မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မိတ်ဆွေဆိုးရဲ့ လက်ဆောင်

မိတ်ကောင်းဆွေကောင်း ရှိသလို မိတ်ဆိုးဆွေဆိုးလည်း ရှိတတ်ပါတယ်။ လက်ဆောင်ဆိုတာလည်း လက်ဆောင်ကောင်း ရှိသလို လက်ဆောင်ဆိုးလည်း ရှိတတ်ပါတယ်။ လက်ဆောင်ကောင်းရရင် ၀မ်းသာကြည်နူးစရာ ဖြစ်သလို လက်ဆောင်ဆိုးရရင်လည်း ဒုက္ခလှလှ တွေ့ရတတ်ပါတယ်။ ကျွန်မရတဲ့ လက်ဆောင်ကတော့ အသက်အန္တရယ် ထိခိုက်နိုင်တဲ့ ပေါက်ကွဲစေတတ်တဲ့ ဗုံးလက်ဆောင်မဟုတ်လို့ တော်သေးတာပေါ့။ ဒါပေမဲ့ လူတော့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရပြီး အလုပ်ပျက်အကိုင်ပျက် ဖြစ်သွားပါတယ်။ Face Book မှာတမျိုး၊ G-talk မှာတမျိုး အွန်လိုင်းပေါ်မှာ ကျွန်မဆီ ဗိုင်းရပ်လက်ဆောင်ပေးကြလို့ ကျွန်မဒုက္ခရောက်သလို တခြားသူများကို မရောက်စေချင်လို့ ဒီပို့စ်ကို တင်လိုက်ပါတယ်။


အွန်လိုင်း မိတ်ဆွေတွေအကြောင်းကို ကျွန်မ အရင်ရှင်းပြချင်ပါတယ်။ ကျွန်မ အွန်လိုင်းပေါ်မှာ သတင်းနားထောင်ရာက သတင်းဖတ်ရင်းနဲ့ ဘလော့ဂ်တွေကိုပါ လိုက်ဖတ်ရာကနေအွန်လိုင်းနဲ့ နီးစပ်ခဲ့ပါတယ်။ ဘလော့ဂ်ဖတ်ပြီး နောက်ပိုင်း ဘလော့ဂါဖြစ်လာတော့ အွန်လိုင်းနဲ့ ပိုပြီးရင်းနှီးလာကာ မိတ်ဆွေတွေပါ ရရှိခဲ့ပါတယ်။ ကိုယ်ပိုင်ဘလော့ဂ်မဖွင့်ခင် Public Health in Myanmar မှာ ကျန်းမာရေးပညာပေးတွေ စရေးဖြစ်တော့ ဆရာဝန်ထင်ပြီး မိတ်ဆွေဖွဲ့သူ မေးခွန်းမေးသူတွေ ရှိလာတော့ ဆရာဝန်မဟုတ်ကြောင်း Nursing နဲ့ အခုမှ ကျောင်းတက်နေတဲ့ ကျောင်းသားဖြစ်ကြောင်း ပြန်ရှင်းပြရပြီး ကျန်းမာရေးနဲ့ ဆိုင်တဲ့ မေးခွန်းတွေကိုတော့ ဘလော့ဂ်မှာ မေးဖို့ပြောပြီး ဘလော့ဂ်မှာ မေးရင် ဖြေပေးခဲ့ပါတယ်။ ကျောင်းတက်နေတယ် ဆိုတာ့လည်း ငယ်ရွယ်ချောမောလှပတဲ့ ကလေးမလေးထင်ပြီး ပုဂ္ကိုလ်ရေးအရ မိတ်ဆက်လာသူတွေ ရှိလာပြီး ရိတိတိတွေ လုပ်လာသူတွေလည်း ရှိလာတော့ ကလေးမဟုတ်ဘူးဆိုတာနဲ့ ကျွန်မ နောက်ခံသမိုင်း သူပုန်လူထွက်ဆိုတာကိုပါ သိအောင် Profile မှာ ဓါတ်ပုံရော ကိုယ်ရေးရာဇ၀င် အကျဉ်းပါ ရေးပြီး တင်ထားလိုက်ပါတယ်။

အဲဒီနောက်ပိုင်းတော့ ငယ်ရွယ်ချောမောလှပတဲ့ တက္ကသိုလ်ကျောင်းသူလေး ထင်ပြီး လာမိတ်ဆက်တဲ့ ကောင်လေးတွေတော့ အိုမင်းရင့်ရော်နေတဲ့ပုံကြောင့်လား သူပုန်လူထွက်မှန်း သိသွားလို့လားတော့ မသိဘူး ဝေးဝေးကို ရောက်သွားကြပါတယ်။ အရွယ်အားလုံးက တကယ်ခင်တဲ့ မိတ်စစ်ဆွေစစ်တွေတော့ တိုးလာပါတယ်။ အဲဒီအတောအတွင်း အိမ်က ကျေးဇူးရှင်ကလည်း အွန်လိုင်းမိတ်ဆွေတွေနဲ့ အချိန်ကုန်နေတာမျိုးကို သဘောမကျဘူး။ ဒီတော့ လာ Add တဲ့သူအားလုံးကို ကျွန်မ ပြန်မ add ဖြစ်ခဲ့ထဲမှာ အပြင်မှာပါ တကယ် မိတ်ဆွေဖြစ်သင့်တဲ့သူတွေတချို့ ပါသွားတာတွေ ရှိခဲ့တယ်။ နောက်ပိုင်းသိလို့ ကိုယ်က ပြန် Add တဲ့အချိန်မှာ ကြီးကျယ်တယ် ထင်သွားလားမသိဘူး သူတို့က ပြန်လက်မခံတော့တာမျိုး ကြုံတွေ့ခဲ့တယ်။ ဒါကြောင့်မို့ နောက်ပိုင်း ဒီလို မဖြစ်စေချင်တော့ လာ Add သူတွေ အားလုံးကို လက်ခံခဲ့ပါတယ်။ အကျိုးအဆက်အနေနဲ့ အဆိုးနဲ့အကောင်းဆိုတာ ဒွန်တွဲနေတဲ့အတွက် မိတ်ဆွေဆိုးကိုလည်း ကျွန်မရှောင်လွဲလို့ မရတော့ လက်ဆောင်ဆိုးတွေကိုပါ ရရှိခဲ့ပါတယ်။ အဲဒါကတော့ ဗိုင်းရပ်လက်ဆောင် နှစ်ကြိမ်ရရှိခဲ့ခြင်းပါ။ အထူးသဖြင့် G-talk မှာ လာ add သူတွေက မိတ်ဟောင်းဆွေဟောင်း (သို့) ဘလော့ဂါတွေများတော့ အဲဒီထဲက တယောက်ယောက်လားလို့ ကျွန်မ ပြန်မေးလေ့ရှိပါတယ်။

ပထမအကြိမ် လက်ဆောင်ပေးလာသူ G-talk မှာ

9:37 PM me: May I know who you are?
9:38 PM Are you my old friend or a blogger or blog reader?
9:39 PM Please reply me.
9:40 PM notwolay: k
me: Can you read Burmese?
9:41 PM မြန်မာစာ ဖတ်လို့ရလား
9:42 PM notwolay: yes
me: မိတ်ဆွေဟောင်း၊ ဘလော့ဂါ ဒါမှမဟုတ် ဘလော့ဂ် ဖတ်သူထဲက ထင်လို့ ပြန်add လိုက်တယ်။
ဟုတ်မဟုတ် သိပါရစေ။
9:43 PM စာရိုက်လို့ မတတ်တာလား
9:44 PM notwolay: I can't
me: ဒါဆိုရင် သန်တဲ့စာကို ရိုက်ပါ။
9:45 PM အင်္ဂလိပ်စာသန်ရင် အင်္ဂလိပ်စာရိုက်ပါ။
notwolay: yes
me: ဘယ်သူလဲ
notwolay: I will do.
me: ဘလော့ဂါလား။ မိတ်ဆွေဟောင်းလား။
ဘလော့ဂ်ဖတ်သူလား
notwolay: nope.
9:46 PM me: ဒါဖြင့်ဘယ်သူလဲ
ကျွန်မဘလော့ဂ်ကို သိလား
http://nge-naing.blogspot.com
notwolay: don't know
me: ဒါဆို ကျမအီးမေးလ် ဘယ်ကရလဲ။
notwolay: sorry.
9:47 PM me: ဘာဖြစ်လို့ လာ add ထားတာလဲ။
ခုနကပေးတဲ့ ဘလော့ဂ်လိပ်စာအတိုင်း လာလည်နိုင်ပါတယ်။
9:48 PM ဒါဆိုလည်း အဲဒီအထဲက တယောက်မှ မဟုတ်ဘူး စကားလည်း ပြန်မပြောချင်ဘူးဆိုရင် add ထားတာ Delete ပြန်လုပ်လိုက်တော့
notwolay: it is must be virus.
9:49 PM I can't visit there
me: ဒါဆို လာ add ထားတာ မဟုတ်ဘူးလား
မဟုတ်ရင် ပြန်ဖြုတ်လိုက်တော့
notwolay: yes
9:50 PM I am kyaw oo.
from US.
and you?
me: us ကဆိုရင် ဘာဖြစ်လို့ ဘလော့ဂ်ကို ၀င်လို့မရတာလဲ
ဝင်လို့ရရမယ်
notwolay: I don't interest it.
me: ကျမဘလော့ဂ်ကို မြန်မာပြည်ကလွဲရင် ကျန်တဲ့နေရာ အကုန်လုံးက ၀င်လို့ရဆတယ်
notwolay: I am a medical officer.
9:51 PM me: အော် ဟုတ်
notwolay: I have no time to visit it.
me: မသိဘူး ကျွန်မထင်တာ ဘလော့ဂ်ဖတ်သမားထင်လို့။
ဒါဆိုရင် တမင် လာ add ထားမဟုတ်ဘူးပေါ့
မတော်တဆ add မိသွားတာလား။
9:52 PM notwolay: :)
hey.. actually I want to chat with you.
so, i added your account.
me: ဒါဆိုရင် ရပါတယ်။
ကျမမသိဘူး
ဗိုင်းရပ်ဆိုတော့
ကျမလည်း add ထားလို့ ပြန်add တာပဲ
9:53 PM notwolay: yes
me: ကျွန်မ ကိုကျော်ဦးကို မသိဘူး
notwolay: what is your name and your native town is
me: ပြောချင်ရင်တော့ ပြောလို့ရတယ်
9:54 PM ဘာအတွက်လဲ
ဘာအတွက်သိချင်တာလဲ
notwolay: I am a virus ...
me: ဘာကိုဆိုလိုတာလဲ
9:55 PM notwolay: Virus mean I will kill you soon.. :)
me: ဆိုလိုတာ နှောင့်ယှက်ဖို့လာတယ်ပေါ့
နှောင့်ယှက်ဖို့ လာ add တယ်ပေါ့
9:56 PM မိတ်ဆွေထင်လို့ ပြန်add တာ မိတ်ဆွေ မဟုတ်ရင် ပြန်ဖြုတ်လိုက်ရုံပဲ။
ကျွန်မ အဲဒီလို နှောင့်ယှက်သမားတွေအတွက် အချိန်မပေးနိုင်ဘူး။
ရာသက်ပန် ဘိုင့်ဘိုင်
9:58 PM notwolay: sorry.
Don't mind me.
me: ကျမ Contact list က Delete လုပ်တော့မယ်
9:59 PM notwolay: Don't do like that.
me: အဲဒါကို တခြားသူတွေလည်း မသိသူတွေကို မ add မိအောင် ဘလော့ဂ်မှာ တင်ပေးလိုက်မယ်
notwolay: I think we can do making friend
me: အဟုတ် တကယ်လုပ်မှာ
notwolay: Sorry !
me: ကျွန်မ အဲဒီလို ယှက်ယှက်မကြိုက်ဘူး
notwolay: Although I am a virus, I need to be your friend.
I am sure I never kill you.
10:00 PM me: ကျမကို သတ်လို့မရဘူးဆိုတာ သိတယ်။ ကျမ အရေမရအဖတ်မရ အချိန်မရဘူး။
ရှင်ကျမဘလော့ဂ်ကို လာလည်ဖို့အချိန်မရသလို ကျမလည်း အရေမရအဖတ်မရ သူများနဲ့ စကားပြောဖို့ အချိန်မရဘူး
10:01 PM အဲဒီတော့ ရှင်လည်း အခုပဲ ကျမကို ဘလော့ဂ် list ထဲကနေ ဖြုတ်လိုက်တော့။
10:02 PM notwolay: hey.. give me your block address...
i will visit it now.
me: http://nge-naing.blogspot.com
10:03 PMဲံဖြုတ်ပြီနော့်။ ဘိုင်ဘိုင်

ဒါတွေ ပြောပြီး သူ့ကို List ထဲက ဖြုတ်ပြီးတာနဲ့ နောက်တကြိမ် ကွန်ပြူတာ ဖွင့်တော့ ဗိုင်းရပ်ဝင်နေလို့ သုံးမရဖြစ်ပြီး ကွန်ပြူတာ Window တခုလုံး အသစ်လဲလိုက်ရတယ်။ နောက် ဒုတိယအကြိမ်က အခုလောလောလတ်လတ် ဖြစ်ပုံက အောက်က အတိုင်း ဖြစ်ပါတယ်။


ဒုတိယအကြိမ် လက်ဆောင်ပေးလာသူကတော့ Face Book မှာ

Facebook မိတ်ဆွေတဦးနာမည်နဲ့ Face Book message ကနေ ပို့လာတဲ့ messeage ထဲက I got you a surprise www.egorushkinybab.blogspot.com ဆိုတဲ့ Link
ကို ဓါတ်ပုံ Album ဆိုလို့ Download လုပ်လိုက်မိတာ ကျွန်မ ကွန်ပြူတာမှာ ဗိုင်းရပ်ဝင်ပြီး
ဘာမှလုပ်လို့ အခုလောလောတယ် သုံးမရဘဲ ဖြစ်နေတယ်။ Facebook မိတ်ဆွေ အတော်များများလည်း အလားတူ ကြုံတွေ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီ Link မိမိတို့ဆီ ရောက်လာရင် ဘယ်သူမှ မဖွင့်ကြဖို့ မိတ်ဆွေအားလုံးကို အသိပေးပါတယ်။ ဒါက လတ်တလော ဖြစ်လာတဲ့အခြေအနေဖြစ်ပြီး ကွန်ပြူတာက အခုထိ Window ပြန်မလဲရသေးလို့ သုံးမရသေးဘူး။ တခြားမိတ်ဆွေတွေကို ဒီလိုမဖြစ်စေချင်လို့ ဒီပို့စ်ကို တင်ပေးလိုက်ပါတယ်။

ကျွန်မ အခုချိန် ကျောင်းပိတ်ခါနီး Assignment တွေနဲ့ အလုပ်များဆုံး အချိန် ဖြစ်နေပါတယ်။ မအားလို့ ဘယ်မှ လိုက်မလည်ဖြစ်ပေမဲ့ ကျွန်မဘလော့ဂ်ကို တကူးတက လာလည်ကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။ ဘလော့ဂ်ကို လာလည်ရင်း C-Box တွေ မှတ်ချက်တွေမှာ လာသောင်းကျန်းနေသူတွေ ရှိလို့ အမြင်မတော်တာ ရှိရင်လည်း သည်းခံပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မ ပို့စ်ရေးမအားသေး ရေးအားရင်တောင်မှ စောတက တက်လာတဲ့ မှတ်ချက်တွေကို ပြန်လည်အချိန်ပေး ဆွေးနွေးမအားသေးတဲ့အတွက် နောက်လ ဒုတိယပတ်လောက်အထိ ကိုယ်ပိုင်ရေးတဲ့ ပို့စ်အသစ် တင်ဖြစ်မှာ မဟုတ်သေးဘူး။ ဒီအတောအတွင်း အရင်တင်ထားတဲ့ ပို့စ်အဟောင်းတွေထဲက လက်တွေ့နဲ့ ကိုက်ညီတဲ့ ပို့စ်တချို့ကို အပေါ်တင်ပေးခြင်းနှင့် တခြားသူတွေ တဲ့ပို့စ်တွေထဲက နှစ်သက်သဘောကျတဲ့ ပို့စ်တွေကို တွေ့ရင် ပြန်လည် ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။

မိတ်ဆွေများအားလုံး ကျွန်မလို မိတ်ဆွေဆိုးတွေဆီက လက်ဆောင်ဆိုးတွေ ရရှိခြင်း ကင်းဝေးကြပါစေ။


2 comments:

အစ်မရေ အချိန်ရရင် avast! antivirust တင်ထား သူ့ ကို ရိုးရိုး antivirus ထက် 90%ပို save့ ဖြစ်တယ်.

အစ်မငယ်နိုင်

ဒီနေ့ ကျနော့်စီဘောက်မှာ မေဇင်ဆိုတဲ့နာမည်နဲ့ အစ်မရဲ့ဘလော့ဂ်လိပ်စာနဲ့ တစ်ယောက်မိုက်မိုက်ရိုင်းရိုင်းစာသားတွေ ရေးထားတာတွေ့လိုက်ရတယ်။ သူ့ IP ကိုတော့ ဘန်းထားပြီးပါပြီ။ စာတွေကိုလည်း ဖျက်လိုက်ပြီးပါပြီ။ ကျနော့်စိတ်ထဲမှာ ဘာမှမရှိပါဘူး။ အစ်မမဟုတ်မှန်းလဲ သိပါတယ်။ ကျနော်စိုးရိမ်တာက ကျနော့်နာမည်နဲ့ အစ်မစီဘောက်မှာ ရိုင်းရိုင်းစိုင်းစိုင်းလာရေးသွားရင် အစ်မအနေနဲ့ ကျနော့်ကို ပြောပြပေးပါ။ ဒီလို မိမဆုံးမဖမဆုံးမ အလေနတောတွေကြောင့် စိတ်အနှောင့်အယှက်တော့ ဖြစ်မိတယ်ဗျာ။

ခင်မင်စွာဖြင့်
မောင်မိုး