မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ကျန်းမာရေး/ဇီဝသိပ္ပံ. Show all posts
Showing posts with label ကျန်းမာရေး/ဇီဝသိပ္ပံ. Show all posts

C-Box အမေးအဖြေ (၂)



C-Box မှာ စာဖတ်သူတွေ လာမေးထားတဲ့ မေးခွန်းတွေကို စုပြီးဖြေပေးလိုက်ပါတယ်။ အမှန်က ဖြေပေးတယ် ဆိုတာထက် ညွန်းပေးတယ် ဆိုတာက ပိုပြီး မှန်ပါတယ်။ စာဖတ်သူတွေ မေးတဲ့ မေးခွန်းအတော်များများက တင်ထားပြီးသား ပို့စ်အောက်မှာ ရှိပြီးသားဖြစ်ပါတယ်။ စာဖတ်သူများကို မိမိသိလိုတဲ့ အကြာင်းအရာနှင့် ပတ်သက်တဲ့ပို့စ် ရှိမရှိ ဆိုတာကို Side bar မှာရှိတဲ့ Labels အောက်မှာ အက္ခရာအစဉ်လိုက် ရှာကြည့်စေချင်ပါတယ်။ ပြီးတော့ ပို့စ်နဲ့ ဆိုင်တဲ့ မေးခွန်းကို ပို့စ်အောက်မှာ မေးပြီး ပို့စ်နဲ့ မဆိုင်ဘဲ သီးသန့် သိလိုတဲ့ မေးခွန်းကိုပဲ C-box မှာ မေးစေချင်ပါတယ်။ ပို့စ်တင်ပြီးသား မရှိတဲ့ မေးခွန်းတွေအတွက် ဖြေထားတဲ့ အဖြေတွေက ကျွန်မ သိသလောက်ကိုသာ ဖြေထားတာ ဖြစ်လို့ ပြီးပြည့်စုံတဲ့ အဖြေတွေ မဟုတ်ပါဘူး။ တတ်သိနားလည်သူများ ဘယ်သူမဆို ဖြည့်စွက်ပေးနိုင်ပါတယ်။



29 Apr 10, 03:29
maminge: i want to know hepatitics C in detail. pls explain in a post.

အဖြေ။ ။ Hepatitis C အကြောင်း ပို့စ်တင်ပြီးသား ရှိပါတယ်။ Hapatitis C အကြောင်း ပို့စ်နှစ်ခုကို ဒီနေရာ http://health.ngoinmyanmar.org/search/label/Hepatitis%20C မှာ ဖတ်နိုင်ပါတယ်။

30 Apr 10, 05:48
ကိုမျိုး: လင်မယားကြားမှာ oral sex ကသင့်တော်ပါသလားဆရာ...ဆိုးကျိုးရှိနိုင်ပါသလားဆရာ

ဖြေ။ ။ Oral Sex အကြောင်းကို Side bar ရှိ Labels အောက်က Reproductive Health ခေါင်းစဉ်အောက်ကမှာ ဒေါက်တာ တင့်ဆွေတင်ထားတဲ့ ပို့စ် http://health.ngoinmyanmar.org/2010/01/oral-practice.html မှာ ဖတ်နိုင်ပါတယ်။ မကြာသေးခင်က C-Box မှာ စာဖတ်သူ ချစ်ချစ်က မေးပြီး ဒေါက်တာဇိဝကက ဖြေပေးထားတာကိုလည်း အောက်ပါအတိုင်း တွေ့ရပါတယ်။

26 Apr 10, 00:30
ချစ်ချစ်: ယောကျာ်း သုတ်ရည်တွေ ပါးစပ်ထဲဝင်သွားမိရင် ဘာဖြစ်တတ်ပါသလဲ ဆရာ
27 Apr 10, 11:23
ဇီဝက (ဆေး-၂): to ချစ်ချစ်, သုတ်ရည် ပါးစပ်ထဲဝင်လို့ ဘာမှ မဖြစ်ပါ။

ဖြေ။ အပေါ်မှာ ဆရာဇိဝကက ဖြေထားပေးပါတယ်။ ဒီတော့ အမေးနဲ့ အဖြေအရ Oral Sex နဲ့ ပတ်သက်ပြီး ပြဿနာတော့ မရှိနိုင်ပါဘူး အနည်းငယ်တော့ ဖြည့်စွက်လိုပါတယ်။ သင့်တော်မတော် ဆိုတာကတော့ ကာရကံရှင်နှစ်ဦး သဘောတူညီမှု ရှိမရှိနှင့်သာ ဆိုင်ပါတယ်။ သို့ပေမဲ့ လူ့ခန္ဓာကိုယ်ဟာ ဘက်တီးရီးယားတွေရဲ့ ပျော်မွေ့ရာ စံအိမ် ဖြစ်တဲ့အတွက် ဘက်တီးရီးယားတွေဟာ အမျိုးသားလိင်တံ အပါအ၀င် လူ့ခန္ဓာကိုယ်ရဲ့ အရေပြားမှ အဆက်မပြတ် ထွက်နေပါတယ်။ Oral Sex ကို အသုံးပြုချိန်မှာ အကယ်၍ ပါးစပ်ကို အသုံးပြုသူဟာ ခန္ဓာကိုယ်ရဲ့ Defend Mechanisms လို့ခေါ်တဲ့ ခုခံနိုင်တဲ့အား နည်းနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေရင် ရောဂါရဖို့ သိပ်ကိုလွယ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားလိင်တံဟာ သန့်ရှင်းဖို့နှင့် အသုံးပြုသူရဲ့ပါးစပ်မှာ အနာအဆာမရှိဖို့တော့ အထူး လိုအပ်ပါတယ်။ အကောင်းဆုံးက Oral Sex ကို အသုံးပြုရင်Condone ကိုအသုံးပြုပါက အန္ဓရာယ် အကင်းဆုံး ဖြစ်နိုင်ကြောင်း အကြံပြုပါတယ်။

30 Apr 10, 09:55
khunmyominoo: ၀မ်းခဏခဏချုပ်တတ်လို့ ပါဆရာ။ ညွန်ကြားပေးပါ ခင်ဗျား။

ဖြေ။ ။ ၀မ်းချုပ်တာဟာ စားတဲ့အစာအစာထဲမှာ အမျှင်ဓါတ်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးနှံနဲ့တို့ကို လုံလောက်စွာ မစားခြင်းနှင့် ရေကိုလုံလောက်စွာ မသောက်ခြင်း ကြောင့်ဖြစ်ပါတယ်။ ဘယ်လောက်အထိ စားသင့်တယ်ဆိုတာ Labels အောက်က Nutritions ခေါင်းစဉ် http://health.ngoinmyanmar.org/search/label/Nutrition အောက်မှာ ကျွန်မ (Nge Naing) တင်ထားတဲ့ အာဟာရနဲ့ ပတ်သက်တဲ့ ပို့စ် ၄ ခုရှိပါတယ်။ ဟင်းသီးဟင်းရွက် ဘယ်လောက်အထိ စားသုံးသင့်တယ်ဆိုတာ သိချင်ရင် အဲဒီအောက်မှာ ကျန်းမာစွာ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် နေ့စဉ်စားသုံးရန် လိုအပ်သော အစာပမာဏ ဆိုတဲ့ ပို့စ်ထဲမှာ ဟင်းသီးဟင်းရွက်အပြင် ဘယ်အစာအမျိုးအစားကို ဘယ်လောက်များများ စားသောက်ရမယ်ဆိုတာ အကုန်ပါပါတယ်။ တခြားပို့စ်တွေမှာတော့ ဘယ်လို နေထိုင် စားသောက်ရမယ်ဆိုတာ အသေးစိတ်ရှိပါတယ်။

30 Apr 10, 15:12
နေနေ: ကိုယ်ဝန်ရှိတုန်းများများဆက်ဆံရင် မိန်းကလေးရပြီး နဲနဲသာဆက်ဆံမယ်ဆိုရင် ယောက်ျလားလေးရတယ်ဆိုတာဟုတ်ပါသလား။

ဖြေ။ ။ လုံးဝမဟုတ်ပါ၊ ဘာမှလည်း မဆိုင်ပါ။ ကိုယ်ဝန်ဆောင်ခါစနဲ့ မွေးခါနီးတလမှာ လိင်ဆက်ဆံမှုကို ရှောင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလဆိုတာ မမျိုးဥနဲ့ ဖိုသုတ်ကောင်တို့ ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့ သန္ဓေသားကြီးထွားတဲ့ ကာလဖြစ်ပါတယ်။ ပုံမှန် တလတခါ မျိုးဥကြွေပြီး ဓမ္မတာသွေးပေါ်တဲ့ အမျိုးသမီးတဦးဟာ ကိုယ်ဝန်ဆောင်စဉ် မျိုးဥ မကြွေပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ဖိုမ ဆက်ဆံခြင်းဟာ သန္ဓေသား ထပ်ရစရာ အကြောင်းမရှိသလို ရှိပြီးသား သန္ဓေသားကိုလည်း ကျား၊ မ မပြောင်းစေနိုင်ပါဘူး။ သားယောက်ျားလေး ရခြင်း၊ သမီးမိန်းကလေး ရခြင်းဆိုတာဟာလည်း လိင်ဆက်ဆံသည့် အချိန်ကာလ အပိုင်းအခြားနဲ့လည်းမဆိုင် အမျိုးသမီးနဲ့လည်း လုံးဝမသက်ဆိုင်ဘဲ အမျိုးသားဆီကလာတဲ့ခရိုမုဇုန်း အမျိုးအစား အပေါ်မှာသာ မူတည်ပါတယ်။

လူသား ဆဲလ်တခုမှာ မျိုးရိုးဗီဇကို သယ်ဆောင်ပေးတဲ့ ခရိုမိုဇုန်း ၂၃ စုံ (၄၆ ခု) ရှိပြီး နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်းက မွေးလာမည့် ကလေးရဲ့ ကျား မ လက္ခဏာ ကို ဖေါ်ဆောင်ပါတယ်။ X နှင့် Y ဆိုပြီး ကျား၊ မ ခရိုမိုဇုန်း နှစ်မျိုး ရှိသည့်အနက် အမျိုးသမီးတွေမှာ X ခရိုမိုဇုန်းပဲ ရှိပြီး အမျိုးသားက X နှင့် Y နှစ်မျိုးစလုံးကို ပိုင်ဆိုင်ပါတယ်။ ဒါကြောင့်မို့ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွား ရာမှာ ပထမ ဦးဆုံး သက်ရှိဆဲလ် Gamete ကိုဖွဲ့စည်းတဲ့အခါ အမျိုးသမီးက X ခရိုမိုဇုန်းကိုပဲ ထုတ်ပေးနိုင်ပြီး ဒီ X ခရိုမိုဇုန်းနှင့် ပေါင်းစပ်ဖို့ အမျိုးသားဆီမှ X ခရိုမိုဇုန်းကိုပဲ ရပါက (X နဲ့ X ပေါင်းပြီး) သမီး မိန်းကလေး ကို ရရှိမှာဖြစ်ပြီး အမျိုးသားဆီက Y ခရိုမိုဇုန်း ကို ရရှိပါက (X နဲ့ Yပေါင်းပြီး ) သား ယောက်ျားလေး ကို ရရှိပါတယ်။

30 Apr 10, 15:17
မင်းမင်း: မာစတာဘီးရှင်းကို တစ်ပတ်ဘယ်နှစ်ခါလုပ်သင့်သလဲဆရာ affect ဖြစ်နိုင်ပါသလား မေးရတာလဲအားနာပါတယ်။

ဖြေ။ ။ ဒီမေးခွန်းကတော့ လုပ်သင့်တဲ့ အကြိမ်အရေအတွက်ကတော့ ပြုလုပ်သူရဲ့ ဆန္ဒအာသီသနဲ့ပဲ ဆိုင်ပါတယ်။ Affect ဖြစ်နိုင်မနိုင်ဆိုတာက သန့်ရှင်းမှုတော့ အထူးလိုအပ်ပါတယ်။ Masturbation (မိမိဖါသာ အာသာဖြေခြင်း) ကို စွဲစွဲလန်းလန်းနဲ့ အလွန်အကျွံ ပြုလုပ်သူဟာ စွဲတတ်ပြီး မိမိ အိမ်ထောင်ရက်သား ကျတဲ့အချိန် အိမ်ထောင်ဖက်နဲ့ ဆက်ခံရာမှာ စိတ်ဝင်စားမှု အားနည်းသွားပြီး မိမိအကျင့်ဟောင်း ဖြစ်တဲ့ Masturbation ကိုပဲ စွဲနေတတ်တယ်လို့ အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်တာမျိုး ရှိတတ်တယ်လို့ မြန်မာဆရာဝန်တဦး ရေးတဲ့စာအုပ် တအုပ်မှာ ဖတ်ဖူးပါတယ်။ ဒီအကြောင်း ဒေါက်တာ တင့်ဆွေ ရေးတဲ့ ပို့စ်ကို ဒီဘလော့ဂ်က http://health.ngoinmyanmar.org/2010/01/blog-post.html မှာ တင်ထားတာ ရှိပါတယ်။

3 May 10, 03:23
7even: သုတ်လွတ်တာ အရမ်းမြန်နေတာ ဘယ်လိုလုပ်ကမလဲ။

သုတ်လွှတ်စောခြင်းနဲ့ ပတ်သက်ပြီး ဒေါက်တာ ဇိဝကတင်ထားတဲ့ပို့စ်ကို ဒီနေရာမှာ (http://health.ngoinmyanmar.org/2009/12/premature-ejaculation.html) မှာ သွားဖတ်နိုင်ပါတယ်။ Reproductive Health အောက်က ဒေါက်တာတင့်ဆွေရေးတဲ ဒေါက်တာ တင့်ဆွေရဲ့ http://health.ngoinmyanmar.org/2010/04/blog-post_16.html ဒီပို့စ်နဲ့လည်း အကျုံးဝင်ပါတယ်။ နှစ်ခုစလုံးကို ဖတ်ကြည့်လိုက်ပါ။

3 May 10, 05:38
mayjuly: ဆိုးကျိုးအနည်းဆုံးရှိတဲ့ကိုယ်ဝန်တားဆေးအကြောင်းများသိလိုပါတယ် ။ပြောပြပေးပါ။

ဖြေ။ ။ Reproductive Health ခေါင်းစဉ်အောက်မှာ သန္ဒေတားနည်းနဲ့ ပတ်သက်တဲ့ ပို့စ်တွေ အများကြီးရှိပါတယ်။

(၁) ဒေါက်တာ တင့်ဆွေရေးတဲ့ http://health.ngoinmyanmar.org/2009/08/blog-post_23.html
၂။ ဒေါက်တာ byakga ရေးတဲ့ http://health.ngoinmyanmar.org/2009/03/blog-post.html
၃။ ဒေါက်တာ စိုးထက်ရဲ့ ကိုယ်ဝန်တားဆီးခြင်း နည်းလမ်းများ http://health.ngoinmyanmar.org/2008/12/contraception-choices.html
၎။ ဒေါက်တာ ရဲမွန်ရဲ့ အမျိုးသား သားဆက်ခြားနည်းအကြောင်း မိတ်ဆက် http://health.ngoinmyanmar.org/2009/03/introduction-to-newer-male.html
၅။ KoGyithu ရဲ့ အရေးပေါ် သားဆက်ခြားနည်း http://health.ngoinmyanmar.org/2008/11/blog-post_4612.html အဲဒီ ပို့စ်တွေအထဲမှာ အသေးစိတ်ရှိပါတယ်။ Mayjuly အနေနဲ့ မိမိဖါသာသာ ကြိုက်တာ ရွေးယူတော့။ ကျွန်မကတော့ သားဆက်ခြားတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကပဲ အနစ်နာခံလာရတော့ ဒေါက်တာ ရဲမွန်ရေးတဲ့ အမျိုးသား သားဆက်ခြားနည်းကို အကြိုက်ဆုံးပါပဲ။

4 May 10, 04:32
khine: ဆရာ..လေးဘက်နာရောဂါကြောင်းသိချင်ပါတယ်..အမြဲတမ်းအဆစ်တွေနာ နေပါတယ်.. joint တွေကလည်းကိုက်ပါတယ်..အရေပြားအောက်နာနေတယ်လို့ခံစားရပါတယ်။

ဖြေ။ ။ လေးဘက်နာ အကြောင်း ဒေါက်တာ ၀င်းသိန်းေ၇းထားတာ http://health.ngoinmyanmar.org/2008/02/group-beta-haemolytic-streptococcus.html မှာ ရှိပါတယ်။ http://health.ngoinmyanmar.org/search/label/Musculoskeletal%20system အောက်က ပို့စ်တချို့ကိုလည်း ဖတ်ကြည့်ပါ။

