မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..

မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

NLD ရပ်တည်ချက် ဘာမှမမှားပါ

လွှတ်တော်ထဲမှာ ကျမ်းကျိမ်ရင် သစ္စာခံရတဲ့ အချက်နဲ့ ပတ်သက်ပြီး NLD ပါတီက လွှတ်တော်ထဲ မ၀င်ရောက်နိုင်သေးတဲ့အပေါ် ဝေဖန်ချက်တွေနဲ့ တချို့ပုတ်ခတ်မှုတွေ အမျိုးမျိုး ထွက်နေတာ တွေ့နေရပါတယ်။ ဒီအထဲမှာ တချို့ကတော့ နဂိုကတည်းက NLD ရွေးကောက်ပွဲ ၀င်တာကို ဆန့်ကျင်ခဲ့သူတွေ ရှိသလို တချို့ကတော့ ရွေးကောက်ပွဲ ၀င်တာကို လက်ခံပြီး မဲပေးခဲ့တဲ့ သူတွေထဲက လွှတ်တော်ထဲ မ၀င်တဲ့အပေါ်မှာ လွှတ်တော်ထဲရောက်ရင် ပြုပြင်နိုင်မှာပဲ ဆိုပြီးကျမ်းကျိမ်တာကို အရေးကြီးတဲ့အချက်လို့ မယူဆလို့ ပြောနေကြတာကိုလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာ ငါပြောသားပဲ ဒီလိုတွေ ကြုံရမယ်ဆိုတာဆိုတဲ့ လေသံနဲ့ ပြောနေတဲ့သူတွေကို ပြောလိုတာက ဟုတ်ပါတယ် ဖွဲ့စည်းပုံတခုတည်းကိုပဲ ကွက်ကွက်လေး ကြည့်ပြီး ပြောမယ်ဆိုရင်တော့ ပြောစရာတွေက အများကြီး ရှိပါတယ်။ ဒါပေမဲ့ ပြောနေလို့ ပြီးတဲ့အရာမဟုတ်ဘူး တခုခုလုပ်မှဖြစ်မယ်ဆိုတာ သိလို့ NLD ဟာ အခုလောက်ထိ ပါဝင်လာခဲ့တယ်ဆိုတာလည်း မမေ့သင့်ဘူး။
အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး သဘောထားအမှန်ကို ဆာဗေးတခု လုပ်ကြည့်မယ်ဆိုရင် စစ်အစိုးရ နှောက်မြှီးဆွဲတွေကလွဲရင် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့နေနေသာသာ ဆွဲဆုတ်ဖြဲပြီး မြောင်းထဲ ပစ်ချချင်သူတွေချည်းပဲဖြစ်မှာ သေချာပါတယ်။ အားလုံးက ပြည်သူ့ကိုယ်စားလှယ်တွေ ရေးဆွဲထားခြင်း မဟုတ်ဘဲ စစ်ခေါင်းဆောင်တွေ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မြောင်းထဲပစ်ချပြီး ဒီမိုကရေစီ နည်းကျရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေတွေနဲ့ ဖွဲ့စည်းပုံ အသစ်တခုကို ပြန်ရေးချင်တဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ဒီလိုလုပ်နိုင်လောက်တဲ့ စွမ်းရည်နဲ့ စိတ်ဓာတ်အင်အားစေ့ဆော်မှုက ပြည်သလူထု အများစုကြီးမှာ ရှိလားဆိုတာ ပြန်ကြည့်ဖို့ လိုပါတယ်။ တိုင်းပြည်အရေးအတွက် အပြောင်းအလဲတခုကို လုပ်ရင် ပြည်သူလူထု ပါဝင်နိုင်မှ လုပ်လို့ဖြစ်ပါတယ်။ ထမင်းတောင် နှပ်မှန်ဖို့ မနိုင်တနိုင် ဖြစ်နေတဲ့ လက်ရှိပြည်သူလူထုရဲ့ ဆင်းရဲမွဲတေ ချွတ်ခြုံကျနေတဲ့ အခြေအနေအရ ပြည်သူလူထု အများစုကြီးက နိုင်ငံရေးမှာ အဲဒီလိုပါဝင်လုပ်ဆောင်နိုင်လောက်တဲ့ အခြေအနေ မရှိလို့ NLD က လူထုလူတန်းစားမရွေး နိုင်ငံရေးမှာ ပါဝင်နိုင်တဲ့ နည်းလမ်းအဖြစ် လွှတ်တော်ထဲ ၀င်ပြီး ပြောင်းလဲဖို့နည်းကို မလွဲသာမရှောင်သာ ရွေးချယ် ဆုံးဖြတ်ခဲ့ရတာကို တွေ့ရပါတယ်။ ဒီလိုပါဝင်တဲ့နေရာမှာလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ခဲ့တဲ့သူတွေလို ဘာမှ တွေ့ဆုံညှိနှိုင်းမှုမရှိဘဲ အများအတွက် အနစ်နာခံပြီး အကျဉ်းကျနေတဲ့ မိမိပါတီဝင်တွေကို ထုတ်ပစ်ပြီးမှ စစ်အုပ်စု ချမှတ်ထားတာ အကုန်လုံးကို ဘာမှ စောတကမတက်ရဲဘဲ စစ်ကျွန်ပြုရေး ဥပဒေအောက်ကို ဘလိုင်းကြီး ခေါင်းသွားတိုးဝင်ခဲ့ခြင်းမဟုတ်ဘဲ ရည်ရွယ်ချက် ဦတည်ချက် အတိအကျနဲ့ တဘက်နဲ့တဘက် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ရလာတဲ့ ရလဒ်နဲ့ ၀င်ခဲ့တာ ဖြစ်တယ်။ ဒါကို ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကလည်း တွေ့ဆုံဆွေးနွေးရေးက ရလာတဲ့ရလဒ်လို့ လက်ခံထားပြီး ပံ့ပိုးနေတာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်စုကြည်နဲ့ ဦးသိန်းစိန် ဦးအောင်ကြည်တို့ ညှိနှိုင်းပြီး ရလာတဲ့ အကျိုးရလဒ်နဲ့ ၂၀၁၂ ရွေးကောက်ပွဲ ၀င်တာတွေ အားလုံးဟာ လက်ရှိအခြေအနေမှာ လူထုအတွက် ဒီနည်းထက် ပိုပြီးထိရောက်ပြီး လူထုပါဝင်နိုင်တဲ့နည်းလည်း မရှိ ပြည်သူလူထု အများစု ပါဝင်ပြီး ပြောင်းလဲနိုင်တဲ့ လမ်းကြောင်းအဖြစ် သတ်မှတ်ပြီး NLD က စွန့်စွန့်းစားစားနဲ့ ဒီနည်းကိုရွေးပြီး ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ခဲ့ပါတယ်။ အခုတော့ လွှတ်တော်အမတ်တွေ ရွေးချယ်ခံခဲ့ရပြီး လွှတ်တော်အထဲ ၀င်ခါနီးဆဲဆဲမှာမှ တွေ့ဆုံဆွေးနွေးတုန်းက လျှော့ပေးပြင်ပေးခဲ့တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ အချက်က ကျမ်းကျိမ်ရာမှာ လာခံနေတော့ ထပ်ဆွေးနွေးညှိနှိုင်းဆွေးနွေးစရာ ပေါ်လာတယ်။ ပေါ်လာတော့ ညှိနှိုင်းရမယ်။ ဒီရွေးကောက်ပွဲကို မ၀င်ခင်ကလည်း ညှိနှိုင်းပြီး သဘောတူချက် ရလို့သာ ၀င်ခဲ့တာ ဖြစ်သလို အခုလည်း ညှိနှိုင်းစရာ ရှိတာကို မညှိနှိုင်းဘဲနဲ့ ပုတ်သင်ညိုလို ခေါင်းညိတ်တဲ့ အလုပ်ကို NLD ဟာ ဘယ်တော့မှ လုပ်မယ်မယ်မထင်ဘူး။
ဘာပဲဖြစ်ဖြစ် ၀င်လိုက်ပြီး အထဲရောက်မှ ပြင်စရာရှိတာကို ပြင်လို့ရတယ်၊ မဲပေးထားတာ လွှတ်တော်ထဲ ရောက်စေချင်လို့ ပေးထားတယ် အခု လွှတ်တော်ထဲ မ၀င်တော့ မဲပေးခဲ့တာ ဘာထူးလဲ ဆိုတဲ့လေသံတွေနဲ့ အပြစ်တင်သူတွေကို ပြောလိုတာက NLD ဟာ သူရွေးချယ်ခဲ့တဲ့ လမ်းနဲ့ ပတ်သက်ပြီး သူ့အလုပ်ကိုသူ အပြောသက်သက်မဟုတ် လုပ်ရပ်နဲ့ လက်တွေ့သက်သေပြနေတာကို မြင်စေချင်ပါတယ်။ NLD ရွေးကောက်ပွဲဝင်တာ လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံကို ပြင်ဖို့အဓိကတချက်ပါတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုဝင်တဲ့လမ်းမှာ အဟန့်အတား ဖြစ်နေတာက အဲဒါကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုတာ သစ္စာခံရမယ်ဆိုတော့ ပြင်ဆင်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ လမ်ပြင်ဖို့ လာတဲ့သူကို ဒီလမ်းမ၀င်ခင် ဒီလမ်းထဲမှာ ရှိနေတာကို သူ့ပုံမပျက်အောင် ကာကွယ်စောင့်ရှောက်ရမယ်ဆိုတော့ အထဲမှာ တံတားကျိုးနေလည်း မပြုပြင်ဘဲ၊ ချိုင့်ဖြစ်ပြီး ရေ၀ပ်နေလည်း မဖို့ဘဲ ဒီအတိုင်းပဲ ထားပါမယ်လို့ မ၀င်ခင် ဂိတ်မှာ ဂတိပြုရသလို ဖြစ်နေတယ်။ NLD လွှတ်တော်ထဲ ၀င်တယ်ဆိုကတည်းက ဖွဲ့စည်းပုံမှာ ပြည်သူလူထုအတွက် အသုံးမ၀င်ဘဲ အပိုဖြစ်နတဲ့ အချက်တွေကို ပြင်ဖို့ဝင်တာ အဓိကတချက်ဖြစ်တယ်ဆိုတာ အတိအလင်း ကြေညာထားပြီးဖြစ်တယ်။ နဂိုကတည်းက ပုတ်သင်ညိုလို ခေါင်းညိတ်ပြီး လွယ်လွယ်နဲ့ ရွေးကောက်ပွဲ ၀င်လာခဲ့တာမဟုတ်တော့ မိမိသွားလိုတဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်နေတဲ့အချက် ကာကွယ်စောင့်ရှောက်စရာ မဟုတ်လောက်တဲ့ အချက်တွေ ရှိနေတာကို သိလျှက်နဲ့ မျက်စိအသေမှိတ်ပြီး ပြီးပြီးရောဆိုပြီး သစ္စဆိုကျမ်းကျိမ်လို့ မဖြစ်နိုင်ဘူး။ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်နဲ့ NLD ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်များအထဲက အပြစ်တင်ချင်နေသူတွေအနနဲ့ NLD လျှေက်နေတဲ့လမ်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ တကယ်ကို လိုအပ်ပါတယ်။
NLD ဒီလမ်းကို ရွေးခဲ့တဲ့အပေါ် နဂိုကတည်းက အပြစ်တင်နေသူတွေအနေနဲ့ကတော့ ပြဿနာရဲ့ အဖြေကို ဘယ်တော့မှ စဉ်းစားပေးကြမှာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘာပဲလုပ်လုပ် အပြစ်တင်နေမှာ သေချာပါတယ်။ အခုလိုအခြေအနေမှာ တွေ့လား အစကတည်းက ဒါကိုမသိဘူးလားလို့ ပြောပြီးထေ့ကြရိကြမှာ ဖြစ်သလို ကျမ်းကျိမ်ပြီး တခြားပါတီတွေလို လွှတ်တော်ထဲ ၀င်သွားပြန်ရင်တော့လည်း NLD က စစ်ကျွန် စနစ်ကို ကျမ်းကျိမ်ပြီး သစ္စခံလိုက်ပြီ၊ ပုတ်သင်ညိုဖြစ်သွားပြီ၊ ငါပြောသားပဲ ဒီလိုဖြစ်လာမယ်ဆိုတာလို့ အော်နေဦးမှာပဲ ဖြစ်တယ်။ သေချာတာက သူတို့ ဘယ်လိုပဲအော်အော် အော်နေ အပြစ်တင်နေ ပုတ်ခတ်နေသူတွေ အားလုံးဟာ မြန်မာ့နိုင်ငံရေးကို ပြောင်းလဲပေးနိုင်တဲ့ အစွမ်းအစ ရှိကြတဲ့သူတွေ တယောက်မှ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လို အများအတွက် အနစ်နာခံနိုင်သူတွေလည်း တယောက်မှ မဟုတ်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သာလျှင် ပြည်သူလူထုနဲ့အတူ အမြဲရှိနေပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံး ဖြစ်အောင် အကောင်အထည် ဖေါ်နေတာကို ပံ့ပိုးတဲ့သူတွေကလည်း ပံ့ပိုးမှသာ မြန်မာပြည် ပြောင်းလဲမှာ ဖြစ်တယ်။
အချုပ်အားဖြင့် ဆိုရရင် အခုလက်ရှိ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး NLD ရပ်တည်ချက် ဘာမှမမှားပါ။ NLD က သူ့ရပ်တည်ချက်ကို သူခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး သူ့လမ်းသူမှန်မှန် လျှောက်နေတာသာ ဖြစ်ပြီး သူလျှောက်နေတဲ့ လမ်းကြောင်းကနေ ဘာမှ မှားယွင်းတိမ်းချော်နေတာ မတွေ့ရဘူး။ NLD သွားနေတဲ့လမ်းဟာ တချို့တွေထင်သလို ဦးသိန်းစိန် အလိုကို လိုက်ပြီး စစ်ကျွန်စနစ်ကို ကျားကန်ပေးနေခြင်းမဟုတ်ဘူး။ NLD လျှောက်နေတဲ့လမ်းဟာ လွယ်ကူချောမွေ့စွာ လျှောက်ရတဲ့ ပန်ခင်းလမ်းမဟုတ်၊ ဆူးခင်းလမ်းဖြစ်ပြီး အဲဒီ ဆူးတွေကို ရှင်းပြီးမှ ပြည်သူလူထုအတွက် ပန်းခင်းလမ်းဖြစ်လာအောင် ခက်ခက်ခဲခဲ အရှေ့က ဦးဆောင်ပြီး လမ်းပြုပြင်ပေးနေတာသာ ဖြစ်တယ်။ မဖြောင့်ဖြူးတဲ့လမ်းကို ဖြောင့်ဖြူးအောင် လုပ်တဲ့နေရာမှာ အားလုံး ၀ိုင်းဝန်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပံ့ပိုးနေသူများအနေဖြင့် NLD ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက် လွှတ်တော်ထဲ ၀င်ရတဲ့အကြောင်းရင်းကို မြင်အောင် ကြည့်ပြီး လွှတ်တော်ထဲ ၀င်ရောက်နိုင်လောက်တဲ့ အခြေအနေ ဖြစ်လာအောင် ၀ိုင်းဝန်း ဆက်လက်ပံ့ပိုး ထောက်ခံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

66 comments:

.
ဟုတ်ပါ့မလား မောင်ကာလုံရဲ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး

စိန်သံလုံး

April 23, 2012

ဟိုးရှေးရှေးတုန်းက မဟုတ်ပါ။ ယနေ့ခေတ် ယခုခေတ် တခါတုန်းက ဖြစ်ပါသည်။ ဘ၀ရှင်မင်းတြားကြီးနှင့် သူ့သားတပည့် အမတ်ကြီး မောင်ကာလုံတို့ အပြန်အလှန် ဆွေးနွေးမှုများကို ပလ္လင်ပေါ်က ဆင်း၍ သလွန်ညောင်စောင်းပေါ်တွင် ပက်လက်ကလေး လှဲလျောင်းနေသည့် မြင်ကွင်းတခုအဖြစ် မျက်စိထဲတွင် မြင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

မင်းတြားကြီး ။ ။ ဟဲ့ မောင်ကာလုံရဲ့ (NLD) အမျိုးသားဒီမိုကရေစီအမတ်တွေ ဧပြီ ၂၃ မှာ ပြန်စတဲ့ လွှတ်တော် မတက်ကြဘူးဆို ... ဟုတ်ပါ့မလား မောင်ကာလုံရဲ့။

မောင်ကာလုံ ။ ။ ဟုတ်ပါ့ မှန်ပါ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး။

မင်းတြားကြီး ။ ။ ဘာဖြစ်ရပြန်တာတုန်းကွဲ့ မောင်ကာလုံရဲ့။

မောင်ကာလုံ ။ ။ ဖြစ်ကြောင်းရယ် ကုန်စင်အောင် လျှောက်ထားရမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတာကြီးကို ကျမ်းမကျိန်နိုင်ဘူးတဲ့၊ ပြင်ပေးစေလိုတာက လေးစားလိုက်နာပါမည်လို့ ပြင်မှ လွှတ်တော်ထဲဝင်ပြီး ကျမ်းကျိန်မယ်လို့ ပြောကြပါတယ်။

မင်းတြားကြီး ။ ။ တယ်လည်း ခက်သကိုး။ ရှင်းတာကို ရှုပ်အောင်လုပ်တတ်တဲ့ ငါ့ရဲ့တပည့် တွေကလည်း ခပ်ကဲကဲ။ NLD ရွေးချယ်ခံအမတ်တွေကလည်း ခပ်သဲသဲဆိုတော့ သဲသဲမဲမဲ ဖြစ်ကြပြီပေါ့။ တကယ်ဆို ဒါလေးများ ဘာခက်တာမှတ်လို့။ ကမ္ဘာအေး သွား၊ ဘာမီတွန်သောက် ... ပျောက်။

မောင်ကာလုံ ။ ။ ဆင်ခြင်တော်မူပါ ဘ၀ရှင်မင်းတြားကြီး။ ခုကိစ္စက ဘာမီတွန်နဲ့ မရတော့ပါဘူး။ နှာစေးနေတာ ကြာပြီဆိုတော့ နှာခေါင်းကို ကျည်ပွေ့နဲ့ ထောင်းရမယ့်ကိန်းဆိုက်နေပါပြီ။ မင်းတြားကြီးရဲ့ တပည့်တွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးပြီးကတည်းက ဟိုတချိန်က (ပေါက်စ) ရေးခဲ့သလို လိပ်ဖြစ်ရင်တောင် ခေါင်းမပြူရဲတော့ပါဘူး။ ခုကိစ္စက မင်းတြားကြီးရဲ့အမိန့်ကို စောင့်နေတာပါ။ ခေါင်းဆောင်ကြီး ဦးတိန်းလိန်လည်း ဘာပြောရမှန်းမသိလို့ တေမိဇတ်ခင်းနေတာပါ။

မင်းတြားကြီး ။ ။ တော်တော်လည်း ခက်သကိုး။ နော်ဝေက ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်ပြီ၊ သြစတြေးလျကလည်း ပိတ်ဆို့မှုတွေ လျော့ချနေပြီ၊ G8 ကလည်း ပိတ်ဆို့မှုတွေ လျှော့ချဖို့ စဉ်းစားနေပြီ၊ EU ကလည်း ဆိုင်းငံ့လုပ်ပေးထားပြီဆိုတော့ ငါတို့ ထင်ရာလုပ်လို့ရနေပြီ။ ဒါပေမယ့် ငါတို့ရဲ့ မူမမှန်မှု၊ မသမာမှု၊ ကတိမတည်မှုတွေကြောင့် နောက်ထပ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုတော့ ထည့်တွက်ရမှာပေါ့။ ငါ ဘာပဲလုပ်လုပ် တိန်းလိန်ကို ခေါင်းခံခိုင်းမယ်။ မင်းတို့က ငါ့ကို သစ္စာမဖောက်ဖို့ဘဲ အရေးကြီးတယ်။

မောင်ကာလုံ ။ ။ မင်းတြားကြီးရဲ့ သစ္စာကို အသက်နဲ့လဲပြီး ခံယူပြီးသားပါ။ မင်းတြားကြီး အနေချောင်အောင် ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်၊ စောင့်ရှောက်ပါ့မယ်။ အဲဒီဖွဲ့စည်းပုံထဲမှာ မင်းတြားကြီးရဲ့ အသက်ဘူး ထည့်ထားတာမို့ ၂၀၀၈ ဖွဲ့စည်းပုံ မရှိရင် မင်းတြားကြီး ကံတော်ကုန်ဖို့ပဲ ရှိတယ်။ ကမ္ဘာကတောင် ပြောကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးတဲ့။ သွားလေသူ စစ်အာဏာရှင်တွေအတွက် ကာကွယ်ဖို့ လုပ်ထားတာလည်း အပြည်ပြည်ဆိုင်ရာက သိကြပါတယ်။ ဘယ်သူ ဘာပြောပြော ၁၄ နှစ်ကြာအောင် ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပြာ၊ ဉာဏ်ဝါ၊ ဉာဏ်ကာလာစုံ ကွန့်မြူးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မရှိရင် အရင်က ညစ်ထား ညှစ်ထားတဲ့ ထောက်ခံမဲတွေ၊ မဲလိမ် မဲခိုးမှုတွေနဲ့ မသမာမှုတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းကာကွယ်ဖို့လည်း ခက်ပါသေးတယ်။

.
မင်းတြားကြီး ။ ။ ဟေ့ ... ဟေ့ အဲဒါတွေ ထုတ်မပြောနဲ့၊ အနားမှာ မီဒီယာတွေ ရှိတယ်။ သူတို့က ကလောင်စွမ်းထက်တယ်နော်။ အရင်က ကိစ္စတွေရှိစေတော့ ... ရှိစေတော့၊ ခုကိစ္စကိုပဲ ပြော၊ တိုင်းပြည်မှာ ဘာဖြစ်နေကြလဲ။

မောင်ကာလုံ ။ ။ မှန်လှပါ၊ တိုင်းပြည်မှာတော့ လယ်သိမ်းယာသိမ်းမှုတွေ များများလာလို့ လယ်သမားတွေ ဒုက္ခရောက်နေကြတယ်၊ တချို့ လယ်ယာမြေတွေကို စီမံကိန်းအကြောင်းပြပြီး ကုမ္ပဏီပိုင်ရှင် သူဌေးတွေနဲ့ ပေါင်းလုပ် ပေါင်းစား လုပ်နေတာတွေလည်း ဖုံးမရ ဖိမရ ပေါ်ကုန်ပါပြီ။ မင်းတြားကြီးပဲ ပြောခဲ့တာ ပေါင်းစားရင် အရိုးမစူးဘူးဆို ...။

မင်းတြားကြီး ။ ။ ဟဲ့ ... အဲဒါက ငါးသလောက်ပေါင်းကို ပေါင်းစားတာ ပြောတာ။ သူဌေးတွေနဲ့ ပေါင်းတိုင်း မကောင်းဘူးကွ။ သူတို့က ခုဆို တ၀က်ရမှ ပေါင်းချင်ကြတာ။ ငါတို့ကလည်း အကုန်နီးပါး လိုချင်တာလေ။ မွေးစားသား နှစ်ယောက်တောင် ခပ်ကန်ကန် ဖြစ်နေကြပြီ။ လေထနဲ့ ဂေါ်ဂေါ်တို့နှစ်ယောက် မလာကြပါလား။

မောင်ကာလုံ ။ ။ လာကြပါတယ်၊ ဒါပေမယ့် အမေစုနား ကပ်ဖားကြဖို့ အချိန်တွေ ပေးနေရလို့ပါ။ မင်းတြားကြီးရဲ့ သမီးတော်တွေတောင် အဆီခန်းစ ပြုနေပါပြီ။ အရင်ကလို ၀၀လင်လင် မစားရတော့ဘူးဆိုတော့ စည်းစိမ်ပြုတ်ပြီး အဆီမရစ်နိုင်တော့ဘူးလေ။ အရင်တုန်းက မင်းတြားကြီး တိုင်းခန်းလှည့်ရင် သက်ဆိုင်ရာ မြို့ရွာတွေကို တာဝန်ယူရတဲ့ တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက သူတို့ ယူသမျှ လိုက်ရှင်းကြရတာ။ မန္တလေးမှာဆို တိုင်းမှူးက ချက်ချင်း မရှင်းနိုင်လို့ သမီးတော်တွေ လာတယ်ကြားရင် ရွှေဆိုင်တွေ ပိတ်ထားကြတယ်ဆိုပဲ။ တော်တော်ပဲ မျိုးချစ်စိတ်မရှိတဲ့ ဆိုင်ရှင်တွေ၊ မင်းတြားကြီးရဲ့ သမီးတော်တွေ စီးပွားဖြစ်ယူကြတာကို မုဒိတာမပွားနိုင်ဘူး။ တခါလာမှ သိန်းရာချီ ယူတာကိုများ - ဒါလေးများ ... ဒါလေးများလို့ သီချင်းဆိုကြပေါ့နော်။

မင်းတြားကြီး ။ ။ ငါ့ရဲ့သမီးတွေကလည်း လွန်ပါတယ်။ စိန်ဆိုစိန်၊ ဂိန်ဆိုဂိန်၊ စိန်စီတဲ့ည၊ စိန်စီတဲ့ မင်္ဂလာပွဲ၊ စိန်တွေနဲ့ လည်ပင်းအစ်နေကြတာတောင် မက်ကြတုန်း။ ငါကိုယ်တော် နိုင်ငံခြားသွားရင်လည်း သမီးတွေ၊ မြေးတွေ၊ ဆွေတော်မျိုးတော်တွေနဲ့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း သွားကြတာ။ တိုင်းပြည်ဘဏ္ဍာ ဘယ်လောက်ကုန်ကုန်၊ ကြွေးတွေ ဘယ်လောက်တင်တင်၊ နောက်ကိစ္စ တိန်းလိန် တာဝန် ယူလိမ့်မယ်၊ အရေးကြီးတာက ငါ့သား၊ ငါ့သမီး၊ ငါ့မြေး၊ ငါ့ဆွေမျိုးတွေ ကောင်းစားဖို့က အဓိကပဲ။

မောင်ကာလုံ ။ ။ ဆင်ခြင်တော်မူပါ၊ တိုင်းပြည်မှာလည်း ကျန်းမာရေး၊ ပညာရေးအတွက် ငွေနည်းနည်းပဲ ချပေးပြီး၊ ကာကွယ်ရေးအတွက် ကျူးကျော်စစ်မတိုက်ရပဲ မတရား ပိုယူလို့ ပူညံညံ ဖြစ်နေပါပြီ။ ဆင်ဆင်ခြင်ခြင်နဲ့ ထင်ရာမလုပ်ဖို့ လျှောက်တင်ပါတယ်။

မင်းတြားကြီး ။ ။ သယ် ... ငါကိုယ်တော်မြတ်ကို ဆရာလာမလုပ်နဲ့။ ငါထင်ရာ လုပ်ခဲ့တာ ၂၃ နှစ်ကျော်ပြီ။ မသေခင် ရိက္ခာယူရမှာပဲ ... ဟဲ ဟဲ ဟဲ၊ ကဲ ကဲ တိုင်းပြည်က ငါ့ကို ဘာပြောကြသေးလဲ။ မောင်မင်း သိသလောက် ပြောစမ်း။

မောင်ကာလုံ ။ ။ အများက ပြောကြတာက မင်းတြားကြီး အာဏာမက်နေတုန်းလားတဲ့။ နှစ် ၂၀ ကျော် တိုင်းပြည်ဘဏ္ဍာတွေ သယံဇာတတွေ ထင်သလိုသုံး ထင်သလိုဘုံး၊ စာရင်းမရှိ အင်းမရှိ၊ လုပ်ချင်တိုင်း လုပ်နေကြတာ မမှန်မကန်မှုတွေကို ပြည်သူတွေက သိနေကြလို့ တော်ပါတော့ တန်ပါတော့လို့ ပြောနေကြတာတွေဟာ နားမဆန့်အောင် ဖြစ်နေပါပြီ။

မင်းတြားကြီး ။ ။ ဟုတ်ပါ့မလား မောင်ကာလုံရဲ့။

မောင်ကာလုံ ။ ။ ဟုတ်ပ ... ဟုတ်ပ၊ ဒီထက်ပိုသေး ...။

စိန်သံလုံး

(ဆရာ စိန်သံလုံး ၏ ပြောင်မြောက်လှသော သရော်စာ ကို ဒေါက်တာလွဏ်းဆွေ ဘလော့ http://drlunswe.blogspot.de/2012/04/blog-post_6857.html မှ ကူးယူ ဖော်ပြပါသည်။)

°
ဟုတ်ပါ့မလား မောင်ကာလုံရဲ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး

စိန်သံလုံး

April 23, 2012

ဟိုးရှေးရှေးတုန်းက မဟုတ်ပါ။ ယနေ့ခေတ် ယခုခေတ် တခါတုန်းက ဖြစ်ပါသည်။

ဘ၀ရှင်မင်းတြားကြီးနှင့် သူ့သားတပည့် အမတ်ကြီး မောင်ကာလုံတို့ အပြန်အလှန် ဆွေးနွေးမှုများကို ပလ္လင်ပေါ်က ဆင်း၍ သလွန်ညောင်စောင်းပေါ်တွင် ပက်လက်ကလေး လှဲလျောင်းနေသည့် မြင်ကွင်းတခုအဖြစ် မျက်စိထဲတွင် မြင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

(Credit - ဒေါက်တာလွဏ်းဆွေ)

>

http://drlunswe.blogspot.de/2012/04/blog-post_6857.html

(
ဧပြီလ ၂၃၊ ၂၀၁၂ )

ဂျပန်နိုင်ငံသို့ ငါးရက်တာ ခရီး ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောစကားကို သတင်းလွဲမှား ဖော်ပြခဲ့သည့် ကျိုဒို သတင်းဌာနက မကြာမီ ပြင်ဆင်ချက် ထည့်ပေးသွားရန် ရှိကြောင်း သမ္မတ၏ ခရီးစဉ်တစ်လျှောက် လိုက်ပါနေသူ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ၎င်း၏ ကိုယ်ပိုင် facebook စာမျက်နှာတွင် ယနေ့ ညနေပိုင်းက ဖော်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်မလာတာ သူ့ရဲ့သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်စကားပြန် မှတစ်ဆင့် ဖြေကြားခဲ့သည်။ ထိုအဖြေမှာ အပြည့်အစုံ ဖြစ်ပြီး NLD ပါတီက တောင်းဆိုထားသည့် ကတိပြုချက် စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ် မရှိဟု မဖြေဆိုခဲ့ကြောင်း၊ သတင်းဌာနများ၏ မှားယွင်း ဖော်ပြမှုသာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက သူ၏ Facebook စာမျက်နှာတွင် အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြထားသည်။

တိုကျိုတွင် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည် မည်သည့်အချိန်၌ လွှတ်တော် တက်ရောက် နိုင်မည်နည်း ဟူသော မေးမြန်းချက်ကို သမ္မတက ဖြေကြားရာတွင် “အခြေခံဥပဒေကို ပြင်ဆင်ရန် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်မလာတာ သူ့ရဲ့သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်” ဟု ဖြေကြားကြောင်း ကျိုဒို သတင်းဌာန၏ ရေးသားထားမှုသည် လွဲမှား ရေးသားမှု ဖြစ်ကြောင်းနှင့် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တည်ဆောက်ထားသည့် ယုံကြည်မှုကို ထိခိုက် စေကြောင်း ၎င်းက ဆက်လက် ရေးသားထားသည်။

အဆိုပါ သတင်းကို ကမ္ဘာ့ သတင်းဌာနကြီးများ ဖြစ်သည့် ရိုက်တာ၊ အေအက်ဖ်ပီ တိုတွင် ဖော်ပြကြပြီး ပြည်တွင်း သတင်း မီဒီယာအချို့၏ အွန်လိုင်း သတင်းများတွင်လည်း ဘာသာပြန် သတင်းအဖြစ် ဖော်ပြခဲ့ရာ မြန်မာ နိုင်ငံသားများစုက သမ္မတ၏ ပြောဆိုမှုနှင့် ပတ်သက်၍ အံ့အားသင့်လျှက် ရှိကြသည်။

သမ္မတသည် ယနေ့ညနေပိုင်းက ကျိုတို သတင်းဌာနနှင့် မြန်မာနိုင်ငံတွင် ဌာနခွဲ ဖွင့်လှစ်ရေးအတွက် ဆွေးနွေးစဉ် ယင်းသတင်း မှားယွင်းသည့်ကိစ္စကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ကျိုဒို သတင်းဌာန အကြီးအကဲ Ishikawa satoshiက ကျိုဒို သတင်းဌာန အနေဖြင့် မကြာမီ ပြင်ဆင်ဖော်ပြ ပေးပါမည်ဟု ပြောကြား သွားကြောင်း အဆိုပါ တာဝန်ရှိသူက သူ၏ Facebook စာမျက်နှာတွင် အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြထားသည်။

The Voice Weekly

(Credit - Dawnmanhon)

#
Ko Myint Myat
ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များေ လ့ လာဆန်းစစ်ရေးကော်မတီ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဥပဒေအကြံပေးဦးသန်းမောင် က“ အခြေခံဥပဒေမှာ ဘယ်ဟာကိုတော့ ပြင်လို့ မရဘူး ဘယ်ဟာကိုတော့ပြင်လို့ရတယ်မခွဲထားပါဘူး မသင့်လျှော်ရင်ပြင်လို့ရတယ် ဒါပေမယ့် နို...င်ငံရေးဘက်ကမကြည့်ဘဲ ဥပဒေကြောင်းအရပဲ ကြည့်ရင် ဒီစာသားကိုပြောင်းဖို့ အားလုံးကဆန္ဒရှိရင်တောင် လုပ်ထုံးလုပ်နည်းတွေရှိပါတယ် ၊ အကြမ်းပြောရင်တောင် ဥပဒေအဖြစ်အရင်တင်ရမယ် နောက်ပြည်ထောင်စုလွှတ်တော်မှာတင်ရမယ်၊ လွှတ်တော်ကိုယ်စားလှယ် ၂၀% ထောက်ခံမှ ဒီကိစ္စကိုလွှတ်တော်ထဲမှာဆွေးနွေးလို့ရမှာ ဆွေးနွေးပြီးရင်တောင် မပြီးသေးဘူး နောက်ပြည်ထောင်စုလွှတ်တော်မှာပဲ ကိုစားလှယ်၇၅% ကထောက်ခံမှ ပြင်လို့ရမှာ အရင်ပြင်ခဲ့တယ်ဆိုတာက နည်းဥပဒေကိုပြင်တာ အခြေခံဥပဒေမဟုတ်ဘူး ဒီကိစ္စတွေ က ဥပဒေကြောင်း ကိစ္စဖြစ်နေတဲ့အတွက် ပြင်လို့မရဘူးမဟုတ်ဘူး ရပါတယ် ဒီနည်းလမ်းအတိုင်းပဲ ပြင်မှ ရမှာပါ တစ်ခြားနည်းမရှိပါဘူး”ဟု ယနေ့ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

http://www.facebook.com/photo.php?fbid=342081115853207&set=a.127115844016403.19409.127099574018030&type=1See more
34 minutes ago via Mobile · LikeUnlike
#
Nge Naing
် ဘယ်နည်းနဲ့ပဲ ပြင်ပြင် ပြင်ချင်ရင် လွယ်ပါတယ်၊ မြန်မြန်ပြင်လေ တိုင်းပြည်အတွက် ထိရောက်တဲ့ ပြောင်းလဲမှုတွေကို မြန်မြန် လုပ်နိုင်လေပဲ။ မပြင်ဘဲ ကန့်လန့်ခံနေမယ်ဆိုရင်တော့ သံသယတွေက ပိုလာပြီး နောက်ပြန်ဆုတ်သွားစရာအကြောင်းကို ဖန်တီးပေးသလို ဖြစ်သွားလ...ိမ့်မယ်။ တိုင်းပြည် ကောင်းကျိုးကို တကယ်လိုလားတယ်ဆိုရင် အခုလောက်ထိ တည်ဆောက်ထားပြီးမှ အဲလို အဖြစ်ခံမလား။ နိုင်ငံရေးနဲ့ အကျဉ်းကျထားသူတွေ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုတဲ့ ဥပဒေမျိုးကိုတောင် ပြင်ခဲ့လို့ ဇေယျာသော်တို့လို အကျဉ်းကျဖူးသူတွေ ရွေးကောက်ပွဲဝင်နိုင်ခဲ့လို့ လွှတ်တော်အမတ်တွေ ဖြစ်လာခဲ့ပြီ။ ဒီဖွဲ့စည်းပုံကြီး ပေါ်လာတာကိုက တကယ် ဖွဲ့စည်းပုံတခုရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာသင့်တဲ့ စံချိန်စံညွန်းအတိအကျ လိုက်နာပြီး ပေါ်လာခဲ့တာ မဟုတ်လို့ အခုလိုတွေ ညှိနှိုင်းရတာတွေ ဖြစ်လာခဲ့တယ်။ အခုဒီနေရာမှာကျမှ ဥပဒေအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်းဆိုပြီး လာကပ်ပြီး တင်းမာနေလို့ အျကျိုးမရှိနိုင်ါဘူး။ ပြေလည်အောင် ညှိနှိုင်းရမည့်ကိစ္စသာ ဖြစ်တယ်။See more
16 minutes ago · LikeUnlike
#
Ko Myint Myat ခပ်လွယ်လွယ်ပြင်ပေးရင် လွှတ်တော်ဆိုတာ ပေါတောတောကြီးဖြစ်သွားမယ်လို့ ထင်ပါတယ်။ (ဘယ်သူရေးထားတာကို ဖတ်မိတာလဲတော့မမှတ်တော့ဘူး၊ အဲဒီအဓိပ္ပါယ်နဲ့ ခပ်ဆင်ဆင်ပါပဲ)
12 minutes ago · LikeUnlike
#
Ko Myint Myat လောလောဆယ်မှာ ဒီလိုဖြစ်နေတာကိုတော့ အဲ့ဒီအတိုင်းလက်ခံရမှာပဲလေ.... အဲ့ဒါကို တဖြည်းဖြည်းပြောင်းလဲဖို့က NLD ရဲ့ တာဝန်ပါ။
8 minutes ago · LikeUnlike
#
Nge Naing လွယ်လွယ်ကူကူပဲပြင်ပြင် ခက်ခက်ခဲခဲပဲ ပြင်ပြင တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့လိုတယ်ဆိုတာကို လက်ရှိအစိုးရက ၀န်ခံထားပြီး ဖြစ်လို့ တကယ်ပြုပြင်ပြောင်းလဲချင်တဲ့ဆန္ဒ တကယ်ရှိရင် ဒါကိုတော့ လိုက်လျောရမှာ ဖြစ်တယ်။ ပို့စ်ထဲက ဥပမာအတိုင်းပဲ လမ်းပြင်ဖို့ဝင်လာသူကို လမ်းမပြင်ဖို့ သစ္စာဆိုခိုင်းတာ အဓိပ္ပါယ်ကင်းမဲ့နေပါတယ်။ ဒီအချက်ကို လက်မခံလို့ NLD က ၂၀၁၀ မှာ ရွေေးကာက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အခု ၀င်တော့မည့်ဆဲဆဲမှာမှ လိုက်ကပ်နေရင် ကပ်နေသူရဲ့တာဝန်သာ ဖြစ်တယ်

http://www.facebook.com/photo.php?fbid=419198761423641&set=at.346700312006820.94534.100000005624991.1368499408&type=1#!/notes/nge-naing/nld-%E1%80%9B%E1%80%95%E1%80%B9%E1%80%90%E1%80%8A%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9-%E1%80%98%E1%80%AC%E1%80%99%E1%80%BD%E1%80%99%E1%80%99%E1%80%BD%E1%80%AC%E1%80%B8%E1%80%95%E1%80%AB/401041546582768 မှ

nge naing
u worship her personal,like whatever Kyaw Hein do,all right.When she against the election,u say right.when she join the election,u say right.U need to use ur own brain.

Anonymous ရေ ဘယ်သူ ဘာအလုပ်ပဲလုပ်လုပ် ဘာကြောင့်လုပ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ Reason နဲ့ လုပ်တဲ့အလုပ်ရဲ့ Outcome က အများပြည်သူအတွက် အကျိုးရှိရင် ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး ဘယ်သူလုပ်လုပ် လက်ခံတယ်။ ဦးသိန်းစိန် လုပ်လည်း လက်ခံတယ်။ ကျွန်မ ခပ်ငယ်ငယ် အသက် ၂၀ ပတ်ဝန်းကျင်က ပုဂ္ဂိုလ်ရေး ယုံကြည်မှုနဲ့ ခေါင်းဆောင်တဦးကို အခုရှင်ပြောသလို ယုံကြည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအမှားကြောင့် နောက်ထပ် ဘယ်တော့မှ အလားတူ ထပ်မှားစရာ မရှိလောက်အောင် ဘ၀သင်္ခန်းစာ ရခဲ့လို့ နောက်ထပ်ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးစားမှုနဲ့ လက်မခံတော့တာ အနှစ် ၂၀ တောင်ကျော်နေပါပြီင်္။ လူတယောက်ဘာလုပ်တယ်ဆိုတာ အများအတွက် ဘယ်လောက်အထိ အကျိုးရှိတယ်ဆိုတဲ့ လုပ်ရပ်နဲ့ အရည်အချင်းကို ကြည့်ပြီးပဲ ဆုံးဖြတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့ အခုကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓမြတ်စွာဘုရားကိုတောင် Reasonable အခြေအမြစ် မရှိဘဲ မိဘကိုးကွယ်လို့ဆိုပြီး လက်ခံခဲ့တာ မဟုတ်ဘူး။ တခြားဘယ်အရာမဆို လက်ခံထားတာ မှန်သမျှလည်း ဘလိုင်းကြီး လက်ခံတာ ဘာတခုမှမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်တွေကို လက်ခံတာ ပုဂ္ဂိုလ်ရေးကြောင့်မဟုတ်ဘူး လုပ်ရပ်ကြောင့်သာ ဖြစ်တယ်။ အဲဒီလုပ်ရပ်ရဲ့ နောက်ဆက်တွဲ Outcome ကို ဥာဏ်မီသလောက် တွေးပြီး လက်ခံတယ်။ ဒီလောက်ဆို ရှင်းမယ်ထင်တယ်။

when she against election,u agree.when she join the election,u agree.why?

(
"NLD ရပ်တည်ချက် ဘာမှမမှားပါ" ဆောင်းပါး ထဲမှာ - )

"NLD က သူ့ရပ်တည်ချက်ကို သူ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး သူ့လမ်း သူ မှန်မှန် လျှောက်နေတာသာ ဖြစ်ပြီး သူ လျှောက်နေတဲ့ လမ်းကြောင်းကနေ ဘာမှ မှားယွင်း တိမ်းချော်နေတာ မတွေ့ရဘူး။

NLD သွားနေတဲ့လမ်းဟာ တချို့လူတွေထင်သလို ဦးသိန်းစိန် အလိုကို လိုက်ပြီး စစ်ကျွန်စနစ်ကို ကျားကန်ပေးနေခြင်း မဟုတ်ဘူး။"

လို့ မငယ်နိုင် ရေးထားတာတွေဟာ အမှန်တရားတွေပါ။

.
"NLD ရပ်တည်ချက် ဘာမှမမှားပါ" ဆောင်းပါး အပေါ်မှာ Ko Myint Myat နဲ့ မငယ်နိုင် အပြန်အလှန် ဆွေးနွေးထားတာတွေကို အောက်မှာ တင်ပေးလိုက်ပါတယ်။

.
Ko Myint Myat -
ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီ ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဥပဒေအကြံပေး ဦးသန်းမောင် က "အခြေခံဥပဒေမှာ `ဘယ်ဟာကိုတော့ ပြင်လို့ မရဘူး၊ ဘယ်ဟာကိုတော့ ပြင်လို့ ရတယ်´ ဆိုပြီး မခွဲထားပါဘူး။ မသင့်လျော်ရင် ပြင်လို့ ရတယ်။ ဒါပေမယ့် နိုင်ငံရေးဘက်က မကြည့်ဘဲ ဥပဒေကြောင်းအရပဲ ကြည့်ရင် ဒီစာသားကို ပြောင်းဖို့ အားလုံးက ဆန္ဒရှိရင်တောင် ဒီအတိုင်း ပြင်လို့ မရပါဘူး၊ ဥပဒေ ပြင်ဆင်ရာမှာ လိုက်နာကျင့်သုံးရမယ်လို့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အကြမ်း ပြောရင်တောင် ဥပဒေအဖြစ် အရင် တင်ရမယ်။ နောက် ပြည်ထောင်စုလွှတ်တော်မှာ တင်ရမယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၀% ထောက်ခံမှ ဒီကိစ္စကို လွှတ်တော်ထဲမှာ ဆွေးနွေးလို့ ရမှာ။ ဆွေးနွေးပြီးရင်တောင် မပြီးသေးဘူး။ နောက် ပြည်ထောင်စုလွှတ်တော်မှာပဲ ကိုယ်စားလှယ် ၇၅% က ထောက်ခံမှ ပြင်လို့ ရမှာ။ အရင် ပြင်ခဲ့တယ် ဆိုတာက နည်းဥပဒေကိုပြင်တာ အခြေခံဥပဒေ မဟုတ်ဘူး။ ဒီကိစ္စတွေက ဥပဒေကြောင်း ကိစ္စ ဖြစ်နေတဲ့အတွက် ပြင်လို့မရဘူး မဟုတ်ဘူး၊ ရပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းအတိုင်းပဲ ပြင်မှ ရမှာပါ။ တစ်ခြားနည်း မရှိပါဘူး" ဟု ယနေ့ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

http://www.facebook.com/photo.php?fbid=342081115853207&set=a.127115844016403.19409.127099574018030&type=1

.
Nge Naing -
် ဥပဒေကို ဘယ်နည်းနဲ့ပဲ ပြင်ပြင် ပြင်ချင်ရင် လွယ်ပါတယ်။ မြန်မြန်ပြင်လေ၊ တိုင်းပြည်အတွက် ထိရောက်တဲ့ ပြောင်းလဲမှုတွေကို မြန်မြန် လုပ်နိုင်လေပဲ။ ဥပဒေကို မပြင်ဘဲ ကန့်လန့်ခံနေမယ် ဆိုရင်တော့ သံသယတွေက ပိုလာပြီး နောက်ပြန်ဆုတ်သွားစရာ အကြောင်းကို ဖန်တီးပေးသလို ဖြစ်သွားလိမ့်မယ်။ တိုင်းပြည် ကောင်းကျိုးကို တကယ် လိုလားတယ် ဆိုရင် အခုလောက်ထိ တည်ဆောက်ထားပြီးမှ အဲလို အဖြစ်ခံမလား။ နိုင်ငံရေးနဲ့ အကျဉ်းကျထားသူတွေ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိဘူး ဆိုတဲ့ ဥပဒေမျိုးကိုတောင် ပြင်ခဲ့လို့ ဇေယျာသော်တို့လို အကျဉ်းကျဖူးသူတွေ ရွေးကောက်ပွဲ ၀င်နိုင်ခဲ့လို့ လွှတ်တော်အမတ်တွေ ဖြစ်လာခဲ့ပြီ။ ဒီဖွဲ့စည်းပုံကြီး ပေါ်လာတာကိုက တကယ် ဖွဲ့စည်းပုံတခုရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း လိုက်နာသင့်တဲ့ စံချိန်စံညွန်း အတိအကျ လိုက်နာပြီး ပေါ်လာခဲ့တာ မဟုတ်လို့ အခုလိုတွေ ညှိနှိုင်းရတာတွေ ဖြစ်လာခဲ့တယ်။ အခု ဒီနေရာမှာကျမှ ဥပဒေအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း ဆိုပြီး လာကပ်ပြီး တင်းမာနေလို့ အကျိုးမရှိနိုင်ပါဘူး။ ပြေလည်အောင် ညှိနှိုင်းရမည့် ကိစ္စသာ ဖြစ်တယ်။

Ko Myint Myat -
"ဥပဒေကို ခပ်လွယ်လွယ် ပြင်ပေးရင် `လွှတ်တော်´ ဆိုတာ `ပေါတောတောကြီး´ ဖြစ်သွားမယ်" လို့ ထင်ပါတယ်။ (ဘယ်သူ ရေးထားတာကို ဖတ်မိတာလဲတော့ မမှတ်တော့ဘူး၊ အဲဒီ အဓိပ္ပါယ်နဲ့ ခပ်ဆင်ဆင်ပါပဲ)

Ko Myint Myat -
လောလောဆယ်မှာ ဒီလို ဖြစ်နေတာကိုတော့ အဲ့ဒီအတိုင်း လက်ခံရမှာပဲလေ.... အဲ့ဒါကို တဖြည်းဖြည်း ပြောင်းလဲဖို့က NLD ရဲ့ တာဝန်ပါ။

.
Nge Naing -
ဥပဒေကို လွယ်လွယ်ကူကူပဲ ပြင်ပြင်၊ ခက်ခက်ခဲခဲပဲ ပြင်ပြင် တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့လိုတယ် ဆိုတာကို လက်ရှိအစိုးရက ၀န်ခံထားပြီး ဖြစ်လို့ တကယ် ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒ တကယ် ရှိရင် ဒါကိုတော့ လိုက်လျောရမှာ ဖြစ်တယ်။

ပို့စ်ထဲက ဥပမာ အတိုင်းပဲ လမ်းပြင်ဖို့ ၀င်လာသူကို လမ်းမပြင်ဖို့ သစ္စာဆိုခိုင်းတာ အဓိပ္ပါယ် ကင်းမဲ့နေပါတယ်။

ဒီအချက်ကို လက်မခံလို့ NLD က ၂၀၁၀ မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အခု ၀င်တော့မည့်ဆဲဆဲမှာမှ လိုက်ကပ်နေရင် ကပ်နေသူရဲ့ တာဝန်သာ ဖြစ်တယ်။

.
‎Nge Naing -
NLD လွှတ်တော်ထဲ ၀င်တယ် ဆိုကတည်းက "ဖွဲ့စည်းပုံမှာ ပြည်သူလူထုအတွက် အသုံးမ၀င်ဘဲ အပိုဖြစ်နေတဲ့ အချက်တွေကို ပြင်ဖို့ ၀င်တာ အဓိကတချက် ဖြစ်တယ်" ဆိုတာ အတိအလင်း ကြေညာထားပြီးဖြစ်တယ်။ နဂိုကတည်းက ပုတ်သင်ညိုလို ခေါင်းညိတ်ပြီး လွယ်လွယ်နဲ့ ရွေးကောက်ပွဲ ၀င်လာခဲ့တာ မဟုတ်တော့ မိမိ သွားလိုတဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်နေတဲ့ အချက်တွေ၊ ကာကွယ်စောင့်ရှောက်စရာ မဟုတ်လောက်တဲ့ အချက်တွေ ရှိနေတာကို သိလျက်နဲ့ မျက်စိ အသေမှိတ်ပြီး "ပြီးပြီးရော" ဆိုပြီး သစ္စာဆို ကျမ်းကျိန်လို့ မဖြစ်နိုင်ဘူး။ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်နဲ့ NLD ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်များအထဲက အပြစ်တင်ချင်နေသူတွေ အနေနဲ့ NLD လျှောက်နေတဲ့ လမ်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ တကယ်ကို လိုအပ်ပါတယ်။

Ko Myint Myat -
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကတည်းက ဒါကို လက်မခံခဲ့တာ ကျနော် သိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ခဲ့တာ ဒီအချက်တင် မဟုတ်ပဲ အခြားအချက်တွေလည်း ရှိပါသေးတယ်။ ဟိုဘက်ကလည်း ဒါကို အတည် ဖြစ်စေချင်လို့ NLD မပါပဲ ရေးဆွဲခဲ့တာပါ။ NLD ဝင်ပါလာဖို့အတွက် လှည့်ကွက် အနေနဲ့ လုပ်လိုက်တယ် ဆိုတာ ကျနော် သိပါတယ်။ လွှတ်တော်အနေနဲ့ ပြင်ပေးလိုက်တာ မဟုတ်ဘူး လို့ သိထားပါတယ်။

Moet Ei -
အစကတည်းက လွှတ်တော်ကြီးက အတည်လား ...း)

Ko Myint Myat -
တည်လို့ရသလောက် တည်ကြည့်တာပေါ့.... တည်လို့ရတဲ့နေရာ တည်ကြည့်တာပေါ့..... တည်လို့မရတဲ့ နေရာတွေမှာတော့ ပေါတောတောကြီး ဖြစ်သွားပါလိမ့်မယ်။ :)

.
Nge Naing -
သစ္စာဆိုတာ အမှန်တရားပါ။ ကိုယ်လည်း ယုံတာ မဟုတ်ဘဲ၊ ကိုယ်လည်း လုပ်မှာ မဟုတ်ဘဲနဲ့ မှားမှားကြီး ကတိ သစ္စာ သွားဆိုတဲ့ အလုပ်ကို အမှန်တရား မြတ်နိုးသူတွေ ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး။

Ko Myint Myat -
မှားတာကို သိရဲ့နဲ့ ကတိသစ္စာပဲ ဆိုမလား? ဟိုဘက်ကပဲ ပေါတောတောနဲ့ လွယ်လွယ်ကူကူ ပြင်ဆင်ပေးမလား ဆိုတဲ့ အဖြေကို စောင့်ကြည့်ကြတာပေါ့.... :)

Nge Naing -
ပြည်သူလူထု ကောင်းကျိုးအတွက် ပြင်ဆင်ပေးတာဟာ ကောင်းတာ လုပ်တာဖြစ်လို့ "ပေါတောတော" လို့ ဘယ်လိုမှ သတ်မှတ်လို့ မရပါဘူး။ NLD ကလည်း အမှားသစ္စာ ဆိုပြီး ၀င်လုပ်ရင် အမှန် ဘယ် သွား ဦးတည်တော့မလဲ၊ အမှားပဲ ဖြစ်လာတော့မှာပေါ့။ မှားမှားကြီး သစ္စာ သွားဆိုပြီး ၀င်သွားရင် သူများတွေ စွပ်စွဲနေသလို NLD ဟာ "စစ်ကျွန်စနစ်ကို အသက်သွင်းတဲ့သူ သမိုင်းတရားခံ" ဖြစ်သွားမှာ သေချာတယ်။

Nge Naing -
NLD အခုထိ လုပ်လာတာ မှားတာ တခုမှ မရှိသေးဘူး။ အမှန်တွေချည်းပဲ ရှိပါတယ်။ အခုချိန်ကျမှ အမှားကို အားပေးဖို့ မလိုဘူး။ ဒီလိုသာ သစ္စာဆိုပြီး ၀င်သွားရင် ၂၀၁၀ တုန်းကတောင် ဘာမှ သပိတ်မှောက်နေစရာ အကြောင်း မရှိပါဘူး။

.
Ko Myint Myat
လွယ်လွယ်ကူကူ ပြင်ပေးတာ မကောင်းဘူးလို့ ကျနော် မဆိုလိုချင်ပါ။ လွယ်လွယ်ကူကူ ပြင်ပေးရင် ပိုကောင်းပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်စေချင်ပါတယ်။ မရခဲ့ရင် ဘာလုပ်ကြမလဲ?

Nge Naing
ဥပဒေ ပြင်ပေးမယ် ဆိုတဲ့ သဘောတူညီမှု ရအောင် ဆွေးနွေး ညှိနှိုင်းရမယ်။ အခု လာနေတာ ဆွေးနွေးညှိနှိုင်းမှုနဲ့ လာနေပါတယ်။ ဆွေးနွေးညှိနှိုင်းရင်းနဲ့ အဖြေတခု ထွက်မှာ သေချာပါတယ်။ ပွဲပျက်အောင် လုပ်တဲ့သူက အဖျက်သမား ဖြစ်လိမ့်မယ်။

.
Nge Naing
မိမိခေါင်းဆောင်တွေကို အမှန်တရား မျက်ကွယ်ပြုပြီး ဗြောင်လိမ်ပြီး သစ္စာဆိုတဲ့ နည်းနဲ့ နိုင်ငံရေးထဲ ပေးပါစေချင်တဲ့ သူတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ ကြိုးစားပါ။ သစ္စာဆိုတာ အမှန်တရား ဖြစ်လို့ တကယ် စူးတယ်။ မှားမှားကြီး သွား သစ္စာဆိုလို့ မဖြစ်ဘူး။ ကိုမြင့်မြတ် ဟာ ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်တယ် ဆိုရင် ဒါကို အလေးအနက် ထားသင့်တယ်။ သွားအိပ်တော့မယ်၊ မနက်ဖြန် အစောကြီး ထရမယ်။ Good night!

Ko Myint Myat
ဟိုဘက်က ရွှေ့တဲ့ အကွက်တွေက အများကြီး စားပြီး အနည်းအကျဉ်းသာ ပေးကျွေးတဲ့ အကွက်တွေ ဖြစ်တာကို သတိထားမိတယ်။ နောက် ရွှေ့မယ့် အကွက်မှာလည်း ဟိုဘက်ကသာ ကောင်းမွန်တဲ့ အကွက်ကို ရွှေ့သွားနိုင်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ သူတို့ကို အထင်ကြီးလို့ မဟုတ်ပါ။ သဘောကျလို့ မဟုတ်ပါ။ ရွှေ့လာတဲ့ အကွက်တွေကို ကြည့်ပြီး သုံးသပ်ကြည့်တာပါ။

.
Ko Myint Myat -
ကျနော် ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။
ကျနော် သိထားတဲ့ သစ္စာ (အမှန်တရား) ဆိုတာ လေးခုပဲ ရှိပါတယ်။
ကျန်တာတွေကို "သစ္စာ" လို့ မခေါ်ပါဘူး တဲ့.......

အခုအချိန်မှာ ဘယ်သူမှ ကျနော်ရဲ့ခေါင်းဆောင် မဟုတ်ပါ။ ကျနော်ဟာ ပွဲကြည့်သူတစ်ယောက်၊ ပွဲအပေါ် သုံးသပ်သူတစ်ယောက်၊ ကိုယ်မြင်တာကို ဝေမျှတဲ့ သူတစ်ယောက် ("တိုက်ခိုက်တယ်" လို့ မသုံးနှုန်းချင်ပါ၊ တကယ်လည်း တိုက်ခိုက်လိုစိတ်နဲ့ ရေးခြင်း မဟုတ်ပါ) လို့သာ သဘောထားပါတယ်။

Nge Naing -
"ကျမ်းကျိန်တယ်" ဆိုတာ "ဒီအတိုင်း လုပ်ပါမယ်" လို့ သစ္စာဆိုတာပဲ မဟုတ်ဘူးလား။ ဘုရားဟောတဲ့ သစ္စာလေးပါး ထဲမှာ မပါပေမဲ့ "အမှန်" ဆိုတာ ပုထုစဉ်တွေအတွက် ပညတ်ချက်တွေအတိုင်း သတ်မှတ်နေရတာတွေ ချည်းပါပဲ။ သူ၊ ငါ၊ ယောက်ျား၊ မိန်းမ စတဲ့ ပညတ်ထားတဲ့ အချက်တွေ ရှိတယ်။ ဥပမာ မြန်မာနိုင်ငံကို "ထိုင်းနိုင်ငံ" လို့ ပြောပြီး ယောက်ျားကြီးတယောက်ကို "ဒီလူဟာ မိန်းမ" လို့ သွားပြောနေရင် အမှန် ဖြစ်ပါ့မလား။ "ဘုရားဟောတဲ့ သစ္စာလေးပါးကိုပဲ အမှန်" လို့ သတ်မှတ်တဲ့သူ ဆိုရင် အခုလို စကားဝိုင်းမျိုးမှာ ဘယ် အချိန်ဖြုန်းခံတော့မလဲ၊ သမထ ၀ိပဿနာနဲ့ပဲ အချိန်ကုန်ခံတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ် အမြင်ကို ဆွေးနွေးလို့ ပြန် ဆွေးနွေးခွင့် ရတာ ကျေးဇူးပါ။

.
Ko Myint Myat -
မငယ်နိုင်က .....
"NLD အခုထိ လုပ်လာတာ မှားတာ တခုမှ မရှိသေးဘူး၊ အမှန်တွေချည်းပဲ ရှိပါတယ်" လို့ ပြောနေပေမယ့် TIME မဂ္ဂဇင်းကတော့ ဒီနှစ်အတွက် "ကမ္ဘာ့ ဩဇာ လွှမ်းမိုးမှု အရှိဆုံး လူ ၁၀၀ စာရင်း" ( http://www.time.com/time/specials/packages/completelist/0,29569,2111975,00.html ) ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်လိုက်ပါတယ်။

အဲ့ဒါဟာ "ရွေးကောက်ပွဲ ဝင်ခဲ့လို့" လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။

Nge Naing
Time မဂ္ဂဇင်းက "ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ်အတွက် `ကမ္ဘာ့ ဩဇာ လွှမ်းမိုးမှု အရှိဆုံး လူ ၁၀၀ စာရင်း´ ထဲမှာ မထည့်တော့ဘူး" လို့ သတ်မှတ်တိုင်း ကျွန်မတို့ သတ်မှတ်စရာ မလိုပါဘူး။ Time မဂ္ဂဇင်းမှာ သူ သတ်မှတ်ထားတဲ့ စံ ရှိမှာပေါ့။ ကျွန်မတို့မှာလည်း ကျွန်မတို့ သတ်မှတ်ထားတဲ့ စံ ရှိပါတယ်။ NLD မှာ နိုင်ငံရေးအမှား ဘာမှ မတွေ့သေးဘူး။ အဲ အခုချိန်မှာ ဗြောင်လိမ်ပြီး ကျမ်းကျိန်မယ် ဆိုရင်တော့ ဒါ လူသိရှင်ကြား လိမ်ပြီး စစ်ကျွန်ဥပဒေအောက်ကို တိုးဝင်တာ ဖြစ်သွားနိုင်လို့ "အမှား" လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

.
Nge Naing
NLD မှာ နိုင်ငံရေးအမှား ဘာမှ မတွေ့သေးဘူး။ အဲ အခုချိန်မှာ ဗြောင်လိမ်ပြီး ကျမ်းကျိန်မယ် ဆိုရင်တော့ ဒါ လူသိရှင်ကြား လိမ်ပြီး စစ်ကျွန်ဥပဒေအောက်ကို တိုးဝင်တာ ဖြစ်သွားနိုင်လို့ "အမှား" လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

Ko Myint Myat
ဟုတ်ပါတယ်.... NLD ဟာ နိုင်ငံရေးအရတော့ မမှားပါဘူး။
ဒါပေမယ့် NLD ဟာ "ပရုတ်လုံးလို တဖြည်းဖြည်းနဲ့ လုံးပါးပါးခဲ့" ရပါတယ်။ အဲ့ဒါကို "ကျဆုံးမှု" လို့တော့ သတ်မှတ်လို့ရမယ်ထင်ပါတယ်။

Nge Naing
ကျွန်မတော့ အဲလို မမြင်ဘူး။ NLD ကို လူထု ဘယ်လောက် ထောက်ခံတယ် ဆိုတာ လက်တွေ့ အားလုံး မြင်တွေ့ပြီး ဖြစ်တယ်။ နေပြည်တော်လို မဲဆန္ဒနယ်မြေတွေမှာဆို တယောက်မှကို ရမယ် မထင်ထားဘူး။ အံ့သြစရာ ကောင်းလောက်အောင်တောင် နေပြည်တော်မှာ ယှဉ်ပြိုင်တဲ့ နယ်မြေတွေ အားလုံးမှာ အောင်နိုင်ခဲ့တာ NLD ကို နေပြည်တော်လို နေရာမျိုးမှာတောင် ဒီလို ထောက်ခံကြတာ တကယ် အထင်အရှားပဲ။

.
Ko Myint Myat
လူထုရဲ့ထောက်ခံမှုထက်.... ပါတီဝင်တွေရဲ့အား လျော့သွားမှာကို ကျနော့်အနေနဲ့ စိုးရိမ်မိတာပါ။ ခိုင်မာတဲ့ အင်အားတစ်ခု ဖြစ်လာဖို့ အချိန်ယူရမယ် ထင်ပါတယ်။

Nge Naing
NLD က မှန်မှန်ကန်ကန် သွားနေသရွေ့ ပါတီဝင်တွေရဲ့ အင်အား လျော့စရာ အကြောင်း ရှိမယ်မထင်ဘူး။

Ko Myint Myat
လူထုထောက်ခံမှုက ဆပ်ပြာပူပေါင်း လိုပါပဲ။ လေနဲ့ မှုတ်တာနဲ့ အကုန်လုံး ကွဲကုန်မှာပါ။ ခိုင်မာတဲ့ ပါတီဝင်အားကိုတော့ လေနဲ့ မှုတ်လို့ မရပါဘူး။ "တဖန် ပြန် အာဏာသိမ်းမှ ရမယ်" ဆိုတဲ့ အခြေအနေ ဖြစ်သွားပါလိမ့်မယ်။

Nge Naing
အဲလို လုပ်ရင် လုပ်တဲ့သူရဲ့ အပြစ်သာ ဖြစ်တယ်။ NLD ရဲ့ အပြစ် မဟုတ်ဘူး။

Ko Myint Myat
ဒီတစ်ခါတော့ ကျနော် နှုတ်ဆက်ပြီ။ မနက် ရုံးတက်ရမှာ ဆိုတော့..... ပြန်တော့မယ်... Good night ! :)

http://www.facebook.com/notes/nge-naing/nld-%E1%80%9B%E1%80%95%E1%80%B9%E1%80%90%E1%80%8A%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9-%E1%80%98%E1%80%AC%E1%80%99%E1%80%BD%E1%80%99%E1%80%99%E1%80%BD%E1%80%AC%E1%80%B8%E1%80%95%E1%80%AB/401041546582768

ဟုတ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ရွေးကောက်ပွဲဝင်တုန်းက ဘာကတိတွေပေးခဲ့သလဲဆိုတော့ ပြည်သူတွေကို အကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြုပြင်မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။ င်္ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။အဲသည်မှကျနော်တို့ ရွေးကောက်ပွဲဝင်တုန်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ကျနော်တို့ ပြုပြင်မယ်ပြောထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုလိုက်ရင်
ဘာမှ ဥပဒေရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘူး၊ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ မတည်ဘဲ ဖြစ်သွားမယ်
How about the promise 1990.NLD win and when NLD can not do for country,Daw Su said"I cant do it alone.If u want to get change,do it urself.Is that the leader speech?
Comments?

၂၀၀၈ နဲ့ ၂၀၁၀ တုန်းက ဆန့်ကျင်ခဲ့တယ်...
အခု ၂၀၁၂မှာဗြုံးဆိုပြီးတော့ ရွေးကောက်ပွဲ
ထ၀င်တယ်....အစိုးရက ဥပဒေတွေကို NLD တောင်းဆိုတဲ့အတိုင်းပြင်ပေးခဲ့လို့ဝင်တာလား
NLD ဘာပဲလုပ်လုပ်
မျက်စီမှိတ်ပြီးထောက်ခံနေကြတာလား?
Criticism ဝေဖန်ထောက်ပြတာတွေ မရှိဘူးလား
လုပ်ခွင့်မရှိတာလား........
ပြည်သူကို ရှင်းပြသင့်တာတွေရှင်းဖို့ NLD မှာ တာဝန်ရှိတယ်..အထူးသဖြင့်
တိုNLDအနေနဲ no Vote ကိုတက်ကြွစွာဆောင်ရွက်ခဲ့လို့
ကြံ့ဖွံ့ကိုထောက်ခဲမဲပိုရစေခဲ့တာတွေကိုရှင်းပါ.
comments?

ဟံသာဝတီဦးဝင်းတင်
ဒါကတော့ တို့လည်း သိပ်မသိဘူး။ သူက သူသိတဲ့ အမြင်နဲ့ သူပြောတာပဲ။ ပြောင်းနေတယ်ဆိုတာ သူပဲ သိတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ဦးသိန်းစိန်တို့နဲ့ တွေ့ကြ ဆုံကြတာကိုး။ တို့တော့ သိပ်မသိလှဘူး။
အန်တီလုပ်တာ အန်တီတာဝန်ယူတယ်။ အန်တီမှားရင်အန်တီခံမယ်။)She said nothing to even EC.Is that the Democracy?
We vote her 1990 to get change but when she can not do she said..အပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်။
what kind of leader?American people voted Obama for the country economy to go up.When he became president...he didnt say If u want to go up the country economy,do it urself.I cant do it alone.What u also do for country.

NLD ၇ပ်တည်ချက် ဘာမှ မမှားပါ
ဆိုတဲ့ ဆွေးနွေးမှု ကျနော်လဲ အဲ့လိုဘဲ ခံစားမိပါတယ်

ခွန်မျိုးချစ်

လွတ်တော်တက်ပြီး ပြည်သူအတွက်အလုပ်အမြန်လုပ်ပေးရမဲ့ ဒီလိုနောက်ကျနေတဲ့အချိန်မှာ လွတ်တော်မတက်တာဟာအလုပ်မလုပ်ချင်လို့ပဲ၊ဒီလိုဆိုအရင်ကတဲကရွေးကောက်ပွဲ မဝင်ပါနဲ့လား၊မှားပါတယ် ကိုNLDရယ် မဲပေးမိတာ

လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်.. ဒင်းတိုရဲ့ သဘောသဘာဝပဲ...

လောလောဆယ်တော့ အဖွဲ့ချုပ် လွှတ်တော် တက်ရေး မတက်ရေး သတင်းအခြေအနေတွေ လိုက်လံမေးမြန်း စုံစမ်း၊ ကိုယ့်ထက်နားလည်တဲ့ တတ်ကျွမ်းတဲ့သူတွေ ရေးသားနေတာတွေပဲ လိုက်ဖတ်ဖြစ်၊ နားထောင်ဖြစ်နေပါတယ်...။ မြင်နေမိတာကတော့ ၂၀၁၂ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီ ခွက်ခွက်လန် ရှုံးတော့ ဘယ်သူကြောင့် ဘယ်ဝါ့ကြောင့် မီဒီယာအားနည်းလို့ ကြောင့် ဘာကြောင့်၊ ညာကြောင့် အကြောင်းပေါင်းစုံကို ဖြေရှင်းလိုက်ရတာအမောပေါ့။ ယခုထက်ထိ မိမိအခြေအနေမှန်ကို မသုံးသပ် နိုင်သေးတာကတော့ မြင်တဲ့အတိုင်းပေါ့။ အဖွဲ့ချုပ် လွှတ်တော်တတ်နိုင်ရေး အတွက် မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာလည်း ကြံ့ဖွံ့အမတ်တွေ ငါ့စကားနွားရ အငြိုးအတေး ကြီးစွာ ပြောဆို ချေပနေတာကတော့ ကစားပွဲမှာ ရှုံးတဲ့ ကလေးတွေလို ရှုံးမဲမဲနေတာကို ကြည့်နေရသလိုပါပဲ။

မှတ်မိကြဦးမှာပါ.. ယခုနှစ် လွတ်လပ်ရေးနေ့ အခါသမယက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုပြီး အားလုံးက မျှော်လင့်ချက်တကြီးနဲ့ စောင့်စားနေကြတဲ့ အချိန်၊ အမှတ်ယူရမယ့်အချိန်မှာ အမှတ်မယူပဲ လွတ်မပေးတော့ မြို့မေတ္တာခံယူပြီး အားလုံး မေတ္တာပို့လိုက် ကြတာ ကမ်းကုန်ပေါ့။ မြို့မေတ္တာခံယူပြီး နောက်တပတ်ကျော် အကြာမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးလိုက်ရတာပဲလေ။ ဒီလိုပဲ မြို့မေတ္တာ မခံယူရရင် စားမဝင် အိပ်မပျော်များ ဖြစ်နေသလားပဲ...။ ထိုနည်းတူ KNUက ဖဒိုမန်းငြိမ်းမောင် ကိစ္စမှာလည်း ကတိကဝက်တွေ ပေးပြီး ပြန်လွှတ်မယ် လုပ်ပြီးမှ ဖမ်းပြ နှစ်ရှည်ထောင်ဒဏ်တွေ အမိန့်တွေချပြပေါ့။ ကရင်ပြည်သူတွေ ယုံကြည်မှုတွေ ပျက်ပြယ်သွားအောင် လုပ်နေလေသလား ထင်ရအောင် ကပြအသုံးတော်ခံပြီးမှ ပြန်လွတ်ပေးလိုက်တာလည်း မှတ်မိဦးမှာပါ..။

ယခုလည်း အဖွဲ့ချုပ် လွှတ်တော် တက်ရောက်နိုင်ဖို့ စာသားပြင်ဆင်နိုင်ရေးအတွက် ပြည်သူတွေ အင်မတန်မှ မျှော်လင့်တောင့်တနေတဲ့ ဒီလိုအချိန်မှာ သဘောထားကြီးကြီးနဲ့ လုပ်ဆောင်ပြ၊ အမှတ်ယူပြမယ်ဆိုရင် မုန့်ဟင်းခါးကျွေး၊ လမ်းခင်းပေးစရာ မလိုအောင် ထောက်ခံမှုရဦးမှာပါ.. ခုတော့ ထပ်ပြီး လူထုမေတ္တာ တမင်ခံယူနေပြန် ပါရောလား။ ထို့အတူ ကြံ့ဖွံ့အမတ်တွေလည်း မီဒီယာမှာ လူကြမ်းအဖြစ် တဦးနဲ့ တဦး မရိုးရအောင် ကပြ အသုံးတော်ခံနေလေရဲ့။ နိုင်ငံတကာနဲ့ ကမ္ဘာကို ကတိကဝက်တွေ ပေးထားပြီးသားပါ...။ ရှေ့တိုးဘို့သာ လုပ်ဆောင်ရမှာပါ...။ အကြွေးတွေလည်း လျှော်ပစ်နိုင်ခဲ့ပြီလေ။ နောက်ဆုံးမှာတော့ လူကြမ်းတွေကြားမှာ သမ္မတဦးသိန်းစိန် မင်းသားအဖြစ် အကယ်ဒမီယူမယ့် အခန်းကတော့ မကြာမှီ ရောက်ရှိလာတော့မှာ မလွှဲမသေပါပဲဗျာ...။

လွမ်းခန်းတွေ ရောက်ရင် USDP မျက်ရည်ဝဲမယ်..
(မြင်တာလေးကို ရေးမိပါတယ်...)

ဒီမိုဝေယံ

မီဒီယာမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်းစာသားပြောင်းလဲပြင်ဆင်ပေးရေးနဲ့ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ…ပညာယူစရာ၊ဆင်ခြင်နိုင်စရာ၊မှတ်သားစရာတွေ မကြားရပဲ..အာဏာကိုဘယ်လောက်ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်…။ ဦးအောင်သောင်း တို့ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ…တိုင်းပြည်ရဲ့ပြသနာကို..အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ မတွေ့ရဘူး….ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့ အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိမျက်နှာပေးတွေနဲ့…..ကျမ်းသစ္စာကျိန်ဆိုခြင်းစာသားပြောင်းလဲပြင်ဆင်ရေးကိစ္စမှာ..သူတို့က အထက်စီးကရှိနေလေတဲ့ လေသံတွေနဲ့ပြောဆိုနေတာတွေ့ရတော့..အတော်စက်ဆုတ်မိတယ်ဗျာ။ မိမိ အတ္တကလွဲလို့..တိုင်းပြည်အရေးအတွက် အမျှော်အမြင်မရှိသူများအဖြစ်မှတ်တမ်းတင်ထားပါတယ်။

အမှန်တကယ်က တိုင်းပြည်ကိုပြန်လည်ဦးမော့စေချင်တဲ့ စေတနာကောင်းသာရှိမယ်ဆိုရင်…တိုင်းပြည်စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာအောင်လုပ်ဘို့လိုပါတယ်။ ဒီလိုလုပ်ဆောင်ဘို့ဆိုတာ…မိမိနိုင်ငံတံခါးကိုပိတ်ပြီး…ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်ဘို့ဆိုတာ… ဆိုရှယ်လစ်ခေတ်မဟုတ်တော့ပါ….။နိုင်ငံတကာအကူညီအများကြီးလိုပါတယ်…ကိုယ့်အားကိုယ်ကိုးပြီး တိုင်းပြည်တည်ဆောက်မယ်ဆိုတဲ့ လူတွေ လိုက်စုံစမ်းကြည့်ပါ….သူတို့သားသမီးတွေဆွေမျိုးတွေအကုန် နိုင်ငံတကာလွှတ်…သူတို့ကိုယ်တိုင်က…၀တ်ထားတဲ့အ၀တ်..စီးထားတဲ့ဘိနပ်…ကအစ နိုင်ငံခြားဖြစ်မလွတ် ပါးစပ်ဖျားစကားက လွဲလို့ ဘယ်သူမှ လက်တွေ့ကျင့်ကြံတာမရှိ…၊ ဒီတော့…သေချာအောင်ထပ်ပြောချင်တယ် နိုင်ငံတကာအကူညီလိုတယ်….တရုတ်လောက် ထိုင်းလောက်နဲ့ မြန်မာပြည်ဦးမမော့ဘူး စိတ်ချ……အထူးသဖြင့် အနောက်အုပ်စုရဲ့စီးပွားရေးရင်းနှီးမြှုတ်နှံမှု့အများအပြားလိုတယ်……။ အနောက်အုပ်စုက စီးပွားရေးရင်းနှီးမြှုတ်နှံသူတွေ မြန်မာနိုင်ငံတွင်းကို ၀င်ရောက်လာဘို့လိုတယ်…..။ဒါမှ တိုင်းပြည်စီးပွားရေး ဦးမော့မယ်….။ သူတို့ ဘယ်လိုရောက်လာနိုင်မလည်း…………….။

- လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းတွေပြေလည်အောင်ရှင်းနိုင်တဲ့အခါ

- တိုင်းပြည် ငြိမ်းချမ်းသာယာတဲ့အခါ

ဒီလောက်ယျေဘူယသဘောပြေလည်ရင်တောင်….နိုင်ငံတကာစီးပွားရေးရင်းနှီးမြှုတ်နှံသူတွေဝင် ရောက်လာနိုင်ပါတယ်……

လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းပြေလည်အောင်….လက်ရှိအစိုးရအနေနဲ့နိုင်ငံတကာရော ပြည်သူကပါ..ထောက်ခံမှု့အပြည့်အ၀ရထားတဲ့..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြေလည်ဘို့လိုပါတယ်…..ဒီလို မပြေလည်သမျှ ကာလပတ်လုံး….ဘယ်အနောက်အုပ်စု စီးပွားရေးအုပ်စုကမှ ၀င်ရောက်မလာတဲ့ အပြင်….စီးပွားရေးပိတ်စို့ထားမှု့ပွင့်လင်းလာရေးကိုလည်း..မျှော်လင့်လို့မရပါဘူး……။ တိုင်းပြည်ငြိမ်းချမ်းသာယာဘို့…တရားဥပဒေစိုးမိုးဘို့လိုပါတယ်…လက်နှက်ကိုင်တိုင်းရင်းသား ညီအစ်ကိုများနဲ့…ချစ်ကြည်ရင်းနှီးပြီး..စစ်မှန်တဲ့ ငြိမ်းချမ်းရေးရှိဘို့လိုပါတယ်…..။

ဒီအချက်ကို ပြည်သူတွေကလည်း မျှော်လင့်ကြတယ်…..သူတို့ မျှော်လင့်ချက်တွေ အကောင်ထည်ဖော်နိုင်ဘို့….ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့…အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံထောက်ခံကြတယ်….ပုံမဲပေးကြတယ်…….မဲအောင်နိုင်တယ်….ပြည်သူတွေပျော်ကြတယ်…..။ ဒီလို အပျော်တွေက မကုန်သေးခင်ပဲ….လွှတ်တော်ထဲဝင်ဘို့ ကျမ်းသစ္စာကျိန်ဆိုရေးစာသား အခက်အခဲက…လာခုနေလေတော့ ရှေ့ကို ဘယ်လိုခရီးဆက်ကြမလဲ……စဉ်းစားစရာတွေ…ရင်မောစရာတွေဒေါသထွက်စရာတွေအပြည့်နဲ့…..အမျိုးမျိုးသောဝေဖန် ချက်တွေအပြည့်နဲ့။

ဒီနေရာမှာ ပြသနာတခုက…ကျမ်းသစ္စာကျိန်ဆိုရေးစာသား ကိစ္စမှာ NLD လုပ်ရပ်မှန်တယ်ဆိုတာ ကျနော် ထောက်ပြခဲ့ပြီးပါပြီ….သို့သော် NLD အနေနဲ့ ပြောလို့မရတာတွေ…မပြောသင့်တာတွေ သူတို့မှာရှိတယ်…ဒါကဘာလို့လည်းဆိုတော့…အစိုးရနဲ့နားလည်မှု့တည်ဆောက်နေဆဲကာလ….အမျိုးသားပြန်လည် သင့်မြတ်ရေးတံခါးကိုစတင်ဖွင့်လှစ်ဆဲကာလများဆိုတော့….အပြောအဆို..အနေအထိုင် သတိထားရတယ်…အရာရာသတိထားရတယ်…အယင် NLD မဟုတ်ဘူး…..။ လူထုက တခါ..အာဏာအပ်နှင်းထားခံရတဲ့ ( Mandate power ) တရားဝင်ရထားတဲ့ ပါတီ….။နိုင်ငံတကာရော…အစိုးရရော ပြည်သူများကပါ…အချိန်ပြည့်စောင့်ကြည့်ခံနေရတဲ့ ပါတီ…။ ဒီတော့..သူတို့ရဲ့ပြုမူဆောင်ရွက်…ပြောဆိုချက်တွေဟာ…အရပ်ဆန်လို့ မရဘူး…ထင်တာတွေ…ခန့်မှန်းတွေနဲ့လျှောက်ပြောလို့မရဘူး….။ဟိုကွေ့ကို ဟိုတက်နဲ့လှော်..ဒီကွေ့ကို..ဒီတက်နဲ့လှော်လုပ်လို့မရဘူး……။ ကတိတွေကို လွယ်လွယ်ပေးလို့မရဘူး….။ ဒီအချက်တွေကိုတည်မှီပြီး….အခွင့်သာခိုက် အလစ်ချောင်းတိုက်ခိုက်ချင်သူများကလည်း…..လက်လှမ်းမှီရာ…ဒသန အတွေးအခေါ်တွေနဲ့ တိုက်ခိုက်ကြပေါ့။

သို့သော် မြန်မာ့နိုင်ငံရေးမှာ ကံကောင်းတယ်လို့ပြောနိုင်တဲ့…အစိုးရဘက်က ပြုပြင်ပြောင်းလည်းရေးကို လိုလားသူ သမ္မတ ဦးသိန်းစိန်လို…..လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလို လူမျိုးတွေ ပေါ်ပေါက်လာလေတော့…..နည်းနည်းတော့…..အနာဂါတ် ရောင်ခြည်တန်းလေးမြင်နေရပြီလားလို့တွေးမယ်ဆိုတွေးနိုင်ပါတယ် ( ဒါပေမဲ့ မသေချာသေး )။….ဒီနေရာမှာ ကျနော် ရင်ထဲ ကလိ ကလိဖြစ်နေတာရှိတယ်…..ဒါက….ဦးဋ္ဌေးဦး နဲ့ ဦးအောင်သောင်း အင်တာဗျူးကိုနားထောင်လိုက်ရတဲ့အခါ…ဘာသွားတွေ့ရသလည်းဆိုတော့…..

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တွေအပေါ် သိပ်အစာကြေချင်ပုံမရဘူး….ဦးသိန်းစိန်ကိုလည်း…အထက်လူမို့သာ…သီးခံထားရတယ်..သိပ်ကျေနပ်ချင်ပုံမရဘူး…. .ဦးဋ္ဌေးဦး ပြောတဲ့စကားတွေမှာဆို…သဘောက…ခင်ဗျားတို့ နဲ့ပြေလည်တဲ့ သမ္မတက..သူ့ပါဝါ ရှိသလောက် သူလုပ်ပေးပြီးသွားပြီ…..အခု ကျမ်းသစ္စာ ကျိန်ဆိုရေး စာသားပြောင်းလည်းပေးဘို့ ကိစ္စက သမ္မတ တယောက်ထဲ လုပ်လို့မရဘူး…..ကျုပ်တို့ လွှတ်တော်က…လုပ်ပေးမှရမှာ….ဒီအလုပ် ကျုပ်တို့ မလုပ်နိုင်ဘူး…လုပ်မပေးနိုင်ဘူး…(ဒီအဓိပ္ပါယ်သက်ဝင်နေတယ်)….နောက်တခါ…ဒီစာသားပြသနာဆိုတာ… .ဘာမှ အရေးမကြီးတဲ့ပုံစံ…( NLD ဘက်က ဘယ်လောက်ပဲ အရေးကြီးတယ် သဘောထားထား ) ပြင်ရမယ်ဆိုရင်တောင်…လွှတ်တော်မှာ အဆိုတင်…မဲခွဲ…၇၅ % စသဖြင့်ပေါ့…..လုပ်ရမှာ…အရေးမကြီးတဲ့..ကိစ္စမို့ မလိုအပ်………..။ အခြေခံဥပဒေပြုပြင်ပြောင်းလဲရမှာ ( Amandment ) ကို အလိုမရှိ……….။

ဒါဆို….ကျနော် အကြံပြုချင်တယ်…………

လူကြီးမင်းတို့ပြောသလို..စဉ်းစားတွေးခေါ်လုပ်ဆောင်နေသလို….ကျမ်းသစ္စာ ကျိန်ဆိုရေးစာသားပြောင်းလည်းပေးဘို့..ကိစ္စမှာ…ခင်ဗျားတို့လိုလူတွေ မလိုအပ်တဲ့…လွှတ်တော်လည်း ဘာမှ မလိုအပ်ပဲ လုပ်လို့ရတဲ့…သာဓက တွေ…ကမ္ဘာမှာရှိခဲ့ဘူးတယ်…ဒါကို ကျနော် ထောက်ပြမယ်……။

Informal amendment ( အခြေခံဥပဒေ၏သာမာန်အစိတ်အပိုင်းများကိုပြုပြင်ခြင်း)

နိုင်ငံတော်တော်များများက အခြေခံဥပဒေများကို လေ့လာကြည့်တဲ့အခါ…..ဘယ်နိုင်ငံမှာ ပြည့်စုံတဲ့ ဟာမရှိဘူးဆိုတာ..၀န်ခံထားကြပါတယ်…သို့သော်လည်း..တတ်နိုင်သလောက်..ပြင်ဆင်စရာမလိုအောင် ပြဋ္ဌာန်းထားတာတွေရှိပါတယ်…။ ဥပဒေတွေထဲမှာ..အားနည်းချက်တွေလည်းရှိပါတယ်..။ လုံးလုံလျှားလျှား ပြင်ဆင်ဖြည့်စွက်ဘို့ လိုအပ်လို့ပြင်ဆင်လိုက်ရတာကို ( Amendment ) လို့ခေါ်ပါတယ်….။ ဒါကတော့..အခြေခံဥပဒေထဲမှာပါရှိတဲ့…အဓိကအရာ ( Main Article )ကို ပြုပြင်ခြင်း ၊ ပြောင်းလည်းပြင်ဆင်သတ်မှတ်ခြင်း ၊ ဖျက်သိမ်းခြင်းများပဲဖြစ်ပါတယ်……။ အဓိက ( Main Article ) မဟုတ်ပဲ…အဲဒီ့ အထဲက..လိုအပ်နေတဲ့ နားလည်မူ့လွဲမှားသွားစေနိုင်တဲ့…အဓိပ္ပါယ် အမျိုးမျိုးထွက်စေနိုင်တဲ့ အချက်အလက်အချို့ကိုပြင်ဆင်ခြင်းကိုတော့ ( informal amendment ) လို့ခေါ်ပါတယ်။ အဓိက ( main article ) ကိုပြုပြင်ခြင်းအတွက်….အားလုံးသိနေကြသလို….လွှတ်တော်နှစ်ရပ် မှ ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း မှထောက်ခံ၊ လူထုကလည်း အတည်ပြု စသဖြင့် ( ဦးဋ္ဌေးဦး တို့ ဦးအောင်သောင်း တို့ ထင်နေသလို ) လိုအပ်သော်လည်း…….Informal amendment ပြင်ဆင်ခြင်းမှာတော့…ဒါတွေ မလိုအပ်ပါဘူး….။

What are the five ways that the constitution can be informally amended?

Five methods to informally amend the Constitution

1. Basic Legislation

a. Details were added by Congresses

b. Ways it interprets the Constitution and carries out its duties

2. Executive Actions

a. Presidential use of “Necessary and Expedient Clause”

b. Executive Agreement

3. Supreme Court Decisions

a. Marbury v. Madison

4. Political Parties

a. Nomination process

b. Election process

5. Custom

a. Cabinet

b. 2 terms per President

c. Presidential succession

( Link -http://dhsvideo.tripod.com/id2.html )

အထက်ဖော်ပြပါ အချက်များကတော့ အမေရိကန် အစိုးရက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ( အခြေခံဥပဒေ၏ သာမာန် အချက်အလက်များကို ပြုပြင်ခြင်း - informal amendment ) ပါ…..။ အားလုံးကို တချက်ခြင်းရှင်းပြနေရင် ပေရှည်ပြီး လိုရင်း မရောက်မှာမို့….အဓိက အချက်ကိုပဲ တင်ပြပေးပါ့မယ်…..။ အထက်မှာ ဖော်ပြခဲ့သလို…..informal amendment ကို လွှတ်တော်မှာတင်ဆွေးနွေး ၇၅ ရာခိုင်နှုန်းထောက်ခံ လုပ်စရာမလိုပဲ….သမ္မတ အခွင့်အာဏာနဲ့ လုပ်လို့ရကြောင်း…အပိုဒ် ( ၂ ) မှာ ဖော်ပြထားပါတယ်။

အမေရိကားမှာကြုံတွေ့ခဲ့ဘူးတဲ့ သာဓက ကိုတင်ပြချင်ပါတယ်….အမေရိကား ပြည်တွင်းစစ်အပြီးမှာ ကျွှန်များကို လွတ်မြောက်ခွင့်ပေးတဲ့အကြောင်း ကွန်ဂယက် ( မြန်မာပြည်လိုဆို လွှတ်တော် ) ကနေ ဥပဒေ ကျမ်းကို အတည်ပြုပြဋ္ဌာန်းလိုက်တဲ့အခါ ကျွှန်အများအပြားဟာ လွတ်မြောက်သွားခဲ့ပါတယ်…သို့သော်ပြသနာက ဘာဖြစ်သလည်းဆိုတော့…ကျွှန်အများပြားကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ကျွှန်ပိုင်ရှင်များက….ဥပဒေပါ ပြဋ္ဌာန်းချက်ရဲ့ဟာကွက်ကို ထောက်ပြီး….ကျွှန်များက မွေးဖွားလာတဲ့ သားသမီး မျိုးဆက်များကို တော့ လွတ်မြောက်ခွင့်မပြုဘူး….အဲဒီမှာတင်…အရေးပေါ်အနေနဲ့ ဗဟိုတရားရုံးချုပ်ကနေ နောက်ဆက်တွဲ ဖြစ်တဲ့

မျိုးဆက် (descendants) ဆိုတာ ထပ်မံဖြည့်တင်းပေးခဲ့ရပါတယ် လွှတ်တော် မလိုအပ်ခဲ့ပါဘူး….ဥပဒေပါ စကားလုံးများဟာ ဘယ်လောက် အရေးကြီးသလည်းဆိုတာ…မှတ်သားစရာပါ….( ဥပမာဆိုပါတော့..အဲဒီနေရာမှာ…Descendants အစား Sons and daughters ဆိုတာ ဖြည့်တင်းလိုက်ရင် ဘာဖြစ်နိုင်မလည်း….မြေးတွေ မြစ်တွေ တီတွေ တွတ်တွေ ဒုက္ခရောက်မှာပေါ့…..)အလားတူ လွှတ်တော် မလိုပဲ…ပြင်ဆင်ဖြည့်စွက်ချက်ကို ဘယ်လ်ဂျီယံ နိုင်ငံမှာလည်းကြုံခဲ့ဘူးပါတယ်။အခြား ကျနော် လေ့လာ မသိရှိသေးတဲ့ နိုင်ငံများလည်း ရှိဦးမှာပါ…..။

ကျမ်းကျိန်စာသားပြောင်းလည်းရေးကိစ္စဟာ တကယ်တော ဖွဲ့စည်းပုံအခြေခံဥပဒေ ( Main Article ) ကိုပြောင်းလည်းခြင်းမဟုတ်ပါဘူး…အစိတ်အပိုင်း ( portion ) ကိုသာပြောင်းလည်းခြင်းဖြစ်သည့်အတွက် လွှတ်တော်မှ အပြီးသတ်ဆုံးဖြတ်ပေးဘို့ မလိုအပ်ပါ….တစုံလုံးကိုပြောင်းလည်းခြင်း ( Amendment ) လုပ်ရန်မလိုပါ။

လက်ရှိမြန်မာနိုင်ငံက ဖြစ်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုရေးစာသား အပြောင်းအလည်း ကိစ္စမှာ ပထမအဆင့် အခြေခံဥပဒေ ခုံရုံး ( အခြားနိုင်ငံတွေမှာတော့ ဗဟိုတရားရုံးချုပ် )ကနေပယ်ချလိုက်ပါတယ်….သို့သော် ပြသနာမရှိ…သမ္မတ ရဲ့အခွင့်အာဏာကျန်ရှိနေပါသေးတယ်…တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်နားလည်မှု့တစုံတရာရှိမယ်…..သမ္မတဟာ တိုင်းပြည်ရဲ့အနာဂါတ်အတွက် အမျှော်အမြင်ရှိသူတယောက်ဖြစ်မယ်ဆိုရင်..စိုးရိမ်စရာမလိုလောက်ဘူးလို့ ယူဆရပါတယ်။ပြေလည်နိုင်မယ်လို့ယုံကြည်ပါတယ်။

တကယ်လို့ ဒီကိစ္စတွေ ကိုကျော်လွန်အောင်မြင်ပြီးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ..လွှတ်တော်အတွင်း လျှောလျှောရှုရှု ၀င်ရောက်နိုင်ပြီး……မိမိတို့ ရည်မှန်းချက်ပန်းတိုင်များကို အကောင်ထည်ဖော်နိုင်မည် ဆိုရင်ဖြင့်….တိုင်းပြည်တိုးတက်ရေးထက် မိမိ အတ္တ မာနများကို…ရှေ့တန်းတင်သော..ဦးအောင်သောင်း ၊ ဦးဋ္ဌေးဦးလို လူများအပါဝင်…ကြံ့ဖွတ် တယောက်တလေမှ လွှတ်တော်နား မကပ်နိုင်အောင် ၂၀၁၅ မှာ ကြိုးစားကြပါစို့။

( အားလုံးကို လေးစားစွာဖြင့် )

မောင်မောင်ဝမ်း

ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၂
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အင်န်အယ်ဒီပါတီက ကိုယ်စားလှယ် ၄၃ ဦး တခဲနက် ရွေးချယ်ခံခဲ့ရတယ်။ ဧပြီလ ၂၃ မှာ ပြန်လည်စတင်မယ့် လွှတ်တော်ညီလာခံမှာ ကိုယ်စားလှယ်သစ်များ တက်ရောက် ကျမ်းကျိန် တာဝန်ထမ်းဆောင်ဖို့ အရေးက အကြပ်အတည်းဖြစ်နေတယ်။ အခြေခံဥပဒေအလိုအရ ကျမ်းကျိန်စာသားမှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်အစား လေးစာလိုက်နာလို့ ပြောင်းလဲပြင်ဆင်ပေးရန် အနိုင်ရ အတိုက်အခံပါတီက တောင်းဆိုနေချိန်မှာ အာဏာရကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အာဏာပိုင်များက ပြင်ဆင်ပေးဖို့ကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေပါတယ်။
ဧပြီလ ၂၃ လွှတ်တော်ညီလာခံ ပြန်လည်စတင်ချိန်မှာတော့ အနိုင်ရ အင်န်အယ်ဒီအမတ်မင်းများ စတင်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ အစည်းအဝေးကို စတင်ခဲ့ကြပြီဖြစ်တာကို တွေ့ရပါတယ်။ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက် စကားလုံး အသုံးအနှုန်း ပြုပြင်ပေးဖို့ဆိုတဲ့ အကြပ်အတည်းအကြောင်းနဲ့ ပတ်သက်ပြီး မိုးမခက ဦးဝင်းတင်ကို ဧပြီလ ၂၃ ရက်နေ့ နံနက်ခင်းက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့စကားလုံးကို ဆရာတို့က ဘာဖြစ်လို့ အရေးတယူ ပြင်ဆင်ခိုင်းနေရတာလဲ။

ဖြေ။ ။ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ခံဝန်ကတိပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဲသည်အတွက် ၂၀၁၀ စက်တင်ဘာ ၁၅ မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။ အဲသည်နောက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ အဲသည်မှာ ပါတီကို တရားဝင်ဖြစ်အောင် ပြောင်းလဲစေချင်တယ်။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကို ၀င်စေချင်တယ်ဆိုပြီး ဆွေးနွေးမှုတွေ ဖြစ်လာတယ်။

မေး။ ။ ဒါက ဦးသိန်းစိန် သဘောထားလား။ အာဏာရပါတီဦးဆောင်တဲ့ လွှတ်တော်ရဲ့ သဘောထားလား။

ဖြေ။ ။ ဦးသိန်းစိန်ရဲ့ အင်န်အယ်ဒီအပေါ် သဘောထားလို့ ပြောရမယ်။ အစိုးရရဲ့သဘောထားကတော့ ရှိသမျှလူတွေ အဖွဲ့တွေအကုန်လုံး ဘာလုပ်ချင် လုပ်ချင်၊ ဘာဖြစ်ချင် ဖြစ်ချင် ပါလီမာန်ထဲ ၀င်ကြပါ။ လွှတ်တော်အတွင်းကနေ ဆောင်ရွက်ကြပါ။ တောင်းဆိုကြပါလို့ ပဲ သူတို့က အမြဲပြောခဲ့ကြတာပဲလေ။

မေး။ ။ အဲသည်အတွက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးကို အချက်ကို ပြင်ဆင်ပြီးမှ ဆရာတို့ ပါတီက မှတ်ပုံပြန်တင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ကို ပြန်လည် လုပ်ဆောင်တယ်လို့ ပြောချင်တာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲသည်တုန်းက ဦးသိန်းစိန်က ပြင်တယ်။ လွှတ်တော်ကို ပို့ပြီးတော့လည်း ဦးသိန်းစိန်က ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့အစား လေးစားလိုက်နာပါမည်ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့တယ်။ ဒါက ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ ပြင်ဆင်ပေးလိုက်တာပေါ့။ အဲဒါကြောင့် ကျနော်တို့ ရွေးကောက်ပွဲကို ၀င်ခဲတယ်။ ပြည်သူလူထုကလည်း တခဲနက် ထောက်ခံလို့လည်း ရွေးကောက်ခံခဲ့ရတယ်။

မေး။ ။ အဲသည်တော့ ဆန္ဒမဲရလဒ်တွေအရ ဆရာတို့ ကိုယ်စားလှယ်တွေ အနိုင်ရပြီ၊ လွှတ်တော်ထဲကို ၀င်ကြတော့မယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတော့မှ အဲသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်က ပြန်ပြီး အတားအဆီးဖြစ်နေပြန်တာပေါ့။

ဖြေ။ ။ ဟုတ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ရွေးကောက်ပွဲဝင်တုန်းက ဘာကတိတွေပေးခဲ့သလဲဆိုတော့ ပြည်သူတွေကို အကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြုပြင်မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။ င်္ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ ဒီ သုံးချက်နဲ့ လွှတ်တော်ကို ၀င်မယ်။ အဲသည်အတွက် လွှတ်တော်ဝင်မယ့် အမတ်တွေကိုလည်း လွှတ်တော်ဆိုင်ရာ သင်တန်းတွေတောင် ပေးနေပြီ ဖြစ်တယ်။ အဲသည်မှာ အခုအကြပ်အတည်းပေါ်လာတာပဲ။ ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ဥပဒေကို ပြင်ပေးခဲ့ပြီးပြီ။ ဒါကြောင့်လည်း ရွေးကောက်ပွဲဝင်ပြီးပြီ။ အခု လွှတ်တော်ထဲ ၀င်မယ်ဆိုတော့မှ အခြေခံဥပဒေမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသား၁၂၅ (ဇယား ၄) အရ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ စကားထပ်ပါနေတယ်။ အဲသည် ကျမ်းသစ္စာအတိုင်းသာ ဆိုပြီး လွှတ်တော်ထဲ ၀င်ရမယ်သာ ဆိုရင် ကျနော်တို့ ရွေးကောက်ပွဲဝင်တုန်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ကျနော်တို့ ပြုပြင်မယ်ပြောထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုလိုက်ရင် ဘာမှ ဥပဒေရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘူး၊ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ မတည်ဘဲ ဖြစ်သွားမယ်။

မေး။ ။ ဒါဆိုရင် ဟိုတုန်းကလိုပဲ ဆရာတို့က သမ္မတကြီးနဲ့ အစိုးရကို ပြန်လည်တင်ပြဆွေးနွေးတာတွေ လုပ်ပြီး ပြင်ဆင်မှုတွေ မလုပ်နိုင်တော့ဘူးလား။ အခုမှ ဒါက ဘယ်လိုမျိုး အကြပ်အတည်းဖြစ်ရပြန်တာလဲ။

ဖြေ။ ။ ဒီကိစ္စကိုလည်း ကျနော်တို့ဖက်က တင်ပြဆွေးနွေး အကြံပေးတာတွေ လုပ်တယ်။ ကျနော်တို့က ဘာပြောသလဲဆိုတော့ စကားလုံးတွေ ပြုပြင်ဖို့ဆိုရင် အခြေခံဥပဒေခုံရုံးကနေပြီးတော့ သိန်းစိုးခေါင်းဆောင်တဲ့ ခုံရုံးကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်ပါတယ်လို့ အကြံပြုတဲ့စာပို့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မ၀င်ခင်တုန်းက သမ္မတကြီးကိုယ်တိုင်ကနေပြီး အင်န်အယ်ဒီအတွက် အရေးယူဆောင်ရွက်တာတွေ ကိုယ်တိုင်လုပ်ခဲ့သလိုမျိုး အခုတကြိမ်မှာ သူက မလုပ်တော့ဘဲနဲ့ ခုံရုံးကို လွှဲပေးလိုက်တယ်။ အဲသည်မှာ ခုံရုံးကနေပြီးတော့ ပါတီက အတွင်းရေးမှူးအဖွဲ့ထဲက ဦးဥာဏ်ဝင်းကို ခေါ်တွေ့တယ်။ သူတို့က စကားလုံးပြုပြင်ပေးတာကို တုန့်ပြန်တာမျိုးထက် အခြေခံဥပဒေကို ပြုပြင်တာမျိုး သဘောထားတွေ ထုတ်ပြောလာတယ်။ အဲသည်အခါကျတော့ လွှတ်တော်ထဲမှာ အများစု နေရာယူထားတဲ့ ကြံ့ဖွံ့အမတ်တွေရော၊ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေရောပါ ရယူပြီးမှ ထောက်ခံမှသာ ပြင်ဆင်ရမလိုမျိုးတွေ ဖြစ်လာတယ်။

မေး။ ။ ဒါကလည်း ကြိုပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားတယ် မဟုတ်လားဆရာ။ မတ်လ ၂၇ တပ်မတော်နေ့မှာတုန်းက။ တပ်မတော်သားတွေက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြရမယ်လို့ အမှာစကားပြောထားတော့ သူတို့ဖက်က ပြုပြင်ပေးဖို့ကို လက်ခံမယ့် အနေအထား ရှိပါ့မလား။

ဖြေ။ ။ အဲသည်လို အမှာစကားတွေ ပြောထားတော့ သူတို့ဖက်ကနေပြီးတော့ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားလုံးပြုပြင်ပြောင်းလဲပေးဖို့ အနေအထား မရှိဘူးလို့ ပြောရင် ရနိုင်တာပေါ့။

မေး။ ။ ဒါဆိုရင် ဒီအကြပ်အတည်းကြီးကို ဘယ်လိုရင်ဆိုင်မှာလဲ။ ဆရာတို့က လွှတ်တော်ကို ကျောခိုင်းသွားတော့မှာလား။

ဖြေ။ ။ အဲသည်မှာ ကျနော်တို့ဖက်ကပြောနေတာကတော့ အခုအခြေအနေဟာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်နေသလို၊ ကမ္ဘာ့နိုင်ငံရေးနဲ့လည်း ပတ်သက်နေတယ်။ အခုအချိန်မှာ နိုင်ငံတကာက မြန်မာပြည်အရေးကို အကောင်းမြင်ပြီးတော့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းတာတွေ၊ လျော့ချတာတွေ၊ ဆိုင်းငံ့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ အများပြည်သူကလည်း အခြေခံဥပဒေကို ပြုပြင်မယ်ဆိုတဲ့ အင်န်အယ်ဒီပါတီကို တခဲနက်ထောက်ခံပြီးတော့ မဲဆန္ဒတွေ ပေးကြတယ်။ မျှော်လင့်အားကိုးကြတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့တကွ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ အကောင်းမြင်နေမှုတွေကို ပျက်စီးသွားအောင်၊ ယိမ်းယိုင်သွားအောင် လုပ်ရမယ့် အချိန်အခါမဟုတ်ဘူး။ ဒါကြောင့် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ စကားလုံး ပြောင်းလဲပေးဖို့ ဖြစ်လာမယ်လို့ ကျနော်တို့က ဆက်လက်မျှော်လင့်နေတယ်။ ကျနော်တို့တွေဖက်က လွှတ်တော်ကို တက်ရောက်ဖို့ အခြေအနေနဲ့ အချိန်အခါကို ပြင်ဆင်ပြီးတော့ စောင့်ကြိုနေတယ်လို့ ပြောချင်တယ်။

မေး။ ။ ဒါဆိုရင် အခြေခံဥပဒေထဲက ကျမ်းကျိန်ရမယ့် စကားရပ်ကို ပြင်ဆင်ပေးဖို့ဆိုတာက လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပေါ်မှာ မူတည်နေပြီ။ သူတို့ရဲ့ သဘောထားသာ အဓိကဖြစ်နေပြီ လို့ ပြောရတော့မှာပေါ့။ အဲသည်အချိန်တရပ်တည်းမှာပဲ တပ်မတော်က သူတို့ရဲ့ တပ်မတော်ကိုယ်စားလှယ် ၅၉ ဦးကို အဆင်မြင့်အရာရှိတွေနဲ့ အစားထိုးလဲလှယ်ခန့်အပ်လိုက်တာလဲ ဒီနေ့ လွှတ်တော်မတက်ခင် ထုတ်ပြန်လိုက်တယ်။ အင်န်အယ်ဒီဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ထဲကို ပါဝင်လာတော့မှာပဲ ဆိုပြီး တပ်မတော်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူတို့ဖက်က လှုပ်ရှားမှုတွေ ပြုလုပ်လာပြီလို့ မြင်သလား။ ဒါကကော ဘာသဘောလဲ လို့ ဆရာကထင်သလဲ။

ဖြေ။ ။ တဖက်ကကြည့်ရင်တော့ တပ်မတော်က လွှတ်တော်ထဲမှာ ရှိတဲ့သူတွေဟာ သဘောထားပျော့ပြောင်းတဲ့သူတွေရှိနေလို့ မတ်လ ၂၇ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မူဖြစ်တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲမယ့် လူတွေနဲ့ အစားထိုးလိုက်တယ်လို့လဲ ပြောချင် ပြောလို့ရတာပါပဲ။ မှန်းလို့တော့ မရပါဘူး။

မေး။ ။ ဆိုတော့ အခုတကြိမ်မှာလည်းပဲ ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီအမတ်တွေဟာ လွှတ်တော်ကို တက်ဖို့၊ တရားဝင် တာဝန်ထမ်းဆောင်ဖို့ အခြေအနေ မပေးပြန်ဘူးပေါ့။ အခွင့်အရေး မရပြန်ဘူးပေါ့။ အဲသည်လိုမျိုး ပြန်ကြည့်လိုက်ရင် အင်န်အယ်ဒီပါတီဟာ သမိုင်းတလျောက်လုံးမှာကော၊ အခုလက်ရှိအစိုးရနဲ့ ဆက်ဆံရေးတလျောက်လုံးမှာပါ အကြိမ်အကြိမ် အခါခါ အချိန်ဆွဲခံရတဲ့ အဖြစ်တွေနဲ့ အမြဲတမ်း ကြုံတွေ့နေရတယ်၊ ရင်ဆိုင်နေရတယ်လို့ ပြောရင် ရမလားဆရာ။ အချိန်ဆွဲခံရတယ်။ ဈေးဆစ်ခံရတယ်။ အလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရတယ်။ အချိန်ဆွဲခံရတိုင်းမှာ၊ ဈေးဆစ်ခံနေရတဲ့ အချိန်တိုင်းအခါတိုင်းမှာ လက်ရှိအာဏာရအစိုးရက အကျိုးအမြတ်ထွက်တယ်။ အင်န်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်မယ်၊ ပါတီမှတ်ပုံတင်မယ် ပြောလိုက်လို့ သိန်စိန်အစိုးရက အာင်္ဆီယံဥက္ကဋ္ဌဖြစ်သွားတယ်။ ဟောအခု ဧပြီ ၁ မှာ ရွေးကောက်ပွဲ နိုင်ပါတယ် ဆိုရုံ ရှိသေးတယ်၊ အရှေ့ အနောက်အုပ်စုတွေက ကြံ့ဖွံ့အစိုးရကို ပိတ်ဆို့အရေးယူထားတွေ၊ ဘာတွေကို လျော့ချတာနဲ့၊ ဆိုင်းငံ့တာနဲ့ ဘာနဲ့ ချက်ခြင်းဆိုသလို အလျင်အမြန် ဆုတွေ ပေးနေကြပြီ။ ဧပြီလတောင် မကုန်သေးဘူး။ အနိုင်ရတဲ့ ပါတီက လွှတ်တော်ထဲတောင် မရောက်သေးဘူး။ အဲသည်အချိန်မှာ စစ်အစိုးရက အဲလေ ကြံ့ဖွံ့အစိုးရက ဘာလို့ လက်နှေးနေရပြန်တာလဲ။

ဖြေ။ ။ အရင်တုန်းကတည်းက လက်ရှိအစိုးရကို အယုံအကြည်မရှိတဲ့သဘော၊ သံသယရှိတဲ့သဘော ပြောဆိုနေကြတာတွေက ရှိတာပါပဲ။ ဒါပေမယ့် ကျနော်တို့ဖက်က ယုံကြည်ချက်နဲ့ အလုပ်လုပ်ကြရတာပဲ။ အကယ်၍သာ နိုင်ငံရေးအခြေအနေတွေဟာ တိုးတက်ကောင်းမွန်တဲ့ဆီကို ဦးတည်ကြမယ်ဆိုရင် … ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြေခံဥပဒေကို လေးစားလိုက်နာဆိုတဲ့ စကားလုံးပြုပြင်မှုဆိုတဲ့ သော့ခလောက်ဖြုတ်ပေးလို့၊ တခါးတချပ်ဖွင့်ပေးလို့ ကျနော်တို့တတွေ ပါတီကို မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမယ့် လွှတ်တော်ကို ၀င်ကြမယ်လို့ လုပ်တဲ့အခါကျတော့ အဲသည်သော့ခလောက်နဲ့ပဲ ပြန်တွေ့နေရတယ်။ တခါးနောက်တချပ်နဲ့ ထပ်တိုးတယ်လို့ ပြောချင်တယ်။ ဒါတွေကြောင့် အစိုးရကို အယုံအကြည်မရှိဘူး၊ သံသယရှိတယ်လို့ ပြောနေကြတဲ့ ဝေဖန်နေကြတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ စကားတွေ ပြောဆိုချက်တွေဟာ မမှားဖူးလို့ ပြောရမလို ဖြစ်လာတယ်။ သူတို့တွေက အရေးယူပိတ်ဆို့တာတွေ ဖယ်ရှားအောင်လို့ လှည့်ဖြားနေတာဖြစ်တယ်။ အသုံးချနေတယ်လို့ပြောဆို ဝေဖန်နေကြတာတွေဟာ အတည်ပြုပေးနေသလိုတောင် ဖြစ်လာတယ်။

မေး။ ။ ဒါဆိုရင် ဆရာတို့တွေက ခုနင်က သံသယတွေ၊ မယုံကြည်မှုတွေ လက်ကိုင်ထားပြီးတော့ လက်ရှိကြံ့ဖွံ့အစိုးရကို ရင်ဆိုင်မယ်သာ ဆိုရင် အခုနှစ်ဆန်းကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှု၊ အကောင်းမြင်မှုတွေကနေ နောက်ပြန်လှည့်သလို ဖြစ်သွားမှာပေါ့ ဆရာ။

ဖြေ။ ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလက်ရှိအခြေအနေ၊ အချိန်အခါမှာ ကျနော်တို့က အဲသည်လိုတော့ သဘောမထားပါဘူး။ အခုလက်ရှိ ပြောင်းလဲမှုတွေက ပေါ်ထွန်းလာနေတဲ အခြေအနေသစ်တွေကိုပဲဆက်လက် မျှော်လင့်ချင်တယ်။ နှစ်ဖက် တင်းမာတဲ့ အနေအထားတွေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အနေအထားတွေ ပေါ်ထွန်းလာမှာကို ကျနော်တို့တွေကကော ရွေးကောက်ပွဲမှာ မျှော်လင့်တကြီး ယုံကြည်အားကိုးပြီး မဲပေးခဲ့ကြတဲ့ ပြည်သူလူုထုကြီးကပါ မလိုလားဘူး။ အကုန်လုံး ညီညီညွတ်ညွတ် မျှမျှတတ အကျိုးသင့်အကြောင်းသင့်နဲ့ အားလုံးက ဆင်ခြင်တုံတရား လက်ကိုင်ထားပြီးတော့ပဲ ရင်ဆိုင်ချင်တယ်။ ဖြေရှင်းချင်တယ်။ အခုအချိန်မှာ ကျနော်တို့ဖက်ကကော၊ ပြည်သူလူထုကြီးကပါ ဆင်ခြင်တုံတရား ရှိရှိနဲ့ ရင်ဆိုင်လိုက်တာဖြစ်တယ်။ အခုလက်ရှိမှာ ဆင်ခြင်တုံတရားရှိမရှိ ဆိုတဲ့မေးခွန်းဟာ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ဖက်ကို ရောက်သွားပြီ။ သူတို့ဆီကို ဦးတည်သွားပြီ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘယ်လောက်အထိ ဆင်ခြင်တုံတရားရှိသလဲ ဆိုတာနဲ့ ဆိုင်သွားပြီ လို့ ဆိုချင်တယ်။

မေး။ ။ ဆရာပြောချင်တာက အရင်တုန်းက အင်န်အယ်ဒီပါတီအတွက် ရွေးကောက်ပွဲကော်မရှင်က စကားရပ်တွေကို အစိုးရက ဆင်ခြင်တုံတရားအပြည့်နဲ့ ပြင်ဆင်ခဲ့ပေးပြီပြီ။ အစိုးရရဲ့ လိုအင်ဆန္ဒနဲ့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အခုအချိန်မှာလည်း အစိုးရနဲ့ လွှတ်တော်ဟာ ဆင်ခြင်တုံတရားနဲ့ပဲ ဆက်လက်ဆောင်ရွက်သင့်တယ်။ မလိုလားအပ်တဲ့ အကြပ်အတည်းကို မဖန်တီးသင့်ဘူးလို့ ပြောချင်တာပေါ့။

ဖြေ။ ။ ကျနော်တဦးချင်းအနေနဲ့ ပြောရရင် ဦးဝင်းတင်တဦးချင်းအနေနဲ့ ပြန်ပြောရရင် လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျနော်တို့ဟာ ဒီစကားလုံးအတွက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံဝန်ကတိမပြုနိုင်ဘူး၊ လက်မခံနိုင်ဘူး ဆိုပြီးတော့ ရပ်တည်ခဲ့တဲ့အတွက် ပါတီကိုတောင်မှ ဖျက်သိမ်းခံရတဲ့ အထိရောက်ခဲ့တယ်။ လူပေါင်းများစွာ ဖမ်းဆီးခြင်းခံရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ကျနော်တို့ဟာ ဆင်ခြင်တုံတရားနဲ့ ရပ်တည်ခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်တို့ကလည်း ဆင်ခြင်တုံတရားနဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေးပြီး ဖြစ်တယ်။ အခုအချိန်မှာတော့ ဆင်ခြင်တုံတရားဟာ လွှတ်တော်ထဲကို ရောက်နေပြီ။ သူတို့အပေါ်မှာ မူတည်တော့တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ဒါဆိုရင် ဆရာတို့က အခြေအနေကောင်းတွေပေါ်ထွန်းလာရင် လွှတ်တော်ကို တက်မှာပဲပေါ့။

ဖြေ။ ။ တို့ဖက်ကတော့ စိတ်ကောင်းစေတနာတွေ ရှိတယ်။ လွှတ်တော်ကို တက်မှာပါ။ ကျနော်တို့က ဘယ်လောက်အထိ တက်မယ်လို့ ပြောချင်သလဲဆိုတော့ အကယ်၍ ဒီကိစ္စဟာ တလကြာမယ်။ ၂လကြာမယ်။ ကြာသွားလို့ နောက်ဆုံး လွှတ်တော်ရုပ်သိမ်းခါနီး တရက် ၂ရက် အလိုကျမှပဲ ကျနော်တို့ကို ခွင့်ပေးမယ်၊ ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုရင်လည်း ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက တခဲနက် ထောက်ခံထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ အဲသည်အတွက် ပြည်သူ့တွေရဲ့ အလိုဆန္ဒနဲ့ အညီ ကျမ်းသစ္စာကျိန်ဆိုထိုက်တယ် လို့ ယူဆပါတယ်။

မေး။ ။ ဒါဆိုရင် ခုနင်က မေးခွန်းကို ပြန်ကောက်ရရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတာဟာ မှန်ကန်တဲ့ ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ဆိုနိုင်သလိုပဲ တဖက်ကလည်း လက်ရှိအစိုးရအပေါ်မှာ သံသယတွေရှိတာ၊ ယုံကြည်မှုမရှိနိုင်သေးတာတွေကလည်း မမှားဘူးလို့ ပြောရမလို ဖြစ်နေတာပေါ့။

ဖြေ။ ။ အဲလိုပြောရင်လည်း ရပါတယ်။

မေး။ ။ ဒါဆိုရင် အခုလက်ရှိအခြေအနေမှာ အချိန်တိုတိုအတွင်းမှာတင် အရေးယူတာတွေ၊ ပိတ်ဆို့တာတွေကို လျော့ချမယ်၊ ရပ်ဆိုင်းမယ်၊ လက်ရှိအစိုးရကို ငွေချေးမယ်၊ ငွေလျော်မယ် စသည်ဖြင့် အမြန်အဆန် ဆုံးဖြတ်ချက်ချနေကြတဲ့ အရှေ့အုပ်စု၊ အနောက်အုပ်စုက အစိုးရတွေကလည်းပဲ ဆရာပြောတဲ့ ဆင်ခြင်တုံတရားနဲ့ လက်ရှိအစိုးရကို စောင့်ကြည့်ဖို့ မလိုဘူးလားဆရာရယ်။

ဖြေ။ ။ အဲသည်လိုမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။ တလောက ဗြိတိန်ဝန်ကြီးချုပ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ အီးယူတို့ သြစတြေးလျတို့ဆိုရင် ရုတ်သိမ်းမယ် ဘာညာလုပ်လာတယ်။ ဂျပန်ဆိုရင် ငွေချေးမယ်၊ အလည်ဖိတ်တယ်လုပ်လာတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က ဘာပြောသလဲဆိုတော့ အခုအချိန်မှာ ရုတ်သိမ်းတာထက် ဆိုင်းငံ့တာသာ ကောင်းလိမ့်မယ်လို့ ထင်တယ်။ နိုင်ငံရေးအခြေအနေတွေက ဘယ်လိုပေါ်ပေါက်လာလိမ့်မယ်လို့ မပြောနိုင်သေးဘူးလို့ ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် လောလောဆယ်မှာ လျော့ပေးမယ်လို့ အီးယူတို့ ဆုံးဖြတ်သော်လည်းဘဲ ဆိုင်းငံ့တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာလည်း နိုင်ငံတကာက မြန်မာပြည်လက်ရှိအခြေအနေကို ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်နေတယ်လို့ ပြောရင်ရပါတယ်။

မေး။ ။ နောက်ဆုံး ပြောချင်တာကတော့ ဆရာရယ်၊ လွှတ်တော်ထဲဝင်မယ်ဆိုတဲ့ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်တွေအတွက်က ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြင်ဆင်ကြမယ်ဆိုတဲ့ စိန်ခေါ်မှုကြီးက ရှေ့မှာ ဘယ်လိုမျှော်မှန်းရမယ်တောင် မသိသေးဘူးပေါ့လေ။ အဲသည်အတွက် လွှတ်တော်အ၀မှာတင်ကို အကြပ်အတည်းတွေ့နေကြရပြီ။ ဥပမာ ကျနော်တို့ ထောင်ဗူးဝထဲကို ၀င်ကြရသလိုပေါ့။ အကျဉ်းထောင်ထဲမှာ ဘယ်လို ရုန်းကန် ရင်ဆိုင်ကြရမယ်ဆိုတာ မသိနိုင်သေးဘူး။ သို့သော် ထောင်ထဲဝင်တဲ့ နိုင်ငံရေးပုဒ်မတပ်ခံထားရတဲ့ အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ခေါင်းမော့ ရင်ကော့ပြီး မ၀င်စေဘဲနဲ့ ခေါင်းငုံပြီး ၀င်ခိုင်းသလိုမျိုး၊ ပုံစံပေးပြီး ၀င်ခိုင်းသလိုမျိုး ဖြစ်နေတယ်လို့ ဥပမာပေးနေကြတဲ့အကြောင်းလည်း ပြောလိုက်ချင်ပါတယ် ဆရာရယ်။

ဖြေ။ ။ အင်း၊ ကောင်းသားပဲ ဥပမာက။ အေး ဟုတ်ပြီလေ။ ဒီနေ့တော့ ဒီလောက်ပဲကွာ။

((
NLD ရပ်တည်ချက် ဘာမှမမှားပါ)) - (မငယ်နိုင်)

လက်ရှိ နိုင်ငံရေးအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သာအောင် ((NLD ရပ်တည်ချက် ဘာမှမမှားပါ)) ဆောင်းပါးကောင်းကို ရေးပေးတဲ့ မငယ်နိုင်ကို အထူး ကျေးဇူးတင်ပါတယ်။

ပြီးတော့ မငယ်နိုင် ဆောင်းပါး ပို့စ် အောက်မှာ --
အောက်ပါ စာစု (၃) ခုကို COMMENTS တွေ အနေနဲ့ တင်ပေးတဲ့ အတွက်လည်း မငယ်နိုင်ကို ထပ်ဆင့် ကျေးဇူးတင်ပါတယ်။

(1) ((လွယ်နေတာကို ခက်အောင် လုပ်တတ်ကြတယ်.. ဒင်းတိုရဲ့ သဘောသဘာဝပဲ...)) - (ဒီမိုဝေယံ)
(2) ((လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား (ဦးဝင်းတင်နဲ့ မေးခွန်းများ) )) - (မိုးမခ အင်တာဗျူး)
(3) ((လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု စာသားပြောင်းလဲခြင်း)) - ( မောင်မောင်ဝမ်း)

အဲဒီ စာစု (၃) ခုဟာလည်း လက်ရှိ နိုင်ငံရေးအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သာအောင် ရေးပြထားထားတာ ဖြစ်လို့
- ကိုဒီမိုဝေယံ
- ဦးဝင်းတင်နဲ့ မိုးမခ ကိုရစ်၊ မိုးမခ အင်တာဗျူးဆရာ.
- ကိုမောင်မောင်ဝမ်း
တို့ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။

အဲဒီ စာစု (၃) ခုလို မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်း သိသင့်တာလေးတွေကို မငယ်နိုင် ဆောင်းပါး ပို့စ် အောက်မှာ COMMENTS တွေ အနေနဲ့ တင်ပေးတဲ့ အတွက် မငယ်နိုင်ဘလော့ကို လာရင်းနဲ့ ဖတ်သွားလို့ ရလို့ facebook account မရှိတဲ့ စာဖတ်သူတွေ နဲ့ facebook account ရှိပေမယ့် ဘလော့တွေ စုံအောင် လှည့်ပြီး ဖတ်ဖို့ အချိန် မပေးနိုင်သူတဲ့ စာဖတ်သူတွေ အတွက် အကျိုးရှိပါတယ်။

ပထမဦးဆုံး အဆင့်အနေနဲ့ NLD ကို ကျွန်တော်တို့ တောင်းပန်မယ်။ လာခဲ့ပါ။ တောင်းဆိုမယ်။ တောင်းပန်မယ်။ ဖိတ်ခေါ်မယ်။ လာခဲ့ပါ။ ဝိုင်းပြင်ရအောင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးပြီးတော့ အဲဒီ တောင်းပန်လွှာကို ကျွန်တော်တို့ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော်တို့ ပါတီပေါင်းစုံ တိုင်းရင်းသားပါတီတွေ အားလုံးပါတယ်။ ၁၀ ခုကျော်တယ်လေ။ ကျွန်တော်တို့ မြင်တာက ဘာလဲဆိုတော့ ပြည်သူတွေက လွှတ်တော်ထဲကို ဝင်ဖို့အတွက် ရွေးထားတယ်။ မဲပေးထားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်အရပေါ့လေ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း လိုလားတယ်။ ပြည်သူတွေကလည်း လိုလားတယ်။ ဒါကြောင့် ဝင်လာဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ လက်မှတ်ထိုးကြတယ်။"

NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်စာသား ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရေးနဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ လတ်တလောရှိနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေရဲ့ အင်အားနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ မလွယ်ကူဘူးလို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။
That NLD fault because NLD made no vote 2010 election.Thats why there is just a few တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေ at Htuttaw.

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ကြီးကြီးကျယ်ကျယ် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံလို့ ဆိုပြီး NO VOTE တွေဘာတွေ လုပ်ခဲ့ပြီး အခုတော့လည်း ၂၀၀၈ ဖွဲ့စည်းပုံကို သွားပြီးအသက်သွင်းဖို့ လွှတ်တော်ထဲ ၀င်ဖို့ ကြိုးစားနေကြတယ်၊ ကိုယ်ထွေးတဲ့တံတွေး ကိုယ်ပြန်မျိုတယ်လို့ ပြောနေသူတွေဟာ အခုဒီကျမ်းသစ္စာကျိန်တဲ့ကိစ္စကိုကြည့်ပြီး NLD ဟာ မိမိတို့ထင်ခဲ့သလို 2008 အသက်သွင်းမည့်သူတွေ မဟုတ်ဘူးဆိုတာ သဘောပေါက်သင့်ပြီ။ ဒီလိုမဟုတ်ဘဲ NLD လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်တာကို တလွဲနားလည်မှုနဲ့ ထောက်ခံခဲ့ပြီး လွှတ်တော်အ၀င်ဝက အန္တရယ်ကို မြင်နိုင်စွမ်း မရှိဘဲ ကိုယ်လက်မခံနိုင်တာကြီးကို မုသားသစ္စာဆိုပြီး အတင်းဝင်ခိုင်းစေချင်နေသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကို နားလည်အောင် သေသေချာချာ လေ့လာသင့်ပါတယ်။ မိမိသွားလိုတဲ့ နေရာတခုကို ၀င်တဲ့ တခုတည်းသော အ၀င်ဂိတ်ဝမှာ မှိုင်းထောင်ထားတာ သိရင် ဘယ်သူမဆို အဲဒီမှိုင်းကိုအရင်ရှင်းပြီးမှ သွားမယ်ဆိုတာ သေချာပါတယ်။ အခု မှိုင်းတွေလို့ ထောက်ပြတဲ့ NLD ကို အပြစ်တင်တာ သဘာဝမကျဘူး။ မှိုင်းထောင်ထားပြီး မရှင်းပေးဘဲ ကပ်ဖဲ့လုပ်နေသူတွေကိုသာ အပြစ်တင်ရမှာ ဖြစ်တယ်။ ဒီအခြေအနေကို သိလျှက်၊ နားလည်လျှက်နဲ့ ဆက်ပြီး အပြစ်တင်နေ့သူတွေဆိုရင်တော့ NLD ခြေပြတ်လက်ပြတ် ဖြစ်တာကို တော်တော်လေး ဖြစ်စေချင်နေသူတွေအဖြစ် နားလည်လိုက်တယ်။ မှိုင်းရဲ့အန္တရယ်ကို တကယ်ကို မသိနားမလည်လို့၊ သတိမထားမိလို့ ပြောနေတဲ့သူတွေဆိုရင်တော့ သစ္စာဆိုတယ်ဆိုတာ ပြီးပြီးရော ဆိုလို့မရဘူး၊ ကိုယ်လည်းမယုံကြည်တဲ့အပြင် လိုက်နာနိုင်မှာလည်း မဟုတ်တာကို တကမ္ဘာလုံးကြားအောင် ဟန်ဆောင်လိမ်ညာသစ္စာဆိုတာ ပြည်သူလူထုကြီးတရပ်လုံးနဲ့ တကမ္ဘာလုံးကို ဗြောင်လိမ်ဗြောင်စား လုပ်တယ်ဆိုတာ နားလည်သင့်တယ်။ ဒါမျိုးမျိုးကို နိုင်ငံရေးမှာ အရှက်ကင်းမဲ့တဲ့၊ သိက္ခာမရှိတဲ့သူတွေသာ လုပ်တဲ့အလုပ် ဖြစ်လို့ သိက္ခာနဲ့ တောက်လျှောက် ရပ်တည်လာတဲ့ စံပြပါတီ NLD ဟာ ဘယ်တော့မှ ဒီလိုလုပ်မှာ မဟုတ်ဘူး၊ လုပ်လည်းမလုပ်သင့်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သင့်တယ်။

ကျွန်မကို ကပ်ဖဲ့လာမေးထားတဲ့မေးခွန်းတွေကိုတော့ ကျွန်မက အချိန်ပေးပြီး အဖက်လုပ်ပြီး ဖြေဖို့မရှိဘူး။

ဒါပေမဲ့.. ဒေါ်အောင်ဆန်းစုကြည်လို... "ကတိကို မဖြစ်နိုင်တာ မပေးဘူး.. မလုပ်နိုင်ပဲနဲ့ သစ္စာ မဆိုနိုင်ဘူး.."
ဒီလို တည်ကြည်တဲ့သူ ရှိနေပြန်တော့..
("အတုယူစရာ ရှိနေပါသေးတယ်လေ" ဆို စိတ်အေးမိပါတယ်။)

Maung Maung Wann
How about the promise 1990?When she can not do for country,she abandon and said i cant do alone.If u want to get change,do it urself.Comment?Ko Mg Mg one.

((((How about the promise 1990?When she can not do for country,she abandon and said i cant do alone.If u want to get change,do it urself.Comment?Ko Mg Mg one.))))

ကပ်ဖဲ့ပြီးလာမေးနေမှန်း သိလို့ မဖြေဘဲထားပေမဲ့ အခုတော့ တခြားစာလာဖတ်သူတွေ သိအောင် ဖြေပေးလိုက်မယ်။ 1990 ရွေးကောက်ပွဲကာလမှာရော ရွေးကောက်ပွဲပြီးတဲ့ကာလတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်က နေအိပ်အကျယ်ချုပ်နဲ့ပဲ နေတဲ့အချိန်ပိုမျးတယ်။ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချပြီး ပြည်သူတွေဆီက အာဏာဓါးမြတိုက်လုယူလိုက်လို့ ဆုံးရှုံးခဲ့တာကို ကပ်ဖဲ့ လာမေးနေတဲ့သူက စစ်အုပ်စု ကောက်ကျစ်တာကို သိနိုင်လောက်တဲ့ အသိဥာဏ်မရှိတော့လောက်အောင် အသိဥာဏ်ချွတ်ခြုံကျနေတာဖြစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောစကားဘာမှားသွားလဲ။ ဒီမိုကရေစီဆိုတာ တယောက်တည်း လုပ်လို့ပြီးတဲ့ကိစ္စမှမဟုတ်တာ။ လူတဦးချင်းစီက မိမိလိုချင်တာကို မိမိကိုယ်တိုင် ဖန်တီးရမယ် ဒေါ်အောင်ဆန်းစုကြည်ကိုသော်လည်းကောင်း လူပုဂ္ဂိုလ်တဦးတယောက်ကို တစုတဖွဲ့တည်းကိုသော်လည်းကောင်း ပုံအပ်ပြီး မှီခိုနေလို့မရဘူး။ အများနဲ့ဆိုင်တဲ့ကိစ္စ အများလုပ်မှ ပြီးတဲ့အရာဖြစ်တယ်။

ဟံသာဝတီဦးဝင်းတင်
ဒါကတော့ တို့လည်း သိပ်မသိဘူး။ သူက သူသိတဲ့ အမြင်နဲ့ သူပြောတာပဲ။ ပြောင်းနေတယ်ဆိုတာ သူပဲ သိတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ဦးသိန်းစိန်တို့နဲ့ တွေ့ကြ ဆုံကြတာကိုး။ တို့တော့ သိပ်မသိလှဘူး။
အန်တီလုပ်တာ အန်တီတာဝန်ယူတယ်။ အန်တီမှားရင်အန်တီခံမယ်။)She said nothing to even EC.Is that the Democracy?
We vote her 1990 to get change but when she can not do she said..အပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်။
what kind of leader?American people voted Obama for the country economy to go up.When he became president...he didnt say If u want to go up the country economy,do it urself.I cant do it alone.What u also do for country.

အဲဒီ ကိုယ့်အမည်ကိုယ်မဖေါ်ရဲဘဲ လက်သီးပုန်းလာပြနေသူ တယောက်ကတော့ ဒုက္ခပါပဲ အရောဝင်လိုက်တာနဲ့ ရောက်တက်လာပြန်ပြီ။ အဲဒါ သိချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်သွားမေးပါလား။ ကျွန်မက ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ဘာတွေဆွေးနွေးပြီး ဘာတွေပြောတယ်ဆိုတာ တနေ့ပြောပြမယ်လို့ ပြောထားပြီးသားပဲ။ ဒီအပေါ်မှာ ဘယ်သူမှ စောတကမတက်ဘူး။ ဦးဝင်းတင်လည်း စောတကမတက်ဘူး။ သူသိချင်ရင်လည်း သူ့ဖါသာသူမေးလိမ့်မ်။ကျွန်မက သြစကြေးနိုင်ငံ ဆစ်ဒနီမှာ၊ NLD ပါတီဝင်လည်း မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မှာ အဝေးကြီး သူတို့ပြောကြဆိုကြတာကို ကျွန်မကို လာမေးနေလို့ ကျွန်မက အကြားအမြင်ရထားသူမဟုတ်လည်း မဟုတ် နိုင်ငံရေးသုခမိန်လည်းမဟုတ် ဘယ်ပြောနိုင်မလဲ။ အကြားအမြင်ရနေတယ်ဆိုရင်တောင်မှ အဲလို လက်သီးပုန်းပြပြီး လာလုပ်နေသူတွေကို ဘယ်တော့မှ ပြောပြဖို့မရှိဘူး။ သိချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် သွားမေးပါ။ ရှင်းမယ်ထင်တယ်။ ရှင်းရှင်းမရှင်းရှင်း နောက်ထပ် အရေးတယူ အဖက်လုပ်ပြီး ထပ်ဖြေဖို့မရှိဘူး။

ကွယ်ရာမှာပဲ အတင်းပြောတတ်ပြီး ရှေ့မှာ အမည်မဖေါ်ရဲလို့ လက်သီးပုန်းလာပြတဲ့သူဟာ ဘယ်သူဆိုတာ အတိအကျသိလို့ ဒီမှတ်ချက်ကို တုန့်ပြန်တာဖြစ်တယ်။ Nge Naing)
Why u allow Anonymous?Next time do not allow Anonymous.U know that some bloggers do not allow Anonymous at their web.U need to use ur brain before u say.

ကျန်တဲ့ ရိုးရိုးသားသား စာလာဖတ်ပြီး အမည်မဖေါ်လိုတဲ့ Anonymous တွေကို ဘာမှမပြောလိုဘူး အခု ပြဿနာလာရှာပြီး လက်သီးပုန်းပြနေတဲ့၊ သိနေတဲ့ Anonymous တယောက်တည်းကို ဆိုလိုပါတယ်။ သဘောပေါက်ပါ။

အပြောင်းအလဲများတဲ့ သူတွေဟာလည်း မိန်းခလေးတွေပဲ။ စကားကို ဗလောင်းဗလဲပြောတက်တာလည်း သူတို့ ပဲ
ကျန်တဲ့ ရိုးရိုးသားသား စာလာဖတ်ပြီး အမည်မဖေါ်လိုတဲ့ Anonymous တွေကို ဘာမှမပြောလိုဘူး အခု ပြဿနာလာရြှာ

29 Mar 14, 07:27 PM
သားထူး: ဘဘဦးဝင်းတင် အသက်ရှုလမ်းကြောင်း ပိတ်သဖြင့် ၀ိတိုရိယဆေးရုံမှ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပြောင်းရွှေ့ကုသနေရပါတယ်။

29 Mar 14, 07:31 PM
သားထူး: ဘဘဦးဝင်းတင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် မှာ ဆေးကုသမှု ခံယူနေပြီး အသက်ရှူလမ်းကြောင်းအတွက် ဆေးထိုးထားပါတယ်။

29 Mar 14, 07:33 PM
သားထူး: ဆေးရဲ.အာနိသင် (၇၂) နာရီ အတွင်း အထူးကုဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဘဘဦးဝင်းတင်ရဲ့ လည်ချောင်းမှာ အသက်ရှူဖို့ လေပြွန်ပေါက် ဖေါက်လိုက်ပြီးပါပြီ။

29 Mar 14, 07:40 PM
သားထူး:့ ဘဘဦးဝင်းတင် လည်ချောင်းဖောက်ပြီးတဲ့ အခြေအနေ ကောင်းမွန်တယ် လို့ တာဝန်ကျဆရာဝန်က ပြောပါတယ်။ ဘဘကို ထိုင်း ဒါမှမဟုတ် စင်ကာပူ ကို အထူးလေယာဉ်နဲ့ ပို့ဆောင်ပြီး ဆေးကုသမှု ဆက်လက် ခံယူနိုင်ဖို့ စီစဉ်နေပါတယ်။

29 Mar 14, 07:43 PM
သားထူး: ဘဘ ဦးဝင်းတင် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ကင်းပြီး အမြန်ဆုံး ကျန်းမာလာပါစေ။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်

ရန်ပိုင် | April 21, 2014 |

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်( ၈၅) နှစ်သည် ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရသည်။

ဦးဝင်တင်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တာဝန်ယူ သဂြိုလ်မည် ဖြစ်ကြောင်း အနီးကပ် ပြုစုပေးနေတဲ့ ဦးမောင်မောင်နိုင်က ဧရာဝတီသို့ ပြောသည်။

“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ ဒါပေမယ့် သုံးရက်တော့ ထားမယ်” ဟု ၎င်းက ဆက်ပြောသည်။

ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့ပြီး၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင် နှင့် နိုင်ငံရေးသိပံ္ပ ဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။

တက္ကသိုလ်၌ ရှေ့နေ ဦးထွန်းတင် စာရေးဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင့် စသည့် သူများနှင့် ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။

မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦး စသည့် ကလောင်အမည်များဖြင့် စာပေရေးသားခဲ့သည်။

အကျိုးဆောင်ဂျာနယ်မှာ လက်ထောက်အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ပြီးနောက်၊ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ညအယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

စာပေဗိမာန်၌ လက်ထောက်အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးကာ၊ မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။

အမ်စတာဒမ်တွင် နေထိုင်စဉ် မြန်မာနိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် ‘ဒို့ပြည် သတင်း’ သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာတဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် မြန်မာနိုင်ငံ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ ထူထောင်ရာ ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင်ခဲ့သည့်အပြင် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ခန့်အပ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း မန္တလေးမြို့ကို လာတိုင်း လူထုဦးလှ၊ လူထု ဒေါ်အမာ နှင့် ဦးဝင်းတင် တို့ကို တလေးတစား တွေ့ဆုံတတ်ပါသည်။

၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် “ခြေတွင် စကား၊ လက်ဖျား ကဗျာ၊ မျက်နှာ ဇာတ်လမ်း” ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက်ခဲ့ရာ ၁၉၇၇ – ၇၈ ခုတွင် မြန်မာစာပေလှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေစာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။

ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဝေဖန်တဲ့ စာတမ်းတစောင် တင်သွင်း ဖတ်ကြားခဲ့သည့်အတွက် အာဏာပိုင်များက ဟံသာဝတီသတင်းစာကို ပိတ်ပစ်လိုက်ကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။