မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဆီးချိုရောဂါ အစားအစာ

ဆီးချိုရောဂါ အစားအစာ



ဆီးချိုသွေးချိုရောဂါသည် ခန္ဓာကိုယ်တွင်းရှိ ပန်ကရိယမှ အင်ဆူလင်ဟော်မုန်း လုံလောက်စွာ
မထုတ်လုပ်နိုင်၍၎င်း၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းအား ထိရောက်စွာအသုံးမချနိုင်၍၎င်း၊
သွေးအတွင်းအချိုဓါတ်(Glucose)မြင့်တက်၍ ခန္ဓာကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းများ အချိန်
နှင့်အမျှချို့ယွင်းပျက်စီးစေသော ရောဂါဖြစ်ပါသည်။

ဆီးချိုသွေးချိုရောဂါ သက်သာစေ၇န် ……
  • သင့်တော်သည့်အစားအစာများကို ရွေးချယ်၍ ဆင်ဆင်ခြင်ခြင် စားသုံးခြင်း၊
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊
  • ကယ်လိုရီစားသုံးမှု လျှော့ချခြင်း နှင့်

  • ကိုယ်အလေးချိန် လျှော့ချခြင်း တို့ဖြစ်သည်။

ဆီးချိုရောဂါဝေဒနာရှင်များအနေဖြင့် ဂလူးကို့စ်သကြားကို ဖြည်းဖြည်းနှင့်မှန်မှန် ထုတ်ပေး
နိုင်သည့်အစာများကို ရွေးချယ်စားသုံးသင့်ပါသည်။ အစာတစ်မျိုးကိုစားသုံးလိုက်ပြီးနောက်
ထိုအစာတွင်ပါဝင်သည့် ကစီဓါတ်(carbohydrate)များသည် ဂလူးကို့စ် (Glucose)အဖြစ်
သွေးအတွင်း၌ မည်မျှုမြန်မြန်နှင့်များများ ရောက်ရှိသွားသည်ကိုတိုင်းတာသည့် ယူနစ်တစ်
ခုမှာ “Glycaemic Index” ဖြစ်ပါသည်။ Glucose ၏ Glycaemic Index ကို ၁၀၀ ဟူ၍
စံထားပြီး အစားအစာအမျိုးမျိုး၏ သွေးအတွင်းသကြားဓာတ် မြင့်မားစေသည့်နှူန်း
Glycaemic Index ကိုဖော်ပြလေ့ရှိပါသည်။Glycaemic Index မြင့်ခြင်းသည် သွေးအတွင်း
သကြားဓာတ်မြင့်တက်နှူန်းမြန်ဆန်သည့် အဓိပ္ပါယ်ဖြစ်ပြီး Glycaemic Index နိမ့်ခြင်းသည်
သွေးအတွင်းသကြားဓာတ် မြင့်တက်နှူန်း နှေးကွေးသည့်အဓိပ္ပါယ် ဖြစ်ပါသည်။
အစားအစာများကိုရွေးချယ်ရာတွင် -----
  • Glycaemic Index နိမ့်သောအစာများကို ရွေးချယ်တတ်ဖို့လိုပါမည်။

  • အစားအစာနှစ်မျိုးသည် Glycaemic Index ချင်းတူနေလျှင် အစားအစာ၌ပါဝင်သည့်
    ကစီဓါတ်(carbohydrate)ပမာဏ ကိုကြည့်၍ ကစီဓါတ်(carbohydrate)နည်းသော
    အစာကို ရွေးရပါမည်။


Glycaemic Load
Eg. အစားအစာတစ်မျိုး၏ Glycaemic Index = 70
ထိုအစားအစာ 100g တွင် carbohydrate 40g ပါလျှင်






Glycaemic Load=Glycaemic Index
xအစာတွင်ပါဝင်သည့် carbohdrate အလေးချိန်
/အစာ၏စုစုပေါင်းအလေးချိန်







=70
x40
/100







=28


























အစားအစာGlycaemic IndexGlycaemic Load
ကောက်နှံများ
ဆန်ဖြူ (Instant)၈၇၃၆
ဘာစမာတီဆန် (Basmati)၅၈၂၂
ဆန်လုံးညို၅၀၁၆
ခေါက်ဆွဲ (Instant)၄၇၁၉
ပေါင်မုန့် (White Bread)၇၀၁၀
ပေါင်မုန့် (Whole wheat Bread)၇၇၉
သစ်ဥသစ်ဖုများ
အာလူး (Microwaved)၈၂၂၇
အာလူး (မီးဖုတ်)၈၅၂၆
အာလူးကြော်၇၅၂၂
အာလူးပြုတ်၈၈၁၆
ကန်စွန်းဥ၆၁၁၇
မျောက်ဥ (Yam)၃၇၁၃
မုန်လာဥနီ (Carrot)၄၇၃
ပဲဆန်အမျိုးမျိုး
ကုလားပဲ၂၈၈
ပဲကတ္တီပါ၂၈၇
ပဲထောပါတ်၃၁၆
ပဲနီလေး (Lentil)၂၉၅
ပဲပုတ်၁၈၁
သစ်သီးအမျိုးမျိုး
ငှက်ပျောသီး၅၁၁၃
သင်္ဘောသီး၅၉၁၀
သရက်သီး၅၁၈
စပျစ်သီး၄၆၈
နာနတ်သီး၅၉၇
ပန်းသီး၃၈၆
လိမ္မော်သီး၄၈၅
ဆီးသီး၃၉၅
ဖရဲသီး၇၂၄
သစ်တော်သီး၃၈၄
နို့နှင့်နို့ထွက်ပစ္စည်းများ
နို့ဆီ၆၁၃၃
ဒိန်ချဉ်(Yogurt,Low Fat)၃၃၁၀
ရေခဲမုန့်၆၁၈
နို့(အဆီထုတ်)၃၂၄
နို့၂၇၃
သကြားအမျိုးမျိုး
ဂလူးကို့စ်(Glucose)၁၀၀၁၀
ပျားရည်၅၅၁၀
ကြံသကြား(Sucrose)၆၈၇
နို့သကြား(Lactose)၄၆၅
သစ်သီးသကြား(Fructose)၁၉၂
အချိုရည်အမျိုးမျိုး
လင်မနစ်(Lemonade)၆၆၁၃
လိမ္မော်ရည်၅၂၁၂
ပန်းသီးဖျော်ရည်၄၀၁၂
ကိုကာကိုလာ၆၃၆


ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု(၃)မျိုး
ကို လိုက်နာစားသုံးသင့်သည်။
(၁) လုံးဝရှောင်ကြဉ်ရမည့် အစားအစာများ
ဂလူးကို့စ်၊ သကြား၊နို့ဆီ၊ ထန်းလျက်၊ ကြံသကာ၊ ၄င်းတို့ဖြင့်ပြုလုပ်ထားသော
အစားအစာများ၊
(၂) အသင့်အတင့်သာစားသုံးနိုင်သော အစားအစာများ
ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စသည့် ကစီဓါတ်များသော အစာများ၊
ချိုသောအသီးအနှံများ၊ ပဲအမျိုးမျိုးနှင့် ၄င်းတို့ဖြင့် ပြုလုပ်ထားသောအစားအစာများ၊
(၃) ဆန္ဒရှိသရွေ့ စားသုံးနိုင်သော အစားအစာများ
အသား၊ ငါး၊ အချိုဓါတ်မရှိသော အသီးအနှံများ၊ အရွက်များစသည်တို့ကို စားသုံး
နိုင်သည်။
(Dr. Win Thein-Mogok)

မူရင်းပို့စ် ကို Publicsh Health in Myanmar မှာ ဒေါက်တာဝင်းသိန်း တင်သည့်ပို့စ်ကို ကူးယူဖေါ်ပြပါသည်။


7 comments:

မှတ်သားစရာ ကျန်းမာရေး ဗဟုသုတ အတွက်ကျေးဇူးတင်ပါတယ်

Rose ရေ
ဒေါက်တာဝင်းသိန်းရဲ့ပို့စ်ပါ။ ကျွန်မပို့စ် မဟုတ်ပါဘူး။ ဒေါက်တာဝင်းသိန်းကိုပဲ ကျေးဇူးတင်ရမှာ။ ဆီးချိုရောဂါအကြောင်းတွေ Public Health in Myanmar မှာ ကျွန်မစတင်တော့ သူက ဒီပို့စ်တင်ထားပြီးသားမို့ ကျွန်မက အစားအစာကို အသားမပေးတော့ပဲ ကျွန်မတင်တဲ့ ပို့စ်တွေမှာ ရောဂါအကြောင်းကိုပဲ အသားပေးပြီး တင်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တဲ့ ဆီးချိုအကြောင်းကို ထပ်တင်ဖို့ ကျန်ပါသေးတယ်။

စာလာဖတ်တယ် အစ်မရေ
ပျော်ရွှင်ပါစေ :D

ပို့စ်လေးရေးပြီး ကျမ်းမာရေးအသိပညာပေးတဲ့ ဒေါက်တာဝင်းသိန်းကိုရော ပို့စ်တင်ပေးပြီး ဖြန့်ဝေပေးတဲ့ အစ်မငယ်နိုင်ကိုရော ကျေးဇူးတင်ပါတယ် ညီမ အမေက ဆီးချိုရှိတယ် သူအမြဲ ဆီးချိုတက်လို့ နေမကောင်းဖြစ်တယ် အမေက အရမ်းလဲဝတယ် ပြီးခဲ့တဲ့နှစ်ကတော့ ဘန်ကောက်မှာ ဆေးလာကုသေးတယ် ဆီးချိုတိုင်းတာလေးတော့ ထည့်ပေးလိုက်တယ် ဆီးချိုတက်တုန်းပဲပြောတယ် အမေက အချိုလည်း ကြိုက်တယ်လေ။။ အမေ့ကို ဘယ်လိုလုပ်ရမယ် သေချာ မသိသေးဘူး။

မင်္ဂလာပါ...

ဆရာ အောင်မြင့် မင်္ဂလာဆောင်တော့မယ်တဲ့၊ သြစီမှာ မသိသေးတဲ့ တပ်ရင်းက လူတွေကို ပြောပြလိုက်ပါ။ ပေးကမ်းစွန့်ကြဲချင်ရင် ဘီအာစီ(မဲဆောက်)ရုံးကို ဆက်သွယ်လို့ ရနိုင်တယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

ထပ်ပြီးဖော်ပြပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ် မငယ်နိုင်.. ကျွန်တော်တို့ ဘလောဂါ မောင်နှမတွေနဲ့ စာဖတ်သူ အားလုံး အတိုင်းအတာ တစ်ခုထိ ကျန်းမာရေး အသိရသွားတယ် ဆိုရင် ကျွန်တော်တို့ ကြိုးစား ရေးရတာ အကျိုးရှိပါတယ် မငယ်နိုင်..

ကျန်းမာရေး အသိပညာကို မျှဝေခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ လာဖတ်သူများကို ကျေးဇူးတင်ပါတယ်။

မဆုမွန်ရေ ဆီးချိုအကြာင်းက အခုဒီပို့စ်နဲ့ဆို တော်တော်စုံပါတယ်။ လိုအပ်ရင် ပြန်လာဖတ်နိုင်ပါတယ်။

လူလ- ဆရာအောင်မြင့်နဲ့ အဆက်အသွယ် ရပြီးပြီ။ အမေရိကားေ၇ာက်နေသူတွေကိုလည်း အကြောင်းကြားပေးလိုက်ပါ။

ဆရာရေ- ဆရာ့ပို့စ်နဲ့မှ ကျွန်မဘလော့ဂ်မှာ ဆီးချိုအကြောင်း စုံသွားလို့ ကျေးဇူးပဲဆရာ။