မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပတ္တမြားရွှေဂူ



ပြစ်မရှိ ပြစ်ရှာ

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

(လေးဆစ်) မန်လည်ဆရာတော်


ရွှင်လန်းချမ်းမြေ့ကြပါစေ။





(ကဗျာရဲ့ အနှစ်သာရနဲ့ မန်လည်ဆရာတော်ရဲ့ မာန်မလုပ်ချင်တဲ့ စိတ်ဓာတ်ကို သဘောကျလို့ ကူးယူဖေါ်ပြထားပါတယ်။ )



ပတ္တမြားရွှေဂူ

ကိုလိုနီခေတ်

"ပတ္တမြားရွှေဂူ" ကဗျာသည် "မန်လည်ဆရာတော်" ရေးဖွဲ့ခဲ့သော လေးဆစ်ကဗျာဖြစ်သည်။ လေးဆစ်ကဗျာဆိုသည်မှာ အချိုးအဆစ်လေးခု ပါဝင်သော ကဗျာမျိုးဖြစ်သည်။

မန်လည်ဆရာတော်၏ ငယ်အမည်သည် မောင်မာဖြစ်၍ ဘွဲ့တော်မှာ ဦးဇ၀န ဖြစ်သည်။ မာန်မလုပ်ချင်ဘု မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည်မှာ န ကိုသတ်ရုံပဲ" ဟု ကိုယ်တော်တိုင် ရေးဖွဲ့ခဲ့ဖူးသည်။

မန်လည်ဆရာတော်ကို ကုန်းဘောင်ခေတ်နောက်ပိုင်း မြန်မာနှစ် ၁၂၀၃ (ခရစ်နှစ် ၁၈၄၂) တွင် မန်လည်ရွာ၌ ဖွားမြင်ခဲ့သည်။ ဆရာတော်သည် ပိတကဋကတ်စာပေ၊ သက္ကတစာပေနှင့် ကဗျာလင်္ကာတို့ကို ကျွမ်းကျင် တတ်မြောက်သည်။ ကျမ်းပေါင်းများစွာ ပြုစုသည့်အတွက် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ရသည်။ မြန်မာနှစ် ၁၂၈၂၊ ၀ါဆိုလ (ခရစ်နှစ် ၁၉၂၀) တွင် ပျံတော်မူသည်။

မန်လည်ဆရာတော်သည် လောကီ လောကုတ္တရာ ဗဟုသုတ စုံလင်လှသော မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ်ကြီးကို ရေးဖွဲ့ခဲ့သည်။ ထို့ပြင် ကျမ်းဂန်အမျိုးမျိုး၊ အမေးအဖြေ အမျိုးမျိုး၊ အဆုံးအဖြတ်အမျိုးမျိုးနှင့် တေးကဗျာ အမျိုးမျိုးကိုလည်း ရေးဖွဲ့ခဲ့သည်။ မင်္ဂလာရတုပေါင်းချုပ်ကိုလည်း ရေးဖွဲ့ခဲ့သေးသည်။

ပြတ္တမြားရွှေဂူကို ၀က်များက ညွန်လူး ပွတ်တိုက်သော်လည်း မညစ်သည့်အပြင် ပိုမို၍ အရောင်ထွက်ကြောင်း ငါးရာငါးဆယ် ဇာတ်တော်လာ၂၈၅ ဇာတ်မြောက် မဏိသုကရဇာတ်ကို ယူ၍ "ပတ္တမြားရွှေဂူ" ကဗျာကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။

(ငယ်ငယ်တုန်းက ၉ တန်းမှာ သင်ခဲ့ရတဲ့ ကဗျာကို ကြိုက်လွန်းလို့ ပညာရေး ၀န်ကြီးဌာနမှ သက္ကရာဇ် ၂၀၀၀ မှာ ပြန်လည်ထုတ်ဝေထားတဲ့ န၀မတန်း မြန်မာကဗျာ လက်ရွေးစင် စာအုပ်ထဲက ပြန်လည်ကူးယူပြီး ဘလော့ဂ်မှာလည်း သိမ်းထားရင်း မျှဝေလိုက်ပါတယ်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ။



24 comments:

ရှေးခေတ် ကဗျာကောင်းလေးကိုပြန်ခံစားသွားပါတယ်ရှင်

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ဖြစ်ပါတယ်။
ပွတ်လေလေ ရွှေဂူမဟုတ်ဘူး။ ပြီးတော့ ရှေးထက်ကဲ ဖြစ်နေတယ်။ ရှေးကထက်ကဲ ဖြစ်ရမှာပါ။(က) တလုံးကျန်ခဲ့တယ်။

