မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အသိနှင့်အသိတရား


ဘလော့ဂ်လောကမှာ ဘလော့ဂ်မောင်နှမတွေ အချင်းချင်း ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန် လေးစားမှု လက္ခဏာကို ဆောင်ပြီး စိတ်ဝင်တစား Tag ကြတာဟာ ကောင်းတဲ့ ဓလေ့လေးတခုလို့ ကျွန်မ ယူဆပါတယ်။ ဘလော့ဂါ မောင်လေးတယောက်ဖြစ်တဲ့ မောင်မိုးက ကျွန်မကို အသိတရားနဲ့ ပတ်သက်ပြီး Tag လိုက်တော့ အစပထမတော့ ဘာရေးရမှန်းမသိလို့ တော်တော်လေးတော့ ခေါင်းစားသွားတယ်။ နောက်တော့...

ကျွန်မဘ၀မှာ ထူးထူးခြားခြား အသိတရားရရှိခဲ့တာ ဗုဒ္ဓာသာကို လေးလေးနက်နက် ယုံကြည်သွားတဲ့ ဘာသာရေးအသိတရားနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးလေးနက်နက် ယုံကြည်သွားတဲ့ နိုင်ငံရေး အသိတရားဆိုပြီး ဘ၀တဆစ်ချိုးကို ဖြစ်စေတဲ့ အသိတရား နှစ်ခုကို သွားပြီး သတိရပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အသိတရားကို မျှဝေလိုတဲ့ ဆန္ဒပိုပြီး ပြင်းပြပေမဲ့ လက်ရှိအခြေအနေနဲ့ အကိုက်ညီဖို့ ရည်ရွယ်ပြီး လူမုန်းသမားများပြီး အဆဲလည်းခံရတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိတရားကိုပဲ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပို့စ်မှာ ကျွန်မက အသိတရားနဲ့ အသိကို နှစ်ပိုင်းထားပြီး အသိ ဆိုတာ အမှန်အမှားဆိုတဲ့ ဆုံးဖြတ်ချက် မပါဘဲ သာမန်အတိုင်း စိတ်အာရုံထဲမှာ သိထားတာကို ရည်ညွန်းပါတယ်။ အသိတရား ဆိုတာကတော့ အသိနောက်မှာ တရားပါလာပြီမို့ မှန်ကန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အသိကိုပဲ ရည်ညွှန်းချင်ပါတယ်။


အသိ

မဆလ လက်ထက်က မြန်မာပြည်ရဲ့ တောစွန်အုံဖျား တနေရာမှာ ကြီးပြင်းပြီး စာကြည့်တိုက်မရှိ လေ့လာမှတ်သားစရာ ရှားပါးတဲ့ နေရာမှာ ပညာသင်ကြားလာခဲ့ရပေမဲ့လည်း ကျွန်မ အသိမှာ ငယ်ငယ်တုန်းက စပြီး မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန် ဆိုတာတွေကို မူလတန်းအရွယ်ကတည်းကတောင် အိမ်က အဖေနဲ့ ကျောင်းကဆရာဆရာမတွေက ရိုက်သွင်းပေးခဲ့လို့ ရခဲ့ပါတယ်။ သူတို့ရိုက်သွင်းပေးခဲ့လို့သာ ကျွန်မမှာ အများနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တချို့တွေလို မိမိနဲ့မဆိုင်သလို နေနိုင်စွမ်းမရှိဘဲ တိုင်းချစ်ပြည်ချစ်တဲ့ စိတ်ဗီဇကို သူတို့တွေရဲ့ ကျေးဇူးကြောင့် အမွေရခဲ့ပါတယ်။

ကျွန်မ ငယ်ငယ်က ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစုတွေဟာ ထမင်းတလုပ်စားဖို့အရေး နေ့စဉ်နဲ့အမျှ ငြီးတွားသံတွေကို သတိထားမိပါတယ် (ဟိုတုန်းကထက် အခုပိုဆိုးပါတယ်)။ ဘာပဲလုပ်လုပ် တခုခု လုပ်ရင် ငယ်စဉ်ကြီးလိုက် လာတ်ထိုးရတာတွေကို ပုံမှန်လုပ်ရိုးလုပ်စဉ် အစဉ်အလာကြီးလို ဖြစ်နေတာကို သိရှိထားပါတယ်။ အဲဒီတုန်းက စစ်တပ်က ကျွန်မတို့ ဒေသတ၀ိုက်မှာ အမြဲတမ်း ဖြတ်သွားဖြတ်လာရှိပြီး တပ်စွဲထားတဲ့ ရွာတွေမှာ ပြဿနာ သိပ်မရှိပေမဲ့ တပ်မစွဲထာတဲ့ ရွာထဲ စစ်တပ်ဝင်ရင် ရွာကို မကောင်းဆိုးရွား နာနာဘ၀တွေ ၀င်တာထက် ပိုပြီး ရုပ်ပျက်ဆင်းပျက် နိုင်လှတာကို တွေ့ရပါတယ်။ ဟိုဘက်ရွာမှာ စစ်တပ်ရောက်နေတယ်ဟေ့ ဆိုတာနဲ့ ဒီဘက်ရွာမှာ ရှိရှိသမျှ အရွယ်ရောက်တဲ့ အမျိုးသားတွေက ကြားရာအရပ် ရောက်ရာနေရာကနေ ပေါ်တာဆွဲခေါ်ခြင်း၊ လုပ်အားပေး ခိုင်းစေဖို့ ခေါ်ဆောင်ခြင်း (သို့) ပြဿနာတခုခု ရှာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရမျာစိုးလို့ ပြေးပုန်းလေ့ ရှိပါတယ်။ ရွာထဲကို စစ်တပ် တခါတခါဝင်တိုင်း ငိုနေတဲ့ ကလေးကအစ လုံးဝ အသံတိတ်ကာ ခွေးဟောင်သံနဲ့ ကျီးအာသံလို တိရိစ္ဆာန် အသံကလွဲပြီး လူသံဆိုလို့ ဘာမှ မကြားရတော့ဘဲ တရွာလုံးက တစပြင်လိုပဲ ဆိတ်ငြိမ်နေတတ်ပါတယ်။ စစ်တပ်ဝင်ရင် ရွာထဲက အိမ်တွေမှာ တွေ့သမျှအရွယ်ရှိ ယောက်ျားတွေကို စစ်တပ်က ခေါ်သွားကြသလို တခါတလေ ဟောင်နေတဲ့ ခွေးတွေကိုပါ ပစ်သတ်ပြီး စားဖို့ ယူသွားတတ်တာ၊ ခွေးသားဆိုရင် သိပ်ရွံတတ်တဲ့ ကျွန်မတို့ နယ်ဘက်ကလူတွေဟာ စစ်တပ်ကိုလည်း ခွေးသားထက် ပိုရွံရှာကြတာ ငယ်ငယ်က ရင်ဆိုင် ကြုံနေကျ အဖြစ်အပျက်တွေပါပဲ။

စစ်တပ်က ရွာတွေထဲဝင်ပြီး မကြာခဏ ဒုက္ခပေးခံရတာတွေ၊ တော်ကြာ ဘယ်ရွာက ဘယ်သူ့ကို ဖမ်းသွားလိုက်တာ ပြန်မလွတ်သေးဘူး၊ ဘယ်သူ့ကို ညှင်းဆဲပြန်ပြီ၊ သတ်လိုက်ပြန်ပြီ ဆိုတာတွေကလည်း မကြာခဏ ကြားရတတ်ပါတယ်။ ဘာရာဇ၀တ်မှုမှ ကျူးလွန်ထားသူများ မဟုတ်ပါလျက် ဘာအပြစ်မှ မရှိပါလျက်နဲ့ စစ်တပ်ရွာထဲဝင်ရင် ရွာသားတွေ ကြောက်နေရတာ၊ အစဉ်အမြဲ ဒုက္ခပေးခံနေရတာကို ကျွန်မ စိတ်ထဲမှာ မဟုတ်သေးဘူး၊ တခုခုတော့ မှားနေပြီဆိုတာ သတိထားမိပေမဲ့ ဘာကြောင့်၊ ဘယ်လို ဆိုတာဝေခွဲနိုင်စွမ်းမရှိတော့ လူ့ဘ၀ရဲ့ သာမန် ဖြတ်သန်းရတဲ့ သဘောသဘာဝပဲ ဖြစ်မှာပါလို့ အလွယ်ပဲ လက်ခံထားလိုက်တယ်။ စစ်တပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်လာခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို တိုက်ပေးခဲ့တဲ့ သူရဲကောင်းတွေအဖြစ် အဖေဆီက သိထားတော့ တိုင်းပြည်အတွက် စစ်တပ်ကို မုန်းသူ၊ အစိုးရကို မကောင်းပြောသူတွဟာ မျိုးချစ်စိတ်မရှိသူတွေ၊ နိုင်ငံရေး နားမလည်သူတွေ၊ မိမိတိုင်းပြည်ကို ကျွန်ဘ၀ ပြန်ရောက်ချင်သူတွေ အဖြစ်ပဲ လူကြီးမိဘတွေ ပြောသလို လက်ခံလိုက်ပြီး အမှန်တကယ် သိရှိနားလည်အောင်လုပ်ဖို့ မကြိုးစားနိုင်ခဲ့တာ အမှန်ပဲ။

ကျွန်မက ကျွန်မရဲ့ နိုင်ငံရေးအသိနဲ့ ပတ်သက်ပြီး ငယ်ငယ်က သင်ရသမျှ၊ ဆရာဆရာမတွေ ပြောပြသမျှတွေကိုလည်း သိပ်ပြီးမှတ်မိတတ်ပါတယ်။ တိုင်းပြည်ရဲ့ အထွေထွေယိုယွင်းမှုများကြောင့် ပြည်ထောင်းစုကြီး မပျိုကွဲစေရန် ကာကွယ်ဖို့ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ တပ်မတော်က နိုင်ငံတော် အာဏာကို ၆၂ ခုနှစ်က လွှဲပြောင်းရယူပြီး တော်လှန်ရေးကောင်စီကို ဖွဲ့စည်းရတဲ့အကြောင်း၊ တော်လှန်ရေး ကောင်စီက မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားတဲ့ ဆိုရှယ်လစ် လမ်းစဉ်ကို ဆက်လက်အကောင်ထည် ဖေါ်နေကြာင်း၊ ဆိုရှယ်လစ် လမ်းစဉ်ဆိုတာ လူတန်းစား ကွာဟမှုကို ထိန်းညှိပေးပြီး သာယာဝဖြိုးတဲ့ လူ့ဘောင်ကြီးကို ဆိုလိုကြောင်း၊ သဘာဝ သယံဇာတ ပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ချမ်းသာပြီး သာယာဝဖြိုးလျက် ရှိကြောင်း စတဲ့အချက်တွေက လက်တွေ့ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ ကျပ်တည်းလွန်းလို့ ငြီးတွားသံတွေကို ကျော်ဖြတ်ပြီး ကျွန်မရဲ့ ဦးနှောက်ထဲ၊ နှလုံးသားထဲမှာ စွဲနေအောင် သင်ကြား သိရှိခဲ့ရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ ကျွန်မဟာ ၈၈ အရေးတော်ပုံ မတိုင်ခင်ကလအထိ မြန်မနိုင်ငံရဲ့ နိုင်ငံရေးကို ဒီအတိုင်းပဲ သိနားလည်ထားခဲ့သူ ဖြစ်ခဲ့ပါတယ်။


