မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒီနှစ်သတင်းကျွတ်လပြည့်ည အဘိဓမ္မာအခါတော်နေ့




မြန်မာပြည်က ဆရာတော်တပါး ဆစ်ဒနီကို ကြွလာတုန်းက ပဌာန်းတရားတော်အကြောင်း ဟောထားတာကို လက်ရေးနဲ့ Note လိုက်ထားတာရှိတော့ အချောပြန်ကောက်နှုတ်ပြီး ဒီနှစ် သတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ (၃၀-၁၀-၁၂) မှာ တင်ဖို့စီစဉ်ထားတာလည်း အလုပ်များလွန်းလို့ မတင်ဖြစ်ဘူး။ ဘယ်လောက် အလုပ်များလဲဆိုရင် ပဌာန်းအကြောင်း ပို့စ်ရေးမအားလို့ မတင်ဖြစ်ရင်တောင်မှ အဘိဓမ္မာအခါတော်နေ့ညက အိမ်မှာ ဘုရားမီးပူဇော်ခဲ့တာတောင် မတင်ဖြစ်ခဲ့ဘူး။ သားအမိနှစ်ယောက် ပဌာန်းရွတ်ထားတဲ့ အသံသွင်းထားလည်း ပြန်ကူးလို့မရလို့ မတင်ဖြစ်ဘူး။ အခုတလော ဒီရက်မှာ ဘာလုပ်မယ်ဆိုပြီး သတ်မှတ်ထားတဲ့အတိုင်း ဘာတခုမှ ပြီးအောင် မလုပ်နိုင်ဖြစ်နေတာအမှန်ပဲ။ ခါတိုင်းဆို သားကို စနေတနင်္ဂနွေနေ့ တပတ်မှာတခါ အမေနဲ့အတူ ပဌာန်းရွတ်ခိုင်းတော့ ရှည်လို့ဆိုပြီး စနေနေ့ညမှာ ဟေတုပစ္စယောကနေ အာသေ၀နပစ္စယောအထိ ၁၂ ခုကို ရွတ်ပြီး တနင်္ဂနွေနေ့ညမှာမှ ကမ္မပစ္စယောကနေ အ၀ိဂတ ပစ္စယောအထိ ရွတ်တယ်။ အဘိဓမ္မာအခါတော်နေ့ ပြီးခဲ့တဲ့ လပြည့်ညတုန်းကတော့ တစ်ကနေ ၂၄ အထိ ဆက်တိုက်ရွတ်ရတော့ ဒုတိယ ၁၂ ပစ္စယောကို ရွတ်လာပြီး မကြာခင်မှာ တ၀ါးဝါးနဲ့ သန်းလာပြီး မနက်ဖြန်မှ ဒုတိယ ၁၂ ခုကို ရွတ်လို့မရဘူးလားမေမေလို့ မေးလာလို့ ဒီနေ့ နတ်ပြည်ကနေ ဒီတရားတော်ကို ဟောပြီး လူ့ပြည်ကို မြတ်စွာဘရား ပြန်ကြွလာတဲ့ အဘိဓမ္မာအခါတော်နေ့မှာတော့ အစအဆုံး ပြီးအောင် သီးခံပြီးရွတ်လိုက်ပါ သားရယ်လို့ မနည်းတောင်းပန်ပြီး ရွတ်ခိုင်းရတယ်။ အဘိဓမ္မာအခါတော်နေ့အကြောင်း ပို့စ်မတင်ဖြစ်ပေမဲ့ အမေဆန္ဒကို လိုက်လျောတဲ့အနေနဲ့ အိမ်ငိုက်ပြီး တ၀ါးဝါးနဲ့ သန်းရင်းပြီး ၂၄ ပစ္စည်းကို ပြီးဆုံးတဲ့အထိ အောင်မြင်စွာ ရွတ်ခဲ့တဲ့သားကို မှတ်တမ်းတင်ထားပေးမှဖြစ်မယ်။ ၀ါမ၀င်ခင်နှင့် ၀ါတွင်းကာလမှာတနေ့မှ မပျက်ကွက် ဓမ္မစင်္ကြာတရားတော်ကို ပူဇော်ရွတ်ဖတ်ရသောအကျိုးနှင့် အဘိဓမ္မာအခါတော်နေ့က ဘုရားဝတ်ပြုခြင်း၊ ပန်း (ကိုယ်တိုင် အိမ်မှာ အိုးနဲ့ဝယ်စိုက်ထားတဲ့ အောင်သပြေခက်အပါအ၀င်)၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်းနှင့် ပဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပြီး သားအမိနှစ်ယောက် ပြုခဲ့သော ကုသိုလ်တွေကို ဝေနေယျ သတ္တ၀ါ အားလုံးအား အမျှပေးဝေလိုက်ပါတယ်။ 
သဗ္ဗေသတ္တာ 
 အဝေရာ ဟောန္တု 
 အဗျာပဇ္ဗာ ဟောန္တု 
အနီဃာဟောန္တု 
သုခိအတ္တာနံ ပရိဟရန္တု။ 
ဒုက္ခ မုစ္စန္တု ယထာ လဒ၊္ဓ သမ္ပတ္တိယော မာဝိဂစ္ဆန္တု ကမ္မဿကာ။ 

ပါဠိဆုတောင်း အဓိပ္ပာယ်မသိသူများအနေနဲ့ ဒီပို့စ် http://nge-naing.blogspot.com.au/2011/07/blog-post.html ထဲမှာ ကြည့်နိုင်ပါတယ်။














 

0 comments: