-မြောက်ပိုင်းစခန်း အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ကနဦး သတင်းတိုက်ပွဲ ( ၂၀၁၁ နှစ်ကုန် မှ --၂၀၁၂ ဂျွန် အထိ)
အရိုးတွန်သံဆောင်းပါးတွေ
 အရှိန်မြင့်အားကေါင်းလာတဲ့ အချိန်မှာပဲ မြောက်ပိုင်းက တစ်ဦးစ နှစ်ဦးစ 
စတင်ရေးသားလာပါတယ်။ အဲဒီကာလမှာပဲ ကျနော် နန်းအောင်ထွေးကြည်နဲ. 
စတင်သိကျွမ်းခဲ့ရပါတယ်။ နန်းအောင်ထွေးကြည်ဟာ ရုပ်ရည်သန်.ပြန်.ပြီး 
ခင်မင်ဖို.ကေါင်းပါတယ်။ တဖြည်းဖြည်းရင်းနှီးလာတဲ့ အချိန်မှာ သတိပြုမိတာက 
သူမဟာ ကိုယ်ရည်သွေးစကားများ ပြောဆိုတတ်ပြီး  စကားပြောကြမ်းပါတယ်။ 
သူကလဲပြောပါတယ်။ ငါက အစထဲက ဒီလိုခပ်ကြမ်းကြမ်းပဲဆိုပြီးတော
နောက်တစ်ချက်ကတော့
 သူမနဲ. တွေ.ဆုံစကားပြောဖူးသူတွေရဲ. တူညီတဲ့ကောက်ချက်ကတော့ သူမဟာ 
စာဖတ်အားနည်းတယ်၊ နိုင်ငံရေး သဘောတရားအားနည်းတယ် ဆိုတဲ့အချက်ပါပဲ။ စကားစကား
 ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတဲ.စကား ဟာ အလွန်မှန်ပါတယ်။ သူမ လိမ်တတ်တာ၊
ေ၇ှ.နောက်မညီညွတ်မှုတွေဟာ ဘယ်သူကမှ ဖိအား ပေး ပြောခိုင်းနေတာ မဟုတ်ပဲ၊ 
သူ.ဖာသာသူ ကိုယ်ရည်သွေး ရင်း ဖွာ ထွက်လာတဲ. အစအနတွေဖြစ်ပါတယ်။ ကျနော်တို.က 
နားထောင် နေသူများသာဖြစ်ပါတယ်။ ထိုစဉ်က သူ ပြောတာကို လေးလေးစားစား နားထောင်
 ပေးခဲ.၊ မှတ်သားခဲ.ပါတယ်။
အဲဒိအချိန်မှာ မြောက်ပိုင်းကိစ္စကို သတင်းဌာနတွေကနေ ဖေါ်ပြထုတ်လွှင့်ပေးကြဖို.အတွက် တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်ပါတယ်။
မအေးအေးစိုးဝင်းနဲ.အတူ
 ကနေဒါမှ အမှန်တရားမြတ်နိုးသူတစ်ယေါက်ရဲ.
RFA မှ ဒေါ်ငြိမ်းရွှေကလဲ ပြန်လည်ဆက်သွယ်လာပြီး ပြုလုပ်ပေးမယ့်အကြောင်း၊ အင်တာဗျူး အသစ်အတွက်
၁၂-၁၅မိနစ်ခန်.ပေးနို
 င်ကြောင်း၊  ကြိုက်တဲ့သူကို ရွေးချယ်နိုင်ကြောင်းပါ ခွင့်ပေးလာပါတယ်။ 
အဲဒီ. အချိန်က မြောက်ပိုင်းပြန်တွေဆိုတာ အပယ်ခံ မျက်နှာမွဲတွေဖြစ်ပါတယ်။
နန်းအောင်ထွေးကြည်  နံမည်ကြီးလာခြင်းမှာ-
--ကိုအောင်မိုးဝင်း ၏ မုန်တိုင်းနဲ.တူသောအရိုးတွန်သံေ
--ကိုမောင်မောင်ဝမ်းက သူပိုင်လူမှုကွန်ယက်က ဒီဇတ်လမ်းတွေကိုဖြန်.ဖြူး၊
--မအေးအေးစိုးဝင်းက သူမကို တနိုင်ငံလုံးလွှင်.တဲ. RFAရေဒီယို မှာ အဗျူးခံရအောင်၊ စာတွေရေးကြိုးပမ်းပေး၊
--အေဘီအခြေအနေကို
 သုံးသပ်ထားတဲ. ကိုကို ဦး၏စာနဲ. တခြားနိုင်ငံအသီးသီးမှာ ရှိတဲ. 
အေဘီဟောင်းတွေ၊ ပြီးတော. အားကြီးတဲ. ပရိသတ် က အဖွဲ.စွဲ လူစွဲ မထားပဲ  
ခံရတဲ. သူတွေဖက်က ပြတ်သားစွာ ရပ်တည်ပေး ခဲ.လို.သာဖြစ်တယ်။
လူ.သဘာဝ
 က အပယ်ခံ အနှိမ်ခံတွေဆိုသနား တတ်တယ်။ ၀ိုင်းသနားကြတယ်။ ကူညီပေးကြတယ်။ 
နန်းအောင်ထွေးကြည် တစ်ယောက်ထဲ အစွမ်းအစနဲ. ဒီလောက်ဖြစ်မလာခဲ.ဘူးဆိုတာ 
သူကိုယ်တိုင်သိသလို၊  မြောက်အမေရိကတိုက်က အေဘီဟောင်းများ 
တစ်ယောက်မကျန်သိကြပါတယ်။ မေသင်ကြန်ဟိန်နဲ. ဗျူးတဲ. အခါ မှာတော. ဇတ်အိမ်ကြီး
 တစ်ခုလုံး ရဲ. စ လယ် ဆုံး ကို တော်တော် ဖျောက်ထားပြီး၊ မိမိသာ မိမိ အလွန် 
အရေးပါလွန်း၏ဆိုတဲ.မူနဲ. တကိုယ်ကောင်းဆန်မှုတွေ၊ ထိန်ချန်မှုတွေ၊ 
လိမ်ညာမှုတွေ ပါလာခဲ.ပါတယ်။  မဗျိုင်း ဇီးသီးအကြောင်း  မသိနိုင်တော.တာ 
ပြဿနာ မဟုတ်ပေမဲ.၊ မဗျိုင်း လမ်းကြောင်းမှားနေတာ ကို အရှိအတိုင်းပြောရမှာ 
ကျနော်တို. အားလုံး၏တာဝန်ဖြစ်ပါတယ်။
ရေဒီယို ဖရီးအေရှား 
အင်တာဗျူး အတွက် လူရွေးချယ်တဲ့အခါမှာ နန်းအောင်ထွေးကြည်နဲ. ဘိုဘိုကို 
ပထမမှာ လျာထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘိုဘိုကို ဖြုတ်ပြီး 
သင်းသင်းညီကို အစားတင်ပေးဖို. ကျနော်တို.တောင်းဆိုခဲ့ပါတယ်။ 
အဲဒီအကြောင်းပြချက်ကိုလဲ နန်းအောင်ထွေးကြည်သိပါတယ်။ နန်းအောင်ထွေးကြည်နဲ. 
သင်းသင်းညီစီ ကိုလဲ RFA မှ ဆက်သွယ်လာမှာဖြစ်တဲ့အကြောင်းကို အသိပေးခဲ့ပါတယ်။
 ဒီအင်တာဗျူးထုတ်လွင့်ချက်ဟာ ထိရောက်အောင်မြင်ခဲ့ပါတယ်။ ၂၀၁၂ ဖေဖေါ်ဝါရီ 
လဆန်း RFA အာအက်ဖ်အေ အင်တာဗျူးမှာ မနန်းအောင်ထွေးကြည် အသံနဲ. ခင်ချိုဦး 
နောက်ဆုံး ဇတ်သိမ်းခန်း နဲ. ပတ်သက်ပြီးဖြေကြားသွားတာကို 
မှတ်မိနေကြဦးမယ်ထင်ပါတယ်။
သမိုင်းမှန်ကို ဖေါ်ထုတ်ရာမှာ 
စစ်မှန်တိကျတဲ့ အချက်များနဲ.သာ ဖေါ်ထုတ်မယ် ဆိုပြီး ကြွေးကြော်ခဲ့တဲ့ 
နန်းအောင်ထွေးကြည်ကို အင်တိုက်အားတိုက်ကျနော်တို. ၀န်းရံခဲ့ကြပါတယ်။ 
ဝန်းရံရတဲ့ အချက်တွေကတော့
၁. သူမကိုယ်တိုင် ဒီလူမဆန် ရက်စက်မှုများကို ခံစားခဲ့ရပြီးမှ လွတ်မြောက်လာခဲ့ရသူ တစ်ဦးဖြစ်ခြင်း
၂. နိုင်ငံခြားတွင် နေထိုင်သူဖြစ်သဖြင့် သူမအား ဆက်သွယ်ရာတွင် လွယ်ကူမြန်ဆန် အဆင်ပြေမှုရှိခြင်း။
စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး ၀န်းရံခဲ့ကြခြင်းဖြစ်ပါတယ်။
သူမနဲ.ကျနော်
 စကားအကြိမ်ပေါင်းများစွာပြော
ထို အချိန်အထိ ကျနော်၊ 
မအေးအေးစိုးဝင်း၊ အောင်မိုးဝင်း ဒီလူတွေဟာ မြောက်ပိုင်း ကိစ္စကို မျက်နှာ 
ဆုံ ညီ မဆွေး နွေးခဲ.၇သေးပါဘူး။ အခြား မြောက်ပိုင်းပြန်များ ပြောဆိုတဲ့ 
အချက်များဆိုရင်၊  ဘယ်သူပြောတာ မမှန်ဘူး။ ဘယ်သူပြောတာ မတိကျဘူး အစရှိသဖြင့်
 ဝေဖန်တာတွေများလာပြီး ဒါတွေပဲ ကျနော့်ကို  ပြောလာပါတယ်။ မန္ဒလေးက လူတွေ ကို
 သူ တော်တော် ဝေဖန်ပါတယ်။
အထူးသဖြင့် သူမအဝေဖန်ဆုံးကတော့ 
ဆမားညီညီကိုပါပဲ။ ကျနော်နောက်ပိုင်းမှာ သိရှိခဲ့၇တာက သူမဟာ 
သူမပြောဆိုခဲ့တဲ့ အချက်တစ်ချက်ကို ပြန်ဖြုတ်ပေးဖို. စာရေးသားသူတွေကို 
တောင်းဆိုခဲ့ပါတယ်။ သူတောင်းဆိုခဲ့တဲ့ သူတွေက Bertil Lintner နဲ. 
