မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

http://ifile.it/dl မှာတင်ထားတဲ့ ဗွီဒီယိုဖိုင်ကို (download)လုပ်နည်း


http://ifile.it/dl မှာတင်ပေးထားတဲ့ ဗွီဒီယို ဖိုင်ကို ဒေါင်လုပ် (download) ယူချင်တယ် ဆိုရင်... အလွယ်ကူဆုံးနည်းကို ကျွန်တော် ပုံလေးတွေနဲ့ ရေးပြ ပါမယ်။ကျွန်တော်ကို မေးထားတဲ့ ညီငယ် ညီမငယ်တွေ နဲ့ မိတ်ဆွေများ ၊ ဒေါင်လုပ် လုပ်ရတာ အဆင်မပြေကြတဲ့ မိတ်ဆွေ တွေ အတွက်ပါဗျာ။

တကယ်လို့ သိထားပြီးသားဆိုရင်လည်း မသိသေးတဲ့ သူ တွေ အတွက်လို့ သဘောထားကြီး ပေးပါဗျာ။ ဒေါင်းရတာ အင်မတန် လွယ်ကူပါတယ်။ ဒေါင်း ပြီးရင်းလည်း ကွန်နတ်ရှင်တွေ ဘာတွေ စောင့် စရာမလိုပါဘူး။ ကိုယ့်  စက်မှာရှိတဲ့ ဝင်ဒိုးမီဒီယာ ပလေယာ လေးနဲ့ စိတ်ကြိုက်ဖွင့်ကြည့်လို့ ရပါပြီး။
ကဲ့ဗျာ Download တဲ့ နည်းက ဒီလိုလေးပါ ...

  • အဆင့် (၁)
ပေးထားတဲ့ လင့်လေးကိုနှိပ်လိုက်ပါ...
ဥပမာ။ ။ (ဒီနေရာမှာဒေါင်းပါ)
မှုရင်း ဗွီဒီယို ကို Upload ဖိုင်တင်ထားတဲ့ http://ifile.it/dl ဆိုက် ကိုရောက်ပါမယ်။


  • အဆင့် (၂)
အောက်က ပုံ (၁) မှာ အပြာရောင်နဲ့ကွင်း ပြထားတဲ့ အထဲက Request download ticket ဆိုတာလေးကို နှိပ်လိုက်ပါ။ ....ခဏ လေးစောင့်ပါ။
ပုံ(၁)


  • အဆင့်(၃)
အောက်က ပုံ(၂) မှာ ပြထားတဲ့တိုင်း download ဆိုတဲ့ အနီရောင်နဲ့ကွင်း ပြထားတာလေး တွေ့ရမယ်။ အဲဒီ စာလေးကို ထပ်နှိပ်လိုက်ပါ။
ပုံ(၂)

  • အဆင့်(၄)
အောက်က ပုံ (၃) မှာပြထားသလိုလေးပေါ်လာရင် Save File ဆိုတာလေးကို အမှတ်ပေးပြီး အောက်က OK ဆိုတာလေးကိုနှိပ်လို့ download လုပ်ပေးတော့ဗျာ။
ပုံ(၃)

အဲဒီမှာ ကွန်နတ်ရှင်ကောင်းရင်ကောင်းသလို မြန်ပြီး ကွန်နတ်ရှင် မကောင်းရင်တော့ စိတ်ရှည်ရှည်နဲ့သာစောင့် ပေတော့ဗျာ။
ပုံ (၄)

ကိုယ် download လုပ်ထားတာလေးက အစိမ်းရောင်တုံးလေးတွေ ပြည့်သွားလို့ ၁၀၀% ရောက်သွားရင်တော့ အေးအေးဆေးဆေး ဗွီဒီယို ဖိုင်လေး ဖွင့်ပြီး ကြည့် လို့ရပါပြီး။မရှင်းတာလေးတွေ ရှိခဲ့မယ် တခြားဆိုက်တွေမှာ တင်ထားတဲ့ ဖိုင်းတွေကိုလည်း ဒေါင်လုပ် လုပ်ရတာ အဆင်မပြေဖြစ်ခဲ့မယ် ဆိုရင် မေးမြန်နိုင်ပါတယ်ခင်ဗျာ။

(ဒေါင်လုပ် အဆင်မပြေ ဖြစ်နေ သူမိတ်ဆွေ များတွက် ရေးသားပါသည်။ Upload တင်ထားသည့် ဆိုက်တွေပေါ်မှုတည်ပြီး ဒေါင်းလုပ် ပုံဒေါင်လုပ်နည်း လုံးဝ မတူညီပါ။)


  • အားလုံးကိုခင်မင်လေးစားလျှက် -


  • အားလုံးကိုပျော်စေချင်တဲ့......

    3 comments:

    ကိုလတ်ရေ
    သူများအတွက်တော့ အသုံးဝင်မ၀င် မသိဘူး ကွန်ပြူတာနဲ့ ပတ်သက်ရင် သိပ်ပြီး နားဝေးတဲ့ အစ်မအတွက်တော့ သိပ်ပြီး အသုံးဝင်ပါတယ်။ ဘာပဲ Download လုပ်လုပ် ဖြောင့်ဖြောင့်တန်းတန်း ရတယ်ဆိုတာ မရှလိုဘူး။ နောက်အဆင်မပြေရင် အချိန်မရွေး Instructions ကို ပြန်ဝင်လာကြည့်လို့ ရသွားပြီ။ ဒီပို့စ်ကို တင်ပေးတဲ့ အတွက် ကျေးဇူးပါပဲ။

    ဗွီဒီရိုဖိုင်တော့ မဒေါင်းဖူးဘူး မငယ်... သီချင်းတို့ တခြား ဆော့ဖ်ဝဲတွေလောက်ပဲ ဒေါင်းဖူးတယ်... ကျေးဇူးပဲ နောက်လိုအပ်တဲ့အခါ အခက်အခဲမရှိဒေါင်းလို့ရတာပေါ့... :)

    ဟုတ်တယ်အမရေ...
    ဗွီစီဒီကို ဒေါင်းတယ်..

    ဒါတွေကိုမဒေါင်းဖူးဘူး ကြာတယ်လို့ပြောလို့ စိတ်မရှည်လို့လေ..

    ဒီတစ်ခါတာ့ စမ်းကြည့်လိုက်အုံးမယ်..

    ခင်မင်စွာဖြင့်
    စည်သူ