မျိုးစောင့်ဥပဒေ ပြဌာန်းရန် မလိုဟု မြန်မာနိုင်ငံ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ တိုးတက်ပြန့်ပွားရေးအသင်း ပြောကြား
သတင်းထုတ်ပြန်သည်။ "နိုင်ငံအတွင်းမှာရှိတဲ့ ချင်း၊ ကချင်၊ ကရင် စတဲ့တိုင်းရင်းသား အအများစုကတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတာပါ။ မျိုးစောင့်ဥပဒေ ပြဌာန်းလိုက်ရင် ညီညွတ်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။ နိုင်ငံတော်ကလည်း တိုင်းရင်းသားအချင်းချင်း ညီညွတ်မှု၊ ငြိမ်းချမ်းမို့ ရရှိဖို့ လုပ်ဆောင်နေရပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုးက ပြောသည်။ ထို့အပြင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတွင် (နိုက်) မြန်မာအမျိုးသမီးများအနေနှင့် ဘာသာခြားအမျိုးသားများနှင့် လက်ထပ်ထိမ်းမြားရာတွင် အကာအကွယ် အပြည့်အ၀ ပေးထားကြောင်း၊ ကိုးကွယ်ရာ ဘာသာပြောင်းရန် မလိုအပ်သည့်အပြင် ကွာရှင်းပြတ်စဲမှု၊ အမွေဆက်ဆံမှုတို့တွင် နစ်နာမှု မရှိစေရန် ရေးဆွဲထားကြောင်း၊ လိုအပ်ပါကလည်း ၁၉၅၄ ခုနှစ် ဥပဒေကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်မှု ပြုလုပ်၍ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာတိုးတက်ပြန့်ပွားရေး အသင်းထံမှ သိရသည်။
သတင်းစာဖြတ်ပိုင်း ဓာတ်ပုံကို Baydar Lam facebook မှ ကူးယူဖေါ်ပြပြီး ဓာတ်ပုံထဲက စာသားကို ပြန်ရိုက်ထုတ်ပြီး ပြန်လည်ဖေါ်ပြထားပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနဲ့ပတ်သက်တဲ့ အချက်အလက်ကို အောင်စည်တော်ကြီး ဖေ့ဘုတ်မှ ကူးယူပြီး ထပ်ဖြည့်စွက်လိုက်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs4TglYNIU990UAeKMbxAwG299OEUbtw657OkC1D8kSGq4pebdP24gQOx9tYkqleoQdik9FYcLe7C6_FI-L6y_gtms7coFr4Tq4EQPcyqqA_KBiKWKK3-doFjmimPaukEBcYSgjkdOH1M/s1600/1011879_186883498144138_1711999708_n.jpg)
မဟာဗေဒင် (အစ္စလမ်) ဘာသာဝင်တို့နှင့် ထိမ်းမြားရေး
ဗုဒ္ဓဘာသာဝင်
အမျိုးသမီးများ နစ်နာဆုံးရှုံးနေသည့် အခွင့်အရေးများအား ပေးအပ်ရန်အတွက်
၁၉၅၄ ခုနှစ်တွင် "ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု
အက်ဥပဒေ" ကိုပြဌာန်းခဲ့သည်။ အဆိုပါ အက်ဥပဒေပုဒ်မ (၂၀) အရ မဟာဗေဒင်
အမျိုးသားတဦးနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အကြင်လင်မယားအဖြစ်
အထင်အရှားပေါင်းသင်းနေထိုင်ခဲ့ပါက မဟာဗေဒင် တရားဥပေဒနှင့် ဓလေ့ထုံးတမ်းများက မည်သို့ပင် ရှိစေကာမူ ထိုသို့နေထိုင်ပေါင်းသင်းချိန်မှစ၍ "၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" အရ ထိမ်းမြားခဲ့သည်ဟု မှတ်ယူနိုင်လေသည်။
ထိုသူတို့၏ လင်မယားကွာရှင်းမှုကိစ္စ၊ မွေဆက်ခံမှုကိစ္စ၊
သားသမီးထိန်းသိမ်းမှုကိစ္စတို့မှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရသာလျှင်
ဆုံးဖြတ်ရန် ဖြစ်ပေသည်။
**************************
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာသည် ဘာသာရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍတို့တွင် ရောယှက်ခြင်းမရှိ တသီးတခြားစီပိုင်းခြားထားပေ
ဗုဒ္ဓဘာသာ၏ ရင်းမြစ်သဘောတရားမှာ လောကီရေးနှင့် သက်ဆိုင်သည်မဟုတ်ပေ။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဆိုသည်မှာ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အဓွန့်ရှည်စွာ လက်ခံကျင့်သုံးခဲ့သည့် ဓလေ့ထုံးတမ်းများကို အခြေခံပြီး ပေါက်ဖွားလာသော လူမှုရေးဥပဒေ ဖြစ်သည်။
