မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ရေအခက်အခဲနှင့် ရင်ကို ထိခိုက်စေသော ဓါတ်ပုံများ

အမှန်က ဒီနေ့တင်ဖို့ ရည်ရွယ်ထားတဲ့ပို့စ်က ရေအကြောင်းမဟုတ် သြစကြေးလျားက အသက် ၁၆ နှစ်အရွယ် ကလေးမလေးတယောက် လှေနဲ့ ကမ္ဘာတပတ်ပတ်ပြီး ဒီနေ့နေ့လည်မှာ ဆစ်ဒနီဆိပ်ကမ်းကို ကမ်းကပ်ပြီး ပြန်ရောက်လာတဲ့ အကြောင်း တင်ဖို့ အစီစဉ်ရှိခဲ့ပါတယ်။ Live Show မှာ ဒီကောင်မလေး ဆစ်ဒနီဆိပ်ကမ်းကို ချဉ်းကပ်လာတာကို ကြည့်ရင်း Break time ကြော်ငြာဝင်တဲ့အချိန်မှာ ဘလော့ဂ်တွေကို လိုက်ကြည့်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရေပြဿနာ ဖြစ်နေတာကို Forward mails တွေကတဆင့် သိပေမဲ့ ဓါတ်ပုံတွေကို ဒီနေ့မှ ဘလော့ဂ်တွေမှာ တင်ထားတာကို ကောင်းကောင်းတွေ့လိုက်ရပြီး ဒီလောက်အထိ အခြေအနေဆိုးနေတာ ရင်ထဲမှာ တော်တော်ကြီး နာကျင်အောင် ခံစားလိုက်ရပါတယ်။ ဒီလိုနဲ့ ကျွန်မမူလ တင်ဖို့ရည်ရွယ်ထားတဲ့ ပို့စ်ကို မတင်ဖြစ်ဘဲ ကျွန်မမှာ ရှိတဲ့ Forward e-mail တွေနဲ့ ဘလော့တွေမှာ တင်ထားတဲ့ ရင်ကို ထိခိုက်စွာ ခံစားရစေတဲ့ ဓါတ်ပုံတွေ စုစည်းပြီး ဒီပို့စ်ကို တင်ဖြစ်သွားပါတယ်။ ဓါတ်ပုံတွေအားလုံးမှာ ထိုးထားတဲ့ စာတန်းတွေဟာ ကျွန်မကူးယူထားတဲ့ ဘလော့ဂ်တွေမှာ မူလဘလော့ဂ်ပိုင်ရှင် ရေးထားတဲ့အတိုင်းသာ ဖြစ်ပါတယ်။ ဒီစာသားတွေနဲ့ ဒီဓါတ်ပုံတွေကို တွဲပြီး သူတို့နဲ့ထပ်တူထပ်မျှ ခံစားပြီး သူတို့ရေးထားတဲ့ စာသားအတိုင်းပဲ ဓါတ်ပုံတွေနဲ့ တွဲလျက် ပြန်လည်ကူးယူ ဖေါ်ပြလိုက်ပါတယ်။


နွေကန္တာရအလည်မှာ သောက်ရေအတွက် ရတတ်ပွေနေရတဲ့ တို့ပြည်သူပြည်သားတွေ


တတောက်တောက် ကျနေတဲ့ ရေစက်လေးတွေကို လက်နဲ့ခံသောက်နေတဲ့ ကလေးတွေ


သောက်ရေရမယ်ဆိုလို့ နေပူအောက်မှာ အပြေးတပိုင်းနဲ့ ထွက်လာတဲ့ လူငယ်လေးတွေ


ရေအသက် တမနက် ဆိုတော့လည်း သောက်ရေအတွက် ဒုက္ခခံ တန်းစီနေကြတာများ

ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ ရလဒ်ကတော့ အပူချိန်မြင့်မားပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်ပါတယ်။ အခုတော့ ကျေးရွာအချို့မှာ သောက်ဖို့ ရေတောင် မရှိတာကတော့ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။ ရေဆိုတာ လွယ်လွယ်ရတုန်းကသာ တန်ဖိုးမထားကြပေမယ့် လိုအပ်လာတဲ့အခါမှာ အတော်လေးကို ဒုက္ခများရရှာပါတယ်။ "ရေကြည်ချမ်းမြတပေါက် သောက်ပါရစေ မေ..." ဆိုတဲ့ သီချင်းလေးက အခုချိန်မှာ ရင်ကို ထိရှလှပါတယ်။

ကဲ... ကျွန်တော်တို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ကျွန်တော်တို့ လှူရမှာက ရေပါပဲ။ နာဂစ်တုန်းကလို တန်ဖိုးကြီး ပစ္စည်းတွေလည်း မပါ။ တိုလို့လျှိုလို့ရတဲ့ အရာမျိုးလည်း မဟုတ်တဲ့ သောက်ရေ ဝေတာမို့ ဘယ်သူတွေနဲ့ တွဲဝေေ​ဝ ရေငတ်နေသူတွေဆီ ရေရောက်ဖို့က အဓိကလို့ ယူဆပါတယ်။

လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ RAVEN BDC အနေနဲ့ကတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာတွေမှာ မေလ ၁၅ ရက်နေ့က စပြီး သောက်ရေ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ အဲဒီဘက်ကို ကားလမ်း မရှိပါဘူး။ ရေချိုလည်း မထွက်တဲ့အတွက် ရေတွင်း တူးဖို့လည်း အဆင်မပြေပါဘူး။ ကန်ရေတွေကတော့ နေပူလွန်းလို့ ခန်းကုန်ပါပြီ။ ဒါကြောင့် သဗ္ဗာန်တွေနဲ့ ရွာတွေဆီကို သောက်ရေ သယ်ပေးဖို့ လုပ်ကြမှာပါ။ အလှူရှင်တွေရဲ့ လှူဒါန်းပံ့ပိုးမှုအပေါ် အခြေခံပြီး အဲဒီဘက်က ရွာတွေမှာ တောက်လျှောက် သောက်ရေ အကူအညီပေးဖို့ ကြိုးစားနေကြပါတယ်။

ရေအတွက် ရေ လိုပါတယ်။ လိုနေတဲ့သူတွေအတွက် ကမ်းလက်တွေ လှမ်းပေးကြရအောင်လားဗျာ။

သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန်...
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302


၂၀၀၉ ခုနှစ် ဆောင်းတွင်း အင်းလေးကန်တော်ကြီး ရှိ ဖေါင်တော်ဦးဘုရားအရှေ့မြင်ကွင်း (ဓါတ်ပုံ မျိုးချစ်မြန်မာ မှ)

ယ္ခု ၂၀၁၀ ဧပြီလဆန်း အင်းလေးကန်တော်ကြီး ရှိ ဖေါင်တော်ဦးဘုရားအရှေ့မြင်ကွင်း (ဓါတ်ပုံ မျိုးချစ်မြန်မာ မှ)


ယ္ခု ၂၀၁၀ ဧပြီလကုန် အင်းလေးကန်တော်ကြီး ရှိ ဖေါင်တော်ဦးဘုရားအရှေ့မြင်ကွင်း (ဓါတ်ပုံ မျိုးချစ်မြန်မာ မှ)

အောက်က သုံးပုံက ကိုဒီမိုဝေယံ ဘလော့ဂ်မှ ပုံတွေဖြစ်ပါတယ်။


အင်းလေးကန်တဲ့ကွာ ကြည့်ကြပါအုံး ယခင်က လှေဆိပ်ရှိတဲ့နေရာ


မြန်မာနိုင်ငံ အနှံ့အပြားတွင် လက်ရှိဖြစ်ပေါ်နေသော အပူချိန်အဆမတန်မြင့်မားခြင်း ကြောင့် ရေအိုင်များ မြစ်ချောင်းများ ခန်းခြောက်ရာမှ အစပြု၍ မြန်မာပြည်အနှံ့မြို့ငယ်မြို့ကြီးများတွင် သောက်ရေ သုံးရေများပြတ်လပ်လျက် လူရာပေါင်းများစွာလဲ သေဆုံးနေကြပြီ ဖြစ်သည်။
အထက်ပါ ပုံများအား နှိုင်းယှဉ်ကြည့်ပါက မြန်မာပြည် ၏ ကုန်းမြင့်ပိုင်း အအေးပိုင်း ဒေသ တွင်ပါဝင်သော အင်းလေးကန်ကြီး သည်ပင် မြင်မကောင်းအောင်ပတ်ကြားအက် ခန်းခြောက်နေပုံကို ယခင် နှင့် ယ္ခု ပုံများတွင် မြင်တွေ့နိုင်ပေသည်။
သို့ပါက မြေနိမ့်ပိုင်း ဒေသများတွင်ကား မည်မျှပင် ပူလောင် နေမည်ကို စဉ်းစားကြည့်နိုင်ပေသည်။

ပြီးခဲ့သည့် ရက်သတ္တပါတ် ၂ ပါတ် ခန့်အတွင်း မှာပင် အပူကြောင့် သေဆုံးသူအရေအတွက်မှာ တစ်ပြည်လုံး အတိုင်းအတာအရ ၅၀၀ မှ ၇၅၀ အထိရှိနိုင်သည် ဟု ဆေးရုံမှတ်တမ်းများ မှ တဆင့်ခန့်မှန်းရသည်။
သို့သော် ဆေးရုံပင် မရောက်လိုက်သော သေဆုံးသွားသည့် ဆင်းရဲသား တောသူတောင်သားများကား မရေမတွက်နိုင်အောင်ရှိလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ထို့ကြောင့် မြန်မာပြည်သူများအား လူသားချင်းစာနာသည့်အနေဖြင့် မျိုးချစ်မြန်မာ နှင့် မိတ်ဆွေများက နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တဆင့် သောက်ရေသုံးရေ များ လှူဒါန်းနိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

ယ္ခုကဲ့သို့ ပြုလုပ်စီစဉ်ရခြင်းမှာ ငွေသားအများအပြားလှူဒါန်းရန် မတတ်နိုင်သူများ၊ မိမိ တစ်ပိုင်တစ်နိုင် အနည်းငယ်သာ လှူဒါန်းလိုသူများ၊ ငွေလွှဲရသည့် အခက်အခဲ အချိန် နှင့် ငွေလွှဲခ မကုန်ချင်သူများ လွယ်ကူစွာလှူဒါန်းနိုင်စေရန် ရည်ရွယ်ပါသည်။

ကျွန်တော် မျိုးချစ်မြန်မာ နှင့် နာရေးကူညီမှု အသင်းတို့ကြားတွင် ငွေရေးကြေးရေး အရ မည်သို့မျှ ပါတ်သက်ခြင်းမရှိပါ။

ရရှိသော အလှူငွေများအား လည်း ရရှိကြောင်း နှင့် အလှူငွေ ပေးပို့သည့် ရက် ၊ အမည် နှင့် ငွေပမာဏ စသည်တို့အား တာဝန်ယူလက်ခံထားသူများ ၏ E-Mail မှ တဆင့်ပြန်လည် ပေးပို့ဖေါ်ပြသွားမည် ဖြစ်သည်။

ကျွန်တော် တို့ သည် မည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုသော ပြည်ပမှ စေတနာရှင်များ သက်သက်သာဖြစ်သလို ယ္ခု လှူဒါန်းသော ငွေများအား Tax Exemption အဖြစ်ပြသနိုင်ရန် မည်သည့် စာရွက်စာတမ်းကိုမျှ ပြန်လည်ပေးပို့မည် မဟုတ်ပါ။

ကျွန်တော်တို့ နှင့် ပူးပေါင်းဆောင်ရွက် ကူညီလိုသူများအား လေးစားစွာဖိတ်ခေါ်ပါသည်။

" သင့်မေတ္တာသည် ရေငတ်သူအတွက် တန်ဖိုးမဖြတ်နိုင်သည့် ရေတစ်စက်ပင်ဖြစ်သည် "

လူသားချင်းရိုင်းပင်းကူညီသောမေတ္တာဖြင့်

မျိုးချစ်မြန်မာ နှင့် မိတ်ဆွေများ

အမေရိကား အနောက်ဘက်ခြမ်းတွင် နေထိုင်သူများ ဆက်သွယ်ရန်

မျိုးချစ် - (310)734-8310
ကိုကျော်ဝဏ္ဏ - (626)478-7717
ကိုမိုးကျော် - (626)321-8074
ကိုဘိုဘို - (909)610-5054

အမေရိကား အရှေ့ဘက်ခြမ်းတွင် နေထိုင်သူများ ဆက်သွယ်ရန်

ကိုမင်းငြိမ်းနိုင် - (518)588-1162

အလှူရှင်များ ၏ အမည် နှင့် ရရှိသော ငွေသား စုစုပေါင်းကို ငွေပို့ ပြီးသည် နှင့် လက်ခံထားသူများ ၏ E-Mail မှ တဆင့်ပြန်လည် ပေးပို့ပြီး မျိုးချစ်မြန်မာ Website တွင်လဲ ပြန်လည် ဒေါ်ပြပေးသွားမည်ဖြစ်သည်။
အမည်မဖေါ်ဘဲ လှူဒါန်းလိုသူများ လှူဒါန်းစဉ်ကထဲက ကြိုတင်အသိပေးထားပါရန် ပန်ကြားအပ်ပါသည်
အလှူငွေများအား ၇၂ နာရီ အတွင်း အရောက်ပေးပို့မည် ဖြစ်ပါသဖြင့် အမြန်ဆုံး ဆက်သွယ်ကျပါရန်လဲ တိုက်တွန်းအပ်ပါသည်
အခြားနိုင်ငံများတွင်နေထိုင်သူများ နှင့် အကြောင်းအမျိုးမျိုးကြောင့် နာရေးကူညီမှု အသင်းကိုသာ တိုက်ရိုက်ဆက်သွယ်လိုပါက အောက်ပါအတိုင်း ဆိုက်ရိုက် ဆက်သွယ် နိုင်ပါသည်။

Free Funeral Service Society, F.F.S.S (Yangon)
No. (13-A), Bo Mhu Ba Htoo Road,
48th Quarter (U-9), North Dagon Township,
Yangon, Myanmar.
Head Office Tel: 709277,728089, 581363, 580133, 583514
YayWay Branch Office Tel: 704784
Email:
ffss.ygn@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it
Web: http://www.ffssyangon.net



(၃) ကိုဇော်ဘလော့ဂ်မှ

မြေတင် ပတ်ကြားအက်တာ မဟုတ်လူတွေလည်းပဲ (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)


ရေပုံးလေးတွေ တန်းစီ ကလေးတွေ သေချာကြည့်ထားကြနော်တဲ့... (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)

အမိုးအကာဗလာ သူတို့ရေဆာနေကြမှာပဲ နှုတ်ခမ်းတွေ ခြောက်လို့ (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)

ဒီကလေးတွေက ရေပေးပါခင်ဗျားလို့ ပြောနေတာလား (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)

အဲဒီသောက်ရေအိုးစဉ်ထဲမှာလည်း သူတို့ရေဆာရင် သောက်ဖို့ ရေရှိပါ့မလား (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)

သူတို့လေးတွေ ကျောင်းမသွားဘဲနဲ့ အလှူရှင်ဝေတဲ့ ရေကို စောင့်နေကြတာလား။ (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)


ကြည့်..ဘယ်သူတွေများ ဖိနပ်ဝတ်တာတွေ့လဲ (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)


ဒီလိုအိုကြီးအိုမနဲ့ ရေထမ်းနေရတာ စာဖတ်သူဆိုရင်???????? (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)


နေရာမလုနဲ့ ကျော်မတက်နဲ့ ဆိုပေမဲ့ ကိုယ့်ပုံးအလှည့်ရောက်မှ ရေများကုန်သွားမလား (ဓါတ်ပုံ ကိုဇော်ဘလော့ဂ်)

Forward mail မှ


ကျွန်တော်တို့ မလေးမြေ ဘလော့ဂ်အဖွဲ့သားများ ခင်ဗျာ..

ကျွန်တော်တို့၏ အမိမြန်မာ နိုင်ငံတော်ကြီး အတွင်း၌ အချို့သော မြို့ရွာများတွင် သောက်သုံးရေ အခက်အခဲများဖြင့် ကြုံတွေ့နေရပါသည်။ ထိုကြောင့် ကျွန်တော်တို့ ဘလော့ဂ် အဖွဲသားများမျ လှူဒါန်းနိုင်ရန် ကောက်ခံပေးပါမည်။
တခြားမည်သည့် အလှူရှင်မဆို ပါဝင်ရန်လည်း ဖိတ်ခေါ်ပေးနိုင်ကြပါတယ်။
အလှူငွေ လက်ခံပေးမည့်သူများ

ကိုလတ် ( မိုးသွေးငယ် ပီနန်း တာဝန်ခံ) ph : +60125277438
ကိုဒီရေ (ronal ကေအယ် တာဝန်ခံ) ph: +60127859246
ကိုနီယို (NEO ကေအယ် တာဝန်ခံ) ph : +60103859972

သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည် ခင်ဗျား.. အလှူငွေများကို ကျွန်တော်တို့ တပတ်လျှင်
တစ်ကြိမ် (သို့) ရနိုင်သလောက် စုထားပြီး မြန်မာပြည်သို့ ပို့ပေးပါမည်။
ပြည်တွင်း၌ ကျွန်တော်၏ သူငယ်ချင်း တစ်ယောက်မှ စွမ်းဆောင်၍ နေရာ အရောက်
သွားရောက် လှူဒါန်းပေးပါမည်။
လိုအပ်နေသော အလှူဖြစ်သည့် အတွက် မည်သူမဆို ပူပေါင်းပါဝင် လှူဒါန်းနိုင်ပါကြောင်း ထပ်၍ အလှူခံ အသိပေးပါတယ်ခင်ဗျာ။
အားလုံး သဒ္ဒါတအားနည်းများမဆို တက်နိုင်သမျှ ပါဝင်လှူဒါန်းနိုင်မယ်လို့ ယုံကြည်ပါသည်။
လှူဒါန်းမှု အစုစု ကိုလည်း ကျွန်တော်တို့သေချာပြန်လည်းရှင်းလင်း တင်ပြပေးပါမယ်။
ညီကိုမောင်နှမ အားလုံးအမြန်ဆုံး ဝိုင်းဝန်းလှူဒါန်းခြင်းဖြင့် သမိုင်းမှတ်တိုင်တခု ဆိုက်ထူ ကြရအောင်ခင်ဗျာ။

မှတ်ချက်။ ။
အကယ်၍ အများဆန္ဒတွေကိုလည်း တင်ပြဆွေးနွေးဖိုဖိတ်ခေါ်ပါတယ်။အမြန်ဆုံး သဘောထားလေးတွေ ပေးပို့စေလိုပါတယ်ဗျာ။
မလေးမြေ( malaysiammbloggers.blogspot.com)
....................
Forward Mail မှ ဓါတ်ပုံများ






ယခု အခါ ရေရှားပါးမှု ပြဿနာမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်
နေပါသည်။ ထို့အတူပဲ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ ကျေးရွာ
များနှင့် ပဲခူးတိုင်း အတွင်းရှိ ကျေးရွာ အနှံ့အပြား တွင်လည်း အဆိုပါ
ပြဿနာများ ဖြစ်ပေါ် နေပါသည်။ အဓိက အခက်ခဲမှာ သောက်သုံးရေ ဖြစ်သည်။
သောက်သုံးရေ ပြတ်လတ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ ရောဂါဘယတွေ
ထူထပ် များပြား လာနိုင်ပါသည်။ ကြောက်စရာ အကောင်းဆုံးမှာ ဝမ်း ရောဂါ
ဖြစ်သည်။ ဒီ ပို့စ်လေးကို ရေးဖြစ်သွားတာ ကလည်း အဖြစ်ပျက်လေး
တစ်ခုကြောင့်ပါ။

လွန်ခဲ့တဲ့ တစ်လခန့်က ရေအလှူ လာခံသော မိသားစု တစ်စုကြောင့် ဖြစ်သည်။ ပေရေ
ညစ်ပွ နေသော ကလေး နှစ်ယောက်ကို လက်က ဆွဲပြီး မျက်ရည် လည်ရွှဲ နဲ့ ရေဒုက္ခ
ရောက်နေကြောင်းကို ပြောစဉ်က ကျွန်တော် အဲဒီလောက် ထင်မထား မိခဲ့ပေ။
နိုင်သလောက်လေး အလှူငွေ လှူခဲ့ပြီး မေ့မေ့ ပျောက်ပျောက်နှင့် နေလာခဲ့ရာ
တစ်နေ့ ပုံမှန် ရေသန့် ယူနေကြ သောက်ရေသန့် လာပို့သော လူငယ် တစ်ဦးနှင့်
စကား စပ်မိရာမှ ကုလားဝဲ ရွာနှင့် ရွာနီးချုပ်စပ် တို့၏ ဒုက္ခ အစုံစုံကို
ကြားသိ လိုက်ရသည်။ အဆိုပါ သောက်ရေသန့်မှလည်း ပြင်ပ ရောင်းဈေးထက်
လျော့ယူပြီး ရေ လှူချင် သူများကို ကူညီနေ လျက်ရှိရာ နေ့စဉ် ရေသန့်ဗူး
ငါးဆယ် ဝန်းကျင်ကို အားတက် သရော သွားလှူ ဖြစ်နေခဲ့သည်။ နေရာ
အနှံ့အပြားတွင် ဖြစ်နေသော ရေ အခက်ခဲသည် ယခုအခါ သတိပြုစရာ ဖြစ်လာပါပြီ။

ဒါကြောင့် ရေအကျိုး ဆယ်ပါး ဆိုတာ နောက်ထား ရေအသက် တစ် မနက် ဆိုတာကို ပဲ
အဓိက ထားပြီး ကူညီရန် အတွက် နီးစပ် ရာ ရေဒုက္ခ သည် ရွာသို့ ကျွန်တော်
ကွင်းဆင်း ကြည့်ရှုရန် သူငယ်ချင်းများအား တိုင်ပင် လိုက်ရာ ချက်ခြင်းပင်
မိတ်ဆွေ တစ်ဦး မှ သူ့ Taxi ဖြင့် လိုက်ပို့ပေးမည် ဆိုသောကြောင့် အဆင်ပြေ
သွားသည်။ (အဆိုပါ မိတ်ဆွေသည် ရေဒုက္ခ ကို မျက်မြင်ကိုယ်တွေ့ မြင်မိရာမှ
သဒ္ဒါ ပေါက်သွားပြီး ငွေကျပ် ငါး ထောင် လှူဒါန်း သွားပါသည်)

ကျွန်တော် ကွင်းဆင်း ကြည့်မိသော ရွာမှာ သကေတ တိုင်းရင်းသားကျေးရွာမှ
ဆက်သွားလျှင် ယုဇန ဥယျာဉ်မြို့တော် အကျော် ပဲခူးမြစ်လမ်း အဆုံးက ပဲခူး
တံတားကြီး၏ တစ်ဘက် ခြမ်း၌ တည်ရှိသော ကုလားဝဲ ရွာပင်ဖြစ်သည်။ရွာတွင်
အိမ်ခြေ လေးရာ့ ရှစ်ဆယ်ကျော် ရှိပြီး ရွာလူကြီးမှာ ဦးစိန်မောင်ဆင့်
ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း အဆိုပါ ဒုက္ခမျိုးကို မကြုံဖူးပဲ ယခု
နှစ်တွင်မှ အခက်ခဲ ဖြစ်သွားကြောင်း သိရသည်။ ကုလားဝဲ ရွာအထိ
ကားလမ်းပေါက်ပြီး တခြား ရွာနီး ချုပ်ဆက် များသို့ လှည်းလမ်း ကနေ
ထော်လာဂျီနှင့် သွားမှရောက်ကြောင်း အဆိုပါ ရွာများသို့ ကုလားဝဲ အထိ လာလှူ
ထားသော သုံးရေ သောက်ရေ များအား ပြန်လည် ခွဲဝေ ပေးနေကြောင်း သို့သော်လည်း
လုံလောက်မှု မရှိသေးကြောင်း အလှူရှင် များလည်း စဉ်ဆက် မပြက် လာရောက်
လှူဒါန်းလျှက် ရှိကြောင်း သိရှိရသည်။ ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံ
ရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာတို့ ရှိကြပြီး အိမ်ခြေ (300) ဝန်းကျင်ခန့်
ရှိကြသည်။ အဆိုပါ ရွာများတွင် ပိုမို ဒုက္ခ ရောက်နေသည်ပာု ရွာလူကြီးမှ
ရှင်းပြ ပါသည်။ ကုလားဝဲကို အခြေတည်ပြီး ပဲ ပို့ပေးနိုင်သောကြောင့် အခြား
ရွာများမှာ လုံလောက်အောင် မရနိုင်သေးပါ။ အခြားရွာများသို့ပါ ဆင်းပြီး
လှူဒါန်း နိုင်မည် ဆိုလျင် ပိုမို အဆင်ပြေ နိုင်ပါသည်။

လှူစေချင်သူ ၁ ဦး
.........................
ထပ်ဆင့် မေတ္တာရပ်ခံ နှိုးဆော် အပ်ပါသည်

အားလုံးလည်း ဖောက်ပြန် နေတဲ့ ရာသီဥတု၊ အထူးသဖြင့် တစ်နေကုန် နေ့ရောညပါ
တရှိန်းရှိန်း တောက်လောင် နေတဲ့ အပူဒဏ်ကို ခံစားနေရတယ် မဟုတ်ပါလားဗျာ။
စင်္ကာပူမှာ အလုပ်လုပ် နေရတဲ့ ညီအကို မောင်နှမတွေ အနေနဲ့တော့ အပူဒဏ်ကို
နည်းအမျိုးမျိုး သုံးပြီး ရှောင်ရှားလို့ ရနိုင်ပါသေးတယ်။ ရာသီဥတု
ပူလာတာနဲ့ အမျှ ခန္ဓာကိုယ်က ချွေးတပြိုက်ပြိုက် ထွက်ပြီး ကိုယ်တွင်းက
ရေဓါတ်တွေ ဆုံးရှူံးကြရတယ်။ ဒီလို ဆုံးရှူံးသွားတဲ့ ရေဓါတ်ကို ပြင်ပကနေ
ရေ နှင့် အရည် တစ်မျိုးမျိုး သောက်သုံးပေးခြင်း အားဖြင့် ကိုယ့်တွင်း
ရေဓါတ် ခမ်းခြောက်လာမှုနှင့် ခန္ဓာကိုယ် အပူဒဏ် လွန်ကဲနေမှုကို ပြေပျောက်
စေတယ်။

ကဲ..... ကြည့်ကြည့် ကြစမ်းပါ။ အမိမြေက မောင်နှမ သားချင်းတွေ အဘယ်သို့
ရှိပါ့။ တောင်ကပြုန်း၊ တောင်က ဂတုံးနဲ့ ခြစ်ခြစ်တောက် ပူတဲ့နေ။ ဒီလို
ပူပြင်း ခြောက်သွေ့လာတာနဲ့ အမျှ ချောင်း၊ မြောင်း၊ အင်းအိုင်တွေ
ခမ်းခြောက်လာပြီး ရေရရှိဖို့တောင် အခက်အခဲ ဖြစ်နေကြရပါပြီ။ ငါ့တို့တွေ
သူတို့တွေ အတွက် ဘာလုပ် ပေးကြမှာလဲ။ သူတို့ အလိုအပ်ဆုံးက “ရေ“။ ဒီ “ရေ”
စီးစေဖို့.......သူငယ်ချင်း! မင်းတတ်နိုင် သလောက် အလှူငွေလေး
ထည့်ဝင်စေချင်တယ်ကွာ။

ခင်မင်ရင်းနှီးစွာဖြင့်
Lotus Foundation ( Singapore )

အောက်ပါ အဖွဲ့ဝင်များထံ စုံစမ်း လှူဒါန်း နိုင်ပါတယ်။

* ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
* ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
* ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
* ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
* မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

ဒီစာစုလေးကို ဖတ်ကြည့်ပြီး၊ သင် ကိုယ်တိုင်သော် လည်းကောင်း၊ သင့်
သူငယ်ချင်း မိတ်ဆွေ တစ်ဦးဦးသော် လည်းကောင်း၊ ကျွန်ုပ် တို့်အတွက်
အကူအညီ တစ်ခုခု ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့
ထူးခြားတဲ့ အပူပြင်းဆုံး နေရောင်ခြည် အောက်မှာ ကျွန်ုပ်တို့ အားလုံး
အလူးအလဲ ခံစားနေကြ ရပါတယ်၊ ကျွန်ုပ်တို့ အတွက် အရိပ် အာဝါသ ကောင်းကောင်း
ပေးခဲ့ကြတဲ့ သက်ရှည် သစ်ပင်ကြီး များဟာလည်း နာဂစ် အိမ်မက်ဆိုး အောက်မှာ
အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြပါတယ်၊ အခုချိန်မှာ နာဂစ် အဓိက ပစ်မှတ်
ထားခံခဲ့ရတဲ့ ဒေသ တစ်ချို့မှာ သောက်သုံးရေ ရှားပါးခြင်း ဒဏ်ကို ခါးဆီး
ခံနေကြရ ပါတယ်။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်း အနီးရှိ အလယ်ကျွန်း
ကျေးရွာနှင့် ဒီးဒူးကုန်း ကျေးရွာ များမှာ ရေရှားပါးခြင်း ဒဏ်ကို
ခံနေကြရပ်ပြီ။ ရေတစ်ထမ်း ရဖို့ နှစ်မိုင် ခရီးကို နေရောင်ခြည် ပြင်းပြင်း
အောက်မှာ အမောတကော သယ်ယူ နေရပါတယ်။ ခက်ခက်ခဲခဲ ရရှိလာတဲ့ ရေတစ်ထမ်း
ဟာလည်း အငန်ဓါတ် မကင်းနိုင်လို့ သောက်သုံးဖို့ အခက်တွေ့ နေကြပါတယ်။
မိတ်ဆွေတို့ရဲ့ပိုလျှံနေတဲ့ ငွေတစ်ချို့ဟာ လူပေါင်း များစွာရဲ့အသက်ကို
ဆက်ပေးနိုင်မယ့် အခွင့်အရေး ကောင်းပါ။ ဒုက္ခရောက်သူကို ကူညီလေ့ ရှိတာ
မြန်မာ လူမျိုးတို့ရဲ့ ပင်ကို စိတ်ရင်းပါ။ မိတ်ဆွေတို့ရဲ့ ပင်ကို
စိတ်ရင်းကို လှစ်ဟာပြဖို့ အချိန်တန်ပါပြီ။ ကျွန်တော်တို့ အားလုံးက
မိတ်ဆွေတွေရဲ့ ကမ်းလင့်မယ့် လက်တစ်စုံကို မျှော်လင့် နေပါတယ်။
ကျွန်ုပ်တို့ရဲ့ ရေကြည် တစ်ပေါက်နဲ့ ဒုက္ခ ရောက်နေတဲ့ လူပေါင်းများစွာကို
အသက်ဆက် ပေးကြပါစို့လား မိတ်ဆွေ !!!!!!!!!!!!!!!!!!

ဆက်သွယ်ရန် -
ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇)

ရေလှူနိုင်သည့်နေရာ ထပ်မံဖြည့်စွက်ချက်
Delete

Blogger ဒီမိုဝေယံ said...

ပဲခူးဘက်က ရေပြသာနာကို ရေလှူချင်ရင် အခုလိပ်စာကို ဆက်သွယ်နိုင်ပါတယ် လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ဖြစ်ပါတယ် myintayemg@gmail.com
ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေပါသဖြင့် ကူညီလှူဒါန်းလိုပါက 095370101 ကို ဆက်သွယ်ပေးပါ။ (From Comment)

16 May 10, 16:26
ဒီမိုဝေယံ: ပဲခူးဘက်က ရေပြသာနာကို ရေလှူချင်ရင် အခုလိပ်စာကို ဆက်သွယ်နိုင်ပါတယ် လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ဖြစ်ပါတယ် myintayemg@gmail.com ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင်အတွင်းရှိ ကျေးရ
16 May 10, 16:27
ဒီမိုဝေယံ: ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေပါသဖြင့် ကူညီလှူဒါန်းလိုပါက 095370101 ကို ဆက်သွယ်ပေးပါ/ (From C-Box)


လာလည်သူအားလုံး ရေဒါနပြုနိုင်ပြီး ရေအကျိုး ၁၀ ပါးကို လက်တွေ့ခံစားကြရပါစေ။

15 comments:

အခုလေးတင် အဲ့ဒီကိစ္စတွေ တီအိန္ဒြာနဲ့ပြောဖြစ်ကြတယ်.. ရင်ထဲကို နင့်နေတာပါပဲဗျာ....
ကိုယ်တတ်နိုင်သလောက်ကူညီဖို့
ဆုံးဖြတ်ထားပါတယ်။
ဗမာပြည်မှာ ရေရှားပါးမှုကပ်မှ အမြန်ဆုံးကင်းဝေးကြပါစေ။

စုစည်းဖော်ပြပေးထားတဲ့အတွက် ကျေးဇူးပါ.... ရေဒုက္ခက မသေးပါလားဆိုတာ တစ်စုတစည်းတည်း သိသွားရတာပေါ့... ကျေးဇူးပါ.. ၀ိုင်းဝန်းကူညီကြပါစို့...

အစ်မရေ ကျွန်တော်လည်း မိတ်ဆွေတွေကို အကူညီတောင်းခံ ဖို့ အစ်မရဲ့ လင့်လေးကို ကူးယူ ဖော်ပြထားပါတယ်။ နားလည် ခွင့်လွှတ်ပေးပါ ဗျာ
လေးစားစွဖြင့်
လေမိုး

အရမ်းကောင်းတယ် မငယ်နိုင်ရေ. . .
သာဓု. . သာဓု.. ..သာဓု ပါဗျာ...

လာဖတ်သူတွေလည်း ရေသန့်ဘူး တစ်ဘူးမှ ၂၀၀ ကျပ် ထဲပါ။ လှူကြပါဦး။

( အော်သွားတယ်ဗျာ . .)

Please advise the villagers how to stay cool. Especially elderly people and children! Like… put wet the towel/cloth around the neck or head. It really help, I knew this from my experience in the desert.


Thank you for sharing.

အစ်မရေ ပုံတွေရော စာတွေရော တစုတစည်း ထဲနဲ့ ကြည့်သွားပါတယ်။ ကိုယ့်မြေကိုယ့်ရေ မှာ ဒီလိုတွေ ဖြစ်နေတာကို ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်။ အလှူရှင်တွေ များများပေါ်လာပါစေ။ မိုးလည်းရွာပါစေ။

မှတ်ချက်အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း Forward mail တွေရပြီနောက်ပိုင်း ကျွန်မတို့နေထိုင်ရာ ဆစ်ဒနီမှာ ဒီအတွက် အလှူငွေ ကောက်ခံသမား တယောက်မှ မရှိတော့ မြန်မာပြည်ကို တိုက်ရိုက် လှူနိုင်တဲ့ အဆက်အသွယ်ကိုပဲ လိုက်ရှာနေတာ မနေ့ကမှ ဘလော့ဂ်တွေထဲမှာ တွေ့ရပါတယ်။ ကျွန်မဘလော့ဂ်ကို လာလည်နေတဲ့အထဲမှာ မြန်မာအသိုင်းအ၀ိုင်း သိပ်နည်းတဲ့တိုင်းပြည်ကလည်း ပါတော့ သူတို့အထဲက လှူချင်သူတွေ အများကြီးရှိနိုင်ပြီး အလှူငွေ တကူးတက ကောက်ခံနေပေးနေသူ သက်ဆိုင်ရာ နိုင်ငံမှာ ရှိချင်မှ ရှိမယ်။ အလှူငွေကို တာဝန်ယူကောက်ခံနေသူ သီးသန့်မရှိတဲ့ နိုင်ငံတွေမှာ ရောက်နေတဲ့ ရေ လှူချင်သူတွေအတွက် မြန်မာပြည်ကို တိုက်ရိုက်လှူလို့ ရတဲ့တခြားအဆက်အသွယ် နောက်ထပ် ရှိသေးရင် C-Box (သို့) မှတ်ချက်မှာ ထည့်ထားပေးခဲ့စေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မြန်မာပြည်မှာ မိုးလေ၀သ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်ပြီး ဒုက္ခအပေါင်းမှ လွန်မြောက်ပါစေ။

သာဓု...သာဓု...သာဓု။ ရေလှူဒါန်းသူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။ မသိသေးတဲ့သူတွေကိုလည်း လိုက်ပြီးနှိုးဆော်လိုက်ဦးမယ်။

အမငယ် ရေသောက်တိုင်း ရေကို လိုသလောက် မသောက်နိုင်သူတွေကို ကိုယ်ချင်းစာမိပါတယ် ရေလှူဘို့ အမငယ်ရေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပါ့မယ် အမငယ်ရဲ့ ကြိုးစားအားထုတ်မှု အောင်မြင်ပါစေ။

ပဲခူးဘက်က ရေပြသာနာကို ရေလှူချင်ရင် အခုလိပ်စာကို ဆက်သွယ်နိုင်ပါတယ် လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ဖြစ်ပါတယ် myintayemg@gmail.com
ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေပါသဖြင့် ကူညီလှူဒါန်းလိုပါက 095370101 ကို ဆက်သွယ်ပေးပါ

မငယ်နိုင် ကျေးဇူးပါ.... အားလုံးတတ်နိုင်သလောက် လက်တွဲ လုပ်ဆောင်ပေးစေလိုပါတယ်။

ဒီနေ့မနက် မှာတော့ တောင်ကြီးမှာ မိုးတွေ ဖြိုင်ဖြိုင်ရွာလာပြီ...မကြာခင် တစ်နိုင်ငံလုံး ရွာတော့မည်...
သတင်းကောင်းလေးပါ...မြန်မာပြည်သူတွေ အေးချမ်းကြပါစေ

ခင်မင်စွာနှင့်လာလည်သွားပါတယ်။ မြန်မာနိုင်ငံမှာရေပြဿနာမသေးဘူး။ အဝေးကလူတွေလည်းဝိုင်းကူကြတာပေါ့။ မငယ်အစစ အရာရာ အစဉ်ပြေပါစေ။

မငယ်ရေ...ခုလောလောဆယ်..ရေလှူနေရတယ်..
ရေအကျိုး ၁၀ ပါးကိုခုလိုနှိုးဆော်သူတွေလဲ ရပါ့ဗျာ

စိတ်မကောင်းစွာ နဲ့ ပဲ ပုံတွေ ကို ထပ်ကြည့် မိလိုက် ပါတယ် မငယ်နိုင်ရေ ..
ဒီ ပုံ တွေ ကို တာဝန်ရှိတဲ့ သူတွေ ၊ သူတို့ ကိုယ်သူတို့  အစိုးရ လို့  သတ်မှတ်ထားကြတဲ့ သူတွေ လည်း မမြင် ပဲ နေမှာ မဟုတ် ။ မြင်မိ ကြည့်မိကြ မှာ ပါပဲ ။ လူ ကို လူ လို မမြင်တတ် ၊ကိုယ်ချင်းမစာတတ် တဲ့ ဒီလို အုပ်ချုပ်သူများ က ရေ မှန်မှန် မီးမှန်မှန် ပေး မယ် ဆို ပြီး မဲဆွယ် နေကြ ပေမဲ့ ခုလို တကဲ့ အရေးကြုံ လာ တဲ့ အခါကျ ဘာလုပ်နေကြသလည်း . ဘာတွေ စဉ်းစား နေကြသလည်း .. လက်တွေ့  ကျကျ ဘာတွေအကောင် အထည် ဖေါ် ပေးနေကြသလည်းဆို တာ ကို သိချင် မိတယ် ။
ကိုယ်ထူ ကိုယ်ထ ကျင့်သုံးနေရတဲ့ ပြည်သူတွေ ဘဝ .. နာ ပြီး ရင်း နာရင်း နဲ့ ပဲ အဆုံးသတ်ကြရတော့ မလား နော် ။
အီသီယိုးပီးယား ဆိုတာ အရင် က ကိုယ်တွေ နဲ့ အဝေးကြီး လို့ ထင်နေမိတာ ..ခုတော့ ကိုယ့်တိုင်းပြည်လဲ ဒီလိုပဲ ဖြစ်နေပါပြီ ..

တတ်နိုင်သလောက် လှုကြမှာပါ။ မြန်မာပြည်သူတွေ ဒီကပ်ဆိုး မှ အလျင်မမြန် လွတ်မြောက်ပါစေ..။ ;((