မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

သြစကြေးလျားရောက် NLD အမတ်များ

NLD လွှတ်တော်အမတ်တွေ ဖြစ်တဲ့ ကိုဖြိုးမင်းသိန်း၊ ကိုဖြိုးဇေယျာသော်နဲ့ ဒေါ်စန္ဒာမင်းတို့ဟာ သြစကြေးလျားနိုင်ငံ လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ပုံသဏ္ဍန်ကို တွေ့ခွင့်ရခဲ့ပါတယ်။ သူတို့အနေနဲ့ သြစကြေးလျားနိုင်ငံကို ရောက်အောင် အဓိကပါဝင်ခဲ့တဲ့ သြစကြေးလျားလေဘာပါတီမှာ လွှတ်တော်မ၀င်ခင် ပါတီအတွင်းမှာ အစည်းအဝေးတွေ ထိုင်တဲ့အကြောင်းတွေကို ကြည့်ခွင့် ရတယ်၊ ပြီးတော့ တကယ့်လက်တွေ့အနေနဲ့ လူဝင်မှု အက်ဥပဒေနဲ့ ပတ်သက်တဲ့အစည်းအဝေးတခုကို တက်ခွင့်ရတယ်။ အဲဒီမှာ ပါတီတွင်းက လူတွေက ဘယ်လိုဆွေးနွေးသလဲ အဲဒီအချက်တွေကို လွှတ်တော်ထဲမှာ တခြားအတိုက်အခံတွေနဲ့အတူတူ ၀င်ရောက် တွေ့ဆုံဆွေးနွေးနေတဲ့ပုံတွေကို သူတို့တွေ့ခဲ့ရတယ်လို့ ပြန်လည်ပြောပြခဲ့ပါတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ လွှတ်တော်မှာပဲ သြစကြေးလျား သြစကြေးလျားနိုင်ငံ ၀န်ကြီးချူပ် ဂျူလီယာဂေးလာနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ အရင်တုန်းက သြစကြေးလျားနိုင်ငံ ၀န်ကြီးချုပ်လည်း ဖြစ်ခဲ့ဖူးသူ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ဖူးသူ Kevin Rudd နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ကုန်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး ၀န်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့မှာတော့ အတိုက်အခံပါတီက နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မနေ့က တွေ့ဆုံပွဲမှာ အဓိကကတော့ သူတို့ပညာရေးနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖျင်းဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အခြေခံပညာကို ကိုင်တွယ်တဲ့ ၀န်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံမှာလည်း ဒီလိုအခြေခံပညာတွေ ကောင်းမွန်စေဖို့အတွက် အကူအညီပေးစေလိုကြောင်း သူတို့တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။ ပြီးတော့ တနင်္လာနေ့ ညနေပိုင်းမှာတော့ သြစကြေးလျားနိုင်ငံခြားရေး ၀န်ကြီး Bob Carr နဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီတော့ NLD အမတ်တွေက Bob Carr နဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံကို သြစကြေးလျားနိုင်ငံက အစဉ်တစိုက် ထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းတွေ ပြီးတော့ NLD ကိုလည်း ဆက်လက်ထောက်ခံပေးဖို့ ပြီးတော့ မြန်မာနိုင်ငံဟာ နောက်ကြောင်းပြန်မလှည့်တဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်အောင် ဆက်လက်ပြီး ကူညီဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

Bob Carr ဘက်ကတော့ သြစကြေးလျား အစိုးရရဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ သြစကြေးလျားအစိုးရက Sanction ဒဏ်ခတ်ပိတ်ဆို့မှုကို တနှစ်လျှော့ချလိုက်တာပေါ့နော့် ဒါပေမဲ့ အဲဒီ လျှော့ချခဲ့တာကလည်း နောက်ပြန်မဆုတ်ဘူးဆိုတာတော့ မပြောနိုင်ဘူး ဒါကတော့ မြန်မာနိုင်ငံအစိုးရဲရဲ့ လုပ်ဆောင်မှုအပေါ် မူတည်တယ်လို့ ပြောပါတယ်။ အကယ်၍ တိုးတက်မှု မရှိဘူး နောက်ပြန်ဆုတ်မယ်ဆိုရင် ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို အချိန်မရွေး ပြန်လည်ချမှတ်နိုင်တဲ့အကြောင်း ပြောသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ဆက်ပြီးတော့ လုပ်သွားမယ်ဆိုရင်တော့ ဒီ Sanction ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်ပြီးတာ့ စဉ်းစားသွားမယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီတော့ သြစကြေးလျားနိုင်ငံက အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါမှာ တော်တော်များများအဖြစ်တော့ ပညာရေး၊ ကျန်းမာရေး၊ အဲဒါတွေကို အကြမ်းဖျင်းဆွေးနွေးပြီးတော့ သြစကြေးလျား အစိုးရကလည်း အတိအကျ ဂတိပေးတာမျိုး မရှိပေမဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို ဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။

ပြီးတော့ တနင်္လာနေ့မှာတော့ NLD လွှတ်တော်အမတ်တွေက သြစကြေးလျားနိုင်ငံ ကမ်ဘာရာမြို့မှာ ရှိတဲ့ မြန်မာသံအမတ်နဲ့ မြန်မာသံရုံးမှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ သူတို့အဓိက ဆွေးနွေးသွားတာကတော့ သူတို့အနေနဲ့ ဒီ NLD လွှတော်အမတ်တွေအနေနဲ့ သြစကြေးလျား နိုင်ငံကို ရောက်လာတာ ပညာရေးကြောင့် အဓိကရောက်လာတယ်လို့ ပြောပါတယ်။ သူတို့ကိုယ်တိုင်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ကိုင်ကြသလဲ လွှတ်တော်အမတ်တွေအနေနဲ့ ဒီနိုင်ငံမှာ ဘယ်လိုလုပ်ကြတယ်ဆိုတာကို လာရောက်လေ့လာတဲ့အနေနဲ့ ရောက်လာတဲ့အတွက် ဥပမာ မြန်မာနိုင်ငံကိုလည်း ပညာရေးဆိုင်ရာတွေမှာ ဆက်လက်ကူညီသွားဖို့ ဒီနိုင်ငံကလည်း မြန်မာနိုင်ငံကို ပညာရေးအရ ကူညီထောက်ပံ့မှုတွေ လုပ်ချင်တယ်လေ.ဒီတော့ ဒီနိုင်ငံက လုပ်ချင်တဲ့သူတွေ ဗီဇာလျှောက်တဲ့အခါမှာ ချောချောမွေ့မွေ့ရှိအောင် ဗီဇာထုတ်ပေးဖို့ ဆိုတာတွေကို သူတို့တင်ပြခဲ့တယ်လို့ ပြောပါတယ်။ အဲဒီတော့ မြန်မာသံအမတ်ကြီးကလည်း သူတို့လာရောက်တွေ့ဆုံတာကို အရမ်းကို ကြိုဆိုတယ်လို့ ပြောပါတယ်။ ပြီးတော့ သံအမတ်ကြီး ပြောတာကတော့ ဒီခေတ်က မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ ခေတ်ကြီး ဖြစ်ပြီပေါ့နော့် အဲဒီတော့ သူ့အနေနဲ့ သတင်းစာရွက်တစောင်ကိုလည်း ထုတ်ပြတယ်လို့ ပြောပါတယ်။ အဲဒီသတင်းစာထဲမှာ NLD အနိုင်ရတဲ့ သတင်းစာပေါ့လေ၊ အဲဒါကို ကြည့်ပြီးတော့ သံအမတ်က အခုလို NLD အောင်နိုင်တာဟာ သမိုင်းဝင်တဲ့ ဖြစ်ရပ်ဖြစ်ပြီပေါ့လေ၊ ပြီးတော့ ဒါဟာခေတ်ပြောင်းပြီဆိုတဲ့ သဘောပေါ့လေ အဲဒီတော့ သူတို့အနေနဲ့ကလည်း ဒီပြောင်းလဲတဲ့ ခေတ်ကြီးမှာ လိုက်လျောညီထွေမှုတွေ လုပ်ပါတယ်ဆိုတဲ့အကြောင်း ပြောသွားတယ် ဆိုတဲ့အကြောင်း ပါပါတယ်။ ပြီးတော့ သံအမတ်ကြီးကလည်း သူ့အနေနဲ့ လွှတ်တော်တွေကို လေးစားတယ်ဆိုတဲ့အကြောင်း ပြောသွားတယ်ဆိုတာလည်း သိရပါတယ်ရှင်..

(​ရေဒီယိုသြစတြေးလျ ​မြန်မာပိုင်းက ​သတင်းထုတ်လုပ်ရေးမှူး ​မူလှိုင်းသိမ့် ​က ​ကင်ဘာရာမြို့ကနေ ​သတင်းပေး ​ပို့ပေးချက် အသံကို မြန်မာပြည်က စာလာဖတ်သူများ လှိုင်းမကောင်းရင် မကြားရမှာစိုးလို့ ဇော်ဂျီနဲ့ ပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ်။) ဓာတ်ပုံတွေနဲ့ သတင်းကိုသြစကြေးလျားနိုင်ငံရောက် မြန်မာပြည်က NLD အမတ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျွန်မ ဘလော့ဂ်မှာ စာလာဖတ်နေတဲ့ မြန်မာပြည်က စာဖတ်သူများ သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ Radio Australia - Myanmau fb မှ ကူးယူဖေါ်ပြပါလိုက်ပါတယ်။ ဆစ်ဒနီ မြန်မာကွန်မြူနီတီနဲ့ NLD လွှတ်တော်အမတ်တွေ တွေ့ဆုံပွဲကိုလည်း နောက်နေ့မှာ ဆက်လက်တင်ပြပါမည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

34 comments:

.
ဒုတိယသမ္မတ တင်အောင်မြင့်ဦး ဘာလို့ နုတ်ထွက်သလဲ

Wednesday, May 9, 2012


ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦးသည် မေလ (၃) ရက်နေ့က နုတ်ထွက်စာ တင်ကြောင်း သတင်းများ ပလူပျံအောင် ထွက်ပေါ်လာခဲ့ပါတယ်။ "ကျန်းမာရေးကြောင့် နုတ်ထွက်တယ်" လို့ပြောသူက ပြောကြတယ်။

တကယ်လို့ ကျန်းမာရေးကြောင့် နုတ်ထွက်တယ် ဆိုရင်လည်း ကျေကျေလည်လည် ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ နှုတ်ထွက်သင့်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုတော့ "ကျန်းမာရေးကြောင့်" လို့ပဲ ဆိုပါတယ်။ "လည်ပင်းက၊ အူလမ်းကြောင်းက ဖြစ်လို့" ဆိုပြီးတော့ လူချင်းလည်း အတွေ့မခံ၊ အပြောမခံ၊ ဖုန်းဆက်လို့လည်း မရ၊ "နုတ်ထွက်စာ တင်တယ်" လို့သာ ပြောသံကြားရပါတယ်။

ကျန်းမာရေးအရဆိုရင် တစ်ဦးနှင့်တစ်ဦး ကျေကျေလည်လည် ပြောပြကြရမှာ ဖြစ်ပါတယ်။ တကယ် ကျန်းမာရေးအရ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိကြောင်း ပြောဆိုသံ၊ ဆရာဝန်၏ မှတ်ချက်ပြုသံ မကြားရ၍ ထူးဆန်းအံ့သြဖွယ် ကောင်းနေပါတယ်။ သို့သော်လည်း မပြေးသော် ကန်ရာရှိ ဆိုသလို အခြားအကြောင်းများ ရှိနေမည်မှာ ဧကန်မလွဲပါ။

.
ထိုအကြောင်းများက အဘယ်နည်း။

ရုတ်တရက် ချက်ချင်း စေ့ဆော် တိုက်တွန်းလိုက်သော အချက်လည်း ရှိလိမ့်မည်။ အချိန်အတန်ကြာကပင် မခံမရပ်နိုင်၊ မကျေလည်သော ကိစ္စများလည်း ရှိမည်ဟု ထင်ပါတယ်။

