မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ

ဗမာပြည်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်အစိုးရ စစ်အာဏာရှင် အုပ်စိုးလာပြီး အခုမှ “အများသဘောကျ“ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာတယ်။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာတယ်။ နိုင်ငံခြားတိုင်းပြည်တွေကရော၊ ဗမာပြည်ထဲက အချို့နိုင်ငံရေးသမားဟောင်း များကရော၊ နိုင်ငံရေးသမားအသစ်စက်စက်များကရော ကိုယ့်ရှု့ထောင့်နဲ့ကိုယ် ရွေးကောက်ပွဲဝင်ဖို့သင့်ကြောင်း ပြောလာကြပါတယ်။


နိုင်ငံခြားသားတွေကတော့ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ အစိုးရတို့ ခြားနားချက်ဟာ “ရွေးကောက်ပွဲ” လို့ပဲ မြင်တယ်။ နှစ်ပေါင်း ၂၀ ကြာမှ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ၀မ်းသာကြတယ်။ ရွေးကောက်ပွဲဆိုတာ “၀င်ရမှာပေါ့“ လို့ပဲ မြင်တာဟာ သဘာဝကျပါတယ်။ ပြည်တွင်းက “၀င်ကြပေါ့“ လို့ ပြောကြတာဟာလဲ အမြင်အမျိုးမျိုးပါပဲ။
(၁) ရိုးအီငြီးငွေ့နေရာက “အပြောင်းအလဲတခု“ ဖြစ်သွားလို့၊

(၂) တခြား “ထွက်ပေါက်“ မရှိလို့၊

(၃) အရွေးခံရပြီး လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာကို တဖြည်းဖြည်း အရေးဆိုပြီး ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်လို့၊

(၄) သူများတွေ မ၀င်ချင်တဲ့အချိန်၊ ကိုယ် ၀င်လိုက်ရရင် “ငါတို့တော့ အချောင်အမတ် ဖြစ်ရချေသေးရဲ့“ မျှော်လင့်လို့ စသဖြင့် “၀င်“အမြင် အမျိုးမျိုးရှိကြောင်း သိရပါတယ်။

“မ၀င်“အမြင် ရှိကြတဲ့ နိုင်ငံရေးသမားများက အထက်ပါ “၀င်“အမြင်အားလုံးကို သဘောမတူကြဘူးလို့ ကြားသိရပါတယ်။ ဆန့်ကျင်ကြပါတယ်။


(၁) အငြီးငွေ့ပြေ အပြောင်းအလဲတခု ဖြစ်သွားခြင်း

အခုလို နှစ်ပေါင်း ၂၀ လောက် အာဏာရှင်လက်အောက် နေရတာဟာ ပြည်သူတွေအဖို့ ငြီးငွေ့တာတော့ အမှန်ပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ဘာမှ မတိုးတက်ဘဲ တနိုင်ငံလုံး အကျဉ်းသားဘ၀“ နဲ့ ထိတ်လန့်တကြားနေလာကြရတာ ကြာခဲ့ပြီကိုး

“အပြောင်းအလဲ“ လိုချင်တယ်ဆိုရင် မှန်တာပေါ့။ တိုးတက်တဲ့ အပြောင်းအလဲ လား “ဗြိစုံ ဗြုံစိ“ အပြောင်းအလဲ လား။ ပိုဆိုးမယ့် အပြောင်းအလဲ လား။ ဆုတ်ယုတ်မယ့် အပြောင်းအလဲ လား။ ဒါကို စဉ်းစားဖို့လဲ လိုပါတယ်။ ဆုတ်ယုတ်မှာလား၊ တိုးတက်မှာလား၊ အရင်အတိုင်းလားဆိုတာ ကြို ပြောမရတာလဲ ရှိ၊ ကြို ပြောလို့ရတာလဲ ရှိပါတယ်။

ခု ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေဟာ စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ နိုင်ငံတော်အခြေခံဥပဒေကို အမှီပြုပြီး ထုတ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီတော့ အခြေခံဥပဒေကို ပြန်ကြည့်ပြီး ပြောမှသာ အပြာင်းအလဲ “ဖြစ်၊ မဖြစ်“ ဆိုတာ ပေါ်လွင်ပါတယ်။ ရှေ့ကိုလဲ မျှော်မှန်းကြည့်လို့ ရတန်သလာက် ရပါတယ် တဲ့။

အခြေခံဥပဒေဆိုတာ ဘယ်သူတွေက ဘယ်လိုအခွင့်အရေးနဲ့ ရွေးဆွဲတာလဲ။ “ဘယ် အခွင့်အာဏာ“ နဲ့ ရေးဆွဲတာလဲဆိုတာ အလွန် အရေးကြီးပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ရဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းအရ အများသဘောကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲမှသာ သဘာဝကျပါမယ်။ အဓိပ္ပါယ်က ပြည်သူတွေက အာဏာအပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်များက အခြေခံဥပဒေကို ရေးဆွဲရပါမယ်။

ခုဟာက စစ်အာဏာရှင် ဗိုလ်ချုပ် (တွေ) ကပဲ ရေးဆွဲတာဖြစ်ပါတယ်။ စစ်အာဏာရှင်ဟာ တရားဝင်အစိုးရမဟုတ်ပါ။ ပိုဆိုးတာက တရားဝင် ရွေးကောက်ထားတဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြု၊ စစ်အာဏာရှင်တစုရဲ့ အကျိုးအခွင့်ကိုသာ ကာကွယ်ပြီး စစ်အာဏာရှင်ကသာ ထင်ရာစိုင်းပြီး ရေးဆွဲထားတဲ့ဥပဒေ ဖြစ်ပါတယ်။

အများသိပြီးဖြစ်တဲ့အတိုင်း စစ်အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း (တမတ်သား) ဟာ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များသာ ဖြစ်ရမယ် တဲ့။ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များ ဖြစ်ရမယ် တဲ့။ ပို ဆိုးတာက ဒီ ကိုယ်စားလှယ်များကို သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ထိပ်ဆုံးက အကြီးဆုံးရာထူးတွေကိုသာ ပေးအပ်ရမယ် တဲ့။ ၂၅ ရာခိုင်နှုန်းနဲ့ ကျန် ၇၅ ရာခိုင်နှုန်းတို့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်းက များတာပေါ့လို့ ထင်စရာ ပဲ။ါပေမဲ့ တကယ့်အာဏာတွေက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

အဲဒီ စစ်ဗိုလ်တွေဟာ မှားယွင်းမှု ရှိခဲ့ရင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံးအတွက် လွှတ်တော်က (နိုင်ငံတော်က) အရေးယူခွင့် မရှိစေရ တဲ့။ အရေးယူစရာရှိရင် စစ်တပ်ကသာ အရေးယူရမယ် တဲ့။ အဲဒီမှာပဲ “နိုင်ငံတော်ရဲ့အာဏာ” က “ပဲ့“ သွားခဲ့ပါပြီ။ “စစ်ဗိုလ်တွေသာလျှင်“ ဆိုတဲ့ သဘော ဆောင်သွားပါပြီ တဲ့

အခြေခံဥပဒေနဲ့တကွ အခြား အပြောင်းအလဲတခုခု လုပ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ် (အမတ်) ၇၅ ရာနှုန်းက ထောက်ခံရမယ် တဲ့။ ဒီ ၇၅ ရာနှုန်းဟာ စစ်ဗိုလ်ချုပ် ၂၅ ရာနှုန်းရဲ့ အတိုက်အခံတွေချည်း မဟုတ်နိုင်ပါဘူး။ စစ်တပ်ကထဲ့ထားတဲ့ စစ်တပ်လက်အောက်ခံ ပါတီအဖွဲ့အစည်း (ဥပမာ ကြံ့ဖွံ့) က အမတ်တွေလဲ ပါနိုင်ပါတယ်။ အမတ်တယောက်လျှော့သွားရင် ၇၅ ရာနှုန်း မပြည့်တော့ပါဘူး။

ဒီမိုကရေစီလွှတ်တော်မှာ “စစ်တပ်ကိုယ်စားလှယ်“ လို့ သီးခြား၂၅ ရာနှုန်း (တမတ်သား) တောင်းစရာ မလိုပါ။ ဒီလိုဆိုရင် စာရေးဆရာတွေကလဲ တမတ်သား၊ လယ်သမား တမတ်သား၊ အလုပ်သမား တမတ်သား၊ ရဲက တမတ်သား၊ ကျောင်းဆရာ တမတ်သား၊ ဆရာဝန် တမတ်သားဆိုပြီး အားလုံးကပဲ တမတ်သားစီ တောင်းခွင့် ရှိရပေမှာပေါ့။ စစ်တပ်တခုတည်းကသာ ဘာ့ကြောင့် “တမတ်သား“ တောင်းထားရသလဲ။ ထိပ်ဆုံးက ဘာ့ကြောင့် နေခွင့်ယူထားရသလဲ။ ဒီလိုဆိုရင် ဗိုလ်နေ၀င်းရဲ့ ဦးနေ၀င်း အရပ်သားအစိုးရနဲ့ ဘာ ထူးသလဲ။ ဗိုလ်သန်းရွှေနဲ့ ဦးသန်းရွှေ၊ ငရဲမင်းနဲ့ ယမမင်း၊ ဂ ကောက်ကောက်နဲ့ ကွေးကွေး၊ ဘာများပြောင်းလဲသွားမှာလဲ တဲ့။ နိုင်ငံရေး ဝေဖန်သူတွေက မေးကြပါတယ်။ ဆိုလိုတာက ဒီ ရွေးကောက်ပွဲ ပြီးသွားရင်လဲ ဘာမှ ပြောင်းလဲမှု မရှိ။


(၂) ထွက်ပေါက်တခု ပေါ်လာခြင်း

“ထွက်ပေါက်“ နဲ့ ပတ်သက်ပြီး ဗမာ ပြောရိုးပြောစဉ်မှာ “ရှေ့ပေါက်“၊ “နောက်ဖေးပေါက်“၊ “မလွယ်ပေါက်“၊ “ခွေးတိုးပေါက်“ စတဲ့ စကားတွေ ရှိပါတယ်။ ခု စစ်အာဏာရှင်ပေးတဲ့ ထွက်ပေါက်ကို ဘယ်လို နာမယ်ပေးချင်ပါသလဲ မသိပါ။

တခြား ထွက်ပေါက် မရှိဘူးဆိုတာ အမှန်ပဲလား။ အာဏာရှင်က ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ ပြည်သူ ထွက်ချင်တဲ့ ထွက်ပေါက် ဟုတ်ပါရဲ့လား။ ပြည်သူက ဒီ ထွက်ပေါက်မျိုးကပဲ ထွက်ချင်သလား။ တခြား ထွက်ချင်တဲ့ ထွက်နိုင်တဲ့ ထွက်ပေါက် မရှိတော့ဘူးလား။ ဘာလား၊ ညာလား စသဖြင့် အမျိုးမျိုး တွေးကြ ရေးကြပါတယ်။

ကောင်းပါပြီ။ ဒီ ထွက်ပေါက်ကပဲ ထွက်ကြမယ်ဆိုပါတယ်။ ဒီ ထွက်ပေါက်က ဘယ်ရောက်မှာလဲ။ အတိုဆုံး ပြောရရင် စစ်တပ် ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ စစ်အာဏာရှင်ရဲ့ စစ်ဖိနစ်အောက်ကိုပဲ ပြန်ရောက်မှာပါ တဲ့။ ဒီ ထွက်ပေါက်ကို ခွင့်တာဟာ “မလိမ့်တပတ်“ မဟုတ်တာ မဟုတ်။ “ဗြောင်“ လုပ်တာပါပဲ။ ဒီလိုလုပ်တဲ့အတွက် ဘာ အကျိုးရှိသလဲ။

ပြည်သူအဖို့ အကျိုးမထူး။ စစ်အာဏာရှင်အဖို့ အကျိုးထူးပါတယ် တဲ့။ ဒီလို ဝေဖန်ကြပါတယ်။

ဒီ ရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် အရင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ ဖျက်သိမ်းပြီးသား ဖြစ်သွားမယ်။ ပြည်သူ ရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ လွှတ်တော် မဖြစ်မြောက်လိုက်ဘဲ ဖယ်ရှားပြီးသား ဖြစ်သွားမယ်။ နှစ်ပေါင်း ၂၀ ကျော်လောက် တရားမ၀င် “အာဏာရ စစ်အစိုးရ“ လဲ တရားဝင် ဖြစ်သွားပြီး သူတို့က ကြိုက်သလို (ဆွဲခွင့် မရှိဘဲ ဆွဲထားတဲ့) အခြေခံဥပဒေလဲ အတည် ဖြစ်သွားမယ်။ ဒါ့ကြောင့် ဘယ်သူ့အတွက ထွက်ပေါက် လဲ။ ပြည်သူအတွက် ထွက်ပေါက် လုံးဝ မဟုတ်။ အာဏာရှင်အတွက် တရားဝင်ဖြစ်အောင် လုပ်ထားတဲ့ “ထွက်ပေါက်“ ဖြစ်ပါတယ် တဲ့။

