မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အသက်ပေးတာချင်းအတူတူ ဘာကြောင့် ကိုဖုန်းမော်နာမည်ပဲ ကျန်ခဲ့တာလဲ

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ အရောင် ပြောင်းခဲ့တယ်။ ဒီသမိုင်းတွေကို ကျွန်မကိုယ်တိုင် ကြုံတွေ့ရလို့တော့ မဟုတ်ပါဘူး။ ကိုယ်တိုင် မကြုံတွေ့ခဲ့ရပေ့မဲ့ ကြုံတွေ့ခဲ့သူတွေက လက်ဆက်ကမ်းပေးခဲ့လို့ သိခဲ့ရပါတယ်။ အောက်က မေးခွန်းနဲ့ အဖြေက သိတဲ့သူတွေ လက်ဆက်ကမ်းထားတာကို ကျွန်မက ကိုဖုန်းမော်နေ့ အမှတ်တရအဖြစ် ပြီးခဲ့တဲ့နှစ်က ပြန်လည် ကူးယူဖေါ်ပြထားတဲ့ ၈၈ မတ်လရာဇ၀င်နဲ့ အင်းလျားပို့စ်အောက်မှာ လာမေးထားတဲ့မေးခွန်းနဲ့ ကျွန်မပြန်ဖြေထားတဲ့ အဖြေဖြစ်တယ်။ ဒါကို ဒီနှစ်မှာ ပို့စ်ရေးချိန်မရလို့ ကူးယူပြီး ဒီနှစ်အတွက် ကိုဖုန်းမော်နေ့ အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

Anonymous
said...အသက်ရော သွေးရော ရင်းခဲ့ ကြချင်း အတူတူ ကိုဖုန်းမော် နာမည်ဘာကြောင့် ကျန်ခဲ့ တာလဲ သိချင်တယ် အကြောင်းတော့ ရှိမှာပေါ့  သူ့ လိုပဲ အသက်စတေး ခဲ့ ရတဲ့  ကျောင်းသားတွေအများကြီးပဲလေ မသိလို့ မေးတာပါ။

မမှီခဲ့ လို့ ပါ။
ငမူး

March 14, 2011 3:58 AM

Delete
Blogger Nge Naing said...

ငမူး ပြောတာ မှန်တယ်။ အသက်ပေးတာချင်း တူပါတယ် အားလုံးဟာ အာဇာနည်တွေ ဖြစ်တယ်။ ဒါပေမဲ့ မတူတဲ့အချက်က ကိုဖုန်းမော်အသက်ပေးခဲ့ရခြင်းရဲ့ အကျိုးဆက်နဲ့ တခြားသူတွေ အသက်ပေးခဲ့ရခြင်းရဲ့ အကျိုးဆက်က ကွာပါတယ်။ သူအသက်မပေးခင်က မဆလ အစိုးရ ၂၆ နှစ်တာ အုပ်ချုပ်လာတဲ့ ကာလတလျှောက်မှာ ဦးသန့် အရေးအခင်းနဲ့ မှိုင်းရာပြည့်အရေးခင်းတွေ ပေါ်ပေါက်ခဲ့ပေမဲ့ အဲဒီရဲ့အကျိုးအဆက်အနေနဲ့ အာဏာရှင်တွေကို တုန်လှုပ်စေတဲ့အဆင့်ထိ မကိုင်လှုပ်နိုင်ခဲ့ဘူး။ မိမိဆန္ဒကို မိမိဖေါ်ထုတ်ပြမှုသာ ရှိခဲ့ပါတယ်။ ကိုဖုန်းမော် ကျဆုံးခြင်းဟာ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို အစပျိုးပေးခဲ့ပါတယ်။ ကျောင်းသား ပြည်သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ် အာဏာရှင်တွေဟာ လုံးဝမမတရားဘူးဆိုတဲ့ အသိနဲ့ တော်လှန်ရေး အသိစိတ်ဓါတ်တွေကို ကိုဖုန်းမော်ရဲ့ အသက်နဲ့ ရင်းပြီးမှ ကျန်တဲ့သူတွေမှာ ပိုမိုပြင်းပြစေခဲ့ပါတယ်။ ကိုဖုန်းမော် အသက်ပေးလိုက်ခြင်းဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို စတင်မွေးဖွားပေးလိုက်ခြင်း ဖြစ်ပါတယ်။ ၈၈ လူထုအုံကြွမှုကြီးကြောင့် တပါတီ အာဏာရှင်စနစ် ပြုတ်ကျခဲ့ပါတယ်။ သူကျဆုံးခြင်းနှင့်အတူ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့ခွင့်အရေး ရှိမှဖြစ်မယ်ဆိုတဲ့ အသိကို မြို့ပေါ်ရှိ ပညာတတ် ကျောင်းသားတွေမှာတင်မကဘဲ တနိုင်ငံလုံး အတိုင်းအတာအထိ ပြည်သူလူထုဆီ ပြန့်နှံအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရှစ်လေးလုံး လူထုအုံကြွမှုကြီးဟာ ကိုဖုန်းမော် အသက်နဲ့ ရင်းပြီးရလာတဲ့ အကျိုးဆက်ဖြစ်တယ်။ ဒီလောက်ဆိုရင် ကိုဖုန်းမော် နာမည်က တခြားအသက်ပေးသွားသူတွေ နာမည်ထက် ဘာကြောင့် ပိုပြီးထင်ရှားနေတယ်၊ လူတွေက ဘာကြောင့် ဒီလောက် ဂုဏ်ပြုနေတယ်ဆိုတာ ငမူး ရှင်းလောက်ပြီထင်တယ်။

March 16, 2011 7:30 PM

Delete
မျိုးဆက်သစ်တွေအတွက် မေးသင့်တဲ့ မေးခွန်းဖြစ်ပြီး ကျွန်မပြန်ဖြေထားတာလည်း ပြည့်စုံလုံလောက်မှု မရှိပါဘူး။ မပြည့်စုံဘူးလို့ ခံစားရသူ ဘယ်သူမဆို ဖြည့်စွက် ဖြေဆိုပေးတာကို ကြိုဆိုပါတယ်။ ၈၉ ခုနှစ်က စက်မှုတက္ကသိုလ် RIT မှာ ကျင်းပတဲ့ ကိုဖုန်းမော်နေ့ ဗွီဒီယိုကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။



နီးစပ်ရာပို့စ်များ (၁) ဖုံးကွယ်၍ မရသော သမိုင်းစာမျက်နှာများ
(၂) ၈၈ မတ်လရာဇ၀င်နဲ့ အင်းလျား

ကိုဖုန်းမော်နဲ့တကွ ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် အသက်ပေးသွားသူများအားလုံး ကောင်းရာသုဂတိလားကြပါစေ။

2 comments:

အခုလိုရှင်းပြပေးတဲ့ အတွက်ကျေးဇူး တင်ပါတယ် အစ်မ
ကိုဖုန်းမော်နာမည်က ကျွန်တော်ကြားဖူးနေတာကြာပြီ ဘယ်တုန်းကစကြားဖူးလဲ ဆိုတာတောင်မမှတ်မိတော့ ဘူး
အခုမှသူ့ အကြောင်းနည်းနည်းသိလာတာ ပြည့်ပြည့်စုံစုံ တော့ မသိသေးဘူး :) အမဆုတောင်းပေးသလိုပါပဲ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးသွားကြ
တဲ့ သူများအားလုံး ကောင်းရာသုဂတိလားပါစေလို့ ။
ခုလက်ရှိပုံစံအမျိုးမျိုးနဲ့  ဒီမိုကရေစီရဖို့  ကြိုးစားနေသူ
တွေကိုလည်းလေးစားပါတယ် အားလည်းပေးနေပါတယ်
ဘာလို့ လဲဆိုတော့ ကျနော်ကိုယ်တိုင် ကဘာမှမလုပ်နိုင်လို့ ပဲ
ကျနော်တတ်နိုင်တာလေး တခုကအခုလိုဘလော့ 
တွေမှာကွန်မန့် ဝင်ပေးတာတို့  C box မှာဝင်ရေး
တာတို့ ပေါ့ ။ အစ်မမှတ်မိမှာပေါ့  ခြင်္သေ့ နဲ့ ဆိုရင်
အမြဲတမ်းအတိုက်အခံငြင်း နေကြတာ အခုဒီကောင်
လည်းဘယ်ပျောက်သွားလဲမသိဘူး။ simple view
ဘလော့ တုန်းကဆိုပိုဆိုးတာပေါ့  လူငယ်မိန်းကလေး
တယောက်ဖြစ်မယ်ဆိုပြီးတော့  သူဘက်ကနေအတိုက်
အခံအနေနဲ့  တော်တော်လေးဝင်ရေးဖြစ်တယ်
သူလည်းအပြောင်းအလဲမြန်သွားရော ကျနော်လည်း
တော်တော်လေးမှတ်သွားတယ် ဟားဟား
ကျနောလည်းရေးရင်းနဲ့  အကြောင်းအရာတွေလွဲကုန်ပြီ။ ပျော်ရွှင်ပါစေ အစ်မရေ...

လေးစားလျှက်
ငမူး

အောက်တန်းစား ABSDF က ရက်ရက်စက်စက် သတ်တာချင်းအတူတူ ဘာကြောင့် ကိုထွန်းအောင်ကျော် နာမည်ပဲ ကျန်ခဲ့တာလဲ ဆိုတာလေးရေးပေးပါအုံး