ဘယ်ပါတီကိုပဲ မဲပေးပေး အာဏာရှင်ဟာ အာဏာရှင်ပဲ ဖြစ်ပါတယ်။ အာဏာရှင်မဟုတ်ဘဲ ၀င်အရွေးခံတဲ့ ပါတီတွေကလည်း မိမိဆန္ဒမှာ ရည်ရွယ်သည်ဖြစ်စ၊ မရည်ရွယ်သည်ဖြစ်စေ စစ်အာဏာရှင် သက်ဆိုးရှည်အောင် ၀ိုင်းဝန်းကျားကန်ပေးသူတွေသာ ဖြစ်တယ်။ မဲပေးသူတွေကလည်း ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ၊ တရားမ၀င်တာကို တရားဝင်အောင် လုပ်ပေးရာမှာ ပါသူသူတွေသာ ဖြစ်တယ်။ ဒီတော့ ဒီရွေးကောက်ပွဲမှာ ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တဲ့ တခုတည်းသော အရာကတော့ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ခြင်းပါပဲ။
သဘောကျလွန်းလို့ မိုးသောက်ကြယ်မှာ တင်ထားတာကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ အလုပ်များဆုံးအချိန် ဖြစ်နေလို့ ပို့စ်ရေးချင်ပေမဲ့ ရေးဖို့အချိန်မရေတဲ့အချိန်မှာ ကျွန်မရင်ထဲက ပြောချင်တာနဲ့ ဒီလိုထပ်တူကျတဲ့ ပို့စ်တွေကို တင်ပြသူတွေရှိပြီး ပြန်လည်ဖေါ်ပြခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
မဲမပေးကြပါနဲ့
NO VOTE
NO VOTE - NO VOTE
သဘောကျလွန်းလို့ မိုးသောက်ကြယ်မှာ တင်ထားတာကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ အလုပ်များဆုံးအချိန် ဖြစ်နေလို့ ပို့စ်ရေးချင်ပေမဲ့ ရေးဖို့အချိန်မရေတဲ့အချိန်မှာ ကျွန်မရင်ထဲက ပြောချင်တာနဲ့ ဒီလိုထပ်တူကျတဲ့ ပို့စ်တွေကို တင်ပြသူတွေရှိပြီး ပြန်လည်ဖေါ်ပြခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
NO VOTE - NO VOTE
NO VOTE
မဲမပေးကြပါနဲ့
(လုံးဝ မဲမပေးကြပါနဲ့)
NO VOTE
မဲမပေးကြပါနဲ့
(လုံးဝ မဲမပေးကြပါနဲ့)
မဲမပေးကြပါနဲ့
NO VOTE
NO VOTE - NO VOTE
9 comments:
( ဒီတော့ ဒီရွေးကောက်ပွဲမှာ ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တဲ့ တခုတည်းသော အရာကတော့ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ခြင်းပါပဲ။ )
မြန်မာလူမျိုးတွေကိုပဲ သြ၀ါဒတွေအမျိုးမျိုး ပေးနေတယ်။ မြန်မာလူမျိုးတွေကိုပဲ အမျိုးမျိုး နှိပ်ကွပ်နေတယ်။ မြန်မာလူမျိုးတွေကိုပဲ အရေးယူအပြစ်ပေးနေတယ်။ ခင်ဗျားတို့ဟာလဲ မြန်မာလူမျိုးဆန့်ကျင်ရေးလားလို့ မေးရမလိုဖြစ်နေပြီ။
