Sunday, August 09, 2009
Nge Naing
88 က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ အားလုံးကို ကြွရောက်လာတဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားမှာ ထင်ဟပ်သွားစေရန် ရှစ်လေးလုံးအခမ်းအနားကို မှတ်တမ်းတင် ဗွီဒယိုခွေများ ပြပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အလယ်မှာ တခြားအစီစဉ်တွေကို ထည့်ပြီးတော့ တော်လှန်သော ဒီမိုကရေစီ၊ တော်လှန်ရေး တေးသီချင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တေးသီချင်းတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အပေါ်ကပုံက အခမ်းအနား၏ နောက်ဆုံးအစီစဉ် ဖြစ်တဲ့ တော်လှန်ရေး သီချင်းများဖြင့် အမှတ်တရ သီဆိုမည့် အစီစဉ်များကို မျိုးဆက်သစ် ညီမငယ်လေးတဦးမှ ထိုအစီစဉ်အတွက် တင်ဆက်မည့်သူများ နာမည်နဲ့ တင်ဆက်မည့်အကြောင်းအရာကို သီးသန့် ကြေညာနေပေးနေပုံ ဖြစ်ပါတယ်။ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား သတင်းကို အရင် ပို့စ်မှာ တင်ခဲ့ပြီး ဖြစ်ပါတယ်။ အခုတခါ အခမ်းအနား နောက်ဆက်တွဲ အစီစဉ်တွေကို တင်လိုက်ပါတယ်။ ဒီအစီစဉ်မှာ မြန်မာသံစဉ်နှင့် ခေတ်ပေါ်သံစဉ် တေးသီချင်းတွေကို နယူးဆောက်သ်ဝေး ပြည်နယ်ရောက် မကဒတ တပ်ဖွဲ့ဝင်ဟောင်းတွေက ဆစ္ဒနီမြို့မှာ ရောက်ရှိနေထိုင်ကြတဲ့ တခြား မြန်မာပြည်သားတွေ နဲ့အတူ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်းက ပြည်တွင်းမှာ စပ်ဆိုခဲ့တဲ့ သီချင်းများနှင့် တောတွင်း ကာလတွေမှာ စပ်ဆိုခဲ့တဲ့ ဒီမိုကရေစီ (သို့) ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တေးသီချင်းတွေကို သီဆို တီးမှုတ် တင်ဆက်ခဲ့ပါတယ်။ တင်ထားတဲ့ ဓါတ်ပုံတွေ ဗွီဒယိုတွေမှာ အသံမကြည်လင်တာနဲ့ ပုံတွေမရှင်းမလင်း ဖြစ်နေတာတွေက သီဆိုတီးမှုတ်သူတွေနဲ့ လုံးဝ မသက်ဆိုင်ပဲ ကျွန်မမှာ ရှိတဲ့ စံချိန်မမီတဲ့ ကင်မရာလေးနဲ့ ကျွန်မ ရိုက်တတ်သလို အခြေအနေပေးသလို ရိုက်ထားတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။ ပြီးတော့ သီဆိုတီးမှုတ်တဲ့ သူတွေကလည်း Professional တွေ မဟုတ်ကြပဲ ဒီမိုကရေစီ တော်လှန်ရေး ကာလတလျှောက်မှာ ခံစားရတဲ့ သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို ဖေါ်ပြထားတာတွေ၊ တော်လှန်ရေး၊ နိုင်ငံရေးနဲ့ လုံးဝ ပတ်သက်သူတွေ မဟုတ်ပဲနဲ့ မိမိတို့ စေတနာလျှောက် ရန်ပုံငွေအတွက် ချက်ပြုတ်ရောင်းပေးရာမှာ အပါအ၀င် အခမ်းအနားမှာ လာရောက်ပူးပေါင်းကူညီ ပါဝင်ကြတဲ့ ဆစ်ဒနီရောက် မြန်မာပြည်သူလူထုရဲ့ တခဲတနက် ကူညီအားပေးမှုကို မှတ်တမ်းအဖြစ် သိမ်းထားလို၍သာ တင်ထားခြင်းဖြစ်လို့ နားထောင်ရ (သို့) ကြည့်ရှုရ ရှင်းလင်း ကြည်လင်မှု မရှိလို့ စိတ်အနှောက်အယှက် ဖြစ်ရရင် ကျွန်မအနူးအညွတ် တောင်းပန်ပါတယ်။
ဆစ်ဒနီရောက် ရှစ်လေးလုံး မျိုးဆက်တဦးမှ မြန်မာသံစဉ် တော်လှန်ရေး သီချင်းတပုဒ်ကို သီဆိုနေစဉ်
ဆစ်ဒနီရောက် ၈၈ မျိုးဆက် တဦးမှ ဒီအခမ်းအနားတွင် ကလေးငယ်များအတွက် မြန်မာနိုင်ငံအကြောင်း စာစီစာကုံး ပြိုင်ပွဲကို ထည့်သွင်းရခြင်း အကြောင်းအရင်းကို ရှင်းလင်းပြောပြနေစဉ်
ဆစ်ဒနီရောက် ဒီမိုကရေစီ လှုပ်ရှားသူတဦးမှ ရှစ်လေးလုံးအတွက် ကိုယ်တိုင်စပ်ဆိုထားသော ဒီမိုကရေစီ တော်လှန်ရေးသီချင်းကို သီဆိုနေစဉ်
ဟောခန်းမအတွင်း အခမ်းအနား စတင်ချိန်
Hall ခန်းမ အပြင်ဘက်တွင် Fund raising အတွက် ရောင်းချပေးနေသော ညနေစာကို ၀ယ်ယူအားပေး စားသောက်နေကြစဉ်
တပ်ရင်း (၂၀၈) မှ တပ်ဖွဲ့ဝင်ဟောင်းတဦးနှင့် မျိုးဆက်သစ် ညီမငယ်တဦးက ရှစ်လေးလုံးကာလ စပ်ဆိုခဲ့သော ၂၆ နှစ်ကြာ မြန်မာပြည်သူများ၏ ကျွန်ဘ၀ကို ထင်ဟပ်သည့် မြန်မာသံစဉ် တေးသီချင်း တပုဒ်ကို သီဆိုနေစဉ်
ဆစ်ဒနီရောက် မြန်မာနိုင်ငံသားများနှင့် ABSDF တပ်ဖွဲ့ဝင် ရဲဘော်ရဲမေများဟောင်းများက ရှစ်လေးလုံးကာလတွင် စပ်ဆိုခဲ့သည့် ဒီမိုကရေစီ မုချ ရရမည် ဟူသည့် သီချင်းကို အတူတူသီဆိုကြစဉ်
ဆစ္ဒနီရောက် မြန်မာလူငယ် တဦးမှ ခေတ်ပေါ်တေးဂီတ သံစဉ် ကဏ္ဍတွင် ၀ိုင်းဝန်း ပါဝင်သီဆိုစဉ်
ABSDF တပ်ရင်း (၃၀၃) တပ်ဖွဲ့ဝင်ဟောင်း မိသားစုတခုရဲ့ မျိုးဆက်သစ် တဦးနှင့် တပ်ရင်း ၂၀၄/၂၀၅ က ABSDF တပ်ဖွဲ့ဝင်ဟောင်း တဦးက အမှောင်လွှမ်းတဲ့ ကမ္ဘာကြီးထဲက ငြိမ်းချမ်းရေး ချိုးငှက်ငယ် သီချင်းကို သီဆိုနေကြစဉ်
( သီချင်းတချို့ကို ဗွီဒယိုနဲ့ တင်ဖို့ Upload ကြိုးစားကြည့်ပေမယ့် မအောင်မြင်ခဲ့လို့ နောက်အလျဉ်းသင့်မှ ပြန်ကြိုးစားကြည့်မယ်)
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ပွဲခံရမည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

2 comments:
အခမ်းအနားလာတက်ပါတယ်မငယ်ရေ
http://moemoe650.files.wordpress.com/2009/03/absdf-females.jpg
Post a Comment