zရေချိုးဖို့ပြင်နေတုန်း ဖုန်းသံမြည်လာလို့ အလုပ်က ဖုန်းများလားလို့တွေးပြီး ကောက်ကိုင်လိုက်တော့ "အစ်မ ဘယ်ရောက်နေလဲ" လို့ မေးလိုက်တဲ့ အမျိုးသားတဦး အသံကို ကြားလိုက်ရတယ်။ အသံကို မမှတ်မိတာနဲ့ ဘယ်သူပါလိမ့်လို့ တွေးပြီး အိမ်မှာပဲ ရှိနေကြောင်းနဲ့ ဖုန်းဆက်တာ ဘယ်သူလဲ မသိဘူးလို့ မေးလိုက်တော့ "ကျနော် ကျော်ခွိလေ အခမ်းအနားမှာ ရောက်နေတယ်၊ နေ့လည်ကလည်း အစ်မကိုမတွေ့ဘူး အလုပ်သွားတာလား၊ အခုကော မလာသေးဘူးလား အခမ်းအနားစတော့မယ်လေ" လို့ တောက်လျှောက် မေးလိုက်တော့ ဘာကိုအရင်ဖြေလို့ ဖြေရမှန်းမသိ ဖြစ်သွားတယ်။ ကိုယ်နဲ့ ပိုသက်ဆိုင်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အစီစဉ်ကို နေ့လည်က လုပ်တဲ့ Public Awarenenss ကိုလည်း မသွားဖြစ်၊ အခု ညနေအစီစဉ် ဖြစ်တဲ့ အခမ်းအနားကိုလည်း စောကျော်ခွိက အရင်ရောက်နင့်နေတာကို တွေးပြီး ကိုယ့်အရေးမှာ ကိုယ်က ပိုတက်ကြွရမည့်အစား သူများက ပိုတက်ကြွနေတာကို တွေးပြီး နည်းနည်းရှက်သလို ခံစားမိတယ်။ စောကျော်ခွိ ဖုန်းဆက်တဲ့အချိန်မှာ ရေတောင်မချိုးရသေးလို့ ရေချိုးပြီးမှ လာမယ်လို့ အကြောင်းပြန်လိုက်ပြီး ရေချိုးပြီးတာနဲ့ ချက်ချင်းသွားဖြစ်ပါတယ်။
ဗွီဒယိုက ဆစ်ဒနီအခမ်းအနားက မဟုတ်ပါ။ DVB က မသီတာ Face Book မှာ တင်ထားတာကို သဘောကျလို့ ခွင့်တောင်းပြီး ကူးယူဖေါ်ပြထားပါတယ်။
်
အစီစဉ် နှစ်ခုရှိပြီး နေ့လည်ဘက် အစီစဉ်ကို Media Attention နှင့် Public Awareness အတွက် ရည်ရွယ်ပြီး ဆစ်ဒနီမြို့ရဲ့ ဒုတိယ လူစည်ကားဆုံးနေရာ ဖြစ်တဲ့ Parramatta Westfield Shoping Centre ကနေ ဘူတာရုံရဲ့ ဟိုဘက်ခြမ်းရှိ Parramatta Towhall ရှေ့မှာ ပိုစတာတွေနဲ့ ခင်းကျင်းပြသပြီး ဖြတ်သွားဖြတ်လာလူတွေကို မြန်မာပြည် ဒီမိုကရစီအရေးနဲ့ ပတ်သက်တာကို သိစေတဲ့ အစီစဉ် ဖြစ်တယ်။ (ဓါတ်ပုံ စောကျော်ခွိ)

အဲဒီညကလည်း တွေ့တဲ့သူအတော်များများကို ကျွန်မ နာမည်မမှတ်မိဘဲ ဖြစ်နေတော့ ပြန်မေးခဲ့ရပါတယ်။ လူချင်းသိပြီးသားသူတွေထဲမှာရော မသိဖူးတဲ့သူတွေအထဲမှာပါ ကျွန်မ ဘလော့ဂ်ကို လာဖတ်နေတယ်ဆိုတဲ့ သူတွေကိုလည်း တွေ့ရလို့ ပီတိဖြစ်ခဲ့ပါတယ်။ အခမ်းအနား အကြောင်း ဆက်ရရင် ကျွန်မတို့ စားနေသောက်နေတဲ့အချိန်မှာပဲ အခမ်းအနားမှူး လုပ်သူ ဒေါက်တာမြင့်ချိုက အစီစဉ်ကြေညာနေတာကို ကြားရပါတယ်။ အပြင်မှာ ဆူညံနေတာနဲ့ မကြားတချက်ကြားချက်ပါပဲ။



သီချင်းများကို ဆက်လက်နားထောင်နိုင်ပါတယ်။ အရင်ပို့စ်မှာ ကြိုတင်ထားတဲ့အတွက် အတော်များများ နားထောင်ပြီး ဖြစ်ပါလိမ့်မယ်။ ဒီသီချင်းတွေက ဒီနှစ်မှာ တိုက်ထားတာ မဟုတ်ဘဲ အရင်နှစ်က ဆိုထားတာကို အခမ်းအနားမှာ ပြန်ဆုံလို့ မတိုက်ပဲနဲ့ ပြန်ဆိုထားတာ ဖြစ်ပါတယ်။ ရွှေတိဂုံသိပိတ်ကို ဆိုထားတာ အရင်က ABSDF တပ်ရင်း (၂၀၈) သောင်ရင်းစခန်းက တပ်ဖွဲ့ဝင် တဦးဖြစ်ပြီး အောက်က အုပ်စုသီချင်းမှာ လေးယောက်အနက် အလယ်က နှစ်ယောက်က ABSDF တပ်ရင်း (၂၀၈) ခုနကတယောက်နဲ့ အမျိုးသမီးက ABSDF တပ်ရင်း (၂၀၁) မင်းသမီးစခန်းက မကဒတရဲ့ ၉၀ ခုနှစ် ပြက္ခဒိန် မျက်နှာဖုံးပိုင်ရှင် ဖြစ်ပါတယ်။ အခမ်းအနားလာတာ တွေ့လို့ စဉ်ပေါ် သီချင်းဆိုဖို့လူလိုနေတာနဲ့ ခေါ်တင်ပြီး သီချင်းဆိုခိုင်းလို့ မတိုက်ထားပဲ ဆိုနေတာ ဖြစ်ပေမဲ့ တက်ကြွပုံကတော့ ငယ်တုန်းကနဲ့ ဘာမှ မကွာသလိုပဲ။ ဘေးကတယောက်ကတော့ ဆစ်ဒနီရောက် မျိုးဆက်သစ် ညီမငယ်တဦးဖြစ်ပါတယ်။ ဒီဘက်ဘေးက အစ်ကိုတယောက်ကလည်း ဆစ်ဒနီရောက် မျိုးချစ်ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ မြန်မာသံစဉ်ကို မကြိုက်သူတွေအတွက် သီချင်းကို နှစ်သက်လိမ့်မှာ မဟုတ်ပေမဲ့ သီချင်းစာသားကတော့ သိပ်ကိုအဓိပ္ပါယ်ရှိလို့ သီချင်းစာသားနဲ့ တွဲကြည့်လို့ရအောင် စာသားတွေကို ဗွီဒယိုအောက်မှာ ပြန်ထည့်ပေးပါတယ်။
ရွှေတိဂုံသပိတ်
မိုးမြေတချိမ့်ချိမ့် သိမ့်သိမ့်တုန်ခဲ့ပြီ
သွေးညှီတစိမ့်စိမ့် ဖိတ်ဖိတ်တုန်ခဲ့သည်
လာချေပြီ လက်ရုန်းဆန့်တန်း အောင်လံလွှင့်လို့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ သည်
သပိတ် သပိတ် …. မှောက်မှောက်
မီးတုတ် မီးတုတ် ရှို.ရှို.
