မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၂၀၁၁ အတွက် ဆုတောင်း

နှစ်သစ်အတွက် ဆုတောင်း


-သက္ကသရာဇ် ၂၀၁၁ ဟာ အားလုံးအတွက် ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ။

-သူတော်ကောင်းတရားများ တည်တံ့ခိုင်မြဲပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာစွာနဲ့ သက်တမ်းရှည်ကြာစွာ ဆက်လက် ရှင်သန်နိုင်ရန် ကမ္ဘာသူကမ္ဘာသားများ၊ မြန်မာပြည်သူပြည်သားများ အားလုံး အဓမ္မတရားများကို ရှောင်ရှားကာ ဓမ္မနှင့်အညီ ကမ္ဘာကြီးနဲ့ အမိမြန်မာပြည်ကို ငြိမ်းချမ်းသာယာ ၀ဖြိုးအောင် အလေးထား ဆောင်ရွက်နိုင်ကြပါစေ။

-သတ္တ၀ါများအားလုံး ဘေး၊ ရန်၊ ကြောင့်ကြ ဆင်းရဲခြင်း ကင်း၍ ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာကြပါစေ။ ကောင်းကျိုး လိုအင်ဆန္ဒပြည့်ဝကြပါစေ။ (တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ ဆုတောင်း)။

-ဗုဒ္ဓြုမတ်စွာ သာသနာတော် ကမ္ဘာတလွှား ထွန်းကားပြီး လူသားများအားလုံး မကောင်းမှုများကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် ရှောင်နိုင်ကြပါစေ၊

-ဘေး၊ ဘရာ ဒုက္ခ၊ သောက၊ ပရိဒေ၀ အပူမီးနဲ့ နှင့် ရင်ဆိုင်နေရသူများ ဘေး၊ ဘရာ ဒုက္ခ၊ သောက၊ ပရိဒေ၀အပူမီးမှ လွတ်မြောက်ပါစေ။

-မြန်မာ ဘလော့ဂါများအားလုံး စည်းစည်းလုံးလုံး ဖေးဖေးမမ ရှိကြပြီး ဘလော့ဂ် ဆက်ရေးနိုင်ကြပါစေ။

-အွန်လိုင်းပေါ်မှ မိတ်ဆွေများအချင်းချင်း လိမ်လည်လှည့်ဖြားခြင်း၊ ကင်းဝေးပါစေ။

-လိုတာမရ ရတာမလို ဖြစ်လို့ အပျိုကြီး လူပျိုကြီး ဖြစ်နေကြသူများ (တရားတဓမ္မဖြင့် ပျော်မွေ့နေသူများမပါ) ကြင်ဖက်ကောင်းများနဲ့ ဆုံတွေ့တွဲဖက်နိုင်ကြပါစေ။

-မိသားစု ရှိပြီးသောသူများ မိသားစုဘ၀ အနှစ်သာရကို ဖေါ်ဆောင်နိုင်ကြပါစေ။

- ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ပြီး အမိမြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်နိုင်ပါစေ။

(မှတ်ချက် - အရင်နှစ်က မပြည့်ဝခဲ့သော ဆုတောင်းကို ဒီနှစ်ပြန်လည် ဆုတောင်းခြင်း ဖြစ်ပါတယ်။)

2 comments:

Happy New Year !!

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

၃၁ ဘုံတွင်ကျင်လည်ကြကုန်သော သတ္တဝါတွေ..
ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
လူတိုင်းလူတိုင်း..humour sense ကို ခံစားနိုင်ပါစေ...