မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Autumn Daylight saving

နေ့တာ အတိုအရှည်ကို ထိန်းညှိဖို့အတွက် နယူးဆောက်သ်ဝေး ပြည်နယ်မှာ ဒီနေ့ ဆောင်းကူး (ဆောင်းဦး) ရာသီ (Autumn) အချိန်ပြောင်းတဲ့ နေ့ဖြစ်လို့ အချိန်တနာရီ နောက်ဆုတ်လိုက်တယ်။ ဒါကြာင့် ညက အလုပ်လုပ်တဲ့သူတွေ တနာရီ ပိုလုပ်ရပါတယ် ဒါပေမဲ့ ပိုက်ဆံတော့ ပုံမှန်အတိုင်းပဲ ရပါတယ် ပိုမရပါဘူး။ နွေကူးရာသီ (Spring) တုန်းကလည်း အချိန် တနာရီ ရှေ့တိုးခဲ့လို့ ညဘက်အလုပ်လုပ်တဲ့သူတွေဟာ ခုနှစ်နာရီပဲ လုပ်ရပြီး ရှစ်နာရီစာ အပြည့်ရခဲ့ပါတယ်။ အခု အချိန်ပြောင်းတာကတော့ ကိုးနာရီအလုပ်လုပ်ရပေမဲ့ ရှစ်နာရီစာပဲ ပိုက်ဆံရတော့ အရင်တခါ အချိန်ပြောင်းတုန်းက ညဘက်မှာ အလုပ်လုပ်လို့ တနာရီစာ ပိုရထားသူ မဟုတ်တဲ့ ညက အလုပ်လုပ်တဲ့ Casual အလုပ်သမားတွေအတွက်တော့ မတန်ဘူးလို့ ပြောရမှာပေါ့။ ကျွန်မ ပို့စ်အသစ်တင်ဖို့ အချိန်မရသေးလို့ အရင်တခါ အချိန်ပြောင်းတုန်းက Day life saving အကြောင်းကို ကျွန်မ ရေးထားတာ ဒီနေရာမှာ ရှိပါတယ်။ ဘလော့ဂ်ကို မျက်စိလည် လမ်းမှားပြီး ရောက်လာသူဖြစ်စေ၊ တမင်ရောက်လာသူ ဖြစ်စေ Day light saving နဲ့ ပတ်သက်ပြီး အပျင်းပြေ သွားဖတ်နိုင်ပါတယ်။


Daylight Saving and Day life saving

ရွင်လန်းချမ်းမြေ့ကြပါစေ။

2 comments:

အော်ဆီကိုရောက်တယ်၊ အချိန်တွေပြောင်းတဲ့ဆိုတာသိတယ် ဒါပေမဲ့ Day life saving ကိုမသိဘူး၊ ခုမှသိလိုက်ရတယ်၊ ဗဟုသုတရပါတယ်၊ ကျနော်ရောက်တဲ့ အချိန် ယင်ကောင်တွေ တအားပေါ။

5 Apr 10, 06:17
မဗေဒါ: မငယ်ရေ မြောက်ဝင်ရိုးစွန်းကတော့ ( ၁ )နာရီ ရှေ့တိုးရ၏.. ကမ္ဘာပေါ်က လူတွေရဲ့ သတ်မှတ်ချက်တွေ .. စိတ်ဝင်စားစရာပါပဲ..

Soesegado အော်စီရောက်တဲ့အချိန်က နွေရာသီဖြစ်ဖို့များတယ်။ Winter, Spring, Autumn မှာတော့ ယင်ကောင်မရှိဘူး။ နွေရာသီကတော့ ပူတာ မြန်မာပြည်နဲ့ ဘာမှ မခြားပါဘူး။ တခါတလေ မြန်မာပြည်ထက်တောင်မှ ပူသေးတယ်။

မဗေဒါ- သြစကြေးလျားက တောင်ဝင်ရိုးစွန်းနဲ့ ပိုနီးပြီး တခြားနိုင်ငံတွေက မြောက်ဝင်ရိုးစွန်းနဲ့ ပိုနီးလို့ အော်စီမှာ Autumn ဟာ မြောက်ဝင်ရိုးစွန်းနဲ့ နီးတဲ့ နိုင်ငံတွေမှာ Spring ဖြစ်နေတယ်။ အော်စီနဲ့ နယူးဇီလန်မှာ Spring ရာသီဆိုရင်လည်း မြောက်ဝင်ရိုးစွန်းနဲ့ နီးတဲ့ နိုင်ငံတွေမှာ Autumn ဖြစ်နေလိမ့်မယ်။ အဲဒါ သတ်မှတ်ချက် မဟုတ်ဘူ။ နေပတ်လမ်းကြောင်းမှာ ကမ္ဘာက နေကိုလှည့်နေတဲ့အတိုင်း လိုက်ဖြစ်နေတာပါ။

အလင်းရောင်ရတဲ့အချိန်ကို အတတ်နိုင်ဆုံး နေ့ဘက်မှာ ရှိနေအောင် လူတွေက အချိန်ကို လိုက်ရွှေ့တာသာ ဖြစ်တယ်။ မြန်မာပြည်လို မြောက်နဲ့လည်းမနီး တောင်နဲ့လည်းမနီး အီကွေတာရပ်ဝန်းမှာ ရှိတဲ့ အပူပိုင်းဇုံကျတဲ့ နေရာတွေကျတော့ ဆောင်းနဲ့နွေ နေ့တာ အတိုအရှည် ကွာပေမဲ့ အဲဒီနိုင်ငံတွေမှာလို အချိန်အများကြီး မကွာလို့ လိုက်ရွှေ့စရာ မလိုတာ ဖြစ်မယ်။