မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဘလောဂ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ သူတွေကို ဘယ်လို Ban မလဲ

ကျွန်တော့်လိုပဲ အပြောခံနေရ အဆိုခံနေရတဲ့ သူများ အတွက် တင်ပေးလိုက်တာပါ . ကျွန်တော်တို့ ဘလောဂ်ကို တိုက်ခိုက်တဲ့ လူက နှစ်နည်းနဲ့ တိုက်ခိုက် နိုင်ပါတယ် .
  • (၁) C-box မှာ ရေးခြင်း၊ ဆဲခြင်း
  • (၂) mail ကို add ပြီးတော့ တိုက်ခိုက်ခြင်း၊ ဆဲခြင်း
ကဲ မိတ်ဆွေတို့ကော ကျွန်တော့်လို အဆဲခံရရင် ဘယ်လိုနေမလဲ ?? စဉ်းစားသာကြည့် ရင်ထဲမှာ တနုံ့နုံ့နဲ့ . ကျွန်တော် ဒီနေ့ မထူးဘူးဆိုပြီး လုပ်လိုက်တာပါ . သေသေချာချာစဉ်းစားခဲ့ပြီး ရှာလိုက်တော့ လဒက တစ်ယောက်တည်းဗျ သိလား . နောက်တစ်ခါ လာရေးရင်လဲ ချမ်းသာလို့ ကွန်ပျူတာ 10 လုံးနဲ့ လာရေးလဲ 10 လုံးစလုံးကို ဘန်းမယ်ဗျာ . လာရေးပါ ကြိုဆိုပါတယ် .

IP Address: 115.67.4.182 အသေးစိတ်ကို သိချင်ရင်လဲ ရပါတယ် . နောက်မှ ကျွန်တော်ရေးပေးပါဦးမယ် . mail လိပ်စာသိရုံနဲ့ သူ့ရဲ့ ကိုယ်ရေးဖိုင်တွေကို ဘယ်လို သိနိုင်လဲ ဆိုတာကိုပါ . ဒါကတော့ နောက်ပိုင်းပေါ့ . အခုကတော့ ဘလောဂ်ရှိတဲ့သူတိုင်း ဒီလူကို ဘန်းထားကြဖို့ကိုလဲ ကျွန်တော့် အနေနဲ့ အကြံဉာဏ်များ ပေးလိုပါတယ် . ဘာဖြစ်လို့လဲဆိုရင် ဒီလိုလူမျိုးတွေကို ဒီလိုလုပ်မှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမှာမို့လို့ပါ . နာမည် မျိုးစုံသုံးပြီး တစ်ယောက်တည်းကနေ တိုက်ခိုက်နေတာပါ . တိုက်ခိုက်တဲ့သူက ကို့ဆိုက်ကို ရိုးရိုး လာကြည့်တာ မဟုတ်ပဲ gmail ကနေ မေးလ်ပို့ပြီး တိုက်ခိုက် မလား . ရတယ် gmail ကနေ ip address ကို ရှာပြီး ဘန်းမယ် ၊ cbox ကနေ လာမလား ရတယ် ip ကို ရှာပြီးဘန်းမယ် . ရေးချင်တဲ့ ဖက်ကရေး . ဘန်းလို့ ရပါတယ် . မရေးပဲ အေးဆေးနေရင်တော့ သူဘာမှမလုပ်သလို ကိုလဲ ဘာမှမလုပ်ဘူးလေ . ဟုတ်တယ်ဟုတ် . ကျွန်တော်ကတော့ ဘန်းလိုက်ပါပြီ . ကဲအောက်မှာ blogger.com ကို အသုံးပြုပြီး blog ရေးနေသူများအနေနှင့် ဘယ်လို ဘန်းရမလဲဆိုတာကို ပြောပြပါ့မယ် .. မလုပ်ချင် အခုကိုသုံးနေတဲ့ template ကို backup လုပ်ထားဖို့ မမေ့ပါနဲ့ . ဒါမှ တစ်ခုခုဖြစ်ရင် အရင်အတိုင်း ပြန်ရမှာမို့ပါ ... gmail လိပ်စာကို သိပြီးတော့ ipaddress ကို မသိသူများ ကျွန်တော့်ကို ဘန်းချင်တဲ့သူရဲ့ email လိပ်စာသာ ပို့ပေးလိုက်ပါ . ကျွန်တော် အဲဒီ့လူရဲ့ ip-address ကို ပြန်ပို့ပေးပါ့မယ် ...

Ban နည်း
  • (၁) blogger.com ကို ၀င်လိုက်ပါ .
  • (၂) Layout >> Edit html ကို သွားလိုက်ပါ ..
  • (၃) ctrl + f ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးထဲကို <head> ဆိုတာကို ရှာပါ့မယ် .
  • (၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် <head> ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက် ..

<script type="text/javascript" src="http://code.vietwebguide.com/php/addr.php"></script>



ဒီဇာတ်လမ်းမှာ 115.67.4.182 အဲ့ဒီ့ ip address ကတော့ မင်းသားကို အဲ့ဒီ့တော့ မင်းသား ကိုတော့ မပါမဖြစ် ထည့်ပေးကြဗျာ . ဟုတ်ပြီလား . ကျန်တဲ့သူက ဇာတ်ရံပေါ့ . အဲ့ဒီ့ ကိုရွှေချော ကတော့ ဇာတ်လိုက်ပေါ့ . အပေါ်ကတိုင်းထည့်ဗျာ .. ထည့်ပြီးတာနဲ့ save လိုက် .. အဲ့မယ် စာလုံး အနီနဲ့ ပြထားတာတွေကတော့ ကိုဘန်းချင်တဲ့ ip address ကို ဘန်းထားဖို့ ဖြည့်ရမှာပါ . ဘယ်နှစ်လုံးကို ဘန်းမလဲ နံပါတ်တွေ ထပ်ဖြည့်လို့ ရပါသေးတယ် . မင်းသား ကိုတော့ မမေ့ကြနဲ့နော် မဟုတ်ရင် ဒီဇာတ်ကားက ကြည့်ကောင်းမှာမဟုတ်ဘူး . မင်းသား ကိုသာထည့် ဒီဇာတ်ကား ရုံပြည့် ရုံလျှံ ဖြစ်သွားမယ် .

(ဘလော့ဂ်မှာ လာအစော်ကားခံနေရတဲ့ ဘ၀တူ ဘလော့ဂါများအတွက် ပြန်လည်ကူးယူဖေါ်ပြခြင်း ဖြစ်ပါတယ်။ မူရင်း ပို့စ်ကို ဒီမှာ သွားဖတ်နိုင်ပါတယ်..)

ရွှ့င်လန်းချမ်းမြေ့ကြပါစေ။

11 comments:

(၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက်

ဘာကုတ်မှ ရေးမထားပါလား။
ကုတ်ထည့်ပေးဖို့ မေ့နေပြီ ထင်တယ်။

အခုမှသိတာလား..ဒါလေးများ ကလေးကလား အထာလေးပါကွယ်...

ကုတ်ထည့်မရလို့ ဒီပို့စ်ကို တင်ဖြစ်တော့မှာ မဟုတ်ဘူးလို့ C-Box မှာတောင် စာလာဖတ်တဲ့သူတွေကို ပြောထားသေးတယ်။ မနက်မိုးလင်း ထကြည့်တော့ မောင်လေး ကိုဒီရေက တင်ထားပေးပြီးပြီ။ ကျေးဇူးပဲ ကိုဒီရေ။

Ko Boyz ရေ မေ့လို့မဟုတ်ဘူး ထည့်မရလို့ပါ။ အခုတော့ အဆင်ပြေသွားပြီ။

Anonymous ရေ ဟုတ်တယ် ကျွန်မက အစက C-Box မှာပဲ ဘန်းတတ်တယ် ဘလော့ဂ်ထဲမှာ ၀င်ဘန်းတာ ဒီပို့စ်ကို ဖတ်ပြီးမှ သိတာ အမှန်ပဲ။ ကျွန်မ ဘလော့ဂ်ကို လာနှောင့်ယှက်ပြီး စော်ကားနေတဲ့အထဲမှာ anonymous ပါရင် သတိသာထားတော့။

မငယ်နိုင်

ဘန်းတဲ့အလုပ်ကို လုပ်မဲ့အစား သူဆို့ဆဲခြင်တိုင်းဆဲကြပါစေ .. အချိန်တန်ရင် ရပ်သွားကြမှာပါ... ဘာလို့လဲဆိုတော့ တကယ်တိုက်ခိုက်တဲ့လူတွေဆို အိုင်ပီက အမျိုးမျိုးနဲ့လာမှာပဲအမ ရေ... စိတ်ချမ်းချမ်းသာသာ ဘလော့ဂ် နိုင်ပါစေ ။

ဟန်လင်းထွန်း (Perth)

ကိုဟန်လင်းထွန်း

အကြံပြုတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မဘလော့ဂ်က မဘန်းလို့မရဘူး။ မဘန်းရင် အင်မတန်မှ ကျက်သရေတုံးတဲ့ အမှိုက်ပုံ၊ ဖါရုံ၊ သွေးသံတရွဲရွဲ စီးချင်းထိုးရာ နေရာဖြစ်အောင် လုပ်နေကြလို့ လာလည်နေကျ ဘ လောဂ်မိတ်ဆွေတွေနဲ့ ကောင်းကောင်းမွန်မွန် စာလာဖတ်သူတွေ ဘယ်တော့မှ မလာချင်လောက်အောင် ဖန်တီးနေသူတွေက ရှိနေပါတယ်။ အစက မဘန်းဘူး ကောင်းကောင်းမွန်မွန် ပြောပြဆိုပြ ရှင်းလင်းပြပါတယ်။ သဘောထားမတိုက်ဆိုင်တာကို ယဉ်ကျေးကျေးဆွေးနွေးဖို့ နောက်တော့ ပိုဆိုးလာတယ်။ ကျွန်မဘလော့ဂ်ကို ကျက်သရေတုံးတာတွေ တမိနှစ်မှ မရှိနေစေချင်လို့ နောက်ဆုံးတော့ အပြန်အလှန် လေးစားမှု ဘာမှ မရှိတာတွေအားလုံးကို ဘာမှ ပြောမနေ သတိပေးမနေတော့ဘူး ဘန်းပစ်လိုက်မှ နားအေးသွားတယ်။ အခုတော့ ဘလော့ဂ်မှာ ရေးမရတော့ တခြားဘလော့ဂ်တွေမှာ ကျွန်မနာမည်နဲ့ လိုက်ရေးနေတာလည်း တခါတခါတွေ့ရတယ်။

ကျွန်မကို အကြံပေးသူတွေ အထဲမှာ C-Box ကို ပိတ်ဖို့အကြံပေးသူ ရှိသလို မပိတ်ဖို့ အကြံပေးသူလည်း ရှိကြပါတယ်။ ကျွန်မက C -Box ကို ပိတ်လိုက်ရင် ပထမတချက် သူတို့ဖြစ်ချင်တဲ့ အကွက်ထဲဝင်သွားလို့ သူတို့ကို အရှုံးပေးလိုက်ရာ ကျမယ်၊ ဒုတိယအချက် ကျွန်မကိုယ်တိုင်က C-Box မရှိတဲ့ ဘလော့ဂ်ကို အိမ်ရှင်မရှိတဲ့ အိမ်လိုပဲ ခံစားရလို့ မပိတ်ဖို့ ဆုံးဖြတ်ပါတယ်။ လာစော်ကားရင် ဘန်းတယ်။ မဘန်းဘဲထားရင် ဘလော့ဂ်ကို ဘယ်သူမှ အနားကပ်လို့ဝံ့စရာ ရှိမှာမဟုတ်ဘူး။ ကျွန်မဘလော့ဂ်မှာ လူတွေလာပြီး ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံ ဆွေးနွေးနေတာကို ကြည့်ပြီး အိပ်မပျော်စားမ၀င် ဖြစ်နေတဲ့သူတွေက အမြဲတမ်း အလစ်ချောင်းပြီး လစ်ရင်လစ်သလို IP အတုတွေနဲ့ ၀င်ဝင်လာပါတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာ ဒီလို ပြောချင်ရာပြော ဆဲချင်ရာဆဲပြီး ဘယ်လိုချောက်တွန်းလိုက်မယ် ဘယ်လိုအသာစီးနဲ့ ပြောလိုက်မယ် ဆိုပြီး တိုက်ခိုက်စော်ကားတာကို ဆိုလိုတယ်လို့ သူတို့ကို Educate လုပ်ထားသူတွေက ရှိနေတာကိုး။ နောက်ပိုင်းတော့ IP တုတုစစ်စစ် စော်ကားတဲ့ လေသံနဲ့ လာသူတွေကို အကုန်ပိတ်လို့ အခု နည်းနည်းကျဲနေတာ ဖြစ်တယ်။ အခု ကိုဟန်လင်းထွန်းလာတဲ့အချိန်မှာ ကျက်သရေတုံးတာ ဘာမှ မတွေ့ရတာဟာ ကျွန်မ ဘန်းထားလို့သာဖြစ်တယ်။ လာလည်တာ ကျေးဇူးတင်ပါတယ်၊ နောက်လည်း လာလည်ဖို့ဖိတ်ခေါ်ပါတယ်။

ကျေးဇူးတင်လိုက်တာ မငယ်ရေ ...

ကျေးဇူးပါပဲ မငယ်နိုင်။
ကျနော်လည်း နေ့တိုင်း အပြောခံနေရတာပါပဲ။
ဒါပေမဲ့ မလုပ်ရက်ပါဘူးဗျာ။
သူတို့က ဖတ်တာကတော့ ပြီးအောင် ဖတ်တယ်နော်။
နောက်ဆုံးမှ ဥပမာ - ဝစ္စနှစ်လုံးပေါက် ကျန်တာ ၊ ဒါမျိုးတွေနဲ့ မရရအောင် ပြောသွားတာ။
ဘာပဲ ပြောပြော အမကို ကျေးဇူးတင်ပါတယ်။

အခုလည်း ဘလော့က ခွေးချေးပုံဖြစ်နေပါပြီ...အနံ့တောင်ထွက်နေပြီ မေတ္တာရေပတ်ဖြန်းပြီးဆေးကြောလိုက်ပါဦး ...

အော်ဂလီဆန်သူ

အော်ဂလီဆန်ရင်လည်း လွယ်လွယ်လေးပဲ လာမပတ်သက်နဲ့ပေါ့။ မနေနိုင်မထိုင်နိုင်၊ လာပတ်သက်နေပြီး ဒီဘလော့ဂ်ကို မလာရရင် မနေနိုင်ဘဲနဲ့ အော်ဂလီဆန်တယ်လို့ ပြောတာ ယုံလို့ရမလား။ အော်ဂလီဆန်ရင် ဝေးဝေးနေပါ။

3 Jun 10, 07:46
ကိုဇော်: ပျော်ရွှင်ပါစေ. .
3 Jun 10, 07:46
ကိုဇော်: ကျေးဇူးပဲ အမရေ
3 Jun 10, 07:46
ကိုဇော်: သြော်.. . အပေါ်က စာလိုမျိုး ကျနော်လည်း ဒီနေ့ပဲ ရေးလိုက်ရပြီဗျာ. . (C-Box မှ)

နေ့လည်က Break Time မှာ ဘလော့ဂ်ကို တချက်လာကြည့်တော့ ကောင်းကောင်းမွန်မွန် Appreciate လုပ်ထားခဲ့ ကိုဇော်နဲ့ အိအိချောကို ဘာမှ မတုံ့ပြန်ဖြစ်ဘဲ ကိုယ့်နာမည် ကိုယ်မဖေါ်ရဲတဲ့ သူရဲဘောကြောင်သူ လာစော်ကားသူကိုပဲ တုံ့ပြန်ဖြစ်ခဲ့တာ ဆောရီးနော့်။

ကိုဇော်ရေ အဲဒါ အစပဲ ရှိသေးတယ်။ ဘလော့ဂ်တခုကို လူလာများလာပြီဆိုတာနဲ့ သ၀န်တိုပြီး စားမ၀င် အိပ်မပျော် တချိန်လုံး လိုက်ဖျက်ဆီးနေတတ်တဲ့ ရှေးဘ၀၀ဋ်ကြွေး ပါလာသူတွေ ဘလော့ဂ်လောကမှာ အများကြီး ရှိနေပါတယ်။ ကိုဇော်ဘလော့ဂ်မှာက လူကြိုက်များလာလို့ သ၀န်တိုခံရတာပဲ ရှိမယ်။ အစ်မဆီမှာတော့ ဘ၀ဖြတ်သန်းမှုကို အဓိကရေးတော့ အဲဒီထဲမှာ ပါနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြဿနာရှာချင်သူတွေရဲ့ နှောင့်ယှက်တာကိုပါ ကောင်းကောင်း ခံရတော့ ပိုဆိုးပါတယ်။ ဒါပေမဲ့ ခံနိုင်ရည် ရှိသွားပါပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ လာရေးရင် ဘန်းလို့ရပေမဲ့ သူများဘလော့ဂ်မှာ ကိုယ့်နာမည်နဲ့ လိုက်ရေးနေတာကိုတော့ လာလည်တဲ့ သူတွေ ရှင်းရှင်းလင်းလင်း သိရအောင် C-Box အပေါ်မှာ အခုလိုရေးပြီး အသိပေးတဲ့ နည်းပဲ ရှိပါတယ်။ ကိုဇော်လည်း အဲဒီ Link ကတဆင့် ရောက်လာသူတွေ သိအောင် အခုလို ရေးထားတာ ကောင်းပါတယ်။

ဝေမျှပေးတဲ့အတွက် ကျေးဇူးပါပဲ ခင်ဗျာ။ နောက်နောင် အသုံးပြုဖို့ လိုတဲ့အခါမှာ ပြန်ရှာပြီး သုံးလိုက်ပါမယ်။