5 May 10, 05:28
ဖိုးထိန်: မေးစရာလေးရှိလို့ပါခင်ဗျာ။ သွေးကျဲတဲ့ရောဂါဖြစ်နေတာ..ဆေးရုံကဆ င်းပြီးတော့ဆေးတွေသောက်နေရတယ်။ အဲဒါဆေးအရှိန်နဲ့ကလေး ကအရမ်းဝလာတယ်(အရင်ကကလေးကပိန်ပိန်လေးပါ)။ သိချင်တာကဆေးသောက်တာရပ်လိုက်ရင် နဂိုအတိုင်းပြန်ဖြစ်ပါ့မလား ဆိုတာ၊ : ပြီးတော့အဲဒီရောဂါက လုံးဝပျောက်ကင်း နိုင်လားဆိုတာ သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးပါလားခင်ဗျာ။

ဖြေ။ ။ သွေးကျဲတာနဲ့ သွေးပျစ်ခဲတာ နှစ်ခုစလုံးက သွေးထဲမှာ ပါဝင်တဲ့ Chemical တွေ မမျှတလို့ ဖြစ်နိုင်သလို သွေးထွက်လွန်ခြင်း၊ သွေးယိုစီးခြင်းကို ကာကွယ်ပေးတဲ့ Clotting Factor ခေါ် သွေးထဲမှာရှိတဲ့ အင်ဇိုင်းတွေ ပုံမှန်ထက် ပိုနည်းနေလို့လဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို ခန့်မှန်းရုံနဲ့ မသိနိုင်ပဲ သွေးစစ်ပြီး သွေးထဲမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ရေတွက်ခြင်း (Full blood Count) နှင့် Clotting Factors တွေရဲ့ အခြေအနေကို ကြည့်ပြီးမှ သိနိုင်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေ မမျှမတ ဖြစ်နေရင် မျှတအောင် ကုသရမယ်။ အဲဒီရောဂါဟာ ပျောက်ကင်းနိုင်ပါတယ်။ အခု ဆရာဝန် ပေးထားတဲ့ဆေးကို သုံးစွဲရင်း ဖြစ်နေတယ်ဆိုတော့ ကုသပေးနေတဲ့ ဆရာဝန်ကပဲ လူနာရဲ့ အခြေအနေကို အသိဆုံး ဖြစ်နိုင်လို့ အဲဒီဆရာဝန်နဲ့ပဲ တိုင်ပင်သင့်ပါတယ်။ သွေးပျစ်လွန်းခြင်းနှင့် ကျဲလွန်းခြင်း နှစ်ခုစလုံးက အန္တရာယ်ရှိတဲ့အတွက် ဆရာဝန်ကို မဖြစ်မနေ အသိပေးပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်ဖို့ကိုပဲ အာကြံပြုပါတယ်။ မိမိ ဆေးကုသမှု ခံယူနေတဲ့ ဆရာဝန်ကို မေးခွန်းမေးဖို့ ဘယ်တော့မှ အားမနာပါနဲ့။ ဆရာဝန်ဆိုတာ ဆေးကုပေးဖို့ သက်သက်မဟုတ်ပါဘူး လူနာ သိချင်တာကို နားလည်အောင် ရှင်းပြဖို့အတွက်လည်း တာဝန်ရှိပါတယ်။

5 May 10, 06:20
ကိုလင်း: မိန်းမချင်းဆက်ဆံတဲ့အခါ ဘာရောဂါတွေကူးစက်နိုင်ပါသလဲ... မိန်းမတွေမှာလည်းအာသာဖြေတယ်ဆိုတာမျိုးကိုလုပ်ခဲ့ မည်သို့အကျိုးယုတ်တာတွေကိုခံစားရပါသလဲ။ မိန်းမအကြောင်းများလည်းရေးစေချင်ပါတယ်..

ဖြေ။ ။ လိင်တူဆက်ဆံတာ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရောဂါရှိရင် ကူးစက်နိုင်တာချင်းကတော့ အတူတူပါပဲ။ အာသာဖြေတာလည်း အတူတူပါပဲ ဘာမှ မကွာပါဘူး။ ဒါပေမဲ့ အမျိုးသမီးရဲ့ ဆီးလမ်းကြောင်းက သိပ်ကို တိုလွန်းတဲ့အတွက် မသန့်ရှင်းပါက ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်တဲ့ အန္တရယ် အမျိုးသမီးမှာ ပိုများပါတယ်။ ဒါကလွဲရင် ကျန်တာ အမျိုးသမီးနဲ့ အမျိုးသား ရောဂါကူးစက်ရာမှာဖြစ်စေ၊ အာသာဖြေရာမှာ ဖြစ်စေ သဘောသဘာဝ ဘာမှ မကွာပါဘူး။ လိင်ကြောင့် ကူးစက်တဲ့ ရောဂါအကြောင်းကို http://health.ngoinmyanmar.org/2010/02/stds.html မှာ ဖတ်ရှု နိုင်ပါတယ်။ မိမိဖါသာ အာသာဖြေခြင်း အကြောင်းကိုတော့ http://health.ngoinmyanmar.org/2010/01/blog-post.html မှာ ဖတ်နိုင်ပါတယ်။

11 May 10, 09:47
ကိုကို: ဆရာကိုတစ်ခုမေးချင်ပါတယ်။ မီန်းမမှာ ရာသီမလာတာ တစ်ပတ်ရှိပါပြီ ကေသီပန်ဆေးကိုလည်းသောက်ပါတယ်။ ဘာများဖြစ်လို့ပါလဲ။ကိုယ်ဝန် ရတာပါလား။

ဖြေ။ ။ တပတ်တည်းနဲ့တော့ ကိုယ်ဝန်ရတာ ဖြစ်ချင်မှ ဖြစ်မှာပါ။ တလခန့် မလာဘဲ ရှိနေမှ ဆရာဝန်နဲ့ စစ်ဆေးအတည်ပြု သင့်ပါတယ်။ ကိုယ်ဝန်ရတဲ့ အမျိုးမီးတယောက်ရဲ့ လက္ခဏာတွေ ပြောင်းတာ ကျွန်မတင်ထားတဲ့  (http://health.ngoinmyanmar.org/2008/07/gestional-deabetes.html ) မှာ ရှိပါတယ်။ ပို့စ်က ဆီးချိုနဲ့ပတ်သက်တဲ့ ပို့စ်ဖြစ်လို့ Gestation (ကိုယ်ဝန်ဆောင်ခြင်း) ဆိုတဲ့ ခေါင်းစဉ် အသေးအောက်မှာပဲ ကြည့်ပါ။



4 May 10, 11:33
thuratun: sayarma , khin byar aku lo a pu chain a yan myint nay tae yar thi hmar bae lo yaw gar tawe phit taaku lo yarthi u tu a yan puu tae a twat bar yaw gar tawe phit tat lae so tar ko thi chin par (ဆရာမ ခင်ဗျား၊ အခုလို အပူချိန် အရမ်းမြင့်နေတဲ့ ရာသီမှာ ဘယ်လိုရောဂါတွေ ဖြစ်တတ်သလို၊ ရာသီဥတု အရမ်းပူတဲ့အတွက် ဘာရောဂါတွေ ဖြစ်တတ်လဲ ဆိုတာကို သိချင်ပါတယ်။)

ဖြေ။ ။ လူခန္ဓာကိုယ်အတွင်းအပြင်၊ လူ့ပတ်ဝန်းကျင်နဲ့ လူတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ အမြဲတမ်း ရှင်သန်နေတပါတယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ပြင်ပမှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။ ပူတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ရဲ့ ရေဓါတ်၊ သတ္တုဓါတ်တွေ ဆုံးရှုံးပါတယ်။ ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။ သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါရဖို့ သိပ်ကိုလွယ်ပါတယ်။ ၀မ်းလျှော၊ ၀မ်းကိုက် ပျို့အန်တာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကတဆင့် ခန္ဓာကိုယ်ရဲ့ ရေနဲ့ သတ္တုဓါတ် ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းလို့ ကိုယ်အပူအချိန်ကို ပုံမှန်အတိုင်း မထိန်းနိုင်ဘဲ အေးလွန်းခြင်း၊ ပူလွန်းခြင်း ဖြစ်ကာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်မှာ အစာရေစာကို လုံလောက်မျှတအောင် စားသုံးပြီး တကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ အထူးလိုအပ်ပါတယ်။ (မေးခွန်းကို မြန်မာလို ဘာသာပြန်ပေးတဲ့ Anonymous ကို အထူးကျေးဇူးတင်ပါတယ်။)
( Public Health in Myanmar ဘလော့ဂ်က C-Box မှာ စာဖတ်သူတွေ လာမေးထားတဲ့ မေးခွန်းတွေကို Thursday, May 13, 2010 က ဒီဘလော့ဂ်နဲ့ Public Health in Myanmar ဘလော့ဂ် နှစ်ခုစလုံးမှာ တင်ထားပြီးသား ဖြစ်ပေမဲ့ Mare ware တွေ ဖြစ်တုန်းက ဒီဘလော့ဂ်က ဒီပို့စ်တခုတည်းမှာ Malware တွေ ကပ်နေလို့ ဖြုတ်ပစ်လိုက်ရတယ်။ အခု ဒီပို့စ်ကို Public Health in Myanmar ဒီနေရာ မှ ပြန်သွားကူးပြီး ပြန်ဖေါ်ပြလိုက်ပါတယ်။)

ပို့စ်အောက်မှ မှတ်ချက်များ

10 comments:

maung said...
This post has been removed by the author.
Pinky said...
စီဘောက်ကိုဝင်လို့မ၇လို့ ...ဒီကနေတဆင့်မေးခွင့်ပြုပါနော်.....မလေးမစားဖြစ်သွားခဲ့၇င်လည်း...တောင်းပန်ပါတ၇်နော်....ခါးအကြောညပ်တာနဲ့ပတ်သတ်ပြီးသိချင်လို့ ပါ...
ပထမဆုံးဖြစ်ဖြစ်ချင်းစက်နဲ့သွားဆွဲတ၇်..သက်သာလာတ၇်ပေါ့နော်.......အခုပြန်ဖြစ်တော့..အနင်းခံလိုက်တာ..မသက်သာပဲပိုဆိုးသွားတ၇်...ထိုင်လည်းနာ..ထလည်းနာ..လမ်းလျှောက်လည်းနာနေလို့ ပါ......အဲ့ဒါဘ၇်လိုလုပ်၇မ၇်ဆိုတာလညါး..အကြံပေးဖြေကြားပေးပါနော်.......မဆင်ခြင်ပဲလျှောက်လုပ်လို့ ..ပိုဆိုးလာတာကိုစိတ်ဆိုးပြီးမဖြေပဲနဲ့တော့
မနေပါနဲ့နော်......အကြံပြုချက်ကိုစောင့်မျှော်လျှက်....


saytan
bj said...
ဆရာမ မငယ်နိုင်ရှင့်
ကျွန်မ ရာသီမလာတာ သုံးလခွဲလောက်ရှိပါပြီ၊၊ အရင်ကလည်း မကြာမကြာ ( တခါတလေ 2 လခွဲလောက်ထိ ) နောက်ကျဘူးပါတယ်၊၊ ဒါပေမဲ့အခုလောက် တစ်ခါမှ နောက်မကျဘူးပါ၊၊ ရာသီလာနိုး၊ လာနိုးနဲ့ စောင့်နေတာ အခုလောက်ထိကြာသွားတာပါ၊၊ ဆရာဝန်တော့ မပြဖြစ်သေးပါဘူး၊၊ ကျွန်မကြောက်တာက ဗိုက်ထဲမှာ တစ်ခုခုဖြစ်နေမှာ စိုးလို့ ပါ၊၊ စိုးရိမ်ရပါသလားရှင်၊၊ လက်ဖက်တွေ အစားများသွားလို့ လားမသိပါဘူးရှင်၊၊ တခါတခါ ရာသီလာချင်သလိုလို ခံစားရပြီး မလာတာပါ၊၊ အစကတော့ နဲနဲနောက်ကျတာကောင်းတယ်လို့ ထင်နေတာ အခုတော့တော်တော်နောက်ကျနေလို့ စိုးရိမ်လို့ပါရှင်၊၊ ဆရာမဆီက အဖြေကိုစောင့်နေ ပါမယ်ရှင်၊၊
Nge Naing said...
ညီမရေ အိမ်ထောင် ရှိတယ်ဆိုရင်တော့ သန္ဓေတားထားပေမဲ့ တခါတရံ ရာခိုင်နှုန်းအနည်းငယ် မတော်တဆနဲ့ ရသွားတတ်လို့ ကိုယ်ဝန်ရှိတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မရှိဘဲနဲ့ သွေးမပေါ်ဘဲ ဖြစ်တတ်တဲ့ အကြောင်းအရင်းကလည်း အမျိုးမျိုးရှိတော့ ညီမပေးထားတဲ့ အချက်အလက်လောက်နဲ့ ဘာဖြစ်နိုင်တယ်ဆိုတာ ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။ စိုးရိမ်ရလားဆိုတော့ ဖြစ်တဲ့အကြောင်းအရင်း အပေါ်မှာသာ မူတည်ပါတယ်လို့ပဲ ပြောလို့ရမယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတော မသိဘဲနဲ့ ပြောဖို့ မဖြစ်နိုင်ဘူး။ ဟော်မုန်းမျှတခြင်း၊ အာဟာရမမျှတခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း တခုခုကြောင့် ဖြစ်တတ်ပါတယ်။ အရင်ကလည်း မကြာခဏ ဖြစ်တယ်ဆိုတော့ ဓမ္မတာမမှန်တာက သေချာနေလို့ အလေးအနက်ထားပြီး ဘာကြောင့် ဖြစ်တယ်ဆိုတာ ရှာဖွေစစ်ဆေးသင့်ပါတယ်။ ဘာပဲ ဖြစ်နေပါစေ အကျိုးအကြောင်းကို စောစောသိတာက နောက်ကျမှ သိတာထက် အများကြီး ကုသဖို့ (သို့) ကာကွယ်ဖို့ ပိုအချိန်ရပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသ စစ်ဆေးပြီး အကောင်းဆုံးပဲလို့ အကြံပြုပါတယ်။
bj said...
ဆရာမရှင့်
ကျေးဇူးအများကြီးတင်ပါတယ်၊၊ ဖြစ်နိုင်ရင် ဒီအပါတ်ထဲမှာ ဆရာဝန်ဆီသွားပြလိုက်ပါ့မယ်၊၊ ရာသီလာရင် တော်တော်ကိုက်ခဲတတ်လို့ ရာသီနောက်ကျတာ ကောင်းတယ်ဆိုပြီး လာခါနီးရင် လက်ဖက်တွေစားတာ များသွားလို့  ဒီတခါ ဒါ့ကြောင့်လားတော့ မသိပါဘူး ဆရာမရယ်၊၊ ( ဆိုင်မဆိုင်တော့မသိပါ၊၊) ဆရာမ အကြံပေးတဲ့အတွက် ကျေးဇူးပါရှင့်၊၊
Hazel said...
ဆရာ..
သမီးမှာအခုကိုယ်ဝန် (၂)လခွဲရှိနေပါပြီ..
OG ဆရာဝန် နဲ့ပြပါတယ်.. ဆရာမက NOSIC, Multi-Vitamin, Folic Acid သောက်ဖို့ ညွှန်ကြားပါတယ်ဆ၇ာ..
သမီး တစ်ခုသိချင်တာက Ovimin အားဆေးကို ကိုယ်ဝန်ဘယ်နှစ်လမှာ စသောက်လို့ရလဲဆိုတာရယ်..
Multi-Vitamin နဲ့ တွဲသောက်လို့ရမရသိချင်လို့ပါ..
ကျေးဇူးပြုပြီး ညွှန်ကြားပေးပါအုံးဆရာ..
Dr. Tint Swe said...
To Hazel: ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီး သောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ ပိုလိုတာက သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။ ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ဆေး အမျိုးမျိုးကို ကြော်ညာ ကောင်းကောင်းနဲ့ ထုတ်တယ်။ “ထောပတ်ကောင်း စလောင်းနှင့်တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ ကောင်းပါတယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီနာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်နေကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့ဗျာ။
ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ကိုလဲဖတ်စေချင်ပါတယ်။

