မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ မေးခွန်းတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်များ


ဒေါ်စုရဲ့ အဖြေ (၁)


0:00/1:50
6,620 Views
"အရေးကြီးတာက ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို အစိုးရအနေနဲ့ တာဝန်ယူကိုယူရပါမယ်…
တိုင်းပြည်ရဲ့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဖြစ်လာတာမှန်သမျှကို တာဝန်ယူရပါမယ်
ကျမစောစောကပြောသလိုပဲ
ဒီပြဿနာတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းမှုတွေဟာ မလုံလောက်ဘူးလို့ပဲ ကျမထင်ပါတယ်…
ဒီလိုတင်းမာမှုတွေအားလုံးရဲ့ နောက်ကွယ်မှာ အင်မတန်ကြီးမားတဲ့ ကြောက်ရွံမှုတွေ မုန်းတီးမှုတွေ ရှိနေတယ်…
ဒါတွေကို ဖယ်ရှားဖို့ လက်ရှိအစိုးရအနေနဲ့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တခုကို ဖန်ကိုဖန်တီးပေးရပါမယ်…
လူတွေဟာ လုံခြုံစိတ်ချမှုမရှိဘူးလို့ ခံစားရရင် သူတို့ရဲ့ အကြောက်တရား အမုန်းတရားတွေကို ဖြေလျော့ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး…
ကျမအနေနဲ့ ကျမပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်ပါတယ်…
ကျမတို့ မမေ့ပါဘူး…
ကျမကတော့ လုံးဝမမေ့ဘူး…
၁၉၄၈ မှာကျမတို့ လွတ်လပ်ရေးရခဲ့တဲ့ဟာက မတူညီတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေ မတူညီတဲ့ ဘာသာရေးအုပ်စုတွေပါဝင်ပြီး မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအကြား ရင်ကြားစေ့ရင်းကနေ ရခဲ့တာပါ…
အမျိုးသားသွေးစည်းညီညွတ်ရေးကနေတဆင့် ကျမတို့လွတ်လပ်ရေးရခဲ့တာပါ…
အခုလည်း ကျမယုံကြည်တယ်…
အမျိုးသားသွေးစည်းညီညွတ်ရေးကသာတိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်မယ်လို့
ဒီတော့ သြသတြေးလျရော တကမ္ဘာလုံးကပါ ကျမတို့အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကူညီပေးကြပါ…
လက်ရှိအစိုးရကိုလည်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့မှာတာဝန်ရှိတယ်ဆိုတာ သတိပေးကြပါ…
သူတို့ကျမကို တာဝန်ယူစေချင်တယ်ဆိုရင်တော့
ကျမတို့ကို အစိုးရဖြစ်အောင် လုပ်ပေးဖို့ ကောင်းပါတယ်…
(ဒေါ်အောင်ဆန်းစုကြည်)
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့
27/ နိုဝင်ဘာလ/ 2013

(ဒေါ်အောင်ဆန်းစုကြည်)သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့27/ နိုဝင်ဘာလ/ 2013 ______Video ကြည့်မရသူများအတွက် စာများကို ကူးယူဖော်ပြပေးထားပါတယ်…မူရင်းVideo ပိုင်ရှင်ကို ခရက်ဒစ်ပေးပါသည်။-သက်နှင်း သုန္ဒရီ

ဒေါ်စုရဲ့ အဖြေ (၂)






0:00/3:29


 မေးခွန်း။ ။ အဲဒါက အင်္ဂလိပ်လို ရေးထားတော့ အင်္ဂလိပ်လိုပဲ ကျမ ဖတ်ပြလိုက်မယ်၊ What is your solution of harmony regardless of race, religion and ethnicity particularly I am referring to Rakhing and Rohinger.

