မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Sydney Royal Easter Show, 2010

နှစ်သစ်မှာ အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ သင်္ကြန်နဲ့ သင်္ကြန်မတိုင်ခင် ကာလတွေမှာ လုံးဝမအားမလပ်ဘဲ စိတ်ဖိစီးစရာတွေနဲ့ အလုပ်များခဲ့လို့ သင်္ကြန်ပြီးတာနဲ့ ပထမဆုံးတင်မည့် ပို့စ်ကို ကျွန်မရဲ့ သင်္ကြန်ကာလ ဒုက္ခများဆိုပြီး အဲဒီ ကာလတွေမှာ ဗျာပါများခဲ့ရတဲ့အကြောင်းကို မိတ်ဆွေတွေကို မျှဝေပြောပြတဲ့အနေနဲ့ တင်ဖို့စဉ်းစားခဲ့ပါတယ်။ သို့ပေမဲ့ အပူတွေ ဆက်တိုက် ဖြစ်နေမှာစိုးလို့ အခုတော့ အဲဒီအကြောင်းကို မတင်တော့ဘဲ ဒီနှစ်သင်္ကြန်မှာ ဘယ်မှ မရောက်ဖြစ်ပေမဲ့ သင်္ကြန်မတိုင်ခင် သားသားကို (၂၀၁၀ ခုနှစ်) ဆစ္စဒနီအိုလံပစ်ကွင်းမှာလုပ်တဲ့ Easter Show သွားပြခဲ့တဲ့အချိန်က ရိုက်လာတဲ့ ဓါတ်ပုံတွေနဲ့ ဗွီဒယိုတွေ တင်ပေးလိုက်ပါတယ်။ နှစ်သစ်မှာ ဗုံးတွေ ပေါက်ကွဲပြီး စိတ်မချမ်းမြေ့စရာ ကြားရလို့ မီးပန်းဖေါက်တာကိုတော့ ချန်လှပ်ထားလိုက်ပါတယ်။ နောက်ပို့စ်တွေကျရင်တော့ အရင်ပို့စ်တွေလို အဆဲအဆိုခံရနိုင်တဲ့ ပို့စ်တွေလည်း ပါလာနိုင်တယ်။ မေးထားတာတွေ ပြန်ဖြေတာ၊ အတိုက်အခိုက်တွေကို ပြန်ရှင်းတာတွေ လာပါမယ်။ အခုလောလောဆယ်တော့ နှစ်သစ်မှာ စိတ်မသက်မသာ ဖြစ်တာတွေကို ခဏမေ့ထားပြီး စိတ်ပြေလက်ပျောက် အီစတာရှိုးလေး ကြည့်ကြရအောင်။

ရှိုးက ညဘက်မှ ပြတာဖြစ်ပြီး နေ့ဘက် ရှိုးမပြခင်မှာ ကလေးစီး ကစားတဲ့ နေရာတွေကို အရင် သွားဖြစ်ပါတယ်။

ပုံကြီးကြည့်ချင်ပါက ကလစ်နှိပ်ကြည့်နိုင်ပါတယ်။



အ၀င်ဝ ကလေးစီးကစားတဲ့နေရာ

(ကလေးများ ပိုက်ဆံဖြုန်းတဲ့နေရာ)

အောက်က ပုံတွေကတော့ အီစတာရှိုးကာလမှာ ဟင်းသီးဟင်းရွက်တွေ အသီးနှံတွေကို တကယ့်လယ်တောပုံစံ ခင်းကျင်းပြသ သရုပ်ဖေါ်ပြီး ရောင်းချတဲ့ပုံတွေဖြစ်ပါတယ်။









အောက်က ပုံတွေကတော့ နယူးဆောက်ဝေးပြည်နယ်က အထက်တန်းကျောင်းကလေးတွရဲ့ လယ်တောနဲ့ပတ်သက်ပြီး Creative Designs ပုံဖေါ် ခင်းကျင်းပြသတဲ့ ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ တတိယ ဆုရထားတဲ့ပုံတွေ ဖြစ်ပါတယ်။


ပထမဆုရရှိတဲ့ ခင်းကျင်းပြသမှု

ဒုတိယဆုရရှိတဲ့ ခင်းကျင်းပြသမှု

တတိယဆုရရှိတဲ့ ခင်းကျင်းပြသမှု

အောက်က ပုံတွေကတော့ အိုလံပစ်ကွင်းထဲက မွေးမြူရေး ပြတိုက်က တိရိစာစ္ဆာန်တွေရှိတဲ့နေရာ ဖြစ်တယ်။ သိုး၊ နွား၊ ဆိတ် နဲ့ ၀က်တွေ ရှိပါတယ်။ ကျွန်မတို့လို တောမှာကြီးတဲ့ လူကြီးတွေအနေနဲ့ အဲဒါတွေက ဘာမှ မထူးဆန်းပေမဲ့ လယ်တောကို ကျောင်းကနေ Excursion သွားမှ တခါ ရောက်ဖူးတဲ့ သားသားအတွက်တော့ တော်တော်လေး ထူးဆန်းအံ့ဖွယ် ဖြစ်ပါတယ်။ အထဲမှာ သိုးပိုင်ရှင်တွေက သိုးမွေးအလှထားထားတဲ့ သိုးတွေရဲ့ သိုးမွေးအရှည်နဲ့ အလှပြိုင်ခြင်း၊ တခြားတိရိစ္ဆာန်တွေရဲ့ အလှပြိုင်ခြင်း၊ နွားကနေ နွားနို့ကို စက်နဲ့စုပ်ယူခြင်း စတာတွေကို ဒီထဲမှာ ပြပါတယ်။ ကျွန်မ အနံ့မခံနိုင်ဘဲ အန်ချင်လို့ ကြာကြာ မနေဖြစ်ခဲ့ဘူး။
နွားတွေထားတဲ့နေရာနဲ့ နွားနို့ညစ်တဲ့ နေရာကို ၀င်တဲ့အ၀င်ဝ










အောက်ကပုံတွေကတော့ အီစတာရှိုးမပြခင် ကွင်းထဲမှာ ပဏာမ ပြတာတွေ ဖြစ်ပါတယ်။ မြင်းလှည်းအလှပြိုင်ကြတာ ဖြစ်တယ်။
ရှိုးပြရာကွင်း








ဧည်ပရိတ်သတ်များ..

ရှေးတုန်းက သြစကြေးလျားမှာရှိတဲ့ မြင်းလှည်းပုံစံတွေ

ရှိုးမပြခင် ပါးစပ်တူရိယာနဲ့ အမေရိကမှ လာရောက်ဖြေဖျော်တဲ့အဖွဲ့ (သီချင်းသံစဉ်တွေကို ပါးစပ်အသုံးပြုပြီး Music လုပ်သွားပါတယ်)

မြင်းရိုင်းနဲ့ နွားရိုင်းစီးပြိုင်ပွဲ (Rodeo). ခုန်ဆွခုန်ဆွနဲ့ လူကို ရန်ရှာပြီး ခါချနေတဲ့ မြင်ရိုင်းနဲ့ နွားရိုင်းပေါ်မှာ လူကတက်စီးနေပြီး အဲဒီလူ ကြာကြာနေနိုင်တဲ့ အချိန်ကို အမှတ်ပေးပါတယ်။ ကျွန်မကြည့်တာ နယူးဆောက်ဝေးက မြင်းရော နွားပါ ပိုရိုင်းတယ်ထင်တယ် ခဏလေးနဲ့ လူကို ခါချလိုက်တာ ဘယ်လောက်မှ မကြာဘူး။ New South Wales နဲ့ Queensland ပြိုင်တာ နယူးဆောက်ဝေး ရှုံးကျန်ခဲ့လို့ ဗွီဒယိုတော့ မထည့်တော့ဘူး။

ကားနဲ့ မော်တော်ဆိုင်ကယ် အလှစီးပြတာကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ မျှဝေချင်လို့ တင်လိုက်တာ ဖြစ်ပေမဲ့ ညဘက်ဖြစ်ခြင်း၊ ကင်မရာ သိပ်မကောင်းခြင်း၊ အဝေးကပုံကို ဆွဲမရိုက်ပဲ ဒီအတိုင်း သူ့နဂိုရှိတဲ့ အရွယ်အစားအတိုင်း ရိုက်ထားခြင်းကြာင့် ဗွီဒယိုက သိပ်မရှင်းပါဘူး။ ဒါကြောင့် တကယ်အပြင်မှာ မြင်တွေ့ခဲ့ရနဲ့တော့ ဘာမှမဆိုင်ပါဘူး။ ကားအလှမောင်းရာမှာ ကားလေးစီးကို နှစ်စီးက ပုံမှန်အတိုင်း နှစ်စီးက နောက်ပြန်နဲ့ လေးစီးအစဉ်လိုက် (သို့) ကန့်လန့်ဖြတ် မောင်းတာသလို လေးမျက်နှာမှာ အလယ်ကိုတည့်တည့် မောင်းလာပြီး အလယ်မှာ မတိုက်မိအောင်ရှောင်ခြင်း၊ ခင်းထားတဲ့ အတန်းတွေကို ကျော်ပြီး မောင်းခြင်း စတာတွေ ပြပါတယ်။

