| (Aung San Suu Kyi at her wedding reception, following a Buddhist blessing at a family friend’s London home - Photograph: Private Aris Family Collection ) |
![]() |
| (New Year’s Day, 1972, Chelsea registry office in London. Aung San Suu Kyi and Michael Aris marry, aged 26 and 25 respectively - Photograph: Private Aris Family Collection) |
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဓါတ်ပုံတွေထဲကအတိုင်း သာယာတဲ့ ကိုယ်ပိုင် မိသားစုဘ၀ကို သားတွေ၊ မြေးတွေနဲ့ အချိန်မရွေး ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ ရလျက်နဲ့ မြန်မာပြည် ဒီမိုကရေစီ မရမချင်း မြန်မာပြည်က ခြေတဖ၀ါးမှ မခွာဘူးလို့ သူ့မိခင်ကို ဂတိပေးထားတဲ့အတိုင်း မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးအတွက် အနစ်နာခံကာ တိုက်ပွဲဝင်နေပါတယ်။ နည်းပညာတိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ လူတကာတွေ အက်တာနက်နဲ့ ရှင်သန်နေချိန်မှာ လူမှုအခွင့်အရေး အကုန်လုံး ပိတ်ပင်ခံပြီး အကျဉ်းကျခံကာ မြန်မာ ပြည်သူ လူထု အတွက် စွန့်လွှတ်အနစ်နာခံနေတဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကို ဒီပုံတွေကြည့်ပြီး သူရွေးချယ်ထားတဲ့ လက်ရှိဘ၀နဲ့ နှိုင်းယှဉ်ကာ သူ့ရဲ့စွန့်လွှတ်မှုကို ပိုလို့ လေးစား ဂုဏ်ယူ မိပါတယ်။ ရင်သွေးတွေကို ပစ်ထားခဲ့ပြီး တိုင်းပြည်အတွက် အနစ်နာခံတဲ့ အာဂသတ္တိပိုင်ရှင် သူ့လို စွန့်လွှတ်မှုမျိုး အများအတွက် ကျွန်မ ဒီလောက်အထိ ဘယ်တော့မှ ပေးဆပ်အနစ်နာခံနိုင်မှာ မဟုတ်တဲ့အတွက် သူ့လုပ်ရပ်ကို အားကျလို့ မရဲပါဘူး။ လေးစား ဂုဏ်ယူမိတာ သက်သက်နဲ့ ဒီပုံတွေကို We Fight We Win မှ ကူးယူဖေါ်ပြပြီး ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ (ကျွန်မ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေချင်လို့ စာလုံးအနီတွေနဲ့ ရေးထားတာတွေကို 23/6/10 မှာ ထပ်ဖြည့်ထားပါတယ်။ ဒီပုံတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မက လေးစားတယ် ထင်နေသူတွေကို စာလုံးအနီတွေ ဖြည့်ပြီး ရှင်းအောင် လုပ်ပေးခြင်း ဖြစ်ပါတယ်)
(1970/1980 on the lawn of her father-in-law’s house in Grantown-on-Spey, Scotland, Aung San Suu Kyi plays with her two sons, Alexander (in the braces) and Kim -Photograph: Private Aris Family Collection) |
| (Daw Aung San Suu Kyi’s husband, Michael Aris, an academic and specialist in Tibetan and Himalayan Studies, in his study at St John's College, Oxford - Photograph: Private Aris Family Collection) |
(ဓါတ်ပုံများအား Guardian UK မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
We Fight We Win ဘလော့ဂ်မှ ပြန်လည် ကူးယူဖေါ်ပြပါတယ်။





65 comments:
တစ်ခါမှ မမြင်ဖူးပါဘူး မငယ်နိုင်....
ကျေးဇူးပါပဲ။
20 Jun 10, 03:26
phyowai: အမ ငယ်နိုင်မင်္ဂလာပါ အန်တီစုရဲ့တချို့ပုံလေးတွေ ကူးယူသိမ်းထားလိုက်တယ် ကျေးဇူးတင်ပါတယ်
19 Jun 10, 23:20
Nge Naing: မင်္ဂလာပါ။ လာလည်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဓါတ်ပုံ အပေါ်ဆုံးနှစ်ပုံကို အပေါ်တင်လို့မရ ဖြစ်နေလို့ ကိုလတ်နဲ့ ကိုဒီရေ တယောက်ယောက် ရောက်လာရင် တင်ထားပေးခဲ့ပါ။
20 Jun 10, 12:30
ကိုကြီး: ကိုလတ်ကိုယ်စားဖြေတာပါ> အမရေ Blogger မှာဓါတ်ပုံတင်ရင် လောလောဆယ် error ဖြစ်နေပါလိမ့်မယ် Edit HTML ကနေပြီး တင်ပါအမ အဆင်ပြေပါလိမ့်မယ် မကြာခင် ပြန်ကောင်းသွားမှာပါ :P
20 Jun 10, 13:43
Nge Naing: ကိုကြီးရေ ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိသားစုပုံတွေ တင်တုန်းက အကုန်လုံး ဆက်ဖတ်ကြည့်မယ် နှိပ်ပြီးမှ ပေါ်လို့ ရေးထားတာပါ။ အခု ကိုလတ်ဝင်ပြင်ပေးလိုက်လို့ အဆင်ပြေသွားပါပြီ။
ရှားပါးတဲ့ပုံတွေပါ။ကျေးဇူးပါ။
အန်တီစုသက်တော်ရာကျော်ရှည်ပါစေ။
အမြန်ဆုံးလွတ်မြောက်ပါစေ။
ကိုခိုင်
မြန်မာအမျိုးသမီးကောင်းများ ဒီလို တိုင်းတစ်ပါးသားရဲ့ ရင်ခွင် သမုဒယကြိုးကွင်းမှာ အနုရွအလှပတွေနဲ့အပြုံးပန်းလေးဆင်နေတာကို အတုယူ အတတ်သင်မှားမိမှာ စိုးရိမ်မိတယ်ဗျာ....ဂုဏ်ယူထိုက်ပြီး အတုယူစရာ တစ်ခုမှမပါပါဘူး...ဒီလို ရှေ့ဆောင်လမ်းပြလုပ်ပြတာကို အတုမယူပါနဲ့...စောင့်လေမျိုးနွယ်ဆိုတာကို နိုင်ငံသားတိုင်း ကလေးထဲက သိထားပြီးသားပါ...ဒါကိုစောင့်ထိန်းတတ်ရပါမယ်...ဒါမှ နိုင်ငံချစ်စိတ် အမျိုးကိုစောင့်ထိန်းတဲ့စိတ်ရှိမှပါ...
မျိုးချစ်စိတ်ဓာတ်ပြည့်ဝပြီး အမျိုးဂုဏ် ဇာတိဂုဏ် မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့ အမွေနှစ်ကို ထိန်းသိမ်းစောင့်ရှောက်တန်ဖိုးထားနေပြီး မေတ္တာစေတနာ အရင်းခံဖြင့်.........
မောင်
မငယ်ရေ ရှားရှားပါးပါး အန်တီစုပုံလေးတွေ ကျက်သရေရှိလိုက်တာ၊ ကျေးဇူးတင်တယ် မငယ်ရေ....တဝ ကြည့်သွားတယ်....:)
mg- ကျွန်မ ဒီပုံတွေကို ဘလော့ဂ်မှာ တင်တဲ့ရည်ရွယ်ချက်က မြန်မာအမျိုးသမီးတွေကို နိုင်ငံခြားသားနဲ့ လက်ထပ်ဖို့ အတုခိုးအောင် တင်ထားတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုခေါင်းဆောင် မဖြစ်ခင်က သာာယလှပတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘ၀လေးကို ဖေါ်ပြပြီး အခုလည်း ခင်ပွန်းသည် မရှိတော့ပေမဲ့ သူ့သားလေးနှစ်ယောက်ရဲ့ မိသားစုတွေနဲ့ ဒီလို ပျော်ပျော်ပါးပါး နေမယ်ဆိုရင် နေနိုင်လျက်နဲ့ မြန်မာပြည်သူတွေအတွက် လာပြီး အကျဉ်းကျခံနေတာကို မီးမောင်းထိုးပြလိုခြင်းသာ ဖြစ်ပါတယ်။
ကျဉ်းမြောင်းတဲ့ ရှေးရိုးစွဲအယူရှိသူ မြန်မာအမျိုးသားက Mg လိုပဲ တွေးကြလိမ့်မယ်ဆိုတာ ကျွန်မ သဘောပေါက်ပါတယ်။ နအဖတွေမှမဟုတ်ဘူး ကျွန်မ အမျိုးသားအပါအ၀င် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ တခြားအမျိုးသား မိတ်ဆွေတွေ တချို့ကလည်း ဒီလောက်လှပချောမောပြီး အရည်ချင်းရှိတဲ့ ဗိုလ်ချုပ်သမီးဗျာ ကုလားဖြူနဲ့ သွားပြီးယူလိုက်တာ နှမြောလို့ မဆုံးဘူးလို့ မကြာခဏ ပြောတတ်လို့ ကျွန်မနဲ့ အကြိမ်ကြိမ် အငြင်းအခုန်တွေ ဖြစ်ဖူးပါတယ်။ ဒါကလည်း မြန်မာအမျိုးသားတွေဟာ အမျိုးသမီးတွေကို လူသားအချင်းချင်း တန်းတူ သဘောမထားနိုင်ဘဲ လူသုံးကုန်ပစ္စည်းတခုလို သတ်မှတ်နေပြီး ငါ့ပစ္စည်း သူများယူရကောင်းလားဆိုတဲ့ ရှေးရိုးစွဲ အတွေးအခေါ်နဲ့ မိမိစိတ်ကို မိမိ ဒုက္ခပေးနေခြင်း ဖြစ်တယ်လို့ ကျွန်မ သတ်မှတ်တယ်။
တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ဘောင်ကန့်သတ်ထားလို့ ရတာမျိုး မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားအမျိုးသား ရင်ခွင်မှာ ပြည့်တန်ဆာအဖြစ် သွားပြီး အပျော်အပါးခံနေတာ မဟုတ်။ ချစ်ခြင်းမေတ္တာနဲ့ နှစ်ဦးသဘောတူ ချစ်ကြလို့ တင့်တင့်တယ်တယ် လက်ထပ်ထိမ်းမြားပြီး တအိုးတအိမ် ထူထောင်ခဲ့ကြတာသာ ဖြစ်တဲ့အတွက် အမျိုးဂုဏ် ဇာတိဂုဏ်လည်း ဘာမှ မထိခိုက်သွားပါဘူး။ ဒါကြောင့် တခြားမြန်မာ အမျိုးသားတွေနည်းတူ မောင်ရဲ့ခံစားမှုကို ကျွန်မ နားလည် သဘောပေါက်ပါတယ်။ အမျိုးသမီးတွေကို ယောက်ျားတွေရဲ့ အသုံးကုန်ပစ္စည်း တခုလိုသဘောမထားရင် ဒီအစွဲတွေပျောက်သွားလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို တန်းတူရည်တူ သဘောထားလိုက်ပါလို့ပဲ အကြံပြုချင်ပါတယ်။
ဒေါ်စုက နိုင်ငံခြားသားတစ်ယောက်နဲ့ ဂုဏ်သရေရှိရှိ လက်ထပ်ထိမ်းမြားတာ ရှက်စရာမဟုတ်ပါဘူး။ ခိုးစားတာမှ မဟုတ်ပဲ။ ဦးသန်းရွှေ့သမီးတစ်ယောက် မြန်မာနိုင်ငံက မွတ်စလင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ စင်ကာပူက ဟော်တယ်တစ်ခုမှာ လိင်ဆက်ဆံတာ၊ လှိုင်သာယာ FMI ၀န်းထဲက လမ်းဘေးတစ်ခုမှာ ကားထိုးပြီး လိင်ဆက်ဆံတာ၊ ....၊ .....၊ (ထလရ မှတ်တမ်းအခွေများရှိပါသည်) အဲဒါတွေကမှ ရှက်စရာပါ။ ပိုက်ဘောမိသွားတဲ့ သူကို အားနာလို့ ဘယ်တစ်ယောက်ဆိုတာတော့ မပြောတော့ပါဘူး။ အဲဒီလို လိင်မှုကိစ္စတွေမှာ ပျော်မွေ့ပြီး တိုင်းပြည်ကို ပိုးစိုးပက်စက် ဒုက္ခပေးနေတာနဲ့စာရင် နံ့သာတုံးနဲ့ အီးတုံးလောက်ကို ကွာခြားပါတယ်။ အဲဒီလို ပြည့်တာဆာသာသာရှိတဲ့ မိန်းမတွေ နိုင်ငံတော်ရဲ့ ရာဇပလ္လင်ပေါ်တက်ထိုင်ပြီး တစ်နိုင်ငံလုံးကို ခွေးစိတ်သွင်းနေတာက ပိုကောင်းပါသလားဗျာ။
အစ်မရေ
နိုင်ငံခြားသားရဲ့ ရင်ခွင်ထဲမှာ မြန်မာမလေးကို မြင်တွေ့ရင်. . . မခံစားနိုင်လို့ ရှေးရိုးစွဲလို့စွပ်စွဲချင်ရင်.. ကျနော်ကို ကျောက်ခေတ်က လူသားလို့ခေါ်ပါတော့။ ကျနော်ကတော့ အညာမှာမွေးခဲ့သူဆိုတော့.. အဲဒီကိစ္စကို လုံးဝ ခံစားလို့မရတာ အမှန်ပဲ။ မိမိအမျိုးကို ထိမ်းသိမ်းသင့်တယ်ဆိုတာကို လုံးဝယုံကြည်ပါတယ်။ အမျိုးကိုမစောင့်ထိမ်းတဲ့သူဟာ မျိုးချစ်စိတ်ရှိသူ မဖြစ်နိုင်ပါဘူး။ မျိုးချစ်စိတ်မရှိတဲ့လူတွေများရင် နိုင်ငံအတွက်လဲ မကောင်းပါဘူး။ ကာမဆန္ဒကို စောင့်ထိမ်းမှုမရှိတာကို ခေတ်မှီတယ်လို့ လက်ခံနေတဲ့ ခေတ်ကြီး. . . လင်မယားချင်း အိပ်တာကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်မှာ ကြွားလုံးထုတ်နေတဲ့ ခေတ်မှာ ကျနော်ကို တမျိုးမြင်ကြမှာပေါ့နော်။ ခေတ်ကိုဆန်သင့်ရင် ဆန်ပါရစေ။ ကျနော် အကြိုက်ဆုံး သီချင်းလေးပါ အစ်မကို မျှဝေလိုက်ပါတယ်။ (သီချင်း)
လေးစားလျက်
ဇော်မျိုး
ကိုဇော်မျိုး - အမျိုးသမီးတွေကို ယောက်ျားတွေရဲ့ အသုံးအဆောင် ပစ္စည်းလို သဘောထားနေလို့ ငါ့ပစ္စည်း သူများလက်ထဲ ပါသွားတယ်ဆိုတဲ့ပုံစံနဲ့ မြင်နေလို့ ဒီလိုမျိုး ခံစားရတယ်လို့ အပေါ်မှာ mg ကိုပြောတဲ့ မှတ်ချက်တခုလုံးကို ကိုဇော်မျိုးအတွက် ကျွန်မ ထပ်ပြီး ရည်ညွှန်းချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကို လက်ထပ်တာနဲ့ပဲ အမျိုးကိုမစောင့်ထိန်းဘူးလို့ ပြောလို့မရပါဘူး။ ဘုရားကလည်း လူမျိုးတူသူကိုပဲ လက်ထပ်ရမယ်လို့ မဟောခဲ့ပါဘူး။ လက်ထပ်ထိမ်းမြားတာ တချို့က စီးပွားတွက်တွက်တာ ရှိနိုင်သလို ချစ်ခြင်းမေတ္တာကို အဓိကထားတဲ့သူတွေလည်း ရှိပါတယ်။ ကိုယ့်လူမျိုးအချင်းချင်း လပ်ထပ်ပြီး တိုင်းပြည်အတွက်ဘာမှ မလုပ်ဘဲ ကိုယ်ကျိုးအတွက်ပဲ လုပ်နေတဲ့ သူတွေလည်း တပုံကြီးပါ။ လူတယောက်မှာ မျိုးချစ်စိတ် ရှိမရှိဆိုတာ လက်ထပ်တဲ့သူကို ကြည့်ပြီး ဆုံးဖြတ်လို့မရနိုင်ဘူး သူ့ရဲ့လုပ်ရပ်ကိုပဲ ကြည့်ဖို့လိုတယ်လို့ ကျွန်မထင်တယ်။
"မျိုးချစ်စိတ်မရှိတဲ့လူတွေများရင် နိုင်ငံအတွက်လဲ မကောင်းပါဘူး" ဆိုတာအပါအ၀င် ကျန်တာတွေကိုတော့ ကိုဇော်မျိုးပြောတာ ကျွန်မ လက်ခံပါတယ်။ သီချင်းအတွက်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မနားထောင်လို့မတတ်ဘူး စာသားကိုပဲ ဖတ်ပါတယ်။ မြန်မာသံစဉ်လေးနဲ့ဆိုရင်တော့ ရင်ထဲဘ၀င်ခိုက်အောင် အချိန်ယူနားထောင်ဖြစ်လိမ့်မယ်။ မြန်မာသံစဉ် သီချင်းကို ဒီလိုဆိုထားတာကို ကျွန်မလုံးဝ မကြိုက်သလို၊ မြန်မာဇာတ်သဘင် နှစ်ပါးသွားအကကို အနောက်တိုင်းတေးဂီတတီးလုံးနဲ့ ကတာကိုလည်း လုံးဝမကြိုက်ဘူး။ ဒါပေမဲ့ သူများကြိုက်လို့ ကြည့်တာ နားထာင်တာကို ကျွန်မ မကန့်ကွက်ပါဘူး။ ကိုဇော်မျိုးတခြားဘလော့ဂ်တွေမှာ ရေးတဲ့ ဘာသာရေးနဲ့ မဆိုင်တဲ့ တချို့မှတ်ချက်တွေကိုလည်း ကျွန်မ သဘောကျပါတယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။
အမျိုးသမီးတွေကို ယောင်္ကျားတွေရဲ့ အသုံးဆောင် ပစ္စည်းလို့ သဘောမထားပါဘူး...လူမျိုးတစ်ခုတည်တံ့ဖို့ ရှင်သန်ဖို့ လူမျိုးစစ်ဖို့ဆိုတာ အမျိုးသမီးတွေမှာ အများကြီးတာဝန်ရှိပါတယ်...မြန်မာလူမျိုးမှန်ရင် နောင်လာမယ့်အစဉ်ဆက်ဆက်မှာလည်း မြန်မာရုပ် မြန်မာပုံ မြန်မာ့သွေးအပြည့်နဲ့ပဲရှင်သန်လာကြမယ့် မျိုးဆက်သွေးတွေကိုပဲ လိုချင်တာပါ...ဒီမိုကရေစီ လူအခွင့်ရေးဆိုပြီး ကိုယ်တိုင်ကြွားဝါထုတ်ပြီး သုံးနေတဲ့အမေရိကန် အခုတော့ ကိုယ့်စကားနဲ့ကို ပတ်မိနေပြီ...လူမျိုးတွေရော သွေးတွေနှောလို့ အမေရိကန်ဖြူဖြူစစ်စစ်တွေ ခရစ်ယာန်က မွတ်ဆလင်ဝင်တွေများလာတာတွေဖြစ်ကုန်ပြီ.. အမေရိကန်ဘောလုံးပွဲအသင်းဆိုလို့ ကျုပ်လည်း ကြည့်မိပါတယ်...ဒါပေမယ့် ကုလားတွေဖြစ်နေတယ်..ကျုပ်ကြားဖူး မြင်ဖူးတဲ့ အမေရိကန်လူမျိုးတွေဆိုတာ အသားဖြူဖြူလူမျိုးတွေလိုပဲ မြင်ဖူးတယ်လေ...အခုတော့ အမေရိကန်နိုင်ငံသားတွေက အဖြူကနေ အမဲတွေဖြစ်နေတယ်...အဲဒါ အသားရောင်ခွဲခြားတာမဟုတ်ဘူးနော်...လူမျိုးသွေးရော နှောသွားလို့ ဘိုးဘွားမိဘတွေအစဉ်လာစောင့်ထိန်းခဲ့တဲ့ ကိုယ့်လူမျိုးတွေဟာ တိုင်းတစ်ပါးသားသွေးရောတော့ လူမျိုးမစစ်တော့ဘူးဆိုတာ ထောက်ပြတာပါ...
ဒေါ်စုကြည် တိုင်းတစ်ပါးသားယူတာ အပြစ်မတင်ချင်ပေမယ့် တင်ရတာဟာ သူ့ရဲ့ကိုယ်ပွား မွေးဖွားလာခဲ့တဲ့ generation သားနှစ်ယောက်ကိုကြည့်ပါ...ဖားတစ်ပိုင်း ငါးတစ်ပိုင်းပုံပဲပေါက်နေမှာပဲ..မြန်မာလည်းမဟုတ် အင်္ဂလိပ်လည်းမဟုတ် ကာဗျားတွေဖြစ်နေတယ်..နောက် သူတို့ရဲ့နာမည် ဗမာနာမည်လေးတောင် မပေးနိုင်ရှာဘူး..ပေးနိုင်ခဲ့တောင်မှ သူ့သားနှစ်ယောက် ဗမာနာမည်သုံးမှာမဟုတ်ပါဘူး...မြန်မာ့ဓလေ့ မြန်မာ့စရိုက်ကိုချစ်တယ် လိုက်လုပ်ပါတယ်ဆိုတောင်မှ မြန်မာ့သွေးစစ်တဲ့ မြန်မာတွေလောက်တော့ မချစ်နိုင်ပါဘူး...
မြန်မာမိန်းကလေးတစ်ယောက်ရဲ့ မွေးဖွားပေါက်ဖွားလာမယ့် generationတွေဟာ မြန်မာ့သွေးအစစ်နဲ့ရှင်သန်လည်ပတ်ကြမယ့် မြန်မာလူမျိုးတွေအဖြစ်နဲ့ ဆက်လက်ရှင်သန်မြင်ချင်သော စိတ်တစ်ခုကြောင့်ပါ...လူမျိုးတစ်ခုမှာ generationအဆက်ဆက်ရှင်သန်ဖို့ဆိုတာ အမျိုးသမီးတွေမှာ အများကြီးတာဝန်ရှိတယ်ဆိုတာပါပဲ...
sorry ပို့စ် ၂ ခုထပ်သွားတယ်...
To မောင်မိုး...
ဦးသန်းရွှေ သမီးတောင် ဒီလိုလုပ်တယ် ငါတို့လည်း လိုက်လုပ်တာ ဘာဆန်းလို့လည်းလို့ မကောင်းတာကို အားပေးမယ်ဆိုတဲ့ ဆင်ခြင်မပေးပါနဲ့...ဒီလိုအရာမျိုးဆိုတာ ဦးသန်းရွှေ သမီးပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် မြန်မာမိန်းကလေးမှန်ရင် ပြောရမှာပဲ...ဒါက အမြင်ကျဉ်းမြောင်းတာလည်းမဟုတ်ဘူး ရှေးဆန်တာလည်းမဟုတ်ဘူးနော်..လက်တွေ့ကျတဲ့အရာ တစ်ခုကိုထောက်ပြတာ...နိုင်ငံခြားသားကိုယူတာ ယူ ဘာမှမဖြစ်ဘူး ကိုယ်ချစ်လို့ကိုယ်ယူတာ.. အချစ်ကိုဘယ်သူမှတားဆီးလို့မရပါဘူး... ကမ္ဘာကြီးဆိုတာ ရွာကြီး ဂလိုဗယ်လိုက်ဇေရှင်းခေတ်ကြီးပဲ ဘာညာပြော ရပါတယ်...အဲဒီ ဂလိုဗယ် ကမ္ဘာ့ရွာကြီးမှာ မိမိနေချင်သလိုနေ လုပ်ချင်သလိုလုပ်မယ်ဆိုရင် မိမိတို့ရဲ့ လူမျိုးဆိုတာ ကြာရှည်ခံနိုင်ပါတော့မလား...မြန်မာလူမျိုးတွေရဲ့ပုံစံဟာ ဓာတ်ပုံတွေထဲ ပြတိုက်ထဲမှာပဲရှိတော့မယ်...နောင် မြန်မာလူမျိုးဆိုတာ ဖြူဖြူလေးရော မဲမဲလေးရော ကာလာစုံဖြစ်နေသွားမှာ မစိုးရိမ်ဘူးလား...
ငါတစ်ယောက်တည်း ယူတာ ဘာမှမဖြစ်ပါဘူးလို့ တစ်ကိုယ်ကောင်းဆန်သူတွေကတော့ရှိမှာပေါ့...ငါကတော့ တိုင်းတစ်ပါးမှာပဲ တိုင်းတစ်ပါးသားခံယူပြီးနေတာ မြန်မာနိုင်ငံနဲ့မဆိုင်တော့ဘူး အဲဒီတော့စောင့်ထိန်းစရာမလိုတော့ဘူးလို့ ပြောသွားလည်းရပါတယ်..တစ်ခုတော့ရှိတာပေါ့ ရှေးဘိုးဘွားအစဉ်ဆက်ကမွေးဖွားလို့ မိမိဟာမြန်မာလူမျိုးတစ်ယောက်ဖြစ်လာတယ် ဘိုးဘွားတွေကတော့ မိမိလူမျိုးကိုရှင်သန်အောင်စောင့်ထိန်းလာခဲ့တယ် မိမိလက်ထပ်မှ မိမိတို့ရဲ့မျိုးရိုးကိုဖျက်ဆီးပစ်မယ်ဆိုရင် မိမိဟာတာဝန်မကျေတဲ့သူတစ်ယောက် နိုင်ငံနဲ့လူမျိုးရဲ့ အုတ်တစ်ချက်သဲတစ်ပွင့်မှာ တာဝန်မကျေတဲ့သူတစ်ယောက်ဖြစ်မနေဘူးလား...
