တကသ သွေးသမိုင်း
(ပြည်သူနဲ့ လက်တွဲလို့သာချီ ပြည်သူကို ငါတို့အမြဲယုံကြည် ပြည်သူအတွက် အလုပ်ကျွေးပြုပါမည် တကသ သွေးသမိုင်းထ၀စဉ်နီ)၂
စစ်အာဏာရှင် ပျက်ပြိုကာတည် ပြည်သူ့ခေတ်တွင် တို့တတွေ ကျောင်းတက်မည်၊ မီးလောင်မြေ တစပြင်မှာသည် ထွန်းသစ်တဲ့ တက္ကသိုလ် ဒို့ဆောက်မည်။)၂
ညီ ညာ.. လက်တွဲလို့ချီ ပြည်သာ.. လျှောက်လှမ်းကြမည် သေချာ.. အောင်ပွဲရမည်.. (ဟေ့ နီလည်းပဲနီသည် ချွန်လည်းပဲချွန်သည် ကျောင်းသားသမိုင်းသစ်ဆီ)၂ ။ ဒီမိုကရေစီ ပညာရေး သွေးနဲ့အရင်းတည် ဒီမိုကရေစီ ပညာရေး ပေါင်းကူးပေးမည် ညီညာသည် ပြည်သာမည် ချီ…(အစအဆုံး တတခေါက်ပြန်ဆိုရန်)
အဲဒီခေတ်က ကျောင်းသားတွေ စပ်ဆိုထားတာကို ABSDF ဗဟိုပြန်ကြားရေးဌာနက ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေတဲ့ နေ၀န်းနီနီအခွေထဲမှာ ကိုမြတ်သူပြန်ဆိုထားတာကို မှတ်မိသလောက် ရေးချထားပါတယ်။ သီချင်းစာသား ကျကျန်နေခဲ့ရင် ဘယ်သူမဆို ထပ်ဖြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ (ပုံကို မြတ်လေးငုံဘလော့ဂ်မှ ကူးယူဖေါ်ပြထားပါတယ်။)
“တက္ကသိုလ် နယ်မြေတစ်နေရာ”
တက္ကသိုလ်.. ဒို့ကျောင်း.. တစ်နေရာ… အုတ်ပုံ အုတ်ပျက် စုလျက် ပုံလျက် နေပြန်တာ.. မြေမှာပြိုလဲ.. မသဲကွဲသော.. ထိုအချင်းအရာ သေချာကြည့်လျှင်.. အဖြေရှာ.. သိနိုင် ရာဇ၀င်.. အခိုင်အမာ.. ကျောက်စာမော်ကွန်း.. ထွန်းလျှက် ပေစာ.. မရှိပါ သော်လည်း.. အသဲအက်နာစရာ..(တရံတခါက တက္ကဝေယံ.. ဘုံပျံမဟာ.. ရှိပါလေငြား.. ကျောင်းသားယူနီယံ.. အိုးဝေကျူးသံနဲ့.. တောင်းဆုပြု.. ညီညီညာညာ မရွှင်နှိင်.. ခွေနွမ်း… လွမ်းစရာ့အခြေပါ.. စစ်မြေထိုတလင်း ကျင်းရက်လေရှာ)၂ သံကြော်ကြွေးလျက်သာ.. ရုံးစုလျှက် ညီညာကြရာ.. အပြစ်ရှာ မိုက်လုံးကြီးတာ.. သေနတ်ကို မောင်းတင်.. နှင်လေရှာ..။
မယုံကြည်နိုင်ပါလျှင်.. ကောင်းပါလိမ့်.. ရင်တသိမ့်သိမ့်ခုန် နာကျည်း ကြေကွဲဖွယ်ရာ.. အဖြစ်စစ် အဖြစ်မှန် ဆိုသည်မှာ ဘယ်ခါမှလဲ.. မလိုက်လျောပါ.. နှိပ်ကွပ်ဟန့်တား..