Hazel said...
ဆရာ
သမီးအခုကိုယ်ဝန်(၃)လနဲ့(၂)ပတ်ရှိပါပြီ..
OGပြပြီးကျန်းမာရေးစောင့်ရှောက်မှု့ကိုခံယူပါတယ်ဆရာ. အခုအပူရှပ်ပြီး ချောင်းတွေဆိုးပါတယ်ဆရာ.. နောက် အာသီးလည်းရောင်နေပါတယ်ဆရာ.. အရင်ဆို ပိုးသတ်ဆေးသောက်လိုက်တယ်ဆ၇ာ..အခုတော့ မသောက်ရဲဘူး..ဗိုက်ထဲက ကလေးကိုထိခိုက်မှာဆိုးလို့ ပါဆရာ.. ဘာဆေးသောက်သင့်တယ်ဆိုတာ.. ဆရာ အကြံပေးဖြေကြားပေးပါအုံးဆရာ..ကျေးဇူးတင်စွာဖြင့်
Dr. Tint Swe said...
Hazel said...
Amoxicillin ဆေးဟာ ကိုယ်ဝန်ဆောင်နေတုံး သောက်နိုင်တဲ့ဆေးလို့ အားလုံးလောက်က ယူဆပါတယ်။ သုတေသနတွေ ဆက်လုပ်နေတာမှာ Pregnancy Risk Category B (considered to be safe for use during pregnancy) အဆင့် ရှိတယ်။ Allergy မဖြစ်သူတွေ ကိုယ်ဝန်ရော ကလေးနို့တိုက်ချိန်မှာပါ သောက်နိုင်တယ်။


လူတိုင်းလူတိုင်း ကျန်းမာစွာ အသက်ရှင် ရပ်တည် နိုင်ကြပါစေ။


အပြုသဘောဆောင်သည့် ဝေဖန်ရေးပေးစာ

Practice Development 3 (PD3) Subject
Medical and Surgical Care
Letter and Oral Presentation on
Infection Control in NSW hospitals
Date -------

To
(1) Minister of Health, NSW
(2) Chief Nursing Officers all hospitals in NSW
(3)Lecturers and tutors at the Faculty of Nursing Midwifery and Health, University of Technology Sydney, UTS

Dear Sirs and Madams
ကျွန်မသည် သုံးနှစ်တာကာလအတွင်း နယူးဆောက်ဝေးပြည်နယ်အတွင်း ဆေးရုံ (၁၀) ရုံထက်မနည်းသည့် အရေအတွက်ရှိ Surgical Wards, Operating Theatre and Recovery Room တို့တွင် Clinical Practice ကို လေ့ကျင့်သင်ကြားလာခဲ့သည့် UTS မှ Nursing ကျောင်းသားတဦး ဖြစ်ပါသည်။ ဒီစာကို ရေးရခြင်းမှာ နယူးဆောက်ဝေးပြည်နယ်ရှိ ဆေးရုံများတွင် လက်ရှိ ကျင့်သုံးနေသော ရော့ရဲလှသည့် ကူးစက်ရောဂါ ထိန်းချုပ်မှုအပေါ် အင်မတန်မှ စိုးရိမ်မကင်း ဖြစ်သည့်အတွက် ရေးရခြင်း ဖြစ်ပါသည်။ ဤစာ၏ အဓိက ရည်ရွယ်ချက်မှာ နယူးဆောက်ဝေး ဆေးရုံများတွင် ဖြစ်ပျက်နေသော ကူးစက်ရောဂါထိန်ချုပ်မှု ရော့ရဲနေသည့် အခြေအနေများကို အနာဂတ် Health Profession ကျောင်းသားများနှင့် ၀န်ထမ်းများ သိစေရန်နှင့် ဖြစ်နေသော ပြဿနာကို သက်ဆိုင်ရာက စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ Health Department နှင့် ဆေးရုံရှိ တာဝန်အရှိဆုံးသူနာပြုချုပ်နှင့် ကျွန်မတက်ရောက် သင်ကြားသော တက္ကသိုလ်ကျောင်းမှ ဆရာဆရာမများကို သတင်းပေးခြင်းနှင့် အကြံပြုခြင်း ဖြစ်ပါသည်။ ဤစာ၌ ကျွန်မ၏ သုံးနှစ်တာခရီး ကျောင်းသားဘ၀ Clinical အတွေ့အကြုံအရ နယူးဆောက်ဝေး သူနာပြုများက ၎င်းတို့၏အလုပ်ကို အချိန်မီပြီးမြောက်နိုင်ရန်အတွက် ကူးစက်ရောဂါထိန်းချုပ်မှုကို အလေးမထားဘဲ Clinical Competencies ကို ပုံမှန်အတိုင်း လိုက်နာမှုမရှိဘဲ ပြူမူဆောင်ရွက်နေပုံကို တိုက်ရိုက် ဖေါ်ညွန်းထားပါသည်။ အတိအကျအားဖြင့် ဤစာတွင် လက်ဆေးခြင်းနှင့်ပတ်သက်ပြီး ဆေးရုံမှ သတ်မှတ်ထားသည့် Standard Precaution ကို သူနာပြုအပါအ၀င် ကျန်းမာရေးဝန်ထမ်း အတော်များများက ကောင်းစွာမလိုက်နာခြင်းနှင့် လူနာများအား သူနာပြုများမှ ကောင်းစွာ ပညာပေးခြင်းမရှိသည့်အပေါ် ကျွန်မကိုယ်တိုင်၏ အတွေအကြုံနှင့် ဖတ်ထားသော Literature အထောက်အထားများအပေါ် မူတည်၍ အလေးပေးဖေါ်ပြအပ်ပါသည်။

အမေရိကမှ Borg et al (2009) ၏ hand hygiene သုတေသနပြု လေ့လာမှု တခုတွင် ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး ကျွန်မ၏ အတွေ့အကြုံနှင့် အလားသဏ္ဍန်တူသည့် အဖြေကို တွေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ ကျွန်မ၏ အတွေ့အကြုံအရ နယူးဆောက်ဝေးရှိ သူနာပြုများသည် လူနာကိုတိုက်ရိုက် ထိတွေ့ကိုင်တွယ်ပြီး (Body contact) အလုပ်လုပ်ရသည့် ဆေးထိုး ဆေးပေးခြင်း၊ Drip သွင်းထားပြီးနောက်ပိုင်း ဆေးထိုးအပ်ကို ပြန်ဖြုတ်ခြင်း (Removing cannula) စသည်တို့ကို လုပ်ဆောင်ရာတွင် လက်အိပ်မစွပ်ဘဲ လက်ပြောင်ကြီးနှင့် ပြုလုပ်ခြင်းကို အမြဲလိုလို တွေ့ရပါသည်။ ထို့အပြင် သူနာပြုများနှင့် ဆရာဝန်များအပါအ၀င် ကျန်းမာရေးဝန်ထမ်း အတော်များများသည် လူနာအား လက်မဆေး လက်အိပ်မစွပ်ဘဲ စမ်းသပ်ကိုင်တွယ် ကြည့်ရှုနေသည်ကို မကြာခဏ မြင်တွေ့ရပါသည်။ အလားတူပင် ကျွန်မ လေ့လာခဲ့သော သုတေသန ပြုမှုစာတမ်းတခုတွင် လူနာကို မစမ်းသပ်မီ လက်မဆေးသော ၀န်ထမ်းဦးရေက လက်ဆေးသော ဦးရေထက် သိသိသာသာ နည်းနေကြောင်းကို သုတေသီအဖွဲ့ ဖြစ်သည့် (Borg et al, 2009) က ဖေါ်ပြထားသည်ကို လေ့လာသိရှိရပါသည်။ ထို့ကြောင့် ကျွန်မတွေ့သော နယူးဆောက်ဝေးမှ ယင်းကျန်းမာရေး အလုပ်သမားများနှင့် ထိုစာတမ်းမှ သုတေသနပြုသူများတွေ့သော ကျန်းမာရေးဝန်ထမ်းများ၏ အတွေးတွင် ၎င်းတို့ကျန်းမာရေးဝန်ထမ်းများ၏ အရေပြားမှာ ဘာပိုးမွှားမှမရှိဘဲ အမြဲတမ်းသန့်စင်နေသည်ဟု ယူဆနေပုံရပြီး ကူးစက်ရောဂါများဆိုသည်မှာ လူနာများမှသာ ပြန့်ပွားနိုင်သည်ဟု ယူဆနေသည်ဟု ထင်မှတ်ရမလို ဖြစ်နေပါသည်။ အမှန်မှာ သုတေသနပြုမှု၏ အဖြေတွင် ထုတ်ဖေါ်ချက်အရ ဆေးရုံတွင် ဖြစ်ပွားသော ကူးစက်ရောဂါ (Hospital Inquired Infections) အများစုကို ၀န်ထမ်းများဆီက ရရှိသည်ဟု မှတ်တမ်းတင်ထားပါသည် (Crookes, 2009)။

ဆက်လက်၍ ဆေးရုံတွင် လူနာများနှင့် အများဆုံး ထိတွေ့ရသော သူနာပြုများ (Nursing staff) နှင့် ဆရာဝန်များ (Medical staff) သည် Standard Precaution ကို ကောင်းစွာ လိုက်နာမှု မရှိဘဲ MRSA လူနာရှိသော လူနာအခန်းတွင်းသို့ လက်အိပ်မစွပ် Apron (သို့) Gown မ၀တ်ဘဲ ၀င်ထွက်နေကြသည်ကိုလည်း အကြိမ်များစွာ ကျွန်မ တွေ့မြင်ခဲ့ရပါသည်။ သူနာပြုများသည် ဆေးပေးရာတွင်လည်းကောင်း၊ လူနာ၏ ဘဲလ်နှိပ်သည်ကို သွားဖြေရာတွင်လည်းကောင်း MRSA လူနာ အခန်းထဲဝင်ပါက Apron ၀တ်လေ့မရှိသည်ကို တွေ့ရပါသည်။ တခါက MRSA လူနာဆီ အလည်လာသည့် မိသားစုဝင် ကလေးများက လူနာကုတင်ပေါ်တွင် တက်အိပ်နေသည်ကို သူနာပြုများက တွေ့သော်လည်း တားမြစ်ခြင်း၊ ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပညာပေးစကား ပြောခြင်း လုံးဝ ပြုလုပ်သည်ကို မတွေ့ရသောကြောင့် ကျွန်မကို ပိုပြီးအံ့သြတုန်လှုပ်စေပါသည်။ မိသားစုဝင်များသည် ဆေးရုံရှိ လူနာဆီ အလည်လာချိန်၌ MRSA လူနာအခန်းတွင်းသို့ ၀င်ပါက Apron နှင့် လက်အိပ်ဝတ်သည်ကို အမှန်ပဲ တွေ့ခဲလှပါသည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် သူနာပြုများသည် မိမိ၏ တာဝန်ဖြစ်သော လူနာမိသားစုဝင်များအား ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့်ပတ်သက်၍ ပညာပေးသည့်နေရာတွင် လစ်လျူရှုနေသည်ကို ပြသနေပါသည်။ သူနာပြုများသည် လူနာနှင့် လူနာမိသားစုအား ကူးစက်ရောဂါနှင့်ပတ်သက်သည့် ပညာပေးမှု ပြုလုပ်ရန် အထူးပင် လိုအပ်နေပါသည်။
၂၀၀၇ ခုနှစ်တွင် Occupational Staff များက စမ်းသပ်ပြုလုပ်သည့် လက်ဆေးခြင်းနှင့် ပတ်သက်သည့် အစီစဉ်တခုတွင် တနှစ်အတွင်း ဆေးရုံဝန်ထမ်းများ လက်ဆေးမဆေးကို ကြည့်ရှု မှတ်တမ်းယူထားပြီး နောက်နှစ် ၂၀၀၈ ခုနှစ်တွင် ပြန်ကြည့်သည့်အခါတွင် ကူးစက်ရောဂါ ပြန့်နှံမှု အပေါင်းလက္ခဏာ ပြသည့် နှုန်းမှာ သိသိသာသာ လျှော့နည်းနေသည်ကို တွေ့ရပါသည် (Bounel
O’Dowd, ( 2009) က ၎င်းတို့ပြုလုပ်သော လက်ဆေးခြင်း အစီစဉ်ကြောင့် လူနာများ၏ ကူးစက်ရောဂါ အပေါင်းလက္ခာပြသည့် ရာခိုင်နှုန်းမှာ ၇၅% အထိ ကျဆင်းသွားသည်ဟု အထောက်အထားနှင့် တင်ပြပါသည်။ ထို့ကြောင့် ၎င်းအစီစဉ်သည် ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး များစွာ အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။

လူနာနှင့် မိသားစုများသည် လူသား၏ အရေပြားတွင် ရှိနေသော အနုကြည့်မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သည့် ပိုးမွှားများ (Microorganisms) နှင့်ပတ်သက်သည့် ကူးစက်မှု သဘောသဘာဝကို မည်သို့မှ နားလည်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် လူနာတိုင်းအတွက် ဆေးရုံတက်သည့်အချိန်တွင် လက်ဆေးခြင်းနှင့် ပတ်သက်သည့် ပညာပေးမှုကို သူနာပြု (သို့) Infection control team က ပြုလုပ်ပေးသင့်ပါသည်။ ဆရာဝန်နှင့် တခြားကျန်းမာရေး အလုပ်သမားများသည် လူနာကို စမ်းသပ်ရန်သွားစဉ် လက်ဆေးခဲသော်လည်း လူနာကိုစမ်းသပ်ပြီးတိုင်းမှာတော့ အမြဲတမ်း လက်ဆေးသည်ကို လေ့လာတွေ့ရှိရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ မသိစိတ်တွင် ကူးစက်ရောဂါ ကာကွယ်မှုကို လူနာအချင်းချင်းကြား ကူးစက်မှု (Cross infection) ကို ကာကွယ်ရန်ထက် မိမိတို့ကိုယ်တိုင်အတွက် ကာကွယ်ခြင်းက ပိုအရေးကြီးသည်ဟု ယူဆနေဖွယ်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း O’Dowd, ( 2009) ၏ သုတေသပြု လေ့လာချက်တွင် Cross infection ကို ကာကွယ်ရန်အတွက် ထိုနှစ်ခုစလုံးက အရေးကြီးကြောင်း ဖေါ်ပြနေပါသည်။

ကျွန်မအနေနှင့် သူနာပြုများသည် Standard precaution ကို ကောင်းစွာ လိုက်နာခြင်း မရှိသည်မှာ အချိန်ကို လုံလောက်စွာ စီမံခန့်ခွဲနိုင်ရန် (Time management) ဖြစ်သည်ဟုယူဆပါသည်။ လုပ်ငန်းခွင် တခုတွင် အချန်ကို လုံလောက်အောင် စီမံခန့်ခွဲတတ်ရန် အရေးကြီးသည်မှာ မှန်သော်လည်း ကူးစက်ရောဂါ ထိန်းချုပ်မှုအတွက် safety procedure ကို ကောင်းစွာ လိုက်နာဆောင်ရွက်ရန်မှာ ကျန်းမာရေး လုပ်ခန်းခွင်အတွက် အရေးကြီးဆုံး ဖြစ်ပါသည်ဟု Cohli E, Ptak J, Smith R, Taylor E, Talbot EA, Kirkland, KB (2009) က အခိုင်အမာဆိုပါသည်။ ထို့အတူ လက်ဆေးခြင်းအလေ့အကျင့်သည်လည်း ကူးစက်ရောဂါ ထိန်းချုပ်မှုအတွက် အရေးကြီးဆုံး အလုပ်ဖြစ်ပါသည် (Dempsey, 2009)။

ကူးစက်ရောဂါ၏ အန္တရယ်ကို ကောင်းစွာသိသော ကျန်းမာရေး အလုပ်သမားများမှ လိုက်နာသင့်သည့် ပရိုစီဂျာကို ကောင်းစွာ မလိုက်နာပါက ကူးစက်ရောဂါအကြောင်းကို ဘာမှနားမလည်သည့် လူနာနှင့် မိသားစုများသည်လည်း လိုက်နာဖို့ခဲယဉ်းလှပါသည်။ ယနေ့ခေတ် သူနာပြုများ၏ အလုပ်တာဝန်သည် သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်သည့်အထောက်အထားများ (Scientific evidences based practice) နှင့် အလုပ်လုပ်ရသောကြောင့် သူနာပြုများသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း လူနာနှင့် မိသားစုဝင်များအတွက် သော်လည်းကောင်း ပညာပေးခြင်း အစီစဉ်တခုကို မရှိမဖြစ် ဆောင်ရွက်ရန် လိုအပ်နေပါသည် (McGuiness 2005)။