ချက်ချင်းလက်ငင်း ပြဿနာကတော့ အခြားအကြောင်းမဟုတ်ပေ။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းခြင်းပင်ဖြစ်လိမ့်မည်။ ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကို တာဝန်ပေးမည် ဆိုသော သတင်းများ ထွက်ပေါ်နေပါတယ်။ ပြီးတော့ ပြည်ထောင်စုဝန်ကြီးများ၊ အချို့သော လွှတ်တော်ကိုယ်စားလှယ်များ၊ အချို့သော တိုင်းရင်းသားများ၊ အချို့သော ပညာရှင်များ ပါဝင်မည်ဟု ကြားသိရပါတယ်။ သို့ရာတွင် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရဘွဲ့ ရရှိသော ဦးတင်အောင်မြင့်ဦးအား အဖွဲ့တွင် ထည့်သွင်း ရွေးချယ်ခြင်း မရှိပါ။ တာဝန်မပေးပါ။

ဤရွေးချယ်မှုသည် တင်အောင်မြင့်ဦး နုတ်ထွက်ရန် စေ့ဆော်တိုက်တွန်းလိုက်သော အချက် ဖြစ်နေမလားလို့တောင် သံသယ ဖြစ်နေမိပါတယ်။ ဒေါက်တာစိုင်းမောက်ခမ်းသည် ဒုတိယသမ္မတ ဖြစ်သည်။ ရှမ်း တိုင်းရင်းသားလူမျိုး ဖြစ်သည်။ စစ်ရေးစစ်ရာအတွေ့အကြုံ မရှိ၊ နယ်မြေတိုင်းလည်း ကျွမ်းကျင်သူ မဟုတ်၊ လက်နက်ကိုင်တိုင်းရင်းသားများ အားလုံးနှင့်လည်း ထိတွေ့ဖူးခြင်းမရှိ။ ကိုယ်တိုင် အတွေ့အကြုံမရှိ၊ ကြားဖူးနားဝသာ ရှိကောင်းရှိမည်။ ရှေ့ကြောင်း နောက်ကြောင်း၊ နိုင်ငံရေးကျွမ်းကျင်မှုလည်း အားနည်းသေးသည် ဖြစ်၍ ဒုတိယသမ္မတ (၁) ကို တာဝန်ပေးရွေးချယ်ရန် မသင့်တော်ဘူးလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။

ဒုတိယ သမ္မတ (၁) နဲ့ (၂)သည် ဤကိစ္စအပေါ်မှာ ဆောင်ရွက်နိုင်စွမ်း၊ ကျွမ်းကျင်မှု၊ သင့်တော်မှု များစွာ ကွာခြားပါလျက် တာဝန်ပေးသင့်သူကို မပေးဘဲ ဖြစ်ပေါ်လာသောအစီအစဉ်သည် ပြဿနာဖန်တီးရာ မရောက်ပေဘူးလား။

.
ဤအစီအစဉ်သည် သမ္မတ၏ ကိုယ်ပိုင်အယူအဆပဲလား။
ဝိုင်းဝန်းစေ့ဆော် တိုက်တွန်းမှုကြောင့်ပဲလား။
ကာလအတန်ကြာက မကျေလည်မှုများလား။

"ရှစ်လုံး" လို့ နာမည်ကြီးခဲ့သော သီဟသူရ တင်အောင်မြင့်ဦးအား နယက အစိုးရ လက်ထက် အတွင်းရေးမှူးဘ၀ကတည်းက လုပ်ကိုင်ခွင့် အများဆုံး ရရှိထားသော လူပုဂ္ဂိုလ်အနေဖြင့် ကျော်ကြားခဲ့သည်။ ၀န်ကြီးဌာနများကိုလည်းပဲ အတော် တင်းတင်းကြပ်ကြပ်ဖြင့် အမုန်းခံ၍ စီမံဆက်ဆံခဲ့သူ အဖြစ်လည်း နာမည်ကြီးခဲ့သည်။ ၀န်ကြီးများနှင့်လည်း အဆင်မပြေမှု အလွန်များခဲ့သည်။ အချို့ဝန်ကြီးများဆိုလျှင် " ဖြစ်လေရာဘ၀ သူ (တင်အောင်မြင့်ဦး) နဲ့ မတွေ့ရပါစေနဲ့၊ မကြုံရပါစေနဲ့၊ သူရှိတဲ့နေရာလည်း ကိုယ် မရောက်ရပါစေနဲ့၊ ကိုယ်ရှိတဲ့ နေရာလည်းပဲ သူ မရောက်လာပါစေနဲ့" လို့ ဆုတောင်း ဆန္ဒပြုခဲ့တဲ့ ၀န်ကြီးများလည်း ရှိခဲ့ပါတယ်။

ထိုဝန်ကြီးများထဲတွင် -
(၁) အောင်မင်း (ယခု မီးရထားဝန်ကြီး)
(၂) စိုးသိန်း (ယခု စက်မှုဝန်ကြီး)
(၃) ဇော်မင်း (လျှပ်စစ် ၁ ၀န်ကြီး)
(၄) ခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီး) တို့သည်
အခံစားရဆုံးဖြစ်ပြီး အကြိမ်ကြိမ် ဆုတောင်းသူများ ဖြစ်ကြသည်။

သိန်းစိန်အစိုးရ ဖွဲ့စည်းပြီးသည့်အခါ ပွင့်လင်းလာမှု၊ အရှိန်အ၀ါ နည်းလာမှုကြောင့် ဆက်လက် တာဝန် ထမ်းဆောင်ခွင့်ရကြသော ၀န်ကြီးများသည် "ရှစ်လုံး" ခေါ် တင်အောင်မြင့်ဦးကို မထေမဲ့မြင် ပြုလာကြသည်။ ယခင်က မလုပ်ရဲခဲ့ဖူးသော မလေးမစား လုပ်မှုများ ပြုလုပ်လာကြသည်။ အာခံလာကြသည်။ ရှစ်လုံး ပြောသမျှ အမိန့်ကို မတရား၊ မမှန်ကန်ဟု ယူဆလာကြသည်။

.
"ရှစ်လုံး အမိန့်သာ နာခံရရင်၊ ရှစ်လုံး နဲ့သာ အလုပ်လုပ်နေရမယ် ဆိုရင် ဆက်မလုပ်တော့ဘဲ ၀န်ကြီးတာဝန်မှ အငြိမ်းစားယူမည်၊ ထွက်စာ အဆင်သင့် ရေးထားသည်၊ အိတ်ကပ်ထဲမှာ ထွက်စာပါသည်" ဟု သမ္မတကို အကြိမ်ကြိမ် ချွဲပြသည်၊ နွဲ့ပြသည်၊ ခြိမ်းခြောက်ပြသည်၊ ကြိမ်ဖန် များလာတော့ သမ္မတက သနားလာသည်။ လက်ခံ ယုံကြည်လာသည်။ သူ့ရဲ့ ယုံကြည်ရသောပုဂ္ဂိုလ်များ ဖြစ်လာပြီဟု သတ်မှတ်လာသည်။ အားကိုးလာသည်။ ဤတွင် ထိုဝန်ကြီးများ၏ အကွက်ထဲကို သမ္မတ ကျင်လည်ရတော့သည်။ ထိုဝန်ကြီးများသည် သမ္မတကို ပြောချင်သလိုပြောလို့ ရနေပြီး ပိုင်နိုင်လာသဖြင့် ဒုတိယသမ္မတကို လုံးဝ အရေးစိုက်ခြင်း မရှိတော့ပေ။

စက်တင်ဘာမတိုင်မီက ဒုတိယသမ္မတ ရှစ်လုံး (တင်အောင်မြင့်ဦး) ရဲ့ စက်ကွင်းက လွတ်ကင်းအောင် ရုန်းထွက်လာခဲ့ကြသည်။ စက်တင်ဘာနောက်ပိုင်းမှာ သမ္မတ၏ အရိပ်အာဝါသအောက်မှာ ကောင်းကောင်းမွန်မွန် ခိုလှုံနိုင်ခဲ့ကြသည်မှစ၍ ဒုတိယသမ္မတ၏ လမ်းညွှန်ချက်၊ တာဝန်ပေးချက်တို့ကို ဘေးဖယ်ထားလိုက်ကြသည်။ အလေး ဂရုမပြုတော့ချေ။ အထူးသဖြင့် ၀န်ကြီး အောင်မင်းနဲ့ ၀န်ကြီး စိုးသိန်းတို့သည် ဒုတိယသမ္မတ ရှစ်လုံး ကို လုံးဝ ဂရုမစိုက်၊ ရှိလေသည်တောင် မထင်တော့ပေ။ အရာရာမှာ ဒုတိယသမ္မတ ရှစ်လုံး (တင်အောင်မြင့်ဦး) ကို ဘေးဖယ်ထားရေး၊ အရေးမပါရေး၊ တာဝန်မပေးရေးကိုသာ ကြိုးပမ်း အားထုတ်တော့သည်။ သမ္မတသည်လည်းပဲ ရိုးသားသည် ဖြစ်သော်ငြားလည်း ၎င်းတို့ (၂) ဦး၏ အစီအမံ အတိုင်း မလွဲမသွေ လိုက်ခဲ့ရပေတော့သည်။

ဤကဲ့သို့သော ဖြစ်ရပ်များစွာတို့သည် ၂၀၁၁ တစ်ခုလုံးမှာ ကြိမ်ဖန်များစွာ ပေါ်ပေါက်ခဲ့၍ "သံမဏိ" ကဲ့သို့ နာမည်ကြီးခဲ့သော ရှစ်လုံး (တင်အောင်မြင့်ဦး) သည်လည်း "အရည်ဘ၀" ကူးပြောင်းရတော့သည်။

ဤအကြမ်းဖျဉ်းအခြေအနေကို ကြည့်ရင်ကိုပဲ အစိုးရအဖွဲ့အတွင်းမှာ မညီညွတ်မှုတွေ ရှိနေသည်။ ဂိုဏ်း ဂဏတွေ ကွဲနေသည်။ မီဒီယာအမျိုးမျိုးကလည်း သတင်းတွေရေး၊ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့သည်မှာ အခု ဒုတိယသမ္မတ (၁) "ရှစ်လုံး" (တင်အောင်မြင့်ဦး) နုတ်ထွက်စာ တင်သည့် အခြေအနေက အဖြေပေးလိုက်ပါပြီ။

(မြန်မာပြည်တွင်းသတင်းများ)

(
The Associated Press )

May 6, 2012


The vice-president of Burma, a military hardliner who also served under the brutal regime of dictator Than Shwe, has stepped down from his post, according to news reports.

Tin Aung Myint Oo, 61, is said to have submitted his resignation May 3 for health reasons. Reuters says the Burmese branch of the Voice of America reported the resignation on Sunday but it could not confirm the news.

A former general, Tin Aung Myint Oo, was considered a guiding force among hardliners in the military-backed government that replaced the regime of Than Shwe a year ago. He had been a military advisor to Than Shwe.

(CBC News)

-
08 May 2012

Ye Htet


ယခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေး သတင်းများအကြား အင်တာနက် ဝက်ဘ်ဆိုဒ် စာမျက်နှာများပေါ်တွင် "ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်ခြင်း" ဆိုသည့် ခေါင်းစဉ်သည် အလွန် ရေပန်းစားကာ သုံးသပ်ချက် ရှုထောင့်မျိုးစုံတို့ကိုလည်း ကြားသိ နေရပါတယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ယင်းသတင်းကို အတည်ပြုနိုင်ဖို့ ခက်ခဲနက်နဲပြီး လျှို့ဝှက်လွန်းသော စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သူများထံ အချိန်ယူ စုံစမ်းခဲ့ရပါတယ်။

စစ်ဘက်နီးစပ်သူများမှ ဒုတိယသမ္မတ တစ်ဦးရဲ့ နုတ်ထွက်စာ တင်ခြင်းနှင့် စပ်လျဉ်းပြီး -
(၁) တပ်မတော်က နိုင်ငံရေးကစားကွက်များ နှင့်
(၂) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တပ်တွင်း အာဏာတည်ဆောက်မှု ကစားကွက်များ ရှိတယ်
လို့ အသီးသီး ခန့်မှန်းရကြောင်း သတင်း ပေးပို့လာပါတယ်။

အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးကတော့ မိမိတို့ ဝက်ဘ်ဆိုဒ်ထံ ယခုလို ပြောလာပါတယ်။

“ပထမအချက် အနေနဲ့ လွှတ်တော်အတွင်း နိုင်ငံရေးကစားကွက် အနေနဲ့ ဒုတိယသမ္မတ နှုတ်ထွက်သွားရင် အဲဒီနေရာအတွက် အစားထိုး ခန့်အပ်ဖို့ လိုအပ်လာတယ်ဗျ။

အဲဒီနိုင်ငံရေး ကစားကွက်မှာ ကျနော့်အနေနဲ့ ရှုထောင့်နှစ်မျိုးကို ထပ်မြင်တယ်။

ပထမရှုထောင့်မှာ သမ္မတက အဲဒီ နှုတ်ထွက်တဲ့ကိစ္စကို သဘောတူ လက်ခံလိုက်ရင် သမ္မတအနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းထားတဲ့ ဒုသမ္မတကို ဖြုတ်သလို ဖြစ်သွားလို့ ဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကြားမှာ မကြေလည်မှုတွေ ပိုများလာနိုင်တယ်။

အရင်ကနဦး ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် သမ္မတနဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူတချို့ရဲ့ အရေးယူ ဆောင်ရွက်မှုတွေကြောင့် တိုင်းမှူးအဆင့် ဗိုလ်ချုပ်သုံးဦး ရာထူးက နှုတ်ထွက်သွားရတဲ့ ကိစ္စတွေ၊ ပြည်နယ်နဲ့တိုင်းတွေက တိုင်းမှူးတွေဟာ ပြည်နယ်ဝန်ကြီးချုပ်တွေလောက်မှ အရေးမပါ ဖြစ်နေတဲ့ကြားထဲက အဲဒီ ဒုသမ္မတကိစ္စ ထပ်ဖြစ်လာရင် လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ တပ်မတော် ခေါင်းဆောင်တချို့ကြားမှာ ပိုမိုတင်းမာမှု ဖြစ်စေနိုင်တယ်ဗျ။

အဲဒီအကျိုးဆက်က လွှတ်တော်တွင်းက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း လုပ်နေသူတွေအဖို့ ပိုခက်ခဲလာနိုင်ချေ ရှိတယ်။”

-
08 May 2012

Ye Htet


ယခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေး သတင်းများအကြား အင်တာနက် ဝက်ဘ်ဆိုဒ် စာမျက်နှာများပေါ်တွင် "ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်ခြင်း" ဆိုသည့် ခေါင်းစဉ်သည် အလွန် ရေပန်းစားကာ သုံးသပ်ချက် ရှုထောင့်မျိုးစုံတို့ကိုလည်း ကြားသိ နေရပါတယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ယင်းသတင်းကို အတည်ပြုနိုင်ဖို့ ခက်ခဲနက်နဲပြီး လျှို့ဝှက်လွန်းသော စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သူများထံ အချိန်ယူ စုံစမ်းခဲ့ရပါတယ်။

စစ်ဘက်နီးစပ်သူများမှ ဒုတိယသမ္မတ တစ်ဦးရဲ့ နုတ်ထွက်စာ တင်ခြင်းနှင့် စပ်လျဉ်းပြီး -
(၁) တပ်မတော်က နိုင်ငံရေးကစားကွက်များ နှင့်
(၂) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တပ်တွင်း အာဏာတည်ဆောက်မှု ကစားကွက်များ ရှိတယ်
လို့ အသီးသီး ခန့်မှန်းရကြောင်း သတင်း ပေးပို့လာပါတယ်။

အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးကတော့ မိမိတို့ ဝက်ဘ်ဆိုဒ်ထံ ယခုလို ပြောလာပါတယ်။

“ပထမအချက် အနေနဲ့ လွှတ်တော်အတွင်း နိုင်ငံရေးကစားကွက် အနေနဲ့ ဒုတိယသမ္မတ နှုတ်ထွက်သွားရင် အဲဒီနေရာအတွက် အစားထိုး ခန့်အပ်ဖို့ လိုအပ်လာတယ်ဗျ။

အဲဒီနိုင်ငံရေး ကစားကွက်မှာ ကျနော့်အနေနဲ့ ရှုထောင့်နှစ်မျိုးကို ထပ်မြင်တယ်။

ပထမရှုထောင့်မှာ သမ္မတက အဲဒီ နှုတ်ထွက်တဲ့ကိစ္စကို သဘောတူ လက်ခံလိုက်ရင် သမ္မတအနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းထားတဲ့ ဒုသမ္မတကို ဖြုတ်သလို ဖြစ်သွားလို့ ဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကြားမှာ မကြေလည်မှုတွေ ပိုများလာနိုင်တယ်။

အရင်ကနဦး ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် သမ္မတနဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူတချို့ရဲ့ အရေးယူ ဆောင်ရွက်မှုတွေကြောင့် တိုင်းမှူးအဆင့် ဗိုလ်ချုပ်သုံးဦး ရာထူးက နှုတ်ထွက်သွားရတဲ့ ကိစ္စတွေ၊ ပြည်နယ်နဲ့တိုင်းတွေက တိုင်းမှူးတွေဟာ ပြည်နယ်ဝန်ကြီးချုပ်တွေလောက်မှ အရေးမပါ ဖြစ်နေတဲ့ကြားထဲက အဲဒီ ဒုသမ္မတကိစ္စ ထပ်ဖြစ်လာရင် လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ တပ်မတော် ခေါင်းဆောင်တချို့ကြားမှာ ပိုမိုတင်းမာမှု ဖြစ်စေနိုင်တယ်ဗျ။

အဲဒီအကျိုးဆက်က လွှတ်တော်တွင်းက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း လုပ်နေသူတွေအဖို့ ပိုခက်ခဲလာနိုင်ချေ ရှိတယ်။”

-
ဆက်လက်ပြီး လွှတ်တော်အတွင်း နိုင်ငံရေးကစားကွက် ဒုတိယရှုထောင့်ကို အဲဒီ အငြိမ်းစား တပ်မတော်အရာရှိကြီးက ယခုလို ဆက်လက် ပြောကြားလာပါတယ်။

“ဒုတိယ ရှုထောင့်အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ စစ်တက္ကသိုလ် အမှတ်စဉ် (၅၄) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲနဲ့ ၂၀၁၂ ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွေအရ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝထိပါးမခံဘဲ ကာကွယ်သွားမယ့် အခြေအနေ ရှိတယ်ဗျ။

တဖက်မှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ လွှတ်တော်ထဲကို ဝင်ရောက်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ရေးလုပ်လိုတဲ့ အုပ်စု၊ ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်နဲ့ လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေးအတွက် သဘောထားတင်းမာတဲ့အုပ်စု အဲဒီအုပ်စု နှစ်စုတို့အကြားမှာ ထိပ်တိုက်တွေ့နိုင်မယ့် အနေအထားမှာ ရှိပါတယ်။

ဒီနေရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စဉ်းစားစရာ ရှိလာနိုင်ပါတယ်။ တပ်မတော်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အဓိက အချက်တွေဖြစ်တဲ့ (၁) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အတည်ပြုချက်နဲ့ ဒုသမ္မတတစ်ဦး၊ (၂) လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် (၃) တပ်မတော်အနေနဲ့ တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ယူဆတာနဲ့ အချိန်မရွေး အာဏာသိမ်းခွင့်ဆိုတဲ့ အချက်သုံးချက် ဖြစ်နေတယ်။ ဒါမှ တပ်မတော်က နိုင်ငံရေးမှာ ပါဝါကစားသွားနိုင်ဖို့ လွယ်ကူပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို မတတ်သာလို့ လိုက်လျောမယ် ဆိုရင်တောင် ပါဝါတချို့ကို စွန့်မယ်ဆိုရင် ဘယ်ပါဝါကို စွန့်မှာလဲ။ အဲဒီ အဓိက ပါဝါကြီးသုံးခုကို ကိုင်စွဲထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ အသေးဆုံးပါဝါဖြစ်တဲ့ ဒုသမ္မတ တစ်ဦး အဆိုတင်သွင်းခွင့်ဆိုတဲ့ ပါဝါကိုသာ စွန့်မှာဘဲ။

ဘာကြောင့် ဒီလိုသုံးသပ်ရသလဲဆိုရင် ဒုသမ္မတနေရာ လစ်လပ်သွားလို့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ အဲဒီနေရာပေးလိုက်ရင် ဒါဟာ တစ်ကောင်ကျွေးပြီး နှစ်ကောင်စားတဲ့ အကွက်ဖြစ်နေတယ်။

အပေါ်မှာ ပြောခဲ့သလို လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ တပ်မတော် ခေါင်းဆောင်တချို့ကြားမှာ ပိုမိုတင်းမာမှု ဖြစ်နေကြတဲ့အထဲက အဲဒီကိစ္စကြောင့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ပိုမို ခက်ခဲသွားစေမယ်။ နောက်တစ်ခု စားကွက်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်လိုက်နိုင်တဲ့အတွက် နိုင်ငံရေးကစားကွက် သာသွားနိုင်ချေ ရှိနေလို့ပါပဲ” ဟု သူ့ရဲ့အမြင်ကို ပေးပို့လာပါတယ်။

-
ဆက်လက်ပြီး စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က စစ်ရုံးရှိ အရာရှိတစ်ဦးအား သဘောထားမှတ်ချက် တောင်းခံခဲ့ရာ ယခုလို ပြောကြားပါတယ်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ယခုအချိန်မှာ တပ်တွင်း အာဏာတည်ဆောက်ဆဲ ကာလဖြစ်နေတယ်။ ဒါကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ တပ်တွင်းမှာ သူနဲ့ပါဝါတူ အာဏာလွှမ်း နိုင်သောသူများကို တပ်တွင်းမှ ဖယ်ရှားဖို့ လိုနေတာဗျ။

သူ့အနေနဲ့ ပါဝါတူ များကို ဖယ်ရှားမယ်ဆိုရင် ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး) သုံးဦးနဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် လေ့ကျင့်ရေးအရာရှိချုပ်တို့ လေးဦးထဲက တစ်ဦးဦးအား ဒုတိယသမ္မတ အနေနဲ့ လွှတ်တော်ထဲကို ပို့နိုင်တယ်။ အဲဒီအခါ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ တပ်တွင်း အာဏာတည်ဆောက်မှုမှာ ကြီးမားတဲ့ အောင်မြင်မှုရလဒ် ရရှိသွားမှာ ဖြစ်တယ်။ ဒါပေမယ့် ဒုတိယသမ္မတ နှုတ်ထွက်စာ တင်တဲ့ကိစ္စမှာ အခြားဝှက်ဖဲတွေ ရှိနေနိုင်တယ်ဗျ” ဟု ပြောဆိုသွားပါတယ်။

နေပြည်တော်ရှိ လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်သူများက သုံးသပ်သည်မှာ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကိစ္စအပေါ် ချက်ခြင်းလက်ငင်း ဆောင်ရွက်မှာ မဟုတ်ဘဲ အစိုးရက နိုင်ငံရေး အခြေအနေကို စောင့်ကြည့်ဦးမှာဖြစ်ပြီး နောက်ကွယ်မှာ ကြိုးကိုင်ခဲ့တဲ့ ဦးသန်းရွှေနဲ့ ဦးမောင်အေးတို့ရဲ့ သဘောထားကို တောင်းခံနိုင်ကြောင်း ပြောကြားလာပါတယ်။

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အနေဖြင့် အထက်ပါ ပြောကြားချက်များအား သုံးသပ်ရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ မည်သို့ပင်ဖြစ်စေ အားသာချက်များ ရရှိသွားမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အဖို့ ထိပ်တိုက်ရင်ဆိုင်မှုများ အပါအဝင် အကြပ်အတည်းများနဲ့ ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

Ye Htet

(စည်းလုံးခြင်းရဲ့ အင်အား ၀က်ဆိုက်မှ ကူးယူ ဖော်ပြပါသည်။)

>
Who is Tin Aung Myint Oo ?


Tin Aung Myint Oo is the Vice President of Burma's fake civilian government.
He is well known for the 2 following facts:

(1) Tin Aung Myint Oo is a hardliner, preventing many democratic processes.

(2) Tin Aung Myint Oo is one of the most corrupt generals.

(3) Tin Aung Myint Oo is often angry.
Often, he talks down to his men in public, by using very rude words.
Sometimes he throws ash trays and lighters at his men in public.

-
09 January 2012

အစိုးရအဖွဲ့သစ်မှာ စစ်တပ်က အဆိုပြုတင်သွင်းခဲ့တဲ့ ဒုသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး ("ရှစ်လုံး") ရဲ့ စရိုက်လက္ခဏာနဲ့ ထိပ်ပိုင်းကို ဘယ်လို ပုံစံမျိုးနဲ့ တက်လာတယ်ဆိုတဲ့အကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ကို သတင်းပေးပို့လာပါတယ်။


ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦးဟာ နာမည်ရှစ်လုံးရှိတာမို့ ရှစ်လုံးလို့ နောက်ကွယ်မှာ တိုးတိုးတိတ်တိတ် ခေါ်ကြပါတယ်။ သူဟာ ဒေါသ အလွန်ကြီးမားပြီး ခက်ထန်သူဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အတွင်းလူလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ သူဟာ စကခ (၂) တပ်မမှူးမှ ရမခ တိုင်းမှူးသို့ ရာထူးတိုးမြင့်ခြင်းခံရပြီး ၎င်းမှတဆင့် စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးဖြစ်တဲ့ စစ်ထောက်ချုပ် ရာထူးသို့ တိုးမြှင့်ခြင်းခံရသူ ဖြစ်တယ်။ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို ကိုင်တွယ်လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC အား အုပ်ချုပ်ခွင့် ရသလို စစ်တပ်ရဲ့ အုပ်ချုပ်ထောက်ပံ့မှု အဓိကလုပ်နေတဲ့ စစ်ထောက်ချုပ်ရာထူး ထမင်းအိုးကြီးကို ခွကိုင်ခွင့် ရထားသူဖြစ်ပါတယ်။


သူဟာ လက်အောက်ငယ်သားများအပေါ်မှာ ဒေါသတကြီး ကြိမ်းမောင်းသလောက် အထက်လူကြီးများတွင် အဖား အလွန်တော်သူဖြစ်ပါတယ်။ တပ်မမှူး ဘဝတုန်းက စစ်ရုံးကိုရောက်ခဲ့စဉ် ရှစ်လုံးဟာ သူ့ရဲ့ G – 3 စစ်ဦးစီးမှူး (တတိယတန်း) တစ်ဦးအား ပါလာတဲ့ လက်ဆောင်တွေကို လူစုံတက်စုံ မပေးရကောင်းလားလို့ ငေါက်ငမ်းခဲ့တယ်လို့ သိရပါတယ်။ ရမခ တိုင်းမှူးဖြစ်လာခဲ့စဉ်က တိုင်းအစည်းအဝေးတွေ ကျင်းပတိုင်း အချိန်မတော် ည (၁၂) ကျော်ကြမှ ကျင်းပလေ့ရှိတာမို့ အလုပ်ဒဏ်ပိပြီး အိပ်ငိုက်နေတဲ့ တိုင်းကာနယ်ကြီး ( စစ်ဦးစီး ဗိုလ်မှူးကြီး) အား အစည်းအဝေးခန်းမကို ပတ်ပြေးဖို့ အမိန့်ပေးခဲ့ဘူးပါတယ်။ တပ်ရင်းမှူးတွေ အပြစ်ရှာတွေ့ပြီဆိုရင် ကုလားထိုင်မှ ထခိုင်းပြီး မီးခြစ်ဖြင့်၎င်း၊ လက်ဘက်ရည်ခွက်ဖြင့်၎င်း ပစ်ပေါက်တဲ့အထိ ကြမ်းတမ်းစွာ ဆက်ဆံခဲ့တယ်လို့ သိရပါတယ်။ တခါတရံ အစည်းအဝေးတွေဟာ ည သန်းခေါင်ယံ ၂ ကျော်အထိ လုပ်ခဲ့တာမို့ တပ်ရင်းမှူးများနှင့် တပ်မှူးများ စိတ်ညစ်ခဲ့တယ်လို့ သိရပါတယ်။


အစိုးရ အဖွဲ့သစ်မှာ ဒုသမ္မတ ကိုယ်စားလှယ်အဖြစ် စစ်တပ်က ရှစ်လုံးအား ရွေးချယ်ဘို့ စစ်ရုံးအစည်းအဝေးတွင် အမည်စာရင်း တင်ခဲ့ရာမှာ ဗိုလ်ချုပ်တွေက သဘောမတူကြလို့ တပါတ်ခန့် နောက်ရွေ့သွားခဲ့ရတယ်လို့ သိရပါတယ်။ ဘာလို့လည်းဆိုတော့ ရှစ်လုံးရဲ့ စရိုက်လက္ခဏာတွေအရ နယ်ဘက် အုပ်ချုပ်ရေးတွေမှာ ပြဿနာ ဖြစ်မှာ စိုးလို့ဖြစ်ပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ကိုယ်တိုင် အစည်းအဝေးမှာ ငါတို့ကိုယ်တိုင် mandate ပေး တာဝန်ပေးတယ်လို့ ဆိုကာမှ အတည်ပြုသွားတယ်လို့ သိရပါတယ်။ မည်သို့ပင်ဖြစ်စေ ရှစ်လုံးရဲ့ စရိုက်လက္ခဏာကတော့ ပေါ်လွင်အုံးမှာဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့သစ်မှာ ရင်လေးစရာပင်ဖြစ်ပါကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။

(စည်းလုံးခြင်းရဲ့ အင်အား)

.
Burma's Vice-President Implicated in Kachin Massacres

July 15, 2011

Burma's Vice President Tin Aung Myint Oo should be investigated by a United Nations' Commission of Inquiry for his role as regional commander during a series of brutal massacres in Shan State, says the leadership of the Kachin Independence Army (KIA).

In interviews conducted last week with The Irrawaddy at their military headquarters in Laiza, Kachin State, three of the influential leaders of the KIA—Brig-Gen James Lum Dung, Brig-Gen Gun Maw, and Col. Zau Raw—laid out detailed reports with maps and photographs that they said proves conclusively that the Burmese army committed atrocities against Kachin soldiers and civilians over the past 10 years.

The first and second of these massacres, according to the KIA, came in 2001 under the watch of Burma's new vice-president who was Northeast Regional Commander at that time.
Asked why evidence of such atrocities had never before been reported, the KIA leaders said that they had not publicized the massacres to avoid destroying the fragile political process during the 17-year ceasefire and while the constitution was being drafted.

Collectively and individually, the KIA leaders said that now that the ceasefire has been broken by the Burmese army, and that all hope of political negotiation has broken down, the KIA wants to present its allegations to the UN, and claims that the four mass killings and three summary executions constitute war crimes and crimes against humanity.

.
According to the KIA's documentation, which is written in Kachin language, the first incident of massacre occurred in March 2001, in the countryside a few kilometers from Lau Jai village in Mung Si District, which is in Muse Township in northern Shan State.

The area was at the time openly under the control of the KIA. At 9 am on March 22, four KIA soldiers on patrol came across a unit of approximately 100 Burmese infantry troops of Battalion 242 led by Maj. Khin Maung Hla, the commander of Kutkai Military Command in Muse.

Initially, the Burmese patrol requested the KIA soldiers to guide them to the village of Shauk Haw. Before reaching the village, the four Kachin soldiers were attacked, disarmed and tied up. At around 2 pm, they were all shot dead. Their bodies were half-buried on top of each other in a shallow grave in the forest.

The KIA recovered the corpses one month later. They recorded the deceased as: Sergeant Zatau Dau Hawng, and private soldiers Laphai Zau Bawk, Dashi Nawng Hkum and Kareng Tu Lum. The KIA report says a formal funeral was held for the four on April 22, 2001.

On the same day, a harrowing scene was played out at a small agricultural farm in Mung Si District in Shan State. The KIA report lists the plot in the hamlet of Nawng Tau Si Sa Pa, and says the farm was run by the KIA's 2,000-strong Brigade 4, as part of a regional development program initiated after the ceasefire in 1994.

.
It is alleged that a column of 70 Burmese troops approached the farm and requested a meeting with Second Lieutenant Hpuwang Naw Seng of the KIA. However, as Naw Seng was otherwise engaged, the KIA's Warrant Officer Lt. Gam Seng went out to meet the Burmese unit which was led by Lt. Col. Nyo Win from Light Infantry Battalion 242—the very same unit accused of involvement in the executions in Muse.

As soon as Gam Seng came before the Burmese troops, he was allegedly grabbed and tied up. Simultaneously, Burmese government troops broke into the farmhouse and arrested five KIA soldiers, including Naw Seng, and two civilians.

According to the KIA records, the captives were taken to a nearby forest and physically tortured throughout the night. They were all dead by the following morning.

Some weeks later, the KIA recovered the seven bodies in a swamp. Each had multiple stab wounds, which the KIA said were inflicted by bayonets. Each of the bodies showed evidence of burning to the genitals. On some trees nearby, the KIA found samples of the victims' hair mixed with blood.

By BA KAUNG
(Credit - Irrawaddy)

.
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

မြန်မာနိုင်ငံရဲ့ ဒုတိယသမတ ဆိုသူ တင်အောင်မြင့်ဦး ဟာ စစ်တိုင်းမှုးတာဝန်ယူထားချိန်မှာ လူအစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုပေါင်းများစွာမှာ ပါဝင်ပတ်သက်ခဲ့မှုကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးသင့်တယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အရာရှိတွေက "ဒုသမ္မတ တင်အောင်မြင့်ဦးဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးသင့်တဲ့သူ ဖြစ်တယ်" လို့ ပြောလိုက်ပါတယ်။

တိုင်းရင်းသားဒေသဘက်မှာ တင်အောင်မြင့်ဦး တာဝန်ယူစဉ်က လူအများအပြား သတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဘကောင်းက ဒီကိစ္စတွေကို စုံစမ်းရေးသား တင်ပြထားပါတယ်။

(စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုများ အသေးစိတ်ကို အထက်က အင်္ဂလိပ်ဘာသာနဲ့ ကွန်မန့်တွေ ("Tin Aung Myint Oo should be investigated by UN's Commission of Inquiry (CoI) for brutal killings of many people in Shan State") မှာ ဖတ်နိုင်ပါတယ်။ )

"ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကို ဘာကြောင့် ကေအိုင်အေ ခေါင်းဆောင်တွေက အခုမှ (၂၀၁၁ ခုနှစ်မှာမှ) ဖွင့်ချရတာလဲ" ဆိုတော့ "အဲဒီကာလတုန်းက အမျိုးသားညီလာခံ ကျင်းပနေဆဲဖြစ်တယ်၊ အပစ်အခတ်ရပ်စဲရေး မပျက်ချင်ဘူး ဆိုတာတွေကြောင့် လူသိရှင်ကြား ဘာမှ မပြောဘဲ နေခဲ့တာ" လို့ ကေအိုင်အေ ခေါင်းဆောင်တွေက ဆိုပါတယ်။

(Credit - ကိုးဒီသွေး ဘလော့)

(
ခေါင်းစဉ်ကို နှိပ်ပြီး ၂၀၀၁ ခု၊ ဧပြီလမှ ၂၀ဝ၆ ခုနှစ် အတွင်းမှာ နအဖ စစ်အစိုးရရဲ့ စစ်တပ်က ဥပဒေမဲ့ သတ်သွားတဲ့ KIA တပ်သားများ နဲ့ အရပ်သားများရဲ့ ရုပ်အလောင်းများ နဲ့ ဈာပန (ဓာတ်ပုံများ) ကို ကြည့်နိုင်ပါတယ်။)

(
ခေါင်းစဉ်ကို နှိပ်ပြီး ၂၀၀၁ ခု၊ ဧပြီလမှ ၂၀ဝ၆ ခုနှစ် အတွင်းမှာ နအဖ စစ်အစိုးရရဲ့ စစ်တပ်က ဥပဒေမဲ့ သတ်သွားတဲ့ KIA တပ်သားများ နဲ့ အရပ်သားများရဲ့ ရုပ်အလောင်းများ နဲ့ ဈာပန (ဓာတ်ပုံများ) ကို ကြည့်နိုင်ပါတယ်။)

http://www.9dblood.com/2011/07/blog-post_7185.html

(
သီဟသူရ တင်အောင်မြင့်ဦး = "ရှစ်လုံး"
ဆိုတာက ဒီလိုပါ။ )


"ရှစ်လုံး" ရဲ့ ဝိသေသ လက္ခဏာ (၈) ရပ်

(1) brutal
(2) aggressive
(3) rude
(4) rough
(5) wicked
(6) corrupt
(7) power-misusing
(8) anti-democratic

.
01 February 2011


လွတ်လပ်ရေး ရပြီး မြန်မာ့တပ်မတော်က ပေးတဲ့ အမြင့်ဆုံး သူရဲကောင်း ဘွဲ့တံဆိပ်ဟာ "အောင်ဆန်းသူရိယ" လို့ ခေါ်ပါတယ်။ ရန်သူကို တိုက်ခိုက်ရာမှာ သတ္တိ ဗျတ္တိနဲ့ ပြည်စုံသူ တပ်မတော်သားတွေကို ချီးမြှင့်ခဲ့တာ အခုထက်ထိ တပ်မတော်သား ၅ ဦးနဲ့ အရပ်သား ၁ ဦး ပေါင်း ၆ ဦး ရရှိခဲ့ပါတယ်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး နောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ တရှိန်ထိုး ကြီးထွား လာတာကို မနာလိုမရှု့စိမ့် ဖြစ်ရာကနေ လွတ်လပ်ရေး သူရဲကောင်း နိုင်ငံ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း သမိုင်းနဲ့ အမည်နာမ တွေကို မှေးမှိန်ဖို့ ကြိုးစားရင်း ဗိုလ်ချုပ်အောင်ဆန်း နာမည် ပါနေတဲ့ ဒီ "အောင်ဆန်းသူရိယ" ဘွဲ့တံဆိပ်လည်း တိမ်ကော ပျောက်ကွယ် လာခဲ့ရတယ်။ ဒီလိုနဲ့ ဒုတိယနဲ့ တတိယအဆင့် "သီဟသူရ" ဘွဲ့နဲ့ "သူရ" ဘွဲ့တွေပဲ ချီးမြှင့်လာခဲ့ရာက ဒီနေ့အထိ သီဟ သူရ ၄၆ ဦး သူရ ၅၁၇ ဦး ကို တပ်မတော်ထဲမှာ ပေးအပ်ခဲ့ပြီးပါပြီ။

ဒီ "သီဟသူရ" ဘွဲ့နဲ့ "သူရ" ဘွဲ့ရတွေထဲမှာ အထင်ရှားဆုံးကတော့ နေပြည်တော် နအဖ စစ်ကောင်စီရဲ့လက်ရှိ အတွင်းရေးမှူး (၁) တာဝန်ကို ထမ်းဆောင်နေပြီး အခု ဒု သမ္မတ အဖြစ် စစ်တပ်က ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းခံရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ပါပဲ။ ရည်မှန်းချက်ကြီးသူ စစ်သွေးစစ်မာန်အပြည့်နဲ့ မာရည်ကျောရည် ရှိသူလို့ ဆက်ဆံဖူးသူတွေက ဆိုပါတယ်။ ဒါပေမယ့် လေ့လာသုံးသပ်သူတွေကတော့ လတ်တလော ခြအစားဆုံး ဒီ စစ်ဗိုလ်ချုပ် ဟောင်းကြီးဟာ လာမယ့် အစိုးရသစ်အဖွဲ့ထဲမှာလည်း အခုပုံစံနဲ့ ဆက်စားသွားရင် နံပါတ်ဝမ်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခင်းပေးထားတဲ့ ကြိုးတန်းပေါ်က ဘယ်အချိန်ပြုတ်ကျမလဲ ဆိုတာ ကိုသာ စောင့်ကြည်ရတော့မှာ ဖြစ်ပါတယ်။ "လာဘ်စားတယ်" ဆိုပြီး ဖြုတ်ခံထိသွားကြတဲ့ ဗိုလ်ချုပ်တွေကလည်း သူ့ရှေ့မှာ သင်ခန်းစာ ပေးသွားပြီးပြီ မဟုတ်လား။

.
သီဟ သူရ တင်အောင်မြင့်ဦး (ဗိုလ်ချုပ်ကြီးဟောင်း)

၁၉၈၈ ဖြစ်ပွားခဲ့တဲ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့်လို့ စွပ်စွဲပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းနေချိန် မြန်မာပြည်အရှေ့ဘက်ခြမ်း တရုတ်မြန်မာ နယ်စပ်တလွှားမှာ ဗကပ ထိုးစစ်ကိုလည်း မြန်မာ စစ်တပ်က အသည်းအသန် ခုခံရင်ဆိုင်ခဲ့ရတယ်။ ဒီတိုက်ပွဲတွေမှာ DSA အပတ်စဉ် ၁၂ ဆင်း ဗိုလ်မှူး တင်အောင်မြင့်ဦးက ခလရ ၁၁ ဒု တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းခဲ့တယ်။ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူးစိုးလွင် တိုက်ပွဲကျသွားတော့ ဒု ရင်းမှူးဖြစ်တဲ့ တင်အောင်မြင့်ဦး က ကွပ်ကဲရတယ်။ သူ့ရဲဘော်တွေကတော့ "သစ်ပင်နောက်မှာ အမြဲ ပုန်းဝပ်နေတတ်တဲ့ ဗိုလ်မှူးတင်အောင်မြင့်ဦး လည်း နောက်ပိုင်းမှာ ဒဏ်ရာရပြီး သီဟ သူရ ဘွဲ့ကို ရခဲ့တယ်" လို့ ဆိုတယ်။

အဲ့ဒီ့နောက်မှာတော့ ရာထူးတက်လမ်း မြန်ခဲ့တယ်လို့ ဆိုရမယ်၊ ၁၉၉၂-၉၃ ခုနှစ် မှာ တပ်မ ၃၃ မှာ ဗျူဟာမှူး၊ မကြာခင်မှာပဲ ဒု တပ်မှူး ရာထူးရပြီး ၁၉၉၄ ခုနှစ်မှာ တပ်မမှူး ရာထူးတိုးမြှင့်ခံရတယ်။ ၁၉၉၆-၁၉၉၇ မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန် ထမ်းခဲ့တယ်။ တချိန်တည်းမှာပဲ န၀တ အစိုးရကနေ နအဖ အမည်ပြောင်းတဲ့ အခါမှာတော့ စစ်ကောင်စီ အသစ်မှာ အဖွဲ့ဝင်ဖြစ်လာ ခဲ့တယ်။

တပ်ထဲမှာတော့ ဒေါသကြီး မိုက်ရိုင်းတဲ့ ဗိုလ်ချုပ် တယောက်လို့ လူသိများသူပါ၊ နီးစပ်သူတွေ ပြောပြတာကတော့ တပ်ထဲမှာတုန်း က လက်ထဲမှာ ကြိမ်တုတ်ကို အမြဲကိုင်ထားပြီး ပါးစပ်ကလည်း မအေနှမ အမြဲကိုင်တုတ်နေသူ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါကြောင့် လည်း သူ့ကို အရာရှိ ငယ်တွေက ကြောက်ကြတယ်။

လူမွေးရာမှာ တော်တဲ့ ဗိုလ်ချုပ်မှူးကြီးက လူပျော့တွေ (သူရရွှေမန်း၊ ကွယ်လွန်သူ ၀န်ကြီးချုပ် စိုးဝင်း၊ လက်ရှိဝန်ကြီးချုပ် သိန်းစိန်) တို့မှာ မရှိတဲ့ ဒီလို စရိုက်ဆိုးတွေနဲ့ ပြည့်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး ကို လက်သပ်မွေးထားခဲ့တယ်။

ဘယ်လောက်အထိ ဗိုလ်ချုပ်မှူးကြီးက မျက်နှာသာပေးခဲ့သလဲဆိုတော့ တပ်မတော်တခုလုံး ရဲ့ လက်နက်၊ ရိက္ခာ၊ အဆောက်အအုံ၊ ဘတ်ဂျက် စတာတွေကို စီမံကွပ်ကဲရတဲ့ စစ်ထောက်ချုပ်ရာထူးကို အငြိမ်းစား မပေးခင် ပြီးခဲ့တဲ့ နှစ်အထိ လုပ်ခိုင်းဖူးတယ်။ အလား တူပဲ ဗိုလ်ချုပ်မှူးကြီးက သူ တလျှောက်လုံး တာဝန်ယူခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကို မကြာသေးခင်က ယာယီ လွှဲပေးပြီး ရုရှား၊ တရုတ်၊ အာဆီယံနိုင်ငံ တွေမှာလုပ်တဲ့ စစ်ဘက်အစည်းအဝေးတွေကို တက်ခိုင်းခဲ့တဲ့ အထိ မျက်နှာသာပေးခဲ့တယ်။ အခုလည်း ဒု သမ္မတ ရာထူးအတွက် စစ်တပ်ရဲ့တဦးတည်းကိုယ်စားလှယ်နေရာ ပေးခဲ့တာကို ကြည့်ရင် ဗိုလ်ချုပ်မှူးကြီးရဲ့ မျက်နှာသာပေးခြင်း က လျော့မသွားသေးဘူးလို့ ဆိုရမယ်။

.
ဒါပေမယ့် လာမယ့် အစိုးရသစ်မှာ သမ္မတ ဖြစ်မယ်လို့ သေချာနေတဲ့ ဦးသိန်းစိန်နဲ့ ဘယ်လို ဆက်စခန်းသွားမယ် ဆိုတာ စိတ်ဝင်စား စရာပါ။ ဒီ ၂ ယောက်က အချင်းချင်း သိပ်အစေး မကပ်ပါဘူး။

ဝန်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း သေလို့ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် နဲ့ အစားထိုးတဲ့အခါ စစ်ကောင်စီရဲ့ အတွင်းရေးမှူး (၁) ရာထူးကို ဦးသိန်းစိန်ဆီက ဦးတင်အောင်မြင့်ဦး လွှဲယူရတယ်။

မကြာပါဘူး သူ့ ရဲ့ ဉာဉ်ဆိုးအတိုင်း သူ့ရှေ့က ၀န်ကြီးချုပ်သိန်းစိန်ရဲ့ လုပ်ပိုင်ခွင့်တွေကို ၀င်ရောက် စွက်ဖက်ပြီး ပမာမခန့် လုပ်တော့တာပဲ။ ဘယ်လောက်အထိလဲဆိုတော့ ၀န်ကြီးချုပ်လုပ်တဲ့ စီမံကိန်းမှန်သမျှ ငွေချမပေးဘဲ ညစ်ခဲ့တာကြောင့် လုပ်ငန်းတွေ ပျက်ပြားခဲ့ရပြီး ၀န်ကြီးချုပ်ကို အပြောသမား သက်သက်ဖြစ်အောင် စနစ်တကျ အကွက်ချပြီး နှိပ်ကွပ်ခဲ့တယ်။ ဒါကြောင့် ၀န်ကြီးတွေ ကြားထဲမှာ ပြောစမှတ် ဖြစ်လာတာကတော့ "၀န်ကြီးချုပ်ကို တွင်း (၁) က အာဏာသိမ်းလိုက်တယ်" ဆိုတဲ့ စကားပဲ။

အခုလာမယ့် အစိုးရသစ်မှာကော သူလက်စွမ်း ဆက်ပြမှာလား။ လူတွေကတော့ ကောက်ချက်ချတယ်။ နာမည်မှာကိုပဲ အားလုံးထက် သူက ၆ လုံးပိုတယ်တဲ့။ ဒါကြောင့် သူ့ကို ၈ လုံးလို့ အမည်ပေးကြတယ်။

ဒီကြားထဲ ကံကလိုက်ချင်တော့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တာဝန်ယူထားတဲ့ ကုန်သွယ်ရေး ကောင်စီ (Trade Council) မှာ ဥက္ကဋ္ဌ ဖြစ်ပြန်တယ်။ ဇာတ်လမ်းက အခုမှစပါတော့တယ်။ မိုက်ရိုင်းထွားကြိုင်းတဲ့ ဗိုလ်ချုပ်ကြီး တယောက် စီးပွားရေးသမားတွေနဲ့ ပေါင်းမှ ငွေကြေးရဲ့ သြဇာခံ ဖြစ်သွားခဲ့ရပုံကတော့ သူ့ရှေ့က လာဘ်စားမှုနဲ့ ပြုတ်သွားတဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ တို့ထက်တောင် သာတယ်လို့ ပြောရမယ်။ သူက ၈ လုံး မဟုတ်လား။

Trade Council ဥက္ကဋ္ဌ ဆိုတာကလည်း အိတ်စ်ပို့၊ အင်ပို့ လိုင်စင်တွေ ချပေးခွင့်ရှိတယ်၊ နိုင်ငံခြား ကုမ္ပဏီကြီးတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့အတွက် သူ့ဆီမှာ ခွင့်တောင်းရတယ်၊ မြန်မာပြည်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံမှု လုပ်ချင်ရင် သူဆီက ခွင့်တောင်း ရတယ် ဆိုတော့ မျိုးမျိုးမြက်မြက်ကလေး ကျန်မှာကတော့ မလွဲပါပဲ။

