မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

သပံ္ပအယူအဆ လူဖြစ်လာပုံနှင့် ဗုဒ္ဓဘာသာအရ လူဖြစ်လာပုံကို နှိုင်းယှဉ်နိုင်စေရန် ဆရာတော် ဦးကောဝိဒ( မြိတ်) ဆီမှ ဘာသာရေးရှုဒေါင့်အရ ဖြေထားသော ပို့စ်ကို ပြန်လည်ကူးယူပြီး သိပ္ပံအရ လူဖြစ်လာပုံကို ဖြည့်စွက်ကာ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

အမေး။အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြားပေးတော်မူပါဘုရား။
စောဝတ်မှုံခင်
ခေတ္တ ဂျပန်
အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသနေ တည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ တစ်ထစ်ချပြောလို့မရပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄)
နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်….
သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီးပဋိသန္ဓေ လေးမျိုး ရှိပါတယ်။(သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)
(က) သံသေဒဇပဋိသန္ဓေ
ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။
ပဒုမာကြာမှာ ပဋိသနေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက
ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ
ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသနေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ
သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ်တယ်။
ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွားကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလာဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။

စာရေးသူ- ဦးကောဝိဒ(မြိတ်) | ရက်စွဲ- Tuesday, June 29, 2010

1 ယောက်မှတ်ချက်ရေးခဲ့တယ်:

Nge Naing said...

ဦးဇင်းရေ တပည့်တော့်မ နည်းနည်း ဖြည့်ပြောချင်ပါတယ်ဘုရား

ဘုရားဟောတဲ့ အချက်နဲ့ ဒါဝင်သီအိုရီက ဆင်းသက်လာတဲ့ အချက်က နှစ်ခုစလုံးကို မှန်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားဟောတဲ့ လူဖြစ်လာပုံက ရှေးဘ၀နောက်ဘ၀ ဆိုတဲ့ လောကုတ္တရာ သံသရာနဲ့ ပြောတာဖြစ်ပြီး လူကို မျောက်ကနေ ဆင်းသက်လာဖွယ်ရှိတယ်ဆိုတာက ဇီဝသိပ္ပံနဲ့ အခုလက်ရှိ သက်ရှိတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှုကိုပဲ ကြည့်ပြီး ပြောတာဖြစ်ပါတယ်။

လူက မျောက်ကနေ ဆင်းသက်လာတယ်ဆိုတာ ဇီဝသိပ္ပံပညာရှင် ချားလ်ဒါဝင်ရဲ့ သက်ရှိတွေကို သုတေသန ပြုလေ့လာရာမှ Evolution Process ကို လေ့လာတွေ့ရှိပြီး ခန့်မှန်းချက် ဖြစ်ပါတယ်။ ဇီဝသိပ္ပံပညာရှင်ကြီး ချားလ်ဒါဝင်ရဲ့ Natural Selection အရ သက်ရှိ သတ္တ၀ါအားလုံးဟာ တမျိုးတည်းက ဆင်းသက်လာနိုင်ဖွယ် ရှိတယ်လို့ ယူဆပါတယ်။ ဘုရားဟောတဲ့ ကမ္ဘာအစမှာ ဘယ်သူမှ မရှိခင်က ဒီကမ္ဘာာကြီးက အစိုင်အခဲကြီး ဖြစ်တယ်ဆိုတာ ကြားဖူးသလို သိပ္ပံ လေ့လာတွေ့ရှိချက်များမှာလည်း ဒီကမ္ဘာကြီးကို စတင်ခဲ့စဉ်က သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်စတဲ့ Organic Compound တွေ မပါဝင်ခဲ့ဘဲ ကမ္ဘာကြီးဟာ inorganic အစိုင်အခဲအဖြစ်ပဲ ရှိခဲ့ပါတယ်။ နှစ်သန်းပေါင်းများစွာ ရှည်ကြာလာမှ ကာဗွန်၊ ဟိုင်ဒရိုဂျင် အောက်စီဂျင် စသည်တို့ပါတဲ့ Organic Compound တွေ စတင်ဖြစ်ပေါ်လာပြီး အမှုန်အမွှား သေးသေးလေးကနေ ရေဓါတ်နဲ့ပေါင်းစပ်ကာ သက်ရှိတွေ စတင် ဖြစ်လာရတယ်။ အခုလက်ရှိကမ္ဘာမှာ ရှိနေတဲ့ သက်ရှိတွေကို အုပ်စုခွဲလိုက်တော့ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes) အဆင့်ကနေ Species အဆင့်အထိ သက်ရှိတို့ရဲ့ Organic compound တခုတည်းကနေ ရွေ့လျား ဖြာထွက်ပြောင်းလဲလာပုံ အဆင့်ဆင့်ကို Kingdom အဆင့်ကနေ နောက်ဆုံး Species (မျိုးနွယ်စု) အထိ ဖြာထွက်လာတာကို ခွဲခြမ်းပြထားပါတယ်။ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes), Phylum, Superclass, Class, Order, Family, Genus, Species ဆိုပြီး သက်ရှိတွေ ဖြာထွက်လာရာမှာ Family အဆင့်အထိ လူနဲ့မျောက်က အမျိုးအစားအတူတူ ဖြစ်ပြီး ဒီနောက်ပိုင်း ဖြာထွက်လာတဲ့ Genus နဲ့ Species မှာမှ ပြောင်းသွားပါတယ်။ ဒါကြောင့်မို့ အဲဒီ Genus နဲ့ Species မတိုင်ခင် အဆင့်က လူနဲ့ မျောက်နဲ့က အုပ်စုတမျိုးတည်းမို့ လူက မျောက်က နေဆင်းသက်လာတယ်လို့ လူတွေက ဒါဝင် သီအိုရီကို အလွယ်နည်းနဲ့ နားလည်လိုက်တာသာ ဖြစ်ပါတယ်။ ဘုရားဟောတဲ့ ကမ္ဘာဆိုတာ ဒီကမ္ဘာတခုတည်းကို ပြောတာ မဖြစ်နိုင်၊ ဘုရား ပါရမီဖြည့်ခဲ့တာတောင်မှ ကမ္ဘာပေါင်း လေးအသင်္ချေနဲ့ တသိန်းဆိုတော့ မရေတွက်နိုင်တဲ့ ကမ္ဘာပေါင်း မြောက်များစွာကို ဆိုလိုတာ ဖြစ်နိုင်ပြီး ဟိုတုန်းကကမ္ဘာက အကြောင်းအရာတွေပါ အကျုံးဝင်နိုင်ပါတယ်။ ဒါဝင်သီအိုရီက ရည်ညွန်းတဲ့ ကမ္ဘာက အခုလက်ရှိ ကမ္ဘာကိုသာ ရည်ညွန်းပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ မှားတယ်လို့ တွက်လို့မရနိုင်ဘူးလို့ ဖြည့်စွက် လိုက်ပါတယ်။

ဆရာတော် ဦးကောဝိဒ (မြိတ်) ရဲ့ Light of Dhamma မှ အမေးအဖြေပို့စ်တခုကို ကူးယူဖေါ်ပြထားပါတယ်။

ထပ်မံဖြည့်စွက်ဆွေးနွေးချက်

လူဖြစ်လာတာကို ဘုရားဟောထားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မသိပ်မသိပေမဲ့ သိပ္ပံနဲ့ပတ်သက်ပြီး ကျွန်မသိရသလောက် သက်ရှိသက်မဲ့ အရာအားလုံးအပေါ် ဘုရားဟောထားတဲ့ ကျွန်မသိထားတာနဲ့ သိပ္ပံတွေ့ရှိချက်က သိပ်မကွာပါဘူး။ ဘုရားက ရုပ်ဝတ္တုတွေကို ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောနဲ့ ဖွဲ့စည်းထားတယ်လို့ ဟောခဲ့တာ ရှိသလို သိပ္ပံကလည်း အရာဝတ္တုတွေဟာ Solid, Liquid, gas နဲ့ Energy တွေနဲ့ ပြုပြင်မွမ်းမံထားတာ တွေ့ရပါတယ်။ ကျွန်မ အထက်တန်းပြန်တက်တုန်းက Biology မှာ Diversity and Evolution ကို သင်တုန်းက အတန်းထဲက မူစလင်တအုပ်က အတင်းပဲ မဟုတ်ဘူး ဘုရားဖန်တီးထားတာ ဆိုပြီး ထငြင်းတာ တွေ့ဖူးတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာမှာလည်း ဒီလိုပဲ ဘုရားဒီလို ဟောထားတာ မဟုတ်ဘူးဆိုပြီး ပြောကြတဲ့ သူတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မက ဒီကွဲပြားမှုအပေါ်မှာ ခုနက အပေါ်မှာ ဆရာတော်ပို့စ်မှာ ကျွန်မ ပေးထားတဲ့ မှတ်ချက်အတိုင်းပဲ မှတ်ယူပါတယ်။ ဗုဒ္ဓဘာသာအရ ကြည့်ရင် ဗြမ္မာဆိုတာလည်း ၃၁ ဘုံထဲကပဲဆိုတော့ လူအဖြစ်ကို ကံရဲ့အကျိုးအားကြောင့် ရောက်လာရာမှာ အပေါ်က ဘုန်းကြီးဖြေထားတဲ့ ပဋိသန္ဓေတည်တဲ့ နည်းတွေထဲက တနည်းနည်းနဲ့ ရောက်လာကြတယ်လို့ ယူဆတယ်။ အဲဒီလို ရောက်လာရာမှာ မျေက်နဲ့လူ မကွဲခင်အဆင့်မှာ သွားဝင်စားရင် အဲဒီသတ္တ၀ါပဲ သွားဖြစ်လိမ့်မယ်။ နောက်ပိုင်း Family အုပ်စုကနေ ကွဲထွက်လာပြီးမှ လူမှာဝင်စားရင် လူဖြစ်မယ်၊ မျေက်မှာဝင်စားရင် မျောက်ဖြစ်မယ်။ ကျွန်မ ဒီလိုပဲ နားလည်ပါတယ်။

အရင်တုန်းက Kingdom အဆင့် မတိုင်ခင်က သက်ရှိဆိုတာ စပေါ်စဉ်က သက်ရှိ တမျိုးပဲ စပေါ်ပြီး အဲဒီတမျိုးကနေ ဆင်းသက်လာတာ ဖြစ်နိုင်တယ်လို့ သိပ္ပံက ယူဆတယ်။ နောက်ပိုင်း အီဗော်လူးရှင်းရဲ့ ဆက်ကဲ ပြုပြင်ပြောင်းလဲမှုအရ Kingdom အဆင့်မှာ အပင်၊ တိရိစ္ဆာန်နဲ့ တိရိစ္တာန်လည်းမကျ အပင်လည်းမကျ အသေးအမွှားသတ္တ၀ါများ (ဘက်တီးရီးယား၊ Parasite, Algae စသည့်) စသည်အထဲမှ လူဟာ ဆဲလ်ဖွဲ့စည်းတည်ဆောက်ပုံ၊ လှု့ပ်ရှား၊ ကြီထွားပုံအရ တိရိစ္ဆာန် အမျိုးအစားမှာ ပါဝင်ပါတယ်။ နောက် Phylum အဆင့်ရောက်တေ့ အဲဒီ သုံးအုပ်စုအောက်မှာ တဆင့်ပွားပြီး အမျိုးမျိုး ထပ်ပေါ်လာပြန်တယ်။ ပေါ်လာတဲ့ အုပ်စုတွေအောက်မှာ ဆက်ပွားရင်း ပွားရင်းနဲ့ Family အဆင့်မှာ ဦးနှောက်အရွယ်အစား ကွာတာတွေကလွဲရင် ခြေနှစ်ချောင်းအပေါ်မှာ မတ်တတ်ရပ်နိုင်တာချင်း ကိုယ်လက်အင်္ဂါ ပုံစံတူတဲ့ သတ္တ၀ါတွေအထဲမှာ လူရော မျောက်ဝံရော ပါပါတယ်။ Genus အဆင့်ရောက်တော့ ပိုမိုဆက်နွယ်မှု ရှိတာတွေ သန့်သန့်စီ ထပ်ဖြာထွက်ပြီး သတ္တ၀ါအချင်းချင်း သိပ်ပုံစံတူပေမဲ့ DNA sequence မတူလို့ မျိုးစပ်လို့ မရတဲ့ ပုံစံတူ အကောင်တွေ တအုပ်စု ဖြစ်လာတယ်။ Genus အဆင့် လူမှာတော့ ပုံစံတူ မတွေ့ပေမဲ့ တခြားတိရိစာဖြစ်တဲ့ ဥပမာ Rats (ကြွက်) နဲ့ Mice (လယ်ကြွက်) တွေဟာ ပုံစံလုံးဝတူတယ် ဒါပေမဲ့ သူတို့ဟာ DNA Sequence မတူလို့ သွေးနှောလို့မရ၊ မျိုးစပ်လို့ မရပါဘူး။ Species (မျိုးနွယ်စု) အဆင့်ရောက်တော့ ပုံစံချင်း၊ အရွယ်အစားချင်း တူတာလည်း ရှိမယ် မတူတာလည်း ရှိမယ်၊ မတူသည့်တိုင်အောင် အမျိုးအစားမတူတဲ့ Rat အချင်းချင်း၊ Mouse အချင်းချင်း၊ လူလူအချင်းချင်း (မွန်ဂိုးလီးယား၊ ကော့ကေးရှန်း၊ နီဂရိုး၊ အာလီယန်း) မျိုးစုမတူပေမဲ့ DNA sequence တူလို့ သွေးနှောပြီး မျိုးစပ်လို့ ရပါတယ်။ ဒါက သက်ရှိမျိုးဆက်တွေ လူသားအဆင့်ထိ ဖြစ်လာတဲ့ သိပ္ပံက တွေ့ရှိချက် အဆင့်ဆင့် ဖြစ်ပါတယ်။

လူသားမျိုးဆက်ကို ဆက်ကြည့်ရင် မြန်မာလူမျိုးတွေဟာ မွန်ဂိုးလီးယား အနွယ်ဝင်က ဆင်းသက်လာပါတယ်။ Divergent Evolution နဲ့ Convergent Evolution ကြောင့် ဆက်ပြီး ဖြာထွက်လာတာက မွန်ဂိုးလီးယား အနွယ်ဝင်တွေဟာ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း ဘေးက တခြားအနွယ်ဝင်နဲ့ မျိုးစပ်ရင်လည်း စပ်မယ်။ ဥပမာ မြောက်ဘက်ရေက်သူတွေက ကော့ကေးရှန်းတွေနဲ့ စပ်ပြီး အာရှမကျ ဥရောပမကျ ရုရှားတောင်ပိုင်းက တချို့လူမျိုးပုံတွေ ဖြစ်လာမယ်။ တောင်ဘက် ရောက်လာသူတွက အန္ဒိယနဲ့ စပ်နိုင်တယ်။ ဗမာ၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ရခိုင် (ရခိုင်ကို အာလီးယန်းအနွယ်ဝင်လို့ ဘလော့ဂါမောင်မိုး ကထောက်ပြပါတယ်) စတဲ့ မြန်မာတိုင်းရင်းသားတွနဲ့ ယိုးဒယား၊ ကမ္ဗောဒီးယား စတာတွေက လက်ရှိအခြေအနေမှာ အားလုံး အသားဝါသူတွေ မဟုတ်နိုင်ပေမဲ့ အားလုံးဟာ အသားဝါ မွန်ဂိုးလီးယားအ နွယ်ဝင်တွေက ဆင်းသက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါက မြန်မာတိုင်းရင်းသားတွ ဆက်ကဲဖြစ်ပေါ်လာတဲ့ Evolution ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ အသားဝါသူနဲ့ အသားညိုသူ ရောနေတာ မွန်ဂိုးလီးယားကို တခြားနွယ်ဝင်တွေနဲ့ မျိုးစပ်ထားလို့ ဖြစ်ပါတယ်။
7:53 PM

170 comments:

ဦးဇင်ရေ လို့ ခေါ်လို့ရလား...မတွေ့ဖူးလို့ပါ ;)

ဦးဇင် မဟုတ်ပါဘူး ဦးဇင်းပါ။ ဘိတ်ဘက်မှာ သက်တော် သိပ်မကြီးသေးတဲ့ ဘုန်းကြီးတွေကို ဦးဇင်းလို့ ခေါ်တာများပါတယ်။ ဦးပဉ္ဇင်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဆရာတော်တို့ ဘုန်းဘုန်းတို့ဆိုတာ သက်တော် ၆၀ ပတ်ဝန်းကျင်နဲ့အထက် ဘုန်းကြီးတွေကို ခေါ်တာ များပါတယ်။

ဒါဆိုအစ်မ ဘုန်းဘုန်းတို့ကိုရင်တို့ဦးပဉ္ဇင်းတို့ဆိုတာ သက်တော်နဲ့ပိုင်းခြားထားတာပေါ့ ၀ါတော်တို့ ပဉ္ဇင်းခံတာတို့ ဆိုတာတွေကအလကားပေါ့ အစ်မပြောပုံအရဆိုရင် သက်တော်ကြီးသွားတာနဲ့ သူဟာသူဦးပဉ္ဇင်းဖြစ် ပြီးဘုန်းဘုန်းဆိုတာ ဖြစ်တည်လာခဲ့တာပေါ့ ကျွန်တော်တော့ သိပ်မရှင်းတော့ဘူးဗျာ လည်နေပြီ ဖြစ်နိုင်ရင်ရှင်းပြပါဦး အစ်မပြောတဲ့အဓိပ္ပာယ်ကအဲလို ဖြစ်နေလို့ပါ အတိုက်အခံလုပ်တယ်လို့တော့ သဘောမထားပါနဲ့ဗျာ မရှင်းဘူးဖြစ်နေလို့ပါ..

မဟုတ်ဘူး သွေးသစ္စာ အဲလို တိတိကျကျကြီး အဓိပ္ပါယ် ဖွင့်ဆိုပြိး သတ်မှတ်ထားတာလည်း မဟုတ်သေးဘူး။ ဒေသ အလေ့အထ အရခေါ်တာပဲ ဖြစ်တယ်။ ဆရာတော်ဆိုတာက ကျောင်းထိုင်ဘုန်းကြီးလည်းဖြစ် အသက်ကြီး ၀ါကြီးလည်းဖြစ်တဲ့ ဘုန်းကြီးတွေကို ခေါ်တာများပါတယ်။ အသက်ကြီးပြီး ၀ါနည်းတဲ့ ဘုန်းကြီးတွေကိုတော့ ဆရာတော်လို့ ဆရာတော်လို့ မခေါ်ဘဲ ဦးဇင်းကြီးလို့ ခေါ်တာများပါတယ်။ ကိုရင်ကိုတော့ ကိုရင်ပါပဲ။ ဒီတော့ ဦးပဉ္ဇဇင်းဆိုတာ အသက်ငယ်တာရော ၀ါနည်းတာပါ နှစ်ခုစလုံးနဲ့ အကျုံးဝင်မယ်ထင်တယ်။ မရှင်းရင် ထပ်မေးလို့ရပါတယ်နော့်။ အတိုက်အခံလုပ်တယ်လို့ သဘောမထားပါဘူး။

သွေးသစ္စာရေ - မိမိနဲ့ မတူတဲ့ ပြုမူပြောဆို နေထိုင်ပုံတွေကို တွေ့ရင် စိတ်ထဲမှာ ငါနဲ့မတူရကောင်းလားဆိုပြီး အမြဲတမ်းလိုက်ယှဉ်ပြီး တူစေချင်နေရင် အကုသိုလ်စိတ် ၀င်ဖို့ သိပ်လွယ်ပါတယ်။ မြန်မာပြည်မှာ ဒေသအလိုက် (သို့) လူမျိုးအလိုက် အနေအထိုင် အပြောအဆို အပြုအမူတွေ အလေ့အထတွေ အမြင်တွေ ကွာကြပါတယ်။ လူမျိုးအတူတူမှာတောင်မှ တမြို့နဲ့တမြို့တမြို့ အခေါ်အဝေါ်မတူတာတွေ ရှိပါတယ်။ ဦပဉ္ဇင်းကနေ ဦးဇင်းဖြစ်သွားတာက ခေါ်တဲ့အသံထွက်အတိုင်း ရေးလိုက်တာသာ ဖြစ်တယ်။ တချို့ စကားလုံးတွေကို တနင်္သာရီတိုင်းမှာ စပါး၊ ထမင်း၊ စကား စတဲ့ နှစ်လုံးဆင့် စကားလုံးတွေကို အရှေ့ကတလုံးကို မပြောတော့ဘဲ ပါး၊ မင်း၊ ကား ဆိုပြီး ပြောကြတာ ရှိတယ်။ ဒါကြောင့် ဦးဇင်း ဆိုတာလည်း ပ အသံကို မြှပ်ထားပြီး ခေါ်တာဖြစ်တယ်။ စာရေးရင်တော့ အမှန်အတိုင်းပဲ ရေးပါတယ်။ ဒေသကွဲပြားလို့ အပြောအဆို လေယူလေသိမ်း အသံအနေအထားတွေ၊ စကားလုံးအသုံးအနှုန်းတွေ ကွဲပြားသွားတာ ဖြစ်တယ်။ မြန်မာပြည် အပေါ်ပိုင်းက လူတွေကို ငတ်ရင် စားပါအားမနာနဲ့ လို့သွားပြောရင် ငါ့ကို ငတ်နေတယ်လို့ ပြောရကောင်းလားဆိုပြီး ဆွဲထိုးရင် ဆွဲထိုးမိလိမ့်မယ်။ ဒါပေမဲ့ ဘိတ်ဘက်မှာ အဲဒါ ပြောလေ့ထရှိတဲ့စကား ဖြစ်တယ်။ ဗိုက်ဆာရင် ၀င်သာစားပါ ဘာမှ အားမနာနဲ့လို့ ပြောတယ်။ သွေးသစ္စာကို အစ်မတခု ထပ်ပြောရင် အံ့သြသွားဦးမယ် တနင်္သာရီတိုင်းက ဗမာတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ဗမာလို့ ခေါ်ပြီး အပေါ်ကဗမာတွေကို ပုဂံလို့ခေါ်တယ်။ အဲဒါ မြနr်ာပြည်အပေါ်ပိုင်းကဗမာတွေကို ခေါ်တဲ့အခ်ါဝေါ်ဖြစ်တယ်။ အဲဒါ ဒေသတိုင်းမှာ ရှိနိုင်ပါတယ်။

အမရေ
လူသားဖြစ်တည်မှု တင်ပြချက်ကို ကြိုဆိုပါတယ်

ဒီနေရာမှာ မျောက်နဲ့ပရိုင်းမိတ်ကို ခွဲပြောဖို့လိုပါမယ်။

ဘယ်မျောက်မှ လူမဖြစ်လာပါဘူး။
ပရိုင်းမိတ်ကတော့ လူဖြစ်လာမယ့် မျိုးစိတ်ဖြစ်ပြီး ... မျောက်နဲ့ ဥပဓိချင်းသွားဆင်နေတာပါ။

မျောက်ကနေလူဖြစ်လာတယ်လို့ပြောနေတာ ခဏခဏကြားရပါတယ်။
ရှင်းလင်းစေချင်လို့ပါ။

အရင်က ပရိုင်းမိတ်ဟာ သစ်ပင်ပေါ်မှာနေပါတယ်။
အဲဒီအတွက် တုတ်ခိုင်တဲ့ လက်ဖျံကြီးတွေနဲ့ အရိုးတွေအများကြီးတွေ့ရပါတယ်။

နောက်ပိုင်းမှာ တင်းပုတ်တွေကိုင်လာတော့ သစ်ပင်ပေါ်တက်ရခက်လို့ လမ်းလျှောက်ပါတယ်။ တင်းပုတ်ကိုင်ပြီးလျှောက်သွားနေတဲ့မျောက်တော့ ထပ်မတွေ့ကြသေးဘူးထင်ပါတယ်။

လမ်းလျှောက်တဲ့အတွက် ပရိုင်းမိတ်ဟာ ကြွက်သားတွေ သန်မာမှုပြောင်းလဲလာပါတယ်။ မျောက်တွေမှာလို ခြေထောက်တွေကြုံလှီမနေပါဘူး။ တဖြည်းဖြည်း စမတ်ကျကျ လမ်းလျှောက်နိုင်လာပါတယ်။

ခင်ခင်မင်မင် ၀င်ဆွေးနွေးတာပါ ....။

Xanthos

xanthos ပြောတာ ကျမလဲလက်ခံပါတယ်။
မျောက်က လူဖြစ်လာတာမဟုတ်ဘူး။ မျောက်နဲ့ပုံသဏ္ဍာန်ချင်းတူရာကနေ စားသောက် နေထိုင်မှု တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အခုပုံစံတစတစ ပြောင်းလဲ ဖြစ်ပေါ်လာတာပါ။

မျောက် (တိရစ္ဆာန်)က အပါယ်ဘုံသားပါ။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံ (ဒုဂ္ဂတိဘုံ) ကနေ လူအဖြစ်ကို ဘ၀မကူးဘဲ ပြောင်းလဲ မလာနိုင်ပါဘူး။ သိပ္ပံပညာအရ လူနဲ့ မျောက်က species ချင်းတူရင်တောင် ဘုရားဟော အဘိဓမ္မာအရ ဘုံချင်း မတူပါဘူး။

ဘုရားဟောတဲ့ကမ္ဘာ ဆိုတာက ဘယ်တုန်းက ကမ္ဘာပဲဖြစ်ဖြစ် ဖြစ်စဉ် နဲ့ ပျက်စဉ်က အတူတူပါပဲ။ ဘုရားက ကမ္ဘာပျက်ရင်ဘယ်လို အကြောင်းတွေကြောင့် ဖြစ်ရင်ဘယ်လို ပြန်ဖြစ်တယ် စသဖြင့် ပြောခဲ့ပါတယ်။ လူရဲ့အစကို ဘုရားမဟောခဲ့ဘူး။ ဘာကြောင့်ဆိုတော့ အဲဒီလို အစလိုက်နေခြင်းဟာ တရားရရာရကြောင်းအတွက် ဘာမှအထောက်အပံ့ မဖြစ်စေဘဲ အကျိုးမရှိလို့ပါပဲ။ မြတ်စွာဘုရားဟာ ၄၅ ၀ါပတ်လုံး သတ္တ၀ါတွေအတွက် အကျိုးတစုံတရာ ဖြစ်ပေါ်စေမယ့် ဓမ္မတွေကိုသာ ဟောကြားတော်မူခဲ့ပါတယ်။

ခုနပြောသလို သိပ္ပံပညာအရ လူနဲ့ မျောက် မျိုးစိတ်ချင်း
တူချင်တူနိုင်ပေမဲ့ ဘုံချင်းမတူ၊ ကံချင်းမတူ၊ ဥာဏ်ချင်းမတူ၊ ဟိတ်ချင်းလဲ မတူနိုင်ပါဘူး။ အခုလက်ရှိကမ္ဘာမှာလဲ မတူသလို စကြာဝဠာအနန္တ၊ ကမ္ဘာအနန္တ ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် လူနဲ့တိရစ္ဆာန် နည်းနည်းမှ မတူနိုင်ပါ။ (လူဖြစ်ပါရက်နဲ့ တိရစ္ဆာန်လို ကျင့်နေတဲ့သူတွေလဲရှိတာပဲလို့ ကပ်ပြောလို့တော့ရတာပေါ့) ယေဘုယျပြောရရင်တော့ သတ္တ၀ါတွေဟာ ဘုံချင်းမတူတဲ့အတွက် သက်ရှိတမျိုးထဲကနေ ပြောင်းလဲဖြစ်ပေါ်တယ်ဆိုတာ မဟုတ်ပါဘူး။

မငယ်နိုင် အဘိဓမ္မာ (ဘုံပိုင်း) ကို လေ့လာကြည့်ပါ။ အဘိဓမ္မာက အလွန်ခက်ခဲ နက်နဲပါတယ်။ စာဖတ်ရုံနဲ့ သဘောမပေါက်နိုင်ပါ။ သင့်တော်တဲ့ ဆရာသမားများထံ ချဉ်းကပ်သင်ယူပါ။

အရမ်းကောင်းတဲ့ပိုစ်လေးပါမငယ်နိုင်

ဒီပို့စ်လေးကို ကိုယ်တော်ချောအား ဖတ်စေ ချင် ပါတယ်။
သူကပဒုမဒေဝီကို သား၅၀၀ဖွား တယ်လို့ ဟောခဲ့ တဲ့မြတ်ဗုဒ္ဓကို အာရွှီးတယ် ဆိုပီး မတရားလှောင်ပြောင်ပုတ်ခတ် ထားတာလေ။ သေချာလဲမလေ့လာပဲအပေါ်ယံတွေပဲဖတ် ပီး ပုတ်ခတ်စော်ကားခြည်းနေတာ။ အမှန်တရားကိုသိအောင် မကြိုးစားရဲဘူး။ ကြိုးစားခဲ့ရင်လဲနောက်ဆုံးတော့ အမှန်တွေပဲ ထွက်လာမယ်ဆိုတာ ကြိုသိ နေ လို့ သိအောင် မလေ့လာရဲတာ။

ကိုယ်တော်ချောသို့....

မြတ်ဗုဒ္ဓ မှာ မေးခွန်းတိုင်း အတွက်အဖြေရှိတယ် ကိုတော်ချောရေ။
ကြောက်ချီးပန်းပီး ကော်မန့်တွေ စီဘောက်စ်တွေပိတ်ထား တဲ့ ကိုယ်တော် ချော သတ္တိရှိ ရင် အဲဒါတွေအကုန်လုံးပြန်ဖွင့်။ နင့်ပိုစ်စ်တခုတင်လိုက်တိုင်း ရာနဲ့ချီပီးပြန်ချေပကြတဲ့ ငါတို့ဗုဒ္ဓဘာသာ မြန်မာ တွေရဲ့ စည်းလုံးမှု ကိုသွေးပျက်အောင်ကြောက်နေတာလား။ငကြောက် အခြောက် ။နင်မှအခြောက်အစစ်။ ငါတို့မြတ်ဗုဒ္ဓက နိဗ္ဗာန် ချမ်းသာရသွားဘီ။ သူ့အတွက်နောက်ဘဝဆိုတာမရှိတော့ဘူး။ဗုဒ္ဓဘာသာနဲ့ပတ်သက်ပီး မူကြိုအဆင့်လောက်တောင်မရှိတဲ့အသိလောက်နဲ့များ ဝေဖန်စော်ကားနေတာ မရှက်တဲ့ အတိုင်းပဲ)

စောရီးနော်မငယ်နိုင်။ သူ့ကိုပြောချင်နေတာကြာပီ။ အဖက်လုပ် ပီးသူ့ဆီအီးမေးလ်မပို့ချင်ဘူး။ သူကရိုင်းတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပို့ရင် ကိုယ်ပဲဒေါသထွက် ရမှာလေ။ပီးတော့သူ့ကိုလူတွေရှေ့မှာစိန်ခေါ်ချင်တာ။
အခုအကြောင်းတိုက်ဆိုင်လာလို့ သူ့ကိုပေါက်ကွဲမိတာပါ။

မြတ်သက်ဆွေ

ဒီနေရာလေးမှာ ဒီပို့စ်နဲ့ မသက်ဆိုင်ပေမယ့် မငယ်နိုင်ဆွေးနွေးလို့ ပြန်ဆွေးနွေးလိုက်ပါတယ်ခင်ဗျာ
(ကိုရင်ကိုတော့ ကိုရင်ပါပဲ။ ဒီတော့ ဦးပဉ္ဇဇင်းဆိုတာ အသက်ငယ်တာရော ၀ါနည်းတာပါ နှစ်ခုစလုံးနဲ့ အကျုံးဝင်မယ်ထင်တယ်။)ဒါဆိုမငယ်နိုင်က ဘယ်နယ်ဘက်ကလဲတော့မသိဘူးဗျ ကျွန်တော်ရောက်ဖူးခဲ့တဲ့ နယ်တွေမြို့တွေမှာတော့ ဦးပဉ္ဇဇင်းဆိုတာ ကိုရင်ကနေ သက်တော်ဝါတော်ကြီးလို့ သူအလိုလို ဖြစ်တည်လာတာမဟုတ်ပါဘူး ရဟန်းဒါယကာမတွေဆိုတာလဲ အလကားဖြစ်တည်လာတာမဟုတ်ပါဘူး ကျွန်တော် သိသလောက် ဝေမျှချင်တာက ကိုရင်စ၀တ်ပြီးမှ ကိုရင်အတွက်သတ်မှတ်ထားတဲ့ဝါတော်၊စာသင်သားဆိုရင်စာသင်တန်းတွေနဲ့ သတ်မှတ်သလောက် ပြည့်စုံပြီဆိုတာနဲ့ ပဉ္ဇဇင်းခံဖို့ မိဘ၊ဒါမှမဟုတ် တာဝန်ယူပြီး ပဉ္ဇဇင်းခံပေးမယ့် ရဟန်းဒါယိကါ၊ရဟန်းဒါယိကါမတွေက ပဉ္ဇဇင်းခံပေးပါတယ်.. ပဉ္ဇဇင်းမခံရသေးသ၍ကတော့ ဦးပဉ္ဇဇင်း မဖြစ်သေးပါဘူး အဲလိုပဲအဆင့်ဆင့် ဖြစ်တည်ရတာပါ ကျွန်တော်ဆိုရင် ရှင်ပြုပြီး ကို၇င်ပဲဝတ်ရသေးပါတယ် ရဟန်းမခံရသေးပါဘူး နောက်တစ်ခါ ထပ်ဝတ်မယ်ဆိုရင် ရဟန်းမခံရင် ကိုရင်ကြီးအနေနဲ့ပဲဝတ်လို့ရပါတယ်.. တစ်ခါတည်း တန်းပြီး ဦးပဉ္ဇဇင်းဖြစ်မသွားပါဘူး
(သွေးသစ္စာရေ - မိမိနဲ့ မတူတဲ့ ပြုမူပြောဆို နေထိုင်ပုံတွေကို တွေ့ရင် စိတ်ထဲမှာ ငါနဲ့မတူရကောင်းလားဆိုပြီး အမြဲတမ်းလိုက်ယှဉ်ပြီး တူစေချင်နေရင် အကုသိုလ်စိတ် ၀င်ဖို့ သိပ်လွယ်ပါတယ်။ )အမရေ ငါနဲ့မတူရကောင်းလားဆိုပြီး လိုက်ယှဉ်နေတိုင်း အကုသိုလ်စိတ်မ၀င်ပါဘူး မြန်မာဗုဒ္ဓဘာသာဆိုပြီး ခံယူချက်တွေလွဲမှားပြီး အဓမ္မ၀ါဒီလိုလိုနဲ့ လုပ်ပုံကိုင်ပုံ အခေါ်အဝေါ်တွေမလွဲမှားစေဖို့ မေးခြင်းဖြစ်ပါတယ်။ အစ်မလဲသားလေးမွေးထားတာပဲလေ အစ်မအမေတစ်ယောက်အနေနဲ့ ပိုသိမှာပါ ကျွန်တော်ပြောတာမှားနေရင် ၀င်ဖြည့်စွက်ပေးပါလားအစ်မရေ .. အမဆီလာဖတ်တဲ့ သူတွေလဲဗဟုသုတရတာပေါ့ဗျာ..

Xanthos ပြောထားတဲ့ လူကမျောက်က ဆင်းသက်လာတာ မဟုတ်ဘူးဆိုတာနဲ့ ခင်ခင် ပြောထားတဲ့ ဘာသာရေးနဲ့ ပတ်သက်တာတွေကို ကျွန်မ လက်ခံပါတယ်။ Primates က လူ၊ မျောက်ဝံတို့လို ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး လှုပ်ရှားသွားလာနိုင်တဲ့ ကျောရိုးရှိ နို့တိုက်သတ္တ၀ါ အမျိုးအစား သတ္တ၀ါတွေကို ဆိုလိုတာ ဖြစ်တယ်။ ဒီပို့စ်ကို ဆရာတော်က လူဖြစ်လာတာနဲ့ ပတ်သက်ပြီး ဘာသာရေးအရ ရှင်းထားပြီး ကျွန်မက သိပ္ပံနဲ့ ပတ်သက်ပြီး ပြောထားတဲ့ အချက်အလက်တွေကို ဖြည့်စွက်ထားတာသာ ဖြစ်ပါတယ်။ သိပ္ပံနဲ့ ပတ်သက်တာက လက်ရှိကမ္ဘာမှာ ဇီဝရုပ်ဖြစ်ပျက် ပြောင်းလဲနေတာကိုသာ ပြောထားပေမဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့နေရာမှာကျတော့ ရှေးဘ၀ကံအကျိုးတွေ လောကုတ္တရာ အပေါ် အခြေခံထားပါတယ်။ သက်ရှိတွေရဲ့ ခန္ဓာကိုရုပ်ကို ဖွဲ့စည်းထားတဲ့ ဓါတ်တွေက ဘုရားအဟောရော သိပ္ပံမှာပါ ဘာမှ ကွာခြားတာကို မတွေ့ရ၊ Evolution မှာ ပြောထားတာတွေကလည်း သက်ရှိတို့ရဲ့ ဇီဝရုပ်ဖြစ်ပျက် ပြောင်းလဲလာတာကိုသာ ပြောထားတာ ဖြစ်တဲ့အတွက် ဘုရားအဟောကို ဆန့်ကျင်ခြင်း မဆန့်ကျင်ခြင်းဆိုတဲ့ အချက် ဘာမှ မတွေ့ရပါဘူး၊ သီးခြားစီ ဖြစ်တယ်ဆိုတာကိုသာ ကျွန်မ ပြောလိုတာ ဖြစ်တယ်။

ဆရာတင့် ထားပေးခဲ့တဲ့ Link အတွက် ကျေးဇူးတင်ပါတယ်။

မြတ် - စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ဒီပို့စ်ကို ကိုယ်တော်ချော လာဖတ်လည်း ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။ တိုက်ခိုက်စော်ကားချင်တဲ့သူက မဆိုင်တဲ့ မှတ်ချက်တွေနဲ့ပဲ စော်ကားတိုက်ခိုက်ပြီး ဘလော့ဂ်ကို အမှိုက်ပုံ ဖြစ်အောင်လာလုပ်တာပဲ အဖတ်တင်နိုင်တယ်။ ကိုယ်တော်ချောနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ပို့စ်သီးသန့်ရှိပါတယ်။ ဒါကြောင့်မို့ သူ့အကြောင်းရေးချင်ရင် အဲဒီပို့စ်အောက်မှာပဲ ရေးစေချင်တယ်။

-သွေးသစ္စာရေ သွေးသစ္စပြောတဲ့ ဘုန်းကြီးနဲ့ ကိုရင်ကို အစ်မကွဲပါတယ်။ ဦးပဉ္ဇဇင်းကို ဦးဇင်းလို့ အတိုခေါ်လိုက်တာနဲ့ အသက်ငယ် (သို့) ၀ါငယ်တဲ့ ဘုန်းကြီးတွေကို ဆရာတော်မခေါ်ဘဲ ဦးဇင်းခေါ်တာများတယ် ဆိုတာကလွဲလို့ အစ်မပြောတာနဲ့ သွေးသစ္စာပြောတာနဲ့ ဘာမှ ကွာတာမတွေ့ဘူး။ ကျန်တာ အတူတူပါပဲ။ သွေးသစ္စာက ဘာကိုကွာနေတယ် ထင်နေလဲတော့ မသိဘူး။

ကျန်တဲ့ အယူအဆတွေကိုတော့ ဘာမှမပြောလိုပါဘူး မငယ်ရေ...။ သမိုင်းဆိုတာက အခုချိန်ထိ အငြင်းပွားနေကြရတာပဲ။ ကျနော်လည်း ၀င်ငြင်းဦးမယ်။ ( ဗမာ၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ရခိုင် စတဲ့ မြန်မာတိုင်းရင်းသားတွနဲ့ ယိုးဒယား၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ ဂျပန် စတာတွေ အားလုံးက အသားဝါသူတွေ မဟုတ်ပေမဲ့ အားလုံးဟာ မွန်ဂိုးလီးယားအ နွယ်ဝင်တွေက ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။ ဒါက မြန်မာတိုင်းရင်းသားတွ ဆက်ကဲဖြစ်ပေါ်လာတဲ့ Evolution ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ အသားဝါသူနဲ့ အသားညိုသူ ရောနေတာ မွန်ဂိုးလီးယားကို တခြားနွယ်ဝင်တွေနဲ့ မျိုးစပ်ထားလို့ ဖြစ်ပါတယ်။) အဲဒီအထဲမှာ ရခိုင်တွေက မွန်ဂိုလီးယားအနွယ်မဟုတ်ဘူးဗျ။ အာရိယာန်မျိုးနွယ်တွေလို့ သမိုင်းစာစောင်တွေထဲမှာ ဖတ်ရပါတယ်။ ယနေ့ရခိုင်တွေလဲ အာရိယာန်မျိုးနွယ်ဆိုတာကို အခိုင်အမာ ယုံကြည်ထားကြပါတယ်။ ကျမ်းကိုးသက်သေကတော့ စာအုပ်တွေအဖြစ်ပဲရှိလို့ ဒီနေရာမှာ မပြနိုင်တာ စိတ်မကောင်းပါ။ ဒါလေးတစ်ခုဖြည့်စွက်ပြောချင်တာတစ်ခုပါပဲ။

မောင်မိုးရေ ဖြည့်စွက်ပေးတာ ကျေးဇူးတင်ပါတယ်။ မောင်မိုးပြောတာ ဟုတ်မှာပါ။ အစ်မလည်း Evolution နဲ့ ပတ်သက်တာပဲ အကိုးအကား ရှိပါပါတယ်။ လူမျိုးနွယ်စုနဲ့ ပတ်သက်တာတွေက အရင်ဖတ်ထားဖူးတဲ့ စာအုပ်တွေထဲက မြန်မာလူမျိုးများနဲ့ အရှေ့တောင်အာရှကလူမျိုး အတော်များများက မွန်ဂိုးလီးယားအနွယ်ဝင်က ဆင်းသက်လာတယ်ဆိုတာ ဖတ်ဖူးတာကို ရေးထားတာဖြစ်လို့ တိုင်းရင်းသားထဲမှာ တမျိုးဖြစ်တဲ့ ရခိုင်ပါ ရောပါသွားတာသာ ဖြစ်တယ်။ ဒီအတိုင်းဆို ချင်းလည်း အာလီးယန်းနွယ်ဝင် ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ တိုင်းရင်းသားတခုချင်းစီရဲ့ မျိုးနွယ်စုသမိုင်းသီးသန့်ကိုတော့ မဖတ်ဖူးဘူး။ မောင်မိုးပြောတာကို ပြန်ဖြည့်ပေးလိုက်မယ်။ ထောက်ပြပေးတာ ကျေးဇူးပဲနော့်။

မငယ်နိုင်
မခင်ခင်ပြောတာ သဘောကျပါတယ်၊ လူဘုံနဲ့ ၊ တိရစ္ဆာန်ဘုံ နဲ့  တခြားစီပါ။ ဒါဝင်ကိုလည်း မိမိ အယူအဆနဲ့ ကိုက်လို့  လက်ခံလို၊ ဗုဒ္ဓဘာသာအယူအဆကိုလည်း ဗုဒ္ဓဘာသာဖြစ်နေလို့ မပယ်လို လုပ်လို့ မရပါဘူး။ တိရစ္ဆာန်၊က တိရစ္ဆာန်၊ လူက လူပါပဲ။ ဒါဝင်လက်ခံရင် ဗုဒ္ဓဘာသာအယူအဆနဲ့  ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်ပါတယ်။

ဒီကိစ္စကို စာသင်ခန်းထဲမှာတုန်းကလည်း မူစလင် အတန်းအဖေါ်တွေက အကြီးအကျယ် ကန့်ကွက်ကြသလို အခုလည်း ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုပဲ ဖြစ်နေတာတွေ့လို့ ကျွန်မ ဥပမာပေးတာ ကျွန်မပဲ ပေးမတတ်လို့ ဖြစ်မယ် ဘယ်သူမှ မရှင်းမလင်းပဲ ဖြစ်နေတာ။ ဒါဝင်ပြောတာ လက်ရှိဘ၀ရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ဇီဝသိပ္ပံသက်သက်ကိုပဲ ပြောပါတယ်။ ဘုရားပြောတဲ့ ဗြမ္မာဆိုတာ ရှေးဘ၀နဲ့ ပတ်သက်တာကိုပြောတယ် ဒါကြောင့် ဒီနေရာမှာ ဆက်စပ်မှု မရှိပါဘူး။

ကျွန်မ တခြားဥပမာတခု ပြောပြီး ရှင်းပြချင်ပါတယ်။ ကျွန်မတို့ရွာနားမှာ အမေရော အဖေရော အသားမဖြူမညို ဗမာနှစ်ယောက်ကနေ နှစ်ယောက်ကနေ အသားပန်းရောင် မျက်လုံးညိုပြာ ဆံပင်ရွှေဝါရောင် ကော့ကေးရှန်းပုံစစ်စစ် အမွှာ မောင်နှမနှစ်ဦးကို မွေးဖွားထားတာ ရှိပါတယ်။ အားလုံးက အင်္ဂလိပ်နဲ့ ရတာမဟုတ်ဘူး လူဝင်စားတယ်လို့ ယုံကြည်ကြတယ်။ အင်္ဂလိပ်နဲ့ ရရလောက်အောင် ကိုယ်ဝန်ရသူကလည်း သူ့ရွာကလွဲပြီး ဘယ်မှရောက်ဖူးသူ မဟုတ်သလို ဒီရွာကိုလည်း အင်္ဂလိပ်လက်ထက်က စက်ရုံရှိဖူးပေမဲ့ နောက်ပိုင်း ဒီရွာမပြောနဲ့ ကျွန်မတို့မြို့ကိုတောင် အင်္ဂလိပ်တခါမှ ရောက်ဖူးတာ မဟုတ်ဘူး။ သူတို့အမေကိုယ်ဝန်ရတဲ့အချိန်ကလည်း အင်္ဂလိပ် လင်မယားနှစ်ယောက်က နေစရာမရှိလို့နင်နဲ့ အတူတူနေပါရစေဆိုပြီး အိပ်မက်မက်ပြီး သူကလည်း တခြားသူတွေကို လိုက်ပြောပြထားတယ်၊ မွေးလာတဲ့ကလေးကလည်း အင်္ဂလိပ်ကလေးတွေ မွေးလာတယ်ဆိုတော့ လူဝင်စားတယ်ဆိုတာကို အကုန်လုံးက လက်ခံထားကြတယ်။

ဇီဝသိပ္ပံအရတော့ မျိုးရိုးဗီဇမှာ မိဘတဦးဦးရဲ့ သွေးထဲမှာ ကော့ကေးရှန်းသွေး ရှိနေလို့သာ ကော့ကေးရှန်းကလေးကို မွေးခြင်းဖြစ်တယ်။ အဲဒါကိုကျတော့ မိဘနှစ်ပါးနဲ့ အဲဒီရွာသားတွေက လက်ခံမှာမဟုတ်ဘူး။ ဒါ့ပေမဲ့ ကျွန်မက နှစ်ခုစလုံးကို လက်ခံတယ်။ အဲဒါ အကြောင်းမဲ့မဟုတ်ပါဘူး။ ဒီကလေးတွေရဲ့ မိဘနှစ်ပါးအနက် တယောက်ယောက်မှာ မျိုးရိုး ဗီဇအရ ဘိုးဘွား၊ ဘီဘင် လက်ထက်က အဖြူနဲ့ အမျိုးစပ်မိပြီး အဲဒီဗီဇက အရင်မျိုးဆက်တွေမှာ မပေါ်ဘဲ ငုပ်ဗီဇအဖြစ်နဲ့ ရှိနေပြီး အခုမှ လာပေါ်တာဖြစ်တယ်။ သွေးထဲမှာ ငုပ်ဗီဇအဖြစ် ကော့ကေးရှန်းသွေး မရှိပဲနှင့် Asian စစ်စစ် ကနေ ကော့ကေးရှန်း စစ်စစ် လူသား ကို မွေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို မျိုးရိုး ဗီဇ ဘာသာရပ် ကို လေ့လာထားရင် သိနိုင်ပါတယ်။ မျိုးရိုးဗီဇမှာ မိခင်နဲ့ ဖခင် နှစ်ဦးဆီက ရတဲ့ Gene တခုဟာ တယောက်ဆီက လက္ခဏာပဲ စိုးမိုးဗီဇအဖြစ်ပေါ်ပြီး ကျန်တဲ့တဦးရဲ့လက္ခာက ငုပ်ဗီဇအဖြစ် ပျောက်နေပြီး မျိုးဆက်သုံးလေးခု ကြာမှ စိုးမိုး ဗီဇအဖြစ် ပြန်ပေါ် လာတာမျိုး ရှိပါတယ်။

ဒီဥပမာမှာ မျိုးရိုးဗီဇမှာ ဘ၀သံသရာနဲ့ ပတ်သက်တဲ့ လူဝင်စားတာ မပါဘူး။ လူဝင်စားတယ်ဆိုတဲ့နေရာမှာလည်း မျိုးရိုးဗီဇအရ သွေးထဲမှာ ရှိတဲ့ Gene ရဲ့သဘောသဘာဝကို နားမလည်ရင် အင်္ဂလိပ်သွေးပါလို့ ဆိုပြီး သွားပြောရင် လက်ခံကြမှာမဟုတ်ပေမဲ့ တကယ်ကို အ င်္ဂလိပ်သွေးပါလို့ မွေးတာဖြစ်တယ်။

ကျွန်မယုံကြည်တာက ဒီကလေးတွေ ဖြစ်လာတာ အင်္ဂလိပ်သေပြီး မကျွတ်လွှတ်ဖြစ်နေတဲ့သူလည်း ရှိနေလို့ တယောက်ယေက်ရဲ့ သွေးထဲမှာလည်း အင်္ဂလိပ်မျိုးစပ်ထားတဲ့ သွေးရှိနေလို့ ဒီလိုကော့ကေးရှန်းကလေးကို မွေးနိုင်တာ ဖြစ်တယ်။ ဒါကြောင့် ဒီနှစ်ခုစလုံးကို ကျွန်မ မငြင်းဘူး အခု ဘုရားဟောတဲ့ ဗြမာကြီးလေးဦးက ဆင်းသက်လာတာနဲ့ သက်ရှိတွေဟာ မျိုးတူအုပ်စုက ဆင်းသက်လာတယ်ဆိုတဲ့ ( လူက မျောက်က ဆင်းသက်လာတယ်ဆိုတာ မိမိဖါသာ လိုသလို အဓိပ္ပါယ်ကောက်ကြတာသာ ဖြစ်တယ်) အပေါ်မှာလည်း ဒီဥပမာအတိုင်းပဲ နှစ်ခုစလုံး ဖြစ်နိုင်တယ်လို့ ပြောတာဖြစ်တယ်။ အဲလောက်ဆိုရင်တော့ ကျွန်မ ဘာကြောင့် နှစ်ခုစလုံးကို လက်ခံတယ်ဆိုတာ ရှင်းမယ်ထင်တယ်။
မျိုးရိုးဗီဇ အမွေဆက်ခံပုံကို စိတ်ဝင်စားရင် http://nge-naing.blogspot.com/2009/10/blog-post_27.html ဒီပို့စ်ထဲမှာ ဖတ်နိုင်ပါတယ်။ ပေးထားတဲ့ ဥပမာဟာ ဒီပို့စ်ထဲကပဲ ဖြစ်တယ်။

ဥပမာပေးထားနဲ့  အပါယ်မျိုးနွယ်(မျောက်) သည် လူသားမျိုးနွယ် (လူဘုံ) သို့ ဆင့်ကဲကဲ ပြောင်းလဲလာသည်ဆိုတဲ့  အယူအဆကိုရှင်းနေတာနဲ့  ဘယ်နေရာမှ ဆက်စပ်မှုမရှိပါဘူး "အခု ဘုရားဟောတဲ့ ဗြမာကြီးလေးဦးက ဆင်းသက်လာတာ " ဆိုတာကိုက ဗုဒ္ဓဘာသာ အယူအဆ မဟုတ်ဘဲ ဟိန္ဒူ ကနေ ဗုဒ္ဓဘာသာလိုလို ၀င်ပူးလာတဲ့ အယူအဆသာ ဖြစ်တယ်ဆိုတာ သိပါရဲ့ လား။ ဘယ်ဆရာတော်ကများ ဗြဟ္မာကြီးလေးဦးက ဆင်းသက်တာတယ်လို့ ဟောဘူးပါသလဲ။ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်တယ်လို့ ပဲ ဟောပါတယ်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့  ပဌာန်းအကျယ်ချဲ့ ဟောထားကို သေသေချာချာ နာကြည့်ပါ။ သေချာမှ ပြောပါ။ မသေချာတဲ့ message တွေ လူတွေကို မပေးပါနဲ့ ခင်ဗျာ။ အထူးသဖြင့် ဘာသာရေးနဲ့ ပတ်သတ်ရင် သတိထားပါ။

In 1993, I asked Sayagyi U Ba Maw (Prof. of Geology, Mandalay) the difference between Buddhism and evolution. He answered “Evolution do not deviate from Buddhism” and given an example “worms from Geikzakoke Hill of Razagyo city”.
Sayagyi is a Myanmar pioneer of Pondaung Primate and his finding was published in Nature magazine (1979). Please see “Ancestor of Burma Primates” in following link (http://www.uiowa.edu/~bioanth/burma.html).
Additionally, Saya Mg Thit Sinn wrote Sayagyi biography in Your Life magazine (1996) as “A story of two molars”.
We need to study both fields in thoroughly.
Please contact Sayagyi U Ba Maw (951_690057) if you need further clarifications.

ပို့စ်ပါ အကြောင်းအရာနဲ့ ခုကောမန့်က မပတ်သက်ဘူး .. ဦးဇင်းဆိုတာနဲ့ ပတ်သက်လို့ပေါ့ဗျာ
ကျွန်တော်တို့ဆီ မှာလည်း အဲ့လိုပဲခေါ်တယ် ..
သက်တော်ကြီးတဲ့ သံဃာတွေကို ဘုန်းဘုန်းလို့ ခေါ်လိုက်တယ်၊ ကျန်တာ ဦှးဇင်း၊ ကိုရင် .. အဲ့လိုခေါ်လို့ ဘယ်ဘုန်းကြီးကမှလည်း ဘာမှဖြစ်မနေပါဘူး .. ခေါ်ဖို့အရေး အရှင်ဘုရား ၀ါတော်ဘယ်လောက်ရှိပါပြီလဲဘုရား အရင်မေးပြီးမှ
ဘုန်းဘုန်းတွေ၊ ဦးဇင်းတွေလုပ်မနေဘူးထင်ပါတယ် .. ဟဲဟဲ ကျွန်တော်ရှမ်း၊ ကချင် ၂နေရာလုံးမှာ ကြီးလာတာ ..
အမရေ ခုကပို့စ်နဲ့ဆိုင်တာ :)
ဘာသာရေးနဲ့ သိပ္ပံပညာကို သီးခြားခွဲထုတ်ထားတာ ပိုမကောင်းဘူးလားဗျာ

မငယ်နိုင်ပြောတာ မရှင်းလင်းလို့ အခုလို ပြောနေတာ မဟုတ်ဘူးရှင့်။ မငယ်နိုင်က မြတ်စွာဘုရားဟောတာနဲ့ သိပ္ပံတွေ့ရှိချက်ကို ရောထွေးနေလို့ ပြောရတာပါ။
မငယ်နိုင်ဖြည့်စွက်ချက်ကို လက်မခံဘူးလို့ ဆရာတော် ဦးကောဝိဒကိုယ်တိုင် ပြန်ပြောထားတာလည်း တွေ့ရပါတယ်။
ကျမတို့လည်း ဆရာတော်နဲ့ တသဘောထဲပါပဲ။ ပြီးတော့ သိပ္ပံတွေ့ရှိချက် ဘယ်လိုပင်ရှိရှိ ဗုဒ္ဓဟောကြားချက်ကိုသာ အမှန်လို့ ယူဆပါတယ်။
ဒါကလဲ ဘလိုင်းကြီး မျက်စိမှိတ်ယုံတာ မဟုတ်ပါဘူး။ ကျိုးကြောင်း ဆက်စပ်မှုရှိလို့ မှန်ကန်တယ်လို့ ယူဆလက်ခံတာပါ။

သိပ္ပံပညာယူဆချက်နဲ့ ဗုဒ္ဓဟောကြားချက်မှာ အဓိက ကွာခြားချက်ကတော့ ဗုဒ္ဓက သက်ရှိထဲမှာ အပင်ကို မထည့်ထားဘူး။ ကံကြောင့်ဖြစ်သော သတ္တ၀ါတွေသာ သက်ရှိဖြစ်တယ်။ ဘိုင်အိုလော်ဂျီအယူအဆကတော့ living thing ထဲမှာ plant ရော animal ပါ ပါတယ်။ သိပ္ပံနဲ့ ၀ိဇ္ဇာ ကွဲလွဲချက်တွေ အများကြီးပါ။

သတ္တ၀ါမှာလဲ တိရစ္ဆာန်အပါအ၀င် အပါယ်လေးဘုံသားတွေဟာ အဟိတ်ပဋိသန္ဓေစိတ်တမျိုးထဲသာ ဖြစ်တယ်။ ဆိုတော့ တိရစ္ဆာန်ကနေ လူကို ဘယ်နည်းနဲ့မှ အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်မလာနိုင်ပါဘူး။

ဒါကြောင့် မငယ်နိုင်အနေနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းထားတဲ့ ဇီဝသိပ္ပံသက်သက်ကိုပဲ ပြောတာဆိုရင် ဆရာတော်ဦးကောဝိဒရဲ့ ရှင်းပြချက်မှာ အဲဒီလို ထပ်မံဖြည့်စွက်လို့ လုံးဝ လုံးဝ မရပါဘူး။ ဒါဝင်အယူအဆဟာ ဗုဒ္ဓတရားတော်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့အတွက် လူသည် မျောက်က ဆင်းသက်၏ (သို့မဟုတ်) မျောက်မှ တဆင့်ပြီးတဆင့် ပြောင်းလဲ ဖြစ်ပေါ်လာ၏ ဆိုတဲ့ အယူကို လက်ခံလို့ မရပါဘူး။

ုမငယ်နိုင်အနေနဲ့ သိပ္ပံနဲ့ ၀ိဇ္ဇာ (ပညာ) ရောထွေးနေတယ်လို့ ကျမအနေနဲ့ ထင်မြင်မိပါတယ်။
ကိုနိုင်လင်းပြောထားတာ မှန်ပါတယ်။ ကျမလက်ခံပါတယ်။ မငယ်နိုင်ဥပမာ ပေးထားတာနဲ့ လူဟာ မျောက်က ဆင့်ကဲပြောင်းလဲလာတာနဲ့ ဆက်စပ်မှုမရှိဘူး။ ကျမက မငယ်နိုင် အတန်းဖော် မူစလင်တွေကန့်ကွက်သလို ဒီကိစ္စကို လက်မခံဘဲ စွတ်ငြင်းနေတာ မဟုတ်ပါဘူး။ မငယ်နိုင်က မဖြည့်စွက်သင့်တာကို ဖြည့်စွက်ထားလို့ ၀င်ပြောတာပါ။

မငယ်နိုင် လေ့လာချင်ရင် အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်ကို ဖတ်ကြည့်ပါ။ အင်တာနက်မှာ အလွယ်တကူ ရှာဖွေ ဖတ်ရှုလေ့လာနိုင်ပါတယ်။

မငယ်နိုင် တချို့အကြောင်းအရာတွေဟာ စပ်ဆက်ပြီးပြောလို့ သိပ်မရပါဘူး သိပ္ပံပညာနဲ့ ဘာသာရေး လဲထိုနည်းလည်းကောင်းပါဘဲ သပံ္ပပညာနဲ့ ဘာသာရေးဆက်စပ်တွေးကြည့်ရင်းနဲ့ အနောက်နိုင်ငံက ခရစ်ယန်တွေ atheism တွေဖြစ်ကုန်ကြပါတယ် ကွှန်တော်နားလည်သလောက် မြတ်စွာဘုရားက အစကိုပြောတာနည်းပါတယ် အဓိကဟောကြားတာမူတာက အဆုံးသတ်လွတ်မြောက်မှုပါ လူဘယ်ကဖြစ်လဲ ကမ္ဘာ ဘယ်ကစသလဲ ဆိုတာထက် လွတ်မြောက်မှု ဖြစ်တဲ့ နိဗ္ဗာန်နကပိုအရေးကြီးပါတယ် မိုးကုတ်ဆရာတော်ကြီးဟောကြားတဲ့ တရားတွေမှာ အရေးမကြီးတဲ့ ဗြဟ္မာကြီးလေးဦးက စတာထက်အရေးကြီးတဲ့ ဇာတိတဖန် ပြန်မဖြစ်ရေးတွေသာ ဟောကြားတာများပါတယ် သပံ္ပပညာက သူ့ဟာသူ ရှာဖွေပါစေ သပံ္ပပညာကလူသားတွေ လက်ရှိနေထိုင်ရေးအတွက် အကျိုးရှိသာမှန်ပေမယ့် ဗုဒ္ဓဘာသာဝင်တွေအတွက် ပစ္ဏုပ္ပန်မှာရော နောင်တမလွန်မှာရော အရေးကြီးတာ ၀ိပသနာတရားပါ တချို့ဘာသာတရားတွေက ဒါဝင်အယူအဆကို အကြောက်အကန် ကန့်ကွက်ကြပါတယ် ဒါလဲသူတို့အယူအဆအရမှန်ပါတယ် ဒါဝင်အယူအဆကို ဗုဒ္ဓဘာသာနဲ့ စပ်ဆက်ယူရင်လဲ ယူသလို တူခြင်တူနေပါလိမ့်မယ် အထက်ကပြောသလို ဗြဟ္မာလေးဦးအယူအဆဟာလဲ ဗုဒ္ဓဘာသာထဲပူးကပ်နေတဲ့ ဟိန္ဒူအယူအဆတွေလဲဖြစ်နိုင်ပါတယ် ဘယ်သူမှ ကံစေကံမ မပြောနိုင်ပါဘူး ဗုဒ္ဒဘာသာရဲ့ အဓိက အသက်က မောက္ခဆိုတဲ့ လွတ်မြောက်ရာ ပဋိသန္ဓေတဖန်ပြန်မဖြစ်ရာ ကိုသာ ရှေးရှုဖို့ပါ မြတ်စွာဘုရားဟောထား တာရှိပါတယ် လာလှည့် စမ်းကြည့်လှည့် ဆိုတဲ့ ၀ိပ္ပသနာတရားသာ လူသားဘယ်ကဖြစ်သလဲဆိုတာထက် ဒါဝင်ဝါဒနဲ့ နှိုင်းယှဉ်နေတာတွေထက်ပို အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်
လေးစားစွာဖြင့်

စာလာဖတ်ပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ၀ိုင်းဝန်း လာပေး၊ အကြံဥာဏ်ပေး မှတ်ချက်ပေးကြသူ အားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ တခုလွဲနေတာက မှတ်ချက်လာပေးသူ အတော်များများရဲ့ အမြင်မှာ ကျွန်မက ဘာသာရေးနဲ့ ပတ်သက်ပြီး ပြေထားတာတွေကို ဆန့်ကျင်ပြီး ပြန်ငြင်းနေတယ်လို့ ထင်နေကြတယ်။ ပြီးတော့ ဒါဝင်သီအိုရီမှာ လူဟာ မျောက်ကဆင်းသက်လာတယ်လို့ ပြောထားတယ်ပဲ ထင်နေကြတယ်။ အမှန်က ကျွန်မလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောထားတာကို ငြင်းနေတာမဟုတ်၊ Evolution ကလည်း ဘုရားဟောတရားကို ဆန့်ကျင်ခြင်း၊ မဆန့်ကျင်ခြင်း ဆိုတဲ့ အဓိပ္ပါယ် လုံးဝ မပါဘူးဆိုတာကိုပဲ ကျွန်မက ပြောတာဖြစ်တယ်။

ကျွန်မက ဗုဒ္ဓဘာသာ ဖြစ်လို့ ခင်ခင်တို့ Naing Lynn တို့ ပြောတဲ့ မျောက်ကို အပယ်လေးဘုံသားဆိုတာလည်း လက်ခံပြီးသားဖြစ်တယ်။ ကျွန်မမှာ သိပ္ပံတွေ့ရှိချက်များနဲ့ အပယ်လေးဘုံကို ရောစရာအကြောင်းလည်း ဘာမှမရှိပါဘူး။ ဘုရားဟောက ဘုရားဟော ဖြစ်တယ်၊ သိပ္ပံတွေ့ရှိချက်က Experiment နဲ့ ရှာဖွေတွေ့ရှိမှု အပေါ်မှာ အခြေခံပါတယ်။

ထက်စု - ကျွန်မ လေ့လာထားသလောက်ရော အခုဒီပို့စ်မှာပါ ဘုရားဟောတာကို ငြင်းထားတာ ဘာမှမရှိပါဘူး။

Naing Lynn - ကျွန်မအနေနဲ့ ဘုရားဟောခဲ့တဲ့ အဓိကအနှစ်ချူပ် ကံ၊ ကံ၏အကျိုးနဲ့ ပဋိစ္စသမုပ္ပတ်ကိုသာ အဓိကနှလုံးသွင်းထားလို့ ကျန်တာနဲ့ ပတ်သက်ပြီး ဘုရားဘယ်တုန်းက ဘယ်သုတ်မှာ ဘာတွေ ဟောခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်တွေကိုတော့ လေ့လာတာ နည်းပြီး ဖတ်ဖူးတာတွေလည်း စာအုပ်တွေကို စွဲစွဲမြဲမြဲ မှတ်ထားတာ သိပ်နည်းပါတယ်။။ ဒါကြောင့် လူဟာ ဗြဟ္မက လာတယ်လို့ ပြောထားတာပဲ ကျွန်မဖတ်ထားတဲ့အထဲက မှတ်မိနေတယ်။ လေးဦးဆိုတာ ဟိန္ဒူနဲ့ သွားရောနေတယ်ဆိုရင်လည်း ထားလိုက်တော့ ကျွန်မ ရောသွားတယ်လို့ပဲ လက်ခံပါတယ်။ တကယ်က အရေအတွက်အနေနဲ့က သိပ်လည်း အဓိကမကျပါဘူး။

Ko Myo Win Zaw ပြောသလို ဘုရားက အဓိကအရေးကြီးတယ်လို့ ပြောထားတဲ့ အချက်တွေကိုပဲ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ကျွန်မခေါင်းထဲမှာ ရှိလို့ ကျန်တဲ့ အသေးစိတ်အပိုင်းတွေကို လေ့လာမှု နည်းတာကတော့ အမှန်ပါ။


Evolution ကို သေသေချာချာ မလေ့လာကြလို့သာ လူဟာ မျောက်က ဆင်းသက်လာတယ်လို့ ပြောနေကြတာ ဖြစ်တယ်။ အမှန်က လူ၊ မျောက်အပါဝင် ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားလာလှုပ်ရှားကြတဲ့ ကျောရိုးရှိ နို့တိုက်သတ္တ၀ါတွေ ဖြစ်တဲ့ Primates တွေဟာ သတ္တ၀ါတွေကို Classification လုပ်ရာမှာ Family လို့ သတ်မှတ်ထားတဲ့အဆင့်မှာ မျိုးတူ အုပ်စုထဲမှာ ပါဝင်ပါတယ်။ အဲဒါကြောင့် Primates အားလုံးဟာ ရှေးဟောင်း မျိုးရိုး တမျိုးတည်းက ဆင်းသက်လာ ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်သာဖြစ်တယ်။ မျောက်ကနေ လူအဖြစ်ပြောင်းလဲလာတာလို့ ပြောခြင်းမဟုတ်ပါ။ Natural Selection ကို သေသေချာချာ မလေ့လာရင် ဒီသီအိုရီကို နားလည်ဖို့ တော်တော် ခက်ပြီး မိမိထင်သလို အဓိပ္ပါယ်ကောက်ဖို့ သိပ်လွယ်ပါတယ်။
ဆက်ရန်

Evolution က ကမ္ဘာမှာ သတ္တ၀ါတွေ စတင်ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး ဒီကမ္ဘာပေါ်ပြီး Palaeozoic, Mesozoic, Cainozoic, ဆိုပြီး ကာလအပိုင်းအခြားအလိုက် ခေတ်တွေ သတ်မှတ်ထားတာ ရှိပါတယ်။ ခေတ်တခုခုကို သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး နှစ်သန်းပေါင်း အတော်ကြာ အချိန်ပြန်ယူပြီးမှ Organic compound တွေ ပြန်ရ၊ သတ္တ၀ါတွေ ပြန်ဖြစ်ပြီး Evolution ဆိုတဲ့ တရွေ့ရွေ့ပြောင်းလဲပြီးမှ သတ္တ၀ါကို အသစ်ကနေပြန်စတာ ဖြစ်တယ်လို့ ယူဆကြတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာတဲ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ကမ္ဘာကို နှစ်ပေါင်း ၄.၅ ဘီလီယံက စပြီး စစချင်း သက်ရှိဆိုတာ မရှိသေးဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ဘီလီယံကမှ စတင်ပေါ်လာပါတယ်။

ဒီအထဲမှာမှ Hominidae family လို့ခေါ်တဲ့ လူနဲ့တူတဲ့ ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားနိုင်တဲ့ သတ္တ၀ါတွေကတော့ လွန်ခဲ့တဲ့အနှစ် နှစ်သန်းပေါင်း ၂၀ ခန့် Cainozoic ခေတ်မှာမှ ပေါ်ထွန်းခဲ့ပါတယ်။ လူနဲ့ လူလိုသတ္တ၀ါတွေမတိုင်ခင်ခေတ်တွေမှာ လူနဲ့တူတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာမတွေ့ဘဲ တခြားသတ္တ၀ါတွေရဲ့ ရုပ်ကြွင်းကိုပဲ တူးဖေါ်ရရှိပြီး ခေတ်လိုက် ဘယ်တုန်းကဆိုတာ ပြန်ပြီး တွက်ချက်ယူထားပါတယ်။ လူမကြီးစိုးခင် နောက်ဆုံးခေတ် Mesozoic ခေတ်မှာ နှစ်သန်းပေါင်း ၁၈၀ ခန့်က ပျံသန်းနိုင်တဲ့ ဒိုင်နိုဆောတွေ ဒီကမ္ဘာကို လွှမ်းမိုးခဲ့တယ်။ ဒီမတိုင်ခင် ခေတ်အဆက်ဆက်ကို လေ့လာပါက Palaeozoic ခေတ်မှာ သန်းပေါင်း ၆၀၀ ခန့်က ကျောရိုးမဲ့သတ္တ၀ါတွေ၊ နှစ်သန်းပေါင်း ၄၄၀ ခန့်က မေးရိုးပါတဲ့ ငါးမျိုးတွေ၊ နှစ်သန်းပေါင်း ၄၀၀ ခန့်က အင်းဆက်ပိုးကောင်တွေ၊ နှစ်သန်းပေါင်း ၃၀၀ ခန့်က ကျောရိုးရှိပြီးသား တွားသွားသတ္တ၀ါတွေ။ နှစ်သန်းပေါင်း ၂၅၀ ခန့်က ဒိုင်နိုဆော နို့တိုက်သတ္တ၀ါတွေ ကမ္ဘာကို လွှမ်းမိုးခဲ့တယ်ဆိုတာ ရှာဖွေတွေ့ရှိထားပါတယ်။ ဒီလေ့လာချက်များအရက လူနဲ့လူလို သတ္တ၀ါတွေ ပေါ်လာတာ ကမ္ဘာသက်တမ်းနဲ့ တွက်ရင် သိပ်ကိုမကြာသေးဘူးလို့ ပြောလို့ ရပါတယ်။ Evolution က ဒီသုတေသနတွေအပေါ်မှာ ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေသာ ပြောတာ ဖြစ်ပြီး ဘုရားဟောတာကို လက်ခံခြင်း ဆန့်ကျင်ခြင်းဆိုတဲ့ သဘောထား လုံးဝမပါဘူး။

ကျွန်မ အရင်ပေးတဲ့ ဥပမာကလည်း ဗမာမိဘနှစ်ဦးကနေ အင်္ဂလိပ်လူမျိုး ကလေးနှစ်ယောက် မွေးလာတာကို ဗမာအသိုင်းအ၀ိုင်းက အင်္ဂလိပ်သေပြီး လူဝင်စားတယ်လို့ ပြောကြတယ်။ ဇီဝသိပ္ပံအရ တယောက်ယောက်ရဲ့ Gene (မျိုးရိုးဗီဇကို သယ်ဆောင်ပေးတဲ့ ပစ္စည်း) ထဲမှာ အရင်မျိုးဆက်တွေမျာ လက္ခဏာမပေါ်ဘဲ ငုပ်ရှိုးနေတဲ့ အင်္ဂလိပ်သွေးရှိနေပြီး အခုမှ အပြင် ပြန်ပေါ်လာလို့ ဒီလိုကလေးကို မွေးတယ်လို့ ပြောတယ်။ ဒီနေရာမှာ ဇီဝသိပ္ပံက ပြောထားတဲ့အချက်မှာ လူဝင်စားတယ်ဆိုတာကို ဆန့်ကျင်ခြင်း မဆန့်ကျင်ခြင်းဆိုတဲ့ သဘောတရား လုံးဝမပါဘူး။ မျိုးရိုးဗီဇ အမွေဆက်ခံမှု ပုံစံကို လေ့လာတွေ့ရှိထားတဲ့အတိုင်းပဲ ပြောခြင်းဖြစ်တယ်။ လူဝင်စားတယ်လို့ ပြောတဲ့သူတွေကသာ အင်္ဂလိပ်သေလို့ ၀င်စားတာကို အင်္ဂလိပ်သွေးရှိလို့ မွေးတယ်ဆိုပြီး မဟုတ်တာတွေ ပြောနေတယ်လို့ ထင်နေကြတယ်။

အထက်က ဥပမာ နှစ်ခုစလုံးမှာ ကျွန်မက ဘာသာရေးရော သိပ္ပံရော နှစ်ခုစလုံးကို အကျိုးအကြောင်း ဆီလျှော်မှု ရှိလို့ နှစ်ခုစလုံးကို လက်ခံထားတယ်။ ကျွန်မ ဘယ်ဘက်ကိုမှလည်း မငြင်းထားပါပါဘူး။ ငြင်းနေတာက တခုကိုပဲ လက်ခံရမယ်လို့ သတ်မှတ်ထားသူတွေက တခုကိုပဲ လေ့လာထားကြလို့ တခုကိုပဲ သဘောပေါက်ပြီး ကျွန်မ ပြောတဲ့ သိပ္ပံဘက်က တခုကို ငြင်းနေကြတာသာ ဖြစ်တယ်လို့ ကျွန်မ ထင်တယ်။ နှစ်ခုစလုံးကို လေ့လာလိုက်ရင် တခြားတခုကလည်း Experiment နဲ့ လက်တွေ့ လေ့လာတွေရှိချက်ကို ပြောထားတယ် ဘုရားဟောထားတာကို ငြင်းထားတာ မဟုတ်ဘူး ဆိုတာကို သဘောပေါက်သွားလိမ့်မယ်လို့ ကျွန်မထင်တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီနေရာမှာ နည်းနည်းဝင်ပြောချင်တယ်။ ဒီမှာ လာငြင်းကြတဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး သံသရာမှလွတ်လမ်းကိုလျှောက်ကြပါ။ လူဘယ်ကစဖြစ်လဲ သိလို့သံသရာမှမလွတ်ပါဘူး။
မငယ်နိုင် ကလည်းလျော့... သိပ္ပံတွေ့ရှိချက်တွေအတော်များများဟာ ဘုရားဟောအတိုင်း လာမှန်နေတာဘဲ။ ဒီတစ်ချက်က သိပ္ပံပညာကလက်လှမ်းမမှီသေးတာပါ။
ကျန်တဲ့လူတွေ ကလည်းလျော့... ရှင်တော်ဗုဒ္ဓဘုရားရဲ့ တရားတော်တွေက ဧဟိပဿိကော အစရှိတဲ့ဂုဏ်တော်တွေနဲ့ပြည့်စုံနေတာပါ လိုက်ငြင်းနေစရာမလိုပါဘူးဗျာ။

အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်ကြပါစေ။

“When told that only three men in the world understood Relativity, Eddington asked
“I wonder who is the third”
(It was a remark of Sir Arthur Eddington (1882-1944), English Physicist exclaimed that Einstein Relativity theory was hard to understand and meant it could be understood by he and Einstein at that time)
Among four major religions, Buddhism only do not accept creation. Now, new generation of Myanmar primate scientists are involved after Pondaung Expedition in 1997, I realize most of them accept both ideology of Buddhism and Evolution because they study well both.
For comprehensive of evolution in Myanmar version, pls find Saya Mg Thit Sinn article 'A story of two molars' in 'Your Life' magazine (1996).
Thanks All of You !

koko ရေ ကျွန်မလည်း ဘာသာရေးနဲ့ ပတ်သက်ရင် တရားကိုပဲ အဓိကထားပါတယ်။ အခုလည်း ကျွန်မလေ့လာဖူးတဲ့ ဇီဝသပ္ပံနဲ့ ပတ်သက်တာကို အကြောင်းတိုက်ဆိုင်လို့ ပြန်မျှဝေတာသာ ဖြစ်ပါတယ်။ ကျွန်မ ငြင်းထားတာတော့ လုံးဝမဟုတ်ပါဘူး။ သူများငြင်းတာကို ပြန်ရှင်းပြရင်းနဲ့ သူများ နားမလည်နိုင်အောင် ပိုရှုပ်သွားတာကတော့ ကျွန်မရဲ့ လူအများနားလည်နိုင်အောင် မရှင်းပြနိုင်တဲ့ အားနည်းချက်ပဲလို့ မှတ်ယူပါတယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်နော့်။

Thu ရဲ့ အရင်မှတ်ချက်ထည့်တုန်းကတောင် ပေးထားတဲ့ “Ancestor of Burma Primates” ဆိုတဲ့ Link ကို ကျွန်မ Download ဆွဲပြီး ကွန်ပြူတာထဲမှာ သိမ်းထားလိုက်ပြီး ဖြစ်ပါတယ်။ တခြားသူတွေကို အကြောင်းပြန်ရင်းနဲ့ ကျေးဇူးတင်စကား ဆိုဖို့မေ့ကျန်ခဲ့တာ ဆောရီးနော့်။ ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာတဲ့ မြန်မာပညာရှင်ကိုယ်တိုင် မြန်မာပြည်က အကြောင်းကို လေ့လာထားတဲ့ Link ဆိုတော့ အထူးပဲ ကျေးဇူးတင်ပါတယ်။ Thu မေးလို့ ဆရာ ဦးဘမော်ပြန်ဖြေလိုက်တယ် ဆိုတဲ့ “Evolution do not deviate from Buddhism” ကို လုံးဝ လက်ခံပါတယ်။ Evolution ကို တကယ် နားလည်သူတိုင်းက ဒီလိုပဲ ပြောမှာဖြစ်ပါတယ်။ ကျွန်မသိတွေ့ရသလောက် Evolution ကိုလက်မခံကြောင်း ပြောသူအတော်များများက Evolution ဆိုတာ ဘာမှန်းမသိဘဲ (သို့) တလွဲနားလည်ပြီး ပြောတာက ပိုများပါတယ်။ ဆရာဦးဘမော်ရဲ့ Evolution နဲ့ ပတ်သက်တဲ့ တခြားဆောင်းပါး Link တွေ ရမယ်ဆိုရင်လည်း လိုချင်ပါတယ်။ ကျေးဇူး အများကြီးတင်ပါတယ် Thu.

A brief of Myanmar Primates Chronicles: Burmese fossil primate was firstly discovered in 1913 by palaeontologist G.D.P. Cotter.
A description of his specimen was published in 1927 by Guy Pilgrim, who named it Pondaungia cotteri. In 1937, Edwin Colbert named Amphipithecus mogaungensis on finding of C. Brown. Among Myanmar scientists, in 1978, Saya U Ba Maw, U Thaw Tint and Geology field party of Mandalay University found more complete specimens (see in http://www.uiowa.edu/~bioanth/burma.html).
Saya U Ba Maw, CioChoon and Savage published a remarkable paper “Late Eocene of Burma yields earliest anthropoid primate, Pondaungia cotteri” in Nature magazine, 282, 65 – 67 (01 November 1979). This paper is frequently cited by numerous paleontology and anthropology researchers.
In my record, Sayagyi U Ba Maw is only myanmar geoscientist published in this reputable Nature magazine. He also wrote an article “Origin of Myanmar” in Ngwe Tar Yee magazine (Jan, 1985) and other findings. Sayagyi was listed in (2000 Outstanding Scientists of the 21st Century) by International Bibilographic Centre, Cambridge (IBC).
Some other Myanmar articles of Anthropoids/higher Primates were described in The knowledge world (Pyinya Lawka) magazine by Saya U Thaw Tint, U Hla Thein and Dr.Pe Maung Than of geology etc.
New Pondaung expedition Project came in 1997 and led by Strategy Dept., Dr.Tin Thein, Dr.Aye Ko Aung and junior staff of geology Dept, Yangon and Dagon Univ. They found new species, well preserved specimens and made numerous international publications jointed with foreign scholars. You just type “Pondaung Primates” in any search engine.
Honestly, vertebrate paleontology is not my specialization and above mentioned is just share my knowledge.
Apology to all that I am not familiar with Myanmar type. Thanks to all for open discussion.

မငယ်နိုင်ရေ..
မငယ်နိုင်ပြောတဲ့ "ဗြဟ္မာကြီးလေးဦးက ဆင်းသက်တာလာတယ်" ဆိုတဲ့ အယူအဆ နဲ့ဲ့ "ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်တယ် "ဆိုတဲ့ ဗုဒ္ဓဘာသာအဆိုဟာ အဓိပါယ်အားဖြင့် ဗြဟ္မာအရေအတွက်သာ ကွာတာမဟုတ်ပါဘူး.. အဓိပါယ် အများကြီးကွာပါတယ်။ ရောမချပါနဲ့ ၊ ဒါဝင်ရော ဆရာကြီး ဦးဘမော်ရော သဗ္ဗေညူတ ဥာဏ်မရထားပါဘူး။ မှားတာကို မှားတာကို မှားတယ်လို့  ၀န်ခံရဲတာ.. ပညာရှိသူတော်ကောင်းတွေအလုပ်ပါ။
ဒါငြင်းခုန်နေတာမဟုတ်ပါဘူး
ဘုရားမဟောပဲနဲ့  ဘုရားတယ်ဟောတယ်လို့  လုပ်သိရက်နဲ့  ငြိမ်နေရင် အဓမ္မ ကို ဓမ္မလို့ လက်ခံရာ အားပေးရာရောက်ပါတယ်..

"လူ၊ မျောက်အပါဝင် ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားလာလှုပ်ရှားကြတဲ့ ကျောရိုးရှိ နို့တိုက်သတ္တ၀ါတွေ ဖြစ်တဲ့ Primates တွေဟာ သတ္တ၀ါတွေကို Classification လုပ်ရာမှာ Family လို့ သတ်မှတ်ထားတဲ့အဆင့်မှာ မျိုးတူ အုပ်စုထဲမှာ ပါဝင် ပါတယ်။ "
င်္ရှင်းနေတာကို ရှုပ်အောင်လုပ်နေပြန်ပါပြီ။ မထောက်ခံတဲ့သူတွေကို Evolultion ကို သေချာနားမလည်လို့ တဲ့ ... အခု Family တခုထဲဆိုရင် တစ်မိဘထဲက သက်ဆင်းလာတဲ့ မဟုတ်လို့  ဦးလေးတွေ၊ အဒေါ်တွေဆီက သက်ဆင်းလာပါလား..

မငယ်နိုင်ရေ
ကျမအမြင်အရ မငယ်နိုင်က ဆရာတော်ဦးကောဝိဒ ရှင်းပြထားတာကို သဘောမပေါက်လို့ ထပ်မံဖြည့်စွက် နေတာလို့ မြင်မိတယ်။ ဒါကြောင့်လဲ ကျမ ၀င်ပြောဖြစ်တာပါ။ ကျမလဲ ငြင်းနေတာတော့ မဟုတ်ဘူး။ အကျိုးသင့် အကြောင်းသင့် ၀င်ရောက်ဆွေးနွေးတာပါ။ စမိပြီမို့ ဆက်ပြီး ပြောချင်ပါတယ်။

အစကို ပြန်ကောက်ရရင် စောဝတ်မှုံခင် မေးထားတဲ့ အမေးကို ဆရာတော်ဦးကောဝိဒ ဖြေထားတာ ရှင်းလင်း ပြည့်စုံနေပါပြီ။ မငယ်နိုင် ဖြည့်စွက်လိုက်တော့ ရှင်းနေတာက ပိုပြီး ရှုပ်သွားတယ်။

မငယ်နိုင်ပြောထားတဲ့ အချက်တွေထဲက လွဲနေတာတွေကို ကျမ တချက်ခြင်း ရှင်းပြချင်ပါတယ်။

မငယ်နိုင်ပြောတဲ့ …
(((အရင်တုန်းက Kingdom အဆင့် မတိုင်ခင်က သက်ရှိဆိုတာ စပေါ်စဉ်က သက်ရှိ တမျိုးပဲ စပေါ်ပြီး အဲဒီတမျိုးကနေ ဆင်းသက်လာတာ ဖြစ်နိုင်တယ်လို့ သိပ္ပံက ယူဆတယ်။ နောက်ပိုင်း အီဗော်လူးရှင်းရဲ့ ဆက်ကဲ ပြုပြင်ပြောင်းလဲမှုအရ Kingdom အဆင့်မှာ အပင်၊ တိရိစ္ဆာန်နဲ့ တိရိစ္တာန်လည်းမကျ အပင်လည်းမကျ အသေးအမွှားသတ္တ၀ါများ (ဘက်တီးရီးယား၊ Parasite, Algae စသည့်) စသည်အထဲမှ လူဟာ ဆဲလ်ဖွဲ့စည်းတည်ဆောက်ပုံ၊ လှု့ပ်ရှား၊ ကြီထွားပုံအရ တိရိစ္ဆာန် အမျိုးအစားမှာ ပါဝင်ပါတယ်။)))

ဆိုတဲ့ သိပ္ပံယူဆချက်နဲ့ ဗုဒ္ဓဟောကြားချက်ဟာလဲ မတူပါဘူး။ အပင်နဲ့ တိရစ္ဆာန်နဲ့ မတူသလို လူနဲ့ တိရစ္ဆာန်လဲ မတူပါဘူး။ ဒါကြောင့် တမျိုးထဲကနေ ဆင်းသက်ဖြစ်ပေါ်လာတယ်ဆိုတဲ့ ယူဆချက်ဟာ လုံးဝမှားယွင်းနေပါတယ်။ အပင်ဟာ ကံကြောင့်ဖြစ်တာ မဟုတ်ပါ။ သတ္တ၀ါတွေဟာ ကံကြောင့် ဖြစ်ရတာ။ အပင်မကျ တိရစ္ဆာန်မကျလို့ သိပ္ပံက ပြောပေမဲ့ ဗုဒ္ဓ ဟောကြားချက်မှာတော့ အပင်က အပင် သတ္တ၀ါက သတ္တ၀ါရှင်းလင်းစွာ ကွဲပြားပါတယ်။ အဲဒီအသေးအမွှား သတ္တ၀ါတွေဟာ သံသေဒဇ ပဋိသန္ဓေနဲ့ ဖြစ်နေကြတဲ့ သက်ရှိသတ္တ၀ါတွေပါ။ နောက်တခုက လူရဲ့ ဆဲလ်ဖွဲ့စည်း တည်ဆောက်ပုံအရ တိရစ္ဆာန်အမျိုးအစားမှာ ပါဝင်တယ်လို့ သိပ္ပံက သတ်မှတ်ပေမဲ့ လူနဲ့ တိရစ္ဆာန်ကိုလဲ ဘုရားက ရှင်းလင်းစွာ ခွဲခြားဟောပြထားပြီးသားပါ။ ဒါကြောင့် လူကို တိရစ္ဆာန် အမျိုးစားထဲမှာ သွတ်သွင်းလို့ မရပါ။

နောက်တချက် … မငယ်နိုင်က …
(((အခုလက်ရှိကမ္ဘာမှာ ရှိနေတဲ့ သက်ရှိတွေကို အုပ်စုခွဲလိုက်တော့ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes) အဆင့်ကနေ Species အဆင့်အထိ သက်ရှိတို့ရဲ့ Organic compound တခုတည်းကနေ ရွေ့လျား ဖြာထွက်ပြောင်းလဲလာပုံ အဆင့်ဆင့်ကို Kingdom အဆင့်ကနေ နောက်ဆုံး Species (မျိုးနွယ်စု) အထိ ဖြာထွက်လာတာကို ခွဲခြမ်းပြထားပါတယ်။ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes), Phylum, Superclass, Class, Order, Family, Genus, Species ဆိုပြီး သက်ရှိတွေ ဖြာထွက်လာရာမှာ Family အဆင့်အထိ လူနဲ့မျောက်က အမျိုးအစားအတူတူ ဖြစ်ပြီး ဒီနောက်ပိုင်း ဖြာထွက်လာတဲ့ Genus နဲ့ Species မှာမှ ပြောင်းသွားပါတယ်။)))
အဲဒီလို ပြောခဲ့တယ်။
ဗုဒ္ဓက သက်ရှိတွေကို အုပ်စုခွဲတော့ ၃၁ ဘုံနဲ့ ခွဲတယ်။ အပါယ် ၄ ဘုံ၊ လူ့ဘုံ၊ နတ်ပြည် ၆ထပ်၊ ဗြဟ္မာ့ပြည် ၂၀ ဖြစ်ပါတယ်။ လူ့ဘုံနဲ့ အပါယ်ဘုံနဲ့ ပဋိသန္ဓေစိတ်ချင်း မတူပါဘူး။ အပါယ် ၄ ဘုံသားတွေဟာ အကုသိုလ်အကျိုး (အကုသလ၀ိပါက်) ကြောင့် ဖြစ်ကြရတာမို့ အဟိတ်ပဋိသန္ဓေစိတ် တမျိုးတည်းနဲ့သာ ပဋိသန္ဓေနေပါတယ်။ လူတွေကတော့ ကုသိုလ်အကျိုး (ကုသလ၀ိပါက်) ကြောင့်ဖြစ်ကြတာပါ။ ဒါပေမဲ့လဲ အဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ပဋိသန္ဓေရယ်လို့ ကွဲပြားပါသေးတယ်။ (အကျယ်မရှင်းတော့ပါ။ ) ဆိုလိုချင်တာက လူဖြစ်ရမယ့်ကံနဲ့ တိရစ္ဆာန်ဖြစ်ရမယ့် ကံခြင်း မတူတာကြောင့် လူနဲ့ မျောက် အမျိုးအစားတူတယ်လို့ သတ်မှတ်လို့ မရဘူးဆိုတာပါ။

ဆက်ပါအုံးမယ်။

မငယ်နိုင်ရဲ့ အောက်ပါအချက်ကို ပြန်ရှင်းပါအုံးမယ်။
(((လူဖြစ်လာတာကို ဘုရားဟောထားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မသိပ်မသိပေမဲ့ သိပ္ပံနဲ့ပတ်သက်ပြီး ကျွန်မသိရသလောက် သက်ရှိသက်မဲ့ အရာအားလုံးအပေါ် ဘုရားဟောထားတဲ့ ကျွန်မသိထားတာနဲ့ သိပ္ပံတွေ့ရှိချက်က သိပ်မကွာပါဘူး။ ဘုရားက ရုပ်ဝတ္တုတွေကို ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောနဲ့ ဖွဲ့စည်းထားတယ်လို့ ဟောခဲ့တာ ရှိသလို သိပ္ပံကလည်း အရာဝတ္တုတွေဟာ Solid, Liquid, gas နဲ့ Energy တွေနဲ့ ပြုပြင်မွမ်းမံထားတာ တွေ့ရပါတယ်။)))

ပထ၀ီကို မြေလို့ ဘာသာပြန်ပေမဲ့ မငယ်နိုင် သဘောပေါက်သလို solid အတုံးအခဲကြီးကို ဆိုလိုတာ မဟုတ်ဘူး။ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောကို ခက်မာ၊ ဖွဲ့စည်း၊ ပူအေး၊ ထောက်ကန် လို့ ဆိုထားတယ်။ ပထ၀ီဆိုတာဟာ မာခြင်း၊ ပျော့ခြင်း သဘောတရားကိုသာ ဆိုခြင်းဖြစ်တယ်။ အာပေါဆိုတာ ရေဆိုပေမဲ့ ဖွဲ့စည်းခြင်း ယိုစီးခြင်း သဘောတရားကို ဆိုခြင်းဖြစ်တယ်။ ဒီလိုပဲ တေဇောဆိုတာ မီးဆိုပေမဲ့ ပူခြင်း အေးခြင်း သဘောတရား၊ ၀ါယောဆိုတာ လေ ဆိုပေမဲ့ လှုပ်ရှားထောက်ကန်ခြင်း သဘောတရားတွေကို ဆိုလိုတာဖြစ်တယ်။ ဒါကြောင့် သိပ္ပံတွေ့ရှိချက်လို solid liquid gas energy ဆိုတာနဲ့ သဘောခြင်း မတူပါဘူး။ ဥပမာ သိပ္ပံက ရေဆိုရင် liquid လို့ ဆိုမှာ ဖြစ်ပေမဲ့ တကယ်တမ်း ရေမှာ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဓာတ်သဘော ၄-မျိုးစလုံးပါပါတယ်။ ဆိုလိုတာက သိပ္ပံပညာတွေ့ရှိချက်တွေဟာ ဘုရားဟောနဲ့ ကိုက်ညီတာရှိပေမဲ့ ဆွဲပြီး တန်းညှိပစ်လို့ မရဘူး။ မတူတာတွေ အများကြီးပဲ။

ဒီလိုဆိုလို့ မငယ်နိုင်အတန်းဖော် မူစလင်တအုပ်က ငြင်းသလိုမျိုး ဗုဒ္ဓဘာသာတအုပ်ကလဲ ထငြင်းတယ်လို့ မထင်လိုက်ပါနဲ့။ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးတာဟာ အကြောင်းမဲ့ ငြင်းခုန်တာနဲ့ လားလားမျှ မတူပါဘူး။

နောက် တချက်ကို ပြောပါအုံးမယ်။
(((ဗုဒ္ဓဘာသာအရ ကြည့်ရင် ဗြမ္မာဆိုတာလည်း ၃၁ ဘုံထဲကပဲဆိုတော့ လူအဖြစ်ကို ကံရဲ့အကျိုးအားကြောင့် ရောက်လာရာမှာ အပေါ်က ဘုန်းကြီးဖြေထားတဲ့ ပဋိသန္ဓေတည်တဲ့ နည်းတွေထဲက တနည်းနည်းနဲ့ ရောက်လာကြတယ်လို့ ယူဆတယ်။ အဲဒီလို ရောက်လာရာမှာ မျေက်နဲ့လူ မကွဲခင်အဆင့်မှာ သွားဝင်စားရင် အဲဒီသတ္တ၀ါပဲ သွားဖြစ်လိမ့်မယ်။ နောက်ပိုင်း Family အုပ်စုကနေ ကွဲထွက်လာပြီးမှ လူမှာဝင်စားရင် လူဖြစ်မယ်၊ မျေက်မှာဝင်စားရင် မျောက်ဖြစ်မယ်။ ကျွန်မ ဒီလိုပဲ နားလည်ပါတယ်။)))

အဲဒီမှာ မငယ်နိုင် နားမလည်ဘဲ ရောနေတဲ့အချက်က မျောက်နဲ့လူ မကွဲခင် အဆင့် ဆိုတာကိုပါ။ သိပ္ပံပညာတွေ့ရှိချက်က မျောက်နဲ့လူ မကွဲတဲ့အဆင့် ရှိချင်ရှိမယ်၊ ဗုဒ္ဓဟောကြားချက်မှာက အပေါ်မှာပြောသလို ပဋိသန္ဓေစိတ်ကိုက မတူညီတာကြောင့် အဲဒီအဆင့်ဆိုတာ မရှိပါဘူး။ လူ ဆိုရင် လူ၊ တိရစ္ဆာန်ဆိုရင် တိရစ္ဆာန်ပါပဲ။ လုံးဝ ကွဲပြားပါတယ်။ မကွဲပြားတာက လူနဲ့ မျောက် ပုံသဏ္ဍာန်သာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ဆက်ပါအုံးမယ်။

နောက်တခါ မငယ်နိုင်က ခုလိုပြောပါတယ်။
(((Evolution ကို သေသေချာချာ မလေ့လာကြလို့သာ လူဟာ မျောက်က ဆင်းသက်လာတယ်လို့ ပြောနေကြတာ ဖြစ်တယ်။ အမှန်က လူ၊ မျောက်အပါဝင် ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားလာလှုပ်ရှားကြတဲ့ ကျောရိုးရှိ နို့တိုက်သတ္တ၀ါတွေ ဖြစ်တဲ့ Primates တွေဟာ သတ္တ၀ါတွေကို Classification လုပ်ရာမှာ Family လို့ သတ်မှတ်ထားတဲ့အဆင့်မှာ မျိုးတူ အုပ်စုထဲမှာ ပါဝင်ပါတယ်။ အဲဒါကြောင့် Primates အားလုံးဟာ ရှေးဟောင်း မျိုးရိုး တမျိုးတည်းက ဆင်းသက်လာ ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်သာဖြစ်တယ်။ မျောက်ကနေ လူအဖြစ်ပြောင်းလဲလာတာလို့ ပြောခြင်းမဟုတ်ပါ။ Natural Selection ကို သေသေချာချာ မလေ့လာရင် ဒီသီအိုရီကို နားလည်ဖို့ တော်တော် ခက်ပြီး မိမိထင်သလို အဓိပ္ပါယ်ကောက်ဖို့ သိပ်လွယ်ပါတယ်။))

မေးထားတဲ့ မေးခွန်းရှင်က Evolution ကို သေချာ လေ့လာထားလား မလေ့လာထားလား မသိနိုင်ပေမဲ့ သူ့ရဲ့ မေးခွန်းက ယေဘုယျမေးခွန်းပါ။ ဒါကို ဆရာတော်ပြန်ဖြေထားတာလဲ မေးသူ နားလည် သဘောပေါက်လွယ်အောင် လိုရင်း ပြန်ဖြေပေးထားတာပါ။ ဒီနေရာမှာ မငယ်နိုင်က “မျောက်ကနေ လူအဖြစ်ကို ပြောင်းလဲလာတာကို ပြောတာမဟုတ်ဘူး၊ မျိုးတူ အုပ်စုထဲမှာ ပါဝင်တယ်၊ ရှေးဟောင်းမျိုးရိုး တမျိုးတည်းက ဆင်းသက်လာတာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာက ဆိုလိုတာ”လို့ ပြောပေမဲ့ ဗုဒ္ဓကတော့ အဲဒီလို မျိုးတူလဲ မသတ်မှတ်ထားပါဘူး။ အဲဒီလို ဆင်းသက်တယ်လို့လဲ မသတ်မှတ်ထားပါဘူး။ မငယ်နိုင်ပြောသလို Natural selection ကို သေချာမလေ့လာရင် ဒါဝင်သီအိုရီကို နားလည်ဖို့ ခက်နိုင်သလို ဗုဒ္ဓအဘိဓမ္မာကို သေချာမလေ့လာရင် ဘုံတွေ ဘ၀တွေ စိတ်တွေ ရုပ်တွေကို နားလည်ဖို့ အင်မတန်မှ ခက်ပါတယ်။ မငယ်နိုင်အနေနဲ့ ဆရာတော်ရှင်းပြချက်ကို ၀င်ရောက်ဖြည့်စွက် ဆွေးနွေးလိုရင် ကိုယ်ဆွေးနွေးတဲ့ တော့ပစ်ကို နားလည်သဘောပေါက်အောင် အရင်လေ့လာစေချင်တယ်။ ပြီးတော့ မေးခွန်းရဲ့ ဦးတည်ချက်၊ ဖြေဆိုသူရဲ့ ရည်ရွယ်ချက်တွေကို နားလည်စေချင်တယ်။

နောက်ဆုံးအချက်ပြောချင်တာကတော့
မငယ်နိုင်ပြောသလို "ဘုရားဟောက ဘုရားဟော ဖြစ်တယ် သိပ္ပံတွေ့ရှိချက်က experiment နဲ့ ရှာဖွေတွေ့ရှိမှု အပေါ်မှာ အခြေခံတယ်" လို့ ပြောလို့ မရဘူး။
"ဘုရားဟော" ဆိုတာ ဘုရားက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လက်တွေ့ကျင့်ကြံ အားထုတ် ပါရမီတော်တွေ ဖြည့်ကျင့်ပြီး သူကိုယ်တိုင် ရှာဖွေတွေ့ရှိလာတဲ့ အမှန်တရားကို ပြန်လည်ဟောပြောပြတာပါ။ စိတ်ကူးနဲ့ မှန်းသန်းပြီးပြောနေတဲ့ တရားတော်တွေလည်း မဟုတ်ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားရဲ့ ဟောကြားချက်တွေကို “ဘုရားဟောက ဘုရားဟော ဖြစ်တယ်”လို့ ရောချလိုက်လို့ မရပါဘူး။ ဘုရားဟောက အမှန်တရား ဖြစ်ပါတယ်။ ပြီးတော့ ဘုရားဟောတဲ့ တရားတော်တွေဟာ သီအိုရီသက်သက် မဟုတ်ပါဘူး ပရက်တီကယ် - လက်တွေ့ကျင့်ကြံ အားထုတ်ပြီးမှ သိရှိလာရတာတွေပါ။ ဒါကြောင့် သာမန်လူသားတွေအနေနဲ့ ဘယ်လောက်ပဲ လေ့လာတွေ့ရှိတဲ့ သီအိုရီပဲ ဖြစ်ပါစေ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဥာဏ်တော်ကို မမီနိုင်ပါဘူး။ ဘုရားဟောကို သိပ္ပံတွေ့ရှိချက်နဲ့ တန်းညှိယူလို့ မရနိုင်သလို ညှိလဲ မညှိသင့်ပါဘူး။ ဘုရားဟောမှာ လိုအပ်ချက်ဆိုတာရယ်လို့ မရှိဘူး။ မလိုလို့ မဟောခဲ့တာပဲ ရှိပါတယ်။ ဒါကြောင့် ထပ်မံဖြည့်စွက်ဖို့လဲ မလိုအပ်ပါဘူး။ ဘုရားဟောက မပြည့်စုံလို့ သိပ္ပံပညာရဲ့ ရှာဖွေတွေ့ရှိချက်နဲ့ ဖြည့်စွက်တယ်ဆိုတာဟာ အင်မတန်မှ မှားယွင်းပါတယ်။ အဲဒီလို ဖြည့်စွက်ချင်ရင် ဘုရားဟောကြားတဲ့ တရားတော်တွေကို အရင်ဆုံး သဘောပေါက်အောင် လေ့လာပါ။ လောလောဆယ်တော့ ဆရာတော်ဦးကောဝိဒ ရှင်းပြချက်ကို ဖြည့်စွက်ချင်ရင် ဆရာတော်ပြောတာကို သဘောပေါက်အောင် အရင်ကြိုးစားစေချင်ပါတယ်။

ခုလို ရေးခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ခင်ခင်သူ

ဘာသာရေးကို ဘာသာရေးလိုပဲ ကိုးကွယ်ပြီး သိပ္ပံကို သိပံ္ပလိုပဲ လေ့လာလို့ မဖြစ်နိုင်ဘူးလား။ ဘာလို့ သဘာဝမတူတာနှစ်ခုကို ရောချင်နေရတာလဲ။ လူ ဘယ်က စဖြစ်လာတယ်ဆိုတာကို ဗုဒ္ဓဘုရားက ဟောကြားခဲ့ဖူးလို့လား။ နိဗ္ဗာန်ရောက်ကြောင်း တရားတစ်ခုတည်းကိုသာ ဟောကြားခဲ့တာ မဟုတ်လား။ ဘာသာရေးကို ဘာသာရေးလို သဘောမထားပဲ အရာရာကို လက်တွေ့ဘ၀နဲ့ ၁၀၀ရာနှုန်း နှိုင်းယှဉ်နေချင်ကြသူများ ပိဋကတ်သုံးပုံ ထဲကပဲ ကောက်နှုတ်ပြကြပါဦး။

အပေါ်က အစက် (.) ပြောနေပုံက ဘာသာရေးက လက်တွေ့မကျသလို ဖြစ်နေတယ်။ "ဘာသာရေးကို ဘာသာရေးလို သဘောမထားဘဲ အရာရာကို လက်တွေ့ဘ၀နဲ့ နှိုင်းယဉ်နေကြသူများ" ဆိုတာက ဘာကိုပြောချင်တာလဲ။ ဘာသာရေးဆိုတာ ကိုးကွယ်ယုံသက်သက် လက်တွေ့ဘ၀မဟုတ်ဘူးလို့ ဆိုချင်တာလား။ ဒါဆိုရင်မှားပြီ။ ဗုဒ္ဓဘာသာဟာ အလွန် လက်တွေ့ကျတဲ့ ဘာသာတခုပါ။ ဘာသာရပ်လို့ ဆိုရင်လဲ မမှားဘူး။ ဒါကြောင့် တရားဂုဏ်တော်မှာ ဧဟိပဿိကော လာလှည့်ရှုလှည့်လို့ ဖိတ်ခေါ်ခြင်းငှာ ထိုက်တန်ပါပေသောလို့ ဆိုထားတာ။ ဘယ်သူ့ကိုမဆို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ပြုကြည့်ဖို့ ဖိတ်ခေါ်လို့ရတယ်။ တနည်းအားဖြင့် ခေတ်စကားနဲ့ဆိုရင် ချဲလင့်ခ်ျ လုပ်လို့ရတယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေဟာ မျက်စိမှိတ် ယုံဖို့မဟုတ်ဘူး။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြည့်ရင် ဟုတ်မဟုတ် မှန်မမှန် သိနိုင်တယ်။
ဒါကြောင့် ဘာသာရေးဟာ ကိုးကွယ်ယုံ သက်သက်မျှ မဟုတ်ပါ။ လေ့လာလို့ရပါတယ်။ လေ့လာတယ်ဆိုရာမှာ စာတွေ့ရော လက်တွေ့ရော နှစ်ခုမျှအောင် လေ့လာရပါမယ်။ စာတွေ့ပဲရှိပြီး လက်တွေ့မရှိရင်လဲ အမှန်မသိနိုင်ဘူး။ လက်တွေ့လုပ်နေတယ် စာဖတ်ဖို့မလိုဘူးဆိုလဲ ကိုယ်လုပ်နေတဲ့လမ်းဟာေ၀၀ါးထွေပြားတတ်တယ်။
လူဘယ်က စဖြစ်လာတယ်ဆိုတာကို ဘုရားမဟောခဲ့ပါ။ ဒါပေမဲ့ သတ္တ၀ါတွေရဲ့ စိတ်ဖြစ်စဉ် ရုပ်ဖြစ်စဉ် ဖွဲ့စည်းတည်ဆောက်ပုံတွေကို အသေးစိတ်ဟောကြားခဲ့ပါတယ်။ လေ့လာကြည့်ကြစေချင်တယ်။

အရာရာကို ဘာသာရေးအမြင်နဲ့ပဲ ကြည့်ချင်သပ ဆိုရင်တော့ စောစောစီးစီး တောထွက်လိုက်ပါလို့ပဲ အကြံပြုပါရစေ။ ဘုရားဟောတွေကို မှားတယ် မှန်တယ် ဝေဖန်နေတာ မဟုတ်ဘူး။ သိပ္ပံကို သိပ္ပံလိုမလေ့လာပဲ မဆိုင်တာတွေနဲ့ မရောဖို့ ပြောတာသာ ဖြစ်တယ်။ သိပ္ပံကို ဘာသာတရားတစ်ခုလို ကိုးကွယ်ချင်နေသူတွေ ဆိုရင်တော့ တစ်မျိုးပေါ့။ ဘာသာတရားတိုင်းမှာ ၁၀၀% သက်သေပြလို့ မရပဲ မျက်စိမှိတ် ယုံရတဲ့ အရာတွေ တစ်ခုမဟုတ် တစ်ခုရှိပါတယ်။ မျက်စိက မှိတ်နေတာလား ကန်းနေတာလားဆိုတာတော့ ကိုယ့်ကိုယ်ကိုယ် အသိဆုံးဖြစ်မှာပါ။ ဒါဝင်ရဲ့ လူဖြစ်စဉ်ဟာလဲ သီအိုရီ အဆင့်ပါပဲ။ ၁၀၀% သက်သေပြလို့ မရသေးပါဘူး။ ၁၀၀% သက်သေပြလို့ရတယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေအားလုံး တစ်ညီတစ်ညွတ်ထဲ လက်ခံယုံကြည်နေကြမှာပေါ့ မဟုတ်ဘူးလား။

ဒေါ်ငယ်နိုင်ရှင့်...

Evolution အကြောင်းဟာ အဒေါ် ပိုင်နိုင်တဲ့ topic တခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ငါပိုင်နိုင်တဲ့ အရာကိုပဲ ဇွတ်ကြီး ဆုပ်ကိုင်ထားမယ်ဆိုရင် တကယ့်အမှန်ကို အဒေါ် တွေ့နိုင်မှာ မဟုတ်ပါဘူး. တခုနဲ့ တခုကို နှိုင်းယှဉ်တော့မယ်ဆိုရင် နှိုင်းယှဉ်မယ့် အကြောင်းအရာနှစ်ခုကို သေသေချာချာ သိဖို့ လိုပါလိမ့်မယ်။ အကြောင်းအရာ တခုတည်းကိုပဲ ပိုင်နိုင်ပြီး အခြားအရာတခုကို သေသေချာချာ နားမလည်ထားဘူးဆိုရင် အဓိပ္ပါယ်မရှိတဲ့ နှိုင်းယှဉ်မှုပဲ ဖြစ်နေပါလိမ့်မယ် အဒေါ်။ အနည်းဆုံးတော့ အဘိဓမ္မာကို လေ့လာပါဦး အဒေါ်။ ကိုယ်မပိုင်တဲ့အကြောင်းအရာကို ကိုယ်ပိုင်သလို ပြောမယ်ဆိုရင် ကိုယ့်အတွက်ရော သူများအတွက်ပါ မကောင်းပါဘူး။ အများအတွက် နားလည်မှု မှားစေမယ့် အရာကို တကယ့်စာရေးဆရာတွေပဲ ဖြစ်ဖြစ် ဘလော့ဂါတွေပဲ ဖြစ်ဖြစ် မလုပ်သင့်ပါဘူး အဒေါ်။ (နာမည်ကြီးချင်ရုံမဟုတ်ဘဲ တကယ်စိတ်ရင်း စေတနာရှိသူတွေကို ဆိုလိုပါတယ်) .... ဘာပဲ ဖြစ်ဖြစ်ပါ အဒေါ်... နောင်များမှာ ဗုဒ္ဓတရားတော်နဲ့ သိပ္ပံပညာကို နှိုင်းယှဉ်တော့မယ်ဆိုရင် ဗုဒ္ဓတရားတော်များကိုရော သိပ္ပံပညာကိုပါ နှံ့စပ်အောင် လေ့လာပါလို့ အကြံပြုတိုက်တွန်းပါတယ်... တဖက်သတ် ခံယူချက် အမြင်များမှလည်း ကင်းဝေးပါစေ...

မေတ္တာဖြင့်
ထိပ်ထား

မှတ်ချက်အတော်များများကို ဖတ်ကြည့်ပြီး ပြောတာတခြား နားလည်တာတခြား ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတာကိုတော့ ကျွန်မ တကယ်ပဲ စိတ်မကောင်း ဖြစ်မိတယ်။ ဆွေးနွေးရင်းနဲ့ အပြုသဘောမဆာင်ပဲနဲ့ အပျက်သဘောကို တမင်ဦးတည်ပြီး တိုက်ခိုက်လာတဲ့ လက္ခဏာတွေကိုလည်း တွေ့ရပါတယ်။ အကြောင်းအရာနဲ့ ဘာမှ မဆိုင်ပဲနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ မှတ်ချက သုံးခုကိုတော့ ကျွန်မ ဖျက်လိုက်ပါတယ်။ အဖျက်ခံလိုက်ရတဲ့ မှတ်ချက်ပိုင်ရှင် ၃ ဦးကို မဆိုင်တာတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ ထပ်မရေးဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။

ကိုအောင်ဒင် - ဗြဟ္မာကြီးလေးဦးကိစ္စ အမှန်က ကျွန်မ ဖတ်ထားတာ ဟိန္ဒူစာအုပ်မဟုတ်ဘူး ဗုဒ္ဓဘာသာစာအုပ်ပါပဲ။ ဒါပေမဲ့ ဖတ်ခဲ့တာ ကြာပြီ အကိုးအကားပြဖို့ လက်ထဲမှာလည်း မရှိတော့လို့ အပေါ်ကမှတ်ချက်မှာ ကျွန်မ ရောသွားတာ ဖြစ်နိုင်တယ်လို့ ၀န်ခံထားပြီးပါပြီ။ ထပ်ပြီး ရှည်ဖို့လိုမယ် မထင်ဘူး။ ဒါဝင်ရော ဆရာကြီး ဦးဘမော်ရေ သဗ္ဗေညူတ ဥာဏ်တော်ရထားသူတွေ မဟုတ်လို့ Experiment တွေက ရတဲ့ Result ကိုပဲ ပြောနိုင်တာပေါ့။ ဒါဝင်သီအိုရီဟာ Experiment တွေက စမ်းသပ်တွေ့ရှိချက်လို့ပဲ ပြောပါတယ်။ ဘုရားဟောထားတယ်လို့ ဘယ်သူမှ မပြောပါဘူး။ Kingdom, Phylum, Classes, Order, Family, Genus, Species ဆိုတာ အားလုံးဟာ သက်ရှိတွေကို အဆင့်ဆင့် အုပ်စုခွဲရာမှာ တူရာ တူရာတွေကို အဆင့်ဆင့် စုစည်းထားလို့ အသုံးပြုတဲ့ နာမည်တွေသာ ဖြစ်တယ်။ Family ဆိုတိုင်း မိသားစုလို့ ဆိုပြီး အတိအကျ အဓိပ္ပါယ်ယူလို့ မရနိုင်ပါဘူး။ ဒါတွေ အားလုံးက အမည် သတ်မှတ်ချက်တွေသာ ဖြစ်တယ်။

(((((ကျမအမြင်အရ မငယ်နိုင်က ဆရာတော်ဦးကောဝိဒ ရှင်းပြထားတာကို သဘောမပေါက်လို့ ထပ်မံဖြည့်စွက် နေတာလို့ မြင်မိတယ်။ ဒါကြောင့်လဲ ကျမ ၀င်ပြောဖြစ်တာပါ။ ကျမလဲ ငြင်းနေတာတော့ မဟုတ်ဘူး။ အကျိုးသင့် အကြောင်းသင့် ၀င်ရောက်ဆွေးနွေးတာပါ။ စမိပြီမို့ ဆက်ပြီး ပြောချင်ပါတယ်။

အစကို ပြန်ကောက်ရရင် စောဝတ်မှုံခင် မေးထားတဲ့ အမေးကို ဆရာတော်ဦးကောဝိဒ ဖြေထားတာ ရှင်းလင်း ပြည့်စုံနေပါပြီ။ မငယ်နိုင် ဖြည့်စွက်လိုက်တော့ ရှင်းနေတာက ပိုပြီး ရှုပ်သွားတယ်။))))))

ခင်ခင် - ဆရာတော် ဦးကောဝိဒ ဖြေထားတာကို သဘောမပေါက်လို့ ဖြည့်စွက်တာ မဟုတ်ဘူး။ မေးထားတဲ့ မေးခွန်းမှာ ဒါဝင်သီအိုရီကို လူတွေပြောနေတဲ့ စကားလုံး ပါနေတယ်။ ဆရာတော်ဖြေတာ ဘာသာရေးအရပဲ ဖြေထားတာကို ကျွန်မက သိပ္ပံအရ ဒီလိုရှိတယ်ဆိုတာကို မျှဝေပြီး ဖြည့်စွက်တာသာ ဖြစ်တယ်။ ကျွန်မက ရှေးဘ၀နောက်ဘ၀ကို ယုံလို့ ဗြဟ္မာသေပြီးပဲ လာဖြစ်လာဖြစ်၊ တိရိစ္ဆာန်တွေ နတ်တွေသေပြီးပဲ လာဖြစ်လာဖြစ် ဒါကိုဘုရားက တကယ် ဟောထားခဲ့တယ်ဆိုရင် ရတနာသုံးပါးကို ယုံလို့ ကျွန်မ ဘာမှငြင်းစရာ မရှိပါဘူး။ နားမလည်နိုင်တာ ရှိရင် မိမိလိုက်မမီသေးလို့ပဲ သဘောထားပါတယ်။

((((သိပ္ပံယူဆချက်နဲ့ ဗုဒ္ဓဟောကြားချက်ဟာလဲ မတူပါဘူး။ အပင်နဲ့ တိရစ္ဆာန်နဲ့ မတူသလို လူနဲ့ တိရစ္ဆာန်လဲ မတူပါဘူး။ ဒါကြောင့် တမျိုးထဲကနေ ဆင်းသက်ဖြစ်ပေါ်လာတယ်ဆိုတဲ့ ယူဆချက်ဟာ လုံးဝမှားယွင်းနေပါတယ်။ အပင်ဟာ ကံကြောင့်ဖြစ်တာ မဟုတ်ပါ။ သတ္တ၀ါတွေဟာ ကံကြောင့် ဖြစ်ရတာ။ အပင်မကျ တိရစ္ဆာန်မကျလို့ သိပ္ပံက ပြောပေမဲ့ ဗုဒ္ဓ ဟောကြားချက်မှာတော့ အပင်က အပင် သတ္တ၀ါက သတ္တ၀ါရှင်းလင်းစွာ ကွဲပြားပါတယ်။ အဲဒီအသေးအမွှား သတ္တ၀ါတွေဟာ သံသေဒဇ ပဋိသန္ဓေနဲ့ ဖြစ်နေကြတဲ့ သက်ရှိသတ္တ၀ါတွေပါ။ နောက်တခုက လူရဲ့ ဆဲလ်ဖွဲ့စည်း တည်ဆောက်ပုံအရ တိရစ္ဆာန်အမျိုးအစားမှာ ပါဝင်တယ်လို့ သိပ္ပံက သတ်မှတ်ပေမဲ့ လူနဲ့ တိရစ္ဆာန်ကိုလဲ ဘုရားက ရှင်းလင်းစွာ ခွဲခြားဟောပြထားပြီးသားပါ။ ဒါကြောင့် လူကို တိရစ္ဆာန် အမျိုးစားထဲမှာ သွတ်သွင်းလို့ မရပါ။ ဆိုလိုချင်တာက လူဖြစ်ရမယ့်ကံနဲ့ တိရစ္ဆာန်ဖြစ်ရမယ့် ကံခြင်း မတူတာကြောင့် လူနဲ့ မျောက် အမျိုးအစားတူတယ်လို့ သတ်မှတ်လို့ မရဘူးဆိုတာပါ။))))

ကံအကျိုးတရားက လူနဲ့တိရိစ္ဆာန်မှာမှ မဟုတ်ဘူး လူလူချင်းမှာတောင် တူတာမဟုတ်ပါဘူး။ အပင်တွေက ကံကြောင့် ဖြစ်လာတာ ဟုတ်မဟုတ် ကျွန်မ မသိပါဘူး။ ခင်ခင်တို့ ရောနေတာက ဇီဝရုပ်ဖြစ်ပျက်တာကို မြင်တဲ့အတိုင်း ပြောထားတဲ့ Experiment Result ရုပ်သက်သက်တွေကို ဘုရားဟောထားတဲ့ ကုသိုလ်အကုသိုလ်တွေနဲ့ လာပြီး ရောနေလို့ပဲ ခင်ခင်တို့အတွက် ပိုရှုပ်နေတာ ဖြစ်တယ်။ သိပ္ပံမှာ ကုသိုလ်၊ အကုသိုလ်နဲ့ ရှေးဘ၀နောက်ဘ၀တွေ မပါဘူး။ လက်ရှိဖြစ်ပျက် ပြောင်းလဲနေတဲ့ ရုပ်သဘာဝကြီးကို ခွဲခြမ်းစိတ်ဖြာ စမ်းသပ်ထားတာကိုပဲ ဖေါ်ပြထားတာဖြစ်တယ်။ ဒီတော့ သိပ္ပံကပြောထားတာနဲ့ ဘုရားပြောထားတာနဲ့ ရုပ်ကို အခြေခံပြီး ပြောထားတာ မကွာဘူးဆိုတာ ရုပ်နဲ့ဆိုင်တဲ့ အပိုင်းကိုပဲ ကျွန်မပြောပါတယ်။ နာမ်နဲ့ဆိုင်တဲ့ ရှေးဘ၀နောက်ဘ၀ ကံ၊ ကံ၏အကျိုးကို ရုပ်ထဲ လာမဆွဲထည့်ထားလို့ ကျွန်မကတော့ ရှင်းတယ်။ Evolution က နာမ်တရားကို ပြောထားတာ မဟုတ်ပါဘူး။ ခင်ခင်တို့က နာမ်တရားကို လာဆွဲထည့်နေလို့ ကိုယ့်ဖါသာကိုယ် ရှုပ်နေတာဖြစ်တယ်။ Evolution မှာ သက်ရှိတို့ရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ဆဲလ်ကလပ်စည်းတွေကိုကြည့်ပြီး တမျိုးတည်းက ဆင်းသက်လာတာ ဖြစ်နိုင်တယ်လို့ ယူဆတာ ဖြစ်တယ်။ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ ဒါဝင်သေပြီးမှ နှစ်ဆယ်ရာဆု နှောင်းပိုင်းမှာမှ ပေါ်လာတဲ့ အခု Genetic Engineering ပညာနဲ့ အပင်နဲ့ တိရိစ္ဆာန်တို့ရဲ့ ဆဲလ်ထဲမှာရှိတဲ့ DNAအချင်းချင်း၊ မျိုးမတူတဲ့ တိရိစ္ဆာန် အချင်းချင်း ရဲ့ DNA ပေါင်းစပ်၊ အမျိုးမတူတဲ့ အပင်အချင်းချင်းရဲ့ DNAတွေပေါင်းစပ်၊ လူနဲ့ ဘက်တီးရီးယားရဲ့ DNA တွေပေါင်းစပ်ပြီး လူသားအကျိုးပြုတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးပညာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ကို အသုံးပြုနေကြပြီ။ ဆဲလ်ကလပ်စည်းထဲမှာ ပါတဲ့ ဓါတ်ပေါင်းတွေ မတူပဲနဲ့ ဘယ်လို့မှ ပေါင်းစပ်ပြီး သတ္တ၀ါတခု ဖြစ်လာအောင် Clone လုပ်လို့ မရနိုင်ပါဘူး။ ဒီအချက်တွေက ဒါဝင်သီအိုရီကို ဖြစ်နိုင်တယ်လို့ ထောက်ခံနေတဲ့ သက်သေသာဓကတွေ ဖြစ်ပါတယ်။

ဆက်ရန်

(((((သိပ္ပံတွေ့ရှိချက်လို solid liquid gas energy ဆိုတာနဲ့ သဘောခြင်း မတူပါဘူး။ ဥပမာ သိပ္ပံက ရေဆိုရင် liquid လို့ ဆိုမှာ ဖြစ်ပေမဲ့ တကယ်တမ်း ရေမှာ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဓာတ်သဘော ၄-မျိုးစလုံးပါပါတယ်။ ဆိုလိုတာက သိပ္ပံပညာတွေ့ရှိချက်တွေဟာ ဘုရားဟောနဲ့ ကိုက်ညီတာရှိပေမဲ့ ဆွဲပြီး တန်းညှိပစ်လို့ မရဘူး။ မတူတာတွေ အများကြီးပဲ။)))))

သိပ္ပံတွေ့ရှိချက်တွေအားလုံးက ဘုရားဟောနဲ့ မတူဘူးဆိုတာ လက်ခံပါတယ်။ ကျွန်မလည်း တူတဲ့အချက်တွေကိုပဲ ပြောပါတယ်။ Matter တွေကို ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော နဲ့ ဖွဲ့စည်းထားတာပဲ ပြောပြော Solid, Liquid, Gas and Energy နဲ့ ဖွဲ့စည်းထားတယ်ပဲ ပြောပြော ဒါတွေ အားလုံးက အခေါ်အဝေါ် ပညတ်တွေပဲ ဖြစ်တယ်။ ကျွန်မတို့ တူတယ်လို့ သိရမှာက အရာဝတ္ထုတွေ အားလုံးကို ခုနက ပြောတာနဲ့ သဘောသဘာဝတူတဲ့ အရာတွေနဲ့ ဖွဲ့စည်းထားတာတော့ အမှန်ပဲ ဆိုတာ လက်ခံရမယ်။ ဖြစ်စဉ်နဲ့ သဘောသဘာဝကို နားလည်ဖို့ပဲ လိုပါတယ်။

(((((ဒီလိုဆိုလို့ မငယ်နိုင်အတန်းဖော် မူစလင်တအုပ်က ငြင်းသလိုမျိုး ဗုဒ္ဓဘာသာတအုပ်ကလဲ ထငြင်းတယ်လို့ မထင်လိုက်ပါနဲ့။ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးတာဟာ အကြောင်းမဲ့ ငြင်းခုန်တာနဲ့ လားလားမျှ မတူပါဘူး။)))))

အစပိုင်းမှာ မဖြစ်ပေမဲ့ မလိုလားအပ်တဲ့ ငြင်းခုန်မှုတွေ ဖြစ်လာပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ဖြစ်လာတော့ ကျွန်မ ဒီလိုပဲ ခံစားလာရတယ်။ ဒါဝင်ပြောတာကို မိမိလက်မခံနိုင်ရင် လက်မခံနိုင်ဘူး ဆိုရင် ပြီးသွားပြီ။ အဲဒါနဲ့ မပြီးသွားပဲ ကျွန်မပြောတာကို မှားတယ်လို့ နာမ်တရားတွေဆွဲထည့်ပြီး ဘယ်လိုပဲ မှားတယ်လို့ လာထောက်ပြထောက်ပြ ဒါကျွန်မတယောက်တည်း လက်ခံထားတာမဟုတ်၊ Scientific Community တခုလုံး၊ ကမ္ဘာ့လူသားအများစု လက်ခံထားတဲ့ လက်တွေ့ကျကျ ဓါတ်ခွဲခန်းမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဘာသာမဲ့ အကုန်လုံး သွားစပ်းသပ်လို့ရတဲ့ ကိစ္စတွေသာ ဖြစ်တယ်။ လက်တွေ့လည်း ကမ္ဘာကြီးမှာ ဒီသီအိုရီအတိုင်းပဲ ဖြစ်ပျက်ပြောင်းလဲနေကြတာကို မှားတယ်လို့ ဘယ်လိုသွား လက်ခံလို့ ဖြစ်နိုင်မလဲ။

((((((မငယ်နိုင် နားမလည်ဘဲ ရောနေတဲ့အချက်က မျောက်နဲ့လူ မကွဲခင် အဆင့် ဆိုတာကိုပါ။ သိပ္ပံပညာတွေ့ရှိချက်က မျောက်နဲ့လူ မကွဲတဲ့အဆင့် ရှိချင်ရှိမယ်၊ ဗုဒ္ဓဟောကြားချက်မှာက အပေါ်မှာပြောသလို ပဋိသန္ဓေစိတ်ကိုက မတူညီတာကြောင့် အဲဒီအဆင့်ဆိုတာ မရှိပါဘူး။ လူ ဆိုရင် လူ၊ တိရစ္ဆာန်ဆိုရင် တိရစ္ဆာန်ပါပဲ။ လုံးဝ ကွဲပြားပါတယ်။ မကွဲပြားတာက လူနဲ့ မျောက် ပုံသဏ္ဍာန်သာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။))))))

အဲဒါကလည်း ၃၁ ဘုံထဲမှာ ပါဝင်တဲ့ ဘုံတခုခုကနေ အချိန်မရွေး ကံကုန်ပြီး ဘယ်သတ္တ၀ါမှာပဲ ဖြစ်ဖြစ် သူ့ရဲ့ ကံအကျိုးပေးအတိုင်း သွားဝင်စားနိုင်တာပဲ မဟုတ်လား။ ဒီကမ္ဘာပေါ်မှာ လူမပေါ်ခင်က ဒိုင်နိုဆောတို့ တွားသွားသတ္တ၀ါတို့ခေတ်က သတ္တ၀ါတွေမှာ ပဋိသန္ဓေယူ ၀င်စားတဲ့ သတ္တ၀ါတွေကလည်း ၃၁ ထဲက လာတာပဲ မဟုတ်လား။ သြစကြေးလျားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာက ဆင်လိုလို ကျွဲလိုလို၊ ကုလားအုပ်လိုလို နွားလိုလို သတ္တ၀ါတွေ ရှိခဲ့ဖူးတယ်။ ဆင်ဖြစ်သတ်မှတ်မလား၊ ကျွဲသတ်မှတ် မလားဆိုတာကတော့ ရှိချင်မှ ရှိမယ်။ အဲဒီလိုပဲ လူမကျ မျောက်မကျ သတ္တ၀ါဆိုရင်တော့ ခုခေတ်စံနဲ့ သတ်မှတ်မယ်ဆိုရင် လူလား တိရိစ္ဆာန်လားဆိုတာ IQ ကိုပဲ ကြည့်ရမယ်ထင်တယ်။


(((((မငယ်နိုင်ပြောသလို Natural selection ကို သေချာမလေ့လာရင် ဒါဝင်သီအိုရီကို နားလည်ဖို့ ခက်နိုင်သလို ဗုဒ္ဓအဘိဓမ္မာကို သေချာမလေ့လာရင် ဘုံတွေ ဘ၀တွေ စိတ်တွေ ရုပ်တွေကို နားလည်ဖို့ အင်မတန်မှ ခက်ပါတယ်။ မငယ်နိုင်အနေနဲ့ ဆရာတော်ရှင်းပြချက်ကို ၀င်ရောက်ဖြည့်စွက် ဆွေးနွေးလိုရင် ကိုယ်ဆွေးနွေးတဲ့ တော့ပစ်ကို နားလည်သဘောပေါက်အောင် အရင်လေ့လာစေချင်တယ်။ ပြီးတော့ မေးခွန်းရဲ့ ဦးတည်ချက်၊ ဖြေဆိုသူရဲ့ ရည်ရွယ်ချက်တွေကို နားလည်စေချင်တယ်။))))))

ဒီမှတ်ချက်မှာ ကျွန်မ ဘုရားဟောတာကို ဘာမှ ငြင်းဆိုထားတာမဟုတ်ဘူးလို့ ကျွန်မအပေါ်မှာလည်း ပြောထားပြီးပြီ။ ကျွန်မ လိုက်မမီတာကို လိုက်မမီတဲ့ အတိုင်းထားပါတယ်။ ကျွန်မ သိတဲ့ Natural Selection ကို မေးခွန်းနဲ့ ပတ်သက်နေလို့ ဖြည့်စွက်ခဲ့တယ်ဆိုတာ အပေါ်မှာလည်းပြောထားပြီးပြီမို့ ထပ်ပြောစရာ လိုမယ်မထင်ဘူး။

(. ) - ကျွန်မ ဘာသာရေးကို ဘာသာရေးလိုပဲ ကိုးကွယ်ပါတယ်။ သိပ္ပံကို သိပ္ပံလိုပဲ လေ့လာရာရင်း ရုပ်ဝတ္တုတွေရဲ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ ဖြစ်စဉ်တွေဟာ ဘုရားဟောထားတာနဲ့ တထပ်တည်း (သို့) အခေါ်အဝေါ် မတူတာကလွဲလို့ ဆင်တူရိုးမား ဖြစ်နေတာကို တခါတလေ အကြောင်းတိုက်ဆိုင်ရင်တော့ ဗုဒ္ဓဘာသာဟာ သိပ္ပံနဲ့ မဆန့်ကျင်ဘူးလို့ ပြောမိတာ တခုပါဘဲ။ ဒါကို သိပ္ပံက ပြောထားတဲ့ နာမ်တရားတွေနဲ့ လာရောတော့ သီးခြားစီ ဖြစ်နေလို့ ဘယ်လိုမှ ပေါင်းစပ်လို့ မရပါဘူး။ (.) ဆက်ပြောထားတာတွေ ကျွန်မ လက်ခံပါတယ်။ ၁၀၀% ဆိုတာ ဘာမှ မမှန်နိုင်ဘူးဆိုတာ အမှန်ပဲ။ သိပ္ပံတွေ့ရှိချက်ရော ဘာသာရေးက ပြောထားတဲ့ အချက်တွေမှာရော ဘယ်ဘာသာမှ ၁၀၀% မမှန်နိုင်ပါဘူး၊ ဒါအသေအချာပဲ။

ထိပ်ထား - စာဖတ်သူတွေ နှိုင်းယှဉ်ဖို့ မေးထားတဲ့ မွေးခွန်းနဲ့လည်း အကျုံးဝင်လို့ သိပ္ပံပိုင်းကိုပဲ ဖြည့်စွက်ပေးထာသာ ဖြစ်တယ်လို့ ဒေါ်ငယ်က အပေါ်က မှတ်ချက်တွေမှာလည်း ပြောထားပြီးပြီး။ သိထားတဲ့ ရုပ်ကိုသာ ဆွေးနွေးတဲ့အတွက် ဒီကစ္စကို အတွက် အဘိဓမ္မာနဲ့ ကိုင်ပေါက်ရလောက်အာင် အကြီးကျယ်ပါဘူး။ ကျွန်မက ဘုရားဟောတဲ့ သစ္စာလေးပါး တရားကို လုံးဝရှင်းတယ်။ ယုံမှားသံသယမရှိအောင် ယုံကြည်ပါတယ်။ ဘုရားဟောမှန်း မဟောမှန်းမသိ တချို့အစွန်းရောက်သူတွေရဲ့ ပြောဆိုချက်ကိုပဲ ယုံမှားသံသယ ဖြစ်တာ ရှိပါတယ်။ နောက်ထပ်လည်း ဘာသာရေးနဲ့ ပတ်သက်ပြီး မိမိသိထားတဲ့ သိပ္ပံနဲ့ တိုက်ဆိုင်ရင်ဖြစ်စေ၊ လွဲချော်ရင် ဖြစ်စေ၊ တိုက်ဆိုင်ရင် တိုက်ဆိုင်ကြာင်း လွဲချော်ရင် လွဲချော်ကြောင်း ဆက်လက်ဆွေးနွေးဖို့ အစီစဉ်ရှိပါတယ်။

အချို့သပ္ပံတွေ့ရှိချက်တွေဟာ ဘာသာတရားအားလုံးက ငြင်းလို့မရတဲ့အချက်တွေ ဖြစ်တဲ့အတွက် ဘာသာရေးမှသာမှန်တယ် သိပ္ပံက မှားတယ်လို့ သွားပြောလို့ နောက်မျိုးဆက်ကလူငယ်တွေ ဘာသာမဲ့ဖြစ်သွားမှာပဲ အဖတ်တင်မယ်။ မတူဘူးထင်တာကို ထားလိုက် တူတာကို အသေအချာလေ့လာပြီး လက်ခံသင့်ပါတယ်။ သိပ္ပံတွေ့ရှိချက်တွေကို ဘုရားဟောခဲ့လို့ လက်မခံနိုင်ဘူး ပြောမယ်ဆိုရင် ဘုရားက ဟောခဲ့တဲ့တရားက လက်ခုပ်ထဲမြေကြီးခန့်ပဲ ရှိပြီး မဟောခဲ့တဲ့ တရားက ကမ္ဘာမြေကြီး တခုလုံးမှာ ရှိတဲမြေကြီးနဲ့ ညီတဲ့လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ဘုရားမဟောခဲ့လို့ဆိုပြီး သူများ ဓါတ်ခွဲခန်းမှာ လက်တွေ့စမ်းသပ်ပြလို့ ရတဲ့အရာတွေကို မျက်စိအသေမှိတ်ပြီး ငြင်းလို့မရနိုင်ဘူး။ အားလုံးကို ရှင်းရှင်းလင်းလင်း ရှိစေချင်တာက ကျွန်မက သက်ရှိတို့ရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဒါဝင်ပြောထားတဲ့ အချက်ကိုပဲ ဆွေးနွေးတာ ဖြစ်ပြီး ဘာသာတရားက ပြောထားတဲ့ အချက်ကို ဘာမှဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး။ ဒါဝင်ပြောထားတာ အမှန်အမှားဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ Genetic Engineering က သက်သေပြပါတယ်။ ဘာသာတရားက ပြောထားတာ မှန်တယ်မှားတယ်ဆိုတာ ဘုရားတကယ်ဟောထားခြင်း ရှိမရှိအပေါ်မှာပဲ မူတည်ပါတယ်လို့ ကျွန်မ သတ်မှတ်တယ်။ ဗုဒ္ဓဘာသာဝင်တယောက်အတွက် အဓိက ရတနာသုံးပါးနဲ့ ဓါန၊ သီလ၊ ဘ၀နာ၊ ၀ိပဿနာပဲ ဖြစ်ပါတယ်။ ပညတ်ချက်တွေနောက်ကို သိပ်လိုက်နေဖို့ မလိုအပ်ပါဘူး။

<<>>>

ဘုရားတကယ် ဟောမဟော ဆန်းစစ်နိုင်တဲ့ အသိဥာဏ် မငယ်နိုင်မှာ ရှိပါသလား။ ဒါနကို ဓါန၊ ဘာဝနာကို ဘဝနာလို့ရေးတဲ့ လူတယောက်မှာ ဘုရားဟောတာ တကယ် ဟုတ်မဟုတ် မှန်မမှန် သိနိုင်ပါ့မလားလို့ သံသယဖြစ်မိတယ်။ ပညတ်ချက်နောက် လိုက်ဖို့မလိုဘူးဆိုရင် ဆုံးမချက်တွေ နောက် တကယ် လိုက်နေပါသလား သိချင်ပါတယ်။ မိမိတို့ မလိုက်နာနိုင်တဲ့ စည်းကမ်းမှန်သမျှ ဘုရားက မဟောခဲ့ပါဘူးလို့ သတ်မှတ်နေကြရင် မခက်ပေဘူးလား။

(((ဘာသာတရားက ပြောထားတာ မှန်တယ်မှားတယ်ဆိုတာ ဘုရားတကယ်ဟောထားခြင်း ရှိမရှိအပေါ်မှာပဲ မူတည်ပါတယ်လို့ ကျွန်မ သတ်မှတ်တယ်။ ဗုဒ္ဓဘာသာဝင်တယောက်အတွက် အဓိက ရတနာသုံးပါးနဲ့ ဓါန၊ သီလ၊ ဘ၀နာ၊ ၀ိပဿနာပဲ ဖြစ်ပါတယ်။ ပညတ်ချက်တွေနောက်ကို သိပ်လိုက်နေဖို့ မလိုအပ်ပါဘူး။))))))

အပေါ်က စာကျန်ခဲ့လို့...

"အချို့သိပ္ပံတွေ့ရှိချက်တွေဟာ ဘာသာတရားအားလုံးက ငြင်းလို့မရတဲ့အချက်တွေ ဖြစ်တဲ့အတွက် ဘာသာရေးမှသာမှန်တယ် သိပ္ပံက မှားတယ်လို့ သွားပြောလို့ နောက်မျိုးဆက်ကလူငယ်တွေ ဘာသာမဲ့ဖြစ်သွားမှာပဲ အဖတ်တင်မယ်။ မတူဘူးထင်တာကို ထားလိုက် တူတာကို အသေအချာလေ့လာပြီး လက်ခံသင့်ပါတယ်။ သိပ္ပံတွေ့ရှိချက်တွေကို ဘုရားဟောခဲ့လို့ လက်မခံနိုင်ဘူး ပြောမယ်ဆိုရင် ဘုရားက ဟောခဲ့တဲ့တရားက လက်ခုပ်ထဲမြေကြီးခန့်ပဲ ရှိပြီး မဟောခဲ့တဲ့ တရားက ကမ္ဘာမြေကြီး တခုလုံးမှာ ရှိတဲမြေကြီးနဲ့ ညီတဲ့လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ဘုရားမဟောခဲ့လို့ဆိုပြီး သူများ ဓါတ်ခွဲခန်းမှာ လက်တွေ့စမ်းသပ်ပြလို့ ရတဲ့အရာတွေကို မျက်စိအသေမှိတ်ပြီး ငြင်းလို့မရနိုင်ဘူး။"

ဒါနဲ့ပတ်သက်ပြီးနည်းနည်းဆွေးနွေးချင်ပါတယ် အမ.. သိပ္ပံနဲ့ ဘုရားဟော မကိုက်ညီတာ ရှိတယ်လို့ အမပြောခဲ့တာအတွက် အမ တာဝန် အပြည့်ယူရပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်တယောက် အနေနဲ့ ကျွန်မရဲ့ ယုံကြည်ချက်ဟာ သိပ္ပံပညာဟာ ဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေရဲ့ အလွန့်အလွန် နောက်ကျပြီးမှ ရှာဖွေ တွေ့ရှိလာတာပါ အမ.. အခု အမ အသုံးပြုပြီး ပြောသွားတဲ့ သိပ္ပံဆိုတာဟာ ၁၀ တန်းအဆင့် သိပ္ပံပဲ ရှိတယ်ဆိုတာ အမ သိမှာပါ.. သိပ္ပံပညာရဲ့ တကယ့်အဆင့်မြင့်တဲ့အပိုင်းကို အမ အရင်လေ့လာပြီးမှ ဒီလို ဆွေးနွေးဖို့ သင့်ပါတယ်။ သိပ္ပံရှာဖွေ တွေ့ရှိသမျှဟာ ဘုရားဟောပြီးနောက်မှာ ပေါ်ပေါက်လာတာပါ။ အမ ဒီလို ပြောမယ်ဆိုရင် သိပ္ပံက မတွေ့ဘူးဆိုပြီး ငရဲဆိုတာကို မယုံဘူးလား။ အသူရကာယ်ဆိုတာကို မယုံဘူးလား။ မြင့်မိုရ်တောင် ရှိကြောင်း မယုံဘူးလား အမ...

"နောက်ထပ်လည်း ဘာသာရေးနဲ့ ပတ်သက်ပြီး မိမိသိထားတဲ့ သိပ္ပံနဲ့ တိုက်ဆိုင်ရင်ဖြစ်စေ၊ လွဲချော်ရင် ဖြစ်စေ၊ တိုက်ဆိုင်ရင် တိုက်ဆိုင်ကြာင်း လွဲချော်ရင် လွဲချော်ကြောင်း ဆက်လက်ဆွေးနွေးဖို့ အစီစဉ်ရှိပါတယ်။"

ဒီစာကြောင်းအတွက်လည်း ထပ်ပြောပါမယ် အမ..
မိမိသိထားတဲ့ သိပ္ပံလို့ သုံးလိုက်တဲ့အတွက် အမ သိတဲ့ သိပ္ပံကိုသာ ကိုယ်စားပြုပါတယ်။ ဆိုလိုတာက အမ သိသလောက် လက်သည်းခွံလောက်ရှိရင်လည်း လက်သည်းခွံလောက်ကိုသာ ကိုယ်စားပြုပါလိမ့်မယ်။ ဘယ်အရာကိုမှ ကိုယ်သိသလောက် တဖက်သတ် ကလေးနဲ့ ဆုံးဖြတ်လို့ မရဘူး.. အဘက်ဘက်က သက်သေ အထောက်အထား ခိုင်လုံရမယ်ဆိုတာ အမ သိဖို့ ကောင်းပါတယ်။ အမ.... ဘာသာရေးကို ဆွေးနွေးဖို့ဆိုတာ အမ ကျော်ဖြတ် ခဲ့တဲ့ အသိုင်းအ၀ိုင်းလို ကိုယ်ယုံကြည်ရာ အမှန် လုပ်လို့ မရပါဘူး အမ...

"ဒါဝင်ပြောထားတာ အမှန်အမှားဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ Genetic Engineering က သက်သေပြပါတယ်။ ဘာသာတရားက ပြောထားတာ မှန်တယ်မှားတယ်ဆိုတာ ဘုရားတကယ်ဟောထားခြင်း ရှိမရှိအပေါ်မှာပဲ မူတည်ပါတယ်လို့ ကျွန်မ သတ်မှတ်တယ်။ ဗုဒ္ဓဘာသာဝင်တယောက်အတွက် အဓိက ရတနာသုံးပါးနဲ့ ဓါန၊ သီလ၊ ဘ၀နာ၊ ၀ိပဿနာပဲ ဖြစ်ပါတယ်။ ပညတ်ချက်တွေနောက်ကို သိပ်လိုက်နေဖို့ မလိုအပ်ပါဘူး။ "

အမရေးထားတဲ့အတိုင်း ပြန်ကူးထားပေမဲ့ ပြန်ပြင်ပေးပါရစေ.. ဒါန၊သီလ၊ဘာဝနာ၊ ၀ိပဿနာ ပါ အမ... ပညတ်ချက်တွေနောက်ကို လိုက်ဖို့ မလိုဘူးဆိုရင် မင်္ဂလာတရားတော်တွေဟာလည်း အလကားဖြစ်ပြီပေါ့နော်။ ဘုရားကို ယုံကြည်ဖို့ဆိုတာ ဘာတွေဟောကြားခဲ့တယ် ဘာတွေ လက်တွေ့ရှိတယ်ဆိုတာကို သိအောင်နာ၊ မြင်အောင်ကြည့်တတ်ဖို့လည်း လိုပါတယ်။ မယုံကြည်သေးဘဲ ဘုရားဟောတဲ့အတိုင်း လိုက်နာတတ်ဖို့ ဆိုတာ မလွယ်ပါဘူး အမ...

အမကို တိုက်ခိုက်ချင်လို့ မဟုတ်ဘဲ သိပ္ပံတွေ့ရှိချက်နဲ့ ဘုရားဟော မကိုက်ညီတာတွေ ရှိတယ်ဆိုတဲ့အတွက် အခြားလူများ အမှတ်မမှားရအောင် ပြောရခြင်း ဖြစ်ပါတယ်။ အမပြောချင်တဲ့ ဘုရားဟောတရားနဲ့ သိပ္ပံ မကိုက်ညီတာ ရှိမယ်ဆိုရင်... nanhtikekaykhaing@gmail.com ကို အချိန်မရွေး ဆက်သွယ်ပါ အမ.. မဟုတ်မမှန်တာ ကိုတော့ စာဖတ်သူများ ရှုပ်ထွေးစေဖို့ မဖန်တီး စေချင်ပါဘူး... မှားရင်လည်း မှားတယ်လို့ ၀န်ခံပါ. ကိုယ့်ထက် ပိုသိတဲ့လူတွေရဲ့ စာတွေကို များများဖတ်ဖို့လည်း လိုအပ်ပါတယ် အမ.. သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ လို စာအုပ်မျိုးကို ပြောချင်တာပါ...


အေးချမ်းပါစေ အမ..

မငယ်နိုင်ရေ …
မေးခွန်းကို ပြန်ကြည့်ရအောင်နော်။
စောဝတ်မှုံခင်မေးထားတာက …

အမေး။အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။

အဲဒီလို … ဟုတ်တယ်နော်။ မေးတာက ဘုန်းကြီး (ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်) ကို မေးထားတာ။ ပြီးတော့ ဘုရားဟောကို ရည်ညွှန်းပြီးမေးထားတာ။ ပြန်ဖြေသူ ဆရာတော်ကလည်း ဘုရားဟောနဲ့ ကိုးကားပြီး ဖြေဆိုထားတာ။ ဒီတော့ ဘာသာရေးအရမေးတာကို ဘာသာရေးအရဖြေတယ်၊ အမေးနဲ့ အဖြေက သူ့ဟာနဲ့သူ သဟဇာတ ဖြစ်ပြီးသား မဟုတ်လား။

မငယ်နိုင်က သိပ္ပံအရ ဒီလိုရှိတယ်လို့ ဖြည့်စွက်ချက်ဟာ အမှန်တကယ် မလိုအပ်ပါဘူး။ ဘာကြောင့်ဆိုတော့ သူ့အမေးနဲ့ သူ့အဖြေ မှန်ကန် ညီညွတ်နေပြီးသား တနည်းအားဖြင့် သံသယကင်းစေတဲ့ အဖြေကို မငယ်နိုင်ဖြည့်စွက်လိုက်တော့ မေးသူအတွက်ရော (တခြား ဖတ်သူတွေအတွက်ပါ) သံသယ ထပ်မံ ကြီးထွား ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မလိုအပ်ရင် မဖြည့်စွက်ဘဲ နေတာက ပိုကောင်းပါတယ်။

မငယ်နိုင် ထပ်ပြောထားတဲ့ အချက်တွေကို ပြန်ပြောချင်ပါသေးတယ်။
(((အပင်တွေက ကံကြောင့် ဖြစ်လာတာ ဟုတ်မဟုတ် ကျွန်မ မသိပါဘူး။ )))
အပင်တွေက ကံကြောင့် ဖြစ်တာ ဟုတ်မဟုတ်တောင် မငယ်နိုင် မသိဘူး ဆိုထားတဲ့အတွက် မငယ်နိုင်ရဲ့ ဘာသာရေးအခြေခံကို ခန့်မှန်းလို့ရပြီ။

(((ခင်ခင်တို့ ရောနေတာက ဇီဝရုပ်ဖြစ်ပျက်တာကို မြင်တဲ့အတိုင်း ပြောထားတဲ့ Experiment Result ရုပ်သက်သက်တွေကို ဘုရားဟောထားတဲ့ ကုသိုလ်အကုသိုလ်တွေနဲ့ လာပြီး ရောနေလို့ပဲ ခင်ခင်တို့အတွက် ပိုရှုပ်နေတာ ဖြစ်တယ်။)))

နောက်တခု မငယ်နိုင် မသိတာက ဘုရားက ကုသိုလ် အကုသိုလ် သက်သက်မျှကိုသာ ဟောထားတာ မဟုတ်ဘူး။ ဘုရားက ရုပ်ရော နာမ်ရော အကုန်ဟောထားတယ်။ ဇီဝရုပ် ဖြစ်ပျက်တာကို သိပ္ပံလေ့လာတွေရှိချက်နဲ့ ဘုရားဟောတာကို လာပြီးရောနေတာက ကျမတို့ မဟုတ်ဘူး။
ဘုရားဟောကို အခြေခံပြီး မေးထားတဲ့ မေးခွန်းကို မငယ်နိုင်က သိပ္ပံလေ့လာတွေ့ရှိချက်တွေနဲ့ ရောချလိုက်တာပဲ ဖြစ်တယ်။ ဒါကြောင့် ရှုပ်နေတာက ကျမတို့မဟုတ်ပါ။ ရှင်းနေတဲ့ အမေးနဲ့ အဖြေကို ထပ်မံရှုပ်ထွေးစေတဲ့ မငယ်နိုင်ရဲ့ ဖြည့်စွက်ချက်သာလျှင် ဖြစ်ပါတယ်။

(((သိပ္ပံမှာ ကုသိုလ်၊ အကုသိုလ်နဲ့ ရှေးဘ၀နောက်ဘ၀တွေ မပါဘူး။ လက်ရှိဖြစ်ပျက် ပြောင်းလဲနေတဲ့ ရုပ်သဘာဝကြီးကို ခွဲခြမ်းစိတ်ဖြာ စမ်းသပ်ထားတာကိုပဲ ဖေါ်ပြထားတာဖြစ်တယ်။ )))

ဟုတ်တယ်။ ဒါကြောင့် သိပ္ပံပညာဟာ ပြီးပြည့်စုံတဲ့ ပညာရပ် မဟုတ်ဘူး။ ရုပ်သဘာဝကို မြတ်စွာဘုရား ခွဲခြမ်းစိတ်ဖြာထားတာဟာ အလွန်ပြီးပြည့်စုံတယ်။ ရုပ်အမျိုးအစား၊ ရုပ်ကလာပ်စည်း၊ ရုပ်တရားတို့ရဲ့ ဖောက်ပြန်ပုံ … စသဖြင့် အသေးစိတ် သေချာ ရှင်းပြထားပြီးသားပါ။

ဆက်ပါအုံးမယ်။

(((ဒီတော့ သိပ္ပံကပြောထားတာနဲ့ ဘုရားပြောထားတာနဲ့ ရုပ်ကို အခြေခံပြီး ပြောထားတာ မကွာဘူးဆိုတာ ရုပ်နဲ့ဆိုင်တဲ့ အပိုင်းကိုပဲ ကျွန်မပြောပါတယ်။ နာမ်နဲ့ဆိုင်တဲ့ ရှေးဘ၀နောက်ဘ၀ ကံ၊ ကံ၏အကျိုးကို ရုပ်ထဲ လာမဆွဲထည့်ထားလို့ ကျွန်မကတော့ ရှင်းတယ်။ Evolution က နာမ်တရားကို ပြောထားတာ မဟုတ်ပါဘူး။ ခင်ခင်တို့က နာမ်တရားကို လာဆွဲထည့်နေလို့ ကိုယ့်ဖါသာကိုယ် ရှုပ်နေတာဖြစ်တယ်။ ))

အဲဒီမှာ ရုပ်ထဲကို ကံ ကံ၏အကျိုး ခင်ခင်တို့က လာဆွဲထည့်နေတာမဟုတ်ဘူး။ ဘုရားဟောထားတာ ကမ္မဇရုပ် (ကံကြောင့် ဖြစ်သောရုပ်)၊ စိတ္တဇရုပ် (စိတ်ကြောင့် ဖြစ်သောရုပ်)၊ ဥတုဇရုပ် (ဥတုကြောင့် ဖြစ်သော ရုပ်)၊ အာဟာရဇရုပ် (အာဟာရကြောင့် ဖြစ်သော ရုပ်) ဆိုပြီး ရှိတယ်။ evolution က နာမ်တရားကို ပြောထားတာ မဟုတ်တဲ့အတွက် မပြည့်စုံဘူး။ လူ၊ မျောက် စသဖြင့် ပြောမယ်ဆိုရင် ရုပ်တခုထဲ ပြောလို့ မရဘူး။ ဒီရုပ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအချက်အလက်တွေ ရှိသေးတယ်။ သိပ္ပံက ရုပ်ပြောင်းလဲတာလောက်ပဲ သိတာ၊ ဒီထက် နက်နဲတာတွေ သိပ္ပံမရှာဖွေနိုင်တာတွေ ဘုရားက အားလုံး ဟောပြပြီးသားပဲ။

((Evolution မှာ သက်ရှိတို့ရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ဆဲလ်ကလပ်စည်းတွေကိုကြည့်ပြီး တမျိုးတည်းက ဆင်းသက်လာတာ ဖြစ်နိုင်တယ်လို့ ယူဆတာ ဖြစ်တယ်။)))
ဒါကိုကြည့်ရင် ဖြစ်နိုင်တယ်လို့ ယူဆချက်ပဲဖြစ်တယ်။ မှန်ကန်ချက် မဟုတ်ဘူး။ ဒါကြောင့် မတိကျပါဘူး။ မတိကျတဲ့ အရာတခုကို တိကျမှန်ကန်တဲ့ အကြောင်းအချက်အလက်ပေါ်မှာ ထပ်မံ ဖြည့်စွက်ခြင်းဟာ အကျိုးမဲ့ပါပဲ။ ဒီနေရာမှာ သိပ္ပံရှာဖွေချက်ကို အကျိုးမဲ့လို့ ပြောနေတာ မဟုတ်ပါ။ အဓိက မေးခွန်း နဲ့ အဖြေမှာ မငယ်နိုင် ဖြည့်စွက်ချက် သက်သက်ကိုသာ ပြောလိုခြင်း ဖြစ်ပါတယ်။

(((ဒါဝင်ပြောတာကို မိမိလက်မခံနိုင်ရင် လက်မခံနိုင်ဘူး ဆိုရင် ပြီးသွားပြီ။ အဲဒါနဲ့ မပြီးသွားပဲ ကျွန်မပြောတာကို မှားတယ်လို့ နာမ်တရားတွေဆွဲထည့်ပြီး ဘယ်လိုပဲ မှားတယ်လို့ လာထောက်ပြထောက်ပြ ဒါကျွန်မတယောက်တည်း လက်ခံထားတာမဟုတ်၊ Scientific Community တခုလုံး၊ ကမ္ဘာ့လူသားအများစု လက်ခံထားတဲ့ လက်တွေ့ကျကျ ဓါတ်ခွဲခန်းမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဘာသာမဲ့ အကုန်လုံး သွားစပ်းသပ်လို့ရတဲ့ ကိစ္စတွေသာ ဖြစ်တယ်။ လက်တွေ့လည်း ကမ္ဘာကြီးမှာ ဒီသီအိုရီအတိုင်းပဲ ဖြစ်ပျက်ပြောင်းလဲနေကြတာကို မှားတယ်လို့ ဘယ်လိုသွား လက်ခံလို့ ဖြစ်နိုင်မလဲ။)))

အခုဖြစ်နေတာက ဒါဝင်ပြောတာကို လက်ခံတာ မခံတာထက် မေးခွန်းနဲ့ အဖြေမှာ မငယ်နိုင်ဖြည့်စွက်ချက်ကို လက်မခံတာလို့ပဲ ဆိုချင်တယ်။ “နာမ်တရားတွေ ဆွဲထည့်ပြီး” လို့ သုံးခြင်းဟာလည်း မငယ်နိုင်က ရုပ် နာမ် သဘောတရားကို နားမလည်လို့ ပြောနေတာလို့ပဲ မှတ်ယူပါတယ်။ နာမ်ဆိုတာလဲ မှီရာ ရုပ်ဝတ္ထု ရှိရတယ်။ ထားတော့ … ဒါတွေ ထပ်တလဲလဲ ပြောနေလဲ အပိုပဲ။ မငယ်နိုင် အခြေခံလောက်တော့ လေ့လာထားသင့်တယ်။

တကယ်တော့ မငယ်နိုင်ရေ … ဗုဒ္ဓအဘိဓမ္မာဟာ ဘာသာရေးဆိုတာထက် ဘာသာရပ်တခုအနေနဲ့ လူမျိုးမရွေး ဘာသာမရွေး ဘာသာမဲ့ အကုန်လုံး လေ့လာနိုင်တယ်။ စမ်းသပ်နိုင်တယ်။ မှန်ကန်တယ်လို့ မှတ်ကျောက်တင်ခံနိုင်တဲ့ ဘာသာရပ် တခုဖြစ်တယ်။ လက်တွေ့ လေ့လာကြည့်ပါ။ အဘိဓမ္မာဟာ သိပ္ပံတွေ့ရှိချက်တွေလို ခုတမျိုး တော်ကြာတမျိုး ပြောင်းလဲတတ်တဲ့ သဘောမရှိသလို နောက်လူတွေက ထပ်မံဖြည့်စွက် စရာလဲ မလို၊ နုတ်ပယ်စရာလဲ မလိုအောင်ကို ပြီးပြည့်စုံပါတယ်။ မငယ်နိုင် တယောက်ထဲ လက်ခံထားတာ မဟုတ်တဲ့၊ ကမ္ဘာ့လူသား အများစု လက်ခံထားတယ်ဆိုတဲ့ သိပ္ပံတွေ့ရှိချက်တွေဟာ အမြဲ ပြောင်းလဲ ပြုပြင်နေရတယ်။ အသစ်ထပ်တွေ့ရင် ထပ်ဖြည့်စွက်ရတယ်။ အဟောင်းထဲက ပယ်သင့်တာတွေ ပယ်ပစ်ရတယ်။ ဟုတ်တယ် မဟုတ်လား။ ဒါကြောင့် သိပ္ပံသီအိုရီကိုပဲ အသေမဆုပ်ကိုင်ထားတယ်။ ရုပ်နာမ် ဓမ္မတွေရဲ့ ဖြစ်ပျက် ပြောင်းလဲပုံကိုလဲ နည်းနည်းလောက် လေ့လာကြည့်ပါ။

(((ဒီကမ္ဘာပေါ်မှာ လူမပေါ်ခင်က ဒိုင်နိုဆောတို့ တွားသွားသတ္တ၀ါတို့ခေတ်က သတ္တ၀ါတွေမှာ ပဋိသန္ဓေယူ ၀င်စားတဲ့ သတ္တ၀ါတွေကလည်း ၃၁ ထဲက လာတာပဲ မဟုတ်လား။ သြစကြေးလျားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာက ဆင်လိုလို ကျွဲလိုလို၊ ကုလားအုပ်လိုလို နွားလိုလို သတ္တ၀ါတွေ ရှိခဲ့ဖူးတယ်။ ဆင်ဖြစ်သတ်မှတ်မလား၊ ကျွဲသတ်မှတ် မလားဆိုတာကတော့ ရှိချင်မှ ရှိမယ်။ အဲဒီလိုပဲ လူမကျ မျောက်မကျ သတ္တ၀ါဆိုရင်တော့ ခုခေတ်စံနဲ့ သတ်မှတ်မယ်ဆိုရင် လူလား တိရိစ္ဆာန်လားဆိုတာ IQ ကိုပဲ ကြည့်ရမယ်ထင်တယ်။)))

ဆင်ပဲ ဖြစ်ဖြစ်၊ ကျွဲနွားပဲ ဖြစ်ဖြစ် တိရစ္ဆာန် အုပ်စုထဲ ပါတာကြောင့် အတူတူပဲ သတ်မှတ်ပါတယ်။ လူမကျ မျောက်မကျသတ္တ၀ါကို လူလား တိရစ္ဆာန်လား အိုင်ကျူကို ကြည့်ရုံနဲ့ မရဘူး။ တချို့ (အဟိတ် ပဋိသန္ဓေနဲ့ လာတဲ့) လူတွေဟာ အိုင်ကျူနိမ့်တယ်။ သင်ရင်လဲ မတတ်ဘူး။ ဒီဘ၀မှာလဲ မဂ်ဖိုလ် မရနိုင်ဘူး။ ဒီလို သတ္တ၀ါမျိုးကို လူလား တိရစ္ဆာန်လား ပြိတ္တာလား ဆိုတာ ဘုရားရဟန္တာနဲ့ ဈာန် အဘိညာဉ်ရ ပုဂ္ဂိုလ်တွေသာ ခွဲခြားသိနိုင်မယ်။ သိပ္ပံအနေနဲ့ကတော့ ရုပ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံ သက်သက်ကို ကြည့်ပြီး ဒါဟာ လူ၊ ဒါဟာမျောက် စသဖြင့် ဆုံးဖြတ်ချင် ဆုံးဖြတ်နိုင်ပေမဲ့ ပြည့်စုံ မှန်ကန်ခြင်း မရှိပါဘူး မငယ်နိုင်ရေ။

နောက်ဆုံး ပြောရရင်တော့ ပြည့်စုံမှန်ကန်တဲ့ဓမ္မကို မပြည့်စုံတဲ့ အချက်တွေနဲ့ မွမ်းမံလို့ မရဘူး။ ဥပမာ ဆိုရရင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဟင်းတခွက်ထဲကို ပိုကောင်းအောင် ဆိုပြီး ဒူးရင်းသီးတမွှာ ထည့်လိုက်သလိုပေါ့။ ဒူးရင်းသီးက သူ့ချည်းသက်သက် ကောင်းပါလိမ့်မယ်၊ (ကြိုက်တဲ့သူတွေအတွက်) ဒါပေမဲ့ ဟင်းထဲတော့ ထည့်လို့ မသင့်ဘူး။ ဒါကြောင့် သဘာဝမတူတာကို ရောစပ် ဖြည့်စွက်ရင် အကျိုးမဲ့ အချည်းနှီးလို့သာ ဆိုချင်ပါတယ်။

"(((သိပ္ပံတွေ့ရှိချက်ရော ဘာသာရေးက ပြောထားတဲ့ အချက်တွေမှာရော ဘယ်ဘာသာမှ ၁၀၀% မမှန်နိုင်ပါဘူး၊ ဒါအသေအချာပဲ။ )))" တဲ့
ဖြုတ်လောက်ဥာဏ်နဲ့  ကိလေသာ တပုံတခေါင်း နဲ့  သူတွေက မြတ်စွာဘုရားဟောတာ ၁၀၀ % မမှန်ဘူးတဲ့.. ဘယ်နေရာမြန်း မှားနေလဲ.. ပြောပါဦးမငယ်နိုင်... စကားတွေထဲက မိမိကိုယ်ကိုကိုယ် မိမိ ဗုဒ္ဓဘာသာ ဘယ်လောက်နားလည်ကြောင်း အကြီးအကျယ်ပြနေတဲ့  ပိုစ့်  တခုလိုပဲ မြင်ပါတယ်..
ဟုတ်ပါတယ်
"ခုတ်ရာတခြား ရှရာတခြား..."

့စာကြွင်း..
ဖြုတ်လောက်ဥာဏ်နဲ့  ကိလေသာ တပုံတခေါင်း နဲ့  သူတွေ ဆိုတာ သူသူငါငါ မစင်ကြယ်သေးတဲ့သူ. အရိယာ မဖြစ်သေးသူအားလုံးကို ဆိုလိုတာပါ..
တကယ်သိ တကယ် မဂ်ဖိုလ် ရထားတဲ့ သူတွေက ရတနာ သုံးပါးကို အသက်လဲပြီး မမှိတ်မသုံယုံကြည်ပါတယ်။ ၁၀၀ % မမှန်ဘူးတွေ ပါတွေ မရှိတော့ပါဘူး။ ဒါ ဘုရားဟောပါ။

"ဘယ်ဘာသာမှ ၁၀၀% မမှန်နိုင်ပါဘူး၊ ဒါအသေအချာပဲ။"
ဘယ်ဘာသာမှ ၁၀၀% မမှန်ဘူးဆိုရင် ဗုဒ္ဓဘုရားဟောတဲ့ထဲက မှားတဲ့အချက်လေး ထောက်ပြပေးပါ။

"သိထားတဲ့ ရုပ်ကိုသာ ဆွေးနွေးတဲ့အတွက် ဒီကစ္စကို အတွက် အဘိဓမ္မာနဲ့ ကိုင်ပေါက်ရလောက်အာင် အကြီးကျယ်ပါဘူး။"
သိသလောက်လေးနဲ့ ၀င်ဆွေးနွေးရင် မှားနိုင်ပါတယ် မငယ်နိုင်။ အဘိဓမ္မာနဲ့ ကိုင်ပေါက်တာ မဟုတ်ပါ။ သိသင့်သိထိုက်တာတွေက အဘိဓမ္မာထဲမှာပါလို့ အဘိဓမ္မာနဲ့ ကိုးကားပြောဆိုခြင်းဖြစ်ပါတယ်။

"ကျွန်မက ဘုရားဟောတဲ့ သစ္စာလေးပါး တရားကို လုံးဝရှင်းတယ်။ ယုံမှားသံသယမရှိအောင် ယုံကြည်ပါတယ်။"
ဒါဆိုရင် ၁၀၀% မမှန်ဘူးလို့ ဘာကြောင့် ဆိုတာလဲ။ ရှေ့စကား နောက်စကား လွဲနေပြီ။ ကိုယ်လက်လှမ်း မမီတာကို မမှန်ဘူး ပြောလို့ မရဘူး မငယ်နိုင်။

"အချို့သပ္ပံတွေ့ရှိချက်တွေဟာ ဘာသာတရားအားလုံးက ငြင်းလို့မရတဲ့အချက်တွေ ဖြစ်တဲ့အတွက် ဘာသာရေးမှသာမှန်တယ် သိပ္ပံက မှားတယ်လို့ သွားပြောလို့ နောက်မျိုးဆက်ကလူငယ်တွေ ဘာသာမဲ့ဖြစ်သွားမှာပဲ အဖတ်တင်မယ်။"
သိပ္ပံတွေ့ရှိချက်တွေကို ဘာသာတရားက ငြင်းမရတာ မဟုတ်ဘူး။ ရှေးဦးစွာ ဘုရားဟောခဲ့တဲ့ အချက်အလက်တွေကို နောက်နှစ်ပေါင်းများစွာကြာမှ တွေ့ရှိတဲ့ သိပ္ပံတွေ့ရှိချက်တွေက မှန်ကန်ပါတယ်လို့ လက်ခံနေကြပြီဖြစ်တယ်။ ဒါကြောင့် နောက်မျိုးဆက်တွေ ဘာသာမဲ့ ဖြစ်မှာ မပူပါနဲ့။ တွေးခေါ်မျှော်မြင်ဥာဏ်ကြီးသူ အခြားဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာ ဖြစ်လာကြပါတယ်။

"ဘုရားက ဟောခဲ့တဲ့တရားက လက်ခုပ်ထဲမြေကြီးခန့်ပဲ ရှိပြီး မဟောခဲ့တဲ့ တရားက ကမ္ဘာမြေကြီး တခုလုံးမှာ ရှိတဲမြေကြီးနဲ့ ညီတဲ့လို့ ပြောခဲ့ဖူးပါတယ်။"
အဲဒီ လက်ခုပ်ထဲက မြေကြီးကိုပဲ ကုန်အောင် နားလည်သဘောပေါက်အောင် လေ့လာပါအုံး မငယ်နိုင်။ ဘုရားဟောခဲ့တဲ့ တရားက လက်ခုပ်ထဲက မြေကြီးဆိုရင် သိပ္ပံတွေ့ရှိချက်က လက်သည်းကြားက မြေမှုန်လောက်ပဲ ရှိတယ်။

"ဒါကြောင့် ဘုရားမဟောခဲ့လို့ဆိုပြီး သူများ ဓါတ်ခွဲခန်းမှာ လက်တွေ့စမ်းသပ်ပြလို့ ရတဲ့အရာတွေကို မျက်စိအသေမှိတ်ပြီး ငြင်းလို့မရနိုင်ဘူး။"
ဓာတ်ခွဲခန်းမှာ လက်တွေ့စမ်းသပ်လို့ မရတဲ့အရာတွေကိုတောင် ဘုရားက ဟောခဲ့ပြီးသားဖြစ်တယ်ဆိုတာ မငယ်နိုင် မသိလေရော့သလား။

"အားလုံးကို ရှင်းရှင်းလင်းလင်း ရှိစေချင်တာက ကျွန်မက သက်ရှိတို့ရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဒါဝင်ပြောထားတဲ့ အချက်ကိုပဲ ဆွေးနွေးတာ ဖြစ်ပြီး ဘာသာတရားက ပြောထားတဲ့ အချက်ကို ဘာမှဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး။"
ဘာသာရေးအခြေခံ ထားတဲ့ အမေးနဲ့ အဖြေကို မငယ်နိုက်က ဘာသာရေးအခြေခံမရှိဘဲ သိပ္ပံအချက်တခုထဲနဲ့ ၀င်ရောက်စွက်ဖက်ထားတယ်လို့ အားလုံးက ရှင်းရှင်းလင်းလင်း မြင်နေပါတယ်။

"ဒါဝင်ပြောထားတာ အမှန်အမှားဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ Genetic Engineering က သက်သေပြပါတယ်။ ဘာသာတရားက ပြောထားတာ မှန်တယ်မှားတယ်ဆိုတာ ဘုရားတကယ်ဟောထားခြင်း ရှိမရှိအပေါ်မှာပဲ မူတည်ပါတယ်လို့ ကျွန်မ သတ်မှတ်တယ်။"
ဘုရားဟောတဲ့ တရားရဲ့ အမှန်အမှားကို ကိုယ်တိုင်လက်တွေ့ လေ့လာ ကျင့်ကြံအားထုတ်မှ သိနိုင်တယ်။ သီအိုရီဖတ်ပြီးလည်း မသိနိုင်ဘူး။

"ဗုဒ္ဓဘာသာဝင်တယောက်အတွက် အဓိက ရတနာသုံးပါးနဲ့ ဓါန၊ သီလ၊ ဘ၀နာ၊ ၀ိပဿနာပဲ ဖြစ်ပါတယ်။ ပညတ်ချက်တွေနောက်ကို သိပ်လိုက်နေဖို့ မလိုအပ်ပါဘူး။"
ဒါဆိုရင် မငယ်နိုင်က ဒါဝင်ရဲ့ သီအိုရီနောက်လိုက်နေတာဟာ ပညတ်ချက်နောက်လိုက်တာ မဟုတ်ဘူးလား။ ရုပ် နာမ်အကြောင်း ပြောတော့ နာမ်ကို ထည့်မပြောဘူးလို့ ဆိုတယ်။ အခုတော့ ပညတ်ချက်ကို လိုက်ဖို့ မလိုဘူး ဆိုပြန်တယ်။ တကယ်တမ်းက ပညတ်ကိုလဲ လုံးဝဥဿုံပယ်လို့မှ မရဘဲ။ အဖေ အမေ မိဘ ဆရာ ဒါတွေက ပညတ်တွေပဲ မဟုတ်လား။ အဖေလဲ ရုပ် နာမ် ငါလဲ ရုပ်နာမ် တိရစ္ဆာန်လဲ ရုပ်နာမ်လို့ ယူဆလို့ မရဘူးလေ။

ထပ်ပြောရင် အမှားတွေ ထပ်ထွက်လာအုံးမယ်။ တော်လောက်ပြီထင်တယ်။

ဆရာတော်ကို စာဖတ်သူ မေးထားတဲ့ ဒီပို့စ်ရဲ့ မွေးခွန်းကိုက ဒါဝင်သီအိုရီနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက် ဒါဝင်သီအိုရီကို ဘာသာရေးတွေ၊ နိုင်ငံရေးတွေနဲ့ ရောနေတဲ့သူတွေကို မိတ်ဆွေတွေအထဲမှာလည်း အမြဲတမ်း ကြုံဖူးလို့ ဒါဝင်သီအိုရီဖြစ်တဲ့ Evolution ဟာ ဇီဝသိပ္ပံသက်သက်ဖြစ်တယ်ဆိုတာကို Message ပေးချင်လို့ ကျွန်မက မှတ်ချက်ဝင်ရေးခဲ့ပါတယ်။ ဆရာတော်က ကျွန်မပြောတာကို သူလက်မခံဘူးဆိုလို့ ပြီးသွားပြီ ဘယ်သူမဆို လက်ခံပိုင်ခွင့် လက်မခံဘဲနေပိုင်ခွင့် ရှိပါတယ်။ အခုပြဿနာက ကျွန်မက ဗုဒ္ဓဘာသာကို ဆန့်ကျင်နေတယ်ဆိုပြီး လာပြောကြလို့ အဲဒီလို မဟုတ်ပါဘူး ဆိုတာ အကြိမ်ကြိမ် ရှင်းပြခဲ့ပြီး ဖြစ်ပေမဲ့ ဒါပဲ ထပ်ခါတလဲလဲ ပြန်ပြောနေပြီး ရှင်းပြလေ ရှင်းပြခံရသူတွေအတွက် စောတကတက်စရာတွေက ပိုများလာလေ ဖြစ်ပြီး အကုသိုလ်စိတ်ဝင်ဖြစ်လေ ဖြစ်နေတာ တွေ့ရတော့ ကျွန်မ တကယ်လည်း စိတ်မကောင်းဘူး။ တချို့က ကျွန်မကို ပုဂ္ဂိုလ်ရေးအရ အမြင်မကြည်လို့ ထပ်ခါတလဲလဲ လာစွပ်စွဲနေတာလားလို့ပဲ သံသယ ဖြစ်လာတယ်။ စာလာဖတ်သူတွေ ထင်သလို မဟုတ်ဘူးဆိုတာကို ရှင်းပြဖို့တာဝန်ရှိတယ် ယူဆလို့ ကျွန်မ ရှင်းပြပြီးပါပြီ။ ဒါကြောင့်မို့ ဒီတခါရှင်းပြီးရင် ကျွန်မပြောတာကို ကိုယ်လိုရာ ဆွဲတွေးပြီး နောက်ထပ် ထပ်ခါတလဲလဲ ထပ်ဖြစ်လာရင်လည်း နောက်ထပ် ဆက်ပြီးရှင်းဖို့ ဆန္ဒမရှိတော့ပါဘူး ထင်ချင်သလို ထင်ကြပါစေလို့ပဲ သဘောထားလိုက်တော့မယ်။
(((ဘုရားတကယ် ဟောမဟော ဆန်းစစ်နိုင်တဲ့ အသိဥာဏ် မငယ်နိုင်မှာ ရှိပါသလား))))
ကလျာ - ကျွန်မ လေ့လာမိတဲ့အထဲက ဘုရားတကယ်ဟောမဟောဆိုတာ တချို့အချက်တွေကိုယုံလို့ရတယ် တချို့ကို ဘုရားတကယ်ဟောမဟောဆိုတာ မဂ်ဖိုလ်ရသူကလွဲရင် ဘယ်သူမှ တိတိကျကျ မသိနိုင်ပါဘူး။ ပိဋကတ်သုံးပုံထဲမှာ အကုန်လုံးက ဘုရားနှုတ်ကပတ်တော်ပါလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ကိုယ်ကိုယ်တိုင် မလေ့လာ မသုံးသပ် လက်တွေ့မကျင့်သုံးပဲနဲ့ ငါဘုရားပြောတာတောင် မယုံပါနဲ့လို့ အတိအကျ ပြောထားခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် ကျွန်မလေ့လာထားတဲ့ ဓမ္မစင်္ကြာတို့ ပဌာန်းတို့အထဲက အကြောင်းအရာတွေကို ကျွန်မက ဘုရားအဟောဆိုတာ ယုံတယ်။ တခြား ကျွန်မ မလေ့လာရသေးတဲ့ အကြောင်းအရာတွေအပေါ် ကျွန်မ မသိလို့မသိဘူး ပြောတယ်။

ထိုက်ကေခိုင် ရဲ့ အကြံပြုမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မြတ်ကေခိုင်လည်း Evolution ကိုလက်ခံတယ်ဆိုတာနဲ့ ဘုရားကို ဆန့်ကျင်နေပြီဆိုပြီး တတ်အပ်ယူဆပြီး ကျွန်မ ဆိုလိုတာကို အသေအချာမဖတ်ပဲ လာပေးထားတဲ့ မှတ်ချက်ပဲ ထင်တယ်။ ((((အမ.. သိပ္ပံနဲ့ ဘုရားဟော မကိုက်ညီတာ ရှိတယ်လို့ အမပြောခဲ့တာအတွက် အမ တာဝန် အပြည့်ယူရပါလိမ့်မယ်။)))
သိပ္ပံနဲ့ ဘုရားဟော မကိုက်ညီတာ ရှိတယ်လို့ ကျွန်မပြောတာကို ထိုက်ကေခိုင်က ကြားဖြတ်လာဖတ်ပြီး တွေ့တဲ့စာသားဖြစ်တယ်။ ကျွန်မပြောတမဟုတ်ဘူး Evolution (သိပ္ပံ) ကို ဘုရားဟောနဲ့ ဆန့်ကျင်နေတယ်လို့ ကျွန်မကို လာငြင်းသူတွေကို ကျွန်မ ပြန်ရှင်းထားတဲ့ စာသားဖြစ်တယ်။ အခုဖြစ်နေတာက ကျွန်မက Evolution ဟာ ဘုရားဟောနဲ့ ဆန့်ကျင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလို့ ပြောတကို ဆန့်ကျင်တယ်လို့ အတင်းလာပြောသူတွေရဲ့ စကားသာ ဖြစ်တယ်။ ထိုက်ကေခိုင် ပြောတဲ့ သိပ္ပံက နောက်ကျမှ ပေါ်လာတယ်၊ ကျွန်မသိတဲ့ သိပ္ပံက နည်းနည်းလေးပဲ ရှိတယ်အကုန်လက်ခံတယ်။
(((((မိမိသိထားတဲ့ သိပ္ပံလို့ သုံးလိုက်တဲ့အတွက် အမ သိတဲ့ သိပ္ပံကိုသာ ကိုယ်စားပြုပါတယ်။ ဆိုလိုတာက အမ သိသလောက် လက်သည်းခွံလောက်ရှိရင်လည်း လက်သည်းခွံလောက်ကိုသာ ကိုယ်စားပြုပါလိမ့်မယ်။ ဘယ်အရာကိုမှ ကိုယ်သိသလောက် တဖက်သတ် ကလေးနဲ့ ဆုံးဖြတ်လို့ မရဘူး.. အဘက်ဘက်က သက်သေ အထောက်အထား ခိုင်လုံရမယ်ဆိုတာ အမ သိဖို့ ကောင်းပါတယ်။ အမ.... ဘာသာရေးကို ဆွေးနွေးဖို့ဆိုတာ အမ ကျော်ဖြတ် ခဲ့တဲ့ အသိုင်းအ၀ိုင်းလို ကိုယ်ယုံကြည်ရာ အမှန် လုပ်လို့ မရပါဘူး အမ... )))))

ကျွန်မကလည်း ကျွန်မသိတာကိုပဲ ပြောပါတယ်။ ကျွန်မ မလေ့လာထား မသိထားတာတွေကို လုံးဝ မပြောပါဘူး။ ဒီအဆင့်ထိပဲ လေ့လာထားလို့ ဒီအဆင့်ထိပဲ ပြောပါတယ်။ လေ့လာထားတဲ့ အဆင့်လောက်လည်း Experiment တွေက မှန်ကန်ပါတယ်။ သိပ္ပံလေ့လာမှု အားလုံးဟာ Experiment Result အပေါ်မှာပဲ အထာက်အထားနဲ့ ဆုံးဖြတ်ပါတယ်။ ဘယ်သူက ဘယ်လိုပြောလို့ လက်ခံတယ်ဆိုတဲ့ပုံစံနဲ့ အကြောင်းမဲ့ လက်ခံတာ တခုမှ မရှိပါဘူး။ ကျောင်းတွေမှာတော့ သူ့အဆင့်နဲ့သူ ရှိနိုင်ပေမဲ့ ဘယ်အဆင့်ထိ လေ့လာထားမှ ဆွေးနွေးရမယ်ဆိုတာ ဒီနေရာမှာ ဘယ်သူမှ ကန့်သတ်လို့မရပါဘူး။ ကျွန်မသိထားတာကို မှန်ကန်တယ်ဆိုတာ သက်သေပြနိုင်လို့ ကျွန်မ ဆွေးနွေးတာ ဖြစ်တယ်။
ဆက်ရန်

(((((ဘုရားကို ယုံကြည်ဖို့ဆိုတာ ဘာတွေဟောကြားခဲ့တယ် ဘာတွေ လက်တွေ့ရှိတယ်ဆိုတာကို သိအောင်နာ၊ မြင်အောင်ကြည့်တတ်ဖို့လည်း လိုပါတယ်။ မယုံကြည်သေးဘဲ ဘုရားဟောတဲ့အတိုင်း လိုက်နာတတ်ဖို့ ဆိုတာ မလွယ်ပါဘူး အမ...))))
အပေါ်မှာ ကျွန်မလေ့လာထားသလောက် ကျွန်မ လက်ခံတယ်လို့ပြောထားပြီးသားဖြစ်တယ်။ ကျွန်မ မိရိုးဖလာဗုဒ္ဓဘာသာသက်သက်မဟုတ်ဘူး။ ဗုဒ္ဓဘာသာကို လေ့လာပြီးမှ ယုံကြည်သူဖြစ်တယ်။ မလေ့လာရသေးတာတွေကို ယုံတယ်မယုံဘူး ပြောလို့ မဖြစ်နိုင်ပါဘူး။ ကျွန်မဘုရားကို ယုံကြည်လို့ပဲ ဘုရားဟောတဲ့အတိုင်း လိုက်နာနိုင်ခဲ့တယ်။ မိသားစုနဲ့မို့ တရားစခန်း သီးသန့်သွားဝင်ဖို့ အချိန်မရတာကလွဲရင် နေ့စဉ်လုပ်ဆောင်နေတဲ့ ဒါန သီလ၊ ဘာဝနာမှာ အခုစာလာဖတ်ပြီး မှတ်ချက်လာရေးနေသူတွေထက် လျှော့မယ်မထင်ဘူး။
(((((မဟုတ်မမှန်တာ ကိုတော့ စာဖတ်သူများ ရှုပ်ထွေးစေဖို့ မဖန်တီး စေချင်ပါဘူး... မှားရင်လည်း မှားတယ်လို့ ၀န်ခံပါ. ကိုယ့်ထက် ပိုသိတဲ့လူတွေရဲ့ စာတွေကို များများဖတ်ဖို့လည်း လိုအပ်ပါတယ် အမ.. သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ လို စာအုပ်မျိုးကို ပြောချင်တာပါ... ))))
ကျွန်မပြောတဲ့အထဲမှာ မဟုတ်မမှန်တာက ဘာမှမပါပါဘူး။ ကျွန်မလေ့လာဖူးတဲ့ Evolution အကြောင်းကို လေ့လာထားတဲ့အတိုင်းပဲ ပြောထားတာဖြစ်တယ်။ ဒါကြောင့် ဘာကိုမှားလို့ ဘာကိုဝန်ခံရမယ်လို့ ပြောနေကြတယ်ဆိုတာ ကျွန်မ နားကိုမလည်ဘူး။ အပေါ်မှာလည်း အကြောင်းအရာ ဘာမှမဆွေးနွေးဘဲနဲ့ ဒီလိုလာပြောသူ တယောက်ရှိခဲ့တယ်။ မှားတာကဘာလဲ ဒါဝင်သီအိုရီလား။ ကျွန်မမှာ ဒါဝင်သီအိုရီကို မှားတယ်လို့ ၀န်ခံရလောက်အောင် အထောက်အထား မရှိသေးဘူး။ ထိုက်ကေခိုင်ပြောတဲ့ ဒေါက်တာမင်းတင်မွန်ရဲ့ သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ စာအုပ်ကျွန်မှာ ရှိပါတယ်။ ကျွန်မ ဗုဒ္ဓဘာသာကို စတင်ယုံကြည်လာတာ ဒေါက်တာမင်းတင်မွန်ရဲ့ ရှေးဘ၀နောက်ဘ၀နဲ့ ဓမ္မစရိယ ဦးဌေးလှိုင်ရဲ့ ကံကံ၏အကျိုးကို ဖတ်ပြီး လက်ခံလာခဲ့ပါတယ်။ ပြီးတော့မှ ဓမ္မစင်္ကြာနဲ့ ပဌါန်းကို လေ့လာခဲ့ပါတယ်။ အကြံပြုမှုတွေအတွက်တော့ ကျေးဇူးတင်ပါတယ်။ ကျွန်မကို ဘာမှားလို့မှားမှန်းမသိ တဘက်သတ်စွပ်စွဲပြီး လာဝန်ခံခိုင်းနေလို့ ပြန်ရှင်းပြရတာ ဖြစ်တယ်။

ခင်ခင်ရေ ပြောရင်လည်း ဒါတွေပဲ ထပ်ပြောရမှာမို့ ရှည်ရှည်ဝေးဝေးတော့ ထပ်မပြောတော့ပါဘူး။ အမြင်မရှင်းတဲ့သူက ဘယ်လိုပဲ ရှင်းရှင်း အမြင်မရှင်းတဲ့အတိုင်းပဲ ရှိနေလိမ့်မယ်လို့ပဲ ယူဆပါတယ်။
(((((မငယ်နိုင်က သိပ္ပံအရ ဒီလိုရှိတယ်လို့ ဖြည့်စွက်ချက်ဟာ အမှန်တကယ် မလိုအပ်ပါဘူး။ ဘာကြောင့်ဆိုတော့ သူ့အမေးနဲ့ သူ့အဖြေ မှန်ကန် ညီညွတ်နေပြီးသား တနည်းအားဖြင့် သံသယကင်းစေတဲ့ အဖြေကို မငယ်နိုင်ဖြည့်စွက်လိုက်တော့ မေးသူအတွက်ရော (တခြား ဖတ်သူတွေအတွက်ပါ) သံသယ ထပ်မံ ကြီးထွား ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မလိုအပ်ရင် မဖြည့်စွက်ဘဲ နေတာက ပိုကောင်းပါတယ်။ သဘာဝမတူတာကို ရောစပ် ဖြည့်စွက်ရင် အကျိုးမဲ့ အချည်းနှီးလို့သာ ဆိုချင်ပါတယ်။)))))
ကျွန်မမှာ ကျွန်မသိထားတာကို သူများဘလော့ဂ်က ပို့စ်မှာ သွားမှတ်ချက်ပေးပိုင်ခွင့်ရှိသလို ကျွန်မဘလော့ဂ်မှာ ပြန်ဖေါ်ပြီးလည်း ထည့်ဖြည့်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါကိုခင်ခင်လက်မခံရင် ဘာမှဖြစ်ဘူး။ လက်မခံတဲ့အတိုင်း နေလို့ရပါတယ်။ မေးသူနဲ့ တခြားစာဖတ်သူတွေကလည်း အသက် ၁၈ နှစ်ပြည့်ပြီးကြပြီလို့ ကျွန်မထင်တယ်။ အဲဒီတော့ သူတို့မှာ လက်ခံခြင်း လက်မခံခြင်းဆိုတာ သူတို့ရဲ့ အပိုင်းသာ ဖြစ်ပြီး သူတို့မှာကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်ရှိပါတယ်။ ကျွန်မဖြည့်စွက်လိုက်တာဟာ မေးခွန်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ လူကမျောက်ကဆင်းသက်လာတာလား ဆိုတာကို Evolution က ပြောထားတဲ့ အချက်အလက်တွေကိုပဲ ပြောပါတယ်။ အဲဒီအချက်အလက်တွေနဲ့ လွဲချော်နေမှ ကျွန်မကို မှားတယ်လို့ ပြောလို့ရမယ်။ ဒီလို မှတ်ချက်ဝင်ပေးတာ ဘလော့ဂ်မှာ ပြန်ဖေါ်ပြတာတွေကို ဘယ်သူမှ တားဆီးပိတ်ပင်ပိုင်ခွင့် မရှိဘူး။ ဘုရားဟောထားတာနဲ့ လွဲချော်နေတယ်ထင်ရင် ဆွေးနွေးလို့ရတယ်။ ဆွေးနွေးတာကို လက်ခံတယ်။ ဒါပေမဲ့ ကျွန်မ မပြောဘဲနဲ့ ကျွန်မက ဘုရားဟောတာကို မှားတယ်လို့ ပြောတယ်ဆိုပြီး အတင်းစွ့ပ်စွဲနေတာကိုတော့ စွပ်စွဲတယ်လို့ပဲ ပြောရမှာဖြစ်တယ်။

BOB နဲ့ ခင်ခင် နှစ်ယောက်စလုံး မကျေမနပ် ဖြစ်နေတဲ့ ၁၀၀% မမှန်ဘူးဆိုတာ ပြောတဲ့ကိစ္စကို ပြောပါရစေ။ ဒါကျွန်မဒီလိုပဲ လက်ခံထားပါတယ်၊ သိပ္ပံပဲဖြစ်ဖြစ် ဘာသာတရားပဲ ဖြစ်ဖြစ် ရေးထားတဲ့ ကျမ်းဂန်တွေက ၁၀၀% မှန်တယ်လို့ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး။ ဖြုတ်မကဘူး ဖြုတ်က မျက်စိနဲ့ တွေ့လို့ရသေးတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ရနေသူနဲ့ ကျွန်မနဲ့က မျက်စိနဲ့ မြင်လို့မရလို့ မိုက်ခရိုစကုပ်နဲ့ ကြည့်မှမြင်ရတဲ့ ဘက်တီးရီးယားလောက်ဥာဏ်ပြောလလည်း စိတ်မဆိုးဘူး။ ဒါပေမဲ့ ကျွန်မလေ့လာထားသလောက် သိထားသလောကိုတော့ ကျွန်မ ရှင်းတယ်။ မလေ့လာရသေးတာတွေကိုပဲ ကျွန်မ မပြောနိုင်တာ ရှိမယ်။
ဆက်ရန်

((((ဘယ်ဘာသာမှ ၁၀၀% မမှန်ဘူးဆိုရင် ဗုဒ္ဓဘုရားဟောတဲ့ထဲက မှားတဲ့အချက်လေး ထောက်ပြပေးပါ။
"ကျွန်မက ဘုရားဟောတဲ့ သစ္စာလေးပါး တရားကို လုံးဝရှင်းတယ်။ ယုံမှားသံသယမရှိအောင် ယုံကြည်ပါတယ်။"
ဒါဆိုရင် ၁၀၀% မမှန်ဘူးလို့ ဘာကြောင့် ဆိုတာလဲ။ ရှေ့စကား နောက်စကား လွဲနေပြီ။ ကိုယ်လက်လှမ်း မမီတာကို မမှန်ဘူး ပြောလို့ မရဘူး မငယ်နိုင်။ ))))
ရှေ့စကားနောက်စကား မညီတာမဟုတ်ဘူး။ ဓမ္မစင်္ကြာကို ပါဠိနဲ့ မြန်မာပြန်လေ့လာတော့ အဲဒီထဲမှာ ဟောထားတာ ကျွန်မမယုံစရာအကြောင်း ဘာမှမရှိဘူး။ ဒါကြောင့် သစ္စာလေးပါးတရားကို ပြောထားတာ ယုံမှားသံသယမရှိဘူး။ ဒါပေမဲ့ များပြားလှတဲ့ ပိဋကတ်သုံးပုံထဲမှာ ကျွန်မ မလေ့လာရသေးတာက ပိုများတော့ အကုန်လုံး ဘုရားဟောထားတာ ဟုတ်မဟုတ် ကျွန်မ ခန့်မှန်းလို့ မတတ်ပါဘူး။ ကျွန်မ မျက်ကန်းယုံကြည်သူ မဟုတ်တဲ့အတွက် လေ့လာပြီး ဆင်ခြင်သုံးသပ်ပြီးမှပဲ လက်ခံတတ်ပါတယ်။ ဘုရားကိုယ်တိုင်ကလည်း လေ့လာဆန်းစစ် လက်တွေ့ကျင့်သုံးပြီးမှ ယုံဖို့ပဲ ဟောထားခဲ့ပါတယ်။ ကျွန်မ ဘုရားဟောတဲ့အတိုင်းပဲ လိုက်နာပါတယ်။ ဖတ်ခဲ့တာ ကြာပြီဖြစ်လို့ စာအုပ်မမှတ်မိတော့လို့ အကိုးအကား အနေနဲ့တော့ မပြောလိုပါဘူး အတွေ့အကြုံလေးကို ပြောပြချင်တယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားတာ ကမ္ဘာရဲ့ အချင်းနဲ့ ကမ္ဘာနဲ့နေ အကွာအဝေးက အခု ကျွန်မတို့ သိထားတာထက် လုံးလုံးကြီးကို ကွာခြားနေတယ်။ ပြီးတော့ ကမ္ဘာက နေကို လှည့်ပတ်နေတာကို နေနဲ့လက ကမ္ဘာကို လှည့်ပတ်နေတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ အဲဒါကို ကျွန်မ ဘာသာရေး လေ့လာခါစက ဖြစ်တယ်။ အဲဒါကို ကျွန်မထက် အသက်ကြီးပြီး ကျွန်မထက်ပိုနားလည်တဲ့ အစ်မတယေက်ကို မေးကြည့်တော့ ပိဋကတ်သုံးပုံထဲမှာ တချို့အချက်တွေက ဘုရားဟောခဲ့တာ မဖြစ်နိုင်ဘူး လက်ဆက်ကမ်း သယ်လာရင်းနဲ့ ဘုန်းကြီးတွေ ဂိုဏ်းကလည်း ကွဲသေးတယ်ဆိုတော့ အကုန်လုံးက ဘုရားဟော မြစ်နိုင်ဘူးလို့ ပြောတယ်။ အဲဒီလိုမျိုး ဖြစ်နေရင် ကျွန်မ ဘယ်လိုသွားလက်ခံမလဲ။ ဒါကြောင့် ကျွန်မမလေ့လာရသေးတာတွေကို ကျွန်မ မပြောနိုင်ဘူး လေ့လာပြီးတဲ့အချက်တွေထဲမှာတော့ ခုနက ပြောတဲ့အချက်ကလွဲရင် လက်မခံနိုင်စရာ မတွေ့သေးဘူး။ စာလာဖတ်ကြတာကို ကျေးဇူးတင်ပါတယ်။ ကျွန်မကို မဟုတ်ဘဲနဲ့ စွပ်စွဲသွားကြတာကိုတော့ လက်မခံဘူး။ ကျွန်မစာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာကို စိတ်မကောင်းဘူး။ ဒါဝင်သီအိုရီဟာ Natural Selection သာဖြစ်တယ်။ Natural ဆိုတာ သဘာဝဖြစ်ပြီး ဘုရားဟောတရားဆိုတာ သဘာဝထက် ပိုပြီးဆန်းကျယ်ပါတယ်။ ဒီနှစ်ခုစလုံးကို ကျွန်မ လက်ခံပါတယ်လို့ ပြောထားလျက်နဲ့ ကျွန်မက ဘုရားအဟောကို ဆန့်ကျင်နေတယ်လို့ အထင်လွဲပြီး ထပ်ခါထပ်ခါ မစွပ်စွဲကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မ ဗုဒ္ဓဘာသာကနေ အယူမှားပြီး ဘာသာမဲ့သသော်လည်းကောင်း တခြားဘာသာဝင်သော်လည်းကောင်း ဘယ်တော့မှ ဖြစ်သွားဖို့ မရှိပါဘူး။ လေ့လာတဲ့ တရားဓမ္မတွေကိုတော့ အကျိုးအကြောင်း ဆီလျှော်မှု မရှိဘဲနဲ့ မယုံတတ်တာ တခုပါပဲ။

ကျွန်မသဘောထား မကုန်ပါပြီး ဖြစ်တဲ့အတွက် နောက်ထပ် ကပ်ပြီး စွပ်စွဲတာကို ထပ်ရှင်းတော့မှာ မဟုတ်တော့ဘူး။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

I previously understood evolution theory was only conflicted by creationism, now present discussions and occurrences orient me to another vision.
That’s why Darwin (1909-1882) fore sighted in his ‘On the Origin of Species’ as “I see no good reason why the views given in this volume should shock the religious feelings of anyone”.
Please see and think on Einstein (1879-1955) quote concerned with religion and science,
“Science without religion is lame, religion without science is blind” that was presented in Science, Philosophy and Religion Symposium (1941).
And he added “Ethical axioms are found and tested not very different from the axioms of science. Truth is what stands the test of experience” that is obey to the honourable Kalama Sutta.
Conclusively, Evolution theory is a too small part of the Buddha Dhama, I deeply adore to Buddha principle capable of explaining the existence of organized complexity, however, We have to notice a thing is Dhama discourse can be verified in common and particular stage (For example, see Sayagyi U San Lwin, "A Devotee Life of Three Precious Gems (Pg.410-416)".
I do appreciate to Ma Nge Naing for expose her analysis by alternative approach firmly and all participants for thoughtful discussions defending for sake of faith.
Lastly, For myself, knowledge from science never cross my crystal clear faith to Buddha.

With Mitta To All !

တကယ်တော့ ဗုဒ္ဓများ ပွင့်ခဲ့ပြီး ဖြစ်ပါတယ် ၊ universal truth ဆိုတဲ့ enlightenment ဆိုတဲ့ နှိဗ္ဗါန်ဟာ ဗုဒ္ဓ မပွင့်လည်း ရှိနေတဲ့တရားပါ ၊ ဗုဒ္ဓများဟာ ကျင့်ကြံပြီး တွေ.ရှိတဲ့ တရားကို ပြန်ဟောပြောတာပါ ၊ တကယ့်တော့ ဗုဒ္ဓများ ဟာ ရှိပြီးသားတရားကို (reopen file) ထုတ်ဖော်ဟောကြားခဲ့တာဖြစ်ပါတယ် ၊ ဗုဒ္ဓ ဟောတာတွေက အမှန်ပါ ၊ လိုအပ်ချက်ဆိုတာ မရှိပါဘူး ၊ ဒါပေမဲ့ လက်ဆင့်ကမ်းလာတဲ့ ကျမ်းဂန်များဟာ ကတော့ ၁၀၀% မှန်နိုင်ဖို. အကြောင်းမရှိပါဘူး ၊ နောက်သိပ်ကြာလာတဲ့ အခါ ဗုဒ္ဓဘာသာဟာ ကွယ်ပျောက်သွားဦးမှာဖြစ်ပါတယ် ၊ အဘိဓမ္မဆိုတာကလည်း ၁၀၀% မှန်နိုင်ဖို. မဖြစ်နိုင်ပါဘူး ၊ ကျွန်တော် Sri Lanka က Buddhism စာအုပ်တွေဖတ်ကြည့်တဲ့ အခါ အနည်းငယ်ကွဲလွဲနေတာကို တွေ.ရှိရပါတယ် ထေရ၀ါဒ က Sri Lanka, Cambadia, Laos, မြန်မာတို. မှာ ထွန်းကားခဲ့ပြီး မဟာယန က Japan, Korea တို.ဘက်မှာထွန်းကားခဲ့ပါတယ် ၊ ဒါပေမဲ့ အခြေခံအကြောင်းတရားက တော့ သိပ်မကွာပါဘူး ၊ Mahathera Narada The Buddha and His Teaching ဆိုတဲ့ စာအုပ်လေးကို ဖတ်စေချင်ပါတယ် ၊ ထေရ၀ါဒ ပိုထွန်းကားတာကတော့ မြန်မာ နဲ. Sri Lanka လို.ထင်မိပါတယ် ၊

ဗုဒ္ဓ က ဘ၀ဖြစ်စဉ် ၊ Universe ဘယ်လိုဖြစ် ၊ ပျက်တယ်ဆိုတာလည်း သိပါတယ်၊ ဒါပေမဲ့ အဲဒါတွေ ဟောနေရင် အချိန်တွေကုန်ပြီး အကျိုးမရှိတဲ့အတွက် အေးငြိမ်ရာ နိဗ္ဗါန်ရောက်ကြောင်းတရားသာ ဟောကြား ခဲ့ပါတယ် ၊

မြန်မာနိုင်ငံ မှာ ထင်ရှားခဲ့တဲ့ မိုးကုတ်ဆရာတော် ၊ သဲအင်းဂူ ဆရာတော် ၊ မဟာစည်ဆရာတော် တို.ရဲ့ တရားကျင့်နည်း အတိုင်းကျင့်ကြံနိုင်ပါတယ် ၊

တစ်ခါတစ်လေ နိုင်ငံခြား ရုပ်ရှင်မင်းသား ၊ မင်းသမီး ၊ အဆိုတော် တွေရဲ့ အိမ်မှာ ဗုဒ္ဓ ဦးခေါင်းပြတ်ကြီး ကို သူတို.အိမ်မှာ အလှထားတာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ. စိတ်မကောင်းမိပါ ၊

ကျွန်တော်ထင်တာကတော့ သိပ္ပံပညာ ၊ ဆေးပညာ ဟာ လူသားတွေအတွက်အကျိုးပြုသလို ဗုဒ္ဓဘာသာကလည်း စိတ်အေးချမ်းစေပါတယ် ၊ အခြားဘာသာတွေနဲ. အငြင်းပွားနေမဲ့အစား ကိုယ့်ဖာသာ ကိုယ့်ကောင်းတာလေးတွေ တတ်နိုင်သလောက် လုပ်နေမယ်ဆိုရင် ကိုယ့်မိသားစု ၊ ကိုယ်ပတ်ဝန်းကျင် နဲ. လူ.လောကအကျိုးပါ ကောင်းစေနိုင်ပါတယ်

မြတ်ဘုရားရဲ့ ပဋ္ဌာန်းတရား၊ ဓမ္မစင်္ကြာနဲ့ သစ္စာလေးပါးကို နှစ်နှစ်ကာကာ အမှန်တကယ် ယုံကြည်မယ်ဆိုရင် ဒါဝင်သီအိုရီကို လက်ခံနိုင်စရာ အကြောင်းကို မရှိပါဘူး။ အခုတော့... ဟိုပြော ဒီပြောနဲ့ .. ( မသိရင် လုံးဝမသိသူနဲ့ သိရင် သေသေချာချာ သိတဲ့သူတွေက ပြောရလွယ်သလောက်၊ မသိတသိ ဟိုမရောက် ဒီမရောက် တတ်ယောင်ကားတွေက ပြောရတာ သိပ်ခက်ခဲတယ်။).

"ဘယ်ဘာသာမှ ၁၀၀% မမှန်နိုင်ပါဘူး၊ ဒါအသေအချာပဲ။"
ဆိုတာ အဲဒီဘာသာတွေကို ကိုးကွယ်နေတဲ့ သူတွေအားလုံး ရယ်၊ ဘုရားအပါအ၀င် အဲဒီဘာသာရေး ခေါင်းဆောင်တွေအားလုံးရယ် ကို အားလုံးကို အမှားတွေ ပါတဲ့ ဘာသာကို ကိုးကွယ်တယ်လို့  အဓိပ္ပါယ် သက်ရောက်နေတယ်ဆိုတာ စာတွေ ရေးနေတဲ့ မငယ်နိုင်သိပါရဲ့ လား.. (မသိရင်လဲ သတိထားပါ)။ ဒါပေမဲ့ လျှောချတဲ့ နေရာမှတော့တော်တယ်..
ဘုရားဟောတဲ့ ဗြဟ္မာကြီးလေးဦးက ဆင်းသက်လာတာ " ဆိုတာကိုလည်း (((ဘယ်သုတ်မှာ ဘာတွေ ဟောခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်တွေကိုတော့ လေ့လာတာ နည်းပြီး ဖတ်ဖူးတာတွေလည်း စာအုပ်တွေကို စွဲစွဲမြဲမြဲ မှတ်ထားတာ သိပ်နည်းပါတယ်။)))" ဆိုပြီး မသိပဲ ရမ်းတုတ်တာကို ၀န်မခံပဲ လျှောချလိုက်တယ်..
သေချာတခုကတော စစ်မှန်တဲ့ ဘယ် ဗုဒ္ဓစာပေ မှာမှ မပါဘူးဆိုတာပဲ....

(((ပိဋကတ်သုံးပုံထဲမှာ တချို့အချက်တွေက ဘုရားဟောခဲ့တာ မဖြစ်နိုင်ဘူး လက်ဆက်ကမ်း သယ်လာရင်းနဲ့ ဘုန်းကြီးတွေ ဂိုဏ်းကလည်း ကွဲသေးတယ်ဆိုတော့ အကုန်လုံးက ဘုရားဟော မဖြစ်နိုင်ဘူးလို့ ပြောတယ်။ အဲဒီလိုမျိုး ဖြစ်နေရင် ကျွန်မ ဘယ်လိုသွားလက်ခံမလဲ။ ))))
ပိဋကတ်သုံးပုံ ကို သံသယမရှိပါနဲ့  မငယ်နိုင်.. မဖြစ်စလောက်ဥာဏ် ဆင်ခြင်လို့ ရတဲ့ တရားတော်မဟုတ်ဘူး... တခါတရံ ဟောတဲ့ ဆရာတော်တွေက သူတို့ နားလည်သလို အထင်နဲ့  အဓိပ္ပါယ်ဖွင့်မှားတာတွေ အများကြီးရှိတယ်.. တကယ်လေ့လာချင်ရင် လယ်တီတော်ဆရာတော်ကြီးတို့ လို၊ မဟာစည်ဆရာတော်ဘုရား၊ မိုးကုတ်ဆရာတော်ဘုရား၊ မဟာဂန္ဓာရုံဆရာတော်ကြီးတို့ လို ပရိယတ်၊ ပရိပတ် ကျွမ်းကျင်တဲ့ ဆရာတော်ကြီးတွေရဲ့ စာပေတွေကို ရှာဖတ်ပါ။
သံဃာမဟာယနာ (၆) ကြိမ်တင်ထားတဲ့  သာသနာတော်ကြီးပါ။ စာတလုံးပြင်စရာ၊ ထုတ်စရာမလိုသလို စာတစ်လုံးမှလည်း အပိုအလိုမရှိပါ။ မဖြစ်စလောက်ဥာဏ်လေးနဲ့ 
မဝေဖန်ပါနဲ့ ။ သိပ်နားလည်နေတယ်ထင်ရင် သံဃာမဟာယနာ (၇) ကြိမ်မြောက်တင်ရင် ဖိတ်ခိုင်းပေးပါမယ်။
သုတမယဥာဏ်၊ စိန္တာမယ ဥာဏ်၊ ဘာဝနာမယ ဥာဏ်ဆိုတဲ့ ဥာဏ်သုံး ဥာဏ်မှာ
လုံလလောက်တဲ့ သုတမှမရှိရင် ဆင်ခြင်တွေးခေါ်တဲ့ စိန္တာမယ ဥာဏ်၊ ဆိုတာ တလွဲတွေပဲ ဖြစ်လာမှာပဲ။ ကိုယ်တိုင်ကျင်ကြံ သိမြင်ရတဲ့ ဘာဝနာမယ ဥာဏ် ဆိုတာတော့ ဝေလာဝေးပဲ..

စကားမစပ် ... ခေါင်းစဉ်ပါအတိုင်း လူဟာ မျောက်ကဖြစ်လာတာပါလား မေးရင် မငယ်နိုင် ဘယ်လိုဖြေပါမလဲ...

မငယ်နိုင်
ငယ်နိုင် ဆိုတဲ့ ဘလော့စပေါ်ထဲ က အချိန်ရတိုင်း
ဝင်ကြည့်တယ် ငယ်နိုင်က ကျမဘလော့ကို လာလည်
ပေးသလို ဘလော့နဲ့ ပတ်သတ်ရင်လည်းအချိန်တော်
တော်ပေးနိုင်သလို အရာက်အပေါက်လည်းနံ့ စပ်တာ
ကြောင့် ကျမ စိတ်ထဲ သိသိသာသာ သတိထားမိတဲ့
ဘလော့ကာတစ်ယောက်ဆို မမှားဘူးပေါ့ ။
မငယ်နိုင် ဒီပို့ (စ်) ကို စတင်တင်ချင်းကွန်မန့် မ၀င်ခင်
ကျမအရင်ဆုံးကြည့်မိတာပါ။ ကျမ အပြုသဘောထောက်ပြဖို့ ပြင်မိပါသေးတယ် ။ ပို့ (စ်) ကိုဖတ်နေရင်းစိတ်မကောင်းအတော်လည်းဖြစ်နေတာပါ ။မငယ်နိုင် ကိုယ်တိုင် ဗုဒ္ဓဘာသာ ဟုတ်ပါ့ မလားလည်း စဉ်းစားမိပြန်ပါတယ် -နောက် ဘုရားဟော
ကျမ်းဂမ် ကို ကိုးကားပြီး ပဋိသန္ဓေ(၄)မျိုးကို သံဂီတိသုတ်ဋီကာ ထဲ ကနေ ဆရာတော် ဦးကောဝိဒ က ရှင်းပြပြီးပြီပဲ - ဒါကို ဖြည့်စွပ်တယ်ဆိုကတည်း က
အတော်စိတ်ပျက်မိတာပါ။ ခုလို ကွန်မန့် တွေ အပေါ်ပြန်တုန့်ပြန်ထားချက်တွေကျပြန်တော့ လည်း
ရေးခဲ့တာ ထက်ပိုဆိုးလာပြန်ရောမို့  ကျမ အကြံပြု ပါတယ် -မငယ်နိုင် ကျမ -ဥပမာပေးပြီးပြောတာပါ --
ကျမ သဂြိုလ် ၉ပိုင်း လုံးကို တနှစ်ထဲ ဖြေဆိုပြီးအောင်မြင်ခဲ့ပါတယ် ။ ငှီကာကျော် ကို လည်း မင်္ဂလာဗျူဟာမှာဆက်သင်ကြားရင်း ထောင်ကျသွားခဲ့တာမို့  ဓမ္မာစရိယတန်း မတက်နိုင်ခဲ့ပါဘူး ။ ထေရ၀ါဒ ကို လေ့လာပြီး အံ့သြလောက်အောင် လက်တွေ့ ကျမှန်း သိကာမှ
ကိုယ့်ကိုယ်ကိုယ် မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်က
ကျော်လာပြီး ဗုဒ္ဓဘာသာ စစ်ဆိုတာ လက်ခံခဲ့သူပါ ။
ဒါပေမဲ့ ဘာသာရေး နဲ့ ပတ်သတ်ရင် အထူးသဖြင့်
ဗုဒ္ဓရဲ့အနှိုင်းမဲ့ တရားတွေ နဲ့ ပတ်သတ်ရင် စာရေးဆင်ခြင်ပါတယ် မရေးသလောက်ပါပဲ။ နည်းနည်းလေးကိုးကားချင်ရင်တောင် ချက်ချင်းစာအုပ်တွေပြန်လှန်ရပါတယ် ။ ပြောချင်တာက
ကျမတက်တာသိတာ ကိုပြောချင်တာမဟုတ်ဘူး ။
နှစ်ပေါင်းများစွာ လေ့လာသူတွေတောင် ကျမ်းဂမ်ကို
ကိုးကားပြီးပြောတာပါ-- နောက် ကိုသတိထားပါ မငယ်နိုင် - ဗုဒ္ဓ ဟာအနှိုင်းမဲ့ပါ။ ကျမ က အကြံပေးတာပါ ။ အသိတစ်ယောက် က စောစောက လှမ်းပြောလို့ ပါ ငယ်နိုင် တော့ အဲလို မဟုတ်တာတွေ ရေး လို့  သူ့ ဘလော့မှာပွက်လောရိုက်နေတယ် ပြောလို့ ကျမ ခုဝင်ကြည့်လိုက်တာပါ။ ခင်ခင်သူ ဘယ်သူဆိုတာ ကျမမသိပေမဲ့ သူ အဘိဓမ္မာကို လေ့လာထားသူသေချာပါတယ် ။ဒါပေမဲ့  ကုသိုလ်အသိတွေ က ဒေါသဖြစ်ရတယ် ဆိုရင် နှစ်ဖက် လုံးမကောင်းဘူးပေါ့ -- သူတို့ တင်မက ကျမလည်း စိတ်မကောင်းဖြစ်မိပါတယ် - ဥပေက္ခာပြု ပြီး ၀င်မရေးပဲနေလိုက်တာ -- ခုတော့ - အပြုသဘောပြောပြမှပဲလေဆိုပြီး --နောင်ဘာသာရေး နဲ့ ပတ်သတ်ရင် သတိထားရေးပါ - မသေချာရင်မရေးတာပိုကောင်းပါတယ်မငယ်နိုင် --

အ၀ိဇာကင်းဝေးကြပါစေ ။

ဖောင့် မရတဲ့အတွက် သီးခံပါ -- အ၀ိဇာ(ဇကွဲ နှစ်လုံးဆင့်)

မသိရင် မသိဘူး သိရင် သိတယ်ဆိုတဲ့ ၀န်ခံရဲတဲ့ သတ္တိမရှိဘူး..မှားနေရင် ငြင်းလို့မရတဲ့အခါမှ ဒါကို ဘယ်စာအုပ်ထဲက ဖတ်မှတ်ထားတာ သိပ်မမှတ်မိတော့ဘူး မှတ်မိသလောက်ပြောတာပါ ထင်တယ် မြင်တယ် တွေနဲ့ ရေရာတာတစ်ခုမှလည်းမရှိဘူး...

နောက်ဆုံး မဖြေရှင်းနိုင်ရင် ဆွေးနွေးတဲ့ စာဖတ်တဲ့သူတွေကို အပြစ်တင်သလိုလိုနဲ့ ဒါကို ဆက်ဆွေးနွေးရင် ပြန်ပြီး ဖြေရှင်းမှာမဟုတ်ဘူး ထပ်ရေးရင် ဖြတ်ပြစ်မယ် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ပြောနေတာဟာ သိပ်တော့ သဘာဝမကျလှပါဘူး...မပိုင်တဲ့အရာကို ဟုတ်နိုးနိုး သိနိုးနိုးနဲ့ မလုပါါနဲ့...မသိ မရှင်းလို့ လက်မခံနိုင်တဲ့အချက်ရှိရင်လည်း စာဖတ်တဲ့သူတွေနဲ့ ဆွေးနွေးရတာ မလုံလောက်ဘူးထင်ရင်လည်း ပိုပြီး တတ်သိနားလည်တဲ့ သံဃာတော်တွေဆီ ဆက်ပြီးမေးနိုင်ပါတယ်...ကိုယ်မပိုင်တဲ့အပိုင်းကို သိလိုလိုနဲ့ နေရာတကာ ဆရာကြီးလုပ်တဲ့ပုံစံအကျင့်ကပါနေရင် မကောင်းပါဘူး...

စေတနာဖြင့်...

မောင်ကောင်း

သို့
မငယ်နိုင်
(ဘုရားကိုယ်တိုင်ကလည်း လေ့လာဆန်းစစ် လက်တွေ့ကျင့်သုံးပြီးမှ ယုံဖို့ပဲ ဟောထားခဲ့ပါတယ်။ ကျွန်မ ဘုရားဟောတဲ့အတိုင်းပဲ လိုက်နာပါတယ်။)

မြတ်ဗုဒ္ဓရဲ့ ဆုံးမချက်ကို လိုသလိုဆွဲသုံးနေတာ မသင့်တော်ပါဘူး။ အစ်မရည်ညွှန်းထားတဲ့ ဆုံးမချက်ဟာ . . . ဘာသာအယူအဆမျိုးမျိုး ရောထွေးနေတဲ့အချိန်မှာ စဉ်းစားချင့်ချိန်နိုင်ဖို့ ဆုံးမတော်မူထားတာပါ။ အဲဒါနဲ့ တရားတော်အားလုံးကို ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားသုံးသပ်ဖို့ ဆုံးမတယ်ဆိုပြီး အဓိပါယ်ဖွင့်လို့မရပါဘူး။

တခါတုံးကလည်း ပိတောက်မြေဘလော့မှာ နိုင်ငံရေးသမားစာရေးဆရာကြီးက မြတ်ဗုဒ္ဓက စိတ်ကို ပစ္စုပန်မှာပဲထားရမယ်လို့ သွန်သင်ချက်ဟာ မမှန်ကန်ဘူးတဲ့။ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး၊ အနာဂတ်အတွက် စီမံချက်တွေ ရေးဆွဲမှသာ လက်တွေ့ကျမယ်ဆိုပြီး .. မြတ်ဗုဒ္ဓရဲ့ ဥာဏ်တော်ကို စောဒကတက်ခဲ့ပါတယ်။ တရားစခန်းဝင်ဖူးတဲ့သူတိုင်း ပစ္စုပန်မှာ ဘာကြောင့်နေခိုင်းလဲဆိုတဲ့ ဆုံးမချက်ကို လက်တွေ့သိကြပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်မြတ်ကြီးဟာ သူရဲ့ အတိတ်ဘ၀တွေကို ပြောခဲ့ပါတယ်။ ဒေ၀ဒတ်ကိုလဲ ပစ္စေကဗုဒ္ဓဖြစ်မယ်ဆိုပြီး ဗျာဒိတ်တော်ပေးခဲ့တာ အားလုံးအသိပါပဲ။ တကယ်တော့ အခုခေတ်လူတွေက ဘွဲ့ရပြီဆိုတာနဲ့ မိမိကိုယ်ကို အထင်တွေကြီးပြီး . . . . နက်နဲတဲ့ မြတ်ဗုဒ္ဓ၏ တရားတွေအပေါ် ဝေဖန်တာတွေလုပ်ကြပါတယ်။

ဒီတော့ဗျာ. . .အစ်မက အရာရာကို သုံးသပ်နိုင်စွမ်းရှိတယ်လို့ သိပ်ပြီး ယုံကြည်နေရင် . . . သိပ္ပံပညာရှင်တွေဟာ မြတ်ဗုဒ္ဓ၏ ဥာဏ်တော်နဲ့ ယှဉ်နှိင်စွမ်းရှိတယ်လို့ ယုံကြည်နေရင် . . . ကျန်းမာရေးသမားဖြစ်တဲ့ အစ်မကို မေးခွန်းလေး၂ခုကို မေးလိုပါတယ်။ ကိလေသာကင်းမဲ့သွားတဲ့ ရဟန္တာကြီးများ၏ ရုပ်အလောင်းတော်တွေဟာ မပုတ်မသိုးပဲ တည်ရှိနေတာ ဘာကြောင့်လဲ? လေထက်အဆပေါင်းများစွာလေးလံတဲ့ ရုပ်ခန္ဓာကြီးတွေဟာ ကောင်းကင်မှာ သွားလာနိုင်တာ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါ။ အစ်မကို ပညာသင်ပေးတဲ့ အနောက်ဖက်က ဘွဲ့တွေတန်းစီအောင်ရထားတဲ့ ဆရာကြီးတွေကိုပါ အကူအညီတောင်းပြီး မေးမြန်းနိုင်ပါတယ်။

လေးစားလျက်
ဇော်မျိုး

မငယ်နိုင်
ကိုယ့်အခြေအနေ ကိုယ်သိလောက်ပြီထင်တယ်။ အများဝိုင်းပြောနေကြလို့ ကျမလဲ ထပ်မပြောလိုတော့ပါဘူး။ တခုပဲ ပြောချင်တယ်။ ကျမတို့က ကပ်ပြီးပြောနေတာလဲ မဟုတ်ဘူး၊ စွပ်စွဲတိုက်ခိုက်နေတာလဲ မဟုတ်ပါဘူး။ အကျိုးသင့် အကြောင်းသင့် ထောက်ပြဝေဖန် ဆွေးနွေးနေတာပါ။

မငယ်နိုင်တယောက်ထဲအတွက်ဆိုရင် ကျမအနေနဲ့ ခုလို ၀င်မပြောပါဘူး။ သေချာမသိတဲ့ စာဖတ်သူတွေ ဇဝေဇ၀ါဖြစ်မှာစိုးလို့ ၀င်ပြောရခြင်းပါ။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အသုံးချရပါတယ်။ ဒါပေမဲ့ တစုံတယောက်အတွက် အကျိုးရှိသွားမယ် ဆိုရင်တော့ အချိန်ကုန်ရကျိုးနပ်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ အမှန်ကို သိထား နားလည်ထား လက်ခံထားသူတွေအနေနဲ့ နှလုံးစိတ်ဝမ်းက (ဆုတောင်းပေးစရာ မလိုအောင်) အစဉ် ငြိမ်းချမ်းပြီးသားပါ။ အမှန်ကို မမြင်ဘဲ အ၀ိဇ္ဇာအမှောင်ဖုံးနေသူအတွက်ကတော့ ငါငြိမ်းချမ်းပါတယ် ဘယ်လောက်ဆိုနေ ဆိုနေ သူ့ရင်ထဲမှာ ပူလောင်နေမှာပါပဲ။

အမှန်မြင်၍ အမြင်မှန်နိုင်ပါစေ ...
ခင်ခင်သူ

ကျွန်တော်ကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် ဘာသာရေး အခြေခံ တော်တော်အားနည်းပါတယ်။တင်ထားတဲ့ ပို့ စ်နဲ့  ကွန်မန့် တွေအားလုံး ဖတ်ကြည့် ပါတယ်။မသိတာတွေ ကိုသိခွင့် ရတဲ့ အတွက်အားလုံး ကိုကျေးဇူးတင်ပါတယ်။ အထူးသဖြင့်  မခင်ခင်သူ ကိုပါ။ သူရှင်းပြတဲ့ အချက်အလက်တွေ ကိုအရမ်းသဘောကျပါတယ်။ သုံးထားတဲ့  အသုံးအနှုန်းကအစပါ။ ဘာသာရေးအခြေခံ မရှိဘဲ လို့  ပဲသုံးသွားပါတယ်။သူများတွေလို ဖြုတ်လောက်ဥာဏ်၊မဖြစ်စလောက်ဥာဏ် ဆိုပြီးတော့  ခပ်ရိုင်းရိုင်းမသုံးသွားဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးကိုကျေးဇူးပါ။
ကရင်

ပို့စ်ကိုရော ကွန်မင့်တွေကိုပါ စိတ်ဝင်တစား ဖတ်ရှုသွားပါတယ်။ ဗဟုသုတလည်း ရပါတယ်။
အားလုံးကို တခုလောက်လည်း ဝင်ပြောချင်ပါသေးတယ်

ဘယ်သူမဆို ကိုယ်သိသလောက်ပဲ ကိုယ်ပြောနိုင် ရေးနိုင်ကြတာပါ။ ပြည့်စုံကုံလုံအောင် သိမှ ရေးရပြောရမယ်ဆိုတကလည်း သဘာဝမကျလှပါဘူး။

အရင်တုန်းကဆိုရင် “စာမတတ်ရင် လမ်းမှာဖတ်” ဆိုတာမျိုး အဆိုတောင် ရှိပါတယ်။ မှားယွင်းနေတာကို အမှန်သိသူက ကြားတဲ့အခါ ပြုပြင်တည့်မတ်ပေးသွားဖို့ ဆိုလိုချင်တာလို့ နားလည်ပါတယ်။

အလားတူပဲ.... ဘယ်အရာမဆို စူးစမ်းလေ့လာပြီး ဆန်းစစ်နေတာဟာ မျက်စိမှိတ်ပြီး ကျိတ်ယုံလိုက်တာနဲ့ စာရင် ပိုမိုကောင်းမွန်တယ်လို့ ယူဆပါတယ်။ မိုင်ထောင်ချီတဲ့ ခရီးကို ပထမဦးဆုံး ခြေတလှမ်းနဲ့ စရတယ်ဆိုတဲ့ စကားလည်းရှိပါတယ်။

ဒီတော့ လူတွေအနေနဲ့.... မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ... သူ့အယူအဆကို သူထင်သလို လွတ်လွတ်လပ်လပ် တင်ပြကြပါစေ။ အမှန်ကို သိမှ ရေးရမယ်၊ သေသေချာချာ မသိဘဲနဲ့ မရေးပါနဲ့ ဆိုတာမျိုးတွေဟာ သူတဖက်သားရဲ့ အခွင့်အရေးကို ချုပ်ချယ်ရာ၊ ဖိနှိပ်ရာ ရောက်ပါတယ်။

ကိုယ်ပြောလိုက်လို့ မှားသွားမှာကိုလည်း မစိုးရိမ်ကြပါနဲ့။ လူတိုင်းဟာ အလုံးစုံကို သိမြင်နိုင်တာတော့လည်း မဟုတ်ပါဘူး။ ဒီလိုပဲ ကိုယ့်အမှား၊ သူများအမှားတွေကနေ တဖြည်းဖြည်း သင်ခန်းစာယူပြီး အမှန်ကို သိလာကြတာပါ။ ဒီတော့ မှားမှားမှန်မှန် လွတ်လွတ်လပ်လပ် ပြောပါစေသား။ စာဖတ်သူက ရှုထောင့်ပေါင်းစုံကနေ ဖတ်ရှုရင်း ဘယ်သူမှားသလဲ၊ ဘယ်သူမှန်သလဲ သူ့ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ ချင့်ချိန်ပြီး ယုံမှာပါ။

ဒီတော့ ရေးသူများကလည်း လွတ်လွတ်လပ်လပ် ရေးကြပါ။ ကွန်မင့်သူများကလည်း လွတ်လွတ်လပ်လပ် ကွန်မင့်လုပ်ကြပါ။ လောကကြီးမှာ ဘယ်အရာမှ မတို့မထိ၊ မဆွေးနွေးကောင်းတဲ့အရာ၊ မနှိုင်းယှဉ်ကောင်းတဲ့အရာ၊ မဆန်းစစ်ကောင်းတဲ့ အရာရယ်လို့ မရှိပါဘူး။ တရားတော်တွေတောင်မှ... လာလော့၊ ဆန်းစစ်ကြည့်လော့ လို့ ဖတ်ခေါ်သင့်တယ်ဆိုတော့ လွတ်လွတ်လပ်လပ် ကိုယ်သိသလောက် ချိန်ထိုးလို့ ရပါတယ်။ ဆန်းစစ်လို့ ရပါတယ်။ နှိုင်းယှဉ်လို့ ရပါတယ်။ ဘယ်သူက ဘယ်သူ့ကိုမှ ဘာမရေးရ၊ ဘာမပြောရလို့ ချုပ်ချယ်ခွင့် အခွင့်အာဏာမရှိပါဘူး။

လွတ်လွတ်လပ်လပ် တွေးကြ၊ ရေးကြ၊ ပြောကြပါစေသတည်း။

ဟုတ်ပါပြီ မောင်ပေါရယ်.
မောင်ပေါလာမှပဲ လေးနက်တဲ့အရာအားလုံးက ပေါ့ပျက်ပျက် ဖြစ်သွားတော့တယ်။ :P

အလုံးစုံသိမှ ရေးရမယ်လို့ မဆိုလိုပါဘူး။ စူးစမ်းပါ လေ့လာပါ ဥာဏ်လေးလွှာသုံးဖို့ကို ပြောနေတာပါ။ အဲဒီလို မဟုတ်ပဲ သူများပြောတာကို မဆန်းစစ်ပဲ ကိုယ်ထင်တာအမှန်ပါလို့ မျက်စိမှိတ် နားပိတ်ပြီး ထင်ရာမြင်ရာ ရေးနေ ပြောနေလို့ ဝိုင်းပြောနေကြတာပါ မောင်ပေါရယ်။ မောင်ပေါတို့လို ငါ့စကားနွားရ လုပ်နေလွန်းလို့ပါကွယ်။

ကျွန်တော့် ကွန်မန်.မှာ အမှန်ဖြစ်ရမှာက

စာအုပ်အမည် --

Mahathera Narada ရေးတဲ့ The Buddha and His Teaching

မဟာယန ဗုဒ္ဓဘာသာ နဲ. ထေရ၀ါဒ ဗုဒ္ဓဘာသာ ကျင့်စဉ်တို. မှာ တော်တော်ကွဲလွဲပြီး ထေရ၀ါဒ
ဗုဒ္ဓဘာသာ မှာ နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံ အနည်းငယ်ကွဲလွဲနေပါတယ် ၊


အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ ၊

ကိုပေါရေ..
ဒါနိုင်ငံရေးမဟုတ်ပါဘူး။
မသိပဲ ရမ်းတုတ်တာတွေကို ရှင်းမယ့်သူမရှိရင် ဖတ်တဲ့ သူတွေ အမှားကို အမှန်ထင်မှာ စိုးရိမ်ရပါတယ်။ သာမန်အားဖြင့် ဘာသာရေးတတ်သိ နားလည်တဲ့သူတွေ၊ ဘာသာရေးတကယ် လုပ်သူတွေဟာ ဘလောဂ့်တွေ လျှောက်လည် internet မှာအချိန်များများ ပေးလေ့မရှိပါဘူး..

ကိုကိုစန်းခင်ဗျား
universal truth ဆိုတာ သမုတိသစ္စာပါ (အခေါ်အဝေါ် အနေနဲ့ ပဲမှန်တာပါ)။ ကိုကိုစန်း ဆိုလိုချင်တာ ပရမတ္တသစ္စာ ( Absolute truth) ဖြစ်လိမ့်မယ် ထင်ပါတယ်။

ဒီကိစ္စဖြစ်လာထဲက ဒီအခြေဆိုက်မယ်ဆိုတာ သိလို့  ပေးမိတဲ့  တောင်မြို့  ဆရာတော်ရဲ့  ၃ချက်စုကျမ်းလင့်လေးတောင် အသာလေးပြန်ဖျက်ထားလိုက်ပါတယ်။ ဒီဘလော့ ရှင့် နဲ့  ဒီထဲလာထောက်ခံမဲ့  လူတွေနဲ့  ဒီကျမ်းနဲ့  မတန်လို့ ဆုံးဖြတ်ခဲ့လို့ ပါ ။ဒါကလဲအကြောင်းရှိပါတယ် ။
စာကို ကိုးကားရင်တောင် မှန်အောင် မကိုးကားတတ်တဲ့ သူ ဘယ်လာတောင်မြို့ ဆရာတော် ကျမ်းနဲ့ တန်ပါ့မလဲ ။ ဒါရမ်းပြောတာမဟုတ်ပါ ။
သံယုတ် သိသပါဝန၀ဂ် သိသပါဝနသုတ်လာ ငါဟောသောတရားတော်တို့ သည် လက်ထဲပါသော သစ်ရွက်မျှသာ မဟောဘဲချန်ထားသောတရားတော်တို့ ကား ဤယင်းတိုက်တော့သစ်ရွက်များတမျှတည်း ဆိုတာနဲ့ 
သံယုတ် အဘိသမယ၀ဂ် နခသိခသုတ်လာ သေရင်သုဂတိရောက်မဲ့ သူက လက်သည်းခွံပေါ်ပါသောမြေမှုန့် အမျှသာ၊ သေဒုဂတိကား မဟာပထ၀ီမြေကြီးအမျှဆိုတဲ့  စာ ၂ခုရောမွှေထားပြီး ကိုယ်လိုရာကိုယ်ဆွဲလို့  ဘုရားမဟောတာကို ကျန်တဲ့ သူတွေ တွေ့ နိုင်တယ်ပြောလာထဲက တောင်မြို့ ဆရာတော်ကျမ်းနဲ့  ဘယ်လာတန်ပါတော့မလဲကွယ် ။
ထားပါလေ ကျန်တာတွေ ။ထေရ၀ါဒ အစဉ်အဆက် သံဂါယနာ ၆ကြိမ်တင်ခဲ့သော တိပိ​ဋကကို အလွဲအမှားပါနိုင်တယ်ဆိုတာကတော့

၁) မြတ်စွာဘုရားတရားတော်တွေကိုမူရင်းမပျက်ထိန်းသိမ်းလာသော အရှင်မဟာကဿပမှ စလို့  ခုထိမထေရ်အားလုံးစော်ကားရဲတာဘဲ
မြတ်စွာဘုရားရွှေလက်ထက်တော်ထဲက တရားတော်တွေကို သင်ယူရာမှာ မထေရ်အဆက်ဆက်က စနစ်တကျသင်ခဲ့ပါတယ် ။
ပေထက်အက္ခရာတင်တာကို စတုတ္ထသံဂါယနာမှ တင်တာလေး လက်ညှိုးထိုးပြီး တိပိဋ္ဋကကိုမခိုင်လုံလို့  ပြောရဲသူဟာ မြတ်ဘုရားလက်ထက်ကစလို့  ခုထိရှိနေသေးသော ဆရာတပည့်ဆက်ဆံရေးကို မသိလို့ သာဖြစ်ပါတယ် ။ ရဟန်းတပါးဟာ စ၀တ်တာနဲ့ ဥပ္ပဇယ်ဆရာရှိရပါတယ် ။ ဥပ္ပဇယ်နဲ့ အတူ လက်ပွန်းတတည်း ၁၀နှစ်နေပြီး တရားတော်များကို လေ့လာ အာဂုံဆောင် ဆွေးနွေး နေ့ ညညမပြတ်နေရပါတယ် ။ တိပိဋ္ဋကများလှပြီထင်ရသော်လည်း တကယ်ဆရာနဲ့  စနစ်တကျ နေ့ ညမပြတ်သင်နေရင် ၁၀နှစ်ဟာ လုံလောက်ရုံမက ပိုတောင်နေတာကို ခုခေတ် တိပိဋ္ဋကဓရ ဆရာတော်တွေကြည့်ရုံနဲ့  သိသာပါတယ် ။ တခါ အလွဲကြီးတွေ ပေါ်ါ်လာ သာသနာဖျက်မဲ့ အဓမ္မ၀ါဒီတွေပေါ်လာရင်လဲ သက်ဆိုင်ရာသံဃာတို့ ဟာ မနေခဲ့ပါဘူး ။ တနိုင်တပိုင်တည့်ပေးသလို သိပ်လွန်လာရင် သင်္ဂါယနာ တင်တော်မူခဲ့ ပါတယ် ။ ခုနေခါ ၆တန်သော သင်္ဂါယနာတင်ပြီးပါဠိတော်များဟာ အလွဲအမှားမပါ ။ မြတ်ဘုရား နှုတ်ခပါတ်တော်အတိုင်းထိန်းသိမ်းထားနိုင်တယ်ဆိုတာ ထေရ၀ါဒီမှန်ရင် ရင်ထဲက ရှင်းပြီးပါ

၂)လွဲရင်တည့်ပေးရဲသော ကျမ်းပြုသံဃာတော်များ ဥပမာ လယ်တီ၊မဟာစည် ၊တောင်ဖီလာ တို့ ရှိတာကြားဘူးပါသလား
ကျမ်းပြုဆရာတွေရေးတာ မှားနိုင်တယ်ဆိုတာနဲ့  တရားတော်တွေမှားနိုင်တယ်ဆိုတာဟာ လုံးဝမတူတဲ့  အချက် ၂ခုပါ
ထေရ၀ါဒအစဉ်မှာ အဲလို မှားနိုင်တယ်ဆိုတာကို သိလို့ ကို မမှားနိုင်အောင်မူချပြီးပါ
မိမိအကောက်အယူကို မှန်မမှန်စစ်တဲ့  အခါ ပြောပြီးဖြစ်တဲ့  အတိုင်း
မိမိဆရာရဲ့  အာစရိယ၀ါဒ
ဋ္ဋီကာ
အဋ္ဌကထာတွေနဲ့  ညှိရပါတယ် ။
အဲလိုညှိလို့ ဝိ၀ါဒကွဲပြားပါက သံဂါယနာတင်ပြီး ပါဠိတော်နဲ့  ကိုက်ညှိယူရပါတယ်
ဒါကြောင့်ကျမ်းပြုဆရာအဆက်ဆက်မှာ အလွဲံအမှားရှိတောင် အလွန့် ကွဲလွဲတာ မဟုတ်ပါ။
နောက်တခုက ကျမ်းပြုသူတွေဟာ ခုနလူထင်သလို စာလေးဖတ်ပြီးကျမ်းထိုင်ပြုနေသူမဟုတ်ပါ ။
လက်တွေ့  လဲကျင့်ကြံ ကျမ်းနဲ့  လဲညှိတယ်ဆိုတာ နဲနဲလေးလေ့လာဘူးသူတိုင်းသိပါတယ်
ဥပမာပြရရင် ၀ိသုဒ္ဓိမဂ်ဆရာရဲ့ သုဿန်ဓုတင်ခန်းလေးလောက်ဖတ်ဘူးရင်တောင်ကျမ်းနဲ့ လဲ မလွတ် ၊ ကိုယ်တွေ့ လဲပါတာကို ရိပ်စားမိမှာပါ
မထေရ်များဟာမိမိရှေ့ကကျမ်းပြုဆရာကို မျက်စိမှိတ်လက်မခံပါ
အထင်ရှားဆုံးဥပမာနဲနဲလေးပေးရရင်
လယ်တီဆရာတော်ဟာ ရှေ့ ဆရာပြုခဲ့သောဋ္ဋီကာကျော်လာ ပါဠိတော်အဋ္ဌကထာနဲ့  လွဲတာတွေကို ဋ္ဋီကာမော်နဲ့  ဖြေရှင်းပေးခဲ့ ပါတယ်
မဟာစည်ဆရာတော်ဘုရားဟာလဲ အထက်ကပြခဲ့ တဲ့  ၀ိသုဒ္ဓိမဂ်ဆရာရဲ့  ကောင်းမွန်လှသော ပြဆိုချက်တွေထဲက မပြည့်စုံတာများ အကောက်အယူလွဲနိုင်တာများကို ပိုပြီးရှင်းလင်းအောင် ပါဠိတ်ေအဋ္ဌကထာတွေနဲ့  ညှိပြီး ပြင်ပေးခဲ့ ပါတယ်
ပရိယတ် ပဋ္ဋိပတ် ၂ဖြာအကျော်တောင်ဖီလာဆရာတော်ဘုရားဟာ သူပြုစုနေတဲ့  နိဿယထက် ပိုပြီးတိုကျဉ်းပြည့်စုံတဲ့  ရွှေဥမင်ဆရာတော်ရဲ့  နိဿယကိုတွေ့ တဲ့ အခါ နောင်လာနောက်သားများ စိတ်နှခွမရှိရအောင်သူ့ နိဿယကို မီးရှို့ ဖျက်ဆီးတော်မူခဲ့ ပါတယ်
အဲဒီလိုထေရ၀ါဒအစဉ်တွေသိထားရင် ခုလိုစည်းလွတ်ဝါးလွတ်မထေရ်များကိုစော်ကားရဲမယ်မဟုတ်ပါ ။
ခုပြဿနာမှာလဲ အဖြစ်မှန်က ရိုးရိုးလေးပါ ။
ဆရာတော်ကို ဒကာမတယောက်က သူသိချင်တာလေးမေးတယ် ။ ဆရာတော်က ဋီကာတွေထောက်လို့  ဖြေပေးတယ်။
ဒါကို ဆက်ဆွေးနွေးချင်သပဆို
အနဲဆုံးဋီကာထွက်ကို ထောက်ရတော့မယ် ။

ဒါကို မဟုတ်ဘဲ အာစရိယ၀ါဒထက်တောင် နိမ့်သေးတဲ့  ငယ်နိုင်ဝါဒ Darwinism ကိုလာရောမွှေတော့ ရောဂါတွေတက်ကုန်တာ နဲတောင်နဲသေးပါ ။
ဒါက ပြဿနာကြီးမဟုတ်ပါ ။
ဒါကို ၀န်မခံချင်တော့ ထေရ၀ါဒ အစဉ်အဆက် ဘုရားဟောကို အသက်နဲ့  လဲ ထိန်းသိမ်းလာသော သံဃာအဆက်ဆက်ကို ဆက်စော်ကားရဲသော ကျမ်းတွေမမှန်ဘူး ။ ဘာညာ သာရကာတွေ ပါလာ၊ သူ့ ဘက်က ကာကွယ်ချင်သူတွေကပါ ထေရ၀ါကျမ်းတွေကို လက်ညှိုးထိုးအပြစ်ရှာချင်လာတာတော့ ပိုဆိုးပါတယ် ။
နောက်ဆုံး တခုဘဲပြောပရစေ ။
ထေရ၀ါဒ အတွင်းက အသိအမှတ်ပြုထားသော ပါဠိတော်
အဋ္ဌာကထာ
ဋီကာ နဲ့ 
လေးစားအပ်သော ကျမ်းပြုဆရာတော်အကျော်များရဲ့  ရေးသားဟောပြောချက်များမှာ ရှေ့ နောက်လွဲချော်တာ ပါတယ်လို့  ဆိုရဲသူမှာ သက်သေပြဘို့ တာဝန်ရှိပါတယ် ။
ဘယ်ဆရာတော်က ပြုစုသော ဘယ်ကျမ်း ဘယ်ဋီကာ ဘယ်အဋ္ဌကထာ သို့ မဟုတ် ပါဠိတော်ရဲ့  ဘယ်စာမျက်နှာ ဘာကိုဆိုတာဟာ လွဲတယ်ဆိုတာ သက်သေခိုင်လုံစွာနဲ့  ထောက်ပါ ။ အဲလိုထောက်နိုင်တဲ့ တနေ့  ဘာသာတရားကို လုံးဝစွန့် လွှတ်ဘို့ အသင့်ပါဘဲ ။
ဟိုနားဖတ်ဘူးသလိုလို ဒိနားဖတ်ဘူးသလိုလိုတော့ လာမယောင်ကြပါနဲ့  ။ ဒီလိုယောင်ခဲ့တဲ့  အဓမ္မ၀ါဒီတွေကို ပါယ်ရှားခဲ့ရတာ အကြိမ်ရေမနဲတော့တဲ့  ထေရ၀ါဒီတွေီရဲ့  မျက်နှာကိုထောက်ပါလို့  သတိပေးလိုက်ပါတယ် ။

တဆက်ထဲဘဲ ပြောလိုက်ရင် ဒါဝင်ကို ငါတို့ ဘဲ နားလည်တယ်ဆိုတဲ့  လူတွေ
ဒါဝင်သီအိုရီရဲ့  အခက်အခဲတွေကိုရော ဘယ်လောက်သိပါသလဲ
Leakey family ရဲ့  missing link ပြဿနာ ၊
S J Gould ရဲ့  Punctuated equilibrium
Primordial soup crisis တွေကို ကြားဘူးပါလေစလို့ ဘဲ မေးချင်ပါတယ် ။
မိမိနားမလည်တဲ့ အရာကိုဆွေးနွေးတာက တမ်ျိုးပါ ။
ဝိနိစ္ဆယအကြိမ်ကြိမ်ပြုပြီးသား အဓမ္မ၀ါဒီတွေလေသံနဲ့  တိပိဋကဘယ်လောက်မှန်လဲ ။ အချိန်တွေကြာနေမှ ကျမ်းတွေလွဲကုန်တာရှိမှာပေါ့ဆိုတာက တမျိုးပါ ။
နောက်ဒိစကားမျိုးပြောမဲ့ ကြံရင် သာသနာကို ကာကွယ်ခဲ့ကြတဲ့  ပထမသံဂါယနာတင် ရှင်မဟာကဿပက စလို့  သာသနာဖျက်ဦးဥက္ကဋ္ဌ၀ါဒကိုပါယ်ရှင်းခဲ့ ကြတဲ့  မြောင်းမြဆရာတော်ဦးဥာနိက အလယ် တကြော့ပြန်ခေါင်းထောင်လာသော အဓမ္မ၀ါဒီများကို ပြတ်သားထိရောက်စွာပါယ်ရှင်းဘို့  ကြိုးစားရင်း ပျံလွန်တော်မူသွားပြီဖြစ်တဲ့  မကွေးဆရာတော်ဘုရားအဆုံးတို့ ရဲ့  မျက်နှာတော်များကို မြင်ယောင်ထောက်ထားကြပါလို့  ကိုယ့်ဟာကိုယ်မြန်မာဗုဒ္ဓဘာသာလို့  ခံယူကြသေးသူအားလုံးကို မေတ္တာရပ်ခံလိုပါတယ်

စပါးကိုဖျက်တာ စပါးထဲကပိုး၊ ဗုဒ္ဓဘာသာကိုဖျက်မှာလာ လည်း ဗုဒ္ဓဘာသာထဲက လူတတ်ကြီး ထင်နေသူတွေပဲဖြစ်ပါတယ်။ နာမည်ကြီးခဲ့တဲ့ မိုးပြာရောင်ဂိုဏ်းဟာ ပဋိကတ် သုံးပုံဟာ ဘုရားဟော အကုန်မဟုတ်ဘူးက စတာပါ။

စပါးကိုဖျက်တာ စပါးထဲကပိုး၊ ဗုဒ္ဓဘာသာကိုဖျက်မှာလာ လည်း ဗုဒ္ဓဘာသာထဲက လူတတ်ကြီး ထင်နေသူတွေပဲဖြစ်ပါတယ်။ နာမည်ကြီးခဲ့တဲ့ မိုးပြာရောင်ဂိုဏ်းဟာ ပဋိကတ် သုံးပုံဟာ ဘုရားဟော အကုန်မဟုတ်ဘူးက စတာပါ။

“သာမန်အားဖြင့် ဘာသာရေးတတ်သိ နားလည်တဲ့သူတွေ၊ ဘာသာရေးတကယ် လုပ်သူတွေဟာ ဘလောဂ့်တွေ လျှောက်လည် internet မှာအချိန်များများ ပေးလေ့မရှိပါဘူး.. (Naing Linn)

အင်း.... အချိန်များများ မပေးလို့သာ တော်ရော့တယ် ကိုနိုင်လင်းရေ့။

ဒါနိုင်ငံရေးမဟုတ်ပါဘူး။
မသိပဲ ရမ်းတုတ်တာတွေကို ရှင်းမယ့်သူမရှိရင် ဖတ်တဲ့ သူတွေ အမှားကို အမှန်ထင်မှာ စိုးရိမ်ရပါတယ်။...
(Naing Linn)

သူများအတွက်ကို မပူပါနဲ့ခင်ဗျာ။ ကိုယ့်အတွက်ပဲ ကိုယ်စိုးရိမ်ပါ။ ကိုယ့်ခေါင်းထဲကို အတွေးအခေါ်မှားတွေ ဝင်သွားမယ်ထင်ရင် ဒီဘလော့ဂ်ကို ဒီစာကို ရှောင်ဖတ်လို့ ရတာပဲ မဟုတ်လား။ စာတပုဒ်မှာ မဟုတ်မမှန်တာတွေပါတယ်လို့ မိတ်ဆွေ စဉ်းစားတတ်ရင် ကျန်တဲ့လူတွေလည်း သူ့ဟာနဲ့သူ စဉ်းစားတတ်ကြပါလိမ့်မယ်။ အခုတော့ လူတဖက်သားကို အလကားနေရင်း အထင်သေးရာမကျနေဘူးလား။ အဓိက ကတော့ နိုင်ငံရေးဖြစ်ဖြစ်၊ ဘာသာရေးဖြစ်ဖြစ်၊ ပညာရပ်ဆိုင်ရာဖြစ်ဖြစ် အယူအဆပေါင်းစုံ၊ ရှုထောင့်မျိုးစုံကို သိခွင့်ရဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိဖို့ပဲ အရေးကြီးပါတယ်။ ကိုယ့်ဘာသာတရားဟာ မှတ်ကျောက်အတင်ခံရဲတယ်ဆိုရင် ဘာမှ စိတ်ပူနေစရာ မရှိပါဘူး။

နောက်တခုက မိတ်ဆွေ စိတ်ပူနေလည်း အင်တာနက်ပေါ်မှာ လိုက်လံ ပိတ်ပင်လို့မှ မရတာ။ ဒီနေရာမှာမရေးလည်း တခြားနေရာမှာ ရေးကြမှာပဲ။ ဒီတော့ ကိုယ့်လူရဲ့ ကြိုးပမ်းချက်တွေဟာ သဲထဲရေသွန်သလို အရာမထင်ပဲ ဖြစ်တာသာ အဖတ်တင်မယ်။

အဲဒီတော့ အရိုးစွဲနေတဲ့ စရိုက်ဆိုးဖြစ်တဲ့ ဟိုဟာကို တားမြစ်ချင်၊ ဒီဟာကို တားမြစ်ချင်တဲ့ စိတ်တွေ လျှော့သင့်ပါပြီ။

Everyone believes Buddhism discourse is absolutely opposite with Creation.
One of the main concepts of Evolution theory is totally disagree with Creationism.
Now, Theravada disciples against Evolution, these two statements inconsistent to each other.
A Myanmar philosopher U Sun Lwin (Vend. Ardisa Ranthi) mentioned some notes related with evolution in “An Individual Profile on Intellectual Course,2003” (Pg. 176,177).

ဘလော့ပေါ်မှာအတိုက်အခံရေးနေကြတာ ပိတ်ပင်တာမှမဟုတ်တာ ။
ခုလဲကြည့်လေ။ သူ့ ဟာတလွဲကြီးကို ဘယ်သူက ပိတ်ပင်နေလို့ လဲ ။ မဟုတ်တာ မဟုတ်ဘူးဘဲ ပြောနိုင်တာဘဲ။ ဒါကိုပိတ်ပင်တယ်လို့ ပြောမရပါ ။ဒါပေမဲ့  မဟုတ်တာကို လူသိအောင်ပြောတာဟာ ပြဿနာရှာတာ မဟုတ်ပါ ။ ပြောနေတဲ့ သူကို ပါးစပ်ပိတ်အောင်လဲ မရည်ရွယ်ပါ ။
အထင်ရှားဆုံး ဥပမာက အပေါ်မှာ မြင့်ပြောသွားတဲ့  မိုးပြာကိစ္စ ။
တလွဲတွေ ဟောနေတယ် ။ဖြန့် နေတယ် ။ ဒါကို အဲအချိန်က ဘာလုပ်ခဲ့ လဲ ။ ဥပဒေအရ တရားစွဲ ထောင်ချရုံနဲ့ ဘဲကျေနပ်ခဲ့ တယ် ။ သူဟောနေတာ တလွဲတွေပါလို့  အချိန်နဲ့  တပြေးညီ အမှန်ကို သတင်းထုတ်ပြန်ပေးဘို့ ကို ထေရ၀ါဒီတွေဘက်က ပျက်ကွက်ခဲ့ တယ် ။ ဒီတော့ ဘာဖြစ်လဲ ။ မိုးပြာဂိုဏ်းရဲ့  ခုလုဂျီး ဦးဥာဏကတော့ ထောင်ထဲ ၀င်ချီထွက်ချီဘဲ ။
သူ့ ဝါဒကတော့ မြန်မာတွေကြား ပြန့် ကောင်းတုန်း ။ ခုနောက်နှစ်တွေကျမှ တာဝန်သိသော ဆရာဒကာ စာပေနဲ့  အင်တာနက်သုံးပြီး သူ့ အလွဲတွေကို တိုက်နိုင်လာတာပါ ။
အမှားကို အမှားပါလို့ ပြောတယ်။ အမှန်ကိုထောက်ပြကြတယ် ။ ဒါကို ဆက်ပြီး အမှားတွေဆင့်ဆင့်ပြောတော့ထောက်တဲ့  သူတွေက ဆက်ဆက်ထောက်နေရတာကို အချိန်ကုန်ခံတယ်လို့ မမြင်မိပါ ။ အမှားတွေကို တနေရာထဲ စုကြိတ်ချေခွင့်ရတယ်ဘဲ စိတ်ထဲ ထားပါတယ် ။
နောက်တနေရာမှာ တလွဲလုပ်နေတာ တွေ့ ရင်လဲ ဒီလိုဘဲ အမှန်လိုလားသောသူများက ပြင်ပေးမှာပါ ။ မပူပါနဲ့ 

ကိုသစ္စက
လွဲနေပြန်ပြီ
ဒီနေရာမှာပြောနေတာ ဒါဝင်ကို ဆန့် ကျင်နေတာမဟုတ်ဘူး ။
ဆရာတော်တပါးက ဋီကာထောက်ဖြေတဲ့  အဖြေကို မဆီမဆိုင် ဒါဝင်ကြီးဆွဲထည့်လာပြီး ဘုန်းကြီးစာချတဲ့  အပြုအမူကို ဝေဘန်နေကြရာကနေ တိပိဋကတွေလွဲနေတယ် ၊ ကျမ်းတွေမမှန်ဘူး ၊ ဘုရားမဟောလဲ နောက်လူတွေ့ တာ မှန်နိုင်တာဘဲ ဆိုပြီး အစွန်းတွေ ထွက်လာလို့  အဲဒီအစွန်းတွေကို ထောက်နေကြတာ ။
ဒါဝင်ရဲ့  သီအိုရီဟာ ခုထိ Research အဆင့်ဘဲရှိသေးတယ် ။
သေချာသိချင်ရင် ဒါဝင်ရဲ့ မူရင်းသီအိုရီ အပြင်
အပေါ်က ပြောပြီးသား
Leakey family
missing link
S J Gould
Punctuated equilibra
Primordial soup crisis ဆိုတာတွေကို ဂူးဂယ်ပြီး တခုစီလေ့လာအုံး ။
ဦးဆန်းလွင် ( အရှင်အာဒိစ္စရံသီကို ကိုးကားချင်ရင်လဲ သူ့ ရဲ့ ရတနာ သုံးပါးစာမျက်နှာ ၃၁၉-၃၆၅ နဲ့  ၄၃၉-၄၆၄ ထိ Science and Buddhism comparison ကိုသေချာပြန်ဖတ်ပြီးမှ ဆက်ပြောရင်ကောင်းမယ်

ကိုပေါအတွက်လဲ စိုးရိမ်မိပါတယ်။
တားမြစ်တာဟာ အရိုးစွဲနေတဲ့ စရိုက်ဆိုးလို့ဆိုရင် တခုမေးချင်တယ်။
ကိုပေါသမီးလေး မီးနဲ့ကစားနေရင် တားမလား၊ ထိုင်ကြည့်နေမလား။ ပူတော့ သူ့ဟာသူ သိပါလိမ့်မယ်လို့ မျက်နှာလွှဲထားလိုက်လို့ ဓာတ်ဆီပုံးနား မီးရောက်သွားရင် အကုန်ပေါက်ကွဲ လောင်ကျွမ်းမှာနော်။
ဒါကြောင့် မသိနားမလည်တဲ့ (ဥာဏ်မမီသေးတဲ့) သူတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကို သိနားလည်သူတွေက (လောကကောင်းကျိုး၊ သံသရာကောင်းကျိုးအတွက်) တားသင့်ရင် တားရပါမယ်။ ဒါဟာ စရိုက်ဆိုးမဟုတ်ပါဘူး ကိုပေါ။
လုပ်သင့်တဲ့ လုပ်ရပ်လို့ယူဆပါတယ်။

မငယ်နိုင်
မငယ်နိုင်အတွက် အကျိုးရှိမယ့်တရားတပုဒ်ကို ဉာဏ်ကိုပါ စိုက်ထုတ်ပြီး နာယူကြည့်ဖို့ ကျွန်မ အကြံပြုပါတယ် မငယ်နိုင်။ မငယ်နိုင် ကိုယ့်ကိုကိုယ် ဘာလဲဆိုတာကို သုံးသပ်ဆုံးဖြတ်နိုင်အောင်ပါ။ ကျွန်မတို့မှာ မငယ်နိုင်လို စာအရှည်ကြီးနဲ့ တုံ့ပြန်ဖို့ အချိန်မရပါဘူး... တခုတော့ရှိပါတယ်.. မငယ်နိုင် စာတွေကို ကျွန်မ အစအဆုံး အကုန်ဖတ်ပြီးမှ ပထမ ကျွန်မ ကွန်မန့်ကို ရေးခဲ့တာပါ မငယ်နိုင်... သူများကို ရှင်းချင်လို့ဆိုလည်း စကားလုံးအသုံးကို သတိပြုပါ မငယ်နိုင်.. မငယ်နိုင်ဆိုလိုလိုက်တာက ငါမနိုင်ရင် နိုင်ရာ စကားလုံးရွေးတော့မယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ ဒါဝင်သီအိုရီကို ကျွန်မ လက်ခံတယ်လို့ တခွန်းပြောခဲ့ပါသလား.. သိပ္ပံဆိုတာ ထပ်မံဖြည့်စွက်ပေါင်းထည့်မှုတွေနဲ့ ဘယ်တော့မှ ပြည့်စုံသေးတဲ့ ပညာရပ်မဟုတ်သေးပါ ဘူး အမ... ဆဲလ်တွေရဲ့ ဖြစ်ပျက်ကိုတောင် ဘုရားမြင်သလောက် မမြင်နိုင်သေးပါဘူး မငယ်နိုင်.. မငယ်နိုင်ကို နာယူစေချင်တဲ့ တရားကတော့ ဆရာတော်အရှင်ဇ၀န ဟောကြားတော် မူတဲ့ သညာသိနဲ့ ပညာသိပါ မငယ်နိုင်... ကိုယ့်ကိုကိုယ် အထင်ကြီးမှုလည်း များနေပြန်ပါပြီ.. ကွန်မန့်လာရေးသူတိုင်းထက် ဒါန၊ သီလ၊ ဘာဝနာမှု နည်းမယ် မထင်ပါနဲ့.. အမရဲ့ ကြေငြာမှုဟာ အမရဲ့ စိတ်ဓါတ်ကို အထင်းသား ပြသွားပါပြီ..ကိုယ့်ကိုကိုယ် ဒီလိုပါလို့ အမ ကြေငြာမိနေတဲ့အတွက် အမအတွက် ဂရုဏာ သက်မိလာလို့ နောက်ဆုံးအဖြစ် ဂရုဏာ လက်ဆောင် ပေးတာပါ မငယ်နိုင်..

http://dhammadownload.com/MP3Library/AshinZawana/MP3Disc02/001-AshinZawana-BayGyi4Par-5-2-2005.mp3

နာပြီးပြီလို့ မပြောပါနဲ့.. စာအုပ်ဆိုတာ စာလုံးတွေ ကို မျက်လုံးနဲ့ လိုက်ကြည့် စာလုံးပေါင်းဖတ်ရုံမျှနဲ့ အသိတခု ဖြစ်မလာနိုင်သလို တရားသည်လည်းပဲ နားထောင်ရုံနဲ့ အသိတခု ဖြစ်မလာပါဘူး မငယ်နိုင်..

(မငယ်နိုင် မနိုင်နိုင်လို့ ကိုယ့်စကားကိုယ်ပြန်ငြင်း တာမျိုး သူများအပြောကို ကိုယ်တွေးယူချင်သလို တွေးယူလိုက်တာမျိုးလည်း မလုပ်ပါနဲ့.. ဘလော့ဂ်ဂါဆိုတာ လွတ်လပ်ပေမဲ့ ဘုရားဟောကို မှားတယ်ဆိုတာမျိုး ဝေဖန်လာရင် လက်ခံမဲ့သူတွေဟာ မိစ္ဆာဒိဌိ တွေပဲ ဖြစ်မယ်ဆိုတာ အမ ခေါင်းထဲမှာ မှတ်သားထားမိပါစေ အမ.. )

ဂရုဏာထားသဖြင့်
နန်းထိုက်ကေခိုင်

သညာသိနဲ့ ပညာသိ

http://dhammadownload.com/MP3Library/AshinZawana/MP3Disc02/007-AshinZawana-ThaNyarTheat-PyanNyarTheat-20-2-2005.mp3

ပထမပေးထားတဲ့ လင့်ခ်မှာတင်ပဲ သညာသိနဲ့ ပညာသိရဲ့ ကွာခြားချက်ကို မငယ်နိုင် နားထောင်မိရင် ရှက်တတ်ပါစေတော့...

နန်းထိုက်ကေခိုင်

>>>> tint.... မှန်ပါတယ်။ tint ပြောတဲ့အထဲမှာ ပိတ်ပင်တဲ့ သဘောမပါပါဘူး။ ကျနော်ကလည်း tint ကို မရည်ညွှန်းပါဘူး။ ဒါပေမယ့် အပေါ်မှာ တချို့ပြောကြတဲ့အထိမှာ ပိတ်ပင်တားမြစ်ချင်တဲ့ အရိပ်အယောင်ပါလို့ ရေးလိုက်တာပါ။ အားလုံးသိမှ... သေချာမှ ရေးရမယ်ဆိုတာ မဟုတ်သေးဘူးဆိုတာကို ထောက်ပြတာပါ။ tint တို့ဖက်က လွတ်လပ်စွာ ပြန်လည်ချေပတာကို ပြဿနာရှာတယ်လို့ ကျနော်မပြောခဲ့ပါဘူး။ အဲသည်လို ကွန်မင့်လုပ်တဲ့တဲ့လူတွေကလည်း လွတ်လပ်စွာ ကွန်မင့်လုပ်ကြပါ လို့တောင် ရေးခဲ့ပါသေးတယ်။

အခုလည်း မငယ်နိုင်ရေးလိုက်တဲ့အတွက် တဖက်မှာ ခင်ခင်သူတို့ tint တို့ရဲ့ အမြင်တွေကို တပါတည်း ကျနော်ဖတ်ခွင့်ရလိုက်တယ်။ ဘယ်သူမှားသလဲ၊ ဘယ်သူမှန်သလဲ ကျနော့်ဘာသာ ချင့်ချိန်ပြီး လက်ခံမှာပေါ့။

တကယ်လို့သာ မငယ်နိုင်မရေးခဲ့ရင် သူ့အယူအဆကို မဖတ်ရတော့သလို ခင်ခင်သူတို့ tint တို့ အမြင်တွေကို သူ့ဘလော့ဂ်မှာ ပိတ်ထားပြန်ရင်လည်း ကျနော်တို့အနေနဲ့ သူတို့အမြင်တွေကို သိခွင့်ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့်မို့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်ဟာ အရေးကြီးတယ်လို့ ပြောတာပါ။

မိုးပြာဂိုဏ်းကိစ္စကို ကျနော်သေချာ မသိတဲ့အတွက် မဆွေးနွေးလိုပါဘူး။

ဒါပေမယ့် တခုပြောချင်တာက လူတွေကို သူတို့ ယုံကြည်ရာ၊ ကိုးကွယ်ရာကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ပေးရမယ်လို့ နားလည်ထားပါတယ်။ တစုံတယောက်ဟာ သူ့ဘာသာ တစုံတရာကို ယုံကြည်ကိုးကွယ်နေတာကို လူအများစုက ယုံကြည်လက်ခံတာနဲ့ မကိုက်ညီလို့ အတင်းအကြပ် ထောင်သွင်းအကျဉ်းချမယ်ဆိုရင်လည်း ဒါဟာ လူ့ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်တာပါ။ ဗုဒ္ဓကလည်း သူ့တရားတွေကို အတင်းအဓမ္မလက်ခံရမယ်လို့ တိုက်တွန်းခဲ့မှာ မဟုတ်ပါဘူး။ မယုံကြည်တဲ့လူလည်း မယုံကြည်တဲ့အလျောက်၊ ယုံကြည်တဲ့လူတွေအဖို့လည်း ယုံကြည်တဲ့အလျောက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်လို့ ယူဆပါတယ်။

နောက်တခုက အစိုးရရဲ့ တာဝန်က လူတွေကို စားဝတ်နေရေး အစရှိတဲ့ လောကီကိစ္စပြဿနာတွေကို ဖြေရှင်းပေးဖို့သာ တာဝန်ရှိတယ်။ လူတွေကို ဇိကုတ်နတ်ပြည်တင်ပေးဖို့ တာဝန်မရှိဘူးလို့လည်း ယူဆပါတယ်။

Thanks indeed Daw/Ma Tint for fully and reasonable explanation and again to see clear purpose of you “not argue with Darwin” and “why reviews on post” that should understand to all especially to some commenters shown above.
I agree some Pros and Cons for Evolution theory are still remained.
But, Darwin’s theory is not stand at the stage of research as you said, Please see the link (http://en.wikipedia.org/wiki/Evolution), and noted as following ;
(Nowadays, the fact that organisms evolve is uncontested in the scientific literature and the modern evolutionary synthesis is widely accepted by scientists. However, evolution remains a contentious concept for some theists).

Present case, I see Ma Nge Naing is devotee Buddhism with practical approach, and sincere attempt to link evolution and religion though lack of some strong religious references. Subsequent Q & A lead to appear massive critization.

Review and criticize is own choice, Please kindly choose a gentle words.

Share Mitta to All,

ကိုပေါ သာသနာ သန့်ရှင်း တည်တံ့ ခိုင်မြဲ ထွန်းကားခြင်းဟာ အစိုးရတရပ်ပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ခေတ်အဆက်ဆက် ပြန်ကြည့်ရင် သံဃာတော်တွေက သာသနာကို လက်ဆင့်ကမ်း သယ်ဆောင်လာပေမဲ့ အစိုးရအားမပေးရင် ပိတ်ပင်ရင် နိုင်ငံတနိုင်ငံမှာ သာသနာမထွန်းးကားနိုင်ဘူး။

tint သို.

ထေရ၀ါဒ ကျမ်းတွေကတော့ အကုန်လုံး မမှန်နိုင်ပါဘူး ၊ ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါပဲ ၊ မြန်မာနိုင်ငံ က ဗုဒ္ဓဘာသာကျမ်းတွေသာ အမှန်ဆိုရင် ဘာလို. Sri Lanka, Cambodia စတဲ့ ထေရ၀ါဒ ဗုဒ္ဓစာပေတွေနဲ. ဘာလို. အလုံးစုံ မတူနိုင်တာပါလဲ

ဗုဒ္ဓ ရဲ့ ပုံတော်တွေတောင် ဗုဒ္ဓ ပါရိနိဗ္ဗန်စံပြီး တော်တော်နဲ. ပန်းချီ ၊ ရုပ်ထု ၊ မလုပ်နိုင်ခဲ့ပါဘူး ၊ ဘာဖြစ်လို.လဲဆိုတော့ အဲဒီအချိန်က ပုံတော်ဟာ ဗုဒ္ဓ နဲ. ထပ်တူ မတူခဲ့ရင် အပြစ်ဖြစ်မှာစိုးလို. ပုံတော်ကို ပန်းချီ မဆွဲ ၊ ပုံတော်မထုခဲ့ကြတာပါ ၊ နောက်ပိုင်းမှ မေ့ပျောက်သွားမှာစိုးလို. ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ် ၊

နောက်ပြီး ဘုရား မွေးတော်မူပုံကို မြန်မာကျမ်းတွေက ဘယ်လိုဆိုပါသလဲ ၊ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ နိုင်ငံခြားက ထုတ်တဲ့ စာအုပ်တော်တော်များများအရ ဆိုရင် ဗုဒ္ဓ ရဲ့ မယ်တော်က ဗုဒ္ဓကို နား ကလည်း မွေးတာမဟုတ်ဖူး ၊ ရိုးရိုးယောနိလမ်းကြောင်း ကလည်း မွေးတာမဟုတ်ဖူး ၊ ဘုရားကို ဗိုက်ခွဲပြီး မွေးခဲ့တာဖြစ်ပါတယ် ဗုဒ္ဓများရဲ. အစဉ်အလာအရ ဗုဒ္ဓများရဲ. မယ်တော်များဟာ ဗုဒ္ဓ ကို မွေးဖွားပြီး မကြာမီမှာ ကွယ်လွန်ခဲ့ကြရပါတယ်

အဲဒါက အကြောင်း နှစ်ကြောင်းကြောင့် ဖြစ်နိုင်ပါတယ်

မထမ က ဗုဒ္ဓ အလောင်းအလျာ ဟာ မိခင်ဖြစ်သူနဲ. သားအမိ သံယောဇဉ် အရမ်းတွယ်ပြီး တောထွက် တရား အားမထုတ်နိုင်မှာ စိုးလို.ပါ၊

နောက်တစ်ခုဖြစ်နိုင်တာကတော့ ဗုဒ္ဓ ဂေါတမ ကို ဗိုက်ခွဲမွေးခဲ့စဉ် အဲဒီ့ခေတ်က ဆေးပညာက ယခုအချိန်လို ခေတ်မမှီသေးလို. မယ်တော်ဟာ infection ရပြီး ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ် ၊

ခင်ဗျားရေးထားတာ ဗဟုသုတတော့ ရပါတယ် ၊ ဒါပေမဲ့ ခင်ဗျား ပြောတဲ့ မြန်မာပြည်က ကျမ်းဂန်တွေက အကုန်မှန်တယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူးဗျာ

နိုင်ငံတကာ ဗုဒ္ဓဘာသာ နှီးနှောဖလှယ်ပွဲ လုပ်ခဲ့လို. ခင်ဗျားပြောတဲ့ ကျမ်းဂန်တွေနဲ. ကိုင်ပေါက်ရင် မြန်မာပြည်မှာတော့ ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရှေ.မှာတော့ မဖြစ်နိုင်ပါဘူး ၊ ဗုဒ္ဓ က မြန်မာပြည်မှာ ဖွားမြင်ပြီး မြန်မာနိုင်ငံ တစ်ခုတည်းသာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခဲ့ရင်တော့ ကျွန်တော် မြန်မာပြည်က ကျမ်းဂန်တွေ မှားတယ်လို. မပြောတော့ဖူး ၊ Sri Lanka နိုင်ငံလည်း strong Buddhism ထွန်းကားပြီး တစ်ချို. အချက်တွေက ကွဲလွဲနေပါတယ် ၊

ပြောရရင်တော့ အများကြီးပေါ့

ကျွန်တော်တစ်ခု ထပ်ပြောချင်ပါတယ် ၊ ဗုဒ္ဓ ရဲ့ ကိုယ်အင်္ဂါအကြောင်း ဘယ်လောက် သိပါသလဲ ဗုဒ္ဓ ရဲ့ private part က သာမန်လူတွေလို မဟုတ်ပါဘူး ၊ အဲဒီ့ private part အပေါ်မှာ အရေပြား တစ်ထပ်က ထပ်ပြီးအုပ်ထားပါတယ် ၊ နိုင်ငံခြားက ရေးထားတဲ့ စာအုပ်ကနေ တိုက်ရိုက် ပြန်ရရင်တော့ ဓါးမြှောင်ကို ဓါးအိမ်ထဲမှာ ထည့်ထားသလိုပါပဲ ၊ ဒါတွေကို မြန်မာပြည်က ကျမ်းစာအုပ်တွေမှာ မတွေ.နိုင်ပါဘူး မြန်မာရဲ့ ရိုးရာယဉ်ကျေးမှုနဲ. တစ်ချို.နေရာတွေမှာ နည်းနည်းပါးပါး ပြန်ပြင်ရေးထားတာတွေ ရှိကောင်း ရှိလိမ့်မယ်

နောက်ပြီး ဗုဒ္ဓက အိန္ဒိယ မှာ မွေးဖွားခဲ့ပြီး ဗုဒ္ဓ ဘာသာက အာရှနဲ. အရှေ.တောင်အာရှ ကို ပြန်.နှံ.ခဲ့တာပါ ၊ ဘာလို. မဟာယန ၊ ထေရ၀ါဒ ကွဲသွားတာပါလဲ၊ ကိုရီးယားနဲ. ဂျပန် မှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း သူတို.လည်း မှန်တယ်လို.ပြောကြ
ပါလိမ့်မယ်

အဓိက ကတော့ ကိုယ်ယုံကြည်တာ ကို ကိုယ် ကိုးကွယ်နေပြီး ကောင်းမွန်တာ လုပ်နေတာ အကောင်းဆုံးပါပဲ ၊
ငြင်းခုံနေကြရင် ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဖူး

အားလုံးကျန်းမာ ချမ်းသာပါစေ ၊

Naing Linn သို. .....

ခင်ဗျား ရဲ့ အပြုသဘော ကွန်.မန်.ကို ကျွန်တော် လေးစားပါတယ် ၊

ဗမာလို ကျွန်တော့်ရဲ့ ကွန်.မန်.မှာ ဒီလို ရေးထားခဲ့ပါတယ်

" ဗုဒ္ဓ ဟောတာတွေက အမှန်ပါ ၊ လိုအပ်ချက်ဆိုတာ မရှိပါဘူး "

ကျွန်တော်ပြောချင်တာ က အစဉ်အဆက် ဆင်းသက်လာခဲ့တဲ့ ကျမ်းတွေဆိုတာ ရာနှုန်းပြည့် မမှန်နိုင်ဖူး ဆိုတာကို ထောက်ပြချင်တာပါ ၊

ကျွန်တော်ဆိုလိုချင်တာ က ဒီတရားက universe မှာ ရှိပြီးဖြစ်တဲ့ အမှန်တရားပါ ၊ ဘုရား မတွေ.ခဲ့လည်း ရှိနေမဲ့ တရားပါ ၊ ဗုဒ္ဓ က ကျင့်ကြံပြီး တွေ.ခဲ့တာကို ပြန်လည် ဟောပြောတာပါ ၊ Buddha ဆိုတာ အမှန်တရားကို သိသူလို. အဓိပ္ပါယ် ရပါတယ်

အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ .....

(ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ နိုင်ငံခြားက ထုတ်တဲ့ စာအုပ်တော်တော်များများအရ ဆိုရင် ဗုဒ္ဓ ရဲ့ မယ်တော်က ဗုဒ္ဓကို နား ကလည်း မွေးတာမဟုတ်ဖူး ၊ ရိုးရိုးယောနိလမ်းကြောင်း ကလည်း မွေးတာမဟုတ်ဖူး ၊ ဘုရားကို ဗိုက်ခွဲပြီး မွေးခဲ့တာဖြစ်ပါတယ် )

သို့
ကိုကိုစန်း

ကျနော်ဖတ်ဖူးတဲ့ စာအုပ်တွေမှာတော့ ဗိုက်ခွဲမွေးတယ်လို့ ရေးထားတာ မရှိပါဘူး။ စာအုပ်တော်တော်များများမှာ ရေးထားတယ်ဆိုတဲ့ ခင်ဗျားရဲ့စကားကို မယုံကြည်တာတော့အမှန်ပဲ။ စကားကိုနိုင်အောင် ကြံဖန်ပြောတာဖြစ်နိုင်ပါတယ်။ နောက်ပြီး ခင်ဗျားဟာ ဗုဒ္ဓဘာသာမဟုတ်နိုင်ပါဘူး။ ခင်ဗျားဟာ ကျုပ်တို့ဗုဒ္ဓဘာသာတွေကို သွေးခွဲချင်လို့ အကောက်ကြံနေသူလို့ သံသယဖြစ်မိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော် မျက်စိဖွင့်ထားပါတယ်။ ခင်ဗျားဖတ်ဖူးတဲ့ စာအုပ်တွေအများကြီးမှာ ဗိုက်ခွဲမွေးထားတယ်ဆိုတော့ . . . . အဲဒီစာအုပ်နာမည်တွေကို ပြောပြပါလား။ ခင်ဗျားရဲ့အဖြေကို စောင့်နေပါတယ်။

လေးစားလျက်
ဇော်မျိုး

ကိုပေါရေ..
(((သာမန်အားဖြင့် ဘာသာရေးတတ်သိ နားလည်တဲ့သူတွေ၊ ဘာသာရေးတကယ် လုပ်သူတွေဟာ ဘလောဂ့်တွေ လျှောက်လည် internet မှာအချိန်များများ ပေးလေ့မရှိပါဘူး)))... ဆိုတာ ကိုယ့်ကိုကိုယ် ဆိုလိုတာဟုတ်ပါဘူး.. ၀န်ခံပါတယ်.. အပေါ်မှာ ကွန်မန့် ရှည်ရှည်တွေ ရေးသွားတဲ့သူအချို့ ရဲ့ ခြေဖျားလောက်တောင် ကျနော့် အသိမပြည့်ဝပါဘူး.. နိုင်ငံရေးလိုတကယ် နားလည်တဲ့ အတွေးအခေါ်ရှိသူတွေ အွန်လိုင်းမှာ ရှိနေတတ်သလို ဘာသာရေးကို တကယ်တတ်သိ နားလည်တဲ့ လူပုဂိုလ်တွေ ရဟန်းတွေဟာ သဘာဝအားဖြင့် အေးအေးဆေးဆေး နေတတ်ကြတာကို ဆိုလိုတာပါ.. (ကျနော်ရေးတဲ့စာ မပြည့်စုံတာပါ)
ဒါပေမယ့် လူတိုင်းက ကိုပေါတို့ လို ကျိုးကြောင်းဆင်ခြင်တတ်ရင် အမှားနဲ့ အမှန်ကို ခွဲတတ်မှာပေါ့.. (ရှေ့ ကဥပမာလို) ဟန့် မယ့်သူမရှိရင် ကလေး မီးခဲကိုင်မယ့်ဟာကို လွတ်ထားသလို ဖြစ်ပါလိမ့်မယ့်..

ဘာဖြစ်လို့ ဆိုတော့ ကျနော့်ရဲ့  မဆိုသလောက် အသိလေးနဲ့ တောင် တခါတရံ တချို့ ဘလောဂ့်တွေမှာ ဘာသာရေးနဲ့ ပတ်သတ်ပြီး ထင်တာတွေ စွတ်ပြောနေတာတွေ့ ရပါတယ်.. ဘယ်သူမှ ရှင်းမယ့်သူမရှိပါဘူး.. ဒါကို ကြုံဘူးတဲ့သူ နားလည်တဲ့သူတွေ သိပါလိမ့်မယ့်.. ကျနော် တခါတလေ သိသလောက် ၀င်ပြောချင်ပါတယ်.. ဒါပေမယ့် ပို့ စ်က တင်ထားတာ အချိန်အတော်ကြာသွားပြီ. ကျနော် ၀င်ဆွေးနွေးလဲ ဘယ်သူမှ ဖတ်ကြမှာ မဟုတ်တော့ဘူး..

ကိုနိုင်လင်းရေ. ဘယ်ဘလော့လဲ မသိဘူးနော်. လင့်လေးပေးပါလား ဖတ်ချင်ပါတယ်။

ကိုကိုစန်းကိုတော့ ပြောမနေတော့ပါဘူး။ ကျွဲပါးစောင်းတီးဖြစ်နေလို့။ ဦးတင့်ရေးထားတာနဲ့ လုံလောက်နေပါပြီ။

ဒါကိုပဲ ထပ်ခါထပ်ခါ ထပ်ပြောနေရင်တော့ ရည်ရွယ်ချက်တခုခု ရှိနေလို့ပဲ ယူဆရတော့မယ်။

တခြားနိုင်ငံက ပါဋ္ဌိတော်တွေနဲ့ မတူတာနဲ့ပဲ မှားနေပါတယ်လို့ ယူဆလို့ ရမလား မေးချင်ပါတယ်။

တခြားနိုင်ငံက ပါဋ္ဌိတော် တော်တော်များများက ထေရဝါဒနဲ့ မဟာယာနကို ရောမွှေထားတာ များပါတယ်ဆိုတာ. သေသေချာချာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။

ရမ်းတမ်း ပြောဆို ရေးသားခြင်း၊ ရမ်းတုတ်ခြင်းမှ ရှောင်ကျဉ်နိုင်ကြပါစေ။

အေးဗျာကိုကိုစန်းရာ
နိုင်ငံခြားစာအုပ်တွေက ဘုရားဟိုဒင်းတို့  ဘုရားလောင်းဘယိုမွေးတယ်လို့ ပါပြီး ထေရ၀ါဒကျမ်းစာတွေမှာမပါဘူးဆိုတာသေချာပြီလားဗျာ ။
ဒါထက်ဗျာ ကိုကိုစန်း ဒီဃနိကယ်၊မဟာဝဂ်၊မဟာပဒါနသုတ်လေးများ မြန်မာပြန်ဘဲဖြစ်ဖြစ် မူရင်းပါဠိတော်ဘဲဖြစ်ဖြစ် ၊်ဖတ်ဘူးလားဗျ ။ မဖတ်ဘူးသေးရင်လဲ ရှာကြည့်လိုက်ပါအုံးဗျာ ။ ဘုရားဟိုဒင်းဗမာစာအုပ်ထဲပါမပါသိရအောင် ။
မဟာယာနကိစ္စ။ အင်း အဲဒါလဲ ဘယ်သူမှန်တယ်လို့  မသိနိုင်ဆိုတာလေးဟုတ်မဟုတ်ကို ဘယ်လိုလုပ်ရပါ့ ။ဗမာဆရာတော်တွေရေးတဲ့ စာကို ညွှန်ရင်လဲ ဗမာမို့  ငြင်းအုံးမယ် ။
အင်း ဒ်ီလိုလေးလုပ်ဗျို့ 
ခင်ဗျားဘဲညွှန်ခဲ့တဲ့  Narada Maha Thera 's A Manual of Abhidhamma မှာဘယ်လိုရေးထားလဲ ပြန်ရှာဖတ်ဗျာ ။
နောက်တအုပ်က ဂျာမန်လူမျိုး အရှင်ဥာနတိလောကဂျာမန်လိုရေးပြီး ဂျာမန်ဘဲဖြစ်တဲ့  ဥာဏပေါတိယအင်္ဂလိပ်လို ပြန်ခဲ့တဲ့  Abhidhamma studies ဆိုတာလေးလဲ ရှာဖတ်ကြည့်လိုက်ဗျာ ။
(နဲနဲလေးတော့အပင်ပန်းခံလိုက်ဗျာနော် ၊ ရှာတတ်ရင် ၃ခုလုံးက ခက်ပါဘူးဗျာ ၃ စက္ကန့် လောက် ကိစ္စပါ ။ ဖတ်တာကတော့ ကိုယ့်အပေါ်တည်တာပေါ့နော် )

ငယ်နိုင်က မနိုင်လို့ငြိမ်သွားတယ်။
ကိုပေါက လွတ်လပ်ခွင့်ဆိုပီး တစခန်းထလာတယ်။
နောက်ဆုံး ကိုကိုစန်းလုပ်လိုက်တာ မူရင်းတော့ပစ် လူ နဲ့ မျောက်ကနေ ဘုရားဘယ်ကဖွားသလဲ ဆိုတာရောက်သွားတယ်။ ကောင်းရော။
အစပြန်ကောက်ရအောင်
ငယ်နိုင် ကိုပေါ ကိုကိုစန်း အောက်ပါမေးခွန်းကို ဖြေပါ။
လူဟာ မျောက်ကနေ ဖြစ်လာတာပါလား။ :D

Missing Link means the link between Lower and Higher Primate, Pondaung Primate is well known for this fact and finding with other vertebrate fossils (turtle, bird, mammalian predators, etc). Darwin firstly described and fellow scientists searching the missing link.
For simple understanding, Higher Primate posses molar with cusp growth line in Plus (+) shape, and Lower Primate with cusp in Y shape. Sayagyi findings show translation character of both Plus and Y as remarked as missing link.
Sayagyi U Ba Maw mentioned Pondaungia cotteri point out that source (See in Myanmar version, Ngwetar Yee Magazine, Jan 1985 & Saya Mg Thit Sinn, Your Life ,1996) that still remains Pros and Cons (Sorry for those references are in my hand at present).
After 1997, consequence of Pondaung expedition project, Myanmar geoscientists found more completed samples and three additional primate taxa, Amphipithecus mogaungensis, Bahinia pondaungensis and Myanmarpithecus yarshensis, published numerous papers (Just type “Pondaung Primates” in search) and contact (thusn70@gmail.com).
In nature, theory and findings are endless, even if a super genius invented TOA (Theory of All) that might still left pros and cons based on viewers base grounds and knowledge.
Dr.Tin Thein (former professor of geology, Yangon) who lead the 1997 expedition team wrote a “Pondaung Primate” in Sarpay Beikman issue (2000?), like simply to say it is rather difficult to understand out of this subject.
Available contact to further clarifications for Pondaung Primate are Dr. Aye Ko Aung (kaungmm@gmail.com), former professor of geology, Dagon Univ. And other contacts in Myanmar are Dr. Aung Naing Soe (Dagon), Dr. Chit Sein, Dr.Mg Mg (Mandalay), U Soe Thura Tun (soethura@gmail.com) of geology. They performed expedition team and did international publications jointed with international researchers.
I am surprised on Ma Nge Naing’s description try to link religion and evolution that never seen it before. I got empathy with her (empathy elaboration from We She Me blog and thanks to Ko Andy) and appreciate on her about still open to accept reviews from various aspects.
Say again, for me, findings from science never cross my crystal clear faith to Buddha as I previously said.

With Mitta to All,

I miss a word "not" in line 7 of previous comment that should be (Sorry for those references are not in my hand at present).

tint & ကလျာ သို.

ကျွန်တော်လည်း မြန်မာပြည်က လူတစ်ယောက်ရဲ့ ကွန်.မန်.ထဲက ညွှန်းထားလို. အောက်ပါစာအုပ်ကို ၀ယ်ပြီး ဖတ်တာပါ

ကျွန်တော် ကြိုက်တဲ့ စာပိုဒ်လေးတစ်ခု ကို အောက်မှာဖော်ပြလိုက်ပါတယ် ၊

In admiration of the Buddha, Fausboll, a Danish scholar says-

" The more I know him (Buddha), the more I love him.

A humble follower of the Buddha would modestly says: " the more I know him, the more I love him, the more I love him, the more I know him"

Reference: Title: The Buddha and His Teachings, Author: The Ven. Mahathera Narada

ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးတော့ ဗုဒ္ဓဘာသာစာအုပ်အစုံ ဖတ်တဲ့သူပါဗျာကျမ်းဂန်တွေကိုးကား ၊ အဘိဓ္ဓမ တွေ ရွတ်ပြနေ ၊ ပုတီးကြီး လည်ပင်းမှာ ဆွဲထားမှ ဗုဒ္ဓဘာသာဝင်လို လူအထင်ကြီးခံရမှာ မဟုတ်ပါဘူး ၊ ကျွန်တော် နိုင်ငံခြားက ရေးတဲ့စာတွေကို အသလွတ်အထင်ကြီးတာမဟုတ်ဖူး ၊ သီရီလင်္ကာက ဆရာတော်တွေရေးထား တဲ့စာတွေပါ ၊ မဟာစည်ဆရာတော် ၊ သဲအင်းဂူဆရာတော် ၊ မိုးဂုတ်ဆရာတော် တို.ရဲ့ စာအုပ်တွေလည်း ဖတ်ပြီး လိုက်နာကျင့်သုံးပြီး ရိပ်သာမှာ တရားထိုင်ပါတယ် ၊ ခုကျွန်တော်ပြောချင်တာ က ဗုဒ္ဓဖြစ်စဉ် နဲ. အခြားအကြောင်း အရာတွေမှာ ဗုဒ္ဓကျမ်းဂန်နဲ. အခြား ဗုဒ္ဓဘာသာ စာပေနဲ. ကွဲလွဲနေတာကို ထောက်ပြခြင်း ဖြစ်ပါတယ် ၊ အားလုံး မမှားနိုင်သလို ရာနှုန်းပြည့် မမှန်နိုင်ဖူးဆိုတာ tint နဲ. ကလျာ သဘောပေါက်ရင် ကျွန်တော့် ကွန်.မန်.ရှည်ရှည် ရေးရကြိုးနပ်ပါပြီ

မကလျာ က ရေးထားတယ် ၊ ရည်ရွယ်ချက် တစ်ခုတော့ ရှိမယ်တဲ့ ၊ ဘာကို ဆိုလိုမှန်း မသိပေမဲ့ ကျွန်တော်ရည်ရွယ်ချက် ကတော့ စာအစုံဖတ်ပြီး ကိုယ်သိတာလေးနဲ. မဝေဖန်ဖို.ပါ ၊

မဟာယာန ကိုပြောတာထက် ကျွန်တော်ဖော်ပြခဲ့တဲ့ ထေရ၀ါဒမှာ မြန်မာပြည်လို ထွန်းကားခဲ့တဲ့ သီရိလင်္ကာ က ထုတ်တဲ့ စာအုပ်ထဲက ပါတာကို ကိုးကားပြီး ကျွန်တော်ရေးခဲ့တာပါ

ကျွန်တော်ဖတ်ခဲ့တာတွေ ရေးနေတာဖြစ်ပြီး ကျွန်တော်ရေးတာတွေ (နိုင်ငံခြားက ထုတ်တဲ့ စာအုပ်တွေကို ) ရာနှုန်းပြည့် မှန်တယ်လို. မယူဆသလို မြန်မာပြည်က ကျမ်းဂန်တွေကို ရာနှုန်းပြည့် မှန်တယ်လို. မယူဆပါ ၊

လွတ်လပ် ပွင့်လင်းစွာဆွေးနွေးပြီး ကောင်းတာလေးတွေကို ယူတတ်ရင် အကောင်းဆုံးပါပဲ ခုလိုခေတ်ကြီး မှာ ကိုယ်သိတာလေးနဲ. ကိုယ်မာန်နဲ. ကိုယ်မှန်တယ်ဆိုပြီး ငါ့တကော ကော နေတဲ့သူတွေရှိလို. တိုင်းပြည်ကြီး လည်း ဆင်းရဲနေတာ လူတိုင်းအသိပါပဲ ၊ အတွေးအခေါ်တွေပြောင်းဖို.လိုနေပါပြီ

ဆက်လက်ပြီး ဖော်ပြပါဦးမယ် ၊

အားလုံး သိတဲ့အတိုင်း ဗုဒ္ဓဟာ သက်တော် ၈၀ မှာ ဗရိနိဗ္ဗန် စံခဲ့ပါတယ် ၊ ညီတော် အာနန္နာ က ဆက်လက်နေဖို. မတိုက်တွန်းတာကြောင့် အားလုံး သိပြီးမို. မပြောတောပါဘူး ၊ အဲဒီခေတ်က ဗုဒ္ဓနဲ.အပြိုင် အခြားဘာသာရေးခေါင်းဆောင်ကြီး တွေဟာ ဗုဒ္ဓ ထက်ပိုပြီး အသက်ရှည်ပါတယ် အဲဒီ့ ခေတ်က လူသက်တမ်းက ပျမ်းမျှ ၁၀၀ မှ ၁၂၀ အထိရှိပါတယ် ၊ ညီတော် အာနန္နာ သက်တော် ၁၂၀ ရှည်ပါတယ် ၊ ဗုဒ္ဓ လို အထင်အရှား ကျော်ကြားတဲ့ သူက အသက် ၈၀ အထိပဲနေတယ်ဆိုတော့ ကိုးကွယ်တဲ့ သူတွေက သံသယ ရှိခဲ့ပါတယ် ၊ ဘာသာရေး ခေါင်းဆောင်ဆိုသေး ၊ အသက်က ၈၀ ပဲနေရ ၊ ဗုဒ္ဓရဲ. ရုပ်အလောင်းတော် ကို ရွှေခေါင်းထဲထည့်ပြီး ရှင်မဟာကသပ္ပ ပူဇော်ပြီး မီးသဂြိုလ် မလိုလုပ်တုန်း ဗုဒ္ဓရဲ့ ညာဘက်ခြေထောက်ဟာ ခေါင်းထဲက ထွက်လာပါတယ် အဲဒီမှာ ပရိတ်သတ်ကြီး က ကောက်ချက် နှစ်မျိုးချပါတယ် တစ်ခုက ငါ့ရဲ့ ခြေရာနောက်လိုက်ပြီး တရားကျင့်ကြ ၊ နောက်တစ်ချက် က ဘုရားက ရုပ်သာသေသွားတယ် ၊ နာမ်ကဘယ်တော့ မှ မသေဖူးလို. ကောက်ချက်ချပါတယ်
အဲဒါ ကျွန်တော်သူငယ်ချင်း တရုတ်တွေ ပြောပြတာ ကျွန်တော် မသိလို. သူငယ်ချင်းတွေက မင်းဗုဒ္ဓဘာသာဖြစ်ပြီး ဒါလေးတောင် မသိရကောင်းဆိုပြီး ၀ိုင်းရယ်ခြင်းကို ခံခဲ့ရပါတယ်

တစ်ခါတစ်လေ နေလည်ပိုင်း (နေ.လည် ၃ နာရီခန်.) မှာ ဆွမ်းဘုန်ပေးတတ်ပါတယ် ၊

အထက်ပါ အချက်နှစ်ချက် မြန်မာပြည်က ဗုဒ္ဓကျမ်းဂန်တွေ ထဲမှာပါ ပါသလား ?

အမည်မသိသူရေ ကျွန်တော်က မျောက်က လူဖြစ်တာထက် အဘိဓမ္မတွေနဲ. ကိုင်ပေါက်တဲ့သူတွေကို ကျမ်းဂန်တွေ အားလုံးတော့ မမှန်ုနိုင်ဖူးဆိုတဲ့ ရည်ရွယ်ချက်ပါ ၊

တကယ်သာ ဗုဒ္ဓဘာသာ လေ့လာချင်ရင် စာအစုံဖတ်ဖို. တိုက်တွန်းချင်ပါတယ်

ကိုယ်သိတာလေး အနည်းငယ်နဲ. ဆွေးနွေးနေကြတာ ရှက်ဖို.ကောင်းလှပါတယ်

ကျွန်တော် ကြိုက်တဲ့ quote တစ်ခုကို tint
နဲ. မကလျာ ကို မျှဝေချင်တာကတော့

" out of the box "

အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ



သို့
ကိုကိုစန်း

ကျနော်မေးထားတာက ခင်ဗျားအတွက် ခက်ခဲလို့မဖြေတာလား။ ဒါမှမဟုတ်ရင် ကျနော်မေးတာတွေက ရိုင်းလို့လား? ထားလိုက်ပါ။ ခင်ဗျားရဲ့ အချက်အလက်အသစ်တွေကို နောက်ပြီးဆွေးနွေးလို့ရပါတယ်။ အထက်မှာ ခင်ဗျားက နိုင်ငံခြားက ရေးတဲ့ စာအုပ်တော်တော်များများမှာ မြတ်ဗုဒ္ဓကို ဗိုက်ခွဲမွေးတယ်လို့ ပြောခဲ့ပါတယ်။ ကျနော်လဲ အတိုင်းအတာတစ်ခုအထိတော့ ဘာသာရေးစာပေတွေဖတ်ဖူးပါတယ်။ ဒါပေမယ့် ခင်ဗျားပြောတဲ့ အချက်အလက်ကို လုံးဝမတွေ့ဖူးပါဘူး။ ဒါ့ကြောင့် အဲဒီစာအုပ်နာမည်တွေကို ပြောပြပါလား။

လေးစားလျက်
ဇော်မျိုး

ကိုကိုစန်း
ဆမူ ပါဠိတော်မြန်မာပြန် ဒီဃနိကယ်၊မဟာဝဂ်၊မဟာပရိနိဗာနသုတ်
ဝိနည်း ပါစိတ်အာပတ် ၀ိကာလဘောဇနာသိက္ခါပုဒ်နဲ့  ခြွင်းချက်များ ၊၀တ္ထုသာဓကများ
ခင်ဗျားရှေ့ ဆက်တကယ်ဆွေးနွေးချင်ရင် တိပိဋကဆဋ္ဌမူမြန်မာပြန် ၊ ထိုင်းမူနဲ့  သီရိလင်္ကာမူ အင်္ဂလိပ်ပြန်များကို ကိုးကားပြီး သုတ်အလိုက် ခင်ဗျားကွဲလွဲတယ်ဆိုတဲ့ စာပိုက်အလိုက် တင်ပြပြီးမှ ဆက်ပြောဗျာ
ကျွန်တော့ဘ၀ပေးအခြေအနေကြောင့် တချိန်မှာ မြန်မာမူကို လက်လှမ်းမမီခဲ့တဲ့  အချိန်တချိန်ရှိဘူးတယ် ။ ဒါကြောင့် သီရိလင်္ကာနဲ့  ထိုင်းမူတွေကိုဘဲ ကျေးဇူးတင်စွာနဲ့  ဆက်သုံးခဲ့ရတယ် ။နောက်မြန်မာပြန်ရလာတော့လဲ အဲ ၃မူလုံး တိုက်ဖတ်တတ်တဲ့ အကျင့်ရလာတယ် ။
ခုထိ ဆန့် ကျင်ကွဲလွဲတာ ရှာမရသေးပါ ။
ဒီတော့အဆိုတခုပြုမယ်ဆို သက်သေပြပါ၊ အရပ်ထဲဟဟိုလူပြောဒီလူပြောနဲ့ တော့ ဆက်ပြောနေ အချိန်ကုန်တာပါဘဲ။

ကိုကိုစန်းသို့

မြတ်ဗုဒ္ဓရဲ့ ဆုံးမစကားကို လိုက်နာကြဖို့က အဓိကလား၊ မြတ်ဗုဒ္ဓ ဘယ်လိုဖွားတယ်၊ ဘာလုပ်တယ်ဆိုတာကို လိုက်ရှာဖွေဖို့က အဓိကလား သိချင်ပါတယ်။

ဒေဝဒတ်နောက်လိုက်တွေက မြတ်စွာဘုရားကို ဆန့်ကျင် သိက္ခာချချင်လို့ ရေးကြတာ မဖြစ်နိုင်ဘူးလား။ မြတ်စွာဘုရား ချမှတ်ခဲ့တဲ့ ဝိနည်းစည်းကမ်း နည်းလမ်းတွေကို မလိုက်ချင်လို့ အမျိုးမျိုး ဆန့်ကျင်ကြလို့ မဟာယနရယ်လို့ ကွဲထွက်သွားကြတာပါ။

အ၀ိဇ္ဇာဆိုတာ -
သိသင့်တာကို မသိတာလဲ အ၀ိဇ္ဇာ၊
မသိသင့်တာကို သိနေတာလဲ အ၀ိဇ္ဇာ၊ ပါပဲ။

စာစုံဖတ်မှ သေတ္တာထဲက မထွက်နိုင်တော့ပဲ ပိတ်မိနေနိုင်တဲ့ ကိုကိုစန်းကို ကြည့်ပြီး သနားမိပါတယ်။ အဲလို စာတွေဖတ်ပြီး သံသယနဲ့ ဗုဒ္ဓ ဘာသာဝင်လို့ ပြောမယ့်အစား ဘာသာပြောင်းလိုက်တာ ပိုကောင်းပါတယ်ကိုကိုစန်း။

မကလျာ
ဘယ်ဘလောဂ့် ဘယ်လင့် ဆိုတာ ကျနော် မပြောတော့ပါဘူး.. ဒါပေမဲ့ ကြုံကြိုက်တုံး တခုလောက် ဥပမာပြချင်ပါတယ်.. ဘလောဂ်ဂါ တချို့ အပါအ၀င် တော်တော်များများဟာ ဘုရားဟောတဲ့ ကာလာမသုတ်ကို နားလည်မှု လွဲနေတာ ၀မ်းနည်းစွာ တွေ့ နေရပါတယ်.. ကာလာမသုတ် မှာ ဘုရားဟောတဲ့ ရှေးအစဉ်အဆက်က လက်ခံခဲ့လို၊ မိဘက ဆရာသမားက ယုံကြည်လောက်တဲ့ သူက ပြောလို့  နောက်ဆုံး ငါဘုရားက ဟောလို့ ဆိုပြီးတော့တောင် မျက်စိမှိတ် မယုံကြည်လိုက်နဲ့  ကိုယ်တိုင်ကျင်ကြံပြီး ကိုယ်တိုင်ကိုယ်ကျ သိမြင်ပြီးမှ မှန်တယ်ဆိုမှ လက်ခံဖို့ ဟောခဲ့တာဟာ.. ဘာသာခြား မိစ္ဆာဒိဋ္ဌိတွေ ဗုဒ္ဓဘာသာကို သက်ဝင်မယုံကြည်သူတွေ ကို အစမ်းသပ်ခံနိုင်တယ်ဆိုပြီး စိန်ခေါ်တာပါ..
ဗုဒ္ဓဘာသာတွေကို ဝေဖန်ဆန်းစစ်ခွင့်မပေးပါဘူး၊ သဒ္ဓါရှိသည်အလျှောက် ဒါနနဲ့ တန်သူကို ဒါန သီလနဲ့  သင့်တော်သူကို သီလ၊ ဥာဏ်ကြီးသူ၊ပါရမီဓါတ်ခံရှိသူတွေကို ၀ိပဿနာ ဘာဝတရား အစရှိသည့်ဖြင့် ကျင်ကြံပွားများဖို့ ပဲဟောပါတယ်။
အကယ်၍ဗုဒ္ဓဘာသာဝင်တွေကိုသာ ဝေဖန်ဆန်းစစ်ခွင့် ပေးပြီး အမှားလိုက်ရှာ ခွင့် ပေးထားပါက ဒီတရားများတွေကို ဘယ်အချိန်သွားကျင့်ပါမလဲ၊။
တရားတော်အပေါ် သံသယရှိတာဟာ သဒ္ဓါ(ယုံကြည်သက်ဝင်မှု) ရဲ့  ဆန့် ကျင်ဘက် ၀ိစ္ဆကိစ္စ ၊ (ရတနာသုံးပါးအပေါ်မှာ ယုံမှားခြင်း) လို့ ခေါ်ပါတယ်။ အဲဒါဟာ ကြောက်စရာအကောင်းဆုံး အကုသိုလ်တရားပါ။ ဗုဒ္ဓဘာသာဝင်တွေ ယုံမှားခြင်း၊ အမှားရှာ ဆန်းစစ်ခြင်းကင်းပြီး၊ သာသနာတွင်းတရား အစစ်အမှန်များ လိုက်စားနိုင်ကြပါစေ။

နောက်တစ်ချက် က ဘုရားက ရုပ်သာသေသွားတယ် ၊ နာမ်ကဘယ်တော့ မှ မသေဖူးလို. ကောက်ချက်ချပါတယ်(ကိုကိုစန်း)
အဲဒါကို မနက်ထဲက ပြင်ပေးဘို့ စိတ်ကူးမိပါသေးတယ်။
ဒါပေမဲ့  ဒါကိုပြောလဲ ကိုကိုစန်းလောလောဆယ်နားလည်နိုင်တဲ့  အခြေအနေမရှိသေးလို့  နေပစေဆိုပြီးထားခဲ့တာပါ ။
မတော် ၀င်ဖတ်တဲ့ သူထဲ ဘာသာရေးအခြေခံနဲသူပါနေရင်တော့ ဒီအယူဟာ နိဗာနနဲ့  ပါတ်သက်သော သဿတအယူသာဖြစ်ပြီး တကယ်အားထုတ်တဲ့ ယောဂီဆိုရင် အနုလောမဥာဏ်ကိုတားနိုင်တဲ့  ဒိဋ္ဌိမို့  အားထုတ်မှုကောင်းတဲ့ ယောဂီမှာအလွန်နစ်နာစေတဲ့  ဒိဋ္ဌိလို့ ဘဲ သာမန်အသိပေးလိုပါတယ်။
(အကျယ်သိလိုပါက မိုးကုတ်ဆရာတော်ဟောတော်မူသော အဂိဝစ္စသုတန်၊ လယ်တီဆရာတော်ဘုရားရဲ့  နိဗာနဒီပနီ တို့ ကိုကျေလည်အောင်ဖတ်စေချင်ပါတယ် ။ ကျွန်တော်တော့အကျယ်ရှင်းနိုင်လောက်အောင်မစွမ်းပါ )

ဟုတ်ပါတယ် ကိုနိုင်လင်းရေ.

အဲဒီ ကာလာမသုတ်ကိုပဲ ကိုးကားပြိးဗုဒ္ဓဘာသာတွေ ဆင်ခြေအမျိုးမျိုးပေးနေကြတာပါ။ ယုတ်စွ အဆုံး အချို့ ဘုန်းကြီး ရဟန်းတွေတောင် အဲဒီလို အမှတ်မှားနေကြပါတယ်။

အခုလည်း မငယ်နိုင်တို့ ကိုကိုစန်းတို့ (ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း၊ ဝေဖန်နိုင်စွမ်း အသိဥာဏ်မရှိပဲနဲ့ ) သံသယ ဝိစိကိစ္ဆာတွေနဲ့ မယုံမကြည်ဖြစ်နေကြပါတယ်။

ရတနာသုံးပါးအပေါ် မယုံမကြည် သံသယဝင်နေတယ်ဆိုရင်၊ မြတ်ဗုဒ္ဓနဲ့ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ တရားအပေါ် အပြည့်အဝ မယုံနိုင်ဘူးဆိုရင် အောက်တန်းစား ဗုဒ္ဓဝင်လို့တောင် သတ်မှတ်လို့ မရတော့ပါဘူး။ ဘာသာခြား လူမျိုးခြားတွေထက်တောင် ယုတ်ညံ့တဲ့ အဆင့်ရောက်သွားပါပြီ။

ပြောလိုက်ရင်တော့ လွတ်လပ်စွာ တွေးခေါ်ပါ၊ ရှေးရိုးလမ်းစဉ် မလိုက်ကြပါနဲ့တဲ့၊ ပြောနေ ရေးနေတာတွေက ကြာလေ ကြာလေ အဆင့်အတန်းနိမ့်လေ ဖြစ်နေပါပြီ။

ကိုနိုင်လင်းရေ....အမငယ်နိုင် ဒီပို့စ် ကိုတင်ကတည်းက
ကျွန်တော် ကွန်မန့်ဝင်ရေးဖို့ စိတ်ကူးပါသေးတယ်။
ဒါပေမယ့် ကျွန်တော်သိထားလေးတွေက မဖြစ်စလောက်
လေးတွေမို့ဝင် မရေးဖြစ်ပါ။
အခုလည်း ကျွန်တော် ကိုနိုင်လင်းကို မရှင်းတာကိုမေးမြန်း
တဲ့သဘောပါ။အစ်ကိုရေးထားတဲ့ အပေါ်က ကွန်မန့်မှာ
"ဗုဒ္ဓဘာသာတွေကို ဝေဖန်ဆန်းစစ်ခွင့်မပေးပါဘူး၊ သဒ္ဓါရှိသည်အလျှောက် ဒါနနဲ့ တန်သူကို ဒါန သီလနဲ့  သင့်တော်သူကို သီလ၊ ဥာဏ်ကြီးသူ၊ပါရမီဓါတ်ခံရှိသူတွေကို ၀ိပဿနာ ဘာဝတရား အစရှိသည့်ဖြင့် ကျင်ကြံပွားများဖို့ ပဲဟောပါတယ် " လို့ဆိုထားပါတယ်။ကျွန်တော်သိသ
လောက် ဗုဒ္ဓဘာသာ ဟာ အင်မတန်မှ လွတ်လပ်၊ပွင့်
လင်းမှုရှိတဲ့ ဘာသာတခုပါ။ဝေဖန်ဆန်းစစ်မှုကိုလည်း
ဘာသာဝင်၊ဘာသာခြားမဆို ခွင့်ပြုထားတာပါ။
ဗုဒ္ဓဘာသာဝင်ဖြစ်တာနဲ့ မိမိဘာသာကို မဝေဖန်မဆန်း
စစ်ရတော့ဘူးလားခင်ဗျ။ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ
ပညာနှင့်သဒ္ဓါ နှစ်ဘက်ညီရမယ်လို့ဆိုထားတာ မှတ်သားမိပါတယ်။ ပညာဆိုတာကိုက အကြောင်းအကျိုး၊အကောင်းအဆိုးကိုဝေဖန်ပိုင်းခြား
တာမဟုတ်ဘူးလားခင်ဗျာ။မိမိလိုက်မမှီတဲ့ကိစ္စတွေမှာ
(ဥပမာ နတ်ပြည်၊ငရဲပြည်လို၊လူ၊ကမ္ဘာတို့ရဲ့အစက
ဘယ်လိုဆိုတဲ့ အကြောင်းအရာမျိုးတွေမှာ)သဒ္ဓါတရား
ရဲ့ဦးဆောင်မှုနှင့် ယုံကြည်မှုတရားထားရမှာဖြစ်သလို၊
တရားဓမ္မ အားထုတ်တဲ့ နေရာမှာ ပညာ(အကောင်း
အဆိုးကိုဝေဖန်ပိုင်းခြားတာ)ဦးဆောင်မှုလည်းလိုအပ်
ပါတယ်။နောက်တခုက ဒါနနှင့်တန်သူကဒါန၊သီလနဲ့
သင့်တော်သူကိုသီလ၊ဉာဏ်ကြီးသူ၊ပါရမီဓာတ်ခံ ရှိသူ
တွေကို ဝိပဿနာ၊ဘာဝနာတရား ကျင့်ကြံ၊ပွားများဖို့
ဟောကြားတော်မူတယ် လို့အစ်ကိုကဆိုထားလေတော့
ဘယ်လိုပုဂ္ဂိုလ်မျိုးကဒါနနှင့်သင့်တော်သူ၊သီလနှင့်
သင့်တော်သူ၊ဘယ်လိုပုဂ္ဂိုလ်က ပါရမီရှိသူဆိုတာ(မိမိ
ကိုယ်ကို)ဘယ်ကဲ့သို့ခွဲခြားသိနိုင်ပါသလဲခင်ဗျာ။
မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူတဲ့
တရားတော်တွေထဲမှာ ဒွိဟိတ်တွေ၊တိဟိတ်တွေ ခွဲခြား
မနေပဲ မိမိရနိုင်သလောက်တရားအားထုတ်ဖို့၊အနည်း
ဆုံး ဒီဘဝမှာတရားထူးမရခဲ့ရင်တောင် ပါရမီထိုက်တယ်
လို့ ဟောတော်မူထားတာ နာကြားဖူးပါတယ်။
ဘုရားရှင်ကိုယ်တော်တိုင် အမှန်တကယ်လိုက်နာ၊ကျင့်
ကြံသူတို့အတွက် ခုနှစ်ရက်၊ခုနှစ်လ၊ခုနှစ်နှစ် အတွင်း
တရားထူးရနိုင်ကြောင်း ဟောကြားတော်မူတာကိုလည်း
မှတ်သားမိပါတယ်။ဆရာတော်တွေဟောကြားတော်မူတဲ့
တရားတော်တွေမှာလည်း ဒါန၊သီလ လောက်၊ကံ၊ကံ၏
အကျိုးကိုယုံကြည်သူလောက် နှင့်ရပ်တန့်မနေပဲ ဒီဘဝ
ဒီခန္ဓာ ဒုက္ခသိမ်းအောင် ဝိပဿနာ ပွားများဖို့ဟောကြား
တော်မူထားတာတွေရှိလေတော့၊အစ်ကိုပြောတဲ့
" သဒ္ဓါရှိသည်အလျှောက် ဒါနနဲ့ တန်သူကို ဒါန သီလနဲ့  သင့်တော်သူကို သီလ၊ ဥာဏ်ကြီးသူ၊ပါရမီဓါတ်ခံရှိသူတွေကို ၀ိပဿနာ ဘာဝတရား အစရှိသည့်ဖြင့် ကျင်ကြံပွားများဖို့ ပဲဟောပါတယ်။ " ဆိုတာနဲ့ ကွဲနေသလားလို့ပါ။
အစ်ကိုဆိုလိုတာကို ကျွန်တော်နားလည်မှုလွဲတာလည်း
ဖြစ်နိုင်ပါတယ်။

(((((ဘာသာခြား လူမျိုးခြားတွေထက်တောင် ယုတ်ညံ့တဲ့ အဆင့်ရောက်သွားပါပြီ။)))))

စာကျန်သွားလို့ပါ။ ဗုဒ္ဓဘာသာကို စော်ကားနေတဲ့ ဘာသာခြား လူမျိုးခြားတွေကို ဆိုလိုတာပါ။ လူတိုင်းကို ပြောတာ မဟုတ်ပါ။

tint ခင်ဗျား

ကျွန်တော်ဖတ်တဲ့ စာအုပ်ထဲက စာသားတွေက ကျွန်တော်တို.ရဲ့ အစဉ်အလာ ဗုဒ္ဓဘာသာတွေနဲ. (ထေရ၀ါဒချင်းအတူတူ) ကွဲလွဲနေတာကို ကျွန်တော်ပြောပြနေတာပါ ခင်ဗျား သေသေချာချာ ဖတ်ကြည့်ပါ ၊ ကျွန်တော်ဖတ်တဲ့ စာအုပ်တွေလည်း မှားနိုင်ကြောင်း ကျွန်တော်ပြောထားပါတယ် ၊ ကျွန်တော်စွတ်မငြင်းပါဘူး ၊ ဘယ်ဟာမှ ၁၀၀% မှန်ဖို. မရှိနိုင်ဖူးဆိုတာ ထောက်ပြနေတာပါ

တကယ်တော့ ဗုဒ္ဓ ရဲ့ မိဘနှစ်ပါး ဟာ strong Hinduism တွေပါ ဒါကြောင့် ဗုဒ္ဓ ရဲ့ သစ္စာလေးပါးတရား တွေ.ရှိချက် ဟာ Hinduism ကို (မိဘတွေရဲ့ ဘာသာကို) ဆန်.ကျင်သလို ဖြစ်သွားတယ် ၊ အဲဒီဘာသာကလည်း ရှေးအကျဆုံး ဘာသာရပ်ဖြစ်ပြီး အလွန်တောင်းတင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ် ဗုဒ္ဓဘာသာ အိန္ဒိယ မှ ပြန်.နှံသွားခဲ့ပြီး ဗုဒ္ဓ ပျံလွန်တော်မူပြီး တဖြေးဖြေးနဲ. အာရှ ကို ပြန်နှံသွားတာပါ ၊ နောက်ပိုင်းမှာ ဘာသာရေး အကြာင်းပြောရရင် အရှည်ကြီးပါ ဘာသာတိုင်းဟာ ကောင်းတာကို ညွှန်ပြပါတယ် ကျွန်တော်က ဘယ်ဘာသာက ကောင်းတယ် ဘယ်ဘာသာ မကောင်းဖူးဆိုတာ မဝေဖန်ပါဘူး ကိုယ်ကောင်းတယ်ထင်တဲ့ ဘာသာကို ကိုယ်ကိုးကွယ်တာ အကောင်းဆုံးပါပဲ ခုချိန်မှာ အဲဒီဘာသာပဲ အိန္ဒိယ မှာ ဗုဒ္ဓဘာသာထက်ပိုပြီး ထွန်းကားပါတယ် ဘာသာနှစ်ခုဟာ တူသယောင်ဖြစ်ပေမဲ့ လုံးဝမတူပါဘူး ၊ အကြမ်းဖျဉ်းအားဖြင့် ပြောရမယ်ဆိုရင် Hinduism က ရုပ်က သေသွားတယ် ၊ စိတ်ဆိုတဲ့ နမ်ကလေးက တော့ ဘယ်တော့မှ မသေဖူး ၊ ဗုဒ္ဓဘာသာက လူသေရင် စိတ်ရော နမ်ရော ဘ၀အသစ်မှာ အသစ်ဖြစ်သွားတယ် ၊ နိဗ္ဗါန်ဆိုတာ ရုပ်ရော ၊ နမ်ရော ချုပ်ငြိမ်းရာဖြစ်တယ် ၊ နိဗ္ဗါန် ဆိုတာလည်း လောကဝေါဟာရ တွေက လွန်မြောက်နေတယ် ၊ မျက်မှောက်ပြုတဲ့ သိတဲ့ သူမှသာ သိနိုင်ပါတယ် ၊ ကျွန်တော်လည်း ဗုဒ္ဓဘာသာ အယူဝါဒ ကိုဘဲ မတုန်မလှုပ် ခိုင်မြဲစွာ ယုံကြည်ပါတယ် အဲဒါဆို အပေါ်က tint ကျွန်တော့်ကို စွတ်စွဲတာ သဘောပေါက်လောက်ပြီ ထင်ပါတယ် ကျွန်တော်ရေးခဲ့တာတွေကို ပြန်ပြီးသေသေချာချာဖတ်ပါဦး ကျွန်တော်ယုံကြည်တယ်လို.လည်း မပြောခဲ့ပါ ကျွန်တော်ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အကြောင်းအရာတွေကို ပြန်ပြောနေတာပါ သူတို.စာအုပ်တွေက လည်း စွတ်ပြီး ရေးလို.မရပါဘူး ၊ ဘာသာရေးနှင့် ပတ်သက်ရင် သူတို.မှလည်း စာပေစိစစ်ရေးရှိပါတယ် ၊ worldwide ဖြန်.တဲ့စာတွေမှာ ရေးချင်တိုင်း လျောက်ရေးလို.မရပါဘူး ၊

မကလျာ ရေ

မဟာယန ကလည်းမှားတယ်လို. မဟုတ်ပါဘူး ဗုဒ္ဓ က တရားပေးတဲ့ အခါ မှာ အဲဒီ့လူနဲ. ကိုက်ညီတဲ့ တရားပေးရပါတယ် ၊ တစ်ချို. ပုဂ္ဂိုလ်များကို ပစ္စုပ္ပန် ကိုပဲ ရူခိုင်းပါတယ် ၊ အဲဒီ့မှာ ဇင် ဆိုတဲ့ ပစ္စုပ္ပန် ကို ရူတဲ့ (အထူးသဖြင့် ကိုရီးယား နဲ. ဂျပန် မှာ ) ကျင့်သုံးကြပါတယ် သူတို.ရဲ့ ဇင် ကလည်း enlighten ရနိုင်ပါတယ် သူတို.မှာလည်း သူတို.ရဲ့ ၀ိနည်းတွေရှိပါတယ် ကျွန်တော်က တစ်ခြား ဘာသာတွေ ကိုတောင် လေးစားပြီး မပုတ်ခတ်တော့ မဟာယန ဆိုတာလည်း ဗုဒ္ဓဘာသာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေလို. ကျွန်တော်လေးစားပါတယ်

ခင်ဗျား တို. က အဘိဓမ္မ ၊ ကျမ်းဂန်တွေနဲ. ပေါက်ပြီး ပြောနေလို. ဗုဒ္ဓ ပရိနိဗ္ဗါန်စံပြီး နှစ်ပေါင်း ၂၅၀၀ အကျော်မှာ ကျမ်းဂန် ရဲ့ တစ်ချို.နေရာတွေမှာ မှားနိုင်တယ်ဆိုတာ ထောက်ပြတာပါ

တကယ်တော့ ဒီလို ကျွန်တော်တို. ငြင်းခုံနေကြတာ တစ်ခြားဘာသာဝင်တယ် သိရင် ရယ်စရာဖြစ်နေပါ့မယ် ကျွန်တော့် မှာလည်း အချက်အလက်အများကြီး ရှိပါတယ် ၊ ပိုပြီးရေးရင် ပိုပြီးဆိုးလာမှာစိုးလို. ကျွန်တော် ငြင်းခုံခြင်း ကို ဒီမှာ အဆုံးသတ်လိုက်ပါတယ် ကျွန်တော် က မထမတော့ မိရိုးဖလာ ဗုဒ္ဓဘာသာပါ မိဘ ခိုင်းတာ လုပ်တဲ့ အဆင့်ပါပဲ ၊အမှန်ပြောရရင် ကျွန်တော် (၃) နှစ်လောက် ဘာသာမရှိပဲ ဖြစ်ခဲ့ဖူးပါတယ် ကျွန်တော် က ဒေါက်တာ မင်းတင်မွန် ရဲ့ စာအုပ်တွေက ဖတ်ပြီး ပိုပြီးသက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ ဖြစ်လာပါတယ် ၊ ဒေါက်တာ မင်းတင်မွန် ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်ဖြစ်ပါတယ် နောက်ပိုင်းမှာ မဟာစည်ဆရာတော် ၊ မိုးညင်းဆရာတော် ၊ မိုးကောင်းဆရာတော်နဲ. သဲအင်းဂူ ဆရာတော် တို. ရဲ့ ကျင့်စဉ်များကို ဖတ်ပြီး ခုတော့ ဗုဒ္ဓဘာသာ ကို မတုန်မလှုပ် ယုံကြည်ပါတယ် ၊ ဘယ်သူတွေ ဘာပဲပြောပြော ဘယ်လိုပဲ ထင်ထင် ကိုယ်လုပ်မှ ကိုယ်ရတဲ့ တရားမို. ကိုယ်ကောင်းတာလေးလုပ်နေရင် ကောင်းတဲ့ အကျိုးခံစားရမယ်လို. ထင်ပါတယ်


ကိုဇော်မျိုး ကို ကျွန်တော် အရင်မေးပါရစေ ဗုဒ္ဓကို ဘယ်လို မွေးတယ်လို.ထင်ပါသလဲ ? ကျွန်တော်စာအုပ်အမည် တွေ.ရင်ပြန်ပြောပြပါ့မယ် ကျွန်တော့်ထပ်ပြီး
ပြောပါရစေ ၊ တစ်ခြား စာအုပ်တွေက ရေးတာတွေကို ကျွန်တော်ပြန်ပြောနေတာပါ ၊ ရှေ.မှာလည်း ကျွန်တော်ရေးခဲ့ပါတယ် ၊ မှန်ချင် မှန်မယ် မှားချင်မှားမယ်လို.


ကျန်းမာ ရွှင်လန်းကြပါစေ

စာလာဖတ်ပြီး အခု အငြင်းအခုန် ဖြစ်နေတဲ့ အကြောင်းအရာမှာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေးထားခဲ့တဲ့ Xanthos, Thu, Little Brooke, Myo Win Zaw, (.)၊ ကိုကိုစန်း၊ မမေအိခင် (လယ်ဝေး)၊ ကိုပေါ၊ Thisika တို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပို့စ်တခုလုံးနဲ့ မှတ်ချက်တွေကို ဖတ်ပြီးသည့်တိုင် လူဟာ မျောက်ကဖြစ်မဖြစ်ဆိုတာ မေးထားသူတွေအတွက် ပို့စ်ထဲမှာရော ကျွန်မရဲ့ မှတ်ချက်တခုဖြစ်တဲ့ (July 1, 2010 10:46 AM) မှတ်ချက်ထဲမှာပါ အဖြေပါပြီးသားဖြစ် ဖြစ်ပါတယ်။ ပို့စ်နဲ့ အပေါ်မှာ ရှင်းထားတဲ့ မှတ်ချက်တွေကို သေသေချာချာ ပြန်ဖတ်ဖို့ ပြောတာကလွဲပြီး ကျွန်မ ရှင်းထားတာ လုံလောက်ပြီလို့ ပြောထားကတည်းက အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမဟုတ်ဘဲ ဘာကိုမှ ခေါင်းထဲ ထည့်မှာ မဟုတ်သလို ဘာကိုမှလည်း ကျွန်မ အကြောင်းပြန်ဖို့ မရှိပါဘူး။

ကျွန်မကို အထင်လွဲပြီး လာရေးတဲ့ မှတ်ချက်တွေအထဲမှာ မမေအိခင် (လယ်ဝေး) တယောက်ပဲ အပြုသဘောဆောင်တဲ့ လေသံကို တွေ့ရလို့ အဲဒီတယောက်ကိုပဲ ကျွန်မ ကျေးဇူးတင်တာ ဖြစ်တယ်။ မမေအိခင် ကျွန်မ ရှင်းပြတာကို ကုန်အောင် ဖတ်သွားပေးပါ။ ကျွန်မ ဖြည့်စွက်တေယ်ဆိုတာ မမေအိခင်တို့ထင်သလို ဘုရားဟောတာကို ဘာမှဖြည့်မစွက်ထားပါဘူး။ ဆရာတော်က ဘုရားဟောထားတာကို ပြောထားလို့ ကျွန်မက သိပ္ပံက ဒီလိုယူဆ တယ်လို့ သိပ္ပံရှုဒေါင့်ကို ၀င်ပြီး မျှဝေတာပဲ ဖြစ်တယ်။ အခုဖြစ်လာတဲ့ အတိုင်းအတာအထိကို အနှစ်ချုပ်လိုက်ရင် ကျွန်မက ဒါဝင်ပြောတာရော ဘုရားဟောတယ်ဆိုတာကိုပါ နှစ်ခုစလုံး ဖြစ်နိုင်တယ်လို့ လက်ခံတဲ့အကြောင်း ပြောတယ်။ အဲဒါကို စောတက လာတက်ရာကနေ စာကိုလည်း သေသေချာချာ မဖတ်ကြဘဲ တခုကိုပဲ လက်ခံရမယ် ဒါဝင်ကိုလက်ခံတယ်ဆိုတာနဲ့ ဘုရားဟောကို ဆန့်ကျင်တယ်လို့ ပြောပြီး နောက်ဆုံး မိစ္ဆာာဓိဋ္ဌိတွေအထိ ပြောပြီး အစုံလာရောက် စော်ကားတယ်။ ထပ်ခါတလဲလဲ ပြန်ရှင်းပြပေမဲ့ ကျွန်မပေးတဲ့ ဥပမာတေက ခက်ခဲလွန်းတာကြောင့်ပဲလားမသိပါဘူး သဘောမပေါက်ကြဘူး။ ထပ်စော်ကြတယ်၊ စော်ကားနေကြဆဲ။ အဲဒီတော့ ကျွန်မလည်း ဘုရားဟောတဲ့အတိုင်းပဲ မိမိကိုလာစော်ကားလာသူကို မဟုတ်ရင် မဟုတ်ကြောင်း ပြန်ရှင်းပြရမယ်။ ရှင်းပြပြီးလို့မှ ဆက်ပြီး စော်ကားနေရင် လစ်လျူရှုထားလိုက်ပါ အချိန်တန်ရင် ရပ်သွားလိမ့်မယ် ဆိုတဲ့အတိုင်း နှလုံးသွင်းထားတယ်။ ဒါကို မနိုင်လို့နားသွားပြီလို့ ဆိုသူက ရှိသေးတယ်။ ဘာပဲထပ်ပြောပြော အပြုသဘောမပါဘဲ လာတဲ့ဘယ်မှတ်ချက်ကိုမှ ကျွန်မ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ပေးသူလာပေးတာကို အပေးခံရသူ မယူရင် ပေးသူဆီ ပြန်ရောက်တယ်ဆိုတဲ့ ဘုရားအဟောတိုင်းပဲ နှလုံးသွင်းထားလိုက်ပါတယ်။ ဒါအခု ဖြစ်လာတဲ့အထိ အတိုချုပ်ပါပဲ။ ကျွန်မ ဥပမာတခု ထပ်ပေးမယ်။

ဥပမာ - ဆေးရုံမှာ ကျွန်မ စောင့်ရှောက်တဲ့ လူနာတယောက်ဟာ အမေ အမေလို့ ခေါ်ပြီး သူ့အမေနဲ့ စကားပြောနေပုံကို လုပ်နေပြီး တယောက်ယောက် ခေါ်နေလိုမျိုး ပြန်ထူးနေပုံတွေ ဟုတ်ကဲ့တွေလုပ်ပြီး တယောက်တည်း စကားတွေ ပြောကာ မေးလိုက် တယောက်ယေက်က မေးလို့ ပြန်ဖြေလိုက်နဲ့ လုပ်နေတာတွေ တွေ့ရင် ဆေးပညာအရ Visual Hallucination (အမြင်ထွေပြားခြင်း) နဲ့ Auditory Hallucination (အကြားအာရုံ ထွေပြားခြင်း) လို့ သတ်မှတ်တယ် (ဘာသာပြန်တာ မသေချာဘူး Hallucination ဆိုတာ စိတ်ထွေပြားပုံမှန် မဟုတ်လို့ ဘာမှမရှိဘဲနဲ့ ရှိတယ်လို့ မြင်နေ၊ ကြားနေ၊ ထင်နေတာကို ပြောပါတယ်။ စာလုံးပေါင်းမှားလို့ ကဲ့ရဲ့သလိုမျိုး ကဲ့ရဲ့မှာစိုးလို့ ကြိုပြောထားတာ)။ Staff တွေအားလုံးကလည်း ဒါကိုတွေ့ရပြီး ခုနက ဘယ်သူနဲ့ စကားပြောနေတာလဲလို့ လူနာကို မေးတော့ သူ့အမေ နဲ့ သူစကားပြောနေကြာင်း ပြောတဲ့ အကြောင်းအရာ အပြင် အင်္ကျီအနီနဲ့ ထမိန်အပြာ ၀တ်ထားတယ် ဆိုတာကအစ ပြန်ပြောပြနိုင်ပြီး သူ့ကို တခြားမေးခွန်းတွေမေးတော့ ပုံမှန်ပဲ ဖြေနိုင်တယ်။ ရူးသွပ်နေတဲ့လက္ခဏာ လုံးဝအတွေ့ရဘူးလို့ သဘောထားပါ။ အကယ်၍ အဲဒီအချိန် မတိုင်ခင်လေးမှာ သူ့အမေက ရုတ်တရက် ကွယ်လွန်သွားပြီးတဲ့အချိန် ဖြစ်ရင် မကျွတ်မလွှတ်တဲ့ ဘ၀ကို ရောက်သွားလို့ သားကိုစွဲလန်းစိတ်နဲ့ ဆေးရုံရောက်လာပြီး ကိုယ်ထည်လာပြတာလည်း ဖြစ်တယ်လို့ ကျွန်မက ယုံကြည်လိမ့်မယ်။ ဆွေမျိုးတွေကလည်း သရဲတစ္ဆေယုံတဲ့ ဗုဒ္ဓဘာသာထဲကလို့ သဘောထားလိုက်ပါ။

ဆက်ရန်

ဒီတော့ သူတို့လည်း ဒီလိုပဲ ယုံကြည်ကြမှာ သေချာတယ်။ ဒါပေမဲ့ ဆေးရုံမှာ ကျွန်မကလွဲလို့ တခြား Staff တွေကတော့ သူ့အမေ ကိုယ်ထည်လာပြတယ်ဆိုတာကို ဘယ်သူမှ လက်ခံကြမှာမဟုတ်ဘဲ လူနာဟာ (အကြားရော အမြင်ရော ထွေပြားတယ်) ဖြစ်တယ် လို့ပဲ ပြောကြမှာ ဖြစ်တယ်။ ဒါပေမဲ့ ၃၁ ဘုံကို ယုံကြည်တဲ့ ကျွန်မက နှစ်ခုစလုံး ဖြစ်နိုင်တယ်လို့ ယုံပြီး ယုံတဲ့အတိုင်းလည်း ဆေးရုံက Staff တွေနဲ့ လူနာ မိသားစုတွေကို ပြောပြတယ်ဆိုပါစို့။ အဲဒီတော့ လူနာမိသားစုတွေက သူ့အမေ တကယ်ကိုယ်ထည်ပြလို့ မြင်ရပြီး စကားပြောရတာကို အကြားအမြင်ထွေပြားတယ်လို့ လက်ခံရကောင်းလားဆိုပြီး ကျွန်မကို မှားတယ်လို့ ပြောလို့ရနိုင်မလား။ ဆေးရုံက Staff တွေကကော လူနာတကယ် မြင်ရ၊ ကြားရတာ ဖြစ်နိုင်တယ်လို့ ကျွန်မက ယုံနေတာကို သူတို့ မယုံတိုင်း ကျွန်မကို ငယ်နိုင်တယောက်တော့ ရူးသွားပြီလို့ ပြောလို့ရနိုင်မလား။ ကျွန်မရဲ့  လူနာဖြစ်လို့ ဒါကို ဆေးရုံမှာ Patient Report ရေးရင် လူနာကို သူ့အမေ လာကိုယ်ထည်ပြလို့ သရဲအခြောက်ခံရတယ်လို့ ရေးလို့ မရဘူး
Auditory and visual hallucination , ဖြစ်တယ်ပဲ ရေးရမှာ ဖြစ်တယ်။

ဒီဘက်ကကြည့်ရင် သူ့အမေ လာခြောက်တာကို ခံရတာ ကျွန်မတို့ရဲ့ တစ္ဆသရဲကို ယုံကြည်မှု ဖြစ်လို့ ဒါလည်း ဖြစ်နိုင်တယ်။ ဆေးပညာအရ လူအများကြီးမှာ ဘယ်သူမှ မတွေ့ဘဲ သူတယောက်တည်း တွေ့တဲ့အတွက် Hallucination ဆိုတာလည်းဟုတ်တယ်။ ဒီအယူအဆ နှစ်ခုဟာ သီးခြားစီ ဖြစ်တယ်။ ကျွန်မနှစ်ခုစလုံးကို ဖြစ်နိုင်တယ်လို့ ယုံတယ်။ ဒီလိုပဲ ဗြဟ္မာက ဆင်းသက်တာနဲ့ Natural Selection ကိုလည်း နှစ်ခုစလုံး ဖြစ်နိုင်တယ်လို့ ယုံတယ်။ ဒါဝင်သီအိုရီက သဘာဝအလျှောက်ဖြစ်လာတဲ့ ဇီဝသိပ္ပံကိုပဲ ပြောထားလို့ ဘာသာရေးနဲ့ ဘာမှမဆိုင်ဘူး။ ဘုရားက လောကုတ္တရာနဲ့ ဆိုင်တာကို ပြောထားလို့ ဘာသာရေးနဲ့ ဆိုင်တယ်။ ဒီပို့စ်မှာ ကျွန်မမျှဝေထားတာ ဇီဝသပ္ပံနဲ့ ဆိုင်တာကိုပဲ ပြောထားတယ် ဘုရားဟောတာနဲ့ ပတ်သက်ပြီး ဘာမှမပြောထားဘူး။ ပြီးတော့ ကျွန်မ နှစ်ခုစလုံးကို လက်ခံတယ်။ တခုကဘာသာရေး တခုက ဇီဝသိပ္ပံ သီးခြားစီ ဖြစ်လို့ ဆန့်ကျင်ခြင်း မဆန့်ကျင်ခြင်း ဆိုတာမရှိဘူး။ ဒီနှစ်ခုကို ရောမြင်နေလို့ ဘုရားဟောတာကို ဆန့်ကျင်နေတယ် ထင်ကြရင်လည်း Natural Selection ကို မှားတယ်ထင်ပြီး လက်မခံဘဲ နေလို့ရသားပဲ လက်ခံတဲ့သူကို ဘာမှစွပ်စွဲနေဖို့ လိုမယ်မထင်ဘူး။
သရဲတစ္ဆက Genetic ထက်လည်း နားလည်ဖို့လွယ်တယ်။ သက်ရှိတွေကို ဖွဲ့စည်းထားတဲ့ ကာဗွန်၊ အောက်စီဂျင် ဟိုက်ဒရိုဂျင်တို့ပါတဲ့ Organic Compound တွေထက်လည်း နားလည်ရလွယ်လို့ ဒီတခါတော့ သဘောပေါက်ကြမယ်ထင်တယ်။ ဒါကိုပဲ သဘောမပေါက်ဘဲ ငယ်နိုင်အယူမှားပြီး သာသနာ ဖျက်နေတယ် ထပ်ပြောရင်တော့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ် စွပ်စွဲနေတဲ့သူတွေကိုယ်တိုင်ပဲ မိမိတို့ကိုယ်ကို မိမိတို့ ဗုဒ္ဓဘာသာဝင်နဲ့ တူအောင် ပြုမူ ကျင့်ကြံ အားထုတ်ကြပါလို့ပဲ နောက်စားစကားနဲ့ Communication breakdown လုပ်လိုက်တော့မယ်။

ကျွန်မမှားနေတယ်ထင်လို့ သသနာ့အကျိုးအတွက် တကယ်လိုအပ်လို့ အယူမှားနေတယ် ထင်သူတယောက်လို့ တကယ်ယူဆလို့ ပြောတယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်တွေ နှလုံးသွင်း၊ ပြုမူပြောဆိုသင့်တဲ့ အမူအကျင့်အတိုင်း အကျိုးသင့်အကြောင်းသင့် မေတ္တာ၊ စေတနာ အပြည့်အ၀ ပါပြီး တကယ်ကို ပြုပြင်စေချင်တဲ့ စေတနာ အရင်းခံစိတ်နဲ့ ပြောတာ ဖြစ်ရပါလိမ့်မယ်။ မဆိုင်တာတွေနဲ့ စွပ်စွဲဖို့ မလိုအပ်ဘူး။ ပုဆိန်ပေါက်၊ ပေါက်တူးပေါက် လာလုပ်ကြတာ ဘယ်သူ့အတွက်မှ ဘာမှ အကျိုးမရှိတဲ့အပြင် သာသနာ့အကျိုးဘာမှ ဖြစ်လာမှာမဟုတ်ဘဲ ဘာသာခြားတွေ ဖတ်မိရင် ဒီလောက်ပဲ အစွန်းရောက်ပြီး ကိုယ်မှန်တယ်ပဲ ထင်နေတဲ့ ဘာသာရေး အစွန်းရောက်သမားတွေလို့ ထင်သွားနိုင်လို့ တကယ်ကို ရှက်စရာ ကောင်းလှတယ်။ ကျွန်မလည်း ဘလောဂ်အစုံ ရောက်ပြီး တခြားဘာသာရေး ဘလော့ဂ်တွေမှာ ကျွန်မသိထားတာနဲ့ လွဲချော်တယ်၊ တရားနဲ့ မကိုက်ညီဘူးထင်ရင် ဒီနေရာမှာ ဒါမျိုးသိထာတယ် ဗုဒ္ဓဘာသာမှာ ဒီသဘောတရားတွေ မတွေ့ရဘူးဆိုတာ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးခဲ့တာ ရှိဖူးပါတယ်။ ဒါပေမဲ့ ဒီလို ပုဆိန်ပေါက် ပေါက်တူးပေါက်တော့ ဘယ်သူ့ကိုမှ သွားမလုပ်ဖူးဘူး။
ဆက်ရန်

နောက်ဆုံးပြောရရင် ကျွန်မဟာ ဒါဝင်ပြောတဲ့အတိုင်း Natural Selection အရ ဆက်ကဲပြောင်းလဲပြီး ဖြစ်လာတဲ့လူပဲဖြစ်ဖြစ် ဘုရားဟောထားတယ်ဆိုတဲ့အတိုင်း ဗြဟ္မာက ဆင်းသက်လာတဲ့လူပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီနှစ်မျိုးစပ်ပြီး ဖြစ်လာတဲ့လူပဲဖြစ်ဖြစ် အကြောင်းမဟုတ်ဘူး ဘယ်ကပဲ ဖြစ်လာဖြစ်လာ ကျွန်မ လုံးဝဂရုမစိုက်ဘူး။ အဓိကက အခုလူဖြစ်နေတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင်တယောက်အနေနှင့် ဘုရားဟောတဲ့အတိုင်း လောဘ၊ ဒေါသ၊ မောဟကို အတတ်နိုင်ဆုံး ကင်းအောင်ကြိုးစားပြီး လူလူချင်းဆက်ဆံရာမှာ မေတ္တာ၊ ကရုဏာ၊ ဥပက္ခာ၊ မုဒိတာဆိုတဲ့ ဗြဟ္မာဇိုရ်တရား လေးပါးကို အတတ်နိုင်ဆုံး လက်ကိုင်ထားပြီး ပြုမူ၊ ကျင့်ကြံအားထုတ် နေဖို့ပဲ အရေးကြီးပါတယ်။ အခုတော့ လူတွေဟာ ဗြဟ္မကဆင်းသက်လာတယ်လို့ပဲ ယုံကြည်တယ်ဆိုတဲ့သူတွေမှာ အဘိဓမ္မာတွေလည်း တတ်ထားကြတယ်ဆိုပြီး သတ်ပုံလေးမှားတာကို ပုံကြီးချဲ့ရတာနဲ့ ထေ့လုံးတွေ ငေါ့လုံးတွေနဲ့ ကိုယ်မှန်တယ်ထင်တဲ့အရာပဲအမှန်ထင်၊ သူများမှန်တယ်ထင်တာ အကုန်မှားလိုက်လုပ် လာပြီး ၀န်ခံခိုင်း၊ ကိုယ်နဲ့မတူ ရန်သူလို့ သဘောထားပြီး စွပ်စွဲချင်သလို စွပ်စွဲပြီး လူလူချင်းဆက်ဆံရာမှာ နည်းနည်းလေးမှ သီးခံစိတ် မရှိ ဒီလောက် ခက်ထန်နေတဲ့သူတွေမှာ ဗြဟ္မာဇိုရ်တရားနဲ့ တူတာဆိုလို့ ဘုရားဟောကို လက်တွေ့ကျင့်သုံးနေတဲ့ အရိပ်အယောင်ဆိုလို့ တစိုးတစိလေးမှ ကျွန်မရှာမတွေ့တော့ မေတ္တာပါရမီ၊ ခန္တီပါရမီ ကြီးမားလှတဲ့ ဘုရားကို ယုံကြည်သူ အဘိဓမ္မာကို နားလည်သူတွေဆိုသူများကို ကြည့်ပြီး ဘယ်လိုအမျိုးအစား ဗုဒ္ဓစာပေကျမ်းဂန်တတ် ပုဂ္ဂိုလ်တွေလဲမသိဆိုတာ တွေးပြီး တကယ်ကို အံ့သြမိပါတယ်။ ကျွန်မ ငယ်နိုင်ဟာ လက်တွေ့မပါဘဲ သဘောတရားသက်သက်၊ သဘောတရားမပါဘဲ လက်တွေ့သက်သက် ဘာတခုမှ မျက်စိ အစုံမှိတ်ပြီး လက်မခံတတ်ဘူး အမြဲတမ်း ဆန်းစစ်ပြီးမှ လက်ခံတတ်တယ်။ စာအုပ်တအုပ်ကို ကောင်းတယ်ဆိုတာ မဖတ်ပဲနဲ့ သူများပြောတိုင်း မယုံသလို ဘာသာရေးနဲ့ ဆိုင်တဲ့အကြောင်းအရာတွေလည်း ဒီလိုပဲ။ ကျွန်မရဲ့ ခံယူချက်ကို ဘယ်သူမှ လာပြီး judgment လုပ်လို့မရဘူး။ မှားနေတယ်ထင်လို့ အပြုသဘောနဲ့ လာထောက်ပြရင် အဘိဓမ္မာကျမ်းဂန်တတ်မှ မဟုတ်ဘူး မူလတန်းအရွယ် ကလေးတယောက် ထောက်ပြတာတောင် လက်ခံပါတယ်။ ငယ်နိုင်ကို သာသနာဖျက်မဆိုပြီး လာစော်ကားကြတာ မှတ်ချက် ၁၀၀ ကျော်တဲ့အထိ ကျွန်မ ခွင့်ပေးထားပြီးပြီဆိုတော့ ဒီလောက်ဆို ကျေနပ်ရော့ပေါ့။ နောက်ထပ်ပေးတဲ့ မှတ်ချက်တွေကို အပြုသဘောပါတဲ့ အသုံးအနှုန်းမပါဘဲ ဘာမှ လာမထည့်ကြတော့နဲ့တော့ အားလုံး အပြုသဘောဆောင်ကြပါလို့ ကျွန်မ မေတ္တာရပ်ခံလိုက်ပါပြီ။
အပြုသဘောဆောင်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

မောင်လေးရေ..
ကျေးဇူးပါ.. ကျနော်စာရေးတာမပြည့်စုံပါ.. ဗုဒ္ဓဘာသာဝင်တွေကို ဝေဖန်ဆန်းစစ်မှုခွင့်မပေးဘူးဆိုတာ.. အတိုင်းအတာ တခုအထိ ရှိပါတယ်.. ဒါန၊ သီလ၊ ဘာဝနာ တရားတွေ ကျင့်သုံးနေချိန်မှာ သဒ္ဓါ နဲ့  ပညာနည်းညှိပြီး ဝေဖန်ဆန်းစစ်ခွင့်ရှိပါတယ်.. ဘာမှမလုပ်ပဲ အလကားထိုင်ပြီး ရတနာသုံးပါးကို အမှားရှာသလိုမျိုး ဝေ ဖန်ဆန်းစစ်မှုမျိုးကို ခွင့်မပြုတာပါ။ သဒ္ဓါ လွန်ပြီး ပညာနည်းရင် တလွဲယုံတတ်ပါတယ်.. (တွေ့ သမျှ အကုန်ကြည်ညို အကုန်ကိုးကွယ်ကနေ တလွဲဘေးရောက်သွားတတ်ပါတယ်) ပညာလွန်ပြီး သဒ္ဓါနည်းရင် ကောက်ကျစ် တတ်ပါတယ်.. (ဒီနေရာမှာ ပညာဆိုတာ လောကီဝေဖန် ဆန်းစစ်တဲ့ ပညာကို ပြောတာပါ.. လောကုတ္တရာ ပညာကို ပြောတာမဟုတ်ပါဘူး..လောကုတ္တရာ ပညာ ကတော့ လွန်တယ်မရှိပါဘူး)။ (ဥပမာ..စေတနာက သာအဓိက ၊ စေတနာက ကံလိုပြောတယ်..လှူချင်စိတ်ရှိပြီးတာပဲ.. လှူစရာမလိုဘူးဆိုတာမျိုး )

((ဒါနနှင့်တန်သူကဒါန၊သီလနဲ့
သင့်တော်သူကိုသီလ၊ဉာဏ်ကြီးသူ၊ပါရမီဓာတ်ခံ ရှိသူ
တွေကို ဝိပဿနာ၊ဘာဝနာတရား ကျင့်ကြံ၊ပွားများဖို့
ဟောကြားတော်မူတယ် ဆိုတာ ))
ဘယ်သူတွေက ဘယ်တရားနဲ့ သင့်တော်တယ် သတ္တ၀ါ တွေရဲ့ ပါရမီ အနုအရင့်စတာတွေကို ဘုရားပဲအတိအကျ သိနိုင်ပါတယ်။
ဒါကြောင့်လည်း ၃၁ ဘုံမှာ ကျင်လည်နေသရွေ့  ဒုက္ခသစ္စာ ချည်းပဲ ဆိုပေမယ့် ဥာဏ်နိမ့်သူ၊ ပါရမီမရင့်တွေဟာ ဒါနလောက်ပဲ ပြုနိုင်တဲ့အတွက် ဒါနပြုရင်ရမယ့် လူချမ်းသာ၊ နတ်ချမ်းသာ အကြောင်းတွေ ဟောရပါတယ်.. တကယ်သာဿနာတွင်း ၀ိပဿနာတရားတွေ ကောင်းမှန်သိပေမယ့် လူတိုင်း(အများစု) အားမထုတ်နိုင်ပါဘူး။ ဒီလူတွေကို တရားအားထုတ်ဖို့ သွားပြောနေရင် ဘာအကျိုးမှ သိပ် မရနိုင်တဲ့အတွက် လွယ်ရာက စ ဟောရပါတယ်။ မိမိကိုယ်ကိုလည်း အနည်အကျင်းတော့ ဆန်းစစ်လို့ ရနိုင်ပါတယ်။ ငါဟာ စွန့် ကြဲပေးကမ်းဖို့ ရက်ရောတဲ့သူလား၊ သီလစောင့်ဖို့ မပျင်းတဲ့သူလား၊ တရားအားထုတ်ဖို့  ကြံဖန်ရှောင်တဲ့သူလား အစရှိသဖြင့် အနည်းအကျင်းတော့ သိနိုင်ပါတယ်။ တရားအထိုက်အလျှောက် လုပ်လာခဲ့သူဟာ ကိုယ်စရိုက် ကိုယ့်စိတ်အခြေအနေ အနည်းအများ သိနိုင်ပါတယ်။
အဓိကတော့  ဒါန၊ သီလ၊ သမထ လောက်နဲ့ သာ ကျေနပ်မနေကြပဲ၊ သာသနာတွင်းမှာသာ သိခွင့် ကျင့်ခွင်ရတဲ့ ၀ိပဿနာ တရားကို ကြိုးစားအားထုတ်ဖို့ အရေးကြီးဆုံးပါ။
တစ်သိန်းတယောက် သုဂတိမရောက်တဲ့..
တရားအားထုတ်ရမှာ ကြောက်တဲ့ကြတဲ့၊ ရှောင်ကြသူတွေ အမြဲနေအိမ်ဟာ အပါယ်လေးပါးဆိုတာ မြတ်စွာဘုရား မကြာခဏဟောခဲ့ပါတယ်။ ဒါကြောင့် ဘုရားဖြစ်ပြီး ပရိနိဗ္ဗာန်ပြုသည် အထိ အကြိမ်ပေါင်း ၁၇၉၂ ကြိမ် တိုင် မမေ့ကြဖို့  မပေါ့ဆ ကြဖို့ သတိပေးတာပေါ့

Anonymous said.
I am a practising buddhist (though
I love some booz daily though :).
What I like about Buddhism is not asking me to swallow all (-----)just
because a (----- )lived before me or
born before said so. The beauty of
buddhism is it does not dictate
follower's lives such as with
whom one can bed with, when one can sleep with, using rubber or not, shaving pubic hair or facial hair, wearing jeans or a robe, whatever. I am still a proud and
practising Buddhist (I believe meditation is a good way to control stress) because of that.
(---------------------------------------------------------------------------)(၀ါကျတကြောင်း ဖျက်လိုက်ပါတယ် - Nge Naing)For that reasons,
I am a proud buddhist for the
intellectual freedom he gave me
and dont ask me to believe any
crap mindlessly.

July 4, 2010 10:27 PM

Anonymous, ဖျက်ပြီး ပြန်တင်ရတာ ဆောရီးပဲ။ ရိုင်းတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ဘူး ဆိုတာ သိပေမဲ့ အဲလို ရုပ်ဆိုးတဲ့စကားလုံးတွေ ၀ါကျတွေကို ကျွန်မဘလော့ဂ်မှာ လက်မခံပါဘူး။ ဒါကြောင့် ကျွန်မ မလိုတာဖြုတ်ပြီး ပြန်ထည့်ထားပေးပါတယ်။

mglay ရေ - အစ်မဘလော့ဂ်မှာ ဆွေးနွေးရင် မိမိနဲ့ သဘောထားမတိုက်ဆိုင်လည်း အပြုသဘောဆောင်ဖို့နဲ့ ယဉ်ကျေးဖို့ပဲလိုတယ် ဘာမှ တွန့်ဆုတ်နေစရာ မလိုဘူး အချိန်မရွေး ၀င်ဆွေးနွေးလို့ရတယ်။ လက်မခံရင် ဘာကြေင့် လက်မခံ အကျိုးနဲ့အကြောင်းနဲ့ ကြိုက်သလို ပြောလို့ရတယ်။ လူတဦးနဲ့တဦး နေရာတကာမှာ သဘောထား ထပ်တူကျဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကို မိမိနဲ့ မတူလို့ဆိုပြီး နေရင်းထိုင်ရင်း မျက်မုန်းကျိုးနေရင် အကုသိုလ် အချောင်ရနေတာပဲ အဖတ်တင်လိမ့်မယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

မှားနေတာကို မှားတဲ့အကြောင်း ယဉ်ယဉ်ကျေးကျေးနဲ့ ဆွေးနွေးနေကြတာပါ...ဒါကို ဆန့်ကျင်ဘက်ဖြစ်လို့အပြုသဘော မဆောင်ဘူးလို့ သတ်မှတ်ချင်တာလား?အပြုသဘောဆောင်တယ်ဆိုတာ ကိုယ့်အာဘော်တိုင်း လိုက်ပြီးထောက်ခံတဲ့သူတွေကိုပဲ ဆိုလိုတာလား?

(((((((...((ဒါနနှင့်တန်သူကဒါန၊သီလနဲ့
သင့်တော်သူကိုသီလ၊ဉာဏ်ကြီးသူ၊ပါရမီဓာတ်ခံ ရှိသူ
တွေကို ဝိပဿနာ၊ဘာဝနာတရား ကျင့်ကြံ၊ပွားများဖို့
ဟောကြားတော်မူတယ် ဆိုတာ ))
ဘယ်သူတွေက ဘယ်တရားနဲ့ သင့်တော်တယ် သတ္တ၀ါ တွေရဲ့ ပါရမီ အနုအရင့်စတာတွေကို ဘုရားပဲအတိအကျ သိနိုင်ပါတယ်။ ))))))))

တကယ်တမ်း တရားကို နားထောင်များသူ၊ လက်တွေ့လိုက်နာကျင့်သုံးသူဆိုရင် မိမိက ဒါနအားသန်သူလား၊ သီလအားသန်သူလား၊ ဥာဏ်ကြီးသူလား၊ သမထ ဝိရိယရှိသူလား၊ ဝိပဿနာဥာဏ်ရှိသူလား ဆိုတာ ကိုယ့်ဖာသာကိုယ် သိနိုင်ပါတယ်။ သူများကိုသာ မခန့်မှန်းနိုင်တာပါ။ (ဘုရားနှင့်တကွ အဘိဥာဉ် ရထားသူ အရိယာသူတော်စင်များသာလျှင် သူတပါးကို ခန့်မှန်းနိုင်တာပါ၊)

မိမိမှားရင်လဲ မှားကြောင်း ဝန်ခံပြီး အမှန်ကို ပြင်ပါ။ အမှားတွေကို ပြောနေတာကိုတော့ အမြင်မတော်ရင် ဝင်ပြောရမှာပါ။ အဲဒါကို ဆန့်ကျင်တယ် အပျက်သဘောဆောင်တယ်လို့ သတ်မှတ်ရင်တော့ သဘောထားမကြီးရာ ရောက်နေပါတယ်။

Anonymous (July 5, 2010 12:27 AM) ရေ - အပြုသဘောဆိုတာ အနီးစပ်ဆုံးပြောရင်တော့ စေတနာလို့ပဲ ပြောရလိမ့်မယ်။ သဘောထားတူတဲ့နေရာအတွက် အပြုသဘောဆောင်ဖို့ဆိုတကိုတော့ နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ သဘောထား မတိုက်ဆိုင်တာကို အပြုသဘောဆောင်ဖို့ဆိုတာ လူပုဂ္ဂိုလ်ကို မကျေနပ်တဲ့စိတ်နဲ့ ထိုးနက်လိုမှု စိတ်ကိုဖယ်ပြီး ဒီလူကို မိမိပြောတာ တကယ်နားလည်စေချင်တဲ့ စေတနာနဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတာကိုပဲ ဦးတည်ပြီး မိမိသဘောထားကို ပြောဖို့၊ ပြောတယ်ဆိုတဲ့နေရာမှာလည်း ကောင်းစေတနာပါဖို့ကို ဆိုလိုပါတယ်။ ကျွန်မကို ရေးထားတဲ့ မှတ်ချက်တွေထဲက မမေအိခင် (လယ်ဝေး) ရေးထားတဲ့ မှတ်ချက်ကို ပြန်ဖတ်ကြည့်လိုက်ပါ။ သူကျွန်မကို လုံးဝသဘောမတူဘူး မှားတယ်လို့ လုံးဝတွက်ထားတယ်။ ကျွန်မနဲ့ သဘောထား လုံးဝမတိုက်ဆိုင်ဘူး ဒါပေမဲ့ သူရေးတဲ့ မှတ်ချက်မှာ အကြောင်းအရာကိုပဲ ဦးတည်ထားတယ် ပုဂ္ဂိုလ်ရေး ထိုးနက်ထားတာမျိုး ဒေါသပါတဲ့ လေသံနဲ့ အနိုင်လိုတဲ့လေသံ လုံးဝမပါဘူး။ သူ့လေယူလေသိမ်းကို ကြည့်ခြင်းအားဖြင့် ကျွန်မကို သူတကယ် နားလည်စေချင်တဲ့ စေတနာပါတယ်။ ဖတ်ကြည့်ပါ။ တခြားကျွန်မရဲ့ ပို့စ်တွေက မှတ်ချက်တွေကိုလည်း လိုက်လေ့လာကြည့်ပါ။ ကျွန်မနဲ့ သဘောထား တူသူနည်းနယ် ဒါပေမဲ့ သူတို့ဆွေးနွေးတာ သိပ်ပြီး အပြုသဘောပါတယ်။

မီးမီး
အခုပြောတဲ့ လေယူလေသိမ်းက မှန်တယ်။ အဲဒီမှာ အပြုသေဘာပါတယ်။ ကျွန်မက မှန်တယ်လို့ ယူဆထားတာတခုကို သူများက မှားနေတယ်လို့ ပြောလို့ ကျွန်မက သူများထင်တာ မဟုတ်ကြောင်းကို အကြိမ်ကြိမ် ရှင်းပြထားပါတယ်။ အဲဒီတော့ ကိုယ်ပြောတာကို လက်မခံရကောင်းလားဆိုပြီး ဒေါသတွေ ဖြစ်တဲ့သူက မှားတယ်။ လူဆိုတာ သူ့သဘောသူဆောင်တဲ့အတွက် ကိုယ့်နဲ့မတူတဲ့သူကို ဒေါသထွက်ဖို့မလိုအပ်ဘူး။ ကျွန်ကို သာသနာကို ဆန့်ကျင်တယ်လို့ ထင်တယ် ကျွန်မက ဆန့်ကျင်တာ မဟုတ်ဘူးဆိုတာကိ ပြန်ပြောတယ်။ ကျွန်မပြောထာကို တဘက်ကလက်မခံဘူး ဒီတော့ ကျွန်မတို့က သဘောထား မတိုက်ဆိုင်ဘူးလို့ပဲ ရိုးရိုးသားသားမှတ်ယူရမယ်။ သူမှန်တယ်ထင်တာကို သူလက်ခံတယ် ကိုယ်မှန်တယ်ထင်တာကို ကိုယ်လက်ခံတာပဲ ဒီလိုပဲ သဘောထားရမယ်။ ဒီလိုပဲ မတူကွဲပြားတဲ့လူတွေ အတွေးအခေါ် အမြင်မတူပေမဲ့ အတူတူ ယဉ်တွဲနေထိုင်ကြပါတယ်။ ကိုယ်နြ့ အမြင်မတူတိုင်းသာ မမုန်းပွားနေရင် ဘယ်တော့မှ စိတ်ကောင်းကောင်း ထားနိုင်မှာမဟုတ်ဘူး။ အမုန်းပါလာရင် ဒါက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး အကုသိုလ်စိတ်ဖြစ်သူမှာပဲ အကျိုဆုတ်ယုတ်ပါတယ်။

ခုနက Anonymous ကို သဘောထား မတိုက်ဆိုင်ပေမဲ့ အပြုသဘောနဲ့  ဘယ်လို ဆွေးနွေးတယ်ဆုတာနဲ့ ပတ်သက်ပြီး နမူနာအနေနဲ့ အောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ ဓါတ်ပုံတွေ တင်ထားတဲ့ ပို့စ်အောက်က ကျွန်မနဲ့ သဘောထား မတိုက်ဆိုင်သူတွေရဲ့ မှတ်ချက်အတော်များများကို လေ့လာကြည့်စေချင်တယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ အမြင်ချင်း လုံးဝဆန့်ကျင်ပေမဲ့ အကြောင်းအရာကိုပဲ အဓိကထားပြီး သူတို့ဘယ်လိုဆွေးနွေးထားကြလဲဆိုတာ လေ့လာကြည့်ရင် အတော်အသင့် သဘောပေါက်မယ်ထင်တယ်။ သူတို့ကလည်း သူတို့ဘာကြာင့်မှန်တယ်ဆိုတာကိုပဲ ဆွေးနွေးပြီး ကျွန်မကလည်း ကျွန်မ ပြောတာ ဘာကြောင့်မှန်တယ်ဆိုတာကို့ပဲ ဆွေးနွေးကြတယ်။

(ငယ်နိုင်ကို သာသနာဖျက်မဆိုပြီး လာစော်ကားကြတာ မှတ်ချက် ၁၀၀ ကျော်တဲ့အထိ ကျွန်မ ခွင့်ပေးထားပြီးပြီဆိုတော့ ဒီလောက်ဆို ကျေနပ်ရော့ပေါ့။)

သာသနာဖျက်မ လို့ဆိုခဲ့တဲ့စကားလုံးကို ကွန်းမန့်ပိုင်ရှင်တွေ သုံးခဲ့သလားဆိုတာ ကျွန်တော်တော့ မျက်စိရှန်းလို့လားမသိဘူး မတွေ့မိဘူးဗျာ...အဲဒီလို စကားလုံးကို သုံးနှုံးလိုက်တာဟာ စာဖတ်တဲ့သူတွေ ကွန်းမန့်ပေးပြီး ၀င်ဆွေးနွေးကြတဲ့သူတွေကို စော်ကားသလိုဖြစ်နေသလိုလိုပါပဲ...ဒီလိုပြောတဲ့အတွက် ကွန်းမန့်ဆွေးနွေးတဲ့သူတွေက blog owner ကို စော်ကားနေသရောင်ရောင်အပြောမျိုးသက်ရောက်စေပါတယ်...

ဘယ်သူမှ စော်ကားပြီးရေးထားကြတာမဟုတ်ပါဘူး...blog owner ရဲ့ယူဆချက် ထင်မြင်ချက်ကို တစ်ဖက်က ဗုဒ္ဓဘာသာဝင် စစ်စစ်တွေက မိမိတို့တတ်သိနားလည်သလောက် blog ownerရဲ့ မြတ်ဗုဒ္ဓတရားတော်တွေအပေါ် မှားယွင်းစွာနဲ့လက်ခံ ထင်မြင်နေတာတွေကို ထောက်ပြပြောဆို ဝေဖန်ခဲ့ကြတာပါ...အဲဒီလို အပြန်လှန်ဆွေးနွေးကြတဲ့အထဲမှာ စကားလုံးအစီအငေါ့လေးတွေ တစ်ယောက်နဲ့တစ်ယောက် မတည့်လေကြတော့ အထေ့ငေါ့လေးတွေကနေ ဂရုဏာဒေါသလေးတွေ အနည်းငယ် ပါကောင်းပါသွားနိုင်ပါတယ်...

ဒါကို စော်ကားတယ်ဆိုတဲ့အသုံးနှုံးကို မသုံးနှုံးသင့်ပါဘူး...။

(မှတ်ချက်-နိုင်ငံရေး စီးပွားရေး လူမှူရေး အခြားနေရာတွေမှာသာလျှင် အမြင်မတူတာကို လက်ခံလို့ရနိုင်ပေမယ့် ဘာသာတစ်ခုတည်း ကိုးကွယ်နေတဲ့သူတွေအချင်းချင်းမှာ မိမိဘာသာကို အမြင်မတူတဲ့ပုံစံကို ကျင့်သုံးနေတာကတော့လက်ခံနိုင်စရာမရှိပါဘူး...ဗုဒ္ဓဘာသာကို မနှစ်သက်ရင် အခြားဘာသာတွေ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါတယ်...ဗုဒ္ဓဘာသာကို ကိုးကွယ်ရင် ဗုဒ္ဓဘာသာနွယ်ဝင်အားလုံးနဲ့ တစ်ပြေးညီ အယူဆ တူကိုတူရမယ် လက်ခံရမယ်...ဒီလိုပြောလို့လည်း အတင်းကိုးကွယ်ခိုင်းနေတာမဟုတ်သလို မှားနေတာကို အမှန်လို့အတင်းပြော ယုံခိုင်းနေတာမဟုတ်ပါဘူး...မြတ်ဗုဒ္ဓတရားတော်တွေထဲမှာ မှားယွင်းနေတာ တစ်ခုမှမရှိပါဘူး...အမြင်မတူ လက်မခံရင် မိမိအယူဆက မှန်နေတယ် လို့ယူဆပြီး ဘယ်သူပြောတာမှလက်မခံဘူးဆိုရင် အကောင်းဆုံးကတော့ အခြားဘာသာကိုသာပြောင်းပြီး ကိုးကွယ်လိုက်တာအကောင်းဆုံးပါ...ဒီလိုမှမဟုတ်ရင် ဘာသာတစ်ခုပြိုကွဲဖို့အတွက် အန္တရာယ်ရှိနိုင်တဲ့ ဆူးငြောင့်ခလုတ်တစ်ခုအဖြစ် မြင်မိတယ်...)

တော်ပါ မောင်တို့ရယ်။ ကိုယ့်လူတို့လုပ်မှ ဗုဒ္ဓဘာသာ တကယ်ပျက်စီးရပါလိမ့်မယ်။ ဗုဒ္ဓဘာသာဟာ အခြားဘာသာများနဲ့ မတူထူးခြားတဲ့ သဘောက စမ်းသပ်စစ်ဆေးစောကြော ခံနိုင်တယ်ဆိုတဲ့ အရာပဲ။ အခုကိုယ့်လူတို့လုပ်မှ ဘာဖြစ်ဖြစ် အကုန်မှန်ပြီးသားဖြစ်တဲ့ အတွက် အကုန် ဒီတိုင်းလက်ခံရမယ် ဆိုတဲ့ သဘောတရားကတော့ သဘာဝတရားနဲ့ အဘယ်မျှဆန့်ကျင်နေပါစေ ဖန်တီးရှင်ကို ယုံကိုယုံကြည်ရမယ်လို့ ပြောနေသူတွေနဲ့ ဘာမှမထူးဘူး။
ကျုပ်က ဘလော့ပိုင်ရှင် ရေးသားတာတွေကို မထောက်ခံသလို၊ ငြင်းလဲမငြင်းဘူး။ ပြောနေသူကလဲ ဇီဝ ဆင့်ကဲဖြစ်ပေါ်တိုးတက်ခြင်းမှာ ပါရဂူလောက် သိနေတဲ့သူမဟုတ်သလို၊ ဗုဒ္ဓဘာသာ ဘာဖြစ်ဖြစ် လက်ခံကွ လို့ ပြောနေသူတွေကလဲ ဗုဒ္ဓစာပေ ကျမ်းဂန် အသွယ်သွယ်ကို ထုံးလိုချေ ရေလိုနှောက် လောက်အောင် လေ့လာနားလည်ထားသူ တွေမဟုတ်ဘူး။ ယုတ်စွအဆုံး ဗုဒ္ဓကျင့်စဉ်တွေကို သေချာစွာ လက်ခံကျင့်သုံးနေသူတွေတောင် မဟုတ်သေးဘူးဆိုတာ သူတို့တွေ ပြောဆိုနေပုံ၊လေသံ နဲ့ သဘောထားတွေက သက်သေပြနေတယ်။
ဗုဒ္ဓဘာသာ အဘိဓမ္မာတွေကို နားလည်လက်ခံထားပါတယ် လို့ ဆိုနေသူတွေက တဖက်သားကို အတင်းဇွတ်လက်ခံခိုင်း၊ ၀န်ခံခိုင်း၊ ရိလိုက်ထေ့လိုက်၊ အထင်သေးလေသံနဲ့ပြောလိုက်နဲ့ ပြောနေတာတွေကသာ ဘာသာခြားအမြင်နဲ့ကြည့်ရင် ရှက်စရာဖြစ်နေပါပြီ။
ဘလော့ရှင် ပြောနေတာတွေကို လက်ခံခြင်း၊ လက်မခံခြင်းမရှိပေမယ့် ကိုယ်တိုင်ကတော့ ဗုဒ္ဓဘာသာကို ထိခိုက်မှာစိုးလို့ ပြောဆိုနေသူဖက်က ဘယ်လောက်များ ကျိုးကြောင်းဆီလျော်စွာ ဗုဒ္ဓဘာသာအမြင်နဲ့ သိပံ္ပသဘောတရားကို ဆွဲယူဆက်စပ်ပြမလဲ၊ သို့မဟုတ် သိပ္ပံအမြင်တွေက ဘာကြောင့်မှားယွင်းသလဲ ဆိုတာ အဘိဓမ္မာအမြင်နဲ့ သဘောထားကြီးစွာ တင်ပြချေပ တာတွေကိုဖတ်ရမလား စောင့်ကြည့်နေခဲ့တာပါ။ ဒါပေမယ့် ကိုယ့်လူတွေ လုပ်မှ ထိုင်နေတာ အကောင်း ထသွားမှာ အကျိုးမှန်းလူသိဆိုသလိုဖြစ်နေပြီ။
ကျနော် ကိုယ်တိုင်လဲ မိရိုးဖလာ ဗုဒ္ဓဘာသာ မဟုတ်၊ အားလုံးကို မိမိကိုယ်ပိုင်အသိနဲ့ယှဉ် လိုတာကိုဖြည့်၊ သိတာကို ကျင့်ကြံရင်း ကိုယ်တွေ့နဲ့ပဲယုံကြည်ဖို့ အားသန်တယ်။ အဲဒီအတွက် ဗုဒ္ဓဘာသာ မစစ်ဘူး စွပ်စွဲနေရင် ခင်ဗျားတို့ ကိုယ့်ဘာသာ ကိုယ်အိုးမဲသုတ်နေကြပြီဆိုတာ သဘောပေါက်စေချင်တယ်။
ပညာရပ် တခုခုကို သေချာ နက်နက်နဲနဲ လေ့လာသဘောပေါက်ထားသူတွေ၊ ဘာသာတရားတခု ကို သေချာစွာ ခိုင်ခိုင်မာမာ နားလည် ကျင့်ကြံ သဘောပေါက်ထားသူတွေဟာ အခု ခင်ဗျားတို့ပြောနေတဲ့ လေသံမျိုး၊ အမြင်မျိုးတွေနဲ့ ပြောမှာဆိုမှာမဟုတ်မှာ အသေချာပါ။ ကျနော်ကိုယ်တိုင်လဲ အခုထိ ဘာကို နက်နက်နဲနဲသိလဲ ဆို ဘာမှမသိပါဘူး။ ဒါပေမယ့် ပြည့်တဲ့အိုးဟာ ဘယ်လို ဆိုတာကိုတော့ အကဲခတ်တတ်ပါတယ်။

ဒါကြောင့် ကိုယ်တိုင်က ဘာသာတရားရဲ့ မြင့်မြတ်တဲ့ အကျင့်ကြံတွေ အတိုင်း မပြုမူနိုင်ပဲ၊ တဖက်သားကို အတင်းနင်းခြေချင်သူများ၊ ဇွတ်အတင်း မိမိလိုရာ အရောင်ကို ဆိုးချင်သူများ၊ ခင်ဗျားတို့ဟာ hypocrites တွေထက် ဘာမှ မပိုဘူးဆိုတာ သာမန် ဘေးလူပရိတ်သတ်အနေနဲ့ မြင်နေရပါတယ်။
မိမိဘာသာတရားကို ကာကွယ်ချင်တဲ့ စိတ်စေတနာကို လေးစားပေမယ့်၊ ပေါ့စေလို လို့ဆေးထိုး ဆေးကြောင့်လေး စေမယ့် အဖြစ်မျိုးကိုတော့ ရှောင်ရှားကြစေလိုပါတယ်။

ပို့စ်နဲ့ သိပ်မဆိုင်ပေမယ့် ပြောချင်တာလေး ရှိလာလို့ပါ။ ပို့စ်နဲ့ သက်ဆိုင်တဲ့ ဆွေးနွေးချက်လေးများ တွေ့ရမလားလို့ လာကြည့်လိုက်တိုင်း ဗုဒ္ဓဘာသာကို ဘာလို့ မဝေဖန်သင့်ကြောင်းတွေပဲ ရေးနေကြတယ်။ ဘယ်လိုလက်တွေ့ကျကြောင်း၊ မှတ်ကျောက်အတင်ခံကြောင်း ပြောနေကြပေမယ့်လည်း တစ်ချိန်ထဲမှာပဲ ဝေဖန်ဆန်းစစ်တာဟာ သဒ္ဓါ(ယုံကြည်မှု) ကိုထိခိုက်တဲ့ အတွက် ဘယ်လိုအပြစ်ကြီးကြောင်းကို ပြောနေကြပြန်တယ်။ ငါ့ဘာသာထိ ဓါးကြည့်ဆိုတဲ့ religious fanatics တွေ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ သူတွေထဲမှာလဲ ရှိကြောင်း သိလိုက်ရတယ်။ ဗုဒ္ဓဘာသာ မဟုတ်ရင်ပဲ ရာဇ၀တ်မှုကျူးလွန်ထားသလိုလို၊ မယုံကြည်သလို ပြောမိရင် အခုချက်ချင်းပဲ မြေကြီးတွေ ကွဲအက်လာပြီး အ၀ီစိကို ကျတော့မလိုလိုတွေ ပြောနေကြတာ တော်တော်ရုပ်ဆိုးပါတယ်။

မငယ်နိုင်ရေ ...
ကျမက မငယ်နိုင်ကို စော်ကားတိုက်ခိုက်လိုစိတ်နဲ့ မှတ်ချက်တွေ ရှည်ရှည်ဝေးဝေး ရေးပြီး ဆွေးနွေးခဲ့တာ မဟုတ်ဘူး။ ကျမအနေနဲ့ မငယ်နိုင်ရဲ့ ဖြည့်စွက်ချက်ကို လက်မခံနိုင်လို့ မခံနိုင်ကြောင်း အကျိုးသင့် အကြောင်းသင့် ပြောပြတာပါ။ ကျမပြောတဲ့ထဲမှာ ပုဂ္ဂိုလ်ရေးလဲ မပါပါ။ မငယ်နဲ့ရဲ့ ပါစင်နယ်ကိုလဲ ကျမ မသိပါ။

ကျမပြောတဲ့ မှတ်ချက်တွေမှာ (ကျမ အမြင်အရ) မငယ်နိုင်ရဲ့ လွဲမှားတဲ့ အချက်တွေကို တချက်ခြင်း ထောက်ပြတာဟာ မငယ်နိုင်ကို ထပ်စော်တာလဲ မဟုတ် စော်ကားတာလဲ မဟုတ်ပါဘူး။ မငယ်နိုင်ကို "ရန်သူ"လိုလဲ မဆက်ဆံဘုး၊ "သာသနာဖျက်မ" လို့လဲ မသုံးနှုန်းခဲ့ဘူး။ အတတ်နိုင်ဆုံး ပြေပြေပြစ်ပြစ် ပြောခဲ့ပါတယ်။ ကျမသုံးနှုန်းတဲ့ အသုံးအနှုန်းထဲမှာ အဲဒီလိုစော်ကားတာမျိုး မတော်တဆ ပါဝင်ခဲ့ရင် ဒါမှမဟုတ် မငယ်နိုင်အနေနဲ့ ခင်ခင်ပြောတာတွေဟာ ငါ့ကိုစော်ကားနေပါလားလို့ ထင်မြင်ခဲ့ရင် ကျမရဲ့ အသုံးအနှုန်း မတတ်မှုကြောင့်သာ ဖြစ်ပါတယ်၊ ကျမစိတ်ထဲမှာ မငယ်နိုင်ကို စော်ကားလိုခြင်း အလျဉ်းမရှိသလို မှတ်ချက်တိုင်းမှာ ရေးခဲ့တဲ့စကားလုံးတိုင်းကို ဒေါသစိတ်နဲ့ မရေးခဲ့ပါဘူး။ မေတ္တာစိတ် (အပြုသဘော) နဲ့သာ ရေးခဲ့ပါတယ်။

ကျမ သဘောကတော့ စာဖတ်သူတွေ အယူမှားမှာ တလွဲထင်သွားကြမှာကို စိုးရိမ်တဲ့ "စေတနာ" နဲ့ပါ။ ဒါပေမဲ့လဲ အထက်က ကွန်မန့်တခုထဲမှာ ကိုပေါပြောသလို စာဖတ်သူများဟာ ကိုယ့်ဥာဏ်နဲ့ကိုယ် ချင့်ချိန်ပြီး လိုတာကိုယူ မလိုတာကို ပယ်နိုင်မယ် ဆိုရင်ဖြင့် အကောင်းဆုံးပေါ့။

တခုရှိတာက အရိုးများတဲ့ဟင်းကို အေးအေးဆေးဆေး ဂရုစိုက်ပြီးစားရင် အရိုးမနင်ဘူး။ ခုခေတ်က အရာရာကို အမြန်အဆန် လုပ်နေရတဲ့ ခေတ်မဟုတ်လား။ အဲဒီဟင်းကို ကမန်းကတန်း စားလိုက်လို့ အရိုးစူးသွားခဲ့ရင် ဟင်းချက်သူ (ကျွေးသူ) အတွက် ၀န်တက်စရာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီဟင်းကတော့ အရိုးများတယ် ကြည့်စားနော်လို့ ဘေးကသတိပေးတာဟာ ဟင်းချက်သူကို စော်ကားတာ မဟုတ်ပါဘူး။

ကျမအနေနဲ့ ကွန်မန့်ဝင်မရေးတော့ဘူး စိတ်ကူးထားပေမဲ့ ကျမကို အထင်မလွဲစေချင်လို့ ဒီကွန်မန့်ကိုရေးလိုက်တာပါ။

သတ္တ၀ါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာကြပါစေ ... ။

ခင်ခင်သူ

နောက်ထပ်လာပေးသွားတဲ့ မှတ်ချက်အတော်များများနဲ့ ပတ်သက်ပြီး ကျွန်မ အထူးပြောစရာ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုmg - သာသနာဖျက်မဆိုတာ စကားလုံးအရ တိုက်ရိုက်မပြောပေမဲ့ ရေးထားတဲ့ မှတ်ချက်တွေအရ ကျွန်မကို ဒီသဘောနဲ့ ပြောထားကြတာတွေ့ရပါတယ်။ ကိုမောင်က ဆူးညှောင့်ခလုတ်လို့ သုံးထားပါတယ်။ ကျွန်မ ထပ်မရှင်းချင်တော့ဘူး အပေါ်မှာ ကျွန်မ ရှင်းထားတဲ့ ဥပမာ တွေကိုပဲ သေချာအောင် ပြန်ဖတ်ဖို့ပဲတိုက်တွန်းပါတယ်။ ကျွန်မအနေနဲ့ လေ့လာဆန်းစစ်မှုမရှိဘဲ လက်တွေ့မစမ်းသပ်ဘဲ ဘာကိုမှ မယုံတတ်ဘူးလို့ ပြောတာ ရတနာသုံးပါးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါဝင်သီအိုရီကို ယုံရင် ဗုဒ္ဓဘာသာကို မယုံရဘူးလို့ ကျွန်မကိုမှ ဘယ်သူမှ တားလု့ရမှာလည်း မဟုတ်ဘူး။ မိမိယုံကြည်တာ ယုံကြည်တာပဲ ယုံကြည်မှုဆိုတာ တားဆီးပိတ်ပင်လို့ မရပါဘူး။ ကျွန်မကိုမှ မဟုတ်ဘူး တခြားဘယ်သူ့ကိုမှ လည်း တားလို့မရပါဘူး။ Evolution ကို ယုံတာနဲ့ ကျွန်မ ဘာသာကို စွန့်ရမယ်ဆိုတာ အဓိပ္ပါယ်လည်း မရှိပါဘူး။ ဘာကြောင့် ယုံတယ်ဆိုတာလည်း ပထမပေးထားတဲ့ မူရင်းပို့စ်က ဥပမာကို အများနားမလည်နိုင် ဖြစ်ပြီး အထင်လွဲခံရလို့ ထပ်ဆင့် ဥပမာနှစ်ခုနဲ့ ရှင်းပြထားပြီး ဖြစ်တယ်။ အကြောင်းအရာ တခုတည်းမှာ သိပ္ပံအမြင်က ဒီလို၊ ဘာသာရေးအမြင်က ဒီလို ဒါကို တခုတည်းပဲ ယုံသူလည်း ရှိမယ်၊ နှစ်ခုစလုံးကို ယုံသူလည်း ရှိမယ်။ ဘာကိုမှ မယုံသူလည်း ရှိချင်ရှိနိုင်တယ်။ လူဝင်စားနဲ့ မျိုးရိုးဗီဇ ဥပမာကို မရှင်းလို့ သရဲချောက်တာနဲ့ စိတ်ရောက်ကယက်ဖြစ်တာကို ဥပမာ ထပ်ပေးထားပါတယ်။ သေသေချာချာ ပြန်ဖတ်ကြည့်ရင် ဒါတွေကိုယုံလို့ ဗုဒ္ဓဘာသာကို မယုံရဘူးဆိုတာ အဓိပ္ပါယ်မရှိပါဘူးဆိုတာ သဘောပေါက်သွားလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

ခင်ခင်ရေ - ခင်ခင်ကိုယ်တိုင်ကလည်း ကျွန်မအတွက်ဆိုရင် ဘာမှ ရှည်ရှည်ဝေးဝေး ရေးနေမှာမဟုတ်ဘူး တခြားသူတွေ ကျွန်မစာကို ဖတ်ပြီး အမြင်တွေမှားကုန်မှာစိုးလို့ ဆိုတာ ပြောထားတာ ရှိတဲ့အတွက် ခင်ခင်တို့ဟာ ကျွန်မအပေါ်မှာ စေတနာ ရှိချင်လည်း ရှိမယ် မရှိချင်လည်း နေမယ် ဒါပေမဲ့ သာသနာ့အကျိုးအတွက် လာပြီးရေးကြတယ်ဆိုတာကို လုံးဝ ချွင်းချက်မရှိ လက်ခံပြီး အသိအမှတ်ပြုပါတယ်။ လာပေးတဲ့ message ထဲမှာလည်း အချက်အလက်ကောင်းလေးတွေ အများကြီးပါတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ခင်ခင်အပါအ၀င် အတော်များများ ရေးတာတွေက ဗုဒ္ဓဘာသာကို ကိုယ်စားပြုပြီး ဗုဒ္ဓစာပေကျမ်းဂန်တတ် တယောက်ရဲ့ အပြုအမူတွေ နည်းလာပြီး ဘာသာခြားတယောက် သို့မဟုတ် ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ်တွေထဲက ဖတ်ကြည့်ရင် ဗုဒ္ဓဘာသာက သိပ်ကို အမြင်ကျဉ်းသလိုမျိုး မြင်သွားနိုင်တယ်။ ဒီပို့စ်မှာ ဘာသာရေးတာ Evolution ကိုပဲ ကိုယ်စားပြုပြီး ဘာသာရေးကို ကျွန်မ ရေးမထားဘူး။ မြန်မာပြည်က အတော်များများကပဲ ဒါဝင်သီအိုရီကို မျောက်ကနေဆင်းသက်လာတယ်ဆိုပြီး မဟုတ်တာတွေနဲ့ နားလည်ထားကြပေမဲ့ ဒါဟာ နိုင်ငံခြားတိုင်းပြည်အတော်များများမှာ သက်ရှိတွေရဲ့ ဆက်ကဲဖြစ်စဉ်နဲ့ သာဝပတ်ဝန်းကျင်အပေါ် တုန့်ပြန်မှုကိုပဲ ပြောထားတဲ့ သီအိုရီဆိုတာ Common sense အနေနဲ့တောင် နောက်ပိုင်းလူငယ်တွေ လူတိုင်းသိပါတယ်။ ဒါကြောင့် ကျွန်မ ပြောတာတွေဟာ အသစ်အဆန်းမဟုတ်လို့ သိထားသူတွေအတွက် ဘယ်သူမှ ဘာမှ အထင်မြင်မှားစရာ အကြောင်းမရှိပါဘူး။

ကိုဇော်မျိုး - ကိုဇော်မျိုးမှတ်ချက်ကို ကျွန်မ ဖျက်ရခြင်းအကြောင်းအရင်းက အရင်ပို့စ်တွေမှာလည်း ကိုဇော်မျိုးကို ကျွန်မ ရန်ကုန် မန္တလေးသွားတဲ့ ကားကို အန္ဒိယဘက် ထိုင်း၊ တရုတ် လားအို့စ်ဘက်ကို ပေးမရောက်စေချင်ဘူး မန္တလေးကိုပဲ တည့်တည့်ရောက်စေချင်လို့ ဆိုတာ ဥပမာပေးဖူးတဲ့အတိုင်းပဲ။ မှတ်ချက် ၁၀၀ ပြည့်သွားပြီးနောက်ပိုင်း မဆိုင်တာတွေ၊ အပြုသလောမပါတဲ့ ငြင်းခုန်မှုတွေ ဘာတခုမှ ကျွန်မခွင့်မပြုတော့ဘူး။ ဗုဒ္ဓဘာသာဝင်တွေဟာ ယဉ်ကျေးတယ် ဆိုတာကို ပေါ်လွင်စေတဲ့ မှတ်ချက်တွေကိုပဲ ကျွန်မလက်ခံတော့တယ်။ ဒါကြောင့် ကျွန်မ ကိုဇော်မျိုးရဲ့ အကျိုးမရှိတဲ့ မှတ်ချက်ကို ဖျက်ရတာတော့ စိတ်မကောင်းပါဘူး။

လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ ပါးစပ်ကပဲပြောနေကြပြီး တကယ်လက်တွေ့မှာ မိမိစိတ်တိုင်းကျ အဓိပ္ပါယ်ဖွင့်ထားတဲ့ စည်းကမ်းတွေနဲ့ ချုပ်ချယ်နေတာပါ။ နအဖလဲ အဲလိုပါပဲ။ ကျနော်ကတော့ ဆက်ပြီးတင်မှာပါ။ အစ်မ ဖျက်နိုင်သလောက်ဆက်ဖျက်ပါ။
သို့
ကိုကိုစန်

ခင်ဗျားအပြောလေးကိုပြန်ကြည့်ပါ။ (ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ နိုင်ငံခြားက ထုတ်တဲ့ စာအုပ်တော်တော်များများအရ ဆိုရင် ဗုဒ္ဓ ရဲ့ မယ်တော်က ဗုဒ္ဓကို နား ကလည်း မွေးတာမဟုတ်ဖူး . . . . ဘုရားကို ဗိုက်ခွဲပြီး မွေးခဲ့တာဖြစ်ပါတယ် ) ။ မြတ်ဗုဒ္ဓကို ခွဲပြီးမွေးခဲ့တဲ့အကြောင်းရေးထားတဲ့ စာအုပ်တွေအများကြီးဖတ်ဖူးတယ်တဲ့။ စာအုပ်နာမည်အားလုံးကို မမှတ်မိဘူးဆိုရင် ကျနော်ဘာမှ မပြောလိုပါဘူး။ အခုဟာ စာအုပ်တစ်အုပ်နာမည်တောင်မပြောနိုင်ပဲ… အားလုံးကို မေ့နေတယ်ဆိုတဲ့ အဖြစ်ကတော့ တော်တော်ကို ရယ်ဖို့ကောင်းပါတယ်။ စာမဖတ်ဖူးတဲ့သူတွေကိုပြောရင်တော့ ယုံပါလိမ့်မယ်။

လေးစားလျက်
ဇော်မျိုး

Evolution is no Threat to Buddhism
http://home.btclick.com/scimah/

Evolution
Evolutionists believe that species arose by gradual change from simpler forms. Strawberry plants, cherry trees, blackberries, raspberries, hawthorns and apples all have a family likeness because they all arose from a common ancestor, which resembled a primitive rose. Hence botanists call this plant family the ROSACEAE.
Similarly all primates (including humans and apes) have a common ancestor. Going back further, all species of mammals diverged from a common ancestor, and so on into the dim and distant past until we reach one common ancestor of all lifeforms, which originated the DNA coding which is universal for all plants, animals, fungi and bacteria on earth. Consequently, to evolutionists the biological species concept does not reflect any underlying reality. A species is purely a snapshot of an interbreeding population of organisms at a particular epoch in time, and as time progresses the characteristics of that population will gradually change in response to selective pressures.

Buddhism
Buddhist philosophy is evolutionary and thus agrees with the scientists rather than the theologians. Buddha taught that all things are impermanent, constantly arising, becoming, changing and fading . Buddhist philosophers consequently rejected the Platonic idea of production from 'ideal forms' as being the fallacy of 'production from inherently existent other'. According to most schools of Buddhism there is nothing whatsoever that is inherently or independently existent..

The two main creationist objections to evolution are:
1 Disagreement with Genesis
2 Blurring of the theological distinction between human and animal

Neither of these pose any threat to Buddhist philosophy. The first objection is based on the need to maintain the truth of a particular creation story in order to preserve the underlying basis for all Biblical truth. This is not a worry to Buddhists because there is no corresponding Buddhist creation myth, and Buddhist philosophers have always accepted that the universe is many hundreds of millions of years old.

The second theological objection is that evolution states that there is a continuum between ape and man, ie human and animal.(A favourite anti-evolutionary slogan is 'Don't let them make a Monkey of You!). This is not a problem for Buddhists, who believe that both humans and animals possess sentient minds which survive death. However it is a major problem for theologians. The church has always taught that only humans have immortal souls, whereas animals are automata whose minds cease at death. Humans and animals were created separatedly and hence are totally different types of being. But if there was a gradual transition between animal and man, as the evolutionists claim, then such theological beliefs fall apart.

The theologians are left with three alternative unpalatable viewpoints:

- Both humans and animals are and always have been automata (the materialist's position).
- Both humans and animals are sentient beings whose minds survive death (the Buddhist position)
- At some arbitrary date in the past the apemen were suddenly equipped with souls.
The undermining of the doctrine of the distinction of human from animals is probably an even greater threat to the theological viewpoint than doubt about the literal truth of Genesis, and does much to explain why theologians of any persuasion have never been able to come to terms with what Daniel C. Dennett [REF 1] has described as Darwins's Dangerous Idea.
Evolution and dukkha.
No matter what philosophical knots the theologians may be forced to unravel, from the Buddhist viewpoint the theory of evolution has considerable explanatory power, in particular demonstrating why dukkha (the sensation of unsatisfactoriness) is a pervasive experience of all sentient beings throughout the evolved biosphere.
- Sean Robsville

http://www.purifymind.com/EvolutionBudd.htm

ဟောဗျာ အမငယ်နိုင်ရေ...။ကျွန်တော်အမကို ဘာမှမဝေ
ဖန်ရသလို၊အမရဲ့ ပို့စ်ကိုလည်း ဘာမှ(ဘာဆိုဘာမှ) ဝင်မ
ဆွေးနွေးမိပါလား။ကျွန်တော် ကိုနိုင်လင်းဆိုသူရေးတဲ့
ဗုဒ္ဓဘာသာဝင်တွေကို ဝေဖန်ဆန်းစစ်ခွင့်မပေးဘူးဆိုတဲ့
ကွန်မန့်ကိုပဲ ဝင်ပြီးဆွေးနွေးမိတာပါ။ကျွန်တော်သုံးနှုန်း
လိုက်တဲ့စကားလုံးတွေမှာလည်း ဘယ်သူ့ကိုမှထိခိုက်စေ
နိုင်တဲ့အသုံးအနှုန်းတွေမပါ ပါဘူးခင်ဗျ။ဒါပေမယ့် အမက
"ဒါကို မိမိနဲ့ မတူလို့ဆိုပြီး နေရင်းထိုင်ရင်း မျက်မုန်းကျိုးနေရင် အကုသိုလ် အချောင်ရနေတာပဲ အဖတ်တင်လိမ့်မယ်" လို့ ကျွန်တော့နာမည်တပ်ပြီး ရေး
တာကို ကျွန်တော်တော့ နားမလည်နိုင်တော့ပါဘူးခင်ဗျာ

ကိုဇော်မျိုး သူများအိမ်ကို လာလည်ရင် သူများချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာဖို့လူတိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်မ အခုနောက်ပိုင်း ပို့စ်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကိုပဲ အားလုံးဆီက ဖိတ်ခေါ်ပါတယ်။ အခု ကိုဇော်မျိုးတင်ထားတဲ့ မှတ်ချက်က သူပြောတာ မယုံရင်လည်း မယုံသလို ထားလိုက်လို့ ရသားနဲ့ မလိုအပ်ဘဲ စကားနာ လာထိုးနေလို့ အမှိုက်လာပွသလိုပဲ ဖြစ်နေတယ်။ တခြားဘယ်သူ့အတွက်မှလည်း အကျိုးမရှိ ဘာသာရေးကို ငြင်းခုန်ထားတာတွေ အပေါ်မှာ ရှိနေတော့ ဘာသာခြားတွေ လာဖတ်ရင် အထင်မြင်သေးစရာတွေပဲ ဖြစ်တယ်။ အဲဒီတော့ လွတ်လပ်စာ ပြောဆိုဆွေးနွေးခွင့်ပဲ ကျွန်မဘလော့ဂ်မှာ ပေးပါတယ်။ လွတ်လပ်စွာ ရန်ဖြစ်ခွင့်၊ စကားနာထိုးခွင့် စကားရည်လုခွင့်မပေးပါဘူး။ ဆွေးနွေးတယ်ဆိုတာ Discussion ဖြစ်လို့ အပြန်အလှန် အပြုသဘောပါရပြီး နှစ်ဘက်စလုံးကို (သို့) ဘက်ပေါင်းစုံကို ကြည့် ဆွေးနွေးရတယ်ဆို Debate လို စကားစစ်ထိုးတာတွေ ပြက်ရယ်ပြုတာတွေ ထေ့တာ ငေါ့တာတွေ၊ တဘက်သားကို မလေးမခန့် လုပ်တာတွေ မပါဘူး ဆိုတာ တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်တဲ့ ကိုဇော်မျိုး သိမယ်လို့ထင်တယ်။ နေ့လည်ကလို အကြိမ်တရာကျော်တဲ့အထိ အရွဲ့တိုက်ပြီး ကျွန်မကို ဒုက္ခလာမပေးဖို့ကိုလည်း မေတ္တာရပ်ခံပါတယ်။ ကိုဇော်မျိုးဟာ ဗုဒ္ဓဘာသာကို တကယ်ယုံကြည်ရင် လူတယောက်ကို ဒီလောက်အထိ ဒုက္ခလိုက်ပေးမယ် မထင်ဘူး။ သူတပါးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ဖို့ ဘုရားက မဆုံးမထားဘူး။ ကျွန်မကို ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အယူမှားနေတယ်ထင်လို့ လာထောက်ထားတဲ့ ကိုဇော်မျိုး အယူမှားသူက အယူမှန်သူကို အတုယူလို့ရအောင် ပြုမူကျင့်ကြံ နေထိုင်ပြောဆိုပုံတွေနဲ့ လက်တွေ့သက်သေပြပေးပါ။ ဒီလို အရေမရအဖတ်မရ မှတ်ချက်တွေလည်း ထပ်ရေးပြီး ပို့စ်ရဲ့ ရည်ရွယ်ချက် ဘလော့ဂ်ရဲ့ရည်ရွယ်ချက် ပျက်အောင် ထပ်မလုပ်ဖို့ကိုလည်း ကျွန်မ အနူးအညွတ်မေတ္တာ ရပ်ခံပြီး ထပ်ဆင့်တောင်းဆိုပါတယ်။

ဟုတ်ကဲ့ပါအမရေ...။ရှင်းသွားပါပြီခင်ဗျ။ဆွေးနွေးချင်တာ
တွေတော့ရှိသား...။သို့ပေမယ့် အမလည်းကွန်မန့်ပေါင်းရာ
ကျော်နဲ့ စိတ်ရှုပ်နေနိုင်တာမို့၊ကမ္ဘာမီးလောင်ကာမှ ဆီမီးခွက်က ထမတောက်တော့ပါဘူးခင်ဗျ။နောက်ပို့စ်များမှ
ဆွေးနွေးပါတော့မယ်။ကျေးဇူးပါခင်ဗျ။

Please see below as quoted from “Buddhism and Science” by Dr. M.J.Verhoeven.

Venhoeven said “Darwin theory is the leading banner for Buddhist propagation.”
If Buddhist fellows against Darwin and trying constraint to other forcefully they are not agree with following statements and lead towards the lack of ground by themselves.

“In fact, Darwin's theory of evolution, which struck the most severe blow to the Judaeo-Christian edifice, was taken up as the leading banner for Buddhist propagation.”
(Dr. Martin J. Verhoeven, Religion East and West, Issue 1, June 2001, pp. 77-97)
(http://online.sfsu.edu/~rone/Buddhism/VerhoevenBuddhismScience.html)

“If there is any religion that would cope with modern scientific needs, it would be Buddhism.”
(Albert Einstein, Physicist, Noble Prize Winner)

"Buddhism is the most colossal example in the history of applied metaphysics."
(Alfred North Whitehead , The British mathematician, philosopher)

“Buddhism the greatest religion in history because it has had the smallest element persecution.” (Persecution means harassment, bullying, discrimination )
(Bertrand Russell, Nobel Prize winner, The British mathematician, philosopher)

Most philosophers and scientists agree on Buddhism for accept the liberal thinking, logical critics and parallel with nature by frequently cited “Kalarma Sutta”.

With Mitta to All,

Nature နဲ့ Thisaka တို့ရဲ့ မှတ်ချက်တွေကို နောက်ပိုင်း ဗမာလိုပြန်ပြီး ကျွန်မ ပြန်ထည့်ပေးထားမယ်။ အင်္ဂလိပ်လိုတွေ ဖြစ်နေတော့ တော်တော်များများ ဖတ်မိချင်မှ ဖတ်မိမယ်။ ကျွန်မကိုယ်တိုင်လည်း အင်္ဂလိပ်လိုဆိုရင် ရှည်ရင် သိပ်မဖတ်တတ်ဘူး။ သိပ်ကောင်းတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ Link တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ နောက်ပိုင်း အချိန်ရရင် အဲဒီ Link တွေထဲက ကောင်းတာလေးတွေကို ဘာသာပြန် ပြန်ဖေါ်ပြမယ်လို့ စဉ်းစားထားပါတယ်။

မောင်လေးရေ - အခုလောလောဆယ် ဘာပဲရေးရေး အထင်မြင်လွဲမှားစရာတွေပဲ ဖြစ်နေလို့ ရှင်းသွားပြီဆိုလို့ တော်ပါသေးရဲ့ ၀မ်းသာပါတယ်။

Dear Ordinary Man,
I see Mg Zaw Myo seem too sensetive the remark on him by Ma Nge Naing that is very less numbers of strike to her.
She deleted non-constructive comments do not appear unnecessary thought from outsiders after allowed hundred comments from all aspects.

Saya Tint clearly explained that he means "Do not argue with Darwin" replied to Ko Thitsaka.

Let me see your view on Ko Naing Linn, Ma Ka Hlayar, Ko Kyaw Htin and (.).

Buddha taught do not accept creation.
Darwin disagree creation.

Please consider in open mind,
Whether Buddha taught accept or not evolution.

Best Wishes to All,

I realize Ko Ko San has good reference for Mg Zaw Myo request, he keep quiet not to involve unnecessary views from different religions and deviate the faith for unmatured fellows.

Dear Mr.Ordinary Man,

I see Mg Zaw Myo seem too sensitive the remark on him by Ma Nge Naing that is very less numbers of strike to her. I realize Ko Ko San has good references and guess he keep quiet not to involve unnecessary views from different religions.
Let me see your view on Ko Naing Linn, Ma Ka Hlayar, Ko Kyaw Htin and (.).
Ma Nge Naing deleted non-constructive comments do not appear unnecessary thought from outsiders and young Buddhist fellows after allowed hundred comments from all aspects.
Saya Tint clearly explained that he means "Do not argue with Darwin" replied to Ko Thitsaka.

Buddha taught do not accept creation.
Darwin disagree creation.
Please consider,
Whether Buddha taught accept or not evolution.

Best Wishes Everyone,

မငယ်နိုင်
ကျွန်မက ပြဿနာရဲ့ ဇစ်မြစ်ကို ပြန်ပြောပြပေးတာ အဓိကပါ... ဆောရီးပဲ မငယ်နိုင်... ဘုရားဟောကိုကျ ကြိုက်သလိုဝေဖန်ပြီး လူလူချင်းဝေဖန်မခံနိုင်တာ တော့ ကျွန်မတို့ မြန်မာလူမျိုးအများစုရဲ့ အားနည်ချက် ပါ... ကိုယ်မမှီတာကိုမှ လှမ်းချင်ပြီး မဖြစ်နိုင်တာကို စိတ်ကူးယဉ် လှမ်းချင်လို့ မြန်မာနိုင်ငံကြီး မဖွံ့ဖြိုးသေး တာပါ အမ... စာဖတ်သူတွေအတွက် မဟုတ်ဘူး အမ.. အမအတွက်ပဲ ရေးတာ.. ဖတ်ပြီးရင် ဖျက်လို့ ရတယ်... မဖျက်နဲ့ဆိုလည်း အမကို နည်းနည်း ထိခိုက်တယ်လို့ အမထင်ရင် ဖျက်မှာမို့ တကယ်ပါ အမ..... ကျွန်မ ဒါ နောက်ဆုံးရေးခြင်းပဲ...

ရှေးဆရာတော်ကြီးတွေရဲ့ အဆုံးအမကိုပဲ ကျွန်မတို့ လိုက်နာရတော့မယ် အမ... သူ့ကိစ္စ သူနဲ့သာ ဆိုင်ပါတယ်...

နန်းထိုက်ကေခိုင်

မနေ့ညက Google မှာ error ဖြစ်ပြီး မှတ်ချက်တွေ ထည့်လိုက် ခဏ၀င်ပြီး ပြန်ပျောက်သွားလိုက်နဲ့ ဘလော့ဂ်အတော်များများမှာ ဖြစ်ကြတယ်လို့ ဘလော့ဂ်မိတ်ဆွေတွေဆီက သိရတယ်။ ကျွန်မဘလော့ဂ်မှာလည်း ဖြစ်ခဲ့လို့ ဖျက်သင့်ဖျက်ထိုက်တဲ့ မှတ်ချက်တွေကို ဖျက်ရင်း မှားဖျက်မိတဲ့ မှတ်ချက်တွေ ရှိနေပါတယ်။ အခု မေးလ်ထဲမှာ ပြန်စီစစ်ပြီး ရည်ရွယ်ချက်မရှိဘဲ ပါကုန်တဲ့ မှတ်ချက်တွေကို ပြန်ထည့်ပေးဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ မူရင်းတော့ မဖြစ်တော့ဘူး ကျွန်မကော်ပီကူးပြီး ပြန်ထည့်မှပဲ ရတော့မယ်။ အသေချာဆုံးကတော့ ကိုဇော်မျိုးမှတ်ချက်တွေနဲ့ ကိုဇော်မျိုးနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ မှတ်ချက်တွေကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ခဲ့တာ သေချာပါတယ်။ ပြီးသွားလို့ ပြန်ကြည့်ရင် မိမိမှတ်ချက် ပြန်ပါလာရင် အဲဒါရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ခဲ့တာ မဟုတ်ဘူးဆိုတာ သဘောပေါက်စေချင်တယ်။ အခုလို မကျေမလည် ဖြစ်နေတဲ့အချိန်မှာ Google က Error ဖြစ်တာနဲ့ ကြုံကြိုက်လို့ စိတ်အနှောင့်အယှက် ဖြစ်ရသူအားလုံးကို တောင်းပန်ပါတယ်။

Nature has left a new comment on your post "လူဟာ မျောက်ကနေ ဖြစ်လာတာပါလား":

Evolution is no Threat to Buddhism
http://home.btclick.com/scimah/

Evolution
Evolutionists believe that species arose by gradual change from simpler forms. Strawberry plants, cherry trees, blackberries, raspberries, hawthorns and apples all have a family likeness because they all arose from a common ancestor, which resembled a primitive rose. Hence botanists call this plant family the ROSACEAE.
Similarly all primates (including humans and apes) have a common ancestor. Going back further, all species of mammals diverged from a common ancestor, and so on into the dim and distant past until we reach one common ancestor of all lifeforms, which originated the DNA coding which is universal for all plants, animals, fungi and bacteria on earth. Consequently, to evolutionists the biological species concept does not reflect any underlying reality. A species is purely a snapshot of an interbreeding population of organisms at a particular epoch in time, and as time progresses the characteristics of that population will gradually change in response to selective pressures.

Buddhism
Buddhist philosophy is evolutionary and thus agrees with the scientists rather than the theologians. Buddha taught that all things are impermanent, constantly arising, becoming, changing and fading . Buddhist philosophers consequently rejected the Platonic idea of production from 'ideal forms' as being the fallacy of 'production from inherently existent other'. According to most schools of Buddhism there is nothing whatsoever that is inherently or independently existent..

The two main creationist objections to evolution are:
1 Disagreement with Genesis
2 Blurring of the theological distinction between human and animal

Neither of these pose any threat to Buddhist philosophy. The first objection is based on the need to maintain the truth of a particular creation story in order to preserve the underlying basis for all Biblical truth. This is not a worry to Buddhists because there is no corresponding Buddhist creation myth, and Buddhist philosophers have always accepted that the universe is many hundreds of millions of years old.

The second theological objection is that evolution states that there is a continuum between ape and man, ie human and animal.(A favourite anti-evolutionary slogan is 'Don't let them make a Monkey of You!). This is not a problem for Buddhists, who believe that both humans and animals possess sentient minds which survive death. However it is a major problem for theologians. The church has always taught that only humans have immortal souls, whereas animals are automata whose minds cease at death. Humans and animals were created separatedly and hence are totally different types of being. But if there was a gradual transition between animal and man, as the evolutionists claim, then such theological beliefs fall apart.

The theologians are left with three alternative unpalatable viewpoints:

- Both humans and animals are and always have been automata (the materialist's position).
- Both humans and animals are sentient beings whose minds survive death (the Buddhist position)
- At some arbitrary date in the past the apemen were suddenly equipped with souls.
The undermining of the doctrine of the distinction of human from animals is probably an even greater threat to the theological viewpoint than doubt about the literal truth of Genesis, and does much to explain why theologians of any persuasion have never been able to come to terms with what Daniel C. Dennett [REF 1] has described as Darwins's Dangerous Idea.
Evolution and dukkha.
No matter what philosophical knots the theologians may be forced to unravel, from the Buddhist viewpoint the theory of evolution has considerable explanatory power, in particular demonstrating why dukkha (the sensation of unsatisfactoriness) is a pervasive experience of all sentient beings throughout the evolved biosphere.
- Sean Robsville

http://www.purifymind.com/EvolutionBudd.htm


Posted by Nature to Nge Naing at July 5, 2010 7:01 PM

Nature နဲ့ Thisaka တို့ရဲ့ မှတ်ချက်တွေကို နောက်ပိုင်း ဗမာလိုပြန်ပြီး ကျွန်မ ပြန်ထည့်ပေးထားမယ်။ အင်္ဂလိပ်လိုတွေ ဖြစ်နေတော့ တော်တော်များများ ဖတ်မိချင်မှ ဖတ်မိမယ်။ ကျွန်မကိုယ်တိုင်လည်း အင်္ဂလိပ်လိုဆိုရင် ရှည်ရင် သိပ်မဖတ်တတ်ဘူး။ သိပ်ကောင်းတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ Link တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ နောက်ပိုင်း အချိန်ရရင် အဲဒီ Link တွေထဲက ကောင်းတာလေးတွေကို ဘာသာပြန် ပြန်ဖေါ်ပြမယ်လို့ စဉ်းစားထားပါတယ်။

မောင်လေးရေ - အခုလောလောဆယ် ဘာပဲရေးရေး အထင်မြင်လွဲမှားစရာတွေပဲ ဖြစ်နေလို့ ရှင်းသွားပြီဆိုလို့ တော်ပါသေးရဲ့ ၀မ်းသာပါတယ်။
(ပျက်သွားတဲ့ ကျွန်မရဲ့ မှတ်ချက်ကို ပြန်ထည့်တာ ဖြစ်တယ်။)

မောင် လေး has left a new comment on your post "လူဟာ မျောက်ကနေ ဖြစ်လာတာပါလား":
ဟုတ်ကဲ့ပါအမရေ...။ရှင်းသွားပါပြီခင်ဗျ။ဆွေးနွေးချင်တာ
တွေတော့ရှိသား...။သို့ပေမယ့် အမလည်းကွန်မန့်ပေါင်းရာ
ကျော်နဲ့ စိတ်ရှုပ်နေနိုင်တာမို့၊ကမ္ဘာမီးလောင်ကာမှ ဆီမီးခွက်က ထမတောက်တော့ပါဘူးခင်ဗျ။နောက်ပို့စ်များမှ
ဆွေးနွေးပါတော့မယ်။ကျေးဇူးပါခင်ဗျ။



Posted by မောင် လေး to Nge Naing at July 6, 2010 12:03 AM

Anonymous has left a new comment on your post "လူဟာ မျောက်ကနေ ဖြစ်လာတာပါလား":

မရေးချင်တေါ့ပင်မင့်ရေးရတေါ့မယ်။ အထက်ကတန်ဘိုးရှိတဲ့ ထေါက်ပြမှု့တွေကိုတွေ့လိုက်ပြီး နိုင်ငံလူမျိုးသါသနာအတွက်နဲနဲလေးရင်ပေါ့သွါးတယ်။ မေါင်တင့် ခင်ခင် မေါင်ဇော်မျိုးနဲ့တချို့ပုဂ်ဂို်လ်တွေထေါက်ပြ ထါးတါကိုရှင်းရှင်းလင်းလင်းရှိနေပါရက်နဲ့ကိုယ့်အဆင့်ကိုယ်မမြင်နိုင်တဲ့သူတွေအတွက်ဆက်လက်အချိန်ကုန်မခံတေါ့တါကိုတွေ့ရတယ်။ မောင်ဇော်မျိုးရဲ့နောက်ဆုံးမှတ်ချက်ကိုတွေ့လို့ ၀င်ရေးဘို့ဆုံးဖြတ်လိုက်တယ်။ ဖျက်ချင်လဲဖျက်ထါးချင်လဲထါး။ ဒီဘလေါ့ရေးသူနဲ့ထေါက်ခံသူတွေရဲ့လုပ်ရပ်ကိုတခြားသူတင်ထါးတဲ့ပို့စ်တွေနှဲ့ကွန်မန့်ရေးသူတွေဖြစ်ရပ်ကသက်သေပြပြီးသါးပါ။ မေါင်ဇော်မျိုးပြောတါကိုသဘေါကျလို့ဝင်ရေးရခြင်း ဖြစ်သလိုတယေါက်ဘဲဖတ်မိဖတ်မိ ဒီလိုလူတွေရဲ့အတွင်းသဘေါကိုနဲနဲလေါက်ပဲမြင်သွါးကြရင်အကျိုးရှိပါတယ်။ တေါင်တွင်းကြီးရှင်ဥက်ကဌ ရဲ့လေသံတွေတွေ့ရသလို မကျက်တကျက်နဲ့အန်တရာယ် ပိုများတယ်ဆိုတဲ့သဘေါကိုလဲတွေ့နေရတယ်။ တခြားကိစ်စ်တွေလျစ်လျှူပြုနိင်ပင်မင့်ဘါသါရေးမှာတေါ့ ဗုဒ်ဓဘါသါဝင်တိုင်းမှာတါဝန်ရှိပါတယ်။စစ်မှန်တဲ့သဘေါကိုနားလည်အေါင်ပဲ့ပြင်ပေးဘို့အတွက်၊သို့ပေသိစုန်ကန်မျက်စိမှိတ်ငြင်းနေသူများ မိမိဖတ်ခဲ့ပါသည်ဆိုပြီးစါအုပ်တအုပ်နာမည်မျှမပြောနိင်သူများ။ ငါ့အိမ်ငါ့သဘေါဆိုသည့်သူုတပါးအါးစတင်စွတ်စွဲ နှိမ့်ချတိုက်ခိုက်ခြင်းများအါးလုပ်နေသူကမေါင်ဇော်မျီုးကွန်မန့်ကိုဖျက်ခြင်းအတွက် (ဘါကြောင့်ဖျက်ရသည်ဟုအကြောင်းပြချက်မှာဖျက်သူလက်ထဲတွင်သါရှိသည်)ယခင်ဒါဝင်အကြောင်းရေးခဲ့သည်ကိုပြန်လည်သတိရသဖြင့်ဝင်ရေးရသည်။ အထက်ကတန်ဘိုးရှိသည့်ထေါက်ပြချက်များကိုရေးခဲ့သူများကဲ့သို့ဆက်လက်အချိန်ကုန်မခံဘို့အါးလုံးကိုတိုက်တွန်းပါသည်။ လိုအပ်လျင်တေါ့လိုအပ်သလိုဝင်ရအုံးမည်သါဖြစ်သည်။
သါမန်လူသါး

ထိုက်ကေခိုင် has left a new comment on your post "လူဟာ မျောက်ကနေ ဖြစ်လာတာပါလား":
အားလုံးသော မိတ်ဆွေများရှင့်...
ဒီလူနဲ့မျောက်ပြဿနာရဲ့အစဟာ June 29 မှာ ဆရာတော်တင်တဲ့ အမေးအဖြေကို မငယ်နိုင်က ထပ်မံ ဖြည့်စွက်ရာကနေ ဖြစ်တာပါ...။ ဆရာတော်က လက်မခံဘူးလို့ ရှင်းရှင်းမိန့်ခဲ့တာကို မငယ်နိုင်က မငယ်နိုင်ရဲ့ ဘလော့ဂ်မှာ ပို့စ်အဖြစ်တင်ခဲ့ပါတယ်.. ကာယကံရှင်က လက်မခံဘူးဆိုတာကို မငယ်နိုင်က အဲလိုတင်လိုက်တည်းက မှားသွားပါတယ်... ဆန္ဒရှိရင် ဇီဝသိပ္ပံချည်းပဲ သက်သက်ကို မငယ်နိုင်ဘလော့ဂ်မှာ တင်နိုင်ပါတယ်.. ဒါကို ဆရာတော်ရေးသားထားတာကို ဖြည့်စွက်ပါတယ်ဆိုတာ ဂါရ၀ တရားအရရော မကောင်းပါဘူး မငယ်နိုင်.. ဘုန်းကြီးစာချမယ်ဆိုရင် ဘုန်းကြီးစာလည်း တတ်ထားသင့်ပါတယ်... ဆန်းစစ်တယ်ဆိုရာမှာ လည်း စာဖတ်အသိနဲ့ ဉာဏ်မြင်သိ ကွာပါတယ်.. ဘုရားရဲ့တရားတော်ဟာ ဉာဏ်နဲ့သိမှ နိဗ္ဗာန်ရောက် တာပါ.. ဒါကြောင့် ဆန်းစစ်ရာမှာ ကိုယ့်ဉာဏ်ပိုင်း ဆိုင်ရာကိုလည်း ကျင့်ကြံအားထုတ်ပြီး မြှင့်တင်ထားသူ ဖြစ်သင့်ပါတယ်ရှင်...

ပြီးတော့ မငယ်နိုင်ကို ပုဂ္ဂိုလ်ရေးဝေဖန်ဖို့ရာမှာ ကျွန်မက ငယ်နိုင်ဆိုတဲ့ဘလော့ဂ်ကို တခါလောက်သာ ရောက်ဖူးတာပါ..နောက်ပိုင်း စိတ်မ၀င်စားတာနဲ့မရောက်ဖြစ်ခဲ့တာ အခု ပြဿနာ ကို ဓမ္မမိတ်ဆွေက ပြောမှ သိလို့ ၀င်လာခဲ့ပြီး ရေးခဲ့တာပါရှင်... ဒီလိုနဲ့ ပြောမိရင် မငယ်နိုင်ရဲ့ အရင်ပို့စ်တွေရဲ့ ကွန်မန့်မှာလည်း ဘယ်လိုတုံ့ပြန်ခဲ့ ကြောင်းသိရပြီး မရေးတော့ဘူးဆိုပြီး နေလိုက်တာပါ.. ဒါပေမဲ့ အခုကျတော့ ၀င်ဖတ်ကြည့် ပါဦးတော့မှ ဖတ်တော့ အခြားကွန်မန့် ပေးသူတွေကမှ ပုဂ္ဂိုလ်ရေးဘက်လိုက် သွားတာတွေ မြင်လိုက်ရတဲ့ အခါ ကျွန်မ ရေးရတော့မှာပေါ့.. ကျွန်မတို့ဟာ ဘာသာရေးအတွက် ပြောဆိုတာပါ... ဘယ်သူ့ကြောင့်မှ ၀င်ပြီးထောက်ခံတာ ရေးတာ မဟုတ်ပါဘူး.. မုန်းတီးမှု ရှိရအောင်လည်း ဘယ်သူမှန်း မသိပါဘူး..ကွန်မန့်ရေးသူတွေကို လည်း ကျွန်မမေတ္တာရပ်ခံတာပါ.. ကျွန်မတို့က ပထမအမှားဖြစ်တဲ့ ဘုန်းကြီးစာချမှုကို ထောက်ပြရင်း ဘုရားဟောတာ ၁၀၀ရာခိုင်နှုန်းမမှန်ဘူးဆိုတာကို ကျွန်မတို့ ထောက်ပြခဲ့တာပါ.. ဒီ့အတွက် ဒေါသသံလေးတွေ ပါကောင်းပါ ပါလိမ့်မယ်... ဂရုဏာဒေါသ လို့ပဲ ကျွန်မထင်ပါတယ်.. ဒါကတော့ အကောင်းမြင်လို့လည်း ရသလို အဆိုးမြင်လို့လည်း ရတာကိုးနော်..

ကျွန်မတို့အားလုံးဟာ အချက်အလက်နဲ့ ထောက်ပြ ကြတယ်.. အကျိုးအကြောင်းနဲ့ ထောက်ပြကြ တယ်.. မှားနေတယ်လို့ ထောက်ပြကြတယ်.. ဒါကိုမှ မဟုတ်ဘဲ လူပုဂ္ဂိုလ်ခင်မင်မှု မုန်းတီးမှုနဲ့ ပြောတာမျိုးကတော့ မကောင်းပါဘူးရှင်...
ကျွန်မ ထိုက်ကေခိုင် ပြောခဲ့သမျှ စေတနာမေတ္တာ သန့်သန့်ဆိုတာ ကျွန်မ လိပ်ပြာသန့်ပါတယ်..

နန်းထိုက်ကေခိုင်






Posted by ထိုက်ကေခိုင် to Nge Naing at July 7, 2010 2:31 AM

Anonymous has left a new comment on your post "လူဟာ မျောက်ကနေ ဖြစ်လာတာပါလား":
မငယ်ရှင့်

ကျွန်မက မငယ်ရဲ့ ဘလော့ပါ ဆောင်းပါးတွေကို ဖတ်ပြီး ကွန်.မန်.တော့ ၀င်ရေးလေ့ မရှိပါဘူး ။

မငယ် ရဲ့ ဆောင်းပါးတွေ ဖတ်ပြီး မငယ် က အလုပ်တစ်ဖက် ၊ ကျောင်းတစ်ဖက် ၊ မိသားစု ကိစ္စတွေအပြင် ဗဟုသုတ ဆောင်းပါတွေ ရေးနေလို. ပိုပြီးလို. တောင် လေးစားပါတယ်၊ မခင်ခင် ရဲ့ ကွန်.မန်.တွေ က ကောင်းပါတယ် ၊ သူလည်း အမလိုပဲ ဗုဒ္ဓဘာသာ ကိုင်းရှိင်းတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်တဲ့အပြင် သူရေးတဲ့ ကွန်.မန်.က ဘယ်သူ.ကို မှ မထိခိုက်ပါဘူး ကျွန်မ ပြောချင်တာ က ကျွန်မ လေးစားတဲ့ အမတို. နှစ်ယောက်ကြားမှာ ခင်ခင်မင်မင် နဲ. နောက်ပိုင်း ပို.စ်တွေ မှာ ပွင့်ပွင့်လင်းလင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်နိုင်မယ်လို. မျှော်လင့်ပါတယ် ။

ကလျာ တို.လို အမျိုးသမီးဆိုရင် ကျွန်မ ဘာမှ ၀င်ပြီးဆွေးနွေးမယ် မထင်ပါဘူး အွန်. xxx ဗုဒ္ဓဘာသာလည်းဆိုသေးတယ် သုံးတဲ့အသုံးအနှုန်းက ရပ်ကွက်ထဲ မှာ ငါးရောင်းတဲ့ အဒေါ်ကြီးတွေက မှ သူ.ထက် ပိုပြီးလို.တောင်ယဉ်ကျေးသေးတယ် ၊ -အားလူး ကက်တလစ်ဘကြမ်း ရဲ့ ညီမများလား မသိဘူး-

နာမည်ကလဲ ကလျာတဲ့ ၊ ကြည်ပြာတို. ဖြူပြာတို. နာမည်တွေအတိုင်းပဲ ၊ သိတယ်မဟုတ်လား ?

ဒီကြားတဲ့ ကိုကိုစန်း ဆိုတဲ့ သူက ဗုဒ္ဓရဲ့ ဟိုဥစ္စာကို နှိုင်းထားတာများ ဓါးအိမ် ၊ ဓါးအိတ် တွေရော ရှုတ်နေတာပဲ ၊ တော်တော် ရယ်ရတယ် ၊ ဟုတ်လား ၊ မဟုတ်လားတော့ မသိဖူး ၊ စာအုပ်ရှာတာနဲ. ခြေရာတောင်ခံလို. မရတော့ဖူး ၊

tint ဆိုတဲ့သူကလည်း အဘိဓမ္မ ၊ ကျမ်းဂန်စာအုပ်အမည်တွေ ရွတ်ပြနေမဲ့ အစား နည်းနည်းလောက်ရှင်းပြရင် ကျွန်မတို.လည်း ဗဟုသုတရတာပေါ့ ၊ ကျွန်မထင်တာကတော့ " အပလာကြီး " ထင်ပါတယ်

ကိုကျော်ထင် ရဲ့ ၀င်ပြီးတော့ ဖြန်.ဖြေတဲ့ ကွန်.မန်.လေးတော့ ကြိုက်တယ် ၊

ဇော်မျိုး တစ်ယောက်ကတော့ ဘလော့ဂါတိုင်း ရဲ့ အော့ကြောလန်ဆိုတော့ ခွင့်လွှတ်လိုက်ပါ ။

ဒီကြားထဲ သာမန်လူလား -abnormal-လားတော့ မသိဖူး တစ်ရေးနိုးပြီး ထအော်နေတယ် ၊ ကြည့်ရတာ ဘာသာရေးအကြောင်း ဘာမှ သိပုံမပေါ်ပါဘူး ၊ အမကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးနေပုံ ပေါ်ပါတယ် ။

အမရယ် အဲဒီ့လို ဆန်.ကျင့်ဘက်တွေရဲ့ အနှောက့်အယှက်တွေ ကို စဉ်းစားနေမယ်ဆိုရင် ကိုယ်မှန်တာ ကိုယ်ကောင်းတာတွေကို ဘာကိုမှ လုပ်လို.ရမယ် မထင်ဘူး ။ မနာလိုသူတွေကတော့ ဒီလိုပါပဲ ။

ကျွန်မက ကွန်.မန်. ကို တစ်ခါတစ်လေမှ ရေးဖြစ်တော့ အမှားပါလည်း ခွင့်လွှတ်ပါ -စာလုံးပေါင်းကို ပြောတာနော် ။

ကျွန်မကတော့ အမကို အမြဲလေးစားပြီး အမရေးတဲ့ ပို.စ်တွေကို မျှော်နေပါ့မယ်

ခင်တဲ့

ရွှေပု

ကျိုင်းတုံ

ထိုက်ကေခိုင် has left a new comment on your post "လူဟာ မျောက်ကနေ ဖြစ်လာတာပါလား":

ပြဿနာရဲ့မူရင်းအစဟာ ဆရာတော်ဦးကောဝိဒ ဆီက အမေးအဖြေမှာ ဆရာတော်က မေးသူရဲ့ အမေးကို ဖြေကြားပေးခဲ့ပါတယ်... ဒါကို မငယ်နိုင်က ထပ်မံဖြည့်စွက်လိုက်တဲ့အခါမှာ ဆရာတော်က လုံးဝ လက်မခံနိုင်ဘူးလို့ ပြောပါတယ်... ဒီမှာ အဖြေက ရှင်းနေပါပြီ.. ဒါကို မငယ်နိုင်က လက်မခံရကောင်းလားဆိုပြီး ဆရာတော်ကို ထပ်ရေးခဲ့ပြီး ကိုယ်တိုင်လည်း ကိုယ့်ဘလော့ဂ်မှာ တင်ခဲ့ပါတယ်.. ဆရာတော်ရဲ့ ပို့စ်က June 29 ရက်နေ့ကဖြစ်ပြီး မငယ်နိုင်ကတော့ ၃၀ရက်နေ့မှာ ဒီပို့စ်ကို တင်ခဲ့တာပါ...

ဒီတော့ကာ မငယ်နိုင်.. ကျွန်မတို့တွေ ပြောတာက ဘုန်းကြီးကို စာချမယ်ဆိုလည်း သံဗျင်မင်းသမီး လောက် တတ်ပါသလား.. မဝေဖန် မဆန်းစစ် ရဘူးလို့ ကျွန်မတို့က မပြောပါဘူးရှင်.. ဝေဖန်ပါ.. ဆန်းစစ်ပါ... ဒါပေမဲ့ ကိုယ့်ဉာဏ်နဲ့ ဆန်းစစ်ပါ.. ဆိုလိုတာက ရုပ်ပိုင်းဆိုင်ရာတွေ့ရှိ ချက်တခုနဲ့ ဘုရားဟောကို ဆန်းစစ်လို့ ဝေဖန်လို့ မရသေးပါဘူး မငယ်နိုင်... ထပ်မံပြီး ပြောရမယ် ဆိုရင် မငယ်နိုင်တို့ ကျွန်မတို့ဟာ အသိဉာဏ်ပိုင်း ဆိုင်ရာ ဘုရားရှင်အလိုတော်အတိုင်း မရှိသေးပါဘူး.. ဆန်းစစ်တယ်ဆိုရာမှာ ကိုယ်ရောက်တဲ့ ကိုယ်ရပြီးတဲ့ ဉာဏ်နဲ့ယှဉ်လို့ ဆန်းစစ်ရပါတယ် မငယ်နိုင်... မငယ်နိုင်ကို အားလုံး ထောက်ပြကြတာက ဘုန်းကြီးစာချတဲ့ကိစ္စပါ... တဖြေးဖြေးနဲ့ ဘုရား ဟော တရားတော် ၁၀၀% မမှန်ဘူးဆိုတာပါ ပါလာတော့.. ဗုဒ္ဓဘာသာဝင်စစ်စစ်တို့ဟာ ဘယ်ငြိမ်ခံတော့မလဲရှင်... မငယ်နိုင်လည်းပဲ စာဖတ်ရှုအားရှိပါလိမ့်မယ်... ဒါပေမဲ့ ဖတ်ရုံအသိနဲ့ ဆန်းစစ်တာမျိုးမဟုတ်ဘဲ ကျင့်လို့ရတဲ့ အသိနဲ့ ဆန်းစစ်ရမှာပါ... ဓါတ်ခွဲခန်းမှာ ရှာဖွေတွေ့ရှိသမျှ ဟာ မှန်ပါတယ်.. ဒါပေမဲ့ ပြီးပြည့်စုံတဲ့ မှန်ကန်မှု မဟုတ်သေးပါဘူး.. ကြားထဲမှာလည်း ကျွန်မ တွေ့မြင်ရသလောက် မငယ်နိုင်ကို ရိုင်းရိုင်းပြောထား တာ မရှိပါဘူး.. ကျွန်မလည်းပဲ မပြောခဲ့ပါဘူး... စေတနာနဲ့ မေတ္တာပဲ ရှိပါတယ် မငယ်နိုင်...

ကြားထဲမှာ သေသေချာချာ ဇစ်မြစ်ကို မသိဘဲ ကွန်မန့်ဝင်ပေးသူများကိုလည်း မေတ္တာရပ်ခံချင်ပါတယ်... ကွန်မန့်ရေးသူကို ငါးစိမ်းသည်နဲ့နှိုင်းတယ်ဆိုတာ အဲဒီ့သူရဲ့ အကျင့်သီလဟာ အမတို့ထင်သလို မဟုတ်ဘူးဆိုရင် အမတို့အတွက် မကောင်းပါဘူး.. နောက်တခုက မငယ်နိုင်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက် တယ်လို့ ဆို၇င်အောင် ဒီကိစ္စမပေါ်ခင်မှာ ကြားဖူး ပေမဲ့ ကျွန်မစိတ်မ၀င်စားတဲ့အပိုင်းဖြစ်နေလို့ တခါမှ မရောက်ဖူးပါဘူး.. ဒီအကြောင်းကို ဓမ္မမိတ်ဆွေတယောက်ဆီက ကြားသိပြီးမှ ၀င်ရေးဖြစ်ပြီး နောက်ပိုင်း မိတ်ဆွေတွေနဲ့ ပြောဖြစ် ရာက မငယ်နိုင်ရဲ့ အရင်ပို့စ်တွေနဲ့ ပတ်သက်တာ ကိုပါ သိခဲ့ရလို့. ကျွန်မ မရေးတော့ဘူးလို့ ဆုံးဖြတ် ပါတယ်.. ဒီနေ့တော့ ကျွန်မကို ဓမ္မမိတ်ဆွေက ပြောပြန်ပါတယ်.. သူများတွေကို ငါးစိမ်းသည်လို့တောင် နှိုင်းနေကြပြီဆိုတော့ကာ ကျွန်မ လက်လှမ်းမီသလောက်လေး.... ၀င်ရောက် ပြောဆိုခြင်းဖြစ်ပါတယ်...။



Posted by ထိုက်ကေခိုင် to Nge Naing at July 7, 2010 2:05 AM

Anonymous has left a new comment on your post "လူဟာ မျောက်ကနေ ဖြစ်လာတာပါလား":

မထိုက်ကေကိုင် ရှင့်

ကျွန်မ က ငါးစိမ်းသည် နှင့် နှိုင်းတာ မဟုတ်ပါ ။ ငါးရောင်းတဲ့ အဒေါ်ကြီးလို. ပြောတာပါ - just being nice-

ငါးဆိုတာ ငါးခြောက်လည်း ဖြစ်နိုင်ပါတယ် ။ စာဖတ်ရင် သေသေချာချာ ဖတ်ပါရှင့် ။

ရှင်တို.က ကွန်.မန်.တွေကို သိပ်ရေးချင်တာနဲ. ရေးထားတဲ့ စာကိုသေသေချာချာ မဖတ်ပဲ စွတ်ပြီး ဝေဖန်ကြတော့ အချင်းချင်း နားလည်မူ လွဲကုန်တာပေါ့ ။


ရွှေပု

ကျိုင်းတုံ

Posted by Anonymous to Nge Naing at July 6, 2010 11:59 PM

ပျက်သွားတဲ့မှတ်ချက်တွေကို ကျွန်မ ပြန်ထည့်ထားပေးပါတယ်။ နောက်ထပ်ဆက်ဆွေးနွေးချင်သူတွေကို မလိုအပ်တဲ့ စကားလုံးတွေမပါစေဘဲ အကြောင်းအရာတွေကိုပဲ ဆွေးနွေးဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။ တခြားမှတ်ချက်တွေကို ကျွန်မ အထွေအထူး အကြောင်းပြန်စရာ မရှိပေမဲ့ ထိုက်ကေခိုင်ရဲ့ မှတ်ချက်ကို ကျွန်မ မနက်ဖြန် အချိန်ရရချင်း အကြောင်းပြန်ပေးမယ်။ အဲဒီအထဲမှာ ဆွေးနွေးခဲ့တာနဲ့ မပတ်သက်တာနှစ်ခုကို တွေ့ရတယ်။ ကျွန်မပြန်ဆွေးနွေးခဲ့တာ ဒါဝင်သီအိုရီနဲ့ ဘုရားဟောကို နှစ်ခုလုံး လက်ခံတယ်ဆိုတာကို ဘုရားဟောဆိုလည်း ဘုရားဟော၊ ဒါဝင်သီအိုရီဆိုလည်း ဒါဝင်သီအိုရီ တခုပဲ လက်ခံရမယ်လို့ ပြောလာတဲ့အတွက် ပြန်ဆွေးနွေးရာက စခဲ့ပါတယ်။ ဒါပေမဲ့ အခု ထိုက်ကေခိုင် ဆွေးနွေးထားတာက ကျွန်မအဓိက ပြန်ဆွေးနွေးခဲ့တဲ့ အချက်နဲ့ လုံဝမပတ်သက်တဲ့ ဘုန်းကြီးကို စာချတဲ့အကြာင်းဆိုတာနဲ့ ကျွန်မက ဘုရားဟောကို ၁၀၀% မယုံတဲ့အကြောင်း Agenda နှစ်ခု အသစ် ထပ်တိုးလာတယ်။ ဒါကို မနက်ဖြန် ပြန်ဆွေးနွေးပေးမှာ ဖြစ်တယ်။ အပေါ်က နှစ်ခုစလုံးကို ဘာကြောင့်လက်ခံရ တယ်ဆိုတဲ့အကြေင်းကတော့ ဥပမာလည်း သုံးခုတောင် ပေးပြီးပြီ ဖြစ်တဲ့အတွက် ပြီးသွားပါပြီ ထပ်ဆွေးနွေးဖို့ မရှိတော့ဘူး။ မှတ်ချက်တွေ အခုလို ကမောက်ကမ ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။

Please see following article (Myanmar version) in Geolfriends :
ပရိုင်းမိတ်သစ်က အာရှရင်းမြစ်အဆိုကို ညွှန်ပြခြင်း
(http://www.geolfriends.com/?p=1132#more-1132)

Best Wishes to All,

"Science without religion is lame, religion without science is blind."
အိုင်စတိုင်းရဲ့ ထင်မြင်ချက်လေးပါ။ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး သူက ကမ္ဘာကျော်ဆိုတော့  သူ့ ရဲ့ ထင်မြင်ချက်လေး ကိုဖေါ်ပြလိုက်တဲ့ သဘောပါ။

ဒီမှတ်ချက်က ထိုက်ကေခိုင်က ကျွန်မပြေတဲ့ စကားတွေကို ဘုရားဟောတာ ၁၀၀% မမှန်ဘူးလို့ စာသေချာမဖတ်ဘဲ ယုံကြည်နေတဲ့အချက်နဲ့ ဘုန်းကြီးကို စာချတယ်ဆိုတဲ့ အချက်ကို ပြန်ဆွေးနွေးတာ ဖြစ်တယ်။ မဆွးနွေးခင် အကျဉ်းချုပ်လေးကို နည်းနည်း ရှင်းအောင် နည်းနည်း ပြန်ပြောပါရစေ။ ကျွန်မ ဒီပို့စ်နဲ့ ပတ်သက်ပြီး ပထမဦးဆုံး ပြန်ဆွေးနွေးတဲ့ မှတ်ချက်မှာ ကျွန်မကို အယူမှားနေတယ် ဒါဝင်သီအိုရီကို လက်ခံရင် ဘုရားဟောကို ဆန့်ကျင်ရာရောက်တယ်လို့ ပြောတာကိုပဲ ပြန်ဖြေရှင်းတဲ့အနေနဲ့ နှစ်ခုစလုံးကို လက်ခံတာ အယူမှားခြင်း မဟုတ်ဘူးဆိုတာနဲ့ပဲ ပြန်ဆွေးခဲ့ပါတယ်။ ကျန်တဲ့သူတွေကလည်း အထူးသဖြင့် မခင်ခင်ပါ။ သူဆွေးနွေးတာ လောကုတ္တရာပိုင်း ဆွေးနွေးထားတာ ကျွန်မလည်းဗုဒ္ဓဘာသာ တယောက်ဖြစ်တဲ့အတွက် ဘာမှ ငြင်းစရာမရှိပါဘူး။ ကျွန်မလည်း ဘာတခုမှ မငြင်းခဲ့ပါဘူး ကျွန်မလက်မခံခဲ့ပါတယ်။ ကျွန်မ နှစ်ခုစလုံးကို လက်ခံတာကို အယူမှားတယ်လို့ ပြောတဲ့အချက်ကို ဆက်လက်ဆွေးနွေးရင်းနဲ့ အခုလောက်ထိ ရှည်လာတယ်။ လာပြောတဲ့သူတွေဟာ ဘယ်လောက်ယဉ်ကျေးပြီး စေတနာ ဘယ်လောက်ပါကြတယ် ဘုရားဟောထားတဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နူးညံ့သိမ်မွေ့မှု အပြုမူ အကျင့်အကြံ ဘယ်လောက်ရှိကြတယ်ဆိုတာ မှတ်ချက်တွေကို အတ္တကင်းကင်းနဲ့ ဘေးလူတယောက် ၀င်ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ ဗုဒ္ဓဘာသာရော သိပ္ပံရော နှစ်ခုစလုံးကို လက်ခံတာ ဗုဒ္ဓဘာသာဟာ သိပ္ပံနည်းကျလို့ ဖြစ်ကြောင်းနဲ့ ကျွန်မ ဘာကြောင့် လက်ခံရတယ်ဆိုတာ ဥပမာသုံးခုပေးပြီး ရှင်းပြခဲ့ပါတယ်။ ဒါကို ကောင်းကောင်းမွန်မွန် ပြန်မဆွေးနွေးကြဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတယ်၊ နာမည်ကြီးချင်လို့ လုပ်တယ်၊ ဘာမှမသိဘဲနဲ့ မပြောနဲ့၊ ဘုန်းကြီးကို စာချတယ်။ ရှက်ပြီးသေလိုက်၊ ဖြုတ်လောက်ဦးနှာက်နဲ့၊ ဘလော့ဂါအတွက် ပြောနေတာမဟုတ် တခြားဖတ်မိသူတွေ အယူမှားမှာစိုးလို့ ပြောနေတာ စသည်စသည် အမျိုးမျိုး လာပြီး ခဲနဲ့ပေါက်သလို လာလုပ်ကြပါတယ်။ လာပြောတဲ့သူတွေက တခြားသူတွေ ကျွန်မစာကိုဖတ်ရင် အယူမှားကုန်မှာစိုးလို့ ဗုဒ္ဓသာသနာအတွက် စေတနာနဲ့ ပြောတယ်ဘယ်လိုပဲ ပြောပြော ဒီလို စရိုက်နဲ့ လာပြောတဲ့သူတွေဟာ ဗုဒ္ဓဘာသာကို ယုံတယ်လို့ ဘယ်လိုပဲ ပြောနေပြောနေ အပြုအမူ အကျင့်စရိုက်တွေနဲ့ စိတ်နေစိတ်ထားတွေက ဗုဒ္ဓဘာသာမဆန်ဘူးဆိုတာ သက်သေပြနေပါတယ်။ဗုဒ္ဓဆုံးမထားတဲ့ အပြုအမူမပြောအဆိုနဲ့ မကိုက်ညီဘဲ လာပြောနေကြတာဟာ ဗုဒ္ဓဘာသာကို မြှင့်တင်ရာ မရောက်ဘဲ ဆွဲချရာ ရောက်နေပါတယ်ဆိုတာ Emotionတွေ၊ ဒေါသမာန်မာနတွေ အပြည့်နဲ့ လာပြောနေကြတဲ့သူတွေ သိသင့်ပါတယ်။ မိတ်ဆွေတို့ရဲ့ အပြုအမူတွေကိုကြည့်ပြီး ဘယ်သူမှ နားဝင်မှာ မဟုတ်တဲ့အပြင် ကောင်းတဲ့အချက်လေးတွေ ပါနေတာကိုတောင်မှ ကြွက်ချေးရောနေတဲ့ ဆွမ်းဆန်လို သဘောထားပြီး မိတ်ဆွေတို့လို လူတွေကလွဲပြီး တခြား ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။ ကျွန်မလည်း ဒီအတိုင်းပဲ ကျွန်မကို ကောင်းကောင်း အချက်နဲ့အလက်နဲ့ ကောင်းကောင်း ဆွေးနွေးခဲ့တာကိုပဲ ကျွန်မ ပြန်ဆွေးနွေးပါတယ်။ ကျန်တာ စရိုက်ကြမ်းကြမ်းနဲ့ ပစ်ပေါက်လာတဲ့ စကားလုံးတွေကို ကျွန်မခေါင်းထဲမထည့်ခဲ့ဘူး။ ဒါက အပေါ်မှာ ပြီးသွားတဲ့ အပိုင်းပါ။

အခု ထိုက်ကေခိုင်က ဘုရားဟောတဲ့ တရားဟာ ၁၀၀% မမှန်ဘူးလို့ ကျွန်မက ပြောတယ်ဆိုပြီး စွပ်စွဲပြန်တယ်။ မဟုတ်ဘဲနဲ့ ဟုတ်တယ်၊ မပြောဘဲနဲ့ ပြောတယ်လို့ ပြောရင် စွပ်စွဲတယ်လို့ ခေါ်တယ်ဆိုတာ လူတိုင်း သိပါလိမ့်မယ်။ မထိုက်ကေခိုင်ကို သိထားစေချင်တာက ကျွန်မဟာလည်း မထိုက်ကေခိုင်တို့လို မြတ်စွာဘုရားကို သဗ္ပညုတ ဥာဏ်တော်ရှင်ဆိုတာ လက်ခံတဲ့ အတွက် ဘုရားဟောခဲ့တဲ့ တရားတွေကို ၁၀၀% မှန်တယ်ဆိုတာ လက်ခံပြီးသား ဖြစ်တဲ့ ဗုဒ္ဓအဆုံးအမအတိုင်း ပြုမူကျင့်ကြံပြီး ဘ၀ခရီးကို သွားနေတဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ် တယောက် ဖြစ်ပါတယ်။ ကွာတာက မိတ်ဆွေတို့က ဘုရားဟောဆိုပြီး မလေ့လာဘဲ (သို့) ကိုယ့်ထက်သိတဲ့သူတွေ ပြောလို့ဆိုပြီး ယုံတယ် ကျွန်မက ဘုရားဟောအပါအ၀င် ဘာမဆိုကို ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှ ယုံတတ်တယ် ဒါပဲကွာတယ်။ ဒီတော့ ဘာသာတိုင်းမှာ ၁၀၀% လုံးလုံး မမှန်နိုင်ဘူးလို့ ပြောတာကို ဘုရားဟောတာ ၁၀၀% လုံးမမှန်ဘူးလို့ ကျွန်မက ပြောတယ်ဆိုပြီး လုပ်ပြောတာကို ကျွန်မက စွပ်စွဲတယ်လို့ပဲ သတ်မှတ်ရလိမ့်မယ်။ ပိဋကတ်သုံးပုံမှာ ၁၀၀% လုံး ဘုရားဟောထား မဖြစ်နိုင်ဘူး ပြောတာကို ဘုရားဟော တရားတွေဟာ ၁၀၀% မမှန်ဘူး ဆိုတာနဲ့ အဓိပ္ပါယ်က လုံးဝကွာပါတယ်ဆိုတာ မြန်မာစာကို နားလည်သူတိုင်း ကောင်းကောင်း သဘောပေါက်ပါတယ်။ ကျွန်မ မဖတ်ရသေးတဲ့ စာအုပ်တအုပ် (သို့) ဆောင်းပါးတပုဒ်ကို ဘာရေးထားမှန်းမသိဘဲနဲ့ ဘယ်လိုမှ Analysis လုပ်လို့ မဖြစ်နိုင်သလို ပိဋကတ်သုံးပုံထဲက ကျွန်မမလေ့လာရသေးလို့ မသိသေးတဲ့ အကြောင်းအရာတွေကိုလည်း ဒီလိုပါပဲလို့ ဥပမာပေးထားပြီးဖြစ်ပါတယ်။ ဒါကလည်း အကုန်လုံးအသေးစိတ်လေ့လာဖို့လည်း မလိုအပ်ဘူးလို့ ယူဆလို့ ဘုရားဟောတဲ့ အနှစ်ချုပ်သဘောသဘာဝကို နားလည်လက်ခံပြီး နေ့စဉ်ဘ၀တွေကို ဘုရားဟောတာနဲ့အညီ ဗုဒ္ဓဘာသာကောင်းတယောက် နေ့စဉ်ပြုမူကြင့်ကြံ ပြောဆိုနေထိုင်သင့်တဲ့ စံအတိုင်း ပြုမူနေထိုင်ပါတယ်။ လာပြောနေတဲ့သူတွေဟာ ကျွန်မလိုပဲ ဘုရားကို ယုံကြည်ပြီး နေ့စဉ်ဘ၀ဖြတ်သန်းမှုကို ကျွန်မလိုပဲ ဘုရားဟောတဲ့အတိုင်း ပြုမူပြောဆိုနေထိုင်သူတွေ ကြရင် ပါးစပ်က ခဲလုံးနဲ့ ပစ်ပေါက်သလို စကားတွေ ဘယ်အနည်းနဲ့မှ ထွက်လာနိုင်စရာအကြောင်း မရှိဘူးလို့ ယုံကြည်တာတော့ အမှန်ပဲ။ ဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ ဒီလိုပဲ လက်ခံထားလို့ ဒီလိုပဲ ပြောတာဖြစ်တယ်။ ဘုရားဟောတာ မမှန်ဘူးလို့ ကျွန်မ မပြောဘူးဆိုတာ သဘောပေါက်ကြပါ။ ဆက်ပြီးပြောရင်တော့ ဒါထပ်ပြီးစွပ်စွဲတယ်လို့ သဘောထားပြီး ကျွန်မ ဒါကို ထပ်ရှင်းဖို့မရှိတော့ဘူး။ ကျွန်မ ပြောထားတာ သမာသမတ်ကျတဲ့သူတယောက် ဖတ်ရင် ဘယ်သူမဆို နားလည်နိုင်တဲ့ စကားတွေသာဖြစ်တယ်။ နေရင်းထိုင်ရင်း အထင်မြင်လွဲနေရင်တော့ ဘယ်လိုမှ ဖြေရှင်းလို့ ပြီးနိုင်မှာ မဟုတ်လို့ သတ်မှတ်ရလိမ့်မယ်။

အခုနောက်ပိုင်း ထိုက်ကေခိုင်ရဲ့ မှတ်ချက်မှာ ပါတဲ့ အကြောင်းအရာတွေက နှစ်ခုစလုံး လက်ခံတာကို အယူမှားနေတယ် ထင်တာ မဟုတ်တော့ဘဲ ကျွန်မ ဘုန်းကြီးကို စာချတယ်ဆိုတာက အဓိကဖြစ်နေပါတယ်။ ကျွန်မ အရင်မှတ်ချက်တွေမှာ ပြန်မရှင်းရသေးဘူး။ ထိုက်ကေခိုင်ရဲ့ အခုဒီမှတ်ချက်မှာမှ ဒီ message ကို ကျွန်မ ရပါတယ်။ အရင်ပုဆိတ်ပေါက် ပေါက်တူးပေါက် လာပေါက်ပြီး ပြောတဲ့အချိန်က ဒီ message က ကျွန်မ ခေါင်းထဲအထိ မရောက်ဘူး။ ဒါကြောင့် အခုမှ ကျွန်မက ဘုန်းကြီးကို စာချတာ မဟုတ်ဘူးဆိုတာ ထပ်ရှင်းစရာ ပေါ်လာပါတယ်။ မနန်းထိုက်ကေခိုင်တို့ ထင်သလို ကျွန်မက ဘုန်းကြီးကိုစာချတာ မဟုတ်ဘူး။ ကျွန်မ Link ထားတဲ့ ဘာသာရေး site တွေအတော်များများမှာ ဖတ်ပြီး ကျွန်မ မကြာခဏ မှတ်ချက်ဝင်ပေးတတ်ပါတယ်။ ဆရာတော် ဦးကောဝိဒရဲ့ တခြားပို့စ်တွေမှာလည်း ကျွန်မ မှတ်ချက်ပေးတာ ရှိပါတယ်။ ပေးတဲ့အကြောင်းအရာ မတူလို့ အခုလို ဖြစ်သွားတယ်လို့ ကျွန်မထင်တယ်။ ဒီမှတ်ချက်ကို ပေးရာမှာ မေးထားတဲ့ မေးခွန်းကလည်း လူဟာ မျောက်က ဆင်းသက်လာတာလား ဆိုတဲ့ ဒါဝင်သီအိုရီကို ရည်ညွှန်းတဲ့ (ကိုယ်စားမပြုပါ) ဆိုတာပါလို့ ကျွန်မသိထားတာကို သိပ္ပံဘက်ကနေ၀င်ပြီး မျှဝေတာသာ မှတ်ချက်ပေးတိုင်း မိမိလက်ခံသည့်အကြောင်းအရာ ဖြစ်စေ၊ လက်မခံသည့်အကြောင်းအရာ ဖြစ်စေ၊ အပြုသဘောပါမှပဲ ကျွန်မ မှတ်ချက်ပေးတတ်ပါတယ်။ အခုပေးခဲ့တဲ့ မှတ်ချက်ဟာလည်း အပြုသဘောနဲ့ပဲ ဖြစ်တယ်။ ဒါဟာ ဘုန်းကြီးဘလော့ဂ်ပဲဖြစ်ဖြစ် လူဘလော့ဂ်ပဲဖြစ်ဖြစ် မှတ်ချက်ရေးပြီး မိမိသိတာကို မျှဝေတာဟာဟာ ဘလော့ဂ်တွေမှာ လုပ်လေ့လုပ်ထရှိတဲ့ ထုံးစံပါပဲ သာမန်ထက် ဘာမှ ပိုမသွားဘူး။ ကျွန်မဘာသာရေးပို့စ်တွေ ပြန်ဖေါ်ပြတတ်တာလည်း ဒါလုပ်နေကျပဲ မယုံရင် ကျွန်မဘလော့ဂ်က ဘာသာရေးလို့ ရေးထားတဲ့ Label ကို နှိပ်ပြီး ပို့စ်တွေကို လေ့လာကြည့်ပါ ကိုယ်တိုင်ရေးတာထက် ပြန်ဖေါ်ပြတဲ့ ပို့စ်တွေပဲ များပါတယ်။ ပြန်ဖေါ်ပြတဲ့အထဲမှာ ဆရာတော်ဘလော့ဂ်က တခြားပို့စ်တွေလည်း ရှိပါတယ်။ တခြားဘာသာရေးဘလော့ဂ်က ကောင်းနိုးရာရာလေးတွေလည်း ရှိပါတယ်။ တချက်လောက် Skim read လုပ်ကြည့်လိုက်ပါ။ ဒါကြောင့် ပို့စ်တွေကို ပြန်ဖေါ်ပြတာလည်း ကျွန်မရဲ့ လုပ်ရိုးလုပ်စဉ်တခုဖြစ်တယ်။ ပြန်ဖေါ်ပြတဲ့ ပို့စ် ၉၀% ခန့်မှာလည်း ကူးယူလာပြီး ဒီအတိုင်း ဖေါ်ပြလိုက်ကာ ဘယ်က Link ဆိုတာကို ညွန်းထားပေးရုံ သက်သက်မဟုတ်ဘဲ အနည်းဆုံး စာတပိုဒ်ခန့်တော့ ရည်ရွယ်ချက်လေး မိတ်ဆက်လေး၊ ထင်မြင်ချက်လေး ထည့်တတ်ပါတယ်။ ကြည့်ကြည့်ပါ။ ဒီတော့ အခုဒီပို့စ်ကိုလုပ်လိုက်တာလည်း အခုပြောတဲ့အချက်တွေနဲ့ ကွာခြားသွားတာ ဘာတခုမှ မရှိဘူး။
ဆက်ရန်

အဲဒီလို မှတ်ချက်ပေးရာမှာ ကျွန်မ ရေးလိုက်တဲ့ ဖြည့်စွက်တယ်ဆိုတဲ့ စကားက ဘုန်းကြီးဖြေလိုက်တဲ့ ဘာသာရေးအဖြေမှာ လိုအပ်နေလို့ ဖြည့်စွက်တယ်လို့ မိတ်ဆွေတို့က ထင်လိုက်တယ်။ ကျွန်မမှတ်ချက်အပေါ် ဆရာတော်က လက်မခံဘူးလို့ ပြန်ရေးတာ ဒါဝင်သီအိုရီကိုပဲ သူလက်မခံတာဖြစ်တယ် မထိုက်ကေခိုင် ထင်သလို မှတ်ချက်ထည့်တာကို လက်မခံဘူးလို့ ပြောတာမဟုတ်ပါဘူး၊ မှတ်ချက်လာမထည့်နဲ့လို့ ပြောတာမဟုတ်ပါဘူး။ ဒီအပေါ်မှာ ကျွန်မ ပြန်ပြောတဲ့ မှတ်ချက်ကလည်း ရှည်ရှည်ဝေးဝေးမဟုတ်ဘူး လူကမျောက်က ဆင်းသက်လာတယ်ဆိုတာ လက်မခံဘူးဆိုလို့ ဒါဝင်သီအိုရီကလည်း လူဟာ မျောက်ကဆင်းသက်လာတယ်လို့ မပြောထားပါဘူးဆိုတာပဲ ပြန်ရေးခဲ့ပါတယ်။ တခြားဘာမှ အပိုမရေးခဲ့ပါဘူး။ ဖြည့်စွက်တယ်လို့ ရေးလိုက်မိတာက ဒီစကားက ပြဿနာစတယ်ဆိုရင် ဒီစကားကြောင့် ဒီလိုဖြစ်လာရတယ်ဆိုရင် ဒီစကားကို ကျွန်မ ရုပ်သိမ်းပါတယ်။ ကျွန်မဆိုလိုတာ ပို့စ်နဲ့ သက်ဆိုင်နေလို့ မျှဝေတာ ဖြစ်ပါတယ်။ မျှဝေတာကိုလည်း ကြိုက်ပုံမရကြလို့ ကျွန်မထင်တာ ဖြည့်စွက်တယ်လို့ မပြောဘဲ မျှဝေတယ်လို့ ပြောခဲ့ရင်လည်း နားလည်မှုလွဲချင်တဲ့သူကတော့ လွဲမှာပဲလို့ ထင်ပါတယ်။ ဒါကြောင့်မို့ နောက်ထပ်ဆို ဘာသာရေးနဲ့ သိပ္ပံဆက်စပ်တာကို ကျွန်မဘလော့ဂ်မှာပဲ ကျွန်မ တင်တော့မယ်၊ ဆရာတော် ဦးကောဝိဒဘလော့ဂ်မှ မဟုတ်ဘူး ဘယ်ဘုန်းကြီးဘလော့ဂ်မှာမှ သိပ္ပံအကြောင်းကို ယောင်လို့တောင် သွားမရေးတော့ဘူးလို့ အားလုံးကို ကျွန်မကတိပေးပါတယ်။ မိတ်ဆွေတို့ကိုလည်း ကျွန်မမေတ္တာရပ်ခံလိုတာက ဗုဒ္ဓသာသာကို တကယ်မြှင့်တင်လိုလျင် သာသနာရေးအတွက် စကားပြောတဲ့နေရာမှာ သာသနာပြုတဲ့နေရာမှာ သူတပါး တလေးတစား လက်ခံနိုင်လောက်တဲ့ အပြုအမူအပြောအဆိုတွေကို ဘုရားဟောထားတဲ့အတိုင်း ပြုမူကျင့်ကြံပြောဆိုကြဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်သူမှ နားဝင်အောင် တလေးတစား နားထောင်ပေးမှာ မဟုတ်ပါဘူး။





ကျွန်မဟာ ဗုဒ္ဓဘာသာဝင်စစ်စစ် တယောက်အနေနဲ့ လူကိုလူလိုပဲ မြင်ပါတယ်။ ဘုရားသတ်မှတ်ထားတဲ့ သမ္မာအာဇီဝနဲ့ လုပ်စားတဲ့ အလုပ်မှန်သမျှ ကျွန်မမခွဲခြားဘူး။ အဆင့်အတန်းခွဲခြား သတ်မှတ်စရာ မလိုပါဘူး။ ပင်လယ်ထဲမှာ ကိုယ်တိုင် ငါးအရှင်တွေကို ကိုယ်တိုင်သွားဖမ်းတဲ့သူနဲ့ ငါးအရှင်ရောင်းတဲ့ သူတွေပဲ သူတပါး အသက်နဲ့ ရင်းပြီးလုပ်စားတဲ့အတွက် သမ္မာအာဇီဝ မဟုတ်၊ ငါးစိမ်းသည်လည်း ငါးအရှင်လတ်လတ်ကို သတ်ဖြတ်ပြီး ရောင်းနေတာ မဟုတ်ဘဲ ပင်လယ်က သူများဖမ်းလာပြီး သေနေပြီးသားငါးကို ယူရောင်းရင် ငါးစိမ်းသည်ဟာလည်း သမ္မာအာဇိဝ အလုပ်အဖြစ် သတ်မှတ်တယ်။ အဲဒီအတွက် ဘာမှချိုးဖဲ့ပြီး ပြောနေစရာ အကြောင်းမရှိပါဘူး။ စိန်ပုပြောတာကို ကျွန်မ သဘောပေါက်တာက အရပ်ထဲမှာ တွေ့ရတဲ့ ငါးစိမ်းရောင်းတဲ့သူ အတော်များများက စရိုက်ကြမ်းတာ များတော့ တရားနားမလည်ဘူးလို့ ယူဆပြီး ကျွန်မကို တရားလာပြတဲ့ သူတွေရဲ့ စရိုက်ဟာ အခြား အသိပညာ၊ အတတ်ပညာနဲ့ ဗဟုသုတ နည်းလို့ ငါးစိမ်းရောင်းစားရသူတွေတွေရဲ့ စရိုက်လို မဖြစ်သင့်ဘူးလို့ ဆိုလိုကြောင်း ကျွန်မ သဘောပေါက်တယ်။ ငါးစိမ်းရောင်းတဲ့သူတွေဟာ မရှိလို့လုပ်စားသူတွေသာ ဖြစ်လို့ အားလုံးက စရိုက်ကြမ်းချင်မှ ကြမ်းလိမ့်မယ်။ ဒါကြောင့် အခုစတင်ပြောတဲ့ စိန်ပုပဲဖြစ်ဖြစ် လိုက်ပြီးအကျိုးနာတဲ့သူတွေပဲဖြစ်ဖြစ် ကျွန်မဘလော့ဂ်မှာ သူတပါးရဲ့ သမ္မာအာဇိဝနဲ့ လုပ်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တခုကို ချိုးချိုးနှိမ်နှိမ် လာပြောတာ သဘောမကျဘူး။ ကျွန်မတို့ ဗုဒ္ဓဘာသာဟာ အယူသီးတဲ့ ဇာတ်နှိမ့်ဇာတ်မြင့် အဆင့်အတန်း၊ အသားအရောင်၊ လူမျိုးခွဲခြားတတ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဝေနေယျ သတ္တ၀ါတိုင်းကိုအားလုံး တန်းတူ မေတ္တာထားပါတယ်။ ဘုရားကို ယုံကြည်တယ်ဆိုတဲ့သူတွေက လူလူချင်း ဒီလောက်ခွဲခြားနေလို့ မသင့်ပါဘူး။ ပို့စ်နဲ့ မဆိုင်ဘဲနဲ့ မလိုအပ်တာတွေကိုလည်း ဆက်မပြောဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။ ကျွန်မရဲ့ စာကြောင့် အကုသိုလ်စိတ် ၀င်ကြရသူ အားလုံးအတွက် ကျွန်မစိတ်မကောင်းပါဘူး။

ငြင်းခုံထားကြတာတွေကို အကြမ်းဖျင်း ဖတ်လိုက်တယ်။ ပြဿနာက ရှင်းရှင်းလေးပါ။ မငယ်နိုင်က အရာရာကို စဉ်းစားချင့်ချိန်ပြီးမှ ယုံသူ၊ စိတ်သဘော အယူအဆ မတူတတ်တဲ့ သဘောတရားကို လက်ခံထားသူ။ လူတိုင်းမှာ လွတ်လွတ်လပ်လပ် ပြောဆို ယုံကြည်နိုင်ခွင့် ရှိတယ်ဆိုတာ သေချာသိသူ။ တခြားသူတွေက ဘာမှ ကိုယ်ပိုင်ချင့်ချိန် သုံးသပ်မှုမရှိ၊ အဲလို သုံးသပ်ရမယ်ဆိုတဲ့ အသိကိုလည်း မရှိအောင် လုပ်ထားတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာတော့ အဲလို လုပ်ရကောင်းမှန်းလည်း မသိ၊ မျက်ကန်းတယောက်လို ကိုယ်ကိုးကွယ်တဲ့ ဘာသာက ဒီလိုရေးထားတယ်ဆိုရင် ဒီလိုပဲ ဖြစ်ရမယ်ဆိုပြီး တရားသေ မှတ်ယူပြီး ဒီဟာနဲ့ ကွဲလွဲတာ နည်းနည်းလေး လက်မခံနိုင်ဘူး ဆိုတဲ့ အတွေးအခေါ် သိမ်နုတ်တဲ့ ရန်လိုသူတွေပါ။ ဒါတောင် မငယ်နိုင်က သူ ဗုဒ္ဓဘာသာကိုလည်း ၁၀၀ ရာခိုင်နှုန်း လက်ခံပါတယ် သိပ္ပံပညာက ပြောတာလည်း သူလက်ခံနိုင်တယ်လို့ ပြောခဲ့တယ်။ ဗုဒ္ဓပြောတာ လက်မခံပဲ သိပ္ပံပဲ လက်ခံတယ်လို့ ဆိုနေတာ မဟုတ်ဘူး။ ဗုဒ္ဓပြောတာလည်း သူတကယ်ယုံလို့ ယုံတယ်ပြောတာ သူ့မှာ ပြောခွင့် ရှိတယ်။ နှစ်မျိုး မယုံရဘူး တမျိုးပဲယုံပါလို့ ပြောလို့ ဘယ်ရမှာလဲ။ သူ့ယုံကြည်ချက်ကို သူပြောပိုင်ခွင့် ရှိတယ်။ သူ့ဘလော့ဂ်မှာ သူရေးပိုင်ခွင့် ရှိတယ်။ အဲလို ပြောတတ်တာကို တခြားသူတွေ အတုယူရမယ်။ ဘာလို့ဆို ဗမာပြည်မှာ ကြီးပြင်းခဲ့တဲ့ လူတွေက လူကြီးနဲ့ ဆရာသမားပြောရင် ဘာဖြစ်ဖြစ် အမှန်ထင်နေကြလို့ပါ။ ပြီးတော့ သူရေးတဲ့ စာကိုလည်း သေချာ အဓိပ္ပာယ်ပေါက်အောင် မဖတ်ပဲနဲ့ (ဗမာစာပဲ ကောင်းကောင်း မဖတ်တတ်လို့လား) ကိုယ်လိုရာ ဆွဲတွေးပြီး လာငြင်းကြခုံကြတယ်။

အထူးသဖြင့် လူတွေက ဘာသာရေးနဲ့ ပတ်သက်ရင် (ဘယ်ဘာသာ မဆို) သိပ်ကို အထွတ်အမြတ် ထားကြတော့ နည်းနည်းကွဲလွဲမှု ဆိုရင်ပဲ ဆတ်ဆတ်ခါ နာတတ်ကြတယ်။ ဗုဒ္ဓဟာ တန်ခိုးရှင်မဟုတ်ဘူး ဖန်ဆင်းရှင် မဟုတ်ဘူး။ လူသားစစ်စစ် အတွေးအခေါ် ပညာရှင်ကြီးပါ။ သူတွေ့ရှိခဲ့တဲ့ ဘ၀မှာဘယ်သို့ဘယ်ပုံနေထိုင်ရေးလမ်းစဉ် တွေဟာ တော်တော်ကောင်းတယ်။ ဒါကြောင့်လည်း အခုခေတ်အထိ သူ့အတွေးအခေါ်တွေကို လိုက်နာ ကျင့်သုံးနေကြတာပေါ့။ ရှေးဘ၀၊ နောက်ဘ၀၊ ကောင်းကင်မှာ စင်္ကြန်ကြွတာ စတာတွေကိုမိရိုးဖလာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက စိတ်မ၀င်စားပါဘူး။ သူတို့က တကယ်ကျင့်ရင် တကယ်သိတဲ့ လူ့ဘ၀နေထိုင်ရေး လမ်းစဉ်တွေကိုပဲ ကျင့်သုံးကြတာ များပါတယ်။
ဆောရီး မငယ်နိုင် အခွင့်ကြုံလို့ ၀င်ပြောလိုက်ရတာ။ မငယ်နိုင်တို့ ငြင်းနေကြတာတွေနဲ့လည်း ဆက်စပ်မှုတော့ ရှိပါတယ်။ ဖျက်ပစ်ချင်လည်း ဖျက်နိုင်ပါတယ်။ ကျမ အယူအဆကို မငယ်နိုင် သဘောတူချင်မှ တူမယ် ဒါပေမယ့် သူတို့တွေ မငယ်နိုင်ကို အတင်းကာရော ပြန်ပြောတာမျိုးတော့ မငယ်နိုင် ကျမကို မလုပ်ဘူးလို့ ယူဆတယ်။ မငယ်နိုင်က သဘောထား ကွဲလွဲခွင့် ဆိုတာကို လက်ကိုင်ထားတယ် မဟုတ်လား။
စကားမစပ်....ဇွန်၂၀ ရက်နေ့က မငယ်နိုင်တင်ထားတဲ့ စာရဲ့ မှတ်ချက်တွေအပေါ်မှာ ပြန်တုံ့ပြန် ဆွေးနွေးထားတဲ့ မငယ်နိုင်ရဲ့ သဘောထားကို သဘောကျမိတယ်။ အဲလို မြင်နိုင်တဲ့သူ ရှားတယ်နော်။ ဗမာအများစုကတော့ သဘောထား ကျဉ်းမြောင်းတယ်။ ဘာမဟုတ်တဲ့ အချက်ကို သူတို့မို့ အဲလိုတွေးနေတယ်လို့ပဲ မြင်မိတော့တယ်။ အားလုံးကို အမြင်ကျယ်ကျယ် ထားစေချင်ပါတယ်။ ဒါပါပဲ။ ကျမ မငယ်နိုင်ရဲ့ တချို့စာတွေ ၀င်ဖတ်လေ့ ရှိခဲ့ပေမယ့် မှတ်ချက်တခါမှရေးလေ့ မရှိခဲ့ပါ။

မေနန်းဦး

ကျမ အနေနဲ.တော့ လူဘယ်ကဖြစ်လာဖြစ်လာ မငြင်းခုံပါဘူး .. အဓိက က လူဖြစ်လာပြီးနောက် လူ.ကျင့်ဝတ်လိုက်နာဖို. စိတ်ကောင်းထားဖို.ကောင်းတာတွေ လုပ်ဖို.ပဲ မဟုတ်ပါလား....

မငယ်နိုင် ပြောတဲ့ အထဲက လူမှုရေးနဲ့ ပတ်သက်တဲ့  အချက်တစ်ချက် ကိုတော့  လက်ခံတယ်။ အဲ..အထအနတော့ လိုက်မကောက်ပါနဲ့  ဘာသာရေးနဲ့ ပတ်သက် တဲ့ အချက်တွေကို ကျွန်တော် လက်မခံဘူးလက်ခံတယ် မပြောပါ။ အထက်က ရေးသားထားပုံအရဆိုရင် ငါးစိမ်းရောင်းတဲ့ သူတွေကတော်တော်ကြီး အောက်တန်းကျသလိုဖြစ်နေတယ်

သို့
ကိုကိုစန်

ခင်ဗျားအပြောလေးကိုပြန်ကြည့်ပါ။ (ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ နိုင်ငံခြားက ထုတ်တဲ့ စာအုပ်တော်တော်များများအရ ဆိုရင် ဗုဒ္ဓ ရဲ့ မယ်တော်က ဗုဒ္ဓကို နား ကလည်း မွေးတာမဟုတ်ဖူး . . . . ဘုရားကို ဗိုက်ခွဲပြီး မွေးခဲ့တာဖြစ်ပါတယ် ) ။ မြတ်ဗုဒ္ဓကို ခွဲပြီးမွေးခဲ့တဲ့အကြောင်းရေးထားတဲ့ စာအုပ်တွေအများကြီးဖတ်ဖူးတယ်တဲ့။ စာအုပ်နာမည်အားလုံးကို မမှတ်မိဘူးဆိုရင် ကျနော်ဘာမှ မပြောလိုပါဘူး။ အခုဟာ စာအုပ်တစ်အုပ်နာမည်တောင်မပြောနိုင်ပဲ… အားလုံးကို မေ့နေတယ်ဆိုတဲ့ အဖြစ်ကတော့ တော်တော်ကို ရယ်ဖို့ကောင်းပါတယ်။ စာမဖတ်ဖူးတဲ့သူတွေကိုပြောရင်တော့ ယုံပါလိမ့်မယ်။


လေးစားလျက်
ဇော်မျိုး

ကိုဇော်မျိုးတင်တဲ့ မှတ်ချက် ၂ ခုမှာ ဒါပဲ ပို့စ်နဲ့အကျုံးဝင်လို့ ဒါကိုပဲ ထည့်ပေးလိုက်တယ်။ ဒါကိုတောင်မှ ကိုကိုစန်းနဲ့ ပြောလက်စ ရှိနေလို့ ထည့်ပေးလိုက်တာ ဖြစ်တယ်။ ကိုဇော်မျိုး မှတ်ချက်တွေအားလုံးက လမ်းလွဲအောင် လိုက်လုပ်တဲ့ မှတ်ချက်တွေချည်းပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးသန်းရွှေအကြောင်းက ဒီပို့စ်နဲ့ ဘာမှမဆိုင်ဘူး။ ဆိုင်သည့်တိုင်အောင် ကျွန်မကို အကြီးအကျယ် ဒုက္ခလိုက်ပေးပြီး တင်တဲ့ပို့စ်တွေကို လမ်းကြောင်းလွဲအောင် အမြဲလိုက်လုပ်နေတဲ့ ကိုဇော်မျိုးကို ကျွန်မဘလော့ဂ်မှာ လက်မခံဘူးလို့ မှတ်ချက်တွေကတဆင့် အကြိမ်ကြိမ် ကြေညာထားပြီး ဖြစ်ပါတယ်။

သာမန်လူဆိုသူကလည်း တခြားပို့စ်တွေမှာ စစ်တပ်ကောင်းကြောင်း ကျွန်မကို စည်းရုံးတာ ကျွန်မလက်မခံလို့ ကျွန်မကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးပြီး ဒီမှာလာပေါက်ကွဲနေတာ ဖြစ်သလို ဒီပို့စ်နဲ့လည်း ဘာမှအကျုံးမ၀င် အပြုသဘောဆိုပြီး ပြောလိုက်တဲ့စကားကလည်း တဘက်စောင်းနင်း ဒီအတိုင်း ခဲနဲ့ပစ်သလို လာရေးတာကို ကျွန်မ ခေါင်းထဲလည်းမထည့်ဘူး လက်လည်းလက်မခံဘူး။ ဒီနေရာဟာ အဆင့်အတန်းရှိရှိ ဆွေးနွေးတဲ့နေရာသာ ဖြစ်တယ်။ ဒေါ်သ၊ မောဟကြောင့် ဖြစ်ရတဲ့ Emotions တွေကို လာပြီးဖြေချရာ ပေါက်ကွဲရာ နေရာမဟုတ်၊ လာပြီး ရန်ဖြစ်တဲ့နေရာမဟုတ်ဘူး။ အပေါ်မှာ မှားဖျက်ထားတဲ့ တခု ပြန်ထည့်ထားပေးတာတောင် မနည်းကံကောင်းတယ်လို့ သဘောထားပါ။ အပြုသဘောဆိုတာကို နားလည်အောင် အရင်လေ့လာ၊ ပြီးတော့ ဗုဒ္ဓဘာသာဝင်တယောက် ပြုမူပြောဆို ကြင့်ကြံသင့်တဲ့ ဟန်ပန် အမူအရာကို အရင်လေ့လာပြီးမှ ဒီမှာလာရေးပါ သာမန်လူသားရေ ၀မ်းနည်းပါတယ်။

8 Jul 10, 23:05
ကိုကိုစန်း: မငယ်နိုင် နှင့် စာဖတ်သူများအားလုံးအတွက် link ကိုတင်ပေးလိုက်ပါတယ် ၊
8 Jul 10, 23:06
ကိုကိုစန်း: www.dhammaweb.net/books/Narada_buddh
8 Jul 10, 23:09
ကိုကိုစန်း: http://www.dhammaweb.net/books/Narada_buddha-teachings.pdf
8 Jul 10, 23:14
ကိုကိုစန်း: ကျွန်တော်ကြိုက်တဲ့ စာအုပ်ရဲ. link ကို တင်ပေးလိုက်ပါတယ် ၊ အားလုံးကျန်းမာရွှင်လန်းပါစေ http://www.fritskoster.nl/English/page4a.htm
8 Jul 10, 23:23
Nge Naing: ကျေးဇူးတင်ပါတယ် ကိုကိုစန်း ဒါကို ပို့စ်အောက်က မှတ်ချက်မှာ ထည့်ထားသင့်ပါတယ်။
8 Jul 10, 23:39
ကိုကိုစန်း: ကျွန်တော်လည်း မအားသေးလို. ကိုဇော်မျိုး မေးထားတဲ့ စာအုပ်အမည် မရှာရသေးရလို. ၊ buddha & his teachings က သိရိလကာင်္ဆရာတော် Ven. Narada ရေးတာပါ၊ ဆရာတော်က ကမ္ဘာပတ်ပြီး သာသနာပြုနေတဲ့ ဆရာတော်တစ်ပါးပါ ၊
8 Jul 10, 23:42
ကိုကိုစန်း: လောလောဆယ် ကွန်.မန်.က အေးအေးချမ်းချမ်း ဖြစ်နေလို. ကိုယ်ရေးလိုက်မှ ပွက်လောရိုက်သွားမှာလည်း စိုးရိမ်ရသေးတယ်၊
8 Jul 10, 23:49
ကိုကိုစန်း:ီနိဗ္ဗါန် ကို ရှင်းထားတာ စာဖတ်သူများ အားလုံးစိတ်ဝင်စားမယ်လို. ထင်ပါတယ် ၊ကံနှင့် ကံ၏ အကျိးပေးပုံကို ရေးထားတာ လည်း ကောင်းပါတယ် ၊ မြန်မာပြည်ကရေးထားတဲ့ စာအုပ်တွေနဲ.တော်တော် တူပါတယ်၊

ကိုကိုစန်းရေ - အေးအေးဆေးဆေး အဆင့်အတန်းရှိရှိ ဆွေးနွေးကြရင် ဘာပွက်လောမှ ရိုက်စရာ လိုမယ်မထင်ဘူး။

မမေနန်းဦး သို. .....

ဗုဒ္ဓ ဟာ ဖန်ဆင်းရှင် မဟုတ်ဖူးဆိုတာ လက်ခံပါတယ် ၊ ဒါပေမဲ့ လူသားစစ်စစ် အတွေးအခေါ် ပညာရှင်ကြီး ရယ်လို.တော့မဟုတ်ပါဖူး ၊

ခင်ဗျားဆိုလိုချင်တာက ဆိုကရေးတီး လို (philosopher) ပုံစံမျိုးဖြစ်နေတယ် ၊ ဗုဒ္ဓ ဖြစ်ဖို.အတွက် အချိန်တော်တော်ကြာကြာ (လေးသင်္ချေနဲ.ကမ္ဘာတစ်သိန်း) ပါရမီဖြည့်ခဲ့ရပါတယ် ၊ကျင့်ကြံခဲ့ရပါတယ် ၊
ဗုဒ္ဓက တန်းခိုးရှိတယ် ၊ တစ်ခါတစ်လေ ကျွတ်ထိုက်တဲ့ သူရှိရင် အခြား universe ၊ နတ်ပြည် ၊ ဗြဟ္မာပြည်ကိုလည်း သွားရောက် တရားဟောပါတယ် ၊ universe ဖြစ်ပုံပျက်ပုံ ၊ သက်ရှိတွေဖြစ်ပျက်ပုံကို သိတော်မူပါတယ် ဒါပေမဲ့ နိဗ္ဗန်ရောက်ကြောင်း မဟုတ်လို. မဟောကြားခဲ့တာပါ ၊

ကိုဇော်မျိုး သို.

ကျွန်တော် စာအုပ်ရှာနေတုန်းပါပဲ ၊ တွေ.ရင် ကျွန်တော်ပြောပါ့မယ် ၊ ခင်ဗျားရဲ့ ဗုဒ္ဓစာအုပ်တွေကို ဖတ်ချင်တဲ့ ထက်သန်တဲ့ စိတ်ဓါတ်ကိုလေးစားပါတယ် ၊

အားလုံး ကျန်းမာ ရွှင်လန်းပါစေ

သို့...ကိုကိုစန်း

ကျမက ခုခေတ်မှ လူဖြစ်လာရတော့ ဗုဒ္ဓ နတ်ပြည်ထိ ကြွနိုင်တာ မကြွနိုင်တာတွေ မျက်စေ့နဲ့ မမြင်ခဲ့ရပါဘူး။ ဒါကြောင့် ဥပမာ ပြောရရင်....နတ်ပြည်ကြွပြီး တရားဟောတာ၊ နတ်ပြည် ဘယ်နှစ်ဘုံ ရှိတာ၊ နတ်သားဘ၀ကနေ စုသက်ကြွေပြီး မယ်တော်ဝမ်းမှာ ၀င်စားတာ၊ ဗုဒ္ဓဟာ မွေးပြီးပြီးချင်းမှာ ခြေလှမ်းခုနစ်လှမ်း လှမ်းတာ၊ လှမ်းလိုက်တဲ့ သူ့ခြေလှမ်းတိုင်းအောက်မှာ ကြာပွင့်တွေ ပေါက်လာတာ၊ (ဘုရားစောင်းတန်းက ပုံတွေမှာ ဘုရားဖွားတော်မူကစ ကလေးပုံနဲ့ ခြေထောက်အောက်မှာ ကြာခုနစ်ပွင့်နဲ့ ပုံတွေ ခဏခဏ တွေ့ရတယ်။) အမိဝမ်းက ကျွတ်တာနဲ့ လမ်း ၇လှမ်းလျှောက်ပြီး သုံးကြိမ်တိုင်တိုင် လောကမှာ ငါသာလျှင်အမြတ်ဆုံး ဆိုပြီး ကျွေးကြော်တာ စတာမျိုးတွေကို အခု လက်ရှိအသိဥာဏ်နဲ့ တွေးကြည့်တဲ့အခါ သဘာဝနဲ့ ဆန့်ကျင်နေလို့မို့ လက်လည်း မခံသလို ဆက်လည်း မတွေးတော့ဘူး။ လက်ခံနိုင်တဲ့သူတွေ လက်ခံနိုင်ပါတယ်။ ဗုဒ္ဓကို ကျမကတော့ သိပ်ကိုတော်တဲ့ အတွေးအခေါ် ပညာရှင်လို့ပဲ ယူဆပါတယ်။ သူများမသိတာတွေကို နက်နက်နဲနဲတွေးပြီး သူသိခဲ့တယ်။ ကျမကတော့ လက်တွေ့ လုပ်ကြည့်လို့ရတဲ့ သူ့ရဲ့ အဆုံးအမတွေဟာ ဖတ်မိသလောက်ကလေးမှာ သိပ်မှန်လို့ လောကမှာ အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲလို့ နှလုံးသွင်းမိတာမျိုးပဲ ရှိတယ်။ အဲဒီအဆုံးအမတွေဟာ ကျမအတွက် ကောင်းလို့ နေနိုင်သလောက်လေးတော့ လိုက်နေကြည့်ပါတယ်။ လောဘနည်းအောင်နေတာ၊ သူများ ပျက်စီးရာ ပျက်စီးကြောင်း မလုပ်တာ စတဲ့ အခြေခံ အချက်လေးတွေပေါ့။ ဒီလိုပါပဲ တခြားဘာသာတွေမှာလည်း ကောင်းတာတွေ ရှိမှာ အမှန်ပါပဲ။ ကျမကတော့ ဘာမှ တဖက်စွန်းရောက် မရှိသလို ကောင်းတဲ့အဆုံးအမဆို အကုန်သဘောတူပါတယ်။ ကျမပြောချင်တာက အယူအဆဆိုတာ တယောက်နဲ့တယောက်မတူပါဘူး။ မငယ်နိုင်က ဘုရားကို ၁၀၀ ရာနှုန်း ထောက်ခံသလို သိပ္ပံကိုလည်း သူလက်ခံတယ်။ တခြားလာပြောကြတဲ့သူတွေက ဘုရားကိုပဲ ၁၀၀ ရာနှုန်းလက်ခံတယ် သိပ္ပံဟာ မှားတယ်။ ကျမကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကိုသာ ဖတ်မိသလောက် ကောင်းတယ်လို့ မြင်တယ်။ ဘယ်လိုပြောရမလဲ....အပေါ်ကရေးခဲ့တဲ့ အချက်မျိုးတွေ ရှေးဘ၀ နောက်ဘ၀တွေကို စိတ်မ၀င်စားပါဘူး။
တကယ်တော့ ဒီမှာ လာရေးဖို့လည်း မရည်ရွယ်ပါဘူး။ ဒါပေမယ့် လူတွေက သူတို့ ယုံသလိုပဲ မငယ်နိုင်ကို လက်ခံခိုင်းနေပြီး ၀ိုင်းပြောနေကြတော့ မငယ်နိုင်ထက် (သူတို့ အလိုအရ) အပုံကြီးဆိုးတဲ့ ကျမလို လူမျိုးလည်း ရှိသေးပါလားဆိုတာ သိအောင် လာရေးလိုက်ရတာ။

မေနန်းဦး

ကိုဇော်မျိုးမှတ်ချက်တွေ ကျွန်မ ဘလော့ဂ်ထဲမှာ ရေရှည် ထားမှာ မဟုတ်လို့ သူ့ကို အကြောင်းမပြန်တာ ပိုကောင်းလိမ့်မယ်။ ဘာကြောင့်ဆိုတော့ သူရေးတဲ့ မှတ်ချက်တွေဟာ လိုရင်းကို တမင်လမ်းလွဲအောင် လုပ်နေတဲ့ မှတ်ချက်တွေချည်းပါပဲ။ ပြီးတော့ သူဟာ ကျွန်မကို အကြီးအကျယ် အနှောင့်အယှက်လာပေးခဲ့လို့ နည်းမှန်လမ်းမှန် ဆွေးနွေးရင်တောင်မှ ဇော်မျိုးကို ကျွန်မဘလော့ဂ်မှာ ဘာအခွင့်အရေးမှ မပေးတော့ဘူး ဒါသူ့အတွက် ထိုက်တန်တဲ့ အရေးယူမှု ဖြစ်တယ်။ သူဟာ ကျွန်မပို့စ်တွေကို လမ်းကြောင်းလွဲအောင်၊ ဘလော့ဂ်ကို အမှိုက်ပုံလို ဖြစ်အောင် လာပြီးဖန်တီးနေသူသာ ဖြစ်ပါတယ်။ ကျွန်မဘလော့ဂ် မပေါ်ခင်ကလည်း တခြားအမျိုးသမီးတွေရဲ့ ဘလော့ဂ်မှာ သူဒီလိုပဲ စိတ်အနှောင့်အယှက် ဖြစ်အောင် လိုက်လုပ်တာ ကျွန်မအမြဲတွေ့ပါတယ်။ ဒါကြောင့် သူ့ကို အဖက်လုပ်ပြီး ပြန်ပြောနေရင် လိုရင်းမရောက်တော့ဘူး တရားဆိုလည်း တရား သိပ္ပံဆိုလည်း သိပ္ပံကိုပဲ ပြောကြဖို့ အားလုံးကို ကျွန်မ မေတ္တာရပ်ခံပါတယ်။ ဒီမှတ်ချက်ကိုလည်း သိအောင် ပြောပြတာသာ ဖြစ်ပြီး ကြာရှည် ထားမှာ မဟုတ်ဘူး ကျွန်မ မကြာခင်ပြန်ဖျက်မှာ ဖြစ်ပါတယ်။ ဇော်မျိုးမှာ ဘလော့ဂ် ရှိပါတယ်။ http://myanmartruthers.blogspot.com/ သူ့ကို တကယ် Message ပေးချင်ရင်တော့ အဲဒီမှာ သွားပြောလို့ ရနိုင်ကြောင်း ကျွန်မ အကြံပြုပါတယ်။

မမေနန်းဦး
ကျွန်မလည်း ငယ်ငယ်က တစ္ဆေသရဲ၊ လူဝင်စား ဘာတခုမှ မယုံခဲ့လို့ ရှေးဘ၀နောက်ဘ၀ ရှိတယ် ဆိုတာ လုံးဝလက်မခံခဲ့ဘူး။ ဒေါက်တာမင်းတင်မွန်ရဲ့ ရှေးဘ၀နောက်ဘ၀ကို ဖတ်ပြီး အရင်က ကျွန်မ ပတ်ဝန်းကျင်က မိတ်ဆွေတွေ လူဝင်စားတာ၊ သရဲချောက်တာနဲ့ ပတ်သက်တာတွေကို တိုက်ဆိုင်လို့ ဖြစ်မှာပါလို့ တွေးခဲ့တာတွေကို အဲဒီစာအုပ်ထဲက အကြောင်းအရာတွေနဲ့ ပြန်ဆက်စပ်ကြည့်တော့ ဒါတွေကို ယုံလို့ရသွားခဲ့ပါတယ်။ ဆိုလိုတာက ကျွန်မလည်း အရင်က မမေနန်းဦးလိုပဲ သဘောထား ထပ်တူရှိခဲ့ပါတယ်။ မြတ်စွာဘုရားက ကိုကိုစန်းပြောသလိုပဲ ဖန်ဆင်းရှင်လည်း မဟုတ်ဘူး၊ အတွေးအခေါ် ပညာရှင်တယောက် လည်း မဟုတ်ပါဘူး။ ဘ၀အဆက်ဆက်ကနေ ပါရမီ ဖြည့်လာလို့ သူဘုရားဖြစ်တဲ့ ဘ၀မှာ လူသားစစ်စစ်ကနေပြီး ဘုရားဖြစ်လာခဲ့သူသာ ဖြစ်တယ်။ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် မိမိလိုချင်တဲ့အရာတခုကို ရယူဖို့ လုံ့လ၀ိရိယနဲ့ ကြိုးစားရင် ဘာမဆို ရနိုင်တယ်ဆိုတာ ဘုရားက သက်သေပြခဲ့ပါတယ်။ သူရတဲ့တဲ့ တရားက တွေးခေါ်ပြီး ရခဲ့တာမဟုတ်ဘဲ လက်တွေ့ဘ၀က ကြိုးစားပြီး ရခဲ့တဲ့ တရားတွေ ဖြစ်တယ်။ လူတိုင်းဟာ တယောက်နဲ့တယောက် မတူရတဲ့အကြောင်းအရင်မှာ တခြားဘာသာဝင်တွေက ဘုရားဒီလိုပဲ ပေးထားလို့ ဒီလိုပဲ ရထားကြတယ်လို့ ယုံကြည်ကြတဲ့အချိန်မှာ ဗုဒ္ဓဘာသာက အဲဒါတခြား ဘယ်သူနဲ့မှမဆိုင်ဘူး မိမိ ပြုလုပ်လာတဲ့ အကောင်းအဆိုး ကံအကျိုးပေးအတိုင်းပဲ ဖြစ်တယ်လို့ လက်ခံကြတယ်။ လက်ရိဘ၀မှာလည်း ရိုးသားကြိုးစားတဲ့သူတချို့ စိတ်ထားမွန်မြတ်သူတချို့ ရှုံးနှိမ့်နေရပြီး ကလိန်ကကျင့်ကျသူတွေ အောင်မြင်နေတာဟာ အရင်ဘ၀တွေ လုပ်ထားတဲ့ ကံအကျိုးပေးတွေနဲ့လည်း ဆိုင်တယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ တချို့ အသေးစိတ်အချက်တွေမှာ ဘုရားကို ယုံကြည်လွန် အကြည်ညိုလွန်ပြီး ချဲ့ကားဖေါ်ပြတာတွေ ရှိနိုင်ပေမဲ့ အခြေခံဖြစ်တဲ့ ကံကံ၏အကျိုးဆိုတာ ရှိလို့ ရှေးဘ၀နောက်ဘ၀ဆိုတဲ့ ဘ၀သံသရာကြီး ဖြစ်လာရတာကိုတော့ ယုံမှား သံသယ ဖြစ်စရာ မလိုဘူး။ အသေးစိတ်အချက်တွေနောက်ကို သိပ်မလိုက်ဘဲ ဘုရားဟောထားတဲ့ ကံကံ၏အကျိုးကို နည်းနည်း အလေးပေးပြီး ထပ်လေ့လာလိုက်ရင် မမေနန်းဦး ရှင်းသွားလိမ့်မယ်ထင်တယ်။ လေ့လာဖို့လည်း အားပေးပါတယ်။

မမေနန်းဦး ကွန်.မန်.နှင့် ဆက်စပ်၍ ကျွန်တော်ကြိုက်တဲ့ who is the Buddha? စာအုပ်ရဲ့ ကောက်နုတ်ချက် တစ်ချို.ကို Internet တွင် တွေ.၍ ကူးပေးလိုက်ပါတယ် ၊


The Buddha’s perfection is complete;
There is no more work to be done.
No measure is there for his wisdom;
No limits are there to be found.
In what way could he be distracted from truth?”
(Verse 179, The Dhammapada, rendered by Ajahn Munindo)

At the heart of the monolithic religion called Buddhism sits a man: the Buddha. As represented in the quotation above, Theravada Buddhism describes the Buddha as essentially a man that discovered the truth of the way things are (the Dharma), and who lived over 2,500 years ago. Mahayana Buddhism has a much more imaginative description of the Buddha, however, portraying him as a kind of cosmic man, who continues to guide aspirants along the path to spiritual awakening to this day. Who is right?

Theravada Buddhism, which predominates amongst the Sri Lankans, Burmese, Thais, Laotians and Cambodians claims to have the older, more authentic scriptures that give a pretty accurate description of the Buddha and his teachings. Mahayana Buddhism, which is practiced amongst the Chinese, Japanese, Koreans, Vietnamese and Tibetans, states that it has the more complete scriptures that improve on the Theravadan Tripitaka (The name of the Buddhist ‘holy books’). In its view, the Buddha that appears in the older scriptures didn’t reveal himself to all and sundry because they weren’t all able to receive such a vision.

The Buddha himself, in the Theravadan Tripitaka says that “whoever sees the Dharma sees me, and whoever sees me sees the Dharma”. This suggests that there was more to the Blessed One than simply being a man who acquired an enlightening knowledge. In some sense, he was (and is) that knowledge. There is a strong thread of reasoning in the above scripture that the Buddha was in fact indefinable. In a revealing, if not somewhat perplexing – dialogue with the Brahman Dona, the Buddha points to his transcendent nature:

“‘Sir, are you a god?’
‘No, Brahman.’
‘Sir, are you a heavenly angel?’
‘No, Brahman.’
‘Sir, are you a spirit?’
‘No, Brahman.’
‘Sir, are you a human being?’
‘No, Brahman.’”
(Anguttara Nikaya 4:36, Pali Tripitaka)

The Buddha goes on to state that he has abandoned all taints that might result in him being a god or a heavenly angel or a spirit or a human being. He is one who is enlightened: living in the world, but not of it. He is the Dharma, the unconditioned Truth that lies at the heart of all phenomena, devoid of particular characteristics and the very enlightenment that is the heart of the Buddhadharma.

In Mahayana understanding, the Buddha has three bodies, which in turn are known as the ‘Transformation Body’, the ‘Dharma Body’, and the ‘Enjoyment Body’. The Transformation Body is the human form he takes in the world; not an actual physical form as such, but an emanation of the Dharma Body, where the Buddha and Dharma are one and the same – note the similarity with the quotation above where the Buddha and the Dharma are said to be the same also. The Enjoyment Body is the form that appears before bodhisattvas in the heavenly realms, where the Dharma is taught and experienced by all those residing therein. The Dharma Body is considered the original form of the Buddha, the others being the skillful means by which the Dharma is taught to gods, angels, and human beings.

It is interesting to note again that in the Theravadan Tripitaka the Buddha is described as ultimately indescribable, something that occurs in the Diamond Sutra also, when he refers to himself in a way that seems to transcend all the above descriptions of what he may or may not be:

“If one sees me in forms,
If one seeks me in sounds,
He practices a deviant way,
And cannot see the Tathagata.”


Ref : Buddha space, Who is the Buddha?


ကျန်းမာ ရွှင်လန်းကြပါစေ ၊

မငယ်နိုင်...........

ကျမကတော့ ဘုရားတရားကို နက်နက်နဲနဲ လေ့လာချင်စိတ်မရှိလို့ ထပ်လေ့လာဖြစ်မှာမဟုတ်သလို လူဝင်စားနဲ့ တစ္ဆေသရဲ ဆိုတာတွေလည်း စာအုပ်ထဲပဲ ဖတ်ဖူးပြီး မငယ်နိုင်လို တခါမှ ပတ်ဝန်းကျင်မှာ မမြင်ဘူးလို့ အဲလိုဘ၀တွေကိုလည်း ယုံကြည်မှုလည်း မရှိပါဘူး။ တကယ်တွေ့ခဲ့ရရင်တော့ နည်းနည်း စိတ်ဝင်စားလာမလားပဲ။ လက်တွေ့သိမှ စိတ်ဝင်စားတတ်တယ်။ ဗုဒ္ဓဘာသာမှမဟုတ် ခရစ်ယာန်မှာလည်း မယ်တော်မာရီယာဟာ အပျိုစင်ဘ၀နဲ့ အလိုအလျောက် ခရစ်တော်ကို ဖွားမြင်တယ် ဆိုတာမျိုးတွေ မယုံပါဘူး။ ဘာကိုပဲ ဖြစ်ဖြစ် ယုံကြည်သူတွေ ယုံနိုင်ပါတယ်။ မယုံရဘူးလို့ မပြောဘူး။ ကျမပြောတာမှ အမှန်လို့လည်း မဆိုလိုဘူး။ မှန်ချင်မှန်မယ် မှားချင်မှားလိမ့်မယ်။ ကျမ မယုံတာကိုသာ မယုံဘူးလို့ ပြောခြင်းပါ။

ကိုကိုစန်း....

အင်္ဂလိပ်လို ဘာအမေးအဖြေတွေ ရေးပေးထားသလဲတော့မသိ။ တကြောင်းပဲ ဖတ်လိုက်ပါတယ်။ ဆက်ပြီး မဖတ်ဖြစ်ပါဘူး။ စိတ်လည်းမ၀င်စားပါဘူး။ ကျမဒီမှာ လာရေးရခြင်း ရည်ရွယ်ချက်က လူအားလုံးမှာ ယုံကြည်ချက် သပ်သပ်စီ ရှိတယ်ဆိုတာသိရအောင် လာရေးရခြင်းပဲ ဖြစ်တယ်။ အများက မငယ်နိုင်ကို သူ့မှာ သူ့ယုံကြည်ချက်ရှိတာ အများက လက်ခံနိုင်ဖို့ပဲ ဖြစ်တယ်။ ဘာစာအုပ်ထဲမှာ ဘာတွေပဲ ရေးထားထား နှစ်ပေါင်း ၂၅၀၀ ကျော်ကြာလာတဲ့အခါ ကိုယ်လည်း မမြင်ရတာမို့ တချို့အချက်တွေကို စိတ်မ၀င်စားတော့ဘူး။ အနှစ်ဖြစ်တယ် လက်တွေ့သိမြင်နိုင်တဲ့ အချက်တွေကိုပဲ ယူပါတယ်။

မေနန်းဦး

ဒီလိုအကြောင်းအရာတွေကို ပြောဖို့ဆိုတာ တကယ့်လူတွေကြားမှာ အန္တရာယ်များတယ်...ဘာသာရေးနဲ့ပတ်သက်တယ်ဆိုတော့ ။ ဒါကြောင့်မို့ ဘလော့ဂ်ထဲမှာတွေ့တုန်း ၀င်ပြောမိတာ။ ကျမသဘောကိုလည်း သိကြပြီမို့ ဆက်လက်မဆွေးနွေးလိုတော့ပါဘူး။ ဒါကြောင့် ဘယ်သူဘာရေးရေး ဒီပို့စ်အောက်မှာ ပြန်မဆွေးနွေးတော့မှာဖြစ်ကြောင်း ပြောလိုပါတယ်။
မငယ်နိုင် ပို့စ်တွေကိုတော့ အားပေးလျက်ပါ

မေနန်းဦး

http://myanmartruthers.blogspot.com/ သူ့ကို တကယ် Message ပေးချင်ရင်တော့ အဲဒီမှာ သွားပြောလို့ ရနိုင်ကြောင်း ကျွန်မ အကြံပြုပါတယ်။
အစ်မရေ အစ်မက ကိုဇော်မျိုးရဲ့ လိပ်စာကိုပေးလို့ ကျွန်တော်ဝင်ကြည့် ပါတယ် အကြောင်းအရာမရှိတော့  ကျွန်တော်လည်းဘာမှဝင်မရေးဖြစ်ပါဘူး မနေ့ ကတော့ တွေ့ လိုက်တယ် အာဇာနည် ၇ ဦးတဲ့  ဦးရာဇတ်နဲ့  ရဲဘော် ကိုထွေးက ကျွန်ကုလားတွေမိုလို့ မပါဘူးတဲ့  ဒါနဲ့ ကျွန်တော်ကလည်းဝင်ရေးလိုက်တယ် ဒါတော့ တဖက်စွန်းရောက်သွားင်္ပြီထင်တယ်လို့  ဆိုတော့ ကျွန်တော့် ကို ပက်ပက်စက်စက် ပြန်ဆဲထားတယ် ဒီလူဒီလောက်မိုက်ရိုင်းလိမ့် မယ်လို့ မထင်လိုက်မိဘူး ကျွန်တော်စိတ်တိုတာအသားတောင်တုန်တယ်။ကျွန်တော်ကလူယဉ်ကျေး မိသားစုကပေါက်ဖွားလာတာပါ။ဒီလောက်အထိမိုက်ရိုင်းတဲ့ သူနဲ့ မဆက်ဆံဖူးဘူး။ အစ်မကလိပ်စာပေးလို့ ကျွန်တော်လည်း သွားရေးပါတယ်ဆိုတာလာပြီးပြောပြတာပါ။အစ်မသိအောင်ပဲ လာရေးတာပါ။အစ်မကိုတစ်ခုတော့ တောင်းပန်ပါရစေ ကျေးဇူးပြူပြီးတော့ ဒီကွန်မန့် ကိုတော့  မဖေါ်ပြပဲနဲ့ ဖျက်လိုက်ပါ။ အစ်မတစ်ယောက်ထဲ ကိုပဲ သိစေချင်တာပါ။

အစ်မရဲ့ ဘလော့ဂ်ကို အမြဲလိုလိုဝင်ဖတ်ပေမယ့် ကွန်မန့်အားလုံးကို သေချာဖတ်ခဲတယ်.. ဒီတစ်ခါ ပို့စ်ကိုရော ကွန်မန့်တွေရော သေချာဖတ်တယ်.. ။ မသိတာတွေ လဲသိရ.. သိတာတွေလဲ အမြင်မတူကြနဲ့.. ဒီပို့စ်ကို အချိန်ပေးရတာ အရမ်းတန်ဖိုးရှိပါတယ်..


ငြိမ်းချမ်းပါစေ

အမ ငယ်နိုင်ရေ အမပြောထားတာ ရှင်းထားတာတွေက နားလည်ပါတယ်။အားလုံးလက်ခံနိုင်အောင်လဲရေးထားပါတယ်။လူတွေပြောတိုင်းအမ ပြန်ရေးနေမယ်ဆိုရင်အမလက်ညောင်းရုံပဲဖတ်တင်မယ်။ ပိုစ့်တခုကိုတင်ပီး တော်ရုံတန်ရုံဆွေးနွေးတာပဲကောင်းပါတယ်။ အမပြောတဲ့ evolution လိုပဲ အခုလဲ comment evolution ဖြစ်နေပီ ။ ဒါကြောင့်ဘုရားဟောသလိုပဲ အလယ်အလတ်လမ်းစဉ်သာကောင်းပါတယ် အမ။ များသွားရင်လဲ ဖတ်ရတာ ညောင်းတောင်ညောင်းပါတယ်။ မနည်းမများပဲကောင်းပါတယ်။

နောက်ပိုင်း လာရေးထားတဲ့ မှတ်ချက်တွေကို အခုမှ ပြန်ဖတ်ဖြစ်ပါတယ်။

-မေနန်းဦးရေ မေနန်းဦးက အကုန်လုံးကို မယုံဘူးဆိုပေမဲ့ အကုန်လုံးကို ယုံတယ်ဆိုပြီး ပါးစပ်ဘုရားဘုရား လက်ကကားယားကားယားတွေနဲ့ စာရင်တော့ မေနန်းဦးက အများကြီး ကုသိုလ်နဲ့ ပိုယှဉ်နေသေးတယ်။

- Anonymous ရေ သူ့အကုသိုလ်နဲ့ သူသွားပါစေ။ အရှိန်ကုန်သွားတာဖြစ်မယ်၊ အခုနောက်ပိုင်း ဇော်မျိုးကိုမတွေ့တော့ဘူး။

- မိုးယံနဲ့ ရှမ်းကလေး - ပို့စ်ကိုရော ပို့စ်အောက်က မှတ်ချက်အားလုံးကိုပါ စိတ်ရှည်လက်ရှည်ဖတ်သွားနိုင်တဲ့အချိန်ပေးမှုက နည်းတဲ့အချိန်မဟုတ်ဘူး။ ဒီအတွက် ကျေးဇူးတင်ပါတယ်။ ရှမ်းကလေးရေ- မိမိရေးတဲ့စာကို မိမိတာဝန်ယူတဲ့အနေနဲ့ အစ်မကို မိစ္ဆာာဓိဋ္ဌိစာရင်းထဲ လာသွင်းနေတဲ့သူတွေကို သူတို့ လက်ခံတာမခံတာ အပထား ကိုယ့်ဘက်က အဲလောက်တော့ ပြန်ရှင်းပြဖို့ တာဝန်ရှိတယ်ထင်လို့ ရှင်းပြထားတာပါ။ ရှမ်းကလေးအတွက် မလိုအပ်ပေမဲ့ တချို့အတွက် လိုအပ်ပါတယ်။ စာလာဖတ်တာ အားလုံးကို ကျေးဇူးတင်ပါတယ်။

likewise try eroding float, On that point is indigence
for you to do chest stroke. To do this exercise lay depressed on you experience a estimable or pitiable bearing, and it is
of import. You should try doing some weight resistant Catch kicking,
cycling a day, or as coveted, and proceed
Racecourse of your peak each workweek on a doorcase, paries
or "scoreboard" inside your domicile.

my web-site; grow 3 inches taller naturally
my web page: how to help kids grow taller

Greetings! This is my 1st comment here so I just wanted to give a quick shout out and tell you I really enjoy reading through your posts.
Can you suggest any other blogs/websites/forums that deal
with the same subjects? Appreciate it!

my homepage - data

Hey just stumbled upon your website via Yahoo after
I entered in, "Blogger: Nge Naing" or something similar (can't quite remember exactly). Anyways, I'm grateful I found
it because your content is exactly what I'm looking for (writing a university paper) and I hope you don't mind if I gather some information from here and I will of course credit you as the source.
Thanks.

Here is my blog :: weblog

All points viewed as, most reviewers and buyers appear to think that
the Crossbar receives the overall nod predominantly depending on value.



Here is my page dumbbell sets

The Bowflex health and fitness equipment ought to not be the sole
bit of exercising devices within the property, if there is room inside the work out area.


Review my homepage; mouse click the up coming webpage

The problem with seo and online marketing a
big boost. Just you have to hire an agency in order to promote their
website successfully.

Stop by my web-site: seo website ranking

In very hot storm chase tour it is kindest to work horses
in the early morning or evening when conditions are cooler.
Graphs should be taught in math, science and other classes when there is a supreme force, the
Great Muntu, which works in balance with all things. Morrisons expects to sell 28 million storm chase tour bottles
of wine, 2.

Look at my blog post: Storms Chasers

Do you have a spam issue on this blog; I also
am a blogger, and I was wondering your situation; we have created some nice practices and we are looking to swap methods with
others, please shoot me an e-mail if interested.

Feel free to surf to my blog - memory stick micro