(ချစ်လို့ယူတာအပြစ်မဟုတ်...မိမိက မွေးဖွားလာမယ့် မျိုးရိုးကိုပျက်စီးစေတဲ့အရာက အပြစ်)
Mg ရဲ့ မှတ်ချက် နှစ်ခု ထပ်နေလို့ တခုကို ဖျက်လိုက်ပါတယ်။ မြန်မာလူမျိုးဆိုတဲ့ နာမည်မပျောက်ဖို့အတွက် မြန်မာသမိုင်း၊ စာပေ ယဉ်ကျေးမှု မပျောက်ဖို့ ပိုအရေးကြီးတယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မတို့ မြန်မာပြည်သားတွေ အားလုံးကလည်း ဟိုတုန်းက မွန်ဂိုလီးယားတွေချည်းပါပဲ သွေးနှောပြီး ဗမာ- ကရင်၊ ရှမ်း စတဲ့ လူမျိုးတွေ ဖြစ်လာတာပဲ မဟုတ်လား။ သဘာဝတရားကြောင့် ဖြစ်လာတဲ့ Divergent Evolution နဲ့ Convergent Evolution (အဓိပ္ပါယ် Evolution and Revolution ပို့စ်မှာရှိတယ်) ကိုတော့ ဘယ်သူမှ လွန်ဆန်လို့ ရမယ်မထင်ဘူး။ အခုလည်း ဗမာတွေကို ကြည့်လိုက်ရင် အရောင်နဲ့ ပုံပန်းသဏ္ဍန်အစုံကို တွေ့ရမှာဖြစ်တယ်။ အဓိကက ဘာသာစကားနဲ့ ကောင်းတဲ့ဓလေ့ထုံးတမ်း မပျောက်ဖို့က အရေးကြီးပါတယ်။ ကပြားတွေနဲ့ ပတ်သက်ပြီး ဘာလူမျိုးဆိုတာ သူတို့ကိုယ်သူတို့ သတ်မှတ်ဖို့ ဘက်နှစ်ဘက်ရဲ့ နွေးထွေးစွာ ကြိုဆိုနိုင်မှုအပေါ်မှာ မူတည်ပြီး သူတို့ရဲ့ ခံယူမှုကို ဖြစ်စေနိုင်ပါတယ်။ သူတို့ကို နွေးထွေးမှု ဘယ်သူပိုပေးနိုင်တယ်ဆိုတာကိုပဲ ကြည့်ပြီး နွေးထွေးမှု ပိုပေးနိုင်တဲ့သူဘက်ကိုပဲ ရောက်ပြီး လူဦးရေ ပိုများသွားမှာ ဖြစ်တယ်။ ဥပမာ ဗုဒ္ဓဘာသာတယောက် မူစလင်နဲ့ ယူလိုက်တာနဲ့ မိဘမောင်နှမတွေက အဲဒီတယောက်ကို ကုလားဇာတ်ဝင်တယ်ဆိုပြီး ၀ိုင်းပယ်လိုက်ကြတယ်။ ဟိုဘက်ကကြတော့ နွေးနွေးထွေးထွေးကြိုဆိုတယ်။ ဒီတော့ အဲဒီစုံတွဲက မွေးလာသူ အားလုံးက သူတို့ကို နွေးထွေးမှု ပိုပေးကြတဲ့ ဘက်ကိုပဲ ရောက်သွားတာပဲ။ တကယ်လို့ ၀ိုင်းမပယ်ပဲ ဆက်လက်ပြီး နွေးနွေးထွေးထွေးထားမယ်ဆိုရင် မြေးတွေထဲမှာ ကိုယ့်ဘက်ကို ပြန်ပါလာနိုင်တဲ့ သူတွေ ရှိနိုင်သေးတယ်။ ကိုယ့်အင်အားတွေ သူများအင်အားသွားမဖြစ်စေနိုင်ဘူး။ ဒါကြောင့် မူစလင်တွေက ပိုပြီး အင်အားကြီးသွားတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာခံယူထားတဲ့ ဗမာတွေက သိပ်အစွန်းရောက်တော့ ကိုယ့်အင်အား ဖြစ်ရမည့်သူတွေ သူများအင်အား ဖြစ်သွားစေတယ်။ ဒီအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် သားနှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ မြန်မာလို့ ခံယူနိုင်လောက်အောင် မြန်မာတွေထဲမှာ နွေးထွေးမှု ပေးနိုင်ရင် မြန်မာဖြစ်လာဖို့ အခွင့်အလမ်း ရှိနိုင်ပေမဲ့ အခုလို အစွန်းရောက်တော့ နွေးထွေးတဲ့ဘက်ကိုပဲ ရောက်ပြီး ကပြားကနေ အင်္ဂလိပ် စစ်စစ်ဖြစ်သွားမှာ သဘာဝကျပါတယ်။ သူတို့ကို မြန်မာတွေက နွေးထွေးမှုပေးမယ်ဆိုရင်တော့ မြန်မာကို ချစ်တတ်လာလိမ့်မယ်။
အဲဒီဓါတ်ပုံတွေက
တစ်ကြိမ်တစ်ခါမှ ပုံနှိပ်ဖော်ပြခံရခြင်းမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံများ ဆိုပြီးဂါဒီယန်းသတင်းစာမှာဖော်ပြခဲ့တဲ့ပုံတွေပါ။
ဒီထက်လည်းပိုများပါတယ်။
မူရင်း source ကိုပြောပြတာပါ။
သို့
မငယ်နိုင်
အစ်မပြောတဲ့ မိန်းမကို အမျိုးသမီးတွေကို ယောက်ျားတွေရဲ့ အသုံးအဆောင် ပစ္စည်းလို သဘောထားနေလို့ ငါ့ပစ္စည်း အဖြစ်သဘောထားတယ်ဆိုတဲ့ အတွေးအခေါ်ဟာ စာအုပ်တွေမှာ ရေးထားတဲ့ အတွေးအခေါ်ပါ။ သူတို့နိုင်ငံမှာမိန်းမတွေကို ကျွန်တွေလို သဘောထားခဲ့တဲ့အစဉ်အလာပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အတွေးပါ။ လက်တွေ့မှာ မိန်းမနဲ့ ယောကျား ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်းမတူညီသလိုပဲ အခြေခံ စိတ်ဓါတ်ပိုင်းလည်း ကွာခြားကြပါတယ်။ အဲဒီနှစ်ခုကို အတူတူသဘောထားရင် လက်တွေ့မကျပါဘူး။
ယောကျားမိန်းမ တန်းတူ အခွင့်အရေးရှိသင့်တယ်ဆိုတဲ့ မူဝါဒကြောင့် ရယ်စရာကောင်းတဲ့ ဥပဒေလေးကို ပြောပြချင်ပါတယ်။ မိန်းခလေးနဲ့ ယောကျားလေး အကျီမ၀တ်တာချင်းတူပေမယ့် … ပတ်ဝန်းကျင် အမြင်မှာ အတူတူမဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ ဒါပေမယ့် Ontario ပြည်နယ်ဥပဒေမှာ ယောကျားတွေကို အကျီချွတ်ပြီး နေခွင့်ပေးတဲ့ အတွက် မိန်းခလေးတွေလည်း အကျီချွတ်ပြီး လမ်းပေါ်သွားရင် တားဆီးခွင့် ဘယ်သူ့မှာမှမရှိဘူးတဲ့။ စဉ်းစားကြည့်ပေါ့ဗျာ။
တကယ်တော့. . .နအဖ ဒီမိုဆိုတဲ့ တံဆိပ်တွေကွဲပြားပေမယ့် နိုင်ငံရေးနယ်ပယ်ကလူတွေရဲ့ စိတ်ထားတွေနဲ့ တွေးခေါ်ပုံတွေကတော့ အတူတူပါပဲ။ စာအုပ်ထဲမှာရေးထားသမျှ အားလုံးကို လက်ခံတယ်။ တက္ကသိုလ်တွေက သင်ပေးတဲ့စာမှန်သမျှ အမှန်လို့ယုံတယ်။ မီဒီယာတွေက သတင်းတွေကို အထင်ကြီးတယ်။ အဲဒီအကြောင်းသိတဲ့ အနောက်ဖက်က ငွေရှင်တွေနဲ့ နိုင်ငံရေးသမားတွေက. . . ပိုက်ဆံပေးပြီး တက္ကသိုလ်တွေနဲ့ မီဒီယာတွေကို သူတို့ရဲ့ ၀ါဒမှိုင်းတိုက်တဲ့ ကိရိယာတွေအဖြစ်ပြောင်းသုံးခဲ့လို့ အောင်မြင်မှုတွေ အကြီးအကျယ်ကိုရခဲ့တာပေါ့။
နောက်ပြီး . . တခြားလူမျိုးနဲ့ လက်ထပ်တာ မျိုးချစ်စိတ်နဲ့ မဆိုင်ဘူးလို့တော့ စွတ်မပြောပါနဲ့။ သူလက်ထပ်တဲ့ အချိန်ကာလနဲ့ သူ့အနေအထားကို ကြည့်ဖို့လိုပါတယ်။ အဲဒီအချိန်က အမေရိကန်မှာဆိုရင် အမည်းတွေဟာ အဖြူတွေကို ဘတ်စကားပေါ်မှာ ခုံနေရာထပြီး ပေးရပါတယ်။ နေရာမပေးရင် ထောင်ချအပြစ် ပေးခံရပါတယ်။ တကမ္ဘာလုံးမှာ လူမျိုးရေး အစွဲကြီးနေတဲ့ကာလကြီးပေါ့။ မြန်မာနိုင်ငံအနေအထားကိုကြည့်ရင် . . . အင်္ဂလိပ်အောက်က လွတ်လပ်ရေးရပြီး မကြာခင်ကာလမှာ… သူ့အဖေကို အင်္ဂလိပ်က သတ်ပြီးမကြာခင်ကာလမှာ. . . အမျိုးသားခေါင်းဆောင်ရဲ့ သမီးဆိုတဲ့ အနေအထားနဲ့ . . . . . အင်္ဂလိပ်ကို လက်ထပ်ရင်….. မြန်မာပြည်သူတွေ ဘယ်လိုခံစားရမယ်ဆိုတဲ့ စာနာစိတ်သူ့မှာ လုံးဝမရှိခဲ့ပါဘူး။ အဲဒါကို မျိုးချစ်စိတ်ကင်းမဲ့တယ်လို့မပြောရင် ဘယ်လိုအပြုအမူကို ပြောမလဲ?
နောက်ထပ်ပြောချင်တာ… ကိုမောင်ဆန်လည်း ထောက်ပြဖူးတဲ့ အချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုတွေရလာအောင် . . . မြန်မာဆန်သူဖြစ်တယ်ဆိုပြီး ဒီမိုမီဒီယာတွေက အတင်းကို ထိုးတင်ခဲ့တာပါ။ ဒီက ကော်မန့်မှာ တခါမှ မမြင်ဖူးတဲ့ ပုံတွေမြင်ရလို့ အစ်မကို ကျေးဇူးတင်နေသူတွေ အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဆန်သူ.. မျိုးချစ်စိတ်ရှိသူအဖြစ်ပေါ်လွင်မယ့် ဓါတ်ပုံတွေကိုပဲ ကျုပ်တို့ကိုကြည့်ခွင့်ပေးခဲ့တာ မဟုတ်လား? အဲဒီပုံတွေမှာ ဘယ်မှာ လုံချည်ဝတ်ထားလဲ? ဘယ်ပုံမှာ မြန်မာ့အသိုင်းအ၀န်းထဲမှာ လုပ်ကိုင်နေတာရှိလဲ? ဘာသာရေးသိပ်ကိုင်းရှိုင်းလွန်းလို့ သာမညဆရာတော်ကြီးနဲ့ တွဲရိုက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်…. အင်္ဂလန်မှာ ဘုန်းကြီးဆွမ်းကပ်နေတဲ့ပုံ… မြန်မာပြည်မှာ ဘုရားဖူးတဲ့ပုံတွေမရှိဘူးလား?
အခုတင်ထားတဲ့ ဓါတ်ပုံတွေကြည့်ပြီး မျိုးချစ်စိတ်ရှိကြောင်း မြင်သာတဲ့ပုံတစ်ခုမှမရှိပါဘူး။ အပျော်အပါးမက်ပြီး ပေါ့ပေါ့နေတဲ့ပုံပဲမြင်ရပါတယ်။ DVB မှာပြောဖူးတဲ့… အင်္ဂလန်မှာ မြန်မာဆန်အောင် နေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အဲဒါလား?
လေးစားလျက်
ဇော်မျိုး
အမ မငယ်နိုင် ရှင်းပြထားတာလေး သဘောကျလို့ တကယ့် အဖြစ်အပျက်လေး တစ်ခုကို ကာယကံရှင် သဘော တူညီချက်နဲ့ ဗဟုသုတလေးရအောင် ဝေမျှ လိုက်ပါ တယ်၊၊ အမ မငယ်နိုင်ခွင့်ပြုပါရှင်၊၊ ခင်လို့ ခေါ်တဲ့မိန်းကလေးက သူ့ ချစ်သူ နဲ့  18 နှစ်သမီး ကတည်းက ချစ်ခဲ့ကြပါတယ်၊၊ ရှစ်နှစ်ကြာ ခဲ့အထိ သစ်စာ ရှိစွာ ချစ်ခဲ့ပြီးကာမှ ထိုချစ်သူက ကောက်ခါ ငင်ငါ နောက်အမျိုး သမီး တစ်ယောက်ကို လက်ထပ် လိုက်ပါ တယ်၊၊ နောက်မှ သိရတာက ခင်ရှိရက်သားနဲ့ နောက်အမျိုး သမီးနဲ့ တိတ် တိတ်လေး နှစ်လခန့်  ချစ်ကြိုက်ပြီးတဲ့အခါမှာ သူငယ် ချင်းတွေနဲ့ အလည် ခရီးသွားမယ်ဆိုပြီး ခင်မသိအောင် ထိုနောက် မိန်းကလေး နဲ့ နယ်မှာ သွားလက်ထပ်ခဲ့ တာပါ၊၊ ခင်တစ်ယောက် အချစ်ဦးလည်းဖြစ်တဲ့ချစ်သူက ဘာပြသ၁နာ မှလည်း သူတို့ နှစ်ဦးကြားမှာမရှိဘဲ့ (သူကခင်မသိအောင် အားလုံးကို မပြာနဲ့ ဆိုပြီး ပိတ် ထားတာပါ၊၊ မနေနိုင်တဲ့ သူ့ သူငယ်ချင်း တစ်ယောက် ရဲ့ ကျေးဇူးကြောင့် သူတို့ လက်ထပ် ပြီးမကြာခင် မှာဘဲသိခဲ့တာပါ၊၊ ) တကယ့်ကို ယုံကြည်ခဲ့ရတဲ့ချစ်သူက ရက်စက်ခဲ့လို့ အရူးမီးဝိုင်း သကဲ့သို့ ဖြေဆည်ရာမရ ခံစားခဲ့ရရှာပါတယ်၊၊ လုပ်ရက်လေခြင်းပေါ့လေ၊၊ သူ့ ချစ်သူကို ဘာ့ကြောင့် ဒီလိုလုပ်ပြီး၊ လက်ထပ်တာ မပြောခဲ့ တာလဲဆိုတော့ ခင်ခံစားရမှာ မကြည့်ရက်လို့ ပါတဲ့ရှင်၊၊စဉ်းစားသာကြည့်ကြပါတော့၊၊ ဒီလိုနဲ့ သုံးနှစ်လောက် အသည်းကွဲတဲ့ ဒဏ်ကို အလူးအလှိမ့်နဲ့ ခံစားခဲ့ပြီးလို့ တည်ငြိမ်လာတဲ့ နောက် တစ်ရုံးတည်း အတူအလုပ် လုပ်တဲ့ သူနဲ့ သံယောစဉ် တွယ်ပြီး ထိုသူ့ အချစ်ကို အချိန်ပေး လေ့လာပြီး လက်ခံခဲ့ပါတယ်၊၊ တစ်ရုံး တည်း ဆိုတော့ မိုးလင်း ကတည်းက ညနေရုံး ဆင်းတဲ့အထိ အတူတူ ပါဘဲ၊၊ အဲ..ဒါပေမဲ့ ပေါ့ရှင်... ခင်တစ်ယောက် အချစ်ရေး ကံဘဲ မကောင်းလို့ လားလို့ ပြောရမလိုပါဘဲ၊၊ ထိုသူနဲ့ လေးနှစ်ခွဲ လောက် ချစ် ကြိုက် ပြီးခဲ့စဉ်မှာတော့ ထိုသူက တစ်နေ့ မှာ ခင့်ကို ဖွင့်ပြောလာရှာပါတယ်၊၊ ခင်ဟာ လှပပြီး အင်မတန် သိမ်မွေ့ ပြီး ကြင်နာတတ်တဲ့၊ ရိုးသားတဲ့၊ သစ်စာလည်း ရှိတဲ့၊ တည် ကြည်၊ တဲ့မိန်းကလေးဖြစ်လို့ သူသနားတဲ့ အကြောင်း၊ သူ့ ထက်သာတဲ့တစ်ယောက်ကို သာရှာစေ လိုကြောင်း၊ သူ့ မှာ ခင့်ကို လက်ထပ်နိုင်တဲ့အင်အား မရှိကြောင်း၊ ဘယ်တော့များမှ လက်ထပ်နိုင်မည်ကို မသိကြောင်း၊ သူ့ ကိုစောင့်မနေလိုကြောင်း၊ ခင့်အပေါ် ရက်စက်သလို ဖြစ်မိခဲ့တဲ့အတွက် ဆောရီးပါဟု ၀တ်ကျေ တန်းကျေ ပြောလာခဲ့ပါတယ်၊၊ ဒုတိယအကြိမ် အသည်းကွဲခဲ့ပြန်ပါပြီ၊၊ (နောက်တလ လောက်နေ တော့ တစ်ရုံး တည်းက လွန်ခဲ့တဲ့လေးလ လောက်က အသစ်ဝင်လာ တဲ့မိန်းကလေးနဲ့ ဗြောင်တွဲတာ တွေ့ ခဲ့ရပါတယ်၊၊ ) ခင်တစ်ယောက် အသက် 33 နှစ်ကျော်ရှိလာပြီမို့ ပထမအကြိမ်လောက် မခံစားခဲ့ရ တော့ပေမဲ့ တိတ်တ ဆိတ် မျက်ရည်ကျခဲ့ရပါတယ်၊ ရှက်စရာလည်း ကောင်းပါတယ်၊၊ (ခင့်နေရာက ခံစားပေးနိုင်မယ်လို့ ထင်ပါတယ်)၊၊
ခြောက်လလောက်ကြာတဲ့အခါမှာ ခင်တို့ ရုံးကို နိုင်ငံခြားသား အသစ်တစ် ယောက် တာဝန်နဲ့ ရောက်လာပါတယ်၊၊ လှပတဲ့ခင့်ကို ထိုနိုင်ငံ ခြားသားက နှစ်သက်လာပါတယ်၊၊ တစ်နှစ်လောက်အတူ တစ်ရုံးထဲ လုပ်ပြီး တဲ့ နောက်မှာ ခင့်ကို ချစ်မြတ်နိုးလို့ လက်ခံနိုင် မယ် ဆိုရင် လက်ခံပါ၊၊ လက်ထပ်ခွင့် ပါတောင်းပါတယ်၊၊ ခင့်အတွက် ကံကောင်းတာလား/ ကံဆိုးတာလားတော့ စာဖတ် သူတွေဘဲဆုံးဖြတ်ပါတော့၊၊ တိုတိုပြောရရင် သူငှေး နိုင်ငံလေးက လေးစားစရာကောင်းတဲ့ ထို ထိုသူငှေး အငယ်စားလေး ဥရောပ နိုင်ငံသား ကို ခင်လက်ထပ် လိုက်ပါတယ်၊၊ အခုအချိန်မှာ သူတို့ အိမ်ထောင်သက်က 3 နှစ်ကျော်ရှိခဲ့ပါပြီ၊၊ လူမျိုးခြားဖြစ်ပေမဲ့ ဘာပြသ၁နာ မှလည်း မရှိကြ ပါဘူး၊၊ ထိုနိုင်ငံခြားသားတောင် ခင့်ကျေးဇူးကြောင့် ဗုဒ်ဓဘာသာဝင်ဖြစ်နေပါပြီ၊၊ ဘုရားစာတစ်ချို့ လည်း အတူရွတ်၊ အတူလှူတန်း ကြပြီး၊ ကမ်ဘာ့ နိုင်ငံ တွေ တစ်ချို့ ကို အခက်အခဲ မရှိဘဲ အလည်အပတ် လည်း ခင်ထွက်ခဲ့ပြီး ပါပြီ၊၊ မောင်နှမတွေလည်း နိုင်ငံ ကြီး တွေမှာ အလုပ် လုပ်သူလုပ်၊ ကျောင်းတက်သူတက် နဲ့  ခင်တစ်ယောက် ကူညီပေးနိုင်ပါပြီ၊၊ မိဘတွေလည်း သိတတ်တဲ့ သမီး ကြောင့် အသက်ကြီးကာမှ ပူပင်စရာ မလို တဲ့ ဘ၀မှာ ပြည့်စုံအောင် ခင်ကျေးဇူးဆပ်နိုင်ပါပြီ၊၊ ဇနီးဖြစ်သူအပေါ် လိုလေသေးမရှိ၊ မျက်နှာ မညို ညင် ရအောင် ချစ်ခင်မြတ်နိုးတွယ်တာလွန်းတဲ့ အိမ်ထောင် ဘက်ရဲ့ ကျေးဇူးကြောင့် ခင်တစ်ယောက် သာမန် ဘ၀ကနေ ပြည့်စုံတဲ့ဘ၀မှာ တင့်တယ်နိုင် နေပါပြီ၊၊ ခင်ကတော့ပြောရှာပါတယ်၊၊ တစ်မြေတည်းနေ တစ်ရေ တည်းသောက် တွေက ဗြောင် တစ်မျိုး၊ လိမ်ညာလို့  တစ်ဖုံ အချစ်ကိုခုတုံးလုပ်ပြီး သစ်စာဖောက်ခဲ့ ကြ ပေမဲ့၊ ရေခြားမြေခြား ကလူက အချစ်ရဲ့ တန်ဖိုးကို နားလည် လို့ တန်ဖိုးထား တယ်၊၊ ကတိတည်တယ်၊၊ လေးနက် တယ်၊၊ ကြင်နာတယ်၊၊ ညှာတာတယ်တဲ့၊၊ ခင်က အဲ့ဒီ့လို တွေးမိတိုင်း ရင်ထဲမှာ နာပါတယ်တဲ့၊၊ ဆိုလိုချင်တာက ခင်တစ်ယောက် နိုင်ငံခြား သား ကို ဖူးစာကြောင့် ရွေးချယ်ဖြစ်ခဲ့တဲ့အတွက် ကံကောင်း တာလား၊၊ ကံဆိုးတာပါသလားရှင်၊၊ တကယ်လို့ သာ ခင့်အဖြစ်က သစ်စာရှိတဲ့ ချစ်သူတွေ ကို သာ သူမဘ၀မှာ ကြုံခဲ့ရလျှင်ဖြင့်........