အရင်ကော်မန့်မှာ တွေလဲ မတင်ဘူး။ အခုကော်မန့်ရောတင်ပေးမှာလား? ဒီမိုဘလော့မှာ နအဖ လို မလွတ်လပ်ဘူး
သို့
စာအုပ်ထူထူကြီးတွေဖတ်နေသူများ
ကျုပ်တို့က မွတ်ဆလင်တွေကို သတင်း၊ သမိုင်းနဲ့ သင်ကြားမှုတွေပေါ်အခြေခံပြီး မွတ်ဆလင်တွေကို မကောင်းဘူး. .. . . ယုတ်ညံ့တယ်လို့ပြောတော့ ကုလားမှာလဲ လူကောင်းတွေရှိတယ်။ အားလုံးကို ၀ါးလုံးရှည်နဲ့ မရမ်းရဘူးဆိုပြီး ပြောဆို ဆုံးမတဲ့လူတွေ အများကြီးရှိပါတယ်။ စစ်သားဆိုတာ ၀မ်းရေးအတွက် နအဖဆီမှာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေပါ။ ကောင်းတဲ့သူ ၊ ဆိုးတဲ့သူ၊ နအဖ ထောက်ခံတဲ့သူ၊ နအဖကို မုံန်းတဲ့သူ အမျိုးမျိုးရှိနေတာပဲ။ စစ်သားအားလုံးကို ၀ါးလုံးရှည်နဲ့ ရမ်းပြီး ဆဲတော့ ဘယ်သူကမှ မတားဘူးနော်။ ဒီမိုတွေထဲမှာလည်း ဒေါ်လာစားတဲ့သူတွေရှိသလို တိုင်းပြည်အတွက် စေတနာနဲ့လုပ်နေသူတွေလည်းရှိတာပဲ။ အခွင့်အရေး မယူပဲ တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ ဒီမိုတွေ . . . . ဘ၀အပျက်ခံတဲ့ ဒီမိုတွေလဲရှိပါတယ်ဗျာ။ ဒါပေမယ့် ဒီမိုအားလုံးကို ၀ါးလုံးရှည်နဲ့ရမ်းပြီး နှစ်ပြားမတန်အောင်ဆဲတော့ ဘယ်သူကမှ ၀င်ပြီးမတားဘူးနော်?
ကုလားတွေမှာလဲ လူကောင်းရှိတယ်ဆိုတဲ့ စကားပြောနေတဲ့သူတွေက . . . ဘာလို့ နအဖနဲ့ ဒီမို ၂ ဖက်စလုံးမှာ လူကောင်းရှိတယ်ဆိုတဲ့စကားကို မပြောကြတာလဲ? စာအုပ်တွေနဲ့ မီဒီယာတွေထဲမှာက မွတ်ဆလင်မှာလဲ လူဆိုးလူကောင်းရှိတယ်ဆိုပြီး ရေးထားလို့ ကြက်တူရွေးတွေလို အသံကြားရာကို လိုက်အော်တာလား? နအဖနဲ့ ဒီမို ၂ ဖက်စလုံးမှာ လူဆိုးလူကောင်းရှိတယ်လို့ စာအုပ်တွေမှာ ရေးမထားလို့ အဲဒီစကားကို မပြောတာလား? ဒါဆို၇င် ခင်ဗျားတို့ ခေတ်ပညာတတ်ဆိုသူတွေရဲ့ အတွေးအမြင်က ကြက်တူရွေး လောက်ပဲ အဆင့်ရှိတယ်လို့ စွပ်စွဲချင်တယ်။
လေးစားလျက်
ဇော်မျိုး
ဇော်မျိုးဆိုတဲ့သူ ဘလော့ဂါတွေချဉ်ဖတ်တင်မဟုတ်ဘူးနော် စာဖတ်သူတွေရဲ့ချဉ်ဖတ်လည်းဖြစ်နေပြီ။ သူများကို လိုက်မပြုပြင်ခင် ကိုယ့်ကိုယ်ကိုလည်းပြန်စမ်းစစ်ပါဦး။
ကိုဇော်မျိုးပြောတဲ့ ကုလားတွေ ကိစ္စလူတိုင်းသိတယ်၊ ဒါပေမဲ့သူတို့ထဲမှာ လည်း moderate တွေ အေးအေးနေလိုသူတွေရှိတယ်။
လုပ်ချင်တိုင်းသွားလုပ်လို့မရဘူး။ ဆင်ခြင်ပြီး သတိထားပြီးရေးပါ။
တစည ကြံ့ဖွံ့ ကိုမကြိုက်ဘူး... သို့သော်အပေါ်က ယူကျု ဗီဒီယိုက အဆင့်နိမ့်လိုက်တာ (အောက်တန်းကျတာတော့မဟုတ်ပေမဲ့ ပုတယ်)
aubergine
ဟုတ်ပါ့။ Video က တော်တော်လေးကို အဆင့်နိမ့်ပါတယ်။ ညံ့ရှာပါတယ်။ ညံ့ရှာပါတယ်
သို့
Aubergine
ခင်ဗျားလို စာအုပ်ထူထူကြီးတွေကို အရမ်းတန်ဖိုးထားတဲ့သူတွေက ကျုပ်ပြောတာကို ဒေါသထွက်တာ နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျား စဉ်းစားကြည့်နော်။ စာအုပ်ထူထူကြီးတွေဖတ်တဲ့သူတွေက လူတွေသာ ကွဲသွားတယ်.. ပြောလိုက်တဲ့စကားတွေ အတူတူဒါတွေချည်းပဲ။ ဘာဖြစ်လို့လဲ? အားလုံးဟာ စာအုပ်ထဲက ရေးထားတာကို ကြက်တူရွေးလိုပဲ ၇ွတ်ပြေနေလို့ပါပဲ။ ခင်ဗျားတို့ စကားအားလုံးဟာ စာအုပ်တွေ မီဒီယာတွေထဲက စကားလုံးတွေချည်းပဲ။ “Moderate တွေက အေးအေးနေတယ်” ဆိုတဲ့စကားဟာလဲ စာအုပ်တွေထဲမှာရေးထားတဲ့စကားလုံးပါပဲ။ ခင်ဗျားဟာ အဲဒီစကားလုံးရဲ့ အနက်အဓိပါယ်ကို အတိအကျ မသိပါဘူး။ တကယ်တမ်း အဲဒီအကြောင်းကို ဆွေးနွေးကြည့်ပါ။ ခင်ဗျားထွက်ပြေးမှာပါ။
နောက်ပြီး Moderate ဆိုတဲ့လူမျိုးက ကုလားမှ မဟုတ်ပါဘူး နအဖနဲ့ ဒီမိုတွေမှာလဲရှိပါတယ်။ ဘာဖြစ်လို့ နအဖနဲ့ ဒီမိုတွေမှာ အေးအေးနေတဲ့ Moderate တွေရှိနေတာပဲ ၀ါးလုံးရှည်နဲ့မရမ်းနဲ့ဆိုတဲ့စကားကို မပြောတာလဲ? အဖြေကတော့ရှင်းပါတယ် . .. . အထက်က ရေးထားသလိုပဲ မီဒီယာတွေနဲ့ စာအုပ်တွေမှာ . . . . နအဖနဲ့ ဒီမိုတွေမှာ Moderateတွေရှိတယ်လို့ ရေးထားတာမ မဖတ်မိလို့ မပြောကြတာပါ။ ကျုပ်ပြောတာ အမှန်တွေချည်းပါပဲ။ တကယ်လို့ ခင်ဗျားဟာ ကြက်တူရွေးထက်မြင့်မားကြောင်း သက်သေပြလိုလျှင် ဖတ်ထားတဲ့ စာတွေကို နှုတ်တိုက်ရွတ်ပြနေတာထက် အကျိုးအကြောင်းနဲ့ ရှင်းပြပါလို့ပြောချင်ပါတယ်။
လေးစားလျက်
ဇော်မျိုး
youtubeမှာတင်ထားတဲ့ တစည နဲ့ ကြံ့ခိုင်ရေး ဆိုပြီး ကိုယ့်ပါသာ နယ်စပ်မှာ တစည ကြံ့ခိုင်ရေး နေရာကနေ၀င်ပြီး ဟန်ပြ သရုပ်ဆောင်ထားတယ်...အဆင့်တန်းကလည်းမရှိဘူး...အဲဒီလို ပုံစံမျိုးတွေဟာ အသိပညာနည်းလွန်းတဲ့ ခေတ်ကာလအတိတ်က ပုံစံမျိုးတွေသာဖြစ်တယ်...ဒါတွေဟာ ယနေ့ခေတ် နည်းပညာခေတ်ကြီးမှာ ဒါမျိုးတွေဟာ လူရီစရာလိုဖြစ်နေပြီ....
မောင်သော်က
Post a Comment