ကဗျာစပ်သူရော အာဇာနည်ခေါင်းဆောင်ကြီးတွေပါ
သက်ရှိထင်ရှား မရှိတော့တဲ့အတွက် ဗိုလ်ချုပ်နဲ့တကွ
အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးပြီး ၁၂ နှစ်မြောက်နေ့ဖြစ်တဲ့ ၁၉.၉.၅၉
ရက်မှာ အဘဦးရဲခေါင်က အာဇာနည်နေ့ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာလေးကို
ပြန်ဖေါ်ပြရင်း ဂုဏ်ပြုသူ ဂုဏ်ပြုခံအားလုံးကို အလေးပြုပြီး ကောင်းရာသုဂတိလားကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...
"၁၉.၇.၄၇"
ပြည်ဗမာ ရွှေအိမ်တွင်း မှာဖြင့်
မသတီစရာ ပွေလိမ်တဲ့ အခင်းရယ်ကြောင့်
(ဗိုလ်ချူပ်ရေ...)
ရေတိမ်အတွင်းမှာမှ နစ်ရသည်။ ။
သြော်.... အခင်းစစ်လိုက်ပြန်တော့
အတွင်းနှစ်မှာ လျော်ကန်တဲ့နည်းတွေနဲ့
တော်လှန်အပြီးမှာ မြန်ပြည်လွတ်ရန်ဘို့
ကြံစည်မချွတ်သနော် အားအင်သုံးလို့ရယ်
ပုန်းလျက်စစ်ချီ....။ ။
ရိုင်းလိုက်လေ မျိုးမစစ်တဲ့ အခင်းပေထင့်
ဂိုဏ်းမိုက်တွေ ဆိုးညစ်တဲ့ အခြင်းရယ်နဲ့
မျိုးချစ်တသင်းကိုတော့ သတ်ခဲ့ပြီ....
တပ်ဖွဲ့ဇာနည်တွေမှာဖြင့်
ခြောက်နတ်ရွာသို့ မြန်းကြွပြီတကား.....။
မြတ်တဲ့သာကီတွေဟာမို့
နောက်ထပ်လာဘို့ တမ်းတသည်အများ....။
ဖြစ်ကြောင်းငယ်ညွန်
နှစ်ဟောင်းကွယ်လွန်ခဲ့ပေမယ့်
ဆယ့်ကိုး,ခွန်,လေးခွန်နှစ်ကိုတော့
ဖန်တခါခါ ပြန်ကာစစ်ပါလျှင်ဖြင့်
အမြဲတိုင်သဲဆိုင်နစ်လို့ရယ်
မေ့ပစ်မသွား...။ ။
မြ၀တီ-ရဲခေါင်
(၁၉၅၉ ခု၊ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်းမှ)
အဘဦးရဲခေါင်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း ဒီမှာ http://nge-naing.blogspot.com.au/2013/03/blog-post.html တင်ထားတာ ရှိပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး ကောင်းရာသုဂတိ လားကြပါစေ။
စေတသိက်ပိုင်း၊ အဘိဓမ္မာသင်တန်း၊ တတိယအဖွဲ့ခွဲ
2 years ago
4 comments:
29 Mar 14, 07:27 PM
သားထူး: ဘဘဦးဝင်းတင် အသက်ရှုလမ်းကြောင်း ပိတ်သဖြင့် ၀ိတိုယိရဆေးရုံမှ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပြောင်းရွှေ့ကုသနေရပါတယ်။
29 Mar 14, 07:31 PM
သားထူး: ဘဘဦးဝင်းတင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် မှာ ဆေးကုသမှု ခံယူနေပြီး အသက်ရှူလမ်းကြောင်းအတွက် ဆေးထိုးထားပါတယ်။
29 Mar 14, 07:33 PM
သားထူး: ဆေးရဲ.အာနိသင် (၇၂) နာရီ အတွင်း အထူးကုဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဘဘဦးဝင်းတင်ရဲ့ လည်ချောင်းမှာ အသက်ရှူဖို့ လေပြွန်ပေါက် ဖေါက်လိုက်ပြီးပါပြီ။
29 Mar 14, 07:40 PM
သားထူး:့ ဘဘဦးဝင်းတင် လည်ချောင်းဖောက်ပြီးတဲ့ အခြေအနေ ကောင်းမွန်တယ် လို့ တာဝန်ကျဆရာဝန်က ပြောပါတယ်။ ဘဘကို ထိုင်း ဒါမှမဟုတ် စင်ကာပူ ကို အထူးလေယာဉ်နဲ့ ပို့ဆောင်ပြီး ဆေးကုသမှု ဆက်လက် ခံယူနိုင်ဖို့ စီစဉ်နေပါတယ်။
29 Mar 14, 07:43 PM
သားထူး: ဘဘ ဦးဝင်းတင် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ကင်းပြီး အမြန်ဆုံး ကျန်းမာလာပါစေ။
သတင်းကောင်း -
ဦးဝင်းတင် နေကောင်းလာပြီ
၃၁-၃-၂၀၁၄ ရက်နေ့
ဦးဝင်းတင်
နေကောင်းလာပြီတဲ့ခင်ဗျ
ဝမ်းသာကြ
ပျော်ကြပေတော့ဗျို့
ကိုလေး (အင်းဝဂုဏ်ရည်)
31-3-14
ဦးဝင်းတင် နေကောင်းလာပြီ
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်
ရန်ပိုင် | April 21, 2014 |
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်( ၈၅) နှစ်သည် ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရသည်။
ဦးဝင်တင်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တာဝန်ယူ သဂြိုလ်မည် ဖြစ်ကြောင်း အနီးကပ် ပြုစုပေးနေတဲ့ ဦးမောင်မောင်နိုင်က ဧရာဝတီသို့ ပြောသည်။
“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ ဒါပေမယ့် သုံးရက်တော့ ထားမယ်” ဟု ၎င်းက ဆက်ပြောသည်။
ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့ပြီး၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင် နှင့် နိုင်ငံရေးသိပံ္ပ ဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။
တက္ကသိုလ်၌ ရှေ့နေ ဦးထွန်းတင် စာရေးဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင့် စသည့် သူများနှင့် ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။
မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာတဦး စသည့် ကလောင်အမည်များဖြင့် စာပေရေးသားခဲ့သည်။
အကျိုးဆောင်ဂျာနယ်မှာ လက်ထောက်အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ပြီးနောက်၊ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ညအယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။
စာပေဗိမာန်၌ လက်ထောက်အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးကာ၊ မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။
အမ်စတာဒမ်တွင် နေထိုင်စဉ် မြန်မာနိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် ‘ဒို့ပြည် သတင်း’ သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာတဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် မြန်မာနိုင်ငံ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့သည်။
၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ ထူထောင်ရာ ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင်ခဲ့သည့်အပြင် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။
ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ခန့်အပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်း မန္တလေးမြို့ကို လာတိုင်း လူထုဦးလှ၊ လူထု ဒေါ်အမာ နှင့် ဦးဝင်းတင် တို့ကို တလေးတစား တွေ့ဆုံတတ်ပါသည်။
၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် “ခြေတွင် စကား၊ လက်ဖျား ကဗျာ၊ မျက်နှာ ဇာတ်လမ်း” ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။
အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက်ခဲ့ရာ ၁၉၇၇ – ၇၈ ခုတွင် မြန်မာစာပေလှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေစာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။
ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဝေဖန်တဲ့ စာတမ်းတစောင် တင်သွင်း ဖတ်ကြားခဲ့သည့်အတွက် အာဏာပိုင်များက ဟံသာဝတီသတင်းစာကို ပိတ်ပစ်လိုက်ကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
Post a Comment