မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဆရာဝင်းမြင့်သိန်းဈာပနနှင့် ရက်လည်ဆွမ်းကျွေးအခမ်းအနား




ဆစ်ဒနီမြို့ St. Vincent's ဆေးရုံရှိ Intensive Care Unit (ICU) မှာ 16/05/11 နေ့က ကွယ်လွန်သွားတဲ့ ဆရာ ၀င်းမြင့်သိန်းရဲ့ ဈာပန ကို ၂၀-၀၅-၁၁ ၌ West chapel, Rockwood cemetery, Lidcomoe မှာ နေ့လည် ၁ နာရီမှ ၂ နာရီ ၄၅ မိနှစ်အထိ ကျင်းပပြီးစီးခဲ့ပြီး ရက်လည်ဆွမ်းကျွေး တရားနာ အခမ်းအနားကို ၂၂-၀၅-၁၁ ၌ Merryland ရှိ နေအိမ်မှာ တနေကုန် ကျင်းပပြီးစီးခဲ့ပါတယ်။ ဈာပန အခမ်းအနားမှာ ဒေါက်တာမြင့်ချိုက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားပါတယ်။ အခမ်းအနား အစီစဉ်များကတော့ ပထမဦးစွာ ဘုန်းတော်ကြီးများ ကြွလာတာကို ကြိုဆိုအရိုအသေပေးခြင်း၊ ဆရာလေးဝင်းမြင့်သိန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကို ဒေါက်တာမြင့်ချိုက ကိုယ်တိုင် ဖတ်ကြားခြင်း၊ ABSDF ဗဟိုမှ ပေးပို့လာသော ၀မ်းနည်းခြင်း သ၀ဏ်လွှာကို ကိုနိုင်အောင်မှ ဖတ်ကြားခြင်း၊ ဘုရားရှိခိုးပြီး သံဃာတော်များဆီမှ ငါးပါးသီလခံယူကာ ပရိတ်တရားတော်နှင့် မမြဲခြင်းသဘောကိုဆောင်သည့် သေခြင်းတရားကို နာယူပြီး နောက်ဆုံးအစီစဉ်ကို ဆရာဝင်းမြင့်သိန်း အသက်ရှိထင်ရှားရှိစဉ်နှင့် သေဆုံးတဲ့နေ့အထိ ဓါတ်ပုံမှတ်တမ်း နှင့် ဆေးရုံမှာ ရှိစဉ် အဆုတ်အလုပ်မလုပ်တော့လို့ အဆုပ်အစား အလုပ်လုပ်ပေးမည့် စက်ကိုပါးစပ်မှာ မတပ်ဆင်မီ စကားပြောလို့ရတုန်း ဘိုင်တင်ကိုကိုက မူဘိုင်းဖုန်းဖြင့် မှတ်တမ်းတင်ထားတဲ့ ဆရာ ၀င်းမြင့်သိန်းရဲ့ နှုတ်ဆက်စကားဗွီဒီယိုကို Slide Show ဖြင့် ကိုနိုင်အောင်က ပေါင်းစပ်ပြီး ဖန်တီးထားတာကို ဖွင့်ပြပြီး ဈာပန အခမ်းအနားကို အဆုံးသတ်လိုက်ပါတယ်။ ဆရာဝင်းမြင့်သိန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကို ပူးတွဲဖေါ်ပြထားပါတယ်။ ဓါတ်ပုံနှင့် ဗွီဒယိုကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

ကိုဝင်းမြင့်သိန်း ကိုယ်ရေးရာဇ၀င်အကျဉ်း

· ကိုဝင်းမြင့်သိန်းကို အဘ ဦးသန်းမောင်နဲ့ အမိ ဒေါ်မြင့်စိန်တို့က (၁၉၅၉) ခုနှစ် မေလ (ရ) ရက်မှာ ရန်ကုန်မှာ မွေးဖွားခဲ့ပါတယ်။

· (၁၉၈၅) ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က BSc သင်္ချာနဲ့ ကျောင်းပြီးပြီး ပုလောမြို့နယ် ပုလောကုန်းရွာ တွဲဘက်အလယ်တန်းကျောင်းမှာ ဆရာအဖြစ် တာဝန်ကျခဲ့ပါတယ်။

· (၁၉၈၆) ခုနှစ်မှာ အလယ်တန်းပြဆရာအဖြစ် ခန့်အပ်ခြင်းခံရပြီး ဇရပ်ဆိပ်ရွာကို ပြောင်းရွှေ တာဝန်ပေးခြင်းခံရပါတယ်။ ဇရပ်ဆိပ်ရွာမှာ (၁၉၈၈) အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၈၈) ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီ်းမှာ ဇရပ်ဆိပ်ကျေးရွာ ကျောင်းသားသမဂ္ဂမှာ ဦးဆောင်သူအဖြစ် ပါဝင်လှုပ်ရှားခဲ့ပါတယ်။

· (၁၉၈၈) ခုနှစ် စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ နယ်စပ်ဒေသကိုထွက်ခွာလာပြီး KNU တပ်မဟာ(၄)နယ်မြေကို ရောက်ရှိခဲ့ပါတယ်။

· နယ်စပ်ရောက်ကျောင်းသားများ ABSDF ကို ဖွဲ့စည်းပြီးတဲ့အခါမှာ တပ်ရင်း (၂၀၁) မင်းသမီးစခန်းနဲ့ စစ် ပြေပြင်မှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၈၉) ခုနှစ် ABSDF ဒုတိယအကြိမ်ညီလာခံပြီးတော့ ဗဟိုဌာနချုပ်မှာ ဒုရုံးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၉၅) ခုနှစ်မှာပြုလုပ်တဲ့ ABSDF စတုတ္ထအကြိမ်ညီလာခံနဲ့ (၁၉၉၆) ခုနှစ်မှာကျင်းပတဲ့ ABSDF ပြန်လည်ပေါင်းစည်းရေးညီလာခံမှာ ရွေးကောကပွဲကော်မရှင်ဥက္ကဌအဖြစ် တာဝန်ပေးခြင်းခံရပါတယ်။

· နောက်ပိုင်း (၁၉၉၇) ခုနှစ်အထိ ဗဟိုဌာနချုပ်မှာ ဗဟိုရုံးအဖွဲ့မှူးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၉၇) ခုနှစ်ကုန်မှာ တတိယနိုင်ငံတခုခုမှာ အခြေချရပ်တည်နိုင်ဖို့အတွက် ဘန်ကောက်မြို့ကို ရောက်လာခဲ့ပါတယ်။

· (၁၉၉၈) ခုနှစ် ဆန်းကစပြီး NCGUB Bangkok ရုံးမှာ Accountant အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၉၈) ခုနှစ် August (၂၄) မှာ မစန်းစန်းအေးနဲ့ လက်ထပ်ခဲ့ပါတယ်။

· (၂၀၀၀) ခုနှစ် October (၁၉) ရက်မှာ Australia နိုင်ငံကို အခြေချနေထိုင်ဖို့အတွက်ရောက်ရှိခဲ့ပါတယ်။

· (၂၀၀) ခုနှစ်မှာ နှလုံးရောဂါ စခံစားခဲ့ရပြီး နှလုံးပုံမှန်အလုပ်မလုပ်တော့လို့ Westmead ဆေးရုံက နှလုံးအကူပေးတဲ့စက် Pacemaker တပ်ပေးခဲ့ပါတယ်။

· (၂၀၁၁) ခုနှစ်မှာ နှလုံးအစားထိုးမှရတော့မဲ့ အခြေအနေကို ရောက်လာတော့ Westmead ဆေးရုံကနေ St. Vincent ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။

· St.Vincent ဆေးရုံမှာ နှလုံးအစားထိုးကုသနိုင်ဖို့ အတွက် နှလုံးစောင့်ဆိုင်းရင်း အခြေအနေက ပိုဆိုးလာခဲ့ပြီး ကျောက်ကပ်နဲ့ အဆုတ်ကိုပါ ထိခိုက်လာခဲ့ပါတယ်။

· (၂၀၁၁) ခုနှစ် May (၁၆) ရက် ညနေ (၃) နာရီ မိနှစ် (၅၀) မှာ သက်တောင့်သက်သာနဲ့ ဘ၀ကူးသွားခဲ့ပါတယ်။



ဈာပနအခမ်းအနားမှ ပုံများ

West Chapel အပြင်ဘက် အလောင်းသယ်လာသည့် အသုဘကား

အလောင်းကို အထဲသယ်သွားစဉ်

အလောင်းကို အထဲမှာ နေရာချထားစဉ်

အလောင်းကို နေရာချပြီး ကျန်ရစ်သူမိသားစုမှ နောက်ဆုံးကန်တော့စဉ်

အခမ်းအနားစတင်ခါနီး

ဒေါက်တာမြင့်ချိုမှ အခမ်းအနားအစီစဉ်စတင်ကြေညာပြီး နေရာယူရန် ကြေညာစဉ်

ဆရာတော်ဘုရားများ နေရာယူပြီးနောက် အခမ်းအနားအစီစဉ်များကို ဖတ်ကြားပြီး၊ ဆရာဝင်းမြင့်သိန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကို ဒေါက်တာမြင့်ချိုမှ ဖတ်ကြားနေစဉ်

ကျန်ရစ်သူမိသားစုမှ ဆရာတော်ဘုရားများအား သင်္ဃန်းနှင့် ၀တ္ထုကပ်နေစဉ်




တရားနာယူနေကြစဉ်

တရားနာပြီးအလောင်းကို ခန်းဆီးအောက်မယူသွားမီ

အလောင်းကို ခန်းဆီးအောက်မယူသွားမီ နောက်ဆုံး ဖွင့်ကြည့်စဉ်



ခန်းဆီးအထဲသွင်းနေစဉ်



ရက်လည် ဆွမ်းကျွေးတရားနာပွဲမှ ပုံများ

ဆွမ်းမဘုန်းခင် တရားအရင်နာစဉ်

ဆွမ်းကပ်နေစဉ်






ဆွမ်းဘုန်းပြီး အချိုပွဲကပ်စဉ်
ဝတ္ထုကပ်နေစဉ်

ရေစက်ချစဉ်

ဧည့်သည်များအား ကိုယ်တိုင်ထည့်စားသည့် စနစ်ဖြင့် ဧည့်ခံပါသည်


အိမ်အနောက်ဘက်မှာ

အိမ်ဘေးမှာ

ထမင်းစားပြီး အိမ်ရှေ့မှာ တချို့

Facebook မိတ်ဆွေများအနေနှင့် ကိုနိုင်အောင်က ဓါတ်ပုံတွေကို ဆရာ့နှုတ်ဆက်စကားဗွီဒီယိုနဲ့ ဘ၀သံသရာသီချင်း မိုးကုတ်ဆရာတော်ရဲ့ မမြဲခြင်းတရားတွေကို ပေါင်းစပ် စီစဉ် ပြုလုပ်ထားတဲ့ ဆရာဝင်းမြင့်သိန်းရဲ့ Life memory slide show နှင့် နှုတ်ဆက်စကားကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

အသုဘအတွက် လူအား (သို့) ငွေအား (သို့) နှုတ်၏စောင်မခြင်း (သို့) နည်းအားလုံးနှင့် ဖြစ်စေ တနည်းနည်းနှင့် ဖြစ်စေ ၀ိုင်းဝန်းပံ့ပိုးပြီး ကူညီပေးခဲ့သည့် သြစကြေးလျား၊ ကနေဒါ၊ အမေရိကနှင့် ဥရောပရောက် မကဒတ တပ်ဖွဲ့ဝင်ရဲဘော်ရဲမေဟောင်းများနှင့် တခြားမိတ်ဆွေများအားလုံးကို တချိန်က ဆရာဝင်းမြင့်သိန်းရဲ့ တပည့်ဖြစ်ခဲ့ဖူးသူ တယောက်အနေနှင့် သူရဲ့ ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ကျေးဇူးဥပကာရ တင်ရှိကြောင်း ဒီနေရာမှာ မှတ်တမ်းတင်အပ်ပါတယ်။

ဆရာကောင်းရာသုဂတိလားပါစေ။



(စာကြွင်း - ဗွီဒီယို သုံးပိုင်းကို ပေါင်းထားတာကို Upload လုပ်တာ အဆင်မပြေလို့ နောက်ဆုံးပိုင်းတခုကိုပဲ တင်ထားပါတယ်။ တခုလုံးကို တင်ဖြစ်အောင် နောက်မှ ပြန်ကြိုးစားကြည့်မယ်။ နောက်ပိုင်း အချိန်ရပါက သိပ္ပံနဲ့ဘာသာရေး နှစ်ခုစလုံးနဲ့ ဆက်စပ်တဲ့ ပို့စ်တခုကို " သေခြင်းတရား၏ တခြားတဘက်မှာ" ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဖို့ စဉ်းစားထားပါတယ်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ။



8 comments:

သေပေးလို. (မငယ်နိုင်ကိုယ်စား) ကျေးဇူးတင်ပါတယ် ဆရာဝင်းမြင်.သိန်း ခင်ဗျာ... ပိုစ်. ၅ ခုတော.ရလိုက်ပါတယ်

ကိုးကားဖို့ အချက်အလက်ရပြီးရင် သေခြင်းတရား၏ အခြားတဘက်မှာ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဖို့တခုကျန်သေးတယ်။

ကျေးဇူးတင်ပါတယ် မငယ်နိုင်၊ အခုလို တင်ပေးတဲ့အတွက်

..ခင်မင်သူတယောက်ရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်လာရောက်ပို့ဆောင်ပေးနိုင်ကြသလို မလာနိုင်သူအတွက် သတင်းအချက်အလက်တွေကို ဒီကတဆင့်ရတော့ ကျေးဇူးတင်ပါတယ်။
ဆရာလေး ကောင်းရာသုဂတိသို့


စကားမစပ်... အပေါ်က mg ..

ခင်ဗျာ .. အခြေအနေကြည့်ပြီ စာရေးသင့်တယ် ထင်တာပဲ။ ကြေကွဲစရာ အခြေအနေမှာ ... ဒီလိုပျက်ရယ် ပြုတတ်တဲ့ မင်းရဲ့စိတ်ကို ချီးမွမ်းပါတယ်။ မင်းဘဝတလျှောက် အချိန်များစွာကံကောင်းပါစေ.......

သူတို့က ကျွန်မဘလော့ဂ်အတွက် ကျွန်မထက်တောင် အချိန်ပိုပေးနိုင်ပြီးသိပ် ဂရုစိုက်နေတဲ့သူတွေပါ Anonymous. ကျွန်မနဲ့ ကျွန်မဘလော့ဂ်မှာ ကောင်းကောင်းမွန်မွန် စာလာဖတ်ပြီး ရေးသွားတဲ့သူတွေရဲ့ နာမည်တွေ မေးလ်လိပ်စာတွေကို ယူသုံးပြီး C-Box တွေ Comment တွေမှာ လစ်ရင်လစ်သလို နာမည်အမျိုးမျိုးနဲ့ မိန်းမဖြစ်လိုက် ယောက်ျားဖြစ်လိုက်နဲ့ ပေါက်ကရတွေ ယုတ်ယုတ်ရိုင်းရိုင်းတွေ လာလာရေးကြတယ်။ ကောင်းကောင်းလာရေးသူက ယောက်ျားဖြစ်ရင် ဘယ်လောက်ပဲ သိက္ခာရှိသူ ဖြစ်နေပါစေ ကျွန်မနဲ့ လင်မယားပေးစားပြီး ကြာကူလီ စာရင်းသွင်းလိုက်တယ်။ မိန်းကလေးဆိုရင်လည်း မကောင်းတဲ့မိန်းမ စာရင်းသွင်းလိုက်တယ်။ ဘလော့ဂါတွေ ဖြစ်ရင် ဘလော့ဂ်တွေအထိ အနှောင့်အယှက် လိုက်ပေးပါတယ်။ ဒီနည်းနဲ့ ကျွန်မဘလော့ဂ်မှာ အချိန် လာဖြုန်းပြီး လူမကပ်အောင် ရည်ရွယ်ချက်ရှိရှိ စနစ်တကျလာလုပ်နေတဲ့ စစ်ခွေးနဲ့ စစ်ခွေးအားပေးတွေ အွန်လိုင်းပေါ်မှာ အများကြီး ရှိပါတယ်။ အသုဘကိစ္စ၊ သေရေးရှင်ရေး ကိစ္စတင်ထားတဲ့ပို့စ်တွေတောင် မရှောင်နိုင်လောက်အောင် လူ့ကျင့်ဝတ်တွေ ပျက်စီးနေကြတယ်။ ခက်တာက သူတို့က မလာအောင်လုပ်လေ ဘလော့ဂ်ကို လူလာလေ ဖြစ်နေတော့ လုပ်သင့်မသင့်ဆိုတာ စဉ်းစားချင့်ချိန်မှု မရှိတော့ဘဲ သွေးရူးသွေးတန်းနဲ့ လျှောက်လုပ်နေကြတာ ဖြစ်မယ်။

သူ.လည်းဘယ်သူနဲ.မှပေးစားပဲနဲ.
မငယ်နိုင်ဘယ်သူနဲ.ဘာတွေပြောနေတာလဲ
နားလည်ဝူး

thank you ma nge naing. i came late to Lidcombe funeral ceremony. It was full of people in the hall . I felt the same as many others friends and comrades of ABSDF. Its honour and sorrow in my heart for Sayarlay...

အဲဒီ စစ်ခွေးတွေက တော်တော်အာရုံ နောက်တာဘဲ၊ မင်းတို့ အလုပ် အကိုင် မရှိဘူးလား? တော်တော် အားနေကြလား? လူတိုင်းက အဖက်မလုပ်ချင်တာလဲ မပြောနဲ့၊ ပြောလည်း အမှတ်မရှိ၊ အရှက် ကလည်း မရှိ၊ တကယ့် တောကြို အုံကြား စရိုက်တွေ.. (ကောင်းသော စစ်သားအချို့ နှင့် မငယ်နိုင်>> ရိုင်းသွားယင် sorry ပါ..)