အထက်ပါ ကျွန်မ၏ ကိုယ်တိုင် clinical အတွေ့အကြုံနှင့် literature reviews များအပေါ် အခြေခံ၍ ထောက်ပြသော အထောက်အထားများအရ ကူးစက်ရောဂါ ထိန်းချုပ်မှု ရော့ရဲသည့် ပြဿနာသည် နယူးဆောက်ဝေး (သို့) သြစကြေးလျား တနိုင်ငံတည်းတွင် ဖြစ်နေသော ပြဿနာမဟုတ် ကမ္ဘာာနှင့်တ၀ှမ်း ဖြစ်နေသည့် ပြဿနာဖြစ်နေသည်မှာ ထင်ရှားလှပါသည်။ သို့သော်လည်း ကျွန်မသည် နယူးဆောက်ဝေး ပြည်နယ်ရှိ ဆေးရုံများတွင်သာ မိမိကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရသောကြောင့် နယူးဆောက်ဝေး ပြည်နယ်၏ ကျန်းမာရေးလုပ်ငန်းခွင်များတွင် Quality care, Productive care and safety ဖြစ်ဖို့အတွက် ကူးစက်ရောဂါ ထိန်းချုပ်နိုင်သည့် အစီစဉ်များကို အောက်ပါအတိုင်း အကြံပြု တင်ပြအပ်ပါသည်။

(၁) -Clinical competency ဟုခေါ်သော လိုက်နာရန်လိုအပ်သည့် အချက်များကို သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံး အကုန်လိုက်နာရန်လိုအပ်သည်။
(၂) - လက်ဆေးခြင်းကို အခြေခံသည့် ကူးစက်ရောဂါ ထိန်းချုပ်ခြင်းနှင့် ပတ်သက်သော ပညာပေးအစီစဉ်များကို လူနာများနှင့် လူနာဆီလာလည်သော ဧည့်သည်များသိအောင် မဖြစ်မနေ ပြုလုပ်ပေးသင့်ပါသည်။
(၃) - MRSA နှင့် တခြားဆေးခံနိုင်ရည်ရှိသည့် ရောဂါများနှင့် ပတ်သက်သည့် ပညာပေးအစီစဉ်နှင့် Precaution တို့ကို လူနာနှင့် မိသားစုဝင်များ ပိုမိုရှင်းလင်းလွယ်ကူစွာ နားလည်အောင် ပြုလုပ်သင့်သည်။
(၄) - ဆေးရုံရှိ Ward တိုင်းတွင် Occupational Health and Safety staff များက ဦးဆောင်၍ ကျန်းမာရေး အလုပ်သမားများ၏ လက်ဆေးမှု ရှိမရှိ Observation Programme လစဉ် (သို့) တိကျသည့် အချိန် သတ်မှတ်ချက် တခုသတ်မှတ်ပြီး ပုံမှန် ပြုလုပ်သင့်ပါသည်။
(၅) - Safety procedure နှင့် ပတ်သက်၍ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ် စစ်ဆေးသည့် အစီစဉ် (Self-assessmemt programme) တခုကို ဆေးရုံဝန်ထမ်းများအတွင်းတွင် စစ်တမ်းကောက်ယူသည့် အစီစဉ်တခု ပုံမှန် ရှိသင့်ကြောင်း တင်ပြအပ်ပါသည်။

ကျေးဇူးတင်ပါသည်။
Thank you very much for listening my speech


(စာရေးမအားသေးတဲ့အချိန်မှာ လာလည်သူများ ဖတ်လို့ရအောင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ကျောင်းမှာ နောက်ဆုံး Assessment တခုဖြစ်တဲ့ ပေးစာနှင့် Oral Presentation Assignment ကို မြန်မာလိုပြန်ပြီးသား ရှိနေတာကို ပြန်ဖေါ်ပြလိုက်ပါတယ်။)


Bibliography

Australian Nursing and Midwifery Council (ANMC). (2008). National competency standards for
the registered nurse. Australia: Australian Nursing and Midwifery council.

Bonuel, N., Byers, P., Gray, B., Thelma, M. (2009). Methicillin resistant Staphylococcus aureus
(MRSA) prevention through facility-wide culture change. Critical Care Nursing
Quarterly. 32(2):144-8.

Borg, MA., Benbachir, M., Cookson, BD., Fedjeb, SB., Elnasser, Z. Rasslan, O., Gur, D.,
Daoud, Z., Bagatzouni, DP. (2009). Self-protection as a driver for hand hygiene among
healthcare workers. Infection Control & Hospital Epidemiology. 30(6):578-80

Cohli, E., Ptak, J., Smith, R., Taylor, E., Elizabeth A., Kirkland, K B. (2009). Variability in the
Hawthorne effect with regard to hand hygiene performance in high- and low-performing
inpatient care units. Infection Control & Hospital Epidemiology. 30(3):222-5.

Crookes, P. (2009). Infection control focus: Practising what we preach. Australian nursing
journal. 16(6):35.

Dempsey, K. (2009) Infection control focus: Wash your “bloody” hand. Australian nursing
journal. 16(6):34.

McGuiness, B . (2005). Infection control. In J. Crisp & C. Taylor (Eds.). Potter & Perry’s
fundamentalsof nursing (2nd ed.). Marrickville, NSW: Elsevier Australia.

O'Dowd, A. (2009). Government claims measures to cut MRSA and C difficile rates will help
reduce other infections. Current Issue. 338 (1) :2580


အသက်သတ်လွတ် စားသူများအတွက် အကြံပြုချက်


အသက်သတ်လွတ်စားသုံး သူများသည် ခန္ဓာကိုယ်အတွက် နေ့စဉ်စားသုံးရန်လိုအပ်သည့် အာဟာရကို လုံလောက်စွာ မစားသုံးပါက အသားဓာတ်ချို့တဲ့နိုင်ခြင်း၊ တခြား ဗီတာမင်ဓာတ်များလည်း ချို့တဲ့နိုင်ခြင်း စသည့် အားနည်းချက် ရှိသလို ဟင်းသီးသင်းရွက်ကို အဓိကထား စားသုံးသောကြောင့် လုံလောက်စွာ စားသုံးပါက သာမန်လူများထက် အမျှင်ဓာတ်လုံလောက်သည့်အတွက် အားသာချက်များကိုလည်း ရရှိထားပါသည်။ အစာအာဟာရနှင့်ပတ်သက်၍ အသက်သတ်လွတ် စားသူများအတွက် အားသာချက်နှင့် အားနည်းချက်များကို ယှဉ်တွဲတင်ပြပါမည်။
အမျှင်ဓာတ် အမျှင်ဓာတ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ဟင်းသီးဟင်းရွက်ထဲမှာ အများဆုံးပါရှိပါသည်။ အမျှင်ဓာတ် ပိုမိုစားသုံးသူသည် အမျှင်ဓာတ် အစားနည်းသူထက် များစွာအသက်ရှည်ပြီး ကျန်းမာသည်။ အကယ်၍ အသက်သတ်လွတ်စားသုံးသူများသည် လုံလောက်သော အာဟာရကို နေ့စဉ်စားသုံးနိုင်ပါက အသားစားသူများထက် ပိုပြီး ကျန်းမာအသက်ရှည်စွာ နေထိုင်ကြမည် ဖြစ်သည်။ အကြောင်းမှာ ဟင်းသီးဟင်းရွက်နှင့် အသီးနှံများတွင် ပါဝင်သော အမျှင်ဓာတ်သည် ခန္ဒာကိုယ်အတွက် စွမ်းအင်ဖြစ်စေသည့် ဂလူးကို့စ်ဖြစ်အောင် အစာခြေ၍ မရနိုင် သောကြောင့် ၎င်းကို ဆဲလ်များမှ ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသုံး ပြုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ဟင်းသီးဟင်းရွက်မှ ရရှိသော အမျှင်များသည် အူနံရံရှိ ဘက်တီးရီးယား များကို သယ်ဆောင်ပြီး မစင်အဖြစ် ပုံမှန် စွန့်ထုတ်ပေးခြင်းဖြင့် ၀မ်းကို ပုံမှန် သွားစေပြီး အူလမ်းကြောင်းတွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်စေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြု ပါသည်။

ထို့အပြင် ထိုအမျှင်များသည် ခန္ဓာကိုယ်အား စွမ်းအင် အဖြစ်နှင့် အကျိုး မပြုနိုင် သော်လည်း စားသုံးလိုက်သော အာဟာရများထဲရှိ ဂလူးကို့စ်ကို သွေးထဲ ပုံအော ရောက်ရှိခြင်းမှ ကာကွယ်ပြီး ဆဲလ်မှ ဂလူးကို့စ်ကို ဖြည်းဖြည်းနှင့် မှန်မှန် စုပ်ယူစေ၍ သွေးထဲ သကြားဓါတ် ပမာဏကို အမြဲတမ်း ပုံမှန် ဖြစ်နေအောင် ထိန်းညှိ ပေးသည်။ ထို့အပြင် နှလုံးနှင့် သွေးကြော များအား ဒုက္ခပေးနိုင်သည့် ကော်လက်စထရောလ် ပမာဏကို လျော့နည်းစေခြင်း၊ ၀မ်း ပုံမှန် သွားပြီး အူမကြီး အား ဘတ်တီးရီးယား ဒုက္ခ ပေးခြင်း၊ ကင်ဆာဖြစ်ခြင်းဖြင့် နှလုံး၊ ဆီးချို၊ အူမကြီးကင်ဆာ စသည့် အသက်ကြီးလာရင် ဖြစ်လာနိုင်သော ရောဂါပေါင်း များစွာကို ကာကွယ်ပေးပါသည်။ ဟင်းသီးဟင်းရွက်များတွင် အမျှင်ဓာတ်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်များလည်း များစွာ ပါဝင်ပြီး ဘက်တီးရီးယားနှင့်အတူ မစင်အဖြစ် မစွန့်ထုတ်မီ နောက်ဆုံးအချိန်အထိ ထိုသတ္တုဓာတ်များကို
အစာလမ်းကြောင်းတလျှောက်ရှိ အူနံရံက စုပ်ယူပါသည်။ ဤနည်းဖြင့် အမျှင် ( Fibre) သည် စွမ်းအင် ဖြစ်စေသည့် ဂလူးကို့စ်ကို မထုတ်ပေးသော်လည်း ခန္ဓာကိုယ်နှင့် အစာ လမ်းကြောင်းကို များစွာ အကျိုး ပြုပြီး ရောဂါပေါင်း များစွာကို ကာကွယ်ပါသည်။ ထို့ကြောင့် အမျှင်ဓာတ်ကို နေ့စဉ်များများ စားသုံးရန် လိုအပ်ပါသည်။ အစာလမ်းကြောင်း ပြဿနာမရှိသူများအနေဖြင့် အချိုအရသာ မရှိသည့် အသီးနှံနှင့် ဟင်းသီး ဟင်းရွက်များကို ဆန္ဒရှိသလို ကြိုက်သလောက် များများ စားသုံး နိုင်ပြီး ချိုသည့် အသီးနှံများကိုမူ တမျိုးစီ သို့မဟုတ် Fruit Salad အဖြစ် တနေ့ နှစ်ကြိမ်ခန့် စားသုံးသင့်ပါသည်။


အသားဓာတ်

အသားဓာတ် Protein သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် အတော် များများကို အထောက်အကူ ပြုပါသည်။ အထူးသဖြင့် ဆဲလ်များနှင့် တစ်ရှူး များ၏ လုပ်ငန်းများ ဖြစ်သည့် သွေးထဲနှင့် တစ်ရှူးထဲရှိ အရည် ပမာဏကို မျှတအောင် ထိန်းချုပ် ပေးခြင်း၊ သွေးထဲ ဟိုက်ဒရိုဂျင် စုစည်းမှု (pH) ကို မျှတ အောင် လုပ်ပေးရန် အင်ဇိုင်းနှင့် ဟော်မုန်းများ ပုံမှန် အလုပ်လုပ် နိုင်အောင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း ရောဂါပိုးများ နှောင့်ယှက်မှု ကို ကာကွယ် ပေးခြင်း၊ အာဟာရ ကို ခန္ဓာကိုယ်အနှံ့ သယ်ယူ ပို့ဆောင် ရာတွင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ်ကို အကြောင်းအမျိုးမျိုးကြောင့် ပြတ်လပ် သွားပါက အသားဓါတ်မှ ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသက် မဆုံးရှုံးအောင် ထိန်းထား ပေးခြင်း စသည့် အရေးပါသည့် လုပ်ငန်း များစွာဖြင့် ခန္ဓာကိုယ်အား အထောက်အကူ ပြုပါသည်။

အသားဓာတ် ကို ဆဲလ်ကလပ်စည်းများ အတွင်းရှိ DNA ခေါ် မျိုးရိုးဗီဇကို သယ်ဆောင်ပေးသည့် အချဉ်ဓာတ်တမျိုးမှတဆင့် အဆင့်ဆင့် ပြောင်းလဲ၍ အမီနို အက်စစ် ကွင်းဆက်များ အဖြစ် တွေ့ရပါသည်။ အသားဓာတ်တွင် အမီနိုအက်စစ် အမျိုးအစား ၂၀ ရှိပြီး အရိုးတွယ် ကြွက်သားများကို အသုံးပြု၍ လိုအပ်သော အသားဓာတ် အများစုကို ခန္ဓာကိုယ် ထဲမှာ ပင် ထုတ်လုပ် ပါသည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် ထုတ်လုပ်၍ မရနိုင်သော မဖြစ်မနေ လိုအပ်သည့် အမီနို အက်စစ် တချို့ ရှိနေ သောကြောင့် အသားဓာတ်ကို နေ့စဉ် အနည်းငယ်စီ ဖြည့်စွက်စားသုံးရန် လိုအပ်ပါသည်။
လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ စသည့် တိရစ္ဆာန်ထွက် အစားအစာများကို စားသုံးခြင်းဖြင့် ရနိုင်သကဲ့သို့ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ စသည့် အပင်ထွက် အစားအစာများကို လုံလောက်စွာ စားသုံးခြင်းဖြင့်လည်း လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို ရရှိနိုင်ပါသည်။ အားနည်းချက်မှာ တိရစ္ဆာန် မှ ရသော အသားဓာတ်တွင် အသားတမျိုးတည်းမှ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အမီနိုအက်စစ် အားလုံး ပါဝင် နိုင်သော်လည်း အပင်မှ ရရှိသော အသားဓာတ်တွင် အမီနို အက်စစ် တခု (သို့) တခုထက် ပို၍ လိုနေ တတ်ပါသည်။ ထို့ကြောင့် အသက်သတ်လွတ် စားနေသူများ သည်နွားနို့စသည့် တိရစ္ဆာန်ထွက် နို့မသောက်သူများ ဖြစ်ပါက အမီနိုအက်စစ် အားလုံး ပါစေရန် အသားဓာတ် ပါဝင်သည့် အပင်ထွက် အစားအစာ အမျိုးမျိုး ပါဝင်အောင် စားသင့်ပါသည်။ အသားဓာတ်ပါသော အပင်ထွက်အစားအစာ တခုတည်းစား၍ အသားဓာတ်ထဲတွင် ပါဝင်သော Amino acid အကုန်လုံးပါဖို့ မဖြစ်နိုင်ပါ။ ဆိုလိုသည်မှာ ပဲဟင်းတခွက်တည်း ဖြင့် ခန္ဓာကိုယ်အတွက် လုံလောက်သော အသားဓာတ်ကို ရရှိမည် မဟုတ်ပါ။ တမျိုးတည်းကိုသာ စားသုံးပါက အသက်သတ်လွတ်စားခြင်းအတွက် အားနည်းချက်အဖြစ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ဖြစ်လာစေနိုင်ပါသည်။

