- ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။
- ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။
- ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။
- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။
- မတွေ့ရတာကလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီလာခဲ့၊ အသံချဲ့စက်နဲ့ ပြောမယ် ... တဲ့
- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။
- မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။
၅:၄၅ လောက်မှာ စကားပြောတယ်၊ ၁၀ မိနစ်လောက် လူထု ငြိမ်အောင်စောင့်လိုက်ရတယ်၊ သူ ပြောတာက အားလုံးကြားအောင် အသံမထွက်ဖို့ ငြိမ်နေဖို့ပြောတယ်။ အသံထွက်ရမယ့် အချိန်ကျမှ ငြိမ်မနေနဲ့တဲ့။ ရှေ့က လူတွေပဲ ကြားရရင် နောက်က လူတွေကိုပြန်ပြောပြပေါ့ တဲ့၊ တကတည်းကို စစချင်းနိုင်ငံရေး သင်ခန်းစာပေးနေရတာပဲတဲ့၊ အခြင်းခြင်းနားလည်မှု ရှိပါ၊ လက်ညီတက်ညီ ရှိပါတဲ့ မတွေ့ရတာ ကြာတော့ ပြောစရာတွေ အများကြီးရှိတယ်တဲ့ အခုက လော်စပီကာမရှိတော့ မကြားရဘူးတဲ့ ဒါကြောင့် မနက်ဖြန် ရုံးမှာ စကားပြောမယ်။
ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှာ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခြံဝမှာ စကားပြောနေတဲ့ပုံ ဖြစ်တယ်။
ဗွီဒယိုနဲ့တကွ အောက်က ဓါတ်ပုံတွေ အကုန်လုံးကို ကိုဒီမို ဘလော့ဂ်က ကူးယူဖေါ်ပြထားပါတယ်။
14 comments:
သတင်းတင်ထားပေးတာ ကျေးဇူးတင်တယ် ကိုဒီရေ။ တနေကုန် စာလည်း ဖတ်လို့မရဘူး Assignment လုပ်ဖို့လည်း လုံးဝစိတ်မပါဘူး။ ဒီသတင်းကိုပဲ စောင့်နေတာ ကြာပြီ။ သွားအိပ်ဖို့လုပ်နေတဲ့အချိန်မှ သတင်းကြားရတော့ ဒီညတော့ တော်တော်နဲ့ အိပ်ဖြစ်မှာ မဟုတ်ဘူး။ DVB က ကိုတူးကလည်း သူတို့ DVB သတင်းထောက်နဲ့ DASSK နဲ့ အင်တာဗျူးလုပ်နေပြီလို့ G-talk မှာ ပြောနေတော့ ဗျူးပြီးရင်လည်း မြန်မြန်တင်ပါ။ အဲဒါကို စောင့်ကြည့်ပြီးမှ အိပ်မယ်လို့ အခုပဲ ပြောနေတယ်။
အိပ်ယာနိုးနိုးခြင်း..ဒီသတင်းတွေ့ရတာ....
.....မင်္ဂလာရှိလိုက်တာ..........
အန်ကယ်နိုင်က တရေးနိုးဆိုတော့ လန်းဆန်းနေမှာပေါ့။ ကျွန်မက တနေကုန် ကျောင်းစာတွေမလုပ်ပဲ သတင်းမျှော်နေတာ ဘာမှလည်း အကျိုးမထူးတာနဲ့ ည ၁၁ နာရီထိုးသွားလို့ သွားအိပ်တော့မယ် လုပ်တော့မှ G-talk က မိတ်ဆွေတွေဆီက လွှတ်ပြီဆိုတာ သိလိုက်ရတယ်။ အခုလည်း DVB သတင်းကို စောင့်နားထောင်ပြီးမှ အိပ်တော့မယ်။
သိချင်တာ မြင်ချင်တာ တွေကို ကူညီရေးသားတင်ပြ ဒီနေရာကို ကျေးဇူးတင်ပါသည်၊၊
ကျမတို့အားလုံးလည်း ဝမ်းသာနေကြတယ် မငယ်ရေ....
ကျွန်မ အသံဖိုင်ကို ကြိုးစားပြီး Download လုပ်နေပါတယ်။ မရသေးလို့။
ကိုကြီးကျောက် ပြောသလို ဘဲ အိပ်ယာနိုးနိုးချင်း ကြားရလို့ မင်္ဂလာ အရှိဆုံး သတင်းကောင်း ...
mie nge
တီစုကဘယ်အချိန်ကြည့်ကြည့်ကျက်သရေရှိလိုက်တာ...အမရေ..တီစုကျန်းမာရေးအခြေအနေရောကောင်းရဲ့ လား....ဘီဘီစီကပြတော့အလုပ်ချိန်ကြီးမှာမန်နေဂျာကိုပြောပြီးထိုင်ကြည့်နေတာ...သူကလည်းလိုလိုလားလားခွင့်ပြုတယ်...ဘာမှတော့ဖြစ်မလာသေးပါဘူး...ဒါပေမဲ့ဘာမှန်းမသိဘူးပျော်တာအရမ်းပဲ....
ကျေးဇူးပဲ မငယ်နိုင်ရေ။ ဒီမှာ ဒီမင်္ဂလာသတင်းကို ကြားရကတည်းက စိတ်ချမ်းသာဝမ်းမြောက်နေတာ။ အခုလို ပုံလေးတွေ အသံလေးတွေ ကြားရတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် မြင်ရတာက တကြောင်း၊ လူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ အပြန်အလှန်မေတ္တာကို ကြည်နူးမိတာကတကြောင်း၊ ဒီနေ့ အရမ်းစိတ်ချမ်းသာ ကြည်နူးမိပါတယ်။
သိပ်ပြီး စိတ်လှုပ်ရှားတတ်တဲ့ သူများ ဒီဗီဒီယိုလေး ကြည့်ကြပါ။
အန်တီစုရဲ့ ဓာတ်ပုံတွေ သတင်းတွေဖတ်ရ ကြည့်ရတာ နေရင်ထိုင်ရင်း အသက်ရှူ ၀သလိုလို လွတ်လပ်ပေါ့ ပါးနေသလိုလို လန်းဆန်းနေသလိုလို ခံစားရတယ်။
အမငယ်နိုင်ရေ.. အပျော်ဆုံးနေ့တွေထဲက တနေ့ပါပဲ..
လုံခြုံရေးအတွက်တော့ တကယ်ပဲ စိတ်ပူမိတယ်..
သူ့မျက်နှာကိုကြည့်ရင်းနဲ့ကို သူ့စေတနာ မေတ္တာကို နားလည်ခံစားလို့ရတယ်။
ကျနော်တို့ အားလုံးတဦးနဲ့ တဦးနားလည်မှု့ရှိပြီး စည်းလုံးညီညွတ်ဖို့ လိုတယ်။
အဓိကစိတ်ပူမိတာကတော့ လုံခြုံရေးနဲ့ ကျန်းမာရေးပါဘဲ မငယ်ရေ.... အဲဒီ၂ခုဘဲအရေးအကြီး ဆုံးပါ... ကျန်တာကတော့ အန်တီစု အတွက်စိတ်ပူစရာ ဘာမှမရှိပါဘူး.. ခေါင်းဆောင်ကောင်းရဲ့ဦးဆောင်မှု အောက်မှာ နောက်လိုက်ကောင်းတွေ ဖြစ်ကြဖို့ဘဲလိုတယ်။ စည်းလုံး ညီညွတ်ကြရင် အောင်မြင်မှုက မဝေးပါဘူး..
Post a Comment