ကိုအောင်မိုးဝင်းကိုပါပဲ။ ထူးဆန်းစွာပဲ နန်းအောင်ထွေးကြည်ဟာ 
(ကိုအာင်မိုးဝင်း စီသွား ဖြုတ်ခိုင်းထားတဲ. အချက်ကို) သူမကိုယ်တိုင် RFA 
အင်တာဗျူးမှာ ထပ်မံပြီး ပြောကြားခဲ့တာပါပဲ။
ဒီလိုနဲ. 
တစ်ရက်မှာ ကျနော့်ဆီကို ဖုန်းဆက်လာပါတယ်။ အသံကတော့ 
တုန်လှုပ်ခြောက်ခြားနေတဲ့ လေသံနဲ. ‘ “ဆမားညီညီတို. ညီကျော်တို.ကို 
ပြန်ရေးဖို.ပြောရအုံးမယ်။ ငါကိုတော့ ခင်ရွှေလှိုင်တော. ဆော်နေပြီဆိုပြီး” 
ပြောပါတယ်။ ကျနော်က မေးကြည့်တဲ့အခါမှာတော့ ခင်ရွှေလှိုင်ရေးတဲ့ 
ဆောင်းပါးအပိုင်း ၄ မှာ သူမရဲ. RFA အင်တာဗျူးမှာ ပါဝင်တဲ့ မခင်ချိုဦးရဲ. 
နောက်ဆုံးနာရီအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြောပြထားချက်ဟာ မမှန်ကန်ဘူးလို. 
ပြောထားတဲ့အကြောင်း သိရပါတယ်။ နန်းအောင်ထွေးကြည်ကိုယ်တိုင်လဲ အဲဒီအချိန်က 
တဆက်ထဲပြောခဲ့ပါတယ်။ အဲဒီအချက်နဲ. ပတ်သက်ပြီး ဘယ်သူမှ 
သူ.ကိုမပြောခဲ့ကြောင်း။ ကျော်ခိုင်ဝင်းပြောပြတဲ့ အထဲမှာလဲ 
အဲဒီအချက်နဲ.ပါတ်သက်ပြီး မပါဝင်ကြောင်းပြောပါတယ်။
ကျနော် 
အံ့အားသင့်ခဲ့ရပါတယ်။ ဒီလိုမမှန်ကန်တဲ့အချက်ကို သူမဘာဖြစ်လို.များ 
ပြောဆိုရပါသလဲဆိုတာလဲ စဉ်းစားလို. မရနိုင်ခဲ့ပါ။ အဲဒီအချက်နဲ. ပတ်သက်ပြီး 
ဇန်န၀ါရီ ၅ရက်နေ.က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလဲ သက်သေ ၃
 ယေါက်နဲ. သူ.ကိုပြောပြထားတဲ့ အသံဖိုင်တွေ ရှိကြောင်း ထပ်မံပြီး 
လိမ်ညာခဲ့ပါသေးတယ်။  နန်းအောင်ထွေးကြည် ဘာကြောင်. သူမသိပါဘူး၊ 
သူမမြင်ပါဘူး၊ သူမကြားပါဘူး၊ ဘယ်သူမှ သူ. မပြောပါဘူး လို. ကျနော်တို. ကို 
အခါခါ ပြောပြီး ခဲ. တဲ. စတိတ်မန်. ကို ၁၈၀ ဒီဂရီ လမ်းလွှဲ  ပြီး ---(သူ. ကို
 ဘယ်လိုမှ ထိထိမိမိ မေးခွန်းမထုတ်တဲ. ပြည်တွင်းသတင်းသမား 
အုပ်စုကြီးရှေ.မှာ) ထပ်မံ လိမ်ညာခဲ.ပါတယ်။ သတင်းစာ ဆရာများစွာ ရှေ.မှာ 
အမေးခံရတော. မနန်းအောင်ထွေးကြည်  ထိပ်လန်.သွားတယ်လို. 
အကဲခတ်နေသူတွေကဆိုပါတယ်။ ထိုနည်းဖြင်.-  ခင်ချို ဦး ၏ နောက် ဆုံး အချိန် 
နဲ. ပတ်သက်ပြီး နန်းအောင်ထွေးကြည် ထပ်မံ လိမ်ညာခဲ.ပါတယ်။
မြန်မာပြည်က
 သတင်းထောက်တွေ ရှေ.မှာ ခင်ချိုဦး အ၀တ်မဲ.နဲ. အသတ်ခံရတဲ. အဖြစ်ကို သူက 
ဟုတ်တယ် မှန်တယ်၊ တကယ်ဖြစ်ခဲ.တယ်လို. ထပ် အတည်ပြုပေး ခဲ.တယ်။ 
သက်သေရှိလားလို. အမေးခံရတဲ.အခါ နန်းအောင်ထွေးကြည်က  သက်သေလူ ၃ ယောက် 
မြင်တယ်လို. ပြော ပါ တယ်။ သူ. မှာ ဒီသက်သေလူ ၃ ယောက်ရဲ. အသံဖိုင်တွေ 
ရှိပါတယ် ၊လို. ၂၀၁၃ ဂျန်န၀ါရီ ၅ ရက် ရန်ကုန်က သတင်းစာ ရှင်း လင်း ပွဲမှာ 
(မျက်စိမျက်နှာ ပျက်နဲ.) ဒီ မနန်းအောင်ထွေးကြည်ကပဲ ဖြေဆိုသွားပါတယ်။
ကိုအောင်မိုးဝင်းနဲ.
 ကျနော်. ကို သူ ကိုယ်တိုင် ဒီလို မဖြစ်ခဲ.ပါဘူး။ သူ မသိဘူး လို. ၂၀၁၂ 
နှစ်ဆန်းက ၂ ကြိမ်တိုင်တိုင် ၀န်ခံခဲ.ပြီး မှ၊ ကိုယ်ပြောထားတဲ.စကား ကိုယ် ၂
 ကြိမ် ရုတ်သိမ်း ပြီးကာမှ၊ ဒီ စကားကိုပဲ  ဘာကြောင်.၊ဘာရည်ရွယ်ချက်နဲ.  
ရန်ကုန်က သတင်းစာ ရှင်းလင်းပွဲမှာ သူ  ထပ်ပြောခဲ.ပါသလဲ။
နန်းအောင်ထွေးကြည်ဟာ
 သူနဲ. အတူ တောခိုဖက် သူ.သူငယ်ချင်းလို.  ခဏခဏ ရည်စူး ပြောလေတဲ. သွားလေသူ 
မခင်ချိုဦး ၏ ၀ိဥာဏ်ကို ထပ်ခါထပ်ခါ အသုံးချခဲ.သူဖြစ်တယ်။ သွားလေသူ 
သူငယ်ချင်း ရဲ. ဇတ်နာကို မမှန်ကန်တဲ. အချက်တွေဖြည်. ပြီး 
ထပ်ဆင်.လိမ်ညာခဲ.တယ်။ ရည်ရွယ်ချက်က တော.  မြောက်ပိုင်း အမှုဖေါ်ထုတ်ပွဲမှာ 
သူ.ကို လူတွေအားလုံးက ၀ိုင်း ဂရုဏာသက်ပြီး ဒီပွဲမှာ မိမိ နံမည်ကြီးရေး၊ 
မိမိ ကိုယ် မိမိ ပြန်ဆေးကြောရေးအတွက် သေသွားရှာသူတစ်ဦးရဲ. ၀ိဥာဏ်ကို ဒီလို
 နင်းခြေခဲ.တာပဲဖြစ်တယ်လို. ကျနော် သုံးသပ်ထားပါတယ်။
ကျန်တဲ. အပိုင်း ကို မအေးအေးစိုးဝင်း က ဆက်ပြောပါလိမ်.မယ်။ မိုးကျော်
==============================
မီဒီယာနှင့် တုန်.ပြန်မှု ဂယက်များ
ဂျန်န၀ါရီ
 ၅ ရက် ၂၀၁၃ ရန်ကုန်မှာ  မြောက်ပိုင်းပြန်တွေလုပ်သွားတဲ. သတင်းစာ 
ရှင်းလင်းပွဲ မှာ ဟာပေါက်တွေ  အများကြီးတွေ.၇ပါတယ်။ ထုံးစံအတိုင်း 
ဇတ်နာတွေကို ပဲ ထပ်ကာတလဲလဲ  ပြောနေတာကလွဲလို. ဘာ ရည်ရွယ်ချက် နဲ.ဆိုတာ ခုထိ
 စောင်.ကြည်.လေ.လာနေတဲ.သူတွေ  မသိရသေးပါဘူး။ မကမဒ ကိုယ်စားလှယ်တွေ 
ပြည်တွင်းရောက်နေခိုက်နဲ. အချိန်တိုက်လုပ်သွားတဲ. မြောက်ပိုင်းသတင်းစာ 
ရှင်းလင်းပွဲပါ။ ဘာကြောင်.ဒီလိုဖြစ်တယ်ဆိုတာ ဦးအောင်မင်းနဲ. 
