) ကိုကျော်သူရ၊ (76) နန္ဒာအေး၊ (77) PeTi, (78) Min Min, (79) April Love, (80) Cho Aung (81) သမီးလေး ဝေနှင်းဦး၊ (82) ချောစု၊ (83) ဂရမ်မာ ကြာရွက်၊ (84) Ovserver, (85) တာရာ၊ (86) Anonymous (June 17, 2011 4:46 AM)၊ (87) ကောင်းစေလိုသူ၊ (88) မာဃ၊ (89) Min , (9၀) Anonymous (June 17, 2011 7:32 AM), (91) စစ်မုန်း၊ (92) Rose, (93) ကိုညီလွင် (94) ငမူး၊ (95) Su Su, (96) ကိုချိုတူး (97) ပဲခူးသား၊ (98) Activist, (99) ဇော်ဂျီ၏ ဗေဒါလမ်းကဗျာ (100) စစ်နိုင်၊ (101) ကိုပြည်သူ၊ (102) ရဲဘော်ဘခက်၊ (103) Blogger Support Group (104) ကိုမန်းကိုကို၊ (105) မျိုးဆက်သစ်လူငယ်၊ (106) Jimmy, (10) ကိုအာယု၊ (108) Mahn Ba Khaing (109) တိုက်မောင်း၊ (110) ဖိုးခွား၊ (111) Anonymous (June 18, 2011 6:54 PM), (112) KAUNG, (113) သားထူး၊ (114) Chum, (115) ကိုသန်းနိုင် (101) (or) သန်းနိုင် (208)၊ (116) သမိုင်းလေ့လာသူ၊ (117) စစ်ခွေးမုန်းသူ၊ (118) လောကပါလ၊ (119) Advisor (120) အမှန်မြင်သူ၊ (121) ဒေါင်းသွေး၊ (122) Tommy Thet Naing, (123) မောင်လူအေး၊ (124) သမီးဒီဇင်ဘာ၊ (125) မိုးယံ၊ (126) ဖူ့တာမိတ် တို့အားလုံးရဲ့ မွေးနေ့ဆုတောင်းများအတွက် အထူး ကျေးဇူးတင်ကြောင်း ဒီပို့စ်မှာ မှတ်တမ်းတင်ပါတယ်။



ရွှင်လန်းချမ်းမြေ့ကြပါစေ