အဖြေ။ ။ ဒီတော့ ကျမဒါနဲ့ ပတ်သက်လို့ ဆိုလို့ရှိရင် ခဏခဏ ပြောပါတယ်၊ ကျမတို့ဟာ လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် ပြဿနာတွေကို ပထမ ဖြေရှင်းရပါမယ်။ ဒီလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ လူမျိုးရေး ဘာသာရေး ပြဿနာများဆိုတာ နေ့ချင်းညချင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတော့ အဲဒီဟာတွေက ရေရှည်မှာ နှစ်ပေါင်း တော်တော်များများ မှာ ဖြစ်လာတဲ့ ပြဿနာတွေ ဖြစ်တယ်။ ဒီတော့ ချက်ချင်းလက်ငင်း ဘယ်လိုနည်းနဲ့ ဘာတွေကို ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ ကျမ ရှင်းပြခဲ့ပြီးပါပြီ။ အဲဒီတော့ ကျမ ပြောတာဟာ ဥပဒေစိုးမိုးရေးနဲ့ ဆိုင်တယ်။ ဥပဒေစိုးမိုးရေး ဆိုတာဟာ နှစ်ဘက်ရှိပါတယ်။ တခုက ဥပဒေဆိုတာ ဘာလဲပေါ့နော့် ဥပဒေထဲမှာ ဘာပါလဲ၊ နောက်ပြီးတော့ ဒီဥပဒေတွေကို တကယ်ပဲ ထိထိရောက်ရောက် လိုက်နာအောင်လို့ ဒီဥပဒေတွေဟာ ထိရောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိရဲ့လားဆိုတာ အဲဒါကို ကျမအလေးထားပြီး ပြောတာဟာ ဒါချက်ချင်း လက်င်းလုပ်နိုင်တဲ့ ကိစ္စမို့လို့ပါ။ ဥပမာဆိုလို့ရှိရင် နိုင်ငံသားဥပဒေ ကျမတို့ရဲ့ ဥပဒေမှာ နိုင်ငံသား ဥပဒေဆိုတာ ဘယ်လိုလဲ ဒီနိုင်ငံသား ဥပဒေမှာ ဘာအချက်အလက်တွေပါသလဲ ဒီအချက်အလက်တွေဟာ တကယ့်ကမ္ဘာစံမီရဲ့လား၊ နိုင်ငံတကာ စံမီရဲ့လား ဒါကိုကျမတို့က ကြည့်ရမယ်။ ကြည့်ပြီးတော့ ဒီလိုစံမီပြီဆိုလို့ရှိရင် ဒီဥပဒေတွေကို ထိရောက်အောင် လုပ်နိုင်တဲ့ အနေအထား ကျမတို့နိုင်ငံမှာ ရှိရဲ့လား ပြောရမယ်ဆိုလို့ရှိရင် ဥပဒေစိုးမိုးရေး၊ ဒါဟာ ချက်ချင်းလက်ငင်းလုပ်နိုင်မည့် ကိစ္စ။
နောက်တခုကလည်း ကျမတို့ရဲ့ အနောက်ပိုင်းမှာပေါ့နော့် အနောက်ပိုင်း နယ်စပ်မှာဆိုလို့ရှိရင် ဖြတ်ကျော်တာဟာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေပါတယ်။ အဲဒါကြောင့်လည်း ပြဿနာတွေ ဖြစ်လာတယ် ဟို တဘက်နိုင်ငံကလည်း ဒါက ဒို့နိုင်ငံကလူတွေမဟုတ်ဘူး၊ မြန်မာနိုင်ငံကလူတွေ၊ မြန်မာနိုင်ငံကလည်း ဒါဒို့နိုင်ငံကမဟုတ်ဘူး ဟိုဘက်က ကူးလာတာဆိုပြီးတော့ အဲဒီလို စွပ်စွဲချက်တွေ ဖြစ်နိုင်တာဟာ စည်းမဲ့ကမ်းမဲ့ နယ်စပ်ကိုဖြတ်ကျော်မှုကြောင့် တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒါလည်း ဥပဒေစိုးမိုးမှု မရှိတာပေါ့နော့်။ နောက်ပြီးတော့ နယ်စပ်မှာ စောင့်တဲ့အစိုးရ ဌာနတွေရဲ့ ဒီလာဘ်ပေးလာဘ်ယူ မကင်းတဲ့ကိစ္စတွေနဲ့ ဆိုင်ပါတယ်။ အဲဒီတော့ လက်တွေ့ကျကျ ပြင်နိုင်တာတွေကို ကျမတို့ လက်တွေ့ကျကျ အမြန်ဆုံး ပြင်ရမယ်။ ဘာသာမတူတဲ့ လူမျိုးများအကြားမှာ အမြင်မတူလို့ ပဋိပက္ခဖြစ်တာတွေကျတော့ ဒီဟာတွေ ပြေလည်သွားအောင်တော့ အားလုံး ၀ိုင်းလုပ်ရမှာ၊ ဒါတော့ နေ့ချင်းညချင်း မဖြစ်နိုင်ဘူး။ ကျမတို့လက်တွေ့ကျကျ နဲ့ မြေင်နိုင်ရမယ်။ ဘယ်လိုလုပ်မလဲ ဒီလိုဘာသာခြား လူမျိုးခြားကြားမှာ တချို့ကပြောတယ် ပြေလည်မှု ဖြစ်ဘို့ဆိုတာ မဖြစ်နိုင်ဘူး ဒါကမဟုတ်ဘူး ကမ္ဘာကြီးကို ကြည့်လိုက်ပါ၊ ပြေလည်မှု ရတဲ့နေရာတွေ ရှိပါတယ် အဲတော့ ကျမတို့ကနေပြီးတော့ ကမ္ဘာလုံးကနေပြီးတော့ သင်ခန်းစာတွေ ယူရမယ်။ ပြေလည်မှုရအောင် ဘယ်လိုနည်းတွေနဲ့လုပ်မလဲ၊ ဘယ်လိုနည်းတွေနဲ့ ကြိုးစားမလဲ တခြားနေရာမှာ အဆင်ပြေတဲ့နည်းတွေက ကျမတို့နိုင်ငံမှာ အဆင်ပြေချင်မှပြေမယ်။ ဒါကျမတို့ သင်ယူသွားရမယ် ဒါကတော့ နေ့ချင်းညချင်း ဖြေရှင်းလို့မရဘူး။ အဲတော့ လက်တွေ့ကျကျ ကြည့်ပြီးတော့ အမြန်ဆုံး ကြီးတဲ့ကိစ္စသေးသွားအောင် သေးတဲ့ကိစ္စ ပပျောက်သွားအောင် ဆိုပြီးတော့ ကျမတို့ စပြီးတော့ လုပ်ရမယ်လို့ ကျမထင်ပါတယ်။


ဒေါ်စုရဲ့ အဖြေ (၃)

ဟင်ဂျာတွေဆိုတာ ဘယ်သူတွေလဲ ဘာလို့သူတို့ကို မြန်မာအစိုးရက သတ်ဖြတ်နေရတာလဲ ဆိုတဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေ


0:00/3:56


သတင်းထောက်ရဲ့အမေး၊      ။  ငါမေးချင်တဲ့မေးခွန်းက ရိုဟင်ဂျာတွေဆိုတာ ဘယ်သူတွေလဲ ဘာလို့သူတို့ကို မြန်မာအစိုးရကသတ်ဖြတ်နေရတာလဲ…•

 ငါထင်တယ် မင်းအခုလို "Prosecution" ဆိုတဲ့ ရင့်သီးတဲ့အသုံးအနှုန်း မသုံးသင့်ဘူးထင်တယ်…ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ ဖြစ်သွားတာက အသိုင်းအဝိုင်း ၂ခုအကြားဖြစ်သွားတဲ့ နှစိဖက်စလုံးကျူးလွန်တဲ့ ရာဇဝတ်မှုပါ…မင်းတဖက်ထဲကို ဦးစားပေးနေမယ်ဆိုရင် ပိုပိုပြီးအမုန်းတရားပွားအောင် မင်းလုပ်နေသလိုဖြစ်ပါလိမ့်မယ်…ငါတို့သေချာကြည့်ရမှာက ပြဿနာတွေဘယ်လိုအေးချမ်းအောင်လုပ်မလဲဆိုတာပါ…ပထမဦးဆုံးလုပ်ရမှာက ရခိုင်မှာဖြစ်နေတဲ့အခြေအနေတွေကို ထိန်းနိုင်ဖို့တရားဥပဒေရှု့ထောင့်ကနေ စဉ်းစားရမှာအခုမင်းမေးခွန်းက သူတို့ဘယ်ကလာသလဲ…ကျမတို့ တရားဥအဒေစိုးမိုးရေးကို ရှုထောင့်၃ခုနဲ့မြင်ရပါမယ်…ပထမဦးဆုံးအနေနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နည်းလမ်းမှန်နဲ့ဖြေရှင်းသလားဆိုတဲ့ တရားဥပဒေစိုးမိုးရေးရှုထောင့်…ပြောရမယ်ဆိုရင် ရာဇဝတ်မှုတခု ကျူးလွန်လို့ အရေးယူတဲ့အခါမှာ တရားစီရင်မှုက မျှတမှုရှိဖို့လိုသလ်ု အဲ့ဒီတရားစီရင်မှုကို မျှမျှတတဖြစ်ပါတယ်ဆိုတာကိုပါ အများပြည်သူကိုမြင်အောင်ပြရမယ်…ရခိုင်မှာဖြစ်သွားတဲ့ ပထမဦးဆုံးရာဇဝတ်မှုကို ဒီလိုသာအရေးယူဆောင်ရွက်နိုင်မယ်ဆိုရင် အခုလို ပြဿနာတွေ တစီတတန်းကြီးနဲ့ လူမျိုးစု ၂ခုအကြား အကြမ်းဖက်ပဋိပက္ခတွေဖြစ်လာမှာမဟုတ်ဘူး…ဒါဟာ တရားဥပဒေစိုးမိုးရေးအတွက် ပထမဆုံးလိုအပ်ချက်ဖြစ်တယ်…တရားဥပဒေစိုးမိုးရေးဆိုတာ အမြဲတမ်းလူ့အခွင့်အရေးနဲ့ အချိတ်အဆတ်ရှိနေရပါမယ်…လူသားအားလုံးရဲ့ လူ့အခွင့်အရေးပါ…ကျမစောစောကပြောသလိုပဲ တရားဥပဒေစိုးမိုးရေးက လူသားအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးရမယ်…နောက်ပြီး တရားစိုးမိုးရေးနဲ့ ပတ်သက်၍ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေပါပါမယ်…ကျမတို့မှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေရှိပါတယ်…မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတိုင်းဟာ နိုင်ငံသားဥပဒေနဲ့ကိုက်ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိကိုရှိရပါမယ်…ဒါပေမဲ့ ကျမတို့နောက်တဆင့်ထပ်ပြီး စဉ်းစားရမှာက လက်ရှိနိုင်ငံသားဥပဒေဟာ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီမှုရှိရဲ့လားဆိုတာ ပြန်ဆန်းစစ်ရပါမယ်…ဒါကဒုတိယအဆင့်ပါ…ကျမထင်တဲ့ တရားဥပဒေစိုးမိုးရေးရဲ့ တတိယအဆင့်ကတော့ အခြေအနေတွေကို အထောက်အကူဖြစ်ဖို့ပါပဲ…တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေမရှိအောင် သေသေချာချာလုပ်ရပါမယ်…ဒီလိုနယ်စပ်ဖြတ်ကျော်မှုတွေဟာ ပြဿနာကိုပိုဆိုးစေပါတယ်…ဘင်္ဂလားဒေ့ရှ်က ဒီမူစလင်တွေဟာ မြန်မာပြည်ကလာတာ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်က လူတွေမဟုတ်ဘူးလို့ပြောတယ်…မြန်မာနိုင်ငံကလည်း အခုရောက်နေတဲ့သူတွေဟာ တကယ်တော့ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ရောက်လာတာလို့ပြောတယ်…နယ်စပ်က အင်မတန်မှကို ယိုပေါက်တွေများလွန်းတော့ ဒီလိုပြောဆိုမှုတွေက မှန်သလားမှားသလားဆိုတာ သက်သေပြဖို့အင်မတန်ခဲယဉ်းပါတယ်…အခြေအနေတွေကို ထိန်းချုပ်ဖို့ တရားဥပဒေစိုးမိုးရေးအဆင့်တွေကို ဆောင်ရွက်နိုင်ပြီဆိုရင် ကျမတို့နောက်တဆင့်ကို သွားနိုင်ပါပြီ…တဖက်နဲ့တဖက် တင်းမာမှုတွေကိုထိန်းချုပ်ပြီး ပြန်လည်သင့်မြတ်ရေးဆိုတဲ့အဆင့်ပါ…ဒါတွေက နေ့ချင်းညချင်း လုပ်ယူလို့ရတဲ့အရာတွေမဟုတ်ပါဘူး…တဖကိနဲ့တဖက် တင်းမာမှုတွေက ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တာပါ…ရာဇဝတ်မှုတခုကို နည်းမှန်လမ်းမှန်နဲ့ မဖြေရှင်းနိုင်ခဲ့လို့ အခုလိုတင်းမာမှုတွေက ပေါက်ကွဲကုန်တာဖြစ်တယ်…နှစ်ဖက်ကြား ဆယ်စုနှစ်ပေါင်းများစွာရှိလာခဲ့တဲ့ပြဿနာတွေ ဒီမှာလာစုတာပါ…ကျမ စွပ်စွဲတဲ့အသုံးအနှုန်းတွေ ဘာကြောင့်မသုံးနှုန်းတာလဲဆိုတော့ တဖက်နဲ့တဖက် စွပ်စွဲနေမဲ့အစား ပြဿနာတွေကို ဘယ်လိုပြေလည်အောင်ဖြေရှင်းမလဲဆိုတာ ခေါင်းအေးအေးထားပြီး စဉ်းစားကြစေချင်တယ်…စွပ်စွဲတယ်ဆိုတာ အမြဲတမ်းပြဿနာကိုမဖြေရှင်းပေးပါဘူး…တခါတရံတော့ မှန်ကန်တဲ့စွပ်စွဲမှုတွေလုပ်ရပါမယ်…ဘယ်အခါမှာလုပ်ရသလဲဆိုတော့ တိကျမှန်ကန်တဲ့ သက်သေသာရက ပြနိုင်တဲ့အခါမျိုးတွေမှာပါ…(ဒေါ်အောင်ဆန်းစုကြည်)-မူရင်း video ပိုင်ရှင်ကို ခရက်ဒစ်ပေးပါသည်။အမှန်တရားကို ဝေမျှပေးကြပါ…ပြန်ကူးတင်ကြပါ…-သက်နှင်း သုန္ဒရီ
Posted by သက်နှင်း သုန္ဒရီ on Sunday, 31 May 2015

