မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အာဇာနည် သူရဲကောင်း ဆလိုင်းတင်မောင်ဦးနှင့် ဦးသန့်ဈာပန

ဒီပုံက မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး လို့ ကြိုးစင်ပေါ် တက်ခါနီး သေအံ့ဆဲဆဲ ကာလအထိ ကျုံးဝါးသွားတဲ့ ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့သူ ၁၉၇၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ ကြိုးပေးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးပုံ ဖြစ်ပါတယ်။

၁၉၇၄ က ရန်ကုန်တက္ကသိုလ် တနေရာမှာ ဖြစ်ပျက်သွားတဲ့ မြန်မာ့သမိုင်းမှာ မေ့လို့မရအောင် ရုပ်ဆိုးအကျည်းတန်လှတဲ့ အဖြစ်အပျက်တခုနှင့် ဒီအရေးအခင်းကို ဦးဆောင်ခဲ့သူကို ကျွန်မအပါအ၀င် အတော်များများ မေ့နေကြတာကို သိလိုက်ရတော့ ကျွန်မတို့တောင် ဒီလို ဖြစ်နေရင် နောက်မျိုးဆက်တွေ သိအောင် ဒီသမိုင်းတွေကို ဘယ်လို လက်ဆက်ကမ်းမလဲဆိုတာ တွေးမိပြီး ကျွန်မတော်တော် တုန်လှုပ်သွားပါတယ်။ ဒီအဖြစ်အပျက်တွေက မေ့ပစ်ကောင်းတဲ့ အရာတွေမဟုတ်တာကြောင့် ဒီပို့စ်ကို မဖြစ်မနေ တင်ဖြစ်သွားပါတယ်။ သမိုင်းအမှန်တွေကို ဖုံးကွယ်ထားခြင်း ခံနေရတဲ့ ကျွန်မတို့ မျိုးဆက်တွေဟာ တကယ်ကြုံတွေ့လာခဲ့သူတွေကသာ ပြန်ပြီး လက်ဆက်မကမ်းရင် ဒီသမိုင်းတွေကို ကျွန်မတို့ ဘယ်လိုမှ သိခွင့်ကြုံမှာ မဟုတ်ပါဘူး။ ထိုနည်းအတူ ကျွန်မတို့ကလည်း ဆက်ပြီး လက်ဆက်မကမ်းရင် ကျွန်မတို့ထက် နောက်ကျတဲ့ မျိုးဆက်တွေ သိခွင့်ကြုံမှာ မဟုတ်ပါဘူး။


ဆလိုင်းတင်မောင်ဦးအကြောင်း DVB မှာ သူပို့ထားတဲ့ အစီစဉ်နဲ့ ကိုတင်မောင်ဦးကို ဂုဏ်ပြုသီဆိုထားတဲ့ လားရှိုးသိန်းအောင် သီချင်း ဗွီဒယိုကို ကိုမောင်တူးက အခုပဲ ( 23/06/11 12:10 AM) ပို့ပေးလာလို့ ပေါင်းပြီး ထည့်သွင်းဖေါ်ပြလိုက်ပါတယ်။




လားရှိုးသိန်းအောင်ရဲ့ ဂုဏ်ပြု သီချင်း (ပို့ပေးတဲ့ DVB မှ ကိုမောင်တူးကို ကျေးဇူးတင်ပါတယ်)




သူရဲကောင်း ဆလိုင်းတင်မောင်ဦး အကြောင်းကို သတိထားမိလိုက်တာက ကိုအောင်သာငယ် ဘလော့ဂ်မှာ စာသွားဖတ်ရင်း ဘေးက Side bar မှာ ဖတ်စေချင်သော စာများကို ကြည့်လိုက်တော့ အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး ဆိုတာကို တွေ့လိုက်ရပြီး ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့သူဆိုတာ ချက်ချင်းသိလိုက်တယ်။ ဒီအကြောင်းကို မျိုးသာကီအတွက် ရဲဝံ့ဒို့ဇာနည် မှာ တင်ထားတာကို ဆက်ဖတ်ဖြစ်တယ်။ မျိုးသာကီအတွက် ရဲဝံ့ဒို့ဇာနည်က Arakan Review ကနေ ပြန်ဖေါ်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ဒီပို့စ်ရဲ့ မူရင်းပိုင်ရှင် Araken Review မှာ ဒီပို့စ်ကို ပြန်ဖေါ်ပြဖို့ ခွင့်တောင်းပြီး ကျွန်မတို့ တောတွင်းမှာတုန်းက ထုတ်ဝေခဲ့တဲ့ နေ၀န်းနီနီ သီချင်းခွေထဲက ဦးသန့်ဈာပဏ သီချင်းနဲ့ ဦးသန့်အရေးအခင်း အကြောင်းအနည်းငယ်ကိုပါ ဒီပို့စ်နဲ့အတူ ပူးတွဲပြီး တင်ပြလိုက်ပါတယ်။


Arakan Review မှ ကူးယူ ဖေါ်ပြသော မူရင်းပို့စ်

စစ်အာဏာရှင် ထိပ်သီး ဗိုလ်နေ၀င်း၏ တိုက်ရိုက်အမိန့်ဖြင့် ကြိုးပေး အသတ်ခံခဲ့ရသည့် သူရဲကောင်း တဦးကိုပြပါဆိုလျှင် ကိုတင်မောင်ဦး ကိုလက်ညိုးထိုးပြရပါမည်။

မဆလခေတ် နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နိုင်ငံတော် ကောင်စီဝင် ဦးလှထွန်းဖြူမှ - သမိုင်းတွင်ကြိုးပေးခံရသည့် ကျောင်းသားမရှိသေး၍ တင်မောင်ဦးအား မသတ်ရန် ထပြောသောအခါ၊ ဗိုလ်နေ၀င်းက ထိုင်ရာမှဝုန်းဒိုင်းထကာ “အဖိုးကြီး ပါးစပ် ပိတ်ထားစမ်း၊ အဲဒီအကောင်ကျနော့်ကို သတ်ဖို့လာတာ” ဟု လက်ညိုးငေါက်ငေါက်ထိုးကာ ရန်တွေ့ခဲ့ကြောင်းကိုသိရပါသည်။ ဦးလှထွန်းဖြူမှာလည်း ထိုနေ့မှစ၍ နိုင်ငံတော်ကောင်စီသို့ မသွားတော့ကြောင်းသိရပါသည်။ ဗိုလ်နေ၀င်း သေဖို့ ဒီလောက်တောင် ကြောက်ခဲ့ရသည့် သူကိုမှ ကျနော်တို့လူငယ်များက သူရဲကောင်းအဖြစ် အသိအမှတ်မပြုလျှင် ဘယ်သူ့ကို ပြုရပါ မည်နည်း။ အာဇာနည်မျိုး သေရိုးမရှိပါ။

ထောင်ထဲနေစဉ် ကျနော့်အသဲနှလုံးကို မျှားသုံးစင်းအပစ်ခံရ၏။ ကိုတင်မောင်ဦးကို ကြိုး ပေးသတ်လိုက်သည့်နေ့။ ဘ၀မှတ်တမ်းဖြစ်သည်။ နောက်တစင်း မိဘထက်ပင်ချစ်သည့် အဖွား ဒေါ်မစော ဆုံးသည့်နေ့။ နောက်ဆုံးတစင်း အစ်ကိုကြီး ကိုသန်းရွှေ (သြဂုတ်သွေး) အင်းစိန်ထောင်တွင်းမှာပင် ရန်သူသတ်လို့သေသွားကြောင်း သိလိုက်ရသည့်နံနက်ခင်း။ ဆောင်းတွင်း။ မျက်ရည်ပူတွေ စီးဆင်းနေ၏။ အပြင်ကမျက်ရည်နှင့် ထောင်ထဲကမျက်ရည် သိပ်သည်းဆခြင်း ဘယ်တူပါ့မလဲ ဟု ကိုတင်မောင်ဦးနှင့်ပတ်သက်၍ ကျနော့်ခံစားချက်ကို အရေးတော်ပုံ (၄) စောင်တွဲတွင် မှတ်တမ်းပြုခဲ့ပါသည်။ ထို့အတူ ကောင်းညို၏ ရဲရင့်ကြယ် တင်မောင်ဦး ဟု မှတ်တမ်းပြုခဲ့သည်ကိုတွေ့ရပါသည်။ အုန်းဖြန်ဒုက္ခသည် စခန်း တွင်လည်း ဆလိုင်းတင်မောင်ဦး အတွက် (၃၂) နှစ်မြောက် အောက်မေ့ဖွယ် အခန်းအနားကို မနှစ်က ကျင်းပသွားခဲ့ကြောင်းသိရပါသည်။ အမြင့်ပျံ ခွပ်ဒေါင်း (သို့မဟုတ်) ဆလိုင်းတင်မောင်ဦး ခေါင်းစဉ်ဖြင့် ဆလိုင်းကစ်ပ် (ချင်းပြည်) က (၁၉၈၂-၈၃) ခုနှစ်ထုတ် တက္ကသိုလ်များ ရန်ကုန် (ချင်းမဂ္ဂဇင်း) တွင်ဖော်ပြထားသည်ကို ဖတ်ရပါသည်။ သူရဲကောင်းစိတ်ဓါတ်တွင် အရောင် မပါပါ။ ရန်သူကို အနိုင်တိုက်ပြီး ပြည်သူကို အလုပ်အကျွေးပြုလိုသည့် သံဓိဌာန်ဖြင့် အသက်စွန့်လွတ်သွားသူများသာ ဖြစ်ကြပါသည်။

ရဲဘော်တို့ လူသူမသိအောင် ငါ့ကို သတ်ဖို့ သူတို့လုပ်နေကြတယ်။ မင်းတို့ရဲ့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး” လို့ပြောကြား သွားသည့် သူရဲကောင်း၏ အနိုင်ယူသွားသည့် သံဓိဌာန်ကို နားထဲစွဲနေမိသည်။ အချိန်ကား (၁၉၇၆) ခုနှစ်။ ဂျွန်လ (၂၆) ရက်နေ့ နံနက် (၄)နာရီ။ ကြိုးတိုက်ထဲက အထွက် ကြိုးစင်ကိုအသွား သူနေခဲ့ သည့် ကြိုးတိုက် အတွင်းနံရံပေါ်မှာက “ညီမလေး မိုင်ပိုပို အတွက် အစ်ကိုကြီး ဂုဏ်ယူပါတယ်” လို့ရေးသွားခဲ့သေးသည်။

ကြိုးတိုက်အတွင်း ကျန်ရစ်နေခဲ့သည့် ကြိုးသမားများထဲမှ ရခိုင်အစ်ကိုကြီး ကိုတင်အောင်က ကျနော်တို့ကိုပြောပြပါသည်။ ထိုစဉ်က ကျနော်တို့ရဲဘော်တွေမှာ တတိုက် တတန်းလျားထဲနေခဲ့ကြဖူးပါသည်။ အာဇာနည်၏ နံနက်ခင်းရှုခင်း၊ ရှုကွက်ကို ကျန်ရစ်သူ ရဲဘော်များ အဆောင်တွေထက်မှလည်း မြင်သိခဲ့ကြပါသည်။ ဘယ်သောအခါမှ မေ့ပျောက်နိုင်ပါအံ့နည်း။ အာဇာနည်မျိုး သေရိုးမရှိ။

မောင်လူပျို (မိသားစုဝိုင်း)
၁၅ - ၁၂ - ၂၀၀၉

ကျောင်းသားတပ်မတော်က ထုတ်ဝေသည့် နေ၀န်းနီနီ သီချင်းခွေမှ ဦးသန့်ဈာပနသီချင်း


(၁၉၆၂ သမိုင်းရိပ် သွေးမတိတ်မီ ကွယ်လွန်သူတို့ နိုးထလာလေပြီ)

(တို့ကျောင်းသားများ စောင့်မျှော်ခဲ့သည့် အခွင့်အရေးကို ရရှိခဲ့သည့် တကမ္ဘာလုံးလေးစားရသည့် ဦးသန့်ဈာပ အကြောင်းပြလို့တည် ၇၄ ဒီဇင်ဘာ မဖြေသာအကြောင်းတရားက ဇာတ်လမ်းစလေသည်… ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ ဦးသန့်လိုလူ ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စမီးပျိုး အညိုးထားခဲ့သည်…)၂

(လူသာမန်လို ဆက်ဆံခဲ့ပြီ တို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ.. ထိုက်တန်စွာ ဦးညွတ်ရမည် ထိုက်တန်စွာ ဂုဏ်ပြုရမည် ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင်စခဲ့သည်... အဓိပဓိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေစုဝေးလို့ စစ်အုပ်စု ဆန့်ကျင်ရေးနှင့် ဂူဗိမာန်ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်.. ကျောင်းသား၊ ပြည်သူ ပေါင်းစုဝေးလို့ ဈာပန အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေသည်.. သမဂ္ဂအဆောက်ဦးရင်ပြင် ကမ္ဘာရဲ့ခေါင်းဆောင်ကြီး လဲလျောင်းမေးစက်နေစေရန်ရည်...)၂

ဂူဗိမာန်ကြီးတည်ဆောက်ကြသည် ပြည်သူများနှင့် ပေါင်းစည်းလို့ရည် ခွပ်ဒေါင်းဇာနည် ဘာမထီသွေးတို့ ပြည်သူရေးအတွက် ရှေ့ကလှမ်းတက်ချီ…. အယုတ်တမာ အာရူးတွေက လူသားမဆန် မောင်းပြန်သေနတ်များနှင့် ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ ကမ္ဘာမကြေနိုင်ပြီ တက္ကသိုလ်မြေမဟီ ခွပ်ဒေါင်းသွေးတို့ နီရဲ့ခဲ့ကြသည်…

(ဘယ်လိုပင် သတ်ကြပါစေ ဒို့မသေ၊ ဘယ်လိုပင် ဖြိုခွင်းပါစေ ဒို့မမူပေ)၂ ခွပ်ဒေါင်းသွေး သိန္နိဌါန် ဒူးထောက်လို့ အညံ့မခံဘူးဟေ့.. အရိုးကြေကြေ အရေခမ်းခမ်း မကြောက်တမ်း မရွံ့တမ်း သွေးလမ်းလို့ ဖြတ်ချီလှမ်းမည် ညီ ညီ ညီ ညီ ချီ ချီ ချီ ချီ ခေတ်ဟောင်းဖြိုဖျက် တိုက်ပွဲဆက်ကြမည်။)၂

အထက်ပါ သီချင်းမှာ ဦးသန့်အရေးအခင်းရဲ့ အတိုချုပ်ကို ထင်ဟပ်နေပါတယ်။ ဦးသန့်အရေးအခင်းဆိုတာကို ၈၈ မတိုင်ခင်ကတောင် ကြားဖူးခဲ့ပေမဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ၈၈ မှာမှ သိခဲ့ရပြီး။ ကိုတင်မောင်ဦး အကြောင်းကိုတော့ တောတွင်းရောက်မှ ဒီသီချင်းထဲမှာတွေ့မှ သိခဲ့ရတယ်။ အကျဉ်းချုပ်ကတော့ ဒီသီချင်းထဲက အတိုင်းပါပဲ။ နိုင်ငံခြားမှာ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့ကုလ သမဂ္ဂအတွင်းရေးမှူးဟောင်း ဦးသန့်ရဲ့ အလောင်းကို မြန်မာပြည်ကို ပြန်သယ်လာခဲ့ပါတယ်။ ဦးသန့်ဈာပဏကို ဦးနေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံတော်ဈာပန အခမ်းအနားအနေနဲ့ မကျင်းပပဲ လူသာမန်တဦးရဲ့ အသုဘအနေနဲ့ပဲ ကျင်းပတာကို မခံမရပ်နိုင်လို့ ကျောင်းသားတွေက နိုင်ငံတော်ဈာပဏအနေနဲ့ ကျင်းပဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆိုရာမှာ ပြည်သူတွေပါ အများကြီးပါလာခဲ့ပါတယ်။ ဒါကို ဦးနေ၀င်းက မဆလ အစိုးရက လုံးဝလစ်လျူရှုခဲ့တဲ့အတွက် နောက်ဆုံးမှာ ကျောင်းသားတွေနဲ့ ပြည်သူတွေက ဦးသန့်အလောင်းကို ၀င်လုပြီး ၆၂ က ဖြိုခွဲခံလိုက်ရတဲ့ တက္ကသိုလ် သမမဂ္ဂအဆောက်ဦးနေရာမှာ ဦးသန့်နဲ့ ထိုက်တန်တဲ့ ဈာပနအခမ်းအနားကို ကျင်းပနေစဉ်မှာ စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းပြီး အလောင်းကို ပြန်လုယူသွားပြီး သာမာန်လူကို သင်္ဂြလ်သလို သင်္ဂြုလ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ ကျောင်းသားအမြာက်အများ သွေးမြေကျခဲ့ရပြီး အမြောက်အများ ဖမ်းဆီးအကျဉ်းချ ညှင်းဆဲခံခဲ့ရတယ်။ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို အခု ဒီပို့စ်ထဲမှာ ပါတဲ့အတိုင်း ၇၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှာ ကြိုးမိန့်ပေးခံခဲ့ရတယ်။ ကြိုးစင်ပေါ် တက်ခါနီးအထိ “စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုပြီး သေခါနီး မကြောက်ရွံ့ဘဲ အရှုံးမပေးသည့် ကျုံးဝါးသံကို ခေတ်အဆက်ဆက်က စစ်ခေါင်းဆာင်တွေ အခုထိ တုန်လှုပ်ချောက်ခြားစေနေတုန်းပါပဲ။

အပေါ်က ဦးသန့်အရေးအခင်းကို စတင်ဦးဆောင်ခဲ့လို့ ကြိုးမိန့်ကျခံရတဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးရဲ့ပုံက မူရင်းပို့စ်တင်ထားတဲ့ Arakan Review ကမဟုတ်ဘဲ ကျွန်မဖတ်ခဲ့ရဲ့ မျိုးသာကီအတွက် ရဲဝံ့ဒို့ဇာနည်က ဖြစ်ပါတယ်။ အပေါ်က ဓါတ်ပုံနေရာမှာ ဘယ်သူလဲဆိုတာကို ရေးထားရင် စစ်အုပ်စုက နိုင်ငံရေးဆိုတာ ပြည်သူလူထုနဲ့ မဆိုင်ပဲ သူတို့စစ်တပ်နဲ့သာ ဆိုင်တယ်လို့ ၀ါဒဖြန့်ထားတဲ့အတိုင်း ယုံကြည်နေကြတဲ့ စာလာဖတ်သူတွေထဲက ကျောင်းသားအကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး မဖတ်ပဲ ပြန်သွားရင် သိသင့်သိထိုက်တဲ့ သမိုင်းဖြစ်ရပ်တွေကို မသိသွားမှာစိုးလို့၊ အထူးသဖြင့် ဒီလိုငယ်ရွယ်နုပျိုတဲ့ ကျောင်းသားလူငယ်တဦးဟာ အရေးခင်းတခုကို ဦးဆောင်ခဲ့ပြီး ကြိုးစင်ပေါ် ရင်ကော့ပြီး တက်သွားရတဲ့ သမိုင်းကို သိစေချင်တဲ့ စေတနာနဲ့ ဓါတ်ပုံထဲက နာမည်ကို အခုလို နောက်ဆုံးမှ ဖေါ်ပြရခြင်း ဖြစ်ပါတယ် (ပို့စ်တင်စက ပို့စ်ခေါင်းစဉ်က ၇၄ ဒီဇင်ဘာ ဖြစ်ပြီး အခု ပြန်တင်တော့ ခေါင်းစဉ်ကို ပြောင်းလိုက်ပါတယ်။ Nge Naing 23/06/11)။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်ပြီး စစ်တပ်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ပြည်သူတွေ များများသိပြီး အမိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ၀ိုင်းဝန်းတွေးတောကြံဆ အဖြေထုတ် အကောင်အတည်ဖေါ်မှ မြန်မာပြည်သူတွေ လက်ရှိခံစားနေရတဲ့ ဒုက္ခအ၀၀ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးတဲ့ခေတ် အဆုံးမသတ်သရွေ့ မြန်မာပြည်မှာ ဒီလိုအဖြစ်ဆိုးတွေကို ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ပဲ ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေ ဆက်လက်ခံနေရဦးမှာ ဖြစ်လို့ စစ်အာဏာရှင် ကြီးစိုးတဲ့စနစ် ၂၅% မကလို့ ၁% တောင် မကျန်ရှိရလေအောင် အဆုံးသတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြဖို့ လိုပါတယ်။ ကိုတင်မောင်ဦး၊ ၇၄ ဒီဇင်ဘာ၊ ဦးသန့်အရေးအခင်းဆိုတာကို မမေ့သင့်တဲ့အတွက် ဒီသမိုင်းတွေကို အားလုံးသိဖို့နဲ့ မမေ့ဖို့ လိုအပ်လို့ မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

ကိုတင်မောင်ဦးနဲ့ ခေတ်အဆက်ဆက်မှ အသက်ပေးသွားသော တိုက်ပွဲဝင်ကျောင်းသားအပေါင်း ကောင်းရာသုဂတိ လားပါစေ။

မူရင်းပို့စ်ကို တင်ပြခွင့်ပြုတဲ့ Arakan Review, ပို့စ်ကို ကျွန်မတိုက်ရိုက်ဖတ်ရတဲ့ မျိုးသာကီအတွက် ရဲဝံ့ဒို့ဇာနည် နှင့် ညွှန်းထားပေးတဲ့ အစ်ကို အောင်သာငယ် တို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။


85 comments:

အမရေ ... သမိုင်းဆိုတာ ဘယ်လိုမှ ဖျောက်လို့ မရပါဘူး .. ကျောင်းသားခေါင်းဆောင်တွေ ဆိုတာလည်း ပြည်သူတွေပါပဲ ပြည်သူတွေဆိုတာလည်း ကျောင်းသားဘ၀ကို ဖြတ်လာတာပါပဲ ... ယခုလို အသက်တွေ ပေးသွားတဲ့ ကျောင်းသားခေါင်းဆောင် တွေကိုမှ ဂုဏ်မယူဘူးဆိုရင် ... အဘယ်လို လူတွေကို သွားပြီး ဂုဏ်ယူရမှာလဲ .. ဒီလို ကျောင်းသား ခေါင်းဆောင် တွေရဲ့ စေတနာအမှန်ကို နောက်လာ နောက်သား ကျောင်းသားတွေ သိဖို့ အခုလို လက်ဆင့်ကမ်းပေးတာ အရမ်းတန်ဖိုးရှိပါတယ် .. ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးရဲ့ အံမခန်း စကားတခွန်းဖြစ်တဲ့ “စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုတဲ့ မော်ကွန်းဝင် စကားကိုတော့ ဒီတသက် ဘယ်လိုမှ မေ့လို့ မရတော့ပါဘူး......

အမရေ လာဖတ်သွားပါတယ် မသိသေးတာလေးတွေ သိသွားခဲ့ပါတယ် လေးစားပါတယ် အသက်ပေးပြီး စွန့်လွတ်သွားတဲ့ ခေါင်းဆောင်ပီသတဲ့ လူတွေအတွက်ပေါ့.. ထာဝရ ဂုဏ်ယူနေရမဲ့ အဖြစ်လေးတွေပါပဲ

အမနားမှာ သီချင်းလေးများ ရှိရင် မျှဝေပေးပါ့လား နားထောင်ချင်လို့ပါ

လေးစားလျက်
တောင်ပေါ်သား

အဲဒီ ဦးသန့်ဈာပန သီချင်းကို ကျွန်မ မိတ်ဆွေဟောင်းတွေဆီက ဘယ်သူ့မှာ ရှိလဲဆိုတာ စုံစမ်းပြီး ထည့်ပေးပါမယ်။

"စစ်ဖိနပ်အောက် ဘယ်တော့  မှ ဒူးမထောက်ဘူး" ဒီစကားဖတ်တဲ့  အချိန်မှာ ကြက်သီးတောင်ထသွားမိတယ် အစ်မရယ်...

သမိုင်းဆို တာ မေ့ပျောက်လို့ ရရိုးလား...

ခေတ်အဆက်ဆက်မှ အသက်ပေးသွားသော တိုက်ပွဲဝင်ကျောင်းသားအပေါင်း ကောင်းရာသုဂတိ လားပါစေ။

အရင်က တခါမှ မကြားဖူးဘူး

လာဖတ်သွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူရဲကောင်းဆိုတာ သေမျိုးမဟုတ်ဘူး ဆိုပေမဲ့ ဘယ်သူမှ မှတ်တမ်းမတင်ထားလို့ မသိလိုက်တဲ့ သူရဲကောင်းတွေလည်း အများကြီး ရှိပါတယ်။

ဦးသန့်လို ကုသသမဂ္ဂအတွင်းရေးမှူးဟောင်း တယောက်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်ကိုတောင်မှ စစ်အုပ်စုက နောက်မျိုးဆက်တွေ မသိအောင် ဖုံးကွယ်နိုင်ရင် ကျန်တဲ့ အဖြစ်အပျက်တွေဆိုရင် ဆိုဖွယ်ရာ မရှိပါဘူး။ ဒီလိုပဲ မျိုးဆက်တခုနဲ့ တခုကြား လက်ဆက်ကမ်းပေးသူ ရှိပေမဲ့လည်း အနှောင့်အယှက် အတားအဆီးကြောင့် ဖြစ်စေ၊ စစ်အုပ်စု ၀ါဒဖြန့်တာကို မှိုင်းမိလို့ ဖြစ်စေ၊ လက်ဆက်ကမ်းပေးတဲ့ Message ကို နောက်မျိုးဆက်တွေဆီ ကို မရောက်ခဲ့ရင် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးက ပျောက်ကွယ်သွားမှာ အမှန်ပဲ။

ဘာပဲဖြစ်ဖြစ် အခု ဒိင်္ပို့စ်ကြောင့် အနည်းဆုံးတော့ တယောက်ယေက်ကို အသိပေးလိုက်ရပြီဆိုရင်တောင် ပို့စ်ကို တင်ရကျိုးနပ်ပါတယ်။

မငယ်နိုင်
ကျမလဲဒီပို့စ်လေးကိုကူးယူသွားပါတယ်.။
ုပြန်လည်ဖော်ပြပေးတာကိုလဲ ကျေးဇူးတင်
လေးစားမိပါတယ်.။

လေးစားလျက်
မြတ်လေးငုံ.။

စာ လာဖတ်သွားတယ် မငယ်နိုင်၊ ခရစ်စမတ်ပိတ်ရက်
မှာ ပျော်ရွှင်ပါစေ။

ယုံကြည်ချက်အတွက် အသက်စွန့်သွားသူ အချင်းချင်းမို့ Jesus ကလည်း ကောင်းကင်ဘုံကနေ ကောင်းချီးပေးမှာပါ...

24 Dec 09, 11:17
ကိုဇော်: ကျနော်တို့ရဲ့ ကျောင်းသားခေါင်းဆောင် ဟောင်း ကိုတင်မောင်ဦး အကြောင်း လာဖတ်သွားပါတယ်ဗျာ
24 Dec 09, 17:03
Ts: ကိုတင်မောင်ဦးကို အလေးပြုသွားပါတယ်။
24 Dec 09, 20:40
လူနိုင်: မငယ်နိုင်ရေမင်္ဂလာပါ ၇၄ဒီဇင်ဘာကိုဖတ်ပြီးပါပြီအလည်ရောက်ပါတယ်
25 Dec 09, 03:50
phyowai: အစ်ကိုတင်မောင်ဦး အကြောင်း လေ့လာမှတ်သားသွားပါတယ် အစ်မ အောင်မြင်ပါစေ
25 Dec 09, 20:19
ကကြီး: အစ်ကိုတင်မောင်ဦး ရဲ့ ညီမငယ် အကြောင်း သိရင် ဝေမျှပါဦး ခင်ဗျား/

ဒီပို့စ်နဲ့ ပတ်သက်ပြီး C-Box မှာ ရေးသွားတဲ့ မှတ်ချက်တွေကို သိမ်းထားလိုက်ပါတယ်။ တကြီး ပြောတဲ့ ကိုတင်မောင်ဦး ညီမအကြောင်းအပါအ၀င် ကိုတင်မောင်ဦး အကြောင်းကိုလည်း ဒီထက်ပိုမို သိချင်လို့ ဆစဒနီမှာ ရှိတဲ့ အဲဒီခေတ်တုန်းက လှုပ်ရှားဖူးသူတွေဆီမှာ မေးပြီး ပို့စ်တခု သီးသန့် ပြန်တင်ဖို့ အစီစဉ် ရှိပါတယ်။

zzz အိပ်ငိုက်ရာက လန့်နိုးလာမှ သတိရသလိုမျိုး
ကျနော်တို့ ပို့စ်တင်ဖို့ပျက်ကွက်ချိန် မငယ် ဒီပို့စ်တင်ဖြစ်တာကို ချီးကျုးနေမိတယ်။
8ငိုက်ခြင်းမှ no ထရမည် မြန်မာပြည်

http://s0wha1.blogspot.com/2009/02/blog-post_19.html

အပိုင်း ၂ပိုင်း ရှိတယ် မငယ်နိုင်။


မအယ်

ဘလော့သာ ခဏခဏရောက်ဖြစ်တယ်၊ ဒီပို့စ်ကို မဖတ်ဖြစ်ဖူးဗျ။
ခုမှပဲ မသိခဲ့ဖူးတဲ့ ကိစ္စတစ်ခုသိလာရပြီး ဦးနေဝင်းနဲ့ အပေါင်းအပါတွေ နိုင်ငံခေါင်းဆောင် နေရာယူပြီး ဥပဒေမဲ့ တရားမရှိ ဒါးမရှိ လုပ်ခဲ့ကြတဲ့ အဖြစ်တွေလို့ ခေါ်ရမယ်ထင်ပါတယ်။

အင်းစိန်က KNDO ဋ္ဌာနချုပ်ကို ဝင်စီးပြီး တောထဲမရောက်ရောက်အောင် တွန်းပို့စဉ်က လက်စွဲဖြစ်ခဲ့တဲ့ ဦးစန်းယု၊ ဦးစိန်လွင်တို့ကိုတော့ နေရာတွေပေးပြီး အဆင့်ဆင့် ယူနီဖေါင်းချွတ် လက်လွတ်စပယ် လုပ်လာခဲ့ကြတာ ခုတော့ သားမောင်စစ်သည်များ လက်ထက်အထိပါပဲ။

တော်ပါတော့လည်း ကျိုးကြောင်းနဲ့ ပြောလို့ကမရ၊ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက်နဲ့ တချိန်မှာတော့ စိတ်ပြောင်းပြီး အကောင်းဖက်ကို လမ်းလှည့်လာကောင်းပါရဲ့။

နောက်ထပ် 2009 တုန်းက အဟောင်းလေးတွေ ဆက်ပြီး ပြန်တင်ပေးပါအုံး
ဘလော. update ဖြစ်တာပေါ.

ကျွန်တော်တို.လည်း ခဏခဏ ရောက်ဖြစ်ပါတယ်
ခဏခဏ ရောက်တဲ.လူတွေ အားလုံးက ပိုစ်.တွေ မဖတ်ဖြစ်ဘူးဖြစ်နေတယ်

တင်ပေးတာကျေးဇူးပဲ။ ကူးသွားပါတယ်။
သီချင်းကတော်တော်ကောင်းပါတယ်

ကျောင်းသူလေးတစ်ဦးကို တပ်ရင်းမှူးက ဒါးနဲ့  ၀င်ထိုးသတ်တဲ့ အနေအထားထိတောင် တိုင်းပြည်မှာ အခြေအနေ ဆိုးရွားလွန်းနေပြီ


Thursday, June 23, 2011


ပဲခူးတိုင်း ဥဿာမြို့သစ်မှာ ၄၀၅ တပ်ရင်းမှူးဆိုသူက (၁၄)နှစ်အရွယ် (၉) တန်းကျောင်းသူလေးတဦးကို ဓားနဲ့ထိုးသတ်ခဲ့သလို သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တဲ့ဖြစ်ရပ် မနေ့ မနက် ၁၁ နာရီမှာ ဖြစ်ခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ အကြောင်းစုံကို မိခင်ဖြစ်သူနဲ့ မျက်မြင်တဦးက ပြောပြထားပါတယ်။

ဓားနဲ့ ထိုးသတ်ခံရတဲ့ (၉) တန်းကျောင်းသူလေးကတော့ မသက်နှင်းဆွေဖြစ်ပါတယ်။ ကျောင်းသူလေးရဲ့အလောင်းကိုတော့ ပဲခူးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားထားပြီး တပ်ရင်းမှူးဆိုသူရဲ့ အလောင်းကိုတော့ သက်ဆိုင်ရာ စစ်တပ်က သယ်ယူသွားတယ်လို့ ဒေသခံတွေအပြောအရ သိရပါတယ်။

နေ့ခင်းကြောင်တောင် အခုလို လူသတ်မှုဖြစ်သွားတဲ့အတွက် ဒေသခံတွေက လုံခြုံရေးကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

(ရုပ်သံဖိုင်ကို ဦးအေးမြင့် ပဲခူးလမ်းပြကြယ်အဖွဲ့မှ ပေးပို့ပါသည်)။


http://niknayman-niknayman.blogspot.com/2011/06/blog-post_23.html


(နစ်နေမန်းဘလော့မှ ကူးယူဖော်ပြပါသည်။)

ပဲခူးတိုင်း ဥဿာမြို့သစ်မှာ ၄၀၅ တပ်ရင်းမှုး၏ မင်းမဲ့စရိုက်ဖြင့် လူသတ်မှု (ဗွီဒီယို)


Student stabbed to death by Military Commander.flv


http://www.youtube.com/watch?v=ugKKDTSkGeg&feature=player_embedded#at=69

လူသတ်ကောင် တပ်ရင်းမှုး ဗိုလ်ကြီး (၁)


ဗိုလ်ကြီးက ၉ တန်းကျောင်းသူကို ဓားနဲ့ထိုးပြီး သတ်သေဟုဆို (၁)


ချင်းမိုင်(မဇ္ဈိမ) ။ ။ ဗိုလ်ကြီးတဦးက ၉ တန်းကျောင်းသူ တဦးကို ဓားနဲ့ထိုးကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည် ဆိုသော ဖြစ်ရပ်တခု ပဲခူးမြို့နယ် ဥဿာမြို့သစ် ရပ်ကွက်တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။

ခြေမြန်တပ်ရင်း ၇ မှ တပ်ရေးဗိုလ်ကြီး ကျော်သူရက စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာခံဗိုလ် စိုးမြင့်၏ သမီး မသက်နှင်းဆွေကို အသင့်ပါလာသော စစ်သုံးဓားဖြင့် ထိုးသည်ဟု စွပ်စွဲထားကြသည်။

အခင်းဖြစ်ပွားချိန်က နေအိမ်တွင်း ရှိနေခဲ့သူ အရာခံဗိုလ်စိုးမြင့်၏ ဇနီး ဒေါ်စမ်းစမ်းထွေးက အော်ဟစ် အကူညီတောင်းသဖြင့် အိမ်နီးနားချင်းများ ရောက်လာခဲ့သည်။

“အော်ခေါ်တော့ ရပ်ကွက်က လူတွေက ထွက်လာပြီးတော့ အဲဒီမှာ ဝိုင်းအုံလာတော့ အဲဒီမှာ ခြံကတော့ သံပန်း သံတခါးတွေနဲ့ အုတ်တံတိုင်း ကာထားပါတယ်၊ လူတွေကတော်တော်နဲ့ ဝင်လို့ မရဘူး။ အဲဒီမှာ ယောက်ျားတွေက အားနဲ့ ကန်ပြု ဖွင့်တဲ့ အခါကျတော့ ပွင့်သွားတာ အဲဒီကျတော့မှ လူအုပ်က ဆွဲလား ရမ်းလား လုပ်တဲ့ အခါကျတော့ ဗိုလ်ကြီးက ဒူးထောက်ပြီးတော့ သူ့ရင်ဘတ် ဘယ်ဘက်ကိုသူ ဓါးနဲ့ထိုးပြီး နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု ဥဿာမြို့သစ်နေ ကိုနေဝင်းက မဇ္ဈိမကို ပြောသည်။

ငွေချေးရန် ရောက်ရှိလာသော ဗိုလ်ကြီး ကျော်သူရမှာ အစောပိုင်းက နေအိမ်တွင် အရာခံဗိုလ်စိုးမြင့်ကို တယ်လီဖုန်းမှ တဆင့် စကားပြောခဲ့သည်ဟု ဒေါ်စမ်းစမ်းမြင့်က ဗီဒီယို အင်တာဗျူးတခုတွင် ပြောဆိုထားသည်။

လူသတ်ကောင် တပ်ရင်းမှုး ဗိုလ်ကြီး (၂)


ဗိုလ်ကြီးက ၉ တန်းကျောင်းသူကို ဓားနဲ့ထိုးပြီး သတ်သေဟုဆို (၂)



ပဲခူးမြို့နေ အလုပ်သမားရေးရာ ကူညီစောင့်ရွက်ပေးနေသူ ဦးအေးမြင့်က ဒေါ်စမ်းစမ်းမြင့်နှင့် မျက်မြင်သက်သေ တဦးကို ဗီဒီယို အင်တာဗျူး ပြုလုပ်၍ အင်တာနက်တွင် ဖြန့်ဝေခဲ့သည်။

“ သမီးက အိမ်ရှေ့မှာ အခွေတွေ ထိုင်ရှင်းနေတယ် အဲဒီလူကြီးက ဆိုဖါပေါ်မှာ ထိုင်နေတာ ကျမက အိမ်နောက်ဖေးမှာ လက်နှီး လာလျှော်တယ် တအောင့်နေတော့ သမီး ကျူရှင် ၁၂ နာရီကို သွားရမှာ ရေချိုးတော့လို့ ပြောလည်းပြောပြီး
ပြန်ထွက်လာတော့ ကလေးကို သူအဲဒီမှာ ဓါးနဲ့ စပြီးတော့ ထိုးတာပဲ” ဟု ဒေါ်စန်းစန်းမြင့်က ဗီဒီယိုတွင် ပြောသည်။

“ ကလေးက ထွက်ပြေးသွားတဲ့ အခါကျတော့ သူက ကလေးကို အသေထိုးတော့တာ ကလေးက အိမ်ရှေ့မှာ အခွေ ထိုင်လုပ်နေတော့ ကလေးကို ဓါးနဲ့ထိုးတော့ ကလေးက အိမ်နောက်ဖေးကို ပြေးထွက်လာတယ်။ ကျမက ဒီမှာ လက်နှီးလျှော်ရင်း တန်းလန်းနဲ့ သူက ကလေးကို ထိုးတော့ ကျမက သူ့ကို ဆွဲလိုက်တာပေါ့။ မအေက ဖင်ထိုင်လျက် ကျသွားတဲ့ အခါကျတော့ မအေကို ဆွဲရမလား ဆိုပြီးတော့ သူက ဓါးနဲ့လှမ်းထိုးတာ အဲဒီမှာ ကလေးက မအေကို ဓါးနဲ့ ထိုးရမလား ဆိုပြီးတော့ အနောက်က သူ့အကျီကို ဆောင့်ဆွဲပစ်လိုက်တယ် ပြီးတော့ ကလေးကို သူကထိုင်ထိုးတာ ကျမက ဒီကရှိတဲ့ ရေဗုံးနဲ့ပေါ့ မျက်နှာကို ရေနဲ့ ပက်ပစ်လိုက်တာပေါ့” ဟု သူက ထပ်ပြောသည်။

မသက်နှင်းဆွေမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သူမ၏နာရေးကို သောကြာနေ့ နေ့လည် ၁၂ နာရီတွင် ပဲခူး ဆင်ဖြူကွင်း သုဿန်သို့ ပို့ဆောင်မည် ဖြစ်သည်။

ဗိုလ်ကြီးကျော်သူရ၏ ရုပ်အလောင်းကို ပဲခူးမြို့ သာမဏေကျော် နာရေးကူညီမှု အသင်းမှ ရန်ကုန်ရေဝေး သုဿန် ရေခဲတိုက်သို့ ညနေ ၃ နာရီတွင် ပို့ဆောင်ပေးခဲ့သည်ဟု သာမဏေကျော် နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးကြည်ဝင်းက မဇ္ဈိမကိုပြောသည်။

ဗိုလ်ကြီးကျော်သူရမှာ အသက် ၄ဝ ကျော်ခန့် ရှိမည်ဟု ဒေသခံများက ခန့်မှန်းထားကြသည်။

အခင်း ဖြစ်ပွားပြီးချိန်တွင် ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ တာဝန်ကျရဲများ ရောက်ရှိလာပြီး ဓါတ်ပုံရိုက် မှတ်တမ်းတင် သွားခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောဆိုသည်။

အမှတ် ၃ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်း မရှိပါ။


http://www.mizzimaburmese.com/news/obituary/7796-2011-06-23-12-32-49.html

နောက်ထပ် အဟောင်းတွေကို အသစ်လုပ်ပြီး ပြန်တင်ပေးပါအုံး
မငယ်နိုင်အားနေတာပဲ

သြစတျေးလျနိုင်ငံကို ရောက်နေတဲ့ ဒုက္ခ သည် စခန်းဆင်း တွေကလည်း သူတို့အချင်းချင်း မတည့်ကြပါဘူး။ အတတ်ပညာက နည်းတဲ့အပြင် အသိပညာကပါ ညံ့ဖျင်းတာကြောင့် အမြဲ အနှိမ်ခံရပါတယ်။ အနှိမ်ခံရတိုင်းလည်း သူတို့အသုံးမကျလို့ ဆိုတာကို မေ့ထားပြီး အစိုးရ အသုံးမကျလို့ အနှိမ်ခံရတယ်လို့ပဲ ခံယူထားကြပါတယ်။ အနှိမ်ခံရတဲ့အပြင် အချင်းချင်းက အစည်းလုံးတော့ ပိုဆိုးပါတယ်။ ပြိုင်ကြ ဆိုင်ကြတာလည်း ရစရာမရှိပါဘူး။ ဒါကလည်း သြစတျေးလျတင်မဟုတ်ပါဘူး။ နိုင်ငံခြားရောက် မြန်မာအားလုံးက မြန်မာအချင်းချင်းတွေ့ဖို့ဆို အမြဲရှောင်ကြပြီး ဘာမဟုတ်တာလေးတွေနဲ့ အချင်းချင်း ပြိုင်နေကြတာချည်းပါပဲ။ ပြည်တွင်းမှာ အမျိုးသားရင်ကြားစေ့ဖို့ဆိုတာထက် ပြည်ပမှာ မြန်မာချင်း အတွေ့ခံရဲဖို့နဲ့ ကိုယ့်ကိုယ်ကို မြန်မာလို့ထင်မှာ မကြောက်ဖို့က ပိုပြီးအရေးကြီးပါတယ်။



နယ်စပ်ဒုက္ခသည်စခန်းတွေကနေ မြန်မာဒုက္ခသည်တွေရောက်လာကြတယ်။ ပြည်တွင်းကလည်း လာကြတယ်။ လေးငါးခြောက်လလောက်နေပြီးတော့ သူတို့က TV ဆိုရင် အပြားမှ။ ကြီးမှ ကြိုက်ကြတယ်။ Flat TV လို့ခေါ်တဲ့ TV အပြားက နောက်ဆုံးပေါ်ဖြစ်တော့ သြစီက မြန်မာတွေ အိမ်တိုင်းနီးနီးရှိကြတယ်။

တချို့ လည်း အပြိုင်အဆိုင် သူဝယ်ရင် ကိုယ်လည်းဝယ်တယ်။ ကိုယ်ကြီးရင် သူလည်းလိုက်ကြီးကြတယ်။ TV အပြားကလည်း High Defination က ကောင်းတော့ ရုပ်တော်တော်ရှင်းတယ်။ လူတော်တော်များများကြိုက်ကြတယ်ပေါ့။





ဒုက္ခသည်စခန်းနဲ့ မြန်မာပြည်မှာ နေတုန်းက TV အပြား မပြောနဲ့ ဂေါ်ပြားလောက်ပဲကိုင်ဖူးတဲ့လူက အခုဆိုရင် TV အလုံးမကြည့်ချင်။ အလုံးရှိနေရင် ဂုဏ်ငယ်သလိုမျိုး။ ငါ့အိမ်က အပြားက နင့်..အိမ်က အပြားထက်ပိုကြီးတယ်။ ဒါ့ကြောင့် ငါက,နင့်ထက်ပိုပြီး ချမ်းသာတယ်ပေါ့။ ဒီလိုမျိုး။..ပြိုင်စရာမရှိ ကြံဖန်ပြီး အကြီးအသေး ပြိုင်ကြလေတယ်။


လုပ်တဲ့အလုပ်က စက်ရုံမှာ။ ဈေးဆိုင်တွေမှာ။ သန့်ရှင်းရေးနဲ့ စက်ရုံအလုပ်သမား။ ၀င်ငွေကလည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာ။ အတူတူလောက်ပဲ။ ဒါကိုများ TV အပြားပြိုင်ရတာနဲ့ ဘာနဲ့။ (အော်ဇီရော် ဘုန်းကျော်)

Anonymous said...
((နိုင်ငံခြားရောက် မြန်မာအားလုံးက ဘာမဟုတ်တာလေးတွေနဲ့ အချင်းချင်း ပြိုင်နေကြတာချည်းပါပဲ။))



အေးကွာ ....

သြစတျေးလျနိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည် စခန်းဆင်း တွေက
ဟန်ပြ အရပ်သားအစိုးရ အမည်ခံ စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေ ပြည်သူ့ဘဏ္ဍာကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး အခိုး ပြိုင်သလို အခိုး မပြိုင်နိုင်ဘူးကွာ။
ခိုးထားတဲ့ ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီတဲ့ ဘဏ်စာရင်းလဲ မပြိုင်နိုင်ဘူးကွာ။
ခိုးထားတဲ့ ငွေနဲ့ ဝယ်ထားတဲ့ ရွှေတွေ၊ စိန်တွေလဲ မပြိုင်နိုင်ဘူးကွာ။
နန်းတော်လို အိမ်ကြီး၊ ခြံကြီးတွေလဲ မပြိုင်နိုင်ဘူးကွာ။

ဒီတော့လဲ Flat TV လို့ခေါ်တဲ့ TV အပြားပဲ ပြိုင်နေရတာပေါ့ကွာ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေ ပြည်သူ့ဘဏ္ဍာကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး အခိုး ပြိုင်နေကြပုံ (၄)

- ခိုးသားကြီး သိန်းစိန်


http://www.bur.irrawaddy.org/index.php/articles/2-articles/5739-2011-02-15-05-28-41

စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေ ပြည်သူ့ဘဏ္ဍာကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး အခိုး ပြိုင်နေကြပုံ (၅)

- ခိုးသားကြီး မောင်အေး


http://www.bur.irrawaddy.org/index.php/special/2010-08-04-10-30-14/5924-2011-03-10-06-00-38

"88 ကျောင်းသားနဲ့ ဒီအရေးအခင်းပဲ အမြဲတမ်း အရေးအရာလုပ်ပြီးပြောနေတယ် ဘာမှမထူးလာတော့တဲ့ အတိတ်ဟောင်းတွေကို ထပ်ခါထပ်ခါ ရွတ်မနေပါနဲ့တော့"
ဆိုပြီး မောင်တာဝ က ရေးသွားတယ်။



ဟိတ်ကောင်

မောင်တာဝ နာမည်နဲ့ အရူးစကား ရေးသွားတဲ့ သန်းရွှေ အောက်ဆွဲ အယုတ်တမာကောင် ...

"အတိတ်က အရာတွေဖြစ်လို့ စိတ်မဝင်စားဘူး" ဆိုလို့ အရူးစကား လာပြောမနေနဲ့ ... အဆိပ်ပင်ရေလောင်း၊ အရူးဘုံမြှောက်၊ လူသတ်မှု အားပေး၊ လူစိတ်ပျောက်နေတဲ့ အယုတ်တမာကောင်ရဲ့။

၁၉၈၈ ပြည်သူ့အရေးတော်ပုံမှာ စစ်အစိုးရက ပြည်သူ ၃ဝဝဝ ကျော်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တာဟာ ရာဇဝတ်မှုကွ။


ပြီးတော့ ---

သန်းရွှေက ဒေါ်လာသန်းထောင်နဲ့ချီပြီး ခိုးခဲ့တာတွေ၊ လူသတ်ခဲ့တာတွေ၊ ခရစ်စတီကျွန်း လူအစုအပြုံလိုက် သတ်မှု (၁၉၉၈)၊ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု (၂ဝဝ၃)၊ သံဃာတော်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်မှု (၂ဝဝ၇) အပါအဝင် လူအစုအပြုံလိုက် သတ်ခဲ့တာတွေ၊ (အထူးသဖြင့်) တိုင်းရင်းသားဒေသတွေမှာ အတင်း ရွာပြောင်းခိုင်းမှုတွေ၊ လယ်သမားတွေဆီက မြေသိမ်းမှုတွေ၊ ဥပဒေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ ..... ဟာ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေပဲ။



"အတိတ်က အရာတွေဖြစ်လို့ စိတ်မဝင်စားဘူး" ဆိုလို့ အရူးစကား လာပြောမနေနဲ့ ... အဆိပ်ပင်ရေလောင်း၊ အရူးဘုံမြှောက်၊ လူသတ်မှု အားပေး၊ လူစိတ်ပျောက်နေတဲ့ အယုတ်တမာကောင်ရဲ့။

တရားမဝင် စစ်အစိုးရခေါင်းဆောင် အဆက်ဆက်ရဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို မြန်မာပြည်သူတွေက စိတ်ဝင်စားတယ်၊ တရားဥပဒေအတိုင်း စစ်ဆေး အပြစ်ပေးဖို့ နိုင်ငံတကာကပါ စိတ်ဝင်စားတယ်။

သန်းရွှေ ရဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို မြန်မာပြည်သူတွေက စိတ်ဝင်စားတယ်၊ တရားဥပဒေအတိုင်း စစ်ဆေး အပြစ်ပေးဖို့ နိုင်ငံတကာကပါ စိတ်ဝင်စားတယ်။

စုံစမ်းရေး ကော်မရှင် (CoI) ဖွဲ့ရေး ထောက်ခံသည့် နှစ်နိုင်ငံ တိုး


မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒိန်းမတ်နှင့် လတ်ဗီးယား နိုင်ငံများက ထောက်ခံလိုက်သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံသည့်နိုင်ငံ ၁၆ နိုင်ငံ ရှိသွားပြီဖြစ်သည်။


http://www.irrawaddymedia.com/bur/index.php/news/2010-11-12-10-25-42/5945-2011-03-12-08-18-31

CoI ဖွဲ့စည်းရေး အမေရိကန် ဖိအား ထပ်ပေးမည်


မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးအတွက် အမေရိကန် အစိုးရက ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို CoI ဖွဲ့စည်းပြီး စစ်ဆေးဖို့အတွက် ကျမတို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ပူးပေါင်းပြီး လုပ်ဆောင်နေတယ်ဆိုတာကို ကျမ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။


http://www.irrawaddy.org/bur/index.php/news/1-news/4420-coi----

စစ်ရာဇဝတ်ကောင် သန်းရွှေတို့၏ စစ်ရာဇဝတ်မှုများကို စုံစမ်းရေး ကော်မရှင် (CoI) ဖွဲ့ပြီး စစ်ဆေးရန် ၁၆ နိင်ငံက ထောက်ခံထားပြီ


စစ်ရာဇဝတ်ကောင် သန်းရွှေ၊

စစ်ရာဇဝတ်ကောင် မောင်အေး၊

စစ်ရာဇဝတ်ကောင် သိန်းစိန်၊

စစ်ရာဇဝတ်ကောင် တင်အောင်မြင့်ဦး၊

စစ်ရာဇဝတ်ကောင် ရွှေမန်း

အပါအဝင် စစ်ရာဇဝတ်ကောင်
စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်များ၏ စစ်ရာဇဝတ်မှုများ (war crimes) နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (crimes against humanity) ကို စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့စည်းပြီး စစ်ဆေးရန် ချက်သမတနိုင်ငံ၊ ဗြိတိန်၊ ဆလိုဗေးကီးယား၊ ဟန်ဂေရီ၊ နယ်သာလန်၊ ပြင်သစ်၊ လစ်သူယေးနီးယား၊ အိုင်ယာလန်၊ အက်စ်တိုးနီးယား၊ ဒိန်းမတ်၊ လတ်ဗီးယား၊ သြစတြေးလျ၊ အမေရိကန်၊ ကနေဒါနှင့် နယူးဇီလန် အပါအဝင် စုစုပေါင်း ၁၆ နိင်ငံက ထောက်ခံထားပြီ ဖြစ်ပါသည်။


http://www.irrawaddymedia.com/bur/index.php/news/2010-11-12-10-25-42/5945-2011-03-12-08-18-31

26 Jun 11, 04:16 AM
မောင်တာဝ: 88 ကျောင်းသားနဲ့ ဒီအရေးအခင်းပဲ အမြဲတမ်းအရေးအရာလုပ်ပြီးပြောနေတယ် ဘာမှမထူးလာတော့တဲ့အတိတ်ဟောင်းတွေကို ထပ်ခါထပ်ခါရွတ်မနေပါနဲ့တော့ အခုနိုင်ငံအတွက်ကရောဘာတွေလုပ်နေလဲ ဒီလိုပဲတောင်အော်မြောက်အော်တွေလုပ်တော့ကော ဘာဖြစ်လာလဲ ကီဘုတ်ကိုင်တိုက်ပွဲဝင်တယ်ဆိုတာကလဲ ဟက်ကာတွေကြားထဲပဲ ထားလို့ကောင်းတဲ့စကားလုံးပါ ဘလော့ရေးတိုက်ပွဲဝင်တာကတော့ ဖွတ်သာသာပါ။ ဘာဖြစ်လို့လဲ သိလား အကုန်လုံးကအနာဂတ်ကိုမျှော်ပြီးတော့ အတိတ်ကိုစွန့်ပြီးအလုပ်လုပ်ကုန်ပြီမငယ်နိုင်ရေတစ်ကယ်ပါပဲဗျာ မပြောဘူးနေနေတာ အစိုးရဘက်ကလဲလိုက်တာမဟုတ်ဘူး ဒီမိုလဲမလိုက်ဘူး ဒါပေမယ့် နည်းလမ်းမကျတာတွေတော့ ပြောရမယ်မဟုတ်လား ခင်ဗျားတို့ ဒီနည်းတွေကအသုံးမ၀င်ဘူးဆိုတာလဲသိနေတာပဲ ဘာတွေရေးနေတာလဲ အတိတ်ကိုစွန့်ပြီး အနာဂတ်အတွက် မျှော်ကိုးပြီးသာ အလုပ်လုပ်ပါ အတိတ်ကိုဖက်တွယ်ပြီးအနာဂတ်ကို မျှော်လင့်နေမယ်ဆိုရင်တော့ ဒီဘက်ခေတ်မှာ လူမွှေးတောင်မပြောင်ဘူး ဒီလောက်ပဲ။

26 Jun 11, 09:43 AM
Nge Naing: မောင်တာဝ ဘာဖြစ်လို့ IP အတုနဲ့ လာရေးထားတာလဲ။ အရင်တခါလာရေုးန်းက IP နဲ့ ဘာလို့မရေးတာလဲ။ မိမိကိုယ်ကိုယ် မိမိ စစ်သားတယောက် ဖြစ်တယ်ဆိုတာကိုတောင် ၀န်ခံမရဲတော့တာလား။ ပြောလိုတာက ဒါမဟုတ်ဘူး။ အတိတ်ကို စွန့်ရင် ကျောက်ခေတ်က အခြေအနေကို ပြန်ရောက်ပြီး မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းဆိုတာလည်း မရှိ ဘုရားပွင့်တာလည်း လူမသိ ဖြစ်ကုန်မှာပေါ့။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်အကြောင်း မင်းတို့ မသိတာ မဆန်းပါဘူး။ အမှန်တရာကို ဖျောက်ဖျက်ဖုံးကွယ်တာ လုံးဝလက်မခံနိုင်ပါ။ လွန်ခဲ့တဲ့ ၃၅ နှစ် ဒီနေ့မှာ အမှန်တရားအတွက် ရဲဝံ့စွာ ကြိုးပေးခံသွားသော ကိုတင်အောင်ဦးနဲ့ ခေတ်အဆက်ဆက်က အာဇာနည်သူရဲကောင်း အပေါင်းအား အလေးပြုပါတယ်။ သက်ရှိတို့ရဲ့ သမိုင်းအတွက် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတောင် ပြန်ဖေါ်နေရတဲ့အချိန်မှာ အနှစ်သုံးလေးငါးဆယ်က မြန်မာ့သမိုင်းကို ပြန်ဖေါ်ထုတ်တာ ဒေါသထွက်စရာ မဟုတ်ဘူး မောင်တာဝ။

ှု(C-Box က မောင်တာဝမှတ်ချက်နဲ့ C-Box မှာပဲ ကျွန်မ အကြောင်းပြန်ထားတာကို ပို့စ်နဲ့ ဆိုင်နေလို့ ကူးယူလာပါတယ်။ အရင်တခါကလည်း မောင်တာဝက C-Box မှာ ဒီလိုပဲ လာရေးဖူးပါတယ်။ နောက်တခါ ပို့စ်နဲ့ဆိုင်တဲ့မှတ်ချက်ကို ပို့စ်အောက်မှာပဲ ရေးဖို့ မေတ္တာရပ်ခံပါတယ်။

26 Jun 11, 04:16 AM
မောင်တာဝ: ((88 ကျောင်းသားနဲ့ ဒီအရေးအခင်းပဲ အမြဲတမ်းအရေးအရာလုပ်ပြီးပြောနေတယ် ဘာမှမထူးလာတော့တဲ့အတိတ်ဟောင်းတွေကို ထပ်ခါထပ်ခါရွတ်မနေပါနဲ့တော့))



ဟေ့
၇ု၇ှားက မောင်တာဝ ဆိုတဲ့ကောင်

လူစိတ်မွေးပီး လူလိုတွေးပီး လူလိုေ၇းကွ..

စစ်အစိုး၇အဆက်ဆက်က စစ်တပ်ကို ခါးပိုက်ဆောင်တပ် အဖြစ် အလွဲသုံးပီး ဥပဒေမဲ့ ၇မ်းကားချင်တိုင်း ၇မ်းကား၊ သတ်ချင်တိုင်း သတ်လာတာတွေကို ((အတိတ်ဟောင်းတွေ)) ဆိုပီး မေ့ပစ်လိုက်လို့ ဖြစ်မလားကွ..

လက်နက်မဲ့ ပြည်သူ ၃ဝဝဝ ကျော်ကို မြို့လယ်ခေါင်တွေမှာ စည်းမဲ့ကမ်းမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ ပြည်လုံးကျွတ်လူသတ်ပွဲကြီးကို မပြောဘဲ နေလို့ ၇မလားကွ..

လက်နက်မဲ့ အ၇ပ်သား ၈၁ ယောက်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၉၈ ခုနှစ်၊ ခ၇စ်စတီကျွန်း လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..

လက်နက်မဲ့ ပြည်သူ ၁ဝဝ ကျော်ကို မင်းမဲ့စ၇ိုက်နဲ့ အသေ၇ိုက်သတ်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်၊ ဒီပဲယင်း လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..

လက်နက်မဲ့ ၇ဟန်း၇ှင်လူ ပြည်သူ ၁ဝဝ ကျော်ကို လက်လွတ်စပယ် ပစ်သတ်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်၊ေ၇ွှဝါေ၇ာင် လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..

အများပြည်သူ မမြင်နိုင်တဲ့ နယ်စွန်နယ်ဖျားတွေမှာ (အထူးသဖြင့် တိုင်း၇င်းသားဒေသတွေမှာ) စစ်အစိုး၇အဆက်ဆက်က နှစ် ၅ဝ အတွင်းမှာ လက်နက်မဲ့ ပြည်သူတွေကို ထောင်သောင်းချီပီး ဥပဒေမဲ့ ပစ်သတ်လာတာတွေကို မပြောဘဲ နေလို့ ၇မလားကွ..

လူစိတ်မွေးပီး လူလိုတွေးပီး လူလိုေ၇းကွ..

ဟုတ်ပီလား..

ကမ္ဘာမကြေဘူး

(၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံ သီချင်း)


(ကမ္ဘာမကြေဘူး... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
ဩော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့ တိုင်းပြည်)၂
ရဲရဲတောက် တို့ပြည်သူတွေ...

(ကိုယ်တော်မှိုင်း... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
သခင်အောင်ဆန်း... နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
ဩော်... လုပ်ရက်ကြပေ... ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ)၂
အတုံးအရုံး လဲပြိုကာနေ...

(ညီအစ်ကိုတို့... ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး
မတွေဝေနဲ့... ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာ ကျဆုံးသော
ဩော်... သူရဲကောင်းတို့လို ခိုင်မာပီပြင် တော်လှန်ပစ်မလေ)၂
မျိုးချစ်တဲ့ တို့ဇာနည်တွေ... ကမ္ဘာမကြေဘူး



(၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ချီတက်ဆန္ဒပြတဲ့ ပြည်သူတွေ သီဆိုခဲ့တဲ့ သီချင်း)



http://www.youtube.com/watch?v=ntxRso06bhc&feature=related

ကြိုးစင်တက်တဲ့ နောက်ဆုံးအချိန်အထိ "စစ်အစိုးရကို ဒူးမထောက် အညံ့မခံဘူး" ဆိုပြီး ကြွေးကြော်ခဲ့တဲ့ ဆလိုင်းကိုတင်မောင်ဦး ၃၅ နှစ်မြောက်နေ့


2011-06-26


ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦး စစ်အာဏာရှင် လက်ချက်နဲ့ ကျဆုံးခြင်း ၃၅ နှစ် ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဆလိုင်းတင်မောင်ဦးရဲ့ မိသားစုဝင်တွေက ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်၊ ဇိုမီး အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးကျင်ရှင်းထန် တို့ကလည်း ဗီဒီယိုက တဆင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ဒီမိုကရေစီရေး လှုပ်ရှားသူ တိုင်းရင်းသားလူမျိုးစုံ တက်ရောက်ပြီး ဆလိုင်း တင်မောင်ဦးနဲ့ လက်တွဲ လှုပ်ရှားခဲ့တဲ့ ကျောင်းသားဟောင်း တွေက အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြ ဖလှယ်ကြပါတယ်။ ဒါ့အပြင် အဆိုတော် လားရှိုးသိန်းအောင်ကလည်း ဆလိုင်းတင်မောင်ဦး ကို ဂုဏ်ပြုတဲ့ တေးသီချင်းတွေ သီဆိုခဲ့ပါတယ်။

အလားတူပဲ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ချင်းကွန်မြူနတီကွန်ဂရက် က ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားကို တနင်္ဂနွေနေ့မှာ ပြုလုပ်ပါတယ်။

ဆလိုင်းကိုတင်မောင်ဦးဟာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှာ ရှေ့တန်းက ပါဝင်ခဲ့သလို ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်နေ့ ကျင်းပဖို့ လုပ်ဆောင်နေစဉ် မတ်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ဇွန်လ ၂၆ ရက်နေ့မှာ မဆလ စစ်အစိုးရရဲ့ ကြိုးမိန့်ပေး ကွပ်မျက်တာကို ခံခဲ့ရပါတယ်။

ဆလိုင်းတင်မောင်ဦးဟာ ကြိုးစင်တက်တဲ့ နောက်ဆုံး အချိန်အထိ စစ်အစိုးရကို ဒူးမထောက် အညံ့မခံဘူး ဆိုပြီး ကြွေးကြော်ခဲ့တယ်လို့ သိရပါတယ်။


http://www.rfa.org/burmese/news/salai-tin-maung-oo-35th-memorial-06262011095204.html

မဆလ စစ်အစိုးရရဲ့ ပထမဦးဆုံး ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၁)


မစ်ရှီဂန်ကပေးတဲ့စာ(၇၄)
အောင်ဝေး
ဇွန် ၂၆၊ ၂၀၁၁


မိတ်ဆွေကြီးကိုဒေါင်း…

ကျန်းခံ့သာလို့မာပါစ။

ဒီရက်ထဲမှာတော့ အမှတ်ရစရာ ရက်စွဲတွေကို ကျနော်တို့ ကြုံကြရ၊ ဖြတ်ကြရပြီ။

ဇွန်လ (၆) ရက်-၁၉၇၄ ဇွန် ၆ အလုပ်သမား အရေးအခင်း (၃၇) နှစ် ပြည့်တဲ့နေ့။

နောက်တခါ ဇွန်လ(၆) ရက်ပဲ၊ ၁၉၇၅ ဇွန် ၆ ရွှေတိဂုံ အထွေထွေ သပိတ် (၃၆) နှစ် ပြည့်တဲ့နေ့။

ပြီးတော့ ဇွန်လ (၂၆) ရက် – ၁၉၇၆ ဇွန် ၂၆ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံရတဲ့ (၃၅) နှစ် ပြည့်တဲ့နေ့။

မဆလ စစ်အစိုးရရဲ့ ပထမဦးဆုံး ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၂)


ကိုဒေါင်းရေ… အဲဒီ တိုက်ပွဲတွေ၊ အဲဒီ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့ကြတဲ့သူတွေ အဖို့ကတော့၊ အဲဒီနေ့တွေကို ဘယ်မေ့နိုင်ကြပါ့မလဲနော်။ ဒီလိုပါပဲ … အဲဒီလို တော်လှန် တိုးတက်တဲ့ ကျောင်းသား တိုက်ပွဲ သမိုင်း အစဉ်အလာကို ဆက်ခံခဲ့ကြတဲ့ နောင်လာ နောက်သား မျိုးဆက်သစ် ကျောင်းသားတွေဆိုရင်လည်း အဲဒီရက်စွဲတွေကို ဘယ်မေ့ထားနိုင်ကြပါ့မလဲ။

၁၉၇၄ မဆလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေ အဖြစ်နဲ့ ဖြစ်ပေါ်ခဲ့တဲ့ အဲဒီ ၁၉၇၄-၇၅-၇၆ ကျောင်းသား၊ အလုပ်သမား တိုက်ပွဲတွေဟာ၊ ၁၉၈၈ခုနှစ်မှာ အဲဒီ မဆလ ၇၄ ဖွဲ့စည်းပုံ ဥပဒေကို မြေမြှုပ် သင်္ဂြိုဟ်ပစ်တဲ့ ကျောင်းသားတိုက်ပွဲဆီ ရောက်တဲ့အထိ ခွပ်ဒေါင်း အစဉ်အလာ၊ ခွပ်ဒေါင်းစိတ်ဓာတ်တွေ လက်ဆင့်ကမ်း မီးကူးငြှိပေးနိုင်ခဲ့တယ်လို့ ဆိုရလိမ့်မယ်။

အခု ဇွန်လ (၂၆) ရက်နေ့ ဆိုရင် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံရတဲ့နေ့ ဆိုတာ ကျနော်တို့ မှတ်မှတ်ရရ ရှိကြဖို့ လိုတယ် ကိုဒေါင်း။

မဆလ စစ်အစိုးရရဲ့ ပထမဦးဆုံး ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၃)


ဒီနေရာမှာ ကိုတင်မောင်ဦးအကြောင်း အနည်းအကျဉ်း ပြောရမယ် ဆိုရင်…

ချင်းတိုင်းရင်းသား ကိုတင်မောင်ဦးဟာ

၁၉၇၄ ဒီဇင်ဘာ ဦးသန့် အရေးအခင်း၊

၁၉၇၅ ဇွန် ၆ ရွှေတိဂုံ အထွေထွေ သပိတ်

တွေမှာ ပါဝင် ခေါင်းဆောင်ခဲ့သူတဦးပါ။

ရွှေတိဂုံသပိတ်အပြီးမှာ ကိုတင်မောင်ဦး တောခိုသွားတယ်။ တောထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် ကျောင်းသားသမဂ္ဂကို သူ ဦးဆောင်ပြီး ဖွဲ့တယ်။ သူတို့ သမဂ္ဂက ပြည်တွင်း မြေအောက်လုပ်ငန်းနဲ့ တောတွင်းလက်နက်ကိုင်တိုက်ပွဲ ဆိုပြီး အပိုင်း နှစ်ပိုင်း ခွဲလုပ်ကြတော့ ကိုတင်မောင်ဦးက ပြည်တွင်း ပြန်ဝင်လာတယ်။ အဲဒါ ၁၉၇၆ မတ်လ(၂၃)ရက်၊ မှိုင်းရာပြည့်ပွဲ မတိုင်ခင်ကလေးမှာပါ။

အဲဒီမှာ သူ အဖမ်းခံလိုက်ရတာပါပဲ။ မတ်လ (၁၉) ရက်နေ့မှာ မဆလ စစ်ထောက်လှမ်းရေးတွေက ကမာရွတ် ခြံတခြံမှာ ပုန်းခိုနေတဲ့သူ့ကို အနံ့ခံ ဖမ်းမိသွားတယ်။ မတ်လ (၂၂) ရက်နေ့ည မြန်မာ့အသံက ကိုတင်မောင်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းကြေညာတယ်။

မဆလ စစ်အစိုးရရဲ့ ပထမဦးဆုံး ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၄)


နောက်တနေ့၊ ကျောင်းသားတွေ မှိုင်းရာပြည့်ပွဲ ကျင်းပမယ့် မတ်လ(၂၃)ရက်နေ့ထုတ် အစိုးရသတင်းစာမှာ ဒီသတင်း ပါလာတယ်။

မဆလစစ်အစိုးရဟာ ကျောင်းသားတွေရဲ့ မှိုင်းရာပြည့်ပွဲကို ခါးဖြတ်ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမဲ့၊ အဲဒီနေ့မှာ ကျောင်းသားထုကြီးဟာ ရန်ကုန်တက္ကသိုလ်ကနေ ရွှေတိဂုံဘုရားခြေရင်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အထိ ချီတက်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။ အဲဒီ အခမ်းအနားမှာ လတ်တလော အဖမ်းခံထားရတဲ့ ကိုတင်မောင်ဦးရဲ့ နှမငယ် အထက်တန်းကျောင်းသူ မလှမြိုင် (ခေါ်) မိုင်ပိုပိုဒင်လည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။

နောက်တနေ့မှာတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို မဆလ စစ်တပ်က အကြမ်းဖက် ၀င်ရောက်စီးနင်းပြီး ကျောင်းသားတွေ အမြောက်အမြားကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလို ကျောင်းသားတွေ အဖမ်းခံလိုက်ရပြီး မဆလစစ်အစိုးရက အင်းစိန်ထောင်ထဲ ထည့်လိုက်တဲ့ အချိန်မှာပဲ၊ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက အကျဉ်းနည်း စစ်ပြီး ကိုတင်မောင်ဦးကို သေဒဏ် ချမှတ်လိုက်ပါတယ်။ ရက်ပိုင်းအတွင်း ဇွန်လ(၂၆)ရက်နေ့မှာ စစ်အစိုးရက ကိုတင်မောင်ဦးကို ကြိုးပေး ကွပ်မျက်လိုက်တာပါ။

မှိုင်းရာပြည့် အရေးအခင်းနဲ့ အဖမ်းခံရတဲ့ ကျောင်းသားတွေကိုတော့ သြဂုတ်လထဲမှာ စစ်ခုံရုံးကနေ ကြမ်းခင်းဈေး ထောင်ဒဏ် (၅) နှစ်ကနေ (၁၅) နှစ် အထိ ပြစ်ဒဏ် ပေးခဲ့ပါတယ်။

မဆလ စစ်အစိုးရရဲ့ ပထမဦးဆုံး ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၅)


ကိုတင်မောင်ဦးဟာ ကြိုးစင်ပေါ် မတက်ခင်မှာ ထောင်ထဲက ကျောင်းသားတွေ ကြားအောင် ရဲရဲဝံ့ဝံ့ အော်ဟစ် တပ်လှန့် နှိုးဆော်သွားတယ်လို့ အဲဒီအချိန်က သူနဲ့ခေတ်ပြိုင် ကျောင်းသား နိုင်ငံရေး အကျဉ်းသားတွေက ပြန်ပြောင်း ပြောပြတတ်ကြပါတယ်။

နာကြည်းစရာ၊ နာကျင်စရာလည်း အလွန်ကောင်းပါတယ်။ ကိုဆလိုင်းတင်မောင်ဦးဟာ မဆလ စစ်အစိုးရရဲ့ ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ပထမဦးဆုံး ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားလည်း ဖြစ်နေတာပါ။

အဲဒီအချိန်က ကိုတင်မောင်ဦးနဲ့ ရှေ့ ဆင့်နောက်ဆင့်မှာပဲ တပ်မတော်သား ခေါင်းဆောင် ဗိုလ်ကြီး အုန်းကျော်မြင့်လည်း မဆလအစိုးရရဲ့ကြိုးပေးကွပ်မျက်ခြင်းကို ခံခဲ့ရတာပါ။

ကိုဒေါင်းရေ… ကိုတင်မောင်ဦးနဲ့ပတ်သက်လို့ နာကြည်းစရာ၊ နာကျင်စရာတွေထဲကနေ လွမ်းစရာတချို့ ကိုလည်း အဲဒီတုန်းက ပြောစမှတ် ရှိခဲ့ကြပါသေးတယ်။ ကိုတင်မောင်ဦး ကြိုးပေးမခံရခင် နောက်ဆုံး နေသွားတဲ့အခန်း၊ အဲဒီ ၁၉၇၆ တုန်းက အင်းစိန်ထောင်၊ အထူးတိုက်သစ်၊ အခန်း(၁)ကို နောက်ပိုင်း ရောက်လာကြတဲ့ ကျောင်းသားတိုင်းဟာ၊ အခန်းနံရံ တနေရာမှာ ခဲတံကလေးနဲ့ ရေးထားတဲ့ “ညီမလေး မလှမြိုင်၊ ညီမလေး အတွက် အစ်ကိုကြီး ဂုဏ်ယူပါတယ် – အစ်ကိုကြီး တင်မောင်ဦး” ဆိုတဲ့ စာတန်းလေးကို ဖတ်ပြီး ကြေကွဲမဆုံး၊ ၀မ်းနည်းမဆုံး ဖြစ်ခဲ့ကြရတယ် လို့ ဆိုပါတယ်ဗျာ။

မဆလ စစ်အစိုးရရဲ့ ပထမဦးဆုံး ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၆)


ကိုဒေါင်းရေ…

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမဲ့ ကျနော်တို့ဟာ ကိုတင်မောင်ဦးကို မမေ့နိုင်ကြသေးပါဘူး။ သူဟာ မြန်မာ နိုင်ငံ ကျောင်းသားထုရဲ့ သူရဲကောင်းတဦး အဖြစ် ထာဝရ တည်တံ့နေဦးမှာပါ။

အခုလို သူကျဆုံးခဲ့တဲ့ (၃၅)နှစ်ပြည့်တဲ့ ကာလမှာ ကျနော်တို့ သူ့ကို ဘယ်လို ထပ်ပြီး ဂုဏ်ပြုကြမလဲ။ သူ့ရဲ့ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်မှုတွေ အတွက် ကျနော်တို့ကကော ဘာတွေ ပြန်ပေးဆပ်ကြမလဲ။ ဒီအကြောင်းတွေ ရှေ့ တပတ် ဆက်ပြီး ပြောကြသေးတာပေါ့ ကိုဒေါင်းရေ…။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ ။

အောင်ဝေး
(ဇွန် ၁၃-၂၀၁၁)



မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese


http://moemaka.wordpress.com/2011/06/26/letters-from-michigan-74/

မေ့လျော့နေခဲ့သော အာရှတိုက်၏ သူရဲကောင်း ဆလိုင်းကိုတင်မောင်ဦး


ရေးသားပြုစုသူ (ကိုအောင်ထူး)..


http://www.demowaiyan.co.cc/2011/06/blog-post_3344.html


ကိုဇော်ဇော်လှိုင်မှ ဖြန့်ဝေပါသည်....။




ဒေါင်းလုပ် လုပ်ချင်ရင်...

Tin Maung Oo ~ A Forgotten Hero of Asia by U Aung Htoo Burmese.pdf


http://www.mediafire.com/?u4jm3hy4l4bi1hb

27 Jun 11, 05:25 PM
အီးယောင်ဝါးဒီမို: သူများက ဆလိုင်းတင်မောင်ဦးဆိုလို့သာ မငယ်နိုင်က လိုက်ပြီးတင်မောင်ဦးလိုက်တာ ကြည့်ပါလား တင်မောင်ဦးမှန်းမသိ တင်အောင်ဦးမှန်းမသိ

27 Jun 11, 07:36 PM
Nge Naing: တင်အောင်ဦးက ဘယ်သူလဲ ဆလိုင်း တင်မောင်ဦးနဲ့ ဘယ်လိုပတ်သက်လဲ။ ဆလိုင်းကိုကိုဦးတို့ ဆလိုင်းယောအောင်တို့ပဲ သိတယ်၊ ကျောင်းသားခေါင်းဆောင်တွေထဲမှာတော့ ဆလိုင်း တင်အောင်ဦးဆိုတာ တခါမှကို မကြားဖူးဘူး။

27 Jun 11, 07:40 PM
Nge Naing: ကျွန်မ ဒီပို့စ်ထဲမှာ တင်ထားတာတွေက မိမိကိုယ်တိုင် အတွေ့အကြုံမဟုတ် သူများဖန်တီးထားပြီးသားကို စုစည်းတင်ပြထားတာ ဖြစ်လို့ ဒါကို အီးယောင်ဝါးဆိုရင် မူရင်း တင်ပြသူတွေ အကုန်လုံးပါ အီးယောင်ဝါး ဖြစ်ကုန်လိမ့်မယ်။

(ဘယ်က အုတ်ကြားမြက်ပေါက်လဲ မသိဘူး C-Box မှာ ကြောင်တောင်တောင် လာရေးထားတာနဲ့ ကျွန်မ အကြောင်းပြန်ထားတာကို ပို့စ်နဲ့ ဆိုင်နေလို့ ကူးယူထည့်ထားလိုက်ပါတယ်။ တင်အောင်ဦး ဘယ်သူလဲဆိုတာ သိသူများ ရှိရင်လည်း ပြောပြသွားကြပါဦး)

ဆလိုင်းတင်မောင်ဦးနဲ့ ပတ်သက်ပြီး အပေါ်မှာ Link လာထည့်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အားတဲ့အချိန်ကျမှ လာထည့်ပေးထားတဲ့ Link ကုန်အောင် လိုက်ဖတ်လိုက်မယ်။

"မင်းတို့ ငါ့ကို သတ်လို့ ရပေမယ့်၊ ငါ့ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ သတ်လို့ မရဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။" ဆိုတဲ့ ကြိုးစင်ပေါ် တက်ခါနီးမှာ ဆလိုင်း တင်မောင်ဦး ကျုံးဝါးသွားတဲ့ စကားကတော့ ဖတ်မိတိုင်းမှာ ခန္ဓာကိုယ်ထဲမှာ ရှိသမျှ သွေးကြောတွေ အကုန်လုံးကို ကူးစက်စေတာ အမှန်ပဲ။

27 Jun 11, 05:25 PM
အီးယောင်ဝါးဒီမို: သူများက ဆလိုင်းတင်မောင်ဦးဆိုလို့သာ မငယ်နိုင်က လိုက်ပြီးတင်မောင်ဦးလိုက်တာ ကြည့်ပါလား တင်မောင်ဦးမှန်းမသိ တင်အောင်ဦးမှန်းမသိ



ကျောင်းသားခေါင်းဆောင်တွေထဲမှာ ဆလိုင်းတင်မောင်ဦး ပဲ ရှိပါတယ်။ ဆလိုင်းတင်အောင်ဦး မရှိပါ။


"အီးယောင်ဝါးဒီမို" နာမည်နဲ့ ရေးသွားတဲ့ အီးယောင်ဝါး စစ်စစ်ရေ...

"တင်မောင်ဦးမှန်းမသိ တင်အောင်ဦးမှန်းမသိ" ဆိုပြီး မငယ်နိုင်ကို ပြောမနေနဲ့၊ ကိုယ့်ဟာကိုယ် ပြန်ပြောရမှာ။

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ


http://www.voanews.com/burmese/news/--06_25_11_my-news-burmese---124547314.html


မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပါတယ် လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ လူသားမျိုးနွယ်တို့ အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ မြန်မာနိုင်ငံမှာ ရှိမရှိဆိုတာကို စုံစမ်းဖော်ထုတ်နိုင်မယ့် နိုင်ငံတကာ​ကော်မရှင် ပေါ်ပေါက်လာစေဖို့ အမေရိကန်က သံန္နိဋ္ဌာန်ချဆောင်ရွက်နေပါတယ် ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက်ထုတ်ပြန် အသိပေးလိုက်တာ ဖြစ်ပါတယ်။

မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားအောင်လုပ်ရမယ်။ အခုဆိုရင် ပြည်တွင်းစစ်က ပြန်ဖြစ်ပြီ။ ပြည်တွင်းစစ်ဖြစ်တာနဲ့ တပြိုင်တည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆက်ပြီးတော့ ပါလာတယ်။ စစ်တပ်တွေ စစ်ကြောင်းချီတဲ့နေရာမှာ အဓမ္မလုပ်အားပေး ပေါ်တာဆွဲတယ်။ ပုဂ္ဂလိကပိုင်ကားတွေကို အတင်းအဓမ္မသိမ်းပိုက်ပြီးတော့မှ စစ်ကြောင်းတွေ ချီတက်ရာမှာ သုံးတယ်။ နောက် လူတွေကို မိုင်းရှင်းဖို့အတွက် သုံးတယ်။ နောက်တခါ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ဒါတွေအားလုံးက ဆက်တိုက် ဆက်တိုက်ဖြစ်နေတာ။ ဆိုတော့… ဒါတွေကို ဟန့်တားဖို့အတွက် နိုင်ငံတကာကနေပြီး ထိရောက်တဲ့ ယန္တရားတခုလိုတယ်။ အဲဒါကဘာလဲ ဆိုတော့ ကုလသမဂ္ဂက ဦးဆောင်ဖွဲ့စည်းမယ့် commission inquiry ပေါ့။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပေါ့။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ပေါ့။ အဲဒါက အရေးတကြီးလိုအပ်တယ်။ အဲဒါရှိမှပဲ မြန်မာစစ်အုပ်စုက ဆက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်မကျူးလွန်အောင်၊ ရပ်တန့်သွားအောင် တားနိုင်မယ့် အတိုင်းအတာရှိတယ်။

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ (၁)


http://www.voanews.com/burmese/news/--06_25_11_my-news-burmese---124547314.html


မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပါတယ် လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ လူသားမျိုးနွယ်တို့ အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ မြန်မာနိုင်ငံမှာ ရှိမရှိဆိုတာကို စုံစမ်းဖော်ထုတ်နိုင်မယ့် နိုင်ငံတကာ​ကော်မရှင် ပေါ်ပေါက်လာစေဖို့ အမေရိကန်က သံန္နိဋ္ဌာန်ချဆောင်ရွက်နေပါတယ် ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက်ထုတ်ပြန် အသိပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ (၂)


http://www.voanews.com/burmese/news/--06_25_11_my-news-burmese---124547314.html


မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားအောင်လုပ်ရမယ်။ အခုဆိုရင် ပြည်တွင်းစစ်က ပြန်ဖြစ်ပြီ။ ပြည်တွင်းစစ်ဖြစ်တာနဲ့ တပြိုင်တည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆက်ပြီးတော့ ပါလာတယ်။ စစ်တပ်တွေ စစ်ကြောင်းချီတဲ့နေရာမှာ အဓမ္မ လုပ်အားပေး ပေါ်တာဆွဲတယ်။ ပုဂ္ဂလိကပိုင်ကားတွေကို အတင်းအဓမ္မသိမ်းပိုက်ပြီးတော့မှ စစ်ကြောင်းတွေ ချီတက်ရာမှာ သုံးတယ်။ နောက် လူတွေကို မိုင်းရှင်းဖို့အတွက် သုံးတယ်။ နောက်တခါ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ဒါတွေအားလုံးက ဆက်တိုက် ဆက်တိုက်ဖြစ်နေတာ။ ဆိုတော့… ဒါတွေကို ဟန့်တားဖို့အတွက် နိုင်ငံတကာကနေပြီး ထိရောက်တဲ့ ယန္တရားတခု လိုတယ်။ အဲဒါကဘာလဲ ဆိုတော့ ကုလသမဂ္ဂက ဦးဆောင်ဖွဲ့စည်းမယ့် commission inquiry ပေါ့။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပေါ့။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ပေါ့။ အဲဒါက အရေးတကြီး လိုအပ်တယ်။ အဲဒါရှိမှပဲ မြန်မာစစ်အုပ်စုက ဆက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက် မကျူးလွန်အောင်၊ ရပ်တန့်သွားအောင် တားနိုင်မယ့် အတိုင်းအတာ ရှိတယ်။

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ (၂)


http://www.voanews.com/burmese/news/--06_25_11_my-news-burmese---124547314.html


မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားအောင်လုပ်ရမယ်။ အခုဆိုရင် ပြည်တွင်းစစ်က ပြန်ဖြစ်ပြီ။ ပြည်တွင်းစစ်ဖြစ်တာနဲ့ တပြိုင်တည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆက်ပြီးတော့ ပါလာတယ်။ စစ်တပ်တွေ စစ်ကြောင်းချီတဲ့နေရာမှာ အဓမ္မ လုပ်အားပေး ပေါ်တာဆွဲတယ်။ ပုဂ္ဂလိကပိုင်ကားတွေကို အတင်းအဓမ္မ သိမ်းပိုက်ပြီး စစ်ကြောင်းတွေ ချီတက်ရာမှာ သုံးတယ်။ နောက် လူတွေကို မိုင်းရှင်းဖို့အတွက် သုံးတယ်။ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။

ဒါတွေကို ဟန့်တားဖို့အတွက် ကုလသမဂ္ဂက ဦးဆောင်ဖွဲ့စည်းမယ့် CoI (လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်) အရေးတကြီး လိုအပ်တယ်။

ဆလိုင်းတင်မောင်ဦး ကို သာဓက ယူပြီး နောက်ပိုင်း ABSDF က ကျောင်းသားတွေက ပြည်တွင်းကနေထွက်ပြေးပြီး နိုင်ငံခြားမှာပဲ အေးဆေး နှပ်နေကြပါ။ ပြည်တွင်းမှာ သွားအော်ရင် ဆလိုင်းတင်မောင်ဦး လိုဖြစ်မယ်။ ပြည်ပမှာ ဒုက္ခသည်လုပ်ရင် အေးဆေးပဲ။

အေး ... မလွဲမရှောင်သာလို့ ပြည်ပမှာ ဒုက္ခသည် အဖြစ် ရောက်သွားတဲ့ AB တွေ ရှိတယ်.. အဲဒါ ဘာဖြစ်လဲ..

အဲဒီ AB ဟောင်းတွေအားလုံးက AB ဖြစ်ခဲ့ဖူးတာ တခုထဲနဲ့ မင်းလို အရေမရအဖတ်မရ ပေါတောတောတွေ ရေးနေတဲ့ကောင်ထက်တော့ နှိုင်းယှဉ်လို့ မရအောင် မြင့်မြတ်ပြီးသားဘဲ..

အာဇာနည်ကျောင်းသားခေါင်းဆောင်
ဆလိုင်းတင်မောင်ဦး၏ နောက်ဆုံး ပြောစကား


"မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးဟေ့။"


၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် စနေနေ့ နံနက် ကြိုးပေးခံရခါနီးဆဲဆဲ ကြိုးစင်ပေါ်တွင် ထောင်အာဏာပိုင်တဦးက နောက်ဆုံး ဘာများ ပြောကြားလိုပါသလဲ ဟု မေးမြန်းခဲ့ရာ ရဲဘော် ဆလိုင်းတင်မောင်ဦးက စစ်အာဏာရှင်တို့ကို ရည်ရွယ်လျက် ထောင်အာဏာပိုင်တို့ကို အောက်ပါအတိုင်း ရဲဝံ့ပြတ်သားစွာ ပြောကြားခဲ့သည်။

"မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ ရမယ်။
ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။
မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးဟေ့။"


http://www.scribd.com/fullscreen/58703527

Student leader Salai Tin Maung Oo's last words


"You can kill my body.
But you can never kill my beliefs and what I stand for!
I shall never kneel down to the military boots!"


Salai Tin Maung Oo
26-6-1976
4:00 a.m.

အမြင့်ပျံခွပ်ဒေါင်း ( သို့ မဟုတ် ) ဆလိုင်းတင်မောင်ဦး

http://www.yeyintnge.com/2009/03/blog-post_7661.html



အလုပ်သမားတွေက ဆန်တောင်းတယ်၊
ခင်ဗျားတို့က ကျည်ဆံ ပေးတယ်။

(ကိုသိမ်းလွင်၊ စက်မှု)
၁၉၇၅ ခု၊ ဂျွန်လ ၆ ရက်


ကျောင်းသားအချင်းချင်း သွေးဝမ်းကွဲအောင်၊ တယောက်နဲ့တယောက် မယုံသင်္ကာ ဖြစ်အောင် အပြန်အလှန် ထောက်လှမ်းခိုင်းတာတွေ ရပ်တန်းက ရပ်ပေးပါ။

(ကိုစိုးရန်၊ လျှပ်စစ်)
၁၉၇၅ ခု၊ ဂျွန်လ ၆ ရက်


ကျောင်းသားတွေ ဆန်ဒပြတိုင်း ချင်းစစ်သားတွေက ပစ်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်အောင် ချင်းလက်နက်ကိုင်တပ်ရင်းတွေရဲ့ အမှတ်တံဆိပ်နဲ့ စစ်သားတွေကို သုံးခဲ့တယ်။
ဒါဟာ တိုင်းရင်းသားချင်း စိတ်ဝမ်းကွဲအောင် လုပ်တာ ဖြစ်တယ်။
ဒီလို လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပေးပါ။

(ဆလိုင်းကစ်(ပ်)၊ ဗိသုကာ)
၁၉၇၅ ခု၊ ဂျွန်လ ၆ ရက်

ဆလိုင်းတင်မောင်ဦး - ခွပ်ဒေါင်းတို့နဲ့အတူ အတောင်ပံ ခတ်ခဲ့တဲ့ အမြင့်ပျံ အောက်ချင်းငှက်


http://www.scribd.com/doc/58729627/Salai-Ko-Tin-Mg-Oo



ဆလိုင်း တင်မောင်ဦး ၏ နောက်ဆုံးစကားများ

"ရဲဘော်တို့ ..... လူသူမသိအောင် ငါ့ကိုသတ်ဖို့ သူတို့ လုပ်နေကြတယ်"

"မင်းတို့ ငါ့ ရဲ့ ယုံကြည်ချက်ကို မင်းတို့သတ်လို့ မရဘူး။ မင်းတို့ ငါ့  ခန္ဓာကိုယ်ကို သတ်နိုင်ပေမဲ့ ငါ့ ရဲ့ ယုံကြည်ချက်ကို မင်းတို့ သတ်လို့မရဘူး။

မင်းတို့ရဲ့ စစ်ဖိနပ်အောက်မှာ ငါဘယ်သောအခါမှ ဒူးမထောက်ဘူး"

ဦးသန့်ဈာပနသီချင်း


(၁၉၆၂ သမိုင်းရိပ် သွေးမတိတ်မီ ကွယ်လွန်သူတို့ နိုးထလာလေပြီ) ...

(တို့ကျောင်းသားများ စောင့်မျှော်ခဲ့သည့် အခွင့်အရေးကို ရရှိခဲ့သည်
တကမ္ဘာလုံး လေးစားရသည့် ဦးသန့်ဈာပန အကြောင်းပြလို့တည်
၇၄ ဒီဇင်ဘာ မဖြေသာ အကြောင်းတရားက ဇာတ်လမ်းစလေသည်…
ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ ဦးသန့်လိုလူ
ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စမီးပျိုး အညိုးထားခဲ့သည်…)၂

(လူသာမန်လို ဆက်ဆံခဲ့ပြီ တို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ..
ထိုက်တန်စွာ ဦးညွတ်ရမည် ထိုက်တန်စွာ ဂုဏ်ပြုရမည်
ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင် စခဲ့သည်...
အဓိပတိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေ စုဝေးလို့ စစ်အုပ်စု ဆန့်ကျင်ရေးနှင့် ဂူဗိမာန်ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်..
ကျောင်းသား၊ ပြည်သူ ပေါင်းစုဝေးလို့ ဈာပန အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေသည်..
သမဂ္ဂအဆောက်အဦရင်ပြင် ကမ္ဘာရဲ့ခေါင်းဆောင်ကြီး လဲလျောင်း မှေးစက်နေစေရန်ရည်...)၂

ဂူဗိမာန်ကြီး တည်ဆောက်ကြသည် ပြည်သူများနှင့် ပေါင်းစည်းလို့ရည်
ခွပ်ဒေါင်းဇာနည် ဘာမထီသွေးတို့ ပြည်သူရေးအတွက် ရှေ့ကလှမ်းတက်ချီ….
အယုတ်တမာ အာရူးတွေက လူသားမဆန် မောင်းပြန်သေနတ်များနှင့် ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ
ကမ္ဘာမကြေနိုင်ပြီ တက္ကသိုလ်မြေမဟီ ခွပ်ဒေါင်းသွေးတို့ နီရဲ့ခဲ့ကြသည်…

(ဘယ်လိုပင် သတ်ကြပါစေ ဒို့မသေ၊ ဘယ်လိုပင် ဖြိုခွင်းပါစေ ဒို့မမူပေ)၂
ခွပ်ဒေါင်းသွေး သန္နိဋ္ဌာန် ဒူးထောက်လို့ အညံ့မခံဘူးဟေ့..
အရိုးကြေကြေ အရေခမ်းခမ်း မကြောက်တမ်း မရွံ့တမ်း သွေးလမ်းလို့ ဖြတ်ချီလှမ်းမည်
ညီ ညီ ညီ ညီ ချီ ချီ ချီ ချီ ခေတ်ဟောင်းဖြိုဖျက် တိုက်ပွဲဆက်ကြမည်။)၂


http://soundcloud.com/niknayman/u-thant

ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန (၁)


ကျနော်က အဲဒီ အချိန်တုန်းက ၉ တန်း ကျောင်းသား အဖြစ် အ ထ က (၁) ဒဂုံမှာ ကျောင်းတက်နေဆဲ ဖြစ်ပါတယ်။ ဒီဘက်ပိုင်း ၈၈ အရေးတော်ပုံ ကာလ အခေါ်အဝေါ် နဲ့ဆိုရင် အကသ ကျောင်းသားပေါ့။

ကျနော်တို့ အိမ်က လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာကို အမြဲယူပါတယ်။ သတင်းစာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် ကွယ်လွန်တဲ့အကြောင်း၊ ရုပ်ကလာပ်ကို မိသားစုက မြန်မာပြည် ပြန်ယူပြီး ဦးနေ၀င်း အစိုးရက ကြံတော သင်္ချိုင်းမှာ မြှုပ်နှံခွင့် ပေးတဲ့ အကြောင်း ဖတ်ရပါတယ်။ ဦးသန့်ကို မြှုပ်နှံမယ့် ဂူနေရာက ဦးနေ၀င်းဇနီး ဒေါ်ခင်မေသန်းအုတ်ဂူရဲ့ ခြေရင်း နေရာမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ လူတချို့က ဒီလိုမိန်းမရဲ့ ခြေရင်းမှာ မြှုပ်နှံရမလား ဆိုပြီး မကျေနပ်တဲ့ ပြောဆိုသံတွေကိုလည်း ကြားခဲ့ရပါတယ်။

ကျနော် ကိုယ်တိုင်ကလည်း သတင်းစာဖတ်ပြီး တွေးမိပါတယ်။ ဒီလို အထင်ကရ ပုဂ္ဂိုလ်တဦးကို ကြံတောလို နေရာမှာ မြှုပ်ရလားလို့ ရင်ထဲမှာ ဘ၀င်မကျ ဖြစ်ခဲ့မိပါသေးတယ်။ ဟိုနိုင်ငံ(အမေရိကား) မှာဆိုရင် အခမ်းအနား ကြီးကြီး ကျယ်ကျယ်နဲ့ ဂုဏ်ပြုပြီး သင်္ဂြိုဟ်မှာလို့ တွေးမိပါတယ်။

အဲဒီနောက် ကျနော် ကျောင်းတက်တဲ့အခါ ကျောင်းမှာ နောင်တော် တက္ကသိုလ်ကျောင်းသားကြီးများက ဦးသန့် အလောင်းကို လုယူမယ် ဆိုတဲ့ သတင်းကို ကျနော်တို့ ကျောင်းသားတွေကြားမှာ သတင်း တော်တော် ပျံ့နေပါတယ်။ ကျောင်းသား တော်တော် များများကလည်း ဒီသတင်းကို စိတ်ဝင်တစားရှိကြပြီး တိုးတိုးတိတ်တိတ် ပြောကြ ဆိုကြပါတယ်။

ဘာဖြစ်လို့ တိုးတိုးတိတ်တိတ် ပြောဆိုကြလဲ ဆိုရင် ကျနော်တို့ ကျောင်းမှာ ထိပ်တန်းအစိုးရ အရာရှိကြီးများရဲ့ သားသမီးများ ရှိနေကြလို့ပါ။ ကျနော်တို့ ရပ်ကွက်ထဲမှာလည်း ဒီသတင်း တော်တော် ပျံ့ နေပါတယ်။

ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန (၂)


ဒီလိုနဲ့ အသုဘ ချတဲ့ နေ့ကို ရောက်လာပါတယ်။ နေ့ခင်းလောက်မှာပဲ ဦးသန့်အလောင်းကို တက္ကသိုလ် ကျောင်းသား များက လမ်းကနေ ဖြတ်လုပြီး ပင်မတက္ကသိုလ် (မိန်း) ထဲကို ယူဆောင် သွားတယ်ဆိုတဲ့ သတင်းကို ကြားရပါတော့ တယ်။

နောက်တနေ့မှာပဲ (ကျောင်းပိတ်ရက်လို့ ထင်ပါတယ်) ကျနော့် ဘေးအိမ်က အစ်ကိုတယောက်က " ကျောင်းထဲ သွားမယ် လိုက်မလား" လို့ခေါ်ပါတယ်။ သူက ဘူမိဗေဒ ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ တက္ကသိုလ် ကျောင်းသားတယောက်ပါ။

ကျနော်က "လိုက်မယ်" ဆိုပြီး မနက် ၁၁ နာရီလောက်မှာ သူနဲ့ ကျနော် တက္ကသိုလ် ကျောင်းကို လိုက်သွားခဲ့ပါတော့တယ်။

ကျနော်တို့ ဘုန်းကြီးလမ်း စံပြ ရုပ်ရှင်ရုံ ရှေ့ကနေ အမှတ် ၉ လိုင်းကားကို စီးခဲ့ကြပါတယ်။ ပြည်လမ်း မာလာဆောင် မှတ်တိုင်ရောက်တော့ ဆင်းပြီး မာလာဆောင် အပေါက်ဘက်ကနေ ၀င်ခဲ့ကြပါတယ်။ မာလာဆောင် ၀င်ပေါက်မှာ ကားဝင်တဲ့ ၀င်ပေါက်ကို ပိတ်ထားပြီး လူဝင်ပေါက်ကိုသာ ဖွင့်ပေးထားပါတယ်။

ဝင်ဝင်ခြင်း ကားဝင်တဲ့ ၀င်ပေါက်ရဲ့ အနောက်ဘက်မှာ စားပွဲကြီး ၂ လုံး ဆက်ပြီး အပေါ်က အ၀တ်စ (အနီရောင်လား၊ အစိမ်းရောင်လား မမှတ်မိတော့ပါ) အကြီးကြီး တခု ခင်းထားပါတယ်။ အဲဒီ အပေါ်မှာငွေအကြွေတွေ အများကြီးနဲ့ ငွေစက္ကူ ပိုက်ဆံပုံကြီးကို တွေ့ရပါတယ်။ လာသမျှ လူတွေက အလှူငွေတွေ ထည့်ကြတာပါ။

စားပွဲဘေးမှာတော့ နဖူးမှာ အ၀တ်စ အနီစည်းပြီး လွယ်အိတ် စလွယ်သိုင်းထားတဲ့ ကျောင်းသား ၂ ယောက် ရပ်စောင့် နေတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း ပါလာတဲ့ အိမ်က မုန့်ဖိုးကို အပြန် လမ်းစရိတ်ချန်ထားပြီး အလှူငွေထဲ အကုန်ထည့်ခဲ့ ကြပါတယ်။ အဲဒီအချိန်မှာ ၀င်လာကြတဲ့ လူတွေလည်း တော်တော်များပါတယ်။ ပွဲတော်ကြီး တခုလို စည်စည်ကားကား ဖြစ်နေပါတယ်။

ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန (၃)


ဦးသန့်ရဲ့အခေါင်းကို ဘွဲ့နှင်းသဘင် ခန်းမကြီးထဲမှာ ထားပါတယ်။ ပြည်သူတွေက ဘွဲ့နှင်းသဘင် မျက်နှာစာဘေး ဘယ်ဘက် အပေါက်က၀င်၊ ညာဘက် အပေါက်က ထွက်ပြီး ဦးသန့်ရုပ်ကလာပ်ကို ဂါရ၀ ပြုကြပါတယ်။ စံနစ်တကျနဲ့ တန်းစီပြီး ဂါရ၀ ပြုကြပါတယ်။

ဘွဲ့နှင်းသဘင် ခမ်းမရဲ့ရှေ့ တည့်တည့် မျက်နှာစာ လှေကားထစ် အပေါ်ဆုံးမှာ တရားဟောစင်ကလေး တခုရှိပါတယ်။ အဲဒီကနေပြီးတော့ ကျောင်းသားများက တဦးပြီးတဦး တရားတက်ဟောကြပါတယ်။ ဘွဲ့နှင်းသဘင် မျက်နှာစာ ရှေ့က ပန်းခြံနဲ့ ဘယ်ဘက်ခြမ်း ကမူလေးပေါ်မှာ ရှိနေတဲ့ သစ်ပင်ပေါ်တွေနဲ့ နေရာအနှံ့ အပင်ပေါ်တွေမှာ လော်စပီကာတွေကို ချိတ်ဆွဲထားကြပါတယ်။ တရားဟောတဲ့ အသံကို ဟိုးခပ်ဝေးဝေးကတောင် ကြားကြ ရပါတယ်။

ဗုံးခွဲခံခဲ့ရတဲ့ တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ နေရာမှာ ဦးသန့် ရုပ်ကလာပ်ကိုမြှုပ်နှံဖို့ ကျောင်းသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဗိသုကာ ပညာရှင် ကျောင်းသားတွေက ဦးသန့်ရဲ့အုတ်ဂူကို ပုံစံဆွဲပြီး လာရောက်ကြတဲ့ ပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေ အားလုံး ၀ိုင်းဝန်း လုပ်အားပေး ကြတာပါ။ ကျနော်တို့လည်း အုတ်တွေ ၀ိုင်းသယ်ပြီး စီပေး၊ ဘိလပ်မြေ (မဆလာ) တွေ ၀ိုင်းသယ်ပေးနဲ့ တပျော်တပါးကြီး လုပ်အားပေးပါတယ်။

နောက်ပြီး ပြည်သူတွေက ကျောင်းသားတွေစားဖို့ ထမင်းထုပ်တွေ လာလှူဒါန်းကြပါတယ်။ ထမင်းထုပ်ပုံကြီးက တော်တော်ကြီးပါတယ်။ ကြိုက်တဲ့သူ ယူစားနိုင်ပါတယ်။ နောက်တခုက ကျနော်တို့ ရှေ့တင်ပဲ ဒေါ့ဂျစ်ကားကြီးနဲ့ အသက် ၅၀ ၀န်းကျင်လောက် ရှိတဲ့ အမျိုးသမီးကြီးတယောက် အအေးပုလင်းတွေ ကားတစီးတိုက် လာပြီး လှူတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်း ယူပြီး ဘွဲ့နှင်းသဘင် မျက်နှာစာရှေ့ အရိပ်ရတဲ့ အပင်တွေအောက်မှာ အနားယူ စားသောက်ရင်း ကျောင်းသားတွေ ဟောတဲ့ တရားကိုနားထောင်လိုက်၊ လက်ခုပ်လက်ဝါးတီး အားပေးလိုက်နဲ့ ကျောင်းမှာ တနေကုန်တာပါပဲ။ ညနေစောင်းလောက်မှပဲ အိမ်ပြန်လာကြပါတယ်။

ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန (၄)


နောက်တနေ့မှာလည်းပဲ မနေ့ကလိုပဲ ဘတ်စ်ကားစီး၊ မာလာဆောင်မှာ ဆင်း၊ ပါလာတဲ့မုန့်ဖိုးထဲက ကားခ ချန်ပြီး ကျန်တာအကုန် အလှူငွေထည့်၊ အုတ်ဂူအတွက် လုပ်အားသွားပေး ခဲ့ပါတယ်။ ဒီနေ့မှာတော့ လူကပိုများလာ သလိုပဲ။ နောက်ပြီး သံတမန်တွေ လာပြီး ဂါရ၀ပြုတာကိုလည်း တွေ့ရပါတယ်။

ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟော စင်ငယ် ကနေပြီး ကျောင်းသားတွေက “နိုင်ငံခြား သံရုံးတွေက သံတမန်များ၊ နိုင်ငံခြားသားများ၊ ဧည့်သည်များ လာရောက်ဂါရ၀ပြုနေပါတယ်။
ကျောင်းသားတွေနဲ့ ပြည်သူတွေက " နိုင်ငံကြီးသား ပီသစွာ စည်းကမ်းတကျ ပြုမူနေထိုင်ကြပါ။ နောက်ပြီး ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေ ကျောင်းထဲ ရောက်နေတာကို ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ လုပ်စရာ ရှိတာကို ဆက်လုပ်သွားမယ်။ သတိရှိကြပါ” ဆိုပြီး မကြာခဏ ကြေညာပါတယ်။

ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေဆိုတာ ထောက်လှမ်းရေးတွေနဲ့ ဗိုလ်နေ၀င်း အလိုကျ ပါတီ ကောင်စီဝင်တွေကို ပြောတာပါ။ ကျနော်တို့လည်း ကျနော်တို့ ရပ်ကွက်က ကောင်စီဥက္ကဋ္ဌနဲ့ မျက်နှာချင်းဆိုင် တွေ့ပါသေးတယ်။ အဲဒီအခါမှာ သူ့ မျက်နှာ ပျက်သွားတာကို တွေ့ရပါတယ်။

ကျောင်းဝန်း ထဲကိုလည်း စစ်တပ်က ၀င်ပြီး စီးမယ့် သတင်းတွေ ထွက်နေပါတယ်။ အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်းယူပြီး သစ်ပင်အောက် သွားနားရင်း တရားဟောတာ နားထောင်လိုက်နဲ့ မနေ့က အတိုင်းပါပဲ။ ထူးခြားတာကတော့ ဒီနေ့မှာ လူပိုပြီးများလာပါတယ်။

အဓိပတိ လမ်းမကြီး တလျှောက် လူတွေဝင်လိုက်ထွက်လိုက်နဲ့ အတော့်ကို စည်စည်ကားကား ဖြစ်နေပါတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟောစင် မှာလည်း ကျောင်းသားတွေတယောက်ပြီးတယောက် တရား တက်ဟောတာ အဆက်မပြတ်ပါပဲ။ အဲဒီထဲမှာ အသက် တော်တော်ငယ်တဲ့ ကျောင်းသူ တယောက်လည်း တရား တက်ဟောတာကို တွေ့ ရပါတယ်။ တော်တော်သတ္တိရှိပုံရပြီး ကျောင်းသားတွေ ကြားထဲမှာ မိန်းကလေးဆိုလို့ သူတယောက်တည်း ဖြစ်ပုံရပါတယ်။ နောက်ပြီး ကျနော့် အိမ်ရဲ့ တဘက်လမ်းထဲက ကျနော် သိတဲ့ ကျောင်းသား အစ်ကိုကြီး တယောက်ကိုလည်း တရားဟောတဲ့ အထဲမှာ ပါတာကို တွေ့ရပါတယ်။ သူက ဟိန္ဒူ-ဗမာ ကပြား တယောက်ပါ။ အဲဒီအရေးအခင်း အပြီးမှာ အဖမ်းခံရတယ်လို့လည်း ကြားပါတယ်။

ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန (၅)


ကျောင်းသားတွေဟောတဲ့ တရားထဲက ကျနော် မှတ်မိတဲ့ ပုံပြင်တပုဒ်ရှိပါတယ်။ အခုချိန်ထိ အဲဒီပုံပြင်ကို စိတ်ထဲမှာ စွဲနေပါသေးတယ်။

အဲဒါကတော့ -
“တခါတုန်းက ဗမာပြည်ကြီးဟာ ဆင်းရဲလွန်းလို့ ဦးနေ၀င်းနဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေဟာ ဘယ်လိုလုပ်ရ ကောင်းမလဲ ဆိုပြီး လေယာဉ်ပျံ တစင်းပေါ် တက်ပြီး ကောင်းကင်ကနေ ဗမာပြည်ကြီးကို ၀ဲပြီး ကြည့်ကြပါတယ်။ ဦးနေ၀င်းက သူ့ ၀န်ကြီး အဖွဲ့ဝင်တွေကို "ဘယ်လိုလုပ်ရင် ဗမာပြည်ကြီး ချမ်းသာမလဲ" ဆိုတာကို အကြံတောင်းပါတယ်။

အဲဒီအခါမှာ ၀န်ကြီးတယောက်က " ကောင်းကင်ကနေ ရွှေတွေကြဲချလိုက်ရင် ကောင်းမယ်"၊ တခြား တယောက်ကလည်း "စိန်တွေ ကြဲချလိုက်ရင် ကောင်းမယ်"၊ နောက်တယောက်ကလည်း " ငွေတွေကြဲချလိုက်ရင် ကောင်းမယ်" ဆိုပြီး တယောက်တပေါက် အကြံပေးကြပါတယ်။

အဲဒီမှာပဲ လေယာဉ်မောင်း (ပိုင်းလော့) က ဦးနေ၀င်းနဲ့ ၀န်ကြီး အဖွဲ့ဝင်တွေကို "ဗမာပြည်ကြီး တကယ်ချမ်းသာတာကို မြင်ချင်ကြလား" ဆိုပြီးမေးပါတယ်။

အားလုံးက " မြင်ချင်ပါတယ်" ပေါ့။

"အဲဒါဆို ပြောတဲ့ အတိုင်း လုပ်မလား" ပေါ့။

"လုပ်ပါ့မယ်" ပေါ့။

"ဒါဆိုရင် အခု လေယာဉ်တံခါးကို ဖွင့်ပြီး အားလုံး တယောက်ပြီးတယောက် အောက်ကိုသာ ခုန်ချကြပေတော့"
လို့ ပြောလိုက်ပါတော့တယ်”
.......... ဆိုတဲ့ ပုံပြင်ပါ။

နားထောင်ကြတဲ့ လူတွေဟာ လက်ခုပ်တွေတီးပြီး အော်ဟစ် သြဘာပေးလိုက်ကြတာ ကျောင်းဝန်း တဝန်းလုံး မိုးထိအောင် အသံတွေ ဆူညံသွားသလိုပါပဲ။

အဲဒီညနေ အိမ်မပြန်ခင် အချိန်မှာပဲ ကျောင်းကို စစ်တပ်က ၀င်စီးတော့မယ်၊ ကျောင်းသားကြီးတွေက ကျောင်းသား ငယ် တော်တော်များများကို ရှောင်ခိုင်းနေတယ်၊ အမာခံလောက်သာ ဦးသန့်အုတ်ဂူအတွက် ကျန်နေရစ်မယ် စတဲ့ သတင်းတွေကို ကြားရပြီး ကျနော်တို့လည်း အိမ်ပြန်လာကြပါတော့တယ်။

ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန (၆)


နောက်ရက်ပိုင်းမှာပဲ အစိုးရ စစ်တပ်က ညဘက် ကျောင်းကို ၀င်စီး၊ ဦးသန့် အခေါင်းကို ဘူဒိုဇာနဲ့ တိုက်ယူပြီး အခု ရွှေတိဂုံဘုရား တောင်ဘက်မုခ် သခင်ကိုယ်တော်မှိုင်း အုတ်ဂူဘေးမှာ မြှုပ်နှံခဲ့ပါတယ်။ ဦးသန့်အခေါင်းကို ကာကွယ် ခဲ့တဲ့ အမာခံကျောင်းသားများ အဲဒီမှာပဲ ကျဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂ အလံဟာ ကျောင်းသား သွေးတွေ စွန်းခဲ့ ရပါတယ်။ ကျောင်းသား တော်တော်များများလည်း အဖမ်းခံခဲ့ ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျနော့် ဘ၀မှာ ကျောင်းသားတွေရဲ့ စုစည်းညီညွတ်မှုနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို မြင်ခဲ့ရတဲ့ ပထမဦးဆုံး အကြိမ် အဖြစ်အပျက် တခုပါ။

ဒီဆောင်းပါးလေးနဲ့ အရေးတော်ပုံတိုင်းမှာ ကျဆုံးသွားကြတဲ့ ကျောင်းသားကျောင်းသူ၊ ရဟန်း ရှင်လူ အပေါင်းကို အလေးပြုလိုက်ပါတယ်။

(ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး အာရှတိုက်တွင် ပထမဆုံးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ ၁၀၁ နှစ်မြောက် မွေးနေ့ဖြစ်သည်)


(ဧရာဝတီမဂ္ဂဇင်း မှ ဆောင်းပါးရှင် သက်ဦး ၏ "ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန" ဆောင်းပါးကို ကူးယူ ဖော်ပြပါသည်။)


http://www.irrawaddy.org/bur/index.php/special/2010-03-04-07-10-48/5231-2010-12-14-11-16-46

အာဏာရှင် နေဝင်း အကြောက်ဆုံး လူငယ်တစ်ဦး (၁)


မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး သို့မဟုတ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး


မဆလခေတ် အာဏာရှင်အစိုးရ အတုန်လှုပ်ဆုံးလူငယ်တစ်ဦးကိုပြပါဆိုလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကိုပြရမည်သာ။ အသက် ၂၅ နှစ်သာရှိသေးသော လူငယ်အား အချိန်တိုတိုအတွင်း လက်ဦးမှုယူကြိုးပေးသတ် ပစ်ခြင်းမှာ သူ၏ သတ္တိ၊ သူ့ထက်မြက်မှု၊ သူ့ဦးဆောင်နိုင်မှုများကို၊ ကြောက်ရွံ့လွန်ခြင်းကြောင့်မှ တပါးအခြားအကြောင်းမရှိနိင်။

ကိုတင်မောင်ဦးသည် ၁၉၇၄ ခုနှစ်- ၁၉၇၆ ခုနှစ်အတွင်းဆက်တိုက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ အာဏာရှင် ဦးနေဝင်း အစိုးရကို အရှက်ရသွားစေတဲ့ ကုလသမဂ္ဂ~အတွင်းရေးမှူးချူပ် ဟောင်း ဦးသန့် ဈာပန အရေးအခင်းကို အဓိကဦးဆောင် သူတစ်ဦးဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ (၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့) အရေးအခင်းကာလ သူ့ဦးဆောင်မှု၊ သတ္တိရှိမှုကို ကျနော် အမြဲမြင်ယောင်နေမိ ပါတယ်။ အဲဒီနေ့ဟာ မဆလ အစိုးရက ကျောင်းသားများကို သွေးတိုးစမ်းတဲ့နေ့ လည်းဖြစ်တယ်။

အလုပ်သမားအရေး အခင်းနှစ်ပတ်လည်နေ့။

၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကို ထိုနှစ်မတိုင်မီဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ သေဆုံးကြရရှာတဲ့ အလုပ်သမားများနဲ့ ကျောင်း သားများကို လေးစားတဲ့၊ အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းမတက်ကြဖို့ မတ်လ အစောပိုင်းကတည်းက ဆော်သြထား ကြပါတယ်။ အဲဒီနေ့မှကိုရွေးပြီး ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက မနက်ပိုင်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့၊ နေ့ခင်းပိုင်းမှာ သဘာဝသိပ္ပံတက္ကသိုလ်က ကျောင်းသားများနဲ့ တွေ့ဆုံဆွေးပွဲစီစဉ်လိုက်ပါတယ်။

အဲဒီနေ့က ရန်ကုန်တက္ကသိုလ်ပင်မ(RASU) နဲ့ စီးပွားရေးတက္ကသိုလ်မှာတော့ စာသင်ခန်းများမှာ စာသင်သားတွေကင်း မဲ့ ကာ ဟောင်းလောင်းဖြစ်နေပါတယ်။ စာသင်ဆောင်အပြင်ဘက် ကော်ရီတာများ၊ လမ်းဘေးအုတ်ခုံများ နှင့် ကဲန်တင်းများ မှာတော့ ကျောင်းသားအစုအဖွဲ့လေးတွေနဲ့ စည်ကားနေကြပါတယ်။ တချို့ကတော့ မနှစ်ကအရေးအခင်းကိစ္စကို စမြုံ့ပြန် နေကြသလို တချို့က နောက်နာရီပိုင်းအတွင်း ဖြစ်ရှိလာနိုင်ဘွယ် ရာတွေကို နားစွင့်နေကြပါတယ်။ သည်လိုနှင့် ၁၁ နာရီခွဲခန့်မှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲ၌ ပညာရေးဝန်ကြီး ပြဿနာ တက်နေကြောင်း တီးတိုးသတင်း တခုကြားရပါတယ်။ ၁၂ နာရီခန့်မှာ ကျနော် သမိုင်းအဆောင်ကို ပြန်လာတော့ ကျောင်းသားအများအပြားဟာ သမိုင်းအားကစားရုံထိပ်ဘက်ကနေ၊ သဘာဝသိပ္ပံတက္ကသိုလ်ဘက်ဆီကို သွားနေကြတာမြင်လို့ ကျနော်တို့လည်း လိုက်သွားကြပါတယ်။……. ကျောင်းသားများက ပညာရေးဝန်ကြီး လာရောက်ဆွေးနွေးမည့်စာသင်ဆောင်ခန်းမ နှင့်မဆန့်လောက် အောင်များပြားလွန်းနေပါတယ်။ အချိန် တန်သော်လည်းဝန်ကြီးကမလာ၊ ခန်းမပြင်ပ နေပူကျဲကျဲအောက်တွင်လည်း ကျောင်းသားများ ဇွဲရှိရှိဖြင့် ဝန်ကြီးအလာကို စောင့်ဆိုင်းခဲ့ကြပါတယ်။ တချိန်ထဲမှာ သမိုင်းအားကစားရုံထဲသို့ရွေ့ပေးဖို့ ကျောင်းသားတချို့က တောင်းဆိုကြပါတယ်။ ကျောင်းသားအများအပြားလာရောက်ကြခြင်းမှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲတွင် ဝန်ကြီးပြဿနာတက်ခဲ့သည် ဆိုသော သ တင်းစကားကြောင့် စိတ်ဝင်စား၍ လာကြခြင်းဖြစ်ပုံ ရပါတယ်။ (ကျနော်တို့လည်း ထိုနည်းလည်းကောင်းပါ)

အာဏာရှင် နေဝင်း အကြောက်ဆုံး လူငယ်တစ်ဦး (၂)


ဆရာ-ဆရာမများက သမိုင်းအားကစားရုံကိုရွှေ့ဖို့ခွင့်ပြုလိုက်တဲ့အခါမှာတော့၊ ကျောင်းသားအုပ်ကြီးမှာ ထိုခန်းမမှ သမိုင်း အားကစား ရုံဆီသို့ချီတက်ကြပါတော့တယ်။ အမြင်ရှိတဲ့၊ အတွေ့အကြုံရှိပုံရတဲ့ ကျောင်းသားတစ်စုက အဲဒီမှာ တပ်ဆင်ထားတဲ့ အမ်လီဖာယာများ၊ စကားပြောမိုက်ခွက်များ၊ ဆောင်းဘောက်များကို၊ ဖြုတ်ပြီးသမိုင်းအား ကစားရုံ ဆီသို့ သယ်ဆောင်လာကြ ပါတယ်။ ဗျတ်တစ်ပေ၊ အရှည်လေးပေခန့်ရှိတဲ့ ဆောင်းဘောက်ကို တိုက်ပုံအနက်ဝတ်၊ အရပ်မနိမ့်မမြင့်၊ ကိုယ်လုံး ကိုယ်ထည် ရှိတဲ့ကျောင်းသားတစ်ယောက်က၊ နေပူကျဲကျဲထဲမှာတက်ကြွစွာဘဲ ကျနော့ရှေ့ကနေ ထမ်းသွားနေသည်ကို သတိပြုမိလိုက် ပါတယ်။

တက်ကြွသူများက အမ်လီဖာယာများ၊ စကားပြောခွက်များကိုသမိုင်းအားကစားရုံထဲမှာတပ်ဆင်ကြတယ်။ စပီကာ အသံထွက် သည်နှင့် လက်ခုပ်သံများလည်း ဆူဆူညံညံထွက်လာပါတော့တယ်။ တပြိုင်နက်တည်းမှာ ဝန်ကြီး ရုတ်တရက်နေ မကောင်း ဖြစ်လာလို့ ဒီဆွေးနွေးပွဲသို့မလာရောက်နိုင်တော့ကြောင်း ကျောင်းသားတစ်ဦးက ကျေညာပါတယ်။ တကယ်တော့ စက်မှု တက္ကသိုလ်မှာဆွေးနွေးစဉ်၊ ပြသနာတက်လို့ ဒါမျိုးကို သမိုင်းရှိ သဘာဝသိပ္ပံ တက္ကသိုလ်ကျောင်းသား များနှင့် ဆွေးနွေး လျှင် လည်း မလွဲမသွေ ကြုံရဘွယ်ရှိကြောင်း ခန့်မှန်းမိသောဝန်ကြီးက ခေါင်းကိုက်သွားပုံရ၏၊ ဒါကြောင့်အိမ် ပြန်ပြေးသွား တယ်လို့ ခန့်မှန်းကြပါတယ်။

ဝန်ကြီးမလာတော့ဘူးဆိုတဲ့သတင်းကြောင့် ကျောင်းသားများ မကြေမလည်ဖြစ်ပါတော့တယ်၊ ပွဲကြမ်းပါတော့တယ်။ ကျနော် သတိထားမိတဲ့ ဆောင်းဘောက်သယ်လာသူ (ကိုတင်မောင်ဦး) က “ဒါ ….ဝန်ကြီးက ကျောင်းသားတွေကို လိမ်တာဘဲ”။ “ဝန်ကြီးကတိမတည်ဘူး” “စက်မှုတက္ကသိုလ် မှာပြဿနာ တက်လို့… ဒီဘက်က…. ဆွေးနွေးပွဲအစီအစဉ်ဖျက်တာ အဓိပ္ပါယ် မရှိပါဘူး”….. စသည့်ဖြင့်စတင်ပါတော့သည်။ ကျောင်းသားတွေရဲ့အခက်အခဲကို လစ်လျူရှုထားတဲ့ အစိုးရကို အပြစ်တင်သံ၊ အော်ဟစ်သံများဆူညံလာပါတယ်။ “ငိုချင်လျှက်၊ လက်တို့”ဆိုတာမျိုးပါ။ ဒီလိုနဲ့ သမိုင်းအားကစားရုံ ထဲမှာကျောင်းသား လှုပ်ရှားမှု ဟောပြောပွဲစပါတော့တယ်။ ကြွရောက်လာကြတဲ့ ကျောင်းသားထုကလည်း ဟောပြောပွဲကို အင်တိုက်အားတိုက် အားပေးကြပါတယ်။ ဒီလိုနဲ့ဝန်ကြီးနဲ့ ဆွေးနွေးပွဲအစီအစဉ်မှသည် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု အရေးအခင်းဘက်သို့ လှည့်ပြောင်း သွားပါတော့တယ်။

ညနေလေးနာရီ ထိုးလောက်မှာတော့ အားကစားရုံတွင်းမှာ ပရိဿအတော်လေးနည်းသွားပါတယ်။ ရန်ကုန်မြို့တွင်းနေ (ဒေး)ကျောင်းသားအချို့လည်းပြန်သွားကြလေတယ်။ အဆောင်နေ ကျောင်းသားများကလည်း ညနေစာပြန်စားကြတယ်။ ကျနော်တို့က ညနေစာစားပြီးနောက် သမိုင်း အားကစားရုံဆီသို့ ပြန်လာကြတယ်။ ညနေ ၆ နာရီထိုး လောက်ရှိမယ်ထင်ပါ တယ်။

မြင်ကွင်းက လွန်ခဲ့တဲ့ တနာရီခွဲလောက်ကနဲ့ မတူပါ။ မိုက်ခွက်နဲ့ ဆောင်းဘောက်များကို အားကစားရုံရှေ့ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ပေါ်မှာဆင်ထားတာကိုတွေ့ရတယ်။ လူကလဲ ကျိုးတိုကျဲတဲနဲ့ပါ။ ကျနော်တို့အပါအဝင် လူနှစ်ဆယ်သာသာ ခန့်သာရှိတယ်။ ခေါင်းဆောင်လုပ်သူ လေး၊ ငါးယောက်ခန့်က တယောက်တလှည့် ဇွဲကောင်းကောင်းနဲ့ ဟောပြောကြနေပါ တယ်။ ထိုအထဲမှ တစ်ယောက်မှာ နေ့ခင်းက ဆောင်းဘောက်သယ်လာသူ ဖြစ်ကြောင်း ကျနော်မှတ်မိနေပါတယ်။ သူက အလုပ်သမားအရေး အခင်းနှင့် ဦးသန့် ဈာပန အရေးအခင်းတုံးက အစိုးရရဲ့ မတရားသည့် လုပ်ရပ်များကို စိတ်ဝင်တစား ဟောပြောနေပါတယ်။ ကျနော်တို့က အားပေးပံ့ပိုးသည့် အခန်းကသာ ပါဝင်သူများဖြစ်သည့်အလျှောက် သူတို့ဟောပြော နေတာတွေကို ဝိုင်းထောက် ခံပေးတယ်၊ လက်ခုပ်တီးပေးတယ်။ သည်လိုနှင့် အော်သံဆူသံ လက်ခုပ်သံတွေကြောင့် တဖြည်းဖြည်းနှင့် လူ ၅၀- ၁၀၀- ၁၅၀- ၂၀၀ ခန့်ရှိလာပါတယ်။

အာဏာရှင် နေဝင်း အကြောက်ဆုံး လူငယ်တစ်ဦး (၃)


လူများလာစဉ်မှာတော့ကိုတင်မောင်ဦး က “ရဲဘော် ကျောင်းသားအပေါင်းတို့ ကျနော်တို့ သမိုင်းဝိုင်းတစ်ပတ် ပတ်ပြီးအင်အား ပြဖို့ အစီအစဉ်ရှိတယ် သဘောတူ ကြပါသလား” လို့မေးတယ်။ တချို့ကျောင်းသားတွေက သဘောမတူကြောင်းပြောတယ်။ ထိုခေါင်းဆောင်က ဘာကြောင့် သွားသင့်ကြောင်း ရှင်းလင်းပြောကြားနေစဉ်။ ကျောင်းသားတချို့က “သွားသင့်ပါတယ်ဗျို့”လို့ လှမ်းအော်တယ်၊ ကျနော်တို့တွေကလက်ခုပ်ဝိုင်းတီးပေးတယ်။ သို့နှင့် သွားသင့်ကြောင်း ထောက်ခံသည့်အသံက တဖြည်း ဖြည်းများလာတယ်။ ဒါကြောင့် ၅ ယောက်တစ်တန်း တန်းစီ၍ မေခဆောင် နောက်ဘက် အပေါက်ကထွက်ကြတယ်။ ကျနော် တို့က ဆဌမအတန်းတွင်စီတယ်။ မေခ ဆောင်နဲ့လူနေရပ်ကွက် အကြားကာထားသော(ကျောင်းသားနှင့်အလုပ်သမား သွေး စည်းမှုကိုစည်းခြားခြင်းလို့မြင်တဲ့) အုတ်တံတိုင်းကိုတွန်းဖြိုကြတယ်။ (ထိုအုတ်တံတိုင်းမှာ ဦးသန့်အရေးအခင်းပြီးမှ ကာခြင်း ဖြစ်ပြီး လူတစ်ယောက်ဝင်စာ သံ တံခါးပေါက် တစ်ပေါက်ဖေါက်ထားပေးပါတယ်)။ ကျောင်းသားများ မေခအဆောင် နောက်ရှိ(လှိုင် ရတနာမွန်)လမ်း အတိုင်း အင်းစိန်လမ်းမသို့ဆင်းလာကြတယ်။

တဖန် အင်းစိန်လမ်းအတိုင်း သမိုင်းချည်စက်ကို တစ်ပတ်ပတ်ရန်ချီတက်လာကြတယ်။ ထုံးစံအတိုင်း“သပိတ်.. သပိတ်….မှောက်မှောက်။ မီးဒုတ်….မီးဒုတ်.. ရှို့…ရှို့” ဟူသည့် ကြွေးကြော်သံများ။ “အင်းစိန်ထောင်ကြီး…ထပ်ချဲ့..ထပ်ချဲ့” … “ရေကြည်အိုင်လည်း ထပ်ချဲ့…ထပ်ချဲ့”…. “အမေကမွေး….ထောင်ကကြွေး” “အရေးတော်ပုံ…..အောင်ရမည်” စသည့် ကြွေးကြော်သံများကြွေးကြော်ကြတယ်။ သမိုင်းချည်စက်ရှေ့ရောက်တဲ့အခါမှာတော့၊ အချို့က စက်ရုံထဲဝင်ရန်တောင်းဆို တယ်၊ ကိုတင်မောင်ဦးနှင့်အချို့က မဝင်ဖို့ပြောပါတယ်။ လာရင်းမှာချည်စက်ရုံထဲဝင်ရန် ရည်ရွယ်ချက်မပါပါ။ မိမိတို့ ဆန္ဒပြ နေကြောင်း၊ မနှစ်က ဤချည်စက်ရုံဝန်းကျင်မှာ ရက်စက်စွာ အသတ်ခံခဲ့ရသော အလုပ်သမားများ၊ ကျောင်းသားများ အား လေးစားဂုဏ်ပြု သောအားဖြင့် ဆန္ဒပြနေကြကြောင်း၊ အလုပ်သမားတို့ကို အသိပေးရန်လာခြင်းသာဖြစ်ကြောင်း ခေါင်းဆောင် တစ်ဦး(ကိုတင်မောင်ဦး)ကရှင်းပြပါတယ်။ သို့သော်အများတောင်းဆိုမှုကြောင့် ချည်စက်ဝိုင်း ထဲသို့ဝင်ဖြစ်ခဲ့ကြတယ်။ ချည်စက် ဝိုင်းတွင်း ဒုတိယတံခါးပေါက်နားရောက်တဲ့အခါ (စက်ရုံတွင်းသို့မရောက်သေး) အလုပ်သမားများ နောက်ဖေး ပေါက်ကနေ အိမ်ပြန်ကြဖို့ အပြေးအလွားလုပ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုတင်မောင်ဦးနဲ့ ဦးဆောင်သူများက ၂မိနစ်၊ ၃ မိနစ်ခန့် တိုင်ပင်ကြပြီး ပါးနပ်စွာ နောက်ပြန်လှည့်ဖို့တိုက်တွန်းပါတယ်။ ချည်စက်ရုံအတွင်းဝင်လို့ အဖျက်အဆီးများ ဖြစ်လာခဲ့ပါက ခေါင်းဆောင်များ ၎င်းတို့ရည်ရွယ်ချက် လွဲသွား နိုင်တယ်၊ ဒါကြောင့်ပြန်လှည့်ခိုင်းခြင်းဖြစ်ပါတယ်။

သမိုင်းချည်စက်မှထွက်ကာ စက်မှုတက္ကသိုလ်ဘက်သို့ချီတက်ကြပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းအား ဗဟိုသပိတ်စခန်း ဖွင့်ရန် စက်မှုကျောင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးသည်လို့ဆိုတယ်။ စက်မှုကျောင်းသားများက သဘောမတူကြောင်း သိရတယ်။ ဒါကြောင့် RASU main ဘက်သို့ပြန်လည်ချီတက်လာကြတယ်။ ဒါပေမဲ့ကျောင်းဝိုင်းထဲသို့ မဝင်သေးဘဲ မြေနီကုန်း ဘက်သို့ပတ်သွားပြန်တယ်။ ည ၁၂ နာရီလောက်မှ ဘွဲ့နှင်းသဘင်ခန်းမဆီသို့ ရောက်လာတယ်။ ဘွဲ့နှင်းသဘင်ခန်းမ အစောင့် ထံမှ သော့တောင်းတယ်။ တော်တော်နှင့်မရ၊ အစောင့်ကလည်း သော့ပေးလိုက်ရမလားလို့ အထက်အရာရှိထံသို့ခွင့်ပြုချက် တောင်းနေတယ်လို့ဆိုတယ်။ စိတ်မရှည်သော အချို့ ကျောင်းသားများက ဘွဲ့နှင်းသဘင်ခန်းမရဲ့လက်ျာဘက် ဘာဂျာတံခါးကို ဆွဲဖျက်လိုက် တော့မှအစောင့်က သော့လာပေးတယ်။ သို့နှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးအား သပိတ်စခန်းအဖြစ်ဖွင့်လှစ် လိုက်ပါတော့တယ်။ ကျောင်းသား ငါးရာကျော်ခန့်ရှိမယ်ထင်ပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမ ဘွဲ့အပ်နှင်းရာစင်မြင့်ပေါ်မှနေ ကိုတင်မောင်ဦးက စတင်ဟောပြောလေတယ်။ နေ့ခင်း ၁၂ နာရီကျော်လောက်ကတည်းက သပိတ်ကိစ္စ တောက်လျှောက် လှုပ်ရှား ဆောင်ရွက်လာတဲ့ ကိုတင်မောင်ဦးသည်၊ ည ၁ နာရီနီးပါးရှိလာပြီဖြစ်သော်လည်း ပင်ပန်းနေပုံ လုံးဝမပေါ်ပါ။ ကျနော်တို့မှာမူ ကြွေးကြော်သံအော်ရင်း အသံလည်းဝင်ကုန်ကြတယ်။၊ ဖလက်လည်းပြနေပြီဖြစ်လို့၊ သူ ဟောပြောနေတာ ကိုလည်း အာရုံလည်း မစိုက်နိုင်တော့ပါ၊ ကျနော်နှင့် ကိုကိုလေး ကုလားထိုင်ပေါ်မှာ အိပ်ပျော်သွားကြတယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၁)


မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး သို့မဟုတ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး


မဆလခေတ် အာဏာရှင်အစိုးရ အတုန်လှုပ်ဆုံးလူငယ်တစ်ဦးကိုပြပါဆိုလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကိုပြရမည်သာ။ အသက် ၂၅ နှစ်သာရှိသေးသော လူငယ်အား အချိန်တိုတိုအတွင်း လက်ဦးမှုယူကြိုးပေးသတ် ပစ်ခြင်းမှာ သူ၏ သတ္တိ၊ သူ့ထက်မြက်မှု၊ သူ့ဦးဆောင်နိုင်မှုများကို၊ ကြောက်ရွံ့လွန်ခြင်းကြောင့်မှ တပါးအခြားအကြောင်းမရှိနိင်။

ကိုတင်မောင်ဦးသည် ၁၉၇၄ ခုနှစ်- ၁၉၇၆ ခုနှစ်အတွင်းဆက်တိုက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ အာဏာရှင် ဦးနေဝင်း အစိုးရကို အရှက်ရသွားစေတဲ့ ကုလသမဂ္ဂ~အတွင်းရေးမှူးချူပ် ဟောင်း ဦးသန့် ဈာပန အရေးအခင်းကို အဓိကဦးဆောင် သူတစ်ဦးဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ (၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့) အရေးအခင်းကာလ သူ့ဦးဆောင်မှု၊ သတ္တိရှိမှုကို ကျနော် အမြဲမြင်ယောင်နေမိ ပါတယ်။ အဲဒီနေ့ဟာ မဆလ အစိုးရက ကျောင်းသားများကို သွေးတိုးစမ်းတဲ့နေ့ လည်းဖြစ်တယ်။

အလုပ်သမားအရေး အခင်းနှစ်ပတ်လည်နေ့။

၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကို ထိုနှစ်မတိုင်မီဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ သေဆုံးကြရရှာတဲ့ အလုပ်သမားများနဲ့ ကျောင်း သားများကို လေးစားတဲ့၊ အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းမတက်ကြဖို့ မတ်လ အစောပိုင်းကတည်းက ဆော်သြထား ကြပါတယ်။ အဲဒီနေ့မှကိုရွေးပြီး ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက မနက်ပိုင်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့၊ နေ့ခင်းပိုင်းမှာ သဘာဝသိပ္ပံတက္ကသိုလ်က ကျောင်းသားများနဲ့ တွေ့ဆုံဆွေးပွဲစီစဉ်လိုက်ပါတယ်။

အဲဒီနေ့က ရန်ကုန်တက္ကသိုလ်ပင်မ(RASU) နဲ့ စီးပွားရေးတက္ကသိုလ်မှာတော့ စာသင်ခန်းများမှာ စာသင်သားတွေကင်း မဲ့ ကာ ဟောင်းလောင်းဖြစ်နေပါတယ်။ စာသင်ဆောင်အပြင်ဘက် ကော်ရီတာများ၊ လမ်းဘေးအုတ်ခုံများ နှင့် ကဲန်တင်းများ မှာတော့ ကျောင်းသားအစုအဖွဲ့လေးတွေနဲ့ စည်ကားနေကြပါတယ်။ တချို့ကတော့ မနှစ်ကအရေးအခင်းကိစ္စကို စမြုံ့ပြန် နေကြသလို တချို့က နောက်နာရီပိုင်းအတွင်း ဖြစ်ရှိလာနိုင်ဘွယ် ရာတွေကို နားစွင့်နေကြပါတယ်။ သည်လိုနှင့် ၁၁ နာရီခွဲခန့်မှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲ၌ ပညာရေးဝန်ကြီး ပြဿနာ တက်နေကြောင်း တီးတိုးသတင်း တခုကြားရပါတယ်။ ၁၂ နာရီခန့်မှာ ကျနော် သမိုင်းအဆောင်ကို ပြန်လာတော့ ကျောင်းသားအများအပြားဟာ သမိုင်းအားကစားရုံထိပ်ဘက်ကနေ၊ သဘာဝသိပ္ပံတက္ကသိုလ်ဘက်ဆီကို သွားနေကြတာမြင်လို့ ကျနော်တို့လည်း လိုက်သွားကြပါတယ်။……. ကျောင်းသားများက ပညာရေးဝန်ကြီး လာရောက်ဆွေးနွေးမည့်စာသင်ဆောင်ခန်းမ နှင့်မဆန့်လောက် အောင်များပြားလွန်းနေပါတယ်။ အချိန် တန်သော်လည်းဝန်ကြီးကမလာ၊ ခန်းမပြင်ပ နေပူကျဲကျဲအောက်တွင်လည်း ကျောင်းသားများ ဇွဲရှိရှိဖြင့် ဝန်ကြီးအလာကို စောင့်ဆိုင်းခဲ့ကြပါတယ်။ တချိန်ထဲမှာ သမိုင်းအားကစားရုံထဲသို့ရွေ့ပေးဖို့ ကျောင်းသားတချို့က တောင်းဆိုကြပါတယ်။ ကျောင်းသားအများအပြားလာရောက်ကြခြင်းမှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲတွင် ဝန်ကြီးပြဿနာတက်ခဲ့သည် ဆိုသော သ တင်းစကားကြောင့် စိတ်ဝင်စား၍ လာကြခြင်းဖြစ်ပုံ ရပါတယ်။ (ကျနော်တို့လည်း ထိုနည်းလည်းကောင်းပါ)

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၂)


ဆရာ-ဆရာမများက သမိုင်းအားကစားရုံကိုရွှေ့ဖို့ခွင့်ပြုလိုက်တဲ့အခါမှာတော့၊ ကျောင်းသားအုပ်ကြီးမှာ ထိုခန်းမမှ သမိုင်း အားကစား ရုံဆီသို့ချီတက်ကြပါတော့တယ်။ အမြင်ရှိတဲ့၊ အတွေ့အကြုံရှိပုံရတဲ့ ကျောင်းသားတစ်စုက အဲဒီမှာ တပ်ဆင်ထားတဲ့ အမ်လီဖာယာများ၊ စကားပြောမိုက်ခွက်များ၊ ဆောင်းဘောက်များကို၊ ဖြုတ်ပြီးသမိုင်းအား ကစားရုံ ဆီသို့ သယ်ဆောင်လာကြ ပါတယ်။ ဗျတ်တစ်ပေ၊ အရှည်လေးပေခန့်ရှိတဲ့ ဆောင်းဘောက်ကို တိုက်ပုံအနက်ဝတ်၊ အရပ်မနိမ့်မမြင့်၊ ကိုယ်လုံး ကိုယ်ထည် ရှိတဲ့ကျောင်းသားတစ်ယောက်က၊ နေပူကျဲကျဲထဲမှာတက်ကြွစွာဘဲ ကျနော့ရှေ့ကနေ ထမ်းသွားနေသည်ကို သတိပြုမိလိုက် ပါတယ်။

တက်ကြွသူများက အမ်လီဖာယာများ၊ စကားပြောခွက်များကိုသမိုင်းအားကစားရုံထဲမှာတပ်ဆင်ကြတယ်။ စပီကာ အသံထွက် သည်နှင့် လက်ခုပ်သံများလည်း ဆူဆူညံညံထွက်လာပါတော့တယ်။ တပြိုင်နက်တည်းမှာ ဝန်ကြီး ရုတ်တရက်နေ မကောင်း ဖြစ်လာလို့ ဒီဆွေးနွေးပွဲသို့မလာရောက်နိုင်တော့ကြောင်း ကျောင်းသားတစ်ဦးက ကျေညာပါတယ်။ တကယ်တော့ စက်မှု တက္ကသိုလ်မှာဆွေးနွေးစဉ်၊ ပြသနာတက်လို့ ဒါမျိုးကို သမိုင်းရှိ သဘာဝသိပ္ပံ တက္ကသိုလ်ကျောင်းသား များနှင့် ဆွေးနွေး လျှင် လည်း မလွဲမသွေ ကြုံရဘွယ်ရှိကြောင်း ခန့်မှန်းမိသောဝန်ကြီးက ခေါင်းကိုက်သွားပုံရ၏၊ ဒါကြောင့်အိမ် ပြန်ပြေးသွား တယ်လို့ ခန့်မှန်းကြပါတယ်။

ဝန်ကြီးမလာတော့ဘူးဆိုတဲ့သတင်းကြောင့် ကျောင်းသားများ မကြေမလည်ဖြစ်ပါတော့တယ်၊ ပွဲကြမ်းပါတော့တယ်။ ကျနော် သတိထားမိတဲ့ ဆောင်းဘောက်သယ်လာသူ (ကိုတင်မောင်ဦး) က “ဒါ ….ဝန်ကြီးက ကျောင်းသားတွေကို လိမ်တာဘဲ”။ “ဝန်ကြီးကတိမတည်ဘူး” “စက်မှုတက္ကသိုလ် မှာပြဿနာ တက်လို့… ဒီဘက်က…. ဆွေးနွေးပွဲအစီအစဉ်ဖျက်တာ အဓိပ္ပါယ် မရှိပါဘူး”….. စသည့်ဖြင့်စတင်ပါတော့သည်။ ကျောင်းသားတွေရဲ့အခက်အခဲကို လစ်လျူရှုထားတဲ့ အစိုးရကို အပြစ်တင်သံ၊ အော်ဟစ်သံများဆူညံလာပါတယ်။ “ငိုချင်လျှက်၊ လက်တို့”ဆိုတာမျိုးပါ။ ဒီလိုနဲ့ သမိုင်းအားကစားရုံ ထဲမှာကျောင်းသား လှုပ်ရှားမှု ဟောပြောပွဲစပါတော့တယ်။ ကြွရောက်လာကြတဲ့ ကျောင်းသားထုကလည်း ဟောပြောပွဲကို အင်တိုက်အားတိုက် အားပေးကြပါတယ်။ ဒီလိုနဲ့ဝန်ကြီးနဲ့ ဆွေးနွေးပွဲအစီအစဉ်မှသည် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု အရေးအခင်းဘက်သို့ လှည့်ပြောင်း သွားပါတော့တယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၂)


ဆရာ-ဆရာမများက သမိုင်းအားကစားရုံကိုရွှေ့ဖို့ခွင့်ပြုလိုက်တဲ့အခါမှာတော့၊ ကျောင်းသားအုပ်ကြီးမှာ ထိုခန်းမမှ သမိုင်း အားကစား ရုံဆီသို့ချီတက်ကြပါတော့တယ်။ အမြင်ရှိတဲ့၊ အတွေ့အကြုံရှိပုံရတဲ့ ကျောင်းသားတစ်စုက အဲဒီမှာ တပ်ဆင်ထားတဲ့ အမ်လီဖာယာများ၊ စကားပြောမိုက်ခွက်များ၊ ဆောင်းဘောက်များကို၊ ဖြုတ်ပြီးသမိုင်းအား ကစားရုံ ဆီသို့ သယ်ဆောင်လာကြ ပါတယ်။ ဗျတ်တစ်ပေ၊ အရှည်လေးပေခန့်ရှိတဲ့ ဆောင်းဘောက်ကို တိုက်ပုံအနက်ဝတ်၊ အရပ်မနိမ့်မမြင့်၊ ကိုယ်လုံး ကိုယ်ထည် ရှိတဲ့ကျောင်းသားတစ်ယောက်က၊ နေပူကျဲကျဲထဲမှာတက်ကြွစွာဘဲ ကျနော့ရှေ့ကနေ ထမ်းသွားနေသည်ကို သတိပြုမိလိုက် ပါတယ်။

တက်ကြွသူများက အမ်လီဖာယာများ၊ စကားပြောခွက်များကိုသမိုင်းအားကစားရုံထဲမှာတပ်ဆင်ကြတယ်။ စပီကာ အသံထွက် သည်နှင့် လက်ခုပ်သံများလည်း ဆူဆူညံညံထွက်လာပါတော့တယ်။ တပြိုင်နက်တည်းမှာ ဝန်ကြီး ရုတ်တရက်နေ မကောင်း ဖြစ်လာလို့ ဒီဆွေးနွေးပွဲသို့မလာရောက်နိုင်တော့ကြောင်း ကျောင်းသားတစ်ဦးက ကျေညာပါတယ်။ တကယ်တော့ စက်မှု တက္ကသိုလ်မှာဆွေးနွေးစဉ်၊ ပြသနာတက်လို့ ဒါမျိုးကို သမိုင်းရှိ သဘာဝသိပ္ပံ တက္ကသိုလ်ကျောင်းသား များနှင့် ဆွေးနွေး လျှင် လည်း မလွဲမသွေ ကြုံရဘွယ်ရှိကြောင်း ခန့်မှန်းမိသောဝန်ကြီးက ခေါင်းကိုက်သွားပုံရ၏၊ ဒါကြောင့်အိမ် ပြန်ပြေးသွားတယ်လို့ ခန့်မှန်းကြပါတယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၃)


ဝန်ကြီးမလာတော့ဘူးဆိုတဲ့သတင်းကြောင့် ကျောင်းသားများ မကြေမလည်ဖြစ်ပါတော့တယ်၊ ပွဲကြမ်းပါတော့တယ်။ ကျနော် သတိထားမိတဲ့ ဆောင်းဘောက်သယ်လာသူ (ကိုတင်မောင်ဦး) က “ဒါ ….ဝန်ကြီးက ကျောင်းသားတွေကို လိမ်တာဘဲ”။ “ဝန်ကြီးကတိမတည်ဘူး” “စက်မှုတက္ကသိုလ် မှာပြဿနာ တက်လို့… ဒီဘက်က…. ဆွေးနွေးပွဲအစီအစဉ်ဖျက်တာ အဓိပ္ပါယ် မရှိပါဘူး”….. စသည့်ဖြင့်စတင်ပါတော့သည်။ ကျောင်းသားတွေရဲ့အခက်အခဲကို လစ်လျူရှုထားတဲ့ အစိုးရကို အပြစ်တင်သံ၊ အော်ဟစ်သံများဆူညံလာပါတယ်။ “ငိုချင်လျှက်၊ လက်တို့”ဆိုတာမျိုးပါ။ ဒီလိုနဲ့ သမိုင်းအားကစားရုံ ထဲမှာကျောင်းသား လှုပ်ရှားမှု ဟောပြောပွဲစပါတော့တယ်။ ကြွရောက်လာကြတဲ့ ကျောင်းသားထုကလည်း ဟောပြောပွဲကို အင်တိုက်အားတိုက် အားပေးကြပါတယ်။ ဒီလိုနဲ့ဝန်ကြီးနဲ့ ဆွေးနွေးပွဲအစီအစဉ်မှသည် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု အရေးအခင်းဘက်သို့ လှည့်ပြောင်း သွားပါတော့တယ်။

ညနေလေးနာရီ ထိုးလောက်မှာတော့ အားကစားရုံတွင်းမှာ ပရိဿအတော်လေးနည်းသွားပါတယ်။ ရန်ကုန်မြို့တွင်းနေ (ဒေး)ကျောင်းသားအချို့လည်းပြန်သွားကြလေတယ်။ အဆောင်နေ ကျောင်းသားများကလည်း ညနေစာပြန်စားကြတယ်။ ကျနော်တို့က ညနေစာစားပြီးနောက် သမိုင်း အားကစားရုံဆီသို့ ပြန်လာကြတယ်။ ညနေ ၆ နာရီထိုး လောက်ရှိမယ်ထင်ပါ တယ်။

မြင်ကွင်းက လွန်ခဲ့တဲ့ တနာရီခွဲလောက်ကနဲ့ မတူပါ။ မိုက်ခွက်နဲ့ ဆောင်းဘောက်များကို အားကစားရုံရှေ့ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ပေါ်မှာဆင်ထားတာကိုတွေ့ရတယ်။ လူကလဲ ကျိုးတိုကျဲတဲနဲ့ပါ။ ကျနော်တို့အပါအဝင် လူနှစ်ဆယ်သာသာ ခန့်သာရှိတယ်။ ခေါင်းဆောင်လုပ်သူ လေး၊ ငါးယောက်ခန့်က တယောက်တလှည့် ဇွဲကောင်းကောင်းနဲ့ ဟောပြောကြနေပါ တယ်။ ထိုအထဲမှ တစ်ယောက်မှာ နေ့ခင်းက ဆောင်းဘောက်သယ်လာသူ ဖြစ်ကြောင်း ကျနော်မှတ်မိနေပါတယ်။ သူက အလုပ်သမားအရေး အခင်းနှင့် ဦးသန့် ဈာပန အရေးအခင်းတုံးက အစိုးရရဲ့ မတရားသည့် လုပ်ရပ်များကို စိတ်ဝင်တစား ဟောပြောနေပါတယ်။ ကျနော်တို့က အားပေးပံ့ပိုးသည့် အခန်းကသာ ပါဝင်သူများဖြစ်သည့်အလျှောက် သူတို့ဟောပြော နေတာတွေကို ဝိုင်းထောက် ခံပေးတယ်၊ လက်ခုပ်တီးပေးတယ်။ သည်လိုနှင့် အော်သံဆူသံ လက်ခုပ်သံတွေကြောင့် တဖြည်းဖြည်းနှင့် လူ ၅၀- ၁၀၀- ၁၅၀- ၂၀၀ ခန့်ရှိလာပါတယ်။

လူများလာစဉ်မှာတော့ကိုတင်မောင်ဦး က “ရဲဘော် ကျောင်းသားအပေါင်းတို့ ကျနော်တို့ သမိုင်းဝိုင်းတစ်ပတ် ပတ်ပြီးအင်အား ပြဖို့ အစီအစဉ်ရှိတယ် သဘောတူ ကြပါသလား” လို့မေးတယ်။ တချို့ကျောင်းသားတွေက သဘောမတူကြောင်းပြောတယ်။ ထိုခေါင်းဆောင်က ဘာကြောင့် သွားသင့်ကြောင်း ရှင်းလင်းပြောကြားနေစဉ်။ ကျောင်းသားတချို့က “သွားသင့်ပါတယ်ဗျို့”လို့ လှမ်းအော်တယ်၊ ကျနော်တို့တွေကလက်ခုပ်ဝိုင်းတီးပေးတယ်။ သို့နှင့် သွားသင့်ကြောင်း ထောက်ခံသည့်အသံက တဖြည်း ဖြည်းများလာတယ်။ ဒါကြောင့် ၅ ယောက်တစ်တန်း တန်းစီ၍ မေခဆောင် နောက်ဘက် အပေါက်ကထွက်ကြတယ်။ ကျနော် တို့က ဆဌမအတန်းတွင်စီတယ်။ မေခ ဆောင်နဲ့လူနေရပ်ကွက် အကြားကာထားသော(ကျောင်းသားနှင့်အလုပ်သမား သွေး စည်းမှုကိုစည်းခြားခြင်းလို့မြင်တဲ့) အုတ်တံတိုင်းကိုတွန်းဖြိုကြတယ်။ (ထိုအုတ်တံတိုင်းမှာ ဦးသန့်အရေးအခင်းပြီးမှ ကာခြင်း ဖြစ်ပြီး လူတစ်ယောက်ဝင်စာ သံ တံခါးပေါက် တစ်ပေါက်ဖေါက်ထားပေးပါတယ်)။ ကျောင်းသားများ မေခအဆောင် နောက်ရှိ(လှိုင် ရတနာမွန်)လမ်း အတိုင်း အင်းစိန်လမ်းမသို့ဆင်းလာကြတယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၃)


ဝန်ကြီးမလာတော့ဘူးဆိုတဲ့သတင်းကြောင့် ကျောင်းသားများ မကြေမလည်ဖြစ်ပါတော့တယ်၊ ပွဲကြမ်းပါတော့တယ်။ ကျနော် သတိထားမိတဲ့ ဆောင်းဘောက်သယ်လာသူ (ကိုတင်မောင်ဦး) က “ဒါ ….ဝန်ကြီးက ကျောင်းသားတွေကို လိမ်တာဘဲ”။ “ဝန်ကြီးကတိမတည်ဘူး” “စက်မှုတက္ကသိုလ် မှာပြဿနာ တက်လို့… ဒီဘက်က…. ဆွေးနွေးပွဲအစီအစဉ်ဖျက်တာ အဓိပ္ပါယ် မရှိပါဘူး”….. စသည့်ဖြင့်စတင်ပါတော့သည်။ ကျောင်းသားတွေရဲ့အခက်အခဲကို လစ်လျူရှုထားတဲ့ အစိုးရကို အပြစ်တင်သံ၊ အော်ဟစ်သံများဆူညံလာပါတယ်။ “ငိုချင်လျှက်၊ လက်တို့”ဆိုတာမျိုးပါ။ ဒီလိုနဲ့ သမိုင်းအားကစားရုံ ထဲမှာကျောင်းသား လှုပ်ရှားမှု ဟောပြောပွဲစပါတော့တယ်။ ကြွရောက်လာကြတဲ့ ကျောင်းသားထုကလည်း ဟောပြောပွဲကို အင်တိုက်အားတိုက် အားပေးကြပါတယ်။ ဒီလိုနဲ့ဝန်ကြီးနဲ့ ဆွေးနွေးပွဲအစီအစဉ်မှသည် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု အရေးအခင်းဘက်သို့ လှည့်ပြောင်း သွားပါတော့တယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၄)


ညနေလေးနာရီ ထိုးလောက်မှာတော့ အားကစားရုံတွင်းမှာ ပရိသတ် အတော်လေးနည်းသွားပါတယ်။ ရန်ကုန်မြို့တွင်းနေ (ဒေး)ကျောင်းသားအချို့လည်းပြန်သွားကြလေတယ်။ အဆောင်နေ ကျောင်းသားများကလည်း ညနေစာပြန်စားကြတယ်။ ကျနော်တို့က ညနေစာစားပြီးနောက် သမိုင်း အားကစားရုံဆီသို့ ပြန်လာကြတယ်။ ညနေ ၆ နာရီထိုး လောက်ရှိမယ်ထင်ပါ တယ်။

မြင်ကွင်းက လွန်ခဲ့တဲ့ တနာရီခွဲလောက်ကနဲ့ မတူပါ။ မိုက်ခွက်နဲ့ ဆောင်းဘောက်များကို အားကစားရုံရှေ့ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ပေါ်မှာဆင်ထားတာကိုတွေ့ရတယ်။ လူကလဲ ကျိုးတိုကျဲတဲနဲ့ပါ။ ကျနော်တို့အပါအဝင် လူနှစ်ဆယ်သာသာ ခန့်သာရှိတယ်။ ခေါင်းဆောင်လုပ်သူ လေး၊ ငါးယောက်ခန့်က တယောက်တလှည့် ဇွဲကောင်းကောင်းနဲ့ ဟောပြောကြနေပါ တယ်။ ထိုအထဲမှ တစ်ယောက်မှာ နေ့ခင်းက ဆောင်းဘောက်သယ်လာသူ ဖြစ်ကြောင်း ကျနော်မှတ်မိနေပါတယ်။ သူက အလုပ်သမားအရေး အခင်းနှင့် ဦးသန့် ဈာပန အရေးအခင်းတုံးက အစိုးရရဲ့ မတရားသည့် လုပ်ရပ်များကို စိတ်ဝင်တစား ဟောပြောနေပါတယ်။ ကျနော်တို့က အားပေးပံ့ပိုးသည့် အခန်းကသာ ပါဝင်သူများဖြစ်သည့်အလျှောက် သူတို့ဟောပြော နေတာတွေကို ဝိုင်းထောက် ခံပေးတယ်၊ လက်ခုပ်တီးပေးတယ်။ သည်လိုနှင့် အော်သံဆူသံ လက်ခုပ်သံတွေကြောင့် တဖြည်းဖြည်းနှင့် လူ ၅၀- ၁၀၀- ၁၅၀- ၂၀၀ ခန့်ရှိလာပါတယ်။

လူများလာစဉ်မှာတော့ကိုတင်မောင်ဦး က “ရဲဘော် ကျောင်းသားအပေါင်းတို့ ကျနော်တို့ သမိုင်းဝိုင်းတစ်ပတ် ပတ်ပြီးအင်အား ပြဖို့ အစီအစဉ်ရှိတယ် သဘောတူ ကြပါသလား” လို့မေးတယ်။ တချို့ကျောင်းသားတွေက သဘောမတူကြောင်းပြောတယ်။ ထိုခေါင်းဆောင်က ဘာကြောင့် သွားသင့်ကြောင်း ရှင်းလင်းပြောကြားနေစဉ်။ ကျောင်းသားတချို့က “သွားသင့်ပါတယ်ဗျို့”လို့ လှမ်းအော်တယ်၊ ကျနော်တို့တွေကလက်ခုပ်ဝိုင်းတီးပေးတယ်။ သို့နှင့် သွားသင့်ကြောင်း ထောက်ခံသည့်အသံက တဖြည်း ဖြည်းများလာတယ်။ ဒါကြောင့် ၅ ယောက်တစ်တန်း တန်းစီ၍ မေခဆောင် နောက်ဘက် အပေါက်ကထွက်ကြတယ်။ ကျနော် တို့က ဆဌမအတန်းတွင်စီတယ်။ မေခ ဆောင်နဲ့လူနေရပ်ကွက် အကြားကာထားသော(ကျောင်းသားနှင့်အလုပ်သမား သွေး စည်းမှုကိုစည်းခြားခြင်းလို့မြင်တဲ့) အုတ်တံတိုင်းကိုတွန်းဖြိုကြတယ်။ (ထိုအုတ်တံတိုင်းမှာ ဦးသန့်အရေးအခင်းပြီးမှ ကာခြင်း ဖြစ်ပြီး လူတစ်ယောက်ဝင်စာ သံ တံခါးပေါက် တစ်ပေါက်ဖေါက်ထားပေးပါတယ်)။ ကျောင်းသားများ မေခအဆောင် နောက်ရှိ(လှိုင် ရတနာမွန်)လမ်း အတိုင်း အင်းစိန်လမ်းမသို့ဆင်းလာကြတယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၅)


တဖန် အင်းစိန်လမ်းအတိုင်း သမိုင်းချည်စက်ကို တစ်ပတ်ပတ်ရန်ချီတက်လာကြတယ်။ ထုံးစံအတိုင်း“သပိတ်.. သပိတ်….မှောက်မှောက်။ မီးဒုတ်….မီးဒုတ်.. ရှို့…ရှို့” ဟူသည့် ကြွေးကြော်သံများ။ “အင်းစိန်ထောင်ကြီး…ထပ်ချဲ့..ထပ်ချဲ့” … “ရေကြည်အိုင်လည်း ထပ်ချဲ့…ထပ်ချဲ့”…. “အမေကမွေး….ထောင်ကကြွေး” “အရေးတော်ပုံ…..အောင်ရမည်” စသည့် ကြွေးကြော်သံများကြွေးကြော်ကြတယ်။ သမိုင်းချည်စက်ရှေ့ရောက်တဲ့အခါမှာတော့၊ အချို့က စက်ရုံထဲဝင်ရန်တောင်းဆို တယ်၊ ကိုတင်မောင်ဦးနှင့်အချို့က မဝင်ဖို့ပြောပါတယ်။ လာရင်းမှာချည်စက်ရုံထဲဝင်ရန် ရည်ရွယ်ချက်မပါပါ။ မိမိတို့ ဆန္ဒပြ နေကြောင်း၊ မနှစ်က ဤချည်စက်ရုံဝန်းကျင်မှာ ရက်စက်စွာ အသတ်ခံခဲ့ရသော အလုပ်သမားများ၊ ကျောင်းသားများ အား လေးစားဂုဏ်ပြု သောအားဖြင့် ဆန္ဒပြနေကြကြောင်း၊ အလုပ်သမားတို့ကို အသိပေးရန်လာခြင်းသာဖြစ်ကြောင်း ခေါင်းဆောင် တစ်ဦး(ကိုတင်မောင်ဦး)ကရှင်းပြပါတယ်။ သို့သော်အများတောင်းဆိုမှုကြောင့် ချည်စက်ဝိုင်း ထဲသို့ဝင်ဖြစ်ခဲ့ကြတယ်။ ချည်စက် ဝိုင်းတွင်း ဒုတိယတံခါးပေါက်နားရောက်တဲ့အခါ (စက်ရုံတွင်းသို့မရောက်သေး) အလုပ်သမားများ နောက်ဖေး ပေါက်ကနေ အိမ်ပြန်ကြဖို့ အပြေးအလွားလုပ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုတင်မောင်ဦးနဲ့ ဦးဆောင်သူများက ၂မိနစ်၊ ၃ မိနစ်ခန့် တိုင်ပင်ကြပြီး ပါးနပ်စွာ နောက်ပြန်လှည့်ဖို့တိုက်တွန်းပါတယ်။ ချည်စက်ရုံအတွင်းဝင်လို့ အဖျက်အဆီးများ ဖြစ်လာခဲ့ပါက ခေါင်းဆောင်များ ၎င်းတို့ရည်ရွယ်ချက် လွဲသွား နိုင်တယ်၊ ဒါကြောင့်ပြန်လှည့်ခိုင်းခြင်းဖြစ်ပါတယ်။

သမိုင်းချည်စက်မှထွက်ကာ စက်မှုတက္ကသိုလ်ဘက်သို့ချီတက်ကြပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းအား ဗဟိုသပိတ်စခန်း ဖွင့်ရန် စက်မှုကျောင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးသည်လို့ဆိုတယ်။ စက်မှုကျောင်းသားများက သဘောမတူကြောင်း သိရတယ်။ ဒါကြောင့် RASU main ဘက်သို့ပြန်လည်ချီတက်လာကြတယ်။ ဒါပေမဲ့ကျောင်းဝိုင်းထဲသို့ မဝင်သေးဘဲ မြေနီကုန်း ဘက်သို့ပတ်သွားပြန်တယ်။ ည ၁၂ နာရီလောက်မှ ဘွဲ့နှင်းသဘင်ခန်းမဆီသို့ ရောက်လာတယ်။ ဘွဲ့နှင်းသဘင်ခန်းမ အစောင့် ထံမှ သော့တောင်းတယ်။ တော်တော်နှင့်မရ၊ အစောင့်ကလည်း သော့ပေးလိုက်ရမလားလို့ အထက်အရာရှိထံသို့ခွင့်ပြုချက် တောင်းနေတယ်လို့ဆိုတယ်။ စိတ်မရှည်သော အချို့ ကျောင်းသားများက ဘွဲ့နှင်းသဘင်ခန်းမရဲ့လက်ျာဘက် ဘာဂျာတံခါးကို ဆွဲဖျက်လိုက် တော့မှအစောင့်က သော့လာပေးတယ်။ သို့နှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးအား သပိတ်စခန်းအဖြစ်ဖွင့်လှစ် လိုက်ပါတော့တယ်။ ကျောင်းသား ငါးရာကျော်ခန့်ရှိမယ်ထင်ပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမ ဘွဲ့အပ်နှင်းရာစင်မြင့်ပေါ်မှနေ ကိုတင်မောင်ဦးက စတင်ဟောပြောလေတယ်။ နေ့ခင်း ၁၂ နာရီကျော်လောက်ကတည်းက သပိတ်ကိစ္စ တောက်လျှောက် လှုပ်ရှား ဆောင်ရွက်လာတဲ့ ကိုတင်မောင်ဦးသည်၊ ည ၁ နာရီနီးပါးရှိလာပြီဖြစ်သော်လည်း ပင်ပန်းနေပုံ လုံးဝမပေါ်ပါ။ ကျနော်တို့မှာမူ ကြွေးကြော်သံအော်ရင်း အသံလည်းဝင်ကုန်ကြတယ်။၊ ဖလက်လည်းပြနေပြီဖြစ်လို့၊ သူ ဟောပြောနေတာ ကိုလည်း အာရုံလည်း မစိုက်နိုင်တော့ပါ၊ ကျနော်နှင့် ကိုကိုလေး ကုလားထိုင်ပေါ်မှာ အိပ်ပျော်သွားကြတယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၆)


နံနက်သုံးနာရီ ထိုးခါနီးလောက်မှာ၊ တစ်စုံတစ်ယောက်က ကျနော်တို့ကိုလာနှိုးတယ်။ အိပ်မှုံစဖွားနဲ့ မျက်လုံးပွတ်ကြည့် လိုက်သည့်အခါ ကျောင်းသားခေါင်းဆောင် (ကိုတင်မောင်ဦး) ဖြစ်နေတာတွေ့ရတယ်။ ခန်းမတခုလုံးမှာ ကျောင်းသား ၁၅ ယောက်လောက်သာရှိတော့တယ်။ ကိုတင်မောင်ဦးက “မိတ်ဆွေတို့ ဒီမှာနေရင် ထောက်လှမ်းရေးက အချိန်မရွေး လာကုတ်သွားနိုင်တယ်၊ သူတို့လာကုတ်သွားရင် ဘယ်သူမှသိလိုက် မှာမဟုတ်ဘူး။ အဆောင်တစ်ခုခုမှာ သွားနေကြရင်တော့ လုံခြုံမယ်ထင်ထယ်၊ ထ..ထ… သွားကြစို့” လို့ပြောတယ်။ ဘယ်သူဘယ်ဝါတွေဆိုသည်(အမည်)ကိုတော့ ကျနော်မသိ၊ ကျနော်တို့အားလုံး (ကိုတင်မောင်ဦး) နောက်ကို လိုက်သွားတယ်။

ပဲခူးဆောင်ရောက်တော့ အောက်ထပ်မှာ၊ တချို့က လဘက်ရည်ဖျော်တိုက်တယ်။ ခနအတွင်းမှာဘဲ မမျှော်လင့်ဘဲ ကျနော် ကိုခင်မောင်ဖြူနှင့်တွေ့ လိုက်ရတယ်။ လဘက်ရည်သောက်ရင်း ကိုခင်မောင်ဖြူက ကျနော့အား ကိုတင်မောင်ဦးနှင့်မိတ်ဆက် ပေးပါတယ်။ ကိုတင်မောင်ဦးနှင့် စကားတစ်ခွန်းနှစ်ခွန်းသာပြောဖြစ်တယ်။ အထူးသဖြင့် သူက အခုအရေးအခင်းကြီးကို အောင်မြင်အောင် တက်ညီလက်ညီလုပ်ဖို့လိုကြောင်းပြောပြီး၊ တစ်နေရာကိုသွား လိုက်တယ်။ {ကိုခင်မောင်ဖြူ ဆို သူမှာ ကျနော်နှင့်တစ်မြို့ (တောင်ကြီး)တည်းသား၊ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ်။ ကျနော်ကပထမနှစ်။ ၁၉၇၈ ခုနှစ်လောက်က သူ့အား ထောက်လှမ်းရေးကလိုက်ဖမ်း၍ ဗကပထံ တောခိုသွား ပါတယ်။ စာရေးဆရာ နိုင်ဝင်းဆွေထံမှ လည်းကောင်း၊ ၁၉၉၁ ခုနှစ် လောက်တွင် ဗကပ ဗဟိုမှ မာနယ်ပလောသို့ ဆင်းလာ သော စောဗမိုးထံမှလည်းကောင်း ကိုခင်မောင်ဖြူ (ကိုဇော်ထွန်း)မှာ တိုက်ပွဲတွင် ကျဆုံးသွားကြောင်း စိတ်မကောင်း စွာသိရှိလိုက်ရ ပါတယ်။} ကျနော် နှင့်ကိုကိုလေးမှာလည်း လဘက်ရည်သောက်ပြီးသည်နှင့် အပေါ်ထပ်သို့တက်ကာသူများအခန်းရှေ့တွင်လိုက်ကြတယ်။ မနက် စောစောမှ ကိုယ့် အဆောင်ကို ပြန်လာခဲ့ကြတယ်။

၁၀ နာရီကျော်လောက်မှာ ကျောင်းကိုပြန်လာပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဟောပြောပွဲနှင့်စည်ကားနေတယ်။ ကို တင်မောင်ဦး အားကြိုးမာန်တက် ဟောပြောနေတာလည်းတွေ့ရတယ်။ နေ့ခင်း ပိုင်းမှာ မြို့ထဲ မဟာဗန္မွုလပန်းခြံအထိ ချီတက် ကြတယ်။ ကိုတင်မောင်ဦးနှင့် ကျောင်းသားခေါင်းများတင်ပြနေတာက အစိုးရအနေနဲ့၊ မနှစ်က အရေးအခင်းမှာ သေဆုံးသွားသူ များရဲ့စာရင်းများထုတ်ပြန်ပေးဖို့၊ ဖမ်းဆီးခံထားရသူများ စာရင်းထုတ်ပြန်ပေးပြီး ပြန်လွတ်ပေးဖို့၊ ကုန်ပစ္စည်းရှားပါးလာမှု၊ ကုန်ဈေးနှုန်းတက်နေမှုများ ကိုဖြေရှင်းပေးဖို့၊ စာအုပ်စာပေများ မလုံလောက်မှု၊ ကျောင်းသားများကြုံတွေ့နေရတဲ့ အခက် အခဲများကို ဖြေရှင်းပေးဖို့တောင်းဆိုနေတာဖြစ်တယ်။ ကျောင်းသားသမဂဖွဲ့စည်းပေးရေးဟာလည်း အဓိကတောင်းဆိုချက် တစ်ခုဖြစ်တယ်။ အစိုးရ အနေနဲ့က ဒီတောင်း ဆိုချက်တွေကို ဖြေရှင်းပေးဖို့စိတ်ကူးလုံးဝ မရှိပါ။ အရေးအခင်းဖြစ်ရင် ကျောင်းတွေကိုပိတ်၊ အဆောင်တွေကိုပိတ်၊ ကျောင်းသားထုကို လူစုခွဲ၊ ခေါင်းဆောင်တွေကိုဖမ်းဆီး၊ ထောင်ချလုပ်ဖို့သာ စိတ်ထက်သန်ဖြစ်တယ်။ ကျောင်းတွေပိတ်လိုက်ပြီဆိုရင် အရေးအခင်းမှာ လိုက်ပါအားပေးနေကြတဲ့ အဆောင်နေ ကျောင်းသားအများစုက မပြန်မဖြစ် အိမ်ပြန် ကြရတော့တယ်။ ကျောင်းသား ခေါင်းဆောင်များလည်း ရှောင်တိမ်းသူရှောင်ကြ၊အဖမ်းခံရသူခံကြရပါတယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၇)


ဆလိုင်းတင်မောင်ဦး အဖမ်းခံရခြင်း။

၁၉၇၆ နှစ် နှစ်စပိုင်းတွင် ကျောင်းများပြန်ဖွင့်ပါတယ်။ ဖေဖေါ်ဝါရီလကုန်ခန့်တွင် သခင်ကိုယ်တော်မှိုင်းရာပြည့် ချီတက်ပွဲ ကျင်းပရန်ရှိကြောင်း တီးတိုးသတင်းကြားလာရတယ်။ ကိုတင်မောင်ဦး ရှောင်တိမ်းနေရာမှပြန်ရောက်နေကြောင်း၊ မှိုင်းရာပြည့် အတွက် စီစဉ်နေကြကြောင်းလည်းကြားရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အုတ်ဂူရှိရာသို့ လမ်းကြောင်း ၂သွယ် ဖြင့် ချီတက်မည့် စာနှစ်မျက်နှာပါ လက်ကမ်းစာစောင်ကို ၂၁ ရက်နေ့ မနက် အဆောင်ကျောင်းသားများလက်ဝယ် အရောက်ပို့ ကြ ပါတယ်။

မတ်လ ၂၂ ၇က်နေ့ညနေ ပိုင်းတွင် ကိုတင်မောင်ဦး အဖမ်းခံလိုက်ရကြောင်း၊ သတင်းစကားကြားကြရတယ်။ ဖြစ်နိုင်ချေ မရှိဟုလည်းတွက်ကြတယ်။ ည ၈ နာရီသတင်းကျေညာသည့်အခါမှ ကိုတင်မောင်ဦး အမှန်ပင် အဖမ်းခံလိုက်ရကြောင်း သေချာသွားပြီဖြစ်တယ်။ တချို့က မှိုင်းရာပြည့်မဖြစ်တော့ဘူးလို့၊ ထင်ကြတယ်။ ဒါပေမဲ့ ဖြစ်ခဲ့ပါတယ်။ ကိုတင်အေးကြူ၊ ကိုသန်းလင်း၊ ကိုဝင်းမြင့် နှင့် ၉ တန်းကျောင်းသူ မလှမြိုင် (ကိုတင်မောင်ဦးညီမ) အပါအဝင် အခြားခေါင်းဆောင်များ၏ တက် တက်ကြွကြွ ဦးဆောင်မှုကြောင့်၊ ဖြစ်ခဲ့ပါတယ်။ ထိုချီတက်ပွဲကနေ အစိုးရဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုအဖြစ် ဦး တည်သွားခဲ့ပါတယ်။ အစိုးရက ၎င်းတို့၏သုံးနေကြနည်းဗျူဟာအတိုင်း ကျောင်းများပိတ်၊ အဆောင်ပိတ်ပြီး ကျောင်းသားများ အားအတင်း အိမ်ပြန်ခိုင်းတယ်။ လူစုခွဲလိုက်ပြန်ပါတယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၈)


မြန့်မာ့အနာဂတ် ကြယ်တစ်ပွင့် ကြွေလွင့်သွားခြင်း။

ပြည်တွင်းမှာ မဆလ တပါတီအာဏာရှင်စနစ် အရှိန်အဝါ တက်နေချိန်၊ အဲဒီစနစ်ကို ဆန့်ကျင်လိုတဲ့ နိုင်ငံရေးခေါင်းဆောင်များ ပြားပြား ဝပ်နေရချိန်၊ ဆလိုင်းတင်မောင်ဦး ဟာ အသက်အားဖြင့် ၂၅ နှစ်ခန့်သာရှိသေးပေမဲ့၊ မဆလ စနစ်ရဲ့ မှားယွင်းနေမှု၊ မတရားမှုများကို သတ္တိရှိရှိ ဆန့်ကျင်ရဲတယ်၊ ကျောင်းသားထု၊ အလုပ်သမားထုကို စည်းရုံးဦးဆောင်နိုင်စွမ်းရှိတယ် ဆိုတာ မဆလ အစိုးရ က မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့အတွက်၊ ဒီကျောင်းသားလူငယ်သည် ၎င်းတို့၏(မဆလ တစ်ပါတီ) စနစ်အား အန္တရာယ်အပေးနိုင်ဆုံးသူ၊ ၎င်းတို့၏ကုလားထိုင်ကို အပြီးအပိုင်ရိုက်ချိုးမဲ့သူ (အကြောက်ရဆုံးသူ) အဖြစ်သဘောပိုက်ထား ပုံရတယ်။ ဒါ့ကြောင့်လည်း ဆလိုင်းတင်မောင်ဦးကို မတ်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး၊ အင်းစိန်ထောင်မှာ အကျဉ်းနည်း စစ်ဆေးကာ၊ သုံးလခန့် အတွင်းမှာဘဲ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အားမာန် အပြည့်နဲ့ထွန်းလင်းမဲ့ ကြယ် တစ်ပွင့်၊ အာဏာရှင်လက်ချက်နဲ့ ကြွေလွင့်ခဲ့ရလေပြီ။

ကိုတင်မောင်ဦးအား ကြိုးပေးကွပ်မျက်ရန် ခေါ်ထုတ်သွားစဉ်၊ “ရဲဘော်တို့ ငါတော့သွားပြီ မင်းတို့ဆက်တိုက်ကြ” လို့ရဲဝန့်စွာ အော်ပြောသွားခဲ့ကြောင်း၊ ၇၄ ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်တိတ်(ABSDF) က ကျနော့်ကို ပြောပြ ခဲ့ဖူးပါတယ်။ သူ့ရဲ့ရဲစွမ်းသတ္တိ ရှိမှုနဲ့ မဟုတ်မခံစိတ်၊ မတရားမှုကို ဆန့်ကျင်တဲ့စိတ်ဓါတ် အကြောင်းကို သူ့ရဲ့သူငယ်ချင်း ဖြစ်သူ ကိုအောင်ထူး က ပြောပြဖူးပါတယ်။ အဲဒါတွေကြားရတော့ သူ့ကို ကျနော် နဂိုလေးစားနေတာထက် ပိုပြီးလေးစားမိပါ တယ်၊ ပို၍နှမျော တသ ယူကြုံးမရ ဖြစ်မိပါတယ်။

အာဏာရူး နေဝင်း အကြောက်ဆုံး ကျောင်းသားခေါင်းဆောင်တစ်ဦး (၉)


သူရဲကောင်း သေရိုးထုံးစံမရှိ

အာဏာရှင် ဦးနေဝင်း အစိုးရအနေနဲ့ ကျောင်းသားခေါင်းဆောင် (ခေါင်ကို) ကိုဖြိုလိုက်ရင်၊ အားလုံးငြိမ်သွားပြီး ၎င်းတို့ရဲ့ (မှားယွင်းတဲ့) စနစ်ကြီး ရေရှည်တည်တံ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံရပေမဲ့ ၁၉၈၈ မှာတော့ ကျောင်းသားများ ဦးဆောင်ကာ ဦးနေဝင်းရဲ့ မဆလ စနစ်ကြီးကို၊ ရာသက်ပန် ဖြိုဖျက်ပစ်လိုက်ကြတာကို ဦးနေဝင်း မျက်ဝါးထင်ထင် တွေ့မြင်သွားရပါတယ်။ ကျောင်းသားမျိုးဆက်များက ဆလိုင်းတင်မောင်ဦးမှာခဲ့သလိုဆက်တိုက်ကြခြင်းဖြစ်တယ်။ ကမ္ဘာတည်သ၍ ကျောင်းသားနဲ့ ကျောင်းဆိုတာရှိနေမှာပါဘဲ။ ကျောင်းရှိနေသမျှ၊ ကျောင်သားသမိုင်းရှိနေသမျှ၊ သတ္တိပြောင်မြောက်သော၊ လေးစားထိုက် သော၊ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးတစ်ယောက်၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အာဇာနည် သူရဲ ကောင်းအဖြစ်၊ ရာသက်ပန် အမည်တွင်ကျန် ရှင်သန်လျှက်ရှိနေမည်သာ။


၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အမှတ်တရနေ့
ဆလိုင်းတင်မောင်ဦး နှင့် တကွ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတွင် အသက်ပေးလှူသွားကြသူများအား အလေးပြုလျှက်

(ဝင်းမောင်)
၂၆ ရက်၊ ဇွန်လ၊ ၂၀၁၁။


(အာဇာနည်ဘလော့ ၊ Tuesday, June 28, 2011 မှ ကူးယူဖော်ပြပါသည်။)


http://arzarni.blogspot.com/2011/06/blog-post_289.html

ဒီဘလော.က ကွန်းမန်.တွေကြည်.လိုက်ရင် ပို.စ်ကိုဝေဖန်ထားတာ ထက် သူများရေးထားတဲ.ပိုစ်.တွေ ကော်ပီလုပ်တင်နေကြတာက များနေတယ်
အပေါ်ကလူကလည်း ရေးချင်တာရေးတယ်
အောက်ကလူတွေကလည်း အပေါ်ကလူရေးတာကို ဘာမှပြန်မဆွေးနွေးကြဘူး ကိုရေးချင်တာတွေ ထပ်ရေးကြတယ်
အိမ်သာနံရံဘလော.လား၊ လမ်းဘေးဇရပ်ဘလော.လား။

ဆလိုင်းတင်မောင်ဦးနဲ့ ပတ်သက်ပြီး တခြားဆိုက်တွေမှာ အရင်က (သို့) အခုဒီနှစ် တင်ထားတဲ့ အဖိုးဖြတ်လို့ မရနိုင်တဲ့ Link တွေနဲ့ စာသားတွေကို လာထည့်ပေးသူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ ဒီ Link တွေကို လိုတဲ့အချိန်မှာ အချိန်မရွေး ပြန်ဖတ်လို့ရအောင် အသုံးဝင်သော ဆိုက်များစာရင်း ကျွန်မ သီးသန့်သိမ်းထားတဲ့ နေရာထဲမှာ ထည့်ထားလိုက်ပါတယ်။

K N နာမည်ကို ယူပြီး လာရေးသူ - ဒီမှတ်ချက် ၀င်လာတဲ့အချိန်မှာ တကယ် KN က အိပ်ပျော်နေတဲ့အချိန်ဖြစ်နေတယ်။ ပြီးတော့ တကယ် K N က အောက်ကမြစ်ကို ရေးမတတ်လို့ အစက်ချပြီး (.) ဒီလို မရေးဘူး။

သူများ လာထည့်ပေးတဲ့ Link တွေက ကျွန်မ တကယ်ကို လိုချင်နေပြီး တန်ဖိုးရှိတဲ့ Link တွေ ဖြစ်နေလို့ ကျွန်မ လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ်။ သူများ ထည့်ထားတဲ့ မှတ်ချက်တွေ ကျက်သရေ ရှိနေတာကို မနာလိုလို့ ကျက်သရေတုံးအောင် တမင်လာမလုပ်ပါနဲ့ ဘယ်သူ့အတွက်မှ ဘာမှ အကျိုးမရှိဘူး။ ကျွန်မအတွက်လည်း ဒီမှတ်ချက်ကြောင့် ဘာအကျိုးမှ မယုတ်သွားဘူး။ ဘယ်သူ့အတွက်မှ ဘာအကျိုးမှ မရှိတာကို နောက်ဘယ်တော့မှ လာမရေးပါနဲ့။ ကောင်းကောင်းမွန်မွန်လာရေးရင်လည်း အောက်ကမြစ်ကို မှန်အောင် ရေးလို့ရအောင် စေတနာနဲ့ ပြောပြလိုက်မယ်။ သေသေချာချာ မှတ်သွားပါ။

အောက်ကမြစ်ကို (.) နဲ့ မရိုက်ရဘူး။ တချောင်းငင်တို့ ၀ဆွဲတို့မပါတဲ့ ရိုးရိုးအောက်ကမြစ်ကို လိုရင် h ကိုရိုက်ပါ။ တချောင်းငင် (သို့) နသတ်နဲ့တွဲတဲ့ အောက်ကမြစ်လိုရင် (Shift + y) ကို နှိပ်ပါ။ ၀ဆွဲ (သို့) ရပင့်နဲ့ တွဲတဲ့ အောက်ကမြစ်ကို လိုရင် (Shift + u) ကိုနှိပ်ပါ။

K N နာမည်ကို ယူပြီး လာရေးသူဟာ ရုရှားက စစ်ကျွန် mg ဖြစ်ပါတယ်


K N (အတု) = mg = မောင် = zaw = ဦးသူတော် = မှော်ဆရာ

ဟေ့.....
K N နာမည်သုံးပြီး ရေးသွားတဲ့
မောင် ဆိုတဲ့ ရုရှကစစ်သား...


ဘလော့ရှင်က မြန်မာ့နိုင်ငံရေးသမိုင်းအတွက် တန်ဖိုးရှိတဲ့ ဆောင်းပါးတွေကို အခါအခွင့် သင့်ရင် သင့်သလို ရေးနေတာကွ..

စာဖတ်သူတွေ လာတင်ပေးသွားတဲ့ လင့် နဲ့ စာသားတွေကလဲ ဘလော့ရှင် ပြောသလိုပဲ အဖိုးမဖြတ်နိုင်ဘူးကွ..

စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို ထုတ်ဖော်တာရော၊ ပြည်သူ့သူရဲကောင်း ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြုတာရော ဟာ ဆက်စပ်နေတယ်ကွ..

နိုင်ငံရေးမှာ မဆိုင်ဘူး ဆိုတာ မရှိဘူးကွ..

ကိုယ်တိုင် စာမရေးတတ်ပေမယ့် သူများ ရေးထားတဲ့ ဆောင်းပါးကောင်းတွေရဲ့ လင့်တွေကို လာတင်ပေးသူတွေ၊ အရေးပါတဲ့ စာသားကောင်းတွေကို ကော်ပီလုပ်ပြီး လာတင်ပေးသူတွေကို ငါတို့က ကျေးဇူးတင်တယ်ကွ..

အဲဒီလူတွေ လာတင်ပေးလို့ ဆလိုင်းတင်မောင်ဦး နဲ့ ပတ်သက်တဲ့ အကြောင်း အတော်လေး ပြည့်ပြည့်စုံစုံကို တထိုင်ထဲ လွယ်လင့်တကူ ဖတ်လို့ ရတာကွ..

ပြီးတော့ သန်းရွှေတို့ရဲ့ ဒေါ်လာဘီလျံ ချီပြီး ခိုးမှုတွေကို ရော၊ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကိုပါ တထိုင်ထဲ ဖတ်လို့ ရတာ ဘယ်လောက် အဆင်ပြေလဲကွ..

စစ်သား ဖြစ်ပြီး စစ်သားလို တည်တည်တန့်တန့် ပြောစမ်းပါကွ..

မင်းရဲ့ အမနာပ ပဲ ပြောတတ်တဲ့ မိန်းမပါးစပ်နဲ့ ဘလော့ရှင်ကို ဘာမှ ပြောမနေနဲ့..

မင်းရဲ့ အနှစ်သာရ လုံးဝ မရှိတဲ့ ပေါချာချာ အရေးအသားကမှ အိမ်သာနံရံ တို့၊ လမ်းဘေးဇရပ် တို့ပေါ်က အရေးအသား၊ အဆင့်အတန်းကွ..

ု K N (အတု) = mg = မောင် = zaw = ဦးသူတော် = မှော်ဆရာ = တုတ်ကြီး = SV ယောကျာ်း

ဆိုတဲ့ နာမည်တွေနဲ့ ရေးတဲ့ ရုရှားက စစ်ဗိုလ်က

မငယ်နိုင် တင်ထားတဲ့ "အာဇာနည် သူရဲကောင်း ဆလိုင်းတင်မောင်ဦးနှင့် ဦးသန့်ဈာပန" ပို့စ်အောက်က လင့်တွေ၊ စာသားတွေကို မြင်တာနဲ့ ဆားနဲ့တွေ့တဲ့ တီကောင်လို ဖြစ်နေပါလား။


ဒီလင့်တွေ၊ ဒီစာသားတွေကို ပြည်သူတွေ ဖတ်မိမှာကို တော်တော်လေး စိုးရိမ်ပြီး ကယောင်ကတမ်းတွေ ပြောနေပါလား။

လုပ်မနေနဲ့၊ mg ဆိုတဲ့ ရုရှားက စစ်ဗိုလ် ရေ။

တခြားလူတွေ မဖတ်ဖြစ်တာက အရေးမပါဘူး။ ငါတို့ရုံးက ကွန်ပျူတာဖိုင်တွေထဲမှာ အဲဒီ လင့်တွေက အင်တာနက်စာမျက်နှာတွေ အားလုံးကို မှတ်တမ်းတင်ထားပြီးပြီဟေ့။

မင်း ပူနေလဲ အလကားပဲ။




လက်နက်မဲ့ ပြည်သူ ၃ဝဝဝ ကျော်ကို မြို့လယ်ခေါင်တွေမှာ စည်းမဲ့ကမ်းမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ ပြည်လုံးကျွတ်လူသတ်ပွဲကြီး

http://www.scribd.com/doc/7181732/-Bertil-Lintner-Outrage-Burma



၁၉၉၈ ခုနှစ်၊ မေလက တနင်္သာရီတိုင်း၊ ခရစ္စတီးကျွန်းပေါ်တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော လက်နက်မဲ့ အရပ်သား ၈၁ ယောက်ကို သန်းရွှေ၏ အမိန့်အရ မြန်မာစစ်တပ်က ဥပဒေမဲ့ သွေးအေးအေးနှင့် ပစ်သတ်ခဲ့ပုံ


http://www1.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html


http://www.yeyintnge.com/2010/08/blog-post_494.html


http://www.timesonline.co.uk/tol/news/world/asia/article4083370.ece



လက်နက်မဲ့ ပြည်သူ ၁ဝဝ ကျော်ကို မင်းမဲ့စ၇ိုက်နဲ့ အသေ၇ိုက်သတ်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်၊ ဒီပဲယင်း လူသတ်ပွဲ

ဒီပဲယင်း လုပ်ကြံမှုရဲ့ နောက်ကွယ်က အမိန့်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်

http://www.rfa.org/burmese/news/depayin-massacre-main-perpetrator-05302011132922.html



ဒီပဲယင်း လုပ်ကြံမှု အစီရင်ခံစာ

http://www.yeyintnge.com/2009/04/blog-post_1269.html

အရိုးသားဆုံး ၀န်ခံရင် အဲဒီနာမည်က အခုမှကြားဖူးတာ၊ လေးစားတယ်ဗျာ၊ နာမည်ကျန်ခဲ့ တာ ၂မျိုးပဲ ရှိတယ် ဆိုးတာနဲ့ ကောင်းတာ တခုတော့ ရှိတာပေါ့  ဘယ်သူမှမသိလိုက်တာ၊ ဦးနေ၀င်းနာမည်(ဇာတ်လမ်းပြတ်သွားပြီ) ဦးသန်းရွှေ(မသိသေးဘူး) :)

.
(ခေါင်းစဉ်ကို နှိပ်ပြီး ဦးသန့်ဈာပန အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်ကျောင်းသားများကို ဦးညွှတ်အလေးပြု ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)


၃၈ နှစ်မြောက် ဦးသန့်ဈာပန အရေးတော်ပုံ ကျောင်းသား ၁၀ဝ ကျော် သတ်ဖြတ်ပွဲ
(၁၁-၁၂-၁၉၇၄ - ၁၁-၁၂-၂၀၁၂)


ဒီနေ့ (၁၁-၁၂-၂၀၁၂ ရက်နေ့) မှာ အာဏာရူး လူသတ်သမား နေဝင်းရဲ့ ဦးသန့်ဈာပန အရေးအခင်း လူအစုအပြုံလိုက်သတ်ဖြတ်ပွဲ (၁၁-၁၂-၁၉၇၄) ဟာ ၃၈ နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။


၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၂းဝ၀ နာရီမှာ အာဏာရူး နေဝင်းရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသွင်ပြောင်းပြီး အသုံးချခံနေခဲ့ရတဲ့ မြန်မာစစ်တပ်က ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦ နေရာမှာ ဦးသန့်ဈာပန အရေးတော်ပုံ ကျောင်းသားတွေ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တည်ဆောက်ထားတဲ့ ဦးသန့် အုတ်ဂူက ဦးသန့် ရုပ်အလောင်းကို ကာကွယ်နေကြတဲ့ လက်နက်မဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ရက်စက်ယုတ်မာ လူမဆန်စွာ အကြမ်းဖက် ပစ်သတ်တာကြောင့် ကျောင်းသူ၊ ကျောင်းသား ၁၀ဝ ကျော် ကျဆုံးခဲ့ရပါတယ်။

(Credit - Video by Khu Daun)

.
(ခေါင်းစဉ်ကို နှိပ်ပြီး ဦးသန့်ဈာပန အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်ကျောင်းသားများကို ဦးညွှတ်အလေးပြု ဗီဒီယိုကို ကြည့်ရှုလေ့လာနိုင်ပါတယ်။)


ဦးသန့် အရေးအခင်း ( ၃၈ ) နှစ်ပြည့် HD ဗွီဒီယိုဖိုင်
===========================
ကိုယ့်တိုင်းပြည်အကျိုးကိုလဲ နားမလည်...
ကိုယ့်လူမျိုးများရဲ့ ဂုဏ်ကိုလည်း မြှင့်တင်ရကောင်းမှန်မသိ..
အာဏာဂုဏ်ရှိန်ထက်... အာဏာရူး လူရမ်းကားများတို့ ရဲ့ 
ရက်စက်ယုတ်မာမှုကြောင့်... အသက်တွေ..ဘ၀တွေ..
ပေးဆပ်ခဲ့ကြရသော.... အမျိုးကောင်းသား..အမျိုးကောင်းသမီး
အာဇာနည် ကျောင်းသားများအား......
ဤ ဗွီဒီယိုလေးဖြင့်... ဦးညွှတ်အလေးပြုပါ၏......။

(ခွပ်ဒေါင်းအော်သံ)

.
(ခေါင်းစဉ်ကို နှိပ်ပြီး ဦးသန့်ဈာပန အာဇာနည်ကျောင်းသားများကို အောက်မေ့အလေးပြု ဗီဒီယိုကို ကြည့်ရှုလေ့လာနိုင်ပါတယ်။


ဦးသန့်ဈာပန အရေးတော်ပုံ (၁၁-၁၂-၁၉၇၄ ရက်နေ့) မှာ နေဝင်းရဲ့ လက်ကိုင်တုတ် မြန်မာစစ်တပ်က ရက်ရက်စက်စက် ပစ်သတ်လို့ ကျဆုံးသွားခဲ့တဲ့ အာဇာနည်ကျောင်းသားများကို ၃၈ နှစ်မြောက် အောက်မေ့အလေးပြု ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)


၁၁-၁၂-၂၀၁၂ ရက်နေ့ - ၃၈ နှစ်မြောက် ဦးသန့်ဈာပန ကျောင်းသား ၁၀ဝ ကျော် ကျဆုံးခြင်း အောက်မေ့ဘွယ် နေ့
(၁၁-၁၂-၁၉၇၄ - ၁၁-၁၂-၂၀၁၂)

(Credit - ခွပ်ဒေါင်းအော်သံ၏ ဗီဒီယို)

.
(ခေါင်းစဉ်ကို နှိပ်ပြီး "ဦးသန့်ဈာပနသီချင်း" ကို နားဆင်နိုင်ပါတယ်။

"ကိုမြတ်သူ (ABSDF) သီဆိုထားတဲ့ ဦးသန့်ဈာပနသီချင်း" ကို ခွပ်ဒေါင်းအော်သံက ဗီဒီယိုမှာ ထည့်သွင်းပြီး ဦးသန့်ဈာပန အရေးတော်ပုံ (၁၁-၁၂-၁၉၇၄ ရက်နေ့) မှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်ကျောင်းသားများကို ၃၈ နှစ်မြောက် အောက်မေ့အမှတ်ရတဲ့အနေနဲ့ ဦးညွှတ်အလေးပြုထားတာပါ။)



ဦးသန့်ဈာပနသီချင်း (၁၉၉၁ ခုနှစ်)
(နေဝန်းနီနီ သီချင်းခွေ - ABSDF (၁၉၉၁ ခုနှစ်) )


(ကိုမြတ်သူ (ABSDF) က ဦးသန့်ဈာပန အာဇာနည်ကျောင်းသားများကို ဂုဏ်ပြုသီဆိုထားပါသည်။)


၁၉၆၂ သမိုင်းရိပ် သွေးမတိတ်မီ
လွန်သူတို့ နိုးထလာချေပြီ...


(တို့ကျောင်းသားများ စောင့်မျှော်ခဲ့သည့်
အခွင့်အရေးကို ရရှိခဲ့သည်...
တကမ္ဘာလုံး လေးစားရတဲ့
ဦးသန့်ဈာပန အကြောင်းပြလို့တည်...
၇၄၊ ဒီဇင်ဘာ
မဖြေသာ အကြောင်းတရားက ဇာတ်လမ်းစလေသည်…
ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သည့်၊
စစ်အုပ်စုကို ဆန့်ကျင်ခဲ့သည့်
ဦးသန့်လိုလူ ရာဇ၀င်ထူးလို့
အာဏာရူးတို့ ရန်စမီးပျိုး အငြိုးထားခဲ့သည်…) x ၂


(လူသာမန်လို ဆက်ဆံခဲ့ပြီ...
တို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ...
ထိုက်တန်စွာ ဦးညွတ်ရမည်၊ ထိုက်တန်စွာ ဂုဏ်ပြုရမည်...
တို့ဗမာတွေ သိက္ခာမနွမ်းရအောင်
ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင် စခဲ့သည်...
အဓိပတိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေ စုဝေးလို့
စစ်အုပ်စု ဆန့်ကျင်ရေးနဲ့ ဂူဗိမာန် ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်...
ကျောင်းသား၊ ပြည်သူ ပေါင်းစုဝေးလို့
ဈာပန အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေသည်...
သမဂ္ဂအဆောက်အဦ မြေပြင် ကမ္ဘာ့ရဲ့ ခေါင်းဆောင်ကြီး
လဲလျောင်း မှေးစက် နေစေရန် ရွယ်ရည်...) x ၂


ဂူဗိမာန်ကြီး တည်ဆောက်ကြသည်...
ပြည်သူများနဲ့ ပေါင်းစည်းလို့ညီ...
ခွပ်ဒေါင်းဇာနည် ဘာမထီသွေးတို့
ပြည်သူရေးအတွက် ရှေ့သို့ လှမ်းတက်ချီ…
အယုတ်တမာ အာဏာရူးတွေက လူသားမဆန်
မောင်းပြန်သေနတ်များနဲ့ ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ...
ကမ္ဘာမကြေနိုင်ပြီ၊ တက္ကသိုလ်မြေမဟီ...
ခွပ်ဒေါင်းသွေးတို့ နီရဲခဲ့ကြသည်…


(ဘယ်လိုပင် သတ်ကြပါစေ၊ တို့ မသေ...
ဘယ်လိုပင် ဖြိုခွင်းပါစေ၊ တို့ မမှုပေ...
ဘယ်လိုပင် သတ်ကြပါစေ၊ တို့ မသေ...
ဘယ်လိုပင် ဖြိုခွင်းပါစေ၊ တို့ မမှုပေ...
ခွပ်ဒေါင်းသွေး သန္နိဋ္ဌာန်
ဒူးထောက်လို့ အညံ့မခံဘူးဟေ့...
အရိုးကြေကြေ အရေခန်းခန်း
မကြောက်တမ်း မရွံ့တမ်း
သွေးလမ်းသို့ ဖြတ်ချီလှမ်းမည်...
ညီ.. ညီ.. ညီ.. ညီ..
ချီ.. ချီ.. ချီ.. ချီ..
ခေတ်ဟောင်းဖြိုဖျက် တိုက်ပွဲဆက်ကြမည်။) x ၂


(ခွပ်ဒေါင်းအော်သံ၏ ဗီဒီယို)