မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

သြစကြေးလျား (သို့) ရွှေ့ပြောင်းနေထိုင်သူ လူမျိုးပေါင်းစုံတို့ရဲ့ နိုင်ငံ


သြစကြေးလျား ဌာနေတိုင်းရင်းသားများ

သြစတေးလျားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးသောင်းခန့်ကစပြီး ကမ္ဘာ့တခြားဒေသမှ Migration ဖြင့်ပြောင်းရွှေ့နေထိုင်လာကြတဲ့ Aboriginal ခေါ် ဌာနေတိုင်းရင်းသားတို့မှ စတင်ကာ ယနေ့အချိန်ထိ ရွှေ့ပြောင်းလာရောက် နေထိုင်သူများဖြင့် ဖွဲ့စည်းထားသော နိုင်ငံတခု ဖြစ်ပါတယ်။ ယနေ့အချိန်မှာလည်း တခြားနိုင်ငံများနဲ့ မတူဘဲ ဌာနေလူမျိုးများ အပေါအ၀င် ကမ္ဘာ့ အရပ်ဒေသ အသီးသီးမှ လူမျိုးပေါင်း ၁၂၀ ခန့်လာရောက်နေထိုင်သော Multi-cultural (ယဉ်ကျေးမှုမျိုးစုံ) နိုင်ငံ တခု အဖြစ် တည်ရှိနေပါတယ်။ သြစကြေးလျား နိုင်ငံဟာ ၁၉၀၁ ခုနှစ်မှာ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေတခုကို ရေးဆွဲပြီးဗြိတိသျှ အင်ပါယာ အဖြစ်ကနေ ဗြိတိသျှ ဘုရင်မကြီးရဲ့ သစ္စာခံ ဓနသဟာရနိုင်ငံအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ သြစကြေးလျှတိုက် ယခု ဆစ်ဒနီမြို့ရဲ့ တနေရာဖြစ်တဲ့ Botany Bay မှာ Captain Arthur Phillip ဦးဆောင်တဲ့ ဗြိတိသျှသင်္ဘော ဆိုက်ကပ်ပြီး ဗြိတိသျှအလံတော်ကို စတင်စိုက်ထူခဲ့သည့် ဇန်န၀ါရီလ ၂၆ ရက်နေ့ကို သြစကြေးလျားနေ့ အဖြစ်သတ်မှတ်ပြီး နှစ်စဉ် နှစ်တိုင်း အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလေ့ရှိပါတယ်။ ဒီနေ့ကျရောက်တဲ့ သြစကြေးလျားနေ့မှာတော့ ဆစ်ဒနီမြို့ထဲနဲ့ ဆစ်ဒနီအိုလံပစ်ကွင်းထဲ အပါအ၀င် ဆစ်ဒနီမြို့ရဲ့ နေရာအနှံ့အပြားမှာ သြစကြေးလျားနေ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ ကျွန်မတို့ သွားတဲ့ ဆစ်ဒနီအိုလံပစ်ကွင်းမှာ ကျင်းပတဲ့ သြစကြေးလျားနေ့မှာ ဒီဒေသတ၀ိုက် နေတိုင်ကြတဲ့ လူမျိုးပေါင်းစုံရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ဓါတ်ပုံနဲ့ ဗွီဒယိုရိုက်ပြီး တင်ပေးလိုက်ပါတယ်။ မနက်ဖန်ကြမှ သြစကြေးလျားနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ သြစကြေးလျား လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှု၊ နောက်ခံသမိုင်းကြောင်း၊ တောတောင်ရေမြေတို့ ပါဝင်တဲ့ ဆောင်းပါးကို စိတ်ဝင်စားသူများအတွက် ဆက်ဖတ်ရန် နေရာမှာ ထပ်ဖြည့်ပေးပါမယ်။

သြစကြေးလျား ဌာနေတိုင်းရင်းသားတို့ရဲ့ အက ဗွီဒယို




တရုတ်ယဉ်ကျေးမှု အက ဗွီဒယို


ညဘက်မီးပန်းဖေါက်ခြင်း











အရှေ့အလယ်ပိုင်း ဒေသ အကတမျိုး






























သြစကြေးလျား လူဖြူမိန်းကလေးတဦး သီချင်းဆိုနေခြင်း












ညဘက် မီးပန်းဖေါက်ခြင်း

10 comments:

မငယ်ရေ...စာဖတ်ပြီး ပုံတွေပဲ ကြည့်သွားတယ်...ကော်နက်ရှင် တအားနှေးနေလို့ နောက်မှပဲ ဗီဒီယို လာကြည့်ပါအုံးမယ်... Happy Australia Day ပါ မငယ်....:))

ဗဟုသုတ မှတ်သွားပါတယ် မငယ်နိုင်ရေ ။လူမျိုးပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ စုနေကြတဲ့  နိုင်ငံကြီးတခုမှာ ဘယ်လိုများ စုစုစည်းစည်း ရှိနေအောင် စီမံအုပ်ချုပ်ထားလည်း မသိဘူးနော် ။ အဲ့ ဒီနိုင်ငံကြီးမှာ မျက်မှောက်ခေတ်...စစ်ပွဲတွေ ဆိုတာ မကြားမိဖူးလို့ ပါ ။

အဘော်ရီဂျင်းတွေ မှုတ်တဲ့  ပြောင်းရှည်ရှည် တူရိယာကြီးက ဘယ်လိုခေါ်သလဲ မငယ်နိုင်ရေ ..သူတို့ မှုတ်တာ အရမ်းနားထောင်လို့ ကောင်းတယ် ..ကိုယ်တိုင်မှုတ်ကြည့်တော့ ပါးတောင်နာတယ်..ဘာသံမှ ထွက်မလာဘူးလေ..း)

ကိကိ

အစ်မရေ ဇွန်က နိုင်ငံတစ်နိုင်ငံရဲ့ ဒေသန္တရဗဟုသုတ၊ ယဉ်ကျေးမှုနဲ့ နောက်ခံသမိုင်းကြောင်းတွေကို စိတ်ဝင်စားတယ်။ လာဖတ်ပါအုံးမယ်။

(၁) အပေါ်ဆုံးအက က တစ်မျိုးနော်.. လူရိုင်းတွေလိုလို ဘာတွေလိုလို
(၂) တရုတ်အကကို အနီးကပ်ဆွဲပေးရင် သိပ်ကောင်းမှာ ကောင်မလေးတွေကို သေချာမမြင်ရလို့ :P
နောက်ပြီး ရိုးရာအကဆိုပေမယ့် ဒီတစ်ခါသီချင်းလေးက တော်တော့်ကိုမြူးတာ
(၃) မီးပန်းတွေတအားလှတယ်

ဗဟုသုတရစရာတွေကို ဝေမျှတာ ကျေးဇူးပါ အမ။

သမိုင်းကြောင်းလေး ဖတ်ချင်တယ်အမရေ မျှော်နေမယ် ခုတော့ ပုံတွေ ကြည့်သွားတယ် ဟတ်ပီဘတ်ဒေးးးးး သြဇီး)

လေးစားလျက်
တောင်ပေါ်သား

Captain Cook ရောက်တဲ့နေ့ ကိုး...

သြစကြေးလျားနေ့နဲ့ ပတ်သက်ပြီး နာမည်နဲ့ ခုနှစ်မှားနေတာ ပြန်ပြင်ခဲ့ရလို့ စာဖတ်သူများကို တောင်းပန်ပါတယ်။ ဆက်ဖတ်ရန် နေရာမှာ ဖြည့်မယ့် အကြောင်းအရာတွေအတွက် အခုလို မမှားရအောင် အချက်အလက် တိကျအောင် ပြနစစ်ဆေးပြီးမှ ဖြည့်မှာ ဖြစ်လို့ နောက်ကျနေနိုင်ကြောင်း kiki, ဇွန်မိုးစက်၊ တောင်ပေါ်သားနဲ့ တခြား စောင့်ဖတ်နေတဲ့ သူတွေကို တောင်းပန်ထားပါရစေ။ လောလောဆယ်တော့ Middle က အကလေးကို ထပ်ဖြည့်ပေးထားတာ ကြည့်ထားကြပါနော့်။

Craton ရေ သြစကြေးလျား ဌာနေတိုင်းရင်းသားတချို့က အခုထိ တောထဲတောင်ထဲမှာ လူရိုင်းတွေလို နေတဲ့သူတွေ အနည်းအကျဉ်းရှိသေးတယ်။ ကနေတဲ့ တရုတ်မတွေက အန်တီတို့အရွယ်တွေများပြီး Craton တို့ စိတ်ဝင်စားတဲ့အရွယ်တွေ မဟုတ်လို့ အဝေးကပဲ ရိုက်ပြထားတယ် ကတာတော့ သိပ်လှတယ်နော့်။ ငယ်ငယ်လေးတွေ ကြည့်ချင်ရင် တီးမှုတ်နေတဲ့ သားတို့အရွယ် တရုတ်မ ငယ်ငယ် သုံးယောက် ဓါတ်ပုံကို ကြည့်လို့ရသားပဲ။ မီးပန်းဖေါက်တာ သိပ်လှတယ်။ ဗွီဒယိုရိုက်ထားတာ ပျက်သွားလို့ မတင်ဖြစ်လိုက်ဘူး။

AATO ရေ Captain Cook မဟုတ်ဘူး Captain Arthur Phillip ပါ။ Captain James Cook က သြစကြေးလျှတိုက်ကို အရင်တွေ့ပြီး ဗြိတသျှအလံကို သြစကြေးလျားမြေမှာ ပထမဦးဆုံး စိုက်ခဲ့သူ ဖြစ်ပေမဲ့ သြစတြေးလျားနေ့ အဖြစ်သတ်မှတ်တာက စပြီး အခြေချဖို့ ဗြိတိသျှ အကျဉ်းသားတွေနဲ့အတူ ရောက်လာပြီး ဆစ်ဒနီမြို့ ဖြစ်လာမဲ့ Botany Bay မှာ အလံစိုက်သူက Captain Arthur Phillip ဖြစ်ပါတယ်။ Arthur Phillip နဲ့ James Cook ရောသွားလို့ တောင်းပန်ပါတယ်။ ပြင်ထားလိုက်ပါပြီ။

thanks for sharing, Previously I also memorised as Captain Cook, :D thanks again

အော်စီ အကြောင်းလေး ဖတ်ရတာ ကျေးဇူးပါ ... ဌာနေတွေရဲ့ အက တွေကတော့ နိုင်ငံတော်တော် များများမှာ တွေ့ရတာ သိပ်ပြီး မလှဘူးနော် ..