မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အသက်သတ်လွတ် စားသူများအတွက် အကြံပြုချက်


အသက်သတ်လွတ်စားသုံး သူများသည် ခန္ဓာကိုယ်အတွက် နေ့စဉ်စားသုံးရန်လိုအပ်သည့် အာဟာရကို လုံလောက်စွာ မစားသုံးပါက အသားဓာတ်ချို့တဲ့နိုင်ခြင်း၊ တခြား ဗီတာမင်ဓာတ်များလည်း ချို့တဲ့နိုင်ခြင်း စသည့် အားနည်းချက် ရှိသလို ဟင်းသီးသင်းရွက်ကို အဓိကထား စားသုံးသောကြောင့် လုံလောက်စွာ စားသုံးပါက သာမန်လူများထက် အမျှင်ဓာတ်လုံလောက်သည့်အတွက် အားသာချက်များကိုလည်း ရရှိထားပါသည်။ အစာအာဟာရနှင့်ပတ်သက်၍ အသက်သတ်လွတ် စားသူများအတွက် အားသာချက်နှင့် အားနည်းချက်များကို ယှဉ်တွဲတင်ပြပါမည်။
အမျှင်ဓာတ် အမျှင်ဓာတ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ဟင်းသီးဟင်းရွက်ထဲမှာ အများဆုံးပါရှိပါသည်။ အမျှင်ဓာတ် ပိုမိုစားသုံးသူသည် အမျှင်ဓာတ် အစားနည်းသူထက် များစွာအသက်ရှည်ပြီး ကျန်းမာသည်။ အကယ်၍ အသက်သတ်လွတ်စားသုံးသူများသည် လုံလောက်သော အာဟာရကို နေ့စဉ်စားသုံးနိုင်ပါက အသားစားသူများထက် ပိုပြီး ကျန်းမာအသက်ရှည်စွာ နေထိုင်ကြမည် ဖြစ်သည်။ အကြောင်းမှာ ဟင်းသီးဟင်းရွက်နှင့် အသီးနှံများတွင် ပါဝင်သော အမျှင်ဓာတ်သည် ခန္ဒာကိုယ်အတွက် စွမ်းအင်ဖြစ်စေသည့် ဂလူးကို့စ်ဖြစ်အောင် အစာခြေ၍ မရနိုင် သောကြောင့် ၎င်းကို ဆဲလ်များမှ ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသုံး ပြုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ဟင်းသီးဟင်းရွက်မှ ရရှိသော အမျှင်များသည် အူနံရံရှိ ဘက်တီးရီးယား များကို သယ်ဆောင်ပြီး မစင်အဖြစ် ပုံမှန် စွန့်ထုတ်ပေးခြင်းဖြင့် ၀မ်းကို ပုံမှန် သွားစေပြီး အူလမ်းကြောင်းတွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်စေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြု ပါသည်။

ထို့အပြင် ထိုအမျှင်များသည် ခန္ဓာကိုယ်အား စွမ်းအင် အဖြစ်နှင့် အကျိုး မပြုနိုင် သော်လည်း စားသုံးလိုက်သော အာဟာရများထဲရှိ ဂလူးကို့စ်ကို သွေးထဲ ပုံအော ရောက်ရှိခြင်းမှ ကာကွယ်ပြီး ဆဲလ်မှ ဂလူးကို့စ်ကို ဖြည်းဖြည်းနှင့် မှန်မှန် စုပ်ယူစေ၍ သွေးထဲ သကြားဓါတ် ပမာဏကို အမြဲတမ်း ပုံမှန် ဖြစ်နေအောင် ထိန်းညှိ ပေးသည်။ ထို့အပြင် နှလုံးနှင့် သွေးကြော များအား ဒုက္ခပေးနိုင်သည့် ကော်လက်စထရောလ် ပမာဏကို လျော့နည်းစေခြင်း၊ ၀မ်း ပုံမှန် သွားပြီး အူမကြီး အား ဘတ်တီးရီးယား ဒုက္ခ ပေးခြင်း၊ ကင်ဆာဖြစ်ခြင်းဖြင့် နှလုံး၊ ဆီးချို၊ အူမကြီးကင်ဆာ စသည့် အသက်ကြီးလာရင် ဖြစ်လာနိုင်သော ရောဂါပေါင်း များစွာကို ကာကွယ်ပေးပါသည်။ ဟင်းသီးဟင်းရွက်များတွင် အမျှင်ဓာတ်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်များလည်း များစွာ ပါဝင်ပြီး ဘက်တီးရီးယားနှင့်အတူ မစင်အဖြစ် မစွန့်ထုတ်မီ နောက်ဆုံးအချိန်အထိ ထိုသတ္တုဓာတ်များကို
အစာလမ်းကြောင်းတလျှောက်ရှိ အူနံရံက စုပ်ယူပါသည်။ ဤနည်းဖြင့် အမျှင် ( Fibre) သည် စွမ်းအင် ဖြစ်စေသည့် ဂလူးကို့စ်ကို မထုတ်ပေးသော်လည်း ခန္ဓာကိုယ်နှင့် အစာ လမ်းကြောင်းကို များစွာ အကျိုး ပြုပြီး ရောဂါပေါင်း များစွာကို ကာကွယ်ပါသည်။ ထို့ကြောင့် အမျှင်ဓာတ်ကို နေ့စဉ်များများ စားသုံးရန် လိုအပ်ပါသည်။ အစာလမ်းကြောင်း ပြဿနာမရှိသူများအနေဖြင့် အချိုအရသာ မရှိသည့် အသီးနှံနှင့် ဟင်းသီး ဟင်းရွက်များကို ဆန္ဒရှိသလို ကြိုက်သလောက် များများ စားသုံး နိုင်ပြီး ချိုသည့် အသီးနှံများကိုမူ တမျိုးစီ သို့မဟုတ် Fruit Salad အဖြစ် တနေ့ နှစ်ကြိမ်ခန့် စားသုံးသင့်ပါသည်။


အသားဓာတ်

အသားဓာတ် Protein သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် အတော် များများကို အထောက်အကူ ပြုပါသည်။ အထူးသဖြင့် ဆဲလ်များနှင့် တစ်ရှူး များ၏ လုပ်ငန်းများ ဖြစ်သည့် သွေးထဲနှင့် တစ်ရှူးထဲရှိ အရည် ပမာဏကို မျှတအောင် ထိန်းချုပ် ပေးခြင်း၊ သွေးထဲ ဟိုက်ဒရိုဂျင် စုစည်းမှု (pH) ကို မျှတ အောင် လုပ်ပေးရန် အင်ဇိုင်းနှင့် ဟော်မုန်းများ ပုံမှန် အလုပ်လုပ် နိုင်အောင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း ရောဂါပိုးများ နှောင့်ယှက်မှု ကို ကာကွယ် ပေးခြင်း၊ အာဟာရ ကို ခန္ဓာကိုယ်အနှံ့ သယ်ယူ ပို့ဆောင် ရာတွင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ်ကို အကြောင်းအမျိုးမျိုးကြောင့် ပြတ်လပ် သွားပါက အသားဓါတ်မှ ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသက် မဆုံးရှုံးအောင် ထိန်းထား ပေးခြင်း စသည့် အရေးပါသည့် လုပ်ငန်း များစွာဖြင့် ခန္ဓာကိုယ်အား အထောက်အကူ ပြုပါသည်။

အသားဓာတ် ကို ဆဲလ်ကလပ်စည်းများ အတွင်းရှိ DNA ခေါ် မျိုးရိုးဗီဇကို သယ်ဆောင်ပေးသည့် အချဉ်ဓာတ်တမျိုးမှတဆင့် အဆင့်ဆင့် ပြောင်းလဲ၍ အမီနို အက်စစ် ကွင်းဆက်များ အဖြစ် တွေ့ရပါသည်။ အသားဓာတ်တွင် အမီနိုအက်စစ် အမျိုးအစား ၂၀ ရှိပြီး အရိုးတွယ် ကြွက်သားများကို အသုံးပြု၍ လိုအပ်သော အသားဓာတ် အများစုကို ခန္ဓာကိုယ် ထဲမှာ ပင် ထုတ်လုပ် ပါသည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် ထုတ်လုပ်၍ မရနိုင်သော မဖြစ်မနေ လိုအပ်သည့် အမီနို အက်စစ် တချို့ ရှိနေ သောကြောင့် အသားဓာတ်ကို နေ့စဉ် အနည်းငယ်စီ ဖြည့်စွက်စားသုံးရန် လိုအပ်ပါသည်။
လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ စသည့် တိရစ္ဆာန်ထွက် အစားအစာများကို စားသုံးခြင်းဖြင့် ရနိုင်သကဲ့သို့ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ စသည့် အပင်ထွက် အစားအစာများကို လုံလောက်စွာ စားသုံးခြင်းဖြင့်လည်း လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို ရရှိနိုင်ပါသည်။ အားနည်းချက်မှာ တိရစ္ဆာန် မှ ရသော အသားဓာတ်တွင် အသားတမျိုးတည်းမှ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အမီနိုအက်စစ် အားလုံး ပါဝင် နိုင်သော်လည်း အပင်မှ ရရှိသော အသားဓာတ်တွင် အမီနို အက်စစ် တခု (သို့) တခုထက် ပို၍ လိုနေ တတ်ပါသည်။ ထို့ကြောင့် အသက်သတ်လွတ် စားနေသူများ သည်နွားနို့စသည့် တိရစ္ဆာန်ထွက် နို့မသောက်သူများ ဖြစ်ပါက အမီနိုအက်စစ် အားလုံး ပါစေရန် အသားဓာတ် ပါဝင်သည့် အပင်ထွက် အစားအစာ အမျိုးမျိုး ပါဝင်အောင် စားသင့်ပါသည်။ အသားဓာတ်ပါသော အပင်ထွက်အစားအစာ တခုတည်းစား၍ အသားဓာတ်ထဲတွင် ပါဝင်သော Amino acid အကုန်လုံးပါဖို့ မဖြစ်နိုင်ပါ။ ဆိုလိုသည်မှာ ပဲဟင်းတခွက်တည်း ဖြင့် ခန္ဓာကိုယ်အတွက် လုံလောက်သော အသားဓာတ်ကို ရရှိမည် မဟုတ်ပါ။ တမျိုးတည်းကိုသာ စားသုံးပါက အသက်သတ်လွတ်စားခြင်းအတွက် အားနည်းချက်အဖြစ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ဖြစ်လာစေနိုင်ပါသည်။

ထို့ကြောင့် ပဲတမျိုးတည်းကို နေ့စဉ် ဆက်တိုက် စားမည့်အစား ပဲပုပ်ပဲ၊ ကျောက်ကပ်ပုံပဲ၊ မြေပဲ၊ ပဲဝါခြမ်း၊ နှမ်းနှင့် တခြားအခွံမာ စေ့များ၊ ပဲပြား တို့ဖူး စသည်တို့ကို တပတ်အတွင်းတွင် အနည်းဆုံး အမျိုးစား နှစ်ခုထက် ပို၍ ပါဝင်အောင် တလှည့်စီ စားသင့် ပါသည်။ စားသုံးသည့် အသားဓာတ်ထဲတွင် အမီနိုအက်စစ် အကုန်လုံး ပါဝင်အောင် မစားနိုင်ပါက အသားဓာတ် ချို့တဲ့နိုင်ပြီး အသားဓာတ် ချို့တဲ့ခြင်း သည် တခြားအာဟာရဓာတ်အားလုံး ချို့တဲ့ခြင်း၏ လမ်းစဖြစ်ပါသည်။
သို့သော် အသက်သတ်လွတ်စားသူသည် အသားဓာတ်ပါသော အသီးအရွက် နှစ်မျိုးနှင့် နှစ်မျိုးထက်ပိုပြီး စားသုံးပေးနိုင်ပါက နေ့စဉ် အသားစားသူနှင့် အသားဓာတ် အာဟာရ ရရှိမှုတွင် ဘာမှ မခြားပါ။ အသားစားသူများထက် အားသာသည့်အချက်မှာ တိရစ္ဆာန်မှ ရရှိသည့် အသားဓာတ်ကို လိုသည်ထက် ပို၍ စားသုံးပါက ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲ ပြဿနာ များစွာ ရှိသော်လည်း အပင်မှရသည့် အသားဓာတ်ကိုမူ အစာလမ်းကြောင်း ပြဿနာနှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ဆန္ဒရှိသလောက် ကြိုက်သလို များများ စားသုံးနိုင်ပါသည် အပင်မှရသည့် အသားဓာတ်သည် ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ပိုရသောကြောင့် အသားစားသူထက် လူကိုပို၍လန်းဆန်းစေသလို လိုသည်ထက် ပိုစားမိသည်ဟူ၍ မရှိဘဲ အမျှင်များများစားလေ ဘက်တီးရီးယားများကို ပိုမိုဖယ်ရှားနိုင်ပြီး အစာလမ်းကြောင်းကို ပို၍ ကျန်းမာသန့်ရှင်းစင်ကြယ်စေပါသည်။
ဗီတာမင် B12

