မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

(၆၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရအဖြစ် - ဗိုလ်ချုပ်မိန့်ခွန်း



တချိန်က မြန်မာ့အသံက အာဇာနည်နေ့တိုင်း ထုတ်လွှင့်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသီချင်းနဲ့ မိန့်ခွန်းတွေ အပါအ၀င် ဓါတ်ပုံတွေ ရုပ်သံတွေကို ဒီဗွီဒယိုထဲမှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။ ဗွီဒယိုကို ပေးပို့သူ ကိုဒီမို နှင့် ပို့စ်တင်တာ အဆင်မပြေလို့ ပို့စ်ကို လာတင်ပေးသွားတဲ့ မောင်လေး ကိုလတ် (မိုးသွေးငယ်) ကို ကျေးဇူးအထူးတင်ရှိပါတယ်။


အာဇာနည်ကြီးများ ကောင်းရာသုဂတိ လားကြပါစေ။


source by :http://www.demowaiyan.co.cc/

4 comments:

နှစ်ခါတောင်နားထောင်သွားပါတယ်ရှင်+ ခင်မျာ

အာဇာနည်နေ့အမှတ်တရ လာရောက်ပါတယ်အမ။
အာဇာနည်ကြီးများကိုလည်း အမြဲတမ်း စိတ်ထဲမှ အလေးပြုလျှက်ပါ....။
သီချင်းဖိုင်တော့ မမြင်ရလို့ နားမထောင်လိုက်ရဘူး။

အောင်ဆန်းဇာနည်


ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ် မွေးနေ့ပါ။
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။


(ယနေ့  (၂၀၁၁ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ ) တွင် ကျရောက်သော ၆၄ နှစ်မြောက် အာဇာနည်နေ့ တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ သတိရသော အနေဖြင့် တတိယတန်း မြန်မာဖတ်စာအုပ်ပါ "အောင်ဆန်းဇာနည်" ကဗျာကို ကူးယူ ဖော်ပြပါသည်။)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျဆုံးသွားသော
အာဇာနည်ခေါင်းဆောင်ကြီးများ


(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) သခင်မြ
(၃) ဒီးဒုတ်ဦးဘချို
(၄) မန်းဘခိုင်
(၅) မိုင်းပွန်စော်ဘွား စပ်စံထွန်း
(၆) ဦးဘဝင်း
(၇) ဦးရာဇတ်
(၈) ဦးအုန်းမောင်
(၉) ရဲဘော်ကိုထွေး


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွတ် အလေးပြုပါသည်။


တာရာ

၁၉၊ ဇူလိုင်၊ ၂ဝ၁၁
နံနက် ၁၀ နာရီ ၃၇ မိနစ်