ကိုဇော်မျိုး
အခုတင်ထားတဲ့ပုံတွေက မျိုးချစ်စိတ်နဲ့ မဆိုင်ဘူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ကို ပြတဲ့ပုံတွေလို့ ခေါင်းစဉ်မှာလည်း ရေးထားတယ်။ ကျွန်မပြန်တင်တဲ့ မိတ်ဆက်မှာလည်း ပြောထားပြီးပါတယ်။ သူရဲ့ မိသားစုဘ၀ ဒီလိုပျော်စရာကောင်းတဲ့ ဘ၀ကို ဖြတ်သန်းလာပြီး ယေက်ျားနဲ့ ကလေးနှစ်ယောက်ကို ပစ်ထားကာ အခုလိုမြန်မာပြည်သူတွေအတွက် ဒုက္ခလာခံနေတယ်၊ ကင်ဆာရောဂါနဲ့ ယောက်ျားဆုံးတာတောင်မှ ပြန်သွားမကြည့်ဘူး။ သူနိုင်ငံခြားသားနဲ့ ယူတာကို ကြိုက်တာမကြိုက်တာ အပထား ဒါဟာ သူ့မိသားစုနဲ့ ရင်သွေးတွေထက် တိုင်းပြည်ကို ပိုချစ်လို့ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မဟုတ်ဘူးလို့ ငြင်းနေတဲ့သူတွေကိုတော့ အမှန်ကိုလက်မခံဘဲ ဗြောင်လိမ်နေတယ်ပဲ ကျွန်မ သုံးသပ်တယ်။ သူ့လိုမျိုး ကျွန်မလည်း အနစ်နာမခံနိုင်ဘူး တခြားဘယ်သူမှလည်း အနစ်နာခံနိုင်မယ် မထင်ဘူး။ ဒါဟာ မြန်မာပြည်သူတွေအတွက် သူ့ကိုယ်ကျိုးဘာမှ မပါတဲ့ ပေးဆပ်မှုဆိုတာ အသိအမှတ် ပြုကိုပြုရမှာ ဖြစ်တယ်။ တိုင်းပြည်က ထွက်သွားပြီး သားမြေးတွေနဲ့ ပျော်ပျော်ပါးပါး သွားနေလို့ ရလျက်နဲ့ စစ်ခေါင်းဆောင်တွေ သူ့ကို ဒီလောက်တိုက်ခိုက်ထိုးနက်နေတဲ့ကြားက သူကြံ့ကြံ့ခံနိုင်တာကို အသိအမှတ်ပြု ဂုဏ်ပြုသင့်ပါတယ်။
နိုင်ငံခြားသားကို ယူတာနဲ့ ပတ်သက်ပြီး ဥပမာတခု ပေးရရင် ဗမာဖြစ်လို့ မြန်မာစားစရာ၊ မြန်မာအ၀တ်အစား၊ မြန်မာသံစဉ် တေးဂီတ ကိုပဲနှစ်သက်ကြတယ် ဆိုတာ မရှိပါဘူး။ မိမိကြိုက်တာကို ကြိုက်ကြမှာပဲ။ မကြိုက်တာကို အတင်းအောင့်ပြီး စားကြ၊ ၀တ်ကြ၊ နားထောင်ကြမှာ မဟုတ်ပါဘူး။ ကျွန်မက မြန်မာသံစဉ်၊ မြန်မာအ၀တ်အစား၊ မြန်မာစားစရာကို သိပ်ကြိုက်ပါတယ်။ သူများမကြိုက်တဲ့သူတွေကို ကျွန်မအပြစ်မတင်ဘူး။ မြန်မာရိုးရာအ၀တ်အစား၊ မြန်မာသံစဉ်သီချင်း၊ မြန်မာ အစားအစာကို မကြိုက်လို့ နိုင်ငံခြားစားစရာတွေကိုပဲ ကြိုက်လို့ မြန်မာကို မချစ်ဘူး မျိုးချစ်စိတ် မရှိဘူးလို့ စွပ်စွဲလို့ မရနိုင်ပါဘူး။ ငပိမကြိုက်၊ မုန့်ဟင်းခါး မကြိုက်၊ ပေါင်မုန့်တွေ Cheese တွေ၊ ပီဇာတွေ ကြိုက်လို့ စားနေတဲ့သူတယောက်ကို နင်ဗမာဖြစ်လို့ ဒါပဲစားရမယ်ဆိုပြီး မုန့်ဟင်းခါးတွေ၊ ငပိတွေ အတင်းသွားပြောရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ ဒါကိုမကြိုက်လို့ မျိုးချစ်စိတ်မရှိဘူး ပြောလို့လည်း မရပါဘူး။ ကျွန်မဆို ဆီမပါဘဲ အသီးအရွက်အစုံပါတဲ့ ထိုင်းသဘောင်္သီးထောင်းကို ဆီကျက်၊ ပဲမုန့်တွေနဲ့ ပျစ်နေအောင် သုပ်ထားတဲ့ မြန်မာသင်္ဘောသီးသုပ်ထက် ပိုကြိုက်တယ်။ ဒါကြောင့် ကျွန်မက ထိုင်းစားစရာကို ပိုကြိုက်တဲ့အတွက် မြန်မာကို မချစ်ဘူးလို့ ပြောလို့မရပါဘူး။ ဒါကြောင့် ကျွန်မ ပြောချင်တာက မိမိလူမျိုးကို မိမိချစ်မချစ်ဆိုတာ အကြိုက်နဲ့ တိုင်းတာလို့မရပါဘူး။ ကြိုက်ခြင်း၊ မကြိုက်ခြင်းကို အတင်း လုပ်ယူလို့ ရတာမဟုတ်တဲ့အတွက် လူမျိုးမတူသူနဲ့ လက်ထပ်သူတွေကိုလည်း အခုပြောတဲ့ ဥပမာတွေအတိုင်းပဲ ကျွန်မ သဘောထားတယ်။
ကျွန်မလည်း ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းသမီး အင်္ဂလိပ်နဲ့ ယူတယ်ကြားတိုင်း အခုကိုဇော်မျိုးတို့ ခံစားရသလိုပဲ ခံစားခဲ့ရဖူးပါတယ်။
ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်မတို့ သင်ရတာ စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း လက်ခံရတာမဟုတ်ဘူး Tutorial Discussion တွေ online Forum တွေမှာ အကြောင်းအရာတခုကို အပြန်ပြန်အလှန်လှန် ဆွေးနွေးရပါတယ်။ လက်တွေ့ investigation တွေ လုပ်ရပါတယ်။ အဲဒီလို ရလာတဲ့ အဖြေကိုမှ လက်တွေ့နဲ့ ဆက်စပ်ပြီး Real life application နဲ့ ပြန်ဆက်စပ်ရတာကိုပဲ သင်ရပါတယ်။ အဲဒါ တက္ကသိုလ်မှာမှ မဟုတ်ဘူး ကျွန်မသားလေးတက်နေတဲ့ မူလတန်းမှာရော ကျွန်မတက်ခဲ့ဖူးတဲ့ အထက်တန်းနဲ့ အခုလက်ရှိတက်နေတဲ့ တက္ကသိုလ်မှာပါ ဒီလိုပဲ။
လမ်းကြောင်းတွေ လွဲမှားနေသလားပဲ...မျိုးချစ်စိတ်တွေနဲ့ စောင့်ထိန်းမှုတွေဟာ အစားသောက်တွေနဲ့ လုံးဝ(လုံးဝ) မဆိုင်ပါဘူး...မြန်မာအစားအစား မြန်မာအ၀တ်စား တွေကို အတင်းကြပ်နေ့စဉ်ဝတ်ကြ စားကြ ဆိုကြလို့ပြောတာမဟုတ်ဘူး...မြန်မာဖြစ်လို့ မြန်မာအ၀တ်စားပဲ အမြဲဝတ်ရမယ်လို့မဆိုလိုသလို မြန်မာအစားသောက်ပဲစားရမယ်လို့ပြောနေတာလည်း
မဟုတ်ဘူး...အဲဒီလိုပြောရင်လည်း ကျုပ်လည်း လက်မခံပါဘူး..ဘယ်သူမှလည်း အတင်းကြပ်မတိုက်တွန်း မလုပ်ခိုင်းပါဘူး...
အခုပြောနေတာတွေက မိမိလူမျိုး generation တွေကို စောင့်ထိန်းလိုက်နာမှုဆိုတဲ့ အသိစိတ်ဓာတ်လေး
တစ်ခုရှိအောင်ပြောနေခြင်းဖြစ်ပါတယ်...ကျန်တဲ့ အ၀တ်စားတွေ အစားသောက်တွေ သံစဉ်တွေနဲ့မဆိုင်ပါဘူး...အ၀တ်စားဆိုတာ ကိုယ့်ယဉ်ကျေးမှုဓလေ့ကို မမေ့ပျောက်အောင်အတွက် မြန်မာ့ယဉ်ကျေးမှုအခမ်းနားတို့ မြန်မာဓလေ့ထုံးတမ်းအစဉ်လာပွဲလမ်းသဘင်မျိုးတို့ ဒီလိုမျိုးအချိန်တွေသာလျှင်ဝတ်ဖို့ မမေ့အပ်ဖို့ပါပဲ...မြန်မာ့သံစဉ်တွေနဲ့ပတ်သတ်ရင်လည်း ဒီအတိုင်းပါပဲ...မမေ့ပျောက်အောင် မိမိလက်ထပ်မှာရော မိမိတို့ရဲ့သားစဉ်မြေးမြစ် အဆက်ဆက်ကို သိရှိအောင် နားလည်အောင် မျိုးချစ်စိတ်ဓာတ်အသိနဲ့သင်ပေးသင့်တယ်...မြန်မာ
သံစဉ်တွေကိုပဲ နားထောင်ခိုင်းတာမဟုတ်ပါဘူး...အနောက်တိုင်းယဉ်
ကျေးမှုသံစဉ်တွေကို ချစ်မြတ်နိုးတာတစ်ပိုင်း မိမိယဉ်ကျေးမှုနဲ့သံစဉ်ကိုလည်း မပျောက်ပျက်အောင် အလေးထားတတ်အောင် သင်ပြပေးဖို့လည်းလိုတယ်...
အခုခေတ်မှာ မြန်မာသံစဉ်ဆိုရင် ဟာသလိုဖြစ်နေတယ် သရော်သလိုလိုလုပ်နေကြတယ်...မိမိတို့လူမျိုးတွေကိုယ်
တိုင်က ဒီလိုအလေးနက်မထား လုပ်နေမှတော့ ဘယ်တိုင်းတစ်ပါးသားက လာပြီးအလေးနက်ထားမှာလဲ...
ကျုပ်အမြင်ကတော့ အရာအားလုံးကို မျိုးချစ်စိတ်ဓာတ် တာဝန်သိတတ်မှု စောင့်ထိန်းမှုတစ်ခုအနေနဲ့ မမေ့အပ်ဖို့ သိရှိဖို့ပါပဲ...နိုင်ငံနဲ့လူမျိုးကို ချစ်တာကတော့ နိုင်ငံသားတိုင်းချစ်ကြတာကြည့်ပါပဲ...ချစ်တော့ချစ်တယ် ကိုယ်တိုင်က မစောင့်ထိန်းနိုင် မလိုက်နာနိုင်ရင် အလကားပါပဲ...မိမိလူမျိုးကို မိမိတို့ကိုယ်တိုင် စောင့်ထိန်းအပ်မှု စောင့်လေမျိုးနွယ်ဆိုတဲ့အသိလေးကို ခေါင်းထဲ ရင်ထဲမှာ ရှိနေဖို့ပါပဲ...
(ဘယ်လိုပဲဘာတွေပဲပြောပြော နိုင်ငံခြားရောက်လို့ မိမိကိုယ်ကိုခေတ်မှီတယ်ဆိုတဲ့စကားလုံးကိုပြောရတာ ဂုဏ်ယူနေတဲ့သူနဲ့ သူများက ကမ္ဘာကြီးကရွာကြီးဆိုလို့ လိုက်ရွာတဲ့သူတွေအနေနဲ့ကတော့ ကျုပ်ပြောတာတွေကို လက်ခံမှာမဟုတ်ပါဘူး အဲဒီလူတွေကတော့ အခြားနိုင်ငံတွေနဲ့မတူတာကိုလိုက်ပြီး ယှဉ်ပြပြီး အကြောင်းအမျိုးမျိုးပြပြီး ခေတ်မှီပြနေအုံးမှာဆိုတော့ သူတို့အတွက်တော့ အထွေထူးမပြောတော့ပါဘူး.မိမိဟာ ဘာလူမျိုးလဲ မိမိဟာ ဘာလဲဆိုတာ သိဖို့ပါပဲ..နောက်ဆုံးတော့ မိမိဟာ ကမ္ဘာကြီးကိုပတ်နေပါတဲ့သူဖြစ်ပါစေ တောသားက တောသားပါပဲ)....
mg - လက်ထပ်ထိမ်းမြားသူ ရွေးချယ်တာလည်း ကြိုက်ခြင်းမကြိုက်ခြင်းနဲ့ ဆိုင်တယ်၊ အ၀တ်အအစား စားသောက် ၀တ်ဆင်ဖို့နဲ့ တေးဂီတ နားထောင်ဖို့ ရွေးချယ်ရာမှာလည်း အကြိုက်နဲ့ ဆိုင်ပါတယ်။ အဲလို ဆိုင်လို့ အကြိုက်နဲ့ပတ်သက်ပြီး judgment လုပ်လို့မရဘူးဆိုတာ ကျွန်မက နှိုင်းယှဉ်ပြီး ဥပမာပေးတာဖြစ်တယ်။ လူမျိုးနွယ်ဆိုတာ စာပေ၊ ယဉ်ကျေးမှု၊ အစားအသောက်၊ အပေါ်မှာ အများဆုံး မူတည်ပါတယ်။ ကမ္ဘာမှာ မြန်မာဆိုတာ မပျောက်ချင်ရင် သွေးနှောတာကို ပိတ်ပင်လို့ မဖြစ်နိုင်ပါဘူး။ စာပေ၊ ယဉ်ကျေးမှု ၀တ်စားဆင်ယင် အစားအသောက်ကိုလည်း ထိန်းသိမ်းဖို့ပဲ အရေးကြီးပါတယ်။ စာပေယဉ်ကျေးမှု မပျောက်ရင် သွေးနှောပေမပယ့် လူမျိုးမပျောက်ဘူး။ မူစလင်တွေဟာ ကမ္ဘာမှာ လူဦးရေများလာတာ သူတို့ယဉ်ကျေးမှုကိုပဲ ထိန်းသိမ်းတယ်၊ သွေးနှောတာကို မထိန်းသိမ်းဘူး။ ထိုင်းမှာလည်း ထိုင်းဘာသာစကား၊ ထိုင်းစားစရာ ယဉ်ကျေးမှုအကတွေကိုသာ ထိန်းသိမ်းထားတယ် မြို့ပေါ်ကထိုင်းတွေကို ကြည့်လိုက်ရင် ပုံစံက အမျိုးမျိုးထွက်နေတာကို တွေ့ရလိမ့်မယ်။ ဗမာတွေကို ကြည့်ရင်လည်း ဒီအတိုင်းပဲ။ ကျွန်မတို့အိမ်မှာ လူသုံးယောက်ပဲ ရှိတာတောင် ပုံစံသုံးမျိုးထွက်နေတယ်။
ကျွန်မဆိုလိုတာ နိုင်ငံခြားသားကို ယူဖို့ အားပေးတိုက်တွန်းနေတာ မဟုတ်ပါဘူး။ သဘာတရားကြောင့် ဖြစ်လာတာကို ပိတ်ပင်တားဆီးဖို့ မဖြစ်နိုင်တာကိုသာ ပြောနေတာဖြစ်တယ်။ ကိုယ်နဲ့ သက်တောင့်သက်သာမရှိ၊ မလိုက်ဖက်ဘူးလို့ ထင်တဲ့ အ၀တ်အစားကို အောင့်အီးပြီး ၀တ်နေဖို့ မလိုဘဲ မိမိနှစ်သက်ပြီး လိုက်ဖက်တယ်ထင်တာကို ရွေးချယ်ဝတ်ပိုင်ခွင့် ရှိပါတယ်။ မိမိမချစ်မနှစ်သက်ဘဲနဲ့ မြန်မာဖြစ်လို့ဆိုပြီး မချစ်သောသူနဲ့ အောင့်အီးပြီး လက်ထပ်ထိမ်းမြားဖို့လည်း မလိုအပ်တာကို ဥပမာပေးတာသာ ဖြစ်တယ်။ ဟုတ်ပါတယ် ကို Mg ပြောသလို ကျွန်မက ဘယ်ပဲရောက်ရောက် ဘာကြီးပဲ ပြောနေ ပြောနေ တောသားဟာ တောသားပဲ။ ကျွန်မမွေးရပ်မြေဟာ မြန်မာပြည်က ကျေးလက်တောရွာလေးပါပဲ။ ထိုနည်းအတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘယ်သူကိုပဲ လက်ထပ်ခဲ့လက်ထပ်ခဲ့ မစ်စစ်အဲရစ်လို့ ကြိုက်သလို အမည်ပေးနေကြပါစေ၊ ဗမာဟာ ဗမာပဲ၊ ဗိုလ်ချုပ်သမီးဟာ ဗိုလ်ချုပ်သမီးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။
ကျွန်မတို့ဟာ ပကတိ အခြေအနေကို အမှန်တိုင်း လက်ခံနိုင်ဖို့ အရေးကြီးတယ်ထင်လို့ ပြန်ဆွေးနွေးတာပါ။ မှားတယ်ထင်ရင်လည်း တဦးချင်းစီရဲ့ ကိုယ်ပိုင် သဘောထားလို့ပဲ မှတ်ယူနိုင်ပါတယ်။ ကျွန်မ ဘလော့မှာ စာလာဖတ်ပြီး ယဉ်ယဉ်ကျေးကျေး ပြောဆိုဆွေးနွေးကြတာကို သိပ်ပြီး ကျေးဇူးတင်ပါတယ်။
အပြန်အလှန်ရေးနေတဲ့ မှတ်ချက်တွေကြောင့် စိတ်တော့ မချမ်းသာလှဘူးဗျာ။ ဟောရင်းသာ ပျံလွန်တော်မူမယ် ။ တရားချမရတဲ့ သူတွေက အများသားကလား ။
ခင်လျက်
မင်းဒင်
အင်း ကျုပ်တောင် အခုလက်ရှိ ---သူ ရီးစားကို ဖြတ်ရတော့မလား တွေးနေရတယ်။ အစကတော့ ဘာမှထွေလီကာလီမတွေးဘူး။ ကိုယ်နဲ့ နီးစပ်တယ်။ ကိုယ့်အနေအထိုင် ယဉ်ကျေးမှုကို လက်ခံတယ်။ ကိုယ်နဲ့အဆင်ပြေတယ်။ အပြန်အလှန် သံယောဇဉ်ရှိတယ်။ ဒါနဲ့ပဲ တွဲဖြစ်နေတာ။ အခုတော့ အနာဂါတ်မြန်မာပြည်မှာ အမတ်တွေ ဘာတွေဖြစ်လာတဲ့အခါ ကိုယ်ယူထားတဲ့ တိုင်းတပါးသား မိန်းမနဲ့ပတ်သက်ပြီး ပြသနာအရှာခံရအုံးမလား တွေးမိပြီး လက်ရှိရီးစားကိုပဲ ဖြတ်ရတော့မှာလား။ ဒါမှမဟုတ် မြန်မာသိ တရားဝင်မယူပဲ အသာလေး ကြိတ်ပြီး မြန်မာတွေမသိအောင် အတူနေပြီး ရူးချင်ယောင်ဆောင်နေရမလား တွေးနေရပြီ။
ကျုပ်ရီးစား သို့မဟုတ် ယူမဲ့မိန်းမ ဘာလူမျိုးဖြစ်ဖြစ် ကျုပ် မြန်မာပြည်အပေါ်ချစ်တဲ့စိတ်၊ မြန်မာယဉ်ကျေးမှု ဘာသာ၊ သာသနာ ထိန်းသိမ်းလိုစိတ်ကတော့ ငါတို့သာလျှင် မျိုးချစ်ကွ လို့အော်နေတဲ့ hypocrites တွေထက်တော့ အပုံကြီးသာတယ်။
နိုင်ငံတကာ ကလူတွေနဲ့ဆက်ဆံရင်း၊ ကွန်ဖရင့်တွေတက်ရင်း စကားစပ်မိကြလို့ ကိုယ့်နိုင်ငံအကြောင်း မေးလာရင် ကောင်းကွက်လေးတွေ ချွေးပျံအောင် ရှာကြံပြောရတယ်။ နိုင်ငံမှာ စနစ်နဲ့ အုပ်ချုပ်သူတွေက မကောင်းတာပါ၊ ပြည်သူပြည်သားတွေ ဘယ်လောက် ကောင်းကြောင်း၊ ယဉ်ကျေးဖေါ်ရွေကြောင်း ပြောပြီး ကိုယ့်လူမျိုးပုံရိပ် မပျက်အောင် အတတ်နိုင်ဆုံး ဖာထေးရတယ်။ ဟိုလူတွေမကောင်းတာနဲ့ သာမန်နိုင်ငံသားတွေ လားလားမျှ မဆိုင်ကြောင်း အာပေါက်အောင်ပြောရတယ်။
တကယ်လို့များ ကျုပ်လက်ရှိ ရီးစားနဲ့ ယူဖြစ်သွားရင်လဲ ကိုယ့်နိုင်ငံအပေါ်ထားတဲ့ စိတ်စေတနာတော့ ပြောင်းသွားစရာအကြောင်းလဲမရှိဘူး။ ကိုယ့်သားသမီးတွေ ကပြားဖြစ်၊ သူတို့ကြိုက်တဲ့ ဓလေ့ထုံးစံ သူတို့ယူကြလဲ သူတို့ရွေးချယ်ခွင့်ဖြစ်လို့ ဘာမှတားမြစ်စရာအကြောင်းလဲမရှိ။ အတတ်နိုင်ဆုံးတော့ ကိုယ့်နိုင်ငံလူမျိုးအပေါ် စာနာ ချစ်ခင်စိတ်ရှိဖို့ ကိုယ့်ဖာသာ သိမ်းသွင်းယူဖို့ပဲရှိတယ်။ အဲဒါ ကိုယ့်မိသားစု issue ပဲဖြစ်မယ်။ နိုင်ငံနဲ့ဘာမှ မဆိုင်။
ကျုပ်ကသာ ကိုယ့်လူမျိုးတွေ sensitive ဖြစ်တဲ့အကြောင်း တွေးမိလို့ ဒီလိုတွေးနေတာ။ ဒေါ်အောင်ဆန်းစုကြည် သူအိမ်ထောင်ပြုဖို့ စဉ်းစားတုံးက သူ့private ဘ၀လေးအတွက်ရိုးရိုးလေးပဲ သူတွေးမယ်။ အခုလို နိုင်ငံ့အရေးမှာ ထဲထဲဝင်ဝင် ထိပ်ဆုံးက ပါဝင်ပတ်သက်နေရလိမ့်မယ်လဲ တွေးမိမှာမဟုတ်။ ခင်ပွန်းသည်ကလဲ မြန်မာနိုင်ငံကို စာနာသူ၊ ဗုဒ္ဓဘာသာကို ယုံကြည်သူ ပညာတတ် လူယဉ်ကျေး။ သားသမီးတွေနဲ့ အခြေတကျ အိမ်ထောင်တည်ဆောက်ပြီးမှ ဖြစ်ပေါ်လာတဲ့ နိုင်ငံ့အရေးထဲ ပါဝင်ပတ်သက်လာမှ မျက်ကန်း မျိုးချစ်ဆိုသူတွေက ဒါကိုပဲ အပြစ်တစ်ခုလို ပြောဆိုစရာရလာတယ်။ သီးစားပင်ကြီး တစ်ပင် အရွက်တွေ စိမ်းဝေ၊ အသီးတွေပြွတ်နေတာ မြင်နေရက်နဲ့၊ ဒီအပင်ကြီးက ရိုးရာမြေသြဇာ နဲ့စိုက်တာမဟုတ်ဘူး။ နိုင်ငံခြားက မြေသြဇာနဲ့ ကြီးလာတာမို့လို့ အရိပ်က အေးမှာမဟုတ်ဘူး။ အသီးက ချိုမှာမဟုတ်ဘူးလို့ ကဲ့ရဲ့ပြောဆိုနေကြသလိုပဲ။ အဲလိုပြောဆိုနေကြသူတွေဟာ ကိုယ်ယူထားတဲ့ မြန်မာ ယောက်ျား၊ မိန်းမ သေကောင်ပေါင်းလဲဖြစ်နေချိန်မဆိုနဲ့ စိတ်ကောက်ပြပြီး ကိုယ့်အနား မနေရကောင်းလား ညုလိုက်တာနဲ့ နိုင်ငံ့အရေးဆိုတာတွေ ဘေးမှာ အသာပုံချလိုက်ပြီး နေသာသလိုနေ ဖုတ်ဖက်ခါထသွားကြမယ့် သူတွေချည်းပဲ။ ဒါတောင် အနည်းဆုံးတော့ လက်ချည်းသွားမှာမဟုတ်ဘူး။ တိုင်းပြည်ကနေ ကိုယ်ကျိုးအတွက် တခုခုတော့ အရှက်မရှိယူသွားကြလိမ့်မယ်။
ကျုပ်ကတော့ ဒါကို သင်ခန်းစာယူပြီး နောင် မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ သမတဖြစ်ဖို့ စိတ်ကူးယဉ်တာမို့ ၊ အခုကတည်းက တိုင်းတပါးသူ ရီးစားကိုလဲ စားပြီးနားမလည် ရူးချင်ယောင်ဆောင် နေလိုက်မယ်၊ လိုရမယ်ရ စစ်ရေးစစ်ရာလေးတွေ နားလည်နေအောင်လည်း လုပ်ထားလိုက်မယ် စိတ်ကူးတယ်။
မငယ်နိုင်နဲ့ အပေါင်းအပါတွေရဲ့ ပြောဆိုမှုကိုလေ့လာတဲ့အခါမှာ . . .အဓိက ဆွေးနွေးသင့်တဲ့ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူးလို့ မြင်လာပါတယ်။ ခင်ဗျားတို့ဟာ Brainwash လုပ်ခံထားရသူတွေဖြစ်နေပြီလားဆိုတာ.. . . ဆွေးနွေးသင့်ပါတယ်။ ကျုပ်ပြောကြည့်မယ်နော်. . .
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ရွယ်စဉ်ဘ၀ ဓါတ်ပုံဆိုလို့ . . . . သူ့ယောကျားနဲ့အတူတူ မြန်မာဆန်ဆန်ဝတ်ထားတဲ့ ပုံကိုပဲ ကျုပ်တို့ကိုပြထားပါတယ်။ စာအုပ်တိုင်းမှာလဲ အဲဒီပုံပဲ ပြထားပါတယ်။ အဲဒီပုံလေးတစ်ခုကိုပဲ ကျုပ်တို့ဟာ အကြိမ်ပေါင်းများစွာကြည့်ခဲ့ရပါတယ်။ တပြိုင်တည်းမှာပဲ ဒီမိုမီဒီယာတွေကနေ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဆန်တယ်ဆိုပြီး မကြာခဏပြောခဲ့ပါတယ်။ အဲဒါကို Brainwash လုပ်တယ်လို့ခေါ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဆန်သူနဲ့ မျိုးချစ်စိတ်ရှိသူအဖြစ် မြင်လာအောင် ရိုက်သွင်းခဲ့တာဖြစ်တယ်။ မငယ်နိုင်ဆိုရင် . . . တချိန်တုံးက ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ်ကို မနှစ်သက်ခဲ့ဘူးလို့ ၀န်ခံထားပါတယ်။ အခုတော့ . .. သူရဲ့ စိတ်ဟာ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်သွားပါပြီ။ နိုင်ငံခြားသားနဲ့ ယူတဲ့ ကိစ္စကို ဂုဏ်တင်တဲ့သူတစ်ယောက်ဖြစ် လာပါတယ်။ (စိတ်ဆိုတာ တကယ်ကို ဆန်းကြယ်ပါတယ်)
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာပဲနေခဲ့တာပါ။ နိုင်ငံခြားမှာပဲ ကြီးပြင်းခဲ့တာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀နဲ့ စိတ်ထားကို အကဲခတ်နိုင်အောင် . . . သူ့ရဲ့လူငယ်ဘ၀မှာရိုက်ထားတဲ့ ဓါတ်ပုံတွေကို လုံးဝမပြသထားပါဘူး။ ဘာကြောင့် မပြရဲဘူးဖြစ်နေလဲဆိုတာ . . . ဖြေပေးကြပါ။ အဲဒီလုပ်ရပ်ဟာ … တစ်စုံတစ်ခုကို ဖုံးကွယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ မပြသပဲဖုံးကွယ်ထားတယ်ဆိုတာကို. . . .ခင်ဗျားတို့ ရိုးသားစွာဝန်ခံရဲလား? ဒါ့ကြောင့်. . . ဒေါ်အောင်ဆန်းစုကြည်မှာ မျိုးချစ်စိတ်ရှိကြောင်း အထောက်အထားလုံးဝမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုတဲ့ အထောက်အထားလဲလုံးဝမရှိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့က သူ့ကိုမျိုးချစ်စိတ်ရှိသူနဲ့ အရည်အချင်းရှိသူအဖြစ် စွဲမမြဲစွာယုံကြည်နေပါတယ်။ အဲဒါဟာ Brainwash လုပ်ခံထားရတာလို့ အတိအကျပြောနိုင်ပါတယ်။
ဗဟုသုတအဖြစ် ဗီဒီယိုလေးတချို့ပါ တင်ပေးလိုက်ပါတယ်။ (နအဖကို ထောက်ခံနေသည့် စစ်ဗိုလ်များပါကြည့်ရန်ဖြစ်ပါတယ်) မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ် ခွန်အားတွေ မြင့်တက်လာပါစေ…… ကျန်းမာကျပါစေ။ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထက် တိုင်းပြည်ကိုသာ ပိုပြီးချစ်ကြပါစေ။
☀ Media Abuse/Propaganda--some examples
☀ Brainwash?... Democracy Now Amy Goodman on Corporate Media
☀ What is Propaganda
☀ USA: The Masters of Military Propaganda and Mass Brainwash
☀ Catapult The Propaganda
☀ How to Brainwash a Nation
☀ Brainwashed America
ကိုမင်းဒင်က ”မင်းဒင်ရဲ့ သက်ခိုင်” ကို ရေးတဲ့ ဘလော့ဂါကိုမင်းဒင် ထင်တယ်။ ရှားရှားပါးပါး စာလာဖတ်တာ ၀မ်းသာပါတယ်။ နိုင်ငံခြားသူနဲ့ တွဲနေတယ်ဆိုတဲ့ ကိုကျော်ထင်ကတော့ ကျွန်မမိတ်ဆွေ ကိုကျော်ထင်မှာ ဗမာမ ဇနီး ရှုမငြီး ရှိပြီးသားမို့ အနာဂတ်လမ်းဘလော့ဂါ ကိုကျော်ထင်တော့ ဟုတ်မယ်မထင်ဘူး။ ဘလော့ဂ်မှာ ဧည့်သည်အသစ်တယောက် စာလာဖတ်တာတွေ့ရလို့ ၀မ်းသာပါတယ်။
ကျွန်မနာမည် နေရာတကာမှာ တွေ့ရလို့ ဆိုပြီး တော်တော်လေး မျက်စိစပါးမွှေးစူးနေရှာတဲ့ Harmlock ကိုလည်း ဘလော့ဂ်ကို ထူးထူးခြားခြား လာလည်တာ တွေ့လို့ ၀မ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံ ရှိတဲ့ Link ကို ပြောရုံတင်လာပြောတာ မဟုတ်ဘဲ Link ထားခဲ့ပေးရင်တော့ ကျေးဇူးတင်ဖြစ်လိမ့်မယ်။ အထွေအထူး ပြန်ဆွေးနွေးစရာ မရှိလောက်တဲ့ တခြားလာလည်သူ ကိုဇော်၊ ကိုခိုင်၊ မချစ်ကြည်အေး၊ မောင်မိုး၊ Anonymous နဲ့ လာတဲ့ ညီမလေးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆွေးနွေးခဲ့တာတွေဟာ သူ့အမြင်သူပြော ကိုယ့်အမြင်ကိုယ်ပြောကြတာ ဖြစ်တဲ့အတွက် ၀င်မဆွေးနွေးတဲ့ စာဖတ်သူတွေလည်း ဆန့်ကျင်ဘက် အမြင်နှစ်ခုကို ကွဲကွဲပြားပြား တွေ့သွားမှာ ဖြစ်ပြီး ခေါင်းထဲမှာ အတွေး ကျန်နေမှာ ဖြစ်တဲ့အတွက် ကျွန်မတို့ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးကြတာ အကျိုးရှိပါတယ်လို့ ကျွန်မ မှတ်ယူပါတယ်။ အမြင်နှစ်ခုကို ရှင်းရှင်းလင်းလင်း တွေ့ရပြီးပြီ ဖြစ်လို့ နောက်ထပ် ထပ်ပြောရင်လည်း ဒါတွေပဲ ပြန်လာမှာမို့ ဒီဆွေးနွေးမှုက ဒီလောက်ဆို လုံလောက်ပြီလို့ ထင်ပါတယ်။ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ ကိုဇော်မျိုးနဲ့ mg အပါအ၀င် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုဇော်မျိုးကိုတော့ နောက်ဆုံး လာရေးသွားတဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အကြောင်းပြန်စရာ နည်းနည်း ရှိနေသေးလို့ အကြောင်းပြန်ရင်း နည်းနည်း ထပ်ဆွေးနွေးပါရစေ။
ဒီပုံတွေကို မြင်လိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားသစ္စာဖေါက်အဖြစ် Brain Wash အလုပ်ခံထားရလို့ ကျဉ်းမြောင်းတဲ့ အမြင်တွေနဲ့ မြင်နေတဲ့သူတယောက်နဲ့ ကျွန်မနဲ့ ဘယ်လိုမှ အမြင်မတူနိုင်မှာ မဟုတ်ပါဘူး။
အခုတင်ထားတဲ့ ပုံတွေနဲ့ ပတ်သက်ပြီး ပြောချင်တာက ဗမာအချင်းချင်း မြန်မာပြည်မှာ မင်္ဂလာဆောင်တာတောင် အင်္ဂလိပ်လို ၀တ်ပြီးဆောင်တာ ရှိကြတာပဲ အင်္ဂလိပ်နဲ့ အင်္ဂလန်မှာ မင်္ဂလာဆောင်လို့ အင်္ဂလိပ်လို ၀တ်စားတာကို စောတကတက်စရာ ဆိုတာ အပြစ်ရှာသူမှာပဲ ရှိနိုင်ပါတယ်။ မင်္ဂလာဆောင်ပုံမဟုတ်တဲ့ ကျန်တဲ့ Holiday ကာလကပုံတွေကို ရှုပ်ချမယ်ဆိုရင်တော့ ဘယ်သူမှ အလုပ်သွားချိန်၊ အားလပ်ရက် လွတ်လွတ်လပ်လပ်နေချိန်၊ Camping တို့ Bush walking တို့ Picnic တို့သွားတဲ့အချိန်တွေမှာ တောင်ရှည်ပုဆိုးနဲ့ တိုက်ပုံအင်္ကျီ၊ ချိတ်ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်မှာ မဟုတ်ပါဘူး။ ချိတ်ထမိန် ၀တ်ပြီးမြင်းဘယ်လို သွားစီးမလဲ။ ဒါကို ရိုးရိုးကြည့်ရင် သူ့ဘ၀ရဲ့ ငြိမ်းချမ်းတဲ့ မိသားစု ဘ၀လေးကို မြင်တွေ့ရမှာ ဖြစ်တယ်။ ဘာမှ ဆန်းဆန်းပြားပြား အဓိပ္ပါယ်ကောက်စရာ မရှိပါဘူး။
"မငယ်နိုင်ဆိုရင် . . . တချိန်တုံးက ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ်ကို မနှစ်သက်ခဲ့ဘူးလို့ ၀န်ခံထားပါတယ်။ အခုတော့ . .. သူရဲ့ စိတ်ဟာ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်သွားပါပြီ။
ကျွန်မက မွေးကတည်းကနေ ဆယ်ကျော်သက် ၁၀ တန်းကျောင်းသူဘ၀အထိ မိဘနဲ့ အစိုးရဲ့ Brain wash လုပ်တာကို ခံခဲ့ရပါတယ်။ အဲဒီ ဆယ်ကျော်သက်က အတွေးအခေါ်နဲ့ အခုကြီးလာပြီး ရင့်ကျက်ပြည့်ဝတဲ့အချိန် အတွေးအခေါ်ကတော့ ကွမှာပဲ။
Brain Wash လုပ်တယ်ဆိုတာ အသက် ၁၈ နှစ်မပြည့်ခင် ကလေးတွေကိုပဲ လုပ်လို့ရနိုင်ပါတယ်။ ၁၈ နှစ်ကနေ ၆၅ နှစ်အကြား လူကြီးတွေ အားလုံးမှာ Cognitive and neurological function တွေဖြစ်တဲ့ ဦးနှောက်နဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့ စွမ်းရည်တွေဟာ အားလုံးမှာ အတူတူပါပဲ။ ဒါကြောင့် ကျွန်မဟာ ငယ်ငယ်က Brain Wash လုပ်ခံရပေမဲ့ ၈၈ မှာ အဲဒီက လွတ်မြောက်လာတာ ၆၂ ကစတဲ့ သမိုင်းအမှန်တွေကို ကျွန်မတို့ တောစွန်အုံဖျားက အထက်တန်းကျောင်းတွေအထိ ရောက်အောင် ဖြန့်ဝေနိုင်ခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ က ဗကသအဖွဲ့တွေကို ကျွန်မ သိပ်ပြီး ကျေးဇူးတင်ပါတယ်။
(((("နိုင်ငံခြားသားနဲ့ ယူတဲ့ ကိစ္စကို ဂုဏ်တင်တဲ့သူတစ်ယောက်ဖြစ် လာပါတယ်။ (စိတ်ဆိုတာ တကယ်ကို ဆန်းကြယ်ပါတယ် " ))))
ဒီလို ထင်ရင်တော့ ကျွန်မ တကယ်ကို စိတ်မကောင်းပါဘူး။ တကယ်မရည်ရွယ်ပါဘူး။ အရင် မှတ်ချက်တွေမှာ ပြောသလို ဓါတ်ပုံထဲက ဘ၀တွေနဲ့ အခု ဘ၀နှစ်ခုကို နှိုင်းယှဉ်ပြီး တိုင်းပြည်ထဲက အချိန်မရွေးထွက်သွားပြီး ဒီလိုဘ၀ကို ပိုင်ဆိုင်ဖို့ ဖြစ်ပါလျက်နဲ့ သူ့ပုဂ္ဂိုလ်ရေးဘ၀ထက် တိုင်းပြည်အရေးကို ရွေးချယ်ထားတာကို လေးစားဂုဏ်ယူမိကြောင်း ပြောလိုတာသာ ဖြစ်ပါတယ်။ မိမိရဲ့ ပြည့်စုံတဲ့ ဘ၀ကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်တာ မျိုးချစ်စိတ်ကြောင့် ပဲပေါ့။ တိုင်းပြည်ကို ချစ်တာ ဒါသက်သေပဲ။ ဒီအေပေါ်မှာ မိမိနဲ့ အမြင်ချင်းမတူလို့ နိုင်ငံခြားသားနဲ့ ယူတာကို ဂုဏ်တင်ထားတယ်လို့တော့ အရမ်းမစွန့်စွဲသင့်ပါဘူး။
ကိုဇော်မျိုးပေးထားတဲ့ Link တွေကို ကျွန်မ အချိန်မရသေးလို့ မကြည့်ဖြစ်သေးဘူး။ ဒါပေမဲ့ ကျွန်မက Propaganda နဲ့ သတင်းကိုတော့ ကွဲကွဲပြားပြား ကောင်းကောင်းသိသူမို့ ကြည့်လည်း အသစ်အဆန်းတော့ ရှိမယ်မထင်ဘူး။ ဒါပေမဲ့ နောက်ပိုင်း အချိန်ရရင်တော့ ကြည့်လိုက်ပါ့မယ်။ ကိုဇော်မျိုးရေ ရိုးရိုးလေးကို ဆန်းဆန်းပြားပြား အဓိပ္ပါယ်လျှောက်မကောက်ပါနဲ့။ မြန်မာပြည် နိုင်ငံရေးနဲ့ ပတ်သက်ပြီး Brain Wash လုပ်ထားခံရတယ်ဆိုရင်လည်း ကျွန်မက ဆယ်ကျော်သက်ကတည်းက ပြီးသွားပါပြီလို့ပဲ ပြောပါရစေ။
"ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘယ်သူကိုပဲ လက်ထပ်ခဲ့လက်ထပ်ခဲ့ မစ်စစ်အဲရစ်လို့ ကြိုက်သလို အမည်ပေးနေကြပါစေ၊ ဗမာဟာ ဗမာပဲ၊ ဗိုလ်ချုပ်သမီးဟာ ဗိုလ်ချုပ်သမီးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။"
အစ်မငယ်နိုင်ရေ...အစ်မပြောသွားတဲ့ အဲဒီ စကားလုံးတွေ
ကို သဘောအကျဆုံးပဲ။
မငယ်နိုင်ရေ . . . ဒီကိစ္စကိုရပ်ဖို့ စိတ်ကူးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေရဲ့ အကျင့်ဆိုးကြီးကို အစ်မဆီမှာမြင်တွေ့လာလို့ ဆက်လက်ပြီး ပြောလိုက်ပါတယ်။ နိုင်ငံရေးသမားတွေဟာ မိမိအယူဝါဒ အတွက်လုပ်ရင်. . . .စည်းလေး.. ဘောင်လေးတော့ ထားဖို့လိုပါတယ်။ ငါ့အယူဝါဒ အောင်မြင်ရင်ပြီးရော အားလုံးကိုချနင်းမယ်ဆိုတဲ့ အမူအကျင့်ဟာ လုံးဝ မမှန်ကန်ပါဘူး။ လူတွေငတ်ပြတ်မှ ခင်ဗျားတို့ ရည်မှန်းချက်ပြည့်မယ်ထင်လို့ စီးပွားရေးသပိတ်မှောက်ခဲ့တယ်။ အခုလည်း ကျွေးမွေးလာတဲ့ မိဘတွေကို စော်ကားတဲ့ စကားမျိုးပြောနေပြီ။ (မိဘနဲ့ အစိုးရဲ့ Brain wash လုပ်တာကို ခံခဲ့ရပါတယ်။ ) သူ့နိုင်ငံ သူ့အခြေအနေအရ အစ်မကို နိုင်ငံရေးလုပ်ခွင့်မပေးတာနဲ့ အပုတ်ချတဲ့ကိစ္စဟာ .. လုပ်သင့်သလားဆိုတာ တွေးပေါ့ဗျာ။
မောင်ပြာ ဟာ လူဆိုးဖြစ်တယ်… ဒါ့ကြောင့် မောင်မဲကို သူတော်ကောင်းလို့ သဘောထားရမယ်ဆိုတဲ့ အယူအဆဟာ လက်တွေ့မကျပါဘူး။ မြန်မာလိုဝတ်စားပြီး ဖေါက်ပြန်တဲ့သူတွေရှိတာနဲ့ ဒေါ်အောင်ဆန်းစုကြည် အဖြူလိုဝတ်တာကိုချီးကျူးရမယ်ဆိုတဲ့ တင်ပြချက်ဟာ လုံးဝမဆိုင်ပါဘူး။ ကျနော်ပြောတာက ဒေါ်အောင်ဆန်းစုကြည်ဟာ. . . သူနေထိုင်ပုံ ၀တ်စားပုံတွေဟာ မှန်ကန်တယ်ဆိုရင် လူထုကို မပြပဲ ဖုံးဖိထားစရာမလိုပါဘူး။ ဖုံးဖုံးဖိဖိလုပ်ထားမှုရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေပါတယ်။ ဒီတော့ အစ်မကို ကျနော်ထပ်မေးချင်ပါတယ်။ ဖြေပေးပါခင်ဗျာ။
ဒေါ်အောင်ဆန်းစုကြည် အဖြူနဲ့ယူတာ .. မြန်မာလိုမ၀တ်တာ ပြဿနာမရှိဘူးလို့ယူဆရင် . . . သူအင်္ဂလန်မှာနေတဲ့ အချိန်မှာ ရိုက်ထားတဲ့ ဓါတ်ပုံလေးတစ်ခုတောင် ကျုပ်တို့ကို ဘာလို့မပြလဲ? သူ့ဓါတ်ပုံထဲမှာ မြန်မာတွေနဲ့ အတူတူလုပ်ကိုင်နေတဲ့ပုံ မရှိပါဘူး။ မြန်မာလူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်ဘူး…. အဖြူမှလူထင်တယ်ဆိုတဲ့ လူမျိုးရေး မျက်ကန်းအထင်ကြီးတဲ့ ရောဂါစွဲကပ်နေသလား?
ကျနော်မေးတာ မေးခွန်း ၂ ခုဖြစ်နေပါတယ်။ စာလုံးကို အမဲရောင်နဲ့ခြယ်ထားပါတယ်။ ကျေးဇူးပြုပြီးဖြေပေးပါခင်ဗျာ။ လူကျင့်ဝတ်ကို မလေးစားတဲ့ နိုင်ငံရေးသမားများ ပျောက်ကွယ်ပါစေ။
လေးစားလျက်
ဇော်မျိုး
ဝင်မပြောချင်တေါ့ပင်မင့်ပြောရအုံးမယ်မေါင်ဇော်မျိုးရေ။ ၆၂ ခုနှစ်ကစတဲ့သမိုင်းအမှန်ကိုမင်းကိုနိုင်ကဖြန့်တယ်တဲ့လါး။ အဲဒိဟါသမိုင်းအမှန်လို့ဘယ်စံနဲ့များတိုင်းပါလိမ့်။ မင်းကိုနိုင်ဆိုတါ ရှိမှ ၅၀ပေါ့ကွါ။ပေါ်ဦးလို့သိတဲ့ပုဂ်ဂိုလ်လေး သူ့ကိုဝိုင်းတင်ပေးလိုက်ကြတဲ့နောက်ကအဖွဲ့တွေလဲသိပါ့ အဲတေါ့ သူတို့ပြောတဲ့သမိုင်း ကအမှန်ဆိုတေါ့ ပညာရှိများဝမ်းတွင်းပြုံးဘို့သါချန်ထါးခဲ့ပါကွယ်။နောက်တနေရာမှာမိုးသီးလင့်တင်ပြီးသတင်းအမှန်တွေဆိုဘဲ။ ဥနှောက်အဲဒီလေါက်ဘဲရှိနေတဲ့မျက်ကန်းတွေကိုနေဆိုတါဘယ်လိုလို့ရှင်းပြနေလို့တသက်လုံးရဘို့မရှိဘူး။ အင်္ဂလိပ်လို့လေးကွန့်ပြီး၁၈နှစ်က ၆၅နှစ်တွင်းလူတွေဟါဥနှောက်စွမ်းအါးလုပ်နိုင်ပုံအတူတူဆိုပါ့လါး။ မိုးသီးကြပ်ပြည့်မပြည့်ဆိုတါနီးစပ်သူုတိုင်းသိပါ ရဲ့။ သူ့ဆိုက်မှာ အဆင့်အတန်းရှိတဲ့သတင်းရှိမရှိလေ့လါသူတွေသိကြမှာပါ။ ဒီမိုတွေကပညာတတ်များတယ်လေ။အသိပညာရှင်အတွေးအခေါ်ပညာရှင်နဲ့ခေါင်းဆေါင်တွေကလဲများတေါ့ ဘ၇ိန်းဝရှ်လုပ်တါခံလိုက်ရမှန်းသိပုံမရလို့ဖြစ်မှာပါ။ ဒို့ငယ်ငယ်ကပြောသလို ဂျပန်နဲ့အင်္ဂလိပ်။ အင်္ဂလိပ်ကဆီသုံးတေါ့ မသိလိုက်ဘူးဆိုသလိုဖြစ်မှာပေါ့ကွယ်။ ကြိုက်တဲ့သူလဲကြိုက်ကြမှာပေါ့။ ကြိုက်တဲ့သူကိုမကြိုက်နဲ့လို့ပြောမရဘူးလေ။ အဲဒိအခုပြောနေတဲ့ပုဂ်ဂိုလ်တွေမစ်စစ်အဲရစ်ရဲ့ ကုလါးပြည်မှာနေတုန်းကဘါဖြစ်လဲ အင်ဂလန်မှာနေတုံးကဘယ်လိုလဲမေးကြည့်လို့သိသူရှိရင်။ သမိုင်းဆိုတါမနေပါဘူး။ သူမြန်မါတွေကိုဘယ်လိုသဘေါထါးခဲ့တယ်ဆိုတါ လက်တွေ့သိခဲ့တဲ့အင်ဂလန်ကအဖွဲ့တွေမသေကြသေးပါဘူး။ ကေါလိပ်တုန်းကဇတ်လမ်းတွေတေါင်ရှိသေးပါ့။ ဒါပေသိ တချိန်တုန်းကတေါ့ အော် လူဆိုတါပြောင်းလဲတတ်တယ်ရင့်ကျက်မှု့နဲ့ နိုင်ငံနဲ့လူမျိုးအကြောင်းတိတိကျကျသိပြီးနိုင်ငံရေးအပါးဝကါ တိုင်းပြည်တိုးတက်ရေးတွက်တကယ်ပါနိုင်မလါးဆိုပြီး သံသယအကျိုးနဲ့စေါင့်ကြည့်ခဲ့တါ၁၀စုနှစ်တခုလေါက်ပါဘဲ။ အတွင်းရေးတချိုမပြောအပ်လို့သမိုင်းဆရာတွေတွက်ထါးခဲ့ပါ့မယ်။
အဲဒီ Anonymous တယောက်ကလည်း ဘာမှသိတာလည်း မဟုတ်ဘဲ နေရာတကာမှာ စစ်ခေါင်းဆောင်တွေဘက်က ရှေ့နေလိုက်ပြီး ၀င်ရှုပ်ချင်တယ်။ ပြောလိုက်တာလည်း တလွဲစီချည်းပဲ။ ကျွန်မပို့စ်ထဲမှာရော မှတ်ချက်ထဲမှာပါ ပြောထားတဲ့ အထဲမှာ မပါတဲ့သူတွေအကြောင်းကိုလည်း မဆီမဆိုင် လာပြောနေတယ်။ ကိုမင်းကိုနိုင်ကို လေးစားတယ်ဆိုတာနဲ့ မဆီမဆိုင် ဆတ်ဆတ်တုန်အောင် လာနေတော့ ကိုယ့်အကုသိုလ်နဲ့ ကိုယ်ပဲ ဒီအတွက် Anonymous ကို ကျွန်မလည်း ဘာမှ မကူညီနိုင်ဘူး။ ဗကသ ဥက္ကအဖြစ် သူ့လက်မှတ်နဲ့ ထိုးထားတဲ့ တနိုင်ငံလုံးအတိုင်းအတာအထိ ဖြန့်ဝေတဲ့စာကြောင့် ၆၂ က တိုင်းပြည်ပြိုကွဲမှာစိုးလို့ တိုင်းပြည်ကို ကယ်တင်ထားတယ်ဆိုတဲ့ မဆလရဲ့ အလိမ်တွေ ပေါ်ကုန်တယ်။ လိမ်ထားတာကို တောစွန်အုံဖျားမှာ နေတဲ့ ကျွန်မတို့အပါအ၀င် တနိုင်ငံလုံးက ပြည်သူတွေ အမှန်အတိုင်း သိသွားလို့ ၈၈ လူထုအုံကြွမှုကြီး တောစွန်အုံဖျားအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်လာခဲ့တယ်။ တပါတီ အာဏာရှင်စနစ်ကြီး ပြုတ်ကျသွားတယ်။ အဲဒါကြောင့် အာဏာရှင်တွေက သူ့နဲ့ သူ့ကို ထောက်ခံသူတွေကို နှိပ်ကွပ်တယ်ဆိုတာ တွေးလို့ရတယ်။ Anonymous က ဘုမသိဘမသိနဲ့ ကြားကနေ ဘာမှ အကုသိုလ် ၀င်ယူဖို့ မလိုပါဘူး။ နေရင်းထိုင်ရင်း အကုသိုလ် မယူရရင် မနေနိုင်လို့ ၀င်ယူရင်လည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ စစ်တပ် သူ့အလုပ်သူမလုပ်လို့ တိုင်းပြည်က ဒီလိုဖြစ်နေတာ အမှန်အတိုင်း သိမြင်လာပါစေလို့ ဆုတောင်းပေးပါတယ်။
ကိုဇော်မျိုးကို ပြောချင်တာ ဒေါ်အောင်ဆန်းစုကြည် အရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ ဘယ်သူနဲ့ပဲ လက်ထပ်ခဲ့ အခုချိန်မှာ သူ့ရဲ့ သာယာလှပတဲ့ မိသားစုဘ၀ကို ပစ်ပြီး အမိ မြန်မာပြည်အတွက် လာအနစ်နာခံနေတာ ၂၂ နှစ်တောင် ပြည့်ပါတော့မယ်။ ကျွန်မလည်း သူ့မိသားစုဘ၀ကို ဒီဓါတ်ပုံထဲမှာမှ တွေ့ဖူးတဲ့အတွက် ဘလော့ဂ်မှာ အမှတ်တရ သိမ်းထားရင်း တင်ထားလိုက်ပါတယ်။ ကျွန်မ ဘလောဂ်မှာ တင်တဲ့ အဓိပ္ပါယ်က ဒါပါပဲ တခြားဘာအဓိပ္ပါယ်မှ မဆောင်ဘူး။ ကိုဇော်မျိုးတို့ ဟိုအဓိပ္ပါယ်ကောက် ဒီအဓိပ္ပါယ်လျှောက်ကောက်တာလည်း ကျွန်မလိုက်မမီဘူး။ ကိုဇော်မျိုး မေးတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်မက ဒေါ်အောင်ဆန်းစုကြည်အကြောင်း သုတေသန စာတမ်း ပြုစုနေသူ မဟုတ်တဲ့အတွက် ကျွန်မမှာ ဖြေစရာမရှိပါဘူး။ ဖြေဖို့မလိုဘူး။
စီးပွားရေး ပိတ်ဆိုမှုနဲ့ ပတ်သက်တာကတော့ ပြည်သူအတွက် အကျိုးအမြတ်မရှိ စစ်အုပ်စုအတွက်ပဲ အကျိုးအမြတ်ဖြစ်နေလို့ ဆိုတာ အကြမ်းဖျင်း လူတိုင်းသိပါတယ်။ အခု ဒီပို့စ်မှာ ဒီကိစ္စနဲ့လည်း မဆိုင်ပါဘူး။ စီးပွားရေး ပိတ်ဆို့မှု အကြောင်းကို ပို့စ်နဲ့ မဆိုင်လို့ ကျွန်မ ဒီမှာ ဘာမှ မဆွေးနွေးပါဘူး။ တကယ်လို့ နောက်ထပ် အဲဒီ အကြောင်းအရာနဲ့ ပတ်သက်တဲ့ပို့စ် တင်ဖြစ်ရင်ပဲ လာဖတ်ပြီး ဆွေးနွေးဖို့ ကိုဇော်မျိုးကို ကျွန်မ မေတ္တာရပ်ခံပါတယ်။
"လူကျင့်ဝတ်ကို မလေးစားတဲ့ နိုင်ငံရေးသမားများ ပျောက်ကွယ်ပါစေ" လို့ ကျွန်မလည်း ကိုဇော်မျိုးနဲ့အတူ ဆုတောင်းပါတယ်။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါတာကတော့ သေချာပါတယ်။
အင်းဘါမှမသိဘူးလို့ထင်လဲတပြားမှပွန်းမသွါးပါဘူး။ အထက်ကပြောခဲ့သလိုဖတ်လို့နားလည်သွါးသူတယေါက်ဘဲရှိရှိအကျိုးရှိမယ်ဖြစ်တယ်။ နားလည်နိုင်စွမ်းမရှိဘူးဆိုတါ ခြေခြေမြစ်မြစ်သိနိုင်စွမ်းမရှိဘူးဆိုတါတေါ့ ဥနှောက်ရှိတဲ့ဖတ်မိသူတွေအတွက်ဝေဖန်နိုင်အေါင်ထါးခဲ့မယ်။ ပြောတါရှင်းရှင်းလေးတေါင်နားလည်နိုင်စွမ်းမရှိတါ ဒါကြောင့်လဲဒီလိုဖြစ်နေတါဘဲလို့သနားမိပါတယ်။ ပေါ်ဦးပြောတဲ့သမိုင်းကမှန်တယ်ဆိုတေါ့ဘယ်လိုအထေါက်အထါးနဲ့မှန်တယ်လို့ပြောတါလဲဆိုတါတချက်ပါဘဲ။ သုကဘယ်ကနေသမိုင်းအမှန်ဆိုတါရလါပါသလဲ သူကဘယ်လိုတွေလေ့လါခဲ့လို့မှန်တယ်လို့ယူဆနိုင်တါပါလဲ စသဖြင့်ပေါ့လေ။
လေကုန်တယ်အချိန်ကုန်တဲ့အတွက် တခြားလိုအပ်တဲ့နေရာတွေမှာ ဆက်လက်ရေးသါးမယ်နော်။ ကိုယ့်ဖါသါကိုယ်ရှက်တတ် ရင်ဒီမိုသမါးတော်တော်များများ အရှက်ရောဂါနဲ့ဆေးရုံရောက်နိုင်တယ်။ ကိုယ်ရေးတါကိုယ်ပြန်ဖတ်ကြည့်ပြီးဆင်ခြင်နိုင်တဲ့စွမ်းရည်မရှိဘူးဆိုတါထင်ရှားနေသလိုသူုတပါးရေးတါကိုလဲသေချာနားလည်နိုင်တဲ့အရည်အချင်းမရှိတါလဲဥနှောက်ရှိသူတွေမြင်နိုင်ပါလိမ့်မယ်။ပုဂ်ဂိုလ်ရေးတိုက်ခိုက်တါတွေ ရိုင်းတါတွေတွင်တွင်ပြောနေတဲ့ ဒီမိုသမါးလေးတွေရဲ့ဘလေါ့ဂ်တိုင်းမှာထူးမခြားနားပါဘဲ။ သူတို့နဲ့အမြင်မတူဘူးဆိုတါနဲ့ စစ်တပ် ကပ်စါးယပ်စါး စော်စော်ကါးကါးပြောတါတွေရှိနေပင်မင့် ဝေဖန်လို့အရှိုက်ထိရင် မရှူနိုင်မကယ်နိုင်ဖြစ်ကြပြီးတေါပြောတေါင်ပြောတွေရေးကြတါဘဲ။ အေါင်ဆန်းစုကြည်အကြောင်းသုတေသနလုပ်သူမဟုတ်ဘူးဆိုရင်ဘါဖြစ်လို့ထေါက်ခံတယ်ဆိုရသလဲ။ သေသေချာချာမသိသူတယေါက်ကိုထေါက်ခံနေတယ်လို့နားလည်လိုက်ရပါတယ်။ ပေါ်ဦးပြောတဲ့သမိုင်း ကမှန်တယ်လို့စုံကန်ငြင်းသလိုမိုးသီးဘလေါဂ်ကသတင်းတွေက အမှန်တွေသါလျင်ဆိုတဲ့အယူပါဘဲ။
သူများအတင်းပြောတာကို ကျွန်မ ဘလော့ဂ်မှာ လက်မခံဘူး။ တော်တော်လည်း လျှာရှည်ပြီး ကျက်သရေနည်း၊ အရှက်နည်းတဲ့လူပဲ။ စစ်တပ်ကောင်းကြောင်း လာတရားဟောတာကို လက်မခံတာနဲ့ အမျိုးမျိုး အပြစ်တင်ပြီး လာေ၇းနေတယ်။ သူများ မကောင်းကြောင်း ပြောတာလည်း တော်တော် ၀ါသနာပါပုံရတယ်။ မိုးသီးဇွန်အကြောင်း ပြောချင်ရင် သူ့ဘလော့ဂ်မှာ တိုက်ရိုက်သွားပြောပါ။ ကျွန်မဆီမှာ လာပြောနေလို့ အပိုပဲ။ သူများ မကောင်းအကြာင်းတွေပဲ ထပ်ခါတလဲလဲ လာလာရေးနေတာ ဒီလောက်တောင် ၀ါသနာပါရင်လည်း ကိုယ့်ဖါသာကိုယ် ဘလော့ဂ်ဖွင့်ပြီး ရေးလိုက်တော့။ ကျွန်မဘလော့ဂ်မှာ ကျက်သရေတုံးအောင် ထပ်ပြီးလာမလုပ်ပါနဲ့။ လူတယောက်ကို ထောက်ခံဖို့အတွက် ဘယ်သူမှ သုတေသန လုပ်ပြီးမှ သိရလောက်တဲ့ အဆင့်ထိ မတုံးဘူး။ လက်တွေ့လုပ်နေတာကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်။ သုတေသန လုပ်မှ သိတယ်ဆိုရင် အခုပြောနေတဲ့ ဒေါ်အောင်စုကြည်တို့ ကိုမင်းကိုနိုင်တို့အကြောင်းကို သုတေသန အရင် လုပ်ကြည့်လိုက်ပါ။ သိသွားလိမ့်မယ် ပြီးမှ ဒီမှာပြန်လာရေးပါ။
တိုင်းပြည်ပြိုကွဲမယ့်အရေးဆိုပြီး မဆလ ကလိမ်ပြီးအုပ်ချုပ်တယ်ဆိုတော့ ကျုပ်ကြားဖူးတာ တစ်ခုရှိတယ် အခြားမြို့တွေကို သောင်းကျန်းသူတွေက တတ်ပြီး သိမ်းထားတယ် ရန်ကုန်အစိုးရပဲကျန်တော့တယ် ရန်ကုန်အစိုးရဆိုပြီးခေါ်ကြတယ်လေ အဲဒါ တိုင်းပြည်ပြိုကွဲမယ့်အရေးမဟုတ်ဘူးလား...ဗကပ တို့ KNUတို့ဘီလူးစီးစီးပြီး ဘီးလူးဆိုင်းကနေကြတဲ့ခေတ်ပေါ့...နောက်တစ်ခုက အသက် ၁၈ နှစ်အထက်ဆိုရင် brain wash လုပ်တာမခံရဘူးဆိုရင် စစ်သားတွေက ၁၈ နှစ်ကျော်နေပြီလေ ဒါဆိုသူတို့ကို ဘာလို့ brain wash လုပ်ထားတာ ခံနေရတဲ့သူတွေလို့ ဒီမိုတွေက စွပ်စွဲရတာလဲ...
ကိုကျောက်ဒိုး
ကိုကျောက်ဒိုး
ရန်ကုန်ကို KNU သိမ်းလို့ ရ မိုင်အစိုးရ ဖြစ်သွားရတဲ့အကြောင်းအရင်းက တိုင်းရင်းသားတွေရဲံ ကိုယ်ပိုင်ပြဌါန်းခွင့်ကို လစ်လျူရှုထားလို့ တိုင်းပြည်မှာ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်လို့ ဖြစ်တဲ့ပြဿနာ ဖြစ်တယ်။ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတွေမှာ ဒီလိုဘယ်တော့မှမဖြစ်ဘူး။ အခုလည်း ဒီပြဿနာကို မဖြေရှင်းရင် နောင်လာနောက်သားတွေ ဒီပြဿနာကို ဆက်ခံနေရဦးမှာ ဖြစ်တယ်။ ၆၂ က ဦးနေ၀င်း အာဏာသိမ်းတဲ့အချိန်မှာ ၄၇ ဖွဲ့စည်းပုံမှာ ရှိနေတဲ့ အားနည်းချက်တချို့ကို ပြင်သင့်မပြင်သင့် လွှတ်တော်ခေါ်ယူနေတဲ့အချိန်မှာ အကုန်လုံးကို ဖမ်းပြီး အာဏာတက်သိမ်းလိုက်တာ ဖြစ်တယ်။ KNU ရန်ကုန်ကို သိမ်းတော့ KNU တပ်တွေကို ပြန်တိုက်ထုတ်နိုင်ခဲ့တဲ့ မြန်မာ့တပ်မတော်က ခေါင်းဆောင်ကလည်း အခုနအဖထဲက အာဏာရှုးတွေထဲက မဟုတ်ဘူး။ မြန်မာပြည်ကို တရုတ်ကူမင်တန်တွေ လာကျူးကျော်တုန်းက ရွံ့ရွံချွန်ချွန် ပြန်တိုက်ထုတ်နိုင်ခဲ့တဲ့ တပ်တော်ခေါင်းဆောင်ဟာလည်း အခု နအဖအာဏာရူးတွေအထဲက မဟုတ်ဘူး။ အာဏာရူးတဲ့သူတွေက အာဏာလိုတာပဲ သိတယ်။ တိုင်းပြည်မှာ ဘာကြောင့် သူပုန်ထတယ်ဆိုတာ မသိဘူး။ ဒီလိုလူတွေ ကြီးစိုးသရွေ့ နောက်ထပ် ဒီထက်မကတဲ့ ပြဿနာတွေက ရှိနေဦးမယ်။ ဒီပြဿနာတွေကို ဖြေလည်စေဖို့ဆိုတာ သူ့အခွင့်အရေး ကိုယ့်အခွင့်အေ၇းကို အပြန်အလှန်လေးစားဖို့ လိုပါတယ်။ ငါ့ဆန္ဒကိုပဲ အကုန်လုံးလိုက်လုပ်ရမယ်ဆိုပြီး တဇွတ်လုပ်နေရင် ဘယ်တော့မှ ပြေလည်လာဖို့မရှိနိုင်ဘူး။
Brain Wash နဲ့ ပတ်သက်ပြီး သူများပြောတာကို ပြောတဲ့ဘလော့ဂ်မှာ သွားပြောပါ၊ ကျွန်မကို လာမပြောနဲ့။ ကျွန်မပြောတာပဲ ကျွန်မတာဝန်ယူတယ် ဒါမှမဟုတ် သူများပြောတဲ့ဟာ ကျွန်မက ကြိုက်လို့ ဘလော့၈်မှာ ပြန်တင်ထားရင်လည်း ကျွန်မတာဝန်ယူတယ်။ ဘယ်သူဘယ်နေရာမှာ ဘယ်လိုသုံးသပ်ပြီး ဘာသဘောနဲ့ ပြောထားမှန်းမသိတာကို ကျွန်မနဲ့ မဆိုင်ဘဲ လာမေးလို့ ကျွန်မမသိဘူး။ ကျွန်မဘလော့ဂ်မှာတွေ့တာကိုပဲ ပို့စ်အောက်မှာ သူ့နေရာနဲ့သူ မှတ်ချက်နေရာမှာ ရေးပေးပါ။ ကောင်းကောင်းမွန်မွန် ရေးရင် ကျွန်မ ကောင်းကောင်းမွန်မွန် ပြန်ပြောပါတယ်။ မအားသေးရင်လည်း မအားသေးကြောင်း ပြန်ပြောပါတယ်။ မဆိုင်တာကိုလာရေးရင်တော့ ကျွန်မ လက်မခံဘူး။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။
သို့
မငယ်နိုင်
ကျနော်ကို စိတ်ရှည်လက်ရှည်နဲ့ ပြန်လည်ဖြေကြားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အစ်မနဲ့ကျနော်ဟာ ကိုယ်ပိုင်ဦးဏှောက်နဲ့ စဉ်းစားပြောဆို သူတွေမိုလို့ အတွေးအခေါ်ကွဲလွဲတာ ပြဿနာမဟုတ်ပဲ သဘာဝတစ်ခုလို့ပဲ ခံယူပါတယ်။ ဒါနဲ့ စကားစပ်တုံးပြောချင်တာလေးရှိပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ တိုင်းပြည်အတွက်.. . အသက်စွန့်ပြီး လုပ်ဆောင်ခဲ့တာကို အလေးပြုပါတယ်။ မိန်းခလေးတစ်ယောက်အနေနဲ့ တောထဲ တောင်ထဲကို စွန့်စားသွားလာရဲတယ်ဆိုတာ နည်းတဲ့ သတ္တိမဟုတ်ပါဘူး။ယောကျားလေးတွေတောင် အစ်မလို ပေးဆပ်ရဲတာ မဟုတ်ပါဘူး။ အစ်မတို့ မိသားစုလေး အုမကွဲသိုက်မပျက်ပဲ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ။ အစ်မမြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
လေးစားခြင်းများစွာဖြင့်
ဇော်မျိုး
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကို နိုင်ငံခြားသားနဲ့ ယူလို့ အမျိုဖျက်မလို့ ကိုဇော်မျိုးအပါအ၀င် မလိုလားတဲ့သူတွေ ဘယ်လိုပဲ တိုက်ခိုက်စော်ကားပြီး ပြောနေကြပါစေ သူညမနက် ဘုရားရှိခိုးရင် ဆုတောင်းပေးနေတဲ့ ဝေနေယျ သတ္တ၀ါတွေအထဲမှာ အားလုံးကို မေတ္တာပို့ပေးနေမှာဖြစ်ပြီး ဘယ်သူ့ကိုမှ ရန်သူလို သဘောထားမှာ မဟုတ်ပါဘူး။ ဒီတခုတည်းနဲ့တင် သူက အားအားလုံးကို အနိုင်ယူထားပြီးသား ဖြစ်နေပါတယ်။ လူကိုပဲ ချူပ်လို့ရမယ်၊ စိတ်ဓါတ်၊ သတ္တိ၊ မြန်မာပြည်သားတွေအပေါ် ထားတဲ့ မေတ္တာ၊ စေတနာတွေကို ဘယ်သူမှ ချုပ်လို့မရပါဘူး။
ကျွန်မလည်း ဒီပို့စ်က မိတ်ဆက်မှာ သေသေချာချာ ပြန်ဖတ်ကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်တူသူတွေအချင်းချင်း ဘာမှ ပြဿနာ မဟုတ်ပေမဲ့ ပုဂ္ဂိုလ်ရေး အမြင်မတူသူတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အတွက် အနစ်နာခံတာကို ဂုဏ်ယူကြောင်း ပြောထားတဲ့ ကျွန်မ ဆိုလိုချက်က ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်တဲ့ သူတွေဘက်က ကြည့်ရင် ဒီလိုနေထိုင် ၀တ်စားထားတဲ့ပုံတွေကိုပဲ ဂုဏ်ပြုထားသလိုလို ဖြစ်နေတာ သတိထားမိပါတယ်။ အဲဒီသဘောမျိုး ထင်မှတ်သွားကြသူတွေအတွက် ကျွန်မ စိတ်မကောင်းပါဘူး။ ဒီအတွက်ကြောင့် ဆိုလိုချင်တာ ကွဲကွဲပြားပြား သိရအောင် စာလုံးအနီတွေနဲ့ ပြန်ဖြည့်ထားလိုက်ပါတယ်။
မတူကွဲပြားမှုဆိုတာ ဖြေရှင်းလို့ မရတဲ့ ပြဿနာ မဟုတ်၊ ငါနဲ့အကုန်လုံးလိုက်တူရမယ်ဆိုပြီး အတင်းအဓမ္မ လုပ်နေတာကပဲ ဖြေရှင်းလို့ မရတဲ့ ပြဿနာ ဖြစ်တယ်ဆိုတာ အားလံးနားလည်ပါစေလို့ ကျွန်မ ဆုတောင်းပါတယ်။
မတူကွဲပြားတဲ့ သဘောထားအပေါ် မိမိလက်မခံနိုင်ပေမဲ့ အပြန်အလှန် အသိအမှတ်ပြုတဲ့ မှတ်ချက်အတွက် ကိုဇော်မျိုးကို ကျေးဇူတင်ပါတယ်။
ဇော်မျိုးရေ မင်းကိုလေးစားပါတယ် မင်းနဲ့မောင်နဲ့ ဆွေးနွေးခဲ့တာတွေ တော်တော်များများက ငါ့ရင်ထဲက စကားတွေ အများကြီးပါခဲ့တယ် ကျေးဇူးပဲကွာ ငါမင်းကို ဘယ်တော့မှအတိုက်အခံ လုပ်ပြီးမပြောတော့ပါဘူး ဒီပို့လေး ဖတ်ရတာ တော်တော် ဗဟုသုတရပါတယ် ကိုကျောက်ဒိုးတို့ အညတြလူသားတို့ကိုလဲ ကျေးဇူးတင်ပါတယ်ဗျို့ ဖတ်ရတာ ကျွန်တော်ခံယူချက်တွေကို အားဖြည့်သွားသလိုပဲ အဓိက ကလူမျိုးတစ်မျိုး အဓွန့်ရှည်တည်တံ့ဖို့ရာ စာပေယဉ်ကျေးမှုနဲ့ တင်အဓိကကျတာမဟုတ်ပါဘူး လူမျိုးစုကိုယ့်အမျိုးအနွယ် စောင့်ထိန့်နိုင်ဖို့လဲ လိုပါတယ်..
နောက်ပြီး ဒေါ်စုလုပ်ခဲ့သမျှအပြစ်တွေက ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့လုပ်သလို ကျေအေးသွားလို့မရပါဘူး ဒါပေမယ့် ဒေါ်စု မိသားစုကိုပစ်ထားပြီး အတိုက်အခံလုပ်နေတာတော့ ချီးကျူးပါတယ် ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာလဲဆိုတာကို ဘယ်သူကတိတိကျကျသိလဲ မြန်မာပြည်ကောင်းစားဖို့ လူမျိုးကောင်းစားဖို့ သေချာတယ်ဆိုရင်တော့ ချီးကျူးပါတယ် လို့ရဲရဲဝံ၀ံပြောရဲတယ်.. သေချာတာတစ်ခုကတော့ သူလုပ်ရပ်တွေက မူမှန်ပါဘူး ပြည်သူပြည်သားတွေအတွက်ဆိုတာ ယုံကြည်လို့ကိုမရသေးပါဘူး..
သွေးသစ္စာရေ
ဒီပို့စ်ကို တင်သမားက တင်လိုက်လို့ သွေးသစ္စာသဘောကျတဲ့ မှတ်ချက်တွေ ဖြစ်လာတာလေ၊ ဘယ်လိုဖြစ်လို့ ပို့စ်တင်သမားကို အဖက်တောင် မလုပ်ဘဲ မှတ်ချက်လာရေးတဲ့သူတွေထဲမှာ မိမိနဲ့ သဘောထား တိုက်ဆိုင်သူတွေကိုပဲ အမှတ်ပေးနေတာလဲ။ အလကား စတာပါ။ မိမိရင်ထဲက ဘ၀င်ခိုက်သွားအောင် သဘောကျလို့ appreciate လုပ်တာ မိမိသဘောကျတာကို ရေးတဲ့သူကိုပဲ လုပ်မှာပေါ့။ ဘယ်သူ့ကိုပဲ လုပ်လုပ် ရပါတယ်။
မိမိနဲ့ အမြင်ချင်းတူလို့ ကိုဇော်မျိုးကို လေးစားတာကတော့ ဟုတ်ပါပြီ တယောက်ကိုတယောက် လေးစားတာ သိပ်ကိုကောင်းပါတယ်။ ကြွက်သားတွေ၊ အာရုံကျောတွေကို ပြေလျှော့စေပြီး စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါပေမဲ့ ကိုဇော်မျိုး ဘာပဲပြောပြော အတိုက်အခံမလုပ်တော့ဘူး ဆိုတာတော့ မဟုတ်သေးဘူး ထင်တယ်။ လူဆိုတာ အားလုံး ပုထုစဉ်တွေချည်းပဲ ဘယ်သူမှ အကုန်မမှန်ဘူး သူဒါကို ပြောထားတာ မှန်လို့ တခြားဟာလည်း မှန်မယ်လို့ ယူဆလို့မရနိုင်ပါဘူး။ ဒါကြောင့် မှန်တယ်ထင်တာကို လက်ခံပေမဲ့ မမှန်ဘူး ထင်တာကိုတော့ လက်ခံရင်တော့ အမှားကို အားပေးရာ ရောက်သွားတတ်ပါတယ်။
"အဓိက ကလူမျိုးတစ်မျိုး အဓွန့်ရှည်တည်တံ့ဖို့ရာ စာပေယဉ်ကျေးမှုနဲ့ တင်အဓိကကျတာမဟုတ်ပါဘူး လူမျိုးစုကိုယ့်အမျိုးအနွယ် စောင့်ထိန့်နိုင်ဖို့လဲ လိုပါတယ်.."
အစ်မကလည်း စောင့်ထိန်းဖို့မလိုဘူးလို့ မပြောပါဘူး။ မိမိနှစ်ခြိုက်သဘောကျသည့်သူ/အရာကို လက်ခံပိုင်ခွင့် အသုံးပြုခွင့် ရှိတယ်ဆိုတာပဲ ပြောတာ ဖြစ်တယ်။
"နောက်ပြီး ဒေါ်စုလုပ်ခဲ့သမျှအပြစ်တွေက ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့လုပ်သလို ကျေအေးသွားလို့မရပါဘူး"
သွေးသစ္စာပြောတဲ့ ဒီစာပိုဒ်က မပြည့်စုံဘူး မိတ်ဆက်ပြီးရင် နောက်ဆက်တွဲ အချက်အလက် ရေးဖို့လိုပါတယ်။ မဆွေးနွေးချင်ရင် မစသင့်ဘူး။ ဆက်မဆွေးနွေးဘဲနဲ့ စရုံပဲ စထားတာက ဘယ်လောက်ပဲ မှန်ကန်ပြီး တန်ဖိုးရှိနေပါစေ၊ အခြေအမြစ်မရှိ၊ တန်ဖိုးမရှိတဲ့ စကားဖြစ်သွားစေပါတယ်။
"မိသားစုကိုပစ်ထားပြီး အတိုက်အခံလုပ်နေတာတော့ ချီးကျူးပါတယ် ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာလဲဆိုတာကို ဘယ်သူကတိတိကျကျသိလဲ မြန်မာပြည်ကောင်းစားဖို့ လူမျိုးကောင်းစားဖို့ သေချာတယ်ဆိုရင်တော့ ချီးကျူးပါတယ် လို့ရဲရဲဝံ၀ံပြောရဲတယ်.. သေချာတာတစ်ခုကတော့ သူလုပ်ရပ်တွေက မူမှန်ပါဘူး ပြည်သူပြည်သားတွေအတွက်ဆိုတာ ယုံကြည်လို့ကိုမရသေးပါဘူး.."