အဖြေ (၁) နဲ့ (၃) ကိုသက်နှင်းသုန္ဒရီ Facebook မှ ကူးယူဖေါ်ပြထားပြီး အဖြေ (၂) ကို သက်နှင်းသုန္ဒရီ  Facebook က ဗွီဒယိုရုပ်သံဖိုင်ကို နားထောင်ကာ ကျွန်မက စာသားပြန်ရိုက်ပြီး တင်ပြထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ.

7 comments:


လက်စသတ် တော့ ရိုဟင်ဂျာ ဆိုတဲ့ နာမည် ရဲ့ တရားခံ ဟာ ဦးနု ပါပဲ။

"
နိုင်ငံရေးသမားများ၏အမှားများ

(က) ဖဆပလ မှ ဦးနုရောဦးဗဆွေပါ မဲဆွယ်ရာ၌ “ရိုဟင်ဂျာ” အမည်ဖြင့် မဆင်မခြင် ခေါ်ဝေါ်မိခဲ့ကြ သည်။

(ခ) မူဂျာဟစ်များသည် လက်နက်ချသူချ အရှေ့ပါကစ္စတန် ပြေးသူပြေးနှင့် ၁၉၆၀ ခုနှစ်တွင် ဇာတ်သိမ်း သွားသော်လည်းဗိုလ်မှူးချုပ်အောင်ကြီးက လက်နက်ချပွဲတွင် သမိုင်း တလျှောက်လုံး မကြားဘူးသည့် “ရိုဟင်ဂျာ” အမည်ဖြင့် မဆင်မခြင် ခေါ်ဝေါ်မိခဲ့သည်။

(ဂ) ၁၉၆၀ခုနှစ် ရွေးကောက်ပွဲနိုင်ပြီးချိန်တွင်ဦးနုသည် စစ်တကောင်းဘင်္ဂါလီစကား (၀ါ) ခေါ်တောစကား ကို သမိုင်းတလျှောက်လုံးမကြားဘူးသည့် “ရိုဟင်ဂျာ” အမည်ဖြင့် မြန်မာ့အသံတွဲဘက်အစီအစဉ်မှ တပါတ်နှစ်ခါ အသံလွှင့်ခွင့်ပြုခဲ့သည်။

(ဃ) တဘက်ကလည်း ဦးနုသည် ရခိုင်များကို ချွေးသိပ်ပြီး ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ်သတ်မှတ် ပေးရန် ကတိပေး သည်။ ၁၉၆၀ခုနှစ် ရွေးကောက်ပွဲနိုင်ပြီးချိန်တွင် ရခိုင်ရေးရာဝန်ကြီး ခန့်ပေးသည်။ သို့ရာတွင် ဘူးသီးတောင် နှင့် မောင်တော တို့ကို ရခိုင်တိုင်း အောက်တွင်မထားဘဲ မေယုနယ်ခြားခရိုင် ဟူသောအမည်ဖြင့် ဝန်ကြီးချပ်ရုံးမှတိုက်ရိုက်အုပ်ချုပ်သည်။

(င) ဗိုလ်နေ၀င်းအစိုးရ တက်လာပြီးချိန်တွင် ၁၉၇၄ အခြေခံဥပဒေအရ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ပေါ်လာရာ မေယုနယ်ခြားခရိုင် ကိုဖျက်သိမ်းလိုက်ပြီး ဘူးသီးတောင် နှင့် မောင်တော တို့ကို ရခိုင်ပြည်နယ်အတွင်းပြန်ထည့်ပေးသည်။"

( Copied from မြတ်မော်)

မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရင်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်တဲ့ အေးချမ်းသာယာတိုးတက်တဲ့ နိုင်ငံ ဖြစ်ဖို့ ပြည်သူတိုင်း ပါဝင်ကူညီမှ ဖြစ်ပါမယ်



သူများယောင်လို့ယောင်ရတယ်၊
၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ



"အရိုးကို စည်းရိုးထိုးမယ်" လို့ အော်နေတုန်း
တရုတ်တွေက သစ်ပင်တွေ ဝင်ခုတ်သွားပါတယ်။


"ကျုပ်နှမလေး ကုလားနဲ့ ညားမှာစိုးလို့ မျိုးစောင့်ရတာ" လို့ အော်ရင်း
ဓားထမ်းပြီး သူ့ခြင်ထောင်နား ထိုင်စောင့်နေတာ
တရုတ်ကြီးနဲ့ ဗိုက်တလုံး ထွက်လာမှ
သူ အိမ်ဖော် သွားလုပ်နေတာ သိလိုက်ရတယ်။


"ကုလားပစ္စည်း အားမပေးကြနဲ့" လို့ အော်နေတုန်း
အပေါ် မော့ကြည့်မှ
တဝီဝီနဲ့ အာရပ်က လေယာဉ်တွေ ပျံနေတာ တွေ့လိုက်ရပါတယ်ဗျာ။


ဒေါ်စုကို "ကုလားမယား၊ သာသနာဖျက်၊ အမျိုးဖျက်" လို့ အော်နေတုန်း
အစိုးရက မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်း၊
သံဃာတော်တွေကို ထောင်ချ၊
လယ်တီသိမ်တော်ကို ဖြိုချလိုက်ပါတော့တယ်။


Raven Black

သူများယောင်လို့ယောင်ရတယ်၊
၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ



၎-၁၀-၁၅ ရက်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ အမျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ် ဆိုပါလား

နယ်လှည့်ပါးရိုက် အုန်းမြင့်က ဘာသာရေးမီး မွှေးနေပါလား


(( Ohn Myint wrote -
အမျိုးဘာသာသာသနာ
ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။
သာဓု သာဓု သာဓု ပါ။
ဂုဏ်ယူမဆုံး တစ်မျိုးသားလုံး။
အောင်ပွဲအလီလီ ထပ်ဆင့်ချီ
အောင်ပြီ အောင်ပြီ အောင်ပြီ။ ))


အဟေဟေ......
မောင်အုန်းမြင့်တို့ကတော့ မျိုထား ဆို့ထားတာတွေ အစိုးရသစ်လက်ထက်မှာ ပြန်အန်ထုတ်ရမှာစိုးတာရယ်.... ထပ်မခိုးရတော့မှာရယ်တွေးကြောက်ပြီး... ကယောင်ကတန်း ဘာသာရေးမီးတွေ ထ မွှေးနေတော့တာပဲ....

ပြောင်ကြီး - ကိုလည်း အတင်း မ လို မ နဲ့...မြင်မကောင်းဘူး.........

သီတဂူဆရာတော်ကြီး မိန့်ကြားချက် နားထောင်ပြီးပြီလား.. မောင်အုန်းမြင့် ဟဲဟဲဟဲ


ရန်ကုန်မှာရှိတဲ့ စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးအင်အားကို ဘယ်လောက်ရှိလဲ ဆိုပြီး ထုတ်ပြသွားတဲ့ပွဲကို ဘာပွဲလို့ခေါ်လဲ သိလား
မျိုးစောင့်ဥပဒေအောင်ပွဲတဲ့

၎-၁၀-၁၅၊ ရန်ကုန်၊ သုဝဏ္ဏအားကစားကွင်း
မျိုးစောင့်ဥပဒေအောင်ပွဲတဲ့

ကြံ့ဖွတ်ရုံးက သွားလိုက်ကြတာ သွားလိုက်ကြတာ
လိုက်ထရပ်တွေ ဒိုင်နာတွေနဲ့ သာသနာ့အလံတစ်ဖက် နိုင်ငံတော်အလံတစ်ဖက်

သူ့ချည်းပဲလား ဆိုတော့ ဟုတ်သေးဘူး
ကိုသိန်းစိန် ပုံကြီးလည်း ပါလို့

ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ်တဲ့

မသိလို့ မေးပါရစေ

လယ်တီသိမ်ကို ဖျက်ဆီးပြီး ဘုန်းကြီးတွေကို တုတ်စာကျွေး မီးလောင်ဗုံးကျွေးတဲ့သူက ဘယ်လို စောင့်ရှောက်မှာလဲဟင်

ဆန္ဒပြပွဲ ဝင်ပါတဲ့ သံဃာက တုတ်စာမိပြီး အနာခံရတယ်

ကုလားအကြောင်း ပြောပြီး အမျိုးချစ်ပြ ကြံ့ဖွတ်အတွက် မဲဆွယ်တဲ့ ဆရာတော်ကျ အာရဖတ်ကားကြီး စီးပြီး အသာစံရတယ်
နောက်ကွယ်က ထောက်ပံ့မှုက ကြီးတာကိုး



ရိုဟင်ဂျာဘုန်း မိုးသို့ချုန်း


ရိုဟင်ဂျာဘုန်း မိုးသို့ချုန်း


Aung Tin ဒေါက်တာဇာနည် ထံမှဖြစ်တယ်။


ရိုဟင်ဂျာ ရှိတယ်။ မရှိဘူး ဆိုတာ အသာထား
ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးလေး ကြားရင်တောင်
လိပ်ပြာလွင့်မတတ် အသည်းငယ်ပြီး
ကြောက်လန့်ခြောက်ခြား နေတတ်တဲ့နိုင်ငံပါ။


ရိုဟင်ဂျာ လူမျိုးစု ပုံ(၁) ဒေါက်တာဇာနည် ထံမှဖြစ်တယ်။


ရိုဟင်ဂျာသည် တိုင်းရင်းသားဖြစ်သဖြင့် နိုင်ငံသား ထပ်လျောက်ထားရန် မလိုကြောင်း ရခိုင်တရားသူကြီး ဦးမောင်သာဇံ (ဦးဇော်အေးမောင်၏ အဖိုး) က ၁၉၄၉ တွင် ဆုံးဖြတ်ပြန်ကြားချက်။ ပုံ(၂)


ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)တွင် မှတ်တမ်းတင်ထားသည်။ ပုံ(၃)


အဝေးသင်တက္ကသိုလ် သမိုင်းကျောင်းသားများအတွက် ပထဝီဌာနက ပြုစုထားသော လက်ရှိပြဌာန်းသင်ရိုးစာအုပ် အဖုံး။ ထိုသင်ရိုးတွင် ရိုဟင်ဂျာအကြောင်း ရေးထားသည်။ ပုံ(၄)


ထိုတက္ကသိုလ်ပြဌာန်းစာအုပ်တွင် ရိုဟင်ဂျာများသည် ဘူးသီးတောင်၊ မောင်းတောဒေသတွင် ရှေးဦးကာလကတည်းက အခြေစိုက်နေထိုင်ခဲ့ကြကြောင်းကို မြန်မာပြည်ရှိ အခြားတိုင်းရင်းသားများနှင့် တန်းတူယှဉ်တွဲ ရေးသားထားသည်။ ပုံ(၅)


ဒေါက်တာသန်းထွန်းရဲ့ ရိုဟင်ဂျာလူမျိုးနဲ့ ရိုဟင်ဂျာဘုရင်။ ပုံ(၆)


ရခိုင်ပါတီကြီးနှစ်ခုဖြစ်သော ALPနှင့် RNPတို့က ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး၊ ရိုဟင်ဂျာပါတီ ARIFနှင့် လက်တွဲတိုက်ပွဲဝင်သွားမည့် သုံးပါတီ သဘောတူစာချုပ် ၁၉၈၉။ ပုံ(၇)


ရခိုင်တိုင်းရင်းသား သမိုင်းလေ့လာသူ တရားလွှတ်တော်ချုပ် ရှေ့နေကြီး ဦးအောင်ကျော်စိန်က ရိုဟင်ဂျာများသည် ရှေးကာလများကတည်းက ရခိုင်ပြည်နယ်တွင် အခြေစိုက်နေထိုင်ခဲ့ကြသော မွတ်စလင်များဖြစ်သည်ဟု ၂၀၁၃ခုထုတ် အာရကန်လှိုင်းစာစောင် အမှတ်(၇)တွင် ရေးသားထားသည်။ ပုံ(၈)


Dr. Francis Buchanan က ၁၇၉၉ ခုနှစ်မှာ ရိုဟင်ဂျာတွေ ရှိကြောင်း မှတ်တမ်းတင်ခဲ့တာဖြစ်တယ်။ ဒီမှတ်တမ်းမှာ ရိုဟင်ဂျာတွေဟာ မွတ်စလင်တွေဖြစ်တယ်လို့ အတိအလင်းရေးထားတယ်။ ဒေါက်တာအေးချမ်းနဲ့ ဦးဇော်အေးမောင်တို့က ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုနေရာက ဒီမှတ်တမ်းထွက်လာတော့ ရိုဟင်ဂျာက ရခိုင်ဖြစ်တယ်လို့ ဆိုပြန်တယ်။ ဒါဆို ရခိုင်တွေရဲ့ ဘိုးဘေးတွေဟာ အရင်က မွတ်စလင်တွေဖြစ်ခဲ့လားဆိုတာကို ဖြေနိုင်ဖို့လိုပါလိမ့်မယ်။ ပုံ(၉)


ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် တိုင်းပြုပြည်ပြူလွှတ်တော်မှာ ရိုဟင်ဂျာအမတ်တွေ တက်ခဲ့တြတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲခဲ့ကြတယ်။ ပုံ(၁၀)


မဆလခေတ်အဆက်ဆက် လွှတ်တော်အဆင့်ဆင့်၊ ပါတီကောင်စီအဆင့်ဆင့်မှာ ရိုဟင်ဂျာတွေ ပါဝင်ခဲ့ကြတယ်။ ပုံ(၁၁)


မှတ်ချက်။ အမြင်တူစရာ မလိုဘူး။ မိမိအမြင်ကို လွတ်လပ်စွာ ပြောနိုင်ပါတယ်။ မရိုင်းနဲ့။ ရိုင်းရင် ဘလော့ခံရမယ်။