တခြားဖြစ်နိုင်တဲ့ထွက်ပေါက်ကို အဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်နဲ့ “သော့“ လုပ်ထားပါတယ်။ အကျပ်အတည်းက လွတ်အောင်လို့ပါပဲ။ အာဏာရှင်တွေ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ တူအောင် နည်းနည်းလေးပဲ ပြင်ပေးပါ၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပါ၊ တွေ့ဆုံ ဆွေးနွေးပါ စသည်ဖြင့် ဖြစ်ပါတယ်။ အာဏာရှင်ဘက်က တခုမှ လိုက်လျောခြင်း မရှိသလောက်ပါ ပဲ။ (ဦးတင်ဦး လွတ်လာတာလေးက လွဲလို့)။

ဒါ့ကြောင့် ရွေးကောက်ပွဲ နိုင်ခဲ့လို့ အများစု ထောက်ခံမှုရတယ်လို့ အများက ယူဆတဲ့ အဖွဲ့ချုပ်ရဲ့ တလေးတစား တောင်းဆိုမှုကို ငြင်းပယ်ခံရတဲ့ “ရွှေဂုံတိုင်ရွှေသော့“ နဲ့ ဖွင့်နိုင်မယ့် ထွက်ပေါက်က ထွက်လို့ မရတော့ပါ။
တခြားနည်းကတော့ “ပြည်သူစွမ်းအား“ ဆိုတဲ့ သော့နဲ့ ဖွင့်ဖို့ ရှိပါတော့တယ် တဲ့။ ဒီလိုဆိုတော့ ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတဲ့သေဘာက အားသားရင် မျှော်လင့်ရတဲ့ ထွက်ပေါက်က “ပြည်သူစွမ်းအား“ ထွက်ပေါက် ပါပဲ တဲ့။


(၃) လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာ ပြုပြင်သွားနိုင်ခြင်း

ဒါမျိုးကို ကိုလိုနီလက်ထက်ကစပြီး ဗမာတွေ အတွေ့အကြုံရှိခဲ့ပါပြီ။ ဂျီစီဘီအေခေတ်က “ပူးသတ်“၀ါဒနဲ့ ကြွေးကြော်ပြီး ဘုရင်ခံရဲ့ အစိုးရအဖွဲ့ထဲ ပူးပေါင်း ၀င်ရောက်သွားတဲ့ ၀ံသာနုဂိုဏ်းကလို ပါပဲ တဲ့။ “ပူးသတ်“ ဆိုပေမဲ့ ကိုယ်ပဲ “ပူးသတ်“ ခံရပြီ ကိုယ်ပဲ ဘုရင်ခံနဲ့အတူ “ပူး သေ“ သွားရတာပါပဲ တဲ့။ သူများဖွဲ့တဲ့ အစိုးရအဖွဲ့ထဲဝင်ရင် သူများအောက်ကပဲ ရောက်ရမှာ မလွဲပါဘူး တဲ့။


(၄) အချောင်အမတ် ဖြစ်ခြင်း

ဒါကတော့ အမတ် ဖြစ်လိုသူများအတွက်တော့ မှန်နေတာပါပဲ။ သူတို့အတွက် “ထွက်ပေါက်“ ပါ ပဲ တဲ့။ ပြည်သူ့အတွက် မဟုတ်ပါဘူး တဲ့။

ခု ရွေးကောက်ပွဲဥပဒေကထွက်လာတာ အချိန် နောက်ကျပါတယ်။ ပါတီတွေ ဖွဲ့ဖို့လဲ နောက်ကျပါတယ်။ ပြည်သူ့အသံကို ကိုယ်စားပြုရမယ့်ပါတီတရပ်ဟာ တပြည်လုံးကို အချိန်ယူ စည်းရုံးရပါအုံးမယ်။ ပါတီက ခုမှ ဖွဲ့ရမှာပါ။ ပါတီရဲ့လမ်းစဉ်ကလဲ ခုမှ ရေးဆွဲ၊ ခုမှ ကြေညာရမှာပါ။ အသစ်ဖွဲ့မယ့် ပါတီက ၀ါဒလမ်းစဉ်ကို တင်ပြရင် ရွေးကောက်ပွဲကော်မရှင်အသစ်ကလဲ မှတ်မု့တင်ခွင့် ပြုပါ့မလား။ ဥပမာ “စစ်အာဏာရှင် အမြစ်ဖြုတ်ရေး လမ်းစဉ်“ ကို တင်ပြ ကြေညာခွင့် ရမှာလား တဲ့။ ပါတီ ဖွဲ့ဖို့၊ စည်းရုံးဖို့ တနှစ်တောင် အချိန် မပေးတဲ့အပြင် ဖွဲ့စည်းပြီးသား ပါတီများလဲ ထပ်မံပြီး ပါတီသစ်တွေလိုပဲ မှတ်ပုံတင်ရအုံးမတဲ့။ အဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကြာမှ ထပ်ပြီး မှတ်ပုံတင်ရအုံးမယ့် သဘော ပါ။

ပါတီဖွဲ့ပြီးရင် အနည်းဆုံး၃နေရာကယှဉ်ပြိုင်ရမယ်။ မပြိုင်ရင် ပါတီ ပယ်ဖျက်မယ် တဲ့။ ရွေးကောက်ပွဲ ၀င်ရင် အခြေခံဥဒေကို (စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ဥပဒေ ကို) အကာအကွယ် ပေးပါ့မယ်လို့လဲ လက်မှတ်ထိုးရအုံးမှာ တဲ့။ လွှတ်တော်ထဲရောက်မှ “အခြေခံဥပဒေကို ပြင်ချင်ပါတယ်“ လို့ ပြောလို့ မရတော့ဘူး ပေါ့။ အစကတည်းက “မီးသေ“အောင် အာဏာရှင်က လုပ်ထားတော့ ရွေးကောက်ပွဲ ၀င်မယ့် အမတ်လောင်း (ပါတီကိုယ်စားလှယ်တွေ) က “မီးငြှိမ်း“ ပြီးမှ “၀င်“ လို့ရမယ့် အဓိပ္ပါယ် ပါပဲ။

“သဘောကွဲလွဲခွင့် မရှိရင် ရွေးကောက်ပွဲ လုပ်နေစရာ မလိုတော့ပါဘူး“ တဲ့။

အားလုံးကို ခြုံလိုက်ရင် အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေဟာ အာဏာရှင်အလိုကျ ရွေးကောက်ပွဲသာ ဖြစ်မှာပါ တဲ့။ ဗိုလ်သန်းရွှေက တောင်ရှည်ပုဆိုးကြီး ၀တ်ပြီး ဦးသန်းရွှေ ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမှာ မဟုတ်ပါဘူး တဲ့။

ဗြိစုံနဲ့ ဗြုံစိ၊ အရာကြီးနဲ့ ဘာဘူကြီး၊ ဗိုလ်ရွှေနဲ့ ဦးရွှေ၊ ငရဲမင်းနဲ့ ယမမင်း သာ။

မစိုးရိမ်ဆရာတော်ကြီးက မိန့်တော်မူဖူးတယ်။ သံဃာတောင် သတ်တဲ့ စစ်အစိုးရကရေးဆွဲထားတဲ့ “ဥပဒေ“ နဲ့ “ရွေးကောက်ပွဲ“ ကိုဖတ်ဖို့ မလို၊ စဉ်းစားဖို့ မလို၊ ထောက်ခံဖို့ မလို။ သူတို့ကို သံဃာတွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားတယ်။ သူတို့ ကံကြီးထိုက်ကြ မယ်။ သူတို့ကို ထောက်ခံသူများလည်း ကံကြီးထိုက်နိုင်တယ် တဲ့။ ကံကြီးထိုက်မယ့် အပြုအမူကို ရှောင်ကြပါစို့။

မောင်စွမ်းရည် ၂၀၁၀ မတ် ၂၇
http://moemaka.com/index.php?option=com_content&task=view&id=6165&Itemid=1

ဒီဆောင်းပါးကို ကြိုက်လွန်းလို့ မျိုးသာကီအတွက် ရဲ့ဝံ့ ဒို့ဇာနည်ရှိ ဤနေရာမှ ကူးယူဖေါ်ပြပါတယ်။

5/4/10 ရက် Time 2;23 PM က တင်ထားတဲ့ပို့စ်ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီနေလို့ အပေါ်ခဏခွဲတင်ထားပါတယ်။

46 comments:

အကောင်းမြင်ဝါဒ နဲ့  ကြည့်ဖို့ ကျိုးစားပေမဲ့  ၊
ဘယ်လိုမှ ကောင်းမယ် မထင်မိလို့  ရင်မောသွားတယ် ။
ခွေးတိုးပေါက်ကနေ ပြာပုံ ပဲ တိုးကြတော့မဲ့ ကိန်း ဆိုက်နေပါပြီ မငယ်နိုင်ရေ ။
ကိုယ်တိုင်ကတော့ ကံကြီးမထိုက်အောင် နေဖို့ပဲ သံဓိဌာန်ချထားပါတယ် ။

မမရေ.... တကယ်ရင်မောရပါတယ်။ ကိုယ်ပြုတဲ့ကံ ကိုယ်သာခံတဲ့.. တနေ့တော့ ကိုယ့်အလှည့်ဆိုတာ မလွဲမသွေ ရောက်ရမှာပဲ။

ခင်မင်လေးစားလျှက်

သဘောမကျတာတွေတော့ အများကြီး ပါပဲ ပထမ စစ်အာဏာရှင် ဘယ်လိုသတ်မှတ်တာလဲ နောက် တရားဝင် အစိုးရမဟုတ်ပါတဲ့ အလဲ့လာသား နိုင်ငံတကာက သိမှတ်ပြုတဲ့ အစိုးရလေ အဲ့ဘာတဲ့
တစ်နိုင်ငံလုံး အကျဉ်းသားဘ၀နဲ့ ထိတ်လန့်နေရတာတဲ့
တယ်လာသကိုးဗျ ပြန်စဉ်းစားပါအုံး သမီးရယ် ကျွန်တော့
ထက်တော့ အသက်ကြီးမှာပါ အများကြီးကိုကြီးမှာပါ ဒါပေမယ့် အရမ်းကလေးဆန်နေလို့ စကားလုံးတွေက ဒါပေမယ့် ခွင့်လွှတ်ပါတယ် မိသားစု စားဝတ်နေရေးကြောင့်ထင်ပါတယ် အမျိုးသားကလဲ ဒါပဲလုပ်လားမသိပါဘူး တချို့ စကားလုံးလေးတွေတော့ ပြင်လိုက်ပါ အဓိကအားဖြင့် ကျွန်တော်ပြောတဲ့ စားသားလေးတွေပေါ့ နောက်ပြောရအုံးမယ် ဆူပူလာမှာကို တော်တော်ကြိုက်တယ်နဲ့တူတယ် အေးလေ ဆူလေကောင်းလေးပေါ့ အမိတို့အတွက်တော့ပွတာပေါ့နော့ မှတ်ထားပါ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ရဲ့ အနာဂတ်ကိုမဖျက်ဆီးပါနဲ့ ဒါဆိုမြင့်နေလားမသိဘူး အမိက အဲ့လောက်ဆိုမြင်မှာမဟုတ်ဘူး တိမ်တိမ်ပဲပြောတော့မယ် ကိုယ့်မိသားစုရဲ့ အနာဂတ်ကို မဖျက်ဆီးပါနဲ့ ကျေးဇူးတင်ပါတယ်

ကောင်းမြတ်အောင် ဒီဆောင်းပါးက ကျွန်မ ဆောင်းပါးမဟုတ်ဘူး ပြန်ဖေါ်ပြတယ်လို့ ရေးထားတာ သတိမထားမိဘူးထင်တယ်။ ကျွန်မက ကြိုက်လွန်းလို့ ပြန်ဖေါ်ပြထားပါတယ်။ ဘာတခုမှ ထပ်ဆွေးနွေးစရာ မလိုလောက်အောင် ပြည့်စုံနေလို့ ဘာစကားချီးမှ မရေးဘဲ ဒီအတိုင်းပဲ တင်လိုက်ပါတယ်။ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ တဦးတယောက်ကြိုက်ဖို့ထက် အများကြိုက်တာကို ဦးစားပေးရပါတယ်။

အကြိုက်ဆိုတာ ဘယ်သူမှ ထပ်တူမကျနိုင်လို့ ကြိုက်ခြင်း၊ မကြိုက်ခြင်း ကွဲလွဲတာ အကြောင်း မဟုတ်ပေမဲ့ ပကတိဖြစ်နေတဲ့ အခြေအနေကို လွဲမှားစွာ မြင်နေတာက ပြဿနာ ရှိပါတယ်။ ဒီအစိုးရဟာ တရားဝင်အစိုးရမဟုတ်ဘူး၊ မြန်မာပြည်သူ အများစုဟာ စစ်တပ်ကို ကြောက်လန့်ပြီး ကျီးလန့်စာစားဘ၀နဲ့ ရှိနေတာကို မသိဘူးဆိုတော့ ကောင်းမြတ်အောင်ဟာ စစ်အုပ်စု အပေါင်းအပါက ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် မျက်စိ၊ နားရှိလျက်နဲ့ အသုံးမချနိင်သူ ဖြစ်နိုင်လို့ မျက်စိဖွင့်၊ နားစွင့်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