ထို့ကြောင့် ပဲတမျိုးတည်းကို နေ့စဉ် ဆက်တိုက် စားမည့်အစား ပဲပုပ်ပဲ၊ ကျောက်ကပ်ပုံပဲ၊ မြေပဲ၊ ပဲဝါခြမ်း၊ နှမ်းနှင့် တခြားအခွံမာ စေ့များ၊ ပဲပြား တို့ဖူး စသည်တို့ကို တပတ်အတွင်းတွင် အနည်းဆုံး အမျိုးစား နှစ်ခုထက် ပို၍ ပါဝင်အောင် တလှည့်စီ စားသင့် ပါသည်။ စားသုံးသည့် အသားဓာတ်ထဲတွင် အမီနိုအက်စစ် အကုန်လုံး ပါဝင်အောင် မစားနိုင်ပါက အသားဓာတ် ချို့တဲ့နိုင်ပြီး အသားဓာတ် ချို့တဲ့ခြင်း သည် တခြားအာဟာရဓာတ်အားလုံး ချို့တဲ့ခြင်း၏ လမ်းစဖြစ်ပါသည်။
သို့သော် အသက်သတ်လွတ်စားသူသည် အသားဓာတ်ပါသော အသီးအရွက် နှစ်မျိုးနှင့် နှစ်မျိုးထက်ပိုပြီး စားသုံးပေးနိုင်ပါက နေ့စဉ် အသားစားသူနှင့် အသားဓာတ် အာဟာရ ရရှိမှုတွင် ဘာမှ မခြားပါ။ အသားစားသူများထက် အားသာသည့်အချက်မှာ တိရစ္ဆာန်မှ ရရှိသည့် အသားဓာတ်ကို လိုသည်ထက် ပို၍ စားသုံးပါက ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲ ပြဿနာ များစွာ ရှိသော်လည်း အပင်မှရသည့် အသားဓာတ်ကိုမူ အစာလမ်းကြောင်း ပြဿနာနှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ဆန္ဒရှိသလောက် ကြိုက်သလို များများ စားသုံးနိုင်ပါသည် အပင်မှရသည့် အသားဓာတ်သည် ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ပိုရသောကြောင့် အသားစားသူထက် လူကိုပို၍လန်းဆန်းစေသလို လိုသည်ထက် ပိုစားမိသည်ဟူ၍ မရှိဘဲ အမျှင်များများစားလေ ဘက်တီးရီးယားများကို ပိုမိုဖယ်ရှားနိုင်ပြီး အစာလမ်းကြောင်းကို ပို၍ ကျန်းမာသန့်ရှင်းစင်ကြယ်စေပါသည်။
ဗီတာမင် B12

အပင်ထွက် အစားအစာများကို တခုထက်ပိုစားပါက
အသားဓာတ်နှင့် တခြား ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များကို လုံလောက်စွာ ရနိုင်သော်လည်း ဗီတာမင် B12 ကိုမူ အပင်ထွက် အာဟာရများမှ ရနိုင်သည့် အထောက်အထားကို အာဟာရဆိုင်ရာ သိပ္ပံပညာရှင်များ မတွေ့ရသေးကြောင်း လေ့လာသိရှိရပါသည်။ ဗီတာမင် B12 သည် ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှု၊ အာရုံကြောအကာလွှာ ထိန်းသိမ်းမှု၊ ဦးနှောက်နှင့်အာရုံကြောဆဲလ်များ ထိန်းသိမ်းမှု နှင့် ဦးနှောက်နှင့်အာရုံကြောစနစ်၏ ပုံမှန် လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းမှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို တိရစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် တခြားမည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ဗီတာမင် B12 ချို့တဲ့ပါက သွေးအားနည်း ရောဂါတမျိုး ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။ ထို့ကြောင့် အကယ်၍ အသက်သတ်လွတ်စားသူသည် ကြက်ဥ (သို့) နွားနို့ကဲ့သို့ တိရစ္ဆာန်ထွက် နို့များကို မသောက်သုံးသူများ ဖြစ်ပါက ဗီတာမင် B12 ချို့တဲ့မှု ရှိမရှိ စမ်းသပ်စစ်ဆေးသင့်ပြီး ရှိပါက ဆေးဝါးဆောင်ထားသင့်ပါသည်။ ကြက်ဥ စားသူများ (သို့) နွားနို့သောက်သူများအတွက် မလိုအပ်ပါ။

ကယ်လ်စီယံ

ကယ်လစီယံကို အသီးအရွက်များတွင် ရနိုင်သော်လည်း သူ့အတွက် သီးသန့်ပုံမှန်စားသုံးမှု မရှိပါက ခန္ဓာကိုယ်အတွက် လုံလောက်သည့် ပမာဏကို ရရန်မလွယ်ပေ။ ထို့ကြောင့် နေ့စဉ် နွားနို့ (သို့) ပဲနို့ နှစ်ခွက်ခန့် သောက်သင့်ပါသည်။

အပိုစာများ
သကြား၊ ဆား၊ ဘီယာ၊ အရက်၊ အချိုရည် (Soft drink)၊ ဘီစကစ်မုန့်အပါအ၀င် သွားရေစာ အချိုစာများအားလုံး၊ ပေါင်မုန့်တွင် သုတ်သည့် ထောပတ်နှင့် Jam များအားလုံးသည် ကျန်းမာရေးအတွက် မလိုအပ်ပဲ အရသာအတွက် အပျော်စားသည့် အပိုစာများသာ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအစားအစာများကို မစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် မည်သည့် အကျိုးကျေးဇူးမှ ဆုတ်ယုတ်သွားရန် မရှိပါ။ အရသာအတွက်သာ ဖြစ်သည့် အစားအစာများ ဖြစ်၍ စားသုံးပါက အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင်ဆင်ခြင် စားသုံးသင့်သော အစားအစာများ ဖြစ်သည်။ ၎င်းတို့ကို မစားသုံးပဲ နေနိုင်က စားသုံးသူများထက် ကျန်းမာရေးအတွက် ပိုအကျိုးရှိပါသည်။



အချုပ်အားဖြင့် အသက်သတ်လွတ်စားသူများအတွက် အသားဓာတ်ကို အပင်ထွက် အစားအစာများမှ လုံလောက်စွာ ရရှိနိုင်သော်လည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည့် ဗီတာမင် B12 ကိုမူ တိရစ္ဆာန်ထွက် အစားအစာမှသာ ရရှိနိုင်သောကြောင့် တိရစ္ဆာန်ထွက် အသားဓာတ်လုံးဝ မစားသုံးသူများသည် ဖြည့်စွက် Vitmin B12 ကို အသုံးပြုသင့်ပါသည်။ လူတိုင်း လူတိုင်း တနေ့ကို ဟင်းသီးဟင်းရွက် အစိမ်းအကျက် သုံးလေးမျိုးနှင့် အသီးနှံ နှစ်မျိုးခန့် စားသုံးမှ ခန္ဓာကိုယ်အတွက် လုံလောက်သော အာဟာရကို ရရှိနိုင်ပါသည်။ အသက်သတ်လွတ် စားသူများအနေဖြင့်မူ ၎င်းပမာဏထက်ပိုစားသုံးသင့်ပြီး အစာလမ်းကြောင်း ပြဿနာ မရှိပါက ဟင်းသီးဟင်းရွက်ကို မိမိကြိုက်နှစ်သက်သလောက် စားသုံးနိုင်ပါသည်။ ဟင်းသီးဟင်းရွက်ကို များများ စားသုံးခြင်းဖြင့် ရောဂါပေါင်းများစွာကို ကာကွယ်နိုင်မှာဖြစ်ပြီး မည်သူမဆို လူ့သက်တမ်းမှာ ကျန်းမာ အသက်ရှည်စွာ အသက်ရှင် နေထိုင်ရမည် ဖြစ်သည်။

လူတိုင်းလူတိုင်း အစာအာဟာရကို မျှတအောင် စားသုံးပြီး လူ့သက်တမ်းကို ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေ။




အပေါ်မှာ ရေးထားတာတွေက အရင်ပို့စ်ဟောင်းတွေက ပြန်ကောက်နုတ်ထားတာကို အသက်သတ်လွတ်နဲ့ ပတ်သက်တာနည်းနည်း ပြန်ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အသက်သတ်လွတ်နဲ့ မဆိုင်ဘဲ ပုံမှန် လူတွေအတွက် အာဟာရကို ဒီထက်ပို အသေးစိတ်သိလိုရင် ကျန်းမာရေး/ဇီဝသိပ္ပံ Label အောက်က Malnutrition အပါအ၀င် ကျန်းမာစွာ အသက်ရှင်ရန် နေ့စဉ်စားသုံးရန် လိုအပ်သည့် အစာအာရ ခေါင်းစဉ်နဲ့ ပို့စ် သုံးခုကို သွားလေ့လာနိုင်ပါတယ်။

အထက်ဖေါ်ပြပါ ပို့စ်ပါ အကြောင်းအရာအရ အသက်သတ်လွတ် စားသူများဟာ ပဲဟင်းတခွက်တည်း (သို့) ကန်ဇွန်းရွက်ကြော် တခွက်တည်းနဲ့ လုံလောက်တဲ့ အာဟာရကို ရရှိမှာ မဟုတ်တာ သေချာပါတယ်။ တို့စရာကြိုက်တတ်သူ ဖြစ်ရင် ဟင်းချက်ဖို့ အချိန်မရရင်တောင် ဟင်းသီးဟင်းရွက်ကို စုံအောင် တို့စားသင့်ပါတယ်။ သခွားသီး၊ ခရမ်းချဉ်သီးတို့လို အသီးတွေကို ဘာမှ ချက်ပြုတ်စရာမလိုဘဲ လွယ်လွယ်စားလို့ရတဲ့ အသီးတွေလည်း ရှိပါတယ်။ အောက်ကအစားအစာပုံတွေက ကျွန်မ မကြာခဏ ချက်စားတတ်တဲ့ အသက်သတ်လွတ်စားသူများ ချက်ပြုတ်စားသောက်ဖို့ အကြံပြုတဲ့ အစားအစာ တချို့ဖြစ်တယ်။ ဒီအထဲမှ ဟင်းအကုန်လုံးကို နေ့တိုင်း ချက်စားဖို့မလိုပါဘူး။ နေ့စဉ် အာဟာရစုံအောင် ရောင်စုံဟင်းသီးဟင်းရွက် နှစ်မျိုးသုံးမျိုးခန့် ပါတဲ့ဟင်း နှစ်ခွက်ခန့် ချက်စားရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ လုံလောက်နိုင်ပါတယ်။


(၁) အသီးအရွက်ကြော် - ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်း၊ ပဲသီး၊ ကျောက်ကပ်ပုံပဲပြုတ် တို့ကို အစိမ်းကြော်ကြော်သလို ရောကြော်ထားတယ် (အသီးအရွက် အမျိုးအစား လေးမျိုးပါဝင်တယ် )


(၂) တို့ဖူးနှင့် ခရမ်းချဉ်သီးသုပ် - တို့ဖူး (ပဲပြားကြော်)၊ ခရမ်းချဉ်သီးတို့ကို ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပြီး၊ နံနံပင်အုပ်၊ ငရုတ်ဆီထည့်ကာ သုပ်ထားပါတယ် (အသီးအရွက် အမျိုးအစား လေးမျိုးပါဝင်တယ်)


(၃) ဟင်းသီးဟင်းရွက်စုံ ဟင်း - ပဲပြား၊ အာလူး၊ မုန်လာဥအနီ၊ Chick pea၊ ခရမ်းချဉ်သီး တို့ကို မဆာလာနဲ့ ဟင်းလေးချက်ထားတယ်။ (သီးအရွက် အမျိုးအစား ငါးမျိုးပါဝင်တယ်)

(၄) သနပ်စုံ - ဒါကတော့ ကျွန်မတို့ တောင်ပိုင်းက လုပ်စားတဲ့ အစားအစာ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်း၊ ပဲတီပင်တို့ကို ရှာလကာရည်တမျိုးမျိုးနဲ့ ပြုတ်ပြီး ကျက်ရင် ကြက်သွန်နီကို မိမိကြိုက်တဲ့အရွယ်နဲ့ ပုံစံ စိတ်ပြီး ဆီသတ်၊ ကြက်သွန်ကို မိမိလိုတဲ့ အတိုင်းအတာထိ ကျက်ရင် အရောင်တင်မုန့်ထည့်ချင်ရင်ထည့်ပြီး အကုန်လုံးကို ရောမွှေထားတယ်။ အချည်လိုနေသေးရင် ဒီချိန်မှာဖြစ်စေ ဆီသတ်တဲ့အချိန်ဖြစ်စေ ထည့်နိုင်ပါတယ်။ အဆင်သင့်ဖြစ်ရင် နှမ်းလှော်ကို ဖြူးပြီး စားတယ်။ ကျွန်မတို့ခေါ်တာ သနပ်လို့ခေါ်ပါတယ်။ ငှက်ပျောဖူး၊။ ပိန္နဲသီးအနု၊ ဇရစ်ရိုး၊ ခရမ်းမဲသီးတို့ကိုလည်း တခုစီဖြစ်စေ ရောပြီး ဖြစ်စေ ဒီအတိုင်း လုပ်စားလို့ရပါတယ်။ (ဟင်းသီးဟင်းရွက် အမျိုးအစား လေးမျိုးပါဝင်တယ်)



(၅) ပဲငပိ ခရမ်းချဉ်သီးချက်နဲ့ တို့စရာ - (သခွားသီးနဲံ့ ဆလတ်ရွက်က အစိမ်း၊ ကညွတ်ပင်နဲ့ ပဲသီးကအကျက်) မိမိကြိုက်ရာ တို့စရာကို တို့နိုင်ပါတယ်။ ရှမ်းပဲပုပ်ကိုလည်း ငပိကို လုပ်စားတဲ့နည်းအတိုင်း အကြော်၊ အချက်၊ အထောင်း၊ အသုပ် အကုန်လုပ်စားလို့ရပြီး မိမိကြိုက်ရာ ဟင်းသီးဟင်းရွက် အစိမ်း၊အကျက်နဲ့ တို့နိုင်ပါတယ်။

(၆) ဟင်းချို - မှိုအမျိုးမျိုး၊ တို့ဖူးနဲ့ မုန်ညှင်းရွက် ဟင်းချို ငရုပ်ကောင်းမှုန့်ဖြူးထားတယ်။ မှိုတမျိုးတည်းနဲ့ တခြားမိမိနှစ်သက်ရာ အသီးအရွက်တွေနဲ့လည်း ချက်သောက်နိုင်ပါတယ်။

ကျွန်မ မကြာခဏ တို့လေ့ရှိတဲ့ တို့စရာတွေ ( ခရမ်းကြွပ်သီးနဲ့ သခွားသီးက အစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်းနဲ့ ကညွတ်ပင်က အကျက်။
လိမ္မော်သီး (နှစ်မျိုး)၊ သခွားမွှေးသီး၊ စပျစ်သီး နေ့စဉ် မိမိနှစ်သက်ရာ အသီးနှစ်မျိုး စားသင့်ပါတယ်။

အောက်က ပန်းသီးက ၆၆ လုံးရှိတဲ့ တဖါ ငါးဒေါ်လာနဲ့ ရလို့ဝယ်လာတာ တလနီးပြီ အခုထိ မကုန်သေးဘူး။ အသီးထဲမှာ ပန်းသီးကလည်း အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ် အင်မတန် ပြည့်စုံတဲ့ အသီးဖြစ်လို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပန်းသီးဈေးပေါတဲ့နေရာမှာ ရှိတဲ့သူတွေ အသက်သတ်လွတ်စားသူ ဖြစ်ရင် ပန်းသီးကို စားသင့်ပါတယ်။ ပန်းသီးဟာ အထားလည်းခံတယ် ဈေးအချိုဆုံးနဲ့ အာဟာရ ပြည့်ဝဆုံးအသီးလည်း ဖြစ်တယ်။ ပန်းသီးစားလို့ အကျိုးယုတ်တာ ဘာမှမရှိလို့ အသီးထဲမှာ ပထမဦးစားပေးအနေနဲ့ စားသုံးသင့်ကြောင်း အကြံပြုပါတယ်။


နောက်နှစ် ဒီဇင်ဘာမှာ တကယ်ပဲ ကမ္ဘာပျက်တော့မလား

၂၀၁၂ ခု၊ ဒီဇင်ဘာမှာ ကမ္ဘာပျက်မပျက် ဆိုတာနဲ့ ပတ်သက်ပြီး Tag ပို့စ်ကို ကျွန်မ တင်ခဲ့ပေမဲ့ ပို့စ်တင်တဲ့ အချိန်တုန်းက Nibiru လို့ခေါ်တဲ့ ဂြိုလ်နဲ့ ပတ်သက်ပြီး ဘာမှ ဖတ်ဖူးတာ မဟုတ်ဘဲ သူများ Tag လာတဲ့ ပို့စ်တွေမှာ သိရသမျှ၊ ကြားရသမျှ နဲ့ဘဲ ရေးခဲ့ပါတယ်။ အခုတော့ Planet Nibiru နဲ့ ပတ်သက်ပြီး myanmar astronomy ကတင်ထားတဲ့ ပို့စ်ကို ကိုကိုးအိမ်က ပြန်လည်ဖေါ်ပြထားတာကို တွေ့လို့ ဖတ်မိတော့ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ စိတ်ဝင်စားရတဲ့ အကြောင်းကတော့ ဒီပို့စ်ကို တင်တဲ့ကာလနဲ့ အခုလက်ရှိ ကာလကြား ကမ္ဘာကြီးမှာ ဖြစ်ပျက်သွားတဲ့ Planet Nibiru နဲ့ပတ်သက်ပြီး ပြောထားတဲ့အတိုင်း ငလျှင်လှုပ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်ခြင်းတွေကို ကမ္ဘာ့ဒေသ အတော်များများမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ တိုက်ဆိုင်နေတဲ့ သဘာဝဘေးအန္တရယ်တချို့က ကျွန်မကို တကယ်ပဲ စိတ်ဝင်စားစေပြီး ဒီပို့စ်ကို ပြန်ဖေါ်ပြဖြစ်အောင် စေ့ဆော်လာပါတယ်။ ဒါတကယ်ပဲ ဖြစ်လာမလား ဖြစ်လာနိုင်မနိုင်ကို ဘယ်သူက ဘယ်လို အတိအကျ ပြောနိုင်မလဲ ဆိုတာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ဖြစ်နေတယ်။ ၁၀၁၂ ကူးမည့် အခုလာမည့် New Year က ကျွန်မတို့အတွက် Happy New Year ဖြစ်မလား Uncertain New Year ဖြစ်မလားဆိုတာတော့ တကယ်ကို တွေးတောဆင်ခြင်ဖို့ လိုနေတာအမှန်ပဲ။ ဒါကြောင့်မို့ ကျွန်မ ပို့စ်အသစ် ရေးမအားသေးတဲ့အချိန်မှာ အဲဒီပို့စ်ကို ကျွန်မရေးခဲ့တဲ့ ပို့စ်နဲ့တွဲပြီး အသစ်ပြန်ဖေါ်ပြလိုက်ပါတယ်။ ကျွန်မ ရေးတဲ့ပို့စ်က အခုဒီပို့စ်မှာ ပို့စ်ပိုင်ရှင် ခွန်းမေးထားတဲ့ စာဖတ်သူတွေအနေနဲ့ ဘယ်လိုထင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဖြေလို့ ဆိုနိုင်ပါတယ်။ Tag ပြီး မေးလာတဲ့ မေးခွန်းတွေကို ဟာသအနေနဲ့ နောက်ပြီး ပြန်ဖြေထားတဲ့ အပိုင်းကလွဲရင် အပေါ်ပိုင်းတခုလုံးက ကျွန်မအတည်ရေးထားတဲ့ ကျွန်မရဲ့ သဘောထားအမှန်တွေ ဖြစ်ပါတယ်။

ကမ္ဘာပျက်မယ့်နောက်ဆုံးနေ့(၂၀၁၂)

( ပြန်ဖေါ်ပြတဲ့ပို့စ်)


ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။
အခြား အကြောင်းအရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ
မစဉ်းစားရင် စိတ်အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ်ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်
ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာနဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်း
ပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့
ကိစ္စပါ။ အဲဒီ ဗွီဒီယိုတွေကို Doomsday, Nibiru, Planet X, 2012 December 21
ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့
ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ အကြောင်းအရာ
ပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ရေးတဲ့ အတိုင်း ကျနော်
ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား
မဟုတ်ပါ။ သူတို့ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။
(ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)

ကမ္ဘာပေါ်က အချို့သော အကြောင်းအရာတွေဟာ ရှင်းပြနိုင်တဲ့ အကြောင်း
အရာတွေ မဟုတ်ကြပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လို
ပေါ့၊ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။



သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ်
ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့
Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က
သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ်ရေပြင်ကျယ် ကြီး အလယ်လောက်
မှာ ရှိတာ၊ ဘယ်တုန်းကများ ရှေးဟောင်းလူတွေ ရောက်ပြီး ဒါတွေ လုပ်သွား
လဲ.. ကျနော်လည်း အံ့သြော် မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်းအရာ
ကလည်း သေချာ ရှင်းမပြနိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့်
နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။
အဲဒီနေ့လို့ ပြောလိုက်တဲ့အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့်
သွားနိုင်ပါတယ်။



ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။
ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ
နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့
ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။
Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထု
တစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့
နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ
ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့
မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး
ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ်
ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်
ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။
အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ
စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။
နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible
ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေ
အားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။
မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့
ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က
လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး
ကြိုးပမ်းကြတဲ့အခါ သူတို့အတွက် အခွင့်အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။
အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်
တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ
extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ
NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့
အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့
ရှိခဲ့ပါတယ်။



အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့အကြားကို ဝင်ရောက်
ဖြတ်သန်း ပါမယ်။ သူ ဖြတ်သန်းမယ့် အနေအထား ကတော့ ပုံမှာ ပြထားတဲ့
အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့
လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ
ပြန်ဖြစ်လာပါမယ်။ ကျနော်တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ
ကမ္ဘာ တစ်ခုပဲ ရှိတဲ့အတွက် မလွဲမသွေ ရင်ဆိုင် ရပါလိမ့်မယ်။ Stonehenge နဲ့
Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိတာလဲ။ ဖြစ်နိုင်တာက
အရင်က လူတွေ တည်ဆောက်ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး
သေဆုံးသွားတဲ့အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။
Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထုအဖြစ်
သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့
အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ်
မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့
အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံးအဖြစ် လရဲ့
အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့်
ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။



ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့
အဲဒီနေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့အကြားကို ရောက်ပါမယ်။ ဆန့်ကျင်
ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး
အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်
ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့အတွက် မျက်နှာပြင်
ဆွဲငင်အားက ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။
အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ်
အပိုင်းပိုင်း ကွဲထွက်ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ
နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်းရာပေါင်း အနည်းငယ်သာ
အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ်ပြန်လည်
ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာပေါ်မှာ
ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည်
ထွက်ခွါသွားပါလိမ့်မယ်။



အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို
ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့
၂၀၁၂ ဆိုတာတော့ တော်တော်ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ
ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.com မှာ
အဲဒီ အကြောင်း pool လုပ်ထားတဲ့ result ကို အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။
ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment
ရေးပေး စေချင်ပါတယ်ဗျာ။ ကျနော့်အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့
မယ်။ ကျေးဇူးတင်ပါတယ်ဗျာ။


(မှတ်ချက်။ ။ MYANMAR ASTRONOMY ဘလော့မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

ကျွန်တော်ကတော့ ဗုဒ္ဒဘာသာဝင်ဖြစ်တဲ့အတွက် လုံးဝလုံးဝမယုံပါ॥

ကိုကိုးအိမ်(မန္တလေး)မှ ပြန်လည်မျှဝေသည်။




ကမ္ဘာဖြစ်ခြင်း ပျက်ခြင်းအပေါ် သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရား
(31/10/09) တုန်းက တင်တဲ့ ကျွန်မပို့စ်

Link

ကမ္ဘာပျက်တဲ့အကြောင်း ပြောရင် ကမ္ဘာ စတဲ့အကြောင်းလည်း မပါလို့ မဖြစ်ဘူး ထင်တယ်။ ဗုဒ္ဓဘာသာတရား အရဖြစ်စေ၊သိပ္ပံ အထောက်အထားများအရ ဖြစ်စေ အခုလက်ရှိ ကျွန်မတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ အစဉ် ဖြစ်ပျက် ပြောင်းလဲနေပါတယ်။ ကိုအောင်သာငယ်က ကမ္ဘာမပျက်ခင် တလအလို ကာလမှာ ဘယ်လိုရင်ဆိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး Tag ထားတဲ့ မေးခွန်းတွေကို မဖြေခင် ကျွန်မ လုပ်ခဲ့ဖူးတဲ့ သိပ္ပံနဲ့ ပတ်သက်တဲ့ Assignment တွေအထဲက သိရတဲ့ အချက်အလက်တွေအရရော ဖတ်ဖူးတဲ့ ဘုရားဟောတရားအရပါ ပြန်သုံးသပ်ပြီး ကမ္ဘာဖြစ်ခြင်း၊ ပျက်ခြင်းနှင့် ပတ်သက်တဲ့ Fact ကိုအရင် တင်ပြပြီးမှ မေးခွန်းတွေကို ဖြေလိုက်ပါတယ်။ ဒီထဲမှာ ပါတဲ့ အချက်တချို့ကို ကိုအောင်သာငယ်ရဲ့ ပို့စ်တခုက မှတ်ချက်မှာလည်း ကျွန်မ ရေးဖူးပါတယ်။ အချက်အလက်တွေကို စိတ်မ၀င်စားသူများအနေနဲ့ ဒါကို ကျော်ဖတ်ပြီး Tag ထားတဲ့ မေးခွန်းတွေဆီ တန်းသွားလို့ ရပါတယ်။

သိပ္ပံဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုအရ ဒီကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံက စခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာကိုစပြီးနောက် သက်ရှိသတ္တ၀ါဆိုတာ မပေါ်ခင် ဓါတုဗေဒမှာ ကျွန်မတို့ သင်ခဲ့ရတဲ့ သက်ရှိဓါတ်ပေါင်း (organic compund) တွေ ဖြစ်လာဖို့ အချိန်တော်တော် ယူရပါတယ်။ ကမ္ဘာကြီး စခဲ့တဲ့အချိန်မှာ ကမ္ဘာကြီးကို သံတို့ ကြေးတို့လို ကျောက်စိုင်ကျောက်ခဲ တွေပါတဲ့ inorganic compound (သက်မဲ့ ဓါတ်ပေါင်း) တွေနဲ့ပဲ ဖွဲ့စည်းထားပြီး သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ကာဗွန်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင် စတဲ့ organic compound (သက်ရှိဓါတ်ပေါင်း) တွေက Evolution နည်းအရ နှစ်ကာလ အတော်ကြာပြီးမှ တရွေ့ရွေ့ ပြောင်းလဲနည်းနဲ့ ဖြစ်လာခဲ့တယ်လို့ သိရတယ်။ အောက်စီဂျင်မရှိပဲနဲ့ လူတွေ အသက်ရှင်လို့ မရသလို ကာဗွန်ဒိုင် အောက်ဆိုက် မရှိပဲနဲ့ အပင်တွေ အသက်ရှင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါတွေ ဖြစ်လာပြီးမှ အဲဒီက ဓါတ်ပေါင်းတွေက တဖန် တရွေ့ရွေ့ပြောင်းတဲ့နည်းနဲ့ ဘက်တီးရီးယားလို သေးငယ်တဲ့အရွယ် သတ္တ၀ါကနေ အကြီးတွေ အဲဒီကတဆင့် ဒီလိုပဲ တရွေ့ရွေ့ ထပ်ပြောင်းရင်းနဲ့ လူနဲ့တူတဲ့ အကောင်တွ ဖြစ်လာပြီးမှ လူသားအဆင့် ရောက်ဖို့က အများကြီး ထပ်ကြာသေးတယ်။ ဒါကြောင့် ဘာသာရေးအရ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ရခဲ့လှတဲ့ အရာတွေထဲမှာ လူ့အဖြစ်ဟာ ရခဲတယ်လို့ ဘုရားဟောခဲ့တာဟာ သိပ္ပံအထောက်အထားအရလည်း တကယ်ကို မှန်ကန်နေပါတယ်။

ဒီလိုသက်မဲ့ ဓါတ်ပေါင်း ကျောက်စိုင်ကျောက်ခဲတွေနဲ့ ကမ္ဘာကို နှစ်ပေါင်း ၄.၅ ဘီလီယံက စပြီး သက်ရှိသတ္တ၀ါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ဘီလီယံကမှ စတင်ပေါ်လာပါတယ်။ ဒီအထဲမှာမှ လူ၊ မျောက်အပါအ၀င် Hominidae family လို့ခေါ်တဲ့ လူနဲ့တူတဲ့ ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားနိုင်တဲ့ သတ္တ၀ါတွေကတော့ လွန်ခဲ့တဲ့အနှစ် နှစ်သန်းပေါင်း ၂၀ ခန့် Cainozoic ခေတ်မှာမှ ပေါ်ထွန်းခဲ့ပါတယ်။ လူနဲ့ လူလိုသတ္တ၀ါတွေမတိုင်ခင် နောက်ဆုံးခေတ် Mesozoic ခေတ်မှာ နှစ်သန်းပေါင်း ၁၈၀ ခန့်က ပျံသန်းနိုင်တဲ့ ဒိုင်နိုဆောတွေ ဒီကမ္ဘာကို လွှမ်းမိုးခဲ့တယ်။ ဒီမတိုင်ခင် ခေတ်အဆက်ဆက်ကို လေ့လာပါက Palaeozoic ခေတ်မှာ သန်းပေါင်း ၆၀၀ ခန့်က ကျောရိုးမဲ့သတ္တ၀ါတွေ၊ နှစ်သန်းပေါင်း ၄၄၀ ခန့်က မေးရိုးပါတဲ့ ငါးမျိုးတွေ၊ နှစ်သန်းပေါင်း ၄၀၀ ခန့်က အင်းဆက်ပိုးကောင်တွေ၊ နှစ်သန်းပေါင်း ၃၀၀ ခန့်က ကျောရိုးရှိပြီးသား တွားသွားသတ္တ၀ါတွေ။ နှစ်သန်းပေါင်း ၂၅၀ ခန့်က ဒိုင်နိုဆော နို့တိုက်သတ္တ၀ါတွေ ကမ္ဘာကို လွှမ်းမိုးခဲ့တယ်ဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းများရဲ့ သက်တမ်းကို တွက်ချက်ပြီး သိရပါတယ်။ သိပ္ပံ အထောက်အထားများအရ ခေတ်တခုခုကို သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး နှစ်သန်းပေါင်း အတော်ကြာ အချိန်ပြန်ယူပြီးမှ Organic compound တွေ ပြန်ရ၊ သတ္တ၀ါတွေ ပြန်ဖြစ်ပြီး Evolution ဆိုတဲ့ တရွေ့ရွေ့ပြောင်းလဲပြီးမှ သတ္တ၀ါကို အသစ်ကနေပြန်စတာ ဖြစ်တယ်။ ဒါကြောင့် ကမ္ဘာပျက်ပြီးလို့ နှစ်သန်းနဲ့ ချီပြီးမှ လူသတ္တ၀ါတွေကို ပြန်ဖြစ်ပေါ်စေတာ ဖြစ်တယ်။

ဒါကတော့ ရှာဖွေတွေ့ရှိထားသမျှ သိပ္ပံအထောက်အထားများသာ ဖြစ်ပြီး နှစ်သန်းပေါင်း ၆၀၀ မတိုင်ခင်က သက်ရှိတွေရဲ့ အထောက်အထားကို သိပ္ပံပညာရှင်တွေ ရှာမတွေ့သေးပါဘူး။ ကြားကာလတွေမှာလည်း သိပ္ပံပညာရှင်တွေ မတွေ့သေးတာ အများကြီးရှိနိုင်ပါတယ်။ အလုံးစုံကို သိတော်မူခဲ့တဲ့ မြတ်စွာဘုရားကတော့ အကုန်လုံးကို သိသွားခဲ့ပေမယ့် ဟောဖို့လိုအပ်တဲ့ တရားတွေကိုပဲ ဟောခဲ့ပါတယ်။ ကမ္ဘာဖြစ်ခြင်း ပျက်ခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရားက သိပ်ပြီး မကွာခြားလှတာကို တွေ့ရပါတယ်။ မြတ်စွာဘုရားက အဖန်တလဲလဲ မပြတ်ပျက်စီးလိုက် ပြန်ဖြစ်လိုက် ဖြစ်တဲ့ သံသရာကြီးဟာ သိပ်ရှည်ပါတယ်။ ဒီကမ္ဘာဟာ မရေတွက်နိုင်တဲ့ ကမ္ဘာပေါင်း မြောက်များစွာထဲက တခုသာ ဖြစ်ပါတယ်လို့ ဟောထားခဲ့ပါတယ်။ အရင်အရင် ကမ္ဘာတွေတုန်းကလည်း လူသတ္တ၀ါတွေဟာ တကွေ့ကွေ့မှာ ကြုံဖူး၊ သိဖူး၊ သားအမိ၊ ချစ်သူ၊ မောင်နှမ မဖြစ်ဖူးသူ တယောက်မှ မရှိခဲ့လို့ သတ္တ၀ါတိုင်း (တိရိစ္ဆာန်အပါအ၀င်) ကို မိဘ၊ ညီအစ်ကို မောင်နှမလို မေတ္တာထားဖို့ ဟောခဲ့ပါတယ်။

