မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကျွန်မ ကြိုက်သော သင်္ကြန်သီချင်းများ


မြူမှောင်ဝေကင်း - ဇော်ဝမ်း ( သင်္ကြန်သီချင်းတွေအထဲမှာ မြူမှောင်ဝေကင်းကို အကြိုက်ဆုံးဖြစ်ပြီး ဒုတိယ အကြိုက်ဆုံးက သင်္ကြန်မိုး ဖြစ်တယ်) ဇော်ဝမ်းဆိုတဲ့ မြူမှောင်ဝေကင်းကို ရှာနေတာ ကြာပြီ အခုမှကိုလူဗိုလ် Facebook မှာ တွေ့ပြီး ကူးယူခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ အဆိုရော အကပါ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ဒီဗွီဒီယိုထဲက မြန်မာရိုးရာသင်္ကြန်ကို အားလုံးခံစားနိုင်ကြပါစေ။)

(သင်္ကြန်မိုး ရုပ်ရှင် ဒုတိယပိုဒ်မှ သီချင်းများ၊ အဆိုက ဇော်ဝမ်း သရုပ်ဆောင်က ဒေါ်ခင်သန်းနုနဲ့ နေအောင် ငယ်ငယ်က ပုံတွေဖြစ်တယ်)


သင်္ကြန်မိုး ဇာတ်ဝင်ခန်း သီချင်းများ


ဟိုခေတ်တုန်းက သင်္ကြန်မိုးရဲ့ မူရင်းအဆိုတော် ဇော်ဝမ်းအလွမ်းပြေ (သင်္ကြန်မိုးရုပ်ရှင် နောက်ဆုံးပိုဒ် (၁၄) မှ ဇော်ဝမ်းရဲ့အသံ ဖြစ်တယ်။) ခင်သန်းနု၊ မေသန်းနု၊ ဇော်ဝမ်း၊ နေအောင်၊ ဇင်ဝိုင်း (မင်းမော်ကွန်းအဖေ) တို့ရဲ့ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က ပုံတွေဖြစ်တယ်။ အပိုင်း (၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉) (၁၀) (၁၁) (၁၂) (၁၃) (၁၄)


မြူမှောင်ဝေကင်း - တေးဆို ဘိုဘို


ဇော်ဝမ်းအလွမ်းပြေ တူးပို့တူးပို့


ရင်ဂိုရဲ့ မန်းတောင်ရိပ်ခို

သင်္ကြန်မိုး - ဂရေဟန်


ဇော်ဝမ်းရဲ့ ရွှေ့မန်းမာလာ


ရင်ဂို ညိုမြ

ချမ်းပါတယ် - ဂရေဟန်

မမကိုယ်တိုင်က - ဂရေဟန်

မမကိုယ်တိုင်က - ဇော်ဝမ်း


ရေလောင်း ရေပက် ဘိုဘို


Rzarni - ပိတောက်တမျက်နှာ (သီချင်းကို ကြိုက်တယ် ဆိုနေတာကို လုံးဝမကြိုက်ပါ၊ ဇော်ဝမ်းဆိုတာကို ရှာမတွေ့လို့သာ ထည့်ထားပါတယ်)


အိပ်မက်စေတမန် - ရင်ဂို


နှစ်သစ်ချစ်ဦး - ဇော်ဝမ်း


နွေဦကဗျာ - ဂရေဟန်


နှုတ်ခွန်းဆက် ဂရေဟန် - ဘိုဘို


ရင်ဂို - နှုတ်ခွန်းဆက်

ဒီပို့စ်က သီချင်းအားလုံးကို Google Youtube မှ ကူးယူထားခြင်း ဖြစ်ပါတယ်။ 4/11/11 10:17 PM က တင်တဲ့ပို့စ်ဖြစ်ပြီး သင်္ကြန်ကာလမှာ ပြန်နားထောင်ရင်း ဘလော့ဂ်ကို လာလည်သူတွေလည်း နားထောင်သွားလို့ရအောင် အပေါ်ခဏ ပြန်တင်ထားပါတယ်။

သင်္ကြန်ကာလကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

12 comments:

မငယ်နိုင်ခင်ဗျာ ။
သင်္ကြန်သီချင်းတွေဟာ သင်္ကြန်အခါရောက်လေ တိုင်း ပြန်ပြီး အသက်ဝင်လာတာပါပဲ။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ။

ခင်မင်စွာဖြင့်

မင်းဒင်

ကျေးဇူးတင်ပါတယ် သူငယ်ချင်း
သင်္ကြန်ရောက် ရင် မြန်မာပြည်ကို ပြန် ချင်တယ်
ပြန်လို့ မရ တဲ့ အချိန်မှာ သီချင်းတွေ နားထောင်ရင်း
အလွမ်းဖြေ ရတာပေါ့

နှစ်သစ် မှာ မြန် မာ ပြည် က ပြည်သူ တွေ နဲ့ အတူ ပျော် ရွှင် ချမ်းမြေ့စွာဖြင့် ဘေးဘယာ ကင်းဝေးပြီးလို အင် ဆန္ဒ တွေ ပြည့် ပါစေ

အမငယ်..
အလွမ်းပြေ ရေလာလောင်းပါတယ်.။
ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေအမငယ်.။
ချစ်တဲ့
ညီမသဒ္ဓါ

မငယ်နိုင်ခင်ဗျာ......

သင်္ကြန်နဲ့ ထပ်တူ ရွှင်မြူးနိုင်ပါစေ။ သင်္ကြန်သီချင်းတွေတော့ အခုခေတ်ပေါ်တွေကို နားလည်ပေးလို့ကို မရတာ.. ဒီနှစ်တောင် ရှာပုံတော်မင်းသားကြီးရဲ ဂန္တ၀င် သင်္ကြန်(1+2+3) နဲ့ နှစ်သစ် မင်္ဂလာ(4) ပဲ နားထောင်တယ်

သင်္ကြန်ရေနဲ့ ထပ်တူ အေးချမ်းပါစေ

မငယ်နိုင်ရေ

မိသားစုနဲ့အတူ ပျော်ရွှင်သော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ဆုတောင်းပါတယ်း))

အစ်မငယ်နိုင်ရေ... သင်္ကြန်တွင်းတုန်းက လိုက်ရှာနေတဲ့ သင်္ကြန်သီချင်းတွေကို အခုမှ တစုတစည်းထဲ တွေ့ရတော့ နောက်ကျလိုက်တာလို့ ညည်းမိပါတယ်။ သင်္ကြန်မိုးသီချင်းတွေကတော့ သင်္ကြန်ရောက်တိုင်း ညီမပြန်နားထောင်ဖြစ်နေကျ သီချင်းတွေပါပဲ။ အခုနောက်ပိုင်း အဲဒီလို အနှစ်ရှိတဲ့ သင်္ကြန်သီချင်းတွေ ထပ်မထွက်တော့တာ စိတ်မကောင်းစရာပါ...

ပျော်ရွှင် ချမ်းမြေ့တဲ့ မင်္ဂလာနှစ်သစ် ဖြစ်ပါစေ

အစ်မငယ်နိုင်

ဇော်ဝမ်း ဆိုတဲ့ ပိတောက်တမျက်နှာ

ကို ဒီလင့်မှာ နားထောင်နိုင်ပါတယ်။

http://www.youtube.com/watch?v=GPiat7aE6m8

.
(ခေါင်းစဉ်ကို နှိပ်ပြီး အေးတဲ့ရေ (မြူမှောင်ဝေကင်း) သီချင်းကို မူလ အဆိုရှင် သန်းမြတ်စိုး သီဆိုဟန်ကို နားဆင်နိုင်ပါတယ်။)


အေးတဲ့ရေ (မြူမှောင်ဝေကင်း) (၁၉၅၈ ခုနှစ်)

တေးရေး - မြို့မဦးရင်လေး
တေးဆို - သန်းမြတ်စိုး


( မြူမှောင်ဝေကင်း ငွေအဆင်း စန္ဒ
ပြည်ထောင် တိုင်းမြန်ပြေ ငြိမ်းချမ်းအောင်ဆု
သွန်းခါရေ
အေးစေကြောင်း လောင်းတဲ့လုံမေ ထူးထူးကဲကဲ လှကြပါစေ ) ၂

( အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ
သံသာ ချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ
ယဉ်ကျေးသူတွေ
မနှစ်ကပဲ လောင်းခဲ့တာတွေ
အေးအေးမြမြ မမေ့တဲ့နိုင်ပေ ) ၂

သင်းပျံ့နေ
ရွှေပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်လေ

သင်းပျံ့နေ
ရွှေပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်
သည်ရေ ပွဲသင်္ကြန်ရေ


(မှတ်ချက် - သီချင်းပေါ်တာ နှစ် ၅၀ ကျော် ကြာလာပေမယ့် မြန်မာ့ရိုးရာသင်္ကြန်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်တဲ့ ပရိသတ်အတွက် အနှစ်သက်ဆုံး သင်္ကြန်သီချင်းတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေဆဲ ဖြစ်တဲ့ "မြူမှောင်ဝေကင်း" သီချင်းရဲ့ ခေါင်းစဉ် အမှန်က "အေးတဲ့ရေ" ဖြစ်ပါတယ်။ "အေးတဲ့ရေ" ကို ၁၉၅၈ ခုနှစ်က မြို့မဦးရင်လေး ရေးစပ်ခဲ့တာပါ။)


http://soundcloud.com/listen2urheart/track-1

.
(ခေါင်းစဉ်ကို နှိပ်ပြီး အေးတဲ့ရေ (မြူမှောင်ဝေကင်း) သီချင်းကို မူလ အဆိုရှင် သန်းမြတ်စိုး သီဆိုဟန်ကို နားဆင်နိုင်ပါတယ်။)


တေးရေး - မြို့မဦးရင်လေး
တေးဆို - သန်းမြတ်စိုး


( မြူမှောင်ဝေကင်း ငွေအဆင်း စန္ဒ
ပြည်ထောင် တိုင်းမြန်ပြေ ငြိမ်းချမ်းအောင်ဆု
သွန်းခါရေ
အေးစေကြောင်း လောင်းတဲ့လုံမေ ထူးထူးကဲကဲ လှကြပါစေ ) ၂

( အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ
သံသာ ချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ
ယဉ်ကျေးသူတွေ
မနှစ်ကပဲ လောင်းခဲ့တာတွေ
အေးအေးမြမြ မမေ့တဲ့နိုင်ပေ ) ၂

သင်းပျံ့နေ
ရွှေပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်လေ

သင်းပျံ့နေ
ရွှေပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်
သည်ရေ ပွဲသင်္ကြန်ရေ


(မှတ်ချက် - သီချင်းပေါ်တာ နှစ် ၅၀ ကျော် ကြာလာပေမယ့် မြန်မာ့ရိုးရာသင်္ကြန်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်တဲ့ ပရိသတ်အတွက် အနှစ်သက်ဆုံး သင်္ကြန်သီချင်းတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေဆဲ ဖြစ်တဲ့ "မြူမှောင်ဝေကင်း" သီချင်းရဲ့ ခေါင်းစဉ် အမှန်က "အေးတဲ့ရေ" ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်က မြို့မဦးရင်လေး ရေးစပ်ခဲ့တာပါ။)

ဗွီဒီယိုမြင်ကွင်းကအပြည့်မပေါ်ပဲဖြစ်နေပါတယ်
Enbed code ကိုကော်ပီလုပ်ပီးရင် width နဲ့
height ကိုအချိုးကျအောင်ပြင်ပေးလိုက်ရင်ရပါတယ်.
ကြည့်ရတာအဆင်ပြေသွားအောင်အကြံပေးလိုက်ပါတယ်.

အကြံပြတာ ကျေးဇူးပါ။ ဒါမေပဲ့ ကျွန်မ ပြင်လိုက်မှ အချိုးမကျဘဲ ပုံတွေက ပိန်ပိန်ရှည်ရှည် ဖြစ်လိုဖြစ် တိုတိုတုတ်တုတ်ကြီးတွေ ဖြစ်လိုဖြစ်နဲ့ ပိုဆိုးသွားမှာစိုးလို့ youtube ဆိုတဲ့ နေရာလေးကိုပဲ နှိပ်ပြီး မူရင်းနေရာမှာ သွားကြည့်လို့လည်း ရနိုင်ကြောင်း ပြန်ပြီး အကြံပြုပါတယ်။