သြစကြေးလျားက သဘာဝတောအဖြစ် လူသိများတဲ့ ကမ္ဘာလှည့်ခရီးသွားတို့ရဲ့ အထူး စိတ်ဝင်စားစရာ Blue Mountains ဟာ တောမှာမွေးပြီး တောမှာကြီးပြင်းကာ မွေးရပ်မြေထက် တောပိုကျတဲ့အရပ်မှာ ၁၀ ကျော်သက်အရွယ်ကို ဖြတ်သန်းပြီး လူလားမြောက်လာတဲ့ ကျွန်မအတွက်တော့ စိတ်ဝင်စားဖွယ်နေရာတခု ဖြစ်လိမ့်မယ်လို့ ကျွန်မ မရောက်ဖူးခင်က ဘယ်လိုမှ မတွေးမိခဲ့တာ အမှန်ပါ။ ရောက်ဖူးပြီးတဲ့အချိန်မှာတော့ ဒီနေရာမှာBlue Mountains ကို တောင်ပြာတန်းလို့ မြန်မာဆန်ဆန်ပဲ အမည်ပေးပါရစေ။ တောင်ပြာတန်းဆိုလို့လည်း မြန်မာပြည်က ဒေါနတောင်တန်း၊ တနင်္သာရီတောင်တန်းလို တောင်တန်းတွေ သွယ်လျှက်စီတန်း ဆင်းသက်လာနေတဲ့ တောင်ပြာတန်းလိုတော့ မထင်လိုက်ပါနဲ့။ ကျွန်မအမြင်မှာတော့ Mountains လို့ ပြောရလောက်အောင် မြင့်မြင့်မားမား မရှိလှပါဘူး။ တောင်စွယ်တောင်တန်း ရှားပါးလှတဲ့ နယူးဆောက်ဝေးပြည်နယ်မှာ အမြင့်ဆုံး နေရာမို့ Mountains လို့ တင်စားခေါ်ဝေါ်တာသာ ဖြစ်လိမ့်တယ်။
တောင်တန်းပြာက ဆစ်ဒနီမြို့ထဲကနေ အနောက်မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာမှာကားနဲ့ သွားပါက တနာရီခွဲခန့် မောင်းရတဲ့ Katoomba မှာ ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်မတို့ နေတဲ့ ဆစ်ဒနီအနောက်ခြမ်းက City လို့ ခေါ်တဲ့ မြို့ထဲနဲ့ Blue Mountain ကြားမှာ ရှိတော့ ၅၁ မိနှစ်ပဲ မောင်းရပါတယ်။ ကျွန်မ Blue Mountains ကို နှစ်ခေါက်သွားလည်ဖူးပြီး ပထမဦးဆုံးခေါက်ကို သားနှင့် သူ့သူငယ်ချင်းရဲ့ အလည်သွားချင်တဲ့ ဆန္ဒအရသာ သူတို့ကို လိုက်ပို့ရင်း ရောက်ဖူးခဲ့တာ ဖြစ်ပေမဲ့ ဒုတိယအခေါက်ကတော့ ကျွန်မကိုယ်တိုင် လိုလိုလားလားနဲ့ သွားချင်ခဲ့လို့ ရောက်ဖူးခဲ့ပါတယ်။ Blue Mountains ကို ပထမအခေါက် စရောက်ဖူးပြီးတာနဲ့ ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ ပါးစပ်ပြော ရာဇ၀င်ဖြစ်တဲ့ ညီနှမသုံးဖေါ်နှင့် မှော်ဆရာ အကြာင်းကိုပါ သိခဲ့ရ ပြီးတော့ သဘာဝတောကို လွန်ဆန်ပြီး တောင်အတက်အဆင်းအတွက် စနစ်တကျ စီမံထားတာတွေကိုပါ တွေ့ရတော့ တကယ်ကို စိတ်ဝင်စားသွားပြီး နောက်တခေါက် ထပ်သွားဖြစ်အောင် တွန်းပို့ခဲ့ပါတယ်။

အဲဒီနေ့က ကျွန်မတို့ မနက် ၉ နာရီခန့်မှာ ဆစ်ဒနီက စထွက်ပါတယ်။ ဆစ်ဒနီမြို့ပြင်ကိုရောက်တာနဲ့ ကားအသွားအလာ သိသိသာသာ ကျဲသွားတာကို တွေ့ရပြီး လမ်းတလျှောက် ဘေးတဘက်တချက်မှာ ခြုံပုတ်တွေ စိုက်ခင်းတွေကို တလှည့်စီတွေ့ရတော့ မြင်ရတဲ့ ရှုခင်းက ဆစ်ဒနီမြို့ထဲမှာ ကားစီးရင် တွေ့ရတဲ့ ရှုခင်းနဲ့တော့ ဘာမှမဆိုင် မြို့ပြရဲ့ မွန်းကြပ်မှုမှ ခဏတာ မေ့ထားနိုင်ခဲ့ပါတယ်။ တနာရီနီးပါး ကားမောင်းပြီးတာနဲ့ Katoomba ကို ရောက်ခါနီး ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ ခပ်လှမ်းလှမ်းမှာတော့ ကုန်းမြင့်မြင့်ကို ရေးရေးလေး တချက်တချက် တွေ့ရရပေမဲ့ တောင်တန်းပြာလို့ ခေါ်ရလောက်အောင် တောင်ကုန်းတွေက ပြာနေတာ မတွေ့ရဘဲ ရာသီဥတု သာယာလို့ ကောင်းကင်ကပဲ ပြာနေတာကို တွေ့ရပါတယ်။
ဆစ်ဒနီကအထွက်
Katoomba မြို့ထဲ
Katoomba ကိုရောက်ပြီးတာနဲ့ မြို့ပြင်ကို မိနှစ်အနည်းငယ် (၅-၁၀ မိနှစ်ခန့်) ဆက်မောင်းမှ ညီနှမ သုံးဖေါ် (Three sisters) ကျောက်ဆောင်ကို အနီးကပ်ဆုံး တွေ့နိုင်တဲ့ နေရာ ဖြစ်သလို တောင်ခြေ ရှုမျှော်ခင်း တခုလုံးကို တွေ့နိုင်တဲ့ သျှိုဘက်ကို ငေါထွက်နေတဲ့ တောင်ထွတ်အငူကို အကာအရံတွေနဲ့ ခတ်ထားတဲ့ Echo Point ကို စရောက်တယ်။ အဲဒီနေရာကို ရောက်တာနဲ့ ကျွန်မ စိတ်ထဲမှာ ကျွန်မတို့ဟာ နယူးဆောက်ဝေးပြည်နယ်ရဲ့ အမြင့်ဆုံးနေရာမှာ ခြေချမိလျှက် ဖြစ်နေတာကို သတိထားမိပြီး ပီတိဖြစ်ရပါတယ်။
Katoomba မြို့ထဲမှ Three Sisters ကျောက်ဆောင်ရှိရာ Echo Point သို့အသွား

ဆွဲရိုက်ထားတဲ့ မြင်ကွင်း
Echo Point မှ လက်ဝဲဘက်ရှိ Three Sisters ကျောက်ဆောင် ကို မြင်တွေ့ရစဉ်
ဆွဲရိုက်ထားတဲ့ မြင်ကွင်း
Echo Point မှာ ခဏတာ ဓါတ်ပုံရိုက်ပြီးတာနဲ့ အနီးနားရှိ လက်ဆောင်ပစ္စည်းရောင်းဆိုင်ကို တချက်ဝင်ကြည့်ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ထွေထွေထူးထူးတော့ ဘာမှမတွေ့၊ ဌာနေတိုင်းရင်းသားတို့ရဲ့ လက်လုပ်ပစ္စည်းတွေနဲ့ Blue Mountains, Australia လို့ ရေးထားတဲ့ အ၀တ်အစား အသုံးအဆောင်တွေကိုပဲ တွေ့ရပါတယ်။ Echo Points ကနေပြီး ညီအစ်သုံးဖေါ်နဲ့ မှော်ဆရာ ရုပ်ထု ရှိရာ Cable တွေ ရထားတွေ စီးပြီး အောက်ဆင်းလို့ရတဲ့ Scenic World ကို သွားတဲ့ ဘတ်စ်လည်း မကြာခဏ ရောက်လာတာ တွေ့ရပါတယ်။ ကိုယ့်ကားနဲ့လာသူတွေအတွက်တော့ အခပေးပြီး ရပ်လို့ရတဲ့ နေရာ ရှိပါတယ်။ တောင်အောက်ကို မဆင်းသူတွေက Three Sisters ကျောက်ဆောင်ကို Echo Point ကနေ ၁၅ မိနှစ်ခန့် လမ်းလျှောက်သွားပြီး ပထမ စစ္စတာအောက်ခြေ ဖြစ်တဲ့ ကျောက်ဂူအောက်မှာ အမှတ်တရဓါတ်ပုံ သွားရိုက်ပြီး Scenic World ကို ဘတ်စီးစရာ မလိုဘဲ ကိုယ့်ကားနဲ့ကိုယ်ပဲ သွားကြပါတယ်။
အမျိုးသားက ကျွန်မတို့ထက် ပိုရောက်ဖူးသူမို့ Three Sisters ကျောက်ဆောင်ကို မလိုက်တော့ဘဲ Echo Point မှာ ရပ်ထားတဲ့ ကားပေါ်မှာ အိပ်စောင့်ကျန်ခဲ့ပြီး ကျွန်မတို့ ကျောက်ဆောင်ကနေ ပြန်လာမှ Sinic World ကို သွားဘို့ စောင့်ကျန်ခဲ့တယ်။ ကျွန်မနဲ့ ကလေးသုံးယောက်က Echo Point ကနေ ညီနှမသုံးဖေါ် ကျောက်ဆောင် ရှိရာနေရာကို ၁၅ မိနှစ်ခန့် လမ်းလျှောက်ပြီး ညီနှမသုံးဖေါ်ရဲ့ ပထမ Sister ကျောက်ဆောင်ကို ရောက်လာပါတယ်။
Echo Point မှ three sisters ကျောက်ဆောင်ရှိရာသို့ အသွားလမ်း

လမ်းဘေးတနေရာမှာ ကလေးတွေ ကုန်းပေါ်တွယ်တက်ကစားနေစဉ်
လမ်းဘေးတနေရာမှာ ကလေးတွေ ကုန်းပေါ်တွယ်တက်ကစားနေစဉ်
Three Sisters ရဲ့ ပထမ sister အောက်ကိုကူးရန်တံခါး (အောက်မှာ ချိုင့်ရှိပါတယ်)
တံခါးမကူးခင် ပထမ စစ္စတာကိုတွေ့ရစဉ်
ပထမ Sisters ကနေ တောင်အောက်ကိုဆင်းရန် ကျောက်ကမ်းပါးတွေကို တွယ်တက်တွယ်ဆင်း လုပ်လို့ရတဲ့ သံစကာနှင့် စနစ်တကျ ငြမ်းဆင်ထားပေးတာကို တွေ့ရပါတယ်။ အဲဒီ ငြမ်းတွေသာ မရှိပါက ဒီနေရာကနေ တောင်တက်တောင်ဆင်း လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အရင်တခါလာတုန်းကတော့ ပထမ Sister ကနေ ပြန်လှည့်ပြီး Echo Point ကနေ Scenic World ကို ကားနဲ့ ပြန်ခဲ့ပေမဲ့ ဒီတခါတော့ ကလေးတွေက အောက်ဘက်ကို နည်းနည်းဆင်းကြည့်ချင်တယ်ဆိုလို့ ဆင်းကြည့်ဖြစ်သွားပါတယ်။ ကျွန်မတို့လို အဆင်းသမားတွေ ရှိသလို Scenic World နဲ့ တခြားနေရာတွေကနေ တောင်အောက်ကို ရထားတွေ Cable တွေနဲ့ ဆင်းပြီး တောင်ခြေကနေ လမ်းလျှောက်လာပြီး three sister ကို တက်လာသူတွေကိုလည်း တွေ့ရပါတယ်။
ဒီလောက် မတ်စောက်လှတဲ့ ကျောက်ကမ်းပါး နံရံကြီးပေါ်မှာ လူအတက်အဆင်း လုပ်လို့ရအောင် ငြမ်းတွေ ဆင်ထားနိုင်တာကို တအံ့တသြ တွေ့ရပြီး ဘယ်အထိ လုပ်ထားလဲဆိုတာကို ဆင်းရင်းကြည့်ရင်းနဲ့ အောက်ဘက်ကို ကျွန်မတို့ တော်တော်လေး ရောက်လာခဲ့ပါတယ်။ တထောက်နားလို့ရတဲ့ နေရာတွေမှာ နားစရာ ထိုင်ခုံလေးတွေ လုပ်ထားပေးတာကိုလည်း တွေ့ရလို့ တောင်အောက်ကနေ တက်လာသူတွေနည်းတူ ထိုင်နားဖြစ်ပါတယ်။
ဆင်းရင်း နားရင်းနဲ့ ပြန်တက်ဖို့ ခေါ်လို့မရဘဲ ကလေးသုံးယောက်က စူးစမ်းလိုဇောနဲ့ ဆင်းလာခဲ့ပြီးမှ အောက်ကတက်လာသူတွေကို အခုရောက်နေတဲ့ နေရာနဲ့ တောင်ခြေနဲ့ ဘယ်လောက်ဝေးလဲ မေးကြည့်တော့ အဆင်းဆိုရင်တော့ သိပ်မဆင်းရတော့ဘူး ပြောတော့ ကလေးသုံးယောက်ကို အပေါ်တက်ဖို့ ဘယ်လိုမှ ပြန်ခေါ်လို့ မရတော့ဘဲ တောင်ခြေအရောက်ဆက်ဆင်းဖို့ပဲ ပူဆာနကြတယ်။ တက်လာတဲ့သူ အားလုံးကလည်း အောက်မှာ တော်တော်လေး သာယာတဲ့အကြောင်းနဲ့ ပြန်တက်မည့်အစား တောင်ခြေရောက်တဲ့အထိ ဆက်ဆင်းပြီးတော့ တနာရီနီးပါး မြေပြန့်မှာ လမ်းဆက်လျှောက်သွားပြီး Scenic World (သို့) တနေရာကိုရောက်ရင် အဲဒီမှာရှိတဲ့ တောင်ပေါ်တက်တဲ့ Cable (သို့) ရထားနဲ့ ပြန်တက်ဖို့ကိုပဲ အကြံပြုကြပါတယ်။
ကလေးသုံးယောက်ကို ကြည့်လိုက်တော့လည်း အဆင်းမှာတောင် တွယ်ဆင်းရတာ ပင်ပမ်းလို့ မကြာခဏ နားနေရရင် ပြန်တက်တော့ တော်တော်နဲ့ ပြန်ရောက်မှာ မဟုတ်ဘူးဆိုတာ ခန့်မှန်းမိတယ်။ ဒီလိုနဲ့ပဲ အစားအသောက်မပါ ဘာမပါနဲ့ အစီစဉ်မရှိဘဲ တောင်အောက်အထိ ဆက်ဆင်းဖို့ အကြောင်း ဖန်လာပါတယ်။ အစားအစာ မပါပေမဲ့ ရေတပုလင်း ပါလာလို့ တော်ပါသေးရဲ့။ Echo Point မှာ ရပ်ထားတဲ့ ကားထဲမှာ အိပ်ပြီး ကျွန်မတို့ ပြန်အလာကို စောင့်နေတဲ့ ကလေးအဖေကို ကျွန်မတို့ကို မစောင့်တော့ဘဲ Scenic World မှာပဲ သွားစောင့်ဖို့ ဖုန်းဆက်အကြောင်းကြားပြီး တောင်အောက်ဆက်ဆင်း ဖြစ်ပါတယ်။
တောင်ခြေမြေကို ချေချမိတာနဲ့ တွယ်ဆင်းစရာ အကြောင်းမရှိတော့ဘူး မြေပြန့်မှာပဲ လျှောက်ရတေ့မယ် ဆိုတဲ့ အသိနဲ့ ကလေးသုံးယောက်က အောင်ပွဲခံနဲ့ လက္ခဏာနဲ့ ပျော်နေကြပါတယ်။ ဆင်းတဲ့သူတွေ တောင်ခြေရောက်တာတာင် ဒီလောက်ပျော်နေရင် တက်လာတဲ့သူတွေ Three Sisters ကျောက်ဆောင်အောက်က အမှတ်တရ ဓါတ်ပုံ ရိုက်တဲ့နေရာကို ရောက်ရင် ဘယ်လောက်ပျော်ကြမလဲဆိုတာကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ တောင်အောက်ရောက်တာနဲ့ ဆက်သွားမည့်နေရာကို လမ်းညွန်ထားတာကို တွေ့ရပါတယ်။ မြေပြန့်အတိုင်း ဆက်လျှောက်တော့ တကယ်ကိုတောရိုင်း သစ်ပင်ခြံနွယ်ပိတ်ပေါင်းတွေကို လမ်းဘေးတဘက်တချက်မှာ တွေ့ရတာ ကလေးသုံးယောက်အတွက်တော့ ကျောင်းသင်ခန်းစာမှာ သင်ရတဲ့ Rain Forest ဆိုတာကို လက်တွေ့ ထိတွေ့ခံစားလိုက်ရလို့ ပီတိတွေ ဖြစ်နေခဲ့ပါတယ်။ ငှက်ကျေးမြည်တွန်သံ တချက်ချက် ကြားရပေမဲ့ မြန်မာပြည်က တောတောင်တွေမှာ တခါတလေ ကြားရတတ်တဲ့ ဂျီဟောင်သံ ကျားဟိန်းသံကိုမကြားရသလို ရွှေစက်တော်သွား တောလားမှာလို ဒေါင်းတွေရဲ့ အိုးဝေ အိုးဝေသံ၊ မျောက်တွေရဲ့ ကျိုးခွေ ကျိုးခွေ သံနဲ့ ငှက်မျိုးစုံရဲ့ သံစုံတေးသံတွေကိုတော့ မကြားရပါဘူး။ သို့သော်လည်း လမ်းတလျှောက် ဍရင်ကောက်ပင်တွေ ချုံနွယ်ပိတ်ပေါင်းတွေကို ပြန်တွေ့ရ၊ တောင်ကြားရှိ စိမ့်စမ်းရေတွေနဲ့ စမ်းရေကျသံကို တခါပြန်ကြားရတော့ ကျွန်မကိုယ်တိုင်လည်း အရင်က ကျင်လည်ကျက်စားခဲ့ရာ တောတွင်းကို အလည်တခေါက် ပြန်ရောက်သွားသလို တကယ်ပဲ ခံစားလိုက်ရပါတယ်။
တောင်ခြေကိုစရောက်စဉ် ဆက်လျှောက်ရင် ရောက်တဲ့နေရာကို လမ်းညွန်ထားပါတယ်
တောင်ခြေကနေ Scenic World ဘက်ကို တောင်အတက်အဆင်း မရှိဘဲ မြေပြန့်အတိုင်း လမ်းဆက်လျှောက်ပါတယ်။
တောင်ကြားရှိ စိမ့်စမ်းရေတွေနဲ့ စမ်းရေကျသံကိုလည်း အခုမှပဲ တခါပြန်ကြားရပါတယ်
Scenic World ကို တောင်အာက်မှ တက်လာသူတွေအတွက် အ၀င် တောင်အောက်ဆင်းသူတွေအတွက် အထွက် လက်ဆောင်ပစ္စည်း ရောင်းဆိုင်
Echo Point မှာ လက်ဆောင်ပစ္စည်း ရောင်းဆိုင်ကိုပဲ တွေ့ပြီး စားသောက်ဆိုင် မတွေ့ရပေမဲ့ Scenic World မှာတော့ အစုံတွေ့ရပါတယ်။ Scenic World က အချက်အချာအကျဆုံး နေရာဖြစ်ပြီး အဲဒီကနေ Cable နဲ့ တခြားနေရာ တချို့ကိုသွားလို့ရပြီး ရထားနဲ့ဖြစ်စေ Cable နဲ့ဖြစ်စေ တောင်အောက်ကို ဆင်းလို့ ရပါတယ်။ လက်ဆောင်ပစ္စည်း ရောင်းဆိုင်မှာ ကလေးတွေကို လက်ဆောင်ဝယ်ပေးပြီး အထွက်မှာတော့ စားသောက်ဆိုင်မှာ အစားအစာတွေဝယ်ပြီးတာနဲ့ အဆောက်အဦးရဲ့ အရှေ့ဘက် ညီမနှသုံးဖေါ်နှင့် မှော်ဆရာ ရုပ်ထုရှိရာ နေရာမှာ စောင့်နတဲ့ ကလေးအဖေနဲ့ တွေ့ပြီး နေ့လည်စာစားကာ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ Scenic World ကို အရင်လာတဲ့သူတွေက ဒီနေရာကနေ Echo Point ကို ဘတ်စကားနဲ့ သွားလို့ရပါတယ်။

တကယ်တော့ တောင်ပြာတန်းက သဘာဝပတ်ဝန်းကျင် ရှုခင်းနှင့် တောတောင်ရေမြေ သျှိုမြောင်စိမ့်စမ်း တခုတည်း စိတ်ဝင်စားစရာ ကောင်းတာ မဟုတ်ဘဲ သြစကြေးလျှဌာနေတိုင်းရင်းသားတို့ အမှန်တကယ် ယုံကြည်နေကြတဲ့ ဒဏ္ဍာရီဆန်ဆန် ပါးစပ်ပြော ရာဇ၀င်ကလည်း တကယ်ပဲ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ ဒီရာဇ၀င်က ဌာနေတိုင်းရင်းသားတွေရဲ့ အထွတ်အမြတ် ထားတဲ့ ရာဇ၀င်ဖြစ်လို့ ဌာနေတိုင်းရင်းသားတို့ကို အပြန်အလှန် လေးစားတဲ့အနေနှင့် Scenic World ကို ရောက်တဲ့အချိန်မှာ ပထဦးစွာ ညီနှမသုံးဖေါ်
နှင့် မှော်ဆရာတို့ရဲ့ ကိုယ်တုံးလုံး ကျောက်ရုပ်တွေ ရှိပြီး အဲဒီပုံတွကို ကြည့်ပြီး ပြက်ရယ်မပြုဖို့ ကြိုတင်သတိပေး စာကို နံရံမှာ ရေးထားတာ တွေ့ရပါတယ်။
Scenic World မှ Three Sister ကို ပြန်တွေ့ရပုံ
Scenic World မှ ညီနှမသုံးဖေါ်နှင့် မှော်ဆရာ
တကယ်တော့ တောင်ပြာတန်းက သဘာဝပတ်ဝန်းကျင် ရှုခင်းနှင့် တောတောင်ရေမြေ သျှိုမြောင်စိမ့်စမ်း တခုတည်း စိတ်ဝင်စားစရာ ကောင်းတာ မဟုတ်ဘဲ သြစကြေးလျှဌာနေတိုင်းရင်းသားတို့ အမှန်တကယ် ယုံကြည်နေကြတဲ့ ဒဏ္ဍာရီဆန်ဆန် ပါးစပ်ပြော ရာဇ၀င်ကလည်း တကယ်ပဲ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ ဒီရာဇ၀င်က ဌာနေတိုင်းရင်းသားတွေရဲ့ အထွတ်အမြတ် ထားတဲ့ ရာဇ၀င်ဖြစ်လို့ ဌာနေတိုင်းရင်းသားတို့ကို အပြန်အလှန် လေးစားတဲ့အနေနှင့် Scenic World ကို ရောက်တဲ့အချိန်မှာ ပထဦးစွာ ညီနှမသုံးဖေါ်
နှင့် မှော်ဆရာတို့ရဲ့ ကိုယ်တုံးလုံး ကျောက်ရုပ်တွေ ရှိပြီး အဲဒီပုံတွကို ကြည့်ပြီး ပြက်ရယ်မပြုဖို့ ကြိုတင်သတိပေး စာကို နံရံမှာ ရေးထားတာ တွေ့ရပါတယ်။
Three Sisters and Magician ညီနှမ သုံးဖေါ်နှင့် မှော်ဆရာ ရုပ်ထု
ဌာနေတိုင်းရင်းသားတို့ရဲ့ ရာဇ၀င်မှာ မောင်နှမသုံးဖေါ်က ငယ်ငယ်က မိဘတွေ ဆုံးပါးသွားကြပြီး ဦးလေးဖြစ်သူ မှော်ဆရာကပဲသူတို့ကို ရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက်လာခဲ့ပါတယ်။ အရွယ်ရောက်တော့ အဲဒီမှောင်နှမသုံးဖေါ်က အင်မတန်မှ ချောမောလှပတဲ့အတွက်ကြောင့် ကျားသတ္တ၀ါတွေရဲ့ ရန်က အကာကွယ် ပြုနိုင်ဖို့အတွက် မှော်ဆရာဟာ နေ့စဉ် သူအပြင်သွားပြီး အစာရေစာ သွားရှာတဲ့အခါတိုင်း တူမသုံးယောက်ကို သူ့ရဲ့ မှော်အတတ်နဲ့ ကျောက်ဆောင်သုံးခု ဖြစ်အောင် ဖန်တီးပြီး စိတ်ချလက်ချ ထားခဲ့ကာ သူအိမ်ပြန်ရောက်မှ ကျောက်ဆောင်ကနေ လူပြန်ဖြစ်အောင် ပြန်လုပ်ပေးတယ်လို့ ဆိုပါတယ်။ တနေ့မှာတော့ မှော်ဆရာက အပြင်သွားရင်း အကြောင်းတခုခုကြောင့် သေဆုံးခဲ့ရပြီး အိမ်ပြန်မရောက်တော့တဲ့အတွက်ကြောင့် ညီနှမသုံးဖေါ်ဟာ ကျောက်ဆောင်ဘ၀ကနေ ဘယ်တော့မှ လူပြန်ဖြစ်ခွင့်မရတော့လို့ ညီနှမသုံးဖေါ်ဟာ ကျောက်ဆောင်သုံးခု အနေနဲ့ပဲ တောတန်းပြာအတွက် လွမ်းစရာ ပုံပြင်တခုအဖြစ် ကျန်ရှိနေပါတယ်။ ကျွန်မတို့ကသာ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို သဘောထားကြပေမဲ့ ဒီကျောက်ဆောင်သုံးခုမှာ ညီနှမသုံးဖေါ်ရဲ့ သက်ဝိညာဉ်တွေ အခုထိ ရှိနေတယ်လို့ ဌာနေတိုင်းရင်းသား အတော်များများက ယုံကြည်နေကြပါတယ်။
ဌာနေတိုင်းရင်းသားတို့ရဲ့ တောင်ပြာတန်းက ညီနှမသုံးဖေါ်နှင့် မှော်ဆရာအကြောင်းကို သိရတဲ့အချိန်မှာ တကယ်ပဲ သူတို့ဟာ မကျွတ်လွှတ်နိုင်သေးတဲ့ ဘုံဘ၀ကို ရောက်ရှိနေခဲ့မယ်ဆိုရင်တော့ ကျွတ်လွှတ်ပါစေလို့ မောင်နှမ သုံးဖေါ်အတွက် ကျွန်မဆုတောင်းမိပါတယ်။ Scenic World ကအထွက်မှာတော့ Scenic World နဲ့ ကပ်လျှက် ရှိတဲ့ Katoomba Park မှာ ကားရပ်ပြီး အဲဒီကမှတဆင့် Katoomba ရေတံခွန်ရှိရာ တောင်အောက်ကို ဆက်သွားခဲ့ပါတယ်။

အရင်တခါသွားတုန်းက အောက်ထိ ရောက်ပေမဲ့ ဒီတခါတော့ အလည်လောက်အထိပဲ ဆင်းပြီး ပြန်တက်လာလိုက်ပါတယ်။ ရေတံခွန်မှ ပြန်တော့ ကလေးတွေကို Katoomba Park မှာခဏပေးကစားပါတယ်။ ကျောင်းမှာ ဓါတ်ပုံရိုက်သင်တန်း တက်ထားတဲ့ သားသူငယ်ချင်း ကလေးတယာက်က Katoomba Park ထဲမှာ Blue Mountains တောတန်းပြာ အမှတ်တရ မိသားစု ဓတ်ပုံရိုက်ပေးပြီးတာနဲ့ Blue Mountains ကို နှုတ်ဆက်ပြီး ပြန်လာလိုက်ပါတယ်။ နွေရာသီမှာ တခေါက်ပြန်လာပါဦးမယ်။
ကျွန်မအတွက်တော့ Blue Mountain ဟာ အားလပ်ရက် ထမင်းမိန်စားသွားဖို့ အကောင်းဆုံးနေရာလို့ မှတ်ယူပါတယ်။ နှစ်စဉ်နှစ်တိုင်း နွေရာသီမှာ ကျွန်မတို့သွားဖြစ်တာက တအိမ်ကို အစားအစာ တခုစီချက်ပြုတ်ပြီး ကမ်းခြေမှာ ကလေးတွေကို ရေသွားပေးကူးကြပါတယ်။ ဒီနှစ်လာမည့် နွေရာသီမှာတော့ မိသားစုတွေ ကမ်းခြေကို သွားမည့်အစား ကလေးတွေကို တောင်ပြာတန်းခေါ်သွားပြဖို့ အကြံရပါတယ်။ သွားဖြစ်ရင်တော့ Katoomba Park မှာ စခန်းချပြီး ဘယ်မှမသွားချင်ဘဲ ခြင်းလုံးခတ်ချင်တဲ့ အမျိုးသားတွေနဲ့ ကလေးငယ်တဲ့ မိခင်တွေကိုကို စခန်းစောင့်ထားပြီး တောင်အောက်မှာ ရှိတဲ့ နေရာအသီးသီးကို ခြေကျင် ဆင်းချင်တဲ့သူကဆင်း၊ Cable တွေ ရထားတွေ စီးပြီးဆင်းချင်သူ တခြားနေရာတွေကို ကူးချင်သူကူးပြီး နောက်ဆုံး Katoomba မှာဆုံဖို့ အစီစဉ်လေး လုပ်ပြီး တောင်ပြာတန်းကို သွားလည်ဖို့ အကြံရပါတယ်။ လာမည့် Spring (or) Summer မှာတော့ အရင်ခေါက်တွေက မရောက်လိုက်တဲ့ Echo Point နဲ့ Scenic World ကြားက Cable စီးပြီးသွားလို့ရတဲ့ နေရာကို ရောက်အောင်သွားဖို့ စဉ်းစားထားပါတယ်။ အဲဒီနေရာကို ရောက်ပြီးရင်တော့ Blue Mountain မှာ တခြားသူတွေကို ကျွန်မ ဂိုက်လုပ်လို့ရလောက်ပါပြီ။
တောင်ပြာတန်းက ဌာနေတိုင်းရင်းသားတို့ရဲ့  ရင်နှစ်သည်းချာ နေရာဖြစ်ပြီး သြစကြေးလျားမှာ ထင်ရှားတဲ့ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာတခုဖြစ်လို့ သွားရောက်လေ့လာသင့်ပါတယ်။ သို့သော်လည်း ရာသီဥတုက နယူးဆောက်ဝေးမှာ တခြားနေရာတွေထက် ပိုအေးတော့ နွေရာသီမှာသာ လည်ပတ်လို့ ကောင်းတဲ့နေရာ အဖြစ်တွေ့ရပါတယ်။ နယူးဆောက်ဝေးပြည်နယ်ကို နွေးတဲ့ရာသီမှာ ရောက်လာသူတိုင်း တောင်ပြာတန်းကို အလည်ရောက်သင့်ပါတယ်။ ကျောင်းတက်တဲ့ ကလေးအရွယ်ရှိတဲ့ ဆစ်ဒနီက မိသားစုများလည်း မရောက်သေးရင် ကလေးတွေကိုခေါ်ပြီး Blue Mountains ခေါ် တောင်ပြာတန်းကို အလည်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။
Katoomba Park မှ Katoomba ရေတံခွန်ရှိရာကို အဆင်း
Katoomba Park

ရွင်လန်းချမ်းမြေ့ကြပါစေ
12 comments:
ကွန်းမန်.တွေ ပြန်ဖြတ်နေပြီလားဘလော.ဂါကြီးရေ ကိုယ်မဟုတ်ရင်နာစရာမလိုဘူးပေါ. ဒီစကားက မငယ်နိုင်ကိုယ်တိုင်ပြောခဲ.တာပဲလေ.. ၂ ကြိမ်မြောက်ပြန်တင်လိုက်ပါတယ်
ဒီပိုစ်.က နံပါတ် ၂ အချက်နဲ. ကိုက်ညီပါတယ်
၂။ အိမ်သာများများတက်ပါအိမ်သာတက်ပြီးတိုင်း ဘာအစားစာကိုကြိုက်လဲ၊ ဘယ်ကိုသွားလဲ.. နွေ၊မိုး၊ဆောင်းနှင့်ကျွှန်တော်၊ကျွှန်မတို့အကြောင်း ကိုယ်ရေးချင်တာရေးတင်ပါ...။
တခြားအချက်တွေကတော့
သင်၏ဘလော့ဂ်နာမည်ကြီးရန် အတွက်
၁ ။ ဘလော့ဂ်ကိုကြော်ညာရန်သူများ ShoutBox များတဲတွင်သိသိမသိသိသွားအော်ပါ “လာလည်သွားပါတယ် တော်တော်ကောင်းတဲ့ဘလော့ဂ်လေးပါ။တို့ ဆီလည်းလာလည်ပါဦး ဟိုဟိုဒီဒီ ဒီဒီဟိုဟိုဘာညာသာရကာနေကြာကွာစေ့ လျှောက်ရေးပါ
၂။အိမ်သာများများတက်ပါအိမ်သာတက်ပြီးတိုင်း ဘာအစားစာကိုကြိုက်လဲ၊ ဘယ်ကိုသွားလဲ.. နွေ၊မိုး၊ဆောင်းနှင့်ကျွှန်တော်၊ကျွှန်မတို့အကြောင်း ကိုယ်ရေးချင်တာရေးတင်ပါ...။
သူများကိုအတင်းရေးခိုင်းပါ။
၃။ရန်များများဖြစ်ပါရန်များများဖြစ်လေလူများများလာလေဖြစ်သည်
၎။ ဘလော့ဂ်နာမည်ကိုလူများစိတ်ဝင်စားအောင်ပေးပါ ဥပမာ ဟိုဟိုဟာဟာ၊ဒီဒီဒါဒါ၊ဟိုတွင်း၊ဒီတွင်း၊ဟိုဇုန်၊ဒီဇုန်
ဒီမြို့ တော်၊ဟိုလမ်း၊ဟိုရပ်ကွက်
၅ ။ လူတိုင်၏မွေးနေ့ မျာအတွက်မွေးနေ့ 
ဆုတောင်းပေးပါ။ဘလော့ဂ်ဟုတ်သူကော။မဟုတ်သူကော။သိသူကော။မသိသူကောများအတွက်ပါဆုတောင်းပါ
ပြီးတော့မွေးနေ့ ဆုတောင်းပိုစ်တင်ပေးထားတယ်ဆိုပြီးနက်ထဲကတွေ့ သမျှလူတိုင်းကိုလိုက်ပြောပါ လိုအပ်ရင်သေန့ပါတင်ပါ
၆။ စီဘောက်စ်မှာဖြစ်သမျှ ဖေ့ဘွတ်မှဖြစ်သမျှ ဂျီမေးမှာဖြစ်သမျှ ပိုစ့်ပြန်တင်ပါ
http://www.komyat.com/2009/03/blog-post_6285.html
ကောင်းပါတယ် ကိုယ်ငယ်ငယ်တုန်းက ကိုယ်.နိုင်ငံတွင်းက တောကြိုတောင်ကြားမှာပဲ နေခဲ. ရပေမယ်. ကိုယ်.သားလေးကိုတော. နိုင်ငံခြားမှာကျောင်းတတ်နိုင်အောင်
ရည်ရွယ်ချက်ကြီးကြီးနဲ. တစ်ကိုယ်ကောင်းဆန်ကိုယ်လွတ်ရုန်းပြီး ဒုက္ခသည်ပါဆိုပြောကာ အသနားခံသွားသူတွေကို ဒေါနတောင်အောက်က အနီးကပ်တိုက်ပွဲဝင်နေသူတွေ
အားကျလေးစားလျက်ပါ
နိုင်းမြစ်ထက် ဧရာဝတီမြစ်ကိုပိုချစ်တယ်
အော်ဇီက တောင်တန်းထက် ဒေါနတောင်တန်းကို ပိုချစ်တယ်
ဒါပေမယ်. အားလုံးပါးစပ်ပြောပဲရှိကြပါတယ်.. ကိုယ်.အနာဂါတ်ရှေ.ရေးအတွက် ခြေစုံကန်ခဲ.ကြတာပါပဲ
Hi.. Nge Naing
I Like your Concept blogspot and Face book . Some Peoples are dont likes your concept , but dont worry about that my friend..
Best regard
Y N T P @ Tharr Htoo
Blue Mountains ဟာ "တောင်တန်း" မဟုတ်ပဲ "ကုန်းပြင်မြင့်" ဖြစ်ပါတယ်။
Blue Mountains တောင်တန်း -----> Blue Mountains ကုန်းပြင်မြင့်
မငယ်နိုင်က Blue Mountains ကို "တောင်ပြာတန်း" လို့ အမည်ပေးတာက မြန်မာဆန်ပေမယ့် သဘာဝပထဝီ အနေအထား အမှန်နဲ့ တခြားစီ ဖြစ်နေပါတယ်။ "တောင်ပြာတန်း" လို့ အမည်ပေးမယ့်အစား "ကုန်းပြင်ပြာ" ဒါမှမဟုတ် "ပြာလဲ့လဲ့ လွင်ပြင်မြင့်" လို့ အမည်ပေးရင် Blue Mountains ရဲ့ သဘာဝပထဝီ အနေအထား အမှန်ကို စာဖတ်သူတွေရဲ့ စိတ်မျက်စေ့ထဲမှာ ပိုပြီး ပုံဖော်နိုင်ပါလိမ့်မယ်။
တောင်ပြာတန်း -----> ကုန်းပြင်ပြာ
တောင်ပြာတန်း -----> ပြာလဲ့လဲ့ လွင်ပြင်မြင့်
ပြီးတော့ မငယ်နိုင်က "တောလား" (= ခရီးသွားမှတ်တမ်း) မှာ "အ" တစ်လုံး မှားပြီး ပိုရိုတ်ထားမိတော့ "တောအလား" ဖြစ်နေလို့ "အ" ကို ဖြုတ်ရပါမယ်။
တောအလား -----> တောလား
ဒီတော့ ဒီ ခရီးသွားဆောင်းပါးရဲ့ ခေါင်းစဉ်ကို "တောင်ပြာတန်းသွား တောအလား" အစား "ကုန်းပြင်ပြာသွား တောလား" ဒါမှမဟုတ် "ပြာလဲ့လဲ့ လွင်ပြင်မြင့်သွား တောလား" လို့ အမည်ပေးမှ အမှန်တရားကို ထင်ဟပ်မှာပါ။
တောင်ပြာတန်းသွား တောအလား -----> ကုန်းပြင်ပြာသွား တောလား
တောင်ပြာတန်းသွား တောအလား -----> ပြာလဲ့လဲ့ လွင်ပြင်မြင့်သွား တောလား
ဒါမှမဟုတ် ခေါင်းစဉ်ကို "ဘလူးမောင်းတိန်းစ် ကုန်းပြင်မြင့်သွား တောလား" ဒါမှမဟုတ် "ဘလူးမောင်းတိန်းစ် လွင်ပြင်မြင့်သွား တောလား" လို့ အမည်ပေးရင်လည်း ရပါတယ်။ မြန်မာမဆန်ပေမယ့် စာဖတ်ပရိသတ်အတွက် အမှန်ကို ပိုမြင်သာစေနိုင်မှာပါ။
တောင်ပြာတန်းသွား တောအလား -----> ဘလူးမောင်းတိန်းစ် ကုန်းပြင်မြင့်သွား တောလား
တောင်ပြာတန်းသွား တောအလား -----> ဘလူးမောင်းတိန်းစ် လွင်ပြင်မြင့်သွား တောလား
ပို့ စ်အတွက် ကျေးဇူး ကိုယ်တိုင် ရောက်သွားရသလိုဘဲ
ဂရမ်မာ ကြာရွက်ရဲ့ အကြံပြုမှုအတွက် ကျေးဇူးတင်ပါတယ်။ ခေါင်းစဉ်နဲ့ အခေါ်အဝေါ်တချို့ကို ပြန်ပြင်လိုက်ပါတယ်။ သွားစရာ ရှိလို့ ကျန်တာကိုတော့ နောက်မှဆက်ပြောတော့မယ်။ အကြောင်းပြန်သင့်တဲ့ တခြားသူတွေကိုလည်း ပြန်လာမှ အကြောင်းပြန်မယ်၊ ကျေးဇူးတင်ပါတယ်။
အကြံပြုတာမဟုတ်ပါဘူးအစ်မ မှားနေလို့ ထောက်ပြတာပါ
သူငယ်ချင်းရေ..
ဒီနေ့ကတော့ စိတ်မကောင်းစရာတွေ ကြားရ မြင်ရသလို လူ့ဘုံသဘော မှာ အခြားဖြစ်တက်တာတွေလည်း ရင်ဆိုင်ရင်း ဘာပြောရမှန်းလည်း မသိတော့ဘူး..။
ဒါပေမဲ့ မှော်ဆရာ ဇာတ်လမ်းလေးကို ပြီးအောင်ဖတ်သွားပါတယ်... မှော်ဆရာကြီးက သေသွားခဲ့တာ မိန်းမ ၃ ယောက် ကံဆိုးတာပဲနော်..။
စိန်ဗေဒါ
အဲဒီ စစ်ခွေးတွေ (mg + zaw)က တော်တော်အာရုံ နောက်တာဘဲ၊ မင်းတို့ အလုပ်အကိုင် မရှိဘူးလား? တော်တော် အားနေကြလား? လူတိုင်းက အဖက်မလုပ်ချင်တာလဲ မပြောနဲ့၊ ပြောလည်း အမှတ်မရှိ၊ အရှက် ကလည်း မရှိ၊ တကယ့် တောကြို အုံကြား စရိုက်တွေ.. (ကောင်းသော စစ်သားအချို့ နှင့် မငယ်နိုင်>> ရိုင်းသွားယင် sorry ပါ..)
မငယ်နိုင် လာဖတ်သွားပါပြီ။ ပို့စ်လေးက ပိုစုံပြီး တောင်အောက်က အကြောင်းတွေပါ ပါတယ်။ နောက်တစ်ခေါက် အဖွဲ့လိုက်ကြီး ၇ထားနဲ့ သွားကြမယ်လို့ ပြောထားတယ်။ အဲဒီခါက တောင်အောက်ထိ ဆင်းမယ်။ ခရက်ဒစ်အနေနဲ့ ဒီပို့စ်မှာ မငယ်နိုင်ပုံကို မြင်ဖူးသွားပြီး) ကျေးဇူးနော်
သတိရလို့ မှော်ဆရာဇာတ်လမ်းကတော့ ၂ယောက် နဲနဲကွဲင်္ွနေကြတယ်။ Google မှာ ရှာပြီး ဘာသာပြန်ပေးလိုက်တာ။ ဘယ်သူကအမှန်လဲတော့ များလဲ သိဘူးတော့။
Post a Comment