ဗုဒ္ဓဘာသာ တရားဥပဒေဟူသည့်ဝေါဟာရသည် အဓိပ္ပါယ်လွဲမှားနေကြောင်း ဥပဒေ ပညာရှင်များက တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသည်။
မြန်မာဗုဒ္ဓဘာသာဝင်များနှင့်
ဤအချက်များကိုဖော်ပြရခြင်းမ
အခြားသောဘာသာများတွင်ကား ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာကဲ့သို့ မဟုတ်ပဲ ဘာသာရေးနှင့် လူမှုရေးရောယှက်နေသည့်ဘာသာမျ
မြန်မာဗုဒ္ဓဘာသာ မိန်းမများ၏ ထိမ်းမြားလက်ထပ်ရေးနှင့် သက်ဆိုင်သော ဥပဒေဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးသည် လူမှုရေးကိစ္စ သက်သက်သာ ဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ၏ ဘာသာရေးရှုထောင့်မှ ၀င်ရောက် စွက်ဖက်ခြင်း တစ်စုံတစ်ရာမရှိပေ။
မြန်မာဗုဒ္ဓ ဘာသာဝင်များနှင့် သက်ဆိုင်သော လူမှုရေးဥပဒေဟု ဥပဒေပညာရှင် အသီးသီး က တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသော " မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ "ကလည်း ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ အချုပ်အခြယ်မရှိ လွတ်လပ်ခွင့်ပေးထားသည်။
မြန်မာဗုဒ္ဓဘာသာတစ်ယောက်အား ဘာသာခြားနှင့်ထိမ်းမြားမှုကု
ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်ခြင်းကို ကြပ်တည်းစွာ တားမြစ် ပိတ်ပင်ထားခြင်း၊ ၄င်းတို့၏ ဘာသာသို့မကူးပြောင်းဘဲ ၄င်းတို့ဘာသာဝင်နှင့် တရားဝင်ထိမ်းမြားမှုမပြုနိုင
သို့ဖြစ်၍ ၄င်းတို့၏ဘာသာရေး ဓလေ့ထုံးတမ်းများ ဥပဒေများအရဆိုလျှင် အခြေအနေ အရပ်ရပ်ကြောင့် ဘာသာခြားများနှင့်အိမ်ထောင်
ထိုသို့မိမိကိုးကွယ်ရာ ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကိုစွန့်လွှတ်ရန် ဘာသာကူးပြောင်း ရန်လိုပါသလား? မလိုပါ။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးရခြင်း မရှိစေရန်အလို့ငှာ ၁၉၅၄ ခုနှစ်ကပင် " ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " ကိုပြဌာန်း၍ ဘာသာခြားနှင့် လက်ထပ်ရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေနှင့် လင်ယောကျာ်း၏ ဘာသာသို့ ဘာသာကူးပြောင်းခြင်းမပြုဘဲ တရားဝင် လက်ထပ် ထိမ်းမြားနိုင်ခြင်း၊ တရားဝင် ဇနီးမယားအဖြစ်ဖြင့် လင်ယောကျာ်း၏အမွေကို တရားဝင် ဆက်ခံနိုင်ခြင်းစသည့် အခွင့်အရေးများကို ဖော်ဆောင်ပေးခဲ့ပါသည်။
၎င်း " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " သည် အထူးဥပဒေတစ်ရပ် ဖြစ်သည်နှင့်အညီ အခြားဥပဒေ၊ ဓလေ့ထုံးတမ်းနှင့် မိသားစု ဥပဒေများအပေါ်လွှမ်းမိုးသည်။
၎င်းဥပဒေ ပုဒ်မ- ၄ တွင်``အခြားတည်ဆဲ တရားဥပဒေများတွင် သော်လည်းကောင်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများတွင် သော်လည်းကောင်း ၊မည်သို့ပင်ဆန့်ကျင် လျက်ပါရှိစေကာမူ ဤအက်
ဥပဒေပါ ပြဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်ယောကျာ်းတိုင်းအပေါ် အာဏာ သက်ရောက်ရမည်´´ဟုပြဌာန်းထား
နိုင်ငံတကာကလက်ခံသည့် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှု (Conflict of Laws) ဆိုင်ရာ ယေဘူယျစည်းမျဉ်းအရလည်း-``ထိ
အဖြတ်ပေးရမည့် ဥပဒေမှာ ထိမ်းမြားမှု ပဋိညာဉ်ပြုရာဒေသဥပဒေ (lax loci celebrationis) ဖြစ်ပေသည်။´´
ထို့ကြောင့် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတေ
**************************
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို ဒီနေရာမှာ Download ပြီးဖတ်နိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
1 comments:
အန်တီငယ်
သွေးစည်းပြီ ညီနောင် အပေါင်းတို့.... ဆိုတဲ့ သီချင်းနာမည်က ဘာလဲမသိဘူးရှင့်.. အန်တီငယ်သိရင် ပြောပြပါအုံး
Post a Comment