အပေါင်းအပါများ အသိဆုံးဖြစ်တယ်။
အကယ်၍မနန်းအောင်ထွေးကြည် က 
အဲဒီ.နေ. သတင်းစာ ရှင်းလင်းပွဲမှာ သူ  အမေးခံရတဲ.မေးခွန်း--ခင်ချိုဦး ၏ 
နောက်ဆုံး အချိန်နဲ.ပတ်သက်ပြီး  အဖြေတမျိုးထဲ ရှိခဲ.မယ်။ သူအရင်က 
ပြောကြားချက်တွေကို အတည်ပြုပေးနိုင်တဲ. အာမခံချက် သို.မဟုတ် အထောက်အထား 
တခုခု နဲ. ဖြေခဲ.တယ်ဆိုလျှင် ၊ပြီးတော. သူ. လက်ထဲမှာ
သူ 
ပြောတဲ.အတိုင်း လူ ၃ ယောက် စီက အသံဖိုင်ဆိုတာ တကယ်ရှိခဲ.လျှင် ၊ 
လူသိရှင်ကြား သတင်းစာ ရှင်းလင်းပွဲတွေလုပ်ပြီး ဘာကို 
လှို.၀ှက်ထားချင်ရတာလဲ။ သူ. လှည်.ဖျားမှုကိုသာ 
သူပြန်လှို.၀ှက်တာဖြစ်ပါလိမ်.
ခင်ရွှေလှိုင်၏ အမှတ် ၎
ခင်
 ရွှေလှိုင် ၏ အမှတ် ၄ ဟာ မြောက်ပိုင်းပြန်တွေ မဖြေနိုင်တဲ. အချက်တွေ 
ပါဝင်နေပြီး နန်းအောင်ထွေးကြည်ကိုသွေးပျက်ေ
တခုခု ပြန်ရေးပါလားလို. အကြံပေးခဲ.တယ်။ သူ ပြန်မရေးရဲပါ။
ခင်ရွှေလှိုင်
 --(နန်းအောင်ထွေး ကြည် ပြောခဲ့သလို မခင်ချိုဦးကို တကိုယ်လုံးချွတ်ချပြီး  
ရဲဘော်တွေကို မုဒိမ်းကျင့်ခိုင်းတယ်ဆိုတဲ့အချ
အာ အက်ဖ်အေRFA 
မှာ ပြောခဲ.သလို --မျိုးဝင်း က ခင်ချိုဦးအသတ်ခံရခါနီးမှာ၊ သူ. လူတွေကို 
ဖျော်ဖြေပေးရမယ် လို.ပြော ပြီး အ၀တ်တွေ ချွတ်ခံခဲ. ရတာ မျက် မြင် သက်သေ 
တဦး က ကျမ ကိုပြော ပါတယ်--- ဆိုတဲ. မနန်းအောင်ထွေးကြည် ဟာ ခင် ရွှေ လှိုင် ၏
 အမှတ် ၄ ထွက်လာတဲ. အချိန်မှာ မှာ တော် တော် ကြောက် သွားပါတယ်။
တခါ
 လောက်တော. မှတ်မိမှု အမှားကြောင်. လွဲနိုင်တာ မသေချာနိုင်တာ ရှိသော်လည်း  
တခါမှားပြီးသွားရင်၊ နောက်ဆက်ဒီအမှားမပြောဖို. ၊ဒီလို လိမ်ညာမှုမျိုး  
မဖြစ်အောင် ရှောင်လွှဲလို့ ရနိုင်ပါတယ်။ ဒါပေမဲ.- နန်းအောင်ထွေးကြည်ဟာ 
အောင်မိုးဝင်းစီက သူ withdraw လုပ်ထားတဲ.အချက်ကို RFA  မှာ ပြန်သုံးတယ်။ 
တဖန် မိုးကျော်နဲ. ဘာတေးလ်စီမှာ မဟုတ်ပါဘူး မမှန်ပါဘူးလို. withdraw  
လုပ်ထားတာကို ရန်ကုန်က လူပုံအလယ်မှာ ထပ်သုံးသွားပြန်ပါတယ်။ ။  
နန်းအောင်ထွေးကြည်ဟာ သူ.စကားတွေ သူ.လုပ်ရပ်တွေ သူ.ဖာသာသူမဆင်ခြင် လို. 
