မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တကသ သွေးသမိုင်းနှင့် တက္ကသိုလ် ဒို့ကျောင်းတနေရာ

7 July မှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို ဂုဏ်ပြု အလေးပြုသည့်အနေနဲ့ 7 July နဲ့ ပတ်သက်နေတဲ့ သီချင်းနှစ်ပုဒ်ကို တင်လိုက်ပါတယ်။ သီချင်း နှစ်ပုဒ်အနက် တကသ သွေးသမိုင်းက ဒီသီချင်းကို ဆိုခဲ့သူ ကိုမြတ်သူကိုယ်တိုင် လွန်ခဲ့တဲ့ သုံးလေးလခန့်က Facebook မှာတင်ထာတာကို တွေ့လို့ ကူးယူထားတာ ဖြစ်ပြီး၊ တက္ကသိုလ် ဒို့ကျောင်းတနေရာကတော့ ဆရာမမေငြိမ်း တင်ခဲ့တဲ့ ပို့စ်က ပြန်ကူးထားပါတယ်။


တကသ သွေးသမိုင်း




(သီချင်း No 1 ဖြစ်တဲ့ TAKATHA ကိုပဲ နားထောင်ပါရန်)


ကြူကြူ ...သင်းသည် လျမ်းလျမ်း....တောက်သည် ရှေ့ဟိုအရပ်ဆီ.... မနက်ခင်းနေမှသည် လူငယ်ပီပီ တက်ကြွသည်.... စွန့်လွှတ်သည်... အား....ရှိသည် အနာဂတ်ကို... ငါတို့.. ပိုင်ဆိုင်သည်....

(ပြည်သူနဲ့ လက်တွဲလို့သာချီ ပြည်သူကို ငါတို့အမြဲယုံကြည် ပြည်သူအတွက် အလုပ်ကျွေးပြုပါမည် တကသ သွေးသမိုင်းထ၀စဉ်နီ)၂

(စစ်အာဏာရှင် ပျက်ပြိုကာတည် ပြည်သူ့ခေတ်တွင် တို့တတွေ ကျောင်းတက်မည်၊ မီးလောင်မြေ တစပြင်မှာသည် ထွန်းသစ်တဲ့ တက္ကသိုလ် ဒို့ဆောက်မည်။)၂

(ညီ ညာ.. လက်တွဲလို့ချီ ပြည်သာ.. လျှောက်လှမ်းကြမည် သေချာ.. အောင်ပွဲရမည်.. (ဟေ့ နီလည်းပဲနီသည် ချွန်လည်းပဲချွန်သည် ကျောင်းသားသမိုင်းသစ်ဆီ)၂ ဒီမိုကရေစီ ပညာရေး သွေးနဲ့အရင်းတည် ဒီမိုကရေစီ ပညာရေး ပေါင်းကူးပေးမည် ညီညာသည် ပြည်သာမည် ချီ)၂…(အစအဆုံး တတခေါက်ပြန်ဆိုရန်)


(အဲဒီခေတ်က ကျောင်းသားတွေ စပ်ဆိုထားတာကို ABSDF ဗဟိုပြန်ကြားရေးဌာနက ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေတဲ့ နေ၀န်းနီနီအခွေထဲမှာ ကိုမြတ်သူပြန်ဆိုထားတဲ့ တကသ သွေးသမိုင်းသီချင်းက နံပတ် (1) သီချင်းပါ။ ဘယ်လိုပြန်ခွဲထုတ်ရမှန်းမသိလို့ အတွဲလိုက်ပဲ တင်လိုက်ပါတယ်။ (ပုံကို မြတ်လေးငုံဘလော့ဂ်မှ ကူးယူဖေါ်ပြထားပါတယ်။)

“တက္ကသိုလ် နယ်မြေတစ်နေရာ”

တက္ကသိုလ်.. ဒို့ကျောင်း.. တစ်နေရာ… အုတ်ပုံ အုတ်ပျက် စုလျက် ပုံလျက် နေပြန်တာ.. မြေမှာပြိုလဲ.. မသဲကွဲသော.. ထိုအချင်းအရာ သေချာကြည့်လျှင်.. အဖြေရှာ.. သိနိုင် ရာဇ၀င်.. အခိုင်အမာ.. ကျောက်စာမော်ကွန်း.. ထွန်းလျှက် ပေစာ.. မရှိပါ သော်လည်း.. အသဲအက်နာစရာ..(တရံတခါက တက္ကဝေယံ.. ဘုံပျံမဟာ.. ရှိပါလေငြား.. ကျောင်းသားယူနီယံ.. အိုးဝေကျူးသံနဲ့.. တောင်းဆုပြု.. ညီညီညာညာ မရွှင်နှိင်.. ခွေနွမ်း… လွမ်းစရာ့အခြေပါ.. စစ်မြေထိုတလင်း ကျင်းရက်လေရှာ)၂ သံကြော်ကြွေးလျက်သာ.. ရုံးစုလျှက် ညီညာကြရာ.. အပြစ်ရှာ မိုက်လုံးကြီးတာ.. သေနတ်ကို မောင်းတင်.. နှင်လေရှာ..။

မယုံကြည်နိုင်ပါလျှင်.. ကောင်းပါလိမ့်.. ရင်တသိမ့်သိမ့်ခုန် နာကျည်း ကြေကွဲဖွယ်ရာ.. အဖြစ်စစ် အဖြစ်မှန် ဆိုသည်မှာ ဘယ်ခါမှလဲ.. မလိုက်လျောပါ.. နှိပ်ကွပ်ဟန့်တား..တင်းတင်းမာမာ.. တယောက်ဆက်ကာ- တယောက်ပစ်တာ- သွေးတွေ ချောင်းစီးဆင်း.. အလောင်းချင်း ထပ်လျက်.. သေရရှာ မလန်းသော- သပြေနွမ်း ကြေပန်းပမာ.. အသည်းနာစရာ မြေမှာလျောင်း.. သက်ခန္ဓာ တောင် ပြောင်း… အကြောင်းက မပြေလည်ပါ.. မြတ်ဗုဒ္ဓ.. ထံတော်ပါး.. မခွဲ-ခွာပါ.. နေငြား အသည်းနာစရာ တမင်များ သခင်တပါးရယ်.. သနားငယ် မညှာ တက္ကသိုလ်ကျောင်းဝန်းက.. ချစ်ဆွေတသင်း.. ဒို့များခမျာ သစ္စာတော်ထား.. လှစ်ကြားနေဆဲ ဘာကမျှ.. မသိလေရှာ.. ကံအခြေမွဲသူပါ.. အသည်းနာစရာ.. အရေးရယ်က.. အမြဲစာနာ ဆွေးဘွယ်ပ ဖြစ်ရလေသည့်- ဆန်းထွေတလာ.. အာဏာမင်းတရား… ပထွေးက.. ကျောင်းသားမို့ဖြင့်.. ဘယ်လိုမှလဲ မသတ်လို့မဖြစ်ပါ.. ကလေးတွေ ဖြစ်လင့်ကစား ပြောမရလေက ဒေါပွချေသည်မှာ ရာဇဂုဏ် မောက်တဲ့မင်း.. တင်း သည်ချိန်ခါ နေလို လလို ဘုန်းသမ္ဘာ.. အရင့်အမာ… ငါလိုမင်းမှာ ဒင်းတို့က… မာန်ဖီလာ… ကျောင်းမြေတလင်းပြင်ထက်မှာ သေငြား..

(ဒေါသူပုန်ပွားကာ… ကျောင်းသားယူနီယံကြီးကို ဖြိုကာ… သေနတ်နှင့်ပစ်ရာ… ကျောင်းသားတွေမှာ.. အတုံးအရုံး သေရှာ )၂။ ကမ္ဘာရန် အမြဲသာ.. အသည်း.. နာ။

(သက်ဦးဆံပိုင်.. ဘုရင်အလား.. တမင်မသနား ကျောင်းသားတွေကို.. အရှင်မထား.. ကျောင်းမြေ တလင်းပြင် ထက်မှာ.. သေ ငြား.. တက္ကသိုလ်ဝင်းမှာ.. မပြေးသာ စတေးရှာ လေတော့တာ .. ရုတ်တရက်သာ သတ်ခဲ့တဲ့ ဒီနေရာ သွေးတွေ မြေကျသမို့ အသည်းမှာ တကယ် မချမ်းသာ )၂ ။

သင်ကြုံကြိုက်လို့ ရောက်တဲ့အခါ လာကြည့်စမ်းပါ.. (ယူနီယံအဆောက်အဦး.. တနေရာ..)၂။ မသဲမကွဲအမြဲရှိမှာ သဲသဲကွဲကွဲရှိလဲရှိမှာ.. သွေးကွက်တွေလဲ တ၀က် တပျက် ဆက်လက်ရှိအုံးမှာ.. ဖက်ဆစ်နယ်မြေ.. သင်ဖွေရှာ.. (ယူနီယံ အဆောက်အဦး အဲ့ဒီ တနေရာ- တက္ကသိုလ် ဒို့ကျောင်း အဲဒီ တစ်နေရာ..)၂။

(သက်ဦးဆံပိုင်.. ဘုရင်အလား.. တမင်မသနား ကျောင်းသားတွေကို.. အရှင်မထား.. ကျောင်းမြေတလင်းပြင် ထက်မှာ သေငြား.. တက္ကသိုလ်ဝန်းမှာ မပြေးသာ-စတေးရှာ လေတော့သာ.. ရုတ်တရက်သာ.. သတ်ခဲ့တဲ့ သည်နေရာ သွေးတွေမြေကျသမို့.. အသည်းမှာ တကယ်မချမ်းသာ )၂။

သင်ကြုံကြိုက်လို့ ရောက်တဲ့အခါ.. လာကြည့်စမ်းပါ (ယူနီယံအဆောက်အဦး တစ်နေရာ)၂။ မသဲမကွဲ.. အမြဲ ရှိမှာ သဲသဲကွဲကွဲ ရှိမြဲရှိမှာ.. ကျောက်စာတွေလဲ တ၀က် တပျက်.. ဆက်လက်ရှိအုံးမှာ.. ဖက်ဆစ်နယ်မြေ.. သင်ဖွေရှာ.. တက္ကသိုလ် ဒို့ကျောင်း.. အဲဒီ တနေရာ ။

(ဤသီချင်းသည် ဂီတစာဆို ကိုကျော့မှူး ရေးစပ်၍ တင်တင်မြသီဆိုသော “ပုဂံမြို့ဟောင်းတစ်နေရာ” သီချင်းသွားအတိုင်း စပ်ဆိုပါသည်။)

ဆရာမမေငြိမ်း တင်တဲ့ ဆဲဗင်းဇူလိုင် နောက်ဆက်တွဲ ပို့စ်ထဲက သီချင်းကို ကူးယူဖေါ်ပြပါတယ်။ ဒါပေမဲ့ ဒီသီချင်းကို ၈၉ ခန့်က နားထောင်ခဲ့ဖူးပြီး သီချင်းနာမည်ကို ကျွန်မက (တက္ကသိုလ် နယ်မြေတနေရာ) ထက် တက္ကသိုလ် ဒို့ကျောင်းတနေရာလို့ ပဲထင်နေပြီး (အဖြစ်စစ် အဖြစ်မှန် ဆိုသည်မှာ ဘယ်ခါမှလဲ.. မလိုက်လျောပါ..) နေရာမှာ အဖြစ်စစ် အဖြစ်မှန်ဆိုသည်မှာ ဘယ်အခါမှလည်း မတိမ်ကောပါလို့ပဲ ထင်နေတယ်။


76 comments:

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ ၈ ရက်၊ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အလုပ်သမား အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ဦးသန့် ဈာပန အရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ စစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည့် အာဇာနည် သူရဲကောင်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို အလေးပြုပါ၏။

၁၉၇၆ ခုနှစ်မှာ စစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည့် အာဇာနည် သူရဲကောင်း ဗိုလ်ကြီးအုန်းကျော်မြင့်ကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်၊ ဖုန်းမော်အရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၆ ရက်၊ ရန်ကုန်မြို့၊ အင်းလျားကန် တံတားဖြူအနီး တံတားနီအရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ ရန်ကုန်မြို့၊ မြေနီကုန်းအရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ နှင့် စက်တင်ဘာလ၊ ၈၈၈၈ ပြည်သူ့အရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်၊ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုတွင် လူထုခေါင်းဆောင်ကို ကာကွယ်ရင်း ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ၊ ၂၈ ရက်၊ ၂၉ ရက်၊ သံဃာ့အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၆၂ ခုနှစ်မှ ယနေ့အထိ လမ်းများ၊ ရဲအချုပ်များ၊ ထောင်များနှင့် စစ်ကြောရေးစခန်းများမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။


တာရာ

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁)


စစ်အာဏာသိမ်းမှုကို ဆန့်ကျင် အုံကြွခဲ့ကြသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသူ ကျောင်းသား ရာပေါင်းများစွာကို ၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်နေ့မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းခဲ့ပြီး ကျောင်းသား အပေါင်းတို့ရဲ့ အပျိုစင် မိခင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖြိုချ ဖျက်ဆီးခဲ့တဲ့ "၇ ဇူလိုင် အရေးတော်ပုံ" အကြောင်းကို စုစည်း တင်ပြထားတာ ဖြစ်ပါတယ်။


၇ ဇူလိုင် ကျောင်းသား အရေးတော်ပုံ


၇ ဇူလိုင် အကြောင်း ပြောမယ်ဆိုရင် ပထမဆုံး အဲဒီခေတ် နိုင်ငံရေး အခြေအနေနှင့် ကျောင်းသားထု အခြေအနေများကို မိတ်ဆက်ပြမှသာလျှင် ပြည်စုံပေလိမ့်မယ်။

အဲဒီခေတ် အဲဒီ အခြေအနေက ကျောင်းသားတွေထဲမှာ နိုင်ငံရေး အရောင်အသွေးစုံ ထိုးဖောက် ရောယှက်နေတဲ့ အချိန် ဖြစ်တယ်။

ကျောင်းသားတွေထဲမှာ ဆိုရှယ်နီ (ပန်းရောင် ကွန်မြူနစ်) ကျောင်းသား၊ ကွန်မြူနစ်ကို ထောက်ခံတဲ့ ကျောင်းသား၊ ဖဆပလကို ထောက်ခံတဲ့ ကျောင်းသား စတဲ့ ကျောင်းသားအုပ်စုတွေက နိုင်ငံရေးအရောင် အမျိုးမျိုးနဲ့ ကျောင်းသား အရေးအရာတွေကို ဦးတည် လူပ်ရှားနေတဲ့ အချိန် ဖြစ်တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂)


၁၉၅၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှာ ကျင်းပတဲ့ တကသ ရွေးကောက်ပွဲမှာ DSO (Democratic Student's Organization) နဲ့ တိုးတက်သော ကျောင်းသားအုပ်စု (Progressive Student's Force) တို့ ပါဝင် ယှဉ်ပြိုင် ခဲ့ကြတယ်။

DSO အစုဟာ ၁၉၅၃ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက်မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသား အဖွဲ့ (၅) ဖွဲ့က ကျောင်းသား (၁၀၀) ကို ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့ ဖဆပလ ဆိုရှယ်လစ် ခေါင်းဆောင်တွေက နိုင်ငံရေး တလသင်တန်း ပို့ချအပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့တခု ဖြစ်တယ်။

တိုးတက်အစု ကတော့ ၁၉၅၁ ခုနှစ် ကတည်းက ကွန်မြူနစ် ပါတီနဲ့ ဗမာပြည် အလုပ်သမား လယ်သမား ပါတီဝင် ကျောင်းသားခေါင်းဆောင်တွေက ဖွဲ့ပေးခဲ့တဲ့ ဖဆပလ အစိုးရကို အတိုက်အခံ ပြုနေတဲ့ ကျောင်းသား အဖွဲ့အစည်း တခု ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်က မွေးနေ.စုတောင်းကို ငြိမ်းချမ်းရေး ပေးဖို. တောင်းခဲ.ပါတယ်၊ အမျိုးသားရင်ကြားစေ.ရးကိုလည်း ကြိုးစားနေပါတယ် ဒီပိုစ်.တွေ ဒီကွန်းမန်.တွေက ငြိမ်းချမ်းရေးကို ပျက်ဖို.နဲ. အမျိုးသားရင်ကြားစေ.ရေးကို ဝေးကွာစေဖို. ဖြစ်နေပါတယ်။ ချစ်စကိုရှည်စေ မုန်းစကို တိုစေဆိုတာ ကြားဖူးကြမှာပါ။ မေတ္တာတရားရှေ.ထားပြီး ငြိမ်းချမ်းဖို.ပဲ ဦးတည်ကြပါ။

လူအချင်းချင်း ရန်လိုခြင်း ကင်ရှင်းကြပါစေ ပိုစ်.မရှိတိုင်း အဟောင်းပြန်တင်တာတွေ၊ ကွန်းမန်.ပေးစရာမရှိတိုင်း တွေ.သမျှ ကော်ပီကူးတင်တာတွေ ကင်းရှင်းကြပါစေ

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၃)


ဒီလို ကျောင်းသားတွေထဲမှာ နိုင်ငံရေးရောင်စုံ ယှက်သန်းနေတာဟာ စစ်တပ်က တော်လှန်ရေးကောင်စီ အမည်ခံပြီး နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရား သိမ်းပိုက်ပြီးချိန်ထိ ရှိနေခဲ့တယ်။ အထူးသဖြင့် အဲဒီအချိန်က အာဏာရအစိုးရတွေကို အတိုက်အခံ ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ တက္ကသိုလ်စင်မြင့်ကို အခြေပြု လှုပ်ရှားခဲ့ကြတယ်။

ဒါပေမဲ့ လူသားတွေဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်၊ လွတ်လပ်စွာ တွေးတော ပိုင်ခွင့် ရှိတယ် ဆိုတာ ကိုတော့ ကျနော်တို့ သတိမူရပါလိမ့်မယ်။ အထူးသဖြင့် ပညာတတ် လူတန်းစား အလွှာဟာ တိုးတက်မှု၊ ပြောင်းလဲမှုတွေကို အခြား အလွှာအသီးသီးက လူတန်းစား တွေထက် ပို လက်ခံတတ်ကြတယ်။ နောက်ပြီး အဲဒီခေတ် နိုင်ငံရေးအခြေအနေ ကလည်း လက်ဝဲ၊ လက်ယာ အယူအဆ အမျိုးမျိုး ကွဲပြားနေတဲ့ အချိန်၊ တိုင်းရင်းသားတွေကလည်း တန်းတူ အခွင့်အရေး တောင်းဆိုနေတဲ့ အချိန်၊ တိုင်းပြည်မှာ သွေးစည်းညီညွတ်ရေး ပျက်ပြားနေတဲ့ အချိန်လည်းဖြစ်၊ အမေရိကန်တို့ရဲ့ အားပေးကူညီမှုနဲ့ ကွန်မင်တန် တရုပ်ဖြူ (KMT) တို့ရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ အချိန်လည်း ဖြစ်တယ်။ ဒီတော့ တိုးတက်တဲ့ ကျောင်းသား အများစုဟာ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား အမှီခိုကင်းရေး စိတ်ဓာတ်တွေ ပြင်းထန်နေတဲ့ အချိန်လည်း ဖြစ်တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၄)


ဒီလို နိုင်ငံရေး ပဋိပက္ခ တွေနဲ့ တိုင်းပြည်တွင်း သွေးစည်း ညီညွတ်မှု ပျက်ပြားနေတာကြောင့် ဒီမိုကရေစီ အခွင့်အရေး တွေလည်း မှေးမှိန် နေရတယ်။ နောက်ပြီး အာဏာရ ပထစ အစိုးရ အတွင်းမှာလည်း ဦး - ဗိုလ် - သခင် အကွဲအပြဲကြောင့် အစိုးရကိုယ်တိုင် ချိနဲ့ နေရတယ်။ ဒါတွေကို အခွင့်ကောင်း ယူပြီး ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက တော်လှန်ရေးကောင်စီ အမည်ခံပြီး ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့ကြတယ်။

ဒီလို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရ တရပ်ကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကို အာဏာသိမ်းပြီး နောက် မတ်လ ၄ မှာ တကသ၊ ရကသ၊ ဗကသ တို့က ကွန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြတယ်။

မတ်လ ၆ ရက်နေ့မှာ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြာင်း လက်မှတ်ရေးထိုး ထုတ်ပြန် ကြေညာခဲ့တယ်။

ဒါကို ဗကသများ အဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေး ခေါ်ယူပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒုဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌ အဖြစ် တင်မြောက်လိုက်ကြတယ်။ ပြီးတော့ တော်လှန်ရေးကောင်စီက အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ကြပြန်တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၅)


အဲဒီအချိန်က ကျောင်းသားထုအတွင်းမှာ တော်လှန်ရေးကောင်စီကို ထောက်ခံတဲ့ ကျောင်းသားတွေဟာ အနည်းစုသာ ဖြစ်ပြီး အများစုကတော့ တော်လှန်ရေးကောင်စီကို ဆန့်ကျင်ကြတယ်။

မတ်လ ၁၀ ရက်နေ့မှာ ဗကသများ အဖွဲ့ချုပ်က 'တော်လှန်ရေးကောင်စီမှ အခြေအနေကို ထိန်းလိုက်ခြင်းနှင့် ပတ်သက်၍ ဗကသ အဖွဲ့ချုပ် အမှုဆောင်အခိျု့က တော်လှန်ရေးကောင်စီ အစိုးရအား အခိျု့က ထောက်ခံပြီး အခိျု့က မထောက်ခံခြင်းမှာ အယူအဆ ကွဲခြင်းသာ ဖြစ်သည်၊ ဗကသများ အဖွဲ့ချုပ် အနေဖြင့် ကွဲသွားခြင်း မဟုတ်ပါ' လို့ ကြေညာချက် ထုတ်ခဲ့တယ်။

မတ်လ ၁၇ ရက်နေ့မှာ ကမောက်ကမ ပညာရေး စနစ်ကြီးကို ပြုပြင်ပေးဖို့ ဗကသများ အဖွဲ့ချုပ်က တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းတဲ့ မတ်လဟာ ကျောင်းသားတွေ စာမေးပွဲတွေ ဖြေနေတုန်း ဖြစ်တယ်။ ဖြေပြီးတော့လည်း ကျောင်းတွေ ပိတ်တာမို့ လှုပ်ရှားမှုတွေ ဘာတွေတော့ မလုပ်နိုင်ခဲ့ကြပါဘူး။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၆)


ကျောင်းသားတွေရဲ့ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင့်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်ခေါင်းဆောင်တွေ အဖို့ ကျောင်းသားတွေအပေါ် အငြိုးထားစရာ၊ စိတ်ကွက်စရာ အကွက်တကွက် ဖြစ်ခဲ့ ရတယ်။ နောက်ပြီး အစဉ်အလာ ကြီးမားတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး အဆက် ဖြစ်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို နှိပ်ကွပ်ထားမှသာ အာဏာတည်မြဲနိုင်မယ် ဆိုတာကိုလည်း စစ်တပ်ခေါင်းဆောင်တွေ သတိထားမိလာစေခဲ့ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာ "သားသုံးသားကို ပိုင်နိုင်မှသာ တိုင်းပြည်ကို အုပ်စိုးလို့ ရမယ်" ဆိုတဲ့ အတွေးအခေါ် တရပ်ကလည်း ရှိနေပြန်ပါသေးတယ်။ "သားသုံးသား" ဆိုတာက ကျောင်းသား၊ စစ်သား၊ ဘုရားသားလို့ ခေါ်တဲ့ သံဃာတွေပဲ ဖြစ်တယ်။

၇ ဇူလိုင် မတိုင်ခင် ရန်ကုန်တက္ကသိုလ်မှာ ဖြစ်ပျက်နေတဲ့ နောက်ခံအခြေနေကို ပြောရမယ် ဆိုရင်လည်း ၁၉၆၂ ခု၊ မေလ ၉ ရက်နေ့မှာ ဒတ်ခ်ျသံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးက ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်းတို့ ဖမ်းဆီးခံခဲ့ရတယ်။

အဲဒီ (၁၉၆၂ မေလ ၉ ရက်) နေ့မှာပဲ တော်လှန်ရေးကောင်စီက ဥပဒေ အမှတ် (၃) နဲ့ (၄) ကို ထုတ်ပြန်ပြီး ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ် အက်ဥပဒေတွေကို ရုပ်သိမ်းခဲ့တယ်။ အဲဒီ ဥပဒေ (၃) နဲ့ (၄) ဟာ 'ရန်ကုန် တက္ကသိုလ်' နဲ့ 'မန္တလေး တက္ကသိုလ်' ဆိုတဲ့ စကားလုံး ၂ လုံးက လွဲရင် အားလုံး တူပါတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၇)


ဥပဒေ အပြည့်အစုံ ကတော့ -

၁။ (၁) ဤ ဥပဒေကို "၁၉၆၂ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ" ဟု ခေါ်တွင်စေရမည်။

(၂) ဤ ဥပဒေကို ချက်ချင်း အာဏာတည်ရမည်။

၂။ (၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်း ရမည်။

(၂) ယင်းသို့ ရုပ်သိမ်းသည့်အခါ ...

(က) မြန်မာနိုင်ငံ ယေဘုယျ စကားရပ်ဖြင့် အက်ဥပဒေ ပုဒ်မ (၅) ပါ ပြဌာန်းချက်များ အကျိုးသက်ရောက်ရမည်။

(ခ) ရန်ကုန်တက္ကသိုလ်ပိုင် ပစ္စည်းအားလုံးသည် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၏ ကြွေးမြီတာဝန် အားလုံးသည် လည်းကောင်း အစိုးရ၌ တည်ရှိ သက်ရောက်ရမည်။

(၃) ဤ ဥပဒေ စတင် အာဏာတည်သည့် အချိန်မှ အစပြု၍ နိုင်ငံတော် တော်လှန်ရေးအစိုးရသည် ရန်ကုန်တက္ကသိုလ်အား အဆိုပါ ရုပ်သိမ်းခြင်း ခံရသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖြင့် ပေးအပ်ထားသည့် အာဏာနှင့် တာဝန်ဝတ္တရားများကို ဆက်လက် သုံးစွဲ ဆောင်ရွက်ရမည်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၈)


၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို စတင် တည်ထောင်ခဲ့တယ်။ မန္တလေးတက္ကသိုလ် အက်ဥပဒေကိုတော့ ၁၉၅၈ ခုနှစ်ကျမှ ပြဌာန်းကာ သီးခြားတက္ကသိုလ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ် နှစ်ခုလုံးကို အစိုးရက ဘဏ္ဍာငွေ အခိျု့ ထောက်ပံ့တယ်။ တက္ကသိုလ်တွေမှာ သီးသန့်ဘဏ္ဍာငွေ အခိျု့ ရှိတယ်။ အခြား အရပ်ရပ် ရတဲ့ ဘဏ္ဍာရယ် လို့လည်း ရှိတယ်။ ဒီဘဏ္ဍာငွေတွေနဲ့ တက္ကသိုလ်က လည်ပတ်နေတာပါ။

အက်ဥပဒေအရ တက္ကသိုလ်မှာ အဓိက ဦးဆောင်အဖွဲ့အစည်း နှစ်ခု ရှိတယ်။ တခုက တက္ကသိုလ်ကောင်စီနဲ့ ကျန်တခုက တက္ကသိုလ်ဆီးနိတ်အဖွဲ့ ဖြစ်ပါတယ်။

တက္ကသိုလ်ကောင်စီမှာ အစိုးရဲ့ ကိုယ်စားလှယ်တခိျု့၊ ပြင်ပက ကုန်သည်များ၊ ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးအဖွဲ့များက ကိုယ်စားလှယ်တခိျု့၊ ပြင်ပက ကုန်သည်တွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ စီးပွားရေးအဖွဲ့တွေက ကိုယ်စားလှယ်တခိျု့၊ တက္ကသိုလ် မဟာဌာန အသီးသီးက ပါမောက္ခတွေနဲ့ ကျောင်းသားသမဂ္ဂ ပို့လွှတ်တဲ့ ကိုယ်စားလှယ်တခိျု့ ပါဝင်ပါတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၉)


ကျောင်းသားသမဂ္ဂရဲ့ တက္ကသိုလ်ကောင်စီ ကိုယ်စားလှယ် ၂ ဦး ရွေးကောက်ပွဲကို ၁၉၆၀ မှာ ကျင်းပခဲ့ပြီး ပမညတက ဦးတီပီဝမ်းနဲ့ ဆိုရှယ်နီ ဦးမောင်မောင်ကျော်တို့ အနိုင်ရခဲ့ပါတယ်။

ဆီးနိတ်ကတော့ တက္ကသိုလ် ပါမောက္ခတွေ၊ ဆရာတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး သင်ကြားရေး၊ စာမေးပွဲ စစ်ဆေး အအောင်ပေးရေး၊ စာအုပ်စာတမ်းတွေ ထုတ်ဝေ ပြဌာန်းရေး တို့ကို စီမံ ဆောင်ရွက်တယ်လို့ အကြမ်းဖျင်း သိရပါတယ်။ အစိုးရရဲ့ ကိုယ်စားလှယ် ပါပေမဲ့ သူ့ သဘောထားကို တင်ပြနိုင်ပြီး တိုက်ရိုက် စွက်ဖက်တာ မလုပ်ရပါ။

အဲဒီနောက် မေလ ၁၀ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက တက္ကသိုလ်ကောင်စီဝင်တွေကို ဒဂုံရိပ်သာကို ဖိတ်ခေါ်ပြီး (၁) ဆရာတွေ အကျင့်ပျက်သည်၊ (၂) ကျောင်းသားတွေအကြား နိုင်ငံရေးပယောဂ ဝင်တယ်လို့ စွပ်စွဲပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်တယ်။

ဒီလို လုပ်လိုက်တာဟာ တက္ကသိုလ်အုပ်ချုပ်ရေးကို တော်လှန်ရေးကောင်စီက ထပ်မံ အာဏာသိမ်းလိုက်ခြင်း ဖြစ်တယ်လို့ သမဂ္ဂက အပြင်းအထန် ဝေဖန်ခဲ့တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁ဝ)


ဒါ့အပြင် မေလ ၁၁ ရက်နေ့မှာ တက္ကသိုလ်နဲ့ ဥပစာကောလိပ်တွေက ဥပစာသိပံ္ပ (ခ) တန်း အောင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ သက်ဆိုင်ရာ ဘာသာရပ်တွေမှာ တဘာသာ အနည်းဆုံး အမှတ် ၅၀ ရရမယ်၊ ဖြေဆိုတဲ့ ဘာသာရပ် အားလုံးရဲ့ ပျမ်းမျှအမှတ်ဟာလည်း ၅၀% ရမှသာ ဆေးသိပံ္ပ္ပ၊ စက်မှုလက်မှုသိပံ္ပ၊ စိုက်ပျိုးရေးသိပံ္ပနဲ့ သစ်တောရေးမဟာဌာန တို့မှာ ဆက်လက် ပညာသင်ကြားခွင့် ရမယ်လို့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေဝင်းက ကြေညာခဲ့တယ်။

ဒီလို တော်လှန်ရေးကောင်စီက ပညာရေးလောကကို ဝင်ရောက် စွက်ဖက်နေတာတွေကို တက္ကသိုလ်ဆရာများ အဝန်းအဝိုင်းမှာလည်း မကျေနပ်မှုတွေ ရှိနေခဲ့တယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ တော်လှန်ရေးကောင်စီက တင်းကြပ်တဲ့ အဆောင်စည်းကမ်းတွေကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီကို အမိန့်ပေးလာတယ်။

အဲဒီအခါမှာ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံလို့ မေလ ၁၁ ရက်နေ့မှာ တောင်လှန်ရေးကောင်စီက ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက်ခိုင်းခဲ့တယ်။ မြန်မာစာ ပါမောက္ခ ဦးအေးမောင် အငြိမ်းစား ယူခဲ့တယ်။ ဦးဝန် (မင်းသုဝဏ်) ဌာန ပြောင်းခဲ့တယ်။

မေလ ၁၂ ရက်နေ့ မှာလည်း ရန်ကုန်တက္ကသိုလ် အဆောင်မှူး အခိျု့နဲ့ လက်ထောက်အဆောင်မှူး အခိျု့ နုတ်ထွက်ခဲ့ကြပြန်တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၁)


၁၉၆၂ ခု၊ မေလ ၁၄ ရက်နေ့မှာ တော်လှန်ရေးကောင်စီ အမိန့်အမှတ် (၃၀) ကို ထုတ်ပြန်ပြီး တက္ကသိုလ်ကောင်စီကို ပြန်ဖွဲ့ခဲ့တယ်။ အဓိပတိအဖြစ် ဗိုလ်မှူးချုပ်သန်းဖေ၊ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန်တို့ ပါဝင်တယ်။ သူတို့အလိုကျ တင်းကြပ်တဲ့ အဆောင်စည်းကမ်းသစ်တွေ ထုတ်ပြန်ပေးမဲ့ ၅၈ ခု၊ အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။

ဒါဟာ တက္ကသိုလ်ကို ဗိုလ်နေဝင်း သိမ်းလိုက်တာလို့ ကျောင်းသား အများစုက ခံယူခဲ့ကြတယ်။ ဒီလို တက္ကသိုလ်အုပ်ချုပ်ရေးကို တော်လှန်ရေးကောင်စီက စိတ်ကြိုက် ဖန်တီးနေမှုတွေဟာ ကျောင်းသားထုရဲ့ မကျေနပ်မှုကို ပိုလို့ တိုးစေခဲ့တယ်။

ဦးကာဟာ စစ်တပ်နဲ့ အလွန်နီးစပ်သူ ဖြစ်လို့ ကျောင်းသားတွေဘက်က သူဟာ မရှိသင့်ဘူးလို့ ခံယူထားကြတယ်။ မေလ ၂၂ ရက်နေ့မှာ ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါနဲ့ ကွယ်လွန်တော့ သူ့နေရာကို ဗိုလ်လှဟန် တက်လာတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၂)


ဒါတွေအပြင် အရေးအခင်း ဖြစ်စေဖို့ ဖန်တီးခဲ့တဲ့ တခြား အချက်တွေကလည်း ရှိနေပြန်တယ်။ ဇွန်လ ၁၇ ရက်နေ့ ဒဂုံရိပ်သာမှာ တက္ကသိုလ်ကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့တယ်။ ၁၉၆၂ ခု ဇွန်လ ၁၈ ရက်နေ့မှာ ကျောင်းဆောင်နေ ကျောင်းသားတွေကို မတရား ချုပ်ချယ်တဲ့ ကျောင်းဆာင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့ပြန်တယ်။

အဲဒီ မတရား အဆောင်စည်းကမ်း (၂၂) ချက်မှာ ပါတဲ့ အချက်တွေကတော့ ကျောင်းဝင်ခွင့်နဲ့ အဆောင်နေခွင့် ရရေး တို့အတွက် လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီရဲ့ ထောက်ခံချက်နဲ့ လျှောက်ရမည် ဆိုခြင်း။ မိဘ အုပ်ထိန်းသူရဲ့ ဝန်ခံ ကတိပေးချက်နဲ့ ကျောင်းအပ်ရခြင်း။ သတ်သတ်လွတ် စားသူတွေကို တရက် နှစ်ရက်သာ စားခွင့် မပြုတော့ဘဲ တနှစ်ပတ်လုံး စားမှသာ ခွင့်ပြုတော့ခြင်း။ အဆောင်နေ ကျောင်းသားများ အနေနဲ့ မနက် ၇ နာရီ ခွဲမှ ၁၀ နာရီ မနက်စာ ထမင်းကို မဖြစ်မနေ စားရမည်။ ည ၈ နာရီ ထိုးရင် အဆောင်တွင်း ရှိနေရန်၊ သုံးကြိမ် ပျက်ကွက်ပါက အဆောင်က ထုတ်ရန်၊ အဆောင်မှူး သိုမဟုတ် လက်ထောက် အဆောင်မှူး စစ်ဆေးချိန်တွင် မိမိ အခန်းတွင်း ရှိနေရမည်၊ မရှိလျှင် အရေးယူမည် စတဲ့ ကျောင်းနဲ့ လားလားမှ မအပ်စပ်တဲ့ စည်းကမ်းတွေ ချမှတ်လာတာ ဖြစ်တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၃)


ဒီအချက်တွေက ကျောင်းသားထုရဲ့ မကျေနပ်မှုကို ပိုမို ကြီးထွားစေခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သတ်သတ်လွတ်စားခြင်း၊ အစားရှောင်ခြင်း ဆိုတာတွေဟာ ဘာသာရေးနဲ့ သက်ဆိုင်ပြီး ကိုးကွယ်ရာ ဘာသာအလိုက် နေ့ထူးနေ့မြတ်တွေ ကျမှသာ သတ်သတ်လွတ်စားကြ၊ အစားရှောင်ကြတာဟာ ထုံးစံ ဖြစ်တယ်။ အဆောင်စည်းကမ်းတွေကလည်း ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာ ရောက်ပြီး စစ်တပ်လို စည်းကမ်းတွေ တင်းကြပ်တာကို ကျောင်းသားထုအနေနဲ့ လက်ခံနိုင်ခြင်း မရှိဘူး။

ဒီလို တော်လှန်ရေးကောင်စီရဲ့ တဖက်သတ် ချုပ်ချယ် ဖိနှိပ် ကန့်သတ်မှုတွေနဲ့ တက္ကသိုလ်အုပ်ချုပ်ရေးကို စစ်တပ်က ဝင်ရောက် စွက်ဖက်တာတွေကြောင့် ကျောင်းသားထုတွင်း မကျေနပ်မှုတွေ တိုးသထက် တိုးလာရတယ်။

ဇူလိုင်လဆန်းက စပြီး အဆောင်အခိျု့မှာ သဟာယနှင့် စာဖတ်သင်း အမှုဆောင်သစ် ရွေးပွဲတွေနဲ့ တွဲပြီး ကျောင်းသားထု အစည်းအဝေးတွေ ကျင်းပကြတယ်။ ကျင်းပတဲ့ ကျောင်းသားထု အစည်းအဝေးတိုင်းမှာပဲ ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်းသစ်တွေကို ကန့်ကွက်တယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၄)


၁၉၆၂ ခု၊ ဇူလိုင်လ ၃ ရက်နေ့ ကျတော့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထု အစည်းအဝေး တရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းပေးရန်နဲ့ မတရား အဆောင်စည်းကမ်းတွေ ရုပ်သိမ်းပေးဖို့ကို တောင်းဆို ဆန္ဒပြခဲ့ကြတယ်။

ဆန္ဒပြပွဲမှာ ရကသ ဥက္ကဋ္ဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားကြားမှ ဆန္ဒပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်း ပြောကြားသွားပြီး ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်နဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်း ပြောကြားခဲ့တယ်။

ဇူလိုင် ၅ ရက်နေ့မှာ သမဂ္ဂကြီး ၃ ခုက ကြီးမှူးပြီး ဒတ်ခ်ျသံရုံးရှေ့မှာ ဆန္ဒပြပွဲ ကျင်းပကြတဲ့အခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့တယ်။ ဒီလုပ်ရပ်ဟာ သမဂ္ဂကို သေးသိမ်အောင် လုပ်တာ ဖြစ်တယ်လို့ သမဂ္ဂက ယူဆခဲ့တယ်။ ဒါ့ကြောင့် ကျောင်းသားတွေက ကန့်ကွက်ကြပြန်တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၅)


ဇူလိုင်လ ၆ ရက်နေ့မှာ တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နဲ့ ကျောင်းဆောင်ကော်မတီ တွေကို သူတို့ စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြန်တယ်။ ဇူလိုင်လ ၆ ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေး ကတော့ ကန့်ကွက်တယ်လို့ ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင် အပြင်ထွက် လှည့်လည် ဆန္ဒပြပါတော့တယ်။