အသိတရား

ကျွန်မ အသိတွေကို ပြောင်းပြန် ဖြစ်သွားစေခဲ့တာကတော့ ၈၈ လူထုအုံကြွမှုကြီးပါပဲ။ ဒီအရေးတော်ပုံကြီး ဖြစ်လုဆဲဆဲမှာ မတ်လအရေးအခင်းက ကျောင်းပိတ်ပြီး ပြန်ဆင်းလာတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ ပါလာတဲ့ ကိုမင်းကိုနိုင်လက်ရေးမူနဲ့ အစိုင်းထိုးထားတဲ့ စာတစောင်ကို ကျွန်မတို့ အထက်တန်း ကျောင်းသားတွေဆီ လက်ဆက်ကမ်း ဖြန့်ဝေခဲ့လို့ ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်မသိထား ထင်ထားတဲ့ အရာအားလုံးဟာ လုံးဝ ဆန့်ကျင်ဘက် ပြောင်းပြန်တွေ ဖြစ်နေပြီး သယံဇာတ ပေါများကြွယ်ဝလှတဲ့ မြန်မာနိုင်ငံက ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာ အပါအ၀င် ကျွန်မ လုံးဝ အဖြေရှာလို့မရခဲ့တဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံးရဲ့ အဖြေတွေကို တွေ့လိုက်ရပြီး တရားခံကို သိလိုက်ရပါတယ်။ ၆၂ နှစ်ကစပြီး ဖြစ်လာခဲ့တဲ့ 7 July, ကျွန်းဆွယ်၊ ရခိုင်ဆန်ပြဿနာ၊ မှိုင်းရာပြည့်၊ ဦးသန့်၊ ငွေစက္ကူ၊ ကိုဖုန်းမော် တံတားနီ၊ ဇွန်လ အရေးအခင်းတွေမှာ အာဏာရှင်တွေရဲ့ ယုတ်မာရက်စက်ခဲ့တဲ့ အကြောင်းတွေကို သိလိုက်ရတာနဲ့ တပြိုင်နက် အလိမ်ခံလာခဲ့ရတဲ့ အဖြစ်ကို ယူကျုံးမရ ခံစားလိုက်ရပါတယ်။ ဒီလို သိရှိသွာတဲ့ အသိတရားကြောင့် မိသားစုနဲ့ ဆန့်ကျင်ပြီး ကျွန်မရဲ့ ဘ၀တဆစ်ချိုးကို ဒီအရေးတော်ပုံကြီးမှာ စခဲ့ပါတယ်။ အကယ်၍များ ဒီ ၈၈ အရေးတော်ပုံကြီးသာ ဖြစ်မလာခဲ့ပါက ဒီအကြောင်းတွေကို ကျွန်မ အခုထိ သိပါ့မလားလို့ တခါတခါ ပြန်တွေးမိပါတယ်။

တကယ်တော့ အလိမ်ခံရတယ်ဆိုတာက တကြိမ်ခံရရင် လိမ်သူရဲ့အပြစ်လို့ ပြောလို့ရနိုင်ပေမဲ့ နောက်တကြိမ် ထပ်အလိမ်ခံရတယ်ဆိုရင်တော့ လိမ်သူရဲ့ အပြစ်မဟုတ်တော့ဘဲ အလိမ်ခံထားရတာကို သင်ခန်းစာမယူဘဲ ထပ်အလိမ်ခံသူရဲ့ အပြစ်ပဲဖြစ်လိမ့်မယ်လို့ ကျွန်မဆိုချင်တယ်။ အရင်တခါ အာဏာသိမ်းတုန်းကတော့ ၇၄ ဖွဲ့စည်းပုံအခြခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး ပညာသားပါပါ မသိမသာ လိမ်လည် အတည်ပြုကာ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ဆိုပြီး လုပ်လိုက်တာ ဥရောပနိုင်ငံတွေမှာ ကမ္ဘာ့အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတွေအဖြစ် အောင်မြင်စွာ ကျင့်သုံးနေတဲ့ ဆိုရှယ်လစ်စနစ်ဟာ မြန်မာနိုင်ငံမှာကျတော့ သုံးစားလို့ မရအောင် ပျက်စီးသွားတဲ့ ဆိုရှယ်လစ် ဖြစ်သွားပြီး နိုင်ငံလည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင် ဖြစ်သွားခဲ့တယ်။ အခုတခါ မသိမသာတောင် မဟုတ်တော့ဘဲ ၂၀၀၈ ဖွဲ့စည်းပုံကို ၎င်းတို့စိတ်ကြိုက်ဆွဲပြီး မျက်နှာဗြောင်တိုက်ကို လိမ်ပြီး အတည်ပြုကာ အရင် လုပ်ထားတဲ့ ရွေးကောက်ပွဲ ရလဒ်ကိုတောင် ဘာမှ အကောင်အထည်မဖေါ်ဘဲနဲ့ နောက်တကြိမ် ရွေးကောက်ပွဲကို ပြည်သူလူထု ဆန္ဒမပါပဲနဲ့ အတင်းအဓမ္မလုပ်ပြီး မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုပြီး ဒီမိုကရေစီကို ဖျက်ဆိးဖို့ လုပ်နေပြန်ပြီ။

စစ်အုပ်စု လိမ်တာကို လိမ်မှန်းသိလျက်နဲ့ လက်ခံခဲ့ရင် လိမ်သူရဲ့ အပြစ်မဟုတ်ဘဲ လက်ခံသူရဲ့ အပြစ်သာ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲ ဖြစ်လို့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ ဖြစ်အောင် လုပ်လို့မရပါဘူး လုပ်ရင်လည်း ပျက်စီးဖို့ပဲ ရှိမှာပဲ။ ဥပမာအားဖြင့် Spaghetti ခေါ် အီတလီခေါက်ဆွဲတမျိုးကို အီတလီတွေက ခရမ်းချဉ်သီး အနှစ်ထဲမှာ အမဲသားကိုစင်း၊ ဟင်းသီးဟင်းရွက်နဲ့ ပြန်နှပ်ပြီး စားခါနီး Cheese အမှုန့်ဖြူးပြီး စားကြပါတယ်။ အမဲသားမစားတဲ့ ကျွန်မက အဲဒီခေါက်ဆွဲကို လုပ်စားရင် ခရမ်းချဉ်သီး အနှစ်တခုကလွဲပြီး ကျန်တဲ့သူတို့ သုံးတာ ဘာမှ မသုံးပဲ ပုဇွန်အသားနဲ့ ပြန်နှပ်ပြီး ကြက်သွန်စိမ်းနဲ့ ငရုပ်သီးစိမ်း၊ ပါးပါးလှီးထည့်၊ သံပုရာရည်ထည့်ကာ နံနံပင် အုပ်ပြီး Cheese အမှုန့်နေရာမှာ ငန်ပြာရည်ကို ထည့်စားတယ်။ ချဉ်ငန်စပ်ကြိုက်တဲ့ ကျွန်မအတွက်တော့ ဆောင်းတွင်းမှာတောင် နဖူးမှာ ချွေးစိုတဲ့အထိ အရသာရှိတဲ့ စားစရာတခွက်ပါပဲ။

ဒါပေမဲ့ ဒီလိုလုပ်စားတာကို တခြားဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ကိုယ့်အိမ်မှာ ကိုယ်စားချင်သလို ကိုယ့်ပါးစပ်နဲ့ တည့်အောင် လုပ်စားချင်ရင် အဲဒီလို လုပ်စားလို့ ရနိုင်ပေမဲ့ ကျန်တဲ့ အိမ်သားတွေ စားဖို့ (သို့) ရောင်းတန်းဝင်ဖို့အတွက်ဆိုရင် အဲဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ချဉ်၊ ငန်၊ စပ် လုပ်လို့မရသလို ဒါကို Spaghetti လို့ လည်း ခေါ်လို့မရပါဘူး။ ထိုနည်းအတူ ဒီမိုကရေစီကိုလည်း ဒီလို အုပ်ရောရော ကျောက်ရောရောလုပ်ပြီး မြန်မာမှုပြုချင်ရင် စစ်ခေါင်းဆောင်တွေက အိမ်သားအားလုံးနဲ့ ကြည်ဖြူလို့ သူ့အိမ်မှာ (သို့) စစ်တပ်မှာ ငါ့စကားကိုပဲ နားထောင်ရမယ်ဆိုတဲ့ တသွေးတသံတမိန့်ကို လုပ်လို့တော့ရနိုင်တယ်။ အများပြည်သူတွေအတွက်တော့ ကိုယ်ကြိုက်တာကို အကုန်လုံးကြိုက်ရမယ်လို့ အတင်း လိုက်ကြိုက်ခိုင်းလို့ မရနိုင်ပါဘူး။ ဒီမိုကရေစီမှာ ပြည်သူလူထုကို အုပ်ချုပ်တာ စစ်တပ်ကိုအုပ်ချုပ်သလို အုပ်ချုပ်လို့ မရပါဘူး။ မိမိအိမ်က မိမိ မိသားစုကို တသွေးတသံ တမိန့်နဲ့ အုပ်ချုပ်တာကိုလည်း ဒီမိုကရေစီလို့ ပြောလို့မရပါဘူး။ စစ်အုပ်ချုပ်ရေးကို ထောက်ခံသူတွေက မြန်မာပြည်သားတွေဟာ စည်းကမ်းမရှိလို့ ပြောကြ၊ ရေးကြတာကို ကြားဖူးဖတ်ဖူးပါတယ်။ စစ်အာဏာရှင်နဲ့ပဲ တန်တယ်လို့ ယုံကြည်ထားရင် မိမိယုံကြည်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရဲရလိမ့်မယ်။ အခုတာ့ မိမိယုံကြည်တာကိုလည်း ပြောမရဲ ကလိန်အကျစ်ကျပြီး မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုရေစီဆိုပြီး ဒီမိုကရေစီကို အမည်ခံ ခုတုံးလုပ်ကာ ပြည်သူလူထုနဲ့ ကမ္ဘာကို လိမ်ညာ လှည့်ဖြားနေတာကတော့ စစ်အုပ်စု လုံးဝ မရိုးသားဘူးဆိုတာ ပြသနေပါတယ်။

ဒီမိုကရေစီဆိုတာ အများစုရဲ့ဆန္ဒကို လိုက်နာခြင်း အနည်းစုရဲ့ဆန္ဒကို အသိအမှတ်ပြုခြင်း ဖြစ်လို့ မတူကွဲပြားမှုတွေအကြား ကျင့်သုံးဖို့အကောင်းဆုံး ကျင့်စဉ်တခုဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီကို လက်ခံမလား၊ အာဏာရှင်စနစ်ကို လက်ခံမလားဆိုတာ နှစ်ခုပဲ ရွေးစရာ ရှိပါတယ်။ ဒီမိုကရေစီကို လက်ခံသူ ဖြစ်ရင် အခုစစ်အုပ်စု လုပ်နေတာတွေဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနဲ့ လုံးဝ မကိုက်ညီတဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲက မြန်မာပြည်မှာ ဖြစ်နေတဲ့ တိုင်းရင်းသားပြဿနာ၊ ဒီမိုကရေစီရေး ပြဿာတွေ အပါအ၀င် မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာ သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုကို ၂၅% အမြဲတမ်း အာဏာ ပေးအပ်လိုက်ပြီး ၁၀၀% အချိန်မရွေးအာဏာ ပြန်သိမ်းပိုင်ခွင့်ကို တရားဝင် ပေးအပ်လိုက်ခြင်းသာ ဖြစ်လို့ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးနဲ့ ပတ်သက်ပြီး ခေါင်းစားခံပြီး စဉ်းစားနေစရာတောင် မလိုတဲ့ အချက်ဖြစ်ပါတယ်။ NLD ရွေးကောက်ပွဲ ၀င်ခြင်းအားဖြင့် NLD ဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နဲ့ ရှိသမျှနိုင်ငံရေး အကျဉ်းသားတွေရဲ့ ပေးဆပ်မှုတွေနဲ့ အနှစ် ၂၀ လုံးလုံး တိုက်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်သူ အားလုံးရဲ့ တိုက်ပွဲကြီးကို အရှုံးပေး ရပ်ဆိုင်းပြီး ပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်စော်ကားရာ ရောက်သွားလိမ့်မယ်။

ဒါဆိုရင် NLD ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုလည်း ရတော့မှာ မဟုတ်ဘဲ ရွေးကောက်ပွဲမာ နိုင်ပြီး အာဏာရနိုင်တဲ့ အလားအလာလည်းမရှိပဲ မြောင်းထဲရောက်ဖို့သာ ရှိနိုင်ပါတယ်။ ဒါအပြင် လမ်းမှားရောက်နေတဲ့ စစ်တပ်ကို မတည့်မှတ်ပေးတဲ့အပြင် စစ်တပ်ကို လုပ်ချင်သလို လုပ်နေတဲ့ ပြည်သူ့ချဉ်ဖတ် အမြဲတမ်း ဖြစ်နေအောင်၊ ပြည်သူလူထုကိုလည်း တသက်လုံး စစ်ကျွန်ဘ၀ကို လုံးလုံး ရောက်သွားအောင် တရားဝင် တွန်းပို့သူတွေအဖြစ် သမိုင်းမှတ်တမ်း တွင်ကျန်နေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေအနေနှင့် NLD ဘယ်လိုပဲ ရပ်တည်ရပ်တည် ပြည်သူလူထုဟာ NLD ဆိုတာ မပေါ်ပေါက်ခင်ကလည်း တိုက်ပွဲဝင်လာခဲ့သလို NLD က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး စစ်တပ်ကြိုးဆွဲရာ ကသူဖြစ်သွားရင်လည်း အခုထက်ပိုဆိုးလာမှာ ဖြစ်တဲ့ စစ်ကျွန်ဘ၀ကို တွန်းလှန်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီ ရပြီး မြန်မာပြည်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် အာမခံချက်ရှိတဲ့ နိုင်ငံတခု ပေါ်ပေါက်လာတဲ့အထိ ဒီမိုကရေစီတိုက်ပွဲက ဆက်လက်ရှိနေမှာပဲ ဖြစ်တယ်။ အနှစ်ချုပ်ကတော့ မြန်မာပြည်သူလူထုအတွက် ဘာအမကျိုးရလဒ်ကိုမှ မရနိုင်ပဲ စစ်တပ်ကို တရားဝင် အာဏာအပ်နှင်းတဲ့ ရွေးကောက်ပွဲကို NLD နဲ့ ပြည်သူလူထု အားလုံး ဆန့်ကျင်ဖို့ လိုအပ်ပါတယ်။

မောင်မိုးရေ မိဘတွေရဲ့ စွန့်ပစ်ခံ ဘ၀နဲ့ရင်းပြီး ရထားတဲ့ အသိတရားတွေကို တင်ပြခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိတရားကို ရွေးလိုက်လို့ သဘောထားမတိုက်ဆိုင်တာတွေ ရှိကြရင်လည်း အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီထက်မက ရှုပ်ထွေးပွေလီတဲ့ မတူကွဲပြားတဲ့ သဘောထားတွေအတွက် ကြိုတင်ပြင်ဆင်တဲ့ အလေ့အကျင့်အဖြစ် သဘောထားကြစေချင်တယ်။ ဆက် Tag ချင်သူတွေကတော့

(၁) ပို့စ်တွေ့မှာ အတွေ့အကြုံလေးတွေ ထည့်ရေးတတ်တဲ့ မောင်လေး ကိုဂျူလိုင်အိပ်မက်၊
(၂) ကျွန်မဘလော့ဂ်ကို အခုနောက်ပိုင်း ပုံမှန် လာလာအားပေးနေတဲ့ ညီမလေး ဒဏ္ဍရီ
(၃)့ အလွမ်းအဆွေးတွေကနေ ခေတ္တပေးနားစေချင်တဲ့ စေတနာနဲ့ အမြဲတမ်း လာလည်သူ အားနည်းပြီး ပြန်ရလောက်အောင် လွမ်းနေဆွေးနေတတ်တဲ့ အစ်ကို အောင်သာငယ်
(၄) အရွယ်နဲ့မလိုက်အောင် စာရေးကောင်းတဲ့ သားလေး Craton
(၅) ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေးကို သိပ်လိုက်စားပြီး သူသိထားတာကိုလည်း အမြဲတမ်းမျှဝေတတ်တဲ့ အဖြူရောင်မေတ္တာ ဘလော့ဂ်ကို ရေးတဲ့ မောင်လေး ဖိုးသား
(၆) ဘလော့ဂ်လောကထဲက အခုမှ အသစ်စစ်စစ်လေး ရောက်လာတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး မဗေဒါ (သူ့ဘလော့ဂ်ပြင်ဆင်နေတဲ့အချိန် ဖြစ်နေလို့ သူ့ဘလော့ဂ်ကို ပြင်ဆင်ပြီးစီးသွားရင် တခြားဘလာ့ဂ် မိတ်ဆွေတွေနဲ့ မိတ်ဆက်တဲ့ ပို့စ်လေး တင်ပေးဖို့ ရှိပါတယ်။)
(၇) ၂၀၀၈ ခုနှစ် ဇန်န၀ါရီမှာ ဘလော့ဂ်ဆိုတာကို ကျွန်မ ပထမဦးဆုံး ဖတ်ဖူးတဲ့ ဘလော့ဂ် ပိုင်ရှင် ဆရာမမေငြိမ်း တို့ကို Tag ချင်ပါတယ်။ ဘာနဲ့ပတ်သက်တဲ့ အသိတရားပဲ ဖြစ်ဖြစ် ရေးလို့ရပါတယ် အချိန်ရရင် ရေးပေးကြပါနော့်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

((This article was posted on 21/03/10 at 7:24 PM and temporaryly situated it on top for some readers who haven't read it)

32 comments:

၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းပိုင်ခွင့် ပေးထားတဲ့ ဥပဒေမို့ ဒီမိုကရေစီ မဟုတ်ပဲ စစ်ကျွန်ဘ၀ တွန်းပို့တဲ့ ဥပဒေ ဆိုတာရယ်

စစ်တပ်ကို ပြည်သူ့ ချဉ်ဖတ် ဖြစ်နေအောင် လုပ်တဲ့ ဥပဒေဆိုတာရယ်

ဒါ့ကြောင့် nld ဟာ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူးဆိုတာ ခေါင်းစားခံပြီး စဉ်းစားစရာ မလိုတဲ့ အကြောင်းရယ်

ဝင်မယ်ဆုံးဖြတ်ရင် နှစ်ပေါင်းများစွာ အာဏာရှင်ကို အံတု တွန်းလှန်ရင်း ဒီမိုကရေစီ အတွက်လုပ်ဆောင်နေတဲ့သူတွေ၊nldကို မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို စော်ကားရာ ရောက်တယ် ဆိုတာရယ်

nld ဟာ စစ်တပ်နဲ့ ပူးပေါင်းသွားရင် ပြည်သူလူထုက လက်ခံမှာ မဟုတ်၊ သူတို့လိုချင်တဲ့ ဒီမိုကရေစီ ရအောင် ဆက်ပြီး လုပ်ကိုင်ကြနေအုန်းမယ် ဆိုတာရယ်

မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဒီမိုကရေစီ ဆိုတာ မရှိဘူး ဒီမိုကရေစီဟာ ဒီမိုကရေစီပဲ ၊ ဒီမိုကရေစီဆိုတာ
အများဆန္ဒကို လိုက်နာ၊ အနည်းဆန္ဒကို အသိအမှတ်ပြု တာဆိုတာရယ်တွေကို ရေးသွားလို့ မငယ်နိုင် အတွေးကို သဘောကျစွာ ဖတ်လိုက်ပါတယ်။

မတူကွဲပြား သဘောထားတွေကို လေးစားတတ်စေချင်တဲ့ မငယ်နိုင်ရဲ့ သဘောထားကို ကြုံတိုင်း ပြောလေ့ရှိတာကိုလည်း တကယ်ပဲ သဘောကျပါတယ်။ မအယ်တို့တွေမှာ နိုင်ငံကြီးသား ပီသချင်ရင် ဒီမိုကရေစီ လိုချင်ရင် ဒီအလေ့အကျင့်ကောင်း တကယ့်ကို လိုအပ်တယ်လို့ လက်ခံတယ်။

ငယ်ငယ်က စစ်တပ်ရန် ကြောက်ခဲ့ရတာလည်း မအယ်နဲ့တူတယ်။ မအယ်တို့က သူပုန်ရန်ပါ ကြောက်ရတာ။ ခုတော့ အံသြမိတာ တချိန်လုံး မှိုင်းခွဲ ဗုံးထောင် ကျောင်းတွေ မီးရှို့ လူသတ် သိတ်ဆိုးပါတယ်လို့ စစ်တပ်က ပြောခဲ့တဲ့ သူပုန်ဆိုသူတွေနဲ့ သူက စကား ပြောတယ်။ ငြိမ်းချမ်းရေးယူတယ်။ မြို့ပေါ်မှာ လက်နက် ပေးကိုင်လို့ အေးဆေးပဲ။

ဘာအပ်တို တချောင်းမှ မရှိတဲ့ ပြည်သူတွေကိုတော့ စကား မပြောရဲဘူး။ လူထုကို တိုက်ရိုက် မထိတွေ့ရဲလည်း လူထု ခေါင်းဆောင်နဲ့ တဆင့်ပြောဆိုလည်း မပြောရဲဘူး။

ခုတော့ ပြောရမယ့် စကား မပြောပဲ၊ အာရုံလွှဲအောင် ရွေးကောက်ပွဲ မောင်းခတ်တာပါပဲ။


မငယ်နိုင် ရေ ပြောချင်တာ များသွားလို့ ကော့မန့်ရှည်သွားတယ်။

မအယ်

ဝူးးးးးးးးးးး
အန်တီငယ်နိုင့်စာတွေဖတ်လိုက်တိုင်း
အမြဲလေးနက်တင်းကြပ်ပြီး လူက ချာချာလည်သွားတတ်တယ်...
ဖတ်ရတာအနှစ်သိပ်ရှိတာပဲ..
တက်ဂ်အတွက်ကျေးဇူးပါ..
ဒီပို့စ်ဖတ်ပြီး ကိုယ်ဘယ်လိုရေးရမလဲဆိုတာ အတော့်ကိုစဉ်းစားရဦးတော့မယ်..း)))

လေးလေးပင်ပင်ကြီးဖတ်လိုက်ရလို့ အားရမိပါတယ်ဗျာ။ NLD နဲ့ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ စိတ်ကုန်နေတာ ကြာပေါ့။ သက်ကြားအိုနိုင်ငံရေးသမားတွေရဲ့ သေခါနီးရိက္ခာစုတဲ့ အသံတွေကိုလည်း မကြားချင်တော့ပါဘူး။ အမျိုးသားကောင်းစားရေးဗန်းပြပြီး ပါတီနိုင်ငံရေးရှင်သန်ချင်တဲ့လူတွေအတွက် ခံတွင်းကောင်းမယ့် ဟင်းတစ်ခွက်ပေါ့လေ။

ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် မငယ်ရေ။ ကျွန်တော့်မှာလည်း ဘ၀တစ်ခုလုံးနဲ့ရင်းပြီးရထားတဲ့ အသိတရားတွေက မငယ်အတိုင်းပါပဲ။ ဒါပေမဲ့ ကျွန်တော် အကြွေးတွေဆပ်နေရသေးတယ်။ မသိနားမလည်ခဲ့တုန်းက ကျူးလွန်မိတဲ့ အပြစ်တွေပေါ့။

မကြီးငယ်ရေ.....
စားစရာ ဥပမာလေးနဲ့ ရေးပြသွားတာလေးက သိပ်ကောင်းတာပဲဗျာ.....။
(မသိတာတွေ သိရလို့လည်းကျေးဇူးဗျ....း))
ခင်မင်တဲ့
ဏီလင်းညို

ဒီမိုကရေစီ အစစ် ရဲ့ အရသာ ကို ဥပမာ ပေးထားပုံလေး ကို သဘောကျ သွားတယ် မငယ်နိုင်ရေ ။
မြန်မာ့နည်းမြန်မာ့ဟန် ငံပြာရည်ဆမ်း စပါဂတီ ကြီး ကို ကြိုက်တဲ့ သူတွေ အားသာ လာမယ်ဆိုရင်တော့ ၊ နောင်ဆို
မြန်မာပြည်သားတွေ တကယ့် အီတာလျံစပါဂတီစစ်စစ်မျိုး စားဖို့ ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး လို့ ထင်တယ်နော်။
မြန်မာပြည်သူ ပြည်သားများ
နှစ်ကြိမ်နှစ်ခါထက်မကတဲ့ လိမ်ညာခံမှုမှ ကင်းဝေးပြီး စစ်မှန်တဲ့ စပါဂတီ ကို အရသာ မပျက် အလျံပါယ် စားသုံးနိုင်ကြပါစေ လို့  ဆန္ဒ ပြု ပါတယ် မငယ်နိုင်ရေ ...

Spaghetti ဥပမာကို သဘောကျတယ်...

ရွေးကောက်ပွဲပြီးရင်လည်း အီရန်နိုင်ငံမှာလို စစ်အာဏာရှင်ပဲ တရားဝင် အာဏာပြန်ရမယ့် ရွေးကောက်ပွဲကိုတော့ ထပ်တူထပ်မျှ ဆန့်ကျင်ပါတယ်...

းဝ)

စာတွေလာဖတ်တယ်၊ တမိသားစုလုံး ပျော်ရွှင်ချမ်းမြေ့
ပါစေ။

မငယ်ရေ..
Blogger တွေကို အစ်မက မောင်နှမတွေလိုသဘောထားတာမို့ နုတဲ့ ဘလော့.. ရင်းတဲ့ဘလော့ဆိုတဲ့ အစွဲမရှိပါ။ ဒါပေမဲ့ ခုခေါင်းစဉ်က နည်းနည်းကြီးတော့ အစ်မ နည်းနည်း အချိန်ယူပြီး ရေးမယ်နော်...

I accept your idea and I like yr tone in writing this.NLD should not betray on burmse ppl.if they decide to participate in election, it's the fall of NLD. hope they will not make wrong decision

မငယ်ရေ...မငယ်ကော်မန့်လေးကြောင့် ခေါင်းမူးမလားလို့ လာဖတ်ကြည့်တာ၊ မမူးပဲနဲ့ ခေါင်းကြည်ပြီး ရှင်းကနဲ လင်းကနဲ သိသွားတယ်။ ကျမက အသိတရားအပေါ် ခပ်ဝေးဝေးကနေ ယေဘူယျရေးတာဖြစ်ပြီး မငယ်က နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိတရားရယ်လို့ specificလုပ်ရေးထားတာလေး ကောင်းတယ်။ ကျမ ကြိုက်ပါတယ်မငယ်ရေ...သဘောလည်းတူ ကျေလည်းကျေနပ်စွာ ဖတ်သွားပါတယ်ရှင်....:)

ကျွန်တော်ကြားဖူးတာက တော့ "တခါအလိမ်ခံရရင် လိမ်သူအပြစ်..နောက်တခါထပ် အလိမ်ခံရ ရင် အလိမ်ခံ ရသူ အပြစ်" ပဲ...။

ညီမ ငယ် ရေ .. တို့ကျတော့ spaghetti လုပ်စားရင်
အသားလုံးနေရာ မှာ အမက အမဲ ၀က် မစားတော့ ကြက်သားလုံး လုပ်ပြီး ခရမ်းချဉ်သီး ဆော့ နဲ့ ချက် တယ် .. ငြုပ်သီးမှုန့် ထည့်စားတယ် ...
ညီမ ရေးထားတဲ့ အခု ပို့စ် ကိုလည်း တော်တော် သဘောကျမိတယ် ... ရွေးကောက်ပွဲကြီးထဲသာ အန်အယ်လ်ဒီ ပါတီ ၀င်မယ်ဆိုရင်တော့ အန်အယ်လ်ဒီ ရဲ့  ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းသွားမှာတော့ သေချာတယ် ညီမ ငယ် ရေ ... ရွေးကောက်ပွဲ ၀င် ဖို့ ပြောဆို ပြင်ဆင်နေတဲ့ သူတွေ ကိုလည်း အမ အံ သြ လို့ မဆုံးဘူး ... mie nge

မမငယ်ရေ...... ဒီပိုစ့်လေးကို ဒုတိယအကြိမ် လာပြန်ဖတ်တာပါ။ ပထမ ဖတ်တုန်းက အတွေးတွေ အများကြီးနဲ့ ကွန်မန့် ဘယ်လိုပေးရမယ် မသိလို့။

အသိ ဆိုတဲ့ စာပိုဒ်တွေကို ဖတ်လိုက်ရတော့ ရင်ထဲမှာ တကယ်ခံစားလိုက်ရတယ်။ အပြောတွေ ကြားဖူးနေပေမယ့် မမရဲ့ ကိုယ်တွေ့အဖြစ်လေး သိလိုက်ရတော့ ရာနှုန်းပြည့် လက်ခံလိုက်မိတယ်။ ရင်ထဲမှာလည်း စွဲကျန်ခဲ့ပြီ။

အသိတရားကို ဖတ်ရပြန်တော့ ၈၈ အချိန်ကာလတုန်းက မျက်စိရှေ့မှာ သွေးအလိမ်းလိမ်းနဲ့ အဖြစ်တွေကို ပြန်မြင်ယောင်ပြီး စိတ်မကောင်း ဖြစ်ရပြန်ရော.. အဲဒီတုန်းက ညီမတို့ ငယ်သေးပေမယ့် အလယ်တန်းကျောင်းသူ ဖြစ်နေပြီလေ။ နိုင်ငံရေးဆိုတာ မသိသေးပေမယ့် ခံယူချက်တခုတော့ ရိုက်သွင်းလိုက်သလို ဖြစ်ခဲ့ပါတယ်။ ရင်ခွင်မဲ့နေတဲ့ ညီမတို့တွေရဲ့ ဘ၀တွေကို ကိုယ်ပိုင် အသိတရားနဲ့ လျှောက်လှမ်းနေဆဲပါ။ အခု မမပိုစ့်ကို ဖတ်လိုက်ရတော့ ပိုပြီး ထင်ရှားလာတယ်။
ကျေးဇူးတင်တယ် မမငယ်.. တဂ့်ပိုစ့်လေးကို ညီမလည်း ရေးမယ်နော်။

ခင်မင်လေးစားလျှက်

ညဘက်ပို့စ်တင်ပြီး မနက်မိုးလင်း အိမ်ကထွက်သွားတာ အခုမှ အိမ်ပြန်ရောက်လို့ စာလာဖတ်သူတွေကို အခုမှ ပြန်နှုတ်ဆက်ဖြစ်ပါတယ်။ လာမှတ်ချက်ပေးသူအားလုံးကို ကျေးဇူးအထူးပါနော့်။

မအယ်က Summary သိပ်ကောင်းတောပဲ။ ကျွန်မကတော့ Essay လိုချဲ့ရေးရတဲ့စာဆို သိပ်ကောင်းတယ်။ Summary တော့ သိပ်ညံ့တယ်။

-ခရေတွန်ရေ - ခေါင်းချာချာလည်စရာမလိုပါဘူး။ သားကြိုက်တာ ရေးလို့ရတယ်။ အန်တီလို နိုင်ငံရေးအကြောင်း ဖြစ်ဖို့မလိုပါဘူး။

-မောင်မိုးရေ မောင်မိုးနဲ့အစ်မနဲ့က ငယ်ဘ၀က ဘ၀ဖြတ်သန်းမှု ပုံစံချင်းတူမယ် ထင်တယ်။

-ဏီလင်းညို၊ ကိကိ၊ မမီးငယ် ကျွန်မက ကျွန်မ လုပ်စားတဲ့ အီတလီခေါက်ဆွဲက တခြားလူစားလို့ရဖို့ နေနေသာသာ အိမ်က ယောက်ျားတောင်မှ တလုတ်မည်းကြည့်ပြီး ရိုးတွင်းချဉ်ဆီအထိကို ချဉ်တယ် ဘာကို အရသာခံလဲမသိဘူး သူများစားစရာကို ဖျက်ဆီးတယ်တဲ့။ ဒီတော့ ကျွန်မလို သူများစားစရာကို ဖျက်ဆီးချင်သူ များများ ရှိမယ်မထင်ဘူး။ ကျွန်မက ကိုယ်ကြိုက်တာကို ကိုယ်ပဲ စားတာ သူများကို ကိုယ်ကြိုက်သလို လိုက်ကြိုက်ရမယ်လို့ သေနတ်မိုးပြီး အတင်းမလုပ်ပါဘူး။

-Ko Ko, ကိုလူထွေး၊ ကိုအောင်၊ မချစ်ကြည်အေး၊ ဒဏ္ဍာရီ -အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရင်ဘတ်တူတဲ့အတွက် ၀မ်းသာပါတယ်။

-ဆရာမမေငြိမ်း၊ ဒဏ္ဍာရီနဲ့ Craton ရေးပေးမယ်ဆိုလို့ ၀မ်းသာပါတယ်နော့် စောင့်ဖတ်နေမယ်။

- AATO အစ်မပြောတာလည်း ဒါပဲလေ။ သေချာပြန်ဖတ်ကြည့်။

(((အလိမ်ခံရတယ်ဆိုတာက တကြိမ်ခံရရင် လိမ်သူရဲ့အပြစ်လို့ ပြောလို့ရနိုင်ပေမဲ့ နောက်တကြိမ် ထပ်အလိမ်ခံရတယ်ဆိုရင်တော့ လိမ်သူရဲ့အ ပြစ်မဟုတ်တော့ဘဲ အလိမ်ခံထားရတာကို သင်ခန်းစာမယူဘဲ ထပ်အလိမ်ခံသူရဲ့ အပြစ်ပဲဖြစ်လိမ့်မယ်)))

(1)မြန်မာ့နည်း မြန်မာ့ဟန် ကို လက်မခံဘူးဆိုတာလေးကို နည်းနည်းပြောချင်ပါတယ်...ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံးဟာ ဒီမိုကရေစီ ကျင့်စဉ်အားလုံးဟာ အကုန်လုံး 100 % တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူညီပါသလား?ဥပမာ အမေရိကန် နဲ့ အိန္ဒယ တို့နှစ်နိုင်ငံရဲ့ ကျင့်စဉ်တွေတူပါသလား?ဥရောပ အနောက်နိုင်ငံတွေနဲ့ အာရှ နိုင်ငံတွေရဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေဟာ မတူကြပါဘူး..အခြေခံအားဖြင့် တူညီကြပေမယ့် ကိုယ့်နိုင်ငံ နဲ့လူ မျိုးအခြေနေသဘာဝတွေအတိုင်း ရေးဆွဲကျင့်သုံးကြတဲ့ နိုင်ငံတွေကြည့်ပါပဲ...ဒီမိုကရေစီဆိုပြီး အမေရိကန် လူမျိုးတွေ ပုံစံတိုင်း မြန်မာလူမျိုးတွေကို လိုက်လုပ်လို့မရပါဘူး...ဘာသာ ယဉ်ကျေးမှုတွေကအစ ကွဲပြားခြားနားနေတာပါ..ဒါကြောင့် အားလုံးကို အတုခိုးပုံတူကူးချလို့ မရပါဘူး..ဒါကြောင့် လက်ရှိစစ်အစိုးပြောနေတဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ယဉ်ကျေးမှု သဘာဝတွေ ဘာသာတွေနဲ့ ကိုက်ညီတဲ့ ပုံစံကို ကျင့်သုံးရမယ်ဆိုတာ မှန်ကန်တယ်လို့ ပဲ ကျွန်တော်မြင်ပါတယ်...မြန်မာ့နည်း မြန်မာ့ဟန် ဆိုတာ ကိုယ်လုပ်ချင်တာ ထွင်လုပ်တာမဟုတ်ပါဘူး မိမိလူမျိုးနဲ့ ဘာသာ ယဉ်ကျေးမှုတွေနဲ့ ယှဉ်ပြီး ပြောဆိုထားတာဖြစ်ပါတယ်.....ဘယ်နိုင်ငံမဆို မိမိလူမျိုးနဲ့ဘာသာ ယဉ်ကျေးမှု ကိုက်ညီမယ့် ကျင့်စဉ်တွေကိုပဲ အသုံးပြုကြတာပါ....မြန်မာနိုင်ငံတစ်ခုတည်း စစ်အစိုးရက သူတို့စိတ်ကြိုက်ထွင်တာမဟုတ်ပါဘူး...နိုင်ငံတကာတွေရဲ့ ကျင့်စဉ်လုပ်စဉ်တွေအတိုင်း ရေးဆွဲထားတာပါ....

(2)စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သား အုပ်ချုပ်မှု စနစ်ကို ပေးအပ်အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ပထမဆုံး စပြီး အရပ်သား အသွင်အုပ်ချုပ်မှု ကူးပြောင်းတဲ့အချိန်မှာ စစ်တပ်က ဒီလိုပဲ ရာခိုင်နှုံးတွေယူထားတာတွေ့ရပါတယ်...အာရှနိုင်ငံတွေထဲမှာကိုပဲ ထိုင်း တို့ အင်ဒို တို့မှာလည်း ရှိခဲ့ဖူးတယ်...နောက်မှ တစ်ဖြည်းဖြည်း စစ်တပ်ပါဝင်တဲ့ ရာခိုင်နှုံးကို ဖြုတ်ပြီး အရပ်သား ၁၀၀ ရာနှုံးဖြစ်တဲ့ အခြေခံဥပဒေကို လွှတ်တော်ထဲမှာပဲ ဆုံးဖြတ် ရေးဆွဲခဲ့ကြတာပါ...မြန်မာနိုင်ငံ တစ်ခုတည်း ဒီလို စစ်တပ်က ၂၅ ရာနှုံးဝင်ပြီး လုပ်တာမဟုတ်ပါဘူး...

မြန်မာနိုင်ငံမှာလည်း ထိုနည်းတူပါပဲ ဒီအခြေခံဥပဒေဟာ ကျောက်ပြင်မှာထိုးထားတဲ့စာတွေမဟုတ်တဲ့အတွက် လွှတ်တော်ထဲမှာ မိမိတို့မကြိုက်နှစ်သက်တဲ့အရာတွေကို ဆွေးနွေးအဖြေရှာပြီး ပြုပြင်ရေးဆွဲသွားကြရမှာပါ...ဒီ စစ်တပ် ၂၅ ရာခိုင်နှုံးအဖွဲ့တွေဟာလည်း အမြဲတမ်းဖြစ်သွားရမယ်လို့ မဆိုလိုပါဘူး...အရပ်သား ၇၅ ရာခိုင်နှုံးရှိတဲ့အနက် လွှတ်တော်ထဲကနေ တစ်ဖြည်းဖြည်း ဒီစစ်တပ် ၂၅ ရာနှုံးကိုဖြုတ်ပြီး အရပ်သား ၁၀၀ ရာနှုံးဖြစ်အောင် ပြောင်းယူရေးဆွဲသွား၇မှာပါ....ဒါကြောင့် အမြဲတမ်း စစ်ကျွန်ဘ၀ကို ရောက်သွားစေမယ်ဆိုတဲ့ စိုးရိမ်စိတ် အစွန်းရောက်စိတ်တွေ လျှော့သင့်ပါတယ်...ပြသနာအားလုံးကို တရားဝင် လွှတ်တော်ထဲမှာသာလျှင် ဖြေရှင်းကြရမှာပါ...ဒီအခြေခံဥပဒေကို ဘယ်သူမှ ၁၀၀ ရာနှုံးမကြိုက်နှစ်သက်ကြပါဘူး...

မြန်မာနိုင်ငံ အခြေခံဥပဒေ တစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး...ဒီမိုကရေစီ ဘိုးအေ တွေလို့ခေါ်နေတဲ့ အမေရိကန် ဗြိတိန်တို့မှာတောင် အခြေခံဥပဒေကို စပြီးရေးဆွဲတဲ့အချိန်ကနေ အခုချိန်ထိ ပြောင်းလဲကျင့်သုံးရေးဆွဲခဲ့ရတာပဲမဟုတ်လား...ဆရာ ဦးသုဝေ ပြောခဲ့ဖူးပါတယ်...ဒီအစိုးရဟာ ဒီမိုကရေစီ အစိုးရမဟုတ်တဲ့အတွက် ဒီမိုကရေစီအပြည့်ဝရှိတဲ့ အခြေခံဥပဒေတွေ ဖြစ်လာမှာတော့မဟုတ်ဘူး ဒါပေမယ့် စည်းကမ်းပြည့်ဝတဲ့ အခြေခံဥပဒေတွေတော့ ဖြစ်တယ် လို့ဆိုခဲ့ဖူးတယ်...ဒါကြောင့် အတိုက်ခံအဖွဲ့တွေက မိမိတို့ဖြစ်စေချင်တဲ့အရာတွေကို လွှတ်တော်ထဲကနေ ၀င်ပြီး ပြင်ဆင်ကြရမှာပါ...အဲဒီလိုမဟုတ်ပဲ ဒီအခြေခံဥပဒေကို မကြိုက်လို့ ဆန့်ကျင်နေမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ပုံစံကို ရောက်လာမှာမဟုတ်ဘူး...

ပြီးပြည့်စုံတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး...မရှိတဲ့ အကြောင်းအရင်းကလည်း လူ ၂ ယောက်ရှိရင် တစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်တွေက အယူအဆတွေ မတူတော့ ကွဲပြားစွာယူဆနေကြတာပဲမဟုတ်လား... အစိုးရသတင်းစာ အာဘော်တစ်ခုဖြစ်တဲ့ ကိုဗညားအောင် ရဲ့ ဆောင်းပါးကောက်နုတ်ချက်ကို တင်ပြရမယ်ဆိုရင်..

("မည်သည့် ဥပဒေတွင်မဆို တားမြစ်ချက်၊ ကန့်သတ်ချက်များ ပါရှိစမြဲ ဖြစ်ပါသည်။ ထိုတားမြစ်ချက်၊ ကန့်သတ်ချက်များကို မကြိုက်သူလည်း ရှိနိုင်ပါသည်။ လူတိုင်း ကြိုက်သည့် ဥပဒေ ဆိုသည်မှာ ဒီမိုကရေစီ ဘိုးအေဟု ခေါ်နေသည့် ဗြိတိန်၊ အမေရိကန် စသည့် နိုင်ငံများတွင်ပင် မရှိပါ။ လွှတ်တော်က ဥပဒေတစ်ခုကို ပြဋ္ဌာန်းလိုက်တိုင်း ကန့်ကွက်သံ စီစီညံနေမြဲ ဖြစ်သည်။ တစ်ခါတစ်ရံ ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်းသော ဥပဒေကိုပင် သမ္မတက ဗီတို အာဏာနှင့် ပယ်ချသည့် အဖြစ်တွေလည်း ရှိပေသည်။ ထို့ကြောင့် ယခု ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ဝေဖန်သူများ ရှိသည်မှာ မဆန်း။ အမျိုးသား အကျိုးစီးပွားကို မျက်ကွယ်ပြု ပြည်ပ အားကိုးပြီး အာဏာ ရယူရန် ကြိုးစားနေသည့် ပါတီတွေ၊ ပုဂ္ဂိုလ်တွေ ရှိနေသည့် မြန်မာနိုင်ငံလို နိုင်ငံတွင် ပိုပြီးမဆန်းဟု ဆိုနိုင်ပါသည်။")
(၃)
ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးဆိုတာတွေကို အထူးပြောစရာတော့မလိုတော့ပါဘူး..ဒီဆောင်းပါးလေးကို မဖတ်ရသေးရင် ဖတ်လိုက်ပါအုံး...ဆွေးနွေးချင်တာတွေရှိရင် ဆောင်းပါးအနေနဲ့ ရေးချင်တာတွေရှိရင် ပိတောက်မြေသို့ ပေးပို့နိုင်တယ်ဆိုတဲ့အကြောင်း ပြောပါရစေ...

http://padaukmyay.blogspot.com/2010/03/blog-post_22.html

မောင်ငယ်

ကိုမောင်ငယ် တကူးတက လာဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေးကို လိုက်လျောတာနဲ့ ပတ်သက်ပြီး အနည်းအများ ကွာခြားမှု ရှိလို့ တနိုင်ငံနဲ့ တနိုင်ငံ အခွင့်အရေး မတူကြတာကိုတော့ ကျွန်မ လက်ခံပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ အာဏာဟာ ပြည်သူလူထုက ဆင်းသက်လာတယ် ဆိုတာပဲ ကျွန်မတို့ တွေ့ရလိမ့်မယ်။ ဒီမိုကရေစီဆိုတဲ့ နာမည်ကို သုံးလိုက်တာနဲ့ ဒီအချက်ကို ကျွန်မတို့ လုံးဝ ပစ်ပယ်လို့မရပါဘူး။ ဆိုလိုတာက အာဏာဟာ ပြည်သူလူထုဆီက မဆင်းသက်ရင် ဒီမိုကရေစီ မဟုတ်ဘူး။ အခု မြန်မာပြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်သူ့ဆီက ဆင်းသက်လာလဲ စစ်တပ်က စိတ်ကြိုက်ဆွဲပြီး ဆင်းသက်လာတာ၊ ပြည်သူလူထုဆီက မဟုတ်ဘူး။ ဒီအချက်ကိုက ဒီမိုကရေစီကို ဆန့်ကျင်နေပါပြီ။

နောက်တချက်က ဒီအခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေ့လာလိုက်ရင် စစ်တပ် ၂၅% ကနေ စစ်တပ် ၁၀၀% ဖြစ်လာဖို့အရေးကိုပဲ လ လုံးဝ အာမခံချက်ပေးထားပြီး ပြည်သူလူထု ၇၅% ကနေ ၁၀၀% ဖြစ်လာဖို့ အရေးကိုတော့ ၇၅% ကျော်မှ ဖွဲ့စည်းပုံ ပြင်လို့ရတယ်စတဲ့ အချက်တွေနဲ့ လုံးဝတားဆီးထားပါတယ်။ ရှင်းရှင်းပြောရရင် အလကားနေရင်းထိုင်ရင်း ဘယ်သူမှ ရွေးကောက်တင်မြှောက်ထားတာ မဟုတ်ဘဲ ဒီမိုကရေစီမှာ ၀င်ပြီးကိုယ်စားပြုလို့ မရပါဘူး။ ဒီအတွက်ကြောင့် ဒီဥပဒေဟာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ ဥပဒေမို့ ဒီဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ ဒီမိုကရေစီ ဖြစ်မလာနိုင်ဘူး။

နောက်တချက်က စပ်ကူးမတ်ကူးကာလနဲ့ ပြောထားတဲ့အချက်ကို - စပ်ကူးမတ်ကူးကာလဆိုတာ ဒီမိုကရေစီကို မရောက်သေးဘူး ဒါကြောင့် ဖွဲ့စည်းပုံဆိုတာ မရှိသေးဘူး။ စပ်ကူးမတ်ကူးကာလ ကြားဖြတ်အစိုးရဖွဲ့လို့ စစ်တပ်ဝင်ပါတာအထိ လက်ခံလို့ ရရင်ရသေးတယ်။ ကြားဖြတ်အစိုးရ မဟုတ်ဘဲ အခုလို အမြဲတမ်းအာဏာရဖို့ ဖွဲ့စည်းပုံထဲမှာ ထည့်ထားတာကိုတော့ ဘယ်ဒီမိုကရေစီ နိုင်ငံရဲ့ ဖွဲ့စည်းပုံမှာမှ မရှိပါဘူး။ ရှိရင်လည်း ဒီမိုကရေစီ နိုင်ငံမဟုတ်ဘူး။ ဥပမာ ဒီမိုကရက်တစ် ကွန်ဂိုသမတလို ဒီမိုကရေစီ အမည်ခံထားတယ် ဒါပေမဲ့ အဲဒီနိုင်ငံဟာ ဒီမိုကရေစီ ကျင့်စဉ်အတိုင်း မကျင့်သုံးလို့ ဘယ်သူမှ ဒီမိုကရေစီ နိုင်ငံအဖြစ် အသိအမှတ်မပြုဘူး။ ဒီလိုပဲ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ ဆိုပြီးသွားလုပ်လည်း ဒီမိုကရေစီ နိုင်ငံလို့ ဘယ်သူမှ သတ်မှတ်မှာ မဟုတ်ဘူး။ အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံး နိုင်ငံစာရင်းဝင်ဘ၀ကနေ အရှေ့တောင်အာရှ သာမက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်လည်း စစ်တပ်က ဆိုရှယ်လစ် အတုယောင်နဲ့ အစားထိုးခဲ့လို့ ပျက်စီးခဲ့ပြီးပါပြီ။ အခုလည်း စစ်အာဏာရှင်စနစ်ကို ကြိုက်ရင် စစ်အာဏာရှင် စနစ်နဲ့ပဲ ပြည်သူကို မစည်းရုံးပဲ လူထုကို အမှောင်ချ ဒီမိုကရေစီကို ခုတုံးလုပ် မိမိ အာဏာအတွက် ဒီမိုကရေစီကို ပြည်သူလူထု တလွဲနားလည်သွားအောင် လုပ်နေတာဟာသာ ဖြစ်တယ်ဆိုတာ မြင်သာပါတယ်။

Comment တွေမှာ ၀င်ပြီး ဆွေးနွေးရတာ သိပ်အဆင်မပြေဘူး....ဆောင်းပါးတွေအနေနဲ့ ရေးပြီး အမြင်မတူတာတွေကို ဆွေးနွေးကြရင် ကောင်းမယ်ထင်တယ်... မငယ်နိုင် အမြင်တွေကို ဆောင်းပါးရေးပြီး ကိုပိတောက်ဆီကို ရေးပေးနိင်ရင် ကောင်းမယ်...အဲဒီမှာ အမြင်မတူတာတွေကို ဆောင်းပါးတွေအချင်းချင်းပြန်ပြီး အမြင်မတူုတာတွေကိုရေးကြတယ်...ဒီမှာက နိုင်ငံရေးကြောင်း သိတဲ့သူနည်းတယ်လို့ထင်တယ်...သူများယောင်လို့ လိုက်ယောင်နေတဲ့သူကများတယ်..နိုင်ငံရေးကြောင်း ဆွေးနွေးချင်ရင် နိုင်ငံရေးဆွေးနွေး ရေးသား အမြင်နှစ်ဖက်လုံးကို ရေးသားပေးတဲ့ ကိုပိတောက်လိုမျိုး ဘလော့မှာ ဆွေးနွေးရင် အဖြေတစ်ခုတော့ပေါ်လာမှာပါ...ဒီမိုကရေစီလို့ကြွေးကြော် ၀ိသေသ ဂုဏ်တွေတပ်ထားတဲ့သူတွေရဲ့ ဘလော့တွေမှာက သူတို့အမြင် တစ်ဖက်သတ်ပဲရေးနေတာတွေ့ရတယ်...အဲဒါ ဒီမိုကရေစီ မကျဘူး...ဒီမိုကရေစီကျတဲ့ နှစ်ဖက်အမြင် လွတ်လပ်တဲ့ရေးသားမှုတွေကို ရေးပေးနိုင်မှ ဒီမိုကရေစီလို့ခေါ်ရာကြမယ်...ပိတောက်မြေမှာ ဆောင်းပါးတွေရေးပြီး ဆွေးနွေးချင်ပါတယ်...

မောင်ငယ်

မောင်ငယ်ဆိုတဲ့သူ ခင်ဗျားကရော နိုင်ငံရေးအကြောင်း
ဘယ်လောက်သိထားလဲ ... သိထားသမျှ ဒီကမန့် မှာဘဲ
ဆွေးနွေး ပေးပါ ... ခင်ဗျားနဲ့ မငယ်နိုင်နဲ့ နှစ်ဖက်ပြောတဲ့
ဆွေးနွေးချက်တွေကို ကျုပ် က မကြာခဏ လာ ဖတ်နေတာ ဗျ ... ခင်ဗျားတို့ ပိတောက်မြေ အထိတော့ လိုက်မဖတ်နိုင်ဘူး ... ကျုပ်တို့က နိုင်ငံရေးအကြောင်း နားမလည် ပေမယ့် ခင်ဗျားတို့လို brain wash
လုပ်ခံ ထားရတဲ့ သူတွေ မဟုတ် တော့ မိမိ ရဲ့  ကိုယ်ပိုင်
အသိတရား နဲ့ ဘဲ အရာရာ ကို ဝေဖန်ပိုင်းခြား လက်ခံပါတယ်... ခင်ဗျားက ပထမ တော့ ဒီကမန့် မှာဘဲ လာဆွေးနွေးပြီး မငယ်နိုင်က အချက်အလက်နဲ့
ပြန်လှန်ဆွေးနွေး ထားတာ ကို အခုတော့ ပြန်ပြီး ပြောနိုင်တဲ့ အနေအထေား မရှိတော့လို့ လား ... ခင်ဗျားက စပြီး ပြန်လှန်ဆွေးနွေးထား တာနော် ...နှစ်ယောက်ပြန်လှန်ပြောတဲ့ ကိစ္စကို ဘာလို့ သူများတွေကို ပုတ်ခတ် ပြောဆိုရပြန်တာလဲဗျ ... ဒီမှာဆွေးနွေး လို့ အဆင်မပြေစရာ ဘာ ရှိလဲ ....

မောင်ငယ် ခင်ဗျာ... ခင်ဗျာပြောထားတာလေကို သတိထားဖတ်မိတယ်.... စာဖတ်သူတွေကို နိုင်ငံရေး နည်းတယ်လို့ပြော နေပုံရပါတယ်.... ဒီအတွက်ကြောင့် ခင်ဗျာရဲ့ ဒီမိုကရေစီ ဗဟုသုတကြီးနဲ့ လက်ရှိစစ်အုပ်စုက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ တရားမျှတမူရှိမရှိ ဆိုတာနဲ့ စ ဆွေးနွေးရအောင်ဗျာ..... ( လေးစားစွာ ကမ်းလှမ်းတာပါ)

စပါဂတီ မဟုတ်တဲ့ စပါငပိ လာ မြည်းသွားတယ်နော်။ =)

ကိုမောင်ငယ်
စိတ်ဝင်စားပြီး လာဖတ်တဲ့အတွက်ရော ပိတောက်မြေမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရှင်ထပ်ဆွေးနွေးရင်လည်း ဒီမိုကရေစီစနစ်ကို သွားဖို့ စစ်တပ်ကြားခံလိုတယ်ဆိုတာပဲ ထပ်ပြောမယ်ဆိုတာ ကျွန်မ သိနေပါတယ်။ အသွင်ကူးပြောင်းရေးအတွက် ကြားဖြတ်အစိုးရအနေနဲ့ စစ်တပ်ပါဝင်လို့ရတယ် ဥပဒေ ပြုပြီးဖြစ်လာတဲ့ အစိုးရ (Legitimate Government ) အနေနဲ့ စစ်တပ်ပါလို့ မရဘူး၊ ဥပဒေ ပြုပိုင်ခွင့်ပြုထားတဲ့ ဥပဒေနဲ့ ဒီမိုကရေစီ လုပ်လို့ မရဘူးဆိုတာ အပေါ်မှာ ကျွန်မဆွေးနွေးပြီးပါပြီ။ ရှင်နဲ့ ကျွန်မနဲ့ ဆွေးနွေးလို့လည်း ဒီမိုကရေစီ ဖြစ်မလာမှာ မဟုတ်ပါဘူး။ တိုင်းပြည်ခေါင်းဆောင်တွေ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်တယ်။ မဆွေးနွေးတဲ့အပြင် စစ်အုပ်စုက လုပ်ချင်ရာ လုပ်နေတာကို ဒီပို့စ်မှာ ကျွန်မသိသလိုပဲ မျှဝေတာသာ ဖြစ်တယ်။ လူတိုင်းလူတိုင်း ဘယ်သူမှ သဘောထားအမြင် ထပ်တူမကျပါဘူး။ ဒါကြောင့် ကိုယ်နဲ့ အမြင်မတူသူတွေကို မသိမတတ် နားမလည် ပြောလို့မရပါဘူး။ မတူကွဲပြားတာကို ဖြေရှင်းဖို့ ဒီမိုကရေစီ ကျင့်စဉ်နဲ့ သွားတာဟာ အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာကို ရှင်လက်ခံရင် အခုလက်ရှိ စစ်အုပ်စု လုပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဆိုတာ ရှင်သဘောပေါက်လိမ့်မယ် ထင်တယ်။ ကျွန်မ ရေးနေတဲ့ ဘလော့ဂ်တွေမှာတောင် ပုံမှန်ပို့စ် မတင်နိုင်လို့ ပိတောက်မြေမှ မဟုတ်ဘူး တခြားဘယ်ဘလော့ဂ်မှာမှ ထပ်ရေးဖို့ အစီစဉ် မရှိပါဘူး။ ဒါပေမဲ့ ကျွန်မပို့စ်ကို ပြန်ဖေါ်ပြချင်ရင် ဘယ်သူမဆို ပြန်ဖေါ်ပြနိုင်ပါတယ်။ ကျွန်မ ဒီပို့စ်ကို ရေးပြီး အချိန်မရလို့ ဒီအတိုင်းပဲ တင်ထားခဲ့ရာက အခုမှ့ ပြန်ဖတ်ကြည့်တော့ စကားလုံးထောက်နေ၊ မှားနေတာတချို့ကို သတိထားမိပြီး ပြန်ပြင်ကာ အနည်းငယ် ဖြည့်စွက်ထားပါတယ်။ အပေါ်ဆုံးနဲ့ အောက်ဆုံးမှာ ပြောထားတဲ့ Tag တဲ့အကြောင်းတွေကို ချန်ပြီး ပြန်ဖေါ်ပြချင်ရင် ဖေါ်ပြနိုင်ပါတယ်။

အမည်မဖေါ်လိုသူနဲ့ ကိုဂျူလိုင် စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ကိုဂျူလိုင် ငယ်နိုင်နည်း ငယ်နိုင်ဟန်နဲ့ ပြုပြင်ဖန်တီးထားတဲ့ Spaghetti ဘယ်လိုနေလဲ။ အိမ်က အမျိုးသားကတော့ ရိုးတွင်းချဉ်ဆီအထိ ချဉ်တယ် ဗိုက်နာပြီး ၀မ်းပျက်ဖို့ ရှိတဲ့အပြင် များများစားရင် အစာအိမ်ရောဂါလည်း ဖြစ်မှာ သေချာတယ်လို့ ပြောပြီး ပြန်ထွေးထုတ်လိုက်တယ်။ ချဉ်ငန်စပ် ကြိုက်တဲ့ အစ်မကတော့ ဒါကိုပဲ အရသာရှိပါတယ်။

21 Mar 10, 19:09
ကောင်း: အမရေ ဒီနေ့တစ်မနက်လုံး အစ်မဘလော့ဂ်ထဲမှာ စာဖတ်နေတာ။ အမအသစ် တင်တာမသိလိုက်ဘူး ။ ပြီးတော့ အမဘလော့ကနေတခြားလင့်တစ်ခုကိုသွားတော့ မှ အမအသစ်တင်ထားကိုတွေ့ပြီး ပြန်လာဖတ်ရတယ် ။
22 Mar 10, 06:26
ကောင်း: မနက်ကပြောဖို့မေ့သွားလို့အမရေ ၊ ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်သွားတဲ့ အသိတရား ဘယ်လိုရသွားတာလဲလို့သိချင်လို့ပါ ။ မေးလ်ပို့ပေးမလား အမ ။ ကျေးဇူးတင်ပါတယ် အမ ။

22 Mar 10, 20:54
Nge Naing: ကောင်း- အချိန်ရရင် ပို့စ်တင်ဖို့တော့ ရှိတယ်။ ဗုဒ္ဓဘာသာက အယူသီးမှုတွေ ရောနေမှန်း မသိလို့ အစက မယုံဘဲ ဘာသာမဲ့လိုလို နေရာကနေ ပဋိစ္စသမုပ္ပဒ် ကမ္မနိယအကြောင်းကို ဖတ်ပြီး ဘ၀င်ကျလို့ လက်ခံသွားတဲ့အကြောင်ပါ။

(C-Box က မှတ်ချက်များကို ပို့စ်နဲ့ ဆိုင်လို့ ကူးထည့်ထားပါတယ်- Nge Naing)

သို့

ဦးဏှောက်မရှိပဲ အတင်းအဖျင်းပဲပြောတဲ့ ဒီမိုငတုံးများ

မင်းတို့ ဒီမိုတွေက ဦးဏှောက်လုံးဝမရှိပဲ . . အမြင်မတူတဲ့သူတွေကို ဖိနှိပ်လိုက်ရမှ ကျေနပ်ကြတယ်။ မိမိလက်အောက်မှ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်ကို နာခံရပြီး လက်အောက်ငယ်သားတွေကို ကြောက်နေရတာကတော့ NLD ဥက္ကဌ ရာထူးယူထားတဲ့ ဦးအောင်ရွေပါပဲ။ NLD မှတ်ပုံတင်ရေးကိစ္စမှာ ဥက္ကဌဖြစ်သူ ဦးအောင်ရွှေခမျာ တိုက်ခိုက်မှုမျိုးစုံ လုပ်ခံခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ စည်းကမ်းနဲ့အညီ ဥက္ကဌတစ်ယောက်ရဲ့ လေးစားမှုမခံရဘူး။ ပါတီတွင်းမှာ ဂိုဏ်းဖွဲ့ထားတဲ့လူတွေက ဥက္ကဌကို ခွေးတစ်ကောင်လို အနိုင်ကျင့်ခဲ့ရတယ်။ ( သူကိုမကြိုက်ရင် ဥက္ကဌရာထူးကနေ ဖယ်ရှားပါ။ ဥက္ကဖြစ်နေရင်တော့ သူ့ရာထူးနဲ့ ထိုက်တန်တဲ့ လေးစားမှုကိုပေးရမှာပဲ။ သူရဲ့ လမ်းညွှန်မှုကို ခံယူကြရမှာပဲ)

NLD မှတ်ပုံတင်ရေး ဆန္ဒမဲပေးရာမှာ ခြိမ်းချောက်မှုတွေလုပ်ပြီး ဗြောင်မဲ ပေးခိုင်းတယ်။ တကယ်ဆိုရင် အဲလိုအခြေအနေမှာ လျှို့ဝှက်မဲပေးခြင်းနဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်ကို ကာကွယ်ပေးရမှာပါ။ မှတ်ပုံတင်ဖို့ ထောက်ခံမဲပေးရင် တိုက်ခိုက်ခံရမှာကို စိုးရိမ်ရတဲ့အနေအထားနဲ့ ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့ ဆန္ဒထုတ်ဖေါ်မှု လုပ်နိုင်တော့မှလဲ? အဲလိုလူဆိုးလူမိုက်တွေလိုလုပ်နေတဲ့ အဖွဲ့အစည်းဟာ တိုင်းပြည်ကို မအုပ်ချုပ်သင့်ဘူး။ ဒီမိုဘလော့တွေဟာ လွတ်လပ်စွာ ရေးသားခွင့်မပေးသလိုပဲ .. . ဒီမိုငတုံးတွေဟာလဲ လွတ်လပ်စွာတွေးခေါ် ပြောဆိုတဲ့ လူ့ဘောင်ကို မလိုလားတဲ့သူတွေသာ ဖြစ်ပါတယ်။

NDF က ဦးခင်မောင်ဆွေတို့ဆိုတာ တိုင်းပြည်အတွက် ထောင်ထဲမှာ နေလာခဲ့တာပါ။ ဘေးထိုင်ဘုပြောမလုပ်ပဲ တကယ်ကို ဖာသည်မဗိုလ်ချုပ်တွေကို တော်လှန်ဆန့်ကျင်ခဲ့တဲ့ သူရဲကောင်းတွေပါ။ ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်းကလဲ . . . . . ဒီမိုငတုံးတွေ ဦးဏှောက်မရှိတာကို သိလို့ လမ်းခွဲပြီး . . . ကြံ့ဖွတ်အဏာမရအောင် သူတို့နည်း သူတို့ဟန်နဲ့ လုပ်လိုက်ကြတာပါ။ ရယ်စရာကောင်းတာကတော့ . . . . ရွေးကောက်ပွဲမှာ ကြံ့ဖွတ်အပြတ်အသတ် အနိုင်ရသွားတော့ ပျော်ရွှင်သူတွေက စစ်ဗိုလ်တွေမဟုတ်ပါဘူး။ ဒီမိုငတုံးတွေသာဖြစ်ပါတယ်။ သူတို့ပြောသလို မလုပ်ရလေသလားဆိုပြီး NDF ခံလိုက်ရတာကို ကြည့်ပြီး ၀မ်းသာပီတိဖြစ်နေကြပါတယ်။ ဒီမိုငတုံးတွေဟာ ကိုယ်ကျင့်တရားကင်းမဲ့ပြီး အောက်တန်းစားတွေသာဖြစ်ပါတယ်။ မိမိနဲ့သဘောထားမတိုက်ဆိုင်တဲ့သူတွေအပေါ် အဲလောက် သိမ်ဖျင်းပြီး အောက်တန်းကျတဲ့ စိတ်ထားရှိတဲ့ ဒီမိုတွေ အဏာမရအောင် လုပ်ပေးတဲ့ ဖာသည်မဗိုလ်ချုပ်ကြီးတွေကို ကျေးဇူးတင်ပါတယ်ဗျာ။


ဦးဏှောက်မရှိသည့် အောက်တန်းစား ဒီမိုငတုံးများကိုသောက်မြင်ကပ်တဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


p.s. NDFလို ကြံဖွတ်အဏာမရအောင် ကြိုးစားသူတွေကိုတော့ ဝေဖန်တိုက်ခိုက်နေကြပေမယ့် . . . . ကြံဖွတ်အဏာရအောင် တက်တက်ကြွကြွ ကူညီနေသော ပလီဆရာတွေရဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေကို မြန်မာပြည်ကို ပြန်ပို့ဖို့အတွက် ယခုအချိန်အထိ လှုပ်ရှားမှု မစသေးပါ။ ကုလားတွေကလဲ သူတို့ ကုလားအချင်းချင်း နှာစေးနေသည်။

မငယ်နိုင် ...

ှSpaghetti ဥပမာကို နှစ်သက်ပါတယ်။ ဒါပေမယ့် မငယ်နိုင်ရဲ့ Spaghetti ကို စိတ်ကူးနဲ့တောင် စားလို့ မရဘူး။ Spaghetti ကို အမဲသား မစားရင် ကြက်သား ပုဇွန်လုံးနဲ့စားပါ။

ကျွန်တော်ထင်ပါတယ်။ ၈၈ဖြစ်ပြီးနောက်ပိုင်း လူတော်တော်များများ ကျွန်တော်အပါအ၀င် နိုင်ငံရေး နဲ့ နိုင်ငံ့အရေး အသိအမြင် မျက်စိပွင့်လာကြတာပါ။

ဒီပို့စ်လေးကိုလည်း နှစ်သက်ပါတယ်။ အသိ နဲ့ အသိတရားကို နိုင်ငံရေးနဲ့ ဥပမာပြသွားတာ တစ်ချက်ခုတ် နှစ်ချက်၊ သုံးချက်ပြတ်ပါပဲ။

ဘလော့ဂါဖြစ်ရတာလည်း သိပ်မလွယ်ဘူးနော်။ နားမလည်လို့ ရှင်းပြရတာ၊ အယူအဆချင်း မတူလို့ အချိန်ပေး ဆွေးနွေးရတာ အားလုံးအတွက် အကျိုးရှိစေလို့ ပြဿနာ မဟုတ်ပေမယ့် ဆွေးနွေးသလိုနဲ့ ၀ါဒဖြန့်သူတွေ၊ မဆီမဆိုင် အသားလွတ် တိုက်ခိုက်သူတွေ ပါလာရင် တော်တော် ခေါင်းစားရမယ် ထင်တယ်။

ဖြေရှင်းစရာ မလိုအပ်ပေမယ့် တစ်ခါတစ်ရံ မိမိအပါအ၀င် စာလာဖတ်သူတွေအတွက် မလိုလားအပ်တဲ့ နားလည်လွဲမှုတွေ မဖြစ်အောင် အချိန်ပေး၊ စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းရတာတွေအတွက် တော်တော် စိတ်ညစ်ရမှာပဲ။

အကောင်းဘက်ကလှည့်တွေးရင်တော့ ခန္ဓီပါရမီ လာဖြည့်ပေးတယ်လို့သာ သဘောထားရမှာပဲ။

ပို့စ်ကောင်းကောင်းလေးတွေ အမြဲရေးဖို့ အချိန်ရပါစေလို့ ဆုတောင်းပေးပါတယ်။

လေးစားခင်မင်လျှက် ...

(ဘလော့ဂါဖြစ်ရတာလည်း သိပ်မလွယ်ဘူးနော်။ နားမလည်လို့ ရှင်းပြရတာ၊ အယူအဆချင်း မတူလို့ အချိန်ပေး ဆွေးနွေးရတာ အားလုံးအတွက် အကျိုးရှိစေလို့ ပြဿနာ မဟုတ်ပေမယ့် ဆွေးနွေးသလိုနဲ့ ၀ါဒဖြန့်သူတွေ၊ မဆီမဆိုင် အသားလွတ် တိုက်ခိုက်သူတွေ ပါလာရင် တော်တော် ခေါင်းစားရမယ် ထင်တယ်။)

သို့

Lun Lunn

ဒီမိုတွေမှာ ဦးဏှောက်မရှိပဲ ငတုံးတွေဖြစ်ပြီး သောက်တင်း သောက်ဖျင်းပဲပြောတတ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျုပ်ကို ပြောချင်ရင် တည့်တည့်ပြောပါ။ စောင်းမပြောပါနဲ့။ ကျုပ်ရေးတဲ့စာကို ဗလောင်းဗလဲ မငယ်နိုင်က ဖျက်မှာပါ။ မပူပါနဲ့။ ဒီမိုဘလော့တွေမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်နေတာ လူတိုင်းသိထားတဲ့ ကိစ္စပါပဲ။ ဘာပဲဖြစ်ဖြစ်. . . မြန်မာတွေကိုတော့ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ပြောပြီး . . . ကုလားတွေကတော့ ကြံ့ဖွတ်ကို အင်တိုက်အားတိုက် မဲပေးတဲ့အတွက်ကြောင့် . . . ကြံ့ဖွတ်ဟာ မဲမလိမ်လဲ ကုလားတွေကြောင့် အတိုင်းအတာတစ်ခုအထိ ခိုင်နေတယ်ဆိုတာ သိရဲ့လား? ဒီမိုငတုံးရေ.. ကိုယ်ပိုင် ဦးဏှောက်မရှိရင် တခြားလူဆီကနေ ဦးဏှောက် ငှားပြီး စဉ်းစားနော်။ ဟုတ်ပြီလား



ဦးဏှောက်မရှိသည့် အောက်တန်းစား ဒီမိုငတုံးများကိုသောက်မြင်ကပ်တဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

"မဟာမြန်မာဝါဒီသခင်ကြီး" ဟုဆိုပြီး "Mr" တပ်ထားကာ မဟာမြန်မာဝါဒီလား၊ အနောက်တိုင်းဆန်တာလား ဝေခွဲမရသော "ဇော်မျိုး" သို့ ...

၁။ ပထမဦးဆုံး ပြောလိုတာက ကျွန်တော် နာမည်ကို အမှတ်တမဲ့တွေ့လိုက်လို့ ပထမဦးဆုံးနဲ့ နောက်ဆုံး အကြောင်းပြန်ခြင်းဆိုတာပါပဲ။

၂။ စောင်းပြောစရာ ဘာအကြောင်းမှ မရှိပါ။ တည့်တည့်ပြောရအောင် ခင်ဗျားရဲ့ အခြေအမြစ်၊ ကျိုးကြောင်းဆီလျှော်မှု မရှိတဲ့ ကွန်မန့်တွေကို အနည်းငယ် ဖတ်ပြီးကတည်းက ဘယ်ဘလော့မှာ တွေ့တွေ့ ကျော်ဖတ်နေကျပါ။

၃။ ဒီလို ကွန်မန့်မျိုးတွေအတွက် အချိန်ကုန်ခုံပြီး တကူးတက ပြောဆို၊ ဆွေးနွေး၊ မှတ်သားရန် လိုအပ်တယ်လို့လဲ ဘယ်တုန်းကမှ စိတ်မကူးထားပါ။ ဒီလို ပြောဆိုနေတဲ့သူတွေက အများကြီးမို့ ယေဘူယျ ပြောခြင်းသာ ဖြစ်တယ်။

(တည့်တည့်ပြောရအောင် ခင်ဗျားရဲ့ အခြေအမြစ်၊ ကျိုးကြောင်းဆီလျှော်မှု မရှိတဲ့ ကွန်မန့်တွေကို အနည်းငယ် ဖတ်ပြီးကတည်းက ဘယ်ဘလော့မှာ တွေ့တွေ့ ကျော်ဖတ်နေကျပါ။)

သို့

Lun Lunn

မင်းတို့ ဒီမိုတွေက ပြောသမျှယုံတယ်။ လိမ်လို့လွယ်တယ်။ ဦးဏှောက်လုံးဝ မရှိကြဘူး။ နောက်ပြီး မင်းတို့ ဒီမိုငတုံးတွေမှာ အကျင့်သိက္ခာဆိုတာကလဲ မရှိဘူးလေကွာ။ မငယ်နိုင်ဆိုရင် အသက်က မိုးထိုးနေပြီ . . . လူတကာရှေ့မှာ ဗလောင်းဗလဲပြောပြီး.. ဗြောင်လိမ်တယ်။ ကိုကိုမန်းဆိုတဲ့ သူကလဲ ငါရဲ့ အဖေလောက်အရွယ်မိုလို့ သူ့ကို လေးစားရမယ်ဆိုပြီးပြောနေတယ်။ သူက လူကြီးပီပီဖြောင့်မတ်မှုမှ မရှိပဲနဲ့.. ဘာကိုလေးစားရမှာလဲ။ ငါပြောတာက ပလီဆရာတွေ နအဖ အဏာမြဲအောင် ကူညီတာကို အရေးယူဖို့ပြောတာ ရှင်းရှင်းလေးကို ဒင်းက ရူးသလိုလိုပေါသလိုလိုလုပ်နေတယ်။ ရူးကြောင်ကြောင်နဲ့ ကြက်တူရွေးအသံနဲ့ ဘာသာရေး အဓိကရုဏ်းလုပ်တယ်ဆိုပြီး စွပ်စွဲတယ်။ မင်းလဲ ဗြောင်လိမ်တယ်။ ငါ့ကို စောင်းမပြောဘူးတဲ့ကွာ။ ဒီမိုယောကျားတွေကလဲ အရှက်နဲ့ သိက္ခာက နထ္ထိပါလား။ ၀ါးဟားဟား။ မင်းတို့ ဒီမိုငတုံးတွေ အဲလောက် သိမ်ဖျင်းတဲ့ စိတ်ဓါတ်နဲ့ နအဖပြုတ်ကျစေချင်တယ်ဆိုပဲ။ သနားတယ်ကွာ.. ကြိုးစားလိုက်ပါ။ နောက်ထပ် နှစ်ပေါင်း ၁၀၀။ အောင်မြင်မှာပါ။ ၀ါးဟားဟား

ဦးဏှောက်မရှိသည့် အောက်တန်းစား ဒီမိုငတုံးများကိုသောက်မြင်ကပ်တဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


p.s. NDFလို ကြံဖွတ်အဏာမရအောင် ကြိုးစားသူတွေကိုတော့ ဝေဖန်တိုက်ခိုက်နေကြပေမယ့် . . . . ကြံဖွတ်အဏာရအောင် တက်တက်ကြွကြွ ကူညီနေသော ပလီဆရာတွေရဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေကို မြန်မာပြည်ကို ပြန်ပို့ဖို့အတွက် ယခုအချိန်အထိ လှုပ်ရှားမှု မစသေးပါ။ ဒီမိုကုလားတွေကလဲ သူတို့ ကုလားအချင်းချင်း နှာစေးနေသည်။

Lun Lunn
ကျွန်မက spaghetti ကိုမှ ဒီလိုလုပ်စားတာ မဟုတ်ဘူး။ တခါတခါ အချည်စားချင်စိတ်ဖြစ်ရင် သင်္ဘောသီးတွေ သရက်သီးတွေ သိပ်ကြိုက်တတ်တော့ အဲဒီအသီးတွေ ရှားတဲ့ရာသီမှာ ဒီကပန်းသီးအခွံအစိမ်းရောင်ကို ဓါးနဲ့ ပါးပါးပေါက်ပြီး ထိုင်းသင်္ဘောသီးထောင်းကို ထောင်းတဲ့နည်းအတိုင်း အချိုမထည့်တော့ဘဲ ထောင်းပြီးစားတယ်။ သင်္ဘောသီးထောင်းနဲ့ အရသာ မတူပေမဲ့ နည်းနည်းဖန်ပြီး တမျိုးကောင်းတယ်။ မိတ်ဆွေတွေထဲက အချဉ်ကြိုက်တဲ့ အမျိုးသမီးတွေ ရှိရင် ပန်းသီးကိုလည်း အဲဒီလို ထောင်းစားလို့ရကြောင်း အကြံပြုလိုက်ပါ။

အိမ်က ကျေးဇူးရှင်နှစ်ယောက်လည်း Lan Lann တို့လို အချဉ်မကြိုက်သူပဲ ဖြစ်မယ်။ တခါတခါ တလုပ်လောက် လာမြည်းကြည့်ပြီး ချဉ်ငန်တူးလန်နေတာပဲ ဘာကိုအရသာခံပြီး စားတယ်ဆိုတာ နားလည်လို့တောင် မရဘူးလို့ ပြောပြီး မျက်နှာကို ရှုပ်မဲ့ပြီး ပြန်ထွေးထုတ်လိုက်တာပဲ။ ဒါပေမဲ့ ကျွန်မက အဲဒီချဉ်ငန်စပ်နေတာကိုပဲ ချွေးတလုံးလုံး ထွက်အောင် စားပြီး အရသာခံတာ။ တယောက်အကြိုက်နဲ့ တယောက်အကြိုက် ဘယ်သူနိုင်မလဲ။ ဒါပေမဲ့ ကိုယ်ကြိုက်တာကို ကိုယ်ပဲစားပါတယ်။ သူများကို အတင်းမကျွေးပါဘူး။ ငါကြိုက်သလို မကြိုက်ရကောင်းလားဆိုပြီးလည်း နအဖလိုတော့ ဘယ်သူ့ကိုမှ ပြဿနာမရှာဘူး။ ကျွန်တို့လင်မယား အကြိုက် မတူကြတဲ့အကြောင်း ရေးထားတာ http://nge-naing.blogspot.com/2009/12/blog-post_08.html ထဲမှာ ရှိပါတယ်။

ကျွန်မ ပို့စ်တွေမှာ လာပေးတဲ့ မှတ်ချက်တွေကို အကြောင်းပြန်ရာမှာ Lan Lann ပြောသလိုပဲ တချို့က လာရေးတဲ့ ကာရကံရှင်ကို အကြောင်းပြန်တယ်ဆိုတာထက် တခြားဘေးက လာဖတ်တဲ့သူတွေအတွက် ပြန်ရတာတွေ အများကြီး ရှိပါတယ်။ ဘယ်သူ့အတွက်မှ ဘာမှ အကျိုးမထူးတာမျိုးကျတော့ အဖက်လုပ်ပြီး ပြောမနေတော့ဘူး။ ဒါကြောင့် Lan Lann ကိုလည်း အဖက်မလုပ်သင့်သူတွေကို အဖက်လုပ်ပြီး ပြောမနေဖို့ အကြံပြုပါတယ်။ သိပ်ပြီးတရားလွန်နေရင်တော့ ဖျက်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ဥပမာ ပေးရရင် ခွေးဟောင်တာ အသံကြောင့် စိတ်အနှောင့်အယှက်တော့ ဖြစ်ပါတယ်။ လာကိုက်ဖို့ ပြင်နေရင်တော့ ကာကွယ်ဖို့လိုပေမဲ့ ဟောင်နေတာ သက်သက်ဆိုရင် ဟောင်တဲ့ခွေးကိုပြန်ဟောင်တဲ့လူ ဘယ်သူမှ မရှိပါဘူး။ မောင်းထုတ်ရင်လည်း ဟောင်သံက ပိုကျယ်လာမယ်၊ နာအောင်လုပ်ရင်လည်း ကိုယ်ပဲအကုသိုလ် ဖြစ်မယ်။ ဒီတော့ အကုသိုလ်လည်း အဖြစ်မခံချင်ဘူး။ Lan Lann လည်း ဒီလိုပဲ သဘောထားလိုက်ပါ။ စိတ်နှလုံးငြိမ်းချမ်းပါတယ်။ ကျွန်မ ဒီလကုန်ပြီး တပတ်လောက်ဆိုရင်တော့ ပို့စ်ပုံမှန် ပြန်တင်ဖြစ်လိမ့်မယ်။ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်

(ဥပမာ ပေးရရင် ခွေးဟောင်တာ အသံကြောင့် စိတ်အနှောင့်အယှက်တော့ ဖြစ်ပါတယ်။ လာကိုက်ဖို့ ပြင်နေရင်တော့ ကာကွယ်ဖို့လိုပေမဲ့ ဟောင်နေတာ သက်သက်ဆိုရင် ဟောင်တဲ့ခွေးကိုပြန်ဟောင်တဲ့လူ ဘယ်သူမှ မရှိပါဘူး။)

သို့

မငယ်နိုင်



မငယ်နိုင်ကို ကျနော် ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်က အနောက်ဖက်က တီထွင်ထားတဲ့ နိုင်ငံရေးအယူဝါဒတွေကို လုံးဝ အထင်မကြီးပါဘူး။ ဆိုရှယ်လစ်ဆိုတာ လူမွဲငပျင်းတွေကို မြှောက်ပြီး. . . ချမ်းသာတဲ့သူတွေကို မုန်းတီးအောင်လုပ်တဲ့ အောက်တန်းစား စံနစ်လို့ပဲမြင်တယ်။ ဒီမိုစံနစ်ဆိုတာကလဲ လူအခွင့်အရေးဆိုတာကို ကြိုက်သလို အဓိပါယ်ဖွင့်ပြီး ဟန်ပြမဲပုံးထောင်ပြီး . . လူတစ်စုကနေ အဏာကို ဓါးပြတိုက်ထားတဲ့ ကလိမ်ကကျစ်စံနစ်သာဖြစ်တယ်။ ကျနော်ယုံကြည်တာက မြတ်ဗုဒ္ဓ၏ တရားဓမ္မသာ ဖြစ်ပါတယ်။

အစ်မဟာ ဆီပုံးနဲ့ ကော်မန့်မှာ ကျနော်ရဲ့ လွတ်လပ်စွာပြောဆိုမှုကို နည်းပေါင်းစုံသုံးပြီး ထိမ်းချုပ်နေပါတယ်။ အခုလိုမိုက်မိုက်ရိုင်းရိုင်းပြောတာလဲ ထိမ်းချုပ်နည်းတစ်ခုပါပဲ။ အနောက်တက္ကသိုလ်တွေကနေ နိုင်ငံရေး ဘွဲ့ရထားသူတွေက အစ်မဟာ လူအခွင့်အရေး ချိုးဖေါက်တယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် ဘာကြောင့် အဲလို ချိုးဖေါက်လဲဆိုတာတော့ သူတို့ မသိပါဘူး။ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေကတော့ သိကြပါတယ်။ အစ်မရဲ့လုပ်ရပ်ဟာ . . . လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်စိတ်တွေကြောင့် ဖြစ်တယ်။ အစ်မဟာ ဒီမိုဝါဒကို အစွန်းရောက်စွဲလန်းနေပြီး . . . အဲဒီဝါဒကို ထိခိုက်တဲ့အခါမှာ . . ဒေါသထွက်ခြင်းဖြစ်တယ်။ ဒေါသနဲ့လောဘကြောင့် . . မောဟတွေ ဖိစီးပြီး အဓိပါယ်မဲ့ မိုက်မိုက် ရိုင်းရိုင်းပြောချင်းဖြစ်ပါတယ်။ အစ်မရဲ့ အပြုအမူကြောင့် မြန်မာ့နိုင်ငံဟာ ဒီမိုကရေစီလိုအပ်နေတာမဟုတ်ပဲ . . မြတ်ဗုဒ္ဓရဲ့ တရားကို လက်တွေ့ကျင့်သုံးဖို့က အဓိကဆိုတာ တခြားလူတွေပါ လက်ခံလာ စေပါတယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်တဲ့ တောသားက အရမ်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။





လောဘ၊ ဒေါသ၊ မောဟကို လျှော့မှသာ မြန်မာပြည်ကြီး တိုးတက်မည်ကိုသိတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


p.s. NDFလို ကြံဖွတ်အဏာမရအောင် ကြိုးစားသူတွေကိုတော့ ဝေဖန်တိုက်ခိုက်နေကြပေမယ့် . . . . ကြံဖွတ်အဏာရအောင် တက်တက်ကြွကြွ ကူညီနေသော ပလီဆရာတွေရဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေကို မြန်မာပြည်ကို ပြန်ပို့ဖို့အတွက် ယခုအချိန်အထိ လှုပ်ရှားမှု မစသေးပါ။ ဒီမိုကုလားတွေကလဲ သူတို့ ကုလားအချင်းချင်း နှာစေးနေသည်။