မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် မေးခွန်းများရဲ့အဖြေ

(NLD) ဟာ ၂၀၁၀ ခုနှစ်က ပါတီမှတ်ပုံတင်ဖို့ တရားဝင်ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်သပိတ်မှောက်ခဲ့ပေမဲ့ အခုမှ ဘာကြောင့် ပါတီကို မှတ်ပုံပြန်တင်ဘို့၊ လာမဲ့ရွေးကောက်ပွဲတွေမှာလည်း ၀င်ရောက် ယှဉ်ပြိုင်ဘို့ ဆုံးဖြတ်လိုက်ရတာလဲ.......

NLD မှတ်ပုံတင်ရေးနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ကိစ္စ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတယ် ဆိုတဲ့ကိစ္စ၊ ပြည်ပရောက် မြန်မာတွေရဲ့ လုပ်သင့်တဲ့ကိစ္စ၊ NCGUB, CRPP, နဲ့ MPU တို့ရဲ့ အနာဂတ်ရေးကိစ္စတို့နဲ့ ပတ်သက်ပြီး Australia SBS မြန်မာပိုင်း ရေဒီယိုမှ ဦးကျော်ထွန်းအောင် က မြန်မာ့ရေးရာရုံး ညွန်ကြားရေးမှူး ဒေါက်တာ မြင့်ချိုနှင့် တွေ့ဆုံမေးမြန်းခန်း ကောက်နှုတ်ချက်
(၂၀၁၁) နိုဝင်ဘာ (၂၃) ရက်နေ့

ဦးကျော်ထွန်းအောင် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ၂၀၁၀ ခုနှစ်က ပါတီမှတ်ပုံတင်ဖို့ တရားဝင်ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်သပိတ်မှောက်ခဲ့ပေမဲ့ အခုမှ ဘာကြောင့် ပါတီကို မှတ်ပုံပြန်တင်ဘို့၊ လာမဲ့ရွေးကောက်ပွဲတွေမှာလည်း ၀င်ရောက် ယှဉ်ပြိုင်ဘို့ ဆုံးဖြတ်လိုက်ရတာလဲဆိုတဲ့အပေါ်မှာ ဒေါက်တာမြင့်ချိုရဲ့ အမြင်ကို ရှင်းပြတင်ပြပေးပါ။

ဒေါက်တာမြင့်ချို ။ ။ 2010 တုန်းက နအဖ စစ်အာဏာရှင်တွေ ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေပါ ပါတီမှတ်ပုံတင်ခြင်း ဥပဒေဟာ NLD ပါတီကို တရားဝင်မှတ်ပုံတင်လို့ မရအောင် တင်လိုက်ရင်တောင် ပါတီကို ဖျက်သိမ်းပစ်လို့ရအောင် မတရား ကန့်သတ်ချက်တွေ လုပ်ထားတာမို့ NLD ဟာ အဲဒီတုန်းက ပါတီမှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ပြီး မဲမပေးဖို့ လှုံ့ဆော်ခဲ့ပါတယ်။ မူလရွေးကောက်ပွဲ ဥပဒေအရ ပါတီတခုမှာ တည်ဆဲဥပဒေကို ချိုးဖေါက်လို့ ထောင်ဒဏ် ချမှတ်ခံရသူတွေကို ပါတီက အရင်ထုတ်ပယ်ပြီးမှ ကျန်တဲ့သူတွေနဲ့သာ မှတ်ပုံတင်ခွင့်ရှိမယ်ဆိုတော့ အဲဒီတုန်းက ဆိုင်းငံ့ထောင်ဒဏ် ကျခံရပြီး နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ကျခံနေရတဲ့ NLD အဖွဲ့ဝင်အားလုံးကို ထုတ်ပယ်ပြီးမှ ပါတီ မှတ်ပုံတင်ရမှာမို့ NLD က ဒါကိုလက်မခံခဲ့ဘူး။ မှတ်ပုံတင်ပြီးရင်တောင်မှ ပါတီထဲမှာ ဥပဒေနဲ့ ငြိစွန်းသူတွေရှိလို့ဆိုပြီး NLD ကိုဖျက်သိမ်းပစ်နိုင်တာမို့ NLD က ဒါကိုလက်မခံဘူး။ တခါ မှတ်ပုံတင်ဘို့ ၂၀၁၀ တုန်းက အတည်ပြု ပြဌာန်းလိုက်တဲ့ စစ်တပ်ကြီးစိုးရေးကို အာမခံထားတဲ့ နိုင်ငံတော် ဖွဲပစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိပြုလက်မှတ်ထိုးရမှာမို့ NLD က ဒါကိုလည်း လက်မခံဘူး။ ဒါတွေကြောင့် NLD ဟာ ၂၀၁၀ မှာ မှတ်ပုံမတင်ခဲ့ဘူး။ ဒါကြောင့် စစ်အာဏာရှင်တွေဟာ NLD ကိုဖျက်သိမ်းကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ သူတို့တက်ပြီးနောက်ပိုင်းမှာ NLD ရဲ့ တောင်းဆိုထားတဲ့ အချက်တွေအထဲက ပါတီမှတ်ပုံတင်ခြင်းဥပဒေပါ ကန့်သတ်ချက်တွေကို ပြင်ဆင်ပြောင်းလဲပေးလိုက်တာတွေရော၊ တခြား အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ တော်တော်များများ လုပ်လိုက်တာရောကြောင့် NLD ဟာ အခုလို မှတ်ပုံပြန်တင်ဘို့ ဆုံးဖြတ်လိုက်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။

ရွေးကောက်ပွဲဝင်ဆို့ ဆုံးဖြတ်ရတဲ့ အကြောင်းကတော့ ဒီထက်မက ကျယ်ပြန့်ပါတယ်။ အရင်က NLD ကို အဖျက်သိမ်းခံပါတီ ဖြစ်သွားပြီလို့ စစ်အစိုးရက ကြေညာထားပေမဲ့ ကမ္ဘာ့နိုင်ငံတွေက အဆင့်မြင့်ဝန်ကြီးတွေ၊ သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရော NLD ခေါင်းဆောင်တွေကိုပါ ရန်ကုန်မှာ တရားဝင်တွေ့ဆုံဆွေးနွေးခွင့် ပြုခဲ့ပါတယ်။ ဒါဟာ NLD ကို ကြံ့ဖွံ့အစိုးရက တရားဝင်ပါတီလို သဘောထားပြီး လိုက်လျောတာမျိုးလို့ အားလုံးက မြင်ကြတယ်။ နောက်ပြီး NLD အဖွဲ့ဝင် (၃၀၀) လောက်ကိုလည်း နှစ်သုတ်ခွဲပြီး လွှတ်ပေးခဲ့တယ်။ NLD ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ လူမှုရေး လုပ်ငန်းတွေကိုလည်း လုံးဝပိတ်ပင်တာမျိုး မဟုတ်ဘဲ မသိလိုက်မသိဖာသာ ကြံ့ဖွံ့အစိုးရက လုပ်ခွင့်ပေးထားသလို နေခဲ့ပါတယ်။ ပိုပြီးတော့ ထင်ရှားလာတာကတော့ ကြံ့ဖွံ့ဝန်ကြီး ဦးအောင်ကြည်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို (၄) ကြိမ်တွေ့ပြီး နှစ်ဦးသဘောတူ ထုတ်ပြန်ချက်တွေကို တရားဝင်ထုတ်ပြန်လာတာ ရှိတယ်။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ပြီး နေပြည်တော်က သူ့ရုံးခန်းထဲမှာ နှစ်ယောက်တည်း တခါးပိတ် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခဲ့တယ်။ သဘောတူညီချက်တွေ ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဒါပေမဲ့ အချိန်မတန်သေးလို့ ထုတ်မပြောပါရစေနဲ့ဦး၊ အချိန်တန်ရင်တော့ အားလုံးကို ပြောပြမယ်လို့ သူ့အနေနဲ့ ဂတိပြုထားပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ အခုလို အပြောင်းအလဲတွေ လုပ်ပေးတဲ့အပေါ်မှာ အထူးသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်လိုက်ပြီးတော့ NLD ပြန်ဝင်လာလို့ရအောင် လုပ်ပေးလိုက်တဲ့အပေါ်မှာ သူတို့အလွန် အကောင်းမြင်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဆိုရင် သမ္မတ ဦးသိန်းစိန်က အပြောင်းအလဲကို တကယ်လိုလားတယ်လို့ သူယုံကြည်တယ်။ အခုဆိုရင် တိုင်းပြည်မှာ အပြောင်းအလဲကို ဖြစ်နိုင်တဲ့အခြေအနေကို ရောက်နေပြီလို့လဲ သူထုတ်ပြောလိုက်တယ် ဆိုတော့ ဒီတွေ့ဆုံဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တယ်လို့ ပြည်သူတွေကလည်း မြင်ကြပြီး ဒီအပေါ်မှာ တော်တော်လေး မျှော်လင့်ချက် ထားလာကြတယ်။ ပိုပြီးပူးပေါင်း လုပ်ဆောင်ဘို့ ကိစ္စတွေကိုလည်း သူတို့လိုလားကြတယ်။ ဒီအကြောင်းတွေအပေါ် အခြေခံပြီးတော့ ပြည်သူတော်တော်များများကရော ပြည်တွင်းနိုင်ငံရေး အင်အားစုတွေရော NLD အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်မှုဟာ အောင်မြင်တယ်၊ ဒီထက်မက ပိုမို ပူးပေါင်းလုပ်ဆောင်သွားရင် တိုင်းပြည်အတွက် အကျိုးရှိတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်လာကြတယ်။ အဲဒီအပေါ်မှာ တွန်းအားတွေရော ဖိအားတွေရော တိုက်တွန်းမှုတွေရောကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ နောက်ဆုံးမှာ NLD ကို မှတ်ပုံပြန်တင်ဖို့ရော ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဘို့ကိုပါ ဆုံးဖြတ်လိုက်ရတယ်လို့ ကျနော်မြင်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အင်မတန် အရေးကြီးသလို အင်မတန်လည်း စွန့်စားပြီး လုပ်ရတာမို့လို့ အန္တရယ်ကြီးတယ်လို့ ကျနော်မြင်တယ်။

ဦးကျော်ထွန်းအောင် ။ ။ တိုင်းပြည်နဲ့ ပြည်သူကောင်းစားဘို့အတွက် ဒေါ်အောင်ဆန်းစုကြည်က အခုလို ကြံ့ဖွံ့အစိုးရနဲ့ စကားပြောရတယ်၊ ညှိနှိုင်းမှုမှာလည်း တယောက်နဲ့တယောက် ညှိနှိုင်းတဲ့နေရာမှာ အလယ်အလတ်ကိုလိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အမြဲပြောခဲ့တဲ့အတိုင်း လုပ်ခဲ့တယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြုလုပ်ခြင်းအားဖြင့် တိုင်းသူပြည်သားတွေနဲ့ တိုင်းပြည် ရှေ့မှာ ပိုမိုကောင်းလာဘို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်တဲ့အတွက်ကြောင့် တခြားလက်မခံတဲ့သူတွေ ဘယ်လိုအကြောင်းကြောင့် လက်မခံဘူးထင်တာလဲ။

ဒေါက်တာမြင့်ချို ။ ။ ကျနော့် သုံးသပ်ချက်အရဆိုရင် ဦးသိန်းစိန် အစိုးရက ဒီအပြောင်းအလဲတွေကို လုပ်ပေးနေတာဟာ တကယ်ပဲ အပြောင်းအလဲလိုချင်လို့ လုပ်ပေးနေတာ မဟုတ်ဘဲနဲ့ သူတို့ကို နိုင်ငံတကာက အပြောင်းအလဲကို လိုလားတဲ့ အရပ်သားအစိုးရသစ်လို့ မြင်လာအောင် လုပ်တာရော၊ နိုင်ငံတကာ ဖိအားတွေ လျှော့သွားအောင်၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့သွားအောင်၊ ရုပ်သိမ်းသွားအောင်၊ နိုင်ငံတကာအကူအညီတွေ ပြန်ပေးလာအောင်၊ ၂၀၁၄ Asean ဥက္ကဌရာထူး ရလာအောင် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ကို ရွေးကောက်ပွဲမှာ ပြန်ပါလာပြီးတော့ သူတို့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တစုံတရာ လက်ခံလာအောင်၊ (၂၀၁၀) ရွေးကောက်ပွဲ ရလဒ်နဲ့ လွှတ်တော်နဲ့ အစိုးရကိုပါ တရားဝင်သဘောမျိုး အသိအမှတ်ပြုလာအောင် အစီစဉ်ရှိရှိ လုပ်တာပဲလို့ သူတို့မြင်တဲ့အတွက်ကြောင့် ဒီကိစ္စအပေါ်မှာ ဒါစေတနာမမှန်ဘူး၊ သူတို့အကျိုးစီးပွားအတွက် လုပ်တာပဲလို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ဒီအောက်ထဲကို ရောက်သွားရင်တော့ အညံ့ခံရေးလမ်းစဉ် ရောက်သွားပြီးတော့ လူထုတိုက်ပွဲသဏ္ဍန်နဲ့ ဒီမိုကရေစီ ရရှိရေး လုပ်မဲ့ကိစ္စတွေကို သွေဖီသွားတယ်လို့ သူတို့ယူဆကြတယ်။ အဲဒီအပေါ်မှာ သူတို့က အကောင်းမမြင်ဘူးဆိုတဲ့ ဥစ္စာကို ကျနော်သွားတွေ့ရတယ်။ တခုတော့ ဒီနေရာမှာ ကျနော်ဆွေးနွေးချင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်ပြောခဲ့သလိုပဲ အန္တရာယ်လည်းများတယ် အန္တရာယ်တွေ ရှေ့မှာ ရင်ဆိုင်ရမှာ အများကြီးရှိမဲ့အပေါ်မှာတော့ အကောင်းမြင်တဲ့သူက အကောင်းမြင်သလို အဆိုးမြင်တဲ့သူတွေကလည်း အဆိုးမြင်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ အဆိုးထက် အကောင်းကို ပိုပြီးချည်းကပ်ပြီးတော့ သုံးသပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကောင်းဘက်ကကြည့်ရင် NLD ဟာ တရားမ၀င်ပါတီ အလုပ်ခံထားရာကနေ တရားဝင်ပါတီအဖြစ်နဲ့ တကယ်ကို အတိုက်အခံပါတီကြီးအဖြစ်နဲ့ ပြန်ပြီးရပ်တည်လို့ရမယ်။ တရားဝင်ပါတီကို ကျစ်လစ်အားကောင်းလာအောင် လူလတ်လူငယ်တွေနဲ့ သွေးသစ်လောင်းပြီးတော့ ပြန်လည်တည်ဆောက်နိုင်မယ်၊ နောက်ပြီးတော့ လူထုကြားထဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် ဆက်စပ်လှုပ်ရှားနိုင်မယ်။ တခြားဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တရားဝင် ထိတွေ့ဆက်ဆံပြီးတော့ လွှတ်တော်အတွင်းမှာရော လွှတ်တော်အပြင်မှာပါ ထိထိရောက်ရောက် လှုပ်ရှားနိုင်မယ်လို့ ကျနော်မြင်တယ်။

ဒီလိုလှုပ်ရှားခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လွှတ်လာအောင်၊ တရားဥပဒေစိုးမိုးမှုတွေ ရှိလာအောင်၊ သတင်းလွတ်လပ်ခွင့်တွေ ရှိလာအောင်၊ တပြည်လုံး အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်လာအောင်၊ နောက်ဆုံးမှာ လွှတ်တော်နဲ့ အစိုးရကို သူတို့အားလုံး တိုက်တွန်းတာတွေ တွန်းအားပေးတာတွေ လုပ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တိုင်းပြည်အတွက် အကျိုးယုတ်စေတဲ့အရာတွေကို ပြုပြင်ပြောင်းလဲမှု လုပ်လာအောင် သူတို့လုပ်နိုင်လိမ့်မယ်လို့တော့ ကျနော့်အနေနဲ့ အကောင်းမြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုပ်နိုင် မလုပ်နိုင်ကတော့ ကျနော်တို့ စောင့်ကြည့်ရမယ်။ ဒေါ်အောင်ဆန်းကြည်နဲ့ NLD ကိုရော ဦးသိန်းစိန် အစိုးရကိုရော သံသယအကျိုး ခံစားခွင့်တော့ ပေးသင့်တယ်လို့ ထင်ပါတယ်။

ဦးကျော်ထွန်းအောင် ။ ။ အဲဒီလိုမျိုး သံသယအကျိုး ခံစားခွင့်ပေးမှသာ ကြံ့ဖွံ့အစိုးက တကယ်တမ်း သူတို့ပြောတဲ့အတိုင်း ဟုတ်လား မဟုတ်လားဆိုတာကို တွေ့နိုင်မှာပါ။ အဲဒီလို ဖွင့်မထားပေးဘဲနဲ့ အတင်းခြေကန်ပြီး ငြင်းနေမယ်ဆိုရင် ဒါဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူးလေ၊ တကယ်လို့ ကြံ့ဖွံ့အစိုးရဟာ သူတို့ပြောတဲ့အတိုင်း မလုပ်ဘူးဆိုလို့ရှိရင် Sanction တို့၊ ဒေါ်အောင်ဆန်းစုကြည်က ပါလီမန်က ထွက်သွားတာတို့ ဘာတို့ ပြန်လုပ်ပြီး အရင်အတိုင်း ပြန်ဖြစ်သွားလို့ ရတာပဲလေ။ ဒီတော့ သူတို့ကို နည်းနည်းပါးပါး အခွင့်အရေးပေး၊ ပြသခွင့်ပေးမှသာ တကယ်စစ်မှန်သလား မစစ်မှန်ဘူးလားဆိုတာကို ကျနော်တို့ သိနိုင်မယ်ဆိုတာကို သူတို့အနေနဲ့ လက်မခံနိုင်ဘူးလား။

ဒေါက်တာမြင့်ချို ။ ။ တခုတော့ရှိပါတယ်။ မျှော်လင့်တယ်ဆိုတဲ့နေရာမှာ အကောင်းလည်း မျှော်လင့်လို့ ရသလို အဆိုးလည်းမျှော်လင့်လို့ရတယ်။ ကျနော်တို့က အကောင်းကိုမျှော်လင့်ချင်တယ် ဆိုရင် အကောင်းတွေ ဖြစ်လာအောင်လို့ ကျနော်တို့ အနီးကပ်စောင့်ကြည့်ပြီးတော့ ကိုယ့်ဘက်က လုပ်စရာရှိတာတွေကို စွန့်စားပြီး လုပ်ကြရမှာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာလည်း လွှတ်တော်ထဲ ၀င်သွားမယ်ဆိုရင်လည်း အညံ့ခံမှာ မဟုတ်ပါဘူး။ သူတို့ ပြည်သူဘက်ကနေ နှစ်ပေါင်း ၂၀ ကျော်လုံးလုံးတစိုက်မတ်မတ်ပဲ တောင့်ခံပြီး ရုန်းကန်လှုပ်ရှားလာခဲ့တာပဲ။ ဒီနှစ်ပေါင်းများစွာ သက်သေထူခဲ့တဲ့ ကိစ္စတွေကို ကျနော်တို့ ယုံကြည်လေးစားဘို့လဲ ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း တဘ၀လုံး ရင်းပြီး လုပ်ခဲ့တာပဲ။ ဒီထက်မက သူ့အနေနဲ့ ထပ်ပြီး တဘ၀လုံး ပုံပြီးလုပ်ဦးမယ်ဆိုတာလည်း ကျနော်တို့ ယုံကြည်ဘို့လိုတယ်။ ကျနော်တို့အနေနဲ့ ဒါတွေကို ယုံကြည်မှုပေးရ မဲ့ အပိုင်းတပိုင်းရှိသလို ကျနော်တို့ဘက်က လုပ်ပေးနိုင်တဲ့ ဥစ္စာတွေကို လုပ်ပေးသင့်တယ်ဗျ။ ဒီအပြောင်းအလဲတွေကို စောင့်ကြည့်ရင်းနဲ့ အပြောင်းအလဲတွေ ရှေ့မတိုးဘူးဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဥပမာ သြစကြေးလျား မှာဆိုရင် ချမှတ်ထားတဲ့ ဖိအားတွေနဲ့ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ မရုပ်သိမ်းဘဲနဲ့ ပိုတိုးလာအောင် ကျနော်တို့ လုပ်ကြရမှာပေါ့။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် NLD နဲ့ ပြည်တွင်း အင်အားစုတွေကို ပိုပြီးထောက်ခံအောင် ဒီအစိုးရကို ကျနော်တို့ တိုက်တွန်းရမယ်။ ဒါအပြင် အားကောင်းထက်မြက်တဲ့ အင်အားစုတွေ ဖြစ်လာအောင် နည်းပေါင်းစုံနဲ့ ကူညီပေးရအောင်လည်း ဒီအစိုးရကို ကျနော်တို့ ဆက်လှုံ့ဆော်နေဘို့ လိုတယ်ဗျာ။ ဒါမျိုးတွေကို ကျနော်တို့က ကိုယ်ရှိတဲ့နေရာကနေ နိုင်ငံတကာ ဖိအားတွေ တွန်းအားတွေ၊ အကူအညီတွေကို အဲဒီလိုအသုံးချပြီး လုပ်မယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေ နောက်မဆုတ်သွားနိုင်တဲ့အပြင် ရှေ့တိုးလာမယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်ဗျာ။

ဦးကျော်ထွန်းအောင် ။ ။ နောက်တခုက ကြံ့ဖွံ့အစိုးရ လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က (၁၉၉၀) ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုတယ်လို့ ရန်ကုန်တိုင်း ဂျာနယ်ကို ပြောခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း " ဒီဟာ အဖြစ်အတိုင်း ဖြစ်ခဲ့တယ်ဆိုတာ အခုလက်ရှိ (၂၀၁၀) ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ဥက္ကဌတယောက် ဒီလို ပြောလိုက်တယ်ဆိုတာ လက်ခံနိုင်တဲ့အကြောင်း ရှိတယ်လို့ ကျမပြောချင်ပါတယ်။ ဒါကို တချို့က (၁၉၉၀) ခုနှစ်က ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော် ခေါ်ပေးရမယ်လို့ အခုထိ အော်နေတုန်းပါ။ ဒါကတော့ လက်တွေ့ကျတဲ့ကိစ္စမဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ တောင်းဆိုချက် မဟုတ်ပါဘူး" လို့ ပြောသွားပါတယ်။ ဒီတော့ (၁၉၉၀) ရွေးကောက်ပွဲ ရလဒ်ကို ဒီလိုအသိအမှတ်ပြုတယ်လို့ ကြံ့ဖွံ့အစိုးရလည်း ပြောပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလို့ ရတာမဟုတ်ဘူး။ ဖြစ်တာ ဖြစ်ခဲ့ပြီးပြီ ဒါပေမဲ့ အခုချိန်မှာ ရှေ့ဆက်ပြီး လုပ်စရာရှိတဲ့အတိုင်း လုပ်သွားရမယ်။ ဒါကို ပြန်သွားပြီး ဒီလိုလုပ်ပေးပါ အော်နေလို့တော့ မရတော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တော့ (၁၉၉၀) ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရသူတွေအနေနဲ့ သူတို့ရဲ့ ရပ်တည်ချက်ဟာ ဘယ်လို ဖြစ်သွားနိုင်မယ်လို့ ထင်ပါသလဲ။

ဒေါက်တာမြင့်ချို ။ ။ ပထမအချက်က (၁၉၉၀) ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့က အပြည့်အ၀ ကောင်အထည်ဖေါ်တာကိုတော့ လိုချင်တာပေါ့ဗျာ။ ဒါက ကိုယ့်ရဲ့စိတ်ခံစားမှုနဲ့ ပြောတာပေါ့။ ဒါပေမဲ့ (၂၀၁၀) ရွေးကောက်ပွဲ မတိုင်ခင်အထိ ကျနော်တို့ အဲဒါကို တစိုက်မတ်မတ် တောင်းဆိုနေတဲ့ ကိစ္စကတော့ ဒါမှန်တယ်လို့ ကျနော်ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ပျက်ပြယ်စေတဲ့အရာ တခုမှ မရှိသေးဘူး။ (၂၀၁၀) ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာလည်း ဆက်ပြီးတော့ ဒီရွေးကောက်ပွဲရလာဒ်တွေနဲ့ ပတ်သက်ပြီးတော့ မကျေနပ်ဘူး။ (၉၀) ရွေးကောက်ပွဲ ရလဒ်ကိုပဲ တနည်းနည်းနဲ့ အကောင်အထည်ဖေါ်ဘို့ ကျနော်တို့ ပြောခဲ့တယ်။ ဘယ်လိုနည်းနဲ့ အကောင်အထည်ဖေါ်ရမလဲ ဆိုတဲ့အပိုင်းမှာတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် သုံးသပ်လိုက်တာကတော့ (2010) နောက်ပိုင်းမှာ ဖြစ်လာတဲ့အခြေအနေအရ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က (၁၉၉၀) ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတယ်လို့ ပြောလိုက်ခြင်းအားဖြင့် ဒါဟာ နောက်တက်လာတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ခုပေါင်းရဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က အသိအမှတ်ပြုတယ်ဆိုတဲ့ အနေမျိုးကို သူတို့က တရားဝင် ယူလိုက်တယ်။ အဲဒီတော့ ဒီလိုပြောကြားချက်ကိုပဲ လက်ရှိရွေးကောက်ပွဲအပြီး ဖြစ်လာတဲ့ လွှတ်တော်နဲ့ အစိုးရက အသိအမှတ်ပြုတယ်လို့ သူတို့အနေနဲ့ တရားဝင် သတ်မှတ်တာပေါ့ဗျာ။ အဲဒီပေါ်မှာတော့ ကျနော်တို့ လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင်တော့ (၂၀၁၀) ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ မပါခဲ့ဘူး။ လာမည့်ရွေးကောက်ပွဲမှာတော့ ပါတော့မယ်။ အဲဒီတော့ ဖြစ်လာမည့် လွှတ်တော်အသစ်နဲ့ ဖြစ်လာမဲ့ အခင်းအကျင်းအသစ်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်က လက်တွေ့ကျတယ်လို့ ကျနော်မြင်တယ်။ ဒါပေမဲ့ ဒီအပေါ်မှာ မကျေနပ်တဲ့သူတွေ အများကြီး ရှိပါတယ်။ ပြည်တွင်းကအများစု လွှတ်တော်ကိုယ်စားလှယ်တွေက ဒီအပေါ်မှာ လက်ခံလိုက်ပြီဆိုတော့ ကျနော်တို့အနေနဲ့ ဒါဟာ လက်ခံလောက်တဲ့ ဆုံးဖြတ်ချက်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ပြည်ပမှာ ရှိနေကြတဲ့ (၁၉၉၀) တုံးက ရွေးကောက်ခံအမတ်တွေလည်း ပြည်တွင်းအမတ်တွေနဲ့ ပြည်တွင်းအင်အားစုတွေရဲ့ သဘောထားကို လေးစားသောအားဖြင့် ဒါကို ညှိနှိုင်းပြီးတော့ လက်ခံကျင့်သုံးမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ နို့မဟုတ်ရင်တော့ ကျနော်တို့ (၁၉၉၀) ရွေးကောက်ခံအမတ် အများစုနဲ့ ပြည်ပမှာရှိတဲ့ အနည်းစု အမတ်တွေကြားမှာ သဘောထားကွဲလွဲမှုကို မြင်တွေ့ရတယ်ဆိုရင် ကျနော်တို့ လှုပ်ရှားမှုအတွက်လည်း အားနည်းသွားနိုင်ပါတယ်။ ဒီအပေါ်မှာတော့ ပြောရတာခက်ပါတယ်။ အဲဒါကတော့ ပြည်ပရောက် လွှတ်တော်အမတ်များရဲ့ တကိုယ်ရည်ဆန္ဒ္ဒအပေါ်မှာပဲ မူတည်တယ်လို့ ကျနော်မြင်ပါတယ်။ ကျနော့်အနေနဲ့ တစိတ်တည်း တ၀မ်းတည်း အားလုံးညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းပြီးတော့ ဆက်လက်လှုပ်ရှားမယ်ဆိုရင်တော့ အကောင်းဆုံးလို့ မြင်ပါတယ်။

ဦးကျော်ထွန်းအောင် ။ ။ ဟုတ်ကဲ့ နိုဝင်ဘာလ (၂၀) ရက်နေ့က ပြည်ပရောက် ညွန့်ပေါင်းအစိုးရ NCGUB ရဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းကတော့ NCGUB အစိုးရဟာ မြန်မာပြည်ထဲမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေကြောင့် မလိုအပ်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော ဒေါက်တာမြင့်ချိုအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာမြင့်ချို ။ ။ ကျနော်တို့ အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင်လာကတည်းက ဒေါက်တာစိန်ဝင်းအနေနဲ့ NCGUB ညွန့်ပေါင်းအစိုးရဟာ တကယ်အစိုးရမျိုးထက်ကို NLD မလုပ်နိုင်တဲ့ ပြည်ပလှုပ်ရှားမှုတွေ၊ ပြည်ပလှုပ်ဆော်မှုတွေ၊ ကုလသမဂ္ဂရဲ့ ထောက်ခံအားပေးမှု ရလာအောင် လုပ်မယ်၊ ပြည်ပ ပါလီမန်တွေ အစိုးရတွေရဲ့ ထောက်ခံမှုတွေ ရအောင်လုပ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ဖွဲ့ခဲ့တာပါ။ ဒါကြောင့်မို့ အထဲထဲမှာ NLD က တရားဝင်လှုပ်ရှားပြီးတော့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခဲ့ပြီဆိုရင်တော့ NCGUB ဟာ အစိုးရတရပ်အနေနဲ့ ရပ်တည်ဘို့မလိုအပ်တော့ဘူး။ အဲဒီအချိန်ကျရင်တော့ အလိုလျောက် ဖျက်သိမ်းပြီးသားလို့ ကျနော်တို့ကို ပြောခဲ့ဖူးပါတယ်။ အခုလည်း ဟိုနေ့က ဒေါက်တာစိန်ဝင်းက အဲဒါကို တရားဝင် ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တရားဝင်လှုပ်ရှားပြီးတော့ လွှတ်တော်ထဲမှာ လုပ်နေပြီဆိုရင် ဒါနဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်ဖြစ်မဲ့ စင်ပြိုင်အစိုးရတို့ ပြည်ပရောက်အစိုးရတို့ဆိုတာကတော့ လက်တွေ့မကျတော့ဘူးလို့ ယူဆပါတယ်။ ဒါကြောင့်မို့ ဒေါက်တာစိန်ဝင်းရဲ့ ဆုံးဖြတ်ချက် အင်မတန်မှန်ကန်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ထွန်းအောင် ။ ။ နောက် CRPP နဲ့ပတ်သက်ပြီးတော့လဲ သူတို့ ပြီးခဲ့တဲ့ (၇) ရက်နေ့က ဆွေးနွေးခဲ့ပြီးလို့ သိရပါတယ်။ အဲဒီတော့ ဒေါက်တာမြင့်ချိုအနေနဲ့ရော ဒီ CRPP ဟာ ရှေ့မှာ ဆက်လက်ပြီးတော့ ရှိအုံးမယ်ထင်ပါသလား။ ကျနော့်အမြင်မှာတော့ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်လိုက်ပြီ ဆိုရင် CRPP ဆိုတာလည်း ရှိစရာမလိုတော့ဘူးလို့ မြင်ပါတယ်။ ဒေါက်တာမြင့်ချိုအနေနဲ့ရော ဘယ်လိုထင်ပါသလဲ။

ဒေါက်တာမြင့်ချို ။ ။ ဟုတ်ပါတယ်။ ဒီနေရာမှာ ကျနော်ပြောချင်တာက CRPP ရဲ့ ရည်ရွယ်ချက်က လွှတ်တော်ကဲ့သို့သော ဖွဲ့စည်းမှုမျိုးနဲ့ တည်ဆောက်ပြီး လုပ်ကိုင်မယ်ဆိုတဲ့အတွက်ကြောင့် အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းတိုင်းရင်းသားပါတီတွေက လက်ရှိလွှတ်တော်အပေါ် အသိအမှတ်ပြုလိုက်တဲ့အခါကျတော့ ဒါနဲ့စင်ပြိုင်လုပ်ပြီးတော့ ဒါကိုအစားထိုးဖို့ လုပ်တဲ့ကိစ္စမျိုးတွေကတော့ ဒီအချိန်မှာ လက်တွေ့အရ ရှိဖို့မလိုအပ်တော့ဘူးလို့ ကျနော်မြင်ပါတယ်။ ဒါကြောင့် CRPP ဟာ ဂုဏ်သိက္ခာရှိရှိနဲ့ လုပ်ခဲ့ကိုင်ခဲ့တာ ရှိတာတွေ ရှိတယ်။ ဒီအချိန်မှာတော့ လက်တွေ့နိုင်ငံရေး အခြေအနေတွေကို သုံးသပ်ပြီးတော့ တခြားပုံစံတမျိုးနဲ့ စုစည်းမှုလေးကို ဆက်ပြီးတည်ဆောက်ထားမယ်၊ တခြားပုံစံတမျိုးနဲ့ ဆက်ပြီးလှုပ်ရှားမယ်ဆိုရင်တော့ ဒါဟာ သဘာဝကျတဲ့ ဆုံးဖြတ်ချက်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ထွန်းအောင် ။ ။ ပြည်ပမှာ ဖွဲ့ထားတဲ့ Members of Parliament Union အနေနဲ့ကရော CRPP မရှိတော့ဘူးဆိုရင် သူတို့အနေနဲ့ ပြည်ပမှာ ဆက်လက်ရှိဦးမယ်လို့ ထင်ပါသလား။

ဒေါက်တာမြင့်ချို ။ ။ ပြည်တွင်းမှာ CRPP က ပြည်သူ့လွှတ်တော်ကဲ့သို့သော လုပ်ငန်းမျိုးတွေလုပ်ဘို့ ဖွဲ့စည်းထားသလို ပြည်ပမှာရှိတဲ့ MPU ကလည်းပဲ အထဲမှာလုပ်လို့ မရတဲ့ ပြည်သူ့လွှတ်တော်ရဲ့ လုပ်ငန်းတွေနဲ့ စည်းရုံးဆောင်ရွက်မှု ကိစ္စမျိုးတွေကို အပြင်မှာလုပ်ဘို့ ဖွဲ့ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခင်းအကျင်းအောက်မှာ CRPP ရဲ့ စဉ်းစားတွေးခေါ်ချက်နဲ့ ဆုံးဖြတ်ချက်တွေ သဘောမျိုးပဲ MPU ကလည်း ပြည်ပမှာ လက်ရှိဖွဲ့စည်းမှုကို ပုံစံတမျိုးနဲ့ သူတို့ဆက်ပြီး ထိန်းသိမ်းထားပြီးတော့ နိုင်ငံတကာက လွှတ်တော်တွေ၊ နိုင်ငံတကာ အစိုးရအဖွဲ့နဲ့ အဖွဲ့အစည်းတွေကို ဆက်ပြီးစည်းရုံးနေတာမျိုး ဆိုရင်တော့လည်း အထဲနဲ့ဘာမှ ပြဿနာ ဖြစ်စရာအကြောင်း မရှိနိုင်ဘူးလို့ ကျနော်မြင်တယ်။ တခုပဲ လွှတ်တော်ကဲ့သို့ ဆက်ပြီး ရပ်တည်လှုပ်ရှားဘို့တော့ မသင့်တော်တော့ဘူးလို့ အားလုံးကလည်း မြင်တယ်၊ ကျနော်ကလည်း ဒီအတိုင်းပဲ မြင်ပါတယ်။

ဦးကျော်ထွန်းအောင် ။ ။ ဒေါက်တာမြင့်ချို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျား။

42 comments:

ခွက်ပျောက်တော့ ဖြစ်ကုန်ပြီ

NLD မှတ်ပုံတင်ခြင်း မတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း၊ မဝင်ခြင်းအပေါ် မြန်မာ့နိုင်ငံရေးလောကမှာ ဂယှက်ရိုက်နေခြင်းအပေါ်

ထင်ကြေးအမျိုးမျိုးပေးပြီး သုံးသပ်ဝေဖန်မှုတွေရှိနေကြပါတယ်။ ဒါကလည်း သဘာဝကျပါတယ်၊ သူ့အမြင် ကိုယ့်အမြင် အမျိုးမျိုးအပေါ်

သဘောထားတွေတင်ပြကြတာဟာ ဒီမိုကရေစီရဲ့ ကျင့်စဉ်ကောင်းတခုပါပဲ။ ကိုယ့်အမြင် ကိုယ့်သဘောထားကြီး ထင်ဟတ်လို့ ဘယ်ဖြစ်

မှာလဲ...နော့။

NLD မှတ်ပုံမတင် ရွေးကောက်ပွဲမဝင်လျှင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးကို ကျနော်အရင်ထောက်ပြပါ့မယ်။

( ၁ ) နိုင်ငံရေးလှုပ်ရှားမှု၊ လူမှု့ရေးလှုပ်ရှားမှုလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာလျှင်....တရားမဝင်ပါတီဆိုပြီး အချိန်မရွေး ဖမ်း

ဆီးထမ်းသိမ်းနိုင်ခြင်း။

( ၂ ) အမြို့မြို့အနယ်သို့ သွားရောက်၍ နိုင်ငံရေးစည်းရုံးရေးတရားဟောပြောခြင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များပြုလုပ်ရန် အခွင့်အရေးများ

ဆုံးရှုံးနိုင်ခြင်း။

( ၃ ) ပါတီလုပ်ငန်းဆောင်တာများ ပြုလုပ်ရန် အခက်ခဲများစွာ တွေ့ရှိနိုင်ခြင်း။

( ၄ ) လူထုကွန်ယက်၊ လူငယ်ကွန်ယက် လုပ်ငန်းဆောင်တာများ၏ လုပ်ငန်းများတွင် အနှောက်အယှက် အဟန့်အတားများ ဖြစ်ပေါ်

လာနိုင်ခြင်း။

( ၅ ) လူထုနှင့် နီးစပ်လာသည်နှင့်အမျှ လူထုတိုက်ပွဲကို စိုးရိမ်ကြောက်ရွံ့နေသည့် လက်ရှိအစိုးရမှ သူတို့အဆို နိုင်ငံတော်တည်ငြိမ်ရေး

ကို နှောက်ယှက်ဖျက်ဆီးသည်ဟုဆိုကာ....အချိန်မရွေး ဥပဒေ အမျိုးမျိုးတပ်ဆင်ကာ ခေါင်းဆောင်ပိုင်းတွေကို ဆွဲစေ့ ထိမ်းသိမ်းထား

နိုင်ခြင်း။

( ၆ ) တိုင်းရင်းသားရေးရာဆောင်ရွက်မှုလုပ်ငန်းများ သွင်သွင်ကျယ်ကျယ်လုပ်ဆောင်ရာတွင် မမြင်နိုင်သော အန္တရာယ်များ ကျရောက်လာနိုင်ခြင်း။

( ၇ ) NLD ၏ စည်းရုံးလှုပ်ဆော်မှုအားကောင်းလာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်စိုးရိမ်လာရခြင်း စတဲ့

ဆိုးကျိုးတွေကို အချိန်မရွေးဖြစ်ပေါ်လာနိုင်သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်လျှင် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးတွေကို ကျနော်ထောက်ပြပါ့မယ်။

( ၁ ) တရားဝင်ပါတီဖြစ်လာသည့်အတွက် အမြို့မြို့အနယ်နယ်သို့ သွားရောက်ပြီး နိုင်ငံရေးအရ စည်းရုံးရေးတရားဟောပြောခြင်း၊

နိုင်ငံရေးလုပ်ငန်းဆောင်တာများ တရားဝင်ပြုလုပ်ခွင့်ရရှိလာမည်။

( ၂ ) ပါတီ၏ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်များပြုလုပ်သည့်အခါ အနှောက်အယှက် အခက်ခဲမရှိ အဆင်ပြေ ချောမွေ့စွာပြုလုပ်လို့

ရရှိလာမည်။

( ၃ ) လူမှု့အထောက်အကူပြုလုပ်ငန်းများကို အဟန့်အတား အနှောက်ယှက်မရှိ လွယ်လင့်တကူ ပြုလုပ်လို့ရလာမည်။

( ၄ ) လူထု ကွန်ယက်နဲ့ လူငယ်ကွန်ယက်လုပ်ဆောင်သည့်အခါ သွင်သွင်ကျယ်ကျယ် ပြုလုပ်လို့ရရှိလာမည်။

( ၅ ) လွှတ်တော်တွင် ပြည်သူ့ဆန္ဒမှန်တွေကို တင်ပြဆွေးနွေးခွင့်ရရှိလာမည်။

( ၆ ) ပြည်သူလူထုနှင့် ပိုမိုနီးစပ်ခွင့်ရှိလာမည်။

( ရ ) တိုင်းရင်းသားရေးရာဆောင်ရွက်မှုများ တရားဝင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်မည်။

( ၈ ) ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များကို ဦးဆောင်ပြီး လုပ်ပိုင်ခွင့်များ ရရှိလာနိုင်သည်။

( ၉ ) လူငယ်နှင့် ပြည်သူထူထုတစ်ရပ်လုံးကို နိုင်ငံရေးသဘောတရားရေးရာသင်တန်းများနှင့် လူ့အခွင့်အရေးသင်တန်းများ တရားဝင်

ကျယ်ကျယ်ပြန့်ပြန့် ပို့ချနိုင်ပြီး တော်လှန်ရေး- နိုင်ငံရေးအတွေးအခေါ်များ တပ်ဆင်ပေးနိုင်သည်။

( ၁၀ ) နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှုမျာရရှိလာမည်ဖြစ်ပြီး...ပြည်သူများ၏ စားဝတ်နေရေး အထိုက်အလျှောက်ပြေလည်လာခြင်းဖြင့် ပြည်သူတွေအနေနဲ့ နိုင်ငံရေးစိတ်ပါဝင်စားမှု ပိုမိုများပြားလာမည်။

( ၁၁ ) နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပွင့်ပွင့်လင်းးလင်း ထိတွေ့ဆက်ဆံလာခြင်းဖြင့်....တရုတ်သြဇာခံအောက်မှ ရုန်းထွက်လာနိုင်သည်။

( ၁၂ ) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု စိုးရိမ်မှု တနည်းအားဖြင့် စိတ်အေးရမည်။

( ၁၃ ) အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျယ်ကျယ်ပြန့်ပြန့်- သွင်သွင်ကျယ်ကျယ်လုပ်လာနိုင်ခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသား များအားလုံးကို လွှတ်ပေးလာမည်ဟု မျှော်လင့်ပါသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Continue

လူထုတိုက်ပွဲဆိုရာတွင်....မိမိလူထုရဲ့ လက်ရှိအခြေအနေကို ဓမ္မ္ဒိဌါန်ကျနစွာ သုံးသပ်နိုင်ဖို့ ဒီနေရာမှာအရေးကြီးပါတယ်။

ဆန်အိုးမှာဆန်မရှိ၊ ဆီပုလင်းမှာဆီမရှိ၊ တနေ့လုပ်လို့ တနေ့မစားနိုင်တဲ့ အခြေအနေမှာ ပြည်သူလူထုအများကို လမ်းပေါ်တက်

ခိုင်းပြီး အသေခံခိုင်းတာ ရက်စက်ရာကျမနေဘူးလား၊။ လူထုတွေကိုကော ဘယ်နှစ်ခါ အသေခံခိုင်းဦးမလို့လဲ၊ တနေ့လုပ်လို့ တနေ့မစား

နိုင်တဲ့ပြည်သူတွေကကော လမ်းပေါ်တက်နိုင်ပါ့မလား။ တချို့နိုင်ငံရေးသမားတွေက ရိုးသားတဲ့ ပြည်သူလူထုကို စတေးခံသတ္တဝါအဖြစ်

သတ်မှတ်ထားသာ ကျနော်အမုန်းဆုံးပဲ။ အဲဒီ- အချို့ နိုင်ငံရေး၊ တော်လှန်ရေးသမားတွေရဲ့ ပါးစပ်ထဲကပဲ လျှာရိုးမရှိတိုင်း ရှောက်ပြောနေ

တာတခုက ကျနော်တို့ဟာ ပြည်သူတွေအတွက်အသက်ပေးထားတယ်တဲ့....ရီစရာတော့အကောင်းသားပဲ။

ကျနော်တို့ အောက်ခြေရှိ အခြေခံပြည်သူတွေဟာ စားဝတ်နေရေးပြေလည်လာလို့ရှိရင်...လမ်းပေါ်တက်ဖို့ ဝန်လေးတဲ့သူတွေ

မဟုတ်ပါဘူး၊။ တနေ့လုပ်လို့တနေ့မစားနိုင်တဲ့ ပြည်သူတွေဟာ နိုင်ငံရေးကိုစိတ်ပါဝင်စားပေမယ့်ဝမ်းရေးကြောင့်နိုင်ငံရေးနဲ့အလှမ်းဝေး

နေရတော့ ဘယ်လိုလုပ်ပြီး နိုင်ငံရေးကိုစိတ်ဝင်စားနိုင်မှာလဲ..။ ဒီ့- အတွက် ကျနော်တို့တတွေ

ပြည်သူတွေစားဝတ်နေရေးပြေလည်နိုင်မယ့် နိုင်ငံရေးကို အရင်အကောင်အထည်ဖော်ရမယ်။ ဒါမှ- လူတချို့ ဖြစ်ချင်တဲ့ တိုနီးရှားတို့လို

အာရပ်ကမ္ဘာတော်လှန်ရေးကြီးလည်း အကောင်အထည်ဖော်လို့ရတာပေါ့..။ လေဒီယို တလုံးတောင် အိမ်စေ့မရှိတဲ့ ကျနော်တို့ နိုင်ငံမှာ

အာရပ်ကမ္ဘာလို တော်လှန်ရေးမျိုး အကောင်ထည်ဖော်ချင်တဲ့ လူတွေလည်းရှိသေးတယ်၊။ အရင်- ကွန်မြူနစ်ခေတ်လို လူထုတွေ

ငတ်ပြတ်မှ လမ်းပေါ်တက်မယ်ဆိုတဲ့ အတွေးအခေါ် ခေတ်လည်း မဟုတ်တော့ဘူး..။ အခုခေတ်က အတွေးခေါ်ခြင်း စီးခြင်းထိုးနေတဲ့ ခေတ်ကိုရောက်နေပါပြီး၊လူ့အတွေးအခေါ်တွေက တခေတ်နဲ့ တခေတ်မပြောနဲ့ တနေ့နဲ့ တနေ့တောင် မတူတော့ပါဘူး..။ ခေတ်

ရေစီးကြောင်းနောက်ကို လိုက်တတ်ဖို့အရေးကြီးပါတယ်၊။ စာအုပ်ကြီးတွေဖတ်ပြီး လက်တွေ့မပါတဲ့သဘောတရားတွေကို ချပြပြီး

ရှေ့စခန်းသွားနေလို့ကတော့ ပိုးသာကုန် မောင်ပုံစောင်းတီးတတ်လာမှာမဟုတ်ဘူး၊။

ဒါကြောင့်....ကျနော်တို့တတွေ ပြည်သူတွေစားဝတ်နေရေးပြေလည်စေနိုင်မယ့် နိုင်ငံရေးလမ်းစဉ်ကို အရင်အကောင်အထည်ဖော်ရမယ်၊

အဲဒါပြီးမှ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကို ပြည်သူတွေကို တွန်းတင်ပေးရမယ်။ တိုင်းပြည်အထိုက်အလျှောက် တိုးတက်

ပြောင်းလဲလာသည်နဲ့ အမျှ ပြည်သူတွေရဲ့ နိုင်ငံရေးအတွေးအခေါ်- တော်လှန်ရေးအတွေးအခေါ်တွေဟာ အထိုက်အလျှောက် တိုးတက်

ပြောင်းလဲလာမည်ဖြစ်ကြောင်း ဒီနေရာမှာသိစေအပ်ပါသည်။ ကျနော်တို့ တော်လှန်ရေး၊ နိုင်ငံရေးသမားတွေဟာ ပြည်သူတွေကို

တကယ့်စေတနာမှန်နဲ့ ချစ်ပြီး တကယ်တမ်းအသက်ပေးလှူရဲရင်....ပြည်သူမပါလည်း ဒီပွဲဟာ ပြတ်တယ်..။ တော်လှန်ရေး- နိုင်ငံရေသမား

တွေ စုစုပေါင်း အယောက် တစ်သောင်းလောက်ရှိမယ်ထင်တာပဲ...အသက်ပေးရင် ကျနော်ထိပ်ဆုံးကပါပေးပါ့မယ်..။ ကျနော်တို့

တော်လှန်ရေး နိုင်ငံရေးသမားတွေဟာ ပြည်သူ့ဘဝကောင်းစားစေရေးအတွက် တော်လှန်ရေး နိုင်ငံရေးတွေလုပ်နေကြရင်း ပြည်သူတွေရဲ့

ဘဝတွေဟာ ကောင်းမစားလာပဲ- တောင်းစားနေရာတဲ့ဘဝကို ရောက်ရှိသွားနေတာကိုလဲ သတိပြုကြဖို့ အရေးကြီးပါတယ်..။

ကျနော်တို့တတွေဟာ မဝင်းမော်ဦးပြောသလိုမျိုး....အမာခံတွေမဟုတ်ဘူး- အသေခံဖြစ်ဖို့လိုတယ်ဆိုတာကိုပြောကြားရင်း....NLD

မှတ်ပုံတင်ခြင်း- မတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်း- မဝင်ခြင်းအပေါ် ကျနော့်အမြင်နှင့် လူထုတိုက်ပွဲ ပုံသဏ္ဍန်ကို ရေးသားတင်ပြ

လိုက်ပါသည်။


http://www.facebook.com/profile.php?id=1368499408&ref=tn_tnmn#!/notes/ko-baloi/nld-%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%80%90%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%90%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%94%E1%80%B2%E1%82%94-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%9D%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%9D%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%B1%E1%80%95%E1%81%9A-%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%86/209358392474167 မှ

အဲဒီ ဆိုးကျိုးကောင်းကျိုးတွေ ဘာလို့ခုကျမှ သိကြပါလိမ့်
ညံ့လိုက်ကြတာနော်
အစကတည်းက ဝင်လိုက်ရမှာ

မြန်မာအစိုးရကို အသိအမှတ်မပြုသင့် (၁)


Washington Post သတင်းစာ
အယ်ဒီတာအဖွဲ့အာဘော် (25.11.11)


ကမ္ဘာ့ အဖိနှိပ်ဆုံး အာဏာရှင်အဖြစ် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာအစိုးရဟာ မကြာသေးမီက နိုင်ငံတကာ ဆက်ဆံရေးမှာ အောင်မြင်မှုတွေ ရနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက မြန်မာကို အာဆီယံရဲ့ ၂၀၁၄ ဥက္ကဋ္ဌနေရာအတွက် သဘောတူခဲ့သလို အိုဘားမားကလည်း နိုင်ငံခြားရေးဝန်ကြီးကို မြန်မာပြည် တရားဝင် စေလွှတ်တော့မှာပါ။ အိုဘားမားရဲ့ သက်တမ်းအတွင်းစေလွှတ်ခဲ့တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေထဲမှာ အဆင့်အမြင့်ဆုံးပါပဲ။

ဘာကြောင့်များ မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်တွေက ဒီလောက်တောင် အသိအမှတ်ပြုခံနေရတာလဲ။ သူတို့ ဒီမိုကရေစီ ဖော်ဆောင်ပေးသေးတာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

ကုလ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်က ရှင်းနေတာပဲ - မြန်မာ့တပ်မတော်က တိုင်းရင်းသားလူနည်းစုတွေကို စစ်ဆင်ရေးတွေ ဆက်လုပ်နေ၊ အရပ်သားတွေကို ပစ်မှတ်ထားနေတုန်းပဲ၊ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ မတရားကျင့်နေတယ်၊ ကလေးစစ်သားတွေ သုံးတယ်၊ လူတွေ ကိုယ့်နေရပ်မှာ နေလို့မရအောင် စနစ်တကျ လုပ်နေတယ်။

ဒီအတောအတွင်းမှာ တရားလက်လွတ်ဖမ်းဆီးတယ်၊ လူတွေ ပျောက်သွားတယ်၊ မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရှိတယ်၊ နှိပ်စက်ညှဉ်းပန်းတယ်၊ လူမဆန်တဲ့ ဖိနှိပ်မှု အပြစ်ပေးမှုတွေ စသဖြင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေ စနစ်တကျချိုးဖောက်တာတွေ ဆက်ဖြစ်နေတယ်။

ဆက်ရန်

မြန်မာအစိုးရကို အသိအမှတ်မပြုသင့် (၂)


နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ကို ဆက်ထိန်းထားတယ်။ အဲဒီထဲမှာ မင်းကိုနိုင်၊ ဦးဂမ္ဘီရတို့ ပါပါတယ်။ ဦးဂမ္ဘီရဟာ ရက်ရက်စက်စက်၊ အစီအစဉ်ရှိရှိ နှိပ်စက်ခံရတာကြောင့် စိတ်ပိုင်းရော ရုပ်ပိုင်းပါ ယိုယွင်းနေတယ်လို့ မိသားစုနဲ့ တခြားအကျဉ်းသားတွေက ဆိုတယ်။

ပြီးခဲ့တဲ့လတွေတုန်းကတော့ အပြောင်းအလဲ အရိပ်အယောင်တွေ ပေါ်ပေါက်လာပါတယ်။ လူအများအပြား ကန့်ကွက်ကြတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့လိုက်တယ်၊ အင်တာနက် ထိန်းချုပ်မှုကို လျှော့ပေးတယ်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀ ၀န်းကျင်ကို လွှတ်တယ်၊ ရှေ့တပတ် ဟီလာရီကလင်တန် သွားတဲ့အခါ ထပ်ပြီး လွှတ်ပေးနိုင်ချေ ရှိသေးတယ်။ ဥပဒေစည်းကမ်းတွေ အပြောင်းအလဲ လုပ်ပေးတဲ့အတွက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းသားဟောင်းတွေ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့် ရနိုင်တယ်။

အိုဘားမားကတော့ အဲဒါတွေဟာ ပျောက်သွားလိုက် ပေါ်လာလိုက်ဖြစ်နေတဲ့ (မှိတ်တုပ်မှိတ်တုပ် ဖြစ်နေတဲ့) တိုးတက်မှုတွေလို့ ဆိုတယ်။ မြန်မာပြည်ကို နိုင်ငံခြားရေးဝန်ကြီး သွားတာဟာလည်း စစ်အုပ်စုထဲက ပြုပြင်ပြောင်းလဲရေးသမားတွေကို ၀မ်းမြောက်စေဖို့၊ သဘောထားတင်းမာသူတွေကို အားနည်းစေဖို့ ရည်ရွယ်တာပါ။ တကယ်တော့လည်း ပြင်ပကလူတွေဟာ စစ်အုပ်စုကို သဘောပေါက်နိုင်ဖို့က မလွယ်ပါဘူး။

အမေရိကန်အစိုးရ အစောကြီးကတည်းက အများကြီး လိုက်လျောနေတာဟာ စွန့်စားတာပါပဲ။ မြန်မာပြည်က “ပြုပြင်ပြောင်းလဲရေးသမား” သမ္မတဦးသိန်းစိန် မကြာသေးခင်ကပဲ ပြောပါတယ် -
မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိပါဘူး တဲ့။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကြေညာပါတယ်၊ “အပြောင်းအလဲက အများကြီး မဖြစ်သေးတဲ့အတွက်” လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုတွေမှာ ၀င်မပါသေးနဲ့အုံး ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုက်တာပါ။

ပြုပြင်ပြောင်းလဲရေးတွေ ထပ်လုပ်ပါ့မယ် ဆိုတဲ့ ကတိကို စစ်အုပ်စုက ဖျက်လာနိုင်တာမို့ စစ်အုပ်စုနဲ့ သွားတွေ့မယ့် ဟီလာရီကလင်တန်ဟာ ဒါတွေအားလုံးကို ထည့်တွက်ထားရမှာပါ။


(ဧရာဝတီဘလော့မှ ကူးယူ ဖော်ပြသည်။)

Undeserved validation for Burma


http://www.washingtonpost.com/opinions/undeserved-validation-for-burma/2011/11/23/gIQABU8itN_story.html

မှာ 25.11.11 နေ့ ရက်စွဲနဲ့ ဖော်ပြထားတဲ့ Washington Post သတင်းစာ
အယ်ဒီတာအဖွဲ့အာဘော်

Undeserved validation for Burma

.


ခေါင်းစဉ်ကို နှိပ်ပြီး တုန်လှုပ်ခြောက်ခြားဘွယ်ရာ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။

(နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အနေနဲ့ ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ လင့် ကို ဖွင့်မကြည့်ပါရန် ကြိုတင် သတိပေးပါတယ်။)



စစ်တပ်ရဲ့ လူမဆန်စွာ အသတ်ခံထားရတဲ့ ပြည်သူတွေရဲ့ ရုပ်ကလပ် ဓါတ်ပုံတွေကို နိုင်ငံတကာက စာဖတ်ပရိသတ် အများစုကတော့ ကြည့်ပြီးပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းက ဝင်ကြည့်တဲ့ စာဖတ်ပရိသတ် အသစ် အများစုက မကြည့်ရသေးတဲ့အတွက် ပြည်တွင်းပရိသတ်အတွက် အဲဒီ ဓါတ်ပုံတွေကို ပို့စ်အဖြစ် တင်ထားတဲ့ လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။


လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို စစ်အုပ်စု အာဏာတည်မြဲရေးအတွက် စစ်အုပ်စုခေါင်းဆောင် လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်၊ သူခိုးကြီးတွေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ဓါတ်ပုံတွေကို ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

မြန်မာစစ်တပ် ရဲ့ လုပ်ရပ်တွေဟာ လူစိတ်မရှိတဲ့ စစ်ခွေးစစ်စစ်တွေသာ လုပ်လေ့ရှိတဲ့ (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေ) ဖြစ်ပါတယ်။

အဲဒီ ဓါတ်ပုံတွေထဲမှာ မြင်ရသလိုပဲ အရပ်သားအရေခြုံ သိန်းစိန် အစိုးရက စစ်ဆင်ရေး အကြေုာင်းပြပြီး အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဆက်လက် သတ်ဖြတ်နေဆဲပါ။

သိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ် ဆိုတာက အရမ်း နည်းပါသေးတယ်။ အသံကောင်း ဟစ်တာက များနေတာပါ။ လက်တွေ့မှာ ပါးစပ်က ဘုရား၊ ဘုရား၊ လက်က ကားယားကားယား လုပ်နေဆဲပါ။

ဒါကြောင့် "မြန်မာအစိုးရကို အသိအမှတ်မပြုသင့်" လို့ Washington Post သတင်းစာ
အယ်ဒီတာအာဘော် ရေးထားတာ အရမ်းကို သဘာဝကျပါတယ်။

Anonymous (December 2, 2011 3:34 AM) နဲ့ ABSDF စစ်ထောက်လှန်းရေးများကို သတိထားကြပါဆိုသူ နှစ်ယောက်က တယောက်တည်း ဖြစ်ပြီး ဘယ်သူဆိုတာလည်း သိပါတယ်။

အရင်က ဘာဖြစ်လို့ Register မလုပ် အခုမှ ဘာဖြစ်လို့ Register လုပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒေါက်တာမြင့်ချို ပထမဦးဆုံး ဖြေထားတဲ့ အဖြေမှာ ရှင်းနေတဲ့ ကိစ္စကို ထပ်ပြီး လာပြောနေတယ်ဆိုတော့ Anonymous (December 2, 2011 3:34 AM) ဟာ စာကို လုံးဝ မဖတ်ဘဲ မှတ်ချက်ပေးထားတယ်ဆိုတာ သေချာပါတယ်။

ပြီးတော့ Myanmar Express က ဒေါ်လာစားက အားအားလျားလျား ယောက်ျားလုပ်ပြီး မရှက်မကြောက် လူတကာအကြောင်း မဟုတ်မဟတ် အတင်းပြောထားတဲ့ Link တွေကို ကျက်သရေ ယုတ်လွန်းလို့ ဒီဘလော့ဂ်မှာ လက်မခံဘူး နောက်ဘယ်တော့မှ လာမတင်နဲ့။ အတင်းပြောတာတွေကို ဒီဘလော့ဂ်မှာ လက်မခံဘူး။ အခုလာတင်ထားတဲ့ အပေါ်ကမှတ်ချက်ကိုလည်း ဖျက်ဖို့ ရှိတယ်။ ရှဒေါ်လာစား ဘလော့ဂ်မှာ ရှိသမျှ ဓါတ်ပုံတွေက ဘယ်ထောက်လှန်းရေးဆီကမှ မဟုတ်ဘူး။ Facebook မှာ သူများတင်ထားတဲ့ ဓါတ်ပုံတွေကို ခွင့်မတောင်းဘဲ ခိုးတင်ထားတဲ့ ပုံတွေချည်းပဲ။ ABSDF နဲ့ ပတ်သက်ပြီး အတွင်းသိဖြစ်ဖို့နေနေသာသာ သူများအကြောင်းတော့ ဘယ်လောက်မှန်မမှန်မသိဘူး Nge Naing အကြောင်းတော့ အတင်းအဖြင်းတွေနဲ့ ဟုတ်တိပတ်တိလိုလို ရေးထားတာတွေလည်း တလွဲချည်းပဲ။ မဲဆောက်တခါမှ မရောက်ဖူးတဲ့သူလည်း မဲဆောက်မှာ UN အရာရှိနဲ့ ရှုပ်တယ်၊ ဒုက္ခသည်စခန်းထဲမှာ တခါမှ မနေဖူးဘဲနဲ့ ဒုက္ခသည် စခန်းမှာ ဆေးကုလာတယ် စသည်ဖြင့် Nge Naing ကို ပြောထားတာတွေက ဟာသတွေသက်သက်ပဲ။

[ အပြည့်အစုံကို ဖတ်ရန် အပြာရောင် ခေါင်းစည်းစာလုံးများကို click လုပ်ပါ။ ]


ဘီလူး သိန်းစိန် သရုပ်မှန်

ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲ ပိတ်ခံရပြီး ဗီနိုင်းကြော်ငြာများ ဆွဲဆုတ် ဖျက်ဆီးခံရ၊ ပရိသတ်များ ခြိမ်းခြောက်ခြင်းခံရ

သိန်းစိန် အစိုးရ ဆိုတာဟာ လူယောင်ဆောင်ထားတဲ့ စစ်ဘီလူးတွေပါ "ဒီတစ်ကောင်ပြောင်ကြီးကလည်း ၁၉၈၈ မှာ သားသတ်သမား စိန်လွင် ("စိန်လွင် ၆ တန်း၊ တဇောက်ကန်း") ထွက်ပေးရပြီးနောက် နေဝင်း တင်ပေးလိုက်တဲ့ "ရူးကြောင်မူးကြောင် နဖူးပြောင် ဦးမောင်မောင်" လို ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးလိုပါပဲ။

[ အပြည့်အစုံကို ဖတ်ရန် အပြာရောင် ခေါင်းစည်းစာလုံးများကို click လုပ်ပါ။ ]


ဗာလီညီလာခံမှာ သိန်းစိန်က အိုဘားမားမျက်နှာကိုကြည့်ပြီး ရှက်ပြုံးလေး ပြုံးနေတာ ဇာတ်မင်းသားသိန်းဇော် ကြာပစ်တာကိုကြည့်ပြီး လင်တရူးမ အပျိုကြီးမမြခင်ရဲ့ မျက်လုံးမှာ မျက်ရည်ကြည်စို့ပြီး တလက်လက် ဖြစ်နေသလိုပဲ။

"ဒေါ်လာစား ဘလော့ဂ်မှာ ရှိသမျှ ဓါတ်ပုံတွေက ဘယ်ထောက်လှန်းရေးဆီကမှ မဟုတ်ဘူး။ Facebook မှာ သူများတင်ထားတဲ့ ဓါတ်ပုံတွေကို ခွင့်မတောင်းဘဲ ခိုးတင်ထားတဲ့ ပုံတွေချည်းပဲ။"

You've nailed the right point, Ma Nge Naing. The problem is that there are people who are ready to believe these craps.

===

[ အပြည့်အစုံကို ဖတ်ရန် အပြာရောင် ခေါင်းစည်းစာလုံးများကို click လုပ်ပါ။ ]


သမ္မတကြီးခင်ဗျား ....

"ကျန်အကျဉ်းသားတွေကို မစာနာရာ မရောက်အောင် ....."
ဟု မဟုတ်မမှန် အကြောင်းပြကာ
တရားမျှတမှုကို ဦးစားပေးလေသယောင်ယောင် တွေးဖြေပေးခဲ့တဲ့ သမ္မတကြီးခင်ဗျား ....

၂၆.၁၀.၂၀၁၁ ရက်နေ့မှ စတင်ပြီး သာမန်အကျဉ်းသားတွေသာ လျော့ရက်ခံစားရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းစံ နိင်ငံရေးသမားများ လျော့ရက်မရရှိခြင်းအတွက် အစာငတ်ခံ တောင်းဆိုသူများအရေး

" အော် ... သူတို့လဲ ပြစ်မှုတစ်ခုခုကို ကျူးလွန်၍ အရေးယူခံနေသူများပေပဲ" ဟု သာမန်အကျဉ်းသားများကဲ့သို့ ကိုယ်ချင်းစာ လျော့ရက်ပေး လိုက်လျောရမည့်အစား --

- မည်သည့်အကြောင်းကြောင့် ရေဖြတ်ခဲ့ပါသနည်း၊
- မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခဲ့ပါသနည်း၊
- မည်သည့်အရေးကြောင့် ထောင်ဝင်စာပိတ်ခဲ့ပါသနည်း။


ယနေ့ ကျရောက်သော “ကမ္ဘာအမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့” တွင် သမ္မတကြီးအား သိစေလိုသည်မှာ -

မြန်မာနိင်ငံ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျစံနေရသူ အကျဉ်းသူများနှင့်တကွ နိင်ငံရေးအကျဉ်းသားအားလုံးသည် ဥပဒေ၏ အကြမ်းဖက်ခံနေရသူများဖြစ်၍ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသူများ ဖြစ်ကြောင်း သမ္မတကြီးမှ ပီပီပြင်ပြင် လက်ခံ ပြောကြားပေးစေလိုပါသည်။

(ရေးသားတင်ပြသူ - ၀လုံး၊ ကျောင်းသားလူငယ်တစ်ဦး)

[ အပြည့်အစုံကို ဖတ်ရန် အပြာရောင် ခေါင်းစည်းစာလုံးများကို click လုပ်ပါ။ ]


လူယောင်ဆောင် စစ်ဘီလူး သိန်းစိန် MIG 29 တိုက်လေယာဉ် (၂၀) ၀ယ်


မြန်မာပြည်သူ အများစုကတော့ ဆင်းရဲ မွဲတေနေပြီ။

ပြည်သူ့ငွေကို ခိုးထား၊ လာဘ်စားထားတဲ့ သူခိုးကြီး သန်းရွှေ၊ သူခိုးကြီး သိန်းစိန် တို့ကတော့ ဒေါ်လာ သန်းနဲ့ချီပြီး ချမ်းသာနေပြီ။

အခုလဲ အရေခြုံ စစ်ဘီလူး သိန်းစိန်က ပြည်သူ့ငွေကို ပြည်သူအတွက် မသုံးဘဲ အဆင်းရဲဆုံးစာရင်းဝင် မြန်မာနိုင်ငံမှ လေတပ်ကို အရှေ့တောင်အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ် အဖြစ် တိုးချဲ့နေပါတယ်။

ပြည်သူတွေက ငတ်နေတုန်း ဆင်းရဲနေတုန်း၊ အနှိပ်စက်ခံနေရတုန်း၊ မတရား စော်ကားခံနေရတုန်း လူယောင်ဆောင် စစ်ဘီလူး သိန်းစိန် အစိုးရက MIG 29 တိုက်လေယာဉ် အစီး (၂၀) ၀ယ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှ ပြည်သူ အများစု အတွက် --
- အာဟာရ ပြည့်ဝတဲ့ စားစရာ လုံလုံလောက်လောက် မရှိသေးပါ။
- ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ဆေးဝါး လုံလုံလောက်လောက် မရှိသေးပါ။
- အဆင့်အတန်းမီ စာသင်ကျောင်း လုံလုံလောက်လောက် မရှိသေးပါ။

အဲဒီလို အရေးတကြီး ဦးစားပေး လုပ်ဆောင်ရမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး မြှင့်တင်ရာမှာ သုံးရမယ့် ပြည်သူ့ငွေကို ပြည်သူအတွက် မသုံးဘဲ စစ်အင်အားကို တိုးချဲ့နေတာဟာ တလွဲဆံပင်ကောင်းနေတာပါ။

အရပ်သားအယောင်ဆောင် စစ်အုပ်စု အာဏာတည်မြဲရေးအတွက် စစ်အင်အားကို မလိုအပ်ဘဲ ထပ်မံ တိုးချဲ့တာဟာ ဘယ်သူသေသေ၊ ငတေ မာရင် ပြီးရော လုပ်နေတာပါ။

-
စစ်အုပ်စုက မြန်မာပြည်သူတွေနဲ့ ကမ္ဘာကို လှည့်စားပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတဲ့အတိုင်း သမ္မတ ဦး​သိန်း​စိန်ဟာ အရပ်သားအစိုးရ အဖြစ် ကြိုးစားပြီး ဟန်ဆောင်နေပေမယ့် သူရဲ့ မူလ ဇာတ်ရုပ် ဖြစ်တဲ့ "နအဖ အာဏာရှင်ခေတ် ​ဗိုလ်ချုပ်ကြီး စရိုက်" ဟာ ဖုံးမနိုင် ဖိမရဘဲ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား ပေါ်လာပြီ လို့ ဝေဖန်နေကြပါတယ်။


နိုဝင်ဘာ ၁၉ ရက် ညက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ​ ရောက်​နေတဲ့​ သမ္မတ ဦး​သိန်း​စိန်က မြန်မာသတင်း​ထောက်​တွေကို သီးသန့် သတင်း​စာရှင်း​ပွဲ လုပ်​ပေး​ခဲ့​ပါတယ်။

ဦး​သိန်း​စိန်ရဲ့ ဖြေကြားချက်တွေကို ကြား​ခဲ့​ရသူ အများ​စုက​တော့​ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ပါတယ်။

"စစ်ဗိုလ်ချုပ်​ဟောင်း​ တ​ယောက်ရဲ့​ နဂို ဇာတိရုပ် ​ပေါ်လာတယ်" ဆိုပြီး ​ဦး​သိန်း​စိန်ကို ​ဝေဖန်တာ​တွေကို မှားတယ်လို့ မဆိုနိုင်ပါ​။

သမ္မတ သတင်း​စာရှင်း​လင်း​ပွဲ အဓိပ္ပာယ် ဘာလဲ - ၁

November 25, 2011
by တိုင်းကျော်


ပြီးခဲ့​တဲ့​ နိုဝင်ဘာ ၁၉ ရက် ညပိုင်း​က ဘာလီမှာ​ရောက်​နေတဲ့​ သမ္မတ ဦး​သိန်း​စိန်ဟာ အဲဒီကို သတင်း​ယူဖို့ ​ရောက်​နေတဲ့​ မြန်မာသတင်း​ထောက်​တွေကို သီးသန့် သတင်း​စာရှင်း​ပွဲတခု လုပ်​ပေး​ခဲ့​ပါတယ်။ ဒါဟာ စစ်အစိုး​ရ လက်ထက်က​ရော လက်ရှိ အရပ်ဝတ်အစိုး​ရ လက်ထက်မှာပါ နိုင်ငံ့​နံပါတ် ၁ ​ခေါင်းဆောင် တ​ယောက်အ​နေနဲ့ ပထမဦး​ဆုံး​ အကြိမ်အဖြစ် သတင်း​ထောက်​တွေ ​မေး​မြန်း​တာကို ​ဖြေထားတာ ဖြစ်ပါတယ်။

ဒီလို ​မေး​တာ ​ဖြေတာ​တွေကို ဘီဘီစီ၊​ ဗွီအို​အေ၊​ အာရ်အက်ဖ်​အေ၊​ ဒီဗွီဘီ အသံလွှင့်ဌာန​တွေက အသံလွှင့်ထုတ်ခဲ့​လို့​ ပြည်တွင်း​က ​ရေဒီယို နားထောင်သူတွေ ကြား​ခဲ့​ကြရပါတယ်။ ​နောက်ပိုင်း​ ရန်ကုန်တိုင်း​မ် ဂျာနယ်က ပုံနှိပ်​ဖော်ပြလို့ ဖြတ်​တောက်ထား​တာ တချို့တ​လေကလွဲပြီး​ အများ​စုကို စာဖတ်သူ​တွေ ဖတ်ခွင့်​ရခဲ့​ကြပါတယ်။ အဲဒီမှာ သမ္မတ ဦး​သိန်း​စိန် ဘာ​တွေ ​ပြောခဲ့​လဲ။ အရင် သူ ​ပြောခဲ့​တဲ့​ မိန့်ခွန်း​တွေနဲ့ နှိုင်း​ယှဉ်ရင် ဘာ​တွေ ကွာခြား​ချက် ရှိ​နေသလဲ ဆိုတာကို ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။

ရန်ကုန်မှာ​တော့​ ဒီ သမ္မတရဲ့ ဖြေကြားချက်တွေကို ကြား​ခဲ့​ရသူ အများ​စုက​တော့​ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ တွေ့​ရပါတယ်။ အရင် စစ်အာဏာရှင်လက်ထက်က ဝန်ကြီးချုပ် ရာထူး​ ရယူခဲ့​တဲ့​ ဗိုလ်ချုပ်ကြီးဟောင်း​တ​ယောက်ရဲ့​ မူလ ဇာတ်ရုပ် ​ပေါ်လာပြီလို့​ ​ဝေဖန်သူ​တွေကလည်း​ ​ဝေဖန်ကြပါတယ်။ ​ဝေဖန်သူတချို့က​တော့​ "ဦး​သိန်း​စိန် ရဲ့ သ​ဘောထား​ အရင်း​ခံက​တော့​ အခု သတင်း​ထောက်​တွေကို ​ဖြေထား​တဲ့​ အတိုင်း​ပါပဲ၊​ အရင် အကြိမ်​တွေတုန်း​က​တော့​ ကြိုတင်​ရေး​ထား​တာကို ဖတ်တဲ့​အတွက် အ​တော်​လေး​ ယဉ်​ကျေး​နေတာ ဖြစ်ပါလိမ့်​မယ်" ဆိုပြီး​ မှတ်ချက်​ပေး​တာမျိုးလည်း​ ရှိပါတယ်။

.


ဒီတော့​ သမ္မတ ဦး​သိန်း​စိန် ဘာ​တွေ ​ဖြေခဲ့​သလဲ ဆိုတာ ကြည့်ကြရ​အောင်ပါ။

သမ္မတ ဦး​သိန်း​စိန် ​ဖြေထား​တဲ့​ဆီမှာ ပြည်သူ​တွေ သိချင်နေကြတဲ့​​ အဓိက အချက်ကြီး​ ၃ ချက်​လောက် ပါပါတယ်။
(၁) ပထမ တချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ထပ်လွှတ်ဦး​မှာလား၊​ ​နောက်ထပ် ဘယ်​တော့​လောက် လွှတ်ပေး​ဦး​မှာလဲ ဆိုတာ၊​ 
(၂) ဒုတိယအချက်က လက်ရှိ ​ကေအိုင်​အေ အပါအဝင် တိုင်း​ရင်း​သား​တွေနဲ့ ဖြစ်ပွား​နေတဲ့​ စစ်ပွဲနဲ့ ပတ်သက်ပြီး​ ထား​ရှိတဲ့​ သ​ဘောထား၊
(၃) ​နောက်ဆုံး​တချက်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့ ​နောက်ထပ် တွေ့​ဆုံကြဦး​မလား​ ဆိုတာ​တွေပဲ ဖြစ်ပါတယ်။

.

(၁) နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ထပ်လွှတ်​၊ မလွှတ်ကို ဦး​သိန်း​စိန် ဖြေပုံ

"ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေသူ​တွေကို ထပ်လွှတ်ပေး​မလား" ​လို့ ​မေး​တာကို ​ဦး​သိန်း​စိန် ဖြေပုံက ရှင်း​ပါတယ်။ ဦး​သိန်း​စိန် ရဲ့ စကား​လုံး​ အတိအကျ အတိုင်း ဆိုရင် " `ယုံကြည်ချက်​ကြောင့်´​ ဆိုတဲ့​ဟာက​တော့​ ​ပြောရမှာ ခက်တယ်။ ကျ​နော်တို့က `ယုံကြည်ချက်´ ဆိုတာက​တော့​ လက်မခံဘူး​။ ဥပ​ဒေတခုခုကို ကျူးလွန်ထားတဲ့​ အတွက်​ကြောင့်​ ကျ​နော်တို့က ဒါ အ​ရေး​ယူထား​တာဖြစ်ပါတယ်။ သူလိုပဲ ပြစ်မှု ကျူးလွန်ထား​တဲ့​သူ​တွေလည်း​ အကျဉ်း​ထောင်ထဲမှာ အများကြီး​​ ​ရှိတယ်။ ဒီအဖွဲ့အတွက်ပဲ ခင်ဗျား​တို့ ​ပြောမယ်ဆိုရင် ကျန်တဲ့​အဖွဲ့တွေအတွက်ပါ ခင်ဗျား​တို့ ကိုယ်ချင်း​မစာရာ ကျမယ်" ဆိုပြီး​ ​ဖြေသွား​ပါတယ်။

ဦး​သိန်း​စိန် ဖြေတာ ရှင်း​ပါတယ်။ ဒါ့အပြင် သူတို့ ​ရှေ့မှာ လုပ်ခဲ့​ကိုင်ခဲ့​သမျှဟာလည်း​ သူတို့ ​ပြောတဲ့​အတိုင်း​ပဲ ဆိုတာ ရှင်း​ပါတယ်။ ​နောက်ဆုံး​ လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀ဝ ​ကျော်ထဲမှာ ကိုဇာဂနာ၊​ ဗိုလ်ချုပ်​ဆေထင်နဲ့ မစုစု​နွေး တို့ ၃ ဦး​ကလွဲရင် ကျန်သူ​တွေအား​လုံး​ဟာ မတရား​ ချမှတ်ထား​တဲ့​ ​ထောင်ဒဏ်​တွေကို အနည်း​ဆုံး​ တဝက် ကျခံပြီး​မှသာ အခြား ရာဇဝတ်သား​တွေနည်း​တူ လွတ်လာတာပါ။ အများ​စု ဆိုရင် ​ထောင်ထဲမှာ နှစ်ရှည်လများ​ ဒုက္ခခံခဲ့​ပြီး​မှ လွတ်လာသူ​တွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတရဲ့​ ဒီ​ပြောဆိုချက်​ကြောင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စု​တွေ​ရော၊​ နိုင်ငံ​ရေး​သမား​တွေ အပါအဝင် ပြည်သူ​တွေကို စိတ်ပျက်​စေပါတယ်။ ဒါကို ကြည့်​ခြင်း​အား​ဖြင့်​ လက်ရှိ ဦး​သိန်း​စိန် အစိုး​ရဟာ အမျိုးသား​ ပြန်လည်စည်း​လုံး​ညီညွတ်​ရေး​ကို လုပ်​ဆောင်မ​နေဘူး​ ဆိုတာ ​ပေါ်လွင်​စေပါတယ်။

.

(၂) လက်နက်ကိုင် တိုင်း​ရင်း​သား​တွေနဲ့ ငြိမ်း​ချမ်း​ရေး​ ရ​ရေးကို ဦး​သိန်း​စိန် ဖြေပုံ

နောက်တချက်က​တော့​ လက်နက်စွဲကိုင် ​တော်လှန်​နေတဲ့​ တိုင်း​ရင်း​သား​တွေနဲ့ ငြိမ်း​ချမ်း​ရေး​ ရ​ရေး​ပါ။ ဦး​သိန်း​စိန် ​ဖြေတာက အ​တော်​လေး​ ဆိုး​ပါတယ်။ "တိုင်း​ရင်း​သား​တွေ လက်နက်စွဲကိုင် ​တော်လှန်​နေတာဟာ အလုပ်အကိုင်မရှိလို့၊​ ထမင်း​မဝလို့ ဖြစ်ရတယ်။ ထမင်း​ဝ​အောင် အလုပ်အကိုင်​တွေ ရှိလာ​အောင် စက်မှုဇုန်​တွေ ​ထောင်​ပေး​လိုက်ရင် ဒီပြဿနာ ​ပြေလည်သွား​မယ်" ဆိုပြီး​ ဦး​သိန်း​စိန်က လက်လွတ်စပယ် ​ပြောဆိုခဲ့​ပါတယ်။ 

နောက်ပြီး​ လက်ရှိ ဖြစ်ပွား​နေတဲ့​ ​ကေအိုင်​အေနဲ့ တိုက်ပွဲ​တွေနဲ့ ပတ်သက်ပြီး​တော့​လည်း​ "ကေအိုင်​အေ ကသာ တဖက်သတ် ဆိုး​သွမ်း​နေလို့ စစ်တပ်က ခုခံ​နေရတယ်" ဆိုတဲ့​သ​ဘော ​ပြောပြန်ပါတယ်။ ဦး​သိန်း​စိန် ရဲ့ စကား​လုံး​ အတိအကျဆိုရင် "သူတို့က လမ်း​တွေ​ပေါ်မှာ ​နေရာယူထား​၊​ ဘာယူထား​ လုပ်နေတယ်။ လုပ်​နေ​တော့​ တပ်ရဲ့​ အကူအညီ ​တောင်း​ရတယ်။ ​တောင်း​တော့​ တပ်က `ခင်ဗျား​တို့​ ဖယ်​ပေး​ပါ၊​ လမ်းတွေ ပြင်ဖို့ ပြုဖို့ပါ´ ဆို​တော့​ မရဘူး​။ မရ​တော့​ ရှင်း​ရင်း​၊​ လင်း​ရင်း​​နဲ့ တိုက်ပွဲတွေ ဖြစ်နေတာ​၊​ `ခင်ဗျား​တို့ကို တိုက်လို့ရှိရင် ရက်ပိုင်း​ နာရီပိုင်း​ တိုက်လို့ ရတယ်´ ဆိုပြီး သူတို့ကို ကျ​နော်တို့ အပြတ်ပြောထား​တယ်။ ဒါ​ပေမယ့်​ မတိုက်ပါဘူး​" ဆိုပြီး​ ​ဦး​သိန်း​စိန် က ပြောခဲ့​ပါတယ်။

ဒီစကား​တွေကို ကြည့်​ရင် တိုင်း​ရင်း​သား​အခွင့်​အ​ရေး​၊​ လူ့အခွင့်​အ​ရေး​ ကိစ္စ​တွေကို အသိအမှတ် မပြုတာ၊​ စစ်ဗိုလ်ချုပ်​ဟောင်း​ပီပီ စစ်မာန်တက်​နေတာ ​ပေါ်လွင်​နေပါတယ်။ နှစ်​ပေါင်း​ ၅၀၊​ ၆၀ ကြာအောင် တိုက်တာတောင် မနိုင်တဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့တွေကို "နာရီပိုင်း​ ရက်ပိုင်း အတွင်းမှာ နိုင်အောင် တိုက်လို့ရတယ်" ဆိုပြီး​ ဦး​သိန်း​စိန် က ​ပြောလိုက်တာဟာ တိုင်း​ရင်း​သား​တွေကို ပိုပြီး​ မခံချိမခံသာ အမုန်း​ပွား​စေရုံကလွဲပြီး​ ဘာမှ ထူး​မလာ​စေပါဘူး။

.

(၃) ဒေါ်​​စုနဲ့ ဆက် ​ဆွေး​နွေး​၊ မဆွေး​နွေး​ ကို ဦး​သိန်း​စိန် ဖြေပုံ

နောက်ထပ် အ​ရေးကြီး​​တာ တခုဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့ ဆက်ပြီး​ ​ဆွေး​နွေးမလား​ ဆိုတာကိုလည်း​ တိကျတဲ့​ အ​ဖြေ မ​ပေး​ခဲ့​ပါဘူး​။ ဦး​သိန်း​စိန် ​ပြောတဲ့​စကား​ထဲမှာ သူတို့က ​ပြောင်း​လဲလိုက်​တော့​မှ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင် လိမ္မာ လာသ​ယောင်​ယောင် အ​ပြောမျိုး ​ပြောထား​ပါ​သေး​တယ်။ တကယ်​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ နဂိုကတည်း​က တွေ့ဆုံ​ ဆွေး​နွေးရေး​၊​ တိုင်း​ပြည်ပြဿနာကို ငြိမ်း​ချမ်း​စွာ အ​ဖြေရှာ​ရေး​ ​ပြောဆိုခဲ့​သူပါ။ အခု အရပ်ဝတ်အစိုး​ရက နည်း​နည်း​လေး​ ဆွေး​နွေးလာတာနဲ့ကို ​ဒေါ်​အောင်ဆန်း​စုကြည်က တိုင်း​ပြည်နဲ့​ ပြည်သူ​တွေအ​ပေါ်ထား​တဲ့​ သူ့ရဲ့​ ​စေတနာကို ပြလိုက်တာပါ။ ဦး​သိန်း​စိန် အစိုး​ရ လိုက်​လျောတာထက် အများ​ကြီး​ပိုတဲ့​ ​စေတနာကို ပြ​နေတာသာ ဖြစ်ပါတယ်။

ခြုံပြီး ပြောရရင် သမ္မတ ဦး​သိန်း​စိန်အ​နေနဲ့ "ထိုင်​နေရင် အ​ကောင်း​သား၊ ထသွားမှ ကျိုးမှန်းသိ" ​ဆိုတာလို သူ့​မိန့်ခွန်း နား​ထောင်ပြီး​ ပြည်သူ​တွေ ချီးကျူးနေတဲ့ အခြေအနေမှာ ရပ်မထား​ဘဲ သတင်း​စာရှင်း​ပွဲ လုပ်ပြီး​ သ​ဘောထား​ အမှန်​တွေ ​ပြောလိုက်​တော့​မှ ပြည်သူ​တွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ ဘာမှ မဆန်း​ပါဘူး​။ စစ်ဗိုလ်ချုပ်​ဟောင်း​ တ​ယောက်ရဲ့​ နဂို ဇာတိရုပ် ​ပေါ်လာတယ်ဆိုပြီး​ ​ဝေဖန်တာ​တွေကိုလည်း​ မှားတယ်လို့ မဆိုနိုင်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။


(ဒီမိုကရက်တစ် မြန်မာ့အသံ

http://burmese.dvb.no/archives/18257

မှ ကူးယူ ဖော်ပြသည်။)

((((You've nailed the right point, Ma Nge Naing. The problem is that there are people who are ready to believe these craps.))))

Anonymou (December 2, 2011 1:29 PM) - ဒေါ်လာစားဆိုတဲ့ကောင်က အဲလိုအမှားဖမ်းခံရလို့လည်း ရှက်တတ်တဲ့ အမျိုးအစား မဟုတ်ဘူး။ သူကျွန်မဘလော့ဂ်မှာ လာနှောင့်ယှက်နေတာ ၂၀၁၀ ဖေဖေါ်ဝါရီခန့်ကတည်း ကျွန်မ ဘလော့ဂ်မှာ နည်းပညာ အကူအညီဝင်ပေးနေတဲ့ မိုးသွေးငယ်နဲ့ စတင်လင်မယားပေးစားပြီး ကျွန်မဘလော့ဂ်မှာလည်း ကျွန်မနာမည်နဲ့ရော တခြားနာမည်မျိုးစုံနဲ့ပါ ပေါက်ကရ၀င်ရေးသလို တခြားဘလော့ဂ်တကာမှာလည်း ကျွန်မနာမည်တွေနဲ့ ပေါက်ကရတွေ လျှောက်ရေးပြီး နှောင့်ယှက်လာတာ အခုထိပဲ။ သူ့ဘလော့ဂ်ရဲ့ အဆင့်အတန်းကို ကြည့်ပြီး အတင်းအဖြင်းပြောထားတယ်ဆိုတာ ဖတ်ကြည့်သူတိုင်း သိနိုင်ပါတယ်။ တခါတလေ ဘလော့ဂ်မှာ ပို့လာလာကြော်ငြာထားလို့ သွားကြည့်ဖြစ်ရင် မှတ်ချက်တွေက သူများရေးတာ နည်းနည်း နာမည်မျိုးစုံနဲ့ သူ့ဖါသာသာ လျှာအခွတရာနဲ့ လိုက်ရေးထားတာ Nge Naing တွေလည်း အများကြီးပဲ တွေ့တယ်။ နောက်တော့ ကျက်သရေတုံးလွန်းလို့ မသွားဖြစ်ဘူး။ အခုလည်း သူ့ဘလော့၈်လာကြော်ငြာတဲ့ မှတ်ချက်ကို ဖျက်လိုက်ပြီ။

စာဖတ်သူများ ခင်ဗျား

Myanmar Express ဘလော့ရဲ့ အဓိက ရေးသားသူ ဒေါ်လာစား အမည်ခံပြီး ရေးသူပါ။ ဒေါ်လာစား ဟာ နအဖ ကို ထောက်ခံပြီး မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူ ပြည်သူတွေကို တိုက်ခိုက်တဲ့ ဒေါ်လာစားအတိုက်အခံများ (ပြည်ပ) ဘလော့ကို ရေးနေစဉ်မှာ စစ်အုပ်စုရဲ့ အထောက်အပံ့ ကျောထောက်နောက်ခံ ပေးမှုနဲ့ Myanmar Express ဘလော့ကို ထောင်လိုက်ပါတယ်။

ဟီလာရီကလင်တန် တိုတောင်းလှတဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဒေါ်စုကို နှစ်ကြိမ် တလေးတစား အရေးတယူ တွေ့ဆုံတာကို အကြီးအကျယ် မနာလိုဝန်တို မုန်းတီးနေကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သဘောထားကို ပြသတဲ့ အနေနဲ့ Myanmar Express က ဒေါ်စုကို ပယ်ပယ်နယ်နယ် တိုက်ခိုက်ထားပါတယ်။

Myanmar Express က ပြုပြင်ပြောင်းလဲရေး လုပ်နေပါပြီ ဆိုတဲ့ လက်ရှိ သိန်းစိန်အစိုးရ လက်ထက်မှာလဲ နအဖ လက်ထက်တုန်းက ပုံစံအတိုင်း မဆီမဆိုင်တာတွေကို ကလေးကလား အဆင့်အတန်း နိမ့်နိမ့် ရေးပြီး ဒေါ်စုကို ပုတ်ခတ်နေတာဟာ ဒေါ်စုနဲ့ လေးလေးနက်နက် ရိုးရိုးသားသား တွေ့ဆုံဆွေးနွေးမှုတွေကို မှန်မှန်ကန်ကန် ဆက်လုပ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားရေး လမ်းကြောင်းမှန်ကို သွားလိုစိတ် မရှိတဲ့ လက်ရှိအစိုးရရဲ့ သဘောထားကို ထင်ဟပ်နေပါတယ်။

တရုတ်က စစ်အုပ်စုကို အကြီးအကျယ် လာဘ်ထိုးပြီး မြန်မာပြည်က သယံဇာတတွေကို ဂုတ်သွေးစုတ်နေတဲ့ သတင်းမျိုးကိုကျတော့ Myanmar Express က လုံးဝ မှောင်ချထားပါတယ်။

လက်ရှိအစိုးရရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ Myanmar Express ရဲ့ မူဝါဒကို ကြည့်တာနဲ့ သိန်းစိန်အစိုးရဟာ သိုးရေကို ခြုံထားတဲ့ ဝံပုလွေ ဆိုတာ ရှင်းနေပါပြီ။

သိန်းစိန်အစိုးရဟာ ဒေါ်စုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို မှန်မှန်ကန်ကန် ဆက်လုပ်ပြီး ဒီမိုကရေစီလမ်းကြောင်းမှန်ကို သွားတော့မယ်လို့ ပြည်သူများအနေနဲ့ မျှော်လင့်မထားကြပါနဲ့။ လစ်ဗျားလို လက်နက်ကိုင် တိုက်ပွဲဝင်ဘို့ ပြင်ဆင်ထားကြပါ။ ကချင် ကရင် ရှမ်းလက်နက်ကိုင်တွေနဲ့ ပူးပေါင်းကြပါ။

ကလိမ်တန် က ခပ်တည်တည် နဲ့ Burma ပဲခေါ်ပြီး သန်းရွှေ တို့ပြောင်းထားတဲ့ Myanmar ဆိုတဲ့ အမည်ကို ဂရုမစိုက်ကြောင်းပြသွားတာ- ဟားဟား ရဲရဲတောက် ဗိုလ်ချုပ်ကြီးဟောင်း သူရဘွဲ့ရတွေ ဘာတခွန်းမှ မပြောရဲ သွားဖြီးလေးတွေနဲ. သနားစဖွယ် ။

Myanmar Express က စစ်ခွေးသူခိုး ကလိမ်ကကျစ်ကောင် ဒေါ်လာစား နဲ့ အပေါင်းပါတွေက မငယ်နိုင်ဘလော့မှာ သူတို့ စစ်ခွေးတွေ ရေးသွားတဲ့ ကွန်မင့်တွေက ဆဲထားတာ၊ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားထားတာ၊ ညစ်ညမ်း ဝက်ဆိုက် လင့်တွေ ပေးထားတာ၊ မငယ်နိုင် အပါအဝင် ပြည်သူ.ဘက်သားတွေ အကြောင်းကို မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေ ဆင်ပြီး အပုပ်ချ ရေးထားတဲ့ သူ. ပို.စ်ကို လာကြော်ငြာထားတာ (Myanmar Express ဘလော့မှာ တင်ထားတဲ့ ပို့စ်) .... အဲဒီလိုမျိုးတွေမို.လို. မငယ်နိုင်က ဖျက်တာကို "ကျနော့် ကွန်မင့်တွေက ဘာမှ ရိုင်းတာ မပါတဲ့ ကွန်မင့်တွေ ဖြစ်ရဲ့သားနဲ့ မငယ်နိုင်က ဖျက်တယ်" ဆိုပြီး သူတို့ကိုသူတို့ ခြောက်ပြစ်ကင်း၊သဲလဲစင်း လုပ်ပြီး ကလိမ်ကကျစ် လာလာ ရေးနေတာ။ သူခိုးက လူပြန်ဟစ်နေတာ။

တကယ်က အဲဒီ Myanmar Express က စစ်ခွေးသူခိုး ငကြောက်တွေက Myanmar Express မှာ ကျနော် ရေးတဲ့ ကွန်မင့်တွေက စစ်ခွေးလေး ဒေါ်လာစား ရဲ့ ထိပ်တည့်တည့်ကို သွေးထွက်အောင်မှန်နေလို. မတင်ဝန်. တော့ ဖျက်ပစ်တယ်။

နအဖခေါတ်က တစ်ဖက်သတ် အနိုင်ကျင့်တတ်တဲ့ အကျင့်တွေပေါ့လေ။ စစ်ခွေးလေး ဒေါ်လာစား က ခုလဲ ခိုးကြောင်ခိုးဝှက် တစ်ဖက်သတ်ရေးတုံး။

One can see behind the regime’s cosmetic changes.

One can see the reality of conflict and human rights abuses that Burma’s leaders want to keep hidden.

ဒီမိုကရေစီ အယောင်ဆောင် သိန်းစိန်အစိုးရက တိုင်းရင်းသားဒေသတွေ အတွက် ပညာရေး ရန်ပုံငွေရှာပွဲကို သဘောတူပြီးမှ ပြန်ဖျက်လိုက်တာ အလွန် စိတ်မကောင်းစရာပဲ။


ပညာရေးရန်ပုံငွေပွဲ ခွင့်ပြုချက်မရ

09 ဒီဇင်ဘာ 2011


လာမယ့် ဒီဇင်ဘာလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးဆောင်ကျင်းပမယ့် ပြည်ထောင်စု တိုင်းရင်းသားများ ဒေသတွေ အတွက် ပညာရေး ရန်ပုံငွေရှာပွဲကို ကျင်းပခွင့်မပေးနိုင်ဘူးလို့ အာဏာပိုင်တွေက အကြောင်းကြားလာပါတယ်။ ဒီပညာရေး ရန်ပုံငွေရှာဖို့ပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ရန်ကုန် သုဝဏ္ဏအားကစာကွင်းမှာ ကျင်းပဖို့ သဘောတူညီချက်ရပြီးမှ ၁၆ ရက်နေ့မှာ အမျိုးသမီး အားကစားပွဲတစ်ခု ရှိနေတဲ့အတွက် ဒီရက်ကို လုပ်ခွင့်မပေးနိုင်တော့ဘူးလို့ ပြောဆိုလာတာပါ။



နှစ်ဦးနှစ်ဘက် သဘောတူညီချက်နဲ့ ကွင်းရက်ကို ရထားပြီးကာမှ အခုလို ရက်နီးမှ ပွဲအဖျက်ခံရတဲ့အတွက် အတော်လေးအခက်အခဲနဲ့ အဆင်မပြေတာမျိုးတွေ ကြုံနေရတယ်လို့ ဦးဇော်ဝင်းက အခြေအနေကို ရှင်းပြပါတယ်။

“၁၈ ရက်နေ့တောင်းတာ။ အဲဒါကို ၁၈ ရက်နေ့ သူတို့မအားပါဘူးတဲ့။ ၁၅ ရက်နေ့ကို လွတ်လွတ်ကင်းကင်းနဲ့ လုပ်ပါတဲ့ဆိုတော့ အန်ကယ်တို့က `ကောင်းပြီ။ ၁၅ ရက်နေ့ဆိုရင် ၁၅ ရက်နေ့ လုပ်မယ်´ ဆိုပြီး ၁၅ ရက်နေ့ကို အန်ကယ်တို့က လုပ်တာ။ ၀န်ကြီးချုပ်နဲ့ လူကြီးတွေနဲ့ သူတို့ပြောတဲ့အခါ လူကြီးကလည်း အပေါ်ဆုံးက လူကြီးက ၀န်ကြီးချုပ်ကိုယ်တိုင်ကနေပြီးတော့ သူ့နံမည်ကိုသုံးပြီးတော့ အောက်ကနေ ပတ်ပြီးတင်ပါဆိုတော့ အန်ကယ်တို့က အောက်ကနေပတ်ပြီးတော့ တင်တယ်။ ကွင်းက ရ မရ အရင်တောင်းပါဆိုလို့ အဲဒီကို သွားတောင်းတယ်။ သွားတောင်းတော့ ၁၅ ရက်နေ့ ရပါတယ်ဆိုပြီး သူတို့ကိုယ်တိုင် ပြောလိုက်တာ။ ဒီမှာလည်း သီချင်းတွေလည်း တိုက်ပြီးပြီ။ သီချင်းတွေလည်း အကုန်လုံးရွေးပြီးတော့ လူတွေလည်း ခွဲပြီးတော့ စာနယ်ဇင်းရှင်းတမ်း ပွဲတွေလည်း အကုန်လုပ်ပြီးပြီ။ ဒါက အဓိပ္ပါယ်မရှိဘူးလေ။ တကယ်ပြောရင်တော့ အနှောက်အယှက်ပေးတာပဲ။ လူတွေကို ခြောက်တာပဲ။ အမြဲ လုပ်နေကျအလုပ်ကို လုပ်တာပဲ။”

သုဝဏ္ဏအားကစားကွင်းက ၀န်ထမ်းတစ်ဦးကတော့ နေပြည်တော်က စာရောက်လာပြီးတဲ့နောက် ဒီပွဲကို ဖျက်ဖို့ အကြောင်းကြားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကြားခဲ့တာကတော့ အဲဒါကလည်း အပေါ်ကနေ နေပြည်တော်ကနေ စာလာလို့။ ဖျက်ခိုင်းတဲ့စာ ဖြစ်နိုင်လောက်တယ်။”

အခုနောက်ပိုင်း အနုပညာရှင်တွေဟာ လူမှုရေးနဲ့ နိုင်ငံရေးတွေမှာ ပိုပြီးတက်ကြွမှု ရှိလာခဲ့ပြီး ဒီလို ပွဲဖျက်ရမယ်ဆိုတဲ့ အခြေအနေမျိုးတွေကြောင့် အနုပညာရှင်တွေရဲ့ တက်ကြွမှုတွေကို ခြောက်လှန့်တာမျိုး ဖြစ်တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်က ပြောပါတယ်။

“ကျနော်တို့ဆီမှာက အစဉ်အလာလေး ရှိခဲ့တာကိုးဗျ။ ပွဲတစ်ခု ဒီလိုဖြစ်ပြီဆိုရင် တချို့ကလည်း အရင်က ကြောက်စိတ်တွေက ရှိခဲ့တယ်လေဗျာ။ အကြောက်တရားတွေက ရှိခဲ့တာကိုး။ ဆိုတော့ လာကြည့်ဖို့ ပရိသတ်ကလည်း အကြောက်တရားတွေ ဖြစ်ပေါ်လာနိုင်သလို ၀င်ဆိုပေမဲ့ ကျနော်တို့ ဂီတမိတ်ဆွေများ ကလည်း တချို့ပေါ့နော် ကြောက်တတ်တဲ့သူကတော့ အကြောက်တရား ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်ဗျ။ ကျနော်တို့ အနုပညာသမားတွေ အားလုံးက ယုံကြည်စိတ်ချစွာ၊ ပျော်ရွှင်စွာနဲ့ တက်ကြွစွာနဲ့ ပါဝင်တာ။ ဆိုတော့ ဒီ လူမှုရေးလုပ်ငန်းလေး လုပ်ဖို့ အခက်အခဲ ဖြစ်ပေါ်လာပြီဆိုရင် တခြားဗျာ နိုင်ငံရေးတွေ ဘာတွေဆိုတာ ပိုပြီးတော့ တချို့တွေ ကြောက်ရွံ့တုန်လှုပ်တဲ့ အနေအထားမျိုးတွေ ဖြစ်ကုန်ပြီ။”

တိုင်းရင်းသားဒေသတွေက ကလေးငယ်တွေရဲ့ ပညာရေးကို ကူဖို့အတွက် ရန်ပုံငွေရှာတဲ့အဖွဲ့ထဲက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ -

“ပျက်ကို မပျက်သင့်ပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ စစ်ပြေးဒုက္ခသည်တို့ဘာတို့ ကိစ္စမျိုးနဲ့တောင် မပြောချင်ဘူး။ ကျနော် ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ တကယ်ကို အခက်အခဲတွေ ကြုံနေရတယ်။ ဒါဟာ ကျောင်းသားလူငယ်တွေ အတွက် လုပ်မယ့်ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးမှာတော့ ဘာမှတစုံတရာ အဟန့်အတား ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မယူဆဘူး။ အဲ့လိုဖြစ်တယ်ဆိုရင်တော့လည်း အလွန်ကို စိတ်မကောင်းစရာ ကောင်းတဲ့လုပ်ရပ်ပဲလို့ အဲဒီလိုပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ အခုလို စင်တင်ဖျော်ဖြေပွဲတွေနဲ့ လူမှုရေးနဲ့ပညားရေးဆိုင်ရာ ရန်ပုံငွေတွေရှာဖို့ အနုပညာရှင်တွေ စုပေါင်း ကူညီနေကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးလှုပ်ရှားမှုတွေမှာရော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပတ္တိရုပ်ရှင် ရိုက်ကူးဖို့ တွေမှာပါ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင် အများအပြား ကူညီဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

(Credit - VOA)

သုဝဏ္ဏအားကစားကွင်းက ၀န်ထမ်းတစ်ဦးကတော့ နေပြည်တော်က စာရောက်လာပြီးတဲ့နောက် ဒီပွဲကို ဖျက်ဖို့ အကြောင်းကြားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကြားခဲ့တာကတော့ အဲဒါကလည်း အပေါ်ကနေ နေပြည်တော်ကနေ စာလာလို့။ ဖျက်ခိုင်းတဲ့စာ ဖြစ်နိုင်တယ်။”

အခုနောက်ပိုင်း အနုပညာရှင်တွေဟာ လူမှုရေးနဲ့ နိုင်ငံရေးတွေမှာ ပိုပြီးတက်ကြွမှု ရှိလာခဲ့ပြီး ဒီလို ပွဲဖျက်ရမယ်ဆိုတဲ့ အခြေအနေမျိုးတွေကြောင့် အနုပညာရှင်တွေရဲ့ တက်ကြွမှုတွေကို ခြောက်လှန့်တာမျိုး ဖြစ်တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်က ပြောပါတယ်။

“ကျနော်တို့ဆီမှာက အစဉ်အလာလေး ရှိခဲ့တာကိုးဗျ။ ပွဲတစ်ခု ဒီလိုဖြစ်ပြီဆိုရင် တချို့ကလည်း အရင်က ကြောက်စိတ်တွေက ရှိခဲ့တယ်လေဗျာ။ အကြောက်တရားတွေက ရှိခဲ့တာကိုး။ ဆိုတော့ လာကြည့်ဖို့ ပရိသတ်ကလည်း အကြောက်တရားတွေ ဖြစ်ပေါ်လာနိုင်သလို ၀င်ဆိုပေမဲ့ ကျနော်တို့ ဂီတမိတ်ဆွေများ ကလည်း တချို့ပေါ့နော် ကြောက်တတ်တဲ့သူကတော့ အကြောက်တရား ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်ဗျ။ ကျနော်တို့ အနုပညာသမားတွေ အားလုံးက ယုံကြည်စိတ်ချစွာ၊ ပျော်ရွှင်စွာနဲ့ တက်ကြွစွာနဲ့ ပါဝင်တာ။ ဆိုတော့ ဒီ လူမှုရေးလုပ်ငန်းလေး လုပ်ဖို့ အခက်အခဲ ဖြစ်ပေါ်လာပြီဆိုရင် တခြားဗျာ နိုင်ငံရေးတွေ ဘာတွေဆိုတာ ပိုပြီးတော့ တချို့တွေ ကြောက်ရွံ့တုန်လှုပ်တဲ့ အနေအထားမျိုးတွေ ဖြစ်ကုန်ပြီ။”

တိုင်းရင်းသားဒေသတွေက ကလေးငယ်တွေရဲ့ ပညာရေးကို ကူဖို့အတွက် ရန်ပုံငွေရှာတဲ့အဖွဲ့ထဲက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ -

“ပျက်ကို မပျက်သင့်ပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ စစ်ပြေးဒုက္ခသည်တို့ဘာတို့ ကိစ္စမျိုးနဲ့တောင် မပြောချင်ဘူး။ ကျနော် ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ တကယ်ကို အခက်အခဲတွေ ကြုံနေရတယ်။ ဒါဟာ ကျောင်းသားလူငယ်တွေ အတွက် လုပ်မယ့်ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးမှာတော့ ဘာမှတစုံတရာ အဟန့်အတား ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မယူဆဘူး။ အဲ့လိုဖြစ်တယ်ဆိုရင်တော့လည်း အလွန်ကို စိတ်မကောင်းစရာ ကောင်းတဲ့လုပ်ရပ်ပဲလို့ အဲဒီလိုပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ အခုလို စင်တင်ဖျော်ဖြေပွဲတွေနဲ့ လူမှုရေးနဲ့ပညားရေးဆိုင်ရာ ရန်ပုံငွေတွေရှာဖို့ အနုပညာရှင်တွေ စုပေါင်း ကူညီနေကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးလှုပ်ရှားမှုတွေမှာရော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပတ္တိရုပ်ရှင် ရိုက်ကူးဖို့ တွေမှာပါ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင် အများအပြား ကူညီဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

(ရင်းမြစ် - VOA)

>
အစိုးရက ပြည်တွင်းစစ်ကို ရပ်စဲပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးလာအောင် ပြည်သူတရပ်လုံးက လူထုလှုပ်ရှားမှု အသွင်နဲ့ တိုက်တွန်းကြဖို့ ဦးဝင်းတင် တိုက်တွန်းပြီ

2011-12-09


ပြည်နယ် တိုင်းရင်းသားဒေသတွေမှာ စစ်ကြောင့် ဒုက္ခရောက်နေရသူတွေ အတွက် ပြည်မနေ လူထုက လူသားချင်းစာနာမှု အကူအညီတွေ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဒီကနေ့ နှိုးဆော်လိုက်ပါတယ်။

ပြည်တွင်းစစ် ရပ်စဲပြီး နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် ပြည်သူ တရပ်လုံးက လူထုလှုပ်ရှားမှု အသွင်နဲ့ ဝိုင်းဝန်း တိုက်တွန်းကြဖို့ ကိုလည်း ဦးဝင်းတင်က တိုက်တွန်းလိုက်ပါတယ်။

အလားတူ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကလည်း ကချင် ပြည်နယ်က စစ်ပြေး ဒုက္ခသည် တိုင်းရင်းသားတွေဟာ ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြပြီး အကူအညီ အများအပြား လိုအပ်နေသေးတဲ့ အတွက် ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ဝိုင်းမော် မြို့နယ်တွေကို ကိုယ်တိုင် သွားရောက်ပြီး ဒုက္ခသည်တွေကို ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ကိုမြတ်သူက RFA က ပြောဆိုရာမှာ - မြစ်ကြီးနား နဲ့ ၀ိုင်းမော်တ၀ိုက်မှာ ဒုက္ခသည်ပေါင်း (၇) ထောင်လောက် ရှိနေပြီး၊ ဗန်းမော်တ၀ိုက်မှာ အနည်းဆုံး နှစ်သောင်းလောက် ရှိတယ်လို့ သိရကြောင်း၊ အကောင်းဆုံး နေရာလို့ ပြောနိုင်တဲ့ မြစ်ကြီးနား နဲ့ ၀ိုင်းမော်တ၀ိုက်မှာတောင် ဒုက္ခသည်တွေရဲ့ အခြေအနေ အတော်ဆိုးကြောင်း၊ အခု ဆောင်းဝင်ပြီ ဖြစ်လို့ အနွေးထည် နဲ့စောင်တွေ အပူတပြင်း လိုအပ်နေကြောင်း၊ ပြည်သူ အများစုအနေနဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းနေသေးကြောင်း ပြောဆိုခဲ့ပါတယ်။

(Credit - RFA)

[

[ အပြည့်အစုံကို ဖတ်ရန် အပြာရောင် ခေါင်းစည်းစာလုံးများကို click လုပ်ပါ။ ]


ကျော်လှမောင် (ကျောက်ဖြူ )
ဒီဇင်ဘာ ၆၊ ၂၀၁၁


မေး။ ။သမ္မတ ဦးသိန်းစိန်ရဲ့လစာ ဘယ်လောက်ရပါသလဲ။

ဖြေ။ ။သမ္မတ ဦးသိန်းစိန် က တလကို ကျပ်ငွေ သိန်း ၅၀ ရပါတယ်။

မေး။ ။သမ္မတ ဦးသိန်းစိန် လစာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပါသလား။

ဖြေ။ ။ကျပ် သိန်း ၅၀ ဆိုတာ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၆ ကျပ်နဲ့  တွက်ရင် သမ္မတကြီး ဦးသိန်းစိန် ရမယ့် လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈ သိန်း ၃ သောင်း ကျော်ပါတယ်။

ဒါကြောင့် တရားဝင်ငွေလဲနှုန်းနဲ့ တွက်ရင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတကြီး အိုဘားမားရဲ့ တလဝင်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂ သောင်းခွဲ ရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထက်လည်း ၄ ဆနီးပါး များနေပါတယ်။

တွက်ရလွယ်အောင် တဒေါ်လာကိုမှောင်ခိုဈေး ကျပ် တထောင် ထား တွက်ရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။

မေး။ ။အာရှတိုက်က နိုင်ငံအကြီးအကဲတွေရဲ့ လစာနဲ့စာရင် ဘယ်လိုနေပါသလဲ။

ဖြေ။ ။မှောင်ခိုငွေ လဲနှုန်းနဲ့ ဆိုရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတကြီး ပရာဒိဗ္ဗ ဒေဝီဆင်း ပတ္တေးလ် ထက် ဒေါ်လာ ၂ ထောင် များနေသလို အိန္ဒိယ ဝန်ကြီးချုပ် မန်းမိုဟန် ဆင်း ရဲ့ လစာထက် ဒေါ်လာတထောင် များနေပါသေးတယ်။

အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတရဲ့လစာက ဒေါ်လာ ၂၄၀ သာ ရှိတာမို့ မှောင်ခိုငွေ လဲနှုန်းနဲ့ ဆိုရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတရဲ့ လစာထက် အဆ ၂၀ များနေပါတယ်။

[
[ အပြည့်အစုံကို ဖတ်ရန် အပြာရောင် ခေါင်းစည်းစာလုံးများကို click လုပ်ပါ။ ]


Monday, December 12, 2011


ဒေါ်အောင်ဆန်းစုကြည်နဲ့  အနုပညာရှင်တွေ ကောင်းကောင်းမွန်မွန် လက်တွဲပြီး တိုင်းပြည်နဲ့  လူမျိုးအတွက် ဆောင်ရွက်တာကို သိန်းစိန်တို့  လက်မခံရဲဖူး၊ ကျော်ဆန်းတို့  မနာလို ဖြစ်နေကြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ရဲ့  ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရံပုံငွေအဖြစ် ဂီတဖြော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလ (၁၅) ရက်နေ့ မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရံပုံငွေပွဲတော်ကို သိန်းစိန်တို့ က ခွင့်မပြုတာ သိန်းစိန်တို့ ရဲ့  အတွင်းစိတ်တွေကို ဖေါ်ပြလိုက်တာဘဲ။


ဒီရံပုံငွေပွဲမှာ The Trees, Emperor, Metal Zone, Plus 3, Spectrum, Lazy Club, Vertical Vibration, Hip-Hop (ACID, Cyclone, Snare, Blue Berry)၊ Young Rock Bands – Big Bag, Reason, Wanted ဂီတအနုပညာရှင်အဖွဲ့ များတွေက - Rဇာနည်၊ ဟဲလေး၊ ဥာဏ်လင်းအောင်၊ အေသင်ချိုဆွေ၊ ၀ိုင်းစုခိုင်သိန်း၊ ချမ်းချမ်း၊ ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ ဘိုဖြူ၊ ဖြိုးကြီး၊ သျှီ၊ အိမ့်ချစ်၊ ဟယ်ရီလင်း၊ မာရဇ္ဇ၊ ဟန်ထွန်း၊ လင်းလင်း၊ ဂျီလတ်၊ သအို၊ အောင်ခန့် ၊ ချစ်သုဝေ၊ N ကိုင်ရာ၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလှိုင်၊ စည်သူလွင်၊ မိုးမိုး၊ မေခလာ၊ ရှင်ဘုန်း၊ နီနီဇော်၊ ခင်ဘုန်း၊ ထူးအယ်လင်း၊ Sကဲနက်၊ လင်းနစ်၊ နွဲ့ ယဉ်ဝင်း၊ ကဗျာဘွဲ့ မှူး၊ မီးမီးခဲ၊ သံသာဝင်း၊ ဇော်ပိုင်၊ Lလွန်းဝါ၊ ဖိုးကာ၊ အ၀ိုင်း၊ ထက်နေကြည်၊ ထွန်းအိန္ဒြာဗို၊ ယုဇန၊ ဖြူဖြူကျော်သိန်း၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ သားထွေး၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ ရင်ဂို၊ စံလင်း၊ တိုးလွင်၊ အောင်အောင်၊ အုပ်ကြီး၊ ညီညီလွင်၊ ကိုထွဋ်၊ စိုးထက်၊ ဂျေညီမလေး၊ ကောင်းမြတ်၊ ကြက်ဖ၊ ရသ၊ ဘိုလေး၊ ယုန်လေး၊ ငယ်ငယ်၊ စန္ဒီမြင့်လွင်၊ Jenny တို့  ပါဝင်သီဆိုဖြော်ဖြေကြဖို့  စီစဉ်ထားတာပါ။

သိန်းစိန်တို့  ဒီဟာကိုတောင် ခွင့်မပြုရဲဘူး၊ ခွင့်ပြုလိုစိတ် မရှိဘူး ဆိုတာ ဘယ်လိုသဘောထားလည်းဆိုတာ ပေါ်လွင်စေတာပါဘဲ။

.
"တိုင်းရင်းသားတွေ နယ်စပ်မှာ နှိပ်စက်ခံ နေရတာ မမှန်ဘူး" လို့ ဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေးအရာရှိက လိမ်နေတာကို မကျေနပ်တဲ့ ဘိုကလေးမြို့၊ ၅ ရပ်ကွက်နေ မြို့ခံတဦး ပေးစာ


မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေးအရာရှိ ဆိုသူက --

"မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေကို စစ်ဗိုလ်၊ စစ်သားတွေက အတင်း အဓမ္မ ပြုကျင့်တယ်၊ ပြည်နယ်က တိုင်းရင်းသားတွေကို အဓမ္မ ချောဆွဲ စေခိုင်းပြီး နှိပ်စက်တယ်၊ သတ်တယ် ဆိုပြီး အနောက်နိုင်ငံ မီဒီယာတွေမှာ အသံလွှင့်နေတာဟာ မြန်မာနိုင်ငံအပေါ် မလိုမုန်းထားစိတ်နဲ့ ပြောနေတာ ဖြစ်တယ်၊ အခြေအမြစ် မရှိဘူး"

လို့ ၁၈-၁၁-၂၀၁၁ နေ့လည်မှာ ပိတောက်မြေရေဒီယို ကနေ အသံလွှင့် ပြောခဲ့ပါတယ်။


ကျမ တော်တော် စိတ်ညစ်သွားပါတယ်။

လူကြီးမင်းဟာ မြန်မာသမတရဲ့ အရာရှိ ဖြစ်ပါတယ်၊ ပညာလဲ တတ်ပါတယ်၊ အိမ်မှာလဲ တချိန်လုံး အင်တာနက် ကြည့်နိုင်သူ ဖြစ်ပါလျက်နဲ့ ဒါတွေကို မသိဘူး ဆိုရင်တော့ ကိုယ်နဲ့ ထိုက်တန်တဲ့ တခြားနေရာမှာ သွားပြီး အလုပ် လုပ်စားသင့်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတိုင်းမှာ ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပြီးသားတွေပါ။

အဲဒီ ဖြစ်ရပ်တွေကို ပညာမတတ်တဲ့ ပဲပြုတ်သည် ဒေါ်အေးတောင်မှ ကောင်းကောင်း သိပါတယ်။


ဒါကြောင့် နေပြည်တော်က အထက်ဆင့် အကြီးအကဲတွေ အနေနဲ့ အဲဒီ အကြံပေးအရာရှိကြီးကို ထပ်ဆင့်ပြီး အကြံပေးလိုက်ပါဦး လို့ မေတ္တာရပ်ခံပါတယ်ရှင်။


(Credit - BBC)

-
Friday, July 13, 2012


‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၁)


အခုခေတ်စားနေတဲ့ “သမ္မတကြီးကို ယုံတယ်” ဆိုတဲ့ စကားကို မျက်စိမှိတ် နှာခေါင်းပိတ်ပြီးတော့ပဲ ထောက်ခံထောက်ခံ၊ မယုံဘူးဟေ့လို့ ဖင်ပိတ်ပြီးတော့ပဲ ငြင်းငြင်း လက်ရှိ မြန်မာနိုင်ငံကို အစိုးရနှစ်ရပ် အုပ်ချုပ်နေတာကတော့ အသေအချာပါပဲ။


ဘယ်လို အစိုးရနှစ်ရပ် အုပ်ချုပ်နေတာလဲဆိုတော့ …

(၁) ဦးသိန်းစိန် ဦးဆောင်တဲ့ ရှေ့ထွက် ကြံ့ဖွံ့အရပ်သားအစိုးရ (ရုပ်သေးအစိုးရ) နဲ့

(၂) ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ညွှန်ကြားမှုအောက်မှာရှိပြီး ကြံ့ဖွံ့အစိုးရကို နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ ကာလုံ (ရှဲဒိုးစစ်အစိုးရ)

တို့ … အုပ်ချုပ်နေတာပဲ ဖြစ်ပါတယ်။


ခပ်တိုတိုပြောရင်တော့ ရုပ်သေးအရပ်သားအစိုးရနဲ့ ရှဲဒိုးစစ်အစိုးရတို့ အုပ်ချုပ်နေတယ်ပေါ့ခင်ဗျာ။

-
ဘယ်လိုအချက်တွေကို ကြည့်ရင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်မလဲဆိုတော့ …

(၁) အကျဉ်းသား လွှတ်ပုံလွှတ်နည်း

အစိုးရသစ် မည်သည်တို့ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်းဆိုရင် တိုင်းသူပြည်သားအားလုံး ၀မ်းမြောက်ပျော်ရွှင်ကြစေသတည်း ဆိုပြီး ယခင်အစိုးရဟောင်းလက်ထက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ (နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င်) အကျဉ်းသားအားလုံးကို သမ္မတသစ်ရဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွှတ်ပေးကြစမြဲ (ထောင်ခါစမြဲ) ပါ။

ဦးသိန်းစိန်အနေနဲ့ အဲသလို လွှတ်မပေးရဲဘဲ အလီလီ စိစစ်ပြီး ခွဲလွှတ်နေရပုံကို ထောက်ရင် နောက်ကွယ်က ကြိုးကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ဦးဆောင်တဲ့ ရှဲဒိုးစစ်အစိုးရ (ကာလုံ) ရဲ့ အစီအမံအတိုင်း လွှတ်နေရတယ်ဆိုတာ သေချာပါတယ်။

နောက်ကွယ်က ဦးသန်းရွှေတို့အနေနဲ့ သူတို့စစ်အုပ်စုအပေါ် ပိတ်ဆို့ထားတာတွေ ဖြေလျှော့ပေးအောင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအရ ပြန်ပေးဆွဲထားသလိုမျိုး နိုင်ငံတကာကို သွေးတိုးစမ်း အလဲအလှယ်လုပ်တဲ့ နိုင်ငံရေးကစားတဲ့နည်းနဲ့ လွှတ်ပေးခိုင်းနေတာပေါ့။

ဒီလို တဘက်သား (ပြည်သူလူထု၊ ဒီမိုကရေစီအင်အားစုများနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်း) မခံချိမခံသာဖြစ်အောင် အလီလီ ဈေးဆစ်ပုံမျိုးနဲ့ လုပ်တတ်တဲ့အကျင့်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဆီမှာရှိတဲ့ အရိုးစွဲနေပုံရတဲ့ ဆိုက်ကိုတခုပါ။

အဲဒီလို ဦးသန်းရွှေ အလိုအတိုင်း အကျဉ်းသားတွေကို လွှတ်ပေးနေရတဲ့အတွက် ဦသိန်းစိန်ဟာ အစိုးရသစ်တရပ်ရဲ့ သမ္မတသစ် ဆိုတာကို ယုံရခက်စေပါတယ်။

(၂) ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ပုံပြန်ခေါ်နည်း

ဦးသိန်းစိန်အနေနဲ့ ပုံစံအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဒီဂရီ တိတိကျကျ ထုတ်ပြန်ပြီး ပြန်မခေါ်ရဲဘဲ ပါးစပ်ကနေပဲ ပြန်လာပါ ပြန်လာပါနဲ့ ခွဲခြားစိစစ်ပြီး ပြန်ခေါ်နေပုံကို ထောက်ချင့်ရင်လည်း ဦးသိန်းစိန်ကို နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းနေတဲ့ ရှဲဒိုစစ်အစိုးရဟာ ပြည်ပရောက် နိုင်ငံသားတွေအားလုံးအပေါ် တန်းတူရည်တူ ခွင့်မလွှတ်နိုင်၊ သဘောထားမကြီးနိုင်သေးဘူးဆိုတာ သေချာနေတယ်။

နောက်တခုဖြစ်နိုင်တာက နောက်ကွယ်က စစ်အုပ်စုအနေနဲ့ တိုင်းသူပြည်သားတွေအပေါ် စစ်ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်ထားခဲ့သူတွေဆိုတော့ လူစုံတက်စုံ ပြန်ပေးဝင်ပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်ရင် သူတို့ ပြစ်ဒဏ်ပြန်အကျခံရမှာကို အစိုးရိမ်လွန် အကြောက်ကြီးနေတာ (ကိုယ့်လိပ်ပြာကိုယ်လန့်နေတာ) လည်း ဖြစ်နိုင်ပါတယ်။

အဲဒါကြောင့်မို့လည်း ငြိမ်းချမ်းရေးအောင်သွယ်တော် ဦးအောင်မင်းဆီက “သမ္မတကြီးက ပြန်လာဖို့ ခေါ်ခိုင်းလို့ ကျနော်ကိုယ်တိုင် လာခေါ်တာပါ” လို့ အလုပ်မရှိ အလုပ်ရှာစကားမျိုး ထွက်လာတာပေါ့။ မဲဆောက် မယ်တော်ဆေးခန်းမှာ ဦးအောင်မင်း အဲသလို ပြုံးဖြီးဖြီးကြီး ပြောသွားတာကို ကြားလိုက်ရတာ တော်တော့်ကို ရယ်ချင်စရာ …။

အားလုံးပြန်လာစေချင်ရင် သဘောထားကြီးကြီးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်လိုက် ပြီးနေတာပဲဥစ္စာ …။ ရှင်းနေတာကို ရှုပ်အောင်လုပ်နေပုံများ … ပြည်ပရောက် နိုင်ငံသားတွေအားလုံးအပေါ် တန်းတူစေတနာမထားနိုင်သေးတာ၊ ခွင့်မလွှတ်နိုင် (အငြှိုးကြီးနေ) သေးတာ အတော့်ကို ပေါ်လွင်နေပါတယ် (အပေါ်မှာပြောခဲ့သလို အကြောက်လွန်ရောဂါ စွဲကပ်နေတာလည်း ဖြစ်နိုင်ပါတယ်)။

-
(၃) အတိုက်အခံ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်ပိုင်းတွေကို နှိပ်ကွပ်ပုံနှိပ်ကွပ်နည်း

အရပ်သားအစိုးရဖြစ်ပြီဆိုတော့ နိုင်ငံတကာကို အပြကောင်းအောင် နိုင်ငံရေးအရ လွတ်လပ်ခွင့်အချို့ မပေးချင်ပေးချင် ပေးထားရပေမယ့် အရှင်ဂမ္ဘီရနဲ့ ရွှေည၀ါဆရာတော်တို့ကို အရေးယူပုံ၊ မန္တလေးမှာ လျှပ်စစ်မီးဆန္ဒပြသူတွေကို ခေါ်ယူ စစ်မေးပုံနဲ့ အခုနောက်ဆုံး ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ဆဲဗင်းဂျူလိုင် မတိုင်မီ နေရာအနှံ့ ဖမ်းဆီး ထိန်းသိမ်းပုံတွေကို ကြည့်ရင် အရင်စစ်အစိုးရတွေရဲ့ လုပ်ပုံလုပ်နည်းတွေအတိုင်း နောက်ကွယ်က လက်မဲကြီး (ကာလုံ) ရဲ့ စနက်တွေ ပါနေတယ်၊ အတိုင်းအတာတခုရောက်ရင် စစ်ဘီလူးအစွယ်တွေ ထွက်ထွက်လာနေတယ် ဆိုတာကို ရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။

နိုင်ငံရေးသမားတွေ၊ လူမှုရေးသမားတွေ သူတို့ခွင့်ပြုထားတဲ့ အတိုင်းအတာထဲမှာ ပါးစပ်ပိတ်ပြီး တေမိလို မနေဘဲ ထောင်ထောင် ထောင်ထောင် လုပ်ရင်၊ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အာဏာပိုင်အဆင့်ဆင့်ကို အာခံရင် နာမယ်လို့ အချက်ပြလိုက်ခြင်းပါပဲ။

-
(၄) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ပုံလုပ်နည်း

UWSA ၊ RCSS/SSA နဲ့ KNU … … တို့လို (ကြံ့ဖွတ်အစိုးရစစ်တပ်က စစ်ရေးအရ အတိုင်းအတာတခုအထိ သူတို့ကို အန်တုနိုင်တယ်လို့ အသိအမှတ်ပြုထားပုံရတဲ့) လက်နက်ကိုင်အဖွဲ့အစည်းကြီးတွေသာမက ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသေးအဖွဲအားလုံးနဲ့ နိုင်ငံရေးအဖွဲ့အစည်း ဘုစုခရုတွေကိုပါ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွေ အူယားဖားယား လိုက်လုပ်ပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ယူ မှတ်တမ်းတင်နေပေမယ့် KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ကိုကျတော့ သမ္မတက ရပ်ပါတော့ ဆိုတာတောင် ဆက်တိုက်နေတာကို ကြည့်ရင် နောက်ကွယ်က ကြိုးကိုင်နေတဲ့ စစ်အုပ်စု (ကာလုံ) ရဲ့လက်တံ ငေါငေါကြီး ထွက်နေတာကို မှန်းဆနိုင်ပါတယ်။

သမ္မတ တယောက်လုံး အမိန့်ပေးတာတောင် အမိန့်မနာခံတဲ့ စစ်တပ်အတွက် ဦးသိန်းစိန်လည်း တော်တော် အရှက်ရနေမယ် ဆိုတာ အဝေးကနေ စာနာမိပါရဲ့။ သူလည်း မစွမ်းသာလို့နေမှာ … လို့ပဲ နှလုံးသွင်းလိုက်ရတယ်။

-
(၅) ဒီပဲယင်းအရေးအခင်းလို ရခိုင်ပြည်နယ် တောင်ကုတ်မှာ လူ ၁၀ ဦးကို လက်သည်မပေါ်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခိုင်းမှု

ရခိုင်မှာဖြစ်တဲ့ ပထမအဆင့် ရမ်းဗြဲ ဖြစ်စဉ်မှာ မသီတာထွေးကို မုဒိမ်းကျင့်မှုကတော့ ကြံ့ဖွံ့အစိုးရ ဖမ်းဆီးပြသူ ၃ ဦးက သွေးရိုးသားရိုး သူတို့ဆန္ဒနဲ့သူတို့ ပြစ်မှုကျူးလွန်တာ ဖြစ်နိုင်သလို (လျှပ်စစ်မီးဆန္ဒပြမှု၊ အလုပ်သမား၊ လယ်သမား ဆန္ဒပြမှုတွေ၊ ကချင်အရေးတွေအပေါ် ပြည်သူတွေ အာရုံပြောင်းအောင်) ကုလား-ဗမာ အဓိကရုဏ်းမျိုး ဖန်တီးလိုတဲ့ ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာရှိတဲ့ ရှဲဒိုးစစ်အစိုးရထဲက အကြံပက်စက်သူတချို့ရဲ့ မဆင်မခြင် ငွေပေးခိုင်းစေမှု မဟုတ်ဘူးလို့လည်း ဘယ်သူမှ ယတိပြတ် ပြောနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားစီရင်ရေးစနစ်က ရှဲဒိုးစစ်အစိုးရရဲ့ သေနတ်ပြောင်းအောက်မှာပဲ ရှိနေတုန်းဆိုတော့ ဘယ်သူမှ အမှန်တရားကို သိနိုင်ဖို့ မလွယ်ကူလှလို့ပါ။

ဒီကြားထဲ ဖမ်းထားတဲ့ ၃ ဦးထဲက တယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆိုတော့ ပိုပြီးတော့ သံသယဖြစ်စရာ …။

ထားလိုက်ပါတော့။ ပထမအဆင့် ရမ်းဗြဲ ဖြစ်စဉ် ကတော့ ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာရှိတဲ့ ရှဲဒိုးစစ်အစိုးရအဖွဲ့ဝင်တချို့ရဲ့ လက်ချက် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ၅၀-၅၀ ပဲ ဆိုပါတော့ …။

ဒါပေမယ့် ဒုတိယဖြစ်စဉ် တောင်ကုတ်မှာ လူ ၁၀ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကတော့ ဒီပဲယင်းအရေးအခင်းနဲ့ ပုံစံတူပါပဲ။

- တောင်ကုတ်မှာ လူအများရှေ့မှာ အချိန်ကြာမြင့်စွာ "ရက်ရက်စက်စက် ပြစ်မှုကျူးလွန်သူတွေကို ဒီကနေ့အထိ ဖမ်းဆီးမမိသေးဘူး" ဆိုတာရယ်၊

- တောင်ကုတ်မြို့ခံတွေကိုယ်တိုင်က "ပြစ်မှုကျူးလွန်တဲ့အထဲမှာ တောင်ကုတ်က လူတွေ မတွေ့မိဘူး" ဆိုတာရယ်၊

- ဟန်ပြ "စုံစမ်းစစ်ဆေးရေးကော်မတီထံ သက်သေအဖြစ် လာရောက် ထွက်ဆိုရဲသူ မရှိဘူး" ဆိုတာရယ်၊

- ကြံ့ဖွံ့ပါတီက "လူသတ်မှုကို လူသေမှုလို့ ပြောင်းပေးပါ" လို့ တောင်းဆိုတာရယ် -

ကို ထောက်ချင့်ရင် နောက်ကွယ်က ရှဲဒိုးစစ်အစိုးရရဲ့ အကျပ်ကိုင် ခြိမ်းခြောက် ခိုင်းစေထားမှုတွေကြောင့် ဆိုတာ ရာနှုန်းပြည့်နီးပါး သေချာနေပါတယ်။

-
ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလီလူမျိုးတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားလာတဲ့အခါမှာလည်း တွေးလို့ရတာက ကြံ့ဖွတ်စစ်အစိုးရက မိမိနိုင်ငံသား ရခိုင်တိုင်းရင်းသားတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးသယောင်ယောင်နဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ ရခိုင်ပါတီတွေကိုသာ မဲပေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေကို ခပ်ပါးပါးလေး သင်ခန်းစာပေးတာလည်း ဖြစ်နိုင်ပါတယ်။

ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တကယ်တမ်း အကာအကွယ်ပေးချင်တယ် ဆိုရင် ရှစ်လေးလုံးတို့၊ ရွှေဝါရောင်တို့လို အရေးတော်ပုံကြီးတွေကိုတောင် လက်သံပြောင်ပြောင် နှိမ်နင်းခဲ့တဲ့ လုံခြုံရေးအင်အားမျိုး အပြည့်ရှိတဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ မနှိမ်နင်းနိုင်စရာ အကြောင်းမရှိပါဘူး။

ရိုးသားတဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေအမြင်မှာ ဇာတ်နာအောင် ဘင်္ဂလီတွေ မီးရှို့တာတွေကို စိမ်ပြေနပြေ လက်ပိုက်ကြည့်နေပြီးမှ "ကယ်တင်ရှင်" အထာနဲ့ မင်းသားဝင်လုပ်တဲ့ အပေါက်မျိုးကို ချိုးတာ ဖြစ်နိုင်ပါတယ်။

ရခိုင်တိုင်းရင်းသားတွေကို ရခိုင်မှာ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲရှုံးတာနဲ့ ပတ်သက်ပြီး သင်ခန်းစာလည်း ပေးလိုက်ရ၊ ရခိုင်တိုင်းရင်းသားတွေရဲ့ အမြင်မှာ "ကယ်တင်ရှင်" လို့လည်း အထင်ခံလိုက်ရ၊ တချက်ခုတ်၊ နှစ်ချက်ပြတ်၊ အမြတ်ရ ဆိုသလိုပေါ့။

သူတို့ ၀င်ထိန်းမှ ဆူပူအကြမ်းဖက်မှု ရပ်သွားသယောင်နဲ့ အမှန်က သူတို့ပဲ ဆူပူအကြမ်းဖက်နိုင်အောင် တမင် ဟ ပေးခဲ့တာ ဖြစ်ဖို့ များပါတယ်။

တကယ်တော့ ဆူပူအကြမ်းဖက်တယ်ဆိုတဲ့ တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂလီတွေနဲ့ နိုင်ငံသားဖြစ်ပြီးသား ဘင်္ဂလီလူမျိုးတွေ အမြောက်အမြား ရှိနေတယ်ဆိုတာကလည်း စစ်အစိုးရအဆက်ဆက် အကျင့်ပျက်ခြစားမှုတွေ ဗွက်ပေါက်ခဲ့လို့ အခုလို ပိုပိုတိုးပွားနေတာမဟုတ်လား။ ဒါပေမယ့် ဒီလိုဝင်ရောက်ခွင့်ပေးထားတာကလည်း လူ့အခွင့်အရေးချိုးဖောက်ဖို့ ၀န်မလေးတတ်တဲ့ စစ်အုပ်စုအဆက်ဆက်အနေနဲ့ သူတို့ကိုင်တွယ်ချင်ရင် အချိန်မရွေး ကိုင်တွယ်နိုင်တယ်လို့ ယုံကြည်လို့ ခွင့်ပြုထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့ အဲဒီလို ပြောရတာလဲဆိုတော့ ဇာတိမြို့မှာ ကုလား-ဗမာအဓိကရုဏ်းဖြစ်ခဲ့တုန်းက စစ်အုပ်စုရဲ့ ဘာကိုမှ ဂရုမစိုက် အရှည်မတွေးဘဲ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ကိုင်တွယ်ဖြေရှင်းခဲ့ပုံတွေကို အမှတ်ရပြီး ပြောတာပါ (ချစ်ခင်ရင်းစွဲရှိကြပြီးသား အပြစ်မဲ့ ပြည်သူတွေအကြား ဘာသာရေးအရ အမုန်းပွားမှုတွေ ပိုကြီးထွားမှာစိုးလို့ အကျယ်တ၀င့် မရေးပြတော့တာကို နားလည်ခွင့်လွှတ်ပေးပါ)။ အခုတော့ နောက်ကွယ်က ရှဲဒိုးစစ်အစိုးရအဖွဲ့ဝင် တချို့တချို့ရဲ့ စိတ်ထဲမှာ ရခိုင်ပြည်သူတွေ သူတို့ရဲ့ရုပ်သေးကြံ့ဖွံ့အစိုးရကို ကယ်တင်ရှင်အနေနဲ့ အကြီးအကျယ် ကျေးဇူးတင်နေပြီထင်ပြီး ၂၀၁၅ မှာတော့ ငါတို့ရဲ့ ရုပ်သေးကြံ့ဖွံ့ပါတီ မဲရချည်သေးရဲ့လို့များ စိတ်ကူးယဉ် ဒူးနှန့်နေလေမလား … …။

-
(၆) သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်ပုံထိန်းချုပ်နည်း

သတင်းမီဒီယာတွေကိုလည်း ပြီးခဲ့တဲ့ ဇွန်လကုန်မှာ စာပေစိစစ်ရေးပဲ အပြီးအပိုင် ဖြုတ်ပေးတော့မလို အငွေ့ရှူခိုင်းထားပြီး ဇွန်လကုန်လောက်မှာ ရခိုင်သတင်းဖော်ပြပုံ အကြောင်းပြချက်နဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ လူယုံ လျှပ်တစ်ပြက် အယ်ဒီတာချုပ် ကိုမြတ်ခိုင်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ဂျာနယ်ပိတ်၊ အရေးယူ၊ တရားစွဲ၊ ထောင်ချဖို့ လုပ်ပြ (အစွယ်ထုတ်ပြ) လိုက်တာကို ကြည့်ရင်လည်း နောက်ကွယ်က ကာလုံရဲ့ လက်မဲကြီး ထွက်လာတာကို ရှင်းရှင်းကြီး မြင်နိုင်ပါတယ်။

(ကြည့်ရတာ ကိုမြတ်ခိုင်ကိုကျတော့ မီဒီယာကိစ္စဖြစ်ပေမယ့် ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ လူယုံမို့ ဗိုလ်ကျော်ဆန်းကို မကိုင်တွယ်ခိုင်းဘဲ ဦးသန်းရွှေက သူ့လူယုံ ဦးမြင့်ဆွေကို ဘာမဆိုင် ညာမဆိုင် ၀င်ကိုင်တွယ်ခိုင်းလိုက်ပုံ ပေါ်တယ်။

နောက်တချက်က ရခိုင်အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင်လည်း ကာလုံစစ်အုပ်စုက မီးမွှေးစေခိုင်းတယ် ဆိုတာ မီဒီယာတွေပေါ်မှာ အထောက်အထားတွေ ပိုပိုပြီး ခိုင်လုံလာလို့ နောက်ကွယ်က စစ်အုပ်စု ရှက်ရမ်းရမ်းပြီး ရခိုင်အရေး သူတို့လက်ချက် မဟုတ်ကြောင်းကို နားလှည့်ပါးရိုက် လှည့်စား အယုံသွင်းတဲ့အနေနဲ့ "ပြန်ကြားဝန်ကြီးလူယုံ ကိုမြတ်ခိုင်ကိုတောင် မညှာဘူးနော်" ဆိုတဲ့သဘော အပြစ်ရှာ အရေးယူပြပြီး ပြည်သူတွေကို လှည့်စားဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။)

-
(၇) ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ သမ္မတမိန့်ခွန်းတွေ ဆင်ဆာအဖြတ်ခံရခြင်း

ဒီကိစ္စကလည်း လူသိရှင်ကြား ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့ပြီးသားမို့ အထူးတလည်း ပြောပြနေစရာ မလိုပါဘူး။ ဒီလို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နဲ့ သမ္မတဦးသိန်းစိန် တို့လို ထိပ်သီးနှစ်ဦးရဲ့ မိန့်ခွန်းတွေ နိုင်ငံပိုင်သတင်းစာမှာ ဆင်ဆာဖြတ်ခံ ထိတယ် ဆိုတော့ အဲသလို ဆင်ဆာဖြတ်ရဲတာ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်း ဖြစ်နိုင်ပါ့မလား။

အားလုံးက တုန်နေအောင် ကြောက်ရတဲ့ ဦးသန်းရွှေက ဆင်ဆာဖြတ်ဖို့ ခိုင်းစေလို့သာ ဗိုလ်ကျော်ဆန်း ဆင်ဆာဖြတ်ရဲပြီး ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့လည်း ဘာမှ အတွန့်မတက်ရဲတာ ဆိုတာ ကလေးတွေတောင် တွေးသိနိုင်ပါတယ်။

-
(၈) မိုးထိမိုးမိ ရွှေလုပ်သားတွေရဲ့ ချီတက်ဆန္ဒပြပွဲကို လုံထိန်တပ်သား အင်အား မြောက်မြားစွာနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း

အလုပ်သမား၊ လယ်သမားဆန္ဒပြပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေတာကို လွှတ်ပေးထားပြီး မိုးထိမိုးမိ ရွှေလုပ်သားတွေ နေပြည်တော်အထိ ချီတက် ဆန္ဒပြတဲ့အခါမှာတော့ ရခိုင်မှာ ချထားတဲ့ လုံထိန်းအင်အားထက် အဆပေါင်းများစွာနဲ့ နှိမ်နင်းဖို့ ပြင်ဆင်ပြလိုက်တာကို ကြည့်ရင် "ရခိုင်အရေးကို မိုးထိမိုးမိ ရွှေလုပ်သားအရေးလောက် အရေးမကြီးဘူး" လို့ ရှဲဒိုးစစ်အစိုးရ (ကာလုံ) က တွက်ချက်တယ် ဆိုတာ သိသာ ထင်ရှားပါတယ်။

ဟုတ်လည်း ဟုတ်ပါတယ်၊ ရခိုင်အရေးက သူတို့ ရှဲဒိုးစစ်အစိုးရ စိတ်ကူးယဉ်သလို တပြည်လုံးအတိုင်းအတာနဲ့ ကုလား-ဗမာ အဓိကရုဏ်းမျိုး ဖြစ်မလာခဲ့ဘဲ မိုးထိမိုးမိ လုပ်သားတွေရဲ့ ဆန္ဒပြမှုက စောစောစီးစီး မထိန်းသိမ်းရင် သူတို့ရဲ့ ကုလားထိုင်တွေကိုပါ လာလှုပ်တော့မှာကိုး။

တပြည်လုံးက လယ်သမား၊ အလုပ်သမားတွေ မိုးထိမိုးမိရွှေလုပ်သားတွေလို နေပြည်တော်ကို ချီတက်လာမှာကို သူတို့ ဖင်မတုန်ဘဲ ဘယ်နေပါ့မလဲ။ ဒါကြောင့် မိုးထိမိုးမိ ကိစ္စကို ရခိုင်ထက် အင်အားပြပြီး အပြတ်ရှင်းတာပေါ့ (ကာလုံတဲ့နော် … အာဏာထိ သေနတ်ကြည့် ဆိုတဲ့သဘော အစွယ်ထုတ်ပြလိုက်တာပေါ့)။

-
(၉) အတိုက်အခံတွေကို လှုပ်ရှားခွင့် ပြုပုံပြုနည်း

ကာလုံစစ်အုပ်စုက နိုင်ငံရေး၊ လူမှုရေး အားသန်တဲ့ အတိုက်အခံတွေကို ဒုက္ခသည်အကူအညီပေးရေး၊ လူမှုအကူအညီပေးရေးနဲ့ အခြားသော နိုင်ငံရေးမဆန်တဲ့ သာမန်အခမ်းအနားတွေ မှာလောက်သာ အချိန်ကုန် ပျော်မွေ့စေချင်ပုံပေါ်တယ်။

("ပြည်သူတွေ လမ်းပေါ်ထွက်အောင် လုပ်ရင် နောက်ပြန်လှည့်လိုက်မှာနော်" လို့လည်း ခြိမ်းခြောက်တတ်သေး၊ အဲလို ခြိမ်းခြောက်တာကို ကြောက်သူကလည်း ကြောက်သေး။)

အဲဒါကြောင့်လည်း အကူအညီတွေ ပေးနေရတာကို အားသန်တဲ့၊ နိုင်ငံရေးကို သိပ်ပေါ်ပေါ်တင်တင်ကြီး ရှေ့တန်းတင် မလုပ်ဆောင်ရဲသေးတဲ့ အတိုက်အခံတွေအတွက် ကူညီရမယ့် အခွင့်အလမ်းတွေနဲ့ လက်မလည်အောင် -

- ဈေးတွေကို မကြာမကြာ မီးရှို့ခိုင်း၊
- အိမ်ရာတွေကို ကျူးကျော်အကြောင်းပြပြီး မကြာမကြာ နှင်ထုတ်ခိုင်း၊
- ဒုက္ခသည်တွေ ပိုပိုများလာအောင် ရခိုင်လို အရေးအခင်းတွေ ဖန်တီးပေး၊
- ကချင်မှာလို ပြည်တွင်းစစ်ကို မငြိမ်းအောင် အဆက်မပြတ် မီးမွှေးပေး

..... နေတာများလားလို့ ထင်မိမြင်မိရင် "မဟုတ်ဘူး" လို့ ဘယ်သူ ယတိပြတ်ငြင်းနိုင်မလဲ။

ဒါမျိုးတွေက သူတို့ စစ်အုပ်စု အုပ်ချုပ်ခဲ့ချိန်တလျှောက်လုံး အကြင်နာကင်းကင်း ရက်ရက်စက်စက် လုပ်နေကျ လုပ်ရပ်တွေကိုး။

-
(၁၀) ဒုတိယသမ္မတသစ် ရွေးချယ်ပုံရွေးချယ်နည်း

" `၀ါးတီး´ များလို့ အနားပေးလိုက်တယ်" ဆိုပြီး သတင်းထွက်နေတဲ့ ဒု-သမ္မတ ဦးတင်အောင်မြင့်ဦး နေရာကို အစားထိုးဖို့လည်း အစပိုင်းမှာ ဦးရွှေမန်း လိုလို၊ ဦးတင်အေး လိုလို၊ ဦးဌေးဦး လိုလို၊ ဗိုလ်ချုပ်ကြီးဉာဏ်ထွန်း လိုလို … လိုလိုတွေ သတင်းမျိုးစုံ ထွက်ပေါ်ခဲ့ပေမယ့် အခုနောက်ဆုံးမှာတော့ "ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း)" ဆိုပြီး ဘွားကနဲ ထွက်ပေါ်လာတာကိုကြည့်ရင် "ဦးသန်းရွှေရဲ့ `လူယုံ´ ဖြစ်လို့" ဆိုတာ အားလုံး သိပြီး ဖြစ်ပါတယ်။

အဲသလို မထင်မှတ်တဲ့ အကွက်ကို ရွှေ့ပြပုံကိုက ဦးသန်းရွှေရဲ့ လက်ရာအစစ်အမှန် ဖြစ်ပြီး "ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာ ဦးသန်းရွှေ အခုအထိ ရှိနေတုန်း" ဆိုတာ ဗေဒင်မေးစရာ မလိုအောင် သက်သေပြလိုက်တာပါ။

စာလည်း တော်တော် ရှည်သွားပါပြီ။ အခုလိုတွေ လျှောက်ရေးနေလို့ ကျနော်မျိုး ဒေါက်တာလွဏ်းဆွေကို အဆိုးမြင်ဝါဒီ လို့များ စာဖတ်သူတွေ ထင်မှတ်ကြလေမလားပဲ။ တကယ်တော့ ကျနော်လည်း တိုင်းပြည်အပေါ် စေတနာထားပုံရပြီး ပင်ကိုယ်စိတ်သဘောထား ကောင်းပုံရတဲ့ ဥပဓိရုပ်မျိုးရှိတဲ့ သမ္မတဦးသိန်းစိန်အပေါ် ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြချက်မပေးဘဲ အထပ်ထပ်အခါခါ ပြောနေ၊ ဆိုနေသလို “သမ္မတကြီးကို ယုံတယ် … သမ္မတကြီးကို ယုံတယ်” လို့ ရဲရဲကြီး ကျူးရင့်လိုက်ချင်သူပါ။

(ကျနော်က ဒေါ်အောင်ဆန်းစုကြည် ထက်တောင် ပိုတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့် ကျူးရင့်မှုထဲမှာ “ဦးရွှေမန်းကိုလည်း ယုံတယ်၊ ဦးရွှေမန်းကိုလည်း ယုံတယ်” လို့ နောက်ဆက်တွဲ ပါနေလို့ပါ။)

သို့ပေသော်ငြားလည်း အထက်က အချက်အလက်တွေက ဘယ်လိုကနေ ဘယ်လို ကျနော့်ခေါင်းထဲကို ၀င်လာမှန်း မသိတဲ့အခါကျတော့ ကျနော်လည်း “ယုန်ကောင် ငုံ၍ ယုန်ရုပ် ရေးပြသော်လည်း ယုံရခက်ခက်” ဆိုသလို ဖြစ်နေတော့တယ် …။ ။

ဒေါက်တာလွဏ်းဆွေ
(ဆက်ပါဦးမယ်)


(Credit - ဒေါက်တာလွဏ်းဆွေ)