နောက်ပြီး လေးဆစ်ကို လေးဆစ်လို စာပိုဒ်ခွဲရင် ပိုကောင်းမယ်။
အခု စာပိုဒ်ခွဲထားပုံက သုံးဆစ်ဖြစ်နေတယ်။
ပြစ်မရှိ ပြစ်ရှာ။ - ကို အဲဒီလို တပိုဒ်ခွဲပြီး ရေးရမှာပါ။
လေးဆစ်ဆိုတာ အချိုးအဆစ် လေးခုပါသော ... ဆိုပြီး အောက်မှာရေးထားတာမို့ ပြောတာပါ။

အပြစ်မရှိအပြစ်ရှာပြီး ထောက်ပြ နေတာတော့ မဟုတ်ပါဘူး။ ကူးပြီးတင်တဲ့ စာလေးတွေ သန့်စေချင်လို့ပါ။
အောက်က စာတွေမှာလဲ စာလုံးပေါင်းတွေ တော်တော်လေး မှားနေတယ်။ အဲဒါတော့ ကိုယ့်ဟာကိုယ်သာ ကြည့်ပြင်လိုက်တော့။

စာလာဖတ်ပြီး မှားနေတာကို ထောက်ပြပေးသွားတာ ကျေးဇူးတင်ပါတယ် စာဖတ်သူ။ ကဗျာက တိုက်ရိုက်ကော်ပီကူး ဖေါ်ပြတာ ဖြစ်လို့ မှားတာတွေ အားလုံးက Typing မှားတာတွေပဲ ဖြစ်ပါတယ်။ စာဖတ်ရင် မျက်စိလည်း ရှန်းတတ်တေ့ အကြိမ်ကြိမ် ပြန်ဖတ်မှ ပြန်တွေ့ရပြီး တဖြည်းဖြည်းပြန်ပြင်ရတာပဲ များပါတယ်။ အခုလို ထောက်ပြပေးသမားရှိရင်တော့ တခဏနဲ့ ပြင်လို့ရသွားတဲ့အတွက် ၀မ်းသာပါတယ်။ စာလုံးပေါင်းကို Typing မဟုတ်ဘဲလည်း ကျွန်မ တကယ်မှားတတ်တာရှိလို့ ကျွန်မပို့စ်တွေကို ဖတ်လို့ အမှားတွေ့သူတိုင်း အချိန်မရွေး ထောက်ပြနိုင်ပါတယ်။ တကယ်မှားပြီး ပြန်ပြင်ဖို့ လိုအပ်နေလို့ ထောက်ပြတာကို အပြစ်မရှိ အပြစ်ရှာတယ်လို့ သဘောထားလို့ မရနိုင်ပါဘူး။ ကျေးဇူးအထူးတင်ပါတယ်။

ပွတ်ခံရတာများလို့ နည်းနည်းတောင် ပွန်းချင်နေပြီ မငယ်ရေ။ ပြောင်လွန်းတော့ ပါးဆိုသလိုပေါ့။ ပွတ်နိုင်ကြပါစေ။

ခုချိန်ထိတော့ ၊
ပတ္တမြားမှန်ပေမဲ့လည်း နွံနစ်နေကြဆဲ ..

စိန်စီသောည တွေ တောက်ပ နေကြဆဲ ပါ မငယ်နိုင်ရေ ...

ပတ္တမြားမှန်တိုင်လည်း နွံမနစ်ဘူးဆိုတာမရှိပါဘူး..သူလည်း ကျောက်ခဲတုံး ပိနေရင် နစ်နေမှာပဲလေ...ပတ္တမြားမှန်ရင် နွံမနစ်တတ်ဘူးဆိုတော့ ဘယ်သူတွေ လက်တွေ့မြင်ဖူးလို့လဲ.....


ပလုတ်တုတ်

တခြား ကျောက်တွေဆို ရာသီဥတုကြောင့်ဖြစ်စေ၊ နှစ်ကာလကြောင့်ရှည်လျားလို့ ဖြစ်စေ တခြားပြင်ပ ဓါတုဗေဒဆိုင်ရာ ဓါတ်ပြုမှုတွေကြောင့်ဖြစ်စေ၊ ပွတ်တိုက်လို့ ဖြစ်စေ ပျက်စီးနိုင်ပေမဲ့ ပတ္တမြားက ဘယ်တော့မှ မပျက်စီးတတ်ဘူး အရည်အသွေး ဘယ်တော့မှ မပျောက်သွားဘူးဆိုတာ ကြားဖူးတယ်။ နွံထဲမှာ မမြုတ်ဘူးဆိုတာ ပြောတာထက် နွံကြောင့် သူ့အရည်အသွေးတွေ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး ဆိုတဲ့ သဘောကို ပြောကြတာဖြစ်တယ်။ ကိကိပြောသလိုပဲ မြန်မာပြည်မှာ နွံထဲမှာ အနစ်ခံထားရပေမဲ့ အရည်အသွေးမကျသွားတဲ့ ပတ္တမြားအစစ်အမှန်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဖုံးထားသူတွေက နွံထဲမှာ အုပ်ထားလို့ရရင်ရမယ် သူ့အရည်အသွေးကို ဘယ်တော့မှ ချွတ်လို့မရနိုင်ပါဘူး။ မပေါ်အောင် ဖုံးထားလည်း မလုံပါဘူး တကမ္ဘာလုံးမှာ သူတို့အလင်းရောင် ထွန်းပြောင်နေတယ်။ နာကျင်အောင် ပွတ်တိုက်လေ အရောင်ကလည်း ပိုထွက်လေပဲ။ ဒီလို တန်ဖိုးရှိတဲ့ ပတ္တမြားတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။

ဥပေက္ခာပြုတယ်ဆိုတာမျိုးနေမှာ

မငယ်ကို တမင်လာလာ ပြောနေကြတာနေမှာပါ..
သူတို့ကို ပြန်ပြောမနေပဲ ပစ်ထားလိုက်ပါအေ..

နွံနစ်တာ မနစ်တာပဲ ပြောတာ...တောက်တာတွေ ပြောင်တာတွေ ပဲ့တာတွေ မပြောဘူး

ပလုတ်တုတ်

လေးဆစ်ခလေးဖက်သွားပါတယ် မြန်မာစာပေ
မြန်မာစကားတွေ တဘက်မှာတိပ်ကောပပျော်လုနီးနီး
ဖြစ်နေသလို တဘက်မှာလဲချစ်မြတ်နိုးသူတွေရှိနေကျ
လို့ ၀မ်းသာပီတဖြစ်မှိပါတယ် ..............

ကဗျာအဓိပ္ပါယ်လေးက တကယ်ကောင်းပါတယ်.. ကိုယ့်မှာ အရည်အချင်းရှိနေရင် ဘယ်သူကပဲ မကောင်းပြောပြော၊ မကောင်းကြံကြံ ကိုယ့်ရဲ့ စစ်မှန်တဲ့ အရည်အသွေးက ပျက်စီးမသွားနိုင်ပါဘူး။

ကဗျာလေးလည်း ခံစားသွား.. မန့်တာလေးတွေလည်း
ခံစားသွားပသေး..။

နစ်နေသူတွေကို မနစ်အောင် ကယ်စေသတည်း..။ ဟုတ်ဘူး.. ကယ်လို့မတက်ဘူးပြောတာ..။

နစ်လားမနစ်လား ကိုကြီးဇာဂနာကိုပဲကြည့် ဘယ်ရောက်ရောက် တောက်နေ ..ပြောင်နေ.. ပြောင်နေတာပဲ.. ခေါင်းကလေး..။ သိတယ်.. တို့ဇာနည်တွေ ဘယ်တော့မှ မနစ်ဘူးဆိုတာ..။

မဗေဒါ (၈၈)

အော် သူငယ်ဂျိုး.. ကွန်ပြူတာက ဒီလိုပဲဖွင့်ထားပြီး လုပ်ချင်တာတွေလုပ်နေတာ.. လုပ်ခွင့်ရှိတဲ့ အခွင့်အရေးလည်း ရှိလို့ပါ.. ဒေါင်းဘန်ဘာာာာာာာာတယ်..။

ရေမျှောကမ်းတင် မဗေဒါ (ရောင်နီဦး)

ပိုစ့်တင်တဲ့ ရက်က မေလ ၂၃ ရက် ၂၀၁၀ ဆိုပြီး ကွန်းမန့်တွေက မေလ ၁၉ ရက်၊ ၂၀ ရက်၊ ၂၁ ရက် ၂၀၁၀ တဲ့။

ဘလော့ဖတ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဆုံး တွေ့ဖူးခြင်းပဲ။

တစ်ခုကတော့ အင်ထု ထားတာ သေချာတယ်။

ပိုစ့်တင်စရာ မရှိလဲ ဒီတိုင်းထားလို့ရပါတယ်။ အရင်ပိုစ့်ကို Date ပြေင်းပြီး တင်တဲ့ လူမျိုးရှိတာ သူများပြောရင်တောင် ယုံမှာမဟုတ်ဘူး။ တကယ့်ကို အံ့သြော ချောက်ခြားဖွယ်ပါလား...... ပျက်ပါပြီ မြန်မာဘလော့လောကကြီး၊ ကျန်တဲ့ ဘလော့ဂါတွေကလဲ ဘာမှ ဝင်မပြောကြတော့ဘူးလား၊ မနိုင်လို့လွှတ်ထားတာပဲလား


မောင်စူပါ

မောင်စူပါ
ဘလော့ဂ် ပို့စ်တင်တဲ့ သတ်မှတ်ချက်ထဲမှာ စည်းကမ်းသတ်မှတ်ထားတာရှိလို့ ရရင်လိုချင်ပါတယ်။ ဒါကလည်း ခဏဆွဲတင်ထားတာပဲ ရှိပါတယ်။ ဒီပို့စ်ကို အမြဲတမ်း အပေါ်ဆုံးမှာ မြင်နေရအောင် ထားချင်လို့ ကွန်ပြူတာ နားလည်တဲ့ မောင်လေးတွေကို အပေါ်ဘယ်လိုတင်ရလဲဆိုတာ မေးထားပါတယ်။ သူတို့မအားသေးလို့ လာမလုပ်ပေးသေးတာ ဖြစ်တယ်။ မောင်စူပါ ပြောလိုက်ပုံက ကျွန်မက ရာဇ၀တ်မှုကြီးကို ကျူးလွန်သလိုတောင် ဖြစ်နေတယ် ဆိုတော့ မောင်စူပါက တချို့ အနှောင့်အယှက်လာပေးနေသူတွေလို ကျွန်မဘလော့ဂ်မှာ စာလာဖတ်သူများတာကို မနာလိုမရှုစိတ် ဖြစ်ပြီး အိပ်မပျော်စားမ၀င် ဖြစ်ပြီး ဘယ်လိုအနှောင့်အယှက် ပေးရမလဲဆိုပြီး တချိန်လုံး စဉ်းစားနေသူ မဟုတ်ဘဲ စာလာဖတ်ပြီး အပြုသဘောနဲ့ ထောက်ပြသူ ဖြစ်တယ်ဆိုရင် ပို့စ်အဟောင်း အပေါ်မတင်ရဘူးလို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက် ဘယ်နားမှာပါလဲ ဆိုတာ ပြောပြပါ။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

လူငယ်ပညာတတ်ပေါင်းများစွာ နံရံတွေထဲမှာ ၊ အခြားနိုင်ငံတွေမှာ နွံနစ်ခံနေကြရပါတယ် ။ မန်လည်ဆရာတော်ဘုရားကြီးကတော့ သူ့ရွာသူလေး တစ်ယောက် ဇာတိမြေနဲ့မိုင်ထောင်ချီဝေးတဲ့ နေရာမှာ
နွံနစ်နေတာကို သိရင် ဘာများပြောမလဲမသိဘူးနော်။

အမရေ -
ရန်စ ဝေဖန်တဲ့ လူတွေကို ပြန်ရှင်းပြမနေပါနဲ့ ။ သက်သက် လိုက်ပြီးမနာလို ဖြစ်နေကြတာလေ။ အလကားနေ အဲဒီလိုမှ သူတို့ မှာ လိုက်မပြောရရင် စားလို့ အိပ်လို့ မရဘူးဖြစ်နေတာ။ပြောပါစေ ပြောနိုင်ခဏပေါ့ .. အင်တာနတ်သုံးနိုင် တဲ့ အခါ တိုင်းပေါ့ ။ ပြန်ရှင်းပြနေရင် ပိုဆိုးတယ် သူတို့ အဖက်လုပ်ပြန်ပြောတဲ့သူ ရှိနေတယ် ဆိုပြီး။

ဘလောက်တွေကို ဘယ်လိုရေးရမယ် ပိုစ်ကို ဘယ်လိုတင်ရမယ် ဘယ်အရာကို မလုပ်ရဘူး ဘယ်စာကိုမရေးရဘူး ဘယ်ပုံက မတင်ရဘူးလို့.............
ဘယ်သူကမှ ဥပဒေ မထုတ်ထားဘူး။ ထုတ်ထားတဲ့ တားမြစ်တဲ့ ဥပဒေ ရှိရင် ပြပါ။ တားမြစ်ထားတဲ့ ဂူဂဲစည်းကမ်းချက်တွေရော လူတိုင်းက လိုက်နာကြလို့လား..။တင်ချင်တင် မတင်ချင် နေ ဖတ်ချင်ရင်ဖတ် မဖတ်ချင်ရင် မလာနဲ့ ရှင်းရှင်းလေး။

အဲဒီတိုင်းလည်း မနေနိုင်ပြန်ဘူးလေ။ သူများကို အပြစ်ပြောဖို့ တနေ့ တခါလောက်ကတော့ ဘလောက်တွေကို လာကြည့်ကို ကြည့်ရမယ် ရှင်းရှင်းလေး မကြိုက်ချင် မလာဖတ်နဲ့ပေါ့။ လာမပြောနဲ့ပေါ့ မဟုတ်ဘူးလား။ အလကား နေ အကုသိုလ်ရှာတယ်ဆိုတာ ဒီလို လူတွေကို ပြောတာနေမယ်။ အံသြပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဖြစ်ပြီး အကုသိုလ် ..... ဘယ်ဘလောက်ဂါမှမပြောဘူး ကိုယ်ဘလောက်ကို ကိုယ်လုပ်ချင်တာ လုပ် ဘာလည်း စစ်ခွေးလက်အောက်က စာပေစီစစ်ရေး တွေလို လုပ်ရဦးမှာလား။ ဝါးဟားဟား လို့တောင်ရယ်ချင်သေး။

ပျက်တာ က ဒီလို ပိုစ်ကို တင်ချင်တိုင်းတင်နေလို့ လုပ်လို့ မပျက်ဘူး။ ဘလောက်တကာလည်ပြီး ရန်တိုက် အတင်းပြော အပုတ်ချ သူများ နာမည်နဲ့ ဝင်ရေ ဝင်ဆဲ လင့်တွေပေး ယုတ်မာကြတဲ့သူတွေ အဲလို လူမဟုတ်တဲ့ ခွေးသူခိုးတွေ ခွေးကျင့် ခွေးကြံနေလို့ ဘလောက်လောက ပျက်မှာ။ ကိုယ်မဟုတ်ရင် နာစရာမလိုပါ အေးဆေးပေါ့။ ဟုတ်တဲ့သူသာနာစေဗျာ။
ဘာမျှမဆိုင်သော...
စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်ဗျာ။


စာဖတ်ပရိတ်သတ်တဦး
မြန်မာပြည်။

ဒီပိုစ့်ကို အပေါ်မှာ အမြဲရှိဖို့ ဆိုရင် ကွန်ပျူတာ နားလည်တဲ့ မောင်လေး တွေ ဘာတွေ မေးစရာမလိုပါဘူး။ အင်တာနက် မှာ အားလုံးရှိတာပဲ။ အင်္ဂလိပ်လို မဖတ်တတ်ရင်တောင် မြန်မာလို ရေးထားတဲ့ ဘလော့တွေ တစ်ပုံကြီးပါ။ အဲ့ဒီနေရာတွေမှာ ကိုယ်တိုင်သွားလေ့လာဖို့ ကောင်းပါတယ်။ စီဘောက်တိုင်းမှာ လိုက်အော်နေတာတွေ၊ သူများ ပို့စ် အောက်မှာ လာလည်ပြီး နှုတ်ဆက်မသွားထဲ မနေပါနဲ့လို့ လိုက်အော်နေတာတွေ၊ ကိုယ့်စီဘောက်စ်မှာ တစ်ယောက်ချင်း reply ပြန်နေမယ့် အချိန်ထဲက ၁၀ ပုံ တစ် ပုံ လောက် ပဲ ထုပ်ပြီး ဖတ်လိုက်ရင် တတ်သွားမှာပါ။ အခြားသော ဘလော့နဲ့ ပက်သက်တဲ့ ဗဟုသုတတွေလည်း တစ်ပုံကြီးပါ။ date ကြီးပြောင်းပြီး တင်တော့ ယုတ်ပျက်တာပေါ့။ လေ့လာဖို့ မသိသေးဘူးထင်လို့ ထည့်ပေးလိုက်တယ်။

http://kp3family.blogspot.com/
http://mmbloggershelpdesk.blogspot.com/

ဒါတွေကတော့ ဘဘော့ နဲ့ ပက်သက်တာတွေပါ။ ကွန်ပျူတာနဲ့ ပက်သက်တာတွေလည်း တစ်ပုံကြီးပါ။ အချိန်တွေ ဒီလောက်ပိုနေတာပဲ၊ လေ့လာရင် အကျိုးရှိမှာပါ။ လက်ယားလက်ယား မလုပ်နေသင့်တော့ဘူး။ ခလေးတွေလည်း ကြီးနေပြီဆိုတော့။

မောင်စူပါ (ခေတ္တ ဘန်ကောက်)

မောင်စူပါရေ အကြံပြုတာ နောက်ကျသွားပြီ၊ မိတ်ကောင်းဆွေကောင်းတွေက ကူညီထားပြီးပါပြီ။ မနာလို သိပ်မဖြစ်ပါနဲ့ မောင်စူပါ ဘာမှကူညီရတာ မဟုတ်ဘူး။ ကျွန်မကို သဘောမကျရင် ဒီလောက်အထိ ဂရုတစိုက်လိုက်ကြည့်နေစရာလည်း မလိုပါဘူး။ တချို့တွေဆို ကြည့်မရဘူးလို့သာ ပြောတယ် ကျွန်မ တခါမှ သွားမရေးတဲ့ C-box တွေမှာလည်း ကျွန်မ နာမည်တွေနဲ့ လိုက်ရေးပေးနေတဲ့ သူတွေကလည်း ရှိသေးတယ်။ မောင်စူပါ မမြင်ချင်ရင် ဘလော့ဂ်တွေ မလည်ရုံပဲ ရှိပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် စိတ်ဝင်စားတာချင်း မတူပါဘူး ဒီအပေါ်မှာ ပုံကြီးချဲ့ပြီး ကိုယ်ဖါသာကိုယ်မလုပ် သူများကို အကူအညီတောင်းတယ်ဆိုပြီး အပြစ်လိုက်တင်နေတာကတော့ ကိုယ့်အကုသိုလ် ကိုယ်ရှာတာပဲ ဖြစ်လိမ့်မယ်။ ကျွန်မ စိတ်မ၀င်စားတာကို ကျွန်မကိုယ်တိုင် လိုက်လုပ်နေစရာ မလိုဘူး အကူအညီပေးနေတဲ့ မိတ်ဆွေတွေက ကြည်ကြည်ဖြူဖြူ အကူအညီပေးနေပါတယ်။ ကျွန်မကို ခင်တဲ့ မိတ်ဆွေတွေကိုပဲ အကူအညီတောင်းပါတယ်။ သူတို့ကလည်း ကြည်ကြည်ဖြူဖြူ ကူညီပါတယ်။ မောင်စူပါကို ဘာမှ အကူအညီမတောင်းပါဘူး။ ဘာမှလုပ်ပေးရတာ မဟုတ်ဘဲနဲ့ အပိုတွေ သိပ်မပြောပါနဲ့။

ထီးသုဉ်း နန်းသုဉ်း
မြို့ပြသုဉ်း၍
မြို့သုဉ်းသုန်ရ
သုံးသုံည၀ယ်..

လူဖြစ်ရလေ
တို့တစ်တွေသည်
သေသော်မှသည်..
သြော် ကောင်း၏

(ဆီးဘန်နီ ဆရာတော်)

အဲဒီကဗျာလေးကိုမှီပြီး ပို့စ်တခုလောက်ရေးပါအုံးလား
တိုက်တွန်းပါတယ်...

ကျနော် နောက်မကျပါဘူး။ ကျနော် နောက်ကျခဲ့ရင်
ပထမဆုံး ကွန်းမန့်မတိုင်ခင် အားလုံး ပြင်ဆင်ပြီးဖြစ်မှာပေါ့။ သေချာစဉ်းစားပါအုံး။ ပိုစ့်တင်တဲ့ ဒိတ် က နောက်မှ ကွန်းမန့်ပေးထားတဲ့ ဒိတ် က အရင်ဖြစ်နေတာကို ကျနော်နောက်ကျရင် ဘယ်လို သိမလဲ။ အမှန်တကယ် မငယ်နိုင် နောက်ကျလို့ ခုလို ပြောနေရတာပါ။ အစကတည်းက ကိုယ်တိုင် စောစောစီးစီး လေ့လာပြီး လုပ်လိုက်ရင် ကျနော်တောင် ဘာမှပြောမနေတော့ဘူး။

ကျနော်က အကူညီပေးတာမဟုတ်ပါဘူး။ သူများလုပ်ပေးမှ ရတာထက် ကိုယ်တိုင် လုပ်တတ်အောင်ပြောပြတာပါ။ အချိန်တွေ ပိုနေမယ့်အတူတူ ဆိုတော့ လေ့လာလို့ ရတယ်ဆိုပြီး ပြောရုံပါ။ ဒီတိုင်းလဲ စီဘောက်စ်တကာ လိုက်ရေးနေတာဆိုတော့ ဒီအလုပ်က အခက်ခဲ ဖြစ်မယ်မထင်လို့ မယောင်ယာဆီလူးရင်း ဘဝမဆုံးအောင် သတိပေးတာပါ။

မရှင်းတာ တစ်ခုက မနာလို သိပ်မဖြစ်ပါနဲ့ ဆိုတာကိုပဲ။ ဘာကို ဘာအတွက် မနာလိုဖြစ်ရမှာလဲ။ ဆိုးပါ့။ ကျနော် ဘလော့ဖတ်လာတာ မငယ်နိုင်ဘလော့မရေးခင်ကတည်းကပါ။ ကျနော့်လိုပဲ ဖတ်နေတဲ့ အပြင်လူတွေ၊ မြန်မာဘလော့ဂါ တွေ တစ်ပုံကြီးပါ။ အဲ့ဒီထဲကမှ ပါလေရာ ငပိချက် က မငယ်နိုင် တစ်ယောက်ပဲ ရှိပါတယ်။ ကလေးကလား လိုက်ဖားယားအော်နေလို့ ကလေးလားဆိုတော့လည်း အသက်က မြင်တဲ့အတိုင်ပဲ။ ဒါကြောင့် မြင်မတော်တာရယ်၊ လူ့ဘဝရဲ့ ကျန်ခဲ့တဲ့ အချိန်တွေကို အကျိုးရှိစေချင်တာရယ်ကြောင့် သတိပေးရုံသက်သက်ပါ။ ရှေ့က အနှစ် ၄၀ လောက်ကို ထားလိုက်တော့ ဘာမှ မတတ်နိုင်တော့ဘူး နောက်ကျန်တဲ့ နှစ်တွေပဲ အရေးကြီးတယ်။ ခလေးတွေလည်း အသက်ကြီးနေပါပြီ။


အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်ပါစေ
မောင်စူပါ (ခေတ္တ ဘန်ကောက်)

Comments တွေက ဖတ်လို.ကောင်းပါတယ်၊ blogger မပြောနဲ. comment ၀င်ရေးတဲ့ သူတွေတောင် အဝေဖန်ခံရတတ်ပါတယ်၊ မငယ်နိုင် ရဲ. သတ္တိကို တော့ လေးစားပါတယ်၊ blogger အမကြီး တစ်ယောက်တော့ Comments ကို တော်တော်စိတ်နာ ၊ ကြောက်သွားပုံရတယ်၊ မငယ်နိုင် blog ရဲ. comments ကဏ္ဍကိုလည်း ဘယ်လို အခြေအနေမှာဘဲ ဖြစ်ဖြစ် မပိတ်ဖူးလို. မျှော်လင့်ပါတယ်၊ မငယ်နိုင် နှင့် စာဖတ်သူအပေါင်း ကျန်းမာရွှင်လန်းကြပါစေ ၊

ညီမ မြန်မာပြည်က ပြန်လာပြီ...မငယ်ရေ..
မငယ်ရဲ့စိတ်ဓာတ်မျိုးလိုချင်လိုက်တာ...
(Comment တွေဖတ်ရင်း တွေးမိတယ်)..
ညီမကတော့ စိတ်ပျော့တယ်...း(

mg said...

မှန်ပါတယ်
မငယ်နိုင်က စစ်ခွေးတွေ စစ်ခွေးတွေ ဆိုပြီး သွားပွတ်လေ ဟိုက အရောင်ထွက်လေပါပဲ