(ရေးတော်ပု … အောင်ရမည်)၂
ဘာမထီ.. ဖက်ဆစ်စနစ်ဆိုး အုပ်စိုးမှုကို တွန်းလှန်ဖြိုဖျက် တိုက်ပွဲဆက်ခဲ့ပြီ
လွတ်လပ်ရေးသမိုင်းဝင် ဘွဲ့နှင်းသဘင်ခန်းမ တက္ကသိုလ်နန်းမှဆီ
စစ်မှန်သောတောင်းဆိုချက်နဲ့ ပြည်သူ့ဘဝလမ်းသွေးလမ်းလှစ်ပြ ကြွေးကြော်ကြလို့ညီ
ရွှေတိဂုံအောင်မြေနန်းမှာ သပိတ်စခန်းကိုဖွင့်ရေချိန်မြှင့်လို့ အာဏာရှင်စနစ်ဆိုးရဲ့ သံကွန်ခြာ အာဏာမိုးကိုရိုတ်ချိုးချေဖျက် ဖွင့်ထွက်ခဲ့ကြပြီ။
ညီညွတ်ရေးရဲ့သွေးသစ်ဆီ
တီးလုံး xxxxxxxxx
မ……. (ဒို့ပြည်ဒို့အရေး ဒို့သွေးညီညာ ညီညာအုံကြွ ဆန္ဒပြခဲ့ပြီ (ညီညွတ်ရေးရဲ့သွေးသစ်ဆီ)၂ သင်းချီ ထုံ ပျံ့ ရနံ့လှိုင် သီတဂူ ပြည်သူအပေါင်းတို့ရဲ့ သောင်းသောင်းဖြဖြ ကြွေကြော်သံပြိုင် ညီ)
xxx ကျား………. (ဒို့ပြည်ဒို့အရေး ဒို့သွေးညီညာ ညီညာအုံကြွ ဆန္ဒပြခဲ့ပြီ ညီညွတ်ရေးရဲ့သွေးသစ်ဆီ သင်းချီ ထုံ ပျံ့ ရနံ့လှိုင် သီတဂူ ပြည်သူအပေါင်းတို့ရဲ့ သောင်းသောင်းဖြဖြ ကြွေကြော်သံပြိုင် ညီ)
xxx မ…. ဒို့ပြည်ရဲ့ကံကြမ္မာသည် ဒို့ ပြည်အလှည့်ပြန်လာပြီ ဒို့ပြည်သူ့ အာဏာသည် ဒို့ပြည်သူ့ ပြန်လာပြီ။
ကျား/မ….. မြန်မာပြည်တော်လှန်ရေးဟေ့
ကျား….. ပြည်သူအရေးတော်ပုံ အုံကြွ တောင်းဆို
ကျား/မ… ဒီမိုကရေစီ x ဒီမိုကရေစီ
မ x ညီညီ ညီညီ ကျောင်းသားတို့ရဲ့ သွေးတွေစတေးခဲ့ပြီ
ကျား xxx ချီချီ ချီချီ ခွပ်ဒေါင်းတောင်ပံ အောင်လံလွှင့်လို့ပြန်လာပြီ
ကျား/မ .. (ညီညွတ်ရေးရဲ့သွေးသစ်ဆီ)၂
မ xxx (အရေးတော်ပုံ/ (ကျား).. အောင်ရမည်)၂
ကျား.. မြို.တွေဆီ တောတွေဆီ တောင်တွေဆီနယ်တွေဆီ
မxxxx လျှိုမြောင်းမြစ်ချောင်း ပြောင်းပြောင်းဆန်ပေသည်
ကျား/မ xxx မြန်မာပြည် မြန်မာပြည် ဒို့ချစ်မြတ်တဲ့ အနာဂါတ်နိုင်ငံသည်
ကျား/မ xxx (ဒီမိုကရေစီ / (ကျား) ဒီမိုကရေစီ) ၂
အာဇာနည် ရာထောင်ပေါင်းရဲ့ သွေးရောင်အောင်လံနီ
ကျား/မ ..ဟေ့ ညီညီ ဟ.. ချီချီ ညီညွတ်ရေးရဲ့ သွေးသစ်ဆီ ညီညွတ်ရေးရဲ့ သွေးသစ်ဆီ
တီးလုံး xxxxxxxx (အစအဆုံး တခေါက်ပြန်ဆို)
(ဒို့ပြည်ဒို့အရေး ဒို့သွေးညီညာ xxxxxxx xxxxxxxx(ညီညွတ်ရေးရဲ့ သွေးသစ်ဆီ ညီညွတ်ရေးရဲ့ သွေးသစ်ဆီ )၃
ကျား xxx သင်းချီ ထုံ ပျံ့ ရနံ့လှိုင် သီတဂူ ပြည်သူအပေါင်းတို့ရဲ့ သောင်းသောင်းဖြဖြ ကြွေးကြော်သံတွေ စီ)
လိုအပ်နေတဲ့ ဓါတ်ပုံတချို့ကို ပို့လာပေးတဲ့ စောကျော်ခွိကို အထူးကျေးဇူးတင်ပါတယ်။