ဒေါ်အောင်ဆန်းစုကြည် မိသားစုကို ပစ်ပြီး လာလုပ်နေတာကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယုံကြည်မှုဆိုတာ လုပ်ယူလို့ ရတဲ့အရာ မဟုတ်လို့ ကျန်တာတွေကိုလည်း ဘာမှ မပြောလိုပါဘူး။ သူ့ကို မယုံခင်က ဘယ်လိုပဲ စွပ်စွဲထား စွပ်စွဲထား သူလုပ်နေတာ ပြည်သူလူထုအတွက်ပါ ဆိုတာ မြင်လာနိုင်တဲ့အချိန်မှာ ရဲရဲဝံ့ဝံ့လက်ခံနိုင်တဲ့ နှလုံးသား ရှိနေဖို့ပဲ အရေးကြီးပါတယ်လို့ပဲ ပြောရင်း စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။
"ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတွေမှာ ဒီလိုဘယ်တော့မှမဖြစ်ဘူး။"
http://www.buzzle.com/articles/american-civil-war-facts-and-timeline.html
အလကားနေ အလကား ရှုတ်ချဖို့ပဲ စဉ်းစားနေတဲ့ကောင်တွေ ...
မြန်မာဆန်အောင် တောင်ရှည်ဝတ်၊ ရောင်တုံးထုံး၊ ဆေးမင်ကြောင် ပေါင်မှာထိုးပြီး၊ နွားလှည်းနဲ့ ရန်ကုန်မြို့ထဲ လည်မနေနိုင်ပါဘူး။
မငယ်နိုင်ရေ ဇော်မျိုးကိုအတိုက်အခံမလုပ် ဘူးဆိုတာက သူနဲ့သူတစ်ခွန်းငါတစ်ခွန်း အပြိုင်အဆိုင် မလုပ်တော့ဘူးဆိုတဲ့ ရည်၇ွယ်ချက်ပါ.. သူဘာလုပ်လုပ် လက်ပိုင်ကြည့်နေဖို့မဟုတ်ပါဘူး ဇော်မျိုးက အမှန်တကယ်က စိတ်ထားကောင်းပါတယ် ခေါင်းမာတာလေးတစ်ခုပဲရှိတာပါ သူစိတ်ဓါတ်ကိုကျွန်တော်ခန့်မှန်းလို့ရသွားလို့ အေးအေးဆေးဆေးဆွေးနွေးလို့ ရမယ်လို့မျှော်လင့်လို့လဲ အဲဒီစကားပြောလိုက်ခြင်းလဲဖြစ်ပါတယ်..
နောက်ပြီး ဒေါ်စုလုပ်ခဲ့သမျှအပြစ်တွေက ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့လုပ်သလို ကျေအေးသွားလို့မရပါဘူး" ဆိုတာက အခုဒီမှာဖတ်နေရတဲ့ ကိုအညတြလူသားပြောတဲ့ သူရဲ့ငယ်ငယ်က လုပ်ရပ်တွေ၊ လူမျိုးကိုသစ္စာဖောက်ပြီးမှ လူမျိုးစုရဲ့စံပြခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့အတွက် တွေကို ပါရည်ရွယ်ပြီးပြောဆိုခြင်းဖြစ်ပါတယ်.. ဒါတွေကိုအမှန်လို့ မြင်တယ် ပြဿနာမရှိဘူးလို့ ထင်နေတဲ့ လူတွေအတွက်ကတော့ ဒါတွေက ဘုန်ကြီးခေါင်းဆိုတာလဲ လူခေါင်းနဲ့အတူတူပဲလို့ ပြောလိုက်သလိုပဲဖြစ်နေမှာပဲ ကိစ္စမရှိပါဘူး ကြိုက်သလို တွေးပါ ရှေးရိုးစံတယ်ဆိုပြီး ယောင်ထုံးပြီးမနေနိုင်ဘူးဆိုပြီး မြင်ချင်သပဆိုလဲ ဂေါက်ကြောင်ကြောင် အတွေးတွေနဲ့မြင်ကြပါ
ဒါပေမယ့် နိုင်ငံခြားသားကိုလင်တော်တာကို ဘယ်လိုမြင်သလဲဆိုတာ နိုင်ငံခြားရောက် ပတ်ဝန်းကျင်အသိုင်းအ၀န်းနဲ့ နိုင်ငံခြား အသိုင်းအ၀န်းမှာ နေတဲ့ သူတွေနဲ့ မြန်မာ့ လူ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့လူ မြန်မာ့ ဓလေ့စရိုက်ကိုနားလည်နေတဲ့ သူတွေရဲ့ အတွေးအမြင်တွေက တော်တော် ကွာခြားတယ်ဆိုတာ မငယ်နိုင်သတိပြုသင့်ပါတယ်..
ဒီပို့စ်လေးတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..
26 Jun 10, 09:18
Guest: စောင့်လေမျိုးနွယ် စောင့်လေမျိုးနွယ် စောင့်လေမျိုးနွယ် စောင့်လေမျိုးနွယ် စောင့်လေမျိုးနွယ် စောင့်လေမျိုးနွယ် စောင့်လေမျိုးနွယ် စောင့်လေမျိုးနွယ်
26 Jun 10, 09:21
Guest: ငါတို့ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ရေ ။။။ ဗိုလ်ချုပ်သမီး လုပ်ပုံကို ဗိုလ်ချုပ်သာသိရင် ........ :nervous: :nervous: :nervous: :nervous:
26 Jun 10, 17:07
aubergine: >> Guest: ဒေါ်စုကိုစောင့်လေမျိုးနွယ် ပြောချင်ရင် ကိုယ့်ဆရာ ဗိုလ်ချုပ်တွေနဲ့ သူတို့သားသမီးတွေကို လည်းစောင့်လေသိက္ခာ၊ စောင့်လေကျင့်ဝတ်၊စောင့်လေ ယဉ်ကျေးမှု၊ စောင့်လေတိုင်းပြည် လို့ပြောလိုက်ပါဦး
26 Jun 10, 21:21
ကိုပေါက်: >aubergine...လူတိုင်း စောင့်လေမျိုးနွယ်တော့ ထိန်းနိုင်ကြမှာမဟုတ်ဘူး... ဒါပေမယ့် နိုင်ငံနဲ့ပြည်သူကို ဦးဆောင်ခေါင်းဆောင်လုပ်ချင်တဲ့သူ လုပ်မယ့်သူကတော့ သာမာန်လူတွေထက်ပိုပြီး အကျင့်သိက္ခာတို့နဲ့ပိုပြီးပြည့်စုံနေရမှာတော့ အ�
26 Jun 10, 21:22
ကိုပေါက်: အမှန်ပဲ..အကယ်လို့ဒေါ်စုဟာ သာမာန်သူ့အလုပ်သူပဲ လုပ်နေရင် ဘာမှပြောစရာမလိုပါဘူး ဒါပေမယ့်သူက နိုင်ငံကိုအုပ်ချုပ်ဖို့ ပြည်သူကိုလမ်းပြလုပ်ဖို့ကြိုးစားနေတဲ့သူပါ ဒီအတွက်ခေါင်းဆောင်လုပ်မယ့် သူအတွက်ကိုထောက်ပြကြတာပါ
26 Jun 10, 21:24
ကိုပေါက်: သာမာန်ပြည်သူတွေ တိုင်းတစ်ပါးသားယူကြတာ အများကြီးရှိပါတယ်..ဘာကြောင့် မပြောကြတာလဲ ရှင်းပါတယ်...သူတို့ကဘယ်သူ့မှဆရာ မလုပ်သလိုခေါင်းဆောင် ရှေ့ဆောင်လမ်းပြလုပ်နေတာမဟုတ်ဘူး.. မိမိတို့ဘ၀ကို မိမိတိ့စိတ်တိုင်းကြဖန်တီးပြီး �
26 Jun 10, 21:26
ကိုပေါက်: အေးအေးဆေးဆေးနေကြတဲ့သူတွေပါ..ခေါင်းဆောင်လုပ်မယ့်သူဆိုရင်တော့ အသေးအမွှားကအစအလေးထားပြီး ပြောကြရမှာ သဘာဝပဲ...သာမာန်ပြည်သူတွေနဲ့ ခေါင်းဆောင်လုပ်မယ့်သူတွေ အတူတူလုပ်တာချင်းတူပေမယ့် မတူကွဲပြားစွာအများကလက်ခံထားကြတယ်ဆု�
26 Jun 10, 21:28
ကိုပေါက်: ဆိုတာ သဘောပေါက်ဖို့လိုတယ်.. မိမိက ခေါင်းဆောင် ရှေ့ဆောင်လမ်းပြလုပ်ချင်ရင် မိမိကိုယ်ကိုအရင်သေချာပြန်ကြည့်ရတယ်.. ငါလုပ်တာ သူများတွေလည်း လုပ်တာပဲဆိုပြီး လိုက်မညှိပါနဲ့..ခေါင်းဆောင်နဲ့သာမာန်လူ အနေထားချင်းမတူတာကို နား�
26 Jun 10, 21:29
ကိုပေါက်: နားလည်ပါ..အပြစ်လုပ်တာချင်းအတူတူ ခံရတာကြတော့ မတူတာ အဲဒါတွေပဲ
26 Jun 10, 22:31
Nge Naing: ကိုပေါက် ပြောတာက နိုင်ငံခြားသားနဲ့ ယူတာကို အပြစ်ကြီးတခုအဖြစ် သဘောထားနေတဲ့သူတွေ အတွက်ပဲ အကျုံးဝင်ပါတယ်။ အပြစ်မဟုတ်ဘူးလို့ သဘောထားနေတဲ့သူတွေအတွက် အကျုံးမ၀င်ပါဘူး။
26 Jun 10, 23:06
Nge Naing: ကျွန်မလည်း နိုင်ငံခြားသားကို ယူတာ မကြိုက်ပါဘူး။ ဒါပေမဲ့ မိမိမကြိက်လို့ မယူတာ အကြောင်းမဟုတ်ပေမဲ့ သူများကြိုက်လို့ယူတာကို အပြစ်တင်စရာအဖြစ် သဘောမထားပါဘူး။
(C-Box ထဲက ပို့စ်နဲ့ဆိုင်တာတွေကို ကူးထည့်ထားပါတယ်။)
Ahmyinhman- အောက်က မှတ်ချက်ကို ဒီပို့စ်နဲ့ ပိုပြီး ဆိုင်တယ်ထင်လို့ ဒီပို့စ်အောက်မှာ ဆွေးနွေးစရာလည်း ရှိနေလို့ ကလေးအခွင့်အရေးအောက်ကနေပြီး ဒီမှာပဲ ပြန်လာထည့်လိုက်တယ်။ ကလေးအခွင့်အရေးနဲ့ ပတ်သက်တဲ့အောက်မှာလည်း ဒီလို ရန်လိုတဲ့အမူအရာ ခနဲ့တဲ့တဲ့ အမူအရာနဲ့ အပြန်အလှန် လေးစားမှု မရှိတဲ့ မှတ်ချက်မျိုးကို ကျွန်မ နောက်ထပ်လာရေးရင်လည်း ဘယ်တော့မှ ထည့်ပေးမှာ မဟုတ်ပါဘူး။ မိမိနဲ့ သဘောထား မတိုက်ဆိုင်ပေမဲ့ မှတ်ချက်ကို ဘယ်လိုရေးပါလို့ အပေါ်မှာ ကျွန်မရေးထားပေးပြီး ဖြစ်ပါတယ်။ အဲဒီအတိုင်း စံမ၀င်ရင် ဘယ်မှတ်ချက်ကိုမှ ကျွန်မ ထည့်ပေးမှာ မဟုတ်ဘူးဆိုတာ အခုမှ စာလာဖတ်သူ အသစ်ဖြစ်လို့ ကျွန်မ အသိပေးပါတယ်။ နောက်ပိုင်းဆို ဒီလိုလာရင် ကျွန်မ ရန်လည်းမလိုပါ၊ စောင်းမြောင်းရိတာကိုလည်း ၀ါသနာမပါပါ ဒါကြောင့် ရန်လည်း ပြန်ဖြစ်မှာမဟုတ်ဘူး၊ ပြန်လည်း ရိမှာမဟုတ်ဘူး၊ အပြန်အလှန် လေးစားမှု ရှိမှ လက်ခံတယ်ဆိုတာ သိပြီးသားမို့ ဘာမှ ပြောနေမှာ မဟုတ်ဘဲ ဖျက်ဖို့ရှိပါတယ်။
အခု ဒီပို့စ်မှာ မှတ်ချက် လာရေးကြတာ ကျွန်မနဲ့ သဘောထား တိုက်ဆိုင်သူနဲ့ မတိုက်ဆိုင်သူတွေရဲ့ မှတ်ချက် ဘယ်သူ့မှတ်ချက်က ပိုများလဲ ရေကြည့်ပါ။ တခြားသူတွေ ဘယ်လိုဆွေးနွေးသွားကြလဲ ဆိုတာ လေ့လာပါ။ အဲဒီအတိုင်း ယဉ်ယဉ်ကျေးကျေး ရေးမတတ်ရင် ဖတ်ပဲဖတ်ပါ မရေးပါနဲ့။ ကြီးကျယ်တယ် ထင်ရင် လာမဖတ်လည်း ၀မ်းမနည်းပါဘူး။
အပေါ်မှာ ပေးထားတဲ့ အမေရိကန် သမိုင်းနဲ့ ပတ်သက်တဲ့ Link အတွက်တော့ ကျေးဇူးတင်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်က ကျွန်စနစ်အပေါ် အခြေခံပြီးဖြစ်တဲ့အတွက် ကျွန်စနစ်ကြီး ပျက်သုဉ်းသွားတာနဲ့ ပြည်တွင်းစစ် ရပ်စဲသွားတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက အာဏာရှင်စနစ်ကို တိုက်တဲ့ အခြေခံလို့ အာဏာရှင်စနစ် ပျက်သုဉ်းမှ ပြည်တွင်းစစ်လည်း ရပ်စဲလိမ့်မယ်။ ကျွန်မ ဆိုလိုတဲ့ ဘယ်ဖက်ဒရယ် ပြည်ထောင်စုမှ ဒီလိုမရှိဘူးဆိုတာ အခုလက်ရှိ ဖက်ဒရယ် ပြည်ထောင်စုတွေကို ပြောတယ်။ ဖက်ဒရယ် မစစ်မှန်ရင်တော့ ပြည်တွင်းစစ်က ရှိမှာပဲ။ ဆိုဗီယက်ဆို ပြိုတောင်ပြိုကွဲသွားတယ်။ ဒါကြောင့် တိုင်းပြည် ငြိမ်းချမ်းစေချင်ရင်၊ မပြိုကွဲစေချင်ရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့လိုပါတယ်။ စာလာဖတ်တာကို ကျေးဇူးတင်ပါတယ်။ အောက်က မှတ်ချက်လိုမျိုးတော့ နောက်ထပ်ဘယ်တော့မှ လာမရေးပါနဲ့။
Ahmyinhman has left a new comment on your post "ကလေးအခွင့်အရေး":
"ကျွန်မလက်တွေ့မပါဘဲ သဘောတရားတခုတည်းနဲ့ ဘာတခုမှ မပြောဘူး။ Child Development ကို ကျွန်မ အားမှ ပြန်ဆွေးနွေးပေးမယ်။ "
ဟာ အလာကယ်ပါ
ဂေါကယ်ပါ
ရှီဗာကယ်ပါ
ဟစ်တိုင်ကတင်တဲ့  အရိယာကြီးချစ်ငယ်ကယ်ပါ
လက်တွေ့ မပါဘဲဘာမှမပြောတဲ့  ။
အောက်မှာတော့ပြောချလိုက်တာ ဖက်ဒရယ်ဆို ပြည်တွင်းစစ်မဖြစ်ဆိုဘဲ ။ မနေနိုင်တဲ့ လူက ဖက်ဒရယ်ဘိုးအေ USA မှာ ၁၈၆၁ကနေ ၆၅ထိ တောင်ပိုင်းမြောက်ပိုင်းပြည်တွင်းစစ်ကြီး တချိန်းချိန်းသတ်လိုက်ပုံကို လက်တွေ့  လင့်ပေးတော့ မျက်နှာပြောင်တိုင်မသိဟန်ဆောင်နေသဗျာ ။
ခုလဲ child development တောင်ရွှီးမတဲ့  ။
ကြည့်လဲရွှီးပါဒေါ်ငယ်နိုင်ရယ်။တခုတော့ရှိတာပေါ့ဗျာ
ဒီဘလော့ထဲ ငယ်နိုင်စာ တရက်မဖတ်ရ ဗဟုသုတ လျော့ပါတယ်ဆိုပြီး တစာစာအော်နေတဲ့  ချာတာတာလူမျိုး ( ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလိ မူလတန်း(ယောနင်း)ဆင်းအရိးတောင်း ဦးကျော်သိန်း ကို ဥရောပ စစ်ပြန်ပါပြောတဲ့ သူ) မျိုးတွေကိုတော့ ရွှီးရပါ့မယ်ဗျာ ။ ကျန်တဲ့ သူတွေတော့ ရွှီးယုံမထင် ဟားဟား
ကျွန်တော်ထင်တာ ပြောရရင်တော့  အန်တီစု ယောင်္ကျား
ယူတုန်းက တစ်ချိန်ကျရင် ငါနိုင်ငံခေါင်းဆောင် လုပ်မယ်လို့ ရည်ရွယ်ခဲ့ပုံမရ ပါဘူး အခုကတော့ မြန်မာပြည်သူ တွေကထောက်ခံထားတဲ့  ပြည်သူတွေရဲ့ ခေါင်းဆောင် ပါပဲ။ဘာပဲဖြစ်ဖြစ် အန်တီစုကိုလေးစားတယ် ကျွန်တော်တို့ ဆိုရင် ယောင်္ကျား ကြီးတွေဖြစ်ပြီး ကြောက်နေတယ် ပြောရမယ်ဆိုရင်တော့  ရှက်စရာကြီးဗျာ ယောင်္ကျားကြီး တန်မဲ့ ။ရှက်တယ်ဗျာ ရှက်တယ် ရှက်တယ် မငယ်ရေ ကျွန်တော်ရှက် လို့ ပါဗျာ ခွင့် လွတ်ပါနော်
28 Jun 10, 02:49
မောင်ဥာဏ်: အော်နေကြတာ။စောင့်လေမျိုးနွယ်တဲ့ မျိုးနွယ်ကောင်းစားရေကိုတော့ အလေးမထား ။အာဏာရရင် ပြီးရောဆိုပြီး နအဖအကျင့်ပျက်နေတာကြတော့ ပြောကြပါအုံးဟေ့။သန်းရွှေသမီး ကပ်ပလီနဲ့ ဖောက်ပြန်တာကြတော့..
30 Jun 10, 02:16
မောင်ဥာဏ်: စောင့်လေမျိုးနွယ်ဆိုပေမဲ့ အိန်ဒိယလို အယူသည်းတဲ့နိုင်ငံမှာရာဂျမ်ဂနွီက အီတလီသူကို
30 Jun 10, 02:19
မောင်ဥာဏ်: အခုတောသူ အိန်ဒိယ နိုင်ငံတော်ကို ချမ်းသာအောင်လုပ်ပေးနိုင်ခဲ့တယ်။လူအခွင့်ရေးကိုလေးစားပြီး နိုင်ငံကိုကောင်းအောင် ပြဲုပြင်ပေးခဲ့တယ်။နိင်ငံသားတွေကိုရင်ဝယ်သားလို ထားပြီးကြည့်ရှူခဲ့တယ်။ဒါကို စောင့်လေမျိုးနွယ
30 Jun 10, 02:23
မောင်ဥာဏ်: မရိုးစွဲသူများသိစေချင်တယ်ဗျ။ စောင်လေမျိုးနွယ်ကျင့်ဝတ်ကိုထိန်းသိမ်းခဲ့ပေမဲ့ နိုင်ငံ နဲ့ လူမျိုးကြီးပွါးရေးကို ပစ်ပယ်ထားတဲ့ နအဖ လူလူရိုင်းမျိုးတွေကြတော့ စောင့်လေမျိုးနွယ်ပေမယ့် ဘယ်လိုမှတ်ချက်ပေးကြမလဲ။
30 Jun 10, 02:29
မောင်ဥာဏ်: မြန်မာနိုင်ငံသားတွေ ဘယ်နိုင်ငံသွားသွား မျက်နှာငယ်နေကြရတာ စောင်လေမျိုးနွယ် တစ်ခုတည်းနဲ့ ပီးလား? စိတ်ဓာတ်တွေမမြင့်မား မျိုးချစ်စိတ်တွေမရှိဘဲနဲ့ စောင်လေမျိုးနွယ်ကို တရားသေဖက်ထားလို့ မရဘူးထင်တယ်နော်...
30 Jun 10, 09:58
မန်းကိုကို: “မောင်ဥာဏ်” ကို လာထောက်ခံသွားပါတယ်။
(C-Box မှာ ရေးထားတာတွေ ပို့စ်နဲ့ ဆိုင်လို့ ကူးလာပါတယ်)
Anonymous - ဒေါ်အောင်ဆန်းစုကြည် မိုက်ကယ်အဲရစ်နဲ့ လက်မထပ်ခင်မှာ တနေ့တချိန်ကျရင် မြန်မာပြည်အတွက် သူအလုပ်လုပ်ဖို့ အစီစဉ်ရှိတယ်၊ အဲဒီအချိန်ကျရင် ခွင့်ပြုဖို့ ဂတိကို မိုက်ကယ်အဲရစ်ဆီက တောင်းပြီး မိုက်ကယ်အဲရစ်က ကတိပေးပြီးမှာ လက်ထပ်ခဲ့တယ်လို့ ပြောဖူးပါတယ်။ ဘယ်အင်တာဗျူး၊ ဘယ်မိန့်ခွန်းထဲမှာဆိုတာတော့ မမှတ်မိတော့ဘူး။ ဒါကြောင့် ခေါင်းဆောင်ရယ်လို့ အတိအကျ မဟုတ်ပေမဲ့ တနေ့တချိန်မှာ မြန်မာပြည်အတွက် အလုပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တာကတော့ လက်မထပ်ခင်ကတောင် ရှိခဲ့တာ သေချာပါတယ်။ ၈၈ မှာ သူ့အမေ နေမကောင်းလို့ လာရင်းနဲ့ နိုင်ငံရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ မိုက်ကယ်အဲရစ်ဟာ သူပေးထားတဲ့ ဂတိအတိုင်းပဲ ကြည်ကြည်ဖြူဖြူခွင့်ပြုကာ ကလေးနှစ်ယောက်ကို ခေါ်ပြီး ပြန်သွားပါတယ်။
ကောင်းပါတယ်ဗျို့.. ကျူပ်တော့ ဆုတောင်းပြီး လက်ရှိဒီမိုတွေနဲ့ ဒေါ်စုအာဏာမရအောင်ပဲ ထောက်ခံပေးတော့မယ်ဗျို့.. ကြောက်လို့မထောက်ခံပေးတာလို့ ပြောချင်လဲပြောကြပေါ့ဗျာ လက်ရှိအစိုးရကတောင်မကြောက်လို့ ထောင်ထဲကိုထည့်ချင်သလိုထည့်ထားပြီး အရုပ်တစ်ရုပ်လို့ကစားနေတာပဲ ဟန်ပြတော့ လူရှိန်အောင်အထင်ကြီးအောင် ကြောက်ပြမနေတော့ပါဘူး ဒဲ့ပဲပြောတတ်တယ်ဗျာ အထင်မကြီးဘူး
"ကောင်းပါတယ်ဗျို့.. ကျူပ်တော့ ဆုတောင်းပြီး လက်ရှိဒီမိုတွေနဲ့ ဒေါ်စုအာဏာမရအောင်ပဲ
ထောက်ခံပေးတော့မယ်ဗျို့.. ကြောက်လို့မထောက်ခံပေးတာလို့ ပြောချင်လဲပြောကြပေါ့ဗျာ လက်ရှိအစိုးရကတောင်မကြောက်လို့ ထောင်ထဲကိုထည့်ချင်သလိုထည့်ထားပြီး အရုပ်တစ်ရုပ်လို့ကစားနေတာပဲ ဟန်ပြတော့ လူရှိန်အောင်အထင်ကြီးအောင် ကြောက်ပြမနေတော့ပါဘူး ဒဲ့ပဲပြောတတ်တယ်ဗျာ အထင်မကြီးဘူး"
သွေးသစ္စာက ဘယ်သူ့မှတ်ချက်ကို ဦးတည်ပြီး ပြောထာထားတာလဲ မသိဘူး။ မှတ်ချက်တွေထဲမှာ အစ်မ ပြန်ရှာကြည့်တာလည်း အဲဒါနဲ့ အကျုံးဝင်တာ တခုမှ မတွေ့ဘူး။ ဒီနေရာမှာ မိမိဆန္ဒ ရှိတာကို ဆွေးနွေးလို့ရပါတယ်။ ဒါပေမဲ့ ဘာနဲ့မှ မပတ်သက်ဘဲနဲ့ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး တခုခုမုန်းတီးမှုကို အခြေခံပြီး မဆိုင်ဘဲနဲ့ အဲဒီလို လာပေါက်ကွဲတာမျိုးကိုတော့ ပညာတတ်တယောက်အနေနဲ့ ရှောင်ရှားစေချင်တယ်။ အစ်မလည်း ဘယ်သူ့ဘလော့ဂ်မှာမှ သွားမလုပ်တတ်ဘူး။
စောင့်လေမျိုးနွယ်နဲ့ပတ်သက်ပြီး ငြင်းနေသူတွေ အောက်ပါပို့စ်ကို ဖတ်ကြည့်စေချင်လို့။
source : http://maydar-wii.blogspot.com/2007/05/blog-post_07.html
>>>>>>>
ဒီနေရာမှာ ‘စောင့်လေမျိုးနွယ်’ ဆိုတဲ့ စကားရပ်ကို ကျမတွေးမိပါတယ်။ သားသမီးကျင့်ဝတ် ငါးပါးထဲမှာ ပါတဲ့ စောင့်လေမျိုးနွယ် ဆိုတာပါပဲ။ ဒါကို အများကတော့ အမျိုး (မျိုးရိုး) ကို စောင့်ထိန်းခြင်း (ကိုယ့်လူမျိုး မပျောက်မပျက်အောင်) လို့ ယူဆကြတယ်။ တိုင်းတပါးသားနဲ့ လက်ထပ်တာကိုပဲ အမျိုးဖျက်တယ် … အမျိုးကို မစောင့်ဘူးလို့ ဆိုကြတယ်၊ စောင့်လေမျိုးနွယ် ဆိုတဲ့ ၀တ္တရား မကျေပွန်ဘူးလို့ အပြစ်တင်ကြတယ်။
ကျမကတော့ ဒီလိုမထင်ပါဘူး။
စောင့်လေမျိုးနွယ်ဆိုတာ … ကိုယ့်လူမျိုး ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်ထက် လူသားမျိုးနွယ်တခုလုံးကို စောင့်ရှောက်ခြင်း၊ စောင့်ထိန်းခြင်း လို့ ကျမအနေနဲ့ ယူဆပါတယ်။
ဗမာဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ ဘယ်သူပဲဖြစ်ဖြစ် သူတို့ဟာ လူသားတွေပါပဲ။ အားလုံးကို “လူ” ဆိုတဲ့ အမြင်တခုထဲ ထားကြည့်ရအောင်ပါ။ လူသားအချင်းချင်း ဒုက္ခရောက်အောင်၊ ပျက်စီးအောင် မလုပ်ဘဲ လူသားချင်း စာနာမယ်၊ ကူညီမယ်၊ ငြိမ်းချမ်းအောင် ဆောင်ရွက်မယ် … စသဖြင့် ကိုယ့်လူသား မျိုးနွယ်ကို မပျက်စီးအောင် စောင့်ရှောက်ခြင်းဟာ စောင့်လေမျိုးနွယ် ပဲ မဟုတ်လား။
ဒါကြောင့်မို့ တိုင်းတပါးသားနဲ့ လက်ထပ်တဲ့ လက်တွဲတဲ့ သူတွေဟာ စောင့်လေမျိုးနွယ်ဆိုတဲ့ ၀တ္တရား မကျေပွန်သူတွေလို့ ကျမကတော့ မဆိုချင်ပါဘူး။ လူသတ် လက်နက်တွေ တီထွင်ပြီး လူသားချင်း ပျက်စီးအောင် ဖျက်ဆီးနေသူတွေ၊ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး အပြစ်မဲ့တဲ့ လူတွေကို ဒုက္ခရောက်အောင် နှိပ်စက်နေသူတွေ သာလျှင် “စောင့်လေမျိုးနွယ်” ၀တ္တရားကို ဖောက်ဖျက်သူတွေ ဖြစ်ပါတယ်။
ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်စီးရတယ်ဆိုတဲ့ နိပါတ်တော်လာ သာဓကလည်း ရှိပါတယ်။ ဟင်္သာဟာ ဟင်္သာမျိုးနွယ်ကို စောင့်ထိန်းရမှာ ဖြစ်သလို လူသားဟာလည်း လူသားမျိုးနွယ်ကို မပျက်စီးအောင် စောင့်ထိန်းရမယ် … စောင့်ရှောက်ရပါမယ်။ ဒါမှလည်း လူသားအားလုံး ငြိမ်းချမ်းစွာနဲ့ ကမ္ဘာကြီးပေါ်မှာ ရပ်တည် နေနိုင်ကြမယ် မဟုတ်ပါလား။
<<<<<<
ကျွန်တော်လည်း ဒဲ့ ပဲပြောတတ်တယ်ဗျာ အထင်ကြီးတယ် လေးစားတယ် သူ့ အရည်အချင်းရဲ့  တစ်ရာပုံတစ်ပုံ လောက်ကျွန်တော့ မှာရှိနေရင် ငါလူတော်တစ်ယောက်ဖြစ်နေပြီလို့ ခံယူထားတယ်
@ချိုတူး..
