မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဗုဒ္ဓနေ့ ဆုတောင်း (ဆရာ ကောင်းရာသုဂတိလားပါစေ)


ဒီနေ့ ကျရောက်တဲ့ ကဆုန်လပြည့်နေ့က ဂေါတမ မြတ်စွာဘုရားလောင်းဟာ ဒီပင်္ကရာ မြတ်စွာဘုရားဆီကနေ နောင်တချိန်မှာ ဗုဒ္ဓဧကန်စင်စစ် ဖြစ်တော်မူမယ်လို့ ဗျာဒိတ်တော် ရတဲ့နေ့၊ ဘုရားလောင်းကိုမွေးဖွားတဲ့နေ့၊ မဟာဗောဓိ ညောင်ပင်အောက်မှာ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရပြီး ဘုရားအဖြစ်ပွင့်တော်မူတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့နေ့ထူးနေ့မြတ်တွေ အသီးသီးတိုက်ဆိုင်လို့ ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ထားတဲ့နေ့ ဖြစ်ပါတယ်။ 17/5/11 မှာ ကျရောက်တဲ့ ဗုဒ္ဓနေ့အတွက်တော့ ဆစ်ဒနီမြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ကဆုန်ညောင်ရေ သွန်းပွဲကို ပြီးခဲ့တဲ့ပတ်က ကြိုပြီး ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေ့က သားအမိနှစ်ယောက် ဘုန်းကြီးကျောင်းသွားပြီး ကောင်းမှု ကုသိုလ်ပြုခဲ့ပါတယ်။ ယခင်က ပြုခဲ့သော ကုသိုလ်အားလုံးနဲ့ ဗုဒ္ဓနေ့အတွက် ပြုခဲ့သော ကောင်းမှုကုသိုလ် အားလုံးကို ဒီနေ့ 16/5/11 ညနေ ၃နာရီ မိနှစ် ၅၀ မှာ ဘ၀တပါးသို့ ပြောင်းလဲသွားသော တချိန်က ကျွန်မရဲ့ဆရာ ဆရာဝင်းမြင့်သိန်းအတွက် အမျှပေးဝေလိုက်ပါတယ်။

ဆစ်ဒနီမြို့ကဆုန်ညောင်ရေသွန်းပွဲက ဓါတ်ပုံများ

ကျောင်းတွင်းမှာ




ဗောဓိညောင်ပင်အောက်မှာ











ကျောင်းပြင်မှာ ဆွမ်းဆန်စိမ်းလောင်းစဉ်


ဆရာဝင်းမြင့်သိန်းမှာ နှလုံးအလုပ်မလုပ်နိုင်တဲ့ ရောဂါကိုစတင်ခံစားရချိန်က Westmead ဆေးရုံက စောင့်ရှောက်ပြီး နှလုံးမှာ Pacemaker တပ်ထားခဲ့ရပါတယ်။ နှလုံးအစားထိုးမှ ရတော့မည့်အခြေအနေကို ရောက်လာတဲ့အခါမှာတော့ Westmead ကနေ St. Vincent ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။ St. Vincent ဆေးရုံမှာ နှလုံးအစားထိုး ကုသနိုင်ဖို့အတွက် နှလုံးစောင့်ဆိုင်းရင်း အခြေအနေက ပိုဆိုးလာခဲ့ပြီး တခြား Organ တွေဖြစ်တဲ့ ကျောက်ကပ်နဲ့ အဆုတ်ကိုပါ ထိခိုက်လာစေပါတယ်။ ပြီးခဲ့တဲ့ ပတ်က ဆရာဝန်နဲ့ ချိန်းထားချက်အရ ဒီနေ့ နေ့လည် ၁၂ နာရီမှာတော့ ဆရာဝန်ဦးဆောင်တဲ့ St. Vincent ဆေးရုံက Cardiology Health Care Team က လူနာရဲ့ မိသားစုနဲ့မိတ်ဆွေတွေကို တွေ့ဆုံပြီး ဆရာ့အခြေအနေကို ရှင်းပြခဲ့ပါတယ်။

ဆရာ နှလုံး ပုံမှန်အလုပ်မလုပ်တော့လို့ နှလုံးအစားထိုးဖို့ နှလုံးမရခင်စပ်ကြား နှလုံးအကူပေးတဲ့ စက်တပ်ဆင်ထားပေမဲ့ အခြေအနေက ပိုဆိုးလာနေတယ်။ ဒီလိုနဲ့ နှလုံးရရှိဖို့ စောင့်ဆိုင်းရင်းနဲ့ ကျောက်ကပ်နဲ့ အဆုတ်ပါ အလုပ်မလုပ် ဖြစ်လာလို့ ကျောက်ကပ်နဲ့ အဆုတ်လုပ်ရမည့် အလုပ်တွေကိုပါ စက်နဲ့ လုပ်ပေးနေရပါတယ်။ အခုပြီးခဲ့တဲ့ ပတ်မှာတော့ အစာအိမ်နဲ့ အူလမ်းကြောင်းပါ အလုပ်မလုပ်ဖြစ်လာလို့ အစာအာဟာရကို နှာခေါင်းပိုက်ကတဆင့် အစာအိမ်ထဲ သွင်းနေခဲ့ရာကနေ သွေးကြောမကြီးထဲကို ပြောင်းပြီး တိုက်ရိုက်သွင်းပေးခဲ့ရပါတယ်။ ဒါပေမဲ့ နှလုံးအလုပ်မလုပ်တော့ အစာကိုသွေးက လက်မခံနိုင်လို့ ပြန်ဖြုတ်ခဲ့ရပါတယ်။ အခြေအနေတွေက ပိုပိုပြီး ဆိုးလာလို့ အခုချိန် Organ အစားသွင်းမယ်ဆိုရင် နှလုံးတခုတည်းမဟုတ် ကျောက်ကပ်ရော အဆုတ်ပါ အစားသွင်းရမည့် အခြေအနေကို ဖြစ်လာတယ်။ အကယ်၍ အစားသွင်းဖို့ organs တွေ အဆင်သင့် ရှိနေရင်တောင်မှ ဆရာ့အခြေအနေက ခွဲစိတ်ကုသခံနိုင်ရည် မရှိနိုင်တော့ဘူးဆိုတာ ဆရာဝန်က ရှင်းပြပါတယ်။ ဆရာ့အတွက် သက်သာလာနိုင်တဲ့အခြေအနေ မရှိတော့ဘူး၊ တပ်ထားတဲ့စက်တွေ အားလုံးက သူ့ကို သက်တောင့်သက်သာ မဖြစ်စေတော့ဘူးဆိုတာ ဆရာဝန်က ရှင်းပြပြီး မိသားတွေ မိတ်ဆွေတွေအနေနဲ့ ဘာလုပ်ပေးစေချင်လဲ ဘာဖြစ်ချင်လဲ ဆိုတာ မေးပါတယ်။ ကုသဖို့ နည်းလမ်းမရှိတော့ဘူးဆိုတာ သိပေမဲ့လည်း သူတို့အနေနဲ့ မိသားစုက ကုသမှုကို ရပ်လိုက်ဖို့ ဘာမှမပြောမချင်း ဒီလိုပဲ ဆက်ပြီးလုပ်ပေးနေမှာ ဖြစ်ကြောင်း အသေးစိတ်ကို ရှင်းပြပါတယ်။

ဒါကြောင့် ကျန်ရစ်သူ သူ့မိသားစုနဲ့ ကျွန်မတို့ ဆစ်ဒနီရှိ မိတ်ဆွေတွေက ဒီနေ့မှာပဲ ချက်ချင်း ဘုန်းကြီးပင့် သာရဏဂုံတင် ပရိတ်တရားတော်ကို ဆေးရုံက သူ့အခန်းထဲမှာပဲ နာကြားပေးပြီး ဆရာအတွက် အားလုံးဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ တရားနာပြီးမှာတော့ လူနာရှင်ရဲ့ ခွင့်ပြုချက်အရ စက်တွေနဲ့ သွင်းထားတဲ့ ပိုက်တွေ အကုန်လုံးကို ဖြုတ်လိုက်ပါတယ်။ ဆေးသွင်းထားတဲ့ပိုက်တွေ၊ ကျောက်ကပ်နဲ့ အဆုပ်ကို အလုပ်လုပ်ပေးတဲ့စက်တွေကို အရင်ဖြုတ်ပြီး နှလုံးမှာ ကူပေးထားတဲ့ စက်ရဲ့ ပိုက်ကိုတော့ နောက်ဆုံးမှ ဖြုတ်ပါတယ်။ နှလုံးအကူစက်ကို ၃ နာရီ ၄၃ မိနှစ်မှာ ဖြုတ်ပြီး ၃ နာရီ မိနှစ် ၅၀ မှာ နှလုံးရပ်ပြီး ရုန်းကန် လှုပ်ရှားမှုမရှိ သက်တောင့်သက်သာနဲ့ ဘ၀ကူးသွားပါတယ်။

ကျွန်မအပါအ၀င် ဆစ်ဒနီရောက် မိတ်ဆွေများအားလုံးအနေနှင့် ကျန်ရစ်သူမိသားစုနဲ့အတူ ရှိနေပြီး ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြောင်းနဲ့ ၀ိုင်းဝန်းကူညီနေပေးလျက်ရှိကြောင်းကို သြစကြေးလျားနိုင်ငံ တခြားမြို့များနှင့် နိုင်ငံတကာမှာ ရောက်နေတဲ့ ဆရာဝင်းမြင့်သိန်းရဲ့ မိတ်ဆွေအားလုံးကို Face book မှ အသိပေးအကြောင်းကြားခဲ့ပါတယ်။ Facebook မိတ်ဆွေများအနေနဲ့ ဒီနေရာမှာ ဓါတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။

ဆရာဝင်းမြင့်သိန်း ကောင်းရာသုဂတိလားပါစေ
ကဆုန်ညောင်ရေသွန်းပွဲ ဗုဒ္ဓနေ့မှာ ကျွန်မတို့သားအမိ ပြုလုပ်သော ကုသိုလ်အားလုံးနဲ့ အရင်က ပြုလုပ်ဖူးသော ကုသိုလ်၊ ဒီနေ့ပြုလုပ်သောကောင်းမှုအားလုံးကို ဆရာ့အတွက် အမျှပေးဝေလိုက်ပါတယ်။ ဆရာ ရောက်ရာဘုံဘ၀က သာဓုခေါ်ကာ အမျှယူနိုင်ပါစေလို့ ဆုတောင်းပါတယ်။

9 comments:

ဒီပိုစ်.က နံပါတ် ၂ အချက်နဲ. ကိုက်ညီပါတယ်

၂။ ဘယ်ကိုသွားလဲ.. နွေ၊မိုး၊ဆောင်းနှင့်ကျွှန်တော်၊ကျွှန်မတို့အကြောင်း ကိုယ်ရေးချင်တာရေးတင်ပါ...။

တခြားအချက်တွေကတော့

သင်၏ဘလော့ဂ်နာမည်ကြီးရန် အတွက်

၁ ။ ဘလော့ဂ်ကိုကြော်ညာရန်သူများ ShoutBox များတဲတွင်သိသိမသိသိသွားအော်ပါ “လာလည်သွားပါတယ် တော်တော်ကောင်းတဲ့ဘလော့ဂ်လေးပါ။တို့ ဆီလည်းလာလည်ပါဦး ဟိုဟိုဒီဒီ ဒီဒီဟိုဟိုဘာညာသာရကာနေကြာကွာစေ့ လျှောက်ရေးပါ

၂။အိမ်သာများများတက်ပါအိမ်သာတက်ပြီးတိုင်း ဘာအစားစာကိုကြိုက်လဲ၊ ဘယ်ကိုသွားလဲ.. နွေ၊မိုး၊ဆောင်းနှင့်ကျွှန်တော်၊ကျွှန်မတို့အကြောင်း ကိုယ်ရေးချင်တာရေးတင်ပါ...။
သူများကိုအတင်းရေးခိုင်းပါ။

၃။ရန်များများဖြစ်ပါရန်များများဖြစ်လေလူများများလာလေဖြစ်သည်

၎။ ဘလော့ဂ်နာမည်ကိုလူများစိတ်ဝင်စားအောင်ပေးပါ ဥပမာ ဟိုဟိုဟာဟာ၊ဒီဒီဒါဒါ၊ဟိုတွင်း၊ဒီတွင်း၊ဟိုဇုန်၊ဒီဇုန်
ဒီမြို့ တော်၊ဟိုလမ်း၊ဟိုရပ်ကွက်

၅ ။ လူတိုင်၏မွေးနေ့ မျာအတွက်မွေးနေ့ 
ဆုတောင်းပေးပါ။ဘလော့ဂ်ဟုတ်သူကော။မဟုတ်သူကော။သိသူကော။မသိသူကောများအတွက်ပါဆုတောင်းပါ
ပြီးတော့မွေးနေ့ ဆုတောင်းပိုစ်တင်ပေးထားတယ်ဆိုပြီးနက်ထဲကတွေ့ သမျှလူတိုင်းကိုလိုက်ပြောပါ လိုအပ်ရင်သေန့ပါတင်ပါ

၆။ စီဘောက်စ်မှာဖြစ်သမျှ ဖေ့ဘွတ်မှဖြစ်သမျှ ဂျီမေးမှာဖြစ်သမျှ ပိုစ့်ပြန်တင်ပါ

http://www.komyat.com/2009/03/blog-post_6285.html

ဆရာဝင်းမြင့်သိန်း ဝိညာဉ် အေးချမ်းပါစေဗျာ။

မငယ်နိုင်ရေ

မငယ်နိုင် အချိန်မရတဲ့ကြားက အမြန် စာရိုက်ရလို့ မှားရိုက်မိတဲ့ စာလုံးလေးတွေကို ပြင်လိုက်ဦးနော်။


ဒီပင်္က္ခရာ မြတ်စွာဘုရား -----> ဒီပင်္ကရာ မြတ်စွာဘုရား

ပရိန္နိဗ္ဗန်စံဝင်တော်မူတဲ့နေ့ -----> ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့

pagemaker -----> pacemaker

အဆုပ် -----> အဆုတ်

သာရဏာဂုံတင် -----> သရဏဂုံတင်

ဂရမ်မာကြာရွက်ရေ ကျေးဇူးတင်ပါတယ်။ ချို့က စာရိုက်မှားလို့ ရှန်းမှားတာ တချို့က တကယ်မှားတာ ဖြစ်လို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ ပြင်တော့ပြင်ထားလိုက်ပါတယ်။ အမှားရှိနိုင်သေးလို့ နောက်မှပဲ သေသေချာချာ ပြန်စစ်ပြီး ထပ် ပြင်လိုက်မယ်။

မငယ်နိုင်ရေ နောက်ဆို ပိုစ့်ကို တင်ချင်ဇောနဲ့မတင်ပါနဲ့ အေးဆေးမှတင်လည်း ရပါတယ် အမှားတွေသေချာစစ်ပြီးမှပဲတင်ပါ ဘလော့တစ်ခုနာမည်ကြီးဖို့က ပိုစ့်တွေဆက်တိုက်တင်ဖို့ အဓိကမဟုတ်ပါဘူး

မ Nge Naing ပြောဖူးတဲ. မ Nge Naing ကို မကျေနပ်လို.ရေးထားတယ်ဆိုတဲ.ပိုစ်.တစ်ခုကို ဒီမှာတွေ.ပါတယ်။ သတိလာပေးတာပါ။

http://friendsmyanmar.com/forum/topics/4557204:Topic:323548

ဒီနေ့ဟာ ဗုဒ္ဓမြတ်စွာဘုရား မဟာဗောဓိ ညောင်ပင်အောက်မှာ ဘုရားဖြစ်တော်မူတဲ့ ဗုဒ္ဓနေ့ဖြစ်တယ်။ ဘလောဂ်ကို လာလည်သူအားလုံးကို ကုသိုလ်ပဲ ဖြစ်စေချင်ပါတယ်။ ကျွန်မကို ပုဂ္ဂိုလ်ရေးအရ ကြည့်မရတဲ့ အကုသိုလ် စိတ်တွေကို ခဏလေး ဘေးဖယ်ထားပြီး အကုသိုလ် ကောင်းမှုကုသိုလ်တွေကို သွားလေသူအတွက် သာဓုခေါ် အမျှဝေပေးကြဖို့ မေတ္တရပ်ခံပါတယ်။

ဆရာဝင်းမြင့်သိန်းရဲ့ ရုပ်အလောင်းကို ၂၀-၅-၁၁ သောကြာနေ့ နေ့လည် 1-2:45 PM အချိန်မှာ Lidcome သင်္ချိုင်း Rockwood Garden Cemetry, West chapel မှာ မီးသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားနဲ့ ပတ်သက်လို့ဖြစ်စေ အသုဘကိစ္စအတွက် ကုသိုလ်ဒါနပြုလို၍ ဖြစ်စေ မေးမြန်းစုံစမ်းလိုပါက ကိုနိုင်အောင်ကို ဆက်သွယ်နိုင်ပါတယ်။ e-mail address - Phone - 0450498189

အဲဒီ စစ်ခွေးတွေ (mg + zaw)က တော်တော်အာရုံ နောက်တာဘဲ၊ မင်းတို့ အလုပ် အကိုင် မရှိဘူးလား? တော်တော် အားနေကြလား? လူတိုင်းက အဖက်မလုပ်ချင်တာလဲ မပြောနဲ့၊ ပြောလည်း အမှတ်မရှိ၊ အရှက် ကလည်း မရှိ၊ တကယ့် တောကြို အုံကြား စရိုက်တွေ.. (ကောင်းသော စစ်သားအချို့ နှင့် မငယ်နိုင်>> ရိုင်းသွားယင် sorry ပါ..)