လူတွေဖက်က သူ.ကိုဆက်ယုံကြည်လို.မရတော.နို
ကံတရားဟာ ဆန်းကျယ် 
ပါတယ်။ ၂၀၁၁ ဒီဇင်ဘာက စလို. ၂၀၁၂ ဧပြီလောက်အထိ underdog ဖြစ်ခဲ.တဲ. 
မြောက်ပိုင်းပြန်တွေဟာ၊နောက်ပို
 ပြည်ပမှာ 
ရောက်နေတဲ. မြောက်ပိုင်းပြန်မိန်းကလေးတစ်ေ
မိမိ ရှင်သန်နိုင်ဖို.၊ 
သေဆုံးသွားတဲ. မိန်းကလေး ခင်ချိုဦး ၀ိဥာဉ်ကို  ဇတ်မနာနာ အောင် အကြိမ်ကြိမ်
 အသုံးချခဲ.တာ မှန်ရင် သူ. ရည်ရွယ်ချက်က ဘာလဲ။ သူမ အဆင်ပြေသလို 
ရပ်တည်ရေးအတွက် မန္ဒလေးနဲ. ရန်ကုန်အုပ်စု အချင်းချင်း၊ ၊ အမေရိက က သူ. ကို 
ကူညီ  ချင်တဲ.သူ အချင်းချင်း၊ ရေးသားပြောဆို ထောက်ခံနေတဲ.သူတွေ အချင်းချင်း
  သွေးခွဲစည်းရုံးရေးလုပ်နေခြင်း
ခင်ချိုဦး၏ နောက်ဆုံးနေ.မှာ သူမ ပြောတဲ.
 ပထမ ဗားရှင်း၊ ပြီးတော. ဒုတိယ ဗား ရှင်း ၂ ခုမှာ၊ အဆင်ပြေသလို တနေရာ 
တမျိုးပြောလို. မသင်.ပါ။ လူတွေက မှတ်မိတတ်ပါတယ်။ ဒါပေမဲ.-သူမပြောတဲ. အချက် 
တွေမှာ ၇၀%-၈၀% ကတော. မှန်ပါတယ်လို. မြောက်ပိုင်းစခန်းပြန်တွေနဲ. 
အတွင်းရေးသိသူတွေက ဆိုကြပါတယ်။
လွဲနေ၊ လိမ်ထားတာတွေကတော.---
၁--RFA အင်တာဗျူးမှာ ခင်ချိုဦး အ၀တ်တွေဆွဲချွတ်ခံရ၊ ဒီလို အသတ်ခံပုံနဲ.ပတ်သက်ပြီး သက်သေရှိတယ်။ သူ သိတယ် လို.ပြောတယ်။
ပြီးတော.
 ခင်ရွှေလှိုင် အမှတ် ၄ ထွက်လာတော.-သူ မသိရပါဘူး။RFA မေးတုန်းက 
ဘာအထောက်အထားမှ မရှိပဲ ဖြေခဲ.တယ်လို. ကို မိုးကျော် စီမှာ ၀န်ခံပါတယ်။ 
သူ.မှာ ဘယ်သူ. အထောက်အထားမှ မရှိဘူး လို.ပြောပြန်တယ်။ တဖန်  အောင် မိုး 
ဝင်း စီ သွား ချဉ်းကပ်ပါတယ်။ ခင် ချို ဦး သေ မဲ. 
နေ.သေပုံသေနည်းနဲ.ပတ်သက်ပြီး အောင်မေးဝင်းကို သူ .လက်ရေးမူနဲ. ထားတဲ.  သူ 
အရင်ပေးထားတဲ. အချက်တွေ မမှန်လို. ကို အောင် မိုး ၀င်း အမှား ပြင်ပေးပါလို.
 သွားခိုင်းပါတယ်။
အောင်မိုးဝင်းက ပြင် မပေးနိုင်တဲ.အကြောင်း ပြောခဲ.ပါတယ်။
"မနန်း
 အောင် ထွေး ကြည် -အဲတာ ခင်ဗျားလက်ရေးနဲ.ရေးခဲ.တဲ.အချက်
အောင် မိုး ၀င်း က  ပြန်ဖြေကြားခဲ.ပါတယ်။ဒီတော.- နန်းအောင်ထွေးကြည်လည်း နောက်ထပ် စောတက ထပ်မတက်  နိုင်တော.ပါဘူး။
 ၂-
 ကိုမောင်မောင် စာ အုပ်မှာ လဲ အမှားတွေ ပါလို. နန်းအောင်ထွေးကြည် က သူ 
ကိုမောင်မောင် ကို လှမ်းပြီး အမှားပြင် ခိုင်း လိုက်တယ် လို. ကျမတို. ကို 
ပြော ပါတယ်။ ၂၀၁၂ ဧပြီနောက်ပိုင်းမှာ မှာ ကျမ သူ. အကြောင်း နဲနဲ သိစ ပြု 
ပြီမို. ထိုင်းသတင်းထောက်အမျိုးသမီး ရင်ဒီ မြောက်ပိုင်းစခန်းမှ ရှိတဲ. 
အချိန်နဲ.ပတ်သက်ပြီး ဘယ်သူ ပြင်ပြင် မပြင် ပြင် အလေး မထားပါ။ အရေးလဲ မကြီး 
ပါ။ ၁၉၉၂ ဖေဖေါ်ဝါရီ ၁၂ မှာ လူ၁၅ ယောက် အသတ်ခံ ခဲ.ရပါတယ်။ ဒီ အချက်ပဲ အဓိက။ 
ဒါကိုပဲ  ပို အာ ရုံစိုက်ပါတယ်။
၃-  ဘာတေးလ် ဆောင်းပါး 
အေရှတိုင်းမှာ ထွက် တဲ. ညမှာ ပဲ သူ မ က ဘာတေးစီ အီးမေး ပို. ပြီး ဘာတေး 
ရေးတာ မှားနေလို. သူ မ က လှမ်းခိုင်း လိုက်တဲ. အကြောင်း ၊ 
ဘာတေးကပြင်ပေးမယ်လို.ပြောကြောင်
အမှန်က ကျမ သိတာ က ဒီလိုပါ။ 
နန်းအောင် ထွေး ကြည် ဟာ အကြောင်း တခုခု နဲ. နောက် ဆုတ်နေပါပြီ။ သူ. 
withdraw strategy  နောက်ဆုတ်  နည်းဗျူ ဟာ မှာ အပေါက် အယိုတွေ အများကြီး 
ရှိနေပြီ။  သူ.ဖာသာသူလည်း မီးစင်ကြည်.ကနေသလိုပုံပေါက်ပါ
အဲဒီ. ညက ကျမနဲ. ဘာတေး စကားပြော 
ဖြစ်ကြပါတယ်။ ဘာတေးက သူ. လို ဂုဏ်သိက္ခာ ကြီးမားတဲ. သတင်း ထောက် စာ ရေး ဆရာ 
တယောက်အနေနဲ.။ ရေး ပြီးသား ထုတ်ဝေပြီးသား စာ တပိုဒ် စာတကြောင်းကို၊ 
အများမသိပဲ ( စာကို ပုံနှိပ်ပြီးကာမှ၊ ဖြန်.ဝေပြီးကာမှ  လူတယောက် က နောက် 
ကွယ် မှာဖိအားပေးမှုကြောင်.) ဖြုတ်ပေးဖို.ဆိုတာ မဖြစ်နိုင်တဲ. အကြောင်း 
ပြောပါတယ်။ ဒီလိုလုပ်ရင် ရေးတဲ.သူ ၏ သိက္ခာ လည်း ပွန်းပဲ. သွားနိုင်ရုံမက 
နောင် အမှန်ပြောတောင် လူတွေ ယုံမှာ မဟုတ်တဲ.အကြောင်းပြောပါတယ်။ ကျမ ကလည်း 
ဘာတေး မပြင် ပေးပါစေနဲ.လို.ပဲ မျှော်လင်.နေတာပါ။
ပြီးတော.-ကျမ
 သိတဲ. ဥပမာ နဲ. နှိုင်းယှဉ်ပြောပြခဲ.ပါတယ်။ ဂုဏ်သိက္ခာရှိ၊သတင်းတင်ပြပုံ 
အဆင်.အတန်း ရှိတဲ. ပရိုတစ်ဦးဟာ လူတစ်ယောက် ပြောပြချက်တွေကို  ၏ သည် မရွေး ၊
 ရေးမှာမဟုတ်ပါ။သတင်း ဆောင်းပါး နဲ.သတင်း မတူပါ။ အရည်အသွေးအရ 
ကွဲလွဲချက်ရှိပါတယ်။ သတင်းက fact and data ပေါ် မူတည်ပါတယ်။ 
သတင်းဆောင်းပါးကတော. ဒေါင်.ပေါင်းစုံ က အမြင်တွေ၊ အချက်အလက်နဲ. တကွ 
အဖြစ်အပျက် တစ်ခုလုံး   ပေါ် အခြေခံပြီး သုံးသပ်ချက်၊ ဖြစ်စဉ်နဲ.တကွ 
လားရာတွေကိုပါ တတ်နိုင်သလောက် ခန်.မှန်းတွက်ချက် မှုတွေပါဝင်ပါတယ်။
ပြီးတော.-ဘာတေးဟာ
 မြောက်ပိုင်းပြန်လူ အများကြီး ကို အင် တာ ဗျူးပြီးမှ သူ. 
