မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

VOTE NLD

"အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စ သုံးရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ပါတယ်" လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်၊ ဒီလိုလေး ခြစ်တတ်ရင် ရပြီဆိုတဲ့ မဲဘယ်လိုပေးမလဲဆိုတာကို သရုပ်ဖေါ်ပြထားတဲ့ အောက်က ဗွီဒီယို အောက်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။

ဒီလိုလေး ခြစ်တတ်ရင် ရပြီ

(ဒီနေရာမှ)


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု အစီစဉ်တွေ ပြောကြားသော နိုင်တော်အတွက် လုပ်ဆောင်ရန် လိုသောအချက်များ

(ဒီနေရာမှ)


ကိုနစ်နေမန်း ဘလော့ဂ်မှာ တင်ထားတာကို ပြန်လည် ကူးယူဖေါ်ပြထားတဲ့ သီချင်းတွေကို ဆက်လက်နားဆင်နိုင်ပါတယ်။

မင်္ဂလာပါ NLD သီချင်း


ခွပ်ဒေါင်းမိခင် အောင်ပွဲဆင်


အလင်းရောင်ထွန်းညှိသူ သီချင်း


မဲပေးရင် ဒီလိုလေး ခြစ်ပေးကြပါ

7 comments:

.
March 30, 2012


ကြားဖြတ်ရွေးကောက်ပွဲဟာ တကယ်တော့ စစ်အုပ်စုရဲ့ ဆင်ဖဲပါ။

၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အုပ်စုက မဲလိမ်ခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ နိုင်ငံရေးဖြစ်စဉ်ကို နိုင်ငံတကာ (အနောက်အုပ်စု ဒီမို ကရေစီနိုင်ငံများ) က လက်မခံတဲ့အတွက် ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ ပြည့် ပြည့်ဝဝ အသိအမှတ်ပြုမှုကို မရခဲ့ပါဘူး။ သူတို့မျှော်မှန်းထားတာက ရွေးကောက်ခံ အစိုးရနဲ့လွှတ်တော်ဆိုရင် နိုင်ငံတ ကာက အသိအမှတ်ပြုပြီး ပိတ်ထားတာတွေပြန်ပွင့်မယ်။ တရုတ်၊ ဗီယက်နမ်၊ စင်္ကာပူစတဲ့နိုင်ငံတွေလို စီးပွားရေး တိုး တက်အောင်လုပ်ပေးလိုက်ရင် ပြည်သူကလက်ခံပြီး အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်မယ်လို့ စစ်ဗိုလ်တွေ တွက်ဆထားပုံရပါတယ်။( မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေအရလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ထက် စီးပွားရေးပြုပြင်ပြောင်းလဲရေးကိုပဲ စောင်းပေးလုပ်ဆောင်နေတဲ့ပုံစံ ဖြစ်နေပါတယ်။ )

မှန်းချက်နဲ့နှမ်းထွက် ထင်သလောက်မကိုက်ခဲ့တဲ့အခါမှာတော့ မချစ်သော်လည်း အောင့်ကာနမ်း ဒေါ်အောင်ဆန်းစုကြည် ကို သူတို့ခင်းထားတဲ့ဖြစ်စဉ်ထဲ ဆွဲသွင်းဖို့လုပ်ဆောင်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေး (စကားပြော) ခဲ့ကြတယ်ဆိုပေမယ့် သူ တို့ဘက်ကတော့ သူတို့ရဲ့လမ်းပြေမြေပုံကနေ တရွေးသားမှ လျှော့မပေးခဲ့ပါဘူး။ မြန်မာပြည်နိုင်ငံရေး ပိတ်ဆို့မှုရဲ့ သော့ ချက်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပေးရမယ့်အစား ရွေးကောက်ပွဲဥပဒေကိုသာ အနှစ်သာရမပြောင်းတဲ့ စကား လုံးတွေနဲ့ လဲလှယ်မှုပြုလုပ်ပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားနဲ့ပတ်သက်လို့ကတော့ စကားလုံးအသုံးအနှုန်းအရ တောင် လျှော့မပေးခဲ့ပါဘူး။

သူတို့ချထားတဲ့မူဘောင်ထဲကနေ ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီးသား ဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ သဘောက တော့ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာမှာ သူတို့ကိုယ်စား ဒေါ်အောင်ဆန်းစု ကြည် ကို အာမခံခိုင်းတာပါပဲ။ နှစ်ဖက်လုံးက တွေ့ဆုံဆွေးနွေး (စကားပြော) ပွဲနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာခဲ့ကြ တာ မဟုတ်လို့ ပြည်သူလူထုနဲ့ ကျန်နိုင်ငံရေးအင်အားစုတွေဟာ ခန့်မှန်းချက်တွေပေါ်မှာပဲ ရှေ့ဆက်သင့်တဲ့ နိုင်ငံရေး လမ်းကြောင်းကို ဝေဖန်သုံးသပ်ပြောဆိုကြရင်း အမြင်မတူ သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီကို သူတို့အခင်းအကျင်းထဲ ခေါ်ယူလက်ခံခဲ့ရပေမယ့် တရား မျှတစွာ လွတ် လွတ်လပ်လပ် ယှဉ်ပြိုင်ရင် မနိုင်ဘူးဆိုတာ သူတို့သိပါတယ်။ နိုင်ချင်ရင် ၂၀၁၀ လိုပဲ ရုပ်ပျက်ဆင်းပျက် ညစ်ရပါတော့ မယ်။ ဒါဆိုရင် သူတို့လိုချင်တဲ့ နိုင်ငံအားလုံးရဲ့ ပြည့်ပြည့်ဝဝ အသိအမှတ်ပြုမှုဆိုတာ မရတော့ပါဘူး။ ဒါကြောင့် ၂၀၁၅ အထိအချိန်မပေးဘဲ ၄၈ နေရာသာယှဉ်ပြိုင်ခွင့်ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှလွဲ၍ ရွေးစရာမရှိလုပ်ခဲ့တာပါ။

လက်ရှိ ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွံ့ ၅၉.၅၄% + စစ်ဗိုလ် ၂၅.၂၉% = ၈၄.၈၃%

အမျိုးသားလွှတ်တော်မှာ ကြံ့ဖွံ့ ၅၇.၅၉% + စစ်ဗိုလ် ၂၅% = ၈၂.၅၉%

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ကြံ့ဖွံ့ ၅၆% + စစ်ဗိုလ် ၂၅% = ၈၁% ရှိပါတယ်။

ဒါတောင်မှ ကြံ့ဖွံ့ရဲ့မဟာမိတ်ပါတီတွေနဲ့ တစညရဲ့အင်အား မပါသေးပါဘူး။ အန်အယ်လ်ဒီအနေနဲ့ လွှတ်တော် ၃ ရပ်လုံး ပေါင်း လစ်လပ်နေရာ ၄၈ နေရာလုံးနိုင်ခဲ့ရင်တောင်မှ ပြည်သူ့လွှတ်တော်မှာ ၉%၊ အမျိုးသားလွှတ်တော်မှာ ၂.၆%၊ တိုင်း ဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၀.၂၃% ပဲ ရှိပါတယ်။ ၄၈ နေရာလုံးကို ကြံ့ဖွံ့ပါတီက လက်လွှတ်လိုက်ရလည်း လွှတ် တော်တွင်းအနေအထား ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့လိုအပ်နေတဲ့ ဂုဏ်သိက္ခာကို လွှတ်တော် နေရာ ၄၈ နေရာနဲ့ လဲယူမှာပါ။

.
၂၀၁၂၊ ဧပြီ (၁) ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ စောင့်ကြည့်စရာမလိုပါ။ ဒီပွဲဟာ နိုင်ငံတကာမျက်နှာ စာမှာ စစ်ဗိုလ်တွေအမှတ်ယူမယ့်ပွဲဖြစ်တဲ့အတွက် တရားမျှတစွာလုပ်ပေးပါလိမ့်မယ်။ လွတ်လွတ်လပ်လပ် စောင့်ကြည့် လေ့လာခွင့်လည်း ပေးပါလိမ့်မယ်။

ပိတ်ဆို့ထားတဲ့ အတားအဆီးတွေပွင့်ဖို့၊ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ အစိုးရ၊ လွှတ်တော်တို့ကို နိုင်ငံတကာက အပြည့် အဝ အသိအမှတ်ပြုဖို့ ဒီကြားဖြတ်ရွေးကောက်ပွဲကို ကောင်းကောင်းအသုံးချသွားမှာပါ။

စောင့်ကြည့်လေ့လာမှုတွေလုပ်ရင် လုပ်တဲ့လူတွေ၊ အဖွဲ့တွေကပဲ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပါတယ်၊ တရား မျှတပါတယ်လို့ အတည်ပြုပေးရပါတော့မယ်။ ဒါဟာ စစ်ဗိုလ်တွေလိုချင်လို့ ဆင်ထားတဲ့ အကွက်ပါပဲ။ ဒါဆိုရင်တရားမျှ တမှုအတွက် လေ့လာစောင့်ကြည့်မှုဟာ အသုံးချခံပဲဖြစ်သွားပါမယ်။ ဘယ်လိုပင်ဖြစ်နေပါစေ ရွေးကောက်ပွဲဝင်ပါတီ အ တွေအနေနဲ့ကတော့ ကိုယ့်ပါတီအတွက် စောင့်ကြည့်ရမည်ဖြစ်ပါတယ်။ သို့သော် သီးခြားလေ့လာစောင့်ကြည့်သူ၊ အဖွဲ့ များအနေနှင့်ကတော့ နိုင်ငံရေးအရ စဉ်းစားကြစေချင်ပါတယ်။

ချွင်းချက်အနေနဲ့ စောင့်ကြည့်ချင်တယ်ဆိုရင်တော့ နေပြည်တော် ၄ နေရာကိုသာ စောင့်ကြည့်စရာ လိုကောင်းလိုပါမယ်။ တခြားပါတီတွေကို လွှဲမပေးလိုရင်တော့ ဒီ ၄ နေရာမှာ ကြံ့ဖွံ့နိုင်ဖို့ ညစ်ပါလိမ့်မယ်။ ဒါတောင်မှ ကျန် ၄၄ နေရာကို လွတ် လပ်မျှတစွာ လုပ်ပေးတယ်ဆိုတဲ့အသံတွေက ဒါကိုဖုံးလွှမ်းသွားနိုင်ပါတယ်။

နိုင်ငံတကာမှာ မြန်မာ့နိုင်ငံရေးဝေဖန်ချက်တွေက ခုကြားဖြတ်ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် လုပ်ပေးလိုက်ရင်ပဲ စစ် အုပ်စုဟာ တကယ့်ကိုအပြုသဘော ပြောင်းလဲချင်တဲ့ပုံ ပြောဆိုနေကြပါတယ်။ဒါဟာတကယ်တော့ စစ်အုပ်စုဆင်ထားတဲ့ နှပ်ကြောင်းအတိုင်း ချိုးပေးမိတာပါပဲ။

ဒါ့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲနဲ့တော့ မြန်မာ့နိုင်ငံရေးအနာဂတ်ကို အကဲမဖြတ်စေလိုပါဘူး။

ကိုမိုးကောင်း

၂၈၊ မတ်လ၊ ၂၀၁၂

(နေ့သစ်)

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

"အောင်ဆန်းစုကြည်" ဆိုတာ သူမ၏ အဖေ ဦးအောင်ဆန်းနှင့် သူမ၏ အမေ ဒေါ်ခင်ကြည် နှစ်ဦးစလုံး သဘောတူ ပေးခဲ့တဲ့ နာမည်ပါ ။ ထွင်ပြီး အဖေနာမည် ကောက်တပ်ထားတာ မဟုတ်ပါ ။

နာမည်လေးလုံးစလုံး ခေါ်ရမှာ မောတယ် ဆိုရင်လည်း အဖျားဆွတ်ပြီး "ဒေါ်အောင်ဆန်း" လို့ ခေါ်ပေါ့ဗျာ ။

"ခွေး" ဆိုတာတော့ အိုမှ သတင်းစာကောက်၊ ဘောလုံးကောက်၊ လက်ပေး သင်လို့ မရတော့ပေမယ့် .... "လူ" ဆိုတာတော့ ဘယ်အချိန်မဆို အမူအကျင့်ကောင်းတွေကို လေ့ကျင့်လုပ်ဆောင်လို့ ရပါတယ် ။

သဘောကို ပြောပြတာပါ ၊ ဦးအောင်မင်းက "ဒေါ်စုကြည်" လို့ သုံးနှုန်းလို့ "ခွေးအိုလော" ၊ "လူအိုလော" ပြောခြင်း မဟုတ်ပါ ။

ဒီမို ဖက်တီး


https://www.facebook.com/photo.php?fbid=10151681288561374&set=a.74759741373.78273.582151373&type=1&theater




29 Mar 14, 07:27 PM
သားထူး: ဘဘဦးဝင်းတင် အသက်ရှုလမ်းကြောင်း ပိတ်သဖြင့် ၀ိတိုယိရဆေးရုံမှ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပြောင်းရွှေ့ကုသနေရပါတယ်။


29 Mar 14, 07:31 PM
သားထူး: ဘဘဦးဝင်းတင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် မှာ ဆေးကုသမှု ခံယူနေပြီး အသက်ရှူလမ်းကြောင်းအတွက် ဆေးထိုးထားပါတယ်။


29 Mar 14, 07:33 PM
သားထူး: ဆေးရဲ.အာနိသင် (၇၂) နာရီ အတွင်း အထူးကုဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဘဘဦးဝင်းတင်ရဲ့ လည်ချောင်းမှာ အသက်ရှူဖို့ လေပြွန်ပေါက် ဖေါက်လိုက်ပြီးပါပြီ။


29 Mar 14, 07:40 PM
သားထူး:့ ဘဘဦးဝင်းတင် လည်ချောင်းဖောက်ပြီးတဲ့ အခြေအနေ ကောင်းမွန်တယ် လို့ တာဝန်ကျဆရာဝန်က ပြောပါတယ်။ ဘဘကို ထိုင်း ဒါမှမဟုတ် စင်ကာပူ ကို အထူးလေယာဉ်နဲ့ ပို့ဆောင်ပြီး ဆေးကုသမှု ဆက်လက် ခံယူနိုင်ဖို့ စီစဉ်နေပါတယ်။


29 Mar 14, 07:43 PM
သားထူး: ဘဘ ဦးဝင်းတင် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ကင်းပြီး အမြန်ဆုံး ကျန်းမာလာပါစေ။



သတင်းကောင်း -

ဦးဝင်းတင် နေကောင်းလာပြီ



၃၁-၃-၂၀၁၄ ရက်နေ့


ဦးဝင်းတင်
နေကောင်းလာပြီတဲ့ခင်ဗျ
ဝမ်းသာကြ
ပျော်ကြပေတော့ဗျို့


ကိုလေး (အင်းဝဂုဏ်ရည်)

31-3-14


ဦးဝင်းတင် နေကောင်းလာပြီ



ဟံသာဝတီဦးဝင်းတင် ကွယ်လွန်

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဟာ ဒီကနေ့ တနင်္လာနေ့၊ နံနက် ၆ နာရီခွဲ အချိန်မှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန် အနိစ္စရောက်သွားပါတယ်။ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။

ဦးဝင်းတင်ကို ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင်နှင့် နိုင်ငံရေးသိပံ္ပ ဘာသာတွဲနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့ပါတယ်။

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင် ထူထောင်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရတဲ့ နောက်ပိုင်း မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် ၁၀ နှစ်နီးပါး လုပ်ကိုင်ခဲ့ပြီးတဲ့နောက် ဟံသာဝတီ ဦးဝင်းတင်အဖြစ် လူသိများ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

ဆရာကြီးဦးဝင်းတင်ဟာ စာပေ၊ ပန်းချီ၊ သဘင်ဂီတ၊ နိုင်ငံရေး ဆောင်းပါး၊ စာတမ်း၊ ဝေဖန်သုံးသပ်ချက် အစရှိတာတွေ အမြောက်အမြား ရေးသားခဲ့သူဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းချိန်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့မှာ ဦးဝင်းတင် ဖမ်းဆီးခံခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသလို ထောင်တွင်းမှာ ထပ်တိုး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ ခံခဲ့ရသူပါ။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဆရာကြီး ဦးဝင်းတင် ဟာ အသက် ၈၅ နှစ် ရှိပြီဖြစ်ပါတယ်။

VOA(မြန်မာပိုင်း)


ဟံသာဝတီဦးဝင်းတင် ကွယ်လွန်