.
လူရမ်းကား ဗိုလ်ချုပ်ကြီးကို လိမ္မာသွားအောင် အစစ အရာရာ သင်ကြားပေးနေသူကတော့ မက်စ်မြန်မာ ဇော်ဇော်ပါပဲ၊ သူတို့နှစ်ဦး ဆက်ဆံရေးကို လူတွေက သားအဖလို့တောင် ပြောကြတယ်။ Trade Council ဥက္ကဋ္ဌ ရာထူး ရခါစမှာ ကားသွင်းခွင့် ပါမစ်တွေကို စစ်တပ်ပိုင် ဦးပိုင်လီမိတက်ထက် မက်စ်မြန်မာ ဇော်ဇော်ကို အများဆုံးသွင်းခွင့်ပေးခဲ့လို့ လူကုံထံ ဇိမ်ခံကား ကနေ မီးသတ်ကား အထိ သုံးလိုတဲ့သူတိုင်း ဇော်ဇော် ဆီက ပြန်ဝယ်ရတယ်၊ အဲသည့်အတွက် ဇော်ဇော်က ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ကို အချိုးကျ အမြတ်ခွဲ ပေးရတယ်။

စစ်ထောက်ချုပ် ဘ၀မှာပဲ နေပြည်တော် တည်ဆောက်ရေးကို တာဝန်ယူရတော့ ပိုပြီးချမ်းသာဖို့ ဖြစ်လာခဲ့တယ်။ နီးစပ်သူတွေ အ ပြော ကတော့ တပ်ချုပ်ကြီးကိုတော့ " နှစ်လေးဆယ် အာမခံပါတယ်" ဆိုပြီး နေပြည်တော် လမ်းတိုင်းကို အရည်အသွေး မစစ်ဆေးဘဲ မက်စ်မြန်မာ ဇော်ဇော်ကို အမြတ်များများ ကျန်အောင် ခင်းစေခဲ့တယ်။

နေပြည်တော် တည်ချိန်မှာပဲ သူ့ ပီအက်စ်အို ဗိုလ်ကြီး အေးချစ် ညီမ မအေးဟန်ကို ဇင်ထက် ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ် ရေး ကုမ္ပဏီတခု ဖွင့်စေခဲ့ပြီး ACE ၊ အေဒင်၊ မက်စ်၊ အေရှားဝေါလ်၊ ထူး စတဲ့ နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဘိလပ်မြေ၊ သံချောင်း စတဲ့ ပစ္စည်းသွင်း စေခဲ့တယ်၊ ဒါကြောင့်လည်း နေပြည်တော်က အစိုးရရုံးကြီးတွေနံရံမှာ အက်ကြောင်းတွေ ထနေပေမယ့်လည်း တာဝန်ယူတဲ့ ကုမ္ပဏီကြီးတွေ အရေးယူမခံခဲ့ရပါဘူး။

မအေးဟန် ဆို စင်္ကာပူ မှာတောင် ရုံးခန်းဖွင့်လိုက်သေး။ ဗိုလ်ကြီးအေးချစ် ကလည်း မီလျံနာ နီးပါး တခါတည်း ချမ်းသာသွားတာ။ မဆလ လက်ထက်က တိုင်းမှူးတွေ ၀န်ကြီးတွေတောင် သူ့လောက် မချမ်းသာဖူးဘူး။ အင်းစိန် မင်းဓမ္မကုန်းဘက်မှာ မြေကွက်တွေ တော်တော်များများ ပိုင်တယ်လို့ စီးပွားရေးသမားတွေက ပြောကြတယ်။

စီးပွားရေးသမားတွေကို လူမွေးတဲ့ နေရာမှာကတော့ ဗိုလ်ချုပ်မှူးကြီး က တေဇ၊ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက အောင်ကိုဝင်း၊ ဦးရွှေမန်းက သူ့သားနှစ်ယောက်၊ ၀န်ကြီးချုပ် ဦးသိန်းစိန်က လားစိုးမြင့်ဆိုတဲ့ ရှမ်းတရုတ် ဆိုတော့ ဒု သမ္မတ ဖြစ်မယ့် လူရမ်းကား ဗိုလ်ချုပ်ကြီးနဲ့ ဇော်ဇော်တို့ ၂ ယောက် ပေါင်းသွားတာ သိပ်တော့လည်း မထူးဆန်းဘူး။

အတွင်းသိတွေ ပြောစကားကတော့ စစ်ထောက်ချုပ်ဘ၀ ကျောက်သူဌေး အိုက်လင်းနဲ့ ပေါင်းပြီး ကျောက်မျက်ပြပွဲက ပတ္တမြားနဲ့ ကျောက်စိမ်း ၈၀ ရာခိုင်နှုန်းကို တရုတ်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ကျောက်ဈေးကွက်ကို မှောင်ခိုခိုးထုတ်ခဲ့တဲ့ ငွေမည်းတွေကို ခ၀ါချဖို့ နိုင်ငံတော်ရဲ့လိုအပ်ချက်ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွင့်ထားတဲ့ ဇော်ဇော်ပိုင် ဧရာဝတီဘဏ်မှာ သူ့ရှယ်ယာတွေ ထည့်ထားတယ်၊ မြန်မာတပြည်လုံးမှာ ဖွင့်ထားတဲ့ မက်စ်မြန်မာ လောင်စာဆီ ဆိုင်တိုင်းမှာ သူ့ပိုက်ဆံပါတယ် လို့လည်း သိရတယ်။ တနိုင်ငံလုံးရှိတဲ့ ဘောလုံးကွင်း တည်ဆောက်ပြုပြင်ရေး၊ ရန်ကင်းက သတ္တုတွင်း ၀န်ကြီးဌာန ရုံးဟောင်းကို ကလေးဆေးရုံ ဆောက်ခွင့်တို့ကို ဇော်ဇော်ကို ပေးထားသလို အထူးအခွင့်အရေး အနေနဲ့ ရုရှားသံရုံးကလုပ်တဲ့ အခမ်းအနား တိုင်းမှာ ဇော်ဇော်ကို တက်ခွင့်ပေးခဲ့ တယ်။

.
နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အစိုးရ စီမံကိန်းကြီးဖြစ်တဲ့ ထားဝယ်ရေနက် စီးပွားရေး အထူးဇုန် တည်ဆောက်ရေးကို လည်း ဇော်ဇော် တဦးတည်းကို ပေးခဲ့တယ်။ နီးစပ်သူတွေ အပြောကတော့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကို အကျိုးအမြတ်ရဲ့ တ၀က်ခွဲပေးရတယ်လို့ သိရတယ်။

ဇော်ဇော် အလိုက်သိတတ်ပုံကလည်း မိန်းမလိုက်စားတတ်တဲ့ ဗိုလ်ချုပ်ကြီး အတွက် သူပိုင်တဲ့ မာရီနာ ဟိုတယ်မှာ "အရက်ရော၊ ကြက်ရော ရှာပေးတဲ့ အထိ" တဲ့။ ဒါ့အပြင် အင်းစိန် စက်မှုတက္ကသိုလ်အနီး အောင်သိဒ္ဓိလမ်းနဲ့ အေးရိပ်ငြိမ်လမ်းဆုံတဲ့ နေရာမှာ နန်းတော်ကြီးတမျှ တခမ်းတနား ဆောက်ထားတဲ့ ဗိုလ်ချုပ်ကြီး အိမ်အတွက် အီတလီနိုင်ငံလုပ် အတွင်းပရိဘောဂတွေကို ဇော်ဇော် က ၀ယ်ထည့် ပေးခဲ့တယ်။ ဖိနပ်စင် တခုတောင် သိန်းလေးရာလောက် တန်တယ်လို့ အတွင်းသိ တချို့ကဆိုတယ်။ ခြံထဲက လမ်း တွေကို အားလုံး ကွန်ကရစ်တွေ ခင်းထားပြီး လုံခြုံရေး ဂိတ်တောင် နှစ်ထပ်တိုက် ဆောက်ထားတယ်တဲ့။

ဒါတင်မက အရှေ့မြောက်တိုင်း တိုင်းမှူးဘ၀နဲ့ ပုလဲနံပ သင့်ခဲ့ပြီး သူ့ကို အကျိုးခံစားခွင့် များများပေးတဲ့ ဘိန်းဘုရင် လော်စစ်ဟန် သား ထွန်းမြင့်နိုင် ရဲ့အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ရန်ကုန်-မန္တလေး-လားရှိုး လမ်းပြုပြင်ရေး၊ ရန်ကုန်လေဆိပ်နဲ့ တနိုင်ငံလုံး လေဆိပ် ပြေးလမ်းတို့ချဲ့ရေးတို့ အပြင် နေပြည်တော် လေဆိပ်အသစ် တည်ဆောက်ရေးကို လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ အမှတ် ၁ လျှပ်စစ် ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း လုပ်ပိုင်ခွင့်ကိုကျော်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတိုင်း အေးရှားဝေါလ်ကို လုပ်ပိုင်ခွင့်ပေးလို့ ဗိုလ်ချုပ်မှူးကြီး ကတောင် ခေါ်ယူ သတိပေးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို သူ့သား ဗိုလ်ကြီးဟောင်း တေဇာစောဦး ရှယ်ယာ ပါတဲ့ အေးရှားဝေါလ် ကုမ္ပဏီ ကို လုပ်ပိုင်ခွင့် ချပေးပေမယ့် တရုတ်ကုမ္ပဏီက ငြင်းပယ်ပြီး တေဇပိုင် ထူးကုမ္ပဏီနဲ့ လုပ်မယ်လို့ ပြောခဲ့တဲ့အတွက် အတွင်းရေးမှူး (၁) ကြီး အရှက်ရခဲ့လို့ ထူးကုမ္ပဏီက မနည်း ဖြေရှင်းခဲ့ရတယ်။ တွင်း (၁) ကြီး အမျက်ပြေဖို့ အေးရှားဝေါလ်ကို တဆင့်ခံ ကန်ထရိုက် အနေနဲ့ ထူးက လုပ်ငန်းတချို့ လွှဲပေးခဲ့ရတယ်။

စီးပွားရေး သောင်းကျန်းလို့ရလာတဲ့ ပိုက်ဆံတွေကို စင်္ကာပူ ဘဏ်မှာ အပ်ဖို့ မကြာခင်ကအသွား ဒေါ်လာတွေ တပွေ့တပိုက် အိတ်ထဲ ထည့်လာတဲ့ တေဇာစောဦး ချန်ဂီ လေဆိပ်မှာ မသင်္ကာဖြစ်ပြီး ခဏတောင် အဆွဲခံလိုက်ရသေးတယ်။ နောက်မှ စင်္ကာပူက လာနေကျ ကတ်စတမ်မာ မှန်း သိလို့ ပြန်လွှတ်ပေးလိုက်တယ်။

လူတွေကတော့ ပြောနေကြတယ်။ "ဦးတင်အောင်မြင့်ဦး တကယ် သတ္တိရှိပုံ မပေါ်ဘူး။ သီဟသူရ ဘွဲ့ရတိုင်း သတ္တိရှိတယ်လို့ ပြော မရဘူး။ မိုက်ရူးရဲလည်း ဖြစ်နိုင်တာပဲ။ တကယ် သတ္တိရှိရင် ဥပဒေ အတိုင်း ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို တကယ်ကြေညာ" တဲ့။

ကဲ... ဒု သမ္မတကြီး သီဟ သူရ ဦးတင်အောင်မြင့်ဦး ခင်ဗျာ.. အလှည့်ကျ မနွဲ့ကြစတမ်း ပေါ့နော...။ ။

(ရင်းမြစ် - ဧရာဝတီ
မင်းတြားကြီး သန်းရွေှ့ နဲ့ နေပြည်တော် ခိုးသား ၅၀ဝ - အပိုင်း (၃) -
ခိုးသားကြီး တင်အောင်မြင့်ဦး )

-
မြင့်လှိုင်၊ မေ ၁၀ ရက်၊ ၂၀၁၂


လွန်ခဲ့တဲ့တပတ်အတွင်း မြန်မာသတင်းများတွင် လူပြောများခဲ့တဲ့ မြန်မာ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူဖို့ တောင်းခံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သို့သော သို့လော ဖြစ်နေကြစဉ် ထိုသတင်း မှန်ကန်ကြောင်းကို ရန်ကုန်အခြေစိုက် အလဲဗဲန်းမီဒီယာ (Eleven Media) အင်တာနက်စာမျက်နှာ ( http://www.news-eleven.com/index.php?option=com_content&view=article&id=13536:2012-05-10-07-29-25&catid=42:2009-11-10-07-36-59&Itemid=112 ) တွင် မေ ၁၀ ရက်နေ့က ရေးသားထားပါတယ်။

သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ စင်ကာပူနိုင်ငံကို သွားရောက် ကျန်းမာရေး စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် ကျန်းမာရေးကြောင့် တာဝန်မှ အနားယူခွင့်ပြုရန် မေလ ၃ ရက်နေ့က မြန်မာသမ္မတနဲ့ အစိုးရတာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ပါတယ်။ ထိုသတင်းကို ပြည်ပ မြန်မာရေဒီယိုများနဲ့ မီဒီယာများက ထုတ်လွှင့် ဖော်ပြခဲ့ကြပေမယ့် မြန်မာအစိုးရဘက်က အတည်မပြုခဲ့ပါဘူး။ သို့သော် ပြည်တွင်း ဂျာနယ်၊ စာစောင်များတွင် ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူတဲ့ကိစ္စ ဖော်ပြခြင်း မပြုဖို့ သက်ဆိုင်ရာက အသိပေးခြင်း၊ ဖော်ပြတဲ့ ဂျာနယ်တစောင်ကို သတိပေးခြင်းများ ပြုလုပ်လာခဲ့ပါတယ်။

သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ စစ်ဝါဒီသမားတဦးဖြစ်ပြီး စစ်တပ်ဗိုလ်ကျ စိုးမိုးရေးဝါဒ လိုလားသူတဦးဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေရဲ့ အစီအမံနဲ့ စစ်သား လွှတ်တော်ကိုယ်စားလှယ်များက သူ့ကို ဒု သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ကြဟန် တူပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ ဗိုလ်ချုပ်သန်းရွှေရဲ့ လက်စွဲတော်၊ လက်မရွံ့ဝန်ကြီးများရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

ဦးတင်အောင်မြင့်ဦး ကိုယ်တိုင်က သမ္မတ ဦးသိန်းစိန်ကို ရုပ်ပြအဖြစ်ထားကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဟန်ပြ လုပ်ကိုင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်အောင် ကြံဆောင်ဖို့ စဉ်းစားထားပုံ ရပါတယ်။ အဲဒီကတဆင့် စီးပွားရေး ပိတ်ဆို့မှု လျော့ကျအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်နေပုံပါ။ ရာထူး တည်မြဲဖို့အတွက်ကိုတော့ စစ်တပ်ကို ကျောထောက်နောက်ခံပြုနိုင်မယ်လို့ တွေးထင်ထားတယ် ထင်ပါတယ်။

သို့သော်လည်း ဦးသိန်းစိန်က သမ္မတ အကြံပေးအဖွဲ့ကို အားပြု၊ ဦးရွှေမန်းက လွှတ်တော်ကို ချုပ်ကိုင်ထားစဉ် ယခင်က နံပါတ် ၄ နေရာမှာ ရှိခဲ့တဲ့ ဦးတင်အောင်မြင့်ဦးကတော့ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပြုမှုကို မရခဲ့ပါဘူး။ နောက်ပြီး အာဏာပိုင်တွေရဲ့ အဆင့်မြင့် ဆွေးနွေးပွဲများအတွင်း ဦးတင်အောင်မြင့်ဦးရဲ့ အရေးပါမှု လျော့ကျလာခြင်းဟာ အခုလို ရာထူးက နှုတ်ထွက်ဖို့အတွက် လုံလောက်တဲ့ အကြောင်းတခု ဖြစ်ပါလိမ့်မယ်။

မြန်မာအစိုးရကတော့ မှော်ဘီတွင် ဒုလ္လဘရဟန်း ၀တ်နေတဲ့ ဦးတင်အောင်မြင့်ဦးကို ဒု သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းနေကြကြောင်း၊ ထိုသို့ တိုက်တွန်းနေချိန်မှာပဲ ဦးတင်အောင်မြင့်ဦးရဲ့ ရာထူးကို အစားထိုးရန် ပြင်ဆင်နေကြောင်း အတည်မပြုရသေးတဲ့ သတင်းများအရ သိရပါတယ်။

(Credit - ယနေ့မြန်မာ)

>
10 မေလ 2012


" `ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေးအရ တာဝန်ကနေ အနားယူ ခွင့်တောင်းထားတယ်´ ဆိုတဲ့ သတင်းဟာ မှန်ကန်တယ်" လို့ Weekly Eleven ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး က ဘီဘီစီကို ပြောပါတယ်။

"ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်ကနေ အနားယူခွင့် တောင်းထားတယ်" ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပေါ်ခဲ့ပေမဲ့ အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

လောလောဆယ် ရဟန်း ဝတ်နေတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ဟာ ရဟန်းဘောင်ကို ခေတ္တ မဝင်ရောက်ခင် "မေလ ၃ ရက်နေ့က တာဝန်ကနေ အနားယူခွင့် တောင်းတဲ့ စာကို နိုင်ငံတော်သမ္မတ အပါအဝင် တာဝန်ရှိသူတွေဆီ ပေးပို့ခဲ့တယ်" လို့ မိသားစုနဲ့ နီးစပ်သူဆီက သိရတယ်လို့ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောပါတယ်။

Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုး ရဲ့ အဆိုအရ "ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး အနားယူခွင့် တောင်းတာဟာ ကျန်းမာရေး သက်သက် ကြောင့်သာ ဖြစ်ပြီး တခြား နိုင်ငံရေးအကြောင်း တွေကြောင့် မဟုတ်ဘူး" လို့လည်း သိရပါတယ်။

ပြည်တွင်း သတင်းဂျာနယ်တွေမှာ ဒီသတင်း မရေးဖို့လည်း စာပေစီစစ်ရေးက ပိတ်ပင် သတိပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ "သူတို့ ရတဲ့ သတင်းတွေကို အခြေခံပြီး ခိုင်မာတဲ့အတွက် Eleven Media ရဲ့ ၁၀-၅-၁၂ ရက် (ကြာသပတေးနေ့) ထုတ် အွန်လိုင်း သတင်းထဲမှာ ရေးသားတာ" လို့ Weekly Eleven ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောပါတယ်။

( Eleven Media ရဲ့ ၁၀-၅-၁၂ ရက် (ကြာသပတေးနေ့) ထုတ် အွန်လိုင်း သတင်း -
"ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းသည်ဆိုသည်မှာ မှန်ကန်"
http://www.news-eleven.com/index.php?option=com_content&view=article&id=13536:2012-05-10-07-29-25&catid=42:2009-11-10-07-36-59&Itemid=112 )

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တကယ်ပဲ ကျန်းမာရေး အရ အနားယူသွားရင် ဦးတင်အောင်မြင့်ဦး နေရာကို ဆက်ခံလာနိုင်ဖွယ် ရှိသူတွေကို ထင်ကြေးတွေ အမျိုးမျိုး ပေးနေကြတဲ့အထဲမှာ အောက်ပါ ပုဂ္ဂိုလ်တွေ ပါတယ်လို့ အဲဒီ Eleven Media သတင်းမှာ ရေးထားပါတယ်။

(၁) ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း
(၂) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊
(၃) ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၊
(၄) ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊
(၅) ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို

စတဲ့ သူတွေ ပါတယ်လို့ Eleven Media ရဲ့ သတင်းမှာ ရေးထားပါတယ်။

(BBC)

°
May 6, 2012


"ရှစ်လုံးကြီး နားပြီ" ဆိုတဲ့ သတင်းကြားတော့ သိပ် မအံ့သြမိပါဘူး။
သုံးယောက်ထဲက တစ်ယောက်ယောက် နားလိမ့်မယ်လို့ စိတ်ထဲက ထင်နေတယ်။
ထင်တာပဲ ရှိတာပါ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ရပ်ပါပဲ။

တကယ် ဖြစ်လာမယ် ဆိုရင်တော့ ခုတလော တွေးမိနေတဲ့ အတွေးတစ်ခုက မှန်နေတယ်လို့ သတ်မှတ်ရမှာပေါ့။ အဲဒါကတော့ -
“မြန်မာ့နိုင်ငံရေးမှာ `မဖြစ်နိုင်ဘူး´ ဆိုတာတွေပဲ ရွေးဖြစ်တတ်တယ်” ဆိုတာပါ။


၁။ ဦးသိန်းစိန်ဟာ လက်ရှိတာဝန်ကို မပျော်ပိုက်ဘဲ ၂၀၁၅ မှာ နားတော့မယ်လို့ သိရပါတယ်။ (သေချာဖွယ် ရာနှုန်း ၈၀)

၂။ ဒေါက်တာစိုင်းမောက်ခမ်းဟာ "တိုင်းရင်းသားထဲက တစ်ဦး ပါရမယ်" ဆိုတဲ့ ဥပဒေအရ တင်မြှောက်ထားတဲ့ ဒုသမ္မတ ဖြစ်တယ်။ (လက်သင့်ခံရဖွယ် အချက်)

၃။ ဦးသီဟသူရတင်အောင်မြင့်ဦးဟာ သဘောထားတင်းမာသူတွေအဖွဲ့ရဲ့ ဦးဆောင်တစ်ဦး ဖြစ်လို့ သူ နုတ်ထွက်မယ် ဆိုတာ အိပ်မက်တောင် မမက်မိဘူး။ (ကျနော့်အိပ်မက်)

တကယ်လို့....
၎။ ရှစ်လုံးကြီး (ဦးသီဟသူရတင်အောင်မြင့်ဦး) နုတ်ထွက်ခဲ့ရင် ယခင် သမ္မတ ရွေးချယ်စဉ်က လျာထားခြင်း ခံခဲ့ကြရသူတွေထဲက တစ်ဦးသာ လုပ်ထုံးလုပ်နည်းအတိုင်း တက်လာဖွယ် များတယ်။ (လုပ်ထုံးလုပ်နည်းအရသာ ဖြစ်)

၅။ ဒေါ်စုဟာ ပြည်သူ့လွှတ်တော်အမတ်နေရာနဲ့ အဖွဲ့ချုပ်ကို စွန့်ခွာပြီး "အစိုးရရာထူး တာဝန်ကို ယူမှာ မဟုတ်ဘူး" လို့ ပြောခဲ့ဖူးတယ် ထင်တယ်။ ( သေချာဖွယ် ရာနှုန်း ၆၀)

(ခွန် ဒီးယမ် မှတ်ချက် --- "အစိုးရရာထူး တာဝန်ကို မယူပါဘူး" လို့တော့ ဒေါ်စု မပြောဖူးပါဘူး ။ မပြောဖူးတာ ၁၀၀ % သေချာပါတယ် ။ ခပ်ဆင်ဆင် မူကွဲလေးတွေတော့ ပြောဖူးပေမဲ့ "အစိုးရရာထူး မယူပါဘူး" လို့တော့ တစ်ခွန်းမှ မပါခဲ့တာ သေချာပါတယ် ။ ဒေါ်စု ပြောဖူးတဲ့ မူကွဲလေးတွေ စုပေးလိုက်မယ် ။
(1) "Offer မရှိသေးပဲ `ယူမယ်၊ မယူဖူး´ ပြောနေဖို့ မသင့်ဘူး ထင်တယ်။"
(2) "လွှတ်တော်ထဲ ရောက်ဖို့ မလွယ်တာမို့လို့ လွယ်လွယ်နဲ့လဲ ပြန်ထွက်သွားမှာ မဟုတ်ပါဘူး။"
(3) "offer ပေးလာတဲ့ ရာထူးကိုလဲ ကြည့်ရဦးမှာပေါ့နော်၊ ခုက ဘာမှ မပေးသေးပဲ ပြောရခက်ပါတယ်။"
(4) "လွှတ်တော်ထဲဝင်ဖို့ ကြိုးစားနေတာ တက်သုတ်ရိုက်ပြီး ပြန်ထွက်ဖို့ မဟုတ်ပါဘူး။" ( အင်္ဂလိပ် ဘာသာဖြင့် )

၆။ ဒေါက်တာစိုင်းမောက်ခမ်း အနားယူသွားရင် တက်လာမယ့် တိုင်းရင်းသားက ဒေါက်တာအေးမောင် ဖြစ်ဖွယ်များတယ်။ တကယ်လို့ ရှစ်လုံးကြီးသာ ကျန်းမာရေးအကြောင်းပြပြီး အနားယူသွားခဲ့ရင် ဘယ်သူ တက်လာနိုင်မလဲ....။


ဘယ်အရာကိုမှ တရားသေ မပြောရဲပါ။ ဖြစ်ရပ်အမှန်ကို တရားဝင် ဖော်ထုတ်ကြေငြာဖို့ နှောင့်နှေးလွန်းတဲ့နိုင်ငံမှာ ကောလဟာလတွေ ထွက်တတ်တာ မဆန်းပါဘူး။ ပြီးတော့.....
မြန်မာ့နိုင်ငံရေးမှာ `မဖြစ်နိုင်ဘူး´ ထင်တာတွေ ရွေးဖြစ်တတ်တာလည်း....
.... မဆန်းပါဘူး။

အဘ ဥက္ကာကိုကို

.
ပုဒ်မ ၇၃(စ) ။ ။ ဒုတိယသမ္မတ တစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နှုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စု အစည်းအဝေး ကျင်းပချိန် ဖြစ်ပါက ယင်းဒုတိယ သမ္မတကို ရွေးချယ်တင်မြှောက် ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက် အတွင်း ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရေး အတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်။


ပုဒ်မ ၇၃ (ဆ) ။ ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေး အတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။

By- The Voice Weekly

အဘ ဥက္ကာကိုကို
FB

လူငယ်လေးတွေ အမတ်ဖြစ်ဖို့ အော်ဇီရောက်တယ်
မငယ်နိုင်တို့က ဒုကခသည် အမည်ခံပြီး အော်ဇီရောက်တယ်
ရှက်တတ်ရင်လဲသေဖို့ကောင်း

ရှက်တတ်ရင် လဲသေဖို့ ကောင်းတာက ဒုက္ခသည်တွေ မဟုတ်ဘူး။

ရှက်တတ်ရင် လဲသေဖို့ ကောင်းတာက မြန်မာတွေ နိုင်ငံပေါင်းစုံမှာ ဒုက္ခသည် ဘဝနဲ့ နေရအောင် လုပ်ခဲ့တဲ့
- ခိုးသားကြီး သန်းရွှေ နဲ့ နေပြည်တော် ခိုးသားကြီး ၅၀ဝ ရယ်၊
- စစ်ဖက်၊ အရပ်ဖက် ခိုးသားလတ် ၅၀ဝ၀ ရယ်၊
- စစ်ဖက်၊ အရပ်ဖက် ခိုးသားလေး ၅၀ဝ၀၀ ရယ်၊
- (မင်းတို့လို အရိုးအရင်းကိုက်ပြီး ထောက်ခံတဲ့) ခိုးသားပါမွှား စစ်ကျွန် ၅၀ဝ၀ဝ၀ ရယ် ..... ပဲ။

.
18 May 2012

နိုင်ငံတော် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ အမှန်တကယ် အနားယူကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြု ပြောသော်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံဥပဒေကြောင့် သတင်းထုတ်ပြန် ကြေငြာရန် အစိုးရက အခက်တွေ့နေရကြောင်း ၄င်းတို့အသိုင်းအဝိုင်းက ပြောပါသည်။

“ဒုသမ္မတ ဦးတင်အောင်မြင့်ဦး အနားယူတယ် ဆိုတာ မှန်တယ်။ ဖွဲ့စည်းပုံထဲမှာ အနားယူကြောင်း၊ နုတ်ထွက်ကြောင်း တရားဝင် ကြေငြာပြီး ဘယ်နှစ်ရက်အတွင်း အစားထိုးရမယ် ဆိုတာ ပါတယ်လေ။ ဒါပေမယ့် အခု လွှတ်တော်က နားထားတယ် မဟုတ်လား။ ဖွဲ့စည်းပုံအတိုင်း လိုက်လုပ်ဖို့ မဖြစ်နိုင်သေးလို့ ခေါင်းမခါ၊ ခေါင်း မငြိမ့်နိုင်တဲ့ အခြေအနေ ဖြစ်နေရတာပါ။ သတင်းကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး” - ဟု သံလွင် အရှေ့ခြမ်းရောက် နေပြည်တော်ထိပ်သီးများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

၂၀ဝ၈ ဖွဲ့စည်းပုံ ပုဒ်မ ၇၃ / စ (စာ - ၂၅) တွင် ဒုတိယ သမ္မတ တစ်ဦးဦး၏ နေရာတွင် အကြောင်းအမျိုးမျိုးကြောင့် ရာထူးနေရာ လစ်လပ်သွားလျှင် ၇ ရက်အတွင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်။ ပုဒ်မ ၇၃/ဆ (စာ - ၂၆) တွင်မူ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် နိုင်ငံတော်သမ္မတ အကြောင်းကြားစာ ရရှိသည့်နေ့မှ စ၍ ၂၁ ရက် အတွင်း ပြည်ထောင်စု အစည်းအဝေး ခေါ်ယူပြီး အစားထိုးရွေးချယ် တင်မြောက်ရေးအတွက် ဆောင်ရွက်ရမည် - စသည်တို့ ပါရှိပါသည်။

“ကျနော်တို့ လွှတ်တော်က မေ ၂ ရက်နေ့ တုန်းက စပိတ်တယ်လေ။ ကျနော်တို့ သိထားတာက တစ်လခွဲလောက် ကြာမှ ပြန်ခေါ်မယ်လို့ ပြောတာဘဲ။ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး အမှန်တကယ် အနားယူရင်တော့ လွှတ်တော် ပြန်ခေါ်တဲ့ အချိန်နဲ့ ချိန်ကိုက်ပြီး သမ္မတရုံးက တရားဝင် ကြေငြာသွားမှာပါ” - ဟု လားရှိုးရောက် ပြည်သူ့လွှတ်တော်အမတ်တဦးက ပြောပါသည်။

ထွက်ရှိသည့် သတင်းများအရ လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်နေအိမ်၌ အနားယူနေကြောင်း၊ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးကလည်း မှော်ဘီ မစိုးရိမ်ကျောင်း တိုက်၌ ရာသက်ပန် သင်္ကန်းဝတ်သွားတော့မည်ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန် မကျန်းမမာ ဖြစ်နေသည့် အတွက် ၄င်းအိမ် အနီးအနားဝန်းကျင်၌ ယမန်နေ့မှ ယနေ့ (မနက်ပိုင်း) အထိ လုံခြုံရေးများ အထူး ချထားကြောင်း ရန်ကုန်မြို့၊ မရမ်းကုန်းရောက် သျှမ်းအမျိုးသားတဦးက ပြောပါသည်။

(သျှမ်းသံတော်ဆင့်)

18 May 2012

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးသည် အစိုးရ အဖွဲ့အတွင်း ဆက်လက် တာဝန် ထမ်းဆောင်ဆဲ ဖြစ်ကြောင်းကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးမှ ယနေ့ ထုတ်ပြန်လိုက်ပါသည်။

ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် တာဝန်မှ ရပ်နားရန် နုတ်ထွက်စာ တင်ထားကြောင်း ၊ တချို့သတင်းများတွင် သူသည် ရာသက်ပန် ရဟန်းဝတ်တော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိရာက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတရုံး (အမိန့်အမှတ်၊ ၁၁/၂၀၁၂) မေလ (၃) ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးထားကြောင်း သိရပါသည်။

( ရွှေဟင်္သာသတင်းဌာန )

.
ရန်ကုန်၊ မေ ၂၄


နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ တရားဝင် ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

"၃ ရက်နေ့က ထွက်လာတဲ့ အမိန့်အရ ဒုသမ္မတကြီး ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါနေတယ် ဆိုလို့ရှိရင် သူသည် တရားဝင် position အရ ဒုတိယသမ္မတကြီးက ရှိနေတုန်းပဲ ဆိုတာ ကြေငြာချက်အရ ရှင်းနေပါပြီ" ဟုပြောကြားခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးသည် မေလ ၃ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာ တင်သွင်းခဲ့သည်ဟု VOA မြန်မာပိုင်း အစီအစဉ်၏ ထုတ်လွှင့်ချက်ကို ကိုးကား၍ ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခင် စစ်အစိုးရ လက်ထက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) အဖြစ် ထမ်းဆောင်ခဲ့သူ အသက် ၆၁ နှစ်အရွယ်ရှိ ဒုတိယသမ္မတသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူရာမှ ပြန်လာပြီးနောက် ကျန်းမာရေးကြောင့် နုတ်ထွက်စာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ အစိုးရအဖွဲ့နှင့် နီးစပ်သူ အချို့ထံမှ သိရသော သတင်းများအရ ဒုသမ္မတ၏ နုတ်ထွက်စာ တင်သည့် သတင်းမှာ မှန်ကန်ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်က ဒုသမ္မတ နုတ်ထွက်မှုကို လက်ခံခြင်း မရှိသေးဟု သိရှိရသည်။

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ကျောင်းဆင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုင်းယန်းတိုက်ပွဲ၌ ဗကပများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် သီဟသူရဘွဲ့ ရှိခဲ့ပြီးနောက် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တွင် ဗျူဟာမှူးနှင့် ဒုတိယ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်နှင့် အတွင်းရေးမှူး (၁) ရာထူးများအား အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြီးကြပ်မှုဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။

(The Voice Weekly)

အေးပေါ့ဗျာ...စစ်ခွေးလို့ ခေါ်ချင်ခေါ်ပေါ့...နိုင်ငံကို ချစ်တယ်ဆိုပီး ပြန်မလာတော့ဘူးလား...ကြံဖွတ်တွေကတော့ လူမှုရေးမဖောက်ပြန်ဘူး...နေပြည်တော်ကို ဗုံးကြဲမယ့် အဒေါ်ကြီးရော နေကောင်းရဲ့လား..ကျွနတော့်comment တွေကို ခင်ဗျားတင်ရဲလား..ဘာတဲ့..မဆလကို လက်မှတ်မထိုးဘူး အသေခံမယ် ဆိုတဲ့ ခင်ဗျားပြောတဲ့ စကားကို အားနာရင်ပေါ့...ခင်ဗျားပြောတဲ့ myanmar express က comments မရွေးဘူး..ဘာလာလာ တင်တယ်ဗျ...ခင်ဗျားတို့Democratic blog တွေကအများကြီးပါ..MEG လိုBLOG ကနည်းပါတယ်...ခင်ဗျားလိပ်ပြာ လုံမယ်ဆို အပေါ်က ခင်ဗျား ရေးထားတဲ့စစ်ခွေးဆိုတဲ့ စာလုံးကိုဖျက်လိုက်ပါ..ခင်ဗျားဟာ သိက္ခာရှိတဲ့ မြန်မာအမျိုးသမီးဆိုတာ ယုံပါတယ်..ဘာလို့လဲဆိုတော့ ခင်ဗျားမှာ အမှားကိုဝင်ခံရဲတဲ့ သတ္တိရှိတယ်...တခုခုဖြစ်တိုင်း စစ်တပ်ကို ဆွဲထည့်တာမကောင်းပါဘူးဗျာ...ကျေးဇူးပါ..အမိမြေသို့.ပြန်လာခြင်းကို ကြိုဆိုချင်ပါတယ်..

အော် ဒုက္ခပါပဲ။ ကိုယ့်ဘလော့ဂ်ကိုယ်တောင် ၀င်ဖို့အချိန်မရလောက်အောင် အလုပ်များနေချိန်မှာ အပေါ်မှာ အုတ်ကြားမြက်ပေါက်တယောက်ကလည်း ဘယ်ကလာပြီး ဘာတွေလာကြောင်ပြီး ဘာတွေလာမေးနေမှန်းကိုမသိဘူး။ ဒေါ်လာစားရဲ့ Myanmar Express ဘလော့ဂ်မှာ မဟုတ်မဟပ်ရေးထားလို့ မဟုတ်ဘူးဆိုတာ မှတ်ချက်သွားရေးဖူးတာ အဖျက်ခံရတယ်။ နောက်ဘယ်တော့မှ မရောက်တော့ဘူး။ ဒါပေမဲ့ မြန်မာ Express ကောင်းလှချည်ရဲ့ဆိုသူတွေကလည်း သွားအားပေးပေါ့။ ဘာလို့ဒီမှာ မဆီမဆိုင် ဒီမှာ ကြောင်တောင်တောင်တွေ လာရေးနေရတာလဲ။ ကျွန်မဘလော့ဂ်မှာ ဘာမှမစော်ကား မမိုက်ရိုင်း မဆဲဆိုရင် ဘယ်မှတ်ချက်ကိုမှ မဖျက်ဘူး။