ကမ္ဘာပျက်တယ် ဆိုတဲ့နေရာမှာ ငလျင်လှုပ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း ရေခဲဖုံးလွှမ်းခြင်း စတာတွေအမျိုးမျိုး ဖြစ်နိုင်ပြီး လုံးဝ ပျက်စီးသွားတာမဟုတ်ပဲ ဖြစ်လိုက်ပျက်လိုက်နဲ့ နာလိုက် နလံပြန်ထလိုက် ဖြစ်တာမျိုး ရှိပါတယ်။ ဒီလိုဖြစ်ရင် အခုရေပေါ်မှာ ရောက်နေတဲ့ ကုန်းမြေတွေက ရေအောက် ပြန်ရောက်ပြီး ရေအောက် ရောက်နေတဲ့အပိုင်းက ကုန်းပေါ် ပြန်ရောက်တာမျိုး၊ ဆက်နေတဲ့ ကုန်းမြေတခုခုဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ကျွန်းအသေးတွေ ဒါမှမဟုတ် ရေအောက်မြှုပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သြစတြေးလျားနိုင်ငံ အလယ်ပိုင်း အခုသဲကန္တာရ ရှိတဲ့နေရာဟာ လွန်ခဲ့တဲ့ နှစ် သန်း ၄၀၀ ခန့်က ရေအာက်မှာရှိခဲ့ပါတယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာသူတွေက ဆိုပါတယ်။ ကမ္ဘာ တကယ်လုံးဝ ပျက်စီးခြင်းဆိုတာလည်း တချိန်ချိန်မှာ ရှိလာမှာဖြစ်ပြီး ကမ္ဘာကြီး လုံးဝမပျက်စီးခင် ဒီကမ္ဘာမှာ အရိမေတ္တယျ မြတ်စွာဘုရားတဆူ ပွင့်ဖို့ ရှိသေးတယ်လို့ ဟောထားတဲ့အတွက် အခုချိန်မှာ လုံးဝပျက်စီးသွားတာမျိုးတော့ မဖြစ်နိုင်သေးဘူး။

နောက်တချက်က အရိမေတ္တယျ ဘုရားပွင့်တဲ့အချိန်မှာ လူတွေရဲ့ သက်တမ်းက အနှစ်တသောင်း ရှိတယ်လို့သိရတော့ အဲဒီအခြေအနေကို ရောက်ဖို့ အချိန် အတော်ကြာဦးမှာ ဖြစ်လို့ ကျွန်မတို့ အခုဘ၀မှာတော့ နောက်ပွင့်မည့် ဘုရားကို တွေ့ရဖို့ မရှိသေးဘူး။ ဘုရားမပွင့်ခင် ကမ္ဘာကို ဆေးကြောသန့်စင်ရင်လည်း သာသနာ ရှင်သန်နေတဲ့အထိ သူတော်ကောင်းတွေဟာ ရှိနေဦးမှာဖြစ်လို့ သာသနာကွယ်ပြီး အတော်ကြာ လူတွေဟာ အကျင့်စာရိတ္တတွေ လုံးဝပျက်ပြားနေတဲ့ အချိန်မှသာ ကမ္ဘာကို ဆေးကျောတာ ကမ္ဘာပျက်တာ ဖြစ်နိုင်တယ်။ ဂေါတမ မြတ်စွာဘုရားရဲ့ သာသနာက အနှစ် ငါးထောင်တောင် မပြည့်သေးဘူး အနှစ်ငါးထောင် ပြည့်ပြီးနောက်ပိုင်း သာသနာ ပျက်ပြီးမှ ကမ္ဘာ တခုခု ဖြစ်ဖို့ ရှိတယ်ဆိုတာလည်း သိထားတယ်။ အခုထိ ဝေနေယျ သတ္တ၀ါတွေအတွက် နေ့တိုင်းမေတ္တာပို့ပေးနေတဲ့ လူနဲ့ ရဟန်း သူတော်ကောင်းတွေ ရှိနေဆဲမို့ သာသနာက ရှင်သန်ဆဲ၊ ဘာသာခြားတွေမှာလည်း စိတ်ကောင်း စေတနာကောင်းတွေ အများကြီး ရှိနေဆဲဆိုတော့ ပုံမှန်အတိုင်း မီးစာကုန် ဆီခမ်းမှ သက်တမ်းကုန်ရမယ်ဆိုရင် ကမ္ဘာက အခုလာမည့် ၂၀၁၂ မှာ ပျက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကိုးအကားတွေက တခြား သာသာဝင်တွေအတွက် အနှစ်သာရ မရှိနိုင်၊ အကျုံးမ၀င်နိုင်လို့ ဘာသာရေးနဲ့ လုံးဝ မသက်ဆိုင်တာကို ကျွန်မနည်းနည်း ထပ်ဖြည့်ချင်ပါတယ်။ ၂၀၁၂ ရုပ်ရှင်ကြော်ငြာကို ကိုအိုးဝေအောင် ဘလောဂ်မှာ ကျွန်မ ကြည့်ဖြစ်ပါတယ်။ တကယ်ဖြစ်ရင် မဖြစ်ခင် ကြိုရှောင်လို့ပဲ ရနိုင်လိမ့်မယ်၊ ဒီလိုအခြေအနေမှာ ကမ္ဘာကြီးတခုလုံးကို တိုက်မိမှတော့ တိုက်မိတဲ့အရှိန်၊ ပေါက်ကွဲတဲ့ အရှိန်တွေကြောင့် လျှပ်စစ်လှိုင်း လေထုဖိအား၊ ကမ္ဘာမြေကြီးရဲ့ ဆွဲအားတွေ ဆိုရင် ပုံမှန်အတိုင်း ဘယ်လိုမှ မဟုတ်နိုင်တော့လို့ ဒီဗွီဒယိုထဲကလို ဖြစ်တဲ့အချိန်မှ လေယဉ်နဲ့ ထွက်ပြေးလို့ ဘယ်လိုမှ ရနိုင်မယ်မထင်ဘူး။ ပရိတ်သတ် စိတ်ဝင်စားအောင် ရိုက်ပြထားတာပဲ ဖြစ်နိုင်ပါထင်တယ်။

ပြီးတော့ ၂၀၁၂ ဆိုတာ သိပ်ကို နီးနေပါပြီ။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတိုင်းမှာ ရှိတဲ့ အစိုးရတွေက ဒီကိစ္စကို အရေးတကြီးထားပြီး ဘာကြောင့် မဆွေးနွေးနေကြတာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ကမ္ဘာပျက်ဖို့ အခြေအနေကို အမှန်တကယ် တွန်းအားပေးနေတဲ့ သစ်တောပြုန်းတီးမှု၊ ကမ္ဘာပူနွေးလာမှုကြောင့် ၀င်ရိုးစွန်းဒေသ ရေခဲ ပျော်လာမှုနဲ့ ပင်လယ် သမုဒ္ဒရာရေ မြင့်တက်လာမှု၊ သဘာဝတွင်းထွက် စွမ်းအင်တွေက ရတဲ့ လောင်စာတွေကို အတတ်နိုင်ဆုံး ထိန်သိမ်းပြီး ဇိဝလောင်စာ တီတွင်သုံးစွဲမှု စတဲ့ အဝေးကြီးကြာမှ ကမ္ဘာပျက်နိုင်စေတဲ့ အကြောင်းရင်းတွေကို ကာကွယ်ဖို့ပဲ ကမ္ဘာ့ခေါင်းဆောင်တွေက အဓိက ဆွေးနွေးနေကြတယ်။ သိပ္ပံဘာသာ တက်တဲ့ ကျောင်းသားတွေကလည်း Assignment တွေမှာ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ် ဆိုတာပဲ Research တွေလုပ်ပြီး ဖေါ်ပြနေရတယ်။ မကြာခင်ဖြစ်မှာ ဖြစ်လာတော့မယ့် နောက်သုံးနှစ်ကြာမှာ ကမ္ဘာပျက်မည့် အကြောင်းအရာကိုတော့ ဘယ်သူမှ ဘာမှ ဆွေးလည်းမဆွေးနွေး အရေးလည်းမထားတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၂ ကိစ္စဟာ ဘာမှ အခြေအမြစ်မရှိတာကို သက်သေပြနေပါတယ်။ ဒါကြောင့်မို့ နေအဖွဲ့အစည်းရဲ့ အာကာသ ဟင်းလင်းပြင်ထဲကို လမ်းကြောင်းမှားပြီး ၀င်လာနေတယ်လို့ ကြားထားတဲ့ ဂြိုလ်တခုဆိုတာကိုလည်း သပ္ပံပညာရှင်တွေက တနည်းနည်းနဲ့ ရှောင်နိုင်ရှားနိုင်အောင် လုပ်ထားနိုင်ကြပါလိမ့်မယ်။

ဒါပေမယ့်လည်း အိုမှ နာမှ မဟုတ်ပဲ ငယ်ငယ် ရွယ်ရွယ်တွေလည်း တစုံတခုကြောင့် သေကြေ ပျက်စီးနေတာတွေကို မကြာခဏ တွေ့နေရတယ်။ မျက်စိတမှိတ် လျှပ်တပြက်အတွင်း ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ အချိန်မရွေး တခုခု ဖြစ်နိုင်တယ်ဆိုတာလည်း ဘုရားက ဟောထားတာ ရှိသေးတော့ ကမ္ဘာမပျက်သေးဘူး ဆိုတာကိုလည်း လုံးဝ ယုံကြည်စိတ်ချနေလို့လည်း မဖြစ်သေး။ ဒါကြောင့်မို့ မိုမပြို ပြိုခဲ့သည် ရှိသော်၊ အကယ်၍များ များပျက်ခဲ့သည် ရှိသော် မပျက်ခင်တလမှာ ဘယ်လို ရင်ဆိုင်မလဲဆိုတဲ့ မေးခွန်းတွေကို ဖြေဖို့အတွက် စိတ်ကူးယဉ် အခန်းကဏ္ဍကို စတင်လိုက်ပါပြီ။

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ကျွန်မ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး။ ကျွန်မသားလေးတယောက်ကို ရင်ခွင်ထဲမှာ ပိုက်ထားပြီး သားလေးကိုပဲ တရားဓမ္မအကြောင်းတွေ ဘာမှ မတည်မြဲဘူးဆိုတဲ့ အကြောင်းတွေ ပြောပြလိုက် တရားမှတ်လိုက်နဲ့ အချိန်ကုန်ချင်တယ်။

၂။ ဘာတွေခံစားနေရမလဲ..
သားလေးမှာ သာသနာနဲ့ ကြုံတဲ့အချိန် နည်းလိုက်တာလို့ပဲ တွေးပြီး ခံစားမိလိမ့်မယ်။

၃။ ဘာတွေပြင်ဆင်ထားမလဲ
ဘုရားအဆုံးအမ တွေကလွဲပြီး ဘာမှ ပြင်ဆင်ထားဖြစ်မယ် မထင်ဘူး။

၎။ ၀မ်းနည်းမိမှာက
အသက် ၄၀ မှ လူ့ဘ၀ကို စမယ်လို့ ရည်ရွယ်ထားတော့ လူ့ဘ၀ စပြီး မကြာခင်မှာပဲ ချက်ချင်း သေရတော့မှာကို ၀မ်းနည်းမိတယ်။ သံသရာမှာ ဘယ်တော့မှ သာသနာနဲ့ မလွဲရအောင် သာသနာနဲ့ ကြုံတုန်းကြုံခိုက် အနှိမ့်ဆုံး သောတာပန် အဆင့်လေးအထိတောင် မရယူလိုက်နိုင်တာ ဗုဒ္ဓဘာသာ ဖြစ်ရရှုံးတယ်ဆိုတာ တွေးပြီး ၀မ်းနည်းမိလိမ့်မယ်။

၅။ကြောက်လန့်မိတာက..
ချက်ချင်းမသေမှာကို

၆။ဆောင်ထားချင်တာ..
သားလေးအတွက် စားစရာ သောက်စရာတချို့ ဘုရားပုံတချို့ကလွဲပြီး တခြားဘာမှ မဆောင်ထားချင်ဘူး။

၇။ဘာတွေရေးမိမလဲ..
ဘယ်သူမှ ဆက်ပြီး အသက်ရှင်ကျန်နေဖို့ မရှိဘူးဆိုရင်တော့ ဘာမှ ရေးဖြစ်တော့မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် တခုတော့ရှိတယ် ကမ္ဘာမပျက်ခင် သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တိုင်ပင်ပြီး လူသားမျိုးနွယ်ကို နှစ်သန်းနဲ့ ချီပြီးမှ ပြန်စရတာမျိုး မဖြစ်ရလေအောင် လူသားမျိုးနွယ်ကို စောင့်ထိန်းဖို့ အစီစဉ်တခု လုပ်ရင်လုပ်နိုင်တယ်။ အဲဒီအစီစဉ်က လက်ရှိ ရှာဖွေတွေ့ရှိထားတဲ့ သိပ္ပံပညာတွေကို ထိန်းသိမ်းဖို့ သိပ္ပံပညာရှင် တချို့နဲ့ လူသားမျိုးနွယ်ကို ဆက်ထိန်းဖို့ တနိုင်ငံကို လူနည်းနည်းစီ အနည်းဆုံးတော့ တနိုင်ငံကို ဥာဏ်ရည်ထက်မြက်တဲ့ လူငယ်စုံတွဲ တတွဲစီခန့် လကမ္ဘာမှာ Stay ခဏသွားရှောင်ဖို့ ၀န်ဆောင်ပေးတာမျိုး ဒါမှမဟုတ် အဲဒီလို ဆင်တူရိုးမား အစီစဉ် တခုခု ကုလသမဂ္ဂအနေနဲ့ စီစဉ်နိုင်လိမ့်မယ်။ ဒီလောက်တိုးတက်နေတဲ့ ခေတ်မှာ အကုန်လုံးတော့ အသေခံမယ် မထင်ဘူး။ အထူးသဖြင့် ကျွန်မသာ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ဒါမှမဟုတ် ကြီးငါးကြီးနိုင်ငံရဲ့ ခေါင်းဆောင် တဦးဖြစ်နေမယ်ဆိုရင် ဒါကို မဖြစ်မနေလုပ်ဖို့ အကြံပြုဖြစ်လိမ့်မယ်။ ကုလသမဂ္ဂက မဆောင်ရွက်ရင်တောင်မှ အနည်းဆုံးတော့ ပိုက်ဆံချမ်းသာတဲ့ သိပ္ပံပညာရှင် မိသားစုတွေတော့ ဒီလို တိမ်းရှောင်ပြီး အသက်ရှင် ကျန်ခဲ့နိုင်ပါတယ်။ အဲဒီတော့ အသက်ရှင် ကျန်နေခဲ့သူတွေအတွက် အင်တာနက်ကနေ ဖတ်လို့ရအောင် သေတမ်းစာတခု Message ထားခဲ့ချင်တယ်။ နောက်ထပ် ပြန်လည်တည်ဆောက်တဲ့ ကမ္ဘာမှာ လူသားမျိုးနွယ်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့ နေဖို့ ဗီတိုအာဏာမရှိတဲ့ တကယ်ကို ဒီမိုကရေစီ နည်းကျတဲ့ ကမ္ဘာကုလသမဂ္ဂကို ဖွဲ့ဖို့ သေတမ်းစာတခု ရေးခဲ့ချင်တယ်။

ဂ။တွေးမိတွေးရာ အတွေး
သာသနာနဲ့ နောက်ထပ် ထပ်ကြုံဖို့ဆိုတာ မသေချာတော့ဘူး ထပ်ကြုံဖို့နေနေသာသာ ကမ္ဘာပျက်သွားပြီးရင် အပေါ်က အချက်အလက်တွေအရ လူပြန်ဖြစ်ဖို့က သိပ်ကိုမလွယ်တော့ဘူး။ လူဖြစ်ဖို့ နေနေသာသာ သတ္တ၀ါ တခုခု ပြန်ပေါ်ပေါက်ဖို့တောင် နှစ်က သန်းနဲ့ချီကြာဦးမယ်။ နတ်ပြည်လို ကိလေသာ များလွန်းတဲ့ နေရာကိုလည်း မရောက်ချင်ဘူး။ ဘုရားစာအုပ်ထဲမှာတော့ ကမ္ဘာပျက်ခါနီး လူတွေဟာ မေတ္တာ၊ ဂရုဏာ ပွားများပြီး ဗြဟ္မာစိုရ်တရားတွေ ထားလွန်းလို့ ဗြဟ္မာပြည်ကို ရောက်တာများတယ်လို့ ဖတ်ဖူးတယ်။ ဗြဟ္မာပြည်ရောက်ရင်လည်း ရုပ်မရှိဘဲ နာမ်သက်သက်ရှိတဲ့ အရူပဘုံနဲ့ နာမ်မရှိပဲ ရုပ်သက်သက်ဘဲ ရှိတဲ့ ရှုပဘုံကိုသွားရောက်ရင်တော့ ဒုက္ခပဲ လို့တွေးနေမိမှာ ဖြစ်ပြီး လူပြန်မဖြစ်ခင်စပ်ကြား အဲဒီ ကြားကာလအချိန်မှာ ပျံသန်းနိုင်တဲ့ ဒိုင်နိုဆော ဖြစ်နေရင်လည်း အကောင်းသားလို့ တွေးနေမိလိမ့်မယ်။

၉။ ဂုဏ်ယူချင်တာက
ဂုဏ်ယူရလောက်တာ ဘာတခုမှ မလုပ်သွားရလို့ ဂုဏ်ယူစရာတော့ သိပ်မရှိလှဘူး။ ဒါပေမယ့် တခုတော့ရှိတယ် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီး သန်းရွှေကလည်း အဲဒီအချိန်လောက်ဆို တရားတွေရပြီး သံဃာတွေကို ဓါတ်တိုင်မှာ ကြိုးချည်ရိုက်နှက်တာကအစ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာ သတ်ထားတာတွေအတွက် မှားကြောင်း တောင်းပန်ပြီး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ပြည်သူလူထု တောင်းဆိုတာကိုလည်း အကုန်လုံး လိုက်လျောပြီး အဖသတ်တဲ့ အဇာတသတ် မသေခင်ကလို တရားဓမ္မနဲ့ နေလို့ ပြည်သူလူထုကလည်း သူ့တရား သူစီရင်လိမ့်မယ်ဆိုပြီး အာဃာတ မထားတော့ပဲ ကမ္ဘာပျက်ခါနီး အားလုံးမှာ တရားဓမ္မနဲ့ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာပြည်ဟာ လုံးဝငြိမ်းချမ်းနေမှာ ဖြစ်ပြီး ကမ္ဘာမှာ စံပြအထားရဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေပါလိမ့်မယ်။ အဲလို အခြေအနေဆိုရင်တော့ ကမ္ဘာပျက်ခါနီး သေအံ့ဆဲဆဲမှာတောင်မှ မြန်မာနိုင်ငံမှာ အနှစ်နှစ်အလလက ပွားလာခဲ့တဲ့ ရန်မီးဟာ ကမ္ဘာပျက်မှပဲ ငြိမ်းတော့တာပဲလို့ ကမ္ဘာပျက်တာကိုတောင် ကျေးဇူးတင်ရမလို ဖြစ်ပြီး ဂုဏ်ယူမိမှာသေချာပါတယ်။

၁၀။ ရှာကြံဖြေသိမ့်မိတာက
သာသနာနဲ့ ကြုံတုန်းကြုံခိုက် ဗုဒ္ဓဘာသာ တယောက်ဖြစ်ခွင့် ရလိုက်တာကို ဂုဏ်ယူမိတယ်။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
နံပါတ် ၉ ကအတိုင်း ဖြစ်ရင် “ကမ္ဘာတည်သရွှေ့ မြန်မာပြည် ငြိမ်းချမ်းသွားပြီဟေ့” လို့ ကျူးရင့်မိမှာ သေချာပါတယ်။

ကိုအောင်သာငယ်ရေ ကိုယ့်ထက်ပိုပြီး စိတ်ကူးယဉ်တဲ့သူက ရှိသေးတယ်လို့ သ၀န်မတိုနေနဲ့နော့်။
ဆောရီးပဲ Fact နဲ့ Imagination ကို ပေါင်းစပ်ပြီး ရေးရတော့ ပို့စ်က သာမန်ထက် နည်းနည်း ရှည်သွားတယ်။

တကယ်ကမ္ဘာပျက်သေးမှာ မဟုတ်ဘူးလို့ ယုံကြည်လို့ ဘယ်သူ့ကိုမှ ပြန်မ tag တော့ဘူး။

ရွင်လန်းချမ်းမြေ့ကြပါစေ။ ( 31/10/09 က တင်ခဲ့တဲ့ မူရင်းပို့စ်က ဒီမှာ ရှိပါတယ် - Nge Naing)


ဒီပို့စ်ကို ပြန်လည်ဖေါ်ပြဖြစ်လို့ myanmar astromy က ပို့စ်ပိုင်ရှင် ခွန်းနဲ့ ကိုကိုးအိမ် တို့ကို အထူးကျေးဇူးတင်ပါတယ်။

သဗ္ဗေ သတ္တာ အ၀ရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဆရာ့မွေးနေ့အတွက် ဆုတောင်း

ဒီနေ့ 7/5/11 မှာ မွေးနေ့ကျရောက်တဲ့ ဆရာ့မွေးနေ့မှာ အများသူငှာ မွေးနေ့တွေအတွက် ကျွန်မ အမြဲဆုတောင်းနေတဲ့အတိုင်း မွေးနေ့ အနှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးတဲ့အထိ လောဘတက်ပြီး ဆုမတောင်းလိုပါ။ Happy Birthday လို့ ပြောလို့မရလောက်အောင် မွေးနေ့မှာ Procedure တွေ လုပ်ရ၊ Scan တွေလုပ်နေရတဲ့ ဆရာ့မွေးနေ့မှာ ကျွန်မ ဆုတောင်းလိုတာကတော့ "မွေးနေ့ အနှစ်တရာ မတိုင်လည်း နေပါစေ နောက်ထပ်မွေးနေ့တွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နှလုံးအစားထိုးဖို့ စောင့်နေတဲ့နှလုံးကိုသာ မြန်မြန်ရပြီး ဆရာ့လိုရာဆန္ဒကို ပြည့်ဝအောင် ဖြည့်စွမ်းသွားနိုင်ဖို့အတွက် လုံလောက်တဲ့ သက်တမ်းအထိ မွေးနေ့တွေ ဆက်လက်ရှင်သန်နေပါစေ" လို့ပဲ ဆုတောင်းပေးပါတယ်။

ဆရာဆိုတာက ကျွန်မ ငယ်ငယ် ရှစ်တန်းတုန်းက သင်္ချာသင်ပေးခဲ့တဲ့ အဲဒီတုန်းက သင်္ချာဆရာ အခုတော့ Heart Failure ဖြစ်ပြီး နှလုံးအလုပ်မလုပ်နိုင်တော့လို့ ဆစ်ဒနီမြို့ St. Vincent ဆေးရုံ ICU မှာ နှလုံးစောင့်ဆိုင်းရင်း ရောက်ရှိနေတဲ့ ဆရာလေးလို့ အများခေါ် ဆရာဝင်းမြင့်သိန်းပါ။ ကျွန်မလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီး တော်တော်လေး အလုပ်များခဲ့သလို ဒီမတိုင်ခင် အိမ်မှာလည်း တယောက်ပြီးတယောက် ကျန်းမာရေးမကောင်းတော့ ဆရာ့ဆီ မရောက်ဖြစ်ခဲ့တာ ကြာသွားပါတယ်။ ဒီနေ့မနက်မှာတော့ ဆရာ့ဆီသွားဖို့ ရည်ရွယ်ထားပြီး မနေ့ညက သူ့ဇနီးဆီ ဖုန်းဆက်ကြည့်တော့ ဒီနေ့ဆရာ့မွေးနေ့ဆိုတာပါ သိရလို့ လူနာလည်းကြည့်ရင်း မွေးနေ့ပွဲကိုလည်း အားပေးရင်း ဆရာတက်နေတဲ့ St.Vincent ဆေးရုံကို ရောက်လာခဲ့တယ်။

ရောက်တော့ နှစ်နာရီထိုးပြီးနေပြီ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ဆရာ့အဆုပ် အလုပ်မလုပ်လို့ အောက်စီဂျင်အလုံအလောက် မရတဲ့အတွက် အဆုပ်အစား အလုပ်လုပ်ဖို့ အဆုပ်ထဲ ပါးစပ်ကနေ စက်နဲ့ ဆက်သွယ်တဲ့ Procedure တခု လုပ်နေတဲ့အချိန်မို့ ချက်ချင်း ၀င်မကြည့်ရဘူး။ တနာရီခန့်စောင့်ပြီးမှ Procedure က ပြန်လာပြီး CT scan သွားလုပ်ဦးမယ်ဆိုတော့ နောက်ထပ် တနာရီနီးပါး ထပ်စောင့်ရပါတယ်။ ၀င်ခွင့်ရတဲ့အချိန်မှာတော့ ခါတိုင်းဆို ICU ကို လူနာတယောက်ဆီ တခါဝင်ရင် နှစ်ယောက်ပဲ ပေးဝင်ရာကနေ ဒီတခါတော့ မွေးနေ့ကြောင့်လားမသိဘူး ငါးယောက် ရှိနေတာ ၀င်လို့ရပြီလို့ လာအကြောင်းကြားတဲ့ သူနာပြုက ကျွန်မတို့ အားလုံးကို ပေးဝင်ပါတယ်။ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ဆရာ့ကို စောင့်ရှောက်နေတဲ့ သူနာပြုက အမျိုးသားတဦး အမျိုးသမီးတဦး ဖြစ်ပြီး နှစ်ယောက်စလုံးက သဘောကောင်းကြပါတယ်။

ကျွန်မတို့ အထဲရောက်တော့ ဆရာ့တကိုယ်လုံးကို စက်နဲ့ဆက်သွယ်ထားတဲ့ ပိုက်တွေ ပြည့်နှက်ပြီး တွေ့ရတယ်။ နှာခေါင်းမှာ မစာအိမ်နဲ့ ဆက်ထားတဲ့ အစာကြွေးတဲ့ပိုက်၊ ပါးစပ်မှာ ချွဲစုပ်တဲ့ပိုက်နဲ့ အဆုပ်နဲ့ စက်ကိုဆက်သွယ်ထားတဲ့ပိုက်၊ ရင်ဘတ်မှာ နှလုံးအတုနဲ့ အပြင်က စက်ကိုဆက်သွယ်ထားတဲ့ ပိုက်၊ ပေါင်ခြံသွေးကြောမှာကျတော့ ကျောက်ကပ်အလုပ်မလုပ်နိုင်လို့ ကျောက်ကပ်အစား သွေးသန့်စင်တဲ့စက်နဲ့ ဆက်သွယ်တဲ့ပိုက်၊ လက်တွေမှာလည်း ဆေးသွင်းတဲ့ အပ်တွေနဲ့ဆေးပိုက်တွေနဲ့ဆိုတော့ ဆရာ့တကိုယ်လုံးဟာ အရာဝတ္ထုတွေနဲ့ ပြည့်နေပါတယ်။ ဆရာ ဘာမှ မတုံ့ပြန်နိုင်ပေမဲ့ တချက်တချက်တော့ သတိရပြီး ကျွန်မတို့ ပြောနေတာကို ကြားနေပုံတော့ ရပါတယ်။ ကျွန်မတို့ ရောက်ပြီးနောက် ကျွန်မတို့ ရှိနေတဲ့အချိန်မှာပဲ သူနာပြုနှစ်ယောက်ကလည်း သူတို့လုပ်ပေးစရာရှိတာ ဆက်ပြီးလုပ်ပေးနေပါတယ်။

ဒီနေ့မတိုင်ခင် ဆရာ့ကို ကျွန်မ နောက်ဆုံး သိထားတဲ့ အခြေအနေက ဆရာ နှလုံးအစားထိုးကုသမှ ရတော့မှာ ဖြစ်တဲ့အတွက် နှလုံးစောင့်နေလို့ ဆေးရုံက အနီးကပ်ကြည့်ပေးနေတယ်ဆိုတာပဲ သိထားပါတယ်။ ဒီလောက်အထိ စက်တွေနဲ့ ခန္ဓာကိုယ်ကို လည်ပတ်နေရတယ်ဆိုတာ မသိခဲ့ဘူး။ အခုဒီနေ့ရောက်တော့ သူ့နှလုံးက အလုပ်မလုပ်တော့လို့ နှလုံးအတု တပ်ထားရတယ်၊ တခါ ဒီနေ့မှာပဲ အဆုပ်ကလည်း ရေတွေပြည့်ပြီး အလုပ်မလုပ်ပြန်လို့ အဆုပ်ကနေ နှလုံးကို အောက်စီဂျင် မပို့နိုင်တော့လို့ အောက်စီဂျင်အလုံအလောက် မရလို့ အဆုပ်အစား အလုပ်လုပ်ဖို့ စက်တပ်ရပြန်တယ်။ ပြီးတော့တခါ ကျွန်မတို့ ဆရာ့အခန်းထဲ ရောက်ပြီးမှ သူနာပြုတယောက်က Dialysis (သွေးသန့်စင်ခြင်း) လုပ်နေတာတွေ့လို့ အဆုပ်ထဲ စက်သွင်းတဲ့ Procedure က ပြန်လာလို့ ကျောက်ကပ်ခဏတာ အားနည်းနေလို့ Dialysis လုပ်ရတယ်ထင်ပြီး အဲဒါ အကြိမ် ဘယ်လောက်များများ လုပ်ဖို့လိုလဲလို့ မေးကြည့်တော့ ၂၄ နာရီလုံးလုံး မပြတ် လုပ်ထားရတယ်လို့ ပြောတယ်ဆိုတော့ ဆရာ့မှာ အဓိက အင်္ဂါအစိတ်အပိုင်းများဖြစ်တဲ့ နှလုံး၊ အဆုပ်၊ ကျောက်ကပ် သုံးခုစလုံးက စက်နဲ့အလုပ်လုပ်နေရတာကို ဒီနေ့မှ ကျွန်မ သိလိုက်ပါတယ်။

ဆရာ့ခန္ဓာကိုယ်မှာ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဗေဒတွေကို စက်ကပဲ လည်ပတ်နေတဲ့ အခြေအနေ ဖြစ်နေတယ်။ နှလုံး မရခင်စပ်ကြား ဘယ်လောက်အထိ စက်နဲ့ ထိန်းထားပေးနိုင်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ နှလုံးကော ဘယ်တော့ ရမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဆရာ သက်သာနေတုန်း အိမ်ကနေ အပြင်လူနာအဖြစ် လာတွေ့နေတုန်းကတော့ ကျွန်မ တခါနှစ်ခါ လိုက်လာပေးဖူးပြီး အဲဒီတုန်းက ဆရာဝန်မကို ကျွန်မ မေးကြည့်လို့ ဆရာဝန်မ ပြောတာက ဘယ်တော့ ရမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ ဆရာ့သွေးက B သွေးမို့ လူဦးရေ အများစုမှာ ရှိတဲ့သွေးအမျိုးအစားဖြစ်လို့ တခြားသွေးအမျိုးအစားနဲ့ စာရင်တော့ ပိုပြီးစောစော ရနိုင်တဲ့သွေး ဖြစ်တယ်လို့ ပြောပါတယ်။

ကိုယ်ပိုင် အင်္ဂါအစိတ်အပိုင်းတွေနဲ့ ခန္ဓာကိုယ် အလုပ်မလုပ်နိုင်တော့လို့ စက်တွေ၊ ဆေးတွေရဲ့ အကူအညီနဲ့ အသက်ဆက်လက် ရှင်သန်နေရတဲ့ ဆရာအတွက် နှလုံးမြန်မြန်ရပြီး အဆင်ပြေချောမွေ့စွာ အစားထိုးလို့ရနိုင်ပါစေလို့ ဆုတောင်းတာကလွဲပြီး တခြားဘာမှမတတ်နိုင်တော့ပါ။ ဒီနှစ်မွေးနေ့မှသည် နောက်ထပ် မွေးနေ့ပေါင်းများစွာ ဆက်လက်ရှင်သန်နေပါစေ၊ မိသားစုနဲ့အတူ ဆရာပြုလိုတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုနိုင်ပါစေ၊ ဆရာဖြစ်ချင်တဲ့ ဘ၀ခရီးကို အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ဖို့ စောင့်ဆိုင်းနေတဲ့ နှလုံးမြန်မြန်ရပြီး အဆင်ပြေချောမွေ့စွာ အစားထိုးနိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်။ ဆရာ့ရဲ့ တခြားမိတ်ဆွေများလည်း ကျွန်မနဲ့အတူ ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။