အနီးအနားမှာရှိတဲ့ အဆောင်တွေက ကျောင်းသားတွေပါ ထွက်လာပြီး ပူးပေါင်းလိုက်ကြတော့ ဆန္ဒပြလူအုပ်ကြီးဟာ အင်အားများလာတယ်။ အဲဒီ အနီးမှာက ရွှေဘို၊ ဒဂုံ၊ တောင်ငူ၊ ရာမည၊ အမရ၊ မန္တလေး၊ သထုံ၊ ပဲခူး၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ ဆိုတော့ ၁၁ ဆောင် ကျောင်းထုပဲ၊ ဧရာမ အုပ်ကြီး ဖြစ်သွားတယ်။

ညအချိန်ကလည်းဖြစ်၊ မကြေနပ်ချက်ကလည်းရှိ၊ တက်ကြွနေကြတာလည်း ဖြစ်တော့ အဲဒီညမှာ အဆောင်တွေမှာ ကာရံထားတဲ့ အကာအရံတွေနဲ့ သံတံခါးတွေကို စတိအဖြစ် ရိုက်ချိုးလိုက်ကြပါတယ်။ အဲဒီ လူအုပ်ဟာ ပြည်၊ ပုဂံ၊ တကောင်း အဆောင်တွေ အထိ လှည့်လည် ဆန္ဒပြခဲ့ကြတယ်။ အဲဒီညက မိန်းကလေးဆောင်တွေက လွဲရင် အကုန် ပါခဲ့တယ်။

အဲဒီနောက် မကျေမနပ် ဖြစ်နေကြတဲ့ ကျောင်းသားတွေ စုပေါင်းပြီး တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ်နဲ့ ပါမောက္ခချုပ် ဦးကာ အိမ်တို့ကို ဝိုင်းပြီး ဆန္ဒပြ ဟစ်ကြွေးတာတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီည ဆန္ဒပြပွဲဟာ နောက်တနေ့ တကသက ကျင်းပမဲ့ ကျောင်းသားထု ဆန္ဒပြ စည်းဝေးပွဲအတွက် လှုံ့ဆော် ပေးလိုက်သလို ဖြစ်ခဲ့ရတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၆)


ဇူလိုင် ၇ ရက် နေ့လည် တနာရီမှာ သမဂ္ဂ အစည်းအဝေးခန်းမမှာ ကျောင်းသားထု အစည်းအဝေး ကျင်းပတယ်။ ဥက္ကဋ္ဌက ကိုဗဆွေလေးပါ။ အဲဒီ ကျောင်းသားထု အစည်းအဝေးကနေ တခဲနက် ဆုံးဖြတ်ခဲ့တာတွေကတော့ ကျောင်းသားတွေကို ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်တယ်။ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တယ်၊ တက္ကသိုလ် အက်ဥပဒေတွေ ရုပ်သိမ်းတာကို ကန့်ကွက်တယ်၊ စတာတွေပဲ ဖြစ်ပါတယ်။ အစည်းအဝေး အပြီးမှာ သမဂ္ဂ ရှေ့က စပြီး ကျောင်းဝင်းအတွင်းမှာပဲ ကြွေးကြော်သံတွေ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြပွဲခဲ့ကြတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက်ကြတယ်။

ဘွဲ့နှင်းသဘင် ရှေ့မှာ လူစုခွဲ ပြန်လာတဲ့ ကျောင်းသားတခိျု့ဟာ သမဂ္ဂ လက်ဖက်ရည်ဆိုင်မှာ၊ လက်ဖက်ရည် သောက်သူ သောက်၊ စကားပြောသူ ပြောနဲ့ ရှိနေတုန်း နေ့လည် ၂ နာရီခွဲ အချိန် လောက်မှာ ရဲကား ၂ စီး တကသ ထဲ ဝင်လာတယ်။ ရဲတပ်ဖွဲ့ ဝင်တွေက တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပါတယ်။

ကျောင်းသားတွေက ခဏတော့ ကြောင်သွားတယ်။ နောက်တော့ ရဲကားဆီ အတင်းပြေးလိုက်ကြတယ်။ ရဲကားကလည်း ချက်ခြင်းပဲ ပြန်ထွက်သွားတာမို့ ကျောင်းသားခေါင်းဆောင်တွေလည်း ပါသွားတယ်။ ကျန် ရဲတခိျု့လည်း တကသ အဆောက်အဦကို ဝင်စီးလိုက်ပြီး ရဲတခိျု့က တကသနဲ့ ကပ်နေတဲ့ ဦးကာ နေအိမ်ထဲကို ပြေးဝင် နေရာယူလိုက်ကြတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၇)


အဲဒီတော့မှ ကျောင်းသားတွေက အော်ရင်း ဟစ်ရင်း လူစုမိသွားတယ်။ ကျောင်းသားတွေက အဓိပတိလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ ကျောင်းသားတခိျု့က သထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်တယ်။ နောက်ပြီး ကျောင်းသားတွေက တကသ ဝင်းထဲ ဝင်ဖို့ ကြိုးစားကြတယ်။

ဒိုင်းကိုယ်စီ ကိုင်ထားတဲ့ ရဲတွေက တန်းစီ ပိတ်ဆို့ပြီး ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ ရိုက်သူက ရိုက်၊ မျက်ရည်ယိုဗုံး သေနတ်ကိုင်ထားတဲ့ ရဲတွေက ကျောင်းသားထုထဲကို မျက်ရည်ယိုဗုံး တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ကျောင်းသားတခိျု့ရဲ့ ရင်ဘတ်ကို ထိမှန်လို့ လဲသူလဲ ကွဲသူကွဲ ဖြစ်ကုန်တယ်။

ကျောင်းသားတွေက လဲကျသူ တခိျု့ကို မချီ သွားပြီး ကျန်တဲ့ ကျောင်းသားထုက ရဲတွေကို ဖိတိုက်ကြတော့တယ်။ ခဲတွေ၊ ပုလင်းတွေ၊ တုတ်တွေ၊ ရရာတွေနဲ့ ပစ်ခတ် တိုက်ခိုက်ကြတော့တယ်။ ကျောင်းသားတွေလည်း တဖြည်းဖြည်း များများ လာတော့ ရဲတွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကို မမှုတော့ဘဲ ရှေ့ကို ပိုတိုး တိုးတက်ကာ တိုက်ခိုက်ကြတယ်။ ရဲတွေ အထိနာလာတယ်။ တခိျု့ ကျောင်းသားတွေလည်း သွေးရဲရဲ သံရဲရဲ ဖြစ်လာတယ်။

တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားတွေက တောင်ငူဆောင်နဲ့ ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာတဲ့အခါ ပါမောက္ခချုပ် ဦးကာရဲ့ အိမ်ရှေ့က ရဲတွေကို ဒုတိယစစ်မျက်နှာ ဖွင့်တိုက်သလို ဖြစ်သွားတော့ ရဲတွေ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲတွေဆီ သွားပေါင်းကာ ပြန်တိုက်ကြတယ်။ ဒဏ်ရာ အပြင်းအထန် ရတဲ့ ကျောင်းသားတွေကို အဆောင်တွေဆီ ပြန်သယ်ခဲ့ကြတယ်။ ဒါတွေကို မြင်ရတဲ့အခါ ကျောင်းသားတွေ ပို စိတ်လှုပ်ရှား ခံပြင်းလာကြတယ်။ ကျောင်းသားထုလည်း များသထက် များလာတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၈)


ရဲတွေလည်း မျက်ရည်ယိုဗုံးတွေ ပေါပေါများများ သုံးပြီး ကျောင်းသားထုကို ဖြိုခွဲ ပေမဲ့ ဘဝတူ ကျောင်းသားတွေရဲ့ သွေးကို မြင်ကြရလို့ ကိုယ့်ကိုယ်ကို ထိခိုက် ဒဏ်ရာရမှာ မမှုတော့တဲ့ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်လို့ မရတဲ့အဆုံး ရဲတွေဟာ အဓိပတိလမ်း ဂိတ်ဘေး လူဝင်လူထွက် တံခါးကို ဖွင့်ပြီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသ အဝိုင်းလေးနားကို ထွက်သွားကြတယ်။ ပြီးတော့ လာကြိုနေတဲ့ ကားတွေနဲ့ ထွက်ခွာသွားကြတော့တယ်။ အဲဒီအခါမှာ ကျောင်းသားတွေက အောင်ပွဲရလိုက်သလို ဝမ်းသာအားရ အော်ဟစ်ကြတော့တယ်။

နောက်ပြီးတော့မှ တကသနဲ့ အနီးဆုံးမှာ ရှိနေတဲ့ အသစ်စက်စက် ပါမောက္ခချုပ် ဦးကာရဲ့ စကိုဒါ ကားအမဲ စ/၆၅၉ ကို သူ့ခြံထဲက တွန်းထုတ်လာပြီး ကားမှန်တွေကို ရိုက်ခွဲကြတယ်။ နောက် မီးရှို့လိုက်ကြတယ်။ ဦးကာရဲ့ ကားကို မီးရှို့ ပြီးတဲ့အခါ ဦးကာရဲ့သား ကားဖြစ်တဲ့ ဗောက်ဝက်စ်ဂွန် ကား အနီရောင် စ/၆၂၀၃ ကို ထပ်ပြီး ခြံအပြင် ထုတ်ကာ မီးရှို့လိုက်ကြတယ်။

ဦးကာ ဆိုတာ အရင်က သင်္ချာကထိကပါ၊ ပါမောက္ခတောင် မဖြစ်ဖူးပါဘူး။ တင်းကြပ်တဲ့ မတရား အဆောင်စည်းကမ်း တွေဟာ သူ့လက်ချက်လို့ ကျောင်းသားတွေက ထင်နေကြတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၁၉)


နေ့လည် ၄ နာရီခွဲ လောက်မှာတော့ ဘယ်နေရာက စောင့်နေမှန်း မသိတဲ့ စစ်ကား ၂ စီး အပြည့် တင်လာတဲ့ တပ်ရင်း (၄) က စစ်သားတွေ ချက်ခြင်းပဲ တက္ကသိုလ်ရိပ်သာလမ်းမပေါ် ရောက်လာပြီး ဆေးရုံရှေ့ကနေ ဓမ္မာရုံအထိ တပ်ဖြန့်လိုက်တယ်။ တက္ကသိုလ်ဝန်းကျင် တခုလုံးကို ပိတ်ဆို့လိုက်ကြတယ်။ စစ်သားတွေက တခါမှ စစ်မြေပြင်မှာ အသုံးမပြုရသေးတဲ့ အသစ်စက်စက် ဂျီသရီး မောင်းပြန်ရိုင်ဖယ် တွေကို ကိုင်ဆောင်ထားကြတယ်။

တပ်ရင်း (၄) ဆိုတာ ဗိုလ်နေဝင်းရဲ့ ကိုယ်ရံတော် တပ်၊ အထူးတပ် ဖြစ်တယ်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့်နဲ့ နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီးစိန်လွင်တို့ပါ ရောက်ရှိလာကြတယ်။ ကျောင်းသားတွေကလည်း ဓမ္မာရုံ တည့်တည့် အမရဆောင် ရှေ့က တံခါးကိုလည်း ပိတ်လိုက်တယ်။ ဒါကြောင့် ကျောင်းသားနဲ့ စစ်တပ်ကြားမှာ အောက်ခြေ နှစ်ပေခန့် အုတ်မြစ်ပေါ်မှာ အုတ်တိုင်တွေနဲ့ သံတိုင်စိုက် ဝင်းထရံပဲ ခြားတော့တယ်။ တဘက်နဲ့ တဘက် သံတိုင်ကြားက မြင်နေရပါတယ်။

အဲဒီအချိန်မှာ အခြေအနေ အနည်းငယ် ငြိမ်သက်သွားပြီး ကျောင်းသားတွေက တက္ကသိုလ် မြက်ခင်းပြင်တွေပေါ်မှာ ဝိုင်းဖွဲ့ စကားပြောသူက ပြော၊ သမဂ္ဂ ကွင်းပြင်ရှေ့ ထိုင်နေသူက ထိုင်နေကြ၊ အဆောင်တွေရဲ့ ဝရန်တာတွေရှေ့ ရပ်ပြီး ကြည့်သူက ကြည့်နေကြ၊ စစ်အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်နေသူတွေကလည်း အော်ဟစ်နေကြနဲ့ ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေကြပါတယ်။

ကျောင်းသားတွေက အတွင်းကနေ အသံနက်ကြီးတွေနဲ့ ညာသံပေးလိုက်ကြ လုပ်နေကြတယ်။ နောက်ပြီး "ဒီကောင်တွေ မပစ်ရဲပါဘူးကွာ၊ အလကားပါ" ဆိုတဲ့ စကားသံတွေ မကြာခဏ ထွက်ပေါ်ခဲ့သလို "မင်းတို့အားလုံး ပေါင်းလို့မှ ၆ တန်း အောင်ရဲ့လားကွာ"၊ "ကောက်ရိုးခြေထောက်၊ မြက်ခြေထောက်" လို့ အော်ဟစ်ပြီး စစ်သားတွေကို လှောင်တဲ့သူက လှောင်နေကြပါတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂ဝ)


နောက်ပိုင်းမှာ မောသွားကြပြီး ကျောင်းသားတွေက တကသ အဆောက်အဦ ရှေ့မှာ ဟောပြောပွဲတွေ ကျင်းပကြတော့တယ်။ စကားပြောသူ ပြော၊ တုံးလုံး လှဲသူ လှဲ နေနေကြတယ်။ စစ်သားတွေလည်း အေးအေးဆေးဆေး ဖြစ်သွားပါတယ်။ အဲဒီလို နှစ်ဖက်စလုံး အေးဆေး ငြိမ်သက်နေချိန်မှာ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီးသိန်းစိန်ရဲ့ ကား ရောက်လာပြီး တံခါးဝမှာ ဒုဗိုလ်မှူးကြီးလှမြင့်၊ ဒုဗိုလ်မှူးကြီးစိန်လွင်တို့နဲ့ ရပ်ပြီး စကားစမြည် ပြောနေတာကို မြင်ကြရပါတယ်။ ၁၀ မိနစ်လောက် အကြာမှာ ဗိုလ်မှူးကြီးသိန်းစိန်လည်း ကားနဲ့ ပြန်ထွက်သွားတယ်။

ဗိုလ်မှူးကြီးသိန်းစိန် ပြန်သွားပြီး မကြာမီပဲ ဗိုလ်မှူးကြီးမင်းသိမ်း ဂျစ်ကားလေး တစင်းနဲ့ ရောက်လာတယ်။ စိန်လွင် လက်ထဲကို စာရွက်လေး တရွက် ထည့်ပေးလိုက်တယ်။ ပြီးတော့ ဆက်ထွက်သွားတယ်။ လှမြင့်နဲ့ စိန်လွင်လည်း အဲဒီမှာ ရှိနေတဲ့ တပ်မှူးတွေကို ခေါ်ပြီး ခေါင်းချင်းရိုက်လိုက်တယ်။

နောက်ပြီး တပ်ရင်းမှူးက လက်ကို ဝိုင်းပြီး သုံးကြိမ် ဝှေ့ယမ်း ပြလိုက်တဲ့ အချိန်မှာတော့ အသင့် နေရာယူထားပြီး ဖြစ်တဲ့ စစ်သားတွေဟာ စစ်မြေပြင်မှာ ရန်သူကို ချေမှုန်းသလိုမျိုး မောင်းပြန်ရိုင်ဖယ် တွေနဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပတိ လမ်းမတလျှောက်ရှိ ကျောင်းသားထုထဲကို ဒလစပ် ပစ်ခတ်ကြပါတော့တယ်။

မန္တလေးဆောင် ခြံစည်းရိုး ပေါ်မှာ ထိုင်နေတဲ့ ကျောင်းသားတွေလည်း သေနတ်ထိမှန်ပြီး ဇောက်ထိုး ပြုတ်ကျကုန်တယ်။ အဓိပတိလမ်း တံခါးမကြီးကို ကိုင်ကာ ရပ်ကြည့်နေသူ တခိျု့လည်း သေနတ်မှန်ပြီး လဲကျကုန်တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၁)


ဒီလို ပစ်ခတ်လိမ့်မယ်လို့ မထင်မှတ်တာကြောင့် ကျောင်းသားအများစုက မှင်သက်မိပြီး နေရာမှာပဲ ကျောင်းသား တော်တော်များများ အသက်ပျောက်ခဲ့ရတယ်။ အခိျု့လည်း ပြေးရင်း လွှားရင်း ထိမှန်ကုန်ကြတယ်။

ကျောင်းသားတခိျု့က နီးစပ်ရာ မန္တလေးအဆောင်ပေါ် တက်ပြေးကြတယ်၊ ဒီလို အဆောင်ပေါ် တက်ပြေးတဲ့ ကျောင်းသားတွေကို စစ်သားတွေက ဒူးထောက်ပြီး မလွတ်တမ်း ပစ်ခတ်ခဲ့လို့ မန္တလေးဆောင် လှေကားရင်းမှာတင် အလောင်းချင်း ထပ်ခဲ့ရတယ်။

ဘေးနားရှိ စာတိုက်ဝင်းထဲက ရပ်ကြည့်နေသူတွေကိုပါ ပစ်ခတ်ခဲ့လို့ စာတိုက်ဝင်းထဲမှာတင် သေဆုံး ဒဏ်ရာရသူ ၄၀ လောက် ရှိတယ်။ စစ်သားတွေက ဒီ မောင်းပြန် သေနတ်တွေနဲ့ ၃ - ၄ မိနစ်လောက် ဆက်တိုက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ တခိျု့လည်း သမဂ္ဂ အဆောက်အဦ ကြီးထဲကို ခိုဝင်လိုက်ကြရတယ်။ နောက်ပိုင်း ဒဏ်ရာ ရနေတဲ့ ကျောင်းသားတွေပါ သမဂ္ဂ အဆောက်အဦထဲကို ရွှေ့ပြောင်းလာကြတယ်။

ဒီ ပစ်ခတ်မှု ပုံစံဟာ ဆန္ဒပြသူ အားလုံးကို အမြစ်ပြတ် ချေမှုန်းမယ့် ပုံစံမျိုး ဖြစ်တယ်။ ဝင်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ပြီးမှ အစီအစဉ်တကျ ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ အင်းလျားကန်ဘက်မှာ တာဝန်ကျတဲ့ ဗိုလ်ကြီးတဦးကသာ လူသားချင်း စာနာစိတ် အပြည့်အဝနဲ့ အင်းလျားကန်ဘက် ထွက်ပြေးလာတဲ့ ကျောင်းသားတွေကို လွှတ်ပေးခဲ့လို့ ကျောင်းသားအခိျု့ လွတ်မြောက်ခဲ့ရတယ်။

တကသ ရင်ပြင်ရှေ့မှာ ရှိတဲ့ ဆန္ဒပြ ကျောင်းသားတွေကို စစ်မြေပြင်ရှိ ရန်သူအလား ပစ်ခတ် ခြေမှုန်း ပြီးတဲ့အခါ ကျောင်းဆောင် အခန်းတွေကို တခန်းခြင်း ဝင်ရောက် ရှင်းကြပြန်တယ်။ ဒါပေမယ် သမဂ္ဂ အဆောက်အဦ ကတော့ ဒဏ်ရာရ ကျောင်းသား တွေကို သယ်ပြီးတာနဲ့ တံခါး ပြတင်းပေါက် အားလုံးကို အလုံ ပိတ်လိုက်တာကြောင့် ဝင်မရှင်းနိုင်တော့ဘဲ စစ်တပ်က ဝိုင်းရုံသာ ဝိုင်းထားလိုက်ကြရတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၂)


ပစ်ခတ်မှုကို ကိုယ်တိုင် ကြုံတွေ့သူတွေရဲ့ ဖွင့်ဟချက် တစိတ်တဒေသ


"ကျနော်သည် ဝပ်နေသည့် အနေအထား ၌ပင် လက်ထောက်ကာ ကိုယ်ကို အနည်းငယ် ကြွပြီး ခေါင်းထောင်၍ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ မြေကြီးပေါ်တွင် ဝပ်နေရာမှ ကုန်ရုန်း ထပြီး စာတိုက်ဘေးဆီသို့ ပြေးနေကြသူ အများအပြား တွေ့ရ၏။ သွေးသံရဲရဲဖြင့် လဲနေသူ ဆယ်ပေါင်း များစွာပါလား။ တခိျု့ ထထိုင်ဖို့ ကြိုးစားနေကြသည်။

ကျနော့် လကျာ်ဘက်၌ လက်လှမ်းမှီရာမှ ကျောင်းသားတယောက်မှာ ပက်လက်လန်နေသည်။ သူ့  မှာ ခေါင်းတခြမ်း မရှိတော့။ ကျန် မျက်နှာတခြမ်းမှ သူ့ မျက်လုံးမှာ မှိတ်တုတ်မှိတ်တုတ် မျက်တောင်ခတ်နေဆဲ။ ပဲ့ထွက်နေသော သူ့ ခေါင်းမှ ဦးနှောက် ဖြူဖြူဖွေးဖွေးတွေ ဖွာထွက်နေသည်။ နီရဲသော သွေးများ ပန်းထွက်နေသည်။ ကျနော် ကြည့်နေဆဲမှာပင် မှိတ်တုတ်မှိတ်တုတ် ခတ်နေသော သူ့ မျက်လုံး ရပ်သွားသည်။

ကျနော် လက်ဝဲဘက် ၄ ပေခန့် အကွာတွင် အခြား တယောက်။ သူလည်း ပက်လက်လန်နေသည်။ သူ့ ဝမ်းဗိုက် ညာဘက်ခြမ်း ပွင့်ထွက်နေပြီး အူများ ပြူထွက်နေသည်။ သူ့ ညာလက်ဖြင့် သူ့ အူများကို လှမ်းကိုင်ပြီး ဝမ်းဗိုက်ထဲသို့ ပြန်သွင်းဖို့ ကြိုးစားနေရာမှ သူ့ လက်သည် မြေကြီးပေါ်သို့ ရုတ်တရက် ကျသွားပြီး တကိုယ်လုံး ငြိမ်သက်သွားသည်။

x x x x x x x x

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၃)


x x x x x x x x

စာတိုက်ဘေး တည့်တည့် ခြံစည်းရိုး လေးမှာ ဒဏ်ရာရထားသူ တယောက်သည် ခြံစည်းရိုး သံတိုင်ကို ကိုင်၍ မတ်တတ်ထလိုက်သည်။ သူ့  ဘယ်ဘက်ပေါင်မှာ သေနတ်ကျည် အနီးကပ် မှန်ထားသဖြင့် အရေပြား တဲတဲလေးသာ ကျန်နေသဖြင့် တွဲလောင်း ဖြစ်နေသည်။

ထိုသူသည် သံတိုင်ကို အားခဲ ခိုထားပြီး သူနှင့် လက်တကမ်းမျှသာ ဝေးသော စစ်သားများသို့ လှမ်းအော်၍ စကားပြောလိုက်၏။ 'ဒီမှာ ကြည့်ပါအုန်း။ လက်နက် ဆိုလို့ ဘာမှ မပါတဲ့ ကျနော်ကို ဘာကြောင့် ခုလို ပစ်ရတာလဲ'။

သူနှင့် လက်တကမ်းမှ စစ်သားသည် သူနှင် နီးသော စစ်ဗိုလ်ကို လှမ်းကြည့်လိုက်သည်။ စစ်ဗိုလ်က ကိုယ်အမူအယာဖြင့် အချက်ပေးလိုက်သည်နှင့် စစ်သားသည် သူ့ လက်ထဲမှ ဂျီ (၃) ဖြင့် ဒဏ်ရာကိုပြရင်း လဲကျမတတ် ဖြစ်နေသူ လူငယ်အား ရင်ညွှန့်သို့ ချိန်၍ မောင်းဖြုတ်လိုက်ရာ လူငယ်မှာ ပုံလျက် ကျသွားသည်။

'ဟေ့ ရှေ့ကို နောက်ထပ် တက်မလာကြနဲ့။ လာရင် ပစ်သတ်ခံရမှာဘဲ'။ ကျနော် ရပ်နေသော စာတိုက် ခြံစည်းရိုးမှ ၄ - ၅ ပေ မျှသာ ကွာသော နေရာ၌ ရပ်နေသည့် စစ်ဗိုလ်တယောက်က ကျနော်တို့ကို လှမ်း၍ ကြိမ်းမောင်းလိုက်ခြင်းဖြစ်သည်။"


တင့်ဇော်

("၇ ဇူလိုင် မှတ်တမ်း၊" စွမ်းမြိုင် စီစဉ်ပြီး အလင်းအိမ် စာစောင် (ဂျပန်) မှ ထုတ်ဝေသည်။ (ပထမအကြိမ် ၇ ဇူလိုင် ၂၀၀၆) မှ စာမျက်နှာ ၄၆ - ၄၇ နှင့် ၄၈)

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၄)


ဒီ ဆန္ဒပြပွဲကြီးကို နှိမ်နှင်း ဖြိုခွဲဖို့ အတွက် 'လုံခြုံရေးကော်မတီ' ကို ဗိုလ်နေဝင်းက ဖွဲ့ပေးခဲ့တယ်။ ဒီ ကော်မတီမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်စိုး ခေါင်းဆောင်ပြီး ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးသန်းစိန်နဲ့ ဒုရဲချုပ်ဘအေး တို့ ပါဝင်ကြတယ်။ ဒီ ကော်မတီ အဖွဲ့ဝင်တွေဟာ အသံလွှင့်ရုံမှာ ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြတယ်။

ညပိုင်းမှာ ကျောင်းသားတွေကို ပစ်ခတ် နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေဟာ နန်ကင်းဟော်တယ်က အစားအသောက်တွေ မှာယူပြီး အောင်ပွဲခံ စားပွဲသောက်ပွဲတွေ ကျင်းပခဲ့ကြတယ်။

ဒီလို စားသောက်အပြီးမှာ ဗိုလ်လှဟန်နဲ့ ဗိုလ်အောင်ကြီး တို့ဟာ ဗိုလ်နေဝင်းဆီ သတင်းပို့ဖို့ ထွက်လာကြတယ်။

လမ်းမှာ အင်းယားကန်ဟော်တယ် အဝင်ဝမှာ ရှိတဲ့ ပါမောက္ခ ဦးကာ အိမ် ရောက်တဲ့အခါ ဝင်ကြပြီး ဦးကာနဲ့ စကားစမြည် ပြောကြတယ်။ ဒီ ဗိုလ်မှူးကြီးတွေဟာ ဦးကာ အိမ်မှာ စုပြီး ကျောင်းသားဆန္ဒပြမှု အခြေအနေတွေကို စုံစမ်းကြ၊ ဆွေးနွေး တိုင်ပင်တတ်ကြတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၅)


အဲဒီအခါမှာ ဗိုလ်လှဟန်က "သမဂ္ဂကို ခွဲဖို့ သူတို့ အမိန့်ရထားပြီ" လို့ ပြောလိုက်တယ်။ ဒီတော့ ဗိုလ်အောင်ကြီး က "ဟာ - ခင်ဗျားတို့ ခွဲဖို့ အမိန့် မပေးလိုက်ကြနဲ့အုန်း။ ကျနော် ဥက္ကဋ္ဌကြီးကို ပြောအုန်းမယ်လို့" ပြန်ပြောလိုက်တယ်။ ပြီးတော့ ဗိုလ်နေဝင်းဆီ ဆက်သွားကြတယ်။

ဗိုလ်နေဝင်းဆီ ရောက်တော့ ဗိုလ်လှဟန်က အခြေအနေ အရပ်ရပ်ကို အစီရင်ခံတယ်။ ဗိုလ်အောင်ကြီးကတော့ အမြီးကုပ်သွားတယ်။ ဗိုလ်အောင်ကြီးဟာ လုံခြုံရေး ကော်မတီမှာ တိုက်ရိုက် ပါဝင်ခြင်း မရှိပေမယ့် လုံခြုံရေးကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ရာ အသံလွှင်ရုံမှာရော၊ အနီးကပ် ကြီးကြပ် ကွပ်ကဲနေတဲ့ ဗိုလ်မှူးကြီးတွေနဲ့ပါ တချိန်လုံး အတူတကွ ရှိနေပါတယ်။

(၈) လေးလုံး အရေးတော်ပုံကာလ မဆလ ပါတီ အရေးပေါ်ညီလာခံမှာ ဗိုလ်နေဝင်း မိန့်ခွန်းပြောတဲ့အခါ သူ့  ဆီကို ဗိုလ်အောင်ကြီးနဲ့ ဗိုလ်လှဟန် လာတယ်။ ဗိုလ်လှဟန်က အခြေအနေ အရပ်ရပ်ကို သတင်းပို့တယ်။ ဗိုလ်အောင်ကြီးကတော့ ဘာမှ မပြောဘဲ ပြန်သွားကြတယ်။

အသံလွှင့်ရုံ ပြန်ရောက်တော့ "ဥက္ကဋ္ဌကြီးက `အိုကေ (OK)´ လို့ ပြောလိုက်တယ်" လို့ ဗိုလ်အောင်ကြီးက ပြောတယ်။ ဒီတော့မှ သမဂ္ဂကို ဖောက်ခွဲလိုက်တာလို့ ရှင်းပြသွားတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၆)


အမှန်တော့ ကျောင်းသားတွေ သမဂ္ဂ အဆောက်အဦထဲ ဝင်ခိုသွားကြပြီ ဆိုတာ သတင်းပို့ပြီးသားပါ။

အဲဒီအချိန်က ကွန်မြူနစ်တွေက ကျောင်းသားတွေအတွက် လက်နက်တွေ ပို့ပေးထားတယ်၊ ကွန်မြူနစ်တွေရဲ့  မြေပေါ်ဌာနချုပ်ဟာ သမဂ္ဂ အဆောက်အဦ ပဲလို့ သတင်းတွေ ထွက်နေခဲ့တယ်။

ဒီ အခြေအနေကို ဗိုလ်အောင်ကြီးက ၈၊ ၇၊ ၉၈ ရက်နေ့ VOA နဲ့ တွေဆုံ မေးမြန်းခန်းမှာ ဘယ်လို ပြောလဲ ဆိုတော့ "သမဂ္ဂမှာပေါ့လေ၊ ကျောင်းသားတွေက လက်နက်ကိုင်တဲ့ လူတွေ ရှိတယ်၊ လူနာတွေ ဆွဲသွင်းပြီး တံခါးတွေ ပိတ်သွားတယ်၊ ဘာညာ ဆိုတော့ကာ ညနေဘက် နည်းနည်း စောင်းလာတော့ ဗိုလ်ချုပ်ကြီးက (ဥက္ကဋ္ဌကြီးက) ပြောတယ်။ ပြည်ထဲရေးဝန်ကြီးကို တကယ်လို့ ညမိုးချုပ်သွားလို့ ရှိရင် အဲဒီအပေါ် ပစ်လား ခတ်လား ဖြစ်လို့ ရှိရင် တို့လူတွေ သေမယ် အဲဒီတော့ အသေ မခံနဲ့နော်၊ အဲဒီတော့ ရကွိုင်းလက် ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ"။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၇)


သမဂ္ဂ အဆောက်အဦထဲမှာ လက်နက်ကိုင် လူတွေ ရှိတယ် ဆိုတာ မဟုတ်ပါဘူး၊ ဒါ တော်လှန်ရေး ကောင်စီရဲ့ ကုလားဖန်ပါ။ ဒါဟာ သမဂ္ဂ အဆောက်အဦကို ရကွိုင်းလက် ဂန်းနဲ့ ပစ်ခွင်းဖို့ ဗိုလ်နေဝင်းက လုံခြုံရေးကော်မတီကို အမိန့်ပေးလိုက်တာပဲ။ ဒါပေမဲ့ ရကွိုင်းလက် ဂန်း ကျည် ရှာမရခဲ့ကြဘူး။

ဒီတော့ အမိန့်ပေးရင် ကိုက်ဖို့သာ သိတဲ့ စစ်ခွေးတစုဟာ ဒိုင်းနမိုက်နဲ့ ကပ်ခွဲဖို့ ဒိုင်းနမိုက် ရှာကြပြန်တယ်။ ညသန်းခေါင်ကျော်မှာ သမဂ္ဂကို ဖောက်ခွဲဖို့ ထောက်ကြံ့ ပင်မ ခဲယမ်းသိုလှောင်ရုံ ကနေ ဒိုင်းနမိုက် အမြောက်များ ရရှိခဲ့ပါတယ်။

သမဂ္ဂ အဆောက်အဦကို စိတ်ကြိုက် ဒိုင်းနမိုက်တွေ တပ်ဆင် ဖောက်ခွဲခဲ့သူကတော့ အင်ဂျင်နီယာတပ်က ထားဝယ်သား ဗိုလ်မှူးထွန်းရီပဲ ဖြစ်တယ်။ ဖောက်ခွဲရာမှာလည်း လိုအပ်တဲ့ ပမာဏထက် အဆများစွာ ပိုသုံးခဲ့တယ်။

ဒိုင်းနမိုက်ကို ရန်ကုန် မြို့လယ်လို နေရာမျိုးမှာ တရားဝင် ဖောက်ခွဲဖို့ ဆိုတာ အနည်းဆုံး အဆင့် ဗိုလ်မှူးကြီးတဦးက ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ်ရေးထိုးပေးမှသာ တရားဝင်ပါတယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၈)


ဒီနေရာမှာ တပ်မတော်ရဲ့  တော်သလို အမိန့်ပေးပြီး တော်သလို တရားခံ ရှာတတ်တဲ့ အာဏာရှင် လုပ်ထုံးလုပ်နည်းကို တွေ့ရပါတယ်။

ဗိုလ်နေဝင်းက ဗိုလ်ကျော်စိုး ဆီကို ဖောက်ခွဲဖို့ နှုတ်မိန့် ပေးလိုက်တယ်၊ ဗိုလ်ကျော်စိုးက တဖန် ဗိုလ်ထွန်းရီ ဆီကို နှုတ်မိန့် ပေးပြန်တယ်။ ဒီတော့ ဗိုလ်ထွန်းရီလည်း ဒိုင်းနမိုက်တွေက တပ်ဆင်ထားပြီးပြီ တရားဝင် အမိန့်ပေးတဲ့ စာချွန်လွှာကလည်း မရှိ၊ သူ့ကို အမိန့်ပေးလိုက်တဲ့ ဗိုလ်မှူးကြီးတွေကလည်း မရှိ၊ ဒီအချိန်ကြီး ဘယ်သွား ရှာရမှန်းလည်း မသိ ဖြစ်နေတယ်။

ဒီနေရာမှာ ဒါးခုတ်ရာ ခေါင်းဝင်ခံသူကတော့ တပ်မတော် စစ်မင်းကြီး ဗိုလ်မှူးကြီးဘဦး (မင်းသိမ်း လို့လည်း ခေါ်တယ်) ပဲ။ သူက မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးဖို့ ပြောတော့ ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ် ဝင်ထိုးပေးသွားတယ်။

ဒီတော့မှ ဗိုလ်ထွန်းရီလည်း သမဂ္ဂ အဆောက်အဦမှာ အသင့် တပ်ဆင်ထားပြီး ဖြစ်တဲ့ ဒိုင်းနမိုက်တွေကို ၈ ရက်နေ့ မနက် လင်းအားကြီး ၃ နာရီခွဲ၊ ၄ နာရီ ခန့်မှာ တကသ အပေါ်ထပ် မျက်နှာကြက်ပေါ် တက်ခါ ပုန်းအောင်းနေတဲ့ ဒဏ်ရာရ ကျောင်းသား တခိျု့နဲ့အတူ သမဂ္ဂ အဆောက်အဦ ကြီးကို ဖောက်ခွဲလိုက်ပါတော့တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၂၉)


သမဂ္ဂ အဆောက်အဦမှာ ဘကြီး ကံသိန်းရဲ့ သမဂ္ဂ ဆံပင်ညှပ်ဆိုင်နဲ့ စားသောက်ဆိုင် ရှိပါတယ်။ သမဂ္ဂ ဆံပင်ညှပ်ဆိုင်က ဘကြီး ကံသိန်းဟာ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းတို့ သမဂ္ဂခေတ် ကတည်းက ရှိနေသူပါ။ အဲဒီအချိန်က သမဂ္ဂ စားသောက်ဆိုင် တင်ဒါ ရပြီး ဖွင့်နေတဲ့ သူကတော့ ပန်းချီ ဦးနန်းဝေ ဖြစ်ပါတယ်။ သူတို့ မိသားစုတွေပါ သမဂ္ဂ အဆောက်အဦ ထဲမှာ နေကြပါတယ်။

၇ ရက်နေ့ည ၁၁ နာရီ လောက်မှာ စစ်တပ်က စစ်ဗိုလ် တွေက ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့ရဲ့ နာမည်တွေကို လက်ကိုင် အသံချဲစက် တွေနဲ့ အော်ခေါ်ပါတယ်။ နောက်ပြီး သမဂ္ဂ အဆောက်အဦ ထဲကနေ မိသားစု နဲ့အတူ ထွက်ပေးဖို့ ပြောပါတယ်။ ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့က ညကြီးသန်ခေါင် ကားရှာ မရလို့ မနက်မှ ထွက်ပါရစေလို့ တောင်းပန်တာကို လက်မခံဘဲ၊ ညတွင်းချင်း လူချည်းပဲ ထွက်ရမယ်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမယ်လို့ ပြောတယ်။

ယူနီယံထဲမှာ မသမာသူတွေ ခိုအောင်း နေနိုင်လို့ အပြတ်ရှင်းမယ် လို့လဲ ပြောတယ်။ ဒါကြောင့် သူတို့လည်း မိသားစုနဲ့ ခြေလွတ် လက်လွတ် ညတွင်းချင်း ထွက်ခဲ့ ရတယ်။

ဦးကံသိန်း ပြောတာကတော့ အထဲမှာ ခိုအောင်းတဲ့ သူ ဆိုတာလည်း မရှိပါဘူး။ သူတို့ ထင်သလို မြေအောက်ခန်းတွေ ဘာတွေလည်း မရှိပါဘူးတဲ့။ ဒါပေမဲ့ မိုက်လုံးကြီး မနာလို ဝန်တိုတဲ့ စစ်အာဏာရူးတွေကတော့ ၈ ရက်နေ့ လင်အားကြီးမှာ ကျောင်းသားထု ပိုင်ဆိုင်တဲ့ ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်ပါတော့တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၃ဝ)


အဲဒီနေ့ ည (၇) နာရီ အချိန် မြန်မာရေဒီယိုကနေ အသံလွှင့်တဲ့အခါ အာဏာရူး နေဝင်းက

"ကျနော် တိုင်းပြည် တာဝန်ယူသည့် အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါသည်" တဲ့ ...

"အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။ ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်"

လို့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း 'ဒါး ဒါးချင်း လှံ လှံချင်း' ဆိုပြီး ထပ်မံ စိန်ခေါ် စော်ကားခဲ့ပြန်တော့တယ်။

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၃၁)


နောက်ပြီး စစ်အစိုးရက ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ရာမှာလည်း ကျောင်းသား ၁၇ ဦးသာ သေဆုံးကြောင်း ကြေညာခဲ့တယ်။ အမှန်မတော့ မန္တလေးဆောင် တခုထဲတင် စာရင်း အရ ၁၇ ဦး သေဆုံး ခဲ့တယ်။ မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သူရဲ့ ခန္ဓာကိုယ်က သွေးနဲ့ မန္တလေးဆောင် နံရံမှာ "၇ - ၇ - ၆၂ မမေ့ကြနဲ့" လို့ ရေးသွားခဲ့တယ်။

၆၂ ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးလှရွှေကို ဒီဗွီဘီ အသံလွှင့်ဌာနက ဇူလိုင်လ ၇ ရက် ၂၀၀၆ နေ့မှာ ဆက်သွယ်ပြီး "ဘာကြောင့် နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဖြိုဖျက် ပစ်ခဲ့ ရတာလဲ" ဆိုတာကို မေးမြန်း ခဲ့ရာ ဦးလှရွှေက အခုလို ဖြေကြားခဲ့ပါတယ်။

"ဒါကတော့ ခင်ဗျားတို့လဲ သိနေကြတာပဲ။ ဗမာပြည် ခေတ် အဆက်ဆက်က နိုင်ငံရေးမျိုးဆက်တွေ ဆိုတာ ကျောင်းသား သမဂ္ဂ စင်မြင့ပေါ်က ဖြတ်လာကြတာချည်းပါပဲ။ ဒါ တဖက်က ကြည့်လို့ ရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ ဒီ အဆောက်အဦဟာ ခေတ်တခေတ် ဗမာပြည် နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲခေတ် ကိုယ်စားပြုထားတဲ့ အဆောက်အဦပဲ။ ဒီဘက်ခေတ် ကျတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကိုယ်စားပြုတဲ့ အဆောက်အဦ ဖြစ်နေတာပေါ့။ အဲဒီတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို မျက်ကွယ်ပြုချင်တဲ့ လူတွေကတော့ တခြား ရွေးစရာ လမ်းမရှိလို့ ထင်ပါတယ်။"

ဆဲဗင်း ဂျူလိုင်၊ ကျောင်းသားအရေးတော်ပုံ (၃၂)


ဒီလို နီမောင်းသော ခွပ်ဒေါင်း အပေါင်းတို့ရဲ့ အပျိုစင် မိခင် သမဂ္ဂကို ကျောင်းသားတွေ နဲ့အတူ ဖြိုချ ဖျက်ဆီးခဲ့မှုဟာ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ အဖို့ သမိုင်းမှာ ဖျောက်ဖျက်လို့ မရတော့တဲ့ အမည်းစက်ကြီးပါပဲ။ ဒီ သမဂ္ဂကြီးကပဲ အာဇာနည် ခေါင်းဆောင်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ မြန်မာ့ လွတ်လပ်ရေးကို မွေးဖွားပေးခဲ့တယ်။ နောက်ပြီး သမဂ္ဂ အဆောက်အဦဟာ မြန်မာ နိုင်ငံရဲ့  လူမှုရေး၊ နိုင်ငံရေး ပြယုဂ်လည်း ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ် တို့ရဲ့ လက်ထက်မှာတောင် သမဂ္ဂဟာ ဒီလို လူမဆန်စွာ ရိုင်းပြ ရက်စက်မှုကို မကြုံခဲ့ရဖူးဘူး။


ဒီတော့ ကျနော်တို့ တတွေလည်း ကိုကျော်ဝင်း သွေးနဲ့ ရေးခဲ့ သလို "၇ - ၇ - ၆၂ ရက်နေ့ကို မမေ့ ကြဖို့" လိုပါတယ်။ နောက်ပြီး ၁၉၆၃ ဇူလိုင်လ ကျောင်းပြန် အဖွင့်မှာ သမဂ္ဂ အဆောက်အဦ နေရာမှာ ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည် တည်ထောင်ကြတယ်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နဲ့ အတူ အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ ရှိတဲ့ ကျောက်တိုက် တခု လုပ်ပြီး ၇ - ၇ - ၆၂ ရက်နေ့မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသား ရာကျော်အတွက် ရည်စူးကာ "ရာကျော် ကျောက်တိုင်" လို့ အမည်တွင်စေခဲ့တယ်။ ဒီ "ရာကျော် ကျောက်တိုင်" ဖွင့်ပွဲမှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း မိန့်ကြားခဲ့သလို "အဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂ စိတ်ဓာတ် ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး၊" ဆိုတဲ့ သမဂ္ဂ စိတ်ဓာတ်ကို အစဉ် နှလုံးသွင်းကြဖို့ လိုပါတယ်။


မှတ်ချက် - ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းတွေ ပြန်ပိတ်လိုက်တဲ့အခါ ရာကျော် ကျောက်တိုင်နဲ့ အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦလည်း ထပ်မံ ဖျက်ဆီးခံရတယ်။


********


https://www.myanmarisp.com/Student_Movements/7july

7th July ကျောင်းသားအရေးတော်ပုံ
(အသေးစိတ်မှတ်တမ်း)

ကို ဖတ်ရန် "7th July ကျောင်းသားအရေးတော်ပုံ" ခေါင်းစဉ်ကို နှိပ်ပါ။



https://www.myanmarisp.com/Student_Movements/7july

ကဲကဲ တိုင်းကျိုးပြည်ကျိုးလဲမဖြစ်ထွန်း ကိုယ့်အတွက်လဲအကျိုးမရှိ သူတပါးလဲအကျိုးမရှိ တောင်စဉ်ရေမရတွေအလကားလျှောက်ရေးနေကြမယ့်အစား ဒီလိုလူတွေကိုအတုယူပါလား http://oppositeyes.blogspot.com/2011/06/blog-post.html ဘာပဲဖြစ်ဖြစ်မင်းတို့ထက်တော့ အများကြီးအကျိုးပြုပါတယ် ဘဝမှန်ကိုနားလည်ပြီး လူငယ်များ (လူကြီးများပါ) ကျွတ်တမ်းဝင်ကြပါစေ

7 July နဲ့ပတ်သက်တဲ့ အချက်အလက် လာဖြည့်ပေးသူတွေ စာလာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မှတ်ချက် အတော်များများက spam ထဲ သွားဝင်နေလို့ Not spam ပြန်လုပ်ထားရတယ်။ အာဏာရှင်တွေ ဖုံးထားတဲ့ ရာဇ၀တ်မှုတွေကို ဖေါ်ပြနေလို့ အမှန်တရားကို လက်မခံနိုင်ဘဲ သမိုင်းမှန် လူသိမှာကို ကြောက်လို့တုန်နေသူတွေ အနာပေါ်ဒုတ်ကျလို့ ခံရခက်ပြီး ပြဿနာလာရှာနေသူ အာဏာရှင်နောက်မြှီးဆွဲတွေ ကိုတော့ ၀ဋ်ကြွေးလို့ပဲ သဘောထားကြပါ။ လာဆဲ၊ လာကလိ၊ အမျိုးမျိုး အနှေင့်အယှက်ပေးလည်း ရပ်သွားမယ် မထင်နဲ့။ နောက်ထပ် အာဇာနည်နေ့၊ ရှစ်လေးလုံးနေ့ စက်တင်ဘာ သွေးစွန်းနေ့တွေမှာ အာဏာရှင်တွေရဲ့ လူမဆန်ယုတ်မာ ရက်စက် ကောက်ကျစ်မှုတွေအကြောင်း ဆက်တိုက်လာဦးမှာ ဖြစ်တယ်။

မငယ်နိုင်

သမိုင်းမှန်ကို အမှန်အတိုင်း တင်ပြပေးနေတဲ့ မငယ်နိုင်ရဲ့ 7th July ပို့စ်တွေအတွက် အထူး ကျေးဇူးတင်ပါတယ် ခင်ဗျား။

မငယ်နိုင်ကိုကြည်.ရတာ မငြိမ်းချမ်းလိုက်တာ
ဘယ်ဘဝက အကုသိုလ်တွေပါလိမ်.

ပြစ်မရှိပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

လို့ မန်လည်ဆရာတော်ဘုရားကြီး ရေးဖွဲ့တော်မူခဲ့တဲ့ လေးဆစ်ကဗျာကို ဒီဘလော့ကို လာလည်တော့မှ လက်တွေ့ကျကျ ပိုနားလည်ရတော့တယ်...

ပြစ်မရှိ ပြစ်ရှာ
ငယ်နိုင်ကို စစ်ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

အဲဒီလိုကို ဖြစ်နေတာကိုး...

စစ်ခွေးတွေ ဟောင်ပေမယ့် သမိုင်းမှန်ကို ထုတ်ဖော်တဲ့ မှတ်တမ်းတွေ၊ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို ဖွင့်ချတဲ့ ဆောင်းပါးတွေ၊ ဇာတိမာန် တိုးပွားစေတဲ့ စာညွန့်တွေ၊ ဗဟုသုတ တိုးပွားစေတဲ့ စာတွေကို အရေးအသားကောင်းကောင်းနဲ့ ပြည်သူတွေရဲ့ ရင်ထဲ ရောက်အောင် ပို့ဆောင်ပေးနေတဲ့ မငယ်နိုင်ရဲ့ ကောင်းသတင်းတွေက ထွန်းပြောင်ဆဲပါ... စစ်ခွေးတွေ ဟောင်လေလေ၊ မငယ်နိုင်ရဲ့ ကောင်းသတင်းတွေက ပိုထွန်းပြောင်လေလေပါ...

စစ်ခွေးတွေရဲ့ဗီဇ ဖျောက်ရခက်ပါတယ်


http://hittai.net/?show=rm&fileid=89&t=home4&id=4

စစ်တွေမြို့တွင် စစ်သားများက သားအဖ နှစ်ယောက်ကို မင်းမဲ့စရိုက်ဖြင့် လူမဆန်စွာ ပစ်သတ်မှု


ဦးသာထွန်းအောင်က “ဒီကလေးတွေက ရပ်ကွက်ကပါ၊ အလှူလုပ်ဖို့ အုန်းတပင် ရပ်ကွက်ကောင်စီရုံးက ခုံတွေကို ဥက္ကဌ ခွင့်ပြုချက်နဲ့ ငှားတာပါ” လို့ ပြောလိုက်တယ်။

စစ်သားက “ဒီအဖိုးကြီး နာချင်နေပြီနဲ့ တူတယ်” လို့ ပြောပြီး ဦးသာထွန်းအောင်ရဲ့ ရင်ဘတ်ကို သေနတ်ဒင်နဲ့ ထုရိုက်လိုက်တယ်။

အဖေကို သားရှေ့မှာ မတရား ရိုက်နေတော့ သားဖြစ်သူ ဘတင်အောင် ရဲ့ မတရားတာကို ခေါင်းငုံ မခံချင်တဲ့စိတ်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ လူငယ်စိတ်ကြောင့် စစ်သားရဲ့ မျက်နှာကို လက်သီးနဲ့ တစ်ချက် ထိုးလိုက်တာပေါ့။

အနားမှာ ရပ်နေတဲ့ အရာရှိက “ဒီကောင်တွေကို တစ်ယောက်မကျန် သတ်ပစ်လိုက်စမ်း” လို့ အမိန့်ပေးလိုက်တယ်။

အမိန့်ရလိုက်တဲ့ စစ်ဘီလူးဟာ G3 သေနတ်နဲ့ ဦးသာထွန်းအောင် ရဲ့ ရင်ဘတ် ကို ၃ ချက် ပစ်ချလိုက်တယ်။

ပြီးတော့ သား ဘတင်အောင် ရဲ့ ဦးခေါင်းကို အသေအချာ ချိန်ပြီး ပစ်လိုက်တယ်။ ဘတင်အောင် ဦးခေါင်း ပွင့်ကျသွားတယ်။ ဒါကို မကျေနပ်နိုင်သေးပဲ ရင်ဘတ်ကို နောက်ထပ် ၂ ချက် ပစ်ထည့်လိုက်တယ်။ သွေးတွေကတော့ ကြောက်မက်ဖွယ် လမ်းမပေါ်မှာ စမ်းချောင်းသဖွယ် စီးဆင်းကုန်တာပေါ့။

အဲဒီနောက် မိုးပေါ်ကို သေနတ် (၇) ချက် ပစ်တယ်။ ပြီးတော့ သေနတ်သံကြားလို ကြောက်ပြီး ထွက်ပြေးနေကြတဲ့ ပြည်သူတွေကို လှမ်းပစ်တော့တာပေါ့။ သေနတ်သံနဲ့အတူ အော်ဟစ်သံတွေ ငိုကြွေးသံတွေ ထွက်ပေါ်လာတယ်။


http://hittai.net/?show=rm&fileid=89&t=home4&id=4


(အပြည့်အစုံကို ဖတ်ရန် "စစ်တွေမြို့တွင် စစ်သားများက သားအဖ နှစ်ယောက်ကို မင်းမဲ့စရိုက်ဖြင့် လူမဆန်စွာ ပစ်သတ်မှု" ခေါင်းစဉ်ကို နှိပ်ပါ။)

တပ်မတော်ဟာ အဖိနှိပ်ခံ ပြည်သူတွေကို သတ်ဖို့ ဖွဲ့စည်းထားတာပါ


စစ်တွေမြို့မှာ စစ်သားတွေက လက်နက်မဲ့ သားအဖ နှစ်ယောက်ကို မင်းမဲ့စရိုက်ဖြင့် လူမဆန်စွာ ပစ်သတ်မှုကို သိရတော့ တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာမဟုတ်ဘူး၊ အဖိနှိပ်ခံ ပြည်သူတွေကို သတ်ဖို့ ဖွဲ့စည်းထားတယ်လို့ မြင်တယ်။

သေနတ်ပြောင်းဝဟာ ပြည်သူလူထုဘက်ကို ၁၉၈၈ ခုနှစ် အရေးခင်းတုန်းကလဲ တစ်ကြိမ် လှည့်ခဲ့ပြီးပြီ။ အခု ၁၉၈၉ ခုနှစ်မှာလည်း နောက်တစ်ကြိမ် လှည့်လာခဲ့ပြီ။ နောက်လည်း အပြစ်မဲ့ ပြည်သူတွေဘက်ကို လှည့်လာအုံးမှာပဲ လို့ မြင်ယောင်မိတယ်။


(အပြည့်အစုံကို ဖတ်ရန် "တပ်မတော်ဟာ အဖိနှိပ်ခံ ပြည်သူတွေကို သတ်ဖို့ ဖွဲ့စည်းထားတာပါ" ခေါင်းစဉ်ကို နှိပ်ပါ။)


http://hittai.net/?show=rm&fileid=89&t=home4&id=4

သားပျောက်အမေတို့ရဲ့ ရှိုက်သံမဲ့ မျက်ရည်ပုံရိပ်များ


အာဏာရှင် ခေတ်တကြော
သောကကုန်စည်တွေ ထထုပ်တပိုးနဲ့
မျက်ရည်မိုး ရွာခဲ့ကြ
အပိုင်းပိုင်း ကျိုးခဲ့ရတဲ့ ပန်းချီကား
ပါလီမန်ဒီမိုကရေစီ ဆိုတဲ့တရား
စစ်ဖိနပ်ခွါကြား ပါသွားတာကြာပေါ့
အဲဒီနေ့က သားတို့ပြန်မလာခဲ့ဘူးနော်...
၁၉၆၂ ဇူလိုင်လ ၇ ရက်
လူထုမော်ကွန်းတင် ကျောင်းသား
မတရားတဲ့ အာဏာတွေတိုက်ဖျက်တော့
ဘီလူးဆိုင်းနဲ့ထွက်လာတဲ့ ဗိုလ်နေ၀င်း
''စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံလှံချင်း
ဖြိုခွင်းသွားမယ်"
ပြင်းထန်လိုက်တဲ့ မိန့်ခွန်း
ရေဒီယိုတောင် ဂျွမ်းပစ်သွားတယ်
အာဏာရှင်လက်သစ်ကြီးရဲ့ မျက်စောင်း
အပ်တိုတချောင်းမကိုင်တဲ့ ကျောင်းသားတွေကို
ဇူလိုင် ၇ ရက် တောင်စွယ်နေကွယ်ချိန်
သုသာန်မထုတ် ဒါးမခုတ်ပါဘူး
တက္ကသီလာ ကျောင်းနံရံတွေမှာ
မောင်းပြန်သေနတ်သံတွေ ဆူညံလို့
သွေးညှီနံ့တွေ လွှမ်းခဲ့ရတယ်
အဲဒီနေ့က သားတို့ပြန်မလာခဲ့ဘူးနော်...
ကျောင်းသားသမဂ္ဂ ကြီးနဲ့အတူ
အမေတို့ရဲ့ မျှော်လင့်ချက်တွေ
ပြိုလဲသွားခဲ့ရပေါ့
ဒါပေမဲ့...

ဇွဲမလျှော့တဲ့ ကျောင်းသား
၇၄၊ ၇၅ အာဇာနည်စိတ်ထားတွေနဲ့
သောကတွေ ခံပြင်း
ဒေါသတွေ မာန်တင်းလို့
ဦးသန့် အရေးအခင်း
သွေးတွေနဲ့ရင်း အသက်တွေနဲ့ရင်း
တော်လှန်မြင်းရိုင်း ကဆုန်စိုင်းခဲ့တယ်
အဲ့ဒီနေ့က သားတို့ ပြန်မလာခဲ့ဘူးနော်...
ဒီလိုနဲ့..........
အပြိုင်းအရိုင်းထနေတဲ့ ရင်ဘတ်တွေပေါ်မှာ
ချိုင့်ခွက်မညီညာနဲ့ ပေတရာပေါ်မှာတော့
ကျည်ဆံခွန်တွေ ခေါင်းလောင်းထိုးနေလေရဲ့
ကျောင်းအိုတွေထဲက စာသင်ခုံတွေပေါ်မှာ
သွေးကွက်တွေ စွန်းထင်း
ဒီမိုကရေစီ ကြွေးကြော်ရင်း
၈၈ မုန်တိုင်း ကျခဲ့တယ်
အဲဒီနေ့က သားတို့ပြန်မလာခဲ့ဘူးနော်...
မကြာခင်...အာဏာရှင် ပလ္လင်ရွေ့လို့
ကျောင်းတခွင် ဒေါင်းသခင်တွေရဲ့နေ့
ရောက်တော့မယ် အမေ
အဲဒီနေ့ကျမှ အားရပါးရ
ငြိမ်းအေးမှု တရားအလှတွေနဲ့
ဒေါင်းပျိုတွေ ကတဲ့ည
သားတို့ပြန်ဆုံကြတာပေါ့၊ အမေရယ်...။

သားပျောက်အမေတို့ရဲ့ ရှိုက်သံမဲ့ မျက်ရည်ပုံရိပ်များ (ကဗျာ)


ထပ်တလဲလဲ အသေ ပစ်သတ်ကာ နှိပ်ကွပ်လာသော စစ်အာဏာရှင်၏ အသုံးချခံ ခါးပိုက်ဆောင်စစ်တပ်ကို အံတုနေသော ဒေါင်းပျိုများ အကြောင်းကို ကိုဇော်မြင့် ရေးစပ်သော ကဗျာ


http://minyannaing-myanmar.blogspot.com/2010/01/blog-post_9877.html

Activist & Observer - ဟုတ်ပါတယ် ခွေးတွေက ဟောင်လို့အခုထိ မပြီးနိုင်တော့ဘူး။ ပြီးဖို့ နေနေသာသာ သခင်အားပေးေ ခွးတွေဆိုတော့ ဟောင်သံက ပိုတောင် ကျယ်လာသေးတယ်။ ဟောင်တာ ဒီမှာလာဟောင်တာတင်မကဘူး သူတို့ဘလော့ဂ်တွေမှာလည်း ကျွန်မ ဓါတ်ပုံတွေ ခိုးတင် ပေါက်ကရတွေ စွပ်စွဲရေးသားပြီး ဟောင်ထားကြတာ အများကြီးပဲ။ အရှိန်ကုန်ရင် သူ့ဖါသာသူ ရပ်သွားလိမ့်မယ်လို့ပဲ သဘောထားတယ်။ ခွေးဟောင်လို့ဆိုပြီး ကျွန်မ လုပ်နေတာတွေ ရပ်သွားမှာတော့ မဟုတ်ပါဘူး။

- zaw - တကယ်မငြိမ်းချမ်းတာက မင်းတို့ပါ။ ငါကတော့ အေးအေးဆေးဆေးပဲ ကိုယ်သိတဲ့ နည်းနည်းလေးကို ကိုယ့်လောက်မသိသူတွေ ဖတ်လို့ရအောင် တင်ပေးလိုက်တာ ကိုယ့်ထက်သိတဲ့သူတွေ ရေးထားတဲ့ အချက်အလက်အများကြီး လာဖြည့်ပေးတဲ့သူတွေ ရှိတော့ ကိုယ်တိုင်ရော တခြား လာလည်သူတွေပါ မသိသေးတာ မသိခဲ့တာကို ထပ်သိရနဲ့ ဟန်ကိုကျနေတာပဲ။ ငါ့ဘလော့ဂ်က ပို့စ်တွေကို ကြိုက်တဲ့သူဖတ်၊ မကြိုက်တဲ့သူ မဖတ်ဘဲနေနိုင်ပ်လျက်နဲ့ မကြိုက်တဲ့သူတွေဖြစ်တဲ့ မင်းတို့ကတော့ ငါ့ပို့စ်တွေကို မကြိုက်ဘူးလို့သာ ပြောတယ်၊ ငါ့ဘလော့ဂ်ကို လာတာ အကုသိုလ်များတယ်လို့လည်း ကြိမ်ကြိမ် ပြောဖူးတယ်၊ မလာရလည်း မနေနိုင် မဖတ်ရရင်လည်း မနေနိုင်မထိုင် မနနိုင်နဲ့ မင်းတို့မှ ကယ်ဝဋ်ကြွေးခံနေရတဲ့သူ အစစ်အမှန်အမှန်တွေပါ။ မဖတ်ချင်ဘဲ ဖတ်နေရတဲ့ ၀ဋ်ကြွေး မလာချင်ဘဲ လာနေရတဲ့ဝဋ်ကြွေး မပတ်သက်ချင်ဘဲ ပတ်သက်နေရတဲ့ ၀ဋ်ကြွေးတွေက အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးရုံမှတပါး ဘာမှမလုပ်ပေးနိုင်တာ စိတ်မကောင်းပါ။

- 7 July နဲ့ပတ်သက်ပြီး ကိုမြင့်ဇော် ရေးစပ်ထားတဲ့ကဗျာကို လာတင်ပေးသူကို ကျေးဇူးတင်ပါတယ်။

ဖတ် လို့ ကောင်း တယ် ဗျို့ .....ဗဟု သု တ ရ တယ်....

ပြည်သူကို သတ်စို့


ပြည်သူကိုလေ "ဓါး ဓါးချင်း" ဖြိုခွင်းမယ်။
ဗိုလ်ချုပ်နေဝင်း လူသတ်ဝါဒ ငါတို့လိုက်နာမယ်။
"စစ်တပ်ဟာ ပစ်ရင် မှန်အောင် ပစ်ပါတယ်။"
လမ်းပေါ် ဆန္ဒပြတိုင်း အသေပဲ ပစ်သတ်မယ်။

ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
မပြောင်းချင်တဲ့ လူတွေသတ်ဖို့ ပစ်မိန့် ပေးထားတယ်။
"အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
ကိုယ်ဝန်ဆောင်ပါမရှောင် ငါတို့ ပစ်သတ်မယ်။

မြို့လယ်မှာလဲ မစဲဘဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
ဘယ်မှာ တွန့်ဆုတ်ပါလိမ့် ငါတို့ စစ်သားရယ်။

ပြည်သူဟာလဲ အသေဆိုး သေရတယ်။
သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
"စစ်တပ်ကိုမစမ်းနဲ့၊ သေချင်းဆိုးနဲ့သေမယ်။"
"ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။



ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်


("တူယှဉ်ကာလေ တစ်ကယ်ပဲ အစွမ်းပြချင်တယ်" အစချီ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန် )

တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာခဲ့ရာ တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ ရေးစပ်ပါသည်။

တပ်မတော်သားများ အမြင်မှန် ရကာ ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်

တူယှဉ်ကာ တိုက်စို့

(မူရင်း စစ်ချီသီချင်း)


တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်။

မိုးတွေကလဲ မစဲပဲ ရွာနေတယ်။
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။

စစ်မြေမှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က ဓါးကိုဆွဲလို့ ရှေ့ကတက်ပါတယ်။
ဘယ်မှာ ကြောက်စိတ်ရှိလိမ့် ငါတို့စစ်သားရယ်။

ရန်သူဟာလဲ အရှုံးကြီး ရှုံးရတယ်။
သူတို့အလောင်းကို အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။

"တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို လွန်ခဲ့သော နှစ် ၅ဝ က အနေအထား ဖြစ်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

ဓါး ဓါးချင်း၊ လှံ လှံချင်း

ဓါး ဓါးချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ

(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားတဲ့ မိန့်ခွန်း)



ကျနော် တိုင်းပြည် တာဝန်ယူတဲ့ အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါတယ်။
အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။
ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။
ဓါးကို ဓါးချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတယ်။


ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

တူယှဉ်ကာ တိုက်စို့

(မူရင်း စစ်ချီသီချင်း)


တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်။

မိုးတွေကလဲ မစဲပဲ ရွာနေတယ်။
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။

စစ်မြေမှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က ဓါးကိုဆွဲလို့ ရှေ့ကတက်ပါတယ်။
ဘယ်မှာ ကြောက်စိတ်ရှိလိမ့် ငါတို့စစ်သားရယ်။

ရန်သူဟာလဲ အရှုံးကြီး ရှုံးရတယ်။
သူတို့အလောင်းကို အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။

စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံနေရသော တပ်မတော်သားများ အနေဖြင့် အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာပြီး "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို လွန်ခဲ့သော နှစ် ၅ဝ က အနေအထား ဖြစ်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

ပြည်သူကို သတ်စို့

(လက်ရှိ တပ်မတော်၏ အခြေအနေမှန်နှင့် ကိုက်ညီသည့် စစ်ချီသီချင်း)


ပြည်သူကိုလေ "ဓါး ဓါးချင်း" ဖြိုခွင်းမယ်။
ဗိုလ်ချုပ်နေဝင်း လူသတ်ဝါဒ ငါတို့လိုက်နာမယ်။
"စစ်တပ်ဟာ ပစ်ရင် မှန်အောင် ပစ်ပါတယ်။"
လမ်းပေါ် ဆန္ဒပြတိုင်း အသေပဲ ပစ်သတ်မယ်။

ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
မပြောင်းချင်တဲ့ လူတွေသတ်ဖို့ ပစ်မိန့် ပေးထားတယ်။
"အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
ကိုယ်ဝန်ဆောင်ပါမရှောင် ငါတို့ ပစ်သတ်မယ်။

မြို့လယ်မှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
ဘယ်မှာ တွန့်ဆုတ်ပါလိမ့်၊ ငါတို့ စစ်သားရယ်။

ပြည်သူဟာလဲ အသေဆိုး သေရတယ်။
သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
"စစ်တပ်ကိုမစမ်းနဲ့၊ သေချင်းဆိုးနဲ့သေမယ်။"
"ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။



ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်


("တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်" အစချီ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန် )

တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာပြီး တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ ရေးစပ်ပါသည်။

တပ်မတော်သားများ အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်

စစ်ချီသီချင်းအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီသီချင်းက အဖေ ဆိုနေကျ သီချင်း။ ကျွန်မလည်း မကြာခဏ ညည်းဆိုဖြစ်တဲ့သီချင်းပါ။ အစီစဉ်လိုက်မရပေမဲ့ ဒီသီချင်းကို ကျွန်မ တပုဒ်လုံးနီးပါးရပါတယ်။ ကျွန်မအဖေ အမြဲဆိုတဲ့သီချင်းမို့ ကျွန်မနားထဲမှာ အဖေ့အသံပဲ ကြားယောင်နေပါတယ်။ ဘလော့ဂ်ရေးခါစက အဲဒီသီချင်းကို tag ပို့စ်တခု http://nge-naing.blogspot.com/2009/10/blog-post_16.html မှာတောင်ကျွန်မ ညွန်းဖူးပါတယ်။

အမွေလေးဘာလေး ယူကြမလား

ဘာကြောင်.လဲတော.မသိဘူး ကြောင်ချေးကတော. ခုလိုမိုးအေးအေး ဇူလိုင်လများ ရောက်ပီဆိုမှဖြင်.

လွမ်းသလိုလို ဘာလိုလို နဲ. မျက်ရည်လေး ဘာလေးတွေ တတွေတွေကျပီး ရီချင်သလိုလို ငိုချင်သလိုလို

တိုက်ချင်သလိုလို ရိုက်ချင်သလိုလို သြ၀ါဒပေးချင်သလိုလို မိန်.ခွန်းလေးဘာလေး ပြောချင်သလိုလို

အင်တာလေးဘာလေးဗျူးချင်လာသလိုလို ကြေညာချက်လေးဘာလေးထုတ်ချင်သလိုလို

ဟောပြောပွဲလေးဘာလေး စီစဉ်ချင်သလိုလို ဆွမ်းလေးဘာလေးကျွေး လူလေးဘာလေးစုပီး

ဟိုလိုလို ဒီလိုလို လုပ်ချင်သလိုလို ဘာလိုလို ပင်နီလေးဘာလေး ၀တ်ပီး လပ်လျားလပ်လျား

လမ်းသလားချင်လာသလိုလို ခမောက်လေးဘာလေးဆောင်းပီး သခင်သန်းထွန်းမျက်နှာပေါက်နဲ.

တောပြောတောင်ပြော ပြောချင်လာသလိုလို ကားမှတ်တိုင်မှာလူနဲနဲများလာရင်တောင်

အပြေးသွားပီး သခင်စိုးမျက်နှာပေါက်နဲ. ဟစ်တလာလိုမျိုးအလေးပြုခံချင်သလိုလို ဘာလိုလို

နဲ. ဘာမှထူးမလာတဲ. ဘာလိုလိုပေါင်းများစွာ ရောဂါ ရခဲ.တာဆိုရင်လဲ န၀တ တက်ခါစကအိမ်ထောင်ကျ

ခဲ.တဲ.ကြောင်ချေး အခုဆိုမြေးတောင်ရှင်ပြုလို.ရတဲ. အရွယ်ရောက်လာခဲ.ပါပီ။ နှစ်တွေ ဘယ်လောက်

ပဲကြာကြာ ဒီလ ရောက်ရင် ရောဂါက ထိန်းမနိုင်သိမ်းမရ ပြန်ပြန်ပေါ်လာတာလဲ နှစ်တိုင်းပါပဲ။

နှစ်ပေါင်းများစွာ ကြာလာတော.လဲ ရောဂါက တော်တော်လေးကို ကျွမ်းနေပါပီ။ အသက်လေးဘာလေး

လဲရ လာတော. ဒီလိုမျိုး ရောဂါသဲတဲ. အချိန်ရောက်ရင် ကိုယ်တိုင်ဘာလိုလို မလုပ်နှိုင်ပေမဲ.

၇သေ.စိတ်ဖြေ ကိုယ်.နားအနီးတ၀ိုက် က ကလေးတွေ မျိုးဆက်သစ်လေးတွေဆိုပါတော. သူတို.လေးတွေ

ကိုပဲ နည်းပေးလမ်းပြ လုပ်ပီး ရောဂါသက်သာရာသက်သာကြောင်း လေးလုပ်ယူရတယ်။ စိတ်တိုင်းတော.

တယ်မကျလှဘူးပေါ. ။စိတ်တိုင်းမကျ ပေမဲ.လဲ ဘေးကင်း၇န်ကင်း ရောဂါလေးဘာလေးသက်သာတော.လဲ

ဆက်လုပ်နေရတာပေါ.။ လက်ဆင်.ကမ်းပေးတဲ. သဘောလဲပါပါတယ်။ ယူသော်ရဧ။်ပေါ.ခင်ဗျာ။

ပညာအမွေတို. ဥစ္စာအမွေ တို. နောက်မျိုးဆက်ကို မပေးနှိုင်သော်ငြားလည်း ဘာလိုလို ရောဂါ အမွေလေး

ကိုတော.ဖြင်. မျိုးဆက်သစ် များအတွက် ကြောင်ချေးက မသေခင်ကတဲက ပေးခဲ.ပါတယ်ခင်ဗျ။

သာဓု သာဓု သာဓု ပါခင်ဗျာ။။။

ကြောင်ချေး

( အုတ်ကထ)

(ကြောင်ချေးများ ဒီမိုကရေစီ အဖွဲ.ချုပ်။ ဘိုးဘွားရိပ်သာနယ်မြေ)

အန်တီစုက မွေးနေ့စုတောင်းကို ငြိမ်းချမ်းရေးပေးဖို့ပြောထားပါတယ် မငြိမ်းချမ်းစေမယ့်အကြောင်းတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ပျက်ပျားစေမယ့်အရာတွေမပြောကြပါနဲ့

Nge Naing said...

စစ်ချီသီချင်းအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီသီချင်းက အဖေ ဆိုနေကျ သီချင်း။ ကျွန်မလည်း မကြာခဏ ညည်းဆိုဖြစ်တဲ့သီချင်းပါ။ အစီစဉ်လိုက်မရပေမဲ့ ဒီသီချင်းကို ကျွန်မ တပုဒ်လုံးနီးပါးရပါတယ်။ ကျွန်မအဖေ အမြဲဆိုတဲ့သီချင်းမို့ ကျွန်မနားထဲမှာ အဖေ့အသံပဲ ကြားယောင်နေပါတယ်။ ဘလော့ဂ်ရေးခါစက အဲဒီသီချင်းကို tag ပို့စ်တခု http://nge-naing.blogspot.com/2009/10/blog-post_16.html မှာတောင်ကျွန်မ ညွန်းဖူးပါတယ်။ ကျွန်မအဖေက ဒီမိုကရေစီခေတ်တုန်းက စစ်သားပါ၊ တပ်မတော်ကို သွေးစွန်းစေတဲ့ မဆလန၀ခေတ်စစ်သား မဟုတ်ပါဘူး။



မငယ်နိုင်

ဟုတ်ကဲ့၊ မငယ်နိုင်။

ပြည်သူ့ တပ်မတော်ခေတ်က ပြည်သူ့ တပ်မတော်သားတွေထဲမှာ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ပြည်သူအတွက် စွန့်လွှတ် အနစ်နာခံပြီး ပေးဆပ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ထဲ ဝင်ခဲ့ကြတာက အများစုမို့လို့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေပါ။

ဒီနေ့ ဗိုလ်သင်တန်း တက်တဲ့ လူ အများစုကတော့ တခြား ဘယ်တိုင်းပြည်မှာမှ မရနိုင်ပဲ မြန်မာ စစ်အာဏာရှင်စနစ်မှာမှ ရနိုင်တဲ့ အခွင့်ထူးခံ ဘဝကို မျှော်ကိုးပြီး ဗိုလ်သင်တန်း လျှောက်ကြတာပါ။
မြန်မာ စစ်ခေါင်းဆောင်တွေက အလွန်အကျွံ လုပ်ပိုင်ခွင့်အာဏာ နဲ့ အကန့်အသတ်မရှိ တရားလွန် ကိုယ်ကျိုးရှာနိုင်တဲ့ အခွင့်အရေး ရနေတာကို အားကျပြီး အဲဒီလို ဖြစ်ချင်လို့ စစ်ထဲ ဝင်လာတာက အများစုပါ။

ပြည်သူ့ တပ်မတော်ခေတ်က ပြည်သူ့ တပ်မတော်သားတွေဟာ ခံယူချက် မှန်ကန်တော့ နေတာထိုင်တာ၊ ပြောတာဆိုတာ၊ ပြုမူတာကအစ ပြည်သူတွေ အထင်ကြီး လေးစားစရာ၊ အားကျ အတုယူစရာ သားကောင်းစစ်သည်တွေ ဖြစ်ခဲ့ပါတယ်။

ဒီနေ့ စစ်ဗိုလ် အများစုက ခံယူချက် မမှန်ကန်တော့ မျိုးစေ့ မမှန်တော့ အပင် မသန်ပါဘူး။ ဒီနေ့ စစ်ဗိုလ် အများစုက ပြည်သူတွေကို မတရား ဖိနှိပ် အနိုင်ကျင့်ပြီး ပြည်သူ့ ဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်နဲ့ စစ်ထဲ ဝင်လာကြတာတာ ဆိုတော့ လက်ရှိ ပြည်သူကို မတရား အနိုင်ကျင့် ဖိနှိပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ စစ်ခေါင်းဆောင်တွေကို နမူနာယူပြီး အရပ်သားတွေကို ဖိနှိပ် ဆက်ဆံတဲ့ အကျင့်ကို ဗိုလ်လောင်းဘဝကတဲက စတင် အတုယူနေကြပါပြီ။ အဲဒီတော့ ရာထူးလေး နည်းနည်း ရလာပြီ ဆိုတာနဲ့ ပြည်သူကို ဖိနှိပ်ချင်တဲ့ သဘောထားက သူတို့ရဲ့ နေတာထိုင်တာ၊ ပြောတာဆိုတာ၊ ပြုမူတာမှာ ပေါ်လွင်သထက် ပိုမို ပေါ်လွင်လာတော့တာပေါ့။

ဒီနေ့ စစ်ဗိုလ် အများစုက ပြည်သူတွေကို မတရား ဖိနှိပ် အနိုင်ကျင့်ပြီး ပြည်သူ့ ငွေကို အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်နဲ့ စစ်ထဲ ဝင်လာကြတာတာ ဆိုတော့ လက်ရှိ ပြည်သူကို မတရား အနိုင်ကျင့် ဖိနှိပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သရုပ်မှန်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးသားဖော်ပြပြီး အမှန်ကို အမှန်အတိုင်း ဝေဖန်တဲ့ မငယ်နိုင် အပါအဝင် ပြည်သူတွေကို ရန်သူလို့ မြင်ပြီး ရန်ရှာနေတာပါ။

ပြည်သူ့ တပ်မတော်ခေတ်က ပြည်သူ့ တပ်မတော်သား စစ်စစ် တယောက်ရဲ့ သမီး မငယ်နိုင်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး တိုက်ပွဲမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ တောက်ရှောက် ပါဝင်လာလို့ လေးစားပါတယ်။


ခွပ်ဒေါင်းဇာနည်

ကြောင်ချေးနာမည်နဲ့ လာရေးသူရဲ့ မှတ်ချက်က spam ထဲဝင်နေတာ အခုမှ တွေ့လို့ ဆဲထားဆိုထားတာ မဟုတ်တာနဲ့ ခဏထည့်ပေးထားပါတယ်။ ဒါပေမဲ့ ဘလော့ဂ်မှာ ပေါက်ကရနာမည်နဲ့ ပေါက်ကရမှတ်ချက်တွေ၊ ဘယ်သူ့အတွက်မှ ဘာမှ အကျိုးမရှိတဲ့ အရေမရအဖတ်မရ မှတ်ချက်တွေ လာရေးတာ ဒါနာက်ဆုံးဖြစ်ပါစေ။ နောက်ထပ် လာရေးရင် ထည့်ပေးမှာ မဟုတ်ဘူးလို့ ကြောင်ချေးကို တခါတည်း သတိပေးလိုက်ပါတယ်။

ကိုထွန်းအောင်ကျော် (ABSDF ပထမဆုံး ဥက္ကဋ္ဌ) ၏ စစ်အစိုးရထောင်တွင်း အတွေ့အကြုံ

(အပြည့်အစုံ ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။)


ကျွန်တော်သည် ဦးသန့်အရေးအခင်းတွင် ဦးဆောင်ဦးရွက် ပြုသူများထဲမှ တဦးဖြစ်ပါသည်။ ဦးသန့် သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ရသည့် တဦးတည်းသော မြန်မာ အမျိုးသားကြီး ဖြစ်ပါသည်။ ထို့အတွက် ကျွန်တော်တို့ ကျောင်းသားများမှ သူ့အောင်မြင်မှုကို မြန်မာ ကျောင်းသားများအနေနှင့် ဂုဏ်ယူခဲ့ကြပါသည်။

ဦးသန့်မှာ ကင်ဆာရောဂါစွဲကပ်ပြီး နယူးယောက်မြို့ရှိ ဆေးရုံတရုံတွင် ၁၉၇၄ ခုနှစ် ကုန်ခါနီးတွင် ကွယ်လွန်ခဲ့ပါသည်။ သူ့ဆန္ဒအရ သူ့အလောင်းကို တာဝန်ရှိသူများနှင့် သူ့မိသားစုတို့မှ မြန်မာပြည်တွင် မြှုပ်နှံရန် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ယူဆောင်လာခဲ့ကြပါသည်။

သို့ရာတွင် မဆလ အစိုးရမှ သူ့အလောင်းကို နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်မပေးဘဲ လျစ်လျူရှုခဲ့သည့်အတွက် မြန်မာနိုင်ငံသားများ အထူးသဖြင့် ကျောင်းသားလူငယ်များအတွက် အလွန်ခံပြင်း ဒေါသထွက်စရာ အခြေအနေမျိုး ဖန်တီးစေခဲ့ပါသည်။

(ဆက်ရန်)

ပြည်သူများအနေနှင့် အစိုးရ၏ ဂုဏ်ပြုထိုက်သူ ဦးသန့်ကို ဂုဏ်ပြုရန် ပျက်ကွက်မှုအတွက် မကျေနပ်ကြသော်လည်း ဘယ်လိုတုံ့ပြန်ရမှန်း မသိကြချေ။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများဖြစ်သော ကျွန်ုပ်တို့က ဦးသန့်အလောင်းကို လုယူ၍ တက္ကသိုလ်ဝင်းထဲသို့ သယ်ဆောင်သွားခဲ့ကြပါသည်။ ထိုနေ့သည် ဒီဇင်ဘာလ ၅ ရက်နေ့ ဖြစ်သည်။

တက္ကသိုလ်ဝင်းထဲတွင် ကျောင်းသားများ ဆန္ဒပြပွဲကြီးကို ၅ ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၄ နာရီ အချိန်တွင် ဖြိုခွဲ၍ အလောင်းထည့်ထားသည့် အခေါင်းကြီးကို ကရိန်းကားကြီးဖြင့် အင်းယားလမ်း အတိုင်း သယ်ယူသွားခဲ့ပြီး ကန်တော်မင် ပန်းခြံတွင် အစိုးရမှ ကြီးကြပ်၍ မြှုပ်နှံခဲ့ပါသည်။

ကျွန်တော်နှင့် သူငယ်ချင်း တင်မောင်ဦးတို့ အစိုးရမှ အကြမ်းဖက် ဝင်ရောက်သိမ်းပိုက်ခြင်း မပြုမီ ကျောင်းဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့ကြပါသည်။ ပထမတွင် ရဲဘော်များကို ထားခဲ့ပြီး ထွက်သွားခြင်းထက် အတူတူ အဖမ်းခံခြင်းကိုသာ ရွေးချယ်ကြောင်း ပြောပြငြင်းဆိုခဲ့သောအခါ ကိုတင်မောင်ဦးက သူ့အတွေ့အကြံအရ အဖမ်းခံရပါက ရဲဘော်များကို ကူညီရန် တတ်နိုင်တော့မည် မဟုတ်သည့်အပြင် ကိုယ့်ကိုယ်နှင့် သူ့စိတ်ထောင်ထဲတွင် ဘဝသေနေမည်သာဖြစ်သည်။ ဝါဒါတွေ ခိုင်းသလို နေ၊ စေသလို သွားရမည့်ဘဝ။ လူအဆင့်မှ လျှောကျ၍ ကျွန်ဘဝသို့ ရောက်သွားမည်ဟု ဖြောင်းဖျပြောဆို ရှင်းလင်းပြသည့်အတွက် သူရှင်းပြချက်သည် လွန်စွာမှ အဓိပ္ပါယ်ရှိသဖြင့် အဖမ်း မခံဘဲ ကျန်ရစ်သူများ အဖမ်းခံရသည့်အခါ ၎င်းတို့ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်ကြရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်ဝင်း မလွယ်ပေါက်မှ နှစ်ဦးသား သဘက်များ ခေါင်းပေါင်း၍ ထွက်လာခဲ့ကြပါတော့သည်။

(ဆက်ရန်)

ဒုတိယအကြိမ်တိုက်ခြင်းနှင့်ငရဲကျခြင်း။

နောက် ၆ လ ကြာသောအခါ ကျွန်တော်တို့တတွေ ဇွန်အရေးအခင်းကြီးကို ဖန်တီးပြီး အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြပြန်ပါသည်။ ဇွန်အရေးအခင်းကြီးသည် အလုပ်သမား ဆန္ဒပြမှု နှစ်ပတ် လည်နေ့နှင့် တိုက်ဆိုင်နေခဲ့ပါသည်။ ဂျွန်အရေးအခင်းဖြစ်ပြီးနောက် ကိုတင်မောင်ဦး ကို လက်ဝဲစွန်း တဖြစ်လဲ ကျောင်းသားပြည်ပြေး တင်မောင်ဦး အဖြစ် ဓါတ်ပုံနှင့်တကွ ဖေါ်ပြပြီး သတင်းစာများတွင် ဝရမ်းထုတ် အလိုရှိကြောင်း ကြေငြာခဲ့သော်လည်း ကိုတင်မောင်ဦး မြေလျှိုး ပျောက်ကွယ် သွားခဲ့ပါသည်။

ဇွန်အရေးအခင်း ဖြစ်ပြီး နောင် ၂ လအကြာ စစ်ထောက်လှမ်းရေးမှ ကျွန်တော့်အား နေအိမ်သို့ ပြန်လာ ခိုက် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ကျွန်တော့်ကို ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က စစ်ဆေးပါသည်။ ဗိုလ်ကြီး မောင်မောင်သွင်က ကျွန်တော်နှင့် ၎င်းသည် ပညာတတ်များဖြစ်ကြောင်း ထို့ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အသားအနာမခံဘဲ သူသိလိုသမျှကို ထုတ်ဖေါ် ပြောဆိုရန် ဖျောင်းဖျပါသည်။

(ဆက်ရန်)

တပ်ကြပ်ကြီးတွေ၊ တပ်သားတွေဟာ ပညာမရှိဘူးကွ

“တပ်ကြပ်ကြီးတွေ၊ တပ်သားတွေဟာ ပညာမရှိဘူးကွ။ သူတို့သိတာက လူတွေကို ရိုက်နှက် နှိပ်စက်ဖို့လောက်ဘဲ သိတယ်။ ငါ့ညီ မင်းပညာတတ်ဘဲ မင်းလုပ်သမျှ ဝန်ခံပြီး ဘယ်သူတွေ ပါဝင်တယ် ဆိုတာကို ထုတ်ပြောလိုက်ရင် အသားမနာဘဲ မင်းသက်သာလိမ့်မယ်” ဟု ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က ကျွန်တော့်ကို စည်းရုံး ဖျောင်းဖျပါသည်။

“မင်းအနေနဲ့ သက်သာတဲ့နည်းကို လိုက်မလား၊ အသားနာတဲ့နည်းကို လိုက်မလားရွေးပေါ့” ဟု ဆိုသည်။

"မင်းဘယ်လို အတွေးအခေါ် ရှိသလဲ၊ ဘယ်စံနစ်ကို ကြိုက်သလဲ? မင်းတို့ခေါင်းဆောင် ဘယ်သူလဲ? တင်မောင်ဦးနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ခဲ့သလဲ? လက်နက်ရှိသလား? ဘယ်မှာထားသလဲ?” စသည်ဖြင့် မေးသမျှ ကျွန်တော်က ဘူးခံခဲ့ပါသည်။

(ဆက်ရန်)

ကျွန်တော်က အသားအနာခံသည့် နည်းကို ရွေးချယ်လိုက်ပါသည်။ ကျွန်တော့်မှာ ရွေးစရာ ဒီ တလမ်းဘဲ ရှိပါသည်။ အကယ်၍ မိမိလုပ်ဖေါ်ကိုင်ဖက် ရဲဘော်များကို ထုတ်ပြောလိုက်ပါက မီးခိုး ကြွက်လျှောက် တပြုံလုံး ပါလာမည်ဖြစ်သလို၊ ကျွန်တော်တို့ အုပ်စု၏ လုပ်ရပ်များလည်း ရပ်ဆိုင်း သွားမည် ဖြစ်သဖြင့် စိတ်ဒုံးဒုံးချပြီး ဘူးခံခဲ့ပါသည်။ သူတို့ကျွန်တော့်ကို နှိပ်စက်ညှင်းပမ်းမည်ကို မသိ မဟုတ်၊ သိပါသည်။

သို့ရာတွင် ကျွန်တော်တို့၏ တော်လှန်ရေးကို မရပ်တန့်စေလိုသလို ကျွန်တော့် ရဲဘော်များကိုလည်း နှိပ်စက်ညှင်းပမ်းမှု မခံစေလိုပါ။ ကျွန်တော် နှိပ်စက်သမျှကို လည်စင်းခံရန် အတွက် ခိုင်မာစွာ ဆုံးဖြတ်ပြီး သူတို့နှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ပါသည်။

နောက်ဆုံး ချောက်တလှည့် ချော့တလှည့်လုပ်၍ မရသည့်အဆုံး ဗိုလ်ကြီးများက သူတို့၏ လက်အောက်ခံ အာဏာပါးကွက်သားများလက်သို့ ကျွန်တော့်အား အပ်နှံလိုက်ပါသည်။

အခန်းတွင်းသို့ ဝင်လာသူမှာ အရပ် ၆ ပေကျော်မြင့်ပြီး ခန္ဓာကိုယ် တုတ်ခိုင်ကြီးမားသူဖြစ်သည်။ သူက ကျွန်တော့် ကို ကြည့်ပြီး မာန်ဖီလိုက်ပါသည်။ ကျွန်တော်က သူ့ကို ပြုံးပြလိုက်သည်။ ကြည့်ရသည်မှာ ကျွန်တော် က သူ့ကို ပြုံးပြလိုက်ဖြင့် အံ့သြသွားပုံရပါသည်။ ထီမထင်ဟန်ဖြင့် သူ့ကို ပြုံးပြလိုက်သော်လည်း ကျွန်တော့် နှလုံးခုန်နှုန်းက မြန်နေပါသည်။ ကျွန်တော်စိတ်လှုပ်ရှားနေသည်မှာ အမှန်ဖြစ်သည်။

သူက ကျွန်တော့်သူငယ်ချင်းများ ဘယ်သူဖြစ်သနည်းဟု ထုတ်ဖေါ် မပြောဆိုပါက သူလက်တဘက်တည်းနှင့် ကျွန်တော့်လည်ပင်းကို ချိုးပစ်မည်ဟု ခြိမ်းခြောက်ပါသည်။

ကျွန်တော်က ကျွန်တော့်အနေဖြင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း တဦးတည်း အနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ အပေါင်းအသင်းမရှိဘဲ မိမိသဘောနှင့်သာ ပါဝင်ခဲ့ကြောင်း ပြောလိုက်ပါသည်။

(ဆက်ရန်)

အာဏာပါးကွက်သား ထွက်သွားပြီး လူနှစ်ယောက်ကို ထပ်ခေါ်လာခဲ့ပါသည်။ ၎င်းနောက် ကျွန်တော့် လက်နှစ်ဖက်ကို ပူးချည်ပြီး ကြိုးဖြင့် ထုတ်တန်းတွင် ဆွဲပြီး လက်နှစ်ဖက်ကို အစွမ်းကုန်မြှင့်ပြီး မတ်တပ်ရပ်ပုံစံ ချည်ထားခဲ့ပါသည်။

သူက ဝါးကျစ်တလုံးကို ယူလာခဲ့ပြီး ကျွန်တော့် တင်ပါးကို အစွမ်းကုန် လွှဲ၍ ရိုက်ပါသည်။ ရိုက်ချက် များက တင်ပါးတလျှောက် ဆက်တိုက် ကျရောက်လာခဲ့ပြီး မညဉ်းညူမိစေရန် အံတင်းတင်း ကြိတ်ထားခဲ့ရသည်။

နာကျင်ကိုက်ခဲမှုက တကိုယ်လုံး ပျံ့နှံ့နေခဲ့ပါသည်။ နာကျင်မှုနှင့်အတူ ဒေါသကလည်း လှိမ့်ထွက်လာသည့်အတွက် ရိုက်တိုင်း ပြန်ဆဲမိသည်အထိ ဖြစ်ခဲ့ပါသည်။ ဆဲသည့်အခါ ပါးကို ဘယ်ပြန် ညာပြန်ရိုက်သည့်အခါ ရိုက်ပါသည်။ မျက်နှာကို လက်သီးနှင့် မထိုးသည့်အတွက် ထူးဆန်းသလို ရှိပါသည်။ (အသေးစိတ်ကို ဇွန်အရေးအခင်းတွင် ရေးပါမည်။)

ည ၉ နာရီခန့်မှ စ၍ ရိုက်လိုက်သည်မှာ လူသာလဲသွားသည်။ တုတ်မလဲခဲ့ပါ။ ပထမ စစချင်း နာကျင်ကိုက်ခဲမှု ဝေဒနာမှာ ကြာလာသည့်အခါ ထုံကျင်မှုအဖြစ် ပြောင်းလာခဲ့ပြီး ထိုမှတဖန် ပျို့ချင် အန်ချင်သည်အထိ ဖြစ်လာခဲ့ပါသည်။

လူလဲပြီး ရိုက်နှက်သူများ ချွေးစို့ရွှဲလာခဲ့ပြီး ကျွန်တော်လည်း ရိုက်ချက်တိုင်း တင်ပါးပေါ် ကျသည့်အခါ တုန်ခါသွားသည်ကလွဲ၍ အသံသိပ်မထွက်နိုင်တော့ပါ။

(ဆက်ရန်)

အကြမ်းဖက်သမားများ ထွက်သွားတိုင်း ဗိုလ်ကြီးများက တလှည့်စီ ဝင်လာတတ်ပြီး အနုနည်းဖြင့် “ညီလေး မင်း သိပ်ခေါင်းမာတယ်။ စိတ်ကို လျှော့လိုက်၊ မင်းအသက်က သူတို့ထက် အများကြီး တန်ဖိုးရှိတယ်။ ဘယ်သူတွေ ပါတယ်ဆိုတာ ဖွင့်ပြောလိုက်။ တယောက်ပြောရင် ရပြီ။ မင်းကို ဆက်မရိုက်စေရဘူး။ မင်းတို့လို ပညာတတ်တွေ အသက် မဆုံးရှုံးစေချင်ဘူး” ဟု ဖျောင်းဖျတတ်သည်။

ကျွန်တော်က ငြင်းဆိုမြဲ ငြင်းဆိုနေခဲ့သည့် အတွက် ဝါးရင်းတုတ်ကလဲ ကျွန်တော့်တင်ပါးပေါ်ကျမြဲတိုင်း ကျနေခဲ့ပါသည်။ နံနက် ၂ နာရီခန့်တွင် ကျွန်တော့်ကို ရိုက်နေသော ဝါးရင်းတုတ် အကျစ်ကြီး အနည်းငယ်ကွဲထွက်သွားပါသည်။

ထိုအချိန်တွင် ၆ ပေကျော် လူကြီးက ဝင်လာပြီး ဝါးရင်းတုတ် ကွဲသွားသည့်ဖက်ကို လက်မှကိုင်ရင်း မကွဲသည့်ဖက်ကို အဖျားတွင် ပြောင်းကိုင်၍ အချိန်ယူပြီး တအားလွဲရိုက်ထည့်လိုက်သည့်အခါ ကျွန်တော့်နားတွင်းမှ လေထွက်သံ ရွှီးခနဲ ကြားလိုက်ရပြီး လောကကြီး တခုလုံး မှောင်မိုက်သွားခဲ့ပါသည်။

ကျွန်တော်သတိရလာသည့်အခါ အဝါရင့်ရောင် လွင်ပြင်ကြီးကို မြင်နေရပါသည်။ တဖြည်းဖြည်း အဝါရောင် လွင်ပြင်ကြီးတွင် အမဲရောင်ကောက်ကြောင်းများ ရေးရေးပေါ်လာခဲ့ပါသည်။ အခန်းတွင်းရှိ ကုလားထိုင်များ၊ စားပွဲများ၏ ကောက်ကြောင်းများပင်ဖြစ်သည်။ ကျွန်တော်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပန်းချီသင်တန်း တက်ခဲ့ဖူးသဖြင့် (Outline) ကောက်ကြောင်း အကြောင်း ကောင်းကောင်း သိပါသည်။

(ဆက်ရန်)

ထိုကြောင့် နာကျင်မှုကိုမေ့ပြီး အဝါရောင်လွင်ပြင်တွင် ပေါ်လာသော ကောက်ကြောင်းများကိုကြည့်ပြီး “အော် Outline လေးတွေဘဲ” ဟု ပြုံးပြီး ကြည့်နေမိပါသည်။ ထိုအခါ တယောက်က “အောင်မာ ခွေးမသား ဒီကောင်က ပြုံးတောင်နေသေးတယ်” ဆိုတဲ့အသံနဲ့အတူ ဝှီးခနဲ မြည်သံကြားရပြီး အမှောင်တိုက်ထဲသို့ နစ်မျောကျရောက်သွားခဲ့ပြန်ပါသည်။

ကျွန်တော် သတိပြန်ရလာသောအခါ ကျွန်တော့်ခန္ဓာကိုယ်သည် ကြမ်းပြင်တွင် လဲလျောင်းနေပြီး ခေါင်းတခုလုံး စိုရွှဲနေပါသည်။ ခန္ဓာကိုယ် အောက်ပိုင်းတခုလုံး ထုံကြင်နေပြီး အောက်ပိုင်းသေသလို ဖြစ်နေခဲ့ပါသည်။

ထောက်လှမ်းရေး (၇) တပ်မှူး ဗိုလ်မှူးရဲထွဋ် (နံမည် အတိအကျတော့ မမှတ်မိတော့) က သူ့လူများကို လှမ်းပြောလိုက်သည့်အသံကို ကြားရသည်။ “ဟေ့ကောင်တွေ ဒီကောင်လေးကို မရိုက်နဲ့တော့ တော်ကြာ သေသွားနိုင်တယ်၊ သူ့အမှုတွဲတွေကို သွားထုတ်ခဲ့” ဟု ပြောလိုက်သည်။

“ဒီကောင်တွေကို မျက်နှာချင်းဆိုင်ထားပြီး စစ်မယ်၊ ဒါမှ ဘယ်သူလိမ်တယ်ဆိုတာ သိမယ်” လို့ ပြောပါသည်။

ည ၉ နာရီမှ မနက် ၄ နာရီအထိ ကျွန်တော့်ကို ဝါးရင်းတုတ်စာ ကျွေးခြင်းကို တပ်မှူးက ဝင်ပြောမှ ရပ်လိုက်ပါသည်။


(အပြည့်အစုံ ဖတ်ရန် "ကိုထွန်းအောင်ကျော် (ABSDF ပထမဆုံး ဥက္ကဋ္ဌ) ၏ စစ်အစိုးရထောင်တွင်း အတွေ့အကြုံ " ခေါင်းစဉ်ကို နှိပ်ပါ။)


http://www.dawnmanhon.com/2011/07/blog-post_12.html


(ဒေါင်းမာန်ဟုန် ဘလော့မှ ကူးယူဖော်ပြပါသည်။)

လူအစုအပြုံလိုက် သတ်ခဲ့တဲ့ တင်အောင်မြင့်ဦးကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးသင့်တယ်


မြန်မာနိုင်ငံရဲ့ ဒုတိယသမတ ဆိုသူ တင်အောင်မြင့်ဦး ဟာ စစ်တိုင်းမှုးတာဝန်ယူထားချိန်မှာ လူအစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုပေါင်းများစွာမှာ ပါဝင်ပတ်သက်ခဲ့မှုကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးသင့်တယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေက ပြောပါတယ်။


http://irrawaddy.org/article.php?art_id=21705

စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး ၏ အစုအပြုံလိုက် လူသတ်မှုများ


Burma's Vice President Tin Aung Myint Oo should be investigated by a United Nations' Commission of Inquiry for his role as regional commander during a series of brutal massacres, says the leadership of the Kachin Independence Army (KIA).


http://irrawaddy.org/article.php?art_id=21705

စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုများ


ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အရာရှိတွေက အခုလက်ရှိ ဒုသမ္မတ တင်အောင်မြင့်ဦးဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသင့်တဲ့သူ ဖြစ်တယ် လို့ ပြောလိုက်ပါ
တယ်။ တိုင်းရင်းသားဒေသဘက်မှာ သူ တာဝန်ယူစဉ်က လူအများအပြား သတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဘကောင်းက ဒီကိစ္စတွေကို စုံစမ်းရေးသား တင်ပြထားပါတယ်။

အသေးစိတ်ကို လောလောဆယ် အင်္ဂလိပ်ဘာသာနဲ့ ဒီနေရာ ( http://irrawaddy.org/article.php?art_id=21705 ) မှာ ဖတ်နိုင်ပါတယ်။

သတင်းထောက် ဘကောင်း စုဆောင်းခဲ့တဲ့ အထောက်အထား ဓာတ်ပုံတချို့ကို ဒီကနေ ထပ်ပြီး တင်ပြပေးလိုက်ပါတယ်။


http://www.9dblood.co.cc/2011/07/blog-post_7185.html


(ကိုးဒီသွေးဘလော့)

နေပြည်တော်က စစ်ခေါင်းဆောင်တွေက စစ်အာဏာရှင်ရဲ့ တသွေးတသံတမိန့် အာဏာကို သုံးပြီး လွတ်လပ်ရေးပိသုကာ အမျိုးသားခေါင်းဆောင် အစစ်အမှန်၊ တပ်မတော်ဖခင် အစစ်အမှန် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်း၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ကတဲကစပြီး ကျောင်းသားတွေက စစ်အာဏာရှင်ကို ဆန့်ကျင်လာခဲ့ကြလို့ အဲဒီနေ့ကစပြီး ကျောင်းသားတွေကို အကြိမ်ကြိမ် အသေ ပစ်သတ်ပြီး နှိပ်ကွပ်လာခဲ့တဲ့ သမိုင်း၊ နောက်ပိုင်းမှာ ကျောင်းသားပြည်သူ ရဟန်းရှင်လူ လူတန်းစား အားလုံးက စစ်အာဏာရှင်ကို ဆန့်ကျင်လာခဲ့ကြလို့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အားလုံးကို ထပ်တလဲလဲ "စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်ပြ" လာခဲ့တဲ့ သမိုင်းမှန်တွေကို မျိုးဆက်သစ်လူငယ်တွေ မသိနိုင်တော့အောင် ဖုံးကွယ်ထားတယ်..

ရုရှားက စစ်ကျွန်တွေက သမိုင်းမှန်ကို မျိုးဆက်သစ်လူငယ်တွေ သိအောင် ဖော်ထုတ်ပေးနေတဲ့ အစ်မ မငယ်နိုင် အပါအဝင် ပြည်သူ့ဘလော့ဂါတွေကို ဆဲဆို ပုတ်ခတ် စော်ကား တိုက်ခိုက်တဲ့ နည်းအပြင် တခြား နည်းပေါင်းစုံနဲ့ နှောင့်ယှက်တယ်..

အခုတခါ ဆရာ ဒေါက်တာ ဦးလှိုင်မြင့်က တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ က ဒီနေ့မှာ ကမ္ဘာပေါ်မှာ ဓါးမနောက်ပိတ်ခွေး ဖြစ်နေရတဲ့ အကြောင်းရင်းတွေက စစ်ခေါင်းဆောင်တွေ သုံးမရအောင် ဖျင်းလွန်းလို့၊ ခိုးလွန်းလို့၊ ရမ်းလွန်းလို့၊ ယုတ်လွန်းလို့၊ ထင်ရာစိုင်းလွန်းလို့၊ ကိုယ်ကျိုးရှာလွန်းလို့၊ တမျိုးတဆွေဝ လုပ်လွန်းလို့ ဆိုတာတွေကို အတွင်းစကားတွေနဲ့ ကွင်းကွင်းကွက်ကွက် ဖွင့်ချနေတော့ ရုရှားက စစ်ခွေးတွေက တီကောင် ဆားထိသလို ဖြစ်နေတာပါ.. ဆရာ ဒေါက်တာ ဦးလှိုင်မြင့် ရဲ့ ပြောင်မြောက်လှတဲ့ အမှန်တရား စကားတွေကို ဗဟုသုတလဲ နည်း၊ အသိဥာဏ်လဲ မွဲလှတဲ့ ရုရှားက စစ်ဗိုလ်တွေက ဘယ်လိုမှ ယှဉ်ပြောလို့ မရမှန်း သိနေတော့ ဆရာ့ကို ကြည်ညိုနေကြတဲ့ ပြည်သူတွေ အကြည်ညိုပျက်အောင် အောက်လမ်းနည်းနဲ့ တိုက်ဖို့ အကွက်ဆင်လာပါပြီ..

"သန်းရွှေ မခိုးဘူး လို့ ပြောရဲလား" ၊ "ဒီပဲယင်းလူသတ်ပွဲမှာ ကြံ့ဖွတ်တွေ မပါဘူး လို့ ပြောရဲလား" ဆိုပြီး ဆရာ ဒေါက်တာ ဦးလှိုင်မြင့်က စစ်ဗိုလ်အားလုံးကို ဆိုင်ယာနိုက် အဆိပ် သောက်ကြေး စိမ်ခေါ်ထားတာကို ဘယ်စစ်ဗိုလ်မှ ယောကျာ်းလို မထွက်ရဲကြတော့ မိန်းမဥာဏ်နဲ့ ဆရာ ဒေါက်တာ ဦးလှိုင်မြင့်ကို နာမည်ဖျက်ဖို့
ကလိမ်ကကျစ်ကွက်တွေ စလာပါပြီ.. အခုရက်ပိုင်းမှာ ရုရှားက စစ်ဗိုလ် mg က "ဒေါက်တာလှိုင်မြင့်" နာမည်နဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို စ ရေးနေပါပြီ..

အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ရေးထားတဲ့ "ဒေါက်တာလှိုင်မြင့်" ဆိုတာ ဆရာ မဟုတ်ဘူး ဆိုတာကို အစ်မ မငယ်နိုင်ရော၊ နိုင်ငံရေးဘလော့တွေကို မှတ်ချက်တွေပါ ဂရုတစိုက် ဖတ်လေ့ရှိတဲ့ စာဖတ်သူ အများစုကပါ သိကြပါတယ်.. နိုင်ငံရေးဘလော့တွေကို ဖတ်နေကျ မဟုတ်တဲ့ စာဖတ်သူ အသစ်တွေ၊ နိုင်ငံရေးဘလော့တွေ ဖတ်ပေမယ့် မှတ်ချက်တွေ ဖတ်လေ့မရှိတဲ့ စာဖတ်သူတွေ လောက်ပဲ မသိကြတာပါ.. ဒါပေမယ့် စိတ်ယုတ်စိတ်ညံ့ပဲ ရှိပြီး အသိဥာဏ်မွဲတဲ့ ရုရှားက စစ်ဗိုလ် mg က စာဖတ်သူတွေ ယုံမယ် ထင်ပြီး သူ ရေးတဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ဒေါက်တာလှိုင်မြင့် ရေးသလို ပုံမှားရိုက်ပြီး ထပ်တလဲလဲ လာတင်နေတာပါ..

ဆရာ ဒေါက်တာ ဦးလှိုင်မြင့်ရဲ့ စိတ်ဓါတ်၊ ခံယူချက် နဲ့ တိုင်းပြည်ကို ကောင်းစေချင်တဲ့ စေတနာကို လူအများက သိနေကြတော့ "ဒေါက်တာလှိုင်မြင့်" နာမည်နဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ဆရာ ရေးတာ မဖြစ်နိုင်ဘူး ဆိုတာကို အစ်မ မငယ်နိုင်က ချက်ချင်း သိပေမယ့် ကျနော့်လို မထင်မရှား ပါမွှားရဲ့ nickname ("သဘာဝကျကျသုံးသပ်သူ") ကို အတုလုပ်ပြီး အစ်မ မငယ်နိုင်ကို တိုက်ခိုက်ထားတဲ့ မှတ်ချက်ကို ရုရှားက စစ်ဗိုလ်တယောက်က ဝင်ရေးသွားတာကိုတော့ အစ်မ မငယ်နိုင်က အမှတ်တမဲ့ ဖြစ်သွားတယ်.. မနေ့က ကျနော် ပြောပြတော့မှ အဲဒီ မှတ်ချက်ကို ဖျက်လိုက်ရတယ်..

ဘာပဲပြောပြော ပြည်သူ့ဘက်သားတွေရဲ့ nicknames တွေကို အတုလုပ်ပြီး ရေးတဲ့ ရုရှားက စစ်ဗိုလ်တွေရဲ့ ကလေးကွက်ကိုတော့ ကျနော်တို့ သတိထားဖို့ လိုပါတယ်.. တချက်လောက် သတိလွတ်သွားရင် ကျနော်တို့ ပြည်သူ့ဘက်သား အချင်းချင်း အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာနိုင်ပါတယ်.. မသိသေးတဲ့ စာဖတ်သူအသစ်တွေကလဲ ယုန်ထင်ကြောင်ထင် ဖြစ်လာနိုင်ပါတယ်.. ဒါကြောင့် အစ်မ မငယ်နိုင် အပါအဝင် ဒီဘလော့ကို လာနေကျ စာဖတ်သူလူဟောင်းတွေက ရုရှားက စစ်ဗိုလ်တွေရဲ့ ညစ်လုံး၊ လှိမ့်လုံးတွေကို မသိသေးသူတွေ သိအောင်၊ ပြည်သူ့ဘက်သားတွေကို ထင်ယောင်ထင်မှား မဖြစ်အောင် မကြာခဏ ဖော်ထုတ်ပေးနေတာ လုပ်သင့်တာကို လုပ်နေကြတာ ဖြစ်လို့ အထူး ကျေးဇူးတင်မိပါတယ်..


သဘာဝကျကျသုံးသပ်သူ (အစစ်)

"ဒေါက်တာလှိုင်မြင့်" (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်ခင်ဗျား


ဆရာ ဒေါက်တာဦးလှိုင်မြင့် မှတ်ချက်ရဲ့ နောက်ဆက်တွဲကို
ဆရာ ဒေါက်တာဦးလှိုင်မြင့် ကို အသိပေးခြင်း


လေးစားရတဲ့ ဆရာ ဒေါက်တာဦးလှိုင်မြင့် ခင်ဗျား

ဘလော့ဂါ မငယ်နိုင် ရဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) အောက်မှာ ဆရာ့နာမည်ကို သုံးပြီး မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ထပ်တလဲလဲ ဝင်ရေးနေတဲ့ ရုရှားက စစ်ဗိုလ်ကို ဆရာ တုံ့ပြန်ထားတဲ့ မှတ်ချက်ရဲ့ နောက်ဆက်တွဲကို အသိပေးပါရစေ ခင်ဗျား..

ဆရာ့ နာမည်ကိုသုံးပြီး ငယ်နိုင်ဘလော့မှာ ရေးနေတဲ့ ဒေါက်တာလှိုင်မြင့် (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်၊ ဆရာခင်ဗျား..



ဒေါက်တာလှိုင်မြင့် (အတု) ဟာ ..........
.......... mg ၊ zaw ၊ han zaw ၊ မောင်၊ တုတ်ကြီး၊ တုတ်ကြီး(ခေတ္တ-နော်ဝေ)၊ နော်ဝေရောက်မြန်မာတစ်ဦး၊ စောင်.ကြည်.နေသူတစ်ဦး၊ အိုပါး (ခေတ္တကိုရီးယား)၊ SV ယောကျာ်း၊ ငယ်နိုင်.ယောက်ျား၊ ကျော်နိုင်၊ K N ၊ မေကိုလတ်၊ ယမင်းအိမ်ဇလီဦး၊ ဦးသူတော်၊ မှော်ဆရာ၊ ဒေါက်တာကျော်သက်၊ ဒီမိုကျော်ကျော်၊ ဓားမဝတီ မဲပြောင်၊ အလင်း၊ Hit ၊ Anonymous ..... ဆိုတဲ့ nicknames တွေ အပါအဝင် nicknames မျိုးစုံကို သုံးပြီး ဒေါက်တာလွမ်းဆွေဘလော့၊ ဧရာဝတီဘလော့၊ Simple Views ဘလော့၊ ငယ်နိုင်ဘလော့၊ ပိတောက်မြေဘလော့၊ ကျေးစေတမန်ဘလော့၊ ဒေါ်လာစားဘလော့၊ Myanmar Express ဘလော့၊ Myanmar Astronomy ဘလော့ .......... တွေ အပါအဝင် ဘလော့ အတော်များများမှာ စစ်အုပ်စုဖက်က ဖားပြီး ဒီမိုကရေစီလိုလားသူ ပြည်သူ့ဘက်သားတွေကို ဆဲဆို ပုတ်ခတ် စော်ကား တိုက်ခိုက်တဲ့ မှတ်ချက်တွေ၊ စကားကပ်ဖဲ့ပြောပြီး ဂွတိုက် ဘု ဂလန့် ပြောတဲ့ မှတ်ချက်တွေ၊ အပြစ်မရှိအပြစ်ရှာပြီး ချိုးဖဲ့တဲ့ မှတ်ချက်တွေ၊ အကြောင်းမရှိ အကြောင်းရှာပြီး ရယ်သွမ်းသွေးတဲ့ မှတ်ချက်တွေ၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် ချဲ့ကားပြီး ထိုးနှက်တဲ့ မှတ်ချက်တွေ၊ သဘာဝမကျတဲ့ ပေါတောတော ဗြောင်လိမ်ဗြောင်စား မှတ်ချက်တွေကို ရက်ရှည်လများ ရေးလာတဲ့ ရုရှားက စစ်ဗိုလ် ဖြစ်ပါတယ်..



အဲဒီ ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို မငယ်နိုင်က ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး မငယ်နိုင်ဘလော့က "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် အောက်မှာ ရုရှားက စစ်ဗိုလ် နောက်တယောက်က "လွတ်လပ်စွာရေးသားခွင့်တွေ နည်းပါးလှချည်လား၊ ဒေါက်တာလှိုင်မြင့် ရဲ့ကွန်းမန့်က ဆဲထားတာလဲမဟုတ်၊ ဝေဖန်ထားတာလဲမဟုတ်၊ ဒါပေမယ့် ခုမရှိတော့ဘူး" ဆိုပြီး ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ဖက်က အလံရှုးလုပ်ပြီး ရေးသွားပြန်ပါတယ်..

အဲဒီ ဒုတိယစစ်ဗိုလ်က "သဘာဝကျကျသုံးသပ်သူ" ဆိုတဲ့ ကျနော့် nickname ကို သုံးပြီး မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက် ရေးသွားတာ ဖြစ်ပါတယ်ခင်ဗျား..

အဲဒီ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ဟာ ကျနော် ("သဘာဝကျကျသုံးသပ်သူ" (အစစ်) ) မဟုတ်ပါဘူး ခင်ဗျား..

အဲဒီ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ဟာ ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို အလံရှုးလုပ်ပြီး ရေးသွားခြင်း ဖြစ်ပါတယ်ခင်ဗျား..



ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို အလံရှုးလုပ်ပြီး ရေးသွားတဲ့ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ကြောင့် ကျနော် "သဘာဝကျကျသုံးသပ်သူ" (အစစ်) ကို စစ်အုပ်စုနောက်မြီးဆွဲတယောက်လို့ အမှတ်မှားမှာကို စိုးလို့ အသိပေးရခြင်း ဖြစ်ပါတယ်ခင်ဗျား..

"ဒေါက်တာလှိုင်မြင့်" (အတု) နဲ့ "သဘာဝကျကျသုံးသပ်သူ" (အတု) လုပ်ပြီး ရေးတဲ့ ရုရှားက စစ်ဗိုလ်တွေရဲ့ မိန်းမလိုမိန်းမရ ကလိမ်ကကျစ် ကွက်တွေအကြောင်း အသေးစိတ်ကို ဘလော့ဂါ မငယ်နိုင် ရဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) နဲ့ ပို့စ် အောက်က မှတ်ချက်တွေမှာ ဖတ်နိုင်ပါတယ် ခင်ဗျား..

အခု ကျနော့်မှတ်ချက်ရဲ့ ခေါင်းစဉ် " "ဒေါက်တာလှိုင်မြင့်" (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်ခင်ဗျား" ကို နှိပ်ပြီး အဲဒီ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ်ကို ဖတ်နိုင်ပါတယ် ခင်ဗျား..


သဘာဝကျကျသုံးသပ်သူ (အစစ်)

.

မောင် စိန်ဝင်း ပုတီးကုန်း
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့


"သမဂ္ဂအဆောက်အဦး ဗုံးခွဲ ဖျက်ဆီးခံရခြင်းအပေါ် ပြန်လည် သတိရနေခြင်းဟာ အဖျက်မြင်သဘော" ဟု
Sky Net မှာ ဆရာ လင်းသိုက်ညွန့် က ပြောသွားတာ ကြားမိပြီး
ဒီကဗျာ ရေးဖြစ်သွားတာပါ။

မောင် စိန်ဝင်း ပုတီးကုန်း



သမိုင်းမှတ်ကျောက်




သမဂ္ဂစိတ်ကို ဖျောက်ဖို့
သမဂ္ဂအဆောက်အဦးကို ဖယ်
ကျောင်းသားတွေရဲ့ မြင်ကွင်းက ကွယ်စေခဲ့။




သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း
သမဂ္ဂရဲ့အခန်းမှာ ဖြစ်သလိုအိပ်စား
အဲဒီမှာ
နိုင်ငံရေးသမားအဖြစ် ထုံကူး
လွတ်လပ်ရေးအိပ်မက်တွေ
မက်ဖူးတယ်။




ဘယ်ခေတ်မှာဖြစ်ဖြစ်
ကောက်ကျစ်ဖိနှိပ်မှုကို တွန်းလှန်
အမှန်တရားအတွက် အသက်ပေး
ပြည်သူတွေနဲ့ တစ်သွေးတည်းပေါင်းရန်
ဒေါင်းအလံနဲ့
ကျောင်းခြံရဲ့အပြင်ထွက်ခဲ့တာ ကျောင်းသား
မတရားမှု မှန်သမျှ ငုံ့မခံ
တုန့်ပြန်တတ်တာ သမဂ္ဂစရိုက်
ဘယ်ဒိုင်းနမိုက်နဲ့ ခွဲခွဲ
မလဲမပြို ထာဝစဉ်
ရာဇဝင် အဆက်ဆက်
သမဂ္ဂရဲ့ အသက် ဝိညာဉ်
ရင် မှာ ငြိစွဲ
ပူးကပ်ဆဲမို့ ခွပ်မြဲခွပ်နေ
ဒေါင်း အိုးဝေ ။




မြင်ကွင်းက ဖျောက်လိုက်တိုင်း
သမိုင်းမှာ မမှိန်မပျောက်
အဲဒီမှာ သမဂ္ဂအဆောက်အဦး
အာဇာနည်တွေ ဝတ်မှုံကူးတဲ့နေရာ
အာဏာရှင် စနစ်ရဲ့
ပြယုဂ် တစ်ပိုင်းတစ်စလို့
(ကမ္ဘာတည်သရွေ့)
သမိုင်းက မှတ်ကျောက်တင်လိမ့်မယ်။



မောင် စိန်ဝင်း ပုတီးကုန်း
၂၄ ၉ ၂၀၁၄

.