အပင်ထွက် အစားအစာများကို တခုထက်ပိုစားပါက
အသားဓာတ်နှင့် တခြား ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များကို လုံလောက်စွာ ရနိုင်သော်လည်း ဗီတာမင် B12 ကိုမူ အပင်ထွက် အာဟာရများမှ ရနိုင်သည့် အထောက်အထားကို အာဟာရဆိုင်ရာ သိပ္ပံပညာရှင်များ မတွေ့ရသေးကြောင်း လေ့လာသိရှိရပါသည်။ ဗီတာမင် B12 သည် ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှု၊ အာရုံကြောအကာလွှာ ထိန်းသိမ်းမှု၊ ဦးနှောက်နှင့်အာရုံကြောဆဲလ်များ ထိန်းသိမ်းမှု နှင့် ဦးနှောက်နှင့်အာရုံကြောစနစ်၏ ပုံမှန် လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းမှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို တိရစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် တခြားမည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ဗီတာမင် B12 ချို့တဲ့ပါက သွေးအားနည်း ရောဂါတမျိုး ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။ ထို့ကြောင့် အကယ်၍ အသက်သတ်လွတ်စားသူသည် ကြက်ဥ (သို့) နွားနို့ကဲ့သို့ တိရစ္ဆာန်ထွက် နို့များကို မသောက်သုံးသူများ ဖြစ်ပါက ဗီတာမင် B12 ချို့တဲ့မှု ရှိမရှိ စမ်းသပ်စစ်ဆေးသင့်ပြီး ရှိပါက ဆေးဝါးဆောင်ထားသင့်ပါသည်။ ကြက်ဥ စားသူများ (သို့) နွားနို့သောက်သူများအတွက် မလိုအပ်ပါ။

ကယ်လ်စီယံ

ကယ်လစီယံကို အသီးအရွက်များတွင် ရနိုင်သော်လည်း သူ့အတွက် သီးသန့်ပုံမှန်စားသုံးမှု မရှိပါက ခန္ဓာကိုယ်အတွက် လုံလောက်သည့် ပမာဏကို ရရန်မလွယ်ပေ။ ထို့ကြောင့် နေ့စဉ် နွားနို့ (သို့) ပဲနို့ နှစ်ခွက်ခန့် သောက်သင့်ပါသည်။

အပိုစာများ
သကြား၊ ဆား၊ ဘီယာ၊ အရက်၊ အချိုရည် (Soft drink)၊ ဘီစကစ်မုန့်အပါအ၀င် သွားရေစာ အချိုစာများအားလုံး၊ ပေါင်မုန့်တွင် သုတ်သည့် ထောပတ်နှင့် Jam များအားလုံးသည် ကျန်းမာရေးအတွက် မလိုအပ်ပဲ အရသာအတွက် အပျော်စားသည့် အပိုစာများသာ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအစားအစာများကို မစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် မည်သည့် အကျိုးကျေးဇူးမှ ဆုတ်ယုတ်သွားရန် မရှိပါ။ အရသာအတွက်သာ ဖြစ်သည့် အစားအစာများ ဖြစ်၍ စားသုံးပါက အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင်ဆင်ခြင် စားသုံးသင့်သော အစားအစာများ ဖြစ်သည်။ ၎င်းတို့ကို မစားသုံးပဲ နေနိုင်က စားသုံးသူများထက် ကျန်းမာရေးအတွက် ပိုအကျိုးရှိပါသည်။



အချုပ်အားဖြင့် အသက်သတ်လွတ်စားသူများအတွက် အသားဓာတ်ကို အပင်ထွက် အစားအစာများမှ လုံလောက်စွာ ရရှိနိုင်သော်လည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည့် ဗီတာမင် B12 ကိုမူ တိရစ္ဆာန်ထွက် အစားအစာမှသာ ရရှိနိုင်သောကြောင့် တိရစ္ဆာန်ထွက် အသားဓာတ်လုံးဝ မစားသုံးသူများသည် ဖြည့်စွက် Vitmin B12 ကို အသုံးပြုသင့်ပါသည်။ လူတိုင်း လူတိုင်း တနေ့ကို ဟင်းသီးဟင်းရွက် အစိမ်းအကျက် သုံးလေးမျိုးနှင့် အသီးနှံ နှစ်မျိုးခန့် စားသုံးမှ ခန္ဓာကိုယ်အတွက် လုံလောက်သော အာဟာရကို ရရှိနိုင်ပါသည်။ အသက်သတ်လွတ် စားသူများအနေဖြင့်မူ ၎င်းပမာဏထက်ပိုစားသုံးသင့်ပြီး အစာလမ်းကြောင်း ပြဿနာ မရှိပါက ဟင်းသီးဟင်းရွက်ကို မိမိကြိုက်နှစ်သက်သလောက် စားသုံးနိုင်ပါသည်။ ဟင်းသီးဟင်းရွက်ကို များများ စားသုံးခြင်းဖြင့် ရောဂါပေါင်းများစွာကို ကာကွယ်နိုင်မှာဖြစ်ပြီး မည်သူမဆို လူ့သက်တမ်းမှာ ကျန်းမာ အသက်ရှည်စွာ အသက်ရှင် နေထိုင်ရမည် ဖြစ်သည်။

လူတိုင်းလူတိုင်း အစာအာဟာရကို မျှတအောင် စားသုံးပြီး လူ့သက်တမ်းကို ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေ။




အပေါ်မှာ ရေးထားတာတွေက အရင်ပို့စ်ဟောင်းတွေက ပြန်ကောက်နုတ်ထားတာကို အသက်သတ်လွတ်နဲ့ ပတ်သက်တာနည်းနည်း ပြန်ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အသက်သတ်လွတ်နဲ့ မဆိုင်ဘဲ ပုံမှန် လူတွေအတွက် အာဟာရကို ဒီထက်ပို အသေးစိတ်သိလိုရင် ကျန်းမာရေး/ဇီဝသိပ္ပံ Label အောက်က Malnutrition အပါအ၀င် ကျန်းမာစွာ အသက်ရှင်ရန် နေ့စဉ်စားသုံးရန် လိုအပ်သည့် အစာအာရ ခေါင်းစဉ်နဲ့ ပို့စ် သုံးခုကို သွားလေ့လာနိုင်ပါတယ်။

အထက်ဖေါ်ပြပါ ပို့စ်ပါ အကြောင်းအရာအရ အသက်သတ်လွတ် စားသူများဟာ ပဲဟင်းတခွက်တည်း (သို့) ကန်ဇွန်းရွက်ကြော် တခွက်တည်းနဲ့ လုံလောက်တဲ့ အာဟာရကို ရရှိမှာ မဟုတ်တာ သေချာပါတယ်။ တို့စရာကြိုက်တတ်သူ ဖြစ်ရင် ဟင်းချက်ဖို့ အချိန်မရရင်တောင် ဟင်းသီးဟင်းရွက်ကို စုံအောင် တို့စားသင့်ပါတယ်။ သခွားသီး၊ ခရမ်းချဉ်သီးတို့လို အသီးတွေကို ဘာမှ ချက်ပြုတ်စရာမလိုဘဲ လွယ်လွယ်စားလို့ရတဲ့ အသီးတွေလည်း ရှိပါတယ်။ အောက်ကအစားအစာပုံတွေက ကျွန်မ မကြာခဏ ချက်စားတတ်တဲ့ အသက်သတ်လွတ်စားသူများ ချက်ပြုတ်စားသောက်ဖို့ အကြံပြုတဲ့ အစားအစာ တချို့ဖြစ်တယ်။ ဒီအထဲမှ ဟင်းအကုန်လုံးကို နေ့တိုင်း ချက်စားဖို့မလိုပါဘူး။ နေ့စဉ် အာဟာရစုံအောင် ရောင်စုံဟင်းသီးဟင်းရွက် နှစ်မျိုးသုံးမျိုးခန့် ပါတဲ့ဟင်း နှစ်ခွက်ခန့် ချက်စားရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ လုံလောက်နိုင်ပါတယ်။


(၁) အသီးအရွက်ကြော် - ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်း၊ ပဲသီး၊ ကျောက်ကပ်ပုံပဲပြုတ် တို့ကို အစိမ်းကြော်ကြော်သလို ရောကြော်ထားတယ် (အသီးအရွက် အမျိုးအစား လေးမျိုးပါဝင်တယ် )


(၂) တို့ဖူးနှင့် ခရမ်းချဉ်သီးသုပ် - တို့ဖူး (ပဲပြားကြော်)၊ ခရမ်းချဉ်သီးတို့ကို ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပြီး၊ နံနံပင်အုပ်၊ ငရုတ်ဆီထည့်ကာ သုပ်ထားပါတယ် (အသီးအရွက် အမျိုးအစား လေးမျိုးပါဝင်တယ်)


(၃) ဟင်းသီးဟင်းရွက်စုံ ဟင်း - ပဲပြား၊ အာလူး၊ မုန်လာဥအနီ၊ Chick pea၊ ခရမ်းချဉ်သီး တို့ကို မဆာလာနဲ့ ဟင်းလေးချက်ထားတယ်။ (သီးအရွက် အမျိုးအစား ငါးမျိုးပါဝင်တယ်)

(၄) သနပ်စုံ - ဒါကတော့ ကျွန်မတို့ တောင်ပိုင်းက လုပ်စားတဲ့ အစားအစာ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်း၊ ပဲတီပင်တို့ကို ရှာလကာရည်တမျိုးမျိုးနဲ့ ပြုတ်ပြီး ကျက်ရင် ကြက်သွန်နီကို မိမိကြိုက်တဲ့အရွယ်နဲ့ ပုံစံ စိတ်ပြီး ဆီသတ်၊ ကြက်သွန်ကို မိမိလိုတဲ့ အတိုင်းအတာထိ ကျက်ရင် အရောင်တင်မုန့်ထည့်ချင်ရင်ထည့်ပြီး အကုန်လုံးကို ရောမွှေထားတယ်။ အချည်လိုနေသေးရင် ဒီချိန်မှာဖြစ်စေ ဆီသတ်တဲ့အချိန်ဖြစ်စေ ထည့်နိုင်ပါတယ်။ အဆင်သင့်ဖြစ်ရင် နှမ်းလှော်ကို ဖြူးပြီး စားတယ်။ ကျွန်မတို့ခေါ်တာ သနပ်လို့ခေါ်ပါတယ်။ ငှက်ပျောဖူး၊။ ပိန္နဲသီးအနု၊ ဇရစ်ရိုး၊ ခရမ်းမဲသီးတို့ကိုလည်း တခုစီဖြစ်စေ ရောပြီး ဖြစ်စေ ဒီအတိုင်း လုပ်စားလို့ရပါတယ်။ (ဟင်းသီးဟင်းရွက် အမျိုးအစား လေးမျိုးပါဝင်တယ်)



(၅) ပဲငပိ ခရမ်းချဉ်သီးချက်နဲ့ တို့စရာ - (သခွားသီးနဲံ့ ဆလတ်ရွက်က အစိမ်း၊ ကညွတ်ပင်နဲ့ ပဲသီးကအကျက်) မိမိကြိုက်ရာ တို့စရာကို တို့နိုင်ပါတယ်။ ရှမ်းပဲပုပ်ကိုလည်း ငပိကို လုပ်စားတဲ့နည်းအတိုင်း အကြော်၊ အချက်၊ အထောင်း၊ အသုပ် အကုန်လုပ်စားလို့ရပြီး မိမိကြိုက်ရာ ဟင်းသီးဟင်းရွက် အစိမ်း၊အကျက်နဲ့ တို့နိုင်ပါတယ်။

(၆) ဟင်းချို - မှိုအမျိုးမျိုး၊ တို့ဖူးနဲ့ မုန်ညှင်းရွက် ဟင်းချို ငရုပ်ကောင်းမှုန့်ဖြူးထားတယ်။ မှိုတမျိုးတည်းနဲ့ တခြားမိမိနှစ်သက်ရာ အသီးအရွက်တွေနဲ့လည်း ချက်သောက်နိုင်ပါတယ်။

ကျွန်မ မကြာခဏ တို့လေ့ရှိတဲ့ တို့စရာတွေ ( ခရမ်းကြွပ်သီးနဲ့ သခွားသီးက အစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်းနဲ့ ကညွတ်ပင်က အကျက်။
လိမ္မော်သီး (နှစ်မျိုး)၊ သခွားမွှေးသီး၊ စပျစ်သီး နေ့စဉ် မိမိနှစ်သက်ရာ အသီးနှစ်မျိုး စားသင့်ပါတယ်။

အောက်က ပန်းသီးက ၆၆ လုံးရှိတဲ့ တဖါ ငါးဒေါ်လာနဲ့ ရလို့ဝယ်လာတာ တလနီးပြီ အခုထိ မကုန်သေးဘူး။ အသီးထဲမှာ ပန်းသီးကလည်း အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ် အင်မတန် ပြည့်စုံတဲ့ အသီးဖြစ်လို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပန်းသီးဈေးပေါတဲ့နေရာမှာ ရှိတဲ့သူတွေ အသက်သတ်လွတ်စားသူ ဖြစ်ရင် ပန်းသီးကို စားသင့်ပါတယ်။ ပန်းသီးဟာ အထားလည်းခံတယ် ဈေးအချိုဆုံးနဲ့ အာဟာရ ပြည့်ဝဆုံးအသီးလည်း ဖြစ်တယ်။ ပန်းသီးစားလို့ အကျိုးယုတ်တာ ဘာမှမရှိလို့ အသီးထဲမှာ ပထမဦးစားပေးအနေနဲ့ စားသုံးသင့်ကြောင်း အကြံပြုပါတယ်။


54 comments:

yoga salad is also 100% vegetarian and good for health....tomato,cucumber,roasted capsicum, mushroom,lettuce & fried tofu skin....that's ingredients in it

ကျွန်တော်.ဘကြီးလည်း ၆ နှစ်သားကတည်းက သက်သက်လွတ်စားခဲ.တာပါဗျာ.. မငယ်နိုင်ပြောတဲ.အသီးအရွက်တွေတော. တစ်ခုမှ မစားခဲ.ပါဘူး.. ဒါပေမယ်. အခု အသက် ၉၀ ကျော်ထိ ဒေါင်ဒေါင်မြည်ပဲ။

Ko Ko Naing စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။
အသက်သတ်လွတ် အစားအစာ အတော်များများ စားဖူးပေမဲ့ ကိုကိုနိုင်ပြောတဲ့ Yoga salad ကိုတော့ ကျွန်မ တခါမှ မစားဖူးဘူး။

မောင် - စာကိုသေသေချာချာ ဖတ်တယ်ဆိုရင် ဒီထဲမှာ နမူနာပေးထားတဲ့ ဒီအစားအစာ ထဲက အသီးအရွက် အမျိုးအစားအတိုင်း အတိအကျ လိုက်စားရမယ်လို့ မပြောထားဘူး။ အသီးအရွက် တမျိုးတည်းစားလို့ အာဟာရ မလုံလောက်ဘူး။ ဘာကြောင့် အမျိုးစုံအောင် စုံအောင်စားဖို့လိုတယ် ဆိုတာကိုပဲ ကိုယ်တိုင် စားလို့သိရတဲ့အချက်ရော အာဟာရနဲ့ပတ်သက်ပြီး လေ့လာထားတဲ့ အချက်အလက်အရပါ အကြံပြုထားတယ်ဆိုတာ သဘောပေါက်လိမ့်မယ်။

မငယ်နိုင်

ဘာသာရေးကြောင့်ရော၊ ကျန်းမာရေးကြောင့်ပါ သက်သတ်လွတ်စားသူတွေ အတိုင်းအတာတခုအထိ ရှိတဲ့ မြန်မာနိုင်ငံမှာ ကိုယ်တိုင်တော့ အမြဲတမ်းအနေနဲ့ သက်သတ်လွတ် မစားပေမယ့် သက်သတ်လွတ်စားတာကို စိတ်ဝင်စားသူတွေ အများအပြား ရှိပါတယ်။ မငယ်နိုင်ရဲ့ ဒီ ပို့ စ်ဟာ
မြန်မာပြည်သူတွေအတွက် သက်သတ်လွတ် စားတာနဲ့ ပတ်သက်ပြီး ဆေးသိပ္ပံ ရှုထောင့်ကနေ ပိုမို နားလည်စေတဲ့၊ အထူး အကျိုးရှိစေတဲ့ ပို့ စ်ကလေးပါ။

(( သားမွေးနေ့ ပြီးတာနဲ့ ဆက်တိုက်ဆိုသလိုပဲ အလုပ်များပြီး ကျွန်မ ဒီနေ့ဆွမ်းလှည့်ကျလို့ မနေ့ကနဲ့ ဆွမ်းချက်ဖို့အတွက် ဈေးဝယ်၊ ညကချက်ပြုတ်၊ ဒီမနက် ဆွမ်းပို့ဖို့ ဆွမ်းပွဲပြင် နဲ့ အလုပ်များနေလို့ ဘလော့ဂ်ကို ပြန်မကြည့်ဖြစ်ရာကနေ အားတဲ့အချိန်မှ ဘလော့ဂ်ထဲ ၀င်လာတော့ သူများ ကုသိုလ်ရေးနဲ့ အလုပ်များနေချိန်မှာ အားအားလျားလျား အကုသိုလ် လာပွားထားတဲ့ သတ္တ၀ါတွေကလည်း ရှိသေးပါလားလို့ တရားရမိတယ်။ ))

လို့ မငယ်နိုင် ရေးထားသလို မငယ်နိုင် အရမ်း အလုပ်များနေတဲ့ကြားက အချိန်လုပြီး တင်ပေးတဲ့ ပို့ စ်မှန်း သိရလို့ ကိုယ့်ထမင်းကိုယ်စားပြီး ပြည်သူတွေကို ဗဟုသုတ ဝေငှပေးချင်တဲ့ မငယ်နိုင်ရဲ့ စေတနာကို အထူး လေးစားမိပါတယ်။

မငယ်နိုင်

မငယ်နိုင် ဈေးဝယ်၊ ညကချက်ပြုတ်၊ ဒီမနက် ဆွမ်းပို့ဖို့ ဆွမ်းပွဲပြင် နဲ့ အလုပ်များနေတဲ့ကြားက အချိန်လုပြီး အမြန် ရိုက်လိုက်လို့ မျက်စေ့ရှန်းသွားတဲ့၊ စာရိုက်တာ မှားသွားတဲ့ စကားလုံးလေးတွေကို မငယ်နိုင် အချိန်ရတဲ့အခါ ပြင်လို့ရအောင် အောက်မှာ ရေးပေးလိုက်ပါတယ် ခင်ဗျာ။


ပြန်လည် ကောက်နှုတ်ပြီး -----> ပြန်လည် ကောက်နုတ်ပြီး

ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် -----> ဓာတုဗေဒဆိုင်ရာ ဓာတ်ပေါင်းများဖြင့်

ကော်လက်စရောလ် ပမာဏကို -----> ကော်လက်စထရောလ် ပမာဏကို

လျှော့နည်းစေခြင်း -----> လျော့နည်းစေခြင်း

ဘတ်တီးရီးယား -----> ဘက်တီးရီးယား

အင်ဇိုင်းနှင့် ဟောာ်မုန်းများ -----> အင်ဇိုင်းနှင့် ဟော်မုန်းများ

နှောက်ယှက်မှု -----> နှောင့်ယှက်မှု

ပြတ်လပ် သွားပါက -----> ပြတ်လတ်သွားပါက

တိရိစ္ဆာန် -----> တိရစ္ဆာန်

အမီနိုအတ်စစ် -----> အမီနိုအက်စစ်

သွေးအားနည်း ရောဂါတချို့ ( Pernicious Anaemia) -----> သွေးအားနည်း ရောဂါတမျိုး (pernicious anaemia)

နွားနို့သကဲ့သို့ -----> နွားနို့ကဲ့သို့

ဘီရာ -----> ဘီယာ

သွားရေစာ -----> သရေစာ

အစိမ်းကျော်ကျော်သလို -----> အစိမ်းကြော် ကြော်သလို

ပဲပြားကျော် -----> ပဲပြားကြော်

ခရမ်းချည်သီး -----> ခရမ်းချဉ်သီး

ငြုပ်သီးစိမ်းပါးပါး -----> ငရုတ်သီးစိမ်းပါးပါး

ငြုပ်ဆီထည့်ကာ သုပ်ထားပါတယ် -----> ငရုတ်ဆီထည့်ကာ သုတ်ထားပါတယ်

မာဆာလာနဲ့ ဟင်းလေးချက်ထားတယ် -----> မဆလာနဲ့ ဟင်းလေးချက်ထားတယ်

ကြက်သွန်နီကို မိမိကြိုက်သလို စိတ်ပြီး ဆီသန် -----> ကြက်သွန်နီကို မိမိကြိုက်သလို စိတ်ပြီး ဆီသတ်

အကုန်လုံးကို ရောမွေထားတယ် -----> အကုန်လုံးကို ရောမွှေထားတယ်

အချည်လိုနေသေးရင် -----> အချဉ်လိုနေသေးရင်

ဆီသန့်တဲ့အချိန်ဖြစ်စေ ထည့်နိုင်ပါတယ် -----> ဆီသတ်တဲ့အချိန်ဖြစ်စေ ထည့်နိုင်ပါတယ်

ပန္နဲသီးအနု -----> ပိန္နဲသီးအနု

မှုံညှင်းရွက် -----> မုန်ညင်းရွက်

ငရုပ်ကောင်းမှုန့် -----> ငရုတ်ကောင်းမှုန့်

ကညွန့်ပင် -----> ကညွတ်ပင်

လိမ္မော်သီး (နှစ်မျိုး) -----> လိမ္မော်သီး၊ ရှောက်ချိုသီး

မငယ်နိုင်

မငယ်နိုင် ရေးထားတဲ့ အောက်က စာကြောင်းတွေကို ဒီလို ပြန်ပြင်လိုက်ရင် မငယ်နိုင် ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ပိုပြီး ပေါ်လွင်မယ်လို့ ထင်ပါတယ် ခင်ဗျာ။


အသား၊ ငါး၊ ကြက်ဥဘဲဥ၊ နို့ စသည့် အသားဓါတ် များကို တိရိစ္ဆာန်များမှ အများဆုံး ရရှိသော်လည်း ဟင်းသီးဟင်းရွက်များမှလည်း လုံလောက်စွာ စားသုံးပါက လူတယောက်အတွက် လုံလောက်သော အသားဓါတ်ကို ဖြည့်စွမ်းပေးနိုင်ပါသည်။ ပဲ အမျိုးမျိုး၊ အခွံမာစေ့ သစ်စေ့ စသည့်အပင်ထွက် အစားအစာ များ မှလည်း အသားဓါတ်ကို ရရှိ နိုင်ပါသည်။

----->

လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ စသည့် တိရစ္ဆာန်ထွက် အစားအစာများကို စားသုံးခြင်းဖြင့် ရနိုင်သကဲ့သို့ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ စသည့် အပင်ထွက် အစားအစာများကို လုံလောက်စွာ စားသုံးခြင်းဖြင့်လည်း လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို ရရှိနိုင်ပါသည်။



သို့သော် အသားဓါတ်ပါသော အသီးအရွက် နှစ်မျိုးနှင့် နှစ်မျိုးထက် ပိုစားသုံးပေးနိုင်ပါက နေ့စဉ် အသားစားသူနှင့် အသားဓါတ် အာဟာရ ဘာမှ မခြားပါ။

----->

သို့သော် အသက်သတ်လွတ်စားသူသည် အသားဓာတ်ပါသော အသီးအရွက် နှစ်မျိုးနှင့် နှစ်မျိုးထက်ပိုပြီး စားသုံးပေးနိုင်ပါက နေ့စဉ် အသားစားသူနှင့် အသားဓာတ် အာဟာရ ရရှိမှုတွင် ဘာမှ မခြားပါ။



အသားစားသူများထက် သာသည့်အချက်မှာ အသားဓါတ်ကို အမီနိုအတ်စစ်အဖြစ် သိမ်းထား ပေးနိုင် သော်လည်း တိရိစ္ဆာန် မှ ရရှိသည့် အသားဓါတ်ကို လိုသည်ထက် ပို၍ စားသုံးပါက ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲ ပြဿနာ များစွာ ရှိသော်လည်း အပင်မှရသည့် အသားဓါတ် ကိုမူ အစာလမ်းကြောင်း ပြဿနာနှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ဆန္ဒရှိသလောက် ကြိုက်သလို များများ စားသုံးနိုင်ပါသည်။

----->

အသားစားသူများထက် အားသာသည့်အချက်မှာ တိရစ္ဆာန်မှ ရရှိသည့် အသားဓာတ်ကို လိုသည်ထက် ပို၍ စားသုံးပါက ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲ ပြဿနာ များစွာ ရှိသော်လည်း အပင်မှရသည့် အသားဓာတ်ကိုမူ အစာလမ်းကြောင်း ပြဿနာနှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ဆန္ဒရှိသလောက် ကြိုက်သလို များများ စားသုံးနိုင်ပါသည်။



ဗီတာမင် B12 သည် ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှုနှင့် အာရုံကြော စနစ်ရှိ အင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်း ရာ တွင် မရှိမဖြစ် အသုံးပြုရန် လိုအပ် ပါသည်။

----->

ဗီတာမင် B12 သည် ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှု၊ အာရုံကြောအကာလွှာ ထိန်းသိမ်းမှု၊ ဦးနှောက်နှင့်အာရုံကြောဆဲလ်များ ထိန်းသိမ်းမှု နှင့် ဦးနှောက်နှင့်အာရုံကြောစနစ်၏ ပုံမှန် လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းမှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။

ဂရမ်မာ ကြာရွက် အခုလို စေ့စေ့စပ်စပ် လာရောက်ဖတ်ရှုပြီး စာလုံးပေါင်းတွေ ၀ါကျဖွဲ့စည်းပုံတွေကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်မ အတတ်နိုင်သလောက်တော့ ပြင်လိုက်ပါတယ်။ ရှန်းတာက တော်တော်လေးကို များနေတယ်။ အမှန်က အသီးအရွက် ကြော်တာကို ကျော်နဲ့ မှားစရာအကြောင်း ဘာမှကို မရှိတာကို ရှန်းပြီးမှားတာတွေ တော်တော်ကို များတာတွေ့တော့ အသက်အရွယ်က စကားပြောတယ်ထင်တယ်။ အတတ်နိုင်ဆုံးတော့ ပြင်ထားပါတယ်။ နောက်တခါ ထပ်ဖတ်လို့ ထပ်တွေ့မှ တခါပြန်ပြင်ဦးမယ်။ ကျေးဇူးတင်ပါတယ်။

မငယ်နိုင်

ရှန်းတာတွေ၊ စာရိုက်မှားတာတွေကို ပြင်လိုက်လို့ ကျေးဇူးတင်ပါတယ်။

(( ရှန်းပြီးမှားတာတွေ တော်တော်ကို များတာတွေ့တော့ အသက်အရွယ်က စကားပြောတယ်ထင်တယ်။ )) ဆိုပြီး မငယ်နိုင် ရေးထားတာ မဟုတ်ပါ။

မငယ်နိုင်က အရမ်း အလုပ်များနေတဲ့ကြားက အချိန်လုပြီး ဒီပို့ စ်ကို တင်လိုက်လို့ပါ။ အဲဒီလောက် အလုပ်များနေတုန်း၊ ကိုယ်ရောစိတ်ပါ ပင်ပန်းနေတုန်းမှာ စာရေးရင် မငယ်နိုင်တယောက်ထဲ မဟုတ်ဘူး၊ သူသူငါငါ ဘယ်သူမဆို မငယ်နိုင်လိုပဲ ရှန်းတာတွေ၊ စာရိုက်မှားတာတွေ ဖြစ်ကို ဖြစ်မှာပါ။

နောက်တချက်က စာရေးပြီးတာနဲ့ ပြန်မဖတ်တော့ပဲ တခါထဲ တန်းတင်လိုက်လို့ပါ။ တချက် ပြန်ဖတ်လိုက်ရင် ရှန်းတာတွေ၊ စာရိုက်မှားတာတွေ တော်တော်များများကို မြင်ပြီး ပြန်ပြင်ဖြစ်ခဲ့မှာပါ။

မငယ်နိုင်

အမှားပြင်ပေး
တဲ့ မှတ်ချက်က ထပ်မှားသွားလို့ ထပ်တင်လိုက်တာပါ။

အဲဒါ နမူနာပဲ၊ မငယ်နိုင်ရေ။ အလုပ်များနေတုန်း တခြားအလုပ်တခုကို ကမန်းကတန်း လုပ်ရင် မှားတယ်လို့ စောစောက ကျွန်တော် ပြောတာ အဲဒါပဲ။ ခုနက တင်လိုက်တဲ့ ကျွန်တော့်မှတ်ချက်(July 29, 2011 6:55 PM) ကို ဖျက်လိုက်ပါ ခင်ဗျာ။

မငယ်နိုင်ကို အကြံပေးနေတဲ့ ကျွန်တော်ကိုယ်တိုင်တောင် ကျွန်တော် အကြံပေးတဲ့အတိုင်း ကိုယ်တိုင် မကျင့်သုံးလို့ အမှားပါသွားတာ လက်တွေ့ပါ။ မငယ်နိုင်ကို စကားလုံးတွေ ပြင်ပေးတဲ့ စာကို ကျွန်တော် ရေးပြီးတာနဲ့ တန်းတင်လိုက်တယ်။ အခုမှ ပြန်ဖတ်ကြည့်တော့ ကျွန်တော် ပြင်ပေးထားတဲ့ စာကြောင်းတွေအထဲမှာ အောက်က စာကြောင်းမှာ (( သုတ် )) ဆိုတဲ့ စာလုံး မှားနေတာ တွေ့ရပါတယ်။

ငြုပ်ဆီထည့်ကာ သုပ်ထားပါတယ် -----> ငရုတ်ဆီထည့်ကာ သုတ်ထားပါတယ်

မငယ်နိုင် ရေးထားတဲ့ (( ငြုပ်ဆီ )) က မှားနေလို့ ကျွန်တော်က (( ငရုတ်ဆီ )) လို့ ပြင်ပေးရင်း ရောရောင်ပြီး မငယ်နိုင် ရေးထားတဲ့ (( သုပ် )) က မှန်နေတာကို ကျွန်တော်က (( သုတ် )) ဆိုပြီး ပြင်လိုက်မိတာပါ။ အမှန်မှာ အဲဒီ စာကြောင်းက အောက်မှာ ရေးထားသလို ဖြစ်ရပါမယ်။

ငြုပ်ဆီထည့်ကာ သုပ်ထားပါတယ် -----> ငရုတ်ဆီထည့်ကာ သုပ်ထားပါတယ်

အဲဒီ မှတ်ချက်ကို ကျွန်တော် မတင်ခင်က ပြန်ဖတ်လိုက်ရင် အဲဒီကတဲက သိပြီး ပြန်ပြင်ဖြစ်ခဲ့မှာပါ။ အဲဒီတုန်းက ပြန်မစစ်လိုက်မိလို့ အခုလို အမှားပါသွားတာပါ။ မငယ်နိုင်လဲ ဒီလိုပဲလေ၊ သိသိကြီးနဲ့ (( အသီးအရွက် ကြော်တာကို ကျော်နဲ့ မှားစရာအကြောင်း ဘာမှကို မရှိတာကို ရှန်းပြီးမှားတာ )) ပါ။ အချိန်လုပြီး ရေးရ၊ တင်ရတော့ ပြန်မစစ်ဖြစ်လိုက်လို့ အခုလို ရှန်းတာ၊ စာရိုက်မှားတာတွေ များသွားတာပါ။

စာတစ်ကြောင်း အမှား ၁၀ ခါ ပါ ဖြစ်နေပြီ
မြန်မာနိုင်ငံမှာနေပြီး ကြီးပြင်းလာတဲ. အသက် ၄၀ ကျော် မိန်းမကြီးကတောင် ဒီလောက် အမှားမှားအယွင်းယွင်းဖြစ်နေရင် သူ.သားတွေ မြည်းတွေဆိုရင်တော. မတွေးဝင်.စရာပဲ
ဗမာပြည်သည် ဒို.ပြည်
ဗမာစာသည် ဒို.စာ
ဗမာစကားသည် ဒို.စကား
ဆိုတာတွေက ဒုက္ခသည်ကတဆင်. နိုင်ငံရေးလုပ်နေတဲ. သူတွေဆီမှာမရှိကြတော.ပါဘူး
မငယ်နိုင်က အကောင်းဆုံးသာဓကပဲပေါ.

ကိုယ့်မျက်ချေး ကိုယ်မမြင်၊ သူများဘက်ကို လက်ညိုး တချောင်းထိုးရင် ကျန်တဲ့ လေးချောင်းက ကိုယ့်ဘက် ပြန်ထိုးနေတယ်ဆိုတဲ့ စကားပုံက တကယ်ကို မှန်တယ်ဆိုတာ ဒီမိုကျော်ကျော်က လက်တွေ့ပြလိုက်ပါတယ်။ Nge Naing က မြန်မာစာကို အထက်တန်းအောင်တဲ့အဆင့်အထိ မသင်ဖူးဘူးလို့ ဘလော့ဂ်စရေးကတည်းက ၀န်ခံထားပြီးသား ဖြစ်တယ်။ ဒီတော့ Font size 10 နဲ့ A4 size စာရွက်သုံးမျက်နှာကျော်ရှိတဲ့ ပို့စ်တခုတင်လို့ စာလုံးပေါင်း ၁၀ လုံးမှားတာ ဘာမှမထူးဆန်းပါဘူး။ အခု လာပြီး အပြစ်တင်နေသူက ရေးထားတာ A4 စာရွက်နဲ့ တိုင်းဖို့ နေနေသာသာ သုံးလက်မဆိုက်ပဲ ရှိတဲ့ Comment Box ထဲမှာ ရေးထားတာ စာတပိုဒ်တောင် မပြည့်ဘူး မှားလိုက်တာက စာလုံးပေါင်းတင်မကဘူး မြန်မာလိုကိုတောင် ကောင်းကောင်းတတ်ပုံမရဘူး။ အောက်ကမြစ်ကိုလည်း မှန်အောင် မရေးတဲ့အပြင် တိရစ္ဆာန်နဲ့ မြေးကိုလည်း မကွဲဘူး။ မြန်မာလိုကိုတောင် ကောင်းကောင်းတတ်ရဲ့လားဆိုတာ မိမိကိုယ်မိမိ ပြန်ဆန်းစစ်ကြည့်ပါ။

အပြစ်တင်ဖို့ ရောက်လာပေမဲ့ အကျိုးရှိပြီး ပြန်သွားရအောင် ပြင်ပေးလိုက်မယ် သေသေချာချာ မှတ်သွားပါ။

(၁) ကြီးပြင်းလာတဲ. မဟုတ် ကြီးပြင်းလာတဲ့
(၂) သူ.သားတွေ မဟုတ် သူ့သားတွေ
(၃) မြည်းတွေဆိုရင်တော. မဟုတ် မြေးတွေဆိုရင်တော့ (မြည်းဆိုတာ တိရစ္ဆာန် ဖြစ်ပြီး မြေးဆိုတာ သားသမီးကမွေးလာတဲ့ ကလေးတွေကို ပြောတာ ဘာမှမဆိုင်ဘူး)
(၄) မတွေးဝင်.စရာပဲ မဟုတ် မတွေးဝံ့စရာပဲ
(၅) ဒို.ပြည် မဟုတ် ဒို့ပြည်
(၆) ဒို.စာ မဟုတ် ဒို့စာ
(၇) ဒို.စကား မဟုတ် ဒို့စကား
(၈) ဒုက္ခသည်ကတဆင်. မဟုတ် ဒုက္ခသည်ကတဆင့်
(၉) နိုင်ငံရေးလုပ်နေတဲ. မဟုတ် နိုင်ငံရေးလုပ်နေတဲ့
(၁၀) မရှိကြတော.ပါဘူး မဟုတ် မရှိကြတော့ပါဘူး
(၁၁) သာဓကပဲပေါ. မဟုတ် သာဓကပဲပေါ့

ရွှေပွဲလာ ပရိသတ်များ ခင်ဗျာ။

ဒီမိုကရေစီ နာမည်ကို အလွဲသုံးစား လုပ်ပြီး ဒီမိုကျော်ကျော် နာမည်နဲ့ အလေဏတော စကားတွေကို ရေးပြီး တိုက်ခိုက်နေတဲ့ ရုရှားက စစ်သား mg ခေါ် zaw ခေါ် ဦးသူတော် ခေါ် ဒီမိုကျော်ကျော် ကို ဒီမိုကရေစီဘက်တော်သားစစ်စစ် မငယ်နိုင်က စကားရည်လုပွဲ စစချင်းမှာပဲ အချက်အလက်အမှန်တွေကို ထောက်ပြပြီး ပစ်မှတ်ကို တိုက်ရိုက် ထိမှန်အောင် ချက်ကျလက်ကျ ပြောဆိုချေပနိုင်တဲ့အတွက် မငယ်နိုင်က mg ခေါ် zaw ခေါ် ဦးသူတော် ခေါ် ဒီမိုကျော်ကျော် ကို ပြတ်ပြတ်သားသား အနိုင်ယူသွားကြောင်း ကြေညာအပ်ပါတယ် ခင်ဗျာ။

ကျွန်မ စကားရည်လုတဲ့ သဘောနဲ့ အနိုင်လိုလို့ ငြင်းခုန်ပြီး ပြန်ပြောတာ မဟုတ်ဘူး။ အပြစ်တင်ပြီး ရေးထားတာလည်း မဟုတ်ဘူး။ သူရေးထားတာ မှားနေတာကို သိအောင်ပြန်ထောက်ပြတာသာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီလိုအကြောင်းအရာမျိုးကို နောက်ထပ် မဆိုင်တာနဲ့ ဟာသမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။

အစ်မငယ်နိုင်၇ဲ့တုံ့ပြန်မှုကကောင်းလိုက်တာဗျာ
၇ု၇ှကငမောင်ငကြောင်တော့သောက်၇ှက်ဟက်တက်ကွဲတော့တာဘဲ
ငမောင်ငကြောင် ..... မင်းမျက်နှာကိုဓါးနဲ့သာလှီးပစ်လိုက်ပါတော့ကွာ

မင်္ဂလာပါ အမ
တင်ထားတဲ့ ပို့စ်(post) ကိုပြီးဆုံးအောင်မဖတ်ဖြစ်ပေ
မဲ့ ရေးထားတဲ့ ကော်မန့်(comments)တွေကိုတော့
အားလုံး ဖတ်သွားပါတယ်..သဘောအကျဆုံး ကော်မန့်(comment)ကတော့ စကားရည်လုပွဲ ဒိုင်လူကြီးရဲ့ ကော်မန့်(comment)ပါ...ကျနော်(ကျွန်တော်လို့ မရေးချင်လို့)ရေးတဲ့ ကော်မန့်(comment)မှာ စာလုံးပေါင်းမှားခဲ့ရင်တော့ ဆော်ရီး(sorry)ပါနော်..ရယ်ရယ်မောမော လေးဖတ်ပြီး ပေါ့ပေါ့ပါးပါးလေး
ဖြစ်သွားရလို့ ကောမန့်(comments)ရေးသူအားလုံးကို ကျေးဇူးတင်ပါတယ်...


အစစ အဆင်ပြေပါစေဗျာ...

မောင်မောင်ယဉ်ကျေး ပို့စ်ကို ပြီးအောင်မဖတ်ဘူးဆိုလို့ ဒီပို့စ်က အသက်သတ်လွတ်စားသူအတွက်ပဲ အကျိုးရှိတာ မဟုတ်ဘူး ဟင်းသီးဟင်းရွက် စားသုံးတာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ အချက်အလက်တွေက တခြားဘယ်သူအတွက်အဆို ဖတ်ရင် အကျိုးပြုတဲ့ ပို့စ်ဖြစ်လို့ ပြီးအောင်ဖတ်သင့်ပါတယ်။

ပြောရင်လည်း ခံပါ့မယ်.... မြန်မာစာ မှာ "မ... ဘဲ"...."...... ပဲ" ဆိုပြီ ခွဲခြား ထားပါတယ် .....ဥပမာ.... "မတွေးဝံ့စ ရာ ဘဲ" "မစားဘဲ" ဟု ရေးရ ပါတယ်... "မ" မပါရင် "ပဲ"...... "မ" ပါရင် "ဘဲ"... လို့ သတ်မှတ်ထားပါတယ်....ပို့စ် နဲ့ မဆိုင်ဘဲ ရေးမိတာ ကို နားလည်ပေးပါ....

ရပါတယ် KKN အဲဒါ သူများ ဆွေးနွေးထားတဲ့ အကြောင်းအရာပေါ်မှာ အခြေခံပြီး ဖြည့်စွက်ဆွေးနွေးတာပဲ၊ ဘာမှ အဆက်အစပ်မရှိ လမ်းကြောင်းလွဲအောင် အနှောင့်အယှက် ၀င်ပေးတာမှ မဟုတ်ဘဲ။ မြန်မာစာ သတ်ပုံ မကျွမ်းလို့ စာလုံးပေါင်း အမြဲမှားပေမဲ့ ပဲ နဲ့ ဘဲ ကိုတော့ ကျွန်မ လုံးဝကွဲပြားပါတယ်။ မတွေးဝံ့စရာပဲ နဲ့ မစားဘဲက သဒ္ဒါအရ စကားလုံးအမျိုးအစား မတူဘူး။ မတွေးဝံ့စရာက Noun ဖြစ်ပြီး မစားက Verb ဖြစ်တယ်။ မစားဘဲ မတွေးဝံ့ဘဲ ဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုကျတော့ အဲလိုမဟုတ်ဘဲ မတွေးဝံ့နောက်မှာ စရာဆိုတဲ့ Noun ကိုကိုယ်စားပြုတဲ့ စကားလုံး ပါလာတဲ့အတွက် မတွေးဝံ့စရာပဲ က အမှန်ဖြစ်တယ်။ အကယ်၍ စရာမပါရင်တော့ မတွေးဝံ့ဘဲ ကအမှန် ဖြစ်တယ်။

To Know And Not To Do Is Not Yet To Know :)

မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆယ်ဆိုတာ မငယ်နိုင်ကိုပြောတာထင်တယ်

ကိုယ့်အမှားတွေကို ထောက်ပြနေတာကို ပြင်မယ်စိတ်မကူးဘူး
သူများအမှားတွေကို လိုက်ရှာနေတယ်
စာလုံးပေါင်းအမှားနဲ့ ကီးဘုတ်အမှားကို ခွဲခြားသိဖို့လိုပါတယ်
အရင်ဆုံး ကိုယ့်အမှားတွေကို ပြင်လိုက်ပါ


(၁) ကြီးပြင်းလာတဲ. မဟုတ် ကြီးပြင်းလာတဲ့ = ကြီးပြင်းလာတဲ့
(၂) သူ.သားတွေ မဟုတ် သူ့သားတွေ = သူ့သားတွေ
(၃) မြည်းတွေဆိုရင်တော. မဟုတ် မြေးတွေဆိုရင်တော့ (မြည်းဆိုတာ တိရစ္ဆာန် ဖြစ်ပြီး မြေးဆိုတာ သားသမီးကမွေးလာတဲ့ ကလေးတွေကို ပြောတာ ဘာမှမဆိုင်ဘူး) = မြေးဆိုတာတော့
(၄) မတွေးဝင်.စရာပဲ မဟုတ် မတွေးဝံ့စရာပဲ = မတွေးဝံ့စရာပဲ
(၅) ဒို.ပြည် မဟုတ် ဒို့ပြည် = ဒို့ပြည်
(၆) ဒို.စာ မဟုတ် ဒို့စာ = ဒို့စာ
(၇) ဒို.စကား မဟုတ် ဒို့စကား = ဒို့စကား
(၈) ဒုက္ခသည်ကတဆင်. မဟုတ် ဒုက္ခသည်ကတဆင့် = ဒုက္ခသည်ကတဆင့်
(၉) နိုင်ငံရေးလုပ်နေတဲ. မဟုတ် နိုင်ငံရေးလုပ်နေတဲ့ = နိုင်ငံရေးလုပ်နေတဲ့
(၁၀) မရှိကြတော.ပါဘူး မဟုတ် မရှိကြတော့ပါဘူး = မရှိကြတော့ပါဘူး
(၁၁) သာဓကပဲပေါ. မဟုတ် သာဓကပဲပေါ့ = သာဓကပဲပေါ့

အောက်ကမြစ်အားလုံးကို ရေးမတတ်လို့ အစက်ချ (dot)နဲ့ သုံးတဲ့ ဒီမိုကျော်ကျော်ရော အောက်ကမြစ်အားလုံးကို နှစ်ချာင်းငင် (သို့) ၀ဆွဲအတွက်ရေးတဲ့ အောက်ကမြစ်တလုံးတည်းနဲ့ ရေးပြီး သူကိုယ်သူ ဟုတ်လှပြီထင်ကာ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ်လို့ ကျွန်မကို ပြောသွားတဲ့ Anonymous (July 30, 2011 8:55 PM) တို့နှစ်ယောက် သေသေချာချာ မှတ်သွားပါ။

နှစ်ယောက်စလုံး လာရေးတဲ့မှတ်ချက်က အမှားထောက်ပြတာ မဟုတ်ဘူး။ ဘာအချက်အလက်မှ မပါဘဲ တဘက်သတ် အပြစ်တင်ရှုပ်ချတာသာ ဖြစ်တယ်။ မှားတာကို ဘယ်လို ထောက်ပြတယ်ဆိုတာ သိချင်ရင် အပေါ်မှာ ဂရမ်မာ ကြာရွက်ရဲ့ မှတ်ချက်တွေကို ပြန်ဖတ်လိုက်ပါ။ ပြီးတော့ အခု Nge Naing ထပ်ထောက်ပြတာကို သေသေချာချာ ဆက်ကြည့်ပါ။

ဒီမိုကျော်ကျော်က အောက်ကမြစ် ရေးမတတ်ဘူး။ Anonymous က အောက်ကမြစ်သုံးမျိုး ရှိတဲ့အနက် ၀ဆွဲ (သို့) နှစ်ချောင်းငယ် အောက်ကမြစ်တမျိုးတည်းကို အားလုံးအတွက် သုံးထားတာ တွေ့ရတယ်။ အမှန်က အောက်ကမြစ် စုစုပေါင်း ၃ မျိုးရှိပါတယ်။ Zawgyi font မှာမှ မဟုတ်ဘူး တခြား Win-Burmese တို့ Burma တို့မှာပါ ဒီလိုပဲ သုံးမျိုး ရှိပါတယ်။ အောက်ကမြစ်သုံးမျိုးကို မှတ်ချက်တခုမှာ တခါရေးဖူးပါတယ်။ ဘယ်ပို့စ်မှာဆိုတာ မမှတ်မိတော့လို့ ဒီမှာ အသစ်ပြန်ရေးလိုက်ပါတယ်။

(၁) ရိုးရိုးအောက်ကမြစ် - အောက်မှာ ဘာမှမရှိတဲ့ စာလုံးအတွက် ရိုးရိုးအောက်ကမြစ်ကို h တလုံးတည်းရိုက်ပါ။ ဥပမာ ပေါ့၊ တော့၊ မေ့ အတွက်
(၂) နသတ် (သို့) အောက်မှာ တချောင်းငင်နဲ့ တွဲတဲ့ အောက်ကမြစ်အတွက် (Shift + y) ကို ရိုက်ပါ။ ဥပမာ ဒို့၊ ဘို့၊ သန့်၊ ခန့် စသည်တို့အတွက်
(၃) ၀ဆွဲ (သို့) ရကောက် (သို့) နှစ်ချောင်းငင် ရှိတဲ့ စာလုံးရဲ့ အောက်ကမြစ်အတွက် (Shift + u) ကို ရိုက်ပါ။ ဥပမာ ဖွဲ့၊ နွဲ့၊ သူ့၊ တချို့၊ ရဲ့ တို့အတွက်

နှစ်ချောင်းငင်အတွက် အောက်မြစ်ကို (Shift +y) or (Shift + u) မိမိကြိုက်ရာကို သုံးစွဲနိုင်ပြီး ရကောက်အတွက်ကိုလည်း ရိုးရိုးအောက်ကမြစ် h (သို့) (Shift + u) နှစ်ခုအနက် (ရဲ့ -ရဲ့) မိမိ ကြည့်ကောင်းသလို ကြိုက်ရာ သုံးစွဲနိုင်ပါတယ်။

အခုလောက် ဆိုရင်တော့ ဒီမိုကျော်ကျော်နဲ့ Anonymous နှစ်ယောက် အောက်ကမြစ်တွေကိုလည်း ရှင်းလောက်ပြီ ထောက်ပြတာနဲ့ အပြစ်တင်ရှုပ်ချတာ ဘာကွာသလဲ ဆိုတာကိုလည်း သိလောက်ပြီထင်တယ်။ ၀ါတွင်းကာလမှာ အကုသိုလ် ကင်းပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဂရမ်မာကြာရွက် ပြင်ထားတဲ့ ထဲမှာ အားလုံး မမှန်ပါဘူး

ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့်
ဆိုတာ မှန်ပါတယ်
ဓ ကို (ာ) သုံး ရင် (တ) နဲ့  မှားနိုင်တဲ့အတွက် ဓါတ် လို့ ရေးပါတယ်

ပြတ်လပ် သွားပါက ဆိုတာ မှန် ပါတယ်
လတ် ဆိုတာ လတ်ဆတ်တဲ့ အခါမှာ သုံးပါတယ်
လပ် ဆိုတာ ကင်းကွာတဲ့အခါမှာ သုံးတဲ့ အတွက် ပြတ်လပ်လို့ ရေးရပါတယ်

နောက်နေ့မှ ဆက်ရေးပါမယ်

(( ဂရမ်မာကြာရွက် ပြင်ထားတဲ့ ထဲမှာ အားလုံး မမှန်ပါဘူး ))
လို့ Anonymous (August 1, 2011 7:37 PM) က ရေးသွားပါတယ်။

Anonymous က မမှန်တာတွေကို ထောက်ပြပေးမယ် ဆိုလို့ ဝမ်းသာပါတယ် ခင်ဗျာ။ Anonymous ရဲ့ ဆွေးနွေးမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ခင်ဗျာ။

(( ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့်
ဆိုတာ မှန်ပါတယ်
ဓ ကို (ာ) သုံး ရင် (တ) နဲ့  မှားနိုင်တဲ့အတွက် ဓါတ် လို့ ရေးပါတယ် ))
လို့ Anonymous က ရေးသွားပါတယ်။


ဒီနေရာမှာတော့ Anonymous ပြောတာ မမှန်ပါ။
ဒီနေရာမှာ ကျွန်တော် ရေးထားတာ မှန်ပါတယ်။

Anonymous က အမှန်လို့  ပြောနေတဲ့ (( ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် )) ဆိုတာ မြန်မာစာရေးထုံးအမှန် မဟုတ်ပါ။

မြန်မာစာရေးထုံးအမှန်က ကျွန်တော် ရေးထားသလို (( ဓာတုဗေဒဆိုင်ရာ ဓာတ်ပေါင်းများဖြင့် )) ဖြစ်ပါတယ်။

(ဒီအကြောင်းကို အောက်မှာ သီးသန့်မှတ်ချက် ရေးပေးပါမယ်။)

(( ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့်
ဆိုတာ မှန်ပါတယ် ))
လို့ Anonymous က ရေးသွားပါတယ်။


Anonymous က အမှန်လို့  ပြောနေတဲ့ (( ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် )) ဆိုတာ မြန်မာစာရေးထုံးအမှန် မဟုတ်ပါ။

မြန်မာစာရေးထုံးအမှန်က ကျွန်တော် ရေးထားသလို (( ဓာတုဗေဒဆိုင်ရာ ဓာတ်ပေါင်းများဖြင့် )) ဖြစ်ပါတယ်။

(( ပြတ်လပ် သွားပါက ဆိုတာ မှန် ပါတယ် ))
လို့ Anonymous က ရေးသွားပါတယ်။


Anonymous ပြောတဲ့ (( ပြတ်လပ် )) က မှန်ပါတယ်။
ကျွန်တော် ရေးထားတဲ့ (( ပြတ်လတ် )) က မှားပါတယ်။

ကျွန်တော် သတိလွတ်ပြီး မှားသွားတဲ့ အမှားပါ။

မငယ်နိုင် ရေးထားတဲ့ (( ပြတ်လပ် )) ဆိုတဲ့ စာလုံးပေါင်းအမှန်ကို ကျွန်တော်က (( ပြတ်လတ် )) ဆိုတဲ့ စာလုံးပေါင်းအမှား နဲ့ ပြင်လိုက်မိတဲ့အတွက် မငယ်နိုင်ကိုရော၊ စာဖတ်သူများကိုပါ တောင်းပန်ပါတယ်။ Anonymous က အခုလို ကျွန်တော့်အမှားကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

(( ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့်
ဆိုတာ မှန်ပါတယ်
ဓ ကို (ာ) သုံး ရင် (တ) နဲ့  မှားနိုင်တဲ့အတွက် ဓါတ် လို့ ရေးပါတယ် ))
လို့ Anonymous က ရေးသွားပါတယ်။


Anonymous (August 1, 2011 7:37 PM) ရဲ့ ဆွေးနွေးမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ခင်ဗျာ။ ဒါပေမယ့် ဒီနေရာမှာတော့ Anonymous ပြောတာ မမှန်ပါ။ ဒီနေရာမှာ ကျွန်တော် ရေးထားတာ မှန်ပါတယ်။

Anonymous က အမှန်လို့  ပြောနေတဲ့ (( ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် )) ဆိုတာ တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန် မဟုတ်ပါ။ မြန်မာစာရေးထုံးအမှန်က ကျွန်တော် ရေးထားသလို (( ဓာတုဗေဒဆိုင်ရာ ဓာတ်ပေါင်းများဖြင့် )) ဖြစ်ပါတယ်။

မြန်မာအက္ခရာတွေထဲမှာ (( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ဆိုတဲ့ အက္ခရာ ခြောက်လုံးရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ မရေးဘဲ မောက်ချ ( -ါ ) ကို သုံးရပါတယ်။ ကျန်တဲ့ အက္ခရာတွေရဲ့ အနောက်မှာ ရေးချ ရေးချင်ရင် ဝိုက်ချ ( -ာ ) ကို သုံးရပါတယ်။

(( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ဆိုတဲ့ အက္ခရာ ခြောက်လုံးရဲ့ အနောက်မှာ ရေးချ ရေးချင်ရင် မောက်ချ ( -ါ ) ကို သုံးရတဲ့ ရည်ရွယ်ချက်က အက္ခရာချင်း ရှုပ်ထွေးမှု မဖြစ်အောင်ပါ။ (( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ဆိုတဲ့ အက္ခရာ ခြောက်လုံးရဲ့ အနောက်မှာ မောက်ချ ( -ါ ) ကို မသုံးဘဲ ဝိုက်ချ ( -ာ ) နဲ့ ရေးရင် (( ခာ၊ ဂာ၊ ငာ၊ ဒာ၊ ပာ၊ ၀ာ )) ဖြစ်သွားမှာဆိုတော့ (( ဆ၊ က၊ တ၊ အ၊ ဟ )) ဆိုတဲ့ အက္ခရာတွေနဲ့ မှားမှာ စိုးလို့ပါ။

(( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) အက္ခရာတွေရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ မရေးဘဲ မောက်ချ ( -ါ ) ကို သုံးရတဲ့ ရည်ရွယ်ချက်ကို နားလည်သူတယောက် အနေနဲ့ အကျိုးသင့်အကြောင်းသင့် စဉ်းစားရင် (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကိုလည်း မောက်ချ နဲ့ ရေးသင့်တယ် ဆိုတဲ့ သဘာဝကျတဲ့ အဖြေ ထွက်လာပါတယ်။ (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ ရေးရင် (( တ )) နဲ့ မှားနိုင်တယ် ဆိုတာက အကျိုးသင့်အကြောင်းသင့် ဖြစ်နေတာကိုး။

အဲဒီလို သဘာဝကျမှု၊ ကျိုးကြောင်းဆီလျော်မှု အရ စဉ်းစားရင် (( ဓ )) အတွက် မောက်ချ သုံးသင့်ပေမယ့် တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးမှာ (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို မောက်ချ နဲ့ မရေးဘဲ ဝိုက်ချ နဲ့သာ ရေးပါတယ်။ (( ဓာတုဗေဒ )) ၊ (( ဓား )) ၊ (( ဓာတ်ပေါင်း )) က တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန် ဖြစ်ပါတယ်။

မြန်မာစာရေးထုံးအမှန်က ဒီလို ရှိပေမယ့် မူလတန်းကျောင်းသားလေးတွေကို မြန်မာစာ သင်ပေးတဲ့ မြန်မာစာဆရာ အများစုက (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို မောက်ချ ( -ါ ) နဲ့ ရေးတယ် ဆိုပြီး သင်ခဲ့ပါတယ်။ မြန်မာစာ စသင်ကတဲက အဲဒီလို အသင်ခံခဲ့ရလို့ မြန်မာအများစုက (( ဓါတုဗေဒ )) ၊ (( ဓါး )) ၊ (( ဓါတ်ပေါင်း )) ဆိုပြီး ရေးနေကြတာပါ။ အဲဒါက တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန် မဟုတ်ပါဘူး။

မြန်မာအက္ခရာတွေထဲမှာ (( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ဆိုတဲ့ အက္ခရာ ခြောက်လုံးရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ မရေးဘဲ မောက်ချ ( -ါ ) ကို သုံးရပါတယ်။ ကျန်တဲ့ အက္ခရာတွေရဲ့ အနောက်မှာ ရေးချ ရေးချင်ရင် ဝိုက်ချ ( -ာ ) ကို သုံးရပါတယ်။

(( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ဆိုတဲ့ အက္ခရာ ခြောက်လုံးရဲ့ အနောက်မှာ ရေးချ ရေးချင်ရင် မောက်ချ ( -ါ ) ကို သုံးရတဲ့ ရည်ရွယ်ချက်က အက္ခရာချင်း ရှုပ်ထွေးမှု မဖြစ်အောင်ပါ။ (( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ဆိုတဲ့ အက္ခရာ ခြောက်လုံးရဲ့ အနောက်မှာ မောက်ချ ( -ါ ) ကို မသုံးဘဲ ဝိုက်ချ ( -ာ ) နဲ့ ရေးရင် (( ခာ၊ ဂာ၊ ငာ၊ ဒာ၊ ပာ၊ ၀ာ )) ဖြစ်သွားမှာဆိုတော့ (( ဆ၊ က၊ တ၊ အ၊ ဟ )) ဆိုတဲ့ အက္ခရာတွေနဲ့ မှားမှာ စိုးလို့ပါ။

(( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) အက္ခရာတွေရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ မရေးဘဲ မောက်ချ ( -ါ ) ကို သုံးရတဲ့ ရည်ရွယ်ချက်ကို နားလည်သူတယောက် အနေနဲ့ အကျိုးသင့်အကြောင်းသင့် စဉ်းစားရင် (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကိုလည်း မောက်ချ နဲ့ ရေးသင့်တယ် ဆိုတဲ့ သဘာဝကျတဲ့ အဖြေ ထွက်လာပါတယ်။ (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ ရေးရင် (( တ )) နဲ့ မှားနိုင်တယ် ဆိုတာက အကျိုးသင့်အကြောင်းသင့် ဖြစ်နေတာကိုး။

အဲဒီလို သဘာဝကျမှု၊ ကျိုးကြောင်းဆီလျော်မှု အရ စဉ်းစားရင် (( ဓ )) အတွက် မောက်ချ သုံးသင့်ပေမယ့် တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးမှာ (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို မောက်ချ နဲ့ မရေးဘဲ ဝိုက်ချ နဲ့သာ ရေးပါတယ်။ (( ဓာတုဗေဒ )) ၊ (( ဓား )) ၊ (( ဓာတ်ပေါင်း )) က တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန် ဖြစ်ပါတယ်။

မြန်မာစာရေးထုံးအမှန်က ဒီလို ရှိပေမယ့် မူလတန်းကျောင်းသားလေးတွေကို မြန်မာစာ သင်ပေးတဲ့ မြန်မာစာဆရာ အများစုက (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို မောက်ချ ( -ါ ) နဲ့ ရေးတယ် ဆိုပြီး သင်ခဲ့ပါတယ်။ မြန်မာစာ စသင်ကတဲက အဲဒီလို အသင်ခံခဲ့ရလို့ မြန်မာအများစုက (( ဓါတုဗေဒ )) ၊ (( ဓါး )) ၊ (( ဓါတ်ပေါင်း )) ဆိုပြီး ရေးနေကြတာပါ။ အဲဒါက တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန် မဟုတ်ပါဘူး။

(( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) အက္ခရာတွေရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ မရေးဘဲ မောက်ချ ( -ါ ) ကို သုံးရတဲ့ ရည်ရွယ်ချက်ကို နားလည်သူတယောက် အနေနဲ့ အကျိုးသင့်အကြောင်းသင့် စဉ်းစားရင် (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကိုလည်း မောက်ချ နဲ့ ရေးသင့်တယ် ဆိုတဲ့ သဘာဝကျတဲ့ အဖြေ ထွက်လာပါတယ်။ (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ ရေးရင် (( တ )) နဲ့ မှားနိုင်တယ် ဆိုတာက အကျိုးသင့်အကြောင်းသင့် ဖြစ်နေတာကိုး။

အဲဒီလို သဘာဝကျမှု၊ ကျိုးကြောင်းဆီလျော်မှု အရ စဉ်းစားရင် (( ဓ )) အတွက် မောက်ချ သုံးသင့်ပေမယ့် တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးမှာ (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို မောက်ချ နဲ့ မရေးဘဲ ဝိုက်ချ နဲ့သာ ရေးပါတယ်။ (( ဓာတုဗေဒ )) ၊ (( ဓား )) ၊ (( ဓာတ်ပေါင်း )) က တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန် ဖြစ်ပါတယ်။

မြန်မာစာရေးထုံးအမှန်က ဒီလို ရှိပေမယ့် မူလတန်းကျောင်းသားလေးတွေကို မြန်မာစာ သင်ပေးတဲ့ မြန်မာစာဆရာ အများစုက (( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို မောက်ချ ( -ါ ) နဲ့ ရေးတယ် ဆိုပြီး သင်ခဲ့ပါတယ်။

မြန်မာစာ စသင်ကတဲက အဲဒီလို အသင်ခံခဲ့ရလို့ မြန်မာအများစုက (( ဓါတုဗေဒ )) ၊ (( ဓါး )) ၊ (( ဓါတ်ပေါင်း )) ဆိုပြီး ရေးနေကြတာပါ။ အဲဒါက တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန် မဟုတ်ပါဘူး။

တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန်မှာ (( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ဆိုတဲ့ အက္ခရာ ခြောက်လုံးရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို ဝိုက်ချ ( -ာ ) နဲ့ မရေးဘဲ မောက်ချ ( -ါ ) ကို သုံးရပါတယ်။

ဒါပေမယ့် အဲဒီ အက္ခရာ ခြောက်လုံး (( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ကို နှစ်လုံးဆင့် အနေနဲ့ ရေးမယ် ဆိုရင်၊ ဒါမှမဟုတ် ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး နဲ့ တွဲပြီး ရေးမယ် ဆိုရင်တော့ အနောက်က လိုက်တဲ့ ရေးချ အဖြစ် ဝိုက်ချ ( -ာ ) ကို သုံးရပါတယ်။

နှစ်လုံးဆင့် အနောက်က ဝိုက်ချ ( -ာ ) ကို သုံးတဲ့ ဥပမာ - အဓိပ္ပာယ်
ယပင့် အနောက်က ဝိုက်ချ ( -ာ ) ကို သုံးတဲ့ ဥပမာ - ချာ
ရရစ် အနောက်က ဝိုက်ချ ( -ာ ) ကို သုံးတဲ့ ဥပမာ - ခြား
ဝဆွဲ အနောက်က ဝိုက်ချ ( -ာ ) ကို သုံးတဲ့ ဥပမာ - ခွာ
ဟထိုး အနောက်က ဝိုက်ချ ( -ာ ) ကို သုံးတဲ့ ဥပမာ - ငှား

တိရိစ္ဆာန် အမှန် ဖြစ်ပါတယ်
အဓိပ္ပာယ်လို့ ရေးရင် ပ ကို (ာ) သုံးရင် ဟနဲ့ တူတဲ့ အတွက် မှားနိုင်မယ် မဟုတ်ပါလား ဖတ်ဖူးတဲ့ စာအုပ်တိုင်းမှာ အဓိပ္ပါယ် လို့ ဘဲ ဖတ်ဖူးပါတယ်

လူတိုင်း အမှားမကင်းတဲ့အတွက် အမှားကို ၀န်ခံ အမှန် ကို လက်ခံသူတိုင်းကို လေးစားပါတယ်

ကျနော်တို့ ကိုယ်တိုင် မြန်မာစာကို ၁၀တန်းကျော် တာ နဲ့  ဆရာမ တွေ နဲ့ အနီးကပ်မသင်တာနဲ့ မှားတတ်ကြပါတယ် အခုလို ပြင်ဆင်ပေးသူများ ရှိရင် တိုင်းထက် အလွန် ၀မ်းမြောက်မိပါတယ်။

စာဖတ်သူတိုင်းကို ကျေးဇူးတင်ပါတယ် ခင်မျာ

တော်လိုက်တဲ့ မောင်ကြာရွက် နှံ့နှံ့ စပ်စပ် ရှိပါပေတယ်

နောက်ထပ်လာပေးထားတဲ့ မှတ်ချက်အတော်များများက Spam ထဲသွားဝင်နေတာနဲ့ moderation လုပ်ထားတဲ့အချိန်မှာလည်း google က တခုခု လုပ်နေလို့ ဖြစ်မယ် မှတ်ချက်တွေက ပေးထားတဲ့ မေးလ်ထဲကို လာမ၀င်တော့ မတွေ့ရဘူး။ အခု Admin စာမျက်နှာမှာ ၀င်ကြည့်မှ တွေ့ရလို့ အခုမှ တင်ပေးလိုက်ပါတယ်။ တချို့ထပ်နေတဲ့ မှတ်ချက်တွေကိုတော့ ဖျက်လိုက်ပါတယ်။ ပြဿနာရှာချင်တဲ့ Link တွေလာပေးပြီး အသက်လေးဆယ်အရွယ် စာရေးဒီလောက်မှားတာ တခါမှမတွေ့ဖူးဘူးဆိုတဲ့ နာမည်အတုနဲ့ သူတယောက်ရဲ့ မှတ်ချက်ကိုလည်း ဖျက်လိုက်ပါတယ်။ ကျန်တာကိုတော့ အကုန်လုံး ထည့်ထားပေးပါတယ်။ ကျွန်မလည်း ဂရမ်မာ ကြာရွက်ဆီက မောက်ချတွေ ၀ိုက်ချတွေနဲ့ ရေးတာအပါအ၀င် သတ်ပုံနဲ့ပတ်သက်ပြီး အတော်များများ သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်ကတော့ သတ်ပုံထက် ရှန်းမှားတာပဲ ပိုများနိုင်တော့မှာ သေချာတယ်။ ဒီပို့စ်ကတော့ KNN အပေါ်မှာ ပြောသလို အာဟာရထက် စာလုံးပေါင်းသတ်ပုံကို ပိုဆွေးနွေးဖြစ်သွားတာတော့ အမှန်ပဲ။ အဲဒါကလည်း လိုအပ်ချက်အရ ဖြစ်ရတယ်လို့ အပေါ်က မှတ်ချက်တခုမှာ KKN ကိုလည်း ကျွန်မရှင်းပြထားပြီးဖြစ်လို့ အကြံပြုဆွေးနွေးပေးသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းကလွဲပြီး အထွေအထူး ပြောစရာ မရှိပါဘူး။

(( ကျွန်မလည်း ဂရမ်မာ ကြာရွက်ဆီက မောက်ချတွေ ၀ိုက်ချတွေနဲ့ ရေးတာအပါအ၀င် သတ်ပုံနဲ့ပတ်သက်ပြီး အတော်များများ သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်ကတော့ သတ်ပုံထက် ရှန်းမှားတာပဲ ပိုများနိုင်တော့မှာ သေချာတယ်။ ))
လို့ မငယ်နိုင်က ရေးသွားပါတယ်။


မြန်မာစာရေးထုံးအမှန်ကို မသိသူတွေ အမှန်ကို သိစေချင်လို့ ကျွန်တော် သိသလောက်လေးကို မျှဝေပေးတာ မငယ်နိုင်အတွက် အကျိုးရှိတယ် ဆိုတာကို ဖတ်ရလို့ ဝမ်းသာပါတယ် ခင်ဗျာ။

(( တော်လိုက်တဲ့ မောင်ကြာရွက် နှံ့နှံ့ စပ်စပ် ရှိပါပေတယ် ))
လို့ KKN (August 2, 2011 11:02 AM) က ရေးသွားပါတယ်။


ကျွန်တော် တော်တာ မဟုတ်ပါ။ ကျွန်တော် သေသေချာချာ မှတ်သားဖူးတဲ့ အကြောင်းအရာ ဖြစ်နေလို့ပါ။ ပြောရမယ့် အကြောင်းအရာနဲ့ ကျွန်တော် သိတာနဲ့ တိုက်ဆိုင်သွားလို့ပါ။

နားလည်တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေက မြန်မာစာရေးထုံးအမှန်ကို ရှင်းပြတဲ့ ဆောင်းပါးတွေ မရေးကြလို့ ကျွန်တော်က သိသလောက်လေးကို မျှဝေပေးတာပါ ခင်ဗျာ။ နားလည်တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေက အခုထက် ပိုပြည့်စုံအောင် စနစ်တကျ ရှင်းပြပေးရင်တော့ အတိုင်းထက်အလွန် ဖြစ်မှာပါ။

ကျွန်တော် ရှင်းပြထားတဲ့ မြန်မာစာရေးထုံးအမှန်က အကောင်းဆုံး ရှင်းပြချက်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အချက်အလက်အားဖြင့်တော့ မှန်ပါတယ်။

(( တိရိစ္ဆာန် အမှန် ဖြစ်ပါတယ် ))
လို့ Anonymous (August 2, 2011 4:17 AM) က ရေးသွားပါတယ်။


Anonymous ရဲ့ ဆွေးနွေးမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ခင်ဗျာ။
ဒါပေမယ့် ဒီနေရာမှာတော့ Anonymous ပြောတာ မမှန်ပါ။

Anonymous က အမှန်လို့ ပြောနေတဲ့ (( တိရိစ္ဆာန် )) က စာလုံးပေါင်း အမှန် မဟုတ်ပါ။
ကျွန်တော် ရေးထားတဲ့ (( တိရစ္ဆာန် )) က စာလုံးပေါင်း အမှန် ဖြစ်ပါတယ် ခင်ဗျာ။

(( အဓိပ္ပာယ်လို့ ရေးရင် ပ ကို (ာ) သုံးရင် ဟနဲ့ တူတဲ့ အတွက် မှားနိုင်မယ် မဟုတ်ပါလား ဖတ်ဖူးတဲ့ စာအုပ်တိုင်းမှာ အဓိပ္ပါယ် လို့ ဘဲ ဖတ်ဖူးပါတယ် ))
လို့ Anonymous (August 2, 2011 4:17 AM) က ရေးသွားပါတယ်။


(( ပ )) အက္ခရာ အနောက်က လိုက်တဲ့ ရေးချ နဲ့  ပတ်သက်တဲ့ မြန်မာစာရေးထုံး စည်းမျဉ်းကို မနေ့က ကျွန်တော့်မှတ်ချက် Grammar Kyar Ywet (August 2, 2011 12:40 AM) မှာ ကျွန်တော် ရှင်းပြထားပါတယ်။

(( ပ )) အက္ခရာ တလုံးတည်း ထီးထီး ရှိနေတာရဲ့ အနောက်မှာ ဝိုက်ချ ( -ာ ) ကို သုံးရင် (( ပာ )) ဖြစ်သွားမှာဆိုတော့ (( ဟ )) အက္ခရာနဲ့ မှားမှာ စိုးလို့ မောက်ချ ( -ါ ) ကို သုံးရပါတယ်။

ဒါပေမယ့် (( ပ )) အက္ခရာက နှစ်လုံးဆင့် အနေနဲ့ ရှိနေတာရဲ့ အနောက်မှာ ဝိုက်ချ ( -ာ ) နဲ့ ရေးရင် (( ပ )) ရဲ့ အောက်မှာ အက္ခရာ နောက်တလုံး ရှိနေတဲ့အတွက် (( ပ္ပာ )) ဖြစ်သွားမှာဆိုတော့ (( ဟ )) အက္ခရာနဲ့ မမှားနိုင်တော့ဘူးလို့ သတ်မှတ်ထားပါတယ်။

ဒါကြောင့် (( ပ )) အက္ခရာက နှစ်လုံးဆင့် အဖြစ် ရှိနေရင် အနောက်မှာ မောက်ချ ( -ါ ) ကို သုံးစရာ မလိုဘဲ ဝိုက်ချ ( -ာ ) နဲ့ ရေးရင် လုံလောက်တယ် လို့ သတ်မှတ်ထားပါတယ်။

(( ဓ )) အက္ခရာရဲ့ အနောက်က လိုက်တဲ့ ရေးချ ကို မောက်ချ နဲ့ မရေးဘဲ ဝိုက်ချ နဲ့သာ ရေးတာလည်း ဒီသဘောပါပဲ။

(( တ )) အက္ခရာနဲ့ မမှားနိုင်ဘူးလို့ သတ်မှတ်ထားလို့ပါ။

ဒါကြောင့် (( ဓ )) အက္ခရာရဲ့ အနောက်မှာ မောက်ချ ( -ါ ) ကို သုံးပြီး (( ဓါတုဗေဒ )) ၊ (( ဓါး )) ၊ (( ဓါတ်ပေါင်း )) လို့ ရေးစရာ မလိုဘဲ ဝိုက်ချ ( -ာ ) နဲ့ (( ဓာတုဗေဒ )) ၊ (( ဓား )) ၊ (( ဓာတ်ပေါင်း )) လို့ ရေးရင် လုံလောက်တယ် လို့ သတ်မှတ်ထားပါတယ်။

(( ဓာ )) လို့ ရေးတာ (( တ )) နဲ့ မှားနိုင်တယ်လို့ မြန်မာစာ စသင်ကတဲက အသင်ခံခဲ့ရလို့ မြန်မာအများစုက အဲဒီလို စိတ်ထဲစွဲနေပေမယ့် တရားဝင် သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးအမှန်မှာ (( ဓာ )) လို့ ရေးတာ (( တ )) နဲ့ မမှားနိုင်ဘူး လို့ သတ်မှတ်ထားပါတယ်။

မြန်မာစာပါမောက္ခကြီးတွေ၊ မြန်မာစာဆရာကြီးတွေ၊ မြန်မာစာကျွမ်းကျင်သူတွေ၊ မြန်မာပညာရှိတွေက (( မလိုအပ်ဘဲ မောက်ချ နဲ့ ရေးတာဟာ အကြည့်ရ ဆိုးတယ်၊ ရုပ်ဆိုးတယ် )) လို့ အမြဲ ပြောလေ့ ရှိကြပါတယ်။

ဒါကြောင့် ဝိုက်ချ ( -ာ ) ကို သုံးလို့ ဘယ်လိုမှ အဆင်မပြေတဲ့ (( ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ )) ဆိုတဲ့ အက္ခရာ ခြောက်လုံးရဲ့ အနောက်မှာသာ မောက်ချ ( -ါ ) ကို သုံးပြီး ကျန်တဲ့ အက္ခရာတွေရဲ့ အနောက်မှာ ဝိုက်ချ ( -ာ ) ကိုသာ သုံးဖို့ သတ်မှတ်ထားတာပါ။

အဲဒါ ကျွန်တော် သတ်မှတ်လိုက်တာ မဟုတ်ပါဘူး။ မြန်မာစာပါမောက္ခကြီးတွေ၊ မြန်မာစာဆရာကြီးတွေ၊ မြန်မာစာကျွမ်းကျင်သူတွေ၊ မြန်မာပညာရှိတွေ ညှိနှိုင်း ဆွေးနွေးပြီး အဲဒီ မြန်မာစာရေးထုံးကို အမှန်အဖြစ် သတ်မှတ်ထားတာပါ ခင်ဗျာ။

(( ဖတ်ဖူးတဲ့ စာအုပ်တိုင်းမှာ အဓိပ္ပါယ် လို့ ဘဲ ဖတ်ဖူးပါတယ် ))
လို့ Anonymous (August 2, 2011 4:17 AM) က ရေးသွားပါတယ်။


အဲဒီ (( အဓိပ္ပါယ် )) လို့  ရိုက်ထားတဲ့ စာအုပ်တွေက မြန်မာစာရေးထုံးအမှန်ကို မသိတဲ့ စာပြင်ဆရာတွေ ပြင်ထားတာကို ရိုက်ထားတဲ့ စာအုပ်တွေမို့ လို့ ပါ။

Anonymous ဖတ်ဖူးတဲ့ စာအုပ်အများစုက မြန်မာစာရေးထုံးအမှန် အတိုင်း (( အဓိပ္ပာယ် )) လို့ မရိုက်ဘဲ (( အဓိပ္ပါယ် )) လို့  မှားပြီး ရိုက်ထားတာပါ။

Anonymous က (( အဓိပ္ပါယ် )) ဆိုတဲ့ မြန်မာစာရေးထုံးအမှားကို မြင်ဖန်များပြီး အမှားကို စိတ်ထဲ စွဲနေလို့ (( အဓိပ္ပါယ် )) က မြန်မာစာရေးထုံးအမှန်လို့ ထင်နေတာ ဖြစ်ပါလိမ့်မယ်။

(( ဖတ်ဖူးတဲ့ စာအုပ်တိုင်းမှာ အဓိပ္ပါယ် လို့ ဘဲ ဖတ်ဖူးပါတယ် )) လို့  Anonymous ရေးထားတာကတော့ မဖြစ်နိုင်ပါဘူး။

Anonymous ဖတ်ဖူးတဲ့ စာအုပ်တချို့မှာ (( အဓိပ္ပာယ် )) လို့ ရိုက်ထားတာကို Anonymous သတိမထားမိလို့ ဖြစ်ပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ် ဂရမ်မာကြာရွက် ကျွန်မ အဓိပ္ပါယ်တွေ အားလုံးကို အဓိပ္ပာယ်အဖြစ်၊ ဓါတ်တွေ အားလုံးကို ဓာတ်အဖြစ် ပြန်ပြင်နေပြီ။ ဒါပေမဲ့ ကျွန်မလည်း မှားတယ်ဆိုလို့သာ ပြင်ရတယ် Anonymous ထင်သလိုပဲ အဓိပ္ပာယ်တွေ ဓာတ်တွေကို ၀ိုက်ချနဲ့ ရုတ်တရက်တော့ ကြည့်ရတာ မှားတယ်လို့ပဲ ထင်နေတယ်။ ကြည့်ရတာ အခုထိ မျက်စိမှာ သက်တောင့်သက်သာ မဖြစ်သေးတာအမှန်ပဲ။ ဒါပေမဲ့ ပျက်အစဉ်ပြင်ခဏဆိုတော့ တော်ကြာနေ အကျင့်ပြန်ရသွားမှာပါ။ ကျေးဇူးတင်ပါတယ်။

What's up, its pleasant article on the topic of media print, we all understand media is a fantastic source of data.

My blog ... top rated appliance repair Valrico