ဒါဆို .. မြန်မာနိုင်ငံရယ်လို့ အမေရိကန်နိုင်ငံရယ်လို့ မထားကြတော့ပဲ မြန်မာပြည်နယ်တို့ အိန္ဒိယပြည်နယ်တို့ အမေရိကန်ပြည်နယ်တို့ပဲ ထားလိုက်ပြီး တစ်ကမ္ဘာလုံး တစ်နိုင်ငံ တစ်ကမ္ဘာစနစ်နဲ့ နေချင်တဲ့ သဘောလား.. အတွေးအခေါ်ကိုတော့လေးစားပါတယ်ဗျာ.. Globalization ကို အကောင်အထည်ဖော်ချင်နေပုံရတယ်..း) ... ကျနော်တို့အနေနဲ့တော့ အမေရိကန်ရဲ့ ခေတ်သစ်ကိုလိုနီစနစ်ဖြစ်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို လက်မခံဘူးခင်မျ .. ဒါကတော့ အမြင်ပါ.. ယဉ်ကျေးမှုဆိုတာ လူမျိုး အုပ်စု တစ်ခုနဲ့ တစ်ခု မတူပါဘူး.. တိုင်းတပါးယဉ်ကျေးမှုတွေကို ယူသုံးလို့ရတယ်.. ဒါပေမယ့် ကိုယ့်တိုင်းပြည်ယဉ်ကျေးမှုတွေကို တော့ မပျောက်ပျက်အောင် ထိမ်းသိမ်းရမယ် ဆိုတာ အလိုလိုသိထားရမယ်.. ခင်များတို့အထင်ကြီးလေးစားနေတဲ့ အမေရိကန်ဆိုတာ လူမျိုးတောင် သေချာမသိတဲ့နိင်ငံပါ... "မြေမြိုလို့ လူမျိုးမတုံးဘူး.. လူမြိုမှ လူမျိုးတုံးတယ်" ဆိုတာ ကို သိထားရမယ်.. ဒီစကားက ဗိုလ်ချုပ်အောင်ဆန်းပြောသွားခဲ့တာပါပဲ.. ဒါပေမယ့် ..သနားစရာကောင်းတာက သူ့သမီး လူမျိုသွားတာကိုတော့ သူမသိခဲ့ရတာပဲ... အဲတော့ စောင့်လေမျိုးနွယ်ဆိုတာကို စောင့်ထိန်သူကြီးတွေ အနေနဲ့ သိထားသင့်တာတွေပေါ့.. လူသားမျိုးနွယ်တစ်ခုကို ဖန်တီးဖို့က တကယ်တော့ မခက်ခဲပါဘူး.. ဖြစ်လာတဲ့မျိုးနွယ်စု တစ်ခု မပျောက်ပျက်အောင် ထိန်သိမ်းဖို့ကသာ အရေးကြီးတာပါ..
ခင်များပြောတဲ့စကားတွေကိုတော့ ကျနော့အနေနဲ့ တစ်ကမ္ဘာလုံး ဗီဇာမလို ပတ်စပို့မလိုပဲ သွားချင်သလိုသွားလာလို့ရတဲ့ခေတ်ကျမှပဲ လက်ခံနိုင်မယ်နဲ့ တူပါတယ်ဗျာ...
ဆွေးနွေချက်တွေကိုတော့လေးစားပါတယ်..
အတွေးအခေါ်တွေ သေးသိမ်နေတာကိုတော့ ၀မ်းနည်းပါတယ်...
David
ခင်ဗျားကရော ဘာလူမျိုးလဲ။ မြန်မာလူမျိုးပဲလား။ David ဆိုလို့ ပါ။
ကရင်
27 Aug 10, 06:01
Nge Naing: ဘာမှမလုပ်နိုင်ဘဲ အချုပ်ခံဘ၀နဲ့တောင် သူ့အစွမ်းက အာဏာရှင်ကို ဒီလောက် ကြောက်ဒူးတုန်စေ၊ ပြည်သူတွေ ဒီလောက်ထောက်ခံတာ လုပ်များလုပ်နေနိုင်ရင် ဘယ်လိုရှိမယ်ဆို ဦးနှောက်နဲ့ စဉ်းစားပါ။ သူများပြောတိုင်း လိုက်မပြေပါနဲ့။ ဦနှောက်ရှိတာ အလားမဟုတ်ဘူး ခြင်္သေ့။
27 Aug 10, 05:59
Nge Naing: ဒေါ်အောင်ဆန်းစုကြည် ဘာမှမလုပ်ဘူး မပြောပါနဲ့။ သူအလုပ်လုပ်တာကို ကြည့်ချင်ရင် သူ့ကို လွှတ်ပေးဖို့အတွက် ခြင်္သေ့ကိုးကွယ်နေတဲ့ နအဖကို ခြင်္သေ့အပါအ၀င် တနိုင်ငံလုံး တောင်းဆိုပါ။ လွှတ်ရင် လုပ်ပြလိမ့်မယ်။
27 Aug 10, 05:56
Nge Naing: http://nge-naing.blogspot.com/2010/06/blog-post_3493.html ဒီထဲမှာ အသေးစိတ် နှစ်ဘက် အမြင်တွေ ဆွေးနွေးထားတာ ရှိပါတယ်။ C-Box ထဲမှာ ပြောလို့ မပြည့်စုံဘူး။ အဲဒီမှာ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးနိုင်တယ်။
27 Aug 10, 05:54
Nge Naing: ခြင်္သေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂိုလ်ရေးဘ၀ သာယာပျော်ရွှင်ခဲ့တာကို နအဖမှိုင်းတိုက်တိုင်း ဦးနှောက်နဲ့ မစဉ်းစားပဲ မနာလို ဖြစ်ပြီး စော်ကား နေစရာမလိုပါဘူး။ ကိုယ့်ခေါင်းကိုယ် အသုံးချပါ ခြင်္သေ့ရေ။
27 Aug 10, 05:52
Nge Naing: ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသား ယူခဲ့တာ သူ့ရဲ့ ပုဂိုလ်ရေးဘ၀သာ ဖြစ်တယ်။ နိုင်ငံရေးနဲ့ မဆိုင်ဘူး။ ကိုယ်မကြိုက်ရင် ကိုယ်မယူနဲ့ပေါ့။ သူမြန်မာပြည်အတွက် အနစ်နာခံတာကိုပဲ ကြည့်ပါတယ်။
27 Aug 10, 05:42
Nge Naing: ဒါပေမဲ့ တိုက်ဆိုင်နေတာကို သဘောကျလို့ ယူပြီးတင်ထားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခြင်္သေ့နဲ့ နအဖအပေါင်းအပါတွေ မကြိုက်ပေမဲ့ ငယ်နိုင်နဲ့ မြန်မာတပြည်လုံး ကြိုက်တယ်။
27 Aug 10, 05:40
Nge Naing: ခြင်္သ့ရေ ကြိုက်ရင်ယူ မကြိုက်ရင် ကြိုက်ရင်ကြည့် မကြိုက်ရင် မကြည့်နဲ့။ ဗွီဒယိုက မြန်မာ မြန်မာနိုင်ငံအတွက် ပြောထားတာ မဟုတ်ဘူးလို့ သူ့မူရင်းနေရာ ကိုနစ်နေမန်း ဘလော့ဂ်မှာ ပြောထားပြီးသား ဖြစ်ပါတယ်။
27 Aug 10, 00:42
ခြင်္သေ: ပြောတော့မျိုးချစ်။မျိုးချစ်မဟုတ်ဘူးတိုင်းတပါးချစ်လုံးဝလက်မခံသူရထားတဲ့နိုဘယ်ဆုငွေတွေတိုင်းပြည်အတွက်ဘာတစ်ခုမှအကျိုးမပြုပဲနိုင်ငံအာဏာကိုမလိုချင်နဲ့..လက်တွေ့ပဲလိုချင်တယ်..လက်တွေ့သည်သာအကောင်းဆုံး။
27 Aug 10, 00:41
ခြင်္သေ: လက်တွေ့လဲဘာမှလုပဆောင်တာမဟုတ်ပဲဘာမှလက်မလံဘူးနိုင်ငံခြားသားယူထားတဲ့အောင်ဆန်းစုကြည်ပဲကြည့်မျိုးရိုကမင်းမျိုးယူတော့တိုင်းတပါးသား၊ပညာတွေတက်ပြီးနဖားကြိုးထိုးခံရမှန်းမိသိဘူးအဲလိုလူကိုလုံဝမထောက်ခံဘူးမုန်းတယ်
27 Aug 10, 00:39
ခြင်္သေ: ya ပြောတာထောက်ခံတယ်အကျိုးသက်ရောက်မှုမရှိလက်မခံဘူး။
27 Aug 10, 00:37
ခြင်္သေ: ကမ်ဘာကျော်အနုပညာ၇ှင်များကမဲမပေးနဲ့ပြောတာမြန်မာကိုပြောတာကောဟုတ်ရဲ့လားမြန်မာဆိုတဲ့စကားတစ်လုံးမှမပါလို့မယုံဘူးဖြုတ်လိုက်ပါ.လက်မခခံဘူးမြန်မာဆိုတာမပါလို့
26 Aug 10, 22:58
ထက်ထက်: ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် http://www.deyea.org/2010/08/blog-post_26.html
26 Aug 10, 22:07
ရွှေဂျူး>မဟာသခင်: ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ ဇီယွန်ဝါဒကိုထောက်ခံကြပါစို့ http://lwtc247.files.wordpress.com/2008/10/zionism-deesillustration-dot-com.jpg
26 Aug 10, 18:52
ya: 2008 ဖွဲ့စည်းပုံတုန်းကလည်း ဒီလိုပဲ ဘလော့ပေါ်မှာလုပ်ကြတာပဲလေ ဘာမှလည်းအက်ျိုးသက်ရောက်မှုမရှိတဲ့အရာကို လက်ညောင်းခံပြီးပေးလည်းအပိုပါပဲ
26 Aug 10, 18:50
(C-Box မှာ ပြောထားတဲ့အထဲမှာ ဒီပို့စ်နဲ့ သက်ဆိုင်တာ ပါလာလို့ ကူးယူပြီး ထည့်ထားပါတယ်။ Nge Naing)
ဒေါ်အောင်ဆန်းစုကြည်လိုမိန်းမဟာ.အမျိုးချစ်သောသူ၊လို့မြင်သလားမှားသွားမယ်။အမှန်တော့လေ့လာမိသလောက်ဒေါ်အောင်ဆန်းစုကြည့်ငါးမျှားချိတ်ကငါးစားပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ..သူ့မျိုးရိုးဟာဘာလဲဆိုတာအရင်စမ်းစစ်သင့်တယ်။သူမျိုးရိုးစဉ်ဆက်ကိုသေချာလေ့လာပါ။မသိရင်တော့ပြော။ဘာမျိုးရိုးလဲဆိုတာပြောပြမယ်။ကျန်စစ်သားမင်းတောင်..ရွှေအိမ်စည်မင်းသမီးလေးကုလားလူမျိုးနဲ့ချစ်ကြိုက်နေတာကိုခွဲခွာပြီးမြန်မာမင်းသားနဲ့ပေးစားခဲ့သေးတာပဲ။ဒါဟာကျန်စစ်သားမင်းရဲ့မျိုးရိုးစောင့်ထိမ်းတဲ့ဇာတိကိုပြသတာပဲ။အခုလိုနိုင်ငံတော်ကိုကယ်တင်ခဲ့တဲ့မင်းမျိုးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးက နိုင်ငံခြားသားကိုယူတယ်ဆိုတာ..တော်တော်လေးအံသြတယ်။စောင့်လေမျိုးနွယ်ဆိုတာကိုမသိလို့လား။ပညာတွေဒီလောက်တက်ပြီး၊အဲဒီလောက်ပညာမဲ့ရသလား၊အံသြတယ်။ဒီလိုအမျိုးမစောင့်တဲ့မိန်းမတစ်ယောက်ကိုထောက်ခံနေတဲ့လူတွေကိုလဲအံသြတယ်။မငယ်နိုင်ပြောသလိုကျွန်တော်မွေးမယ်သမီးသာနိုင်ငံခြားသားယူခဲ့ရင်ကိုယ်သွေးသားကိုလည်လှီးပြီးသွေးနဲ့ခြေဆေးပစ်မယ်။အဓိကစိတ်ပါပဲ။စိတ်ခိုင်ရင်ဘာမဆိုဖြစ်တယ်။ မငယ်နိုင်ပြောစလိုပဲထိုင်းမှာထိုင်းမတစ်ယောက်ကိုကျွန်တ်ာချစ်ကြိုက်နေပစေအုံးလုံးဝအိမ်ထောင်ဘက်အဖြစ်စိတ်ကူးမှာမဟုတ်။ ကျွန်တော်စိတ်ထဲမှာထိုင်းလူမျိုးမိန်းမတွေကို စိတ်အစောပြေ ခံစားရုံပဲမြင်တယ်။ ထိုင်းမိန်းမတွေကကျွန်တော်အတွက်တော့အာသာဖြေသက်သက်ပဲ။စကားရိုင်းသွားရင်ခွင့်လွတ်။တစ်ခုပြောချင်ပါတယ် အခုတင်ထားတဲ့ကျက်သရေလုံးဝမရှိတဲ့ပုံတွေဖျက်ပစ်ပါဗျာ။တင်ချင်ရင်ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲပုံပဲတင်ချင်တင်။ဘေးကကျက်သရေတစ်စက်မှမရှိတဲ့ ကောင်တွေမပါစေနဲ့...
ခင်မင်လျှက်
ခြင်္သေ့
ခြင်္သေ့ရေ ဒီပုံတွေကို ဖျက်ဖို့တော့မရှိဘူး တင်ထားကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပုံတွေကိုပဲ တွေ့နေရာကနေ ရှားရှားပါးပါး တွေ့ရတဲ့ နိုင်ငံရေးနဲ့ လုံးဝမဆိုင်ခဲ့စဉ်က အေးချမ်းတဲ့ သူ့ဘ၀ကို မုဒိတာပွားပြီး တင်ထားတာသာ ဖြစ်တယ်။ ဒီအပေါ်မှာ ခြင်္သေ့တို့လို နအဖ၀ါဒမှိုင်းတိုက်ခံထားရသူတွေ မုဒိတာ မပွားနိုင်၊ ဘာမှမဆိုင်ဘဲ လူလူချင်းခွဲခြား ချစ်ခြင်းမေတ္တာကို နားမလည်ဘဲ အတ္တတရား အဓမ္မတရား ကြီးပြီး စိတ်မပျော်မရွှင် ဖြစ်နေကြတာကိုတော့ ဘာမှကူညီမဖြောင်းဖြနိုင်လို့ စိတ်မကောင်းပါဘူး။
အခု ခြင်္သေ့က ထိုင်းမတွေကို စိတ်ဖြေရာအဖြစ်ပဲ သဘောထားတယ်ဆိုတော့ ဒီသဘောထားကိုက မိန်းမတွေကို လုံးဝတန်ဖိုးမထားတဲ့ သဘောထား ဖြစ်တယ်။ မိန်းမတွေကို ယောက်ျားတွေက အသုံးအဆောင်ပစ္စည်းအဖြစ် သတ်မှတ်နေသူတွေကသာ ဒီလို ကျဉ်းမြောင်းတဲ့ အယူရှိတာသေချာတယ်။ မိုက်ကယ်အဲရစ်က ဒေါ်အောင်ဆန်းစုကြည်ကို အခုခြင်္သေ့က ထိုင်းမကို သဘောထားသလို စိတ်ဖြေရုံ ယူခဲ့တာမဟုတ် တင့်တင့်တယ်တယ် လက်ထပ်ယူပြီး မယားမှတ်မှတ် သားမှတ်မှတ် ကြင်နာစွာ ပေါင်းသင်းခဲ့ပါတယ်။ ခြင်္သေ့လို သူများလူမျိုးကို ကျောရုံကြံတာ မဟုတ်ဘူး။ ၀ဋ်ဆိုတာ နောက်ဘ၀အထိ မစောင့်ဘူး၊ အစ်မကတော့ အမြဲတမ်း မိမိမှားတာတခုကို ဆုပ်ကိုင်ထားမိရင် ၀ဋ်ဆိုတာ သိပ်မကြာခင်မှာကို ပြန်လည်လို့ အမှားတွေကို သံသရာအထိ မသယ်သွားနိုင်အောင် နောက်ဘ၀မကူးဘဲ ၀ဋ်လည်ခံရဖူးတဲ့ ကိုယ့်ကံကြမ္မာကိုယ် ကျေးဇုးတင်မိတယ်။ ခြင်္သေ့သမီးကျရင် အဲဒီလို ထိုင်းတွေပြန်အကျောခံရမယ် ခြင်္သေ့ကြပ်ကြပ် သတိထား။ ခြင်္သေ့သမီးကို ခြင်္သေ့သတ်ရင် သမီးသေရုံ ခြင်္သေ့လည်း ကိုယ့်ဒုက္ခကိုယ်ရှာရုံပဲပေါ့။ အဓိက စိတ်ပါပဲဆိုတာ ခြင်္သေ့ပြောတာ မှန်တယ်။ အကုသိုလ်စိတ်တွေနဲ့ လူလူချင်းခွဲခြားပြီး ဖြစ်လာတဲ့စိတ်တွေကြောင့် ခန္ဒာကိုယ်ကျန်းမာရေးအရလည်း သွေးလှည့်ပတ်မှု မမှန်ပဲ ကြွက်သားတွေတင်း၊ အာရုံကြောတွေ ပုံမှန်အလုပ်မလုပ်နိုင်ဘူး၊ ဘာသာရေးအရ ကြည့်ရင်လည်း စိတ်ကို သန့်သန့်ရှင်းရှင်း ထားမနိုင်ဘဲ ဒေါသတွေ မာန်မာနတွေ ၀င်နေလို့ အကုသိုလ်တွေ အလိုလို ရနေပါတယ်။ အဲဒီစိတ်တွေ ဖြစ်နေရင် အမှန်တရားကို မြင်နိုင်တဲ့တရားကို ဘယ်တော့မှ မရဘူးလို့ ဘုရားဟောထားပါတယ်။ မိန်းမတွေကို တန်ဖိုးမထားဘဲ ကျောရုံကြံတဲ့အကျင့် မိမိအသုံးအဆောင်ပစ္စည်းလို သဘောထားတဲ့ အကျင့်ကလည်း မကောင်းပါဘူး။ ခြင်္သေ့ရေ အကုသိုလ်တွေ သိပ်မပွားပါနဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပွားစမ်းပါ။ ဒါဆိုရင် လူဆိုတာ သူ့သဘောသူဆောင်တယ် ကိုယ့်သဘောကိုယ်ဆောင်တယ် ဒါကို အလိုလိုနေရင်း အကုသိုလ်ပွားလို့ ဘာမှမထူးဘူးဆိုတာ သတိလေးနည်းနည်းသွင်းပြီး ဆင်ခြင်လိုက်ပါ။ အဆင်ပြေသွားလိမ့်မယ်။
အင်း အားလုံးလဲ ကိုယ့်အမြင်ကိုယ် မှန်ကြပါတယ်..ဒါနဲ့ပဲ ကျမမြင်တာလေးလဲ ရေးချင်လာမိတယ်...ဒေါ်အောင်ဆန်းစုကြည် လူမျိုးခြားနဲ. ယူလို.ကန့်ကွက်ဒေါသူပုန်ထနေကြတာ မြင်ရတော့ သြော် အမျိုးချစ်တတ်ကြပါလားဆိုပြီး ဝမ်းသာမိပါတယ်.. ဒါပေမယ့် ဒါဟာ ရာဇဝတ်မှု.ကြီးတော့ မဟုတ်ဖူးရှင့်...တလင်တမယားစနစ်နဲ. တရားဝင်လက်ထပ်ပြီး နေထိုင်ခဲ့ကြတာပဲလေ..လူမျိုးချင်းတူတာတွေတောင် တရားဝင်မယူနိုင်ကြလို. ဖုံးမရ ဖိမရ နွားမရွံပိတ်ရတာတွေ တောင်ရှိကြတာပဲ.. အမျိုးချစ်လှပါတယ်ဆိုတဲ့ တချိုပုရိသတွေက ပဲ ကိုယ့်မြန်မာအမျိုးသမီးလေးတွေကို အပျော်ကြံ ဖျက်ဆီးပစ်ကြတာလဲ ဒုနဲ.ဒေးပါပဲ...ဒေါ်အောင်ဆန်းစုကြည် ထမီမဝတ်လို. အပြစ်ပြောသူကလဲ ပြော.. ကျမပြောချင်ပါတယ်...ထမီကို အမှိုက်သိမ်းသလို ဝတ် ဆံပင်ကို ဒခေါက်ခွက် ရောက်အောင်ထားပြီး ခြေတလှမ်း ကုနြေ္ဒတသန်း တန်သလို သွားမှ မြန်မာပီသတာ အိနြေ္ဒရှိတာ အမျိုးချစ်တာ မဟုတ်ပါဘူး... ကိုယ့်တိုင်းပြည်မှာက အေးအေးဆေးဆေး မပင်မပန်းလေးလုပ်ရတာပါ..သူများတိုင်းပြည်မှာက အလုအယက်ပြေးလွှား အချိန်လုနေရတာပါ..ကုလားတွေ ဆာရီဝတ်ကြတယ် ရိုးရာ ထိန်းသိမ်းကြတယ်ဆိုတာ သူတို.ဝတ်စုံက ကျွတ်မကျနိုင်ဘူးရှင့် ကျမတို.ထမီက ခနခနဝတ်နေရတယ်...သွားလာလှုပ်ရှားမှု.မှာ ကြန်.ကြာစေတယ်..ဒါကို ရောသိပါသလား.. နိုင်ငံခြားရောက်နေတဲ့ ကျမတို.ပွဲလမ်းသဘင်ရှိရင် မင်္ဂလာဆောင်ရင် ရိုးရာဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ကြပါတယ်...ဒါကြောင့် ထမီ မဝတ်တာနဲ.ပတ်သက်လို.ရေးထားတဲ့ ကွန်.မန်.ကို ဆန်.ကျင်ပါတယ်.....
ဆက်ရန်...
ဗိုက်ဆာလို.စားလိုက်ဦးမယ်...
simple views
ကဲ ခုန ကျမရေးခဲ့တာလေး ပြန်ဆက်ပါဦးမယ်.. အဲ့ဒီ အရမ်းကို မျိုးချစ်လှပါတယ်ဆိုတဲ့ အကိုတော် မောင်တော်တို.ကကော ခုရောက်နေတဲ့ နေရာမှာ ပုဆိုးနဲ.တိုက်ပုံ ဝတ်ပြီး အလုပ်လုပ်နေကြတာလားဟင်.. ဓါတ်ပုံလေးများရှိရင်ကြည့်ပါရစေ...... နောက်ပြီး ပြည်ချစ် တပ်မတော်သားတွေ ဘုရားကျောင်းကန် ဘုန်းကြီးကျောင်းတွေ သွားလာရင် ဒီ လူသတ်ဝတ်စုံဖြစ်တဲ့ စစ်ဝတ်စုံတွေ မချွတ်နိုင်ပဲ တခါတလေ ထိုင်ရခက် ပြီး ကွကွကြီးတွေ ဖြစ်နေတာ ရယ်စရာကြီးပါ... ဘာလို.များ ပုဆိုးဝတ်ပြီး စစ်မတိုက်ကြတာလဲ မသိဘူးနော်..ကိုမျိုးချစ်ကြီး များ အကြံပေးလိုက်ကြပါလား....
နောက်မှ တွေ.ကြတာပေါ့နော်
လေးစားစွာဖြင့်
sv
ပုဆိုးဝတ်ဖို့ ထမိန်ဝတ်ဖို့ကအဓိကမဟုတ်ဘူး...မြန်မာလူမျိုးစစ်ဖို့က အဓိကကျတယ်...
ဂျောက်ဂျက်ပြောတာမှန်တယ် ပုဆိုးဝတ်ဖို့ထမီဝတ်ဖို့မဟုတ်ဘူး။အဓိကအမျိုးစစ်ဖို့လိုတယ်။SVဆိုတဲ့မိန်းကလေးကအင်္ဂလန်မှာနေချင်တာနဲ့ဒီမိုယောင်ယောင်ဘာယောင်ယောင်ဖြစ်နေတာ။။သူမိဘတွေပညာတက်စေချင်လို့အင်္ဂလန်မှာကျောင်းထားပေးတာနှမြောစရာ။မသိရင်ပဲဝါရင့်နိုင်ငံရေးသမားလိုလိုဘာလိုလိုနဲ့။ဘာမှသိတာမဟုတ်ပဲ။သူများယောင်တိုင်းလိုက်ယောင်နေတယ်။သနားစရာ။သနားစရာ။
အားလုံးကို မှာထားပါရစေ။ ဇော်မျိုးမှတ်ချက်ကို ကျွန်မဘလော့ဂ်မှာ လက်မခံဘူးဆိုတာ အပေါ်မှာ ရေးထားပြီး ဖြစ်တဲ့အတွက် ဇော်မျိုး ဘာပဲလာရေးလာရေး ဖျက်ဖို့ရှိတယ်။ တင်ထားတဲ့ ပို့စ်နဲ့ ရည်ရွယ်ချက်လွဲအောင်လည်း တမင်ကို လိုက်လုပ်နေလို့ သူပြောတာကိုသာ အဖက်လုပ်ပြီး ပြန်ပြောနေရင် ရန်ကုန်ကနေ မန္တလေးသွားတဲ့ ကားကရှမ်းပြည်တို့ ချင်းပြည်တို့ကို ဖြတ်ပြီး တရုတ်တို့ အိန္ဒိယတို့ကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မ မတွေ့သေးလို့ မဖျက်ရသေးခင် သူ့မှတ်ချက်ကို တွေ့ရင်လည်း အဖက်လုပ်ပြီး ပြန်မရေးကြဖို့ မေတ္တာရပ်ခံပါတယ်။ သူ့သဘောထားတွေကို အလေးအနက်ထားပြီး တကယ်စေတနာနဲ့ ဆွေးနွေးလိုသူများ သူ့ဘလော့ဂ်မှာ သွားဆွေးနွေးနိုင်ပါတယ်။ ဇော်မျိုးမှာ ဘလော့ဂ်ရှိပါတယ်။ သူ့ဘလော့ဂ်ကို အရေးတယူ ဘယ်သူမှ သွားမလည်လို့ သူများကို မနာလိုစိတ်နဲ့ လိုက်အနှောင့်အယှက် ပေးနေတာသာ ဖြစ်တယ်။ ကျွန်မတော့ ဇော်မျိုးကို ဘလော့ဂ်မှာ ပါဝင်ဆွေးနွေးခွင့် မပေးတဲ့ ပြစ်ဒဏ်ကို တသက်တကျွန်း ပေးထားပါတယ်။ သူများဘလော့ဂ်မှာ လူတကာ စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ရရင်လည်း ထမင်းနပ်မှန်ပုံမရဘူး။ ဒီမိုဘလော့ဂ် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောလည်း ကျွန်မဂရုမစိုက်ဘူး အဓိက ဒီမိုကရေစီဆိုတာ ဦးတည်ချက်မဲ့ လူမျိုး၊ ဘာသာ၊ ကျား၊မ၊ လူတန်းစား ခွဲခြားပြီး အောက်တန်းကျ ယုတ်ရိုင်းတဲ့ စကားတွေနဲ့ ပြောချင်ရာပြော လုပ်ချင်ရာလုပ်တဲ့ အမှုအကျင့် တွေနဲ့ လုပ်လို့မရဘူး။ ဒီမိုကရေစီဆိုတာ စည်းကမ်းရှိရတယ် ဦးတည်ချက်ရှိတယ်။ အဆင့်အတန်း ရှိရတယ်။ ဒါကြောင့် အဆင့်မရှိလာရေးတာကို လက်ခံမှာ မဟုတ်ဘူး။ ဇော်မျိုးရေ ဆက်ရေးဖို့ မစဉ်းစားနဲ့ ဆက်ရေးရင် Moderation လုပ်မယ်။ အိမ်ရှင်လက်မခံပဲနဲ့ အတင်းမပေးပါနဲ့ ဗမာလိုပြောတာ နားလည်တယ်နော့်။ ဇော်မျိုး ဆက်ရေးနေရင် Moderation လုပ်မှာ ဖြစ်တယ်လို့ အားလုံးကိုလည်း အသိပေးထားပါတယ်။
monarchical ဆိုတဲ့ ခြင်္သေ့၊ အကြောင်းအရာကိုပဲ ဆွေးနွေးပါ။ လူပုဂ္ကိုလ်ကို တိုက်ခိုက်တာ အစ်မဘလော့ဂ်မှာ ခွင့်မပြုဘူး။ (((ပုဆိုးဝတ်ဖို့ထမီဝတ်ဖို့မဟုတ်ဘူး။အဓိကအမျိုးစစ်ဖို့လိုတယ်။)))) ဒါပဲ ပို့စ်နဲ့ (သို့) အပေါ်က ဆွေးနွေးချက်နဲ့ သက်ဆိုင်တယ်။ ဆက်ပြောချင်ရင် ပုဆိုးဝတ်ခြင်း မ၀တ်ခြင်း၊ နိုင်ငံခြားသားနဲ့ လက်ထပ်ခြင်း မထပ်ခြင်းကိုပဲ ပြောနိုင်ပါတယ်။ SVဆိုတဲ့မိန်းကလေးက ဆိုပြီး ဆက်ပြောထားတာတွေက ပို့စ်နဲ့ မဆိုင်ဘူး အဲဒါကြောင့် ဒီလို အလားတူ မဆိုင်တာတွေ နောက်ထပ် မရေးပါနဲ့။ အစ်မဘလော့ဂ်က အကြောင်းအရာ တခုကို ကောင်းကောင်းမွန်မွန် တည်တည်ငြိမ်ငြိမ် ဆွေးနွေးခွင့်ပဲ ရှိတယ်။ ရန်ဖြစ်ခွင့်၊ ပုဂ္ကိုလ်ရေး တိုက်ခိုက်ခွင့် မရှိဘူး။
သြော် ဒုက္ခ ဒုက္ခ ပြောတုန်းကလဲ သူတို.ပဲ ထမိန်မဝတ်လို.ပြသာနာရှာတယ်..ခုတော့ ဒါဟာ အဓိက မဟုတ်ဘူးတဲ့.....sv က အင်္ဂလန်မှာနေချင်လို.တဲ့ ..ခစ်ခစ်.. စစ်အာဏာရှင်လက်အောက်မှာ မနေချင်တာတော့ အမှန်ပဲ... အမှန်တရား ပြောရင် ရွာပြင်ထွက်နေရတယ်ဆို ..ခုတော့ မြန်မာ အပြင်ရောက်မှ ပဲ အမှန်တရားပြောရဲတဲ့ဘဝ.... ထပ်ပြောလိုက်ဦးမယ်နော် ကျမ ဘယ်ပါတီဝင်မှ မဟုတ်တဲ့ မြန်မာပြည်သားစစ်စစ် ဖြစ်လို.နိုင်ငံအရေးတိုင်းမှာ ကျမပါဝင်ခွင့်ရှိတယ်... ဟုတ်ပြီလား.... ရှင်တို.လို ဟိုနာမည်ပြောင်းရေး ဒီနာမည်ပြောင်းရေး ကိုယ့်အိုင်ပီ မဖော်ပြရဲ မဟုတ်ဘူး .နားလည်လား.. ကျမဘလော့လာခဲ့ပါ ..သူများတွေ အနှောင့်အယှက် မဖြစ်စေချင်ဘူး.. ၇ှင်တို. မကျေနပ်တာ အကုန်လာပြောလှည်..ဟုတ်ပြီလား
sv
စိတ်မရှိပါနဲ့ဟဲ..ကြီးကြီးကျယ်ကျယ်လေသံနဲ့ပြောလာရင်တော့ကျွန်တော်မနေနိုင်နှိပ်ကွတ်ရမှကျေနပ်တာ။
ပုဆိုးဝတ်တာ။ထမီဝတ်တာနဲ့မဆိုင်အဓိကမြန်မာလူမျိုးစစ်ဖို့ပဲလိုတယ်။တိုင်းတပါးသွေးမရောဖို့ပဲလိုတယ်။ဒါအဓိကျတယ်။နောက်တစ်ချက်ပုဆိုးဝတ်ပြီးစစ်တိုက်ကျပါလားဆိုတာ။ခေတ်ကာလအခြေအရလက်နက်တွေခေတ်မှီလာတာနဲ့အမျှပုဆိုးဝတ်ပြီးဘယ်လိုမှစစ်တိုက်ဖို့မဖြစ်ပါ။ဒါကိုသိစေချင်တယ်။တွေးစေးချင်တယ်။ဘာမှမတွေးတောပဲသူများယောင်တိုင်းလိုက်ယောင်နေလို့ပြောတာပါဟဲဟဲ။တစ်ခုခုပြောတော့မယ်ဆိုရင်အနိုင်ရလိုမှုတစ်ခုနဲ့တင်မဟုတ်ပဲ။သေချာတွေးတောပြောသင့်တယ်။ဒါကြောင့်SV ကိုအဓိကရည်ရွယ်ပြောဆိုခြင်ဟဖြစ်ပါတယ်။
ကျွန်တော်တို့ကခြင်္သေ့နာမည်နဲ့ပဲရေးတယ်။အီးမေးလဲ ကွန်မန့်မှာပေါ်တယ်။ရှင်းနေပါတယ်။ဟဲဟဲ။ ဟစ်တလာပြောသလိုပေါ့..မိုက်ရင်ကမ်းကုန်အောင်မိုက်၊လိမ်မာရင်လဲကမ်းကုန်အောင်လိမ်မာ။ဟိုမရောက်ဒီမရောက်မလုပ်ကျနဲ့။အခုအွန်လိုင်းမှာဒီမိုအရေးအော်နေကျသူတွေတော်တော်များများအယောက်၁၀၀မှာအယောက်၉၀က ဟိုမရောက်ဒီမရောက်လုပ်နေကျတယ်။လုပ်ချင်ရင်အဆုံးထိလုပ်။လေနဲ့မလုပ်နဲ့။
ဟဟဟဟဟဟ
ပုဆိုးဝတ်မှထမီဝတ်မှအဓိကမဟုတ်အမျိုးစစ်ဖို့လိုတယ်
နိုင်ငံခြားသားနဲ.ယူထားပြီးအဆင်မပြေကွဲနေ၊စိတ်ညစ်
နေ၊ခလေးတယောက်၇ပြီးမှထားခဲ.လို.ဗမာကိုပြန်လိုက်
၇ှာနေတဲ.မြန်မာမတွေ၊လွှတ်နေတဲအပြိုမတွေ(၇ပင်.နဲ.
မပြို)အများကြီးတွေ.၇ပါတယ်။ဒေါ်စုကိုအတိုက်အခံမလုပ်
ပါ။ပေးဆပ်မှုများအတွက်ထာ၀၇လေးစားပါတယ်။နိုင်ငံ
၇ှားသား၊မြန်မာပြည်မှဘာသာခြားများနှင်.ယူပြီး၊ ပဲစား
ပြီးဖင်မနိုင်ဖြစ်နေ၇သူများကိုဆိုလိုခြင်းဖြစ်ပါတယ်။
မော်လမြိုင်မြို.ကြီးဘာဖြစ်နေလဲလေ.လာပါ။
sir thein
ခြင်္သေ့က ဂျာမဏီက အာဏာရှင် ဟစ်တလာကိုတောင် အားကျနေသူဆိုတော့ မြန်မာပြည်က အာဏာရှင် ဦးသန်းရွှေ သားသားအခေါ် Burmese Hitler ကို အားကျတာ မဆန်းပါဘူး။ အာဏာရှင် ပြောတာကို ခြင်္သေ့သဘောကျပေမဲ့ ကျန်တဲ့သူတွေ ၁၀၀ မှာ ၉၉ ယောက်က သဘောမကျတာ သေချာတယ်။ ဒါကတော့ အလုပ်တခုကို လုပ်ရင် လူတယောက်က သူဆန္ဒရှိသလောက်ပဲ သူပေးဆပ်နိုင်သလောက်ပဲ သူလုပ်မှာပေါ့။ ထားလိုက်တော့ အခုပြောမှာ ဒီအကြောင်းမလဟုတ်ဘူး။
ခြင်္သေ့ - လူတယောက်ကို အမြင်ကပ်လို့ ပုဂ္ကိုလ်ရေးတွေထည့်ပြီး နှိပ်ကွပ်တယ်ဆိုတာ ယဉ်ကျေးတဲ့သူတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ပုဆိုးဝတ်ပြီး စစ်တိုက်လို့ မရတာ ခြင်္သေ့ပြောထားတာ လက်ခံတယ်။ Simple View ပြောတာလည်း ဒါပဲဖြစ်တယ် ဒေါ်အောင်ဆန်းစုကြည် ဒီပုံတွေထဲမှာ ထမိန်မ၀တ်ထားလို့ ဝေဖန်ထားတာကို သူက ပြန်ပြောထားတာ ဖြစ်တယ်။ အဲဒီမတိုင်ခင် အပေါ်မှာလည်း တယောက် လာပြောတာ ရှိလို့ အစ်မလည်း ချိတ်ထမိန်နဲ့ ရင်ဖုန်းအင်္ကျီဝတ်ပြီး မြင်းဘယ်လိုစီးမလဲ၊ အခုပြောတဲ့သူတွေရော နေရင်းထိုင်ရင်း တောင်ရှည်ပုဆိုးတွေ တိုက်ပုံအကီင်္ျတွေ ၀တ်ကြလားလို့ ပြန်မေးဖူးပါတယ်။ မှတ်ချက်အဟောင်းတွေ ပြန်ဖတ်ကြည့်ပါ။
ဝတ်စားဆင်ယဉ်မှုမှာ မိမိကိုယ်ကြိုက်တာ အဆင်ပြေတာကို ၀တ်နိုင်သလို ကိုယ်လက်ထပ်ချင်သူကို ကိုယ်လက်ထပ်တာလည်း မိမိချစ်နှစ်သက်သူကို မိမိသဘောကျ လက်ထပ်ကြတာသာ ဖြစ်တယ်။ ဒါကိုလည်း အပေါ်က မှတ်ချက်တွေမှာ ဆွေးနွေးဖူးပါတယ်။ ဒါကို ခြင်္သေ့အတွက် သီးသန့် ပြန်ဆွေးနွေးပေးတာ ဖြစ်တယ်။ ထိုနည်းအတူ မျိုးစစ်ဖို့အတွက် လူမျိုးတူသူပဲ လက်ထပ်သင့်တယ်လို့ ယူဆသူက ကိုယ့်လူမျိုးတူတာကို လက်ထပ်နိုင်ပါတယ်။ ချစ်ခြင်းမေတ္တာက ပိုအရေးကြီးတယ်လို့ ယူဆတဲ့သူကလည်း သူကြိုက်တဲ့သူကို လက်ထပ်ပိုင်ခွင့် ရှိပါတယ်။ တယောက်အကြိုက်နဲ့ တယောက်အကြိုက် တူတာလည်း ရှိမယ် မတူတာလည်းရှိနိုင်တယ်။ ထပ်တူကျဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲလိုထပ်တူမကျလို့ ငါနဲ့ မတူရကောင်းလားလို့ လိုက်ပြီး အပြစ်မြင် အမုန်းပွားနေရင် ဘယ်တော့မှ ပြီးမှာ မှာမဟုတ်ဘူး။
အစ်မတို့အိမ်မှာ မြန်မာရုပ်ရှင်ကို တခါတလေ သားမိသားအဖ သုံးယောက် ထိုင်ကြည့်တတ်တယ်။ ရုပ်ရှင်မှာ ကြော်ငြာတို့ စစ်အစိုးရ Propaganda တို့လာရင် အကုန်ရစ်ပစ်ပါတယ်။ ကြားဖြတ် ခေတ်ပေါ်သီချင်းတွေ ပါနေရင် အစ်မက အကုန်ရစ်ပစ်ချင်ပြီး သားကတော့ အစ်မနဲ့ ပြောင်းပြန် မြန်မာသံစဉ် သီချင်းကို လုံးဝမကြိုက်လို့ ရစ်ပစ်ချင်တယ်။ အမျိုးသားကတော့ နှစ်ခုစလုံး နားထောင်လို့တတ်လို့ ဘာပဲလာလာ အကြောင်းမဟုတ်ဘူး။ သားနဲ့အစ်မနဲ့ ကိုယ်ရစ်ပစ်ချင်တိုင်း ရစ်ပစ်လို့မရပါဘူး။ ရုပ်ရှင် အတူတူ ကြည့်ရင် အဲလို ခေတ်ပေါ်သီချင်း တဒုန်းဒုန်း တဒန်းဒန်းကိုလည်း သားအဖနှစ်ယောက် နားထောင်နေတာကို ငှဲ့ပြီး မရစ်ပစ်ပဲ ပြီးတဲ့အထိ အစ်မ စောင့်ပေးရတယ်၊ သားကလည်း မြန်မာသံစဉ် သီချင်းကို ငြီးငွေ့ပေမဲ့ အဖေနဲ့အမေ နားထောင်နေလို့ ပြီးတဲ့အထိ စောင့်ပေးပါတယ်။ အကြိုက်ဆိုတာ တယောက်နဲ့တယောက် ဘယ်လိုမှ ထပ်တူမကျနိုင်ဘူး ဒီလိုပဲ အဆင်ပြေအောင် လုပ်ရပါတယ်လို့ ဒါခြင်္သေ့ကို အစ်မ ဥပမာပေးတာ ဖြစ်တယ်။
အကြိုက်မတူတိုင်း ကိုယ်ကြိုက်တာကမှ အမှန် ဖြစ်တယ် ကိုယ်ကြိုက်တဲ့အတိုင်း ကျန်တဲ့လူတွေ အကုန်လုံး လိုက်ကြိုက်ရမယ်ဆိုပြီး အတင်းလိုက်လုပ်ရင် ကိုယ်တယောက်ပဲ စိတ်ချမ်းသာပြီး ကျန်တဲ့သူတွေ အားလုံး စိတ်ဆင်းရဲရမယ်။ ကိုယ်တယောက်တည်း စိတ်ချမ်းသာပြီးကျန်တဲ့သူတွေ စိတ်ဆင်းရဲနေရင် ကိုယ်လည်း ဘယ်လောက်မှ တာရှည် စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်ကြိုက်တာပဲ အမှန်ဖြစ်တယ်လို့ ဘယ်တော့မှ သဘောထားလို့မရဘူး။ အဲဒီသဘောတရားကို ခြင်္သေ့နားလည်သင့်ပါတယ်။
ဟစ်တလာရဲ့နာဇီဝါဒလိုမကြိုက်ပါ။ဒါပေမယ့်သူပြောတဲ့စကားတစ်ချို့ကိုတော့ကြိုက်တယ်။မိုက်ရင်ကမ်းကုန်အောင်မိုက်။လိမ်မာရင်ကမ်းကုန်အောင်လိမ်မာ။ဟိုမရောက်ဒီမရောက်မလုပ်နဲ့ဆိုတာ..စစ်ရေး၊နိုင်ငံရေး၊စီပွားရေး၊ပညာရေး၊လူမှုရေး။စတာတွေမှာအကုန်အသုံးချလို့ရပါတယ်။ကျွန်တော်ဆိုလိုချင်တာနိုင်ငံကိုချုပ်ကိုင်မယ့်လူတစ်ယောက်ဟာ။အတက်နိုင်ဆုံးကင်းရှင်းနေရမယ်။ပြည်ပနိုင်ငံခြားသားယူပြီးနိုင်ငံတော်ကိုမအုပ်ချုပ်ချင်နဲ့လက်မခံဘူး။လက်ခံတဲ့လူတွေဟာသူရူးတွေပဲ။အမေကျော်ပြီးဒွေးတော်လွမ်းနေတဲ့လူတွေပဲလို့ပြောချင်တယ်။အခုချိန်ထိဒီမိုဒီမိုအော်နေပြီးဘာလို့မဖြစ်လာလဲ။စစ်တပ်ကြောင့်မအောင်မြင်တာလို့မပြောနဲ့မှားတယ်။လုပ်ရပ်တွေမှားတယ်။ကဲမကြာသေးတဲ့နှစ်အပိုင်းခြားကဖြစ်ရပ်တစ်ခုကိုလေ့လာမိသလောက်ပြောပြမယ်။ စက်တင်ဘာအရေးခင်းမှာဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာဘုန်းကြီးတွေနဲ့လူတွေရောက်တဲ့အခါလူထုအားကိုးနဲ့သူထွက်လိုက်လို့ရပေမယ့်ဘာလို့မလိုက်သွားလဲဒါအမှားတစ်ခု။အောင်မြင်မယ့်အရာကိုလက်လွတ်လိုက်တဲ့အမှားတစ်ခု။အဲဒီအချိန်မှာဦးသန်းရွှေတို့မိသားစုပြည်ပမှာရှောင်နေပြီ။ဒါကိုမသုံးချနိုင်ပဲလူထုခေါင်းဆောင်လုပ်ချင်သေးတယ်။အဲဒီအချိန်သာဒေါ်အောင်ဆန်းစုကြည်ထွက်လိုက်မယ်ဆိုရင်တစ်နိုင်ငံလုံးပါလာပြီဆိုတာသူမသိလေရော့လား။ဟားဟားဟား။ဒီလိုအခွင့်အရေးကိုောတင်လက်လွတ်ခဲ့တဲ့လူတစ်ယောက်ကိုယုံကြည်ဖို့ခေါင်းဆောင်တင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်။သူရဲ့အကြီးမားဆုံးအမှားကတော့စိတ်ကိုမချုပ်တည်းနိုင်ပဲနိုင်ငံခြားသားကိုလင်တော်ခဲ့လို့ပဲ။ဒါကိုလူတော်တော်များများလဲလက်မခံသလို။ဒါကိုပဲလူတော်တော်များများကမျက်စိစုံမှိတ်လက်ခံနေတာတွေ့ရတယ်။နောက်တစ်ခုနာဂစ်ဖြစ်ပွားတဲ့အချိန်မှာအခွင့်အရေးတွေအများကြီးပဲဘာကြောင့်မယူတက်ကျလဲစစ်ဖက်ကောဒီမိုဘက်ကောပါ။ပေတစ်သီး၊ကျီးတစ်သားတဲ့။ပေပင်ဆိုတာတစ်သက်မှာတစ်ခါပဲသီးတယ်။ကျီးဆိုတာလဲတစ်သက်မှာတစ်ခါပဲကိုယ်ဝန်လွယ်မွေူဖွားတယ်။ဒါကိုအသုံးချတက်ရင်လွယ်ပါတယ်။နိုင်ငံရေးကိုစိတ်မ၀င်စားဘူး။အခုပြည်ပခဏအလုပ်ကိတ်စနဲ့ရောက်တဲ့အခါဘလော့တွေလိုက်လေ့လာပြီးပြန်လည်သုံးသပ်မိတဲ့အရာတွေပါ။ကလေးဆန်ဆန်တွေးမိတာလေးတွေရေးပြတာပါ။စိတ်မရှိနဲ့ဘယ်သူမှထိခိုက်လိုစိတ်မရှိ။လေ့လာမိသလောက်မှန်တယ်ထင်တာပြောတာ။ပြန်လည်ဝေဖန်နိုင်တယ်။
ခြင်္သေ့
Post a Comment