တင်းတင်းမာမာ.. တယောက်ဆက်ကာ- တယောက်ပစ်တာ- သွေးတွေ ချောင်းစီးဆင်း.. အလောင်းချင်း ထပ်လျက်.. သေရရှာ မလန်းသော- သပြေနွမ်း ကြေပန်းပမာ.. အသည်းနာစရာ မြေမှာလျောင်း.. သက်ခန္ဓာ တောင် ပြောင်း… အကြောင်းက မပြေလည်ပါ.. မြတ်ဗုဒ္ဓ.. ထံတော်ပါး.. မခွဲ-ခွာပါ.. နေငြား အသည်းနာစရာ တမင်များ သခင်တပါးရယ်.. သနားငယ် မညှာ တက္ကသိုလ်ကျောင်းဝန်းက.. ချစ်ဆွေတသင်း.. ဒို့များခမျာ သစ္စာတော်ထား.. လှစ်ကြားနေဆဲ ဘာကမျှ.. မသိလေရှာ.. ကံအခြေမွဲသူပါ.. အသည်းနာစရာ.. အရေးရယ်က.. အမြဲစာနာ ဆွေးဘွယ်ပ ဖြစ်ရလေသည့်- ဆန်းထွေတလာ.. အာဏာမင်းတရား… ပထွေးက.. ကျောင်းသားမို့ဖြင့်.. ဘယ်လိုမှလဲ မသတ်လို့မဖြစ်ပါ.. ကလေးတွေ ဖြစ်လင့်ကစား ပြောမရလေက ဒေါပွချေသည်မှာ ရာဇဂုဏ် မောက်တဲ့မင်း.. တင်း သည်ချိန်ခါ နေလို လလို ဘုန်းသမ္ဘာ.. အရင့်အမာ… ငါလိုမင်းမှာ ဒင်းတို့က… မာန်ဖီလာ… ကျောင်းမြေတလင်းပြင်ထက်မှာ သေငြား..
(ဒေါသူပုန်ပွားကာ… ကျောင်းသားယူနီယံကြီးကို ဖြိုကာ… သေနတ်နှင့်ပစ်ရာ… ကျောင်းသားတွေမှာ.. အတုံးအရုံး သေရှာ )၂။ ကမ္ဘာရန် အမြဲသာ.. အသည်း.. နာ။
(သက်ဦးဆံပိုင်.. ဘုရင်အလား.. တမင်မသနား ကျောင်းသားတွေကို.. အရှင်မထား.. ကျောင်းမြေ တလင်းပြင် ထက်မှာ.. သေ ငြား.. တက္ကသိုလ်ဝင်းမှာ.. မပြေးသာ စတေးရှာ လေတော့တာ .. ရုတ်တရက်သာ သတ်ခဲ့တဲ့ ဒီနေရာ သွေးတွေ မြေကျသမို့ အသည်းမှာ တကယ် မချမ်းသာ )၂ ။
သင်ကြုံကြိုက်လို့ ရောက်တဲ့အခါ လာကြည့်စမ်းပါ.. (ယူနီယံအဆောက်အဦး.. တနေရာ..)၂။ မသဲမကွဲအမြဲရှိမှာ သဲသဲကွဲကွဲရှိလဲရှိမှာ.. သွေးကွက်တွေလဲ တ၀က် တပျက် ဆက်လက်ရှိအုံးမှာ.. ဖက်ဆစ်နယ်မြေ.. သင်ဖွေရှာ.. (ယူနီယံ အဆောက်အဦး အဲ့ဒီ တနေရာ- တက္ကသိုလ် ဒို့ကျောင်း အဲဒီ တစ်နေရာ..)၂။
(သက်ဦးဆံပိုင်.. ဘုရင်အလား.. တမင်မသနား ကျောင်းသားတွေကို.. အရှင်မထား.. ကျောင်းမြေတလင်းပြင် ထက်မှာ သေငြား.. တက္ကသိုလ်ဝန်းမှာ မပြေးသာ-စတေးရှာ လေတော့သာ.. ရုတ်တရက်သာ.. သတ်ခဲ့တဲ့ သည်နေရာ သွေးတွေမြေကျသမို့.. အသည်းမှာ တကယ်မချမ်းသာ )၂။
သင်ကြုံကြိုက်လို့ ရောက်တဲ့အခါ.. လာကြည့်စမ်းပါ (ယူနီယံအဆောက်အဦး တစ်နေရာ)၂။ မသဲမကွဲ.. အမြဲ ရှိမှာ သဲသဲကွဲကွဲ ရှိမြဲရှိမှာ.. ကျောက်စာတွေလဲ တ၀က် တပျက်.. ဆက်လက်ရှိအုံးမှာ.. ဖက်ဆစ်နယ်မြေ.. သင်ဖွေရှာ.. တက္ကသိုလ် ဒို့ကျောင်း.. အဲဒီ တနေရာ ။
(ဤသီချင်းသည် ဂီတစာဆို ကိုကျော့မှူး ရေးစပ်၍ တင်တင်မြသီဆိုသော “ပုဂံမြို့ဟောင်းတစ်နေရာ” သီချင်းသွားအတိုင်း စပ်ဆိုပါသည်။)
ဆရာမမေငြိမ်း ပြီးခဲ့တဲ့ နှစ်က တင်တဲ့ ဆဲဗင်းဇူလိုင် နောက်ဆက်တွဲ ပို့စ်ထဲက သီချင်းကို ကူးယူဖေါ်ပြပါတယ်။ ဒါပေမဲ့ ဒီသီချင်းနာမည်ကို ကျွန်မက (တက္ကသိုလ် နယ်မြေတနေရာ) ထက် တက္ကသိုလ် ဒို့ကျောင်းတနေရာလို့ ပဲထင်နေပြီး (အဖြစ်စစ် အဖြစ်မှန် ဆိုသည်မှာ ဘယ်ခါမှလဲ.. မလိုက်လျောပါ..) နေရာမှာ အဖြစ်စစ် အဖြစ်မှန်ဆိုသည်မှာ ဘယ်အခါမှလည်း မတိမ်ကောပါလို့ပဲ ကြားနားယောင်နေတယ်။
1 comments:
.
မောင် စိန်ဝင်း ပုတီးကုန်း
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့
"သမဂ္ဂအဆောက်အဦး ဗုံးခွဲ ဖျက်ဆီးခံရခြင်းအပေါ် ပြန်လည် သတိရနေခြင်းဟာ အဖျက်မြင်သဘော" ဟု
Sky Net မှာ ဆရာ လင်းသိုက်ညွန့် က ပြောသွားတာ ကြားမိပြီး
ဒီကဗျာ ရေးဖြစ်သွားတာပါ။
မောင် စိန်ဝင်း ပုတီးကုန်း
သမိုင်းမှတ်ကျောက်
၁
သမဂ္ဂစိတ်ကို ဖျောက်ဖို့
သမဂ္ဂအဆောက်အဦးကို ဖယ်
ကျောင်းသားတွေရဲ့ မြင်ကွင်းက ကွယ်စေခဲ့။
၂
သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း
သမဂ္ဂရဲ့အခန်းမှာ ဖြစ်သလိုအိပ်စား
အဲဒီမှာ
နိုင်ငံရေးသမားအဖြစ် ထုံကူး
လွတ်လပ်ရေးအိပ်မက်တွေ
မက်ဖူးတယ်။
၃
ဘယ်ခေတ်မှာဖြစ်ဖြစ်
ကောက်ကျစ်ဖိနှိပ်မှုကို တွန်းလှန်
အမှန်တရားအတွက် အသက်ပေး
ပြည်သူတွေနဲ့ တစ်သွေးတည်းပေါင်းရန်
ဒေါင်းအလံနဲ့
ကျောင်းခြံရဲ့အပြင်ထွက်ခဲ့တာ ကျောင်းသား
မတရားမှု မှန်သမျှ ငုံ့မခံ
တုန့်ပြန်တတ်တာ သမဂ္ဂစရိုက်
ဘယ်ဒိုင်းနမိုက်နဲ့ ခွဲခွဲ
မလဲမပြို ထာဝစဉ်
ရာဇဝင် အဆက်ဆက်
သမဂ္ဂရဲ့ အသက် ဝိညာဉ်
ရင် မှာ ငြိစွဲ
ပူးကပ်ဆဲမို့ ခွပ်မြဲခွပ်နေ
ဒေါင်း အိုးဝေ ။
၎
မြင်ကွင်းက ဖျောက်လိုက်တိုင်း
သမိုင်းမှာ မမှိန်မပျောက်
အဲဒီမှာ သမဂ္ဂအဆောက်အဦး
အာဇာနည်တွေ ဝတ်မှုံကူးတဲ့နေရာ
အာဏာရှင် စနစ်ရဲ့
ပြယုဂ် တစ်ပိုင်းတစ်စလို့
(ကမ္ဘာတည်သရွေ့)
သမိုင်းက မှတ်ကျောက်တင်လိမ့်မယ်။
မောင် စိန်ဝင်း ပုတီးကုန်း
၂၄ ၉ ၂၀၁၄
.
Post a Comment