မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဘလော့ဂ် အကယ်ဒမီ (၂၀၁၀)

စည်းလုံးခြင်းရဲ့ အင်အား (ကိုဖိုးတရုတ်) နဲ့ မြစ်ကျိုးအင်း ဘလော့ဂ်နှစ်ခု ဘလော့ဂ် အကယ်ဒမီ ရကြတယ်ဆိုတာ ကြားသိပြီးနောက်ပိုင်း မဲဆန္ဒရှင် တယောက်အနေနှင့် ဒီနှစ်ရတဲ့ ဘလော့ဂ်အကယ်ဒမီအတွက် ဘယ်ဘလော့ဂ်တွေ ရကြတယ်ဆိုတာ သိချင်လို့ အကယ်ဒမီရတဲ့ ဘလော့ဂ် စာရင်းကို ကျွန်မ ရောက်ဖြစ်တဲ့ ဘလော့ဂ်တွေ ဘယ်ဘလော့ဂ်မှာများ တင်ထားလဲဆိုတာ လိုက်ကြည့်နေတာ ကြာပြီ။ ဘယ်မှာမှ မတွေ့ရဘဲ နောက်ဆုံး ချော့ကလက်မြို့တော်မှာ တင်ထားတာကို ဒီနေ့ပဲ တွေ့လိုက်ရလို့ ပြန်လည် ကူးယူပြီး ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ အရင်နှစ်က အကယ်ဒမီရတဲ့ ဘလော့ဂ် တ၀က်ကျော်က ကျွန်မ မဲပေးခဲ့တဲ့ ဘလော့ဂ်တွေ ဖြစ်ပေမဲ့ ဒီနှစ် အကယ်ဒမီ ရတဲ့ ဘလော့ဂ် ၁၀ ခုမှာ ကျွန်မ မဲပေးခဲ့တဲ့ ဘလော့ဂ် တခုပဲ ပါတာကို တွေ့ရပါတယ်။ တချို့ဘလော့ဂ်တွေဆို ကျွန်မ တခါမှကို မရောက်ဖူးဘူး။ ဘာပဲဖြစ်ဖြစ် သေနတ်ဖြင့် ခြိမ်းချောက်ခြင်း အပါအ၀င် တခြားဖိအားပေးမှုတွေနဲ့ ဒါကိုပဲ ပေးရမယ်လို့ ပေးခဲ့ရတဲ့ ရလဒ်မဟုတ်၊ မဲလိမ်ပြီး ရလာတဲ့ ရလဒ်မဟုတ် ဒီမိုကရေစီနည်းကျ မေးဆန္ဒရှင် အများစု ကြိုက်နှစ်သက် သဘောကျလို့ တရားမျှတစွာ ရလာတဲ့ ရလဒ် ဖြစ်လို့ ကျွန်မတို့ ဘလော့ဂ်လောကမှာ ဒီမိုကရေစီကျင့်စဉ်ကို လက်တွေ့ကျကျ ကျင့်သုံးခဲ့တာကို အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ အကယ်ဒမီရသည့် ဘလော့ဂ်အားလုံးရဲ့ အောင်မြင်မှုကို ၀မ်းသာစွာ ကြိုဆိုပါတယ်။

Contratulations all!!!!!!!!!!



သတ္တမနည်းပညာရပ်ဝန်း (www/technical.seven.com) နှင့် မြန်မာဘလော့ဂါပရက်စ် (http://www.mmblogpress.org) တို့  စုစည်းစီစဉ် ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့သတင်းထောက်များအသင်း (RSF) မှ ပေးအပ်ချီးမြှင့်သော ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် “အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)” ရွေးချယ်ခံခဲ့ရသော မြန်မာဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။
အကောင်းဆုံး အထွေထွေ ဘလော့ဂါဆု။

Myanmar E-Books (http://burmesebooks.wordpress.com/)

အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂါဆု။

ကိုပီတာရဲ့ အတွေးပုံရိပ်များ (http://blog.kopeter.com/)

အကောင်းဆုံး အစုအဖွဲ့  ဘလော့ဂါဆု။

ငပေါများဂေဟာ (http://www.crazyvilla.net)

အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာစာပေဘလော့ဂါဆု။

မြစ်ကျိုးအင်း (http://www.myitkyoeinn.com)

အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂါဆု။

နင်းနဲ့ မာယာ (http://blog.mysterysnow.org/)

အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂါဆု။

မြန်မာစာ မြန်မာစကား (http://myanmarsar.zaung.net/)

အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတအသင်းအဖွဲ့  ဘလော့ဂါဆု။

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (http://www.everyoneit.com/)

အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့် စာပေ ဘလော့ဂါဆု။

စည်းလုံးခြင်းရဲ့  အင်အား (http://photayokeking.org/)

အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂါဆု။

သီတဂူစတား (http://www.sitagustar.net/)

အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂါဆု။

ညီနေမင်း (http://www.nyinaymin.com/)

ပထမအကြိမ်မြောက် “အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၈)” တွင် ရရှိခဲ့သော ဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။

(၁) အကောင်းဆုံး ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog )

မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ် (http://soethuhein.iblogger.org/)

(၂) အကောင်းဆုံး ပညာရေး ဘလော့ဂ်ဆု (Best Education Blog )

မသက်ဇင် ဘလော့ဂ် http://www.mathetzin.com/

(၃) အကောင်းဆုံး နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging )

ညီလင်းဆက် ဘလော့ဂ် http://blog.nyilynnseck.com/

(၄) အကောင်းဆုံး နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog )

နစ်နေမန်း ဘလော့ဂ် http://www.niknayman-niknayman.blogspot.com/

(၅) အကောင်းဆုံး သတင်း ဘလော့ဂ်ဆု (Best News Blog )

ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ် http://www.newskhitpyaing.co.cc/

(၆) အကောင်းဆုံး ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog )

ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ် http://tomorrowplan.blogspot.com/

(၇) အကောင်းဆုံး မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog )

ဖွဲ့တည်ရာ မဂ္ဂဇင်း http://existencemgz.wordpress.com/

(၈) အကောင်းဆုံး ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog )

မင်းဒင် ဘလော့ဂ် http://www.mindin.info/

(၉) အကောင်းဆုံး ကဗျာ ဘလော့ဂ်ဆု (Best Poem Blog )

ကောင်းကင်ကို ဘလော့ဂ် http://kaungkinko.myanmarbloggers.org/

(၁၀) အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog )

ကိုမိုးသီး ဘလော့ဂ် http://komoethee.blogspot.com/

(၁၁) အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု (Best General Blog )

နိုင်းနိုင်းစနေ ဘလော့ဂ် http://nineninesanay.blogspot.com/

source: http://www.niknayman-niknayman.co.cc/2010/03/blog-post_06.html

ချော့ကလက်မြို့တော် (ဤနေရာ) မှ ကူးယူဖေါ်ပြပါတယ်။

(Link တွေအကုန်လုံးကို ကျွန်မ လိုက်ထည့်ဖို့ ကြိုးစားပေမဲ့ ၂၀၀၉ ခု အကယ်ဒမီရတဲ့ ဘလော့ဂ် တချို့ကို ဖွင့်မရတော့တာကို တွေ့ရပါတယ်။)

မြန်မာ ဘလော့ဂ်လောက ဆက်လက်အောင်မြင်ပါစေ။

9 comments:

သိနိုင်အောင် မျှဝေပေးတာ ကျေးဇူး မငယ်နိုင်။

ခုမှပဲအကုန်သိတယ်။ ကျေးဇူး။

အမငယ်ရေ.... အကယ်ဒမီပေးတဲ့ အချိန်တုန်းကတော့ မဲပေးလိုက်တယ်။ ဘယ်သူတွေရသွားလဲဆိုတာ ကိုယ်နဲ့လက်လှမ်းမှီသလောက်ပဲ သိလိုက်တယ်လေ။ အခုမှ အားလုံး သိရတော့တာ။ ကျေးဇူးပဲ မမ။

ခင်မင်လေးစားလျှက်

အခုမှပဲ တစုတစည်းထဲ သေသေချာချာ သိရတော့တယ်...း))

ရွာလည်နေလို့ ဘယ်မှ မရောက်ဖြစ်ဖူး မငယ်ရေ...
အလုပ်နဲနဲပါးသွားမှ တွေ့ကြအုံးမယ်နော်...

မကြီးရေ...ဖော်ပြပေးတာ ကျေးဇူးနော်။
အကယ်ဒမီဆုရ ဘလော့ဂါအားလုံး ကွန်ဂရက်ကျူလေးရှင်းပါဗျာ။

ဆုရသူများအားလုံးအတွက် ဝမ်းမြောက်မိပါတယ် ...
မြန်မာမိသားစု ဘလော့ရပ်ဝန်းကြီး ပျော်ရွှင်စည်းလုံး အောင်မြင်စွာ နဲ့  အဓွန့် ရှည် တိုးတက်စေချင်ပါတယ်...

အမရေ ကောင်းပါတယ် ကြော်ငြာ ဝင်တာပေါ့နော်
ကျွန်တော်က ငပေါဂေဟာကပါ။း)

ကျွန်မနဲ့ အတူ ဘလော့ဂ် အကယ်ဒမီရသူများကို မုဒိတာဖြင့် လာရောက်ဂုဏ်ပြုသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

မကြီးငယ်ရေ.......
အခုမှပဲရောက်တော့တယ်...။
မကြီးအေးအိမ်မှာ၊ ကိုမိုးအိမ်မှာ၊ ကိုကြီးကျောက်အိမ်မှာ ခဏခဏ မြင်ဖူးနေပေမယ့်လေ....။
အကယ်ဒမီစာရင်းတွေကို အခုမှပဲသိရတယ်ဗျ...။ ကျေးဇူး....း))
(လင့်ခ်ယူသွားတယ်..မကြီးငယ်ရေ.....း))
ခင်မင်တဲ့
ဏီလင်းညို