ဆိုင်ကယ်သမား လေးယောက် ဆိုင်ကယ် အလှစီးပြရာမှာလည်း ခင်းထားတဲ့ တန်းတွေပေါ် စီးတာ ရှိသလို အမြင့်ပေါ်ကို မောင်းတက်ပြီး လေထဲမှာ နှစ်ပြန် သုံးပြန်လိမ့်ပြီးပြန်ခြင်းလာခြင်း၊ ဒါမှမဟုတ် လေထဲမှာ ခြေတောက် (သို့) လက်ကို အပေါ်မြှောက်တင်ခြင်း၊ ခြေတောက်ရော လက်ပါ ဆိုင်ကယ်နဲ့ လွတ်ထွက်အောင် တပတ်လည်ပြီးပြီး ဆိုင်ကယ်ပေါ် ပြန်ခုန်တက်ပြီး ပြန်ဆင်းလာခြင်း စတဲ့ ပြကွက်တွေကို အခုရိုက်ထားတဲ့ ဗွီဒယိုမှာ ကောင်းကောင်းမတွေ့ရပေမဲ့ အပြင်မှာတော့ ဒါကို ကောာင်းကောင်းတွေ့ရပါတယ်။

ကားအလှမောင်းခြင်း



ဆိုင်ကယ် အလှမောင်းခြင်း



ရှိုးပြပွဲမှာ တခြားပြကွက်တွေလည်း ရှိပေမဲ့ မရိုက်ဖြစ်ခဲ့ဘူး။ မီးပန်းဖေါက်တောတွေကိုတော့ ရိုက်လာခဲ့ပေမဲ့ ချန်လှပ်ထားခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

9 comments:

တော်တော်ကြီးကျယ်တာပဲနော်။ ငယ်ငယ်တုန်းကတော့ကျွန်တော်တို့ နယ်ဘောလုံးကွင်းမှာ သမ၀ါယမဈေးပွဲတော်လုပ်တာ နဲ့ ရန်ကုန်ကမြေပဒေသာကျွန်းမှာ ပြပွဲလုပ်တာသွားကြည့်ဘူးတယ်..။

မကြီးငယ်ရေ........
ပျော်စရာကြီးနော်...။
တော်တော်ခမ်းနားမယ်ထင်တယ်....ပုံတွေကြည့်ရတာ...။
ပြီးတော့ သစ်သီးတွေခင်းပြထားတာ လှတယ်....။
အညိုရောင်ဝက်ပေါက်လေးတွေက ချစ်စရာလေးတွေဗျာ....။
ဓာတ်ပုံတွေကြည့်ရလို့ကျေးဇူး......။
မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေဗျာ....။
ခင်မင်တဲ့
ဏီလင်းညို

မငယ်ရေ...ပုံလေးတွေ ကြည့်သွားပါတယ်၊ ပထမဆုရတဲ့ အခင်းအကျင်းလေးက တကယ်လည်းလှတာကိုး မျက်စိထဲ ရှင်းရှင်းလေးနဲ့ လှနေတာ...

စေတနာမှန်တဲ့ အစိုးရအုပ်ချုပ်မှုအောက်မှာ တာဝန်သိတဲ့ ပြည်သူတွေ စည်းကမ်းရှိရှိ နေကြရင် ဒီလိုပဲ တိုးတက် ပျော်ရွှင်ဘွယ်ရာတွေ ရှိနေကြမှာပဲ နော် ...

ငယ်ငယ်တုန်းက ပြည်ထောင်စုနေ့ ပြခမ်းတွေ ကျိုက္ကဆံ ကွင်းမှာ ပြသ ထားတာတွေ ပြန်မြင်ယောင်ရင်း ..အင်းးးးးးး
ဘယ်တူ နိုင်ပါ့ မလည်းးးး
( တနေ့ နေ့  တော့ ဖြစ်လာလိမ့်မည် .. လို့ ပဲ မျှော်လင့် နေရဆဲ.... )

ဘာပဲ ပြောပြော .. ဆုတောင်းတာပဲ တတ်နိုင်လို့ 
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နှစ်သစ်မှာ ၊
မြန်မာပြည်သား အပေါင်းတို့ စိတ်၏ချမ်းသာခြင်း ။ကိုယ်၏ကျန်းမာခြင်း များ နဲ့  ပြည့်စုံပြီး စစ်မှန်စွာ လွတ်လပ်မှုကို အမြန်ဆုံးရရှိ ခံစားနိုင်ကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ် ...မငယ်နိုင်ရေ ...

ဇယ်ပဲဗျာ။ ငယ်ငယ်တုန်းက ပြည်ထောင်စုနေ့တွေကို သွားသတိရမိသေးတယ်။

မင်္ဂလာရှိသောနှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

ကွင်းကျယ်တာကို ပြောတာလား၊ ကြီးကျယ်ခမ်းနားတာကို ပြောတာလား AATO ပြောတာ မရှင်းဘူး။

-ဏီလင်းညိုရေ အဲဒီနေ့က မိုးရွာနေလို့ လူသိပ်မစည်ဘူး၊ ရှိုးပြနေတဲ့အချိန်မှာ မိုးဖွဲတွေ ကျနေတယ်။ မိုးမရွာတဲ့နေ့တွေဆို လူက ထိုင်ခုံတွေ အားလုံး ပြည့်နေတဲ့အပြင် မတ်တပ်ရပ် တိုးကြိတ်ကြည့်နေသူတွေတောင် အများကြီးပဲ။

မချစ်ကြည်အေး ကျွန်မကတော့ ပထမနဲ့ ဒုကိယက အခင်းအကျင်းကောင်းပေမဲ့ အပင်တွေက အတုတွေ ကျွန်မကတော့ တကယ်အပင်နဲ့ စိုက်ထားတဲ့ တတိရဆုရတဲ့ လယ်တောပုံစံလေးကို ပိုကြိုက်တယ်။

ကိကိနဲ့ မောင်မိုးရေ မြန်မာပြည်က မြို့ကြီးတွေကို မရောက်ဖူးလို့ မသိဘူး။ ဒါနဲ့ မောင်မိုးပြောတဲ့ ဇယ်ပဲ ဆိုတာ ဘာအဓိပ္ပပါယ်ပါလိမ့်။

မဂဿငလာ နွစ္သစ္ပာ အစ္မေရ

ကျွန်တှောလည်း အချိန်မရလို့ ကစားကွင်းတော အခြမ်းပဲ ရောက်ဖြစ်တယ်။ ဓာတ်ပုံတွေနောက်မှ တင်တော့မယ်။ အခုတော့ အဆိုင်းမန့်ပိနေလို့။ ဒာမျိုးပွဲတွေက ငယ်ငယ်တုန်းက သမဝာယမပွဲလုပ်တာ တစ်ခာပဲ ကြုံဖူးလိုက်တယ်။ ၉၆ လောက်က မှတ်တာပာပဲ။ ကျန်တာကတော့ လူကြီးတွေပြောတာနားထောင်ရင်း ကိုယ့်ခေတ်ကိုကြည့်ရင်း ယုံတမ်းစကားတွေလို ဖြစ်နေပာပြီ။

နောက်တင်မယ်ပိုစ့်ကို စိတ်ဝင်စားတယ်။
http://groups.yahoo.com/group/8888peoplepower/message/20421
အဲဒာကိုဖတ်ပြီး မေးစရာပှောလာလို့။ နောက်မှပဲ မေးတော့မယ်။

အစစအရာရာ အဆင်ပြေပာစေ

မမရေ .. လယ်တောနဲ့ပတ်သတ်တဲ့ ပုံလေးတွေကို ကြိုက်တယ် .. share ပေးတာ ကျေးဇူး :)

အစ်မငယ်နိုင်ရေ မရောက်ဖူးမမြင်ဖူးတာတွေကို ငေးမောသွားပါတယ်။ မြန်မာတို့ရဲ့နှစ်သစ်ကို ချစ်သော မိသားစုနဲ့အတူ ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေ...