7 July ဆိုတာ အရင်က တခါမှ မကြားဖူးလို့ 7 July အကြောင်းကိုလည်း ဘာဆိုဘာမှ မသိခဲ့ဘူး။ ကျွန်မ လူမဖြစ်ခင် ဆယ်စုနှစ်တခုစာနီးပါးခန့်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဆိုပေမဲ့ ဒီနေ့အကြောင်းကို စသိလိုက်ရတဲ့နေ့ကစပြီး ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဒီနေ့မှာ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ တယောက်လို ကျွန်မ ခံစားရပါတယ်။ ၁၉၈၈ ကျွန်မ ဆယ်ကျော်သက်အရွယ် ဆယ်တန်းတက်နေချိန် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့အတွက် ကျောင်းစာကလွဲပြီး တခြား ဘာကိုမှစိတ်မ၀င်စားပဲ စာကိုပဲ တကုတ်ကုတ် ကြိုစားနေတဲ့အချိန်၊ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်လို့ ဖြစ်မှန်းမသိ စိတ်ဝင်စားရကောင်းမှန်းလည်း မသိတဲ့အချိန်မှာ မမျှော်လင့်ဘဲ ကျွန်မ စာတစောင်ကို ကိုဖတ်ရပါတယ်။ အရှေ့တောင်အာရှ စပါးကျီနိုင်ငံတခု အဖြစ်ကနေ တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ဖြစ်စေတဲ့အထိ ဆိုးရွားစေခဲ့တဲ့ ၂၆ နှစ်ကြာ တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို အဆုံးသတ်ဖို့ တာဝန်ဟာ ငါတို့ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပါပြီဆိုတာနဲ့ အစချီရေးထားတဲ့ အဲဒီအချိန်က ဗကသ ဥက္ကဌ ကိုမင်းကိုနိုင် လက်ရေးနဲ့ ဖြန့်ဝေခဲ့တဲ့ လက်ကမ်းစာထဲမှာ 7 July ဆိုတာ စတွေ့ဖူး ကြားဖူးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင် ဦးနေ၀င်းက တိုင်းပြည်ချောက်ထဲကျမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီမိုကရေစီအစိုးရဆီကနေ အာဏာဓါးမြတိုက်ယူ လိုက်တဲ့အချိန်မှာ ပထမဦးဆုံး စတင်တော်လှန်ခဲ့သူတွေက ကျောင်းသားတွေ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဦးန၀င်းဟာ အခု ၂၀၁၀ ဖွဲ့စည်းပုံကို ဦးသန်းရွှေတို့ လုပ်သလိုပဲ ၇၄ ဥပဒေကို သူ့သဘောနဲ့သူရေးဆွဲပြီး သူ့သဘာနဲ့သူ အတည်ပြုကာ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်လို့ လိမ်ပြီး တပါတီအာဏာရှင်စနစ်နဲ့ ကိုယ်ကျိုးရှာလိုက်တာ၂၆ နှစ်အကြာမှာ တိုင်းပြည်က ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ 7 July မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက စတင်ဆန့်ကျင်လို့ ကျောင်းသားမြောက်များစွာကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လာတဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦးကြီးကိုလည်း ဖေါက်ခွဲပစ်လိုက်တယ်ဆိုတာ အရင်က တခါမှ မကြားဖူးတာတွေကို ၈၈ သြဂုတ်လမှာမှ ကျွန်မ ကြားသိလိုက်ရပါတယ်။ 7 July ဆိုတာ အာဏာရှင်စနစ်ကို ပထဦးဆုံး စတင်တော်လှန်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲရဲ့ မြစ်ဖျားခံတဲ့နေ့ တနည်းအားဖြင့် ဒီမိုကရေစီတော်လှန်ရေးကို စတင်တဲ့နေ့လို့ ဆိုနိုင်ပါတယ်။ 7 July အကြောင်းကို စသိခဲ့တဲ့ နေ့ကစပြီး မြန်မာပြည်က စာသင်ခန်းကို ကျွန်မ စွန့်ခဲ့ပြီး စာသင်ခန်းထဲ ပြန်မရောက်တော့တာ အခုထိပါပဲ။
7 July ကို မမေ့ကြနဲ့လို့ သွေးနဲ့ရေးပြီး အသက်စတေးသွားတဲ့ သူရဲကောင်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ 7 July မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကျွန်မမီလိုက်တဲ့ သမိုင်းတွေကို သိတဲ့သူတွေ တင်ထားတဲ့နေရာက ပြန်ကူးပြီး စုစည်းတင်ပြထားပါတယ်။ လာပေးထားတဲ့ မှတ်ချက်တွထဲမှာလည်း 7, July 1962 တုန်းက အဖြစ်အပျက်တွေကို Link အတိအကျနဲ့ လာထည့်ပေးထားသူတွေ ရှိတဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ Comment ထဲမှာပါ ဖတ်ရှုနိုင်ပါတယ်။ (ကျောင်းသားသမဂ္ဂ အဆောက်ဦး ပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်။)
7 July ကို မမေ့ကြနဲ့လို့ သွေးနဲ့ရေးပြီး အသက်စတေးသွားတဲ့ သူရဲကောင်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ 7 July မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကျွန်မမီလိုက်တဲ့ သမိုင်းတွေကို သိတဲ့သူတွေ တင်ထားတဲ့နေရာက ပြန်ကူးပြီး စုစည်းတင်ပြထားပါတယ်။ လာပေးထားတဲ့ မှတ်ချက်တွထဲမှာလည်း 7, July 1962 တုန်းက အဖြစ်အပျက်တွေကို Link အတိအကျနဲ့ လာထည့်ပေးထားသူတွေ ရှိတဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ Comment ထဲမှာပါ ဖတ်ရှုနိုင်ပါတယ်။ (ကျောင်းသားသမဂ္ဂ အဆောက်ဦး ပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်။)
ကိုလူထွေးရဲ့ သွေးထွက်သံယို ဘလော့ဂါ စစ်ဆင်ရေးမှ ကူးယူဖေါ်ပြချက်
ပဏာမ
ဤ "ဇူလိုင် သမိုင်းဝင် ပြကွက် ဓာတ်ပုံများ" ကို ထုတ်ဖော် တင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ကျွန်ုပ်တို့ ကျောင်းသားထု၏ အခွင့်အရေး တိုက်ပွဲတွင် တတပ်တအား အနေဖြင့် သမိုင်းဝင် ပစ္စည်းတရပ်ကို ထုတ်ဖော် တင်ပြခြင်းမျှသာ ဖြစ်ပါသည်။
ဤစာအုပ်တွင် ပါဝင်သည့် ဇူလိုင် သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများသည် ယုတ်မာရက်စက်မှု၏ တစိတ်တပိုင်းမျှသာ ဖြစ်ပါသည်။
ဇူလိုင် (၇) နေ့ ရက်စက်မှုကြီးကြောင့် တိုင်းပြည်နှင့် ကမ္ဘာအဝှမ်း မိဘ ပြည်သူ လူထုတရပ်လုံးမှာ စိတ်ဝမ်းမကြည်မသာ ဖြစ်ခဲ့ကြရပါသည်၊ မည်သို့မျှ ဖျောက်ဖျက် ရနိုင်တော့မည် မဟုတ်သည့် တော်လှန်ရေးအမည်ခံ လူသတ်အစိုးရ၏ မဟာအမှားကြီးပင် ဖြစ်ပေသည်။
ဤ တော်လှန်ရေး အမည်ခံ စစ်အစိုးရသည် အမှားပေါ်အမှား ဆင့်၍ ကျူးလွန်သည်ထက် ကျူးလွန်နေချေပြီ။ ကျဆုံးနေသော ကျွန်ုပ်တို့၏ ကျောင်းသား အခွင့်အရေးများ အတွက် ဆက်လက်တိုက်ပွဲ ဝင်ရန်မှာ ကျောင်းသား ရဲဘော် အပေါင်း၏ အဓိက တာဝန် ဖြစ်ပေသည်။ ကျဆုံးရှာလေသူ ကျောင်းသား ရဲဘော်များကို သစ္စာရှိသော အားဖြင့် ညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင်ကြရန် နှိုးဆော်လိုက်ရပေသည်။
အောက်တိုဘာ တလ ပိတ်ခြင်းသည် ညီညွတ်မှု၏ သရုပ်ပြ အောင်ပွဲပင် ဖြစ်သည်။ ကျောင်းသားကျောင်းသူတိုင်း သွေးစည်း ညီညွတ်ရမည်။ ကျွန်ုပ်တို့ သထုံဆောင် အနေဖြင့် ပါတီနိုင်ငံရေး မစွက်ဖက်သော ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် ကျောင်းသားအရေးကို ရဲရဲဝန့်ဝန့် ကျောင်းသားထုနှင့်အတူ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အလေးအနက် တင်ပြ အစီရင် ခံပါသည်။
ကျဆုံးသူ အပေါင်းအား ဦးညွှတ်ပါ၏။
အောင်ပွဲခံ တိုက်ပွဲသို့
အမှုဆောင်အဖွဲ့
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန်တက္ကသိုလ်
ပဏာမ
ဤ "ဇူလိုင် သမိုင်းဝင် ပြကွက် ဓာတ်ပုံများ" ကို ထုတ်ဖော် တင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ကျွန်ုပ်တို့ ကျောင်းသားထု၏ အခွင့်အရေး တိုက်ပွဲတွင် တတပ်တအား အနေဖြင့် သမိုင်းဝင် ပစ္စည်းတရပ်ကို ထုတ်ဖော် တင်ပြခြင်းမျှသာ ဖြစ်ပါသည်။
ဤစာအုပ်တွင် ပါဝင်သည့် ဇူလိုင် သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများသည် ယုတ်မာရက်စက်မှု၏ တစိတ်တပိုင်းမျှသာ ဖြစ်ပါသည်။
ဇူလိုင် (၇) နေ့ ရက်စက်မှုကြီးကြောင့် တိုင်းပြည်နှင့် ကမ္ဘာအဝှမ်း မိဘ ပြည်သူ လူထုတရပ်လုံးမှာ စိတ်ဝမ်းမကြည်မသာ ဖြစ်ခဲ့ကြရပါသည်၊ မည်သို့မျှ ဖျောက်ဖျက် ရနိုင်တော့မည် မဟုတ်သည့် တော်လှန်ရေးအမည်ခံ လူသတ်အစိုးရ၏ မဟာအမှားကြီးပင် ဖြစ်ပေသည်။
ဤ တော်လှန်ရေး အမည်ခံ စစ်အစိုးရသည် အမှားပေါ်အမှား ဆင့်၍ ကျူးလွန်သည်ထက် ကျူးလွန်နေချေပြီ။ ကျဆုံးနေသော ကျွန်ုပ်တို့၏ ကျောင်းသား အခွင့်အရေးများ အတွက် ဆက်လက်တိုက်ပွဲ ဝင်ရန်မှာ ကျောင်းသား ရဲဘော် အပေါင်း၏ အဓိက တာဝန် ဖြစ်ပေသည်။ ကျဆုံးရှာလေသူ ကျောင်းသား ရဲဘော်များကို သစ္စာရှိသော အားဖြင့် ညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင်ကြရန် နှိုးဆော်လိုက်ရပေသည်။
အောက်တိုဘာ တလ ပိတ်ခြင်းသည် ညီညွတ်မှု၏ သရုပ်ပြ အောင်ပွဲပင် ဖြစ်သည်။ ကျောင်းသားကျောင်းသူတိုင်း သွေးစည်း ညီညွတ်ရမည်။ ကျွန်ုပ်တို့ သထုံဆောင် အနေဖြင့် ပါတီနိုင်ငံရေး မစွက်ဖက်သော ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် ကျောင်းသားအရေးကို ရဲရဲဝန့်ဝန့် ကျောင်းသားထုနှင့်အတူ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အလေးအနက် တင်ပြ အစီရင် ခံပါသည်။
ကျဆုံးသူ အပေါင်းအား ဦးညွှတ်ပါ၏။
အောင်ပွဲခံ တိုက်ပွဲသို့
အမှုဆောင်အဖွဲ့
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန်တက္ကသိုလ်
အဖွင့်သစ္စာ
တမလွန်ပြောင်း သွေးနီချောင်း၏
ဖြစ်ကြောင်းကုန်စင်
ရေးတော်အင်ကို
တမလွန်ပြောင်း သွေးနီချောင်း၏
ဖြစ်ကြောင်းကုန်စင်
ရေးတော်အင်ကို
တင်သည်ကမ္ဗည်း တည်းသည်စာမူ
ထူသည်ကျောက်တိုင်
ဇွဲခိုင်ခိုင်တည်
ထူသည်ကျောက်တိုင်
ဇွဲခိုင်ခိုင်တည်
ဇူလိုင်ကြေးမုံ
ပြကွက်စုံသည်
ရင်အုံ အိုးထိန်း စက်သို့တည်း။ ။
ကြည်ဝင်း (ပခုက္ကူ)
ဥက္ကဌ
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန် တက္ကသိုလ်
-၇-၆၂ နေ့ နေ့လည် ၂ နာရီအချိန်တွင် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများကို တ-က-သ မှ ဦးဆောင်၍ ဤသို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်
၇-၇-၆၂ ဘွဲ့နှင်းသဘင်မှ အဓိပတိ လမ်းမအတိုင်း တက္ကသိုလ်ဝန်းအတွင် ဤသို့ အေးအေးချမ်းချမ်း ဆန္ဒပြကြသည်
၇-၇-၆၂ အေးချမ်းစွာ ဆန္ဒပြနေသူများကို ဤသို့ နံပါတ်တုတ် ကိုင်ရဲသားများနှင့် မတရား နှိပ်ကွပ်သည်။ ဦးဆောင်သူ တ-က-သ မှ ရဲဘော်ကျောင်းသားအများကိုလည်း ဖမ်းဆီး သွားကြသေးသည်။
၇-၇-၆၂ မျက်ရည်ယို ဗုံးများကို သုံး၍ အကြမ်းဖက် နှိမ်နင်းသည်အထိ ယုတ်မာ ရိုင်းစိုင်းလာကြသည်။ အဓိပတိလမ်း ရေတမာတန်းအောက်ဝယ် ဤသို့ နေရာယူ တပ်ဆွဲလျက် ပစ်ကြခတ်ကြသည်။
၇-၇-၆၂ အဓိပတိဘက်မှ ကျောင်းသာထု မခံနိုင်၍ ခဲနှင့်ပေါက်ကာ ပုလိပ်များနှင့် ရုံးရင်းဆန်ခတ် ဖြစ်ကြရတော့သည်။
၇-၇-၆၂ နေ့က မန္တလေးဆောင်ဘက်မှ ကျောင်းသားထုကလည်း မခံနိုင်လွန်း၍ ဤသို့ လက်သီးလက်မောင်းတန်းကာ ဆန္ဒပြကြသည်။
၇-၇-၆၂ နေ့က လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထုကို ရန်သူ့နယ်မြေသဖွယ် စစ်သားများ ဤသို့ ဝိုင်းဝန်း ပစ်ခတ်ကြသည်။
၈-၇-၆၂ နေ့က ကျဆုံးရှာလေသူ ရဲဘော်အချို့မှာ ဤသို့ တိတ်တဆိတ် သုဿာန်ပို့ မြေမြုပ် သဂြိုဟ် ခံခဲ့ရရှာလေသည်။ တက္ကသိုလ် ကျောင်းတော်ကြီးကိုလည်း ရက်အကန်းအသတ်မရှိ ပိတ်လိုက်ကြသည်။
၂၁-၁၁-၆၂ တက္ကသိုလ်ကြီးကို ရက်ပေါင်း ၄၁ ကျော် ပိတ်ပြီး ကျောင်းပြန်အဖွင့်၊ ၂၁-၁၁-၆၂ အမျိုးသားနေ့တွင် ကျောင်းသားထု ဆန္ဒပြမည်ကိုသိ၍၊ စစ်ဗိုလ်ကြီးများ၏ အမိန့်ဖြင့် ဆရာများက စတုဒီသာ ကျွေးမွေးကျင်းပသည်။ ကျောင်းသားထုက "အမျိုးသားနေ့နဲ့ စတုဒီသာ ရီစရာဗျာ ဘာလုပ်တာလဲ" ဟူသည့် ဒိုးပတ်သံချပ်များဖြင့် တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ဆန္ဒပြကြသည်။
၂၁-၁၂-၆၂ ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများအတွက် ၇-၁၂-၆၂ နေ့၊ ၅ လမြောက် ၇ ဇူလိုင်ညတွင် အဆောင်မှထွက်၍ ဆန္ဒပြကြပြီးနောက် ၂၀-၁၂-၆၂ အောင်ကျော်နေ့တွင် ဤသို့ခန်းနားကြီးကျယ်စွာ စည်းစည်းလုံးလုံးစုဝေး၍ အောင်ကျော်နေ့ အခန်းအနားကို စုပေါင်းကျင်းပကြသည်။
၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။
၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။
၈-၇-၆၂နေ့က ကျောင်းသားထုတရာကျော်အောင် သတ်ရုံဖြင့် အားမရနိုင်သေးဘဲ... ကျောင်းသားထု မှီခိုအားထားရာ ဗမာ့မော်ကွန်းဝင် မိခင် တ-က-သ အဆောက်အဦကြီးကို ၈-၇-၆၂ နံနက် ၆ နာရီတွင် ယမ်းဗုံးများဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်လိုက်ကြသည်။ အောင်ကျော် ကျောက်တိုင်မှာ မျက်နှာငယ်စွာ အထည်းကျန် ရပ်တည်ခဲ့ရရှာသည်။
နောက်ဆုံး ဆန္ဒ
ငါ့ရင်ဝတွင် ကြည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ...
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲ ဝင်ကြပါ...
ဝင်းမြင့်ထွန်း (ရန်ကုန် တက္ကသိုလ်)
မြတ်လေးငုံ ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်
ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။
ခံစားမှု (၂)။
လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။
ခံစားမှု (၃)။
သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။
ခံစားမှု (၄)။
ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။
(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
ကိုအောင်နိုင်ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်
from Maya Magazine by Maung Aye Win
ပြကွက်စုံသည်
ရင်အုံ အိုးထိန်း စက်သို့တည်း။ ။
ကြည်ဝင်း (ပခုက္ကူ)
ဥက္ကဌ
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန် တက္ကသိုလ်
-၇-၆၂ နေ့ နေ့လည် ၂ နာရီအချိန်တွင် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများကို တ-က-သ မှ ဦးဆောင်၍ ဤသို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်
၇-၇-၆၂ ဘွဲ့နှင်းသဘင်မှ အဓိပတိ လမ်းမအတိုင်း တက္ကသိုလ်ဝန်းအတွင် ဤသို့ အေးအေးချမ်းချမ်း ဆန္ဒပြကြသည်
၇-၇-၆၂ အေးချမ်းစွာ ဆန္ဒပြနေသူများကို ဤသို့ နံပါတ်တုတ် ကိုင်ရဲသားများနှင့် မတရား နှိပ်ကွပ်သည်။ ဦးဆောင်သူ တ-က-သ မှ ရဲဘော်ကျောင်းသားအများကိုလည်း ဖမ်းဆီး သွားကြသေးသည်။
၇-၇-၆၂ မျက်ရည်ယို ဗုံးများကို သုံး၍ အကြမ်းဖက် နှိမ်နင်းသည်အထိ ယုတ်မာ ရိုင်းစိုင်းလာကြသည်။ အဓိပတိလမ်း ရေတမာတန်းအောက်ဝယ် ဤသို့ နေရာယူ တပ်ဆွဲလျက် ပစ်ကြခတ်ကြသည်။
၇-၇-၆၂ အဓိပတိဘက်မှ ကျောင်းသာထု မခံနိုင်၍ ခဲနှင့်ပေါက်ကာ ပုလိပ်များနှင့် ရုံးရင်းဆန်ခတ် ဖြစ်ကြရတော့သည်။
၇-၇-၆၂ နေ့က မန္တလေးဆောင်ဘက်မှ ကျောင်းသားထုကလည်း မခံနိုင်လွန်း၍ ဤသို့ လက်သီးလက်မောင်းတန်းကာ ဆန္ဒပြကြသည်။
၇-၇-၆၂ နေ့က လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထုကို ရန်သူ့နယ်မြေသဖွယ် စစ်သားများ ဤသို့ ဝိုင်းဝန်း ပစ်ခတ်ကြသည်။
၈-၇-၆၂ နေ့က ကျဆုံးရှာလေသူ ရဲဘော်အချို့မှာ ဤသို့ တိတ်တဆိတ် သုဿာန်ပို့ မြေမြုပ် သဂြိုဟ် ခံခဲ့ရရှာလေသည်။ တက္ကသိုလ် ကျောင်းတော်ကြီးကိုလည်း ရက်အကန်းအသတ်မရှိ ပိတ်လိုက်ကြသည်။
၂၁-၁၁-၆၂ တက္ကသိုလ်ကြီးကို ရက်ပေါင်း ၄၁ ကျော် ပိတ်ပြီး ကျောင်းပြန်အဖွင့်၊ ၂၁-၁၁-၆၂ အမျိုးသားနေ့တွင် ကျောင်းသားထု ဆန္ဒပြမည်ကိုသိ၍၊ စစ်ဗိုလ်ကြီးများ၏ အမိန့်ဖြင့် ဆရာများက စတုဒီသာ ကျွေးမွေးကျင်းပသည်။ ကျောင်းသားထုက "အမျိုးသားနေ့နဲ့ စတုဒီသာ ရီစရာဗျာ ဘာလုပ်တာလဲ" ဟူသည့် ဒိုးပတ်သံချပ်များဖြင့် တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ဆန္ဒပြကြသည်။
၂၁-၁၂-၆၂ ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများအတွက် ၇-၁၂-၆၂ နေ့၊ ၅ လမြောက် ၇ ဇူလိုင်ညတွင် အဆောင်မှထွက်၍ ဆန္ဒပြကြပြီးနောက် ၂၀-၁၂-၆၂ အောင်ကျော်နေ့တွင် ဤသို့ခန်းနားကြီးကျယ်စွာ စည်းစည်းလုံးလုံးစုဝေး၍ အောင်ကျော်နေ့ အခန်းအနားကို စုပေါင်းကျင်းပကြသည်။
၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။
၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။
၈-၇-၆၂နေ့က ကျောင်းသားထုတရာကျော်အောင် သတ်ရုံဖြင့် အားမရနိုင်သေးဘဲ... ကျောင်းသားထု မှီခိုအားထားရာ ဗမာ့မော်ကွန်းဝင် မိခင် တ-က-သ အဆောက်အဦကြီးကို ၈-၇-၆၂ နံနက် ၆ နာရီတွင် ယမ်းဗုံးများဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်လိုက်ကြသည်။ အောင်ကျော် ကျောက်တိုင်မှာ မျက်နှာငယ်စွာ အထည်းကျန် ရပ်တည်ခဲ့ရရှာသည်။
နောက်ဆုံး ဆန္ဒ
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ...
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲ ဝင်ကြပါ...
ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။
ခံစားမှု (၂)။
လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။
ခံစားမှု (၃)။
သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။
ခံစားမှု (၄)။
ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။
(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
ကိုအောင်နိုင်ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်
from Maya Magazine by Maung Aye Win
[(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'အောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။]
......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]
.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။
ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။
"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"
"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။
"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"
ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။
မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။
"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"
မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။
"ဟေ့ မိန်းမရှာတွေလားကွ"
ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"
ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။
"ထွက်ဟေ့၊ ထွက်ဟေ့"
ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။
"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။
"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။
"ဟေး"
တံခါးကြီး လန်သွားပေပြီ။
"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"
"ဟေး"
ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။
"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"
သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။
"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"
မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။
"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"
ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။
"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ
"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"
ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။
"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"
ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။
(စာမျက်နှာ ၂၆၀- ၂၆၄)။
"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"
မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"
"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"
"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။
"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"
"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"
မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။
ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။ တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။
ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။
အော် သွေးဆူနေကြချိန်တကား။ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။
ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။ မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။
"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"
ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။ မကြာလိုက်ပါ။ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။
သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။ ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။ တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။ ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။ နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။
"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ" "လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။
"ဟင်"
တကသ အဆောက်အဦးကြီး မရှိတော့ပြီ။
ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။
"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"
ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။
ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"
ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။
(စာမျက်နှာ ၂၇၀- ၂၇၇)အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။
(12/07/10 11:52 မှာ တင်ခဲ့တဲ့ပို့စ်ကို ဒီနှစ် 7 July အမှတ်တရပို့စ်သီးသန့် မတင်နိုင်လို့ အပေါ်ခဏ ပြန်ဆွဲတင်ထားပါတယ်။)
......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]
.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။
ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။
"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"
"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။
"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"
ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။
မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။
"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"
မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။
"ဟေ့ မိန်းမရှာတွေလားကွ"
ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"
ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။
"ထွက်ဟေ့၊ ထွက်ဟေ့"
ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။
"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။
"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။
"ဟေး"
တံခါးကြီး လန်သွားပေပြီ။
"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"
"ဟေး"
ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။
"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"
သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။
"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"
မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။
"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"
ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။
"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ
"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"
ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။
"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"
ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။
(စာမျက်နှာ ၂၆၀- ၂၆၄)။
"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"
မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"
"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"
"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။
"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"
"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"
မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။
ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။ တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။
ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။
အော် သွေးဆူနေကြချိန်တကား။ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။
ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။ မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။
"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"
ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။ မကြာလိုက်ပါ။ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။
သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။ ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။ တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။ ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။ နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။
"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ" "လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။
"ဟင်"
တကသ အဆောက်အဦးကြီး မရှိတော့ပြီ။
ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။
"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"
ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။
ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"
ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။
(စာမျက်နှာ ၂၇၀- ၂၇၇)အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။
(12/07/10 11:52 မှာ တင်ခဲ့တဲ့ပို့စ်ကို ဒီနှစ် 7 July အမှတ်တရပို့စ်သီးသန့် မတင်နိုင်လို့ အပေါ်ခဏ ပြန်ဆွဲတင်ထားပါတယ်။)
7 July မှာ အသက်ပေးသွားသော သူရဲကောင်းများ ကောင်းရာ သုဂတိ လားပါစေ။
97 comments:
အမငယ်...
7ဇူလိုင်အတွက်အားလုံးမမေ့လျော့အောင်၊အမှတ်ရအောင်
ဖေါ်ပြပေးတာကျေးဇူးတင်ပါတယ်..။
ဒီနေ့ဟာကျောင်းသားအားလုံးအတွက်မမေ့နိုင်တဲ့နေ့
တနေ့ဆိုတာအားလုံးရဲ့ရင်ထဲအသည်းထဲမှာရှိနေမယ်ဆိုရင်
ဝမ်းသာမိမှာပါ.။
7ဇူလိုင်မှာအသက်ပေးသွားသောကျောင်းသားအားလုံးကို
လေးစားစွာနဲ့ဦးညွှတ်ဂုဏ်ပြုပါတယ်..။
ခင်တဲ့
ညီမသဒ္ဓါ
7 Jul 10, 11:05
ရန်ကုန်သူ: သမိုင်းကြောင်းတွေကို လုပ်ကြံပြီး လိုက်ရေးမနေပါနဲ့။ မိန်းမ သူရဲကောင်းကြီးဖြစ်ချင်နေတာလား။ မသိရင် မြို့ကြီး ပြကြီးက ကျောင်းသူလိုလိုနဲ့၊ ရွာမှာမွေးလို့တော်သေးတယ်။
7 Jul 10, 16:34
Nge Naing: ရန်ကုန်သူ ပြောပုံက မြို့ကြီးပြကြီးကလူတွေမှ သူရဲကောင်းဖြစ်လို့ ရသလို ဖြစ်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းရော ဦးသန့်ပါ နှစ်ယောက်စလုံးက ရန်ကုန်သားတွေ တယောက်မှ မဟုတ်ဘူးဆိုတာ မသိလို့ထင်တယ်။
7 Jul 10, 16:38
Nge Naing: ကျွန်မလုပ်ကြံရေးထားတာလား တကယ်ကြုံခဲ့သူတွေ ရေးဖွဲ့ထားတာကို ပြန်ဖေါ်ပြထားတာလား ဆိုတာသိအောင် တခေါက်ပြန်ဖတ်လိုက်ပါနော့်။
7 Jul 10, 17:37
Nyo: ခေတ်အဆက်ဆက်တွင် အာဏာရှင်ကိုအန်တု ကာ ရဲဝံ့စွာ အသက်ပေးသွားကြသော သူရဲ ကောင်းအပေါင်းနှင့်
7 Jul 10, 17:38
Nyo: မြန်မာပြည်၏ အကျဉ်း ထောင်အသီးသီးတွင် မြန်မာပြည် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရန် ဆက်လက် တိုက်ပွဲဝင်နေကြ သော သူရဲကောင်းအပေါင်းအား လေးစား ကြည်ညို ဂုဏ်ပြုစွာဖြင့်အလေးပြုပါသည်၊၊
7 Jul 10, 17:40
Nyo: ဖေါ်ပြပေးတဲ့အမကိုလည်း ကျေးဇူးတင်ပါတယ်၊၊ အမအတွက်လည်း ဂုဏ်ယူပါတယ်၊၊
7 Jul 10, 18:07
Nge Naing: အစ်မ ပြန်ဖတ်လို့ရအောင် မှတ်တမ်းအနေနဲ့ ထည့်ထားချင်တာရော တခြားမသိသေးသူများအတွက် မျှဝေတဲ့ သဘောနဲ့ပါ တင်ထားတာပါ။ Appreciation အတွက် Nyo ကို ကျေးဇူးတင်ပါတယ်။
(ပို့စ်နဲ့ ဆိုင်နေလို့ C-Box ကကူးထည့်ထားပါတယ်။)
စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် (ဗွီဒီယို)
မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ
"နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"
ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့
http://www.youtube.com/watch?v=TDRK4z5JZxc
("မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဖြစ်တဲ့ "စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" ဆိုတာကို မြန်မာတွေ ကြားဖူးကြပေမယ့် အဲဒီလို ပြောတဲ့ "ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဗွီဒီယိုကို ကြည့်ဖူးသူဟာ အတော် နည်းပါတယ်။ ဒီသမိုင်းဝင်မိန့်ခွန်းကို မကြည့်လိုက်ရ မရှိရလေအောင် "စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။)
ရဲဘော်တို့ ...
ငါတို့ မြန်မာ့သတ်မတော်ဟာ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်ရာမှာ အစဉ်အလာ ကြီးမားတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ခဲ့ပြီး မကြာခဏ ဆိုသလို လက်တွေ့ ကျင့်သုံးခဲ့တဲ့ ဒီ တဖက်သတ် ပစ်သတ်မှု အစဉ်အလာကို ရဲဘော်တို့ ဆက်လက် ထိန်းသိမ်းရမယ်။
တပ်မတော်ကို သတ်မတော်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ငါတို့ သတ်မတော်ရဲ့ တဖက်သတ် လူသတ်လမ်းစဉ်ကို အတိအကျ ချမှတ်ထားပြီး ဖြစ်တယ်။ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်တာနဲ့ ပတ်သက်ပြီး ငါတို့ သတ်မတော်ရဲ့ သဘောထားကို မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပြီး ဖြစ်တယ်။
"နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"
ဆိုတဲ့ ငါတို့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း နေဝင်းရဲ့ လူသတ်သြဝါဒကို တဖက်သတ် လူသတ်မှု အစဉ်အလာ ကြီးမားတဲ့ ငါတို့ မြန်မာ့သတ်မတော်က ဆက်လက် ကျင့်သုံးသွားရမယ်။
လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။
လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။
လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။
ပုံ
မင်းအောင်လှိုင်
ကာကွယ်ရေးဦးစီးချုပ်
မြန်မာ့သတ်မတော်
(သတ်မတော် ဂေါ်ပြား ဖြစ်မှ တိုင်းပြည် ပေါက်တူး ဖြစ်မည်။)
၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့
("မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ကို နားထောင်ရန် "လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ" ခေါင်းစဉ်ကို နှိပ်ပါ။)
http://www.youtube.com/watch?v=TDRK4z5JZxc
စီဘောက်က မှတ်ချက်လေးတွေ update ဖြစ်အောင် ထည့်ပေးပါအုံး
မငယ်နိုင်အားနေတာပဲ
ရန်ကျန် တက္ကသိုလ် (သို့မဟုတ်) ဆဲဗင်း ဂျူလိုင် (၁)
ဆောင်းပါးရှင် – ဗိုလ်ထက်မင်း
ကျောင်းသား ဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။ နယ်ချဲ့  ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့  ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံကို ကယ်တင်ခဲ့တဲ့ “အာဇာနည်သူရဲကောင်း” တွေဟာ ကျောင်းသားတွေက ဖြစ်လာတာ မဟုတ်ပါလား ခင်ဗျား။ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားတွေဟာ လွတ်လပ်ရေး ရရှိမှု ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြဿနာ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြဿနာ စတာတွေကို အကြိတ်အနယ် ဖြေရှင်းတောင်းဆို ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့၊ ဗိုလ်နေ၀င်း အာဏာသိမ်း ပြီးတဲ့အခါ စစ်အာဏာရှင် စနစ်ကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။
ရန်ကျန် တက္ကသိုလ် (သို့မဟုတ်) ဆဲဗင်း ဂျူလိုင် (၂)
အာဏာသိမ်းပြီးပြီးချင်း မတ်လ (၃) ရက်နေ့မှာ (ဗကသ)၊ (တကသ) နဲ့ (ရကသ) တို့ ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်လိုက် ကြပါတယ်။ ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ကြလို့ ဗိုလ်နေ၀င်းက အာဃာတ တရား ထားခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးကို ပညာရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခြင်း မပြုဖို့ တော်လှန်ရေး ကောင်စီက မေလ (၉) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေမှာ ပါတဲ့ လုပ်ပိုင်ခွင့် အားလုံးကို တော်လှန်ရေး ကောင်စီက ကျင့်သုံးမှာ ဖြစ်ကြောင်းနဲ့ ကျောင်းသား တွေကို နှိပ်ကွပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းချက် (၂၂) ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ မေလ (၁၀) ရက်နေ့ တက္ကသိုလ် ကောင်စီဝင်တွေကို ဗိုလ်နေ၀င်းက ဒဂုံရိပ်သာ မှာ ခေါ်ယူတွေ့ဆုံပြီး မူလတက္ကသိုလ် ကောင်စီကို ဖျက်သိမ်း လိုက်တဲ့ အကြောင်း ပြောဆို ကြေညာခဲ့လို့ ကျောင်းသားထုအတွင်း မကျေနပ်မှု ပိုမို များပြားခဲ့ပါတယ်။
မေလ (၂၇) ရက်နေ့ တက္ကသိုလ် ကောင်စီကို တော်လှန်ရေး ကောင်စီရဲ့  ကြေညာချက်အမိန့်  (၃၀) နဲ့ ထုတ်ပြန်တဲ့ အခါမှာ တက္ကသိုလ် ကျောင်းသားတွေ မပါဝင်ဘဲ စစ်အာဏာရှင် အရာရှိကြီးတွေနဲ့သာ ဖွဲ့စည်းထားလို့ ကျောင်းသားများ ပေါက်ကွဲခဲ့ပါတယ်။ မေလ (၃၁) ရက်နေ့မှာ ကျောင်းသားတွေနဲ့ ပြေလည်မှုရှိတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို ရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်နေ၀င်းရဲ့ဆရာ သင်္ချာ ပါမောက္ခ ဦးကာ အား အစားထိုး ခန့်အပ်လိုက်ရာမှ အာဏာရှင်အစွယ် ဘီလူး ပေါ်ထွက်လာပါတော့တယ်။
ရန်ကျန် တက္ကသိုလ် (သို့မဟုတ်) ဆဲဗင်း ဂျူလိုင် (၃)
အမှန်မှာ တက္ကသိုလ် အက်ဥပဒေအရ ပါမောက္ခချုပ် ရာထူး လစ်လပ်ရင် ပါမောက္ခတွေထဲက ယှဉ်ပြိုင် အရွေးခံ ခွင့်ရှိပြီး တက္ကသိုလ် ဘွဲ့ရ အသင်းဝင်တွေ လျှို့ဝှက် မဲပေးကာ ရွေးကောက် တင်မြောက်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ထုတ်ပြန်တဲ့ ပညာရေး စည်းကမ်းသစ် တွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အချက်အလက်တွေ များစွာပါရှိလို့ ကျောင်းသားတွေက ထောက်ပြပြီး ကန့်ကွက်မှု ပြုလုပ်လာခဲ့ပါတယ်။ တကသ အဖွဲ့မှ ပါမောက္ခချုပ်ရုံးကို တရားဝင် စာပေးပို့ခဲ့ပေမဲ့ ပြန်ကြားမှု တစ်ခုမှ မရခဲ့လို့ အုပ်ချုပ်ရေး အပိုင်းနဲ့ ကျောင်းသားများ အကြား တင်းမာမှု ပြင်းထန်လာခဲ့ပါတယ်။
တက္ကသိုလ် အဆောင်တံခါးတွေကို ည (၈) နာရီပိတ်မယ်၊ ဘယ်သူမှ အ၀င်အထွက် မလုပ်ရလို့ တင်းကြပ်စွာ တားမြစ်လိုက်ပြန်ရာ ကျောင်းသားတွေဟာ ဒေါသ ထွက်ကုန်ကြပါတယ်။ ဂျူလိုင် (၄) ရက်နေ့ ည (၉) နာရီမှာတော့ အဆောင်နေ ကျောင်းသားတွေ ကြွေးကြော် ကန့်ကွက် ဆန္ဒပြကြပါတော့တယ်။ ဂျူလိုင်လ (၅) ရက်နေ့မှာ ကျောင်းသားတွေက ပါမောက္ခချုပ်နဲ့ တွေ့ခွင့်ပေးဖို့ ပန်ကြားပေမဲ့ တွေ့ခွင့်မရတာကြောင့် အဆောင်တံခါးကို လူအင်အားနဲ့ တွန်းဖွင့်ပြီး လမ်းမတွေပေါ်ကို ထွက်လာကြပါတယ်။ ဂျူလိုင်လ (၆) ရက်နေ့မှာ တက္ကသိုလ် နယ်မြေကို ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်လိုက်ပါတယ်။
မေ့မရဘူး၊ ဒါကြောင့် အဝေးမှာနေတယ်။
မကျေနပ်ဘူး ၊ ဒါကြောင့် ကီးဘုတ်ဒေါသတွေ ပြတယ်။
ရှူးပေါက်မရဘူး ၊ ဒါကြောင့် ကြက်သီးတွေထတယ်။
ပုံ
ရေတက်ငါးစင်ရိုင်း
ဥက္ကဌ
ဗမာနိုင်ငံလုံးဆိုင်ရာ နွားကျောင်းသားအဖွဲ့ချုပ်(ဗနသ)
အရီးဒေါ်ဘုံ အော်ရမည် ။
အလှူငွေများ ထည့်ဝင်ကြပါ။
ဆက်သွယ်ရန်
youfightihide@gmail.com
youFightirich@gmail.com
ပမာဏများလျှင် အိမ်တိုင်ယာရောက် လာယူမည် ။
လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ
ရဲဘော်တို့ ...
ငါတို့ မြန်မာ့သတ်မတော်ဟာ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်ရာမှာ အစဉ်အလာ ကြီးမားတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ခဲ့ပြီး မကြာခဏ ဆိုသလို လက်တွေ့ ကျင့်သုံးခဲ့တဲ့ ဒီ တဖက်သတ် ပစ်သတ်မှု အစဉ်အလာကို ရဲဘော်တို့ ဆက်လက် ထိန်းသိမ်းရမယ်။
တပ်မတော်ကို သတ်မတော်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ငါတို့ သတ်မတော်ရဲ့ တဖက်သတ် လူသတ်လမ်းစဉ်ကို အတိအကျ ချမှတ်ထားပြီး ဖြစ်တယ်။ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်တာနဲ့ ပတ်သက်ပြီး ငါတို့ သတ်မတော်ရဲ့ သဘောထားကို မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပြီး ဖြစ်တယ်။
"နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"
ဆိုတဲ့ ငါတို့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း နေဝင်းရဲ့ လူသတ်သြဝါဒကို တဖက်သတ် လူသတ်မှု အစဉ်အလာ ကြီးမားတဲ့ ငါတို့ မြန်မာ့သတ်မတော်က ဆက်လက် ကျင့်သုံးသွားရမယ်။
လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။
ပုံ
မင်းအောင်လှိုင်
ကာကွယ်ရေးဦးစီးချုပ်
မြန်မာ့သတ်မတော်
(သတ်မတော် ဂေါ်ပြား ဖြစ်မှ တိုင်းပြည် ပေါက်တူး ဖြစ်မည်။)
၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့
("မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ကို နားထောင်ရန် "လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ" ခေါင်းစဉ်ကို နှိပ်ပါ။)
http://www.youtube.com/watch?v=TDRK4z5JZxc
လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ
ရဲဘော်တို့ ...
ငါတို့ မြန်မာ့သတ်မတော်ဟာ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်ရာမှာ အစဉ်အလာ ကြီးမားတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ခဲ့ပြီး မကြာခဏ ဆိုသလို လက်တွေ့ ကျင့်သုံးခဲ့တဲ့ ဒီ တဖက်သတ် ပစ်သတ်မှု အစဉ်အလာကို ရဲဘော်တို့ ဆက်လက် ထိန်းသိမ်းရမယ်။
တပ်မတော်ကို သတ်မတော်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ငါတို့ သတ်မတော်ရဲ့ တဖက်သတ် လူသတ်လမ်းစဉ်ကို အတိအကျ ချမှတ်ထားပြီး ဖြစ်တယ်။ လက်နက်မဲ့ပြည်သူတွေကို တဖက်သတ် ပစ်သတ်တာနဲ့ ပတ်သက်ပြီး ငါတို့ သတ်မတော်ရဲ့ သဘောထားကို မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပြီး ဖြစ်တယ်။
"နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"
ဆိုတဲ့ ငါတို့ မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း နေဝင်းရဲ့ လူသတ်သြဝါဒကို တဖက်သတ် လူသတ်မှု အစဉ်အလာ ကြီးမားတဲ့ ငါတို့ မြန်မာ့သတ်မတော်က ဆက်လက် ကျင့်သုံးသွားရမယ်။
လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ။
ပုံ
မင်းအောင်လှိုင်
ကာကွယ်ရေးဦးစီးချုပ်
မြန်မာ့သတ်မတော်
(သတ်မတော် ဂေါ်ပြား ဖြစ်မှ တိုင်းပြည် ပေါက်တူး ဖြစ်မည်။)
၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့
("မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ကို နားထောင်ရန် "လက်နက်ကိုင်ရန်သူနဲ့ တွေ့ရင် ရေလို ကျင့်သုံးပြီး လက်နက်မဲ့ပြည်သူနဲ့တွေ့ရင် မီးလို ကျင့်သုံးကြ" ခေါင်းစဉ်ကို နှိပ်ပါ။)
http://www.youtube.com/watch?v=TDRK4z5JZxc
ဆဲဗင်း ဂျူလိုင် (၁)
ကျောင်းသား ဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။ နယ်ချဲ့  ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့  ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံကို ကယ်တင်ခဲ့တဲ့ “အာဇာနည်သူရဲကောင်း” တွေဟာ ကျောင်းသားတွေက ဖြစ်လာတာ မဟုတ်ပါလား ခင်ဗျား။ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားတွေဟာ လွတ်လပ်ရေး ရရှိမှု ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြဿနာ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြဿနာ စတာတွေကို အကြိတ်အနယ် ဖြေရှင်းတောင်းဆို ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့၊ ဗိုလ်နေ၀င်း အာဏာသိမ်း ပြီးတဲ့အခါ စစ်အာဏာရှင် စနစ်ကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။
ဆဲဗင်း ဂျူလိုင် (၂)
အာဏာသိမ်းပြီးပြီးချင်း မတ်လ (၃) ရက်နေ့မှာ (ဗကသ)၊ (တကသ) နဲ့ (ရကသ) တို့ ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်လိုက် ကြပါတယ်။ ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ကြလို့ ဗိုလ်နေ၀င်းက အာဃာတ တရား ထားခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးကို ပညာရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခြင်း မပြုဖို့ တော်လှန်ရေး ကောင်စီက မေလ (၉) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေမှာ ပါတဲ့ လုပ်ပိုင်ခွင့် အားလုံးကို တော်လှန်ရေး ကောင်စီက ကျင့်သုံးမှာ ဖြစ်ကြောင်းနဲ့ ကျောင်းသား တွေကို နှိပ်ကွပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းချက် (၂၂) ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ မေလ (၁၀) ရက်နေ့ တက္ကသိုလ် ကောင်စီဝင်တွေကို ဗိုလ်နေ၀င်းက ဒဂုံရိပ်သာ မှာ ခေါ်ယူတွေ့ဆုံပြီး မူလတက္ကသိုလ် ကောင်စီကို ဖျက်သိမ်း လိုက်တဲ့ အကြောင်း ပြောဆို ကြေညာခဲ့လို့ ကျောင်းသားထုအတွင်း မကျေနပ်မှု ပိုမို များပြားခဲ့ပါတယ်။
မေလ (၂၇) ရက်နေ့ တက္ကသိုလ် ကောင်စီကို တော်လှန်ရေး ကောင်စီရဲ့  ကြေညာချက်အမိန့်  (၃၀) နဲ့ ထုတ်ပြန်တဲ့ အခါမှာ တက္ကသိုလ် ကျောင်းသားတွေ မပါဝင်ဘဲ စစ်အာဏာရှင် အရာရှိကြီးတွေနဲ့သာ ဖွဲ့စည်းထားလို့ ကျောင်းသားများ ပေါက်ကွဲခဲ့ပါတယ်။ မေလ (၃၁) ရက်နေ့မှာ ကျောင်းသားတွေနဲ့ ပြေလည်မှုရှိတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို ရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်နေ၀င်းရဲ့ဆရာ သင်္ချာ ပါမောက္ခ ဦးကာ အား အစားထိုး ခန့်အပ်လိုက်ရာမှ အာဏာရှင်အစွယ် ဘီလူး ပေါ်ထွက်လာပါတော့တယ်။
ဆဲဗင်း ဂျူလိုင် (၃)
အမှန်မှာ တက္ကသိုလ် အက်ဥပဒေအရ ပါမောက္ခချုပ် ရာထူး လစ်လပ်ရင် ပါမောက္ခတွေထဲက ယှဉ်ပြိုင် အရွေးခံ ခွင့်ရှိပြီး တက္ကသိုလ် ဘွဲ့ရ အသင်းဝင်တွေ လျှို့ဝှက် မဲပေးကာ ရွေးကောက် တင်မြောက်ရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေ ထုတ်ပြန်တဲ့ ပညာရေး စည်းကမ်းသစ် တွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အချက်အလက်တွေ များစွာပါရှိလို့ ကျောင်းသားတွေက ထောက်ပြပြီး ကန့်ကွက်မှု ပြုလုပ်လာခဲ့ပါတယ်။ တကသ အဖွဲ့မှ ပါမောက္ခချုပ်ရုံးကို တရားဝင် စာပေးပို့ခဲ့ပေမဲ့ ပြန်ကြားမှု တစ်ခုမှ မရခဲ့လို့ အုပ်ချုပ်ရေး အပိုင်းနဲ့ ကျောင်းသားများ အကြား တင်းမာမှု ပြင်းထန်လာခဲ့ပါတယ်။
တက္ကသိုလ် အဆောင်တံခါးတွေကို ည (၈) နာရီပိတ်မယ်၊ ဘယ်သူမှ အ၀င်အထွက် မလုပ်ရလို့ တင်းကြပ်စွာ တားမြစ်လိုက်ပြန်ရာ ကျောင်းသားတွေဟာ ဒေါသ ထွက်ကုန်ကြပါတယ်။
ဆဲဗင်း ဂျူလိုင် (၄)
ဂျူလိုင် (၄) ရက်နေ့ ည (၉) နာရီမှာတော့ အဆောင်နေ ကျောင်းသားတွေ ကြွေးကြော် ကန့်ကွက် ဆန္ဒပြကြပါတော့တယ်။
ဂျူလိုင်လ (၅) ရက်နေ့မှာ ကျောင်းသားတွေက ပါမောက္ခချုပ်နဲ့ တွေ့ခွင့်ပေးဖို့ ပန်ကြားပေမဲ့ တွေ့ခွင့်မရတာကြောင့် အဆောင်တံခါးကို လူအင်အားနဲ့ တွန်းဖွင့်ပြီး လမ်းမတွေပေါ်ကို ထွက်လာကြပါတယ်။
ဂျူလိုင်လ (၆) ရက်နေ့မှာ တက္ကသိုလ် နယ်မြေကို ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဆဲဗင်း ဂျူလိုင် (၅)
ဂျူလိုင်လ (၇) ရက်နေ့ မနက် (၁၁) နာရီမှာတော့ ကျောင်းသားထု အစည်းအဝေး ကျင်းပပြီး ပုဒ်မ (၁၄၄) ကို ဆန့်ကျင် ကန့်ကွက်ခြင်း၊ မတရား ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် (၂၂) ချက်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခြင်း၊ တက္ကသိုလ် ပရ၀ှဏ်အတွင်း စီတန်းလှည့်လည် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ကြပါတယ်။
ကျောင်းသားတွေ ဆန္ဒပြပွဲပြီးဆုံးချိန်မှာ လှည်းတန်း ဂါတ်တဲက ရဲကားတန်း တစ်ခု ရုတ်ချည်း ၀င်ရောက်လာပြီး အင်အား (၂၀၀) ခန့် သုံးကာ ကိုဗဆွေလေးနဲ့ ကိုသက် အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
ကျောင်းသားတွေနဲ့ ရဲတွေဟာ အဓိပတိလမ်းပေါ်မှာ ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံကြပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ပစ်၊ နံပါတ် ဒုတ်တွေနဲ့ ရိုက်၊ ကျောင်းသားတွေက ရရာ ခဲတွေနဲ့ ပစ်ပေါက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။
ဆဲဗင်း ဂျူလိုင် (၆)
သွေးသံရဲရဲနဲ့ ကျောင်းသားတွေကို တွေ့ရတဲ့အခါ ကျောင်းသာထုဟာ ပိုမို နာကျည်းလာပြီး တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင် စတဲ့ ကျောင်းသားတွေက အင်အားထု ကြီးမားစွာ ပြန်လည်တုန့်ပြန်ရာ တိုက်ပွဲပြင်းထန်လာပြီး ရဲတွေက ဆုတ်ခွာပေးလိုက်ရပါတယ်။
စစ်အာဏာရှင်တွေဟာ အ၀ိုင်းလေး မှတ်တိုင်အနီးမှာ ဆွဲအားကောင်းတဲ့ အသံဖမ်းစက်နဲ့ လှုပ်ရှားမှု မှန်သမျှကို ဖမ်းယူပြီး မြန်မာ့အသံကွပ်ကဲမှုရုံးကို စဉ်ဆက်မပြတ် သတင်းပို့ နေပါတယ်။
ဆဲဗင်း ဂျူလိုင် (၇)
ဗဟိုကွပ်ကဲမှု နေရာက မြန်မာ့အသံမှာ ဖြစ်ပြီးဗဟိုလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီး မောင်လွင်၊ ဗိုလ်မှူးကြီး ဘဦး၊ ရဲချုပ် ဦးဘအေး၊ ပါမောက္ခချုပ် ဦးကာတို့ ရှိနေကြပါတယ်။ အနီးကပ်ကွပ်ကဲမှု အဖွဲ့ မှာ သနက (၄) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်၊ စစ်အင်ဂျင်နီယာ တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး လှမြင့်၊ လက်ထောက် ရဲမင်းကြီး ဦးလှငွေတို့ ပါဝင်ပြီး အခြေအနေကို မပြတ် စောင့်ကြည့်နေ ကြပါတယ်။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးလည်း လှုပ်ရှားသွားလာ ညွှန်ကြားနေပါတယ်။
ညနေပိုင်းမှာတော့ စစ်ကားတွေ ရောက်ရှိလာကာ စစ်သားတွေဟာ ဂျာမနီ နိုင်ငံလုပ် BA (63) G3, BA (64) G4 မောင်းပြန် ရိုင်ဖယ်များ ကိုင်ဆောင်ပြီး တက္ကသိုလ်ဝင်း စာတိုက်မှ စ၍ အဓိပတိ လမ်းတစ်လျှောက်နဲ့ မန္တလေး ဆောင်ဝင်းဘက်ကို မျက်နှာမူ အသီးသီး နေရာယူလိုက်ကြပါတယ်။ စာတိုက်ဝင်း ခြံစည်းရိုး အနီးမှာ ဒု ဗိုလ်မှူးကြီးစိန်လွင်အား ကျောင်းသား တချို့က တွေ့ ဆုံဆွေးနွေးခဲ့ပြီး ကျောင်းသားတွေက ဗိုလ်မှူးတို့ တပ်တွေ ကမာရွတ် ဂတ်တဲ အထိ ဆုတ်ခွာပေးပါလို့ လေပြေထိုး ပြောဆိုခဲ့ပေမဲ့ အထက် အမိန့်အရ လာတာဖြစ်လို့ ဆုတ်မပေးနိုင်ဘူးဟု ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဆဲဗင်း ဂျူလိုင် (၈)
ကျောင်းသားတွေကို လူစုခွဲဖို့နဲ့ သူငယ်ချင်းတွေကို ကိုယ့်အဆောင်ကို ပြန်ဝင်ခိုင်းဖို့  ဗိုလ်စိန်လွင်က ပြန်လည် ပြောဆိုပါတယ်။ ကျောင်းသားထဲက တချို့ဟာ သူတို့အတွက် မရပ်တည်တဲ့ ပါမောက္ခချုပ် ဦးကာရဲ့ ကားနံပါတ် (စ - ၆၅၉) နဲ့ ကျောင်းပိုင်ကား (စ - ၆၂၀၃) တို့ကို လမ်းမပေါ်မှာ မီးရှို့လိုက်ရာမှ တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ တက္ကသိုလ်ရိပ်သာလမ်းပေါ်က စာတိုက်အနီးကို ဖီးယက် ကားတစ်စီး ရောက်ရှိလာပြီး ဗိုလ်စိန်လွင်ကို စာတစ်စောင် ပေးလိုက်ပါတော့တယ်။ အဲဒီစာကတော့ ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်ခတ်ဖို့ “ပစ်မိန့်” ပေးလိုက်တဲ့ စာဘဲ ဖြစ်ပါတယ်။
ဗိုလ်စိန်လွင်က တပ်မှူးတွေကို ခေါ်ယူပြီး ပစ်ရန် ညွှန်ကြားပါတော့တယ်။ အဲဒီနောက် G3, G4 မောင်းပြန် ရိုင်ဖယ်တွေနဲ့  တက္ကသိုလ် ၀င်းအတွင်းက ကျောင်းသားတွေကို သုံး မိနစ် ပစ်၊ နှစ် မိနစ် နား စနစ် နဲ့  အတွဲလိုက် ပစ်ခတ်ပါ တော့တယ်။
ဒဏ်ရာရ သေဆုံးသူ (၁၀၀) ၀န်းကျင် ရှိခဲ့ပြီး တက္ကသိုလ် နယ်မြေဟာ ဥဒါန်း မကြေစရာ “သွေးကြွေး” တင်ခဲ့လို့  ရန်ကုန်တက္ကသိုလ်ဟာ “ရန်ကျန် တက္ကသိုလ်” ဖြစ်ခဲ့ရပါတယ်။
ဆဲဗင်း ဂျူလိုင် (၉)
စစ်ဘီလူးတွေဟာ အားမရ သေးဘဲ ဂျူလိုင်လ (၈) ရက် မနက် (၄) နာရီ ၀န်းကျင်မှာ စစ်အင်ဂျင်နီယာတပ်က ဗိုလ်မှူး ထွန်းရီ ဦးစီးပြီး တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ ကြီးအား ဒိုင်းနမိုက် နဲ့ ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ပါတယ်။
(၇) နာရီ မှာတော့ ဗိုလ်နေ၀င်းက “ဓား ဓား ချင်း၊ လှံ လှံ ချင်း” စိန်ခေါ်တဲ့ မိန့် ခွန်းကို မြန်မာ့အသံမှ နားခါးစရာ ပြောကြားခဲ့ပါတယ်။
ဆဲဗင်း ဂျူလိုင် (၁၀)
ဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီး တို့ က “အိုကေ” ဆိုတဲ့ စကားလုံးနဲ့  သူလုပ်တယ် ငါလုပ်တယ်လို့ နောက်ပိုင်းမှာ အပြန်အလှန် စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။
ဗိုလ်နေ၀င်းဟာ ဗဟို ကွပ်ကဲမှု ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုးအား သမဂ္ဂ အဆောက်အဦး ထဲမှာ ရှိတဲ့ ကျောင်းသားတွေကို ထွက်လာကြဖို့ အသံချဲ့ စက်နဲ့ ပြောကြားရန်၊ မထွက်လာရင် ရီကွိုင်လက် လက်နက်ကြီးနဲ့  ပစ်ဖမ်းမယ်လို့ ထည့်သွင်း ပြောကြားရန်၊ ညနေပိုင်း မမှောင်ခင် လုပ်ရန်နဲ့ လိုအပ်ရင် လက်နက်ကြီး သုံးဖို့ အမိန့် ပေးခဲ့တယ်လို့ သိရပါတယ်။ ရီကွိုင်လက် လက်နက်ကြီး ဟာ ပေါက်ကွဲမှု ပြင်းထန်တဲ့ စွမ်းအားရှိလို့  အဲဒီလက်နက်ကြီးနဲ့  ပစ်ရင် အဆောက် အဦး မခံနိုင်ဘဲ ပွင့်ထွက်ကာ မိုင်းဖောက်ခွဲတာနဲ့  စွမ်းအားအတူတူ ဘဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဦးအောင်ကြီးက ဆင်ဝှေ့ ရန်ရှောင် ရှင်းရာမှာ ဗိုလ်လှဟန်နဲ့ အတူ ဦးနေ၀င်း ထံကို သမဂ္ဂ အဆောက်အဦး ဗုံးခွဲမဲ့ကိစ္စ တားဆီးဖို့ သွားတာလို့ ပြောပါတယ်။ ဖြစ်စဉ်အမှန်က ကွပ်ကဲမှုအဖွဲ့က ဗုံးခွဲဖို့ ဆုံးဖြတ်တာကို ဦးနေ၀င်းထံ အတည်ပြုပေးဖို့ သွားရောက် တင်ပြခဲ့တာဖြစ်ပြီး အဲဒီကိစ္စကို ဦးနေ၀င်းက အိုကေ ဆက်လုပ်ပါလို့ သဘောတူခဲ့လို့ ဦးအောင်ကြီးကလည်း ကွပ်ကဲမှုအဖွဲ့အား ညွှန်ကြားပြောဆို ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။
သမိုင်း တရားခံ ဗိုလ်နေ၀င်း နဲ့ ဗိုလ်အောင်ကြီး တို့ နှစ်ဦးနဲ့ ကြံရာပါ စစ်ဘီလူးတွေ အားလုံးကြောင့် သမဂ္ဂ အဆောက်အဦးအတွင်းမှာ နားခိုနေကြတဲ့ ဒဏ်ရာရ ကျောင်းသူကျောင်းသား မြောက်များစွာဟာ အဆောက်အဦးကြီးနဲ့အတူ ပျောက်ကွယ်သွားခဲ့လို့ ရင်နင့်စရာ ကောင်းလှပါတယ်။
ဆဲဗင်း ဂျူလိုင် (၁၁)
၁၉၆၃ ဂျူလိုင်လ (၇) ရက်နေ့မှာတော့ ဆဲဗင်းဂျူလိုင် တစ်နှစ်မြောက် အခမ်းအနားကို ပြုလုပ်ခဲ့ကြရာ ကျောင်းသားများအားလုံး မျက်ရည်ကျ ၀မ်းနည်း ဂုဏ်ယူကြပြီး ကျဆုံးသူများ အတွက် လွမ်းသူ့ ပန်းခွေ ချခဲ့ကြပါတယ်။ မူလနေရာမှာ ယာယီ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖွင့်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စပြီး ကျောင်းသားတိုင်းရဲ့ ရင်ထဲ၊ နှလုံးသား ထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ အမြစ်တွယ် ကိန်းဝပ် လာခဲ့ကြပါတယ်။ ကျောင်းသားတွေရဲ့ နုပျိုသစ်လွင် ရယ်မောသံတွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ပရ၀ုဏ်ဟာ ယနေ့ဆိုရင် ခြောက်သွေ့ တိတ်ဆိတ်နေပြီး တက္ကသိုလ်တွေကို အဝေးကို လွှင့်ထုတ်ထားရတဲ့အထိ စစ်အာဏာရှင်တွေဟာ ကျောင်းသားတွေရဲ့ သတ္တိကို ကြောက်ရွံ့တုန်လှုပ်ခဲ့ရပါတယ်။ ဆယ်စုနှစ်များ ချီပြီး ကြာမြင့်ခဲ့ပြီး ဖြစ်ပေမဲ့ ဒီအရေးအခင်းကို မမှီလိုက်တဲ့ မျိုးဆက်သစ် ကျောင်းသား လူငယ်တိုင်းဟာ လက်ဆင့်ကမ်း တကူးတက ပေးဝေငှလို့ မဟုတ်ဘဲ နှလုံးသားအသိလေ့လာမှု ကြောင့် ကိုယ်စီ၊ ကိုယ်စီ စစ်အာဏာရှင်ကို ဆန့်ကျင်ရမယ်ဆိုတဲ့ ခံယူချက် အလိုလို ပေါက်ဖွားလာခဲ့ကြပါတယ်။
ဒီဖြစ်စဉ်ကို သူတို့ ကျောင်းသား ဘ၀က ကြုံခဲ့ကြတဲ့ O.T.S ဗိုလ်သင်တန်း၊ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေဟာ တပ်ရင်းမှူး ဖြစ်လာတဲ့ အချိန်မှာ အချင်းချင်း အလွတ်သဘော ဝေဖန် ဆွေးနွေးကြရာမှာ သမဂ္ဂအဆောက်အဦးကို မိုင်းခွဲဖို့ မလိုကြောင်း၊ သမဂ္ဂ အဆောက်အအုံက ဂျက်ထိုး ပိတ်ထားတဲ့ တံခါးမကြီးအား အင်အားသုံး ရိုက်ဖျက်ပြီး အတွင်းက ခိုလှုံနေကြတဲ့ ကျောင်းသားတွေကို ဖမ်းဆီးယုံဖြင့် သွေးထွက်သံယို နည်းပါးသွားမယ် ဖြစ်ကြောင်း၊ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ကျော်စိုး တို့ မှာ လည်းတာဝန်ရှိပြီး အဲဒီတုန်းက ရီကွိုင်လက် နောက်ပွင့်လက်နက်ကြီး ဟာ ရှေ့တန်းမှာရောက်နေလို့ ရှာလို့ မရဖြစ်နေချိန်မှာ ကွပ်ကဲမှုပေးတဲ့ အရာရှိကြီးတွေ အနေနဲ့ အခြေအနေကို ထိမ်းသိမ်းဖို့၊ စီမံခန့်ခွဲဖို့၊ ပေါင်းစပ်ညှိနှိုင်းဖို့ ညံ့ဖျင်းကာ နှိပ်ကွပ်ဖို့ကိုဘဲ တာစူနေ ကြကြောင်း၊ ဗိုလ်စိန်လွင်ဟာ G3,G4 တွေကို တစ်တောင့်ချင်း အပေါ်ထောင်ပစ်ရုံနဲ့ ဖြေရှင်းရနိုင်ကြောင်း စသဖြင့် ကျဆုံးသွားတဲ့ သူငယ်ချင်းများကို တမ်းတ လွမ်းဆွတ်ရင်း သုံးသပ်ပြောဆို ဝေဖန်ခဲ့ကြပါတယ်။
ဆဲဗင်း ဂျူလိုင် (၁၂)
မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်မှာ မဟာ ကျောင်းသားတွေဟာ နိုင်ငံရေးပါတီ အဖွဲ့အစည်း လောင်းရိပ်တွေ အောက်က ကင်းလွတ်ပြီး သီးခြား လွတ်လပ်တဲ့ အမျိုးသားနိုင်ငံရေး အင်အားစုကြီး တစ်ရပ်အဖြစ် ပေါ်ထွက်ခဲ့တဲ့ အပြင် ကျောင်းသားတွေရဲ့ စွန့်လွတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်တွေဟာ အံ့မခန်း ဖြစ်ခဲ့ရပါတယ်။ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းလက်တွဲပြီး ကြီးမားတဲ့ အမျိုးသား နိုင်ငံရေး လမ်းကြောင်းပေါ်မှာ ဆက်လက် ရပ်တည်ခဲ့ကြတာကို ဂုဏ်ပြုရင်း ရေးသားတင်ဆက်လိုက်ရပါတယ် ခင်ဗျား။
(ရင်းမြစ် - ကိုဖိုးတရုတ်ဘလော့)
https://groups.google.com/group/rangoon-burma/browse_thread/thread/3eb7c747eb11a4f4?fwc=1&hl=en&pli=1
ဗိုလ်ထက်မင်း ရေးသော
ရန်ကျန် တက္ကသိုလ် (သို့မဟုတ်) ဆဲဗင်း ဂျူလိုင်
https://groups.google.com/group/rangoon-burma/browse_thread/thread/3eb7c747eb11a4f4?fwc=1&hl=en&pli=1
အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (၁)
မိတ်ဆွေ… ခင်ဗျားအသက် ၂၅ နှစ်တုံးက ဘာလုပ်ခဲ့ပါသလဲ။ ခင်ဗျားအသက် ၂၅ နှစ်တုံးက ဘာဖြစ်ခဲ့ပါသလဲ။ ခင်ဗျားသားသမီး အသက် ၂၅ နှစ်မှာ ဘာလုပ်နေပါသလဲ။ ဘာဖြစ်နေပါသလဲ။
ညီ- ညီမတို့… ဒါမှမဟုတ် သားတို့ သမီးတို့… မင်းတို့အသက် ၂၅ နှစ်မှာ ဘာလုပ်နေသလဲ။ ဘာဖြစ်နေသလဲ။ ဒါမှမဟုတ် အသက် ၂၅ နှစ်ရောက်ရင် ဘာလုပ်မလဲ။ ဘာဖြစ်မလဲ။
……….
ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမယ့် ကိုအောင်ဆန်းဟာ အသက် ၂၅ နှစ်မှာ ပြည်ပကို စွန့်စွန့်စားစားနဲ့ တရားမဝင် ထွက်ခွာပြီး ဂျပန်ပြည်မှာ လွတ်လပ်ရေးတပ်မတော်ကို မျိုးစေ့ချခဲ့ပါတယ်။ ပထမလွတ်လပ်ရေးရဖို့ လမ်းဖောက်နိုင် ခဲ့တယ်။ အသက် ၃၁ နှစ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ပြီး ပထမလွတ်လပ်ရေးကို မမြင်ရခင် အသက် ၃၂ နှစ်မှာ ကျဆုