မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဦးသန့်အကြောင်းနဲ့ ဦးသန့်ဈာပနသီချင်း


ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အကြောင်း






ဦးသန့်ဈာပဏသီချင်း

U Thant Strike by Nay Won Ni Ni



မှတ်ချက်လာပေးထားတဲ့ Link က ရတဲ့ ကိုမြတ်သူရဲ့ အသံကို သမိုင်းထဲက ရုပ်ပုံတွေနဲ့ ပြန်လည်ချယ်သထားတဲ့ ဗွီဒီယိုကို ထပ်ဖြည့်ပေးလိုက်ပါတယ်။ မှတ်ချက်လာထည့်ပေးသူကိုရော ဗွီဒီယို ဖန်တီးသူကိုပါ ကျေးဇူးတင်ပါတယ်။ Nge Naing (13/12/12)





သီချင်း စာသား

(၁၉၆၂ သမိုင်းရိပ် သွေးမတိတ်မီ ကွယ်လွန်သူတို့ နိုးထလာလေပြီ)

(တို့ကျောင်းသားများ စောင့်မျှော်ခဲ့သည့် အခွင့်အရေးကို ရရှိခဲ့သည့် တကမ္ဘာလုံးလေးစားရသည့် ဦးသန့်ဈာပ အကြောင်းပြလို့တည် ၇၄ ဒီဇင်ဘာ မဖြေသာအကြောင်းတရားက ဇာတ်လမ်းစလေသည်… ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ ဦးသန့်လိုလူ ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စမီးပျိုး အညိုးထားခဲ့သည်…)၂

(လူသာမန်လို ဆက်ဆံခဲ့ပြီ တို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ.. ထိုက်တန်စွာ ဦးညွတ်ရမည် ထိုက်တန်စွာ ဂုဏ်ပြုရမည် ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင်စခဲ့သည်... အဓိပဓိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေစုဝေးလို့ စစ်အုပ်စု ဆန့်ကျင်ရေးနှင့် ဂူဗိမာန်ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်.. ကျောင်းသား၊ ပြည်သူ ပေါင်းစုဝေးလို့ ဈာပန အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေသည်.. သမဂ္ဂအဆောက်ဦးရင်ပြင် ကမ္ဘာရဲ့ခေါင်းဆောင်ကြီး လဲလျောင်းမှေးစက်နေစေရန်ရည်...)၂

ဂူဗိမာန်ကြီးတည်ဆောက်ကြသည် ပြည်သူများနှင့် ပေါင်းစည်းလို့ရည် ခွပ်ဒေါင်းဇာနည် ဘာမထီသွေးတို့ ပြည်သူရေးအတွက် ရှေ့ကလှမ်းတက်ချီ…. အယုတ်တမာ အာရူးတွေက လူသားမဆန် မောင်းပြန်သေနတ်များနှင့် ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ ကမ္ဘာမကြေနိုင်ပြီ တက္ကသိုလ်မြေမဟီ ခွပ်ဒေါင်းသွေးတို့ နီရဲ့ခဲ့ကြသည်…

(ဘယ်လိုပင် သတ်ကြပါစေ ဒို့မသေ၊ ဘယ်လိုပင် ဖြိုခွင်းပါစေ ဒို့မမူပေ)၂ ခွပ်ဒေါင်းသွေး သိန္နိဌါန် ဒူးထောက်လို့ အညံ့မခံဘူးဟေ့.. အရိုးကြေကြေ အရေခမ်းခမ်း မကြောက်တမ်း မရွံ့တမ်း သွေးလမ်းလို့ ဖြတ်ချီလှမ်းမည် ညီ ညီ ညီ ညီ ချီ ချီ ချီ ချီ ခေတ်ဟောင်းဖြိုဖျက် တိုက်ပွဲဆက်ကြမည်။)၂



သီချင်းသီဆိုသူများ


ABSDF မှာ ဒီသီချင်းအပါအ၀င် နေ၀န်းနီနီအခွေက သီချင်းတွေကို တိုက်စဉ်အချိန်က ၁၉၉၁ နှစ်ဖြစ်ပြီး အင်ဖက်မိုး စောင်ကာ ABSDF စတူဒီယိုမှာ ရိုက်ထားတဲ့ ABSDF စဦး အဆိုတော် သုံးဦးရဲ့ပုံ ဖြစ်ပါတယ်။ ကိုမြတ်သူ (အလယ်) ဘယ်ဘက်ဘေးက တယောက်က နေ၀န်းနီနီကို သီဆိုခဲ့တဲ့ မင်းမင်းထွေးငယ် ဖြစ်ပြီး ညာဘက်ကတော့ ဘ၀တက္ကသိုလ်ကို သီဆိုခဲ့တဲ့ မစန်းစန်းမြင့် ဖြစ်ပါတယ်။ ဒီသီချင်းက ကျောင်းသားတပ်မတော်က ထုတ်ဝေသည့် နေ၀န်းနီနီ သီချင်းခွေမှ ဖြစ်တယ်။


ဦးသန့်အရေးအခင်းဆိုတာကို ၈၈ မတိုင်ခင်ကတောင် ကြားဖူးခဲ့ပေမဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ၈၈ မှာမှ သိခဲ့ရပြီး။ ကိုတင်မောင်ဦး အကြောင်းကိုတော့ တောတွင်းရောက်မှ ဒီသီချင်းထဲမှာတွေ့မှ သိခဲ့ရတယ်။ အကျဉ်းချုပ်ကတော့ ဒီသီချင်းထဲက အတိုင်းပါပဲ။ နိုင်ငံခြားမှာ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့ကုလ သမဂ္ဂအတွင်းရေးမှူးဟောင်း ဦးသန့်ရဲ့ အလောင်းကို မြန်မာပြည်ကို ပြန်သယ်လာခဲ့ပါတယ်။ ဦးသန့်ဈာပဏကို ဦးနေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံတော်ဈာပန အခမ်းအနားအနေနဲ့ မကျင်းပပဲ လူသာမန်တဦးရဲ့ အသုဘအနေနဲ့ပဲ ကျင်းပတာကို မခံမရပ်နိုင်လို့ ကျောင်းသားတွေက နိုင်ငံတော်ဈာပဏအနေနဲ့ ကျင်းပဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆိုရာမှာ ပြည်သူတွေပါ အများကြီးပါလာခဲ့ပါတယ်။ ဒါကို ဦးနေ၀င်းက မဆလ အစိုးရက လုံးဝလစ်လျူရှုခဲ့တဲ့အတွက် နောက်ဆုံးမှာ ကျောင်းသားတွေနဲ့ ပြည်သူတွေက ဦးသန့်အလောင်းကို ၀င်လုပြီး ၆၂ က ဖြိုခွဲခံလိုက်ရတဲ့ တက္ကသိုလ် သမမဂ္ဂအဆောက်ဦးနေရာမှာ ဦးသန့်နဲ့ ထိုက်တန်တဲ့ ဈာပနအခမ်းအနားကို ကျင်းပနေစဉ်မှာ စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းပြီး အလောင်းကို ပြန်လုယူသွားပြီး သာမာန်လူကို သင်္ဂြလ်သလို သင်္ဂြုလ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ ကျောင်းသားအမြာက်အများ သွေးမြေကျခဲ့ရပြီး အမြောက်အများ ဖမ်းဆီးအကျဉ်းချ ညှင်းဆဲခံခဲ့ရတယ်။ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို အခု ဒီပို့စ်ထဲမှာ ပါတဲ့အတိုင်း ၇၆ ခုနှစ်မှာ ကြိုးမိန့်ပေးခံခဲ့ရတယ်။ ကြိုးစင်ပေါ် တက်ခါနီးအထိ “စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုပြီး သေခါနီး မကြောက်ရွံ့ဘဲ အရှုံးမပေးသည့် ကျုံးဝါးသံကို ခေတ်အဆက်ဆက်က စစ်ခေါင်းဆာင်တွေ အခုထိ တုန်လှုပ်ချောက်ခြားစေနေတုန်းပါပဲ။




ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး


ကျွန်မတင်ထားတဲ့ အာဇာနည်သူရဲကောင်း ဆလိုင်းတင်မောင်ဦး ပို့စ်ကို တွေ့ပြီး ကိုမြတ်သူက သူ့ရဲ့ Face book မှာ သူသီဆိုတဲ့ ဦးသန့်ဈာပန သီချင်းကို တင်ထားပေးကြောင်း မှတ်ချက်ရေးပြီး လာအကြောင်းကြားပေးထားခဲ့လို့ ဒီသီချင်းကို ပြန်နားထောင်ခွင့် ရတော့ ရေငတ်တုန်း ရေတွင်းထဲကျသလို ခံစားရလိုက်ရပါတယ်။ တခြားသူတွေလည်း နားထောင်လို့ ရအောင် ဒီသီချင်းကို ဘလော့ဂ်မှာ ပြန်လည်မျှဝေလိုက်ပါတယ်။ ကိုမြတ်သူကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ တခြားသီချင်းတွေ ရှိရင်လည်း တပုဒ်ပြီးတပုဒ် တင်ပေးဖို့ တောင်းဆိုပါတယ်။

အပေါ်က ဦးသန့်အရေးအခင်းကို စတင်ဦးဆောင်ခဲ့လို့ ကြိုးမိန့်ကျခံရတဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးရဲ့ပုံက မူရင်းပို့စ်တင်ထားတဲ့ Arakan Review ကမဟုတ်ဘဲ ကျွန်မဖတ်ခဲ့ရဲ့ မျိုးသာကီအတွက် ရဲဝံ့ဒို့ဇာနည်က ဖြစ်ပါတယ်။ အပေါ်က ဓါတ်ပုံနေရာမှာ ဘယ်သူလဲဆိုတာကို ရေးထားရင် စစ်အုပ်စုက နိုင်ငံရေးဆိုတာ ပြည်သူလူထုနဲ့ မဆိုင်ပဲ သူတို့စစ်တပ်နဲ့သာ ဆိုင်တယ်လို့ ၀ါဒဖြန့်ထားတဲ့အတိုင်း ယုံကြည်နေကြတဲ့ စာလာဖတ်သူတွေထဲက ကျောင်းသားအကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး မဖတ်ပဲ ပြန်သွားရင် သိသင့်သိထိုက်တဲ့ သမိုင်းဖြစ်ရပ်တွေကို မသိသွားမှာစိုးလို့၊ အထူးသဖြင့် ဒီလိုငယ်ရွယ်နုပျိုတဲ့ ကျောင်းသားလူငယ်တဦးဟာ အရေးခင်းတခုကို ဦးဆောင်ခဲ့ပြီး ကြိုးစင်ပေါ် ရင်ကော့ပြီး တက်သွားရတဲ့ သမိုင်းကို သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်ကောက်နှုတ်တင်ပြပါတယ်။

နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်ပြီး စစ်တပ်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ပြည်သူတွေ များများသိပြီး အမိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ၀ိုင်းဝန်းတွေးတောကြံဆ အဖြေထုတ် အကောင်အတည်ဖေါ်မှ မြန်မာပြည်သူတွေ လက်ရှိခံစားနေရတဲ့ ဒုက္ခအ၀၀ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးတဲ့ခေတ် အဆုံးမသတ်သရွေ့ မြန်မာပြည်မှာ ဒီလိုအဖြစ်ဆိုးတွေကို ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ပဲ ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေ ဆက်လက်ခံနေရဦးမှာ ဖြစ်လို့ စစ်အာဏာရှင် ကြီးစိုးတဲ့စနစ် ၂၅% မကလို့ ၁% တောင် မကျန်ရှိရလေအောင် အဆုံးသတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြဖို့ လိုပါတယ်။ ကိုတင်မောင်ဦး၊ ၇၄ ဒီဇင်ဘာ၊ ဦးသန့်အရေးအခင်းဆိုတာကို မမေ့သင့်တဲ့အတွက် ဒီသမိုင်းတွေကို အားလုံးသိဖို့နဲ့ မမေ့ဖို့ လိုအပ်လို့ မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

12/14/10 4:00PM မှာ တင်ခဲ့တဲ့ ပို့စ်ကို ဦးသန့်အရေးအခင်း နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဦးသန့်အကြောင်း ရုပ်သံဗွီဒီယိုကို ထပ်ဖြည့်ပြီး မဖတ်ရသေးသူများဖတ်လို့ရအောင် အပေါ်ခဏပြန်တင်ထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

21 comments:

ဖတ်ရတာ သိပ်ကိုအကျိုးရှိတာပဲ။
သီချင်းကလည်း ထိလိုက်တာ။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ဟာ စစ်အစိုးရအဆက်ဆက်က ကျောင်းသားတွေကို ဖိနှိပ် သတ်ဖြတ်လာတဲ့ သမိုင်းမှာ အထင်ကရ သမိုင်းဝင် သွေးစွန်းတဲ့ နေ့တနေ့ ဖြစ်ပါတယ်။

၁၁-၁၂-၂၀၁၁ ရက်နေ့မှာ နေဝင်း စစ်အစိုးရရဲ့ ဦးသန့်ဈာပန ဆန္ဒပြကျောင်းသားတွေကို အကြမ်းဖက် သတ်ဖြတ်မှုဟာ ၃၇ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။


၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် ဟာ နယူးယောက်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဦးသန့်ရဲ့ ရုပ်အလောင်းကို နယူးယောက်က ရန်ကုန်ကို သယ်ဆောင်လာတာ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန်ကို ရောက်လာပါတယ်။


ဦးသန့် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ ခုနှစ်က ၁၉၇၁ ခုနှစ်အထိ စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဂုဏ် မြင့်တက်ခဲ့ပါတယ်။

အဲဒီလို မြန်မာ့ဂုဏ်ဆောင် ဦးသန့်လို ပုဂ္ဂိုလ်ကြီး ကွယ်လွန်တဲ့အခါမှာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ဈာပန အဖြစ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုပြီး ဂူဗိမာန် တည်ဆောက်ပေးရမယ့် အစား ဦးသန့်ရဲ့ ရုပ်အလောင်းကို နေဝင်းက သာမန်လူတယောက်လို ကြံတောသုသာန်မှာ မြှုပ်နှံစေပါတယ်။

ဦးသန့် ဟာ ဦးနု ရဲ့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတဦး ဖြစ်တာကြောင့်ရော၊ ဦးသန့် ကို နိုင်ငံတကာက ခေါင်းဆောင်တွေက လေးစားကြတာကို နေဝင်းက အကြီးအကျယ် မနာလိုတာကြောင့်ရော ဦးသန့် ကွယ်လွန်ပြီးတဲ့ အချိန်အထိ နေဝင်းက သူ့ရဲ့ ဦးသန့် အပေါ် မလိုမုန်းထားစိတ်ကို ပြောင်ပြောင်တင်းတင်း ပြသခဲ့တာပါ။ (သန်းရွှေတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လေးစားကြတာကို အကြီးအကျယ် မလိုမုန်းထားသလိုပေါ့။)


ဒါကို မခံမရပ်နိုင်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက ဦးသန့်ရဲ့ ရုပ်အလောင်းကို လုယူပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ မြှုပ်နှံလိုက်ပါတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ မနက်မှာ နေဝင်း နဲ့ အောင်ကြီး ရဲ့ အမိန့်အရ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲပြီး ဖျက်ဆီးပစ်လိုက်တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ နေရာ မြေကွက်လပ်မှာ မြှုပ်နှံတာပါ။

ပြီးတော့ နေဝင်းရဲ့ အာဏာရှင်အစိုးရကို ဆန့်ကျင်ရေး နိုင်ငံရေးတရားပွဲတွေကို ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျင်းပပါတယ်။ ရန်ကုန်မြို့နဲ့ အနီးတဝိုက်က ပြည်သူတွေက အဲဒီ နိုင်ငံရေးတရားပွဲတွေကို တခဲနက် အားပေးခဲ့ကြပါတယ်။ နေဝင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေအတွက် အစားအသောက် နဲ့ ငွေကြေးကိုပါ တရားပွဲလာ ပြည်သူတွေက အားတက်သရော ထည့်ဝင် လှုဒါန်းခဲ့ကြပါတယ်။



၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မနက် ၂ နာရီမှာ နေဝင်း စစ်တပ်က ရန်ကုန်တက္ကသိုလ်ဝင်းထဲကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦ နေရာက ဦးသန့် အုတ်ဂူကို ဖြိုချပြီး မြှုပ်နှံထားတဲ့ ဦးသန့်ရဲ့ ရုပ်အလောင်းကို တူးဖော်ပြီး ယူဆောင်သွားပါတယ်။

အဲဒီလို စစ်တပ်က ဝင်စီးတဲ့ အချိန်မှာ တွေ့တဲ့ ကျောင်းသားတွေကို နေဝင်းရဲ့ လက်ကိုင်တုတ် စစ်သားတွေက အကြမ်းဖက် ဖမ်းဆီးတဲ့အတွက် ကျောင်းသား ၁၀ဝ ကျော် ကျဆုံးခဲ့ပါတယ်။

အဲဒီနေ့က ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအထဲမှာ ကျောင်းသား ၅၀ဝ၀ ကျော် အဖမ်းခံရပါတယ်။ နောက်နေ့တွေမှာလည်း ကျောင်းဝင်းအပြင်မှာ နောက်ထပ် ၅၀ဝ၀ ကျော် ထပ်အဖမ်းခံရပါတယ်။ သံဃာတော် ၆၇၄ ပါး အဖမ်းခံရပါတယ်။

ဦးသန့်ဈာပန ကျောင်းသားအရေးတော်ပုံကို ဦးဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ရက်ရက်စက်စက် ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။


(၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ နေဝင်း ခါးပိုက်ဆောင်စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အာဇာနည် ကျောင်းသားများကို အလေးပြုပါ၏။)

(၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အာဏာရှင် အစိုးရ၏ ကြိုးပေး ကွပ်မျက်ခံခဲ့ရသည့် ဦးသန့်ဈာပန ကျောင်းသားအရေးတော်ပုံကို ဦးဆောင်ခဲ့သူ အာဇာနည် ဆလိုင်းတင်မောင်ဦး ကို အလေးပြုပါ၏။)

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ ၈ ရက်၊ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အလုပ်သမား အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ဦးသန့် ဈာပန အရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ စစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည့် အာဇာနည် သူရဲကောင်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို အလေးပြုပါ၏။

၁၉၇၆ ခုနှစ်မှာ စစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည့် အာဇာနည် သူရဲကောင်း ဗိုလ်ကြီးအုန်းကျော်မြင့်ကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်၊ ဖုန်းမော်အရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၆ ရက်၊ ရန်ကုန်မြို့၊ အင်းလျားကန် တံတားဖြူအနီး တံတားနီအရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ ရန်ကုန်မြို့၊ မြေနီကုန်းအရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ နှင့် စက်တင်ဘာလ၊ ၈၈၈၈ ပြည်သူ့အရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်၊ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုတွင် လူထုခေါင်းဆောင်ကို ကာကွယ်ရင်း ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ၊ ၂၈ ရက်၊ ၂၉ ရက်၊ သံဃာ့အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၆၂ ခုနှစ်မှ ယနေ့အထိ လမ်းများ၊ ရဲအချုပ်များ၊ ထောင်များ၊ စစ်ကြောရေးစခန်းများ နှင့် စစ်မြေပြင်များတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။


တာရာ

(
(ခေါင်းစဉ်ကို နှိပ်ပြီး ဦးသန့် အရေးတော်ပုံမှာ ကိုယ်တိုင် ပါဝင် လှုပ်ရှားခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် (R.I.T) ကျောင်းသား ကိုစိုးဝင်း ရဲ့ မှတ်တမ်းကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။)


11 December, 2011

ဒီနေ့ဆိုရင် စစ်ဘီလူးတွေ လက်ချက်နဲ့ အာဇာနည်ကျောင်းသား ၁၀ဝ ကျော် ကျဆုံးသွားတာ ၃၇ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ဒီ အာဇာနည်ကျောင်းသား ၁၀ဝ ကျော် ဟာ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ နေရာ မြေကွက်လပ်မှာ လွန်ခဲ့တဲ့ ၆ ရက် (၅-၁၂-၁၉၇၄ ရက်နေ့) က သူတို့ တည်ဆောက်ခဲ့ကြတဲ့ ဦးသန့် ရဲ့ အုတ်ဂူကို ကာကွယ်ရင်း ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် မနက် ၂ နာရီမှာ ကျဆုံးခဲ့ရတာပါ။

ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာ့သူရဲကောင်း ဦးသန့်ရဲ့ ရုပ်ကလပ်ကို ကြံတောသုသာန်မှာ သာမန်လူ တယောက်လို မထင်မရှား မြှုပ်နှံဖို့ အတင်း စီစဉ်ပြီး ပြည်သူတရပ်လုံးကို စော်ကားခဲ့တဲ့ အာဏာရူး နေဝင်းရဲ့ ယုတ်မာတဲ့ အစီအစဉ်ကို ၁၉၇၄ ကျောင်းသားတွေဟာ သူတို့ရဲ့ အသက်နဲ့လဲပြီး ဖျက်ခဲ့ကြတာပါ။

ဘာဖြစ်လို့ အဲဒီ ကျောင်းသားတွေဟာ ဦးသန့်ရဲ့ ရုပ်ကလပ်ကို သူတို့ရဲ့ အသက်ထက်မက တန်ဖိုးထားခဲ့သလဲ ဆိုတော့ ဦးသန့်ဟာ တခေတ်မှာ တယောက် ပေါ်ထွန်းဖို့ မလွယ်တဲ့ ဂုဏ်ယူ လေးစားဘွယ် မြန်မာ့ သူရဲကောင်း မို့လို့ပါ။

.
ခေါင်းစဉ်ကို နှိပ်ပြီး ကျောင်းသား ၁၀ဝ ကျော်ကို နေဝင်းစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ "ဦးသန့် ဈာပန လူသတ်ပွဲ" သမိုင်းမှန်ကို ဖတ်နိုင်ပါတယ်။


၁၉၇၄ ဦးသန့် ဈာပန အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုထွန်းအောင်ကျော် (ABSDF ပထမဆုံး ဥက္ကဋ္ဌ) ကိုယ်တိုင် တာဝန်သိသိ ကြိုးစား ပြုစု ရေးသားထားတာပါ။


``ဦးသန့်ကို " -ါသယ်မ ခင်မေသန်း" မြှုပ်တဲ့ ကြံတောသင်းချိုင်းမှာ မြှုပ်တာကို ရဲဘော်တို့ သဘောတူပါသလား?´´

(၁၉၇၄ ဦးသန့် ဈာပန အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် အာဇာနည် ဆလိုင်းတင်မောင်ဦး ၏ သမိုင်းဝင်စကား

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့
ကျိုက္ကဆံကွင်း
ရန်ကုန်)

.
ခေါင်းစဉ်ကို နှိပ်ပြီး ကျောင်းသား ၁၀ဝ ကျော်ကို နေဝင်းစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ "ဦးသန့် ဈာပန လူသတ်ပွဲ" သမိုင်းမှန်ကို ဖတ်နိုင်ပါတယ်။


၁၉၇၄ ဦးသန့် ဈာပန အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုထွန်းအောင်ကျော် (ABSDF ပထမဆုံး ဥက္ကဋ္ဌ) ကိုယ်တိုင် တာဝန်သိသိ ကြိုးစား ပြုစု ရေးသားထားတာပါ။


``ဦးသန့်ကို " -ါသယ်မ ခင်မေသန်း" မြှုပ်တဲ့ ကြံတောသင်းချိုင်းမှာ မြှုပ်တာကို ရဲဘော်တို့ သဘောတူပါသလား?´´

(၁၉၇၄ ဦးသန့် ဈာပန အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် အာဇာနည် ဆလိုင်းတင်မောင်ဦး ၏ သမိုင်းဝင်စကား

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့
ကျိုက္ကဆံကွင်း
ရန်ကုန်)

.
ခေါင်းစဉ်ကို နှိပ်ပြီး ကျောင်းသား ၁၀ဝ ကျော်ကို နေဝင်းစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ "ဦးသန့် ဈာပန လူသတ်ပွဲ" သမိုင်းမှန် အပြည့်အစုံကို ဖတ်နိုင်ပါတယ်။


ကိုတင်မောင်ဦးက ၀ိုင်းထိုင်နေတဲ့ အလယ်မှာ မတ်တတ်ရပ်ပြီး သူလက်ထဲမှာလဲ စက္ကူလိပ်တခုကို လိပ်ပြီး ကိုင်ထားပါသည်။ သူ့အမူအရာဟာ ကျားရဲတွေအလယ်က ခြင်္သေ့ကြီးနဲ့ တူပါသည်။

ကိုတင်မောင်ဦးက မေးလိုက်ပါတယ် ... ``ရဲဘော်တို့ ဦးသန့်ဟာ မြန်မာ့ ဂုဏ်ထူးဆောင် ခေါင်းဆောင်တဦးဖြစ်သလို ကမ္ဘာ့ခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်၊ ဒီလို ကမ္ဘာက အသိအမှတ်ပြုခံရတဲ့ ခေါင်းဆောင်တဦးကို နေ၀င်းစစ်အစိုးရက သာမန်လူတွေ မြှုပ်တဲ့ နေရာမှာ မြှုပ်နှံခွင့်ပေးတာကို ငါတို့ ဒီအတိုင်း ကြည့်နေမလား?´´

ထွန်းအောင်ကျော်တို့က ``ကြည့်မနေနိုင်ဘူး၊ ကြည့်မနေနိုင်ဘူး´´ လို့ ကြုံးအော်လိုက်ကြပါတယ်။

.
ခေါင်းစဉ်ကို နှိပ်ပြီး ကျောင်းသား ၁၀ဝ ကျော်ကို နေဝင်းစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ "ဦးသန့် ဈာပန လူသတ်ပွဲ" သမိုင်းမှန် အပြည့်အစုံကို ဖတ်နိုင်ပါတယ်။


ကိုတင်မောင်ဦးက မေးလိုက်ပါတယ် ...

``ဦးသန့်ကို " -ါသယ်မ ခင်မေသန်း" မြှုပ်တဲ့ ကြံတောသင်းချိုင်းမှာ မြှုပ်တာကို ရဲဘော်တို့ သဘောတူပါသလား? ´´

``မတူဘူး၊ မတူဘူး´´

ဒီအသံကြီးဟာ ၎င်း တို့ လူစုတွင် မဟုတ်ဘဲ အနီးအနားက ၀ိုင်းအုံရောက်ရှိလာတဲ့ လူရာပေါင်းများစွာရဲ့ အသံဖြစ် ပဲ့တင်ထပ်လို့ သွားခဲ့ပါတယ်။

ဒီဘလော့ကို အခုပထမဆုံး ရောက်ဖူးပါတယ်
နောက်တော့ ဘယ်တော့မှမလာတော့ပါဘူး

မလာချင်၇င် မလာနဲ့ပေါ့ကွ
အမှန်တ၇ားကို မမြင်၇ဲ၇င် လာမဖတ်နဲ့ပေါ့ကွ

အန်တီငယ် ရေ ...

"အမှန်တရားသည် နာကျင်စေတတ်၏"

ဆိုတဲ့ စကားဟာ အရမ်း မှန်တာပဲနော်။

အမှန်တရားကို ကြောက်သူတွေ အဖို့ အမှန်တရားနဲ့ တွေ့လိုက်တာနဲ့ ဆားနဲ့ အတို့ခံရတဲ့ တီကောင်လို လွန့်လွန့်လူးပြီး နာကျင် ခံစားရတယ်နော်။

ဒေါ်လာစား နဲ့
mg ၊ zaw ၊ ဦးသူတော်၊ မှော်ဆရာ၊ အိုပါး (ခေတ္တကိုရီးယား)၊ တုတ်ကြီး (ခေတ္တနော်ဝေ)
အမည်တွေ သုံးပြီး ရေးတဲ့ စစ်အုပ်စု အလိုတော်ရိများသို့ ...


Nge Naing ဘလော့မှာရော၊ Myanmar Express ဘလော့မှာရော မင်းတို့ အမြဲ ထပ်တလဲလဲ ရေး ရေး နေတဲ့ "ဒီ အမျိုးသမီး၊ ဒီ အမျိုးသမီး .......... တွေ နောက်မီးလင်းတယ်" ဆိုတဲ့ ဇာတ်လမ်းအများစုက ကာယကံရှင် ဒီမိုကရေစီဘက်သား အမျိုးသမီးတွေကို နာမည်ပျက်အောင် မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး တမင်သက်သက် လိုက်ရေးနေတာ စာဖတ်သူတွေက သိနေပြီကွ..

လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်း မဟုတ်ဘူး ဆိုတဲ့ ဇာတ်လမ်း တခုတလေကလဲ တစိတ်ကို တအိတ် လုပ်ပြီး ကြမ်းပိုးကို လိပ် ဖြစ်အောင် အမျိုးမျိုး ပုံကြီးချဲ့ပြီး ကာယကံရှင် ဒီမိုကရေစီဘက်သား အမျိုးသမီးတွေကို သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိ အသရေဖျက်နေတာကလဲ ယိုသူမရှက်၊ မြင်သူရှက်ပဲကွ..

ဒါပေမယ့် မင်းတို့ "နောက်မီးလင်းတယ်" လို့ ပြောနေတဲ့ အမျိုးသမီးတွေက သာမန်ပြည်သူတွေ ဆိုတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းတွေကို စာဖတ်သူတွေက စိတ်မဝင်စားဘူးကွ..

တကဲ့ သမိုင်းဝင် အထင်ကရ နောက်မီးလင်း ဇာတ်လမ်းတွေကျတော့ မင်းတို့ မရေးဘဲ မေ့နေလို့ ငါ အောက်မှာ ရေးပေးမယ်..

အာဏာရူး နေဝင်းရဲ့ ဒုတိယမယား ခင်မေသန်း ( ကစ်တီဘသန်း ) ( Kitty Ba Than ) က ဒေါက်တာဘသန်းရဲ့ သမီးပါ။

၁၉၅၃ ခုနှစ်မှာ ခင်မေသန်းရဲ့ လင်ကြီး ဒေါက်တာတောင်ကြီးက အမေရိကန်ပြည်မှာ ပညာသင် သွားနေတုန်းမှာ တဏှာရူး ကြာသမား နေဝင်း က ကြာများများ ခင်မေသန်းကို ကြာကူလီ ရိုက်တာပါ။ နေဝင်းက ကြာမခို ခိုအောင် ခင်မေသန်းက ကြာပစ်ထားတာကိုး။

ကြာကူလီနေဝင်း နဲ့ ခပ်ရှုပ်ရှုပ် ခင်မေသန်း ခြင်ထောင်ဇာတ်လမ်း စတဲ့အချိန်မှာ နေဝင်းက မယားကြီး ဒေါ်တင်တင်နဲ့ ပေါင်းနေတုန်းပါ။ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီးနဲ့ ပေါင်းနေတုန်းပါ။ နေဝင်းကလည်း မယားကြီး ဒေါ်တင်တင် ငုတ်တုတ်နဲ့၊ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီး ငုတ်တုတ်နဲ့ လှေကြီးပေါ် လှေငယ်ဆင့်တဲ့ ဇာတ်ကို ကကြတာပါ။

ချဉ်ချဉ်တူးတူး မူးပြီးရော သဘောထားပြီး မိန်းမ ဆိုရင် တွေ့မရှောင်တဲ့ ရာဂဘီလူး နေဝင်း နဲ့ နန့်တန့်တန့် ရွတတ အရှုပ်အပွေမ ခင်မေသန်းနဲ့ တွေ့ကြတော့ ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့ကြသလို ကွက်တိဖြစ်ပြီး ကြာဇာတ်ကား ရိုက်ကြတာပါ။

ခင်မေသန်း အဖေ ဒေါက်တာဘသန်းကလည်း မိန်းမနဲ့ ပတ်သက်လာရင် ဇ ရှိသူပါ။ ဒေါက်တာဘသန်းကလည်း မိန်းမ ရှုပ်ရာမှာ သားမက်ဖြစ်တဲ့ တွေ့မရှောင် နှာဘူး နေဝင်းထက် ညံ့သူ မဟုတ်ပါဘူး။

ဒေါက်တာဘသန်းဟာ အရပ်ပျက်မ မိန်းမပျက်တွေနဲ့တင် ပျော်ပါးတာ မဟုတ်ပါဘူး၊ အဲဒီခေတ်က အမျိုးကောင်းသမီး ဆရာဝန်မ၊ ဆေးကျောင်းသူ၊ အရပ်သူ အများအပြားကိုလည်း ခြေတော်တင်ပြီး ဖျက်ဆီးခဲ့တာပါ။ အဲဒီ အမျိုးကောင်းသမီးတွေထဲမှာ အိမ်ထောင်မရှိသူတွေသာ မက အိမ်ထောင်သည်တွေလဲ ပါပါတယ်။

ဒေါက်တာဘသန်း လက်အောက်က ဆရာဝန်မတွေ၊ တပည့် ဆေးကျောင်းသူတွေဟာ ဒေါက်တာဘသန်းရဲ့ ဖျက်ဆီးတာ မခံရတာတောင် အမျိုးကောင်းသမီး တယောက် ကာယိနြေ္ဒ ပျက်ပြားစေတဲ့ ပွတ်သပ် ကိုင်တွယ်တာကို ခံခဲ့ကြရတာပါ။

ယောက္ခမ ဒေါက်တာဘသန်း နဲ့ သားမက် နေဝင်းနဲ့ အပြိုင် နှာဘူးထကြတာ၊ ကြာကူလီ ရိုက်ကြတာ သမိုင်းဝင်မှတ်တမ်းတွေပါ။

ဒေါက်တာဘသန်း ရဲ့ သမီး Khin May Than (ခေါ်) Kitty Ba Than က လင်ကြီး ဒေါက်တာတောင်ကြီး ငုတ်တုတ်နဲ့ ကြာကူလီ နေဝင်း နဲ့ နောက်မီးလင်းတာ သမိုင်းဝင် အထင်ကရ နောက်မီးလင်းဇာတ်လမ်းပါ။

>
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမ ဒေါက်တာဘသန်းဟာ အမျိုးသမီးများနဲ့ ပတ်သက်ပြီး နာမည်ပျက်များ ရှိပါတယ်။


ဖေဖေ့အစ်ကိုကြီး ဦးပုက မှတ်မှတ်ရရ ပြန်ပြောပြတာကတော့ ဆရာကြီး ဒေါက်တာဘသန်း အိမ်က ထမင်းစားပွဲတပွဲအပြီး ဆရာကြီးတို့သားအဖ (သမီး ဖြစ်သူ ကစ်တီဘသန်း ခေါ် ဒေါ်ခင်မေသန်း - အဲဒီတုန်းက အိမ်ထောင်မကျသေး) နှစ်ယောက် စန္ဒရားနဲ့ ဆိုတီး ဧည့်ခံတဲ့အကြောင်းပါ။

ကစ်တီဘသန်းက စန္ဒရားတီးပြီး ဆရာကြီးက သီချင်းဆိုပါသတဲ့။ သီချင်းကတော့ အဲဒီ ကာလက အလွန်ခေတ်စား လူကြိုက်များခဲ့တဲ့ “ချစ်ပွဲဝင်” ပါ။

ဦးကြီးပုက "အတော် အရှက်နည်းတဲ့လူတွေ။ “အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ်....” ဆိုတဲ့ သီချင်းကိုများ သားအဖနှစ်ယောက် ဆိုတီးနေလိုက်ကြတာ။ ငါတို့ ဖြင့် မျက်နှာ ဘယ်ထားရမှန်း မသိဘူး" တဲ့။

ဆရာကြီးတို့က ခေတ်မီပွင့်လင်းကြဟန် ရှိပေမယ့် ရှေးရိုးသမား ဦးကြီးပုကတော့ ဒါကို ကြည့်မရတာ ဖြစ်ဟန် တူပါတယ်။

ဆရာကြီး ဒေါက်တာဘသန်းဟာ ကျွန်မဆေးတက္ကသိုလ် (၁) တက်နေတဲ့ကာလများ (၁၉၆၃-၁၉၇၀) မှာ ဆေး တက္ကသိုလ်(၁) ရဲ့ ပါမောက္ခချုပ်ဖြစ်နေပါတယ်။ အဲဒီကာလက ဆရာကြီး ဒေါက်တာဘသန်းဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမလည်း ဖြစ်နေပါပြီ။

ဆရာကြီး ဒေါက်တာဘသန်းဟာ ပညာရေးလောကမှာ နာမည်ကောင်းပေမယ့် တခြား နာမည်ပျက် များလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့ ပတ်သက်ပါတယ်။

ဖေဖေကတော့ ဆရာကြီးဟာ သူ ပညာသင်ပေးတဲ့ မြေရှင်ကြီး ရဲ့ သမီး၊ သူထက်လည်း အသက်ကြီးတဲ့ အမျိုးသမီးကြီးတဦးကို လက်ဆက်ထားရလို့ အိမ်ထောင်ရေး မသာယာဟန် ရှိတယ်။ ဒါကြောင့် အပြင်မှာ ပျော်ရွှင်မှု ရှာတာနဲ့ တူတယ်လို့ ဆိုဖူးတယ်။

၁၉၇၀ ခုနှစ်များမှာတော့ ဆရာကြီး ဒေါက်တာဘသန်း ပင်စင်ယူခဲ့ပြီး မကြာမီမှာပဲ နှလုံးရောဂါနဲ့ မကျန်းမမာ ဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာဘသန်း နှလုံးရောဂါနဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတယ်လို့ သတင်းကြားလို့ ရန်ကုန် ဆေးရုံကြီးမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မတို့ တပည့်ဟောင်းတွေ စုပြီး သွားရောက်သတင်းမေးခဲ့ကြပါတယ်။ ဆရာကြီးဟာ အဲဒီတုန်းက သူ့မြေးသမက် (ဒေါ်ခင်မေသန်းရဲ့ ပထမအိမ်ထောင်က ပါခဲ့တဲ့ သမီးကြီး လဲ့လဲ့ဝင်းရဲ့ ခင်ပွန်း) ဒေါက်တာ မျိုးသွယ် (ဆေးတက္ကသိုလ် (၂) ဆေးပညာပါမောက္ခ) ရဲ့ ကုသမှုကို ခံယူနေတာပါ။ ဆရာကြီး ဒေါက်တာဘသန်း နှလုံး ရောဂါ ခံစားနေရတယ်လို့သာ ယေဘုယျ သိခဲ့ရပါတယ်။

လမ်းဘေးသတင်းကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမ ဆရာကြီး ဒေါက်တာဘသန်း ခံစားနေခဲ့ရတဲ့ ရောဂါဟာ သိန်းဖေမြင့်ရဲ့ “တက်ခေတ် နတ်ဆိုး” ထဲက ဇာတ်လိုက်မင်းသား ရတဲ့ ရောဂါမျိုး (ဆစ်ဖလစ်ရောဂါ) လို့ ဆိုကြတာပါပဲ။


လှကျော်ဇော

ဒေါ်ခင်မေသန်း ဟာ ဘ၀မေ့သူပါ

ဒေါ်ခင်မေသန်း က ဦးနေ၀င်းနဲ့ ဇာတ်လမ်းရှုပ်နေတဲ့အချိန်မှာ ဦးနေ၀င်းကို ဒေါ်ခင်မေသန်းက လာပြီး (ခေတ်စကားနဲ့ ပြော၇င်တော့) အီစီကီလီ လာလုပ်၇င် ဦးနေ၀င်း ရဲ့ လုံခြုံရေးမှုး ဗိုလ်မှုးကြီးတင်အုန်း (နောင် ထောင်ပိုင်ချုပ် ဖြစ်လာသူ) ဆီကနေ ဦးနေ၀င်းကို တွေ့ ခွင့်ရမှ တွေ့ ရတာပါ။

ဗိုလ်မှုးကြီးတင်အုန်းက တွေ့ ခွင့်မပေးရင် လုံးဝ မတွေ့ ရပါ။ ဒါကြောင့် ဒေါ်ခင်မေသန်းက ဗိုလ်မူးကြီးတင်အုန်းကို မျက်နှာချိုသွေး ဆက်ဆံ၇ပါတယ်။

ထို့ နောက် ဦးနေ၀င်းနဲ့ လက်ထပ်ပြီးနောက် တပ်မတော်ညစာစားပွဲမှာ ဒေါ်ခင်မေသန်းက အရင်က သူ အမြဲတမ်း အောက်ကြို့ပြီး ဆက်ဆံခဲ့ရတဲ့ သူ့ထက် အသက်ကြီးတဲ့ ဗိုလ်မှုးကြီးတင်အုန်း ကို "မောင်တင်အုန်း၊ နေကောင်းလား" လို့ နူတ်ဆက်သယောင်နဲ့  ပညာပြပါတယ်။

ဒီတော့ ဗိုလ်မှုးကြီးတင်အုန်း ကလဲ "အခုမှ ဇီးသီးသည် နဲ့ လာတွေ့ နေတယ်" လို့ ဒေါ်ခင်မေသန်းကို လူကြားထဲမှာ ပြန်ပြောလိုက်ပါတယ်။

ဒါကို ဒေါ်ခင်မေသန်းက ဦးနေ၀င်းကို သွားပြန်တိုင်တော့ ဦးနေ၀င်းက "နင့်ကို ပါးမရိုက်လိုက်တာ ကံကောင်း" လို့ ပြောပါတယ်။

ဒေါ်ခင်မေသန်း ဟာ အဲဒီလို ဘ၀မေ့သူပါ။

nyopyar88888

(Credit - ဒီမိုဝေယံ)

.
(ခေါင်းစဉ်ကို နှိပ်ပြီး ဦးသန့်ဈာပန အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်ကျောင်းသားများကို ဦးညွှတ်အလေးပြု ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)


၃၈ နှစ်မြောက် ဦးသန့်ဈာပန အရေးတော်ပုံ ကျောင်းသား ၁၀ဝ ကျော် သတ်ဖြတ်ပွဲ
(၁၁-၁၂-၁၉၇၄ - ၁၁-၁၂-၂၀၁၂)


ဒီနေ့ (၁၁-၁၂-၂၀၁၂ ရက်နေ့) မှာ အာဏာရူး လူသတ်သမား နေဝင်းရဲ့ ဦးသန့်ဈာပန အရေးအခင်း လူအစုအပြုံလိုက်သတ်ဖြတ်ပွဲ (၁၁-၁၂-၁၉၇၄) ဟာ ၃၈ နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။


၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၂းဝ၀ နာရီမှာ အာဏာရူး နေဝင်းရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသွင်ပြောင်းပြီး အသုံးချခံနေခဲ့ရတဲ့ မြန်မာစစ်တပ်က ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦ နေရာမှာ ဦးသန့်ဈာပန အရေးတော်ပုံ ကျောင်းသားတွေ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တည်ဆောက်ထားတဲ့ ဦးသန့် အုတ်ဂူက ဦးသန့် ရုပ်အလောင်းကို ကာကွယ်နေကြတဲ့ လက်နက်မဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ရက်စက်ယုတ်မာ လူမဆန်စွာ အကြမ်းဖက် ပစ်သတ်တာကြောင့် ကျောင်းသူ၊ ကျောင်းသား ၁၀ဝ ကျော် ကျဆုံးခဲ့ရပါတယ်။

(Credit - Video by Khu Daun)


.
(ခေါင်းစဉ်ကို နှိပ်ပြီး ဦးသန့်ဈာပန အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်ကျောင်းသားများကို ဦးညွှတ်အလေးပြု ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)



ဦးသန့် အရေးအခင်း ( ၃၈ ) နှစ်ပြည့် HD ဗွီဒီယိုဖိုင်
===========================
ကိုယ့်တိုင်းပြည်အကျိုးကိုလဲ နားမလည်...
ကိုယ့်လူမျိုးများရဲ့ ဂုဏ်ကိုလည်း မြှင့်တင်ရကောင်းမှန်မသိ..
အာဏာဂုဏ်ရှိန်ထက်... အာဏာရူး လူရမ်းကားများတို့ ရဲ့ 
ရက်စက်ယုတ်မာမှုကြောင့်... အသက်တွေ..ဘ၀တွေ..
ပေးဆပ်ခဲ့ကြရသော.... အမျိုးကောင်းသား..အမျိုးကောင်းသမီး
အာဇာနည် ကျောင်းသားများအား......
ဤ ဗွီဒီယိုလေးဖြင့်... ဦးညွှတ်အလေးပြုပါ၏......။


Khu Daun



.
(ခေါင်းစဉ်ကို နှိပ်ပြီး ဦးသန့်ဈာပန အာဇာနည်ကျောင်းသားများကို အောက်မေ့အလေးပြု ဗီဒီယိုကို ကြည့်ရှုလေ့လာနိုင်ပါတယ်။


ဦးသန့်ဈာပန အရေးတော်ပုံ (၁၁-၁၂-၁၉၇၄ ရက်နေ့) မှာ နေဝင်းရဲ့ လက်ကိုင်တုတ် မြန်မာစစ်တပ်က ရက်ရက်စက်စက် ပစ်သတ်လို့ ကျဆုံးသွားခဲ့တဲ့ အာဇာနည်ကျောင်းသားများကို ၃၈ နှစ်မြောက် အောက်မေ့အလေးပြု ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)


၁၁-၁၂-၂၀၁၂ ရက်နေ့ - ၃၈ နှစ်မြောက် ဦးသန့်ဈာပန ကျောင်းသား ၁၀ဝ ကျော် ကျဆုံးခြင်း အောက်မေ့ဘွယ် နေ့
(၁၁-၁၂-၁၉၇၄ - ၁၁-၁၂-၂၀၁၂)

(Credit - ခွပ်ဒေါင်းအော်သံ၏ ဗီဒီယို)

.
(ခေါင်းစဉ်ကို နှိပ်ပြီး "ဦးသန့်ဈာပနသီချင်း" ကို နားဆင်နိုင်ပါတယ်။

"ဦးသန့်ဈာပနသီချင်း" ကို ခွပ်ဒေါင်းအော်သံက ဗီဒီယိုမှာ ထည့်သွင်းပြီး ဦးသန့်ဈာပန အရေးတော်ပုံ (၁၁-၁၂-၁၉၇၄ ရက်နေ့) မှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်ကျောင်းသားများကို ၃၈ နှစ်မြောက် အောက်မေ့အမှတ်ရတဲ့အနေနဲ့ ဦးညွှတ်အလေးပြုထားတာပါ။)



ဦးသန့်ဈာပနသီချင်း (၁၉၉၁ ခုနှစ်)
(နေဝန်းနီနီ သီချင်းခွေ - ABSDF)


(ကိုမြတ်သူ (ABSDF) ဂုဏ်ပြုသီဆိုသည်)


၁၉၆၂ သမိုင်းရိပ် သွေးမတိတ်မီ လွန်သူတို့ နိုးထလာချေပြီ...


(တို့ကျောင်းသားများ စောင့်မျှော်ခဲ့သည့် အခွင့်အရေးကို ရရှိခဲ့သည်...
တကမ္ဘာလုံး လေးစားရတဲ့ ဦးသန့်ဈာပန အကြောင်းပြလို့တည်...
၇၄၊ ဒီဇင်ဘာ မဖြေသာ အကြောင်းတရားက ဇာတ်လမ်းစလေသည်…
ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သည့်၊ စစ်အုပ်စုကို ဆန့်ကျင်ခဲ့သည့်
ဦးသန့်လိုလူ ရာဇ၀င်ထူးလို့
အာဏာရူးတို့ ရန်စမီးပျိုး အငြိုးထားခဲ့သည်…) x ၂


(လူသာမန်လို ဆက်ဆံခဲ့ပြီ...
တို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ...
ထိုက်တန်စွာ ဦးညွတ်ရမည်၊ ထိုက်တန်စွာ ဂုဏ်ပြုရမည်...
တို့ဗမာတွေ သိက္ခာမနွမ်းရအောင်
ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင် စခဲ့သည်...
အဓိပတိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေ စုဝေးလို့
စစ်အုပ်စု ဆန့်ကျင်ရေးနဲ့ ဂူဗိမာန် ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်...
ကျောင်းသား၊ ပြည်သူ ပေါင်းစုဝေးလို့
ဈာပန အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေသည်...
သမဂ္ဂအဆောက်အဦ မြေပြင် ကမ္ဘာ့ရဲ့ ခေါင်းဆောင်ကြီး
လဲလျောင်း မှေးစက် နေစေရန် ရွယ်ရည်...) x ၂


ဂူဗိမာန်ကြီး တည်ဆောက်ကြသည်...
ပြည်သူများနဲ့ ပေါင်းစည်းလို့ညီ...
ခွပ်ဒေါင်းဇာနည် ဘာမထီသွေးတို့
ပြည်သူရေးအတွက် ရှေ့သို့ လှမ်းတက်ချီ…
အယုတ်တမာ အာဏာရူးတွေက လူသားမဆန်
မောင်းပြန်သေနတ်များနဲ့ ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ...
ကမ္ဘာမကြေနိုင်ပြီ၊ တက္ကသိုလ်မြေမဟီ...
ခွပ်ဒေါင်းသွေးတို့ နီရဲခဲ့ကြသည်…


(ဘယ်လိုပင် သတ်ကြပါစေ၊ တို့ မသေ...
ဘယ်လိုပင် ဖြိုခွင်းပါစေ၊ တို့ မမှုပေ...
ဘယ်လိုပင် သတ်ကြပါစေ၊ တို့ မသေ...
ဘယ်လိုပင် ဖြိုခွင်းပါစေ၊ တို့ မမှုပေ...
ခွပ်ဒေါင်းသွေး သန္နိဋ္ဌာန် ဒူးထောက်လို့ အညံ့မခံဘူးဟေ့...
အရိုးကြေကြေ အရေခန်းခန်း
မကြောက်တမ်း မရွံ့တမ်း
သွေးလမ်းသို့ ဖြတ်ချီလှမ်းမည်...
ညီ.. ညီ.. ညီ.. ညီ..
ချီ.. ချီ.. ချီ.. ချီ..
ခေတ်ဟောင်းဖြိုဖျက် တိုက်ပွဲဆက်ကြမည်။) x ၂


(ခွပ်ဒေါင်းအော်သံ၏ ဗီဒီယို)

ဦးသန့်ဈာပန သီချင်း မှတ်ချက်လာပေးထားတဲ့ Link က ရတဲ့ ကိုမြတ်သူရဲ့ အသံကို သမိုင်းထဲက ရုပ်ပုံတွေနဲ့ ပြန်လည်ချယ်သထားတဲ့ ဗွီဒီယိုကို ပို့စ်ထဲမှာ ထပ်ဖြည့်ပေးလိုက်ပါတယ်။ မှတ်ချက်လာထည့်ပေးသူကိုရော ဗွီဒီယို ဖန်တီးသူကိုပါ ကျေးဇူးတင်ပါတယ်။ Nge Naing (13/12/12)

.

၃၉ နှစ်မြောက် ဦးသန့်အရေးအခင်း နေ့ (၁၁-၁၂-၁၃ ရက်နေ့) သဝဏ်လွှာ


ဦးသန့်အရေးအခင်းမှာ သေဖော်သေဖက် ရဲဘော်ရဲဖက်တွေက ဦးသန့်ရဲ့ ဂူဗိမာန်ရှေ့မှာ ဒီဇင်ဘာလ (၁၁) ရက်နေ့ မနက် ၉ နာရီမှာ ဂါဝရပြုပွဲကို ကျင်းပပြုလုပ်ပြီး မိတ်ဆုံစားပွဲကို ဟစ်တိုင်ဂျာနယ်တိုက်မှာ ဆက်လက် ကျင်းပမယ်လို့ သိရတဲ့အတွက် နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ကိုယ်တိုင် မတက်ရောက်နိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ကျွန်တော့်ရဲ့စိတ်ကတော့ ရဲဘော်တို့နဲ့အတူ ရှိနေမှာပါ။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေ ရှိတယ်၊ အရည်အချင်း ရှိတဲ့သူတွေ ရှိတယ် ဆိုတာကို ဦးသန့်က ကမ္ဘာ့အလယ်မှာ ငြိမ်းချမ်းရေးလိုလားတဲ့ မြန်မာခေါင်းဆောင်အဖြစ် ထင်ရှားစွာ သက်သေပြနိုင်ခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ကမ္ဘာက သိလာရတယ်။ ဦးသန့်ကြောင့် သိလာရတယ် ဆိုရင် မမှားဘူး။

ဒီလို ဗမာ့ဂုဏ်ဆောင် မြန်မာတွေအားလုံးက ဂုဏ်ယူဝင့်ကြွားရတဲ့ ပုဂ္ဂိုလ်ထူးတစ်ယောက် ကွယ်လွန်တဲ့အခါ အခမ်းအနားနဲ့ နိုင်ငံတော်ဈာပနအဖြစ် ခန်းခန်းနားနား သဂြိုဟ်ရမဲ့အစား ဗိုလ်နေဝင်းရဲ့ မောက်မာမှုနဲ့ ဂုဏ်ပြုထိုက်သူကို ဂုဏ်မပြုဘဲ မျက်ကွယ်ပြုခဲ့တယ်။

ဂုဏ်ပြုထိုက်သူကို ဂုဏ်မပြုတဲ့ အာဏာရှင်ရဲ့ အာဏာစက်ကို ဆန့်ကျင်ပြီး ငါတို့ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။

ငါတို့ရဲ့ ဒီလို ဆန့်ကျင်တော်လှန်ရဲတဲ့ စိတ်ဓာတ်ကြောင့် ဦးသန့်လိုပုဂ္ဂိုလ်မျိုးနဲ့ ထိုက်တန်တဲ့ ဂူဗိမာန်ကြီး ဖြစ်ပေါ်လာတယ် ဆိုတာ ရဲဘော်တို့အားလုံး အသိပဲဖြစ်တယ်။ ထောင်တန်းကျမယ်၊ ဒုက္ခရောက်မယ် ဆိုတာ သိရက်နဲ့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရင်း ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင်ခဲ့ကြတယ်။ ဒီလုပ်ဆောင်မှုကြောင့် ဦးသန့်ရဲ့ ဂူဗိမာန်ကြီး တည်ရှိလာတာ ငါတို့ရဲ့ အောင်ပွဲဖြစ်တယ်။ ဦးသန့်အရေးအခင်းမှာ ငါတို့ ညီအကိုတွေ အဖမ်းအဆီး ခံခဲ့ရပေမယ့် စစ်အာဏာရှင်နဲ့ တိုက်ပွဲမှာ ငါတို့အောင်မြင်မှုရခဲ့တယ် ဆိုတာ ဘယ်သူမှငြင်းလို့ မရဘူး။

တိုက်ရဲတဲ့သူတွေရဲ့လက်ထဲမှာ အောင်ပွဲဆိုတာ ရှိတယ်။ အဲဒီလို အောင်ပွဲရခဲ့တယ်ဆိုတာ ဦးသန့်အရေးအခင်းက သူရဲကောင်းတွေက သက်သေပြခဲ့ပြီးဖြစ်တယ်။

စစ်အာဏာရှင် အငွေ့အသက်ဟာ ယနေ့ထက်ထိ ရှိနေတုန်းပဲ။ ဒါကြောင့် မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ ဒီမိုကရေစနစ်နဲ့ သာယာဝပြောတဲ့ နိုင်ငံတစ်ခု ဖြစ်လာဖို့အတွက် တိုက်ပွဲတွေဟာ ရှိနေအုံးမှာပဲ။ ဒါကြောင့် မျိုးဆက်သစ်တွေနဲ့ လက်တွဲပြီး ကျွန်တော်တို့အားလုံး ဒီစိတ်ဓာတ်နဲ့ ပြည်သူတွေ လိုလားတဲ့ နိုင်ငံကြီး ဖြစ်ပေါ်လာဖို့ လက်တွဲ လုပ်ဆောင်သွားကြပါစို့ လို့ တိုက်တွန်းရင်း အားလုံးကို လေးစားစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။


ရဲဘော် ထွန်းအောင်ကျော် (၇၄)
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့



(မှတ်ချက် ။ ။ ကိုထွန်းအောင်ကျော် (၇၄) ဟာ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ဦးသန့်အရေးတော်ပုံ မှာ ကျောင်းသားခေါင်းဆောင် အာဇာနည် ဆလိုင်း တင်မောင်ဦး နဲ့ အတူတကွ ခေါင်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။

ရဲဘော် ထွန်းအောင်ကျော် (၇၄) ဟာ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ ကျောင်းသားတပ်မတော် (ABSDF) ရဲ့ ပထမဆုံး ဥက္ကဌ လည်း ဖြစ်ပါတယ်။)


၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ဦးသန့်အရေးတော်ပုံ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ ကိုထွန်းအောင်ကျော် (၇၄) ၏ ၃၉ နှစ်မြောက် ဦးသန့်အရေးအခင်း နေ့ (၁၁-၁၂-၁၃ ရက်နေ့) သဝဏ်လွှာ

.