သူငယ်ချင်း
မင်းဟာစက်ရုပ်
ခလုတ်ကို သူတို့ကိုင်ထားတယ်။
သူငယ်ချင်း
မင်းဟာစာခြောက်ရုပ်
ကောက်ရိုးမျှင်အစုတ်တွေ
မင်းအသွေးအသားလေလား။
သူငယ်ချင်း
မင်းဟာကြေးစား
တန်ဖိုးများစွာထိုက်တဲ့
မင်းရဲ့ ဦးနှောက်ကို
အပြောချိုချိုနဲ့
သူတို့ဖေါက်ထုတ်နိုင်ခဲ့တယ်။
ဒါမှမဟုတ်
အချပ်နှောင်မှုကင်း
မင်းဦးနှောက်အတွင်းမှာ
မှားယွင်းခိုင်မာသော သစ္စာရှိမှု
ပြုစုထုဆစ်
သူတို့ ထည့်ပစ်နိုင်ခဲ့တယ်။
မင်းဟာစက်ရုပ်
ခလုတ်ကို သူတို့ကိုင်ထားတယ်။
သူငယ်ချင်း
မင်းဟာစာခြောက်ရုပ်
ကောက်ရိုးမျှင်အစုတ်တွေ
မင်းအသွေးအသားလေလား။
သူငယ်ချင်း
မင်းဟာကြေးစား
တန်ဖိုးများစွာထိုက်တဲ့
မင်းရဲ့ ဦးနှောက်ကို
အပြောချိုချိုနဲ့
သူတို့ဖေါက်ထုတ်နိုင်ခဲ့တယ်။
ဒါမှမဟုတ်
အချပ်နှောင်မှုကင်း
မင်းဦးနှောက်အတွင်းမှာ
မှားယွင်းခိုင်မာသော သစ္စာရှိမှု
ပြုစုထုဆစ်
သူတို့ ထည့်ပစ်နိုင်ခဲ့တယ်။
မင်းခန္ဓာကိုယ် စက်ရုပ်ကို
ရသ (၆) ပါးဆိုတဲ့ အထဲက
တပါးမှ မပါရှာတဲ့
စောင်းရွဲ့ဘက်တံဆိပ်တွေ တပ်ပြီး
စစ်ယူနီဖေါင်းကြီးတွေ
ဝတ်ဆင်ပေးလိုက်တော့
မင်းခေါင်းမော့နေတာ
အံ့သြစရာပါပဲ…..။
မင်းခန္ဓာကိုယ် ကောက်ရိုးမျှင်ထဲ
ကျဉ်ဆံတခဲဝင်သွားတော့
သူတို့ မျက်ရည်မစို့ပါဘူး
အတ္တရူးတို့ သွားမယ့်လမ်း
အသက်လမ်းတွေ ခင်းပေးနေလိုက်တာ
မင်းရဲ့သစ္စာဟာ
ရင်နာစရာ ဖြစ်နေပြီ။
စားဝတ်နေရေးဟာ
ဘယ်လောက် အရေးပါကြောင်း
လူတိုင်း ကောင်းကောင်းသိပါတယ်
ရော့……. ဆိုပြီး ပေးတဲ့
လစာထုတ်မယ့်ရက်မှာ
များစွာသော ငွေစက္ကူတွေထက်
တန်ဖိုးတက်နေတဲ့ အရာ
မြင်အောင်ရှာပါ သူငယ်ချင်း……။
မင်္ဂလာဒုံ စစ်ဆေးရုံက
ဘုမသိဘမသိ ဆရာဝန်
မင်းမျက်ခွံကိုဖြဲ
အမည်းရောင်မျက်စဉ်း ခတ်လိုက်တော့
မင်းအမြင်လည်း အမှောင်အတိပေါ့လေ။
သူငယ်ချင်း
မြူနှင်းတွေ မကျတဲ့ရက်
တစ်မနက်မှာ
နေထွက်ရာ ဘက်သို့
မျက်နှာမူလို့ ကြည့်လိုက်ပါ
အရှေ့ ဆိုတာ
ဘယ်ဘက်မှာ ရှိပါသလဲ
မင်းပုခုံးထက်
ရွှေရောင်လက်နေတဲ့ ကြယ်ပွင့်တွေဟာ
ကောင်းကင်ပေါ်မှာ ရှိရဲ့လား။
စဉ်းစား………. သူငယ်ချင်း။ ။
အစ်ကိုဖြစ်သူ ဗိုလ်မှူးကြီး ခင်မောင်ဦး (လေ)၊ ကြည်းတပ်မှ ဗိုလ်ကြီး သန့်ဇင်၊ ဗိုလ်ကျော်စိုးဝေနှင့် ဗိုလ်ဇောမျိုး အပါအ၀င် ပြည်သူ့တပ်မတော်ဟု ခံယူထားသော နေ၀င်း၊ စောမောင်တပ်မှ သူငယ်ချင်းများ ရဲဘော်များ အားလုံးသို့
မိဆူးပွင့် (သရီး အို သရီး)
နေ့သစ်မှာ ဖေါ်ပြထားတဲ့ ၁၉၉၀ခု၊ ဇွန်လထုတ် ဒေါင်းအိုးဝေ အတွဲ (၂)၊ အမှတ် (၁) ပြန်လည်ကူးယူဖေါ်ပြပါတယ်။ မဆူးပွင့်ရဲ့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ကဗျာလေးက အခုထိ အကျုံးဝင်နေဆဲမို့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မှာ ရှိတဲ့ တပ်မှူးတပ်သားတွေနဲ့ ဘာမှမတော်စပ်ပေမဲ့လည်း တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတဲ့ တပ်မတော်သားတွေအတွက် မဆူးပွင့်နဲ့အတူ ထပ်တူထပ်မျှ ခံစားရင်း မျှဝေလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
(25/04/10, 8:24 PM က တင်ထားတာကို Facebook မှာ မဆူးပွင့်နဲ့ ပြန်အဆက်အသွယ်ရတဲ့ အထိမ်းမှတ်နဲ့ အပေါ်ကို ခဏပြန်ဆွဲတင်ထားပါတယ်။ )
14 comments:
သူငယ်ဂျိုး
အားပေးသွားတယ်..
ဖြစ်နေဆဲ ရှိနေဆဲ.. နောက်မလေးလုံခေါ်
မဆူးပွင့်ကို စာတွေ ပြန်ရေးစေချင်တာပါပဲ..
မဗေဒါ
ကဗျာလေးလာဖတ်သွားတယ် မငယ် ၊ မအားမှန်းသိပေမဲ့ စာလုံးပေါင်းလေးတွေ ပြင်ပေးစေချင်တယ် ကဗျာလေး ပိုလှသွားစေချင်လို့ပါနော်....
မင်းဟာကြေားစား
ပြုစစုထုဆစ်
ကောင်း၏....း)
ကဗျာလေးက လွန်ခဲ့တဲ့ အနှစ် ၂၀ ကဆိုပေမယ့် ယနေ့ခေတ်ကိုများ ကြိုမြင်ပြီး စပ်ထားလား မသိဘူးနော် မမ.... တကယ်ကောင်းတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
မချစ်ကြည်အေးရေ ကျေးဇူးတင်ပါတယ်။ ပြင်လိုက်ပါပြီ- မအားတာလည်းပါတယ် အိမ်မှာ ကျေးဇူးရှင်လေးတယောက်ကလည်း ကျောင်းပိတ်ရက်မို့ အင်တာနက် လာလုသုံးနေတာနဲ့ တလှည့်စီ သုံးနေရလို့ပါ။
သူငယ်ချင်း မဗေဒါရေ ကဗျာစပ်မတတ်လို့ ဘလော့ဂ်မှာ ရှိသမျှကဗျာတွေ အားလုံး သူများရေးတာတွေချည်းပဲ၊ မသက်ကဗျာလည်း တပုဒ်တင်ထားတာ ရှိတယ်။ ကဗျာကို စိတ်မ၀င်စားတတ်လို့ တောထဲမှာ အတူနေတုန်းက အဲဒီကဗျာတွေကို ခါမှကို မဖတ်တတ်ဘူး။ မဆူးပွင့်ပွင့်ရဲ့ နာမည်အကြီးဆုံးကဗျာ ခေတ်သစ် ကောင်းကင်ပျံမည့်ငှက်များကိုတောင် ဖတ်ဖူးတာ မကြာသေးဘူး။ မဆူးပွင့်ကဗျာတွေကို အခုမှ ဖတ်ကြည့်တော့ အခုမှ ကောင်းမှန်းသိတယ်။
ဒဏ္ဍရီရေ ဒီလိုအဖြစ်မျိုးတွေက အခုမှမဟုတ်ဘူး ကြာပါပြီ။ မဆူးပွင့်တို့ အစ်မတို့လို ကြုံတွေ့ရတဲ့ မောင်နှမတွေ၊ သားအမိသားအဖတွေ၊ သူငယ်ချင်း အရင်းခေါက်ခေါက်တွေ စိတ်ဝမ်းမကွဲဖြစ်ပြီး တစိမ်းတပြင်လို ရင်နာနာနဲ့ လမ်းခွဲကြရတာတွေ နိုင်ငံတ၀ှမ်းလုံးမှာ ရှိခဲ့ပါတယ်၊ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီခေတ်ဆိုး စနစ်ဆိုး အာဏာရှင်စနစ်ဆိုး အဆုံးမသတ်ရွေ့ အချင်းချင်းကြား ဒီလိုပြဿနာတွေ မျိုးဆက်တိုင်း မျိုးဆက်တိုင်း ကြုံတွေ့နေရဦးမှာပဲ ဖြစ်တယ်။
ဒေါ်လာရေ ကျွန်မကို နှောင့်ယှက်နေတာတွေ လက်လျှော့လိုက်တော့လို့ ကျွန်မပြောထားပါတယ်နော့်။ ရှင် Genetics အကြောင်း မေးခွန်းမေးတုန်းက အမှန်တရားကို လက်မခံသူလို့ စွပ်စွဲထားတာတောင် မဖျက်ဘဲ မေးခွန်းကို ကောင်းကောင်းဖြေပေးခဲ့တယ်။ ရှင်မဟုတ်တာတွေ အကြိမ်တရာ လာရေးရင် အကြိမ်တရာ ဖျက်မယ်မှတ်ထားပါ။
ဦးနှောက်ဖေါက်စား ခံထားရတဲ့ ရုပ်သေးရုပ် ပြည်ချစ်သား များ အားလုံး..... COOL .....
တချို့က သူတို့ကိုယ်သူတို့ မုဆိုးထင်နေကြတာလေ...
တကယ်က သူတို့ကမှ သားကောင်အစစ်...
ကဗျာက ထိလိုက်တာ။
အစ်မရဲ့ ကိုယ်တိုင်ရေး ကဗျာကိုလဲဖတ်ချင်သေးတယ်။
ကဗျာလာဖတ်ပြီး အားပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘလော့ဂ်မှာ ဖေါ်ပြထားတဲ့ ကဗျာတွေ အားလုံးလုံးက သူများရေးတာကို ပြန်ဖေါ်ပြတာတွေချည်းပါပဲ။
AATO ရေ ဒီတသက် ဖတ်ရမယ် မထင်ဘူး။ အစ်မက ကဗျာစပ်ဖို့ နေနေသာသာ ဘာရသစာကိုမှ ရေးလို့မတတ်ဘူး။ ဘလော့ဂ်မှာ ရေးထားတာတွေဟာ Fact တွေနဲ့ အတွေးတွေကို ဒီအတိုင်း ချရေးထားတာတွေချည်းပဲ။ တခုမှ Creative လုပ်လို့မတတ်ဘူး။
ကဗျာလေးက ဟောင်းနေပေမယ့် အရောင်တွေ တလက်လက်နဲ့ ဘယ်သောအခါမှ မမှေးမှိန်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပဲဗျာ။ မျိုးချစ်သူရဲကောင်း တပ်မတော်သားကြီးများကို တရေးရေးနဲ့ ပြန်မြင်ယောင်လာမိပါတယ်။
အချိန်တွေကြာသွားပြီ ဆိုပေမယ့် ဘယ်တော့မှ မအိုသွားတဲ့ ကျတော့်ခေါင်းဆောင်ရဲ့ လူငယ့်စိတ်
ဓာတ်၊ လူငယ့် အငွေ့ အသက်က ခုချိန်ထိ ပျိုမျှစ်နေဆဲမို့၊
ယနေ့လူငယ်တွေ အတွက် လူငယ့် ကဗျာပါပဲ၊
လူငယ်တွေရဲ့ ၀ိဥာဉ်တွေကို လှုပ်ခါနိုးဆော်နေဆဲပါပဲ၊
အမတို့ ရဲ့ တချိန်က လူငယ့်စိတ်ဓာတ်ကို ကျတော်လေးစားတယ်၊ အမတို့ လုပ်ခဲ့တာတွေကိုလည်း ဂုဏ်ယူတယ်၊ သမိုင်းပေးတာဝန်ကို အမတို့ခောတ်မှ အမတို့ ကျေခဲ့ပါတယ်၊
အမတို့ရဲ့ အားမာန်နဲ့ ကျတော်တို့ကို စွမ်းအင်တွေပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျတော့်တို့ က အမတို့လို တာဝန်မကျေပဲ လူငယ်ဆိုတဲ့ ဘ၀ကို ထားခဲ့ရတော့ မယ် သမိုင်းပေးတာဝန် ကျေချင်လည်း
အခြေအနေကမပေးတော့ဘူးထင်ပါရဲ့
မနိုင်
မဆူးပွင့်ကို ပြန်လည်မွေးဖွါးလာအောင် လုပ်တဲ့သဘောမို့ 
ကျေးဇူး တကယ်တင်မိတယ်
သူ ကျဆုံးမလိုဖြစ်နေတာ ကြာပြီဗျ
ကျနော်က သူ့ ကို ကဗျာ စာဘက်မှာ မကျဆုံးစေချင်ဘူး
နောက်တန်းကနေ ရှေ့ တန်းကိုပဲ တက်လာစေချင်တာ
အခုတော့ ကျနော်တို့ ရဲဘော်မကြီး ရှေ့ တန်းပြန်တက်လာကောင်းပါရဲ့
ကျေးဇူး တကယ်တင်ပါ့ဗျာ
ငြိမ်းဝေ
Post a Comment