ဆောင်းပါးရေးတာပါ။ မနန်းအောင်ထွေး ကြည် တစ်ယောက်ထဲ ပြောသမျှနဲ. အကုန်စုပြုံ
 ဖြစ်ကတတ်ဆန်းရေးခဲ. သူမဟုတ်ပါဘူ။ ဒီတော.-မနန်းအောင်ထွေးကြည် ၏ ရှေ.နောက် 
မညီညွတ်မှု ကို လူတွေက သူမ ကိုယ်စား၊ သူတို.ဂုဏ်သိက္ခာနဲ. ရင်းပြီး 
လိုက်ရှင်းပေးစရာမလိုပါဘူး။
ဒီတော.-စဉ်းစားပါတယ်။ တဘက်က 
သူပေးလိုက်တဲ.သတင်းအရ ပဲ သူ.ကိုကူညီပေးနေ တဲ.သူတွေကို (နောက်ကွယ်က) 
အလှည်.အပတ်တွေနဲ. ဒီလို ချယ်လှယ် နေတာ သိပ် အန္တရာယ် ကြီးပါလားဆိုတာ 
သဘောပေါက် လာကြပါတယ်။ (လူအချို.ရေးခဲ.တဲ. ၁၉၉၁၊ ၁၉၉၂ မြောက်ပိုင်းစခန်း 
သမိုင်း နောက်ခံဇတ် ကို လည်း  ပြန် အမှတ်ရစေပါတယ်။
သံသယအကျိုးနဲ.
 ခံစားခွင်. တွေကို ရက်ရက်ရောရော ရခဲ.သူတစ်ဦးဖြစ်တဲ.   
မနန်းအောင်ထွေးကြည်ပေးတဲ. အချက်အလက်တွေ ကို အခြေခံပြီး လူတွေက စာ တွေေ 
ရးကြတယ်။ သူပြောချင်ရာပြောပြီးမှ၊ လူတွေက အမှားပြင်ဆင်ချက်ထုတ်ပြီး သူ. 
အစား ၀င်ခေါင်းခံပေးရမယ်၊ ၀င် ရှင်းပေးရမယ် ဆိုတာ-- တော် တော် တော. 
လွဲနေပြီ ဆိုတာ ကျမတို. သဘောပေါက်လိုက်ကြတယ်။ (အမှု 
ဘာကြောင်.လုပ်မရဖြစ်နေတယ်၊ ဘာတွေက အတားအဆီးဖြစ်နေတယ် ဆိုတာ ဆက်ရေးပါ.မယ်၊)
သမိုင်းက ဘယ်သူ. ကိုမှ ငဲ့ညှာမှာမဟုတ်ကြောင်း ယုံကြည်တယ်။
ပူးပေါင်းကြံစီမှု
 နဲ. လှည်.စားမှု များ မကင်းသော၊  ဂငယ်ကွေ့ ဆန်လွန်းသော လမ်းကြောင်းမှာ 
အသေးစိတ်တွေကို လူတိုင်း သေသေချာချာ ကြည်.ကြပါလို. တိုက်တွန်းလိုတယ်။
တည်ကြည်စွာဖြင်.
အေးအေးစိုးဝင်း
ဂျန်န၀ါရီ ၂၅ ၂၀၁၃
Facebook group တခုမှာ တင်ထားတဲ့ပို့စ်ကို Facebook မိတ်ဆွေတဦးမှ ကျွန်မဆီ အီးမေးလ်နဲ့ ပို့ပေးလာလို့ ဖတ်ရပြီး ABSDF မြောက်ပိုင်းပြဿနာ သမိုင်းမှန်နဲ့ ပတ်သက်လို့ အရေးပါတဲ့ အကြောင်းဖြစ်နေတဲ့အတွက် စာရေးသူတွေဆီက ခွင့်တောင်းပြီး ဘလော့ဂ်မှာ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ မအေးအေးစိုးဝင်းပြောတဲ့ မခင်ရွှေလှိုင် အပိုင်း (၄) ကို ဒီမှာ Click ပြီး ဖတ်နိုင်ပါတယ်။ ကိုမိုးကျော်ပြောတဲ့ RFA အသံဖိုင်ကိုတော့ ဒီနေရာမှာ Click ပြီးနားထောင်နိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။  
Hello world!
6 years ago
 
 
 










0 comments:
Post a Comment