မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒါလား မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုတာ

ဒီမိုကရေစီ စနစ်ကို သွားနေပါပြီလို့ အသံကောင်းဟစ်နေတဲ့ အရပ်ဝတ်လဲ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီစနစ်မှာ ပြဿနာတခုကို ဘယ်လိုဖြေရှင်းရတယ်ဆိုတာ သိအောင် အရင်လေ့လာဖို့ လိုနေပါပြီ။ စစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းပယ်ထားစဉ် တခါတုန်းက သြစကြေးလျားနိုင်ငံမှာ လစ်ဘရယ်ပါတီ အာဏာရနေစဉ် John Howard ဦးဆောင်တဲ့ Liberal အစိုးရဟာ စစ်အစိုးရကို ဒီမိုကရေစီ လူ့အခွင့်အရေး သင်တန်းတွေနဲ့ အဓိကရုဏ်းနှိမ်နှင်းရေး သင်တန်းတွေကို ပေးဖူးပါတယ်။ အခု အရပ်ဝတ်လဲ စစ်အစိုးရက လက်ပံတောင်နဲ့ မအူပင်အရေးတွေမှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ဒုတ်၊ ဓား၊ သေနတ်၊ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံး စတဲ့လက်နက်မျိုးစုံ အသုံးပြုပြီး လွတ်လပ်စွာအကြမ်းဖက် သတ်ဖြတ်ကာ လူ့အခွင့်အရေး ချိုးဖေါက်နေပြီး ဒါကိုပဲ အဓိကရုဏ်းနှိမ်နှင်းတယ်လို့ လွဲမှားစွာ ထင်နေတာဟာ ဒါနဲ့ ပတ်သက်ပြီး သင်တန်းပေးဖူးတဲ့ သြစကြေးလျား အစိုးရမှာလည်း တာဝန်ရှိပါတယ်။  သြစကြေးလျားမှာ လက်ရှိ အာဏာရနေတဲ့ လေဘာပါတီဟာ  မြန်မာနိုင်ငံကို အခုလက်ရှိ ပေးနေတဲ့ ပညာရေး ကျန်းမာရေး လူမှုဖူလှုံရေး အကူအညီတွေအပြင် အရင်အစိုးရ လက်ထက်က ပေးခဲ့တဲ့ သင်တန်းတွေအပေါ် လွဲမှားစွာ နားလည်နေတာကို ရှင်းရှင်းလင်းလင်း နားလည်သွားအောင်၊ လူ့အခွင့်အရေးဆိုတာ ဘာလဲ၊ အဓိကရုဏ်းဆိုတာ ဘယ်လိုအခြေအနေမျိုးကိုမှ သတ်မှတ်ပြီး  နှိမ်နှင်းလို့ရတယ် ဆိုတာ သဲသဲကွဲကွဲ သိသွားအောင် မွမ်းမံသင်တန်းတွေ ပြန်ပေးဖို့ တကယ်ကို လိုနေပါပြီ။ ဒီမိုကရေစီစနစ်မှာ အစိုးရဟာ ပြည်သူလူထုကို ရန်သူလို ဆက်ဆံလို့မရဘူးဆိုတာ သြစကြေးလျား အစိုးရအနေနဲ့ မြန်မာ အရပ်ဝတ်လဲ စစ်အစိုးရကို ဆက်လက်ပြီး ပညာပေးသင့်ပါတယ်။  ပြည်သူ့ရဲ ဆိုသူများဟာ အဓိကရုဏ်းဖြစ်လို့ အများပြည်သူ ငြိမ်းချမ်းအောင် နှိမ်နှင်းတာလား၊ ကိုယ့်ဖါသာကိုယ် အကြမ်းဖက်ကာ အဓိကရုဏ်းကို ဖန်တီးတာလားဆိုတာ အောက်က သတင်းဗွီဒီယိုတွေကို သေသေချာချာ ကြည့်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မစုစုနွေးရေးထားတဲ့စာကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ မြန်မာနည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုတာ ဒါပဲလားလို့ သတ်မှတ်ရမလို ဖြစ်နေပါပြီ။။


ပြည်သူလူထုအပေါ် ဘယ်လိုအကြမ်းဖက်ရမလဲဆိုတာ ပညာပေးနေပုံ



မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု ရဲတပ်ဖွဲ့၏ ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်နည်း၊ လူရိုက်နည်း သင်တန်း

ရဲ လူရိုက်နည်း သင်တန်းဆရာ ပြောသောစကားများ

ရဲ လူရိုက်နည်း သင်တန်းဆရာ -  "ဂယောင်ကျမနေနဲ့၊ မင်းတို့ နော်။
နေမကောင်းတဲ့လူ ရှိရင် အပြင်ထွက်။
ရှိလား။"
ရဲ လူရိုက်နည်း သင်တန်းသားများ - "မရှိပါဘူး။"
ရဲ လူရိုက်နည်း သင်တန်းဆရာ - "ကြောက်တဲ့ကောင် ရှိလား။"
ရဲ လူရိုက်နည်း သင်တန်းသားများ - "မရှိပါဘူး။"
ရဲ လူရိုက်နည်း သင်တန်းဆရာ - "ရှိရင် အပြင်ထွက်။
မရှိရင် ပြီးတာပဲ။" "အဲဒီတော့ ချီတက်မယ်။ ဘယ် ညာ ဘယ် ညာ နဲ့ပဲ၊ သိလား ... နော် ... ။
`အဖွဲ့ ... ရိုက် ...´ ဆိုတာနဲ့ ဒါ ... သူက ... ဟိုမှာကတော့ တန်းလဲ ချဲလို့ ရမှာ မဟုတ်ဘူးနော်။
ရိုက်။ ပြီးရင် ပြန်ဆွဲတင်မှာ ... နော် ...။ ရိုက်တယ်၊ အပေါ်ကနေ ရိုက်ချမယ်။ ပြီးရင် ပြန်ဆွဲတင်မယ်။
ကြုံသလို ရိုက်ရမှာ။ ခါးမိ ခါးရိုက်မယ်၊ ခေါင်းမိ ခေါင်းရိုက်မယ်၊ ခြေထောက်မိ ခြေထောက်ရိုက်မယ် ... နော် ...။ အဲဒါကို ဟို ရိုက်ပါ၊ ဒီ ရိုက်ပါ တော့ မှာမထားဘူး ... နော် ...။
မိအောင်၊ ထိအောင်ကို ရိုက်မယ် ... နော် ...။ သူတို့မှာလည်း လက်နက် ပါမှာပဲ။ နောက်တခါ ပြန်ခုခံမှာပဲ။
စည်းလုံးညီညွတ်ရမယ်။ လူကွဲမသွားနဲ့၊ တယောက်ထဲ ခွဲမလိုက်နဲ့။"
ဗီဒီယိုကို Face book မှာ April Maung Maung တင်ထားတာကို ကူးယူဖေါ်ပြထားပြီး စကားပြောစာသားကို မှတ်ချက်က ပြန်ကူးပြီး နောက်မှ ထပ်ဖြည့်ဖားပါတယ်။


 စတင်အကြမ်းဖက်ပုံ

   Face book မှာ DVB မှ တင်ထားတာကို ကူးယူဖေါ်ပြထားပါတယ်။

 သေနတ်နဲ့ ပစ်ခတ်တဲ့အထိ ဖြစ်လာပုံ



အကြမ်းဖက်မှု ဖြစ်ရပ်နှင့် ပတ်သက်ပြီး မစုစုနွေး ပြောကြားချက





ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ် မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခု တည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင် ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာရထားတာတွေ၊ အရိုက်ခံထား ရတာ တွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေ ရောဂါကု ဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက် ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်း ပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။

လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံ မဖြစ် ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။

ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိ လယ်မြေအချို့ အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုး စွန့်ပစ်မြောင်းဖော်ဖို့ ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။

အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာ မတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ် ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေ အဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။

လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လို အပြစ်ဆိုဝံ့ကြမလဲ။

ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက် အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက် ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေ အတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။

မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄) ထုတ်ပြန် ပါတယ်။ ရွာသားတွေကို ၀င်ရောက် ကျူးကျော်ထားတဲ့ လယ်မြေတွေ ကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိ လာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ စုစုပေါင်း ရွာသူ ရွာသားတွေ (၅၀၀) ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀) ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။

ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ မျက်နှာချင်းဆိုငိတိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ ”(နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)” ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့ မလား ဆိုပြီး မမူမူဝင်းကို လက်က ကိုင်လာတဲ့ နံပါတ်တုတ်နဲ့ ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက် ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွား ရတာပါပဲ။ ဒီလို ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပြီ ဆိုတော့ သေနတ် ပါလာပါတယ်။ အချက်ပေါင်း(၁၅၀) လောက် ပစ်ခတ်ခဲ့ပါတယ် လို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ် မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြ ပါလိမ့်မယ်။ စတင် ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူ ကတော့ ပြင်းထန်တဲ့ ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။
သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။

အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လု မိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမ စကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊ အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မ တာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန် ရှိသူတွေက (တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်း ခဲ့နိုင်ပါဘူး။

Ma Su Su Nway


 Khin Kalayah Soe fb တင်ထားတာကို ပြန်လည် ကူးယူဖေါ်ပြပါတယ်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ။

6 comments:

.
(ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်ရှု လေ့လာနိုင်ပါတယ်။
ပို့စ် မှာ တင်ထားတဲ့ "ပြည်သူလူထုအပေါ် ဘယ်လိုအကြမ်းဖက်ရမလဲဆိုတာ ပညာပေးနေပုံ" ဗီဒီယို နဲ့ အတူတူပါပဲ။
အကြောင်းတခုခုကြောင့် ပို့စ် က ဗီဒီယိုကို ကြည့်လို့ မရရင် ခေါင်းစဉ်ကို နှိပ်ပြီး သွားကြည့်နိုင်ပါတယ်။)


၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လယ်သမား ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး လယ်သမားတွေဘက်က တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေဘက်က ၂၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဓါးဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဒီကနေ့မနက်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။



မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု ရဲတပ်ဖွဲ့၏ ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်နည်း၊ လူရိုက်နည်း သင်တန်း


ရဲ လူရိုက်နည်း သင်တန်းဆရာ - "ဂယောင်ကျမနေနဲ့၊ မင်းတို့ နော်။
နေမကောင်းတဲ့လူ ရှိရင် အပြင်ထွက်။
ရှိလား။"

ရဲ လူရိုက်နည်း သင်တန်းသားများ - "မရှိပါဘူး။"


ရဲ လူရိုက်နည်း သင်တန်းဆရာ - "ကြောက်တဲ့ကောင် ရှိလား။"

ရဲ လူရိုက်နည်း သင်တန်းသားများ - "မရှိပါဘူး။"


ရဲ လူရိုက်နည်း သင်တန်းဆရာ - "ရှိရင် အပြင်ထွက်။
မရှိရင် ပြီးတာပဲ။"

"အဲဒီတော့ ချီတက်မယ်။ ဘယ် ညာ ဘယ် ညာ နဲ့ပဲ၊ သိလား ... နော် ... ။
`အဖွဲ့ ... ရိုက် ...´ ဆိုတာနဲ့ ဒါ ... သူက ... ဟိုမှာကတော့ တန်းလဲ ချဲလို့ ရမှာ မဟုတ်ဘူးနော်။
ရိုက်။ ပြီးရင် ပြန်ဆွဲတင်မှာ ... နော် ...။
ရိုက်တယ်၊ အပေါ်ကနေ ရိုက်ချမယ်။ ပြီးရင် ပြန်ဆွဲတင်မယ်။
ကြုံသလို ရိုက်ရမှာ။
ခါးမိ ခါးရိုက်မယ်၊ ခေါင်းမိ ခေါင်းရိုက်မယ်၊ ခြေထောက်မိ ခြေထောက်ရိုက်မယ် ... နော် ...။
အဲဒါကို ဟို ရိုက်ပါ၊ ဒီ ရိုက်ပါ တော့ မှာမထားဘူး ... နော် ...။
မိအောင်၊ ထိအောင်ကို ရိုက်မယ် ... နော် ...။

သူတို့မှာလည်း လက်နက် ပါမှာပဲ။ နောက်တခါ ပြန်ခုခံမှာပဲ။
စည်းလုံးညီညွတ်ရမယ်။
လူကွဲမသွားနဲ့၊ တယောက်ထဲ ခွဲမလိုက်နဲ့။"

.

Thai prime minister says Myanmar government not opposed to murder investigation


October 11, 2014 4:50 pm
Bangkok (dpa) -


Prime Minister Prayut Chan-o-cha said Myanmar raised no concerns about the arrest of two of its citizens accused in the murder of two Britons at a Thai resort island.

Prayut spoke following a report that Myanmar President Thein Sein had urged him to ensure a fair investigation.


The Nation

Thai prime minister says Myanmar government not opposed to murder investigation

.

.

=====================================================================
မြန်မာအလုပ်သမား ၂ ဦးကို ဖမ်းဆီး စွပ်စွဲထားမှု အပေါ် မြန်မာသမ္မတ ဦးသိန်းစိန်အစိုးရ မကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား
=====================================================================

RFA Burmese
October 12, 2014

ထိုင်းတောင်ပိုင်း ကော့တောင်ကျွန်း လူသတ်မှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထားတဲ့ အပေါ် " မြန်မာအစိုးရဖက်က စိုးရိမ်ကြောင်း ပြောဆို ကန့်ကွက်တာမရှိဘူး" လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချားက ပြောကြားလိုက်ပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်က ထိုင်းလူသတ်မှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးထားတဲ့အမှုမှာ မျှမျှတတ စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို တောင်းဆို ခဲ့ကြောင်း သတင်းတွေ ထွက်လာအပြီး ထိုင်းဝန်ကြီးချုပ်က အခုလို ဖြေကြားလိုက်တာဖြစ်ကြောင်း စနေနေ့ထုတ် ထိုင်းပြည်တွင်းထုတ် the Nation သတင်းစာက ရေး သားထားပါတယ်။

တချိန်ထဲမှာလည်း လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အစီရင်ခံစာမှာ သက်သေအထောက် အထား လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် လာမယ့် ကြာသပတေးနေ့ နောက်ဆုံးထား ပြင်ဆင်တင်ပြဖို့ ဆူရတ်သနီ အခြေစိုက် အမှတ် ၈ ဒေသကြီး ရှေ့နေချုပ်ရုံးက ထိုင်းရဲတပ်ဖွဲ့ကို ပြောကြားလိုက်ကြောင်း မနေ့က ထုတ်ဝေတဲ့ Bangkok Post သတင်းစာက ရေးသားထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲရဲ့ ပြောခွင့်ရသူ ရဲမှူး Kissana Phathanacharoen က ဗြိတိန် နိုင်ငံသား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဝန်ခံချက်ကို စွပ်စွဲခံရသူ မြန်မာအလုပ်သမား ၂ ဦးအနေနဲ့ ပြန်ရုတ်သိမ်းတာမရှိကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ တိကျခိုင်မာတဲ့အထောက်ထားရှိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဝန်ခံချက်ရဖို့ နှိပ်စက်ညှဉ်းပန်းတာမျိုးလည်းမလုပ်ခဲ့ဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ငြင်းပါတယ်။

ထိုင်းရဲမှူး Prachum ကတော့ စွပ်စွဲဖမ်းဆီးခံထားရသူတွေ အနေနဲ့ အခြေခံလွတ်လပ်စွာ ပြောခွင့်ရှိတဲ့ အတွက် ပြောချင်ပြောခွင့်ရှိကြောင်း၊ သူတို့ ဝန်ခံသည်ဖြစ်စေ၊ ဝန်ခံချက်ရုတ်သိမ်းသည်ဖြစ်စေ အမှုအတွက် ရဲက ရှာဖွေစုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို ဘာမှထိရောက်မှု မရှိကြောင်း ပြောကြားပါတယ်။

သူတို့အနေနဲ့ ဝန်ခံထားမယ်ဆိုရင် တရားရုံးအမှုစီရင်တဲ့အခါ သက်ညှာတဲ့ အပြစ်ဒဏ်တောင်ရနိုင်ကြောင်းလည်း ရဲမှူး Prachum က ပြောပါတယ်။

ဒီလူသတ်မှုမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက စီရင်ဆုံးဖြတ်ရင် မြန်မာအလုပ်သမား ၂ ဦးအနေနဲ့ သေဒဏ်အထိ ကျခံရဖို့ ရှိပါတယ်။

RFA Burmese

မြန်မာအလုပ်သမား ၂ ဦးကို ဖမ်းဆီး စွပ်စွဲထားမှု အပေါ် မြန်မာသမ္မတ ဦးသိန်းစိန်အစိုးရ မကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

Posted by မောရ Mora
.



ကဲ! ရှင်းကြပေတော့!

သိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်

ဘယ်သူ လိမ်သလဲ ?
ဘယ်သူ ညာသလဲ ?

ယိုးဒယားဝန်ကြီးချုပ်ကို အကြောင်းမသိတော့ မှတ်ချက် မပေးလိုဘူး။

ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးသိန်းစိန် က "မိဘပြည်သူများခင်ဗျာ" ဆိုပြီး တမျိုးပြီးတမျိုး လိမ်လာတာကို အကြောင်းသိနေတော့ သိန်းစိန် လိမ်တာပဲ ဖြစ်ရမယ်။

ချိတ်ထမိန်ဝတ် အရပ်သားအယောင်ဆောင်အစိုးရက တော်တော် သောက်သုံးမကျတာပဲ....

မြန်မာ ၄ သန်းလောက် ယိုးဒယားပြည်မှာ ကျွန်ခံနေရတာကို ဘာမှ ကာကွယ်စောင့်ရှောက်ပေးတာ မရှိဘူး...

အခု ကော့တောင်ကျွန်းလူသတ်မှု မှာလည်း သိန်းစိန်တို့က အရေးမထားဘူး...

အွန်လိုင်း မြန်မာတွေ မခံမရပ်နိုင်လွန်းလို့ ဝိုင်းအော်လွန်းမက အော်တော့မှ သိန်းစိန်တို့က နည်းနည်း လှုပ်လာတာ...

ဒါလဲပဲ အင်တိုက်အားတိုက် လုပ်တာမျိုး မဟုတ်ဘဲ အပေါ်ယံကြောနဲ့ အပြလှအောင် လုပ်တဲ့ပုံစံပါပဲ....

ဒီတော့ သိန်းစိန် လိမ်တယ် ဆိုတာ သေချာသလောက်ပါပဲ...