ကျွန်မတို့ မိသားစု ဒီမိုကရေစီ ရေကန်အသင့် ကြာအသင့် ရှိတဲ့နေရာမှာ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ ဘ၀လုံခြုံမှု (နိုင်ငံရေး၊ စီးပွားရေး။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး) ရှိရှိနဲ့ ဘုရားဟောထားတဲ့ ဘာသီလမှ ချိုးဖေါက်စရာ မလိုဘဲ ကောင်းစွာ အသက်ရှင် ရပ်တည်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးအပါအ၀င် ဒီမှာ အချိန်ကုန်ခံပြီး ဖေါ်ပြထားတဲ့ အကြောင်းအရာတွေက အများကို သိစေချင်လို့ ပြန်လည် မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။ ကြိုက်သူယူ၊ မကြိုက်သူပယ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာလာဖတ်တာကိုတော့ ကျေးဇူးတင်ပါတယ်။

တရားဝင် အစိုးရဖြစ်လို့ ကုလသမဂ္ဂတွေ နိုင်ငံတကာတွေနဲ့ ဆက်ဆံနေလို့ရတာပေါ့...တရားဝင်အစိုးရ ဖြစ်တယ် သို့သော် ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရမဟုတ်ဘူး...ဒါလေးကိုတော့ ကွဲပြားအောင် ကြည့်ဖို့လိုမယ်...နိုင်ငံတစ်ခုမှာ နိုင်ငံကိုအုပ်ချုပ်တဲ့ သမ္မတ နောက် စစ်တပ် ဒီအဖွဲ့စည်း ၂ ခုပဲရှိတယ်...ဒါက ဒီမိုကရေစီ စနစ်ကျင့်သုံးနေတဲ့နိုင်ငံတိုင်းမှာရှိနေကြတယ်...အရပ်သား အုပ်ချုပ်မှု လျှော့ရဲလာရင် နိုင်ငံတော် လုံခြုံရေးထိခိုက်ပျက်ပြားလာရင် ဥပမာ ထိုင်းနိုင်ငံလိုမျိုး စစ်တပ်က ၀င်ပြီး ချုပ်ကိုင်ထားတယ်...အဲဒီအချိန်မှာ စစ်တပ်က နိုင်ငံရဲ့ တရားဝင် အစိုးရဖြစ်တယ်...ဒါပေမယ့် ပြည်သူရွေးချယ်ထားတဲ့ အရပ်သားအစိုးရမဟုတ်ဘူး...အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အခြေနေရ တိုင်းပြည်အခြေနေအရ စစ်တပ်က ၀င်ပြီးချုပ်ကိုင်နေတဲ့အချိန်မှာ စစ်အစိုးရက နိုင်ငံရဲ့ တရားဝင် အစိုးရဖြစ်တယ်...ပြည်သူရွေးချယ်ထားတဲ့ အစိုးရမဟုတ်သေးဘူး...ပြည်သူရွေးချယ်ထားတဲ့ အစိုးရတစ်ရပ် ဖြစ်ဖို့က ဒီမိုကရေစီ မကျင့်သုံးသေးတဲ့ မြန်မာနိုင်ငံအနေနဲ့က ဒီမိုကရေစီ စနစ်ဖော်ဆောင်ဖို့ ဒီမိုကရေစီ လမ်းစဉ်ကိုဖော်ထုတ်နေတာပဲမဟုတ်လား...အဲဒီနောက်မှာ ပြည်သူရွေးချယ်တဲ့ အရပ်သားအစိုးရပေါ်ပေါက်လာမယ် အရသားအစိုးရသစ်ပေါ်လာမယ်...အဲဒီချိန်မှာ အဲဒီအစိုးရက တရားဝင် ပြည်သူရွေးချယ်တဲ့အစိုးရဖြစ်သွားပြီ....

နိုင်ငံတော်ရဲ့ တရားဝင်အစိုးရ နဲ့ ပြည်သူရွေးချယ်တဲ့အစိုးရ ကွဲပြားစွာ မြင်တတ်ဖို့လိုမယ်...တရားမ၀င်ပဲ ဘယ်နိုင်ငံ ဘယ်ကုလသမဂ္ဂကမှ လက်မခံသလို ဘယ်ပြည်သူကမှလည်း လက်မခံပါဘူး...

အပေါ်က လေး ချက် လုံး တချက် မှ ဖြစ် လာ လိမ့်မှာ
မဟုတ်တာ အသေအချာ ဘဲ .... စဉ်းစားတွေးခေါ်တတ်တဲ့သူ ဆို ရင် သိ ကို သိ ရ မယ် ... သေချာတာ တခု တော့ ရှိတယ် .. ၂၀၁၀ ရွေးကောက်ပွဲ ကြီး အောင်မြင် သွားမယ်ဆိုရင် တော့
စစ်အာဏာရှင်တွေကို တရားဝင် အစိုးရ ဖြစ်သွားစေမှာဘဲ ... ရှည်ရှည်ဝေးဝေး စဉ်းစားစရာ မလိုဘူးဗျာ ... တရားမ၀င် ယူထားတဲ့ အာဏာ ကို ပေးချင်မှ တော့ ၂၀၁၀ ထိ မနေပါဘူး စောစောကတည်းက ပေးမှာပေါ့ ဗျ ... မပေးချင်လို့ ကို
ခုချိန်ထိ ယုတ်မာ ပက်စက် နေတာ အထင်းသား ....


ကောင်းမြတ်အောင် ဆိုတဲ့ အသက်ကြီးပြီး အချိန်မစီးတဲ့ ကြီးမိုက် ကြီး ရေ ... ခင်ဗျားရဲ့  စစ်ကျွန်ခံ ချင် တဲ့ စိတ်ဓါတ် ပျက်ဆီးနေတာ လေး ပြင်နိုင်အောင် ကြိုးစား ပါ ))))))))))))))

နယ်မြေပိုင်ဆိုင်မှုကို စစ်တပ်မှ မဟုတ်ဘူး ဓါးမြတအုပ်က ပိုင်ဆိုင်ထားလည်း ဒီနယ်မြေမှာရှိတဲ့လူတွေ Resources တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကနဲ့ UN က အလုပ်လုပ်ချင်ရင် ဒီနယ်မြေကို စိုးမိုးထားတဲ့ သူတွေနဲ့ဘဲ ဆရားဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ ဒီလိုတွေနဲ့ပဲ ဆက်ဆံပြီး အလုပ်လုပ်ရပါတယ်။ Legitimacy အရ ဖြစ်လာတဲ့ အစိုးရကိုမှ တရားဝင် အစိုးရလို့ ခေါ်ပါတယ်။ အခု ရှင်တို့ ကိုးကွယ်နေတဲ့ နအဖ ကြိုးစားနေတာ သူတို့တရားမ၀င်ဘူးဆိုတာ သိလို့ တရားဝင်ဖြစ်အောင် တုယောင်ဖွဲ့စည်းပုံနဲ့ အတုအယောင် ရွေးကောက်ပွဲကို လုပ်ဖို့ကြိုးစားနေတာ မသိသေးရင် ရှင်တို့သခင်တွေကို ပြန်မေးကြည့်လိုက်ပါ။

ကီလို ၂၀၀ လောက် အလေးချိန်ရှိသူတယောက်ရဲ့ ခန္ဓာကိုယ် အသေးဆုံး အစိတ်အပိုင်းတခုခုကို အပ်ဖျားလေးနဲ့၊ ဒါမှမဟုတ် လက်သည်းလေးနဲ့ပဲ သွားပြီး ခြစ်ကြည့်ပါ၊ ခန္ဓာကိုယ်ကြီး ကြီးလို့မနာဘူးမထင်ပါနဲ့ နာတယ်လို့ ပြောလိမ့်မယ်။ ဒီလိုပဲ မြန်မာပြည်က တခြားဂြိုလ်မဟုတ်ပါဘူး ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်လို့ မြန်မာပြည်ရဲ့ အဆိုးအကောင်းဟာ ကမ္ဘာကြီးရဲ့ အဆိုးအကောင်းကိုလည်း သွားပြီး ထိခိုက်ပါတယ်။ ဒါကြောင့် UN နဲ့ နိုင်ငံတကာဟာ မြန်မာပြည်နဲ့ မပတ်သက်လို့ မရ ပတ်သက်နေရမှာ ဖြစ်ပါတယ်။

ရှင်တို့ရဲ့ ယုံကြည်မှုကို ကျမဟုတ်ဘူး ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး။ ထိုနည်းအတူ ဘယ်သူတဦးတယောက်က ယုံကြည်မှုကိုမှ တခြားသူတယောက်က ပြောင်းလို့ မရပါဘူး ကိုယ်တိုင် ဆင်ခြင်တုံတရားရှိရှိ လေ့လာမှသာ အမှန်ကို သိမှာဖြစ်တယ်။ ရှင်တို့ ကြက်တူရွေးတွေ၊ သာလိကာတွေကို နှုတ်တိုက်အာဂုံဆောင်ပြီး သင်ကြားပေးထားတဲ့ နည်းနဲ့အလွတ်ကျက် သိထားတာတွေကို သုံးပြီး လာပြောနေတာကို ကျွန်မ ပြန်ရှင်းပြလို့ ပြီးမယ်မထင်ဘူး။ ဒါကြောင့်မို့ ကိုယ်တိုင် ဆင်ခြင်တုံတရားရှိရှိ ကိုယ့်ဦးနှောက်နဲ့ လေ့လာမှတ်သားပြီး သိတဲ့အသိမျိုးရအောင် လေ့လာပြီးမှ ပြန်လာဆွေးနွေးဖို့ကိုပဲ ကျွန်မ တိုက်တွန်းချင်ပါတယ်။

ကျနော်သိချင်သူပါ၊ ဒီတခါတော့မသိချင်တော့ဘူး အမြင်မတော်လွန်းလို့ဝင်ရေးတာပါ။ အပေါ်က Anonymous ရေးပုံ အရ UN ကဆက်ဆံတိုင်း တရားဝင်လို့ ပြောရမလိုဖြစ်နေပြီ။ ကမ္ဘာ့အဆိုးဝါးဆုံး အစိုးရစာရင်းဝင် မြောက်ကိုရီးယားကိုလည်း UN ကဆက်ဆံပါတယ်။ ဆက်ဒမ်ဟူစိန် အာဏာရှိစဉ် Iraq ကိုလည်း UN ကဆက်ဆံတာပဲ။ အခု သူသေပြီးတော့လည်း UN ကဆက်ဆံနေဆဲပဲ။ UN ကဆက်ဆံနေတယ်ဆိုတာ နိုင်ငံ အနေနဲ့ ဆက်ဆံတာပါ၊ အဲ့ဒီနိုင်ငံမှာ ဓမြဗိုလ်တက်အုပ်ချုပ်လည်း UN အနေနဲ့ အခြေအနေတစ်ခုအထိ အဲ့ဒီအစိုးရကို ဆက်ဆံမှာပဲ။ အခု ခင်ဗျားတို့ခေါင်းဆောင်ကြီးကို ဖယ်ရှားပြီး ဘိန်းဓမြတစ်ယောက်တက်အုပ်ချုပ်လည်း UN ကဆက်ဆံဦးမှာပဲ၊ ပြောချင်တာက UN ကဆက်ဆံတယ်ဆိုတိုင်း တရားဝင်တယ်လို့ပြောလို့မရပါဘူး။ အပေါ်မှာ မငယ်နိုင်လည်းရှင်းထားပါတယ်။ ခင်ဗျားရဲ့အစိုးရက တကယ့်ကို တရားဝင် တစ်ကမ္ဘာလုံးက လေးစားရတဲ့ အစိုးရသာဆိုရင် အခုလိုပုန်းလျှိုးကွယ်လျှိုးနေစရာ လှိုဏ်ခေါင်းတူးနေစရာ အကြောင်းလည်းမရှိဘူး၊ ခင်ဗျားဆရာတွေ နိုင်ငံခြားသွားခြင်ရင် ဘယ်နိုင်ငံက ငါတို့ဆီ မလာနဲ့ မဝင်နဲ့ ဆိုပြီးပိတ်ပင်တားဆီး ခံနေစရာ အကြောင်းလည်းမရှိဘူး။ အခု ခင်ဗျားဆရာတွေ ဘယ်လိုနေနေရသလဲကြည့်လေ။ လူမြင်မခံနိုင် လူတွေ့မခံနိုင်နဲ့။ အဲ့ဒါတရားဝင်တယ်လို့ခေါ်နိုင်ပါသလား။ သူတို့တွေရိုးသားမှု၊ ပြည်သူအပေါ် သက်ညှာမှုကင်းနေသရွေ့ အခုလို ညစ်ပတ်နေသရွေ့ ဘယ်လိုပုံစံပြောင်းအုပ်ချုပ်ပါစေ တရားမဝင်ဖြစ်နေဦးမှာပဲ။ သူတို့ရော ပြည်သူရော နစ်နာနေဦးမှာပဲ။ ရွေးကောက်ပွဲ အဖြစ်လုပ်ပေးပြီးရင် တရားဝင်ပြီထင်နေရင် တော့ ကိုယ့်လူရေ စာသာများများ ဖတ်ပါဦးလို့ တိုက်တွန်းရမှာပဲ။

NLD ၀င်မပြိုင်တာဟာ နိုင်ငံရေးအမြတ်ထွက်တာကလွဲရင် ပြည်သူတွေအတွက် အကျိုးရှိတယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘာတွေဖြစ်လာမလဲ ဆိုတာကလည်း ပြောဖို့စောသေးတယ်လို့ ယူဆပါတယ်။ အစိုးရအနေနဲ့ တကယ့်ကို ဒီမိုကရေစိကျတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ မျော်လင့်နေရင်တော့ လက်တွေ့နဲ့ တော်တော်ဝေးသွားပြီလို့ ပြောရမှာပါ။ သူတို့အနေနဲ့ ကိုယ့်လည်ပင်းကြိုးကွင်းစွပ်မယ့်အလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ NLD အနေနဲ့ ၀င်မပြိုင်ရင် လက်ရှိထက် ဘာမှတိုးတက်လာမယ်လို့ မမြင်ဘူး။ အာဏာကလည်း နအဖအသိုင်းအ၀ိုင်းမှာပဲ ဆက်ရှိနေမှာပဲ။ ၀င်ပြိုင်လိုက်ခြင်းကြောင့် လှုပ်ရှားစရာ အခွင့်အလမ်းပိုရလာမယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါလို့ ၀င်မပြိုင်ရဲတာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်။

အကယ်၍သာ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD အနိင်၇ပါက ၁၉၉၀ NLD အနိုင်၇သလို နအဖက အသိမှတ်ပြုမည် မထင်ပါ၊

ဒါကြောင့် NLD ကရွေးကောက်ပွဲမ၀င်တာပေါ.

စာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဇိဝကမှတ်ချက်ကို အစောကြီးကတည်းက တွေ့ပေမဲ့ အချိန်မရလို့ အခုမှ ပြန်ဆွေးနွေးပါရစေ။ အမှန်က တခြားသူကိုဆို ဒီလောက်ထိ ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ အစီစဉ်မရှိပါဘူး။ ကျန်းမာရေးပညာပေးပဲ ရေးပြီး တခြားဘယ်မှာမှ နိုင်ငံရေးအကြောင်း ဖတ်တာ စိတ်ဝင်စားတာလည်း မတွေ့ဘဲ အခုမှ တွေ့ရလို့ သတိထားမိဖို့လိုတဲ့ အချက်တွေကို ပြောပြတာ ဖြစ်ပါတယ်။ ဒီမှတ်ချက်က ဇိဝကလို သဘောထား ရှိသူ အားလုံးအတွက်လည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ NLD ၀င်ပြိုင်လိုက်ရင်တော့ မိမိနိုင်ငံရေးရပ်တည်ချက်ကို အသေခံပြီး ပြည်သူလူထုနဲ့ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေး ငရဲတွင်းအောက်ကို တရားဝင် တွန်းပို့ပေးလိုက်ရာရောက်လို့ NLD ရဲ့ တန်ဖိုးက သုံးစားလို့ မရတော့ဘဲ (-) Negative ဖြစ်သွားမယ်။ အခုလို ငြင်းလိုက်တော့ နိုင်ငံရေး ဂုဏ်သိက္ခာရှိတယ်ဆိုတာတော့ ဇိဝက လက်ခံတယ်ထားတယ်ဆိုတော့ သုညကအနုတ်ထက်တော့ သာတယ်ဆိုတာကိုလည်း လက်ခံရလိမ့်မယ်။ သုညကနေ (+) Positive တွေ ဖြစ်လာအောင် ပြည်သူကြားထဲ NLD က လုပ်စရာရှိတာ ဆက်လုပ်ရမယ်။ ၆၂ ကနေ မဆလ အစိုးရပြုတ်ကျအောင် တိုက်လာခဲ့တဲ့အချိန်အထိ NLD ဆိုတာ မပေါ်သေးဘူး။ ဒါပေမဲ့ နောင်တချိန်မှာ NLD ဖြစ်လာတဲ့သူတွေဟာ ဦးနေ၀င်း၊ ဦးစိန်လွင် ဒေါက်တာမောင်မောင်တို့ကို ပြုတ်ကျအောင် လုပ်ခဲ့တဲ့အထဲမှာ ပါခဲ့တယ်။ တိုင်းပြည်ကို အပြောင်းအလွဲဖြစ်ချင်လို့ ဆိုပြီး စစ်အုပ်စု ခင်းပေးတဲ့ မတရားတဲ့၊ ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုကရေစီဆိုပြီး ဗြောင်လိမ်ပြီး ခင်းထားတဲ့ လမ်းကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မျောလိုက်နေရင် ကောင်းတဲ့ အပြောင်းအလဲကို ရမှာ မဟုတ်ဘူး။ ဒီထက်ဆိုးတဲ့ အပြာင်းအလဲကိုပဲ ရမှာဖြစ်တယ်။

NLD က ၆၂ ကနေ အသက်သွေးချွေးတွေ၊ ဘ၀တွေ ပေးဆပ်လာခဲ့ ပေးဆပ်နေဆဲဖြစ်တဲ့ သူရဲကောင်းတွေ၊ အာဇာနည်တွေရဲ့ စွန့်လွှတ်အန်နာခံမှုကို မျက်ကွယ်ပြုပြီး ပြည်သူကောင်းစားစေချင်လွန်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုပါစို့ ဇိဝကတို့လို နအဖ မဟုတ်ဘူးဆိုတာ သိပေမဲ့ ပြည်သူအတွက် လုပ်သင့်တယ် ဆိုပြီး ယုံကြည်နေတဲ့သူတွေအတွက် မျက်စိအစုံမှိတ်ပြီး ဒီဖွဲ့စည်းပုံအတိုင်း ၀င်ပြိုင်လိုက်တယ်ပဲ ထားတော့ အာဏာရမယ်ထင်လား။ စည်း၇ုံးရေးဆင်းဖို့ အချိန်မရှိတော့ဘူး၊ NLD လုံးဝရဖို့ မရှိနိုင်ဘူး။ ကံကောင်း ထောက်မပြီး ရသွားတယ်ပဲထားတော့ စစ်တပ်က ၂၅% အလိုလို တက်ယူထားပြီး ဖြစ်လို့ လွှတ်တော်မှာ ကိုယ်စားလှယ် အများစုဆိုပြီး NLD က ပြည်သူကို ကိုယ်စားပြုပြီး တစုံတရာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရမယ်ထင်လား။ လုံးဝမရဘူး စစ်တပ်လက်ညိုးထိုးပြတဲ့အတိုင်းပဲ အကုန်လိုက်လုပ်ရလိမ့်မယ်။ ဥပမာ လွှတ်တော်မှာ ကိုယ်စားလှယ် ၄၀၀ ရှိရင် ၁၀၀ က အလိုလိုနေရင်း စစ်တပ်က ၀င်ယူထားတယ်။ ကျန်တဲ့သုံးရာမှာ တိုင်းရင်းသားပါတီကတွေ ပါမယ်၊၊ ကြံ့ဖွတ်လို ရွေးကောက်ပွဲ လုပ်ခါနီးမှာ ငွေ (သို့) ဆန်၊ဆီ ဆေး ဆား ပေးမယ်ဆိုပြီး ပြည်သူကို လိမ်ညာ စည်းရုံးခဲ့လို့ ပါလာသူတွေနဲ့ တခြား နအဖ လက်ပါးစေ ဒီမိုကရေစီ အမည်ခံသူတွေလည်း ရှိမယ်။ ဒီတော့ NLD ကိုယ်စားလှယ်က အယောက် လေးရာမှာ ၂၄၀ တောင် ပြည့်တော့မှာ မဟုတ်ဘူး။ ၂၄၀ ပဲ ထားလိုက်တော့ တွက်ကြည့်ရအောင် (240 out of 400) ဆိုတော့ ၆၀% ပဲ ရှိတယ်။ ဒီမိုကရေစီ မကျတောတွေကို တဖြည်းဖြည်း ပြင်သွားမယ် စိတ်ကူးယဉ်နေသူတွေအပါအ၀င် လွှတ်တော်မှာ တစုံတရာ ပြောပိုင်ခွင့် ရှိတယ်လို့ ထင်နေသူတွေ သိထားဖို့က ပြင်ချင်ရင် ၇၅% ပြည့်မှ ပြင်လို့ရတယ်။

ထားလိုက်တော့ စစ်တပ်ကိုယ်စားလှယ်တွေမှာလည်း တိုင်းပြည်ကို အင်မတန်ချစ်ပြီး မိခင်တိုင်းပြည်ကို တခြားဒီမိုကရေစီ နိုင်ငံတွေလို အမှန်တကယ် တကယ်တိုးတက်စေချင်သူတွေ ရှိပါတယ်။ သူတို့ထဲက (ဥပမာသာ ဖြစ်တယ် တကယ်တော့ မဖြစ်နိုင်ပါ) ဖွဲ့စည်းပုံပြင်ဖို့ တချို့ကို စည်းရုံးလို့ရသွားပြီး တိုင်းရင်းသားပါသီ ကိုယ်စားလှယ်တွေနဲ့ဆို ကံအားလျော်စွာ ၇၅% ကို စည်းရုံးလို့ ရသွားတယ်ပဲ ထားလိုက်တော့။ စစ်တပ်မှာ ၂၅% + ဗီတိုအာဏာ ရှိနေတယ်။ နောက်ဆုံး အတည်မပြုဖြစ်အောင် စစ်ခေါင်းဆောင် အာဏာရှုးတွေက ဗီတိုအာဏာနဲ့ ပယ်ချလိမ့်မယ်။

ပယ်ချတာကို မကျေနပ်လို့ လွှတ်တော်ထဲမှာရော အပြင်က ပြည်သူလူထုကြားမှာလည်း မကျေမချမ်းဖြစ်ပြီး တောင်းဆိုတာတို့ ဘာတို့ထလုပ်ရင်လည်း ဗီတိုအာဏာနဲ့ အာဏာသိမ်းပြီး အကုန်လုံးဖမ်းပြီး ထောင်ထဲထည့်ပစ်နိုင်တယ်။ ဒါမျိုးလုပ်ရင် မတရားဘူး သွားပြောလို့မရတော့ဘူး ဒါဟာ ဖွဲ့စည်းပုံအရ တရားဝင်လုပ်တာ ဖြစ်သွားပြီ။ NLD က ဒီအချိန်ကျမှတော့ သူ့အပြစ်နဲ့သူပဲ အခုတမျိုး တော်ကြာတမျိုး ဘာမှ စောတက တက်လို့ မရတော့ဘူး။ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖတ်ကြည့်စေချင်တယ်။ ဇိဝက စာလာဖတ်တာ သိပ်ပြီး ကျေးဇူးတင်ပါတယ်။

အခုလို ဆွေးနွေးပေးတဲ့အတွက် မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။ အစ်မရေ ဒါနဲ့ မေးစရာတစ်ခုရှိလို့။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပတုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘူးလို့ ကျွန်တော် ကြားမိပါတယ်။ အဲဒီအချက်ကို နိုင်ငံရေးသမားတွေက ထောက်မပြကြဘူးလားဗျ၊ အနိုင်ရတဲ့ ပါတီကို အာဏာဘယ်လို ခွဲဝေပေးမယ်ဆိုတာကိုကော ဖော်ပြထားပါသလားခင်ဗျာ။

သူ့အိုးနဲ့ သူ့ဆန်တန်ယုံ ဆိုတာ မဟာဇီဝကရဲ့ ကွန်မင့်တွေဖတ်ပြီး လက်ခံနိုင်လိုက်ပါပြီ...

ကျွန်တော့်နာမည် မဟာဇီဝက မဟုတ်ပါ။ တစ်ခုခုကို ပြောချင်ရင် နာမည်လေးတော့ အရင်မှန်အောင် ရေးပါအုံး။

NLD အဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်မပြိုင်တာကို ကျွန်မအနေနဲ့ ထောက်ခံပါတယ်။ ကြွက်ချေးကြားမှာ ဆွမ်းဆန်က ၀င်မပါသင့်ဘူးလေ။ burma VJ ကြည့်ပြီးမျက်ရည်ကျခဲ့ရတဲ့ ကျွန်မတို့လို အဝေးရောက် ပြည်သူတွေအတွက်တော့ ဒီမတရားစစ်အစိုးရကို ခါးသီးမုန်းတီးမိတယ်။ ဒီပိုစ့်လေးကို ကူးယူဖော်ပြပေးတဲ့ မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။ ကံကြမ္မာရဟတ် တစ်ပါတ်လည်လာချိန်မှာ စစ်အစိုးရကောင်းကောင်းသိလာမှာပါ။ ထာဝရတည်မြဲတယ်ဆိုတာ ဘယ်အရာမှ မရှိပါဘူး။

ှဇီဝက တို.လို လက်တဆုပ်စာ က နအဖကို ထောက်ခံနေတာ ရယ်စရာ ကောင်းလိုက်တာ၊ ကျွန်တော်ကတော. ဓမ္မနဲ. အဓမ္မ တိုက်ပွဲမှာ ဓမ္မဘက်က မားမားရပ်မတ်မတ် ရပ်တည်မယ်၊ မင်းတို.(နအဖ နဲ.အပါင်းပါတွေ)ကို မြန်မာပြည်သူအားလုံးက ရွံမုန်းနေတာ သတိပြုမိရဲ.လား?

၉၀ ခုနှစ်တုန်းက န၀တက ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရတဲ့ပါတီကို ချက်ချင်းအာဏာလွှဲမယ် အနိုင်ရပါတီက လွှတ်တော်ခေါ်ပြီး အရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ အမျိုးသားညီလာခံ ကျင်းပရေး၊ ဖွဲ့စည်းပုံ ရေးဆွဲဖို့ကိစ္စတွေ ဆက်လက်တာဝန်ယူဖို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ချမှတ်ထားခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က မဲပေးတဲ့နေ့မှာ တောင် သတင်းထောက်တွေ မေးတာကို အနိုင်ရပါတီကို ချက်ချင်း အာဏာ လွှဲပေးမယ်လို့ မဲရုံမှာ ပြောခဲ့တာ တီဗွီမှာ ကြည့်ခဲ့သေးတယ်။ ရွေးကောက်ပွဲမှာ NLD နိုင်သွားတော့ လွှတ်တော်ခေါ်ခွင့်လည်း မပြု၊ သူတို့ဥပဒေကိုတောင် သူတို့ မလိုက်နာဘဲ တောင်းဆိုတဲ့သူကို ဖမ်းဆီးအကျဉ်းချကာ ပြည်သူရွေးတဲ့ ကိုယ်စားလှယ်မပါပဲနဲ့ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပပြီး အခုသူ့ဖါသာသူ ၉၂% ရတယ်လို့ လိမ်ပြီး အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တယ်။ အမျိုးသားညီလာခံဆိုတာ လူထုကို ကိုယ်စားပြုသူတွေပဲ လုပ်လို့ရပါတယ် စစ်တပ်က သူဆွဲထည့်ချင်သူတွေနဲ့ လုပ်လို့မရပါဘူး။

စစ်အုပ်စုက သူပေးတဲ့ ဂတိတွေ အကုန်ဖျက်ပြီး လုပ်ချင်ရာ လုပ်ထားတာကို NLD က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ပြီး တရားမျှတမှုအတွက် တောင်းဆိုလို့ အကျဉ်းကျနေသူတွေကိုပါ ပါတီက ထုတ်ပစ်ပြီး ဒီဥပဒေကို အကာအကွယ်ပေးပါ့မယ်လို့ လက်မှတ်ထိုးပြီး ရွေးကောက်ပွဲသွားဝင်ရင် အရှုးတွေ ဖြစ်ကုန်လိမ့်မယ်။ အရူးတကာ အရှုးအထဲမှာ အာဏာရှုးတာက တတိုင်းတပြည်လုံး ဒုက္ခရောက်လို့ အဆိုးဆုံးပဲ။

Anonymous ရေ ဘုရင်စနစ်မှာ ဘုရင်စနစ်မို့ ဘုရင်တွေ ဘုရင်မတွေကို ဘယ်သူမှ ရွေးစရာမလိုဘဲ တရားဝင်ဖြစ်တယ်။ အခုမြန်မာပြည်မှ ဘုရင်စနစ်မဟုတ်တော့ဘူးဆိုတော့ ဘယ်သူမှ မရွေးပဲနဲ့ ဘယ်သူမှ ခေါင်းဆောင်တက်လုပ်ခွင့် မရှိဘူး။ အချုပ်အခြာအဏာဏာဆိုတာ ပြည်သူကဆင်းသက်ရပါတယ်၊ ကျန်တဲ့ ရှင်သိချင်တာတွေ အတွက်တော့ ကျွန်မ အရင်ရေးထားတဲ့ မှတ်ချက်နဲ့ ဇိဝကကို နောက်ဆုံး အကြောင်းပြန်ထားတဲ့ မှတ်ချက်ကို ပြန်ဖတ်ကြည့်ဖို့ပဲ တိုက်တွန်းပါတယ်။ စစ်တပ်က အခုလုပ်နေတာ သူနဲ့ဆိုင်မဆိုင် သူ့အလုပ်ဟုတ်မဟုတ် သိအောင်နဲ့ ဒီမိုကရေစီဆိုတာ ဘာလဲလို့ သိအောင် စတင်လေ့လာဖို့ကိုလည်း ရှင့်ကို ကျမတိုက်တွန်းချင်တယ်။

ခုနက Anonymous ကို ပြောဖို့ မေ့ကျန်ခဲ့တယ်။ ရှင်ပထမအကြိမ် စာလာဖတ်တုန်းကလည်း ဒီပို့စ်ကို မောင်စွမ်းရည် ရေးတာကို ကြိုက်လွန်းလို့ ပြန်ဖေါ်ပြပါတယ်လို့ ရေးထားလျက်နဲ့ စာကို သေသေချာချာ မဖတ်ဘဲ ကျွန်မရေးထားတယ် ထင်ပြီး မဆိုင်တာတွေ ရှင်မှတ်ချက်လာပေးခဲ့တယ်။ အခုလည်း ကျွန်မ အကြောင်းပြန်ထားတဲ့ မှတ်ချက်တွေကို သေသေချာချာ ဖတ်ပါ့မလားလို့ ကျွန်မ သံသယ ဖြစ်မိတယ်။ စာဖတ်ရင် ရှင်ပြောနေ ထင်နေတာတွေဟာ မဟုတ်ဘူးဆိုတာ တချို့တ၀က်တော့ ရှင်သိသွားလိမ့်မယ်လို့ ယုံပါတယ်။ ကျေးဇူးပြုပြီး စာကို သေသေချာချာ ဖတ်ဖို့ တိုက်တွန်းပါတယ်။ စိတ်ဝင်စားပြီး စာထပ်လာဖတ်လို့ ကျေးဇူးတင်ပါတယ်။

"ှဇီဝက တို.လို လက်တဆုပ်စာ က နအဖကို ထောက်ခံနေတာ ရယ်စရာ ကောင်းလိုက်တာ၊ ကျွန်တော်ကတော. ဓမ္မနဲ. အဓမ္မ တိုက်ပွဲမှာ ဓမ္မဘက်က မားမားရပ်မတ်မတ် ရပ်တည်မယ်၊ မင်းတို.(နအဖ နဲ.အပါင်းပါတွေ)ကို မြန်မာပြည်သူအားလုံးက ရွံမုန်းနေတာ သတိပြုမိရဲ.လား?"

ကိုယ့်လူက ကောက်ချက်ချတာ စောလှချေလား။ ရှင်းရှင်းပြောမယ်။ ၂ ဘက်လုံးကို စိတ်မ၀င်စားဘူး။ ကိုယ်ကိုယ်တိုင် မလုပ်နိုင်တဲ့အရာတွေထက် ကိုယ်ကိုယ်တိုင်လုပ်ပြီး လူအများအကျိုးရှိတာကိုပဲ လုပ်ဖို့ စိတ်ကူးရှိတယ်။ ကျန်တာတွေ လာမပုတ်ခက်နဲ့။ ကိုယ့်နာမည်ကိုတောင်သုံးပြီး ရေးဖို့ သတ္တိမရှိဘဲနဲ့ သူများကို ဝေဖန်ဖို့ ကြိုးစားနေတာ ကိုကြည့်ပြီး ကိုယ်ဘယ်အဆင့်မှာရှိလဲဆိုတာ ပြန်သုံးသပ်သင့်တယ်။

ဖွဲ.စည်းပုံဆွဲဖို့ညီလာခံကျင်းပတာ နအဖ က တမင်တကာ အချိန်ဆွဲတာ၊ ညီလာခံကိုယ်စားလှယ်များက နေ.တွက်စရိတ်ထုတ်လိုက်ကြ၊ စားလိုက်ကြ၊ သောက်လိုက်ကြ၊ ကပွဲခုန်ပွဲများက ကြည်.လိုက်ကြ၊ တိုင်းပြည်ဘဏ္ဍာကို ကိုယ်ပိုင် ဘဏ္ဍာ မှတ်ပါလို.၊ ညီလာခံက ဒုတိယအကြိမ်ကျင်းပတာ မဟုတ်ဘူး၊ အကြိမ်ပေါင်းများစွာ ကျင်းပလိုက်၊ ရပ်လိုက်၊ သမိုင်းတွင်စေသော ကမ္ဘာ.အကြာဆုံး ဖွဲ.စည်းပုံရေးဆွဲခြင်း၊

ှဇီဝက က နာမည် အရင်းလား ????

ဇိဝကကို လက်တဆုပ်စာလို့ရေးထားတဲ့ မှတ်ချက်ကို အခုမှတွေ့ရတယ်။ ဒီပို့စ်ကို တင်ကတည်းက ကျွန်မတို့နဲ့ အမြင်မတူသူတွေ လာရောက် မှတ်ချက်ပေးနိုင်တယ်ဆိုတာ ကျွန်မ ထင်ထားပြီးသား ဖြစ်ပါတယ်။

ဇိဝကကို မေးထားတဲ့ မေးခွန်းကို ကျွန်မပဲ ဖြေပေးပါရစေ။ ဇိဝကက ကျွန်မစာရေးတဲ့ တခြားဘလော့ဂ်တခု ဖြစ်တဲ့ Health in Myanmar မှာ ကျန်းမာရေးပညာပေးစာတွေ ရေးတဲ့ လူငယ် ဆရာဝန်တယောက်ဖြစ်ပြီး နာမည်အရင်း မဟုတ်ပါဘူး စာရေးတဲ့ ကလောင်နာမည်ပါ။ Public Health in Myanmar မှာ စာဖတ်သူတွေ မေးလာတဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို သူကပဲ ဒိုင်ခံပြီး အများဆုံး ဖြေပေးနေတာတွေ့ရလို့ သူ့ရဲ့ အများအကျိုးဆောင်လိုတဲ့ လူမှုဝန်ထမ်းစိတ်ဓါတ်ကို ခန့်မှန်းလို့ ရနိုင်ပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးကို စိတ်မ၀င်စားတဲ့ ဇိဝကတယောက် နိုင်ငံရေးနဲ့ ဆိုင်တဲ့ ဒီပို့စ်ကို စိတ်ဝင်တစားလာဖတ်တာကို ကျွန်မ ၀မ်းသာပါတယ်။ ဇိဝကရဲ့ဆွေးနွေးချက်ကလည်း သူထင်တာကို ထင်တဲ့အတိုင်း ပြောထားတာသာ ဖြစ်ပြီး ဘယ်သူ့ကိုမှ ထောက်ခံထားတဲ့အချက် မတွေ့ပါဘူး။ အကယ်၍ ပါခဲ့သည့်တိုင်အောင် ဒီမိုကရေစီဆုတာ မတူကွဲပြားမှုတွေကို အဖြေရှာတဲ့စနစ်ဖြစ်လို့ ဘယ်လို အမြင်ရှိတဲ့ ဘယ်လိုလူကိုမဆို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ မပါဘဲ ပို့စ်ပါ အကြောင်းအရာနဲ့ မှတ်ချက်ပါ ပြောထားတဲ့အချက်တွေကိုပဲ မှတ်ချက်ပေး ဆွေးနွေးကြဖို့ အားလုံးကို ကျွန်မ မေတ္တာရပ်ခံပါတယ်။

ဇီဝက- မနေ.က ပု၈္ဂိုလ်ရေးတိုက်ခိုက်သလိုဖြစ်သွားတာ တောင်းပန်ပါတယ်၊ ကျွန်တော် ခင်ဗျားရဲ. Comment ကို အဓိပ္ပါယ်ကောက်တာ လွဲသွားတယ်၊ မငယ်နိုင်ကိုလည်း တောင်းပန်ပါတယ်၊ မငယ်နိုင် နှင့် မိသားစု ကျန်းမာရွင်လန်းပါစေ-- ကျွန်တော်က မနေ့က Anonymous ပါ၊

ရိုင်းစိုင်းတဲ့အသုံးအနှုန်းပါခဲ့တယ်၊ ပြောပြီးသား အကြောင်းအရာတွေ ထပ်ခါတလဲလဲ ပါနေတဲ့ကြားက အပြန်အလှန် လေးစားတဲ့ သဘောနဲ့ ဆွေးနွေးပေးတာကို အခွင့်အကောင်းယူပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ အောက်တန်းကျတဲ့ အသုံးအနှုံးတွေ ပါလာတယ်။ အရောဝင်လို့ ရောက်တက်တယ် ဆိုတာမျိုး ဖြစ်လာတယ်။ ဒါကြောင့် ကျွန်မက လေးစားသမှုနဲ့ မအားတဲ့ကြားက ပြန်ဆွေးနွေးထားတာကိုပါ အဆုံးရှုံးခံပြီး မှတ်ချက်တချို့ကို ဖျက်လိုက်ရပါတယ်။

ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ အမြင်တွေကြားမှာ အဆင့်အတန်းရှိရှိ အပြုသဘောဆောင်ပြီး ဆွေးနွေးညှိနှိုင်းတာသာ ဖြစ်တယ်။ ရှင်တို့ ထင်သလို ဘာမှ မဆိုင်ဘဲ ရေးချင်ရာရေး ပြောချင်ရာ ပြော လုပ်ချင်ရာ လုပ်လို့ရတာမျိုး မဟုတ်ဘူး။ ပို့စ်နဲ့ ဆိုင်တာ ဒါမှမဟုတ် ဆွေးနွေးထားတာနဲ့ ဆိုင်တာကို ယဉ်ယဉ်ကျေးကျေး ပြောပါလို့ အပေါ်မှာ ရေးထားပြီးသားပါ။ မယဉ်ကျေးတဲ့ အသိုင်းအ၀ိုင်းက ကြီးလာရင်လည်း ကျွန်မဘလော့၈်မှာ ရေးချင်ရင် ယဉ်ယဉ်ကျေးကျေး ရေးနည်း လေ့လာပြီးမှ ရေးပါ။ ကျွန်မကိုယ်တိုင်လည်း ရှင်တို့လိုပဲ တသွေးတသံတမိန့် တပါတီအာဏာရှင်စနစ်အောက်က မွေးဖွားကြီးပြင်းလာလို့ ယဉ်ကျေးပြီး အပြုသဘောဆောင်တဲ့ အမူအရာနဲ့ အကျင့်ရလာခဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ လူဆိုတာ မကောင်းဘူးဆိုတာ သိရင် ပြင်ရပါတယ်။ ကျွန်မဘလော့ဂ်မှာ ဒီမိုကရေစီ လူ့အခွင့်အရေး အပြည့်အ၀ ရှိပါတယ် ဆိုတာနဲ့ ရှင်တို့ထင်နေတာတွေဟာ ဒီမိုကရေစီမဟုတ်ဘူးဆိုတာကို ဒီမိုကရေစီ မကျဘူးလို့ ပြောတဲ့ Anonymous ကို အကြောင်းပြန်ပါတယ်။ ဒီမိုကရေစီ မကျဘူးဆိုတာ လာပြောမည့်အစား ဒီမိုကရေစီဆိုတာ ဘာလဲလို့ သေသေချာချာ လေ့လာပြီးမှ ပြန်လာရေးပါလို့ ထပ်ပြောမယ် မဆိုင်တာ လာရေးရင် ထပ်ဖျက်မယ်။

ဆိုင်တာမဆိုင်တာထက် မဆဲမဆို ငါကိုင်တုတ်နေတာမဟုတ်ပဲ ကိုယ့်အမြင်တိုင်းဝေဖန်တာကို လက်ခံရမယ်..ဒီမိုကရေစီ လို့ပါးစပ်က ဘယ်လောက်ပဲအော်နေအော်နေ ကိုယ်တိုင် လက်ခံကျင့်သုံးနိုင်မှု မရှိဘူးဆိုတာ တွေ့ရတယ်..အဲဒါ ဒီမိုလုပ်စားတွေ အော်နေတဲ့ဒီမိုကရေစီဆိုက်တွေမှာ ဖြစ်တယ်..ပြည်တွင်းက ဂျာနယ်တွေဘာတွေ ဆင်ဆာဖြတ်တာတွေ သွားပြီးဝေဖန်မနေနဲ့..ဒီမိုလုပ်စားတွေ ဘာမှမဟုတ်တဲ့ ဘလော့လေးမှာတောင် ကိုယ်မကြိုက်ရင် ဖျက်ပစ်တာပဲမဟုတ်လား..ဒီတော့ သူများကိုဝေဖန်ချင်ရင် ကိုယ်တိုင်လည်း ဝေဖန်ခံနိုင်အောင် ကျင့်ထား

ို Agenda မဟုတ်ဘဲနဲ့ တရားလက်လွတ် ပြောချင်ရာ လာပြောခိုင်းဖို့ ဒီဘလော့ဂ်ကို ဖွင့်ထားတာ မဟုတ်ဘူး။ ဒါကို ဒီမိုကရေစီလို့လည်း မခေါ်ပါဘူး။ ကျမပို့စ်နဲ့ မဆိုင်တာကို ပြောချင်ရင် ကိုယ့်ဖါသာကိုယ် ဘလော့ဂ်ဖွင့်ပြီး ဒါမှမဟုတ် ရှင်တို့ပြောတာကို လက်ခံတဲ့ ဘလော့ဂ်တွေမှာ သွားပြောလို့ ရပါတယ်။ ကျမဘလော့ဂ်မှာ တင်ထးတဲ့ပို့စ်နဲ့လည်း ဆိုင်ပြီး ယဉ်ယဉ်ကျေးကျေး ဆွေးနွေးတာကိုပဲ လက်ခံတေယ်လို့ အပေါ်မှာ ပြောထားပြီးသား။ ရှင်တို့လို နအဖတွေမှ မဟုတ်ဘူး တခြားလူတွေကိုလည်း ဒီလို အချိုးမျိုး လာလုပ်တာကို ကျမလက်မခံခဲ့ဘူး။ စာလာဖတ်နေသူတွေထဲမှာ ပို့စ်တွေကိုရော မှတ်ချက်တွေကိုပါ အမြတ်တနိုး အချိန်ယူ ဖတ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ အရေးတယူလုပ်ပြီး ပြန်မဆွေးနွေးနေပါနဲ့လို့ ကျမကို အကြံပြုသူတွေ အများကြီး ရှိတဲ့ကြားက ကျမကသာ ကျမနဲ့ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ ကျမယုံကြည်တာကို ကျမတန်ဖိုးထားသလို ရှင်တို့ယုံကြည်တာကိုလည်း ရှင်တို့ တန်ဖိုးထားမှာပဲ ဆိုတဲ့ အပြန်အလှန် လေးစားမှုနဲ့ ပြန်ဆွေးနွေးပေးတာကို အခွင့်ကောင်းယူလာတော့ ရှင်တို့က အပြုသဘောထက် အပျက်သဘောကို ဦးတည်ပြီး ရိုင်းပြစော်ကားလာတယ်။ တလေးတစား စာလာဖတ်နေသူတွေ အားလုံးကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ကျမ ဘလော့ဂ်မှာ မဆိုင်တာ လာပြောရင်တော့ ကျမသတ်မှတ်ထားတဲ့အတိုင်း လုပ်ရမှာပဲ။ ကျမကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရှင်တို့ ပေးခဲ့တဲ့ အချိန်တွေ အလဟသ ဖြစ်သွားတာအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါဟာ ရှင်တို့ကို နောက်ဆုံးတုံ့ပြန်တာ ဖြစ်တယ်။ မဆိုင်တာ လာရေးတာကို နောက်ထပ် တလေးတစားနဲ့ ပြန်တုံ့ပြန်တော့မှာ မဟုတ်တော့ဘူး။ လာရေးရင်တော့ ရှင်တို့အချိန် ရှင်တို့ ထပ်ဖြုန်းတယ်လို့ပဲ သဘောထားပါ။ ဆိုင်တဲ့ကိစ္စတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ လာရေးမှပဲ ကျမ အသိအမှတ်ပြုတော့မှာ ဖြစ်တယ်။

မငယ်နိုင်ရယ်.. Blog ထဲမှာ စာဖတ်သူတွေက (comments) ရေးတဲ့ အခါ ကျန်းမာရွင်လန်းပါစေ၊ အရမ်းကောင်းတယ် ဆိုတဲ့ ချိုသာတဲ့ စကားလုံးလှလှ လေးတွေတော့ အမြဲတမ်း မရှိနိင်ပါဘူး၊ နည်းနည်းပါးပါး အသုံးအနှုန်းကြမ်းတာလေးတွေကိုတော့ ခွင့်လွှတ်သီးခံပါ၊ အရမ်းကြီး ဆိုးရင်တော့ ဖျက်ပြစ်ပေါ.၊ သီးခံရင် နိဗ္ဗာန်(enlightenment) တောင် ရောက်တယ်ဆိုတဲ့ စကားရှိပါတယ်၊ နောင်တချိန် ၀ိပဿနာ အားထုတ်ရင် အထောက်ကူပြုနိုင်ပါတယ်၊ ကျွန်တော် မငယ်နိုင် ကို ခင်မင်လေးစား၍ အပြုသဘော ဆောင်တဲ့ အကြံပေးချက်ပါ၊ ဒီမိုကရေစီနိုင်ငံ တွေမှာ အစိုးရ က အတိုက်ခံတွေ ရဲ. ကောင်းတဲ့ Feedback ကို အလေးထား ပြီး ပြုပြင်သင့်ရင် ပြုပြင်၊ ဆောင်ရွက်သင့်ရင် ဆောင်ရွက်ကြ ရပါတယ်၊ မငယ်နိုင် နှင့် မိသားစု၊ စာဖတ်သူ အပေါင်းကျန်းမာရွင်လန်းကြပါစေ၊ By the way, မငယ်နိုင်ရဲ. Leave your comment မှာ တတိယ စာပိုဒ် မှာ ရေမျိုးရေးနှင့် .... ဖြစ်နေပါတယ် ၊ လူမျိုးရေး ဖြစ်မယ် ထင်ပါတယ်၊

အကြံပြုတာကို ကျေးဇူးတင်ပါတယ် ကိုကိုဆန်။ ကျွန်မနဲ့ သဘောထား တိုက်ဆိုင်သည် ဖြစ်စေ မတိုက်ဆိုင်သည် ဖြစ်စေ အချိန်ပေးပြီး စာလာဖတ်သူအားလုံးကို လေးစားပါတယ်။ ကျွန်မ ဆိုလိုတဲ့ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးဖို့ဆိုတာ ချိုချိုသာသာ နှုတ်ဆက်တာ ကောင်းတယ်လို့ပြောတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အကြောင်းအရာကို အကြောင်းအရာအတိုင်း ကိုယ်ယုံကြည်တဲ့အတိုင်း ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ပဲ မရိုင်းပဲ ဆွေးနွေးဖို့ကိုပဲ ပြောတာ ဖြစ်တယ်။ ကျွန်မကို သိပ်ကောင်းတယ်လို့ ပြောစရာလည်းမလိုပါဘူး။ ဆန့်ကျင်ပြီး ဆွေးနွေးလာသူတွေကို ကျွန်မ ဘယ်လို တလေးတစား ပြန်ဆွေးနွေးပေးတယ်ဆိုတာ ပို့စ်အောက်က မှတ်ချက်တွေကို ပြန်လိုက်ဖတ်ကြည့်ရင် သိလိမ့်မယ်။

တင်ထားတဲ့ပို့စ်နဲ့ ပတ်သက်ပြီး သဘောထား မတိုက်ဆိုင်လို့ မေးခွန်းမေးလာတာကို အချိန်ပေးပြီး ပြန်ဖြေပေးခဲ့ပါတယ်။ ပို့စ်နဲ့မဆိုင် ကျွန်မဆွေးနွေးတာနဲ့လည်း မဆိုင်တဲ့တာတွေ ထပ်တက်လာတာကိုလည်း ထပ်ပြီး ပြန်ဆွေးနွေးပေးခဲ့ပါသေးတယ်။ နောက်တော့ ပို့စ်နဲ့လည်းမဆိုင် ပြောပြီးသား ညွန်းပြီးသားတွေကိုလည်း ထပ်ခါတလဲလဲ ဖြစ်လာသလို စော်ကားတဲ့အသုံးအနှုံးတွေ ပါလာလို့သာ ကျွန်မ ဖျက်လိုက်တာ ဖြစ်တယ်။ ဒီမိုကရေစီအတွက် ယဉ်ကျေးတဲ့ အလေ့အကျင့်ကို ကျွန်မတို့ ကျင့်ဖို့ လိုအပ်ပါတယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ် နောက်လည်း လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

ပို့စ်နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ စာလာဖတ်တဲ့သူက သူရေးချင်တာ သူပြောချင်တာ ပြောမှာပေါ့..သူလည်း ပြောပိုင်ခွင့် ဆိုပိုင်ခွင့်ရှိတယ်လေ...အမြင်မတော်ရင် ၀င်ပြီး ဝေဖန်ရမှာပဲ...ကိုယ်တိုင် နိုင်ငံရေးလုပ်စားထဲ ၀င်မပါနေပေမယ့် အားပေးအားမြှောက်လုပ်ပေးရင်လည်း နိုင်ငံရေးလုပ်တာပါပဲ...

နိုင်ငံရေးလုပ်ရင်တော့ ဝေဖန်မှုခံရမှာပဲ ဒါက သဘာဝပဲ...ဒါကို ခံနိုင်အောင် ကြိုးစားထားဖို့လိုမယ်...မခံနိုင်ရင် မလုပ်နဲ့ပေါ့ ဒါပဲရှိတယ်

Personal Blog တစ်ခုမှာ စာဖတ်သူတစ်ယောက်ဟာ အတိုင်းအတာ တစ်ခုအထိပဲ comment ပေးပိုင်ခွင့်ရှိပါတယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင် ရေးသားခွင့်ရှိတယ်ဆိုတာ ဘယ်စာအုပ်မှာ ဖတ်ပြီး ပြောတာလည်း ဆိုတာ သိချင်ပါတယ်။ ကိုယ့်ဘာသာကိုယ် ဥပဒေတွေ ထုတ်နေရင်တော့ မပြောတတ်ဘူး။ comment တွေကိုလည်း blog ပိုင်ရှင်က ဖျက်ချင်သလို ဖျက်ခွင့်ရှိတယ်။ ဒါက ရွေးကောက်ပွဲ တွေ ဆန္ဒ ခံယူပွဲတွေ လုပ်နေတာလည်း မဟုတ်ဘူး။ သူရေးထားတဲ့အချက်အလက်မှားနေရင် ပြောပိုင်ခွင့်ရှိတယ်။ အမြင်မတူရင် အပြစ်ပြောပိုင်ခွင့်မရှိဘူး။ ဒါဟာ liberal democracy ရဲ့ အနှစ်သာရပဲ။ အမြင်မတော်တိုင်းလည်း ဝေဖန်ပိုင်ခွင့်မရှိပါဘူး။ ဥပမာ။ ။ Tiger Woods အိမ်ထောင်ရေးဖောက်ပြန်တဲ့ ကိစ္စမှာ သတင်းဌာနတွေက ဘယ်နှစ်ယောက်နဲ့ ဖောက်ပြန်တယ်။ ဘယ်သူတွေနဲ့ ဖောက်ပြန်တယ်ဆိုတာပဲ ရေးလို့ရပါတယ်။ အဲဒီလို ဖောက်ပြန်တဲ့အတွက် သူဟာ စာရိတ္တ မကောင်းသူတစ်ယောက်လို့ ရေးလိုက်တာနဲ့ အသရေဖျက်မှုနဲ့ တရားစွဲခံရမှာ ဖြစ်ပါတယ်။ တရားဥပဒေက အခုလို တရားလက်လွတ်ဝေဖန်တာတွေကို ကာကွယ်ပေးထားလို့။ လွတ်လပ်စွာ သဘောထားကွဲပိုင်ခွင့်ရှိတယ်ဆိုတာ ကြားဖူးမယ်ထင်ပါတယ်။ သဘောထားကွဲတာကို လက်ခံရမယ်။ ကိုယ်တွေးသလို မတွေးလို့ သူမကောင်းဘူး ပြောခွင့်မရှိဘူး။ ပြောရင် အသရေဖျက်မှုပဲ။ Anonymous လို့ နာမည်သုံးထားတဲ့ စာရေးသူဟာ မည်သူ့ဘက်က ပရိသတ် ဖြစ်ပါစေ ဒီမိုကရေစီနဲ့ ကိုင်တုပ်ပြီး ပြောတော့မယ်ဆိုရင် အထက်ပါ အကြောင်းအရာတွေကို ကြိုသိထားဖို့ လိုပါလိမ့်မယ်။

Anonymous ရေ- အကြောင်းအရာတခုကို ဆွေးနွေးတာ အချက်အလက်က သိပ်ကို အရေးကြီးပါတယ်။ အချက်အလက်ကို ရှင်ဒီလိုသဘောထားရင် Debate တို့ Discussion Forum တို့မှာ ရှင့်လိုလူ အမှတ်တမှတ်မှ ရမှာမဟုတ်ဘူး။ ကျမဘလော့ဂ်မှာ ရှင်ပြောသလို မဆိုင်တာ လာပြောတာကို လက်ခံဖို့ နေနေသာသာ ဆိုင်တဲ့အကြောင်းအရာမှာတောင်မှ သူမှန်တယ် ကိုယ်မှန်တယ်ဆိုပြီး တဘက်သတ်ငြင်းတဲ့ Debate ကိုတောင်ကျမ သိပ်အားမပေးလိုဘူး။ အမှန်တကယ် အကျိုးရှိတဲ့ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် လေးစားမှုနဲ့ ပါတဲ့ Discussion ကိုပဲ ကျမအားပေးပါတယ်။

ရှင့်ကို ကျမ ဒီမိုကရေစီနဲ့ပတ်သက်ပြီး ဘာက ဟုတ်တယ် ဘာကမဟုတ်ဘူးလို့ ရှင်းပေါင်းလည်း မနည်းတော့ဘူး ဒီတော့ အခု ဘာမှ ထပ်မရှင်းတော့ဘူး။ အခုချိန်မှာ ဒီမိုကရေစီကို ရှင်ထင်ချင်သလို ထင်ထားလိုက်ပါ။ လေ့လာရင်းနဲ့ မဟုတ်ဘူးဆိုတာ သိရင်တော့ ဆုပ်ကိုင်ထားတဲ့ အမှားတွေကို စွန့်ပယ်လိုက်ရင် ရှင့်စိတ်ထဲမှာ မကျမချမ်း ဖြစ်နေတဲ့ အခုလို အကုသိုလ်စိတ်တွေလည်း ရှိတော့မှာမဟုတ်ဘူး။

ကျမလည်း ဟိုနေ့က ရှင်ထပ်ခါတလဲလဲ စကားနာထိုးပြီး စော်ကားတဲ့ အသုံးအနှုန်းတွေပါ လာလို့ ပြန်ဆွေးနွေးရာမှာ ရှင့်ကို ချိုးနှိမ်သလို ဖြစ်သွားပြီး ရှင်ခံရခက်သွားတာ ကျမစိတ်မကောင်းပါဘူး။ ဒါကြောင့် ဖျက်ရာမှာ ကျမမှတ်ချက်ကိုပါ ဖျက်လိုက်ပါတယ်။ ဒီမိုကရေစီကို တလွဲလွဲတချော်ချော် အဓိပ္ပါယ်ကောက်ပြီး ရှင်ကျေနပ်အောင် ပြောချင်ရာ ပြောခွင့်ပေးလို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်လို့ ကျမစိတ်မကောင်းပါဘူး။

နိုင်ငံရေးတော့မလုပ်ဘူး ဒါပေမယ့် နိုင်ငံရေးနဲ့ဆိုင်တဲ့ စာတွေ ပို့စ်တွေပဲတင်တယ်...ပြည်သူကိုဦးဆောင်မယ့်သူမဟုတ်ပါဘူး ဒါပေမယ့် ပြည်သူကို တော်လှန်ရေးလုပ်ဖို့ အားပေးအားမြှောက်နဲ့ အစိုးရကို အကြည်ညိုပျက်စေတဲ့ စကားလုံးတွေနဲ့ပဲ လှောင်ပြောင်နေတာကလွဲပြီး ဘာမှ ပြည်သူ့အတွက် knowledge တွေရတာမဟုတ်ဘူး...

နိုင်ငံရေးလုပ်တာ အင်မတန် ကောင်းမွန်တဲ့ အလုပ်ပါ..ဒါပေမယ့် ဒါကိုဗန်းပြပြီး လုပ်စားနေတဲ့သူတွေနဲ့ မြှောက်ထိုးပင့်ကော် လုပ်နေတဲ့သူတွေက ပိုဆိုးတယ်...

စာလာဖတ်သူများ အားလုံး (ချစ်သူမုန်းသူမရွေး) မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အတာသင်္ကြန်ကာလကို အန္တရယ်ကင်းစွာနှင့် ပျော်ရွင် ချမ်းမြေ့စွာဖြင့် ဖြတ်သန်းကြပြီး နှစ်သစ်မှာ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။

Anonymous - ရှင်လည်း မပြီးတတ်တော့ဘူး။ ရှင်မှန်တယ် ထင်လို့ ရှင်ယုံတာ ရှင်လုပ်ပါ။ သူများကို အကုသိုလ် သိပ်ပွားနေလို့ ဘာမှမထူးဘူး။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီဆိုပြီး တလွဲတချော်တွေ လျှောက်ပြော လျှောက်ရေးတာကလွဲရင် ကျမ ကြိုက်လို့ ပြန်ဖေါ်ပြပြီး တင်ထားတဲ့ ဒီပို့စ်ကို ဒီလောက်တောင် စိတ်ဝင်စားပြီး လာဖတ်တဲ့ရှင့်ကို ကျေးဇူးတင်ပါတယ်။ အကုသိုလ်တွေကို နောက်နှစ်အထိ မသယ်သွားဘဲ နှစ်ဟောင်းမှာပဲ ထားခဲ့နိုင်ပြီး ကောင်းကျိုးလိုရာ (ဆိုးကျိုးမပါ) ဆန္ဒပြည့်ဝကာ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ။

ကျုပ်က ဘယ်တုန်းကမှ အကုသိုလ်မလုပ်ခဲ့ပါဘူး...ဒါကြောင့် အမြဲတမ်း စိတ်နှလုံးချမ်းမြေ့နေပြီးသားပါ...ဆောင်းပါးရှင်ပဲ သောကအပူတွေများနေတာပါ...စကားလုံးတွေနဲ့ ချမ်းမြေ့နေယုံမဟုတ်ပဲ လက်တွေ့ပါ မိမိအတွက်ရော အများသူငှာအတွက်ပါ တန်ဖိုးရှိမယ့် စာသားတွေကိုသာ ရေးနိုင်ပါစေလို့ပဲ ပြန်ပြီး အကြံပြုပါရစေ...

ကျွန်တော် တခုတော့ ဝင်ပြောမယ်ဗျ။ကျန်တာတွေ ကိုတော့ တယောက်တစ်မျိုးပြောထားပြီးလို့နဲ့ အမငယ်နိုင်ပြန်လည်ဖြေရှင်းထားလို့ အကုန်လုံးနီးပါးလောက်တော့ ပြည့်စုံနေတယ်ပြောလို့ ရပါတယ်။ခု လောလောဆယ် အမငယ်နိုင်က ခဏ အနားယူနေတဲ့တွက်ဝင်ပြောတာပါ။
ခုနောက်ဆုံး ကွန်မန်းမှာ တွေ့နေရတာကတော့...
>> ( ဆောင်းပါးရှင်ပဲ သောကအပူတွေများနေတာပါ...စကားလုံးတွေနဲ့ ချမ်းမြေ့နေယုံမဟုတ်ပဲ လက်တွေ့ပါ မိမိအတွက်ရော အများသူငှာအတွက်ပါ တန်ဖိုးရှိမယ့် စာသားတွေကိုသာ ရေးနိုင်ပါစေလို့ပဲ ပြန်ပြီး အကြံပြုပါရစေ..)<<

ဒီဆောင်ပါး ဟာ အမငယ်နိုင်ကပြောတယ် သူရေးထားတာ မဟုတ်ပါဘူး သူကြိုက်လို့ သူ့ကိုယ်ပိုင် ဘလောက်မှာ ပြန်တင်ပေးထားတာပါတဲ့။အဲဒီတော့ကြိုက်တဲ့သူက ကြိုက်တဲ့အကြောင်းလေးတွေပြောမယ် ။မကြိုက်တဲ့သူက မကြိုက်တဲ့ အချက်တွေကိုထောက်ပြမယ်။ ဒါဟာ အလွန်ကောင်းပါတယ် တယောက်နဲ့ တယောက်သဘောထား အမြင်တွေ အများကြီးမှာ မတူညီတဲ့ အချက်တွေ တွေ့ ရတဲ့ အတွက် စာလာဖတ်နေတဲ့ စာဖတ်ပရိတ်သက် အတွက် ဗဟုသုတရရှိ စေပါတယ်။အဲဒီလိုနေရာမှာ ဘယ်သူကွန်မန်းက ဘယ်လို တွေ ပြောတယ်ဆိုလိုတယ် ဆိုတာက စာဖတ်သူက သိပါတယ်။
ခုနောက်ဆုံးအကြံပြုချက်က ကျွန်တော်ပြောမယ်ဗျာ နေရာမှားနေတယ်။တကယ်အကြံပေး ချင်ရင် ရေးတဲ့သူကို အကြံပေးလိုက်ပါ။ ဒီအထဲမှာ ပေးထားတဲ့ အကြံကအလကား ဖြစ်သွားပါလိမ့်မယ်။နောက်ပြီး တွေ့လို့ ယူတင်ခဲ့တဲ့ နေရာနဲ့ မှုရင်း နေရာကို ဖော်ပြထားပါတယ် အဲဒီမှာ တဆင့် သွားပြီး အကြံပြု ပြောကြားလိုက်ပါ။
ဒီအထဲကနေပြောနေရင် ရေးခဲ့တဲ့ ဆောင်းပါးရှင် မသိလိုက် မတွေ့ လိုက်ဖြစ်နေမှာပါပဲ။

စာဖတ်ပရိတ်သတ်အားလုံး ကို လေးစားလျှက်
ခင်မင်မှုဖြင့် အားလုံးကို ပျော်စေချင်တဲ့...

သို့
ကို Anonymous

ခင်ဗျား နအဖ လူလားဆိုတာ ကျုပ်ကတော့ အလေးမထားဘူး။ မြန်မာအချင်းချင်း နအဖ နဲ့ ဒီမိုခွဲပြီး စကားပြောတဲ့သူတွေကို အသိဥာဏ်ကင်းမဲ့သူလို့ပဲ မြင်တယ်။ နအဖမှာလဲ လူကောင်းတွေရှိသလို . . . ဒီမိုမှာလဲ ကလိမ်ကကျစ်တွေ အများကြီးရှိတာပဲ။ ခင်ဗျားပြောတဲ့ လွတ်လပ်စွာ ပြောခွင့်နဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ မငယ်နိုင်က နအဖကို ဝေဖန် အပြစ်တင်ရအောင်.. သူ့မှာ နအဖထက် မြင့်တဲ့ စိတ်ဓါတ် တစ်ခုမှမရှိဘူး။ ဘလော့ ပိုင်ရှင်တွေထဲမှာ မငယ်နိုင်က ကလေးအဆန်ဆုံး။ သူက ဆွေးနွေးတဲ့သဘဘောမျိုး လုံးဝမရှိဘူး။ ဇွတ်ကြီးကို လှည့်ပတ်ငြင်းတယ်။ ကုလားမြအေး ကိစ္စလည်း မရမကကို ဇွတ်ကြီးကို ပြောတယ်။ (မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာအတူတူပဲ ဆိုတဲ့စကားကိုလဲ မစဉ်းစားပဲ မျက်စိမှတ်ပြီး ပြောတယ်) တကယ်လို့ သူသာ စကားမနိုင်ဘူးဆိုရင် ဥပဒေအသစ် . . စည်းကမ်းအသစ်တွေ ထုတ်တယ်။ ဆီပုံးမှာ စိတ်အလိုမကျတော့ စည်းကမ်းအသစ်တွေ ထုတ်နေတယ်။ ဆဲတာမဟုတ်ရင်.. ရေးချင်တာရေမှာပဲ။ အဲဒါကို ဟိုဟာမတင်နဲ့.. ဒီဟာမတင်နဲ့ဆိုပြီးလုပ်နေတယ်။ တကယ်တော့ နအဖ မပြင်ခင် မငယ်နိုင်သူ့ စိတ်ဓါတ်ကို အရင်ပြင်သင့်တယ်။ နအဖကို အတင်းအဖျင်းပြောနိုင်တာကိုပဲ သူက ဟုတ်လှပြီထင်နေတာ။

ကိုယ်ကျင့်တရားကင်းမဲ့သူဆိုလျှင် မည်သူ့ကိုမှအထင်မကြီးသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

အရေခွံလဲပွဲကို လက်ခံဖို့ လိုက်နိုးဆော်နေတဲ့ လူတွေ ဒါလေးတော့ ကြည့်သင့်တယ်လို့ထင်ပါတယ် ။ ပြည်သူလူထု လည်း အခု အရေခွံလဲပွဲရဲ့ အစီအမံတွေကို နားလည်း သဘောပေါက်စေချင်ပါတယ်။

အားလုံး ကြည့်သင့်တယ်ထင်ပါတယ်...
http://www.facebook.com/thetwai.blog#!/video/video.php?v=122024827855306

သို့

ဒီမိုဘက်တောသား အမည်ခံ ကုလားများ

ကုလားရှေ့နေ သန်းတင်က “ပျှမ်းမျှအားဖြင့် မြို့နယ်ကြီးများတွင် လူဦးရေ၏ ၁၀% ခန့် ရှိနိုင်သဖြင့် မြို့နယ်အမတ်လောင်းတို့အကြား အရှုံးအနိုင်အတွက် မဲပေးနိုင်မည့် သူများဖြစ်ကြပါသည်”လို့ ဆိုထားပါတယ်။ ၁၀%ဆိုတဲ့ ကုလားလူဦးရေဟာ မျက်စိမှတ်ထားလို့ မရပဲ ရွေးကောက်ပွဲအတွက် အရေးပါနေတယ်။ တကယ်လို့ ပလီဆရာတွေနဲ့ မွတ်ဆလင် အဖွဲ့တွေက နအဖနဲ့ အပေးအယူလုပ်နေတာကို မျက်ကွယ်ပြုလိုက်ရင်… နအဖဟာ နိုင်ငံရေးအရ အမြတ်ရသွားမှာပါ။ တနည်းအားဖြင့် မွတ်ဆလင်တွေကို ရွေေးကာက်ပွဲ ဆန့်ကျင်ရေးဘက်ကို လုပ်နိုင်ရင် နအဖကို ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပလီဆရာတွေနဲ့ မွတ်ဆလင်အသင်းတွေကို တခြားမြန်မာတွေနည်းတူ ဖိအားပေး အကျပ်ကိုင်ဖို့လိုအပ်ပါတယ်။ ဒီမိုဘက်တော်သား အမည်ခံထားတဲ့ မွတ်ဆလင်တွေကိုယ်တိုင် ဦးဆောင်ပြီး နအဖ လက်ကိုင်ဒုတ် ပလီဆရာတွေနဲ့ မွတ်ဆလင် အဖွဲ့တွေရဲ့ သားသမီးတွေကို မြန်မာပြည်ပြန်ပို့အောင် လှုပ်ရှားသင့်တယ်။ ဒီမိုမြန်မာတွေက ခင်ဗျားတို့ ကုလားတွေအပေါ် ဘယ်လောက် ကာကွယ်ပေးခဲ့လဲဆိုတာ လူတိုင်းသိတယ်။ အဲလို ကာကွယ်ပေးတဲ့ ဒီမိုမြန်မာတွေရဲ့ မျက်နှာကို ထောက်ပြီး .. လုပ်သင့်တာကို လုပ်ပေးပါ။ မွတ်ဆလင်အချင်းချင်းဆိုတဲ့ စိတ်ဓါတ်နဲ့ တော်လှန်ရေးအပေါ် သစ္စာဖေါက်မယ်ဆိုရင် . . . . ခင်ဗျားတို့တွေကို ဒီမိုမြန်မာတွေက ဘယ်လောက် အထိ နာကျည်းမလဲဆိုတာ စဉ်းစားပေါ့ဗျာ။ ကျုပ်က အချက်အလက်နဲ့ ပြောပြတာနော်… ကလေး ကုလား ပြောတာမဟုတ်ဘူး။

မြင့်မြတ်သည့်မြေမှာ ယုတ်ညံ့သည့်မွတ်ဆလင်ဝါဒမရှိစေရ
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

ဖတ်ရတာ ဗဟုသုတ ရစေပါတယ်။ အလုပ်တွေနဲ့ မအားမလပ်တဲ့ကြားက အချိန်ပေးပြီး စာဖတ်သူ တွေအတွက် အကျိုးရှိအောင် ပြန်ဖေါ်ပြပေးတဲ့ အမကို ကျေးဇူးတင်ပါတယ်။ နောက်လည်း ဒီလို ကောင်းတဲ့ ဆောင်းပါးလေးတွေ ပြန်ဖေါ်ပြပေးစေ ချင်ပါတယ်။ စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထု အတွက် အကျိုးမရှိကြောင်းပိုပိုပြီး သိနားလည်လာရ ပါတယ်။

နောက်တစ်ခုက ဝေနှင်းပွင့်သုန် တိုင်းပြည်အတွက် တတ်နိုင်သလောက် အလုပ်လုပ်ပေးနေတာကို ညီမတို့  ဂုဏ်ယူဖြစ်ကြသလို ပြည်တွင်းမှာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို တိုင်းပြည်အကျိုး အတွက်မျက်ကွယ် ပြုပြီး သူတို့ အကျိုး/ဘာသာ အကျိုးအတွက်သာ ကြည့်ပြီး ထောက်ခံခိုင်းနေကြတဲ့ မွတ်စလင် အကြီးအကဲ တွေ ကိုလည်း အမတို့ လို လူများများလာ ဖတ်ကြတဲ့ ဘလော့ဂ် တွေကနေတစ်ဆင့် ရှုပ်ချ ပေးနိုင်ရင် သိပ်ကောင်းမှာပါ။ တိုင်းပြည်အတွက် အကျိုးမရှိဘဲ စစ်အစိုးရသာ အကျိုးဖြစ်စေမဲ့ ရွေးကောက်ပွဲ ကိုထောက်ခံခိုင်းကြတဲ့သူတွေကို အမှန်တရားအတွက် ရှုပ်ချဖို့ အမှန်လိုတယ်လို့ ထင်မိပါတယ်။

လေးစားစွာဖြင့်
ညို

I want ma nge nang 's email
any one can gtve me?
i want to write a letter her.

thura

I want ma nge naing 's email
any one can give me?
i want to write a letter to her.

thura

နိုင်ငံရေးစကားပြောရင် ရိုးသား ဖြောင့်မတ်မှ ပိုပြီးကောင်းမယ်ထင်တယ်။ NDF ကလူတွေဆိုရင် တိုင်းပြည်အတွက် ထောင်ထဲမှာနေလာခဲ့သူတွေပါ။ ဒါပေမယ့် သူတို့က နအဖ ရွေးကောက်ပွဲကို ထောက်ခံလို့ဆိုပြီး ခင်ဗျားတို့က သုံးမရအောင် ပြောဆိုခဲ့တယ်။ ထို့အတူပဲ နအဖရဲ ၀ါဒမှိုင်းတိုက်တဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးတွေကို ဆန့်ကျင်ခဲ့တယ်။ DKBA တို့လို နအဖနဲ့ ပနာသင့်တဲ့ လက်နက်ကိုင် တွေကိုလဲ ခင်ဗျားတို့က ဆန့်ကျင်ခဲ့တာပဲ။

အခုကိစ္စမှာ နအဖနဲ့ လက်တွဲနေတဲ့ ကုလားတွေကို ဘာလို့ အပြစ်မတင်တာလဲ? ပလီဆောက်ခွင့်ပေးမယ်ဆိုတဲ့ နအဖမက်လုံးကြောင့် ကုလားက ရွေးကောက်ပွဲ ထောက်ခံတယ်ဆိုတဲ့ လုပ်ရပ်ကို အကောင်းမြင်စရာမလိုဘူး။ ခင်ဗျားတို့နဲ့ လက်တွဲလုပ်နေတဲ့ ကုလားတွေကလည်း . . . . သူတို့ ကုလားအချင်းချင်းဆိုတော့ ဆန့်ကျင်တာတွေ… ဝေဖန်တာတွေ မလုပ်ကျဘူးလေ။ ခင်ဗျားတို့နဲ့ ပေါင်းနေတဲ့ ကုလားတွေရဲ့ အကျင့်ကို သတိပြုသင့်ပြီနော်။

ဘာသာရေးမိုလို့ မွတ်ဆလင်တွေကို မဝေဖန်တာဆိုတဲ့ အကြောင်းပြချက်တော့မပေးပါနဲ့။ စက်တင်ဘာအရေးအခင်းမှာ နအဖနဲ့ အဆင်ပြေတဲ့ ဆရာတော်ကြီးတွေကို ခင်ဗျားတို့ ဒီမိုတွေ ဘာစကားပြောခဲ့လဲဆိုတာ သတိရမယ်ထင်ပါတယ်။ ဒီတော့ နအဖနဲ့ ဆက်ဆံနေတဲ့ ကုလားအဖွဲ့တွေကို ဆန့်ကျင်မှု မလုပ်မချင်း.. ခင်ဗျားတို့ ဒီမိုတွေရဲ့ စကားကို ဘယ်သူမှ အလေးထားမှာမဟုတ်ဘူး။ ဒီမိုဘက်ရောက်နေတဲ့ ကုလားတွေကိုလည်း . . . သူတို့ ကုလားအချင်းချင်း ဆန့်ကျင်မှုတွေ မလုပ်တရွေ့ သစ္စာဖေါက်တွေလို့ သဘောထားဖို့လို လိမ့်မယ်။

http://www.irrawaddy.org/bur/index.php/news/1-news/4467-2010-11-02-09-24-49