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်နဲ့ ရှစ်လေးလုံးမှာ အသက်ပေးသွားသော သူရဲကောင်းအပေါင်းအား အလေးပြုလျက်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
18 comments:
အမရေ
တယူသန်တာတော့ မဟုတ်ပါဘူး ရှစ်လေးလုံးအခမ်းနားက ခွပ်ဒေါင်းအလံက ကျောင်းသားတွေကိုယ်စားပြုလို့ အဓိကကျပါတယ်။ မရှိတာက ကျနော်အတွေ့ကြုံ အရဆို ခွပ်ဒေါင်းအလံပို ဗမာအလံလို့ သတ်မှတ်ပြီး ၁၉၈၉ တချိန်က Bangkok က ဆန္ဒပြပွဲတွေမှာ အငြင်းပွါးဘူးတယ် နောက်ဆုံးလက်ခံခဲ့ပါတယ်။ အခုအဲဒီက အနေထားလို ဖြစ်နေတာကို အရမ်းကို စိတ်မကောင်းဖြစ်မိသလို။ ပြုံးပျော်ကခုန်နေတဲ့ ဓါတ်ပုံတွေ မြင်တော့ ပြောခြင်တာက ယဉ်ကျေးမှုများပွဲထုက်ပြမယ့် ပရိုမိုးရှင်းပွဲ တခုမဟုတ်တာတော့ အမှန်ပါဘဲ အမရေ။ အခုလို စီစဉ်ကြသူတွေက တကယ်ဘဲ မသိတာတော့ မဟုတ်ကောင်းလောက်ပါဘူး။ ဒီလို သိသိကြီးနှင့် လုပ်တာကတော့ အမရေ။ မပြေးသော်လဲ ကန်ရာရှိ ဆိုသလို စော်ကားတာလိုလို ပေါ့ပျက်ပျက်လုပ်လိုက်တာ လိုမျိုးကြီးတော့ ဖြစ်နေတာ အမှန်ပါဘဲ အမရေ။ အခမ်းအနား စီစဉ်သူတွေက သမိုင်းကိုကွေးအောင်လုပ်တယ်လို့ဘဲ ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်
ရိုသေလေးစားစွာဖြင့်
ရဲမင်းထွန်း
မငယ်..
ဖတ်သွားပါတယ်တော်.. သီချင်းတက်တက်ကြွကြွနဲ့ ဆိုနေတဲ့ အပြာရောင်နဲ့ အမျိုးသမီးက မစန်းမြင့်လား.. ဘယ်သူတုန်း.. အားရစရာပဲ ဆိုနေတာ..။
ဒေါင်းအလံလား.. မရှိလို့ မတပ်တာ ဖြစ်မှာပေါ့..။ ဒေါင်းအလံ တပ်ခြင်း မတပ်ခြင်းထက်.. လူတွေရင်ထဲမှာ ၈၈ ဟာ ဘာလည်း ဆိုတာက ပိုအရေးပါမယ်ထင်တာပဲ..။ တပ်လိုက်တော့ ပိုပြည့်စုံသွားတာပေါ့.. ။ ဒေါင်းအလံက ၈၈ ကျောင်းသားတွေက က စသုံးခဲ့တာ မဟုတ်ဘူးဆိုတော့ သိပ်အငြင်းပွား မနေစေချင်ပါဘူး.. ကိုယ့်သဘော ကိုယ်ရေးတာ .. အပေါ်က တယောက်လည်း ချိတ်ဆိုးနဲ့.. ဟဲ..။
စိန်ဗေဒါ (အမတ်လောင်း)
10 Aug 10, 10:20
soe: http://manayeyar.blogspot.com
10 Aug 10, 10:19
soe: http://manayeyar.blogspo.com
10 Aug 10, 10:18
soe: if you don't know, you don' do it.
10 Aug 10, 10:17
soe: Whatever who celebrate 8888 anniversary, you can't hold without flag.
10 Aug 10, 10:13
soe: because I'm one of Karen, Rangoon university student in 8888.
10 Aug 10, 10:11
soe: their blood is not dry yet. I understand that democracy is just not for burmese for all people in Burma.
10 Aug 10, 10:07
soe: we respect all people who dead in 8888.
10 Aug 10, 05:35
ကိုကြီး: ဒေါင်းအလံမပါတဲ့ အမ်းအနားကို စိတ်မကောင်းစွာလာဖတ်သွားသည်
10 Aug 10, 02:08
phyowai: အွန်လိုင်းမှာ မတွေ့တာ ကြာပြီ အစ်မ ငယ်နိုင် စာလာဖတ်ဖြစ်ပါကြောင်း
(C-Box ထဲက ပို့စ်နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ ဖြစ်ပါတယ်)။
ကို Ye Min Tun, Ko Soe နဲ့ ကိုကြီးတို့ရဲ့ ခွပ်ဒေါင်းအလံမပါလို့ ခံစားရတာကို ကျွန်မလည်း ထပ်တူခံစားရလို့ နားလည်ပါတယ်။ ဒါပေမဲ့ ကို ရဲမင်းထွန်း ထင်သလို ခွပ်ဒေါင်းအလံကို ဗမာအလံလို့ ထင်ပြီး အဲဒီလို ဖြစ်သွားတာလည်း မဟုတ်ဘူး အခမ်းအနားပြင်ဆင်တာ ABSDF Australia Branch က တာဝန်ယူတာ ဖြစ်လို့ တခြားဘယ်သူနဲ့မှ မဆိုင်ပါဘူး။ သီချင်းတွေကလည်း အရေးတော်ပုံကာလက သီဆိုထားတဲ့ သီချင်းတွေမို့ ပေါ့ပျက်ပျက် အနေနဲ့ သီဆိုထားတာ တပုဒ်မှ မပါဘူး ဆိုတာ ကျွန်မ ရှင်းပြချင်ပါတယ်။ ဒီသီချင်းစာသားတွေရဲ့ အဓိပ္ပါယ်ကို ကျွန်မ ထည့်ပေးပါ့မယ်။ အဲဒါဆိုရင် ကိုရဲမင်းထွန်း ရှင်းသွားလိမ့်မယ်။ ကခုန်မြူးတူးနေတယ် ဆိုတာကလည်း သီချင်းရဲ့ Music အပေါ်မူတည်ပြီး အမူအရာကို လိုက်လုပ်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ၀မ်းနည်းစွာ ဆိုတဲ့သီချင်းကို ၀မ်းနည်းတဲ့အမူအရာနဲ့ဆိုမယ် မြူးတူးတဲ့သီချင်းကို မြူးတူးတဲ့ အမူအရာနဲ့ဆိုမယ် ဒါပဲကွာပါတယ်။ ဒီသီဆိုနေတဲ့ အဓိပ္ပါယ်တွေက ဒီမိုကရေစီအရေးအတွက် ဘယ်လို စည်းလုံးညီညွတ်စွာ လုပ်ခဲ့တယ်ဆိုတာကို ဖေါ်ပြနေတာသာ ဖြစ်တယ်။ ရှစ်လေးလုံးဟာ ကျောင်းသားတွေ သွေးမြေကျပြီး အသက်ပေးသွားတာကို ဖေါ်ညွန်းသလို ရှစ်လေးလုံးဟာ တနိုင်ငံလုံးက ပြည်သူလူထုတွေဟာ ဒီမိုကရေးစီအရေးအတွက် ခွပ်ဒေါင်းအလံတော်ကြီးအောက်မှာ ညီညွတ်စွာ လာရောက်စုဆုံမိတာကိုလည်း ဖေါ်ညွန်းပါတယ်။ ဒါကြောင့် ဒီအခမ်းနားမှာ ပါတဲ့သီချင်းတွေက ဒီနှစ်ခုစလုံးကို ကိုယ်စားပြုတဲ့ သီချင်းတွေဖြစ်ပါတယ်။ ဒါကိုတော့ ကိုရဲမင်းထွန်း နားလည်စေချင်တယ်။
ကိုစိုးကိုလည်း အနည်းငယ် ရှင်းပြချင်ပါတယ်။ ကျွန်မအနေနဲ့ ခွပ်ဒေါင်းအလံတော်ကို ဒီလိုအခမ်းအနားမျိုးမှာ မရှိမဖြစ် လိုအပ်တယ်ဆိုတာ ပိုပြီးအလေးအနက်ထားအောင် လိုအပ်ချက် ရှိနေတဲ့ ကွက်လပ်ကို အပြုသဘောနဲ့ ထောက်ပြတာကလွဲလို့ ဒီအတွက် အပြစ်တင်ရှုပ်ချလိုစိတ် လုံးဝမရှိပါဘူး။ ဒီမှာ ဦးဆောင်ပြီး လုပ်နေသူတွေဟာ ကလေးငယ်ငယ်လေးတွရှိတဲ့ မိသားစုတာဝန်တဘက်၊ အလုပ်တဘက် တကယ်ကို အနစ်နာခံလိုစိတ်ရှိလို့ အချိန်လုပြီး လုပ်နေရသူတွေ ဖြစ်တော့ ကျွန်မတို့ထက် ပိုအနစ်နာခံနိုင်သူတွေအဖြစ် ကျွန်မ သတ်မှတ်ပြီးသားဖြစ်ပါတယ်။ နောက်ထပ်လုပ်တဲ့ အခမ်းအနားတွေမှာ ခွပ်ဒေါင်းအလံတော်ကို မြင်တွေ့ရလိမ့်မယ်လို့ ကျွန်မ လုံးဝယုံကြည်ပါတယ်။
သူငယ်ချင်း မဗေဒါ - မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ မရှိလို့ မထည့်တာကတော့ ဟုတ်တာပေါ့။ နောက်နှစ်တွေမှာ ရှိအောင် လုပ်စေချင်လို့ ထောက်ပြတာ ဖြစ်တယ်။ ခွပ်ဒေါင်းအလံကို ရှစ်လေးလုံးမှာမှ စသုံးတာ မဟုတ်ပေမဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီးဆိုတာ မြန်မာပြည်သူတရပ်လုံး ခွပ်ဒေါင်းအလံတော်အောက်မှာ ညီညွတ်စွာ ဆုံစည်းခဲ့ပါတယ်။ ဒီအတွက် လုပ်တဲ့ အမှတ်တရ အခမ်းအနားမှာ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံ မပါရင် မပြည့်စုံဘူးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပါတော့ ပိုပြည့်စုံသွားတာပေါ့ ဆိုတာတော့ ဟုတ်တယ်။ အဲဒါ နောက်ထပ်လုပ်တဲ့ အခမ်းအနားတွေမှာ ပါစေချင်လို့ပဲ ဖြစ်တယ်။ အငြင်းပွားလိုတဲ့ ရည်ရွယ်ချက်မပါပါဘူး။
ဆိုနေတဲ့သူတွေက ဘယ်သူတွေဆိုတာ အောက်ဆုံးပိုဒ်မှာ ရေးထားပါတယ်။ အဲဒါ မစန်းစန်းမြင့်မဟုတ်ပါဘူး မျိုးဆက်သစ် ညီမငယ်လေးတဦးပါ။ မစန်းစန်းမြင့်က ဒီလောက်မငယ်တော့ပါဘူး။ မစန်းစန်းမြင့်ပုံလည်း စကားပြောနေတဲ့ပုံ ထည့်ထားတာ ရှိပါတယ်။ ပြန်ကြည့်လိုက်ပါနော့်။
တမြန်နှစ်က ကျနော်တို့မြို့မှာ ၈၈၈၈ အနှစ်၂၀ပြည့်
တီရှပ်ရောင်းတဲ့သူတွေက ခွပ်ဒေါင်းတော့ပါပါတယ်။
အရောင်က အနီ။ဒေါင်းနီဖြစ်နေလို့ ခေတ်အဆက်ဆက် အ၀ါရောင်သုံးတဲ့အကြောင်း ဝေဖန်ခဲ့ရသေးတယ်။
မငယ်ပြောသလို ဒေါင်းနီဒေါင်းဝါမပါ ဒေါင်းဗလာကျင်းနဲ့
အခမ်းအနားကျင်းပတာဆို ကျနော်သာရှိရင် မငယ်လို ဝေဖန်မိဦးမှာပဲ။နောက်ဟာကွက်တခုထောက်ပြတာလဲ ဖြစ်သင့်တဲ့ကိစ္စပါ။ဘယ်နေရာ-ဘယ်ရက်မှာလုပ်တယ်ဆိုတာ ဆိုင်းဘုတ်ရေးလေ့ရှိသူတိုင်း သတိမလွတ်ရတဲ့ သတိပဌာန်အလုပ်တခုဖြစ်ပါတယ်။
လေးစားခင်မင်လျှက်-အိုးဝေအောင်
Ma Nge, Please amend The name for NLD Parliamentary ,should be U Tin Htut, not U Tin Tun.
Good to see the comment from others here. In real life, it is a bit hard to organise the event under busy life. There are only few people spending their time, effort, and work under pressure for raising funds which we sent to refugees last year about AUD 2500, and this year, we raise AUD 2721 that will go to political prisoners in Burma. Yes, of course, there will be always things are not perfectly managed, but as long as the outcome, and the intention go for the struggle, we are making good effort. The other thing I want to emphasise here is that the entertainment in the event is meaningful and I give my great thanks to all involved such as Mono band, and Stereo band, Karen dance group organised by U Tha Kaw war.
Also, the whole day function is not organised by ABSDF, it is organised by many organisations, individuals after a lot of perparations. My point here is that you can be critique but also you can be proactive and supportive giving the comments. It is all up to you, but people who are doing for the struggle will still be doing and at this time, we should more focus on what we can do to finish the unfinished struggle.
ကိုနိုင်အောင် - ဦးတင်ထွဋ်နာမည် မှားနေတာ ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြင်လိုက်ပါပြီ။ Fundrasing က 2721 ဒေါ်လာ တယ်ဆိုလို့ ၀မ်းသာပါတယ်။ ဒီအခမ်းအနားဟာ အဖွဲ့အစည်းပေါင်းစုံက စုပေါင်းလုပ်တဲ့အခမ်းအနားဆိုတာလည်း ကျွန်မ ပို့စ်ထဲမှာ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ABSDF Australiaa Branch က စတင် အစည်းအဝေးခေါ်ကာ ဦးဆောင်ပြီး လုပ်ခဲ့တယ်ဆိုတော့ ခွပ်ဒေါင်းအလံ ကိစ္စကတော့ တခြားအဖွဲ့အစည်းတွေထက် ၈၈ မျိုးဆက်ဖြစ်တဲ့သူတွေမှာပဲ အဓိကတာဝန်ရှိတယ်ယူဆပါတယ်။ ကိုနိုင်အောင် ပြောထားတဲ့ အခက်အခဲတွေကို အားလုံး သဘောပေါက်ပါတယ်။ ကျွန်မက ကိုနိုင်အောင်တို့ကို အပြစ်တင်ထားတာ မဟုတ်ဘူး။ ကျွန်မ တကယ်ခံစားရတာနဲ့ လိုအပ်တယ်ထင်တာကို ထောက်ပြတာသာ ဖြစ်ပါတယ်။ အရင်နှစ်ကလုပ်တဲ့ အခမ်းအနားမှာလည်း ခွပ်ဒေါင်းအလံမပါလို့ ကျွန်မဒီလိုပဲ ခံစားခဲ့ရပေမဲ့ အဲဒီတုန်းက ပို့စ်ထဲမှာ ကျွန်မ ဘာမှမပြောခဲ့ဘူး။ အခမ်းအနားပြီးလို့ လုပ်တဲ့ အစည်းအဝေးမှာပဲ နောက်နှစ်ကျရင် ဖြစ်အောင်ထည့်ဖို့ အကြံပြုတော့ အားလုံးကလည်း လက်ခံကြတော့ ဒီနှစ်တော့ ခွပ်ဒေါင်းအလံပါလိမ့်မယ်လို့ အတိအကျ ထင်ထားပါတယ်။ အခမ်းအနားစတဲ့အချိန်မှာ ကျဆုံးသွားသူတွေနဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို အလေးမပြုလိုက်ရဘဲ အသက်ပေးသွားသူတွေအတွက် ၀မ်းနည်းတဲ့အထိမ်းအမှတ်နဲ့ တမိနှစ်ငြိမ်ပြီးပဲ စခဲ့ရတာကို ကျွန်မ တကယ်စိတ်မကောင်းခဲ့ဘူး ဒါကိုပြောချင်ခဲ့ပေမဲ့ အကျိုးမရှိဘူးထင်လို့ ပို့စ်ထဲမှာ ဘာမှ မထည့်ခဲ့ဘူး။ အမှန်က ခွပ်ဒေါင်းအလံ မရှိရင် ပိတ်စနဲ့ ပုံဆွဲဖို့ ဆေးတွေဝယ်ပြီး ကိုရဲနိုင်ကို အကူအညီတောင်းပြီး ဆွဲခိုင်းလည်း ဖြစ်ပါတယ်။ ကျွန်မ ဒီအပေါ်မှာ အပြစ်တင်လိုခြင်း ရည်ရွယ်ချက် လုံးဝမရှိဘူးဆိုတာ မှတ်ချက်လာပေးတဲ့ သူတွေကို အကြောင်းပြန်ထားတာတွေကိုရော ပို့စ်ကိုပါ အသေအချာ ပြန်ဖတ်ကြည့်ရင် ကိုနိုင်အောင် သဘောပေါက်ပါလိမ့်မယ်ထင်တယ်။
မဲဆောက်ဘက်က အခမ်းအနားတွေမှာတော့ ကမ္ဘာမကြေဘူးတပုဒ်ပဲ ဆိုတယ်။ ၈လေးလုံး အထိမ်းအမှတ်နေ့နဲ့ အကိုက်ညီဆုံးလို့ ထင်တယ်လေ။
တက်တက်ကြွကြွကြီး လှုပ်ရှားဆိုနေတာနဲ့ ကရင်ဒုံးယိမ်းကတော့ သိပ်မလိုက်သလိုပဲ မငယ်နိုင်ရေ။ အထိမ်းအမှတ်နေ့တွေထဲမှာ ဒီလိုနေ့မျိုးက အာဇာနည်နေ့လို ၀မ်းနည်းကြေကွဲဘွယ်နေ့မျိုးမဟုတ်လား။
အစ်မ ခင်မင်းဇော်
မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ မဲဆောက်မှာ လုပ်တဲ့အခမ်းအနားနဲ့ ဒီမှာလုပ်တဲ့အခမ်းအနား ကွာတာက မဲဆောက်နဲ့ နယ်စပ်မှာ လုပ်တဲ့အခမ်းအနားက နိုင်ငံရေးသက်သက်ပဲ ဖြစ်ပေမဲ့ ဒီမှာလုပ်တဲ့အခမ်းအနားက နိုင်ငံရေး အနှစ်သာရရော Fundraiaing ပါပါတယ်။ ပြီးတော့ တက်ကြွစွာ သီဆိုတယ် ကခုန်နေတယ်ဆိုတာတွေကလည်း သီချင်းရဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရအပေါ်မှာ မူတည်တယ်လို့ ကျွန်မထင်တယ်။ ခုနက ကိုရဲမင်းထွန်းကို အကြောင်းပြန်ထားတာတွေကို အစ်မကိုလည်း ထပ်ပြီး ရည်ညွန်းချင်ပါတယ်။ နောက်ဥပမာတခု ပေးချင်တာက နစ္စ၊ ဂီတဆိုတာ ဘာသာရေးအရ အားမပေးပေမဲ့ မြတ်စွာဘုရားရဲ့ အောင်ခြင်းရှစ်ပါးအပါအ၀င် တရားဓမ္မတွေကိုကျတော့ သီချင်းလုပ်ပြီး နစ္စ၊ ဂီတဖြစ်အောင်လုပ်ဆိုတာကို အားပေးတာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသီချင်းတွေထဲမှာ တရားတွေပါနေလို့ ခွင့်ပြုတာ ဖြစ်တယ်။ အခုလည်း ဒီမှာ ကခုန်မြူးတူးနေတာဟာ ဒီမိုကရေစီအတွက် ဘယ်လို ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကာလက စပ်ဆိုထားတဲ့ သီချင်းတွေသာ ဖြစ်ပါတယ်။ ပုဂံမြို့ဟောင်းတနေရာကို စပ်ဆိုထားတဲ့ တက္ကသိုလ် ဒို့ကျောင်းတနေရာဆိုရင်လည်း လွမ်းလွမ်းဆွေးဆွေးနဲ့ ဆိုမှာ ဖြစ်သလို မြူးမြူးကြွကြွ စပ်ထားတဲ့သီချင်းကို မြူးမြူးကြွကြွ သီဆိုခြင်းသာ ဖြစ်ပါတယ်။ ကရင်ဒုံးယိမ်းကလည်း ညီညွတ်မှုကို ဦးတည်ပြီး သီဆိုထားတဲ့ သီချင်းနဲ့ ကတာဖြစ်တယ်။ ဒါတွေကို Fundraising အတွက်လုပ်ရင်း လာတဲ့ ပရိတ်သတ်ကို Message ပေးခြင်းသာ ဖြစ်ပါတယ်။ အကျိုးအမြတ်က ရှစ်လေးလုံးမှာ ဒါတွေဖြစ်ခဲ့တယ် ဒီလိုတွေလုပ်ခဲ့တယ်ဆိုတဲ့ message ကို နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲလာတဲ့သူသတွေကို ပေးဖြစ်သလလို တကယ်ပါဝင်ခဲ့သူတွေအတွက် ပြန်လည်အမှတ်ရစေပါတယ်။ နောက်ပြည်တွင်း (သို့) နယ်စပ်ကို ပို့ပေးဖို့အတွက် Fundraising အတွက် ဖြစ်တဲ့အတွက် တချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ ဒါတွေကို တင်ဆက်တာ အကျိုးရှိတယ်လို့ ကျွန်မမြင်တယ်။ ကျွန်မ သဘောမကျတာကတော့ ခွပ်ဒေါင်းအလံမပါတာ တခုပါပဲ။
Please correct Greens party NSW MP name is "John Kaye" not "John Mccane".
He is one of longtime supporters for Burma cause and can visit his website at: http://www.johnkaye.org.au/
To review Burma issue on his website, please go to his campaigns tab.
အမရေ
အမဘာပဲပြောပြော တခုခုတော့လွဲနေတာ အမှန်ပါဘဲ ဆန္ဒပြတဲ့ပုံတွေလဲ ကျနော်လေ့လာပါတယ် ခွပ်ဒေါင်းအလံကို လုံးဝ မသုံးထားပါဘူး။ ထွက်ပြီးတော့တောင် ကလိုက်ပါသေးတယ်ဗျာ။ ဘာမှ မလုပ်သာထက်စာရင် ပိုကောင်းသေးတယ်လို့ ဖြေတွေးပေးရမှာကို စိတ်မပါဘူး အသက်ကြီး ပုဂ္ဂိုလ်တွေ အများကြီးပါနေလို့ပါ။ တခုခုတော့လွဲနေတာလို့ တွေးကိုတွေးရမှာတော့ အမှန်ပါ။ ရှစ်လေးလုံးအခမ်းနားနှင့် ခွပ်ဒေါင်းအလံ။ ကခုန်ခြင်းနှင့် ရှစ်လေးလုံးအခမ်းအနား။ အယူဆစွဲဘဲပြောပြော ရှေးရိုးအစဉ်လာသမားဘဲပြောပြော အကောင်းမမြင်ဘူးဘဲ ပြောပြော ကျနော်တော့ လွတ်လပ်စွာ ဝေဖန်ခွင့်ရှိလို့ ထပ်ပြောခြင်တယ်။ (တစ်) ဒေါင်းအလံ မသုံးတာ(နှစ်) ပျော်ပျော်ရွှင်ရွှင် က နေတာ လုံးဝမသင့်တော်ပါဘူး(အမရေ ဗျောတီးမယ့် နေရာမှာ ဒိုးပတ်တီးပြီး ငိုချင်းချရတဲ့ သဘောမျိုးတော့ ကျနော် မကြားဘူးပါဘူး)။ ထိုင်းနယ်စပ်မှ ဒေသခေါင်းဆောင်တွေ အောင်းမေ့ဖွယ် အခမ်းအနားတွေမှာလဲ မတွေ့မိပါဘူး (ကျနော်ဘဲ မျက်စိရှန်းလား မသိတော့ပါဘူး)။
ဒီလိုကျနော်တို့ ဖျော့တွေးပေးလိုက်ရင် ကြာလာရင် ရှစ်လေးလုံးအခမ်းအနားကို နိုင်ငံခြားရောက်မျိုးဆက်သစ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်တဲ့ အခမ်းအနားဆန်ဆန်တွေ အတွေးရောက်လာပါလိမ်မယ်။ နိုင်ငံခြားသားတွေနှင့် အထူးအဖြင့် လူဖြူတွေနှင့် ပေါင်းစပ်ပြီး အခမ်းနားလုပ်တဲ့အခါ သူတို့က အမြဲတမ်းတော့ ရိုးရာယဉ်ကျေးမှုနှင့် ဆိုင်ရာတွေကို ဖေါ်ထုက်ပေးဖို့ နှင့် သရုပ်ဖေါ်တွေကို လိုင်းတင်လာတာတွေ ရှိပါတယ်။ ဒါကိုတာဝန်ရှိသူတွေက အခမ်းအနားနှင့် မဆိုင်တာတွေကို သတိရှိရှိနှင့် ဖယ်ပြီး ပြင်ဆင်သင့်တယ်။ အခုအဖြစ်အပျက်ကို ကျနော်တို့ အဝေးကနေဘဲ ပြောနိုင်တာပါ။ စီစဉ်သူတွေ အနီးရှိသူတွေ ပိုသိပါလိမ့်မယ်။ ဒေါင်းအလံမရှိလို့ မထည့်တာဆိုတာမျိုးကြီးတော့ အမရေ မဖြစ်နိုင်ဘူးထင်ပါတယ် ဒီလောက်ခမ်းခမ်းနားနားကြီး ကျင်းပနိုင်ပြီး။ ၅ပေ ၃ပေခွဲ အနီရောင် စာရွတ်(သို့)အ၀တ်စပေါ်မှာ ဒေါင်းရုပ်လို့ထင်ရအောင်ရေးရင်ကို ဒေါင်းအလံဖြစ်တဲ့ အလံကို မလုပ်နိုင်တာတော့ မဟုတ်နိုင်ပါဘူး။ အဲဒီမှာ ဒေါင်းအလံကို မမေ့သင့်တဲ့ ရှောင်လို့ကို မရတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေလဲ အများကြီးပါ အမည်မတပ်လိုပါဘူး အပြုသဘောဝေဖန်နေတာ ပုဂ္ဂိုလ်စွဲမှ အစဘာအစွဲမှ မပါလို့ပါ။ အမြင်မတော် ဆင်တော်နှင့်ခလောက်လို တော်တော်လေး ကြည့်ရဆိုးပါတယ်။
အမရေ စိတ်ခံစားမှုနှင့် ဆက်ရေးရင် အမှားတွေဝင်လာမယ် ဒီမှာဘဲ ရပ်လိုက်ပါတယ်ခင်ဗျာ။
အခုလို ထောက်ပြဖေါ်ထုက်ရေးသားပေးတဲ့ အမငယ်နိုင်ကို လေးစားပါသည်။
အားလုံးကို
ခင်မင်လေးစားစွာဖြင့်
ရဲမင်းထွန်း
ကိုရဲမင်းထွန်း ထောက်ပြတာ အကျိုးအကြောင်း ဆီလျှော်တဲ့အချက်တွကို လုံးဝလက်ခံပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိတော့ ဒီလိုပဲ တဦးသတိမထားမိလိုက်တဲ့ လိုအပ်ချက်တွေကို တဦးက အပြုသဘောနဲ့ ထောက်ပြဖို့ တာဝန်ရှိပါတယ်။ အပေါ်မှာ ကျွန်မ ပြောခဲ့သလိုပဲ အခုကိစ္စကတော့ နိုင်ငံခြားသားတွေနဲ့တော့ သိပ်မဆိုင်ပါဘူး။ ကျွန်မတို့ ၈၈ က လာတဲ့ သူတွေရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်။ နောက်ထပ် မဖြစ်အောင်တို့ ကျွန်မတို့ဝိုင်းဝန်း ကြိုးစားသွားရမှာ ဖြစ်တယ်။
John Kaye နာမည်ကို ထောက်ပြပေးတာ ကျေးဇူးတင်ပါတယ် Anonymous. မှားနေတာကို ပြင်လိုက်ပါပြီ။
သီချင်းစာသားတွေကို ဗွီဒယိုအောက်မှာ ထည့်ထားပေးပါတယ်။ ဒီသီချင်းတွေဟာ ရှစ်လေးလုံး အခမ်းအနားနဲ့ သင့်တော်မတော်ဆိုတာ သီချင်းစာသားတွေကို ကြည့်ပြီး သိနိုင်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ အထူးသဖြင့် မြူးမြူးကြွကြွ ဆိုထားတဲ့ ညီညွတ်ရေးရဲ့ သွေးသစ်ဆီ သီချင်းဟာ ရှစ်လေးလုံးမှာ စပ်ထားတဲ့ သီချင်းဖြစ်ပြီး ရှစ်လေးလုံးမှာ ဖြစ်ခဲ့တာကို မာန်ပါပါနဲ့ ဆိုတဲ့သီချင်း ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒီသီချင်းဟာ ရှစ်လေးလုံး အခမ်းအနားနဲ့ မအပ်စပ်ဘူးလို့ ဘယ်လိုမှ ပြောလို့မရနိုင်ပါဘူး။
http://www.thesun.co.uk/sol/homepage/news/3060907/Black-parents-give-birth-to-white-baby.html
ပို့စ်နဲ့တော့ မဆိုင်ပါဘူး ဒါပေမယ့် သိချင်လို့ပါ... လူမည်းနှစ်ဦးက မွေးဖွားလာတဲ့ လူဖြူကလေး အဲဒါ ဘာကြောင့်လဲ
Anonymous မေးတဲ့ မေးခွန်းက မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ ပို့စ်တခု ဖြစ်တဲ့ အမျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁) ( http://nge-naing.blogspot.com/2009/10/blog-post_27.html ) မှာ ဗမာမိဘနှစ်ဦးကနေ အဖြူ အမွှာကလေးနှစ်ဦး မွေးလာတာနဲ့ ဥပမာပေးပြီး Autosomal Recessive ခေါင်းစဉ်အသေးအောက်မှာ ကျွန်မ ရေးထားတာ ရှိပါတယ်။ အဲဒါကို အရင်သွားဖတ်ကြည့်စေချင်တယ်။ ဖတ်ကြည့်လို့ မရှင်းမှ အဲဒီပို့စ်အောက်မှာ မေးခွန်းပြန်မေးရင် ကျွန်မ ပြန်ဖြေပေးလို့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်က တင်ထားတဲ့ ပို့စ်ဖြစ်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
ဒီနှစ် ၈-လေးလုံး အခမ်းအနားက အဖွဲ့ အစည်းတွေစုပေါင်းလုပ်တာ ဆိုပေမယ့် အခမ်းအနားပြင်ဆင်တဲ့တာဝန်ကတော့ ကျွန်တော်အပါအ၀င် ၃-၄ ယောက်မှာပဲတာဝန်ရှိပါတယ်။ ခွပ်ဒေါင်းအလံပါသင့်တယ်လို့ ဝေဖန်ကြတာကို ကျွန်တော်လက်ခံပါတယ်။ ဒါကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ပါတယ်။ သတင်းပို့ တဲ့ မငယ် နဲ့ ဆွေးနွေးပေးကြသူအား လုံးကို ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဒီကိစ္စကိုအကြောင်းပြုပြီး အခုလို ဆွေးနွေးဖြစ်တာရယ်၊ ၈-လေးလုံး ရဲ့ အဓိက အနှစ်သာရဟာ ဘာလည်းဆိုတယ် စဉ်းစားမိစေတယ်ဆိုရင်တော့ အားလုံးအတွက်အကျိုးရှိနိုင်တဲ့ ပိုစ့်တစ်ခုပါပဲ . .
ကိုအောင်နိုင်ရေ တာဝန်ယူပြီး တာဝန်ခံနိုင်တဲ့ စိတ်ဓတ်ကို လေးစားပါတယ်။ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ကိုအောင်နိုင်တို့ ဘယ်လိုအနစ်နာခံပြီး အခက်အခဲကြားက လုပ်ရကိုင်ရတယ်ဆိုတာ ကျွန်မ နားလည်ပြီးသား ဖြစ်တယ်။ အမှန်အတိုင်းပြောရရင်တော့ အဲဒီအထဲမှာ အိမ်ကတယောက်လည်း ပါပါတယ်။ အခမ်းနား ပြင်ဆင်နေတဲ့ ကာလတွေမှာ သီချင်းတိုက်ဖို့ သွားနေတာပဲ။ ကိုအောင်နိုင် လာမရေးခင် ဟိုနေ့က ကိုနိုင်အောင် မှတ်ချက်လာရေးပြီးနောက်ပိုင်း အိမ်ကတယောက်က ကျွန်မကို မင်းက သူများ တာဝန်ပေးလည်း မယူ၊ ကိုယ်လည်း ဘာမှမလုပ်ဘဲနဲ့ သူများလုပ်တာကိုကျတော့ သွားဝေဖန်စရာလား အပြင်မှာတွေ့ရင် ပြောလိုက်လည်း ပြီးတဲ့ကိစ္စကို ဘလော့ဂ်ထဲမှာ ရေးစရာလားနဲ့ လာအပြစ်တင်နေလို့ ကျွန်မလည်း ကိုယ်မလုပ်ပေမဲ့ အမြင်မတော်တာ တွေ့ရင်မပြောရတော့ဘူးလား မနှစ်ကအကြံပေးတာ လက်ခံတယ်ဆိုပြီး မလုပ်လို့ အခုလူသိရှင်ကြား အကြံပြုတာလို့ ပြန်ပြောလိုက်တယ်။
ဒီကြားထဲ ပွဲလန့်တုန်းဖျာခင်းသလို လာလုပ်ပြီး ကျက်သရေမရှိတဲ့ အသုံးအနှုန်းတွေနဲ့ မှတ်ချက် လာလာရေးနေတဲ့ ကိုဇော်မျိုးကိုလည်း အသိပေးလိုက်မယ်။ ကိုဇော်မျိုးမှတ်ချက်ကို ကောင်းကောင်းဆိုးဆိုး ကျွန်မဘလော့ဂ်မှာ လုံးဝလက်မခံဘူးဆိုတာ အပေါ်မှာ ရေးထားတာ ရှိပါတယ်။ အခုထပ်ပြီးသတိပေးလိုက်တယ်။
14 Aug 10, 00:27
မဗေဒါ (၈၈): တခါတလေ မန့်တွေ ဖတ်ရတာ မဆိုးပါဘူး.. အလုပ်တွေ ရူပ်နေပါသလား.. အသစ်မတင်လည်း လာခဲ့တာပါပဲ..အလည်သက်သက်သဘော..
ဘယ်ဆိုးမလဲ ဇော်မျိုးလာရေးတဲ့ ကျက်သရေမရှိတဲ့ မှတ်ချက်တွေကို ဖျက်ထားတာကိုး၊ သူငယ်ချင်းလည်း သတိထား သူငယ်ချင်းဘလော့ဂ်မှာ သူ့မှတ်ချက်တွေ ယဉ်ယဉ်ကျေးကျေးနဲ့ တွေ့နေရတယ်။ အရောဝင်လိုက်တာနဲ့ စွပ်ထားတဲ့ ကျည်တောက်ပြုတ်ကျပြီး ကောက်တဲ့အမြှီးကို နဂိုအတိုင်း တွေ့ရလိမ့်မယ်။ လုံးဝ တလေးတစားနဲ့ အရေးပေးဖို့ မစဉ်းစားနဲ့ မှားသွားလိမ့်မယ်။
Post a Comment