မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၂၄ ပစ္စည်း ပဋ္ဌာန်းအဓိပ္ပာယ် (၂)


အပိုင်း (၁) ဟေတုပစ္စည်းမှ ပူရေဇာတပစ္စည်းအထိကို ဒီနေရာမှာ http://nge-naing.blogspot.com.au/2016/05/blog-post.html ဖတ်နိုင်ပါတယ်။ 

အပိုင်း (၂) ပစ္ဆာာဇာတပစ္စည်း မှ အ၀ိဂတပစ္စည်းအထိ

မြတ်စွာဘုရားက ဒီတလောကလုံးမှာ ၂၄ ပစ္စည်းနဲ့ ဆက်နွယ်ပြီးဖြစ်နေပျက်နေတာတွေကို ညာဏ်ကျက်စားပြီး ဆင်ခြင်လိုက်တဲ့အခါမှာ ရောင်ခြည်ခြောက်သွယ် ကွန့်မြူလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဘုရားပုံ ပန်းချီကားတွေမှာ တွေ့ရတဲ့ မျက်နှာပတ်ပတ်လည်မှာ ဖြာထွက်နေတဲ့ ရောင်ခြည်တွေက ပဋ္ဌာန်းကြောင့် ပေါ်လာတယ်ဆိုတဲ့ အသိနဲ့ ပဋ္ဌာန်းရဲ့ တန်ခိုးကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဆရာကြီး ဒေါက်တာမင်းတင်မွန်ရဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ဇန်န၀ါရီက စင်္ကာပူမှာ ဟောပြောထားတဲ့ ရုပ်သံတခုမှာ ပြောထားတာက ၁၉၈၆ ခုနှစ်ကနေ အခုထိ ဆရာကြီးက ပဋ္ဌာန်းရွတ်တာ တနေ့မှ မပျက်သေးဘူး၊ တရားစခန်း ၀င်နေတဲ့အချိန်တွေမှာဆိုရင်လည်း စင်္ကြံလျှောက်တဲ့အချိန်မှာ ရွတ်ပါတယ်လို့ ပြောထားတယ်။ ကဗျာတပုဒ်ကိုတောင် အဓိပ္ပာယ်မသိရင် အလွတ်ကျက်လို့ မရတတ်တဲ့ ကျွန်မဟာ ပဌာန်းကိုလည်း ဒီအတိုင်းပဲ ဆယ်ကျော်သက်အရွယ်ကတည်းကနေ အခုထိ အနှစ် ၃၀ နီးပါး ရွတ်လာခဲ့ပေမဲ့ ဘယ်တုန်းကမှ အလွတ်မရခဲ့ဘူး။

အရင်ကာလ တလျှောက်လုံး ပဌာန်းအဓိပ္ပာယ်ကို ဘယ်မှာမှ ရှာမတွေ့ရာကနေ မမျှော်လင့်ဘဲ ဆရာကြီးဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင်တန်း ပစ္စည်းပိုင်းမှာ ရှင်းလင်းထားတဲ့ ပဌာန်းအဓိပ္ပာယ်ကို နားထောင်မိပြီးတာနဲ့ ဘယ်ပစ္စည်းမှာ ဘာအချက်တွေပါတယ်ဆိုတာကို မှတ်လိုက်ရုံနဲ့ ၂၄ ပစ္စည်းပဌာန်းကို ချက်ချင်းအလွတ်ရသွားတော့ ဆရာကြီးရဲ့ ကျေးဇူးကြီးမားလှပါတယ်။ အဓိပ္ပာယ်မသိဘဲ ရွတ်လည်း ကုသိုလ်ရတယ်ဆိုပေမဲ့ အဓိပ္ပာယ်သိပြီး ရွတ်ရင်တော့ တရားရဲ့အနှစ်သာရနဲ့ တရားကရတဲ့ ပီတိက ရင်ထဲအထိ စိမ့်ဝင်သွားပြီး မှတ်ညာဏ်ထဲမှာလည်း အမြဲရှိနေတဲ့အတွက် အဓိပ္ပာယ်မသိဘဲ ရွတ်တာထက် အဆပေါင်းများစွာ ကုသိုလ်ပိုရပြိး အကျိုးပိုရှိမှာ သေချာပါတယ်။ အဓိပ္ပာယ် မသိဘဲ ရွတ်သည်ဖြစ်စေ၊ သိပြီးရွတ်သည်ဖြစ်စေ ပဋ္ဌာန်းရွတ်ခြင်းရဲ့ အကျိုးကို ပုံမှန် ရွတ်သူတိုင်း သိနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဟေတုပစ္စည်းမှ ပူရေဇာတပစ္စည်းအထိ အပိုင်း (၁) ကို မဖတ်ရသေးသူများအတွက် ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ ပဋ္ဌာန်းပါဠိကို နေရာတိုင်းမှာ ရှာလို့ ရနိုင်တဲ့အတွက် အဓိပ္ပာယ်ကိုပဲ ဖေါ်ပြလိုက်ပါတယ်။

၁၁။ ပစ္ဆှာာဇာတပစ္စယသတ္တိ ကျေးဇူးပြုပုံ - နောက်ဖြစ်သောတရားက ရှေ့ဖြစ်သောတရားကို ကျေးဇူးပြုခြင်း

နောက်မှဖြစ်ကြသော စိတ်စေတသိတ်တို့သည် ရှေ့၌ဖြစ်နှင့်သော ဤ၀တ္တုရုပ်အစုတို့အား (၀တ္ထု ၆ ပါး = စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ဟဒယ) ပစ္ဆာာဇာတ သတ္တိဖြင့် ကျေးဇူးပြုပါသည်။ (စိတ်စေတသိတ်တွေက ၀တ္ထု တခုခုကို မှီပြုပြီးမှ ဖြစ်လာပြီး အဲဒီ ၀တ္တုကြောင့် နောက်မှဖြစ်လာတဲ့ စိတ်စေတသိတ်တွေကပဲ သူတို့အမှီပြုခဲ့တဲ့ ၀တ္တုတွေကို ဆက်လက်တည်တံ့နေနိုင်ဖို့အတွက် ပြန်ပြီး ကျေးဇူးပြုတာကို ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်တယ်။)

၁၂။ အာသေ၀နပစ္စယ သတ္တိဖြင့် ကျေးဇူးပြုခြင်း - အထုံအဟုန်ပေး၍ ကျေးဇူးပြုခြင်း
- ရှေးရှေးဖြစ်ကြသော ကုသိုလ်ဇောနှင့် စေတသိတ်တို့သည် နောက်နောက်ဖြစ်ကြသော ကုသိုလ်ဇောနှင့် စေတသိတ်တို့ကို အထုံအဟုတ်ပေး၍ ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အကုသိုလ်ဇောနှင့် စေတသိတ်တို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်ဇောနှင့် စေတသိတ်တို့ကို အထုံအဟုတ်ပေး၍ ကျေးဇူးပြုပါသည်။
- ရှေးရှေးဖြစ်ကြသော ကြိယာဇောနှင့် ဖိုလ်ဇောတို့သည် နောက်နောက်ဖြစ်ကြသော ကြိယာဇော်နှင့် ဖိုလ်ဇောတို့ကို အထုံအဟုတ်ပေးသည့်အနေဖြင့် ကျေးဇူးပြုပါသည်။

၁၃။ ကမ္မပစယောတိ- ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း- မျိုးစေ့သည် အပင်သစ်တခု ဖြစလလာစေသကဲ့သို့ ကံတရားသည် ဘ၀အသစ်တခုဖြစ်လာစေရန် ဘ၀အသစ်တခု ဖြစ်လာစေရန် ကျေးဇူးပြုခြင်း

-ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့သည် ၀ိဘက်နာမ်ခန္ဓာလေးပါးနှင့် ကတဋာရုပ် (ဥတုဇရုပ်+ကမ္မဇရုပ်) တို့ကို ဖြစ်လာစေရန် ကမ္မပစ္စယသတ္တိဖြင့် (မျိုးစေ့မှ အပင်ဖြစ်လာစေသကဲ့သို့) ဘ၀အသစ်တခုဖြစေလာရန် ကျေးဇူးပြုပါသည်။

-စေတနာဟူသော ကံတရားသည် ၄င်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သော စိတ်စေတသိတ်တို့အားလည်းကောင်း၊ ထိုစိတ်စေတသိတ်တို့ကြောင့် ဖြစ်လာစေသော စိတ္တဇရုပ်တို့အားလည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ဘ၀အသစ်တခု ဖြစ်ရန်ကျေးဇူးပြုပါသည်။

၁၄။ ၀ိပါကပစ္စယ သတ္တိဖြင့်ကျေးဇူးပြုခြင်း - ငြိမ်ငြိမ်သက်သက် ဖြစ်အောင်ကျေးဇူးပြုခြင်း
-ကံအကျိုးကြောင့် ဖြစ်လာသော ၀ိပါက်စိတ်နှင့်စေတသိတ် နာမ်ခန္ဒာလေးပါးတို့သည် အပြန်အလှန်တခုကိုတခု အေးအေးလူလူ ဖြစ်စေရန် ကျေးဇူးပြုပါသည်။

၁၅။ အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း - အိမ်အိုအား ကျားကန်ပေးသကဲ့သို့ ကျေးဇူးပြုခြင်း
- ကာဗဠိကာရောခေါ် ၀ါးမျိုစားသောက်ရသည့် (ရုပ်) အာဟာရသည် ဤရုပ်ခန္ဓာကိုယ်အား အားဖြည့်ပြီး တည်တံ့ခိုင်မြဲအောင် ထောက်ပံ့၍ အာဟာရသတ္တိဖြင့် (အိမ်အိုအားကျားကန်ပေးသကဲ့သို့) ဆက်လက်ရှင်သန်နေစရန် ကျေးဇူးပြုပါသည်။

- နာမ်အာဟာရ သုံးမျိုးသည် (ဖဿ ၊ စေဒနာ၊ ၀ိညာဏ) ၄င်းတို့နှင့်တပေါင်းတည်း ယှဉ်ဖြစ်သော စိတ်စေတသိတ်တို့အားလည်းကောင်း ထိုစိတ်စေတသိတ်တို့ကြောင့် ဖြစ်လာစေသော စိတ္တဇရုပ်တို့အားလည်းကောင်း အာဟာရပစ္စယသတ္တိဖြင့် (အိမ်အိုအားကျားကန်ထားပေးသကဲ့သို့) ကျေးဇူးပြုပါသည်။

၁၆။ အိန္ဒြိယပစ္စယောတိ- အိန္ဒြိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုခြင်း - ဆိုင်ရာနယ်ပယ်မှာ အစိုးရအောင် ထိန်းသိမ်းကွပ်ကဲခြင်းဖြင့် ကျေးဇူးပြုခြင်း

-စက္ခုဟူသော အမြင်အိနြေ္ဒသည် မြင်သိစိတ်နှင့် ၄င်းနှင့်တပါင်းတည်း ယှဉ်ဖြစ်သော စေတသိတ်တို့ကို ဖြစ်လာစေရန် အိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုပြီး မြင်သိမှုကို အစိုးရသည်။
-သောတဟူသော အကြားအိနြေ္ဒသည် ကြားသိစိတ်နှင့် ၄င်းတို့နှင့် ပေါင်းတည်းယှဉ်ဖြစ်သော စေတသိတ်တို့အား ဖြစ်လာစေရန် အိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုပြီး ကြားသိမှုကို အစိုးရသည်။
-ဃာနဟူသော အနံ့ခံအိနြေ္ဒသည် ၄င်းနှင့်တပါင်းတည်းယှဉ်ဖြစ်သော စေတသိတ်တို့အား ဖြစ်လာရန် အိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုပြီး နံသိမှုကို အစိုးရသည်။
-ဇိဝှာါသူသော အရသာအိနြေ္ဒသည် ၄င်းနှင့်တပါင်းတည်းယှဉ်ဖြစ်သော စေတသိတ်တို့အား ဖြစ်လာရန် အိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုပြီး စားသိမှုကို အစိုးရသည်။
-ကာယဟူသာထိတွေ့မှုအိနြေ္ဒသည် ၄င်းနှင့်တပါင်းတည်းယှဉ်ဖြစ်သော စေတသိတ်တို့အား ဖြစ်လာရန် အိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုပြီး ထိသိမှုကို အစိုးရသည်။
-ရုပ်ဇိဝိဟူသော အိနြေ္ဒတရားသည် ကတဋာရုပ် (ကမ္မဇရုပ်နှင့် ဥတုဇရုပ်) တို့ကို ဖြစ်လာစေရန် အိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုပြီး သက်တမ်းပြည့်တည်အောင် စောင့်ထိန်းပေးသည်။
-ရုပ်မဟုတ်သော နာမ်အိနြေ္ဒတရားတို့သည် ၄င်းနှင့် ယှဉ်ဘက်စေတသိတ်တို့အားလည်းကောင်း၊ ၄င်းစေတသိတ်များကြောင့် ဖြစ်လာစေသော စိတ္တဇရုပ်တို့အားလည်းကောင်း အိနြ္ဒိယ ပစ္စယသတ္တိဖြင့် အစိုးရအောင် ကျေးဇူးပြုပါသည်။

၁၇။ဈာနပစ္စယောတိ-  ဈာနပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း - ပစ္စယုပ္ပံတရားတို့အား အာရုံသို့ စူးစိုက်စွာ ရှုစေခြင်းဖြင့် ကျေးဇူးပြုခြင်း
-ဈာနင်တရားခေါ် ဈာန်အင်္ဂါတို့သည် ၄င်းတို့နှင့် တပါင်းတည်းယှဉ်ဖြစ်သော စေတသိတ်တို့အားလည်းကောင်း၊ ထိုစိတ်စေတသိတ်တို့ကြောင့် ဖြစ်လာစေသော စိတ္တဇရုပ်တို့အားလည်းကောင်း အာရုံကိုစူးစိုက် ရှုနိုင်အောင် ဈာနပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပါသည်။

၁၈။ မဂ္ဂပစ္စယောတိ- မဂ္ဂပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း

 - မဂ္ဂင်တရားတို့သည် ၄င်းတို့နှင့်တပေါင်းတည်းယှဉ် ဖြစ်သော စေတသိတ်တို့အားလည်းကောင်၊ ၄င်းစေတသိတ်တို့ကြောင့် ဖြစ်လာစေသော စိတ္တဇရုပ်တို့အားလည်းကောင်း မဂ္ဂပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။

၁၉။ သမ္ပယုတ္တပစ္စယောတိ- သပ္ပယုတ္တပစ္စယ သတ္တိဖြင့်ကျေးဇူးပြုခြင်း - အပေါင်းတည်း ယှဉ်ဖြစ်လျက် ကျေးဇူးပြုခြင်း

-နာမ်ခန္ဓာလေးပါးဖြစ်သည့် စိတ်နှင့်စေတသိတ်တို့သည် အပြန်အလှန် တခုကိုတခု အတူဖြစ်အောင် သမ္ပယုတ္တပစ္စယ သတ္တိဖြင့် တပေါင်းတည်း ဖြစ်အောင် ကျေးဇူးပြုပါသည်။

၂၀။ ၀ိပ္ပယုတ္တပစ္စယောတိ- ၀ိပ္ပယုတ္တပစ္စယ သတ္တိဖြင့်ကျေးဇူးပြုခြင်း - မရောနှောဘဲ ကျေးဇူးပြုခြင်း

-ရုပ်တရားတို့သည် နာမ်တရားတို့အားလည်းကောင်း၊ နာမ်တရားတို့သည် ရုပ်တရားတို့အားလည်းကောင်း ရောနှောခြင်းမရှိဘဲ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုပါသည်။

၂၁။ အတ္ထိပစ္စယောတိ- အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း - အထင်အရှား ရှိခြင်းဖြင့်ကျေးဇူးပြုခြင်း

-နာမ်ခန္ဓာလေးပါး (စိတ်၊ စေတသိတ်) တို့သည် အချင်းချင်း အပြန်အလှန် အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုကြပါသည်။
-မဟာဘုတ်လေးပါး ဖြစ်သည့် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော တို့သည် အချင်းချင်း အပြန်အလှန် အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-ပဋိသန္ဓေတည်စဉ်အခါတွင် နာမ်နှင့်ရုပ်တို့သည် အချင်းချင်း အပြန်အလှန် အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-စိတ်၊ စေတသိတ်တို့သည် စိတ်ကြောင့်ဖြစ်လာသောရုပ်၊ စိတ္တဇရုပ်တို့ကို အထင်အရှားရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-မဟာဘုတ်လေးပါးဖြစ်သည့် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော တို့သည် ၄င်းတို့၏အမှီရုပ် ဖြစ်သည့် စိတ္တဇရုပ်တို့ကို (ဖြစ်လာစေရန်) အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-စက္ခု ၀တ္တုခေါ် စက္ခုပသာဒသည် (အဆင်း၊ မြင်ကွင်းနှင့်ထိတွေ့သောအခါ) မြင်သိစိတ်နှင့် ၄င်းနှင့် တပေါင်းတည်း ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်) အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-သောတ၀တ္တုခေါ် သောတပသာဒသည် (အသံနှင့်ထိတွေ့သောအခါ) ကြားသိစိတ်နှင့် ၄င်းနှင့် တပေါင်းတည်း ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်) အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-ဃာန၀တ္တခေါ် ဃာနပသာဒသည် (ရနံ့နှင့် ထိတွေ့သောအခါ) နံသိစိတ်နှင့် ၄င်းနှင့် တပေါင်းတည်း ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်) အထင်အရှားရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
ဇိဝှါဝတ္တုခေါ် ဇိဝှါပသာဒသည် (အစာအရသာနှင့် ထိတွေ့သောအခါ) စားသိစိတ်နှင့် ၄င်းနှင့် တပေါင်းတည်း ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်) အထင်အရှားရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
ကာယ၀တ္ထုခေါ် ကာယပသာဒသည် (အထိအတွေ့နှင့်ကြုံတွေ့သောအခါ) ထိသိစိတ်နှင့် ၄င်းနှင့် တပေါင်းတည်း ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်) အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-ရူပါရုံခေါ် အမြင်အာရုံသည် မြင်သိစိတ်နှင့် ၄င်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သာ တရား- စိတ်စေတသိတ်တို့ကို (ဖြစ်လာစေရန်) အထင်အရှားရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-သဒ္ဒါယတနံခေါ်အကြားအာရုံသည် ကြားသိစိတ်နှင့် ယင်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သော တရား- စိတ်စေတသိတ်တို့ကို ဖြစ်လာစေရန် အထင်အရှားရှိခြင်းမြင့် ကျေးဇူးပြုပါသည်။
-ဂန္ဓာယတနံခေါ် အနံ့ခံအာရုံသည် နံသိစိတ်နှင့် ယင်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သာ တရား- စိတ်စေတသိတ်တို့ကို ( ဖြစ်လာစေရန်) အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
-ရသာယတနံခေါ် ရသအာရုံသည် စားသိစိတ်နှင့် ယင်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သာ တရား- စိတ်စေတသိတ်တို့ကို( ဖြစ်လာစေရန်) အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
- ဖောဋ္ဌဗ္ဗာယတနံခေါ် အထိအတွေ့အာရုံသည် ထိသိစိတ်နှင့် ယင်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သာ တရား- စိတ်စေတသိတ်တို့ကို ( ဖြစ်လာစေရန်) အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။
အဆင်း၊ အသံ၊ အနံ့၊ အရသာ နှင့် အထိအတွေ့အာရုံတို့သည် မနောဓာတ်သုံးပါး (ပဉ္စဒွာရ၀စ္စန်း၊ သံပဋိစ္ဆိုင်း၊ ဒွေး) နှင့် ၄င်းတို့နှင့်တပေါင်းတည်းယှဉ်ဖြစ်သာ စိတ်စေတသိတ်တို့ ကို ဖြစ်လာစေရန် အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုပါသည်။

အကြင်(ဟာဒရ၀တ္တု) ရုပ်ကို အမှီပြု၍ မနောဓာတ်သုံးပါးနှင့် မနောဝိညာဏဓာတ် ၇၆ ပါးတို့ ဖြစ်ကြသည်။ ထို (ဟဒရ၀တ္တု) ရုပ်သည် မနောဓာတ်သုံးပါး၊ မနောဝိညာဏဓာတ် (၇၆) ပါးနှင့် ၄င်းတို့နှင့် တပေါင်းတည်းယှဉ်ဖြစ်သော စေတသိတ်တွေကိုပါ (ဖြစ်လာစေရန်) အထင်အရှား ရှိခြင်းဖြင့် ကျေးဇူးပြုသည်။

၂၂။ နတ္ထိပစ္စယောတိ- နတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း - မရှိခြင်းဖြင့် ကျေးဇူးပြုခြင်း

-ကောင်းစွာအခြားမရှိဘဲ ချူပ်ငြိမ်းသွားကြသော စိတ်စေတသိတ်တို့သည် အကြောင်းကိုစွဲ၍ ဖြစ်လာသော(ပဋပ္ပန္နာနံ) စေတသိတ်တို့အား မရှိခြင်းမြင့် ကျေးဇူးပြုပါသည်။

၂၃။ ၀ိဂတပစ္စယောတိ-  ၀ိဂတပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း - ကင်းချူပ်ခြင်းဖြင့် ကျေးဇူးပြုခြင်း
--ကောင်းစွာအခြားမရှိဘဲ ကင်းချူပ်သွားကြသော စိတ်စေတသိတ်တို့သည် အကြောင်းကိုစွဲ၍ ဖြစ်လာသော(ပဋပ္ပန္နာနံ) စေတသိတ်တို့အား ကင်းချူပ်ခြင်းဖြင့် ကျေးဇူးပြုပါသည်။

၂၄။ အ၀ိဂတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုခြင်း- မကင်းချူပ်ခြင်းဖြင့် ကျေးဇူးပြုခြင်း

အ၀ိဂတပစ္စယသတ္တိက အတ္တိပစ္စယ သတ္တိနဲပ အားလုံးတူပါတယ်။ ဒါကြောင့် အတ္တိအစ္စယ သတ္တိကို ပြန်သွားပြီး ၀ါကျအားလုံးက "အထင်အရှား ရှိခြင်းဖြင့် ကျေးဇူြး့ပုသည်" နေရာမှာ "မကင်းချူပ်ခြင်းဖြင့် ကျေးဇူးပြုသည်" လို့အစားထိုး သွားဖို့ပဲ လိုပါတယ်။

ဆရာကြီးဒေါက်တာမင်းတင်မွန်ရဲ့ ဟောပြောချက် မူရင်းကို ဒီနေရာ <https://www.youtube.com/watch?v=OZ8ukhaWfYw> မှာ လေ့လာနိုင်ပါတယ်။
ဆရာကြီးကျန်းမာ ချမ်းသာ သက်တောင့်သက်သာ ရှိစွာနဲ့ သက်တော်ရာကျော်တဲ့အထိ တရားဓမ္မတွေကို မဂ်ဖိုလ်ရတဲ့အထိ ပွားများပြီး သာသနာပြုနိုင်ပါစေ-

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

1 comments:

ယခုအခါ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားတွေ အဆက်မပြတ် ရောက်လာနေကြတယ်။

ရောက်လာရင် အများအားဖြင့် ရွှေတိဂုံဘုရား ပုဂံဘုရားများ မန္တလေးမဟာမြတ်မုနိဘုရား စစ်ကိုင်းဘုရားများကို လည်ပတ်ဖူးမြော်ပြီး အဆင်သင့်ရင် တောင်ကြီးနဲ့ အင်းလေးကန်သို့ တစ်ရက်သွားလည်ကြတယ်။

ပြီးတော့ပြန်ကြတာပဲ။

မကြာသေးမီအချိန်က အင်္ဂလိပ် ပါမောက္ခ နှစ်ယောက်နဲ့ အမေရိကန် ပါမောက္ခတို့ မြန်မာနိုင်ငံသို့ ရောက်လာကြတယ်။

ထုံးစံအတိုင်း ဘုရားဖူးကြတဲ့အခါ 'အုတ်ပုံစေတီကို လူတို့က ပန်းပူဇော်တာ မီးပူဇော်တာ ရှိခိုးတာတွေဟာ ဘာအကျိုးကျေးဇူးရှိသလဲ'လို့ တွေ့တဲ့လူကြီးတွေကို မေးကြတယ်။

အင်္ဂလိပ်လိုမေးတယ်ဆိုတော့ မြန်မာဂေါပကလူကြီးတို့က ဖြေဖို့ခက်နေကြတယ်။

အဲ ... ဆူးလေးဘုရားကို ပါမောက္ခအဖွဲ့ ရောက်လာကြတယ်။

ထုံးစံအတိုင်း သူတို့ရဲ့မေးခွန်းကို ဂေါပကလူကြီးများကို မေးတယ်။

လူကြီးတွေ စေတီရင်ပြင်မှာ နေ့စဉ် တစ်နေကုန် ဝေယျာဝစ္စပြု လုပ်နေတဲ့ မစ္စတာဘဲလူး ကို အခေါ်ခိုင်းလိုက်ကြတယ်။

မစ္စတာ ဘဲလူးဟာ ဘရုတ်ကင်း အင်္ဂလိပ်ရှ် (Broken English) တော်တော်ပြောနိုင်တာကိုး။

မစ္စတာဘဲလူး ရောက်လာတဲ့အခါ အမေရိကန်ပါမောက္ခက မေးတယ်။

Why do you worship this Pagoda?
ဒီစေတီကို သင်တို့ဘာကြောင့် ကိုးကွယ်ကြသလဲ။

This Pagoda is made of bricks.
ဒီစေတီဟာ အုတ်နဲ့ တည်ဆောက်ထားတယ်။

Your houses are made of bricks.
သင်တို့ရဲ့အိမ်များကို အုတ်နဲ့ပဲ ပြု လုပ်ထားကြတယ်။

And your offices are made of bricks.
ပြီတော့ သင်တို့ရဲ့ရုံးများကိုလဲ အုတ်နဲ့ပဲ ပြု လုပ်ထားကြတယ်။

What is the difference?
ဘာခြားနားမှုရှိသလဲတဲ့။

အဲဒီအခါ မစ္စတာဘဲလူးက အမေရိကန်ပါမောက္ခကို ပြန်မေးတယ်။

Do you have a wife, mister?
ဆရာ ... သင့်မှာ ဇနီးမယား ရှိသလား။

Oh yes. အိုး ... ရှိတာပေါ့။

Do you have mother?
သင့်မှာ အမေရှိရဲ့လား။

Oh yes, I have.
ဟ ... ရှိတာပေါ့ကွာ။

Do you have sister?
သင့်မှာ ညီမကော ရှိသလား။

Oh yes. အိုး ... ရှိပါတယ်။

Now at night with whom do you sleep?
ကဲ... မိုးချုပ်တဲ့အခါ သင် ဘယ်သူနဲ့ အိပ်သလဲ။

Of course, I sleep with my wife.
ဟာကွာ ... ငါ့ဇနီးနဲ့အတူ ငါအိပ်တာပေါ့။

Why don't you sleep with your mother?
သင့်အမေနဲ့ ဘာကြောင့် အတူမအိပ်သလဲ။

Why don't you sleep with your sister?
သင့်နှမနဲ့ ဘာကြောင့် အတူမအိပ်သလဲ။

Your mother is woman.
သင့်ရဲ့အမေဟာ မိန်းမပဲ။

Your sister is also woman.
သင့်နှမကလဲ မိန်းမပဲ။

And your wife is woman.
ပြီးတော့ သင့်ဇနီးကလဲ မိန်းမပဲ။

What is the difference?
ဘာခြားနားမှုရှိသလဲ။

အဲဒီအခါ အမေရိကန်ပါမောက္ခက မျက်လုံးမျက်ဆံပြူးပြီး ပြောလိုက်တယ်။

Oh boy, I get your point.
ဟုတ်ပြီကွာ မင်းဆိုလိုတာကို ငါနားလည်ပြီ။

မစ္စတာဘဲလူး နှာနှပ်ပေးလိုက်တာ အမေရိကန် အင်္ဂလိပ်ပါမောက္ခတွေ မေးခွန်းထပ်မမေးနိုင်ကြတော့ဘဲ နှုတ်ပိတ်ပြီး ခေါင်းတညိတ်ညိတ်နဲ့ ထွက်ခွာသွားကြတော့တယ်။

အခြားဘာသာအယူရှိကြတဲ့ နိုင်ငံခြားသားတို့ဟာ စေတီကို အုတ်ပုံလို့မြင်နေကြတယ်။

သစ္စာလေးပါးကိုမြင်သိတဲ့ ဗုဒ္ဓဉာဏ်တော်နဲ့ သဗ္ဗညု တဉာဏ်တော်ကို ကိုယ်စားပြု တဲ့အထိမ်းအမှတ်ဖြစ်တာကို သူတို့ မမြင်နိုင်ကြဘူး။

ဒီဉာဏ်တော်တို့ဟာ ထိပ်တန်းအကျဆုံး အမြတ်ဆုံး ဉာဏ်တော်များဖြစ်ကြလို့ ဒီဉာဏ်တော်ဆီသို့ အာရုံညွှတ်သွားနိုင်တယ်ဆိုရင်ပဲ ကြည်ညို စိတ်ဖြစ်သွားတယ်ဆိုရင်ပဲ ကြီးကျယ်တဲ့ ကုသိုလ်ကံစေတနာတွေ ကုဋေချီပြီး ဖြစ်ပေါ်လာကြတာကို သူတို့မသိကြဘူး။

(ဒေါက်တာမင်းတင်မွန်)
မြတ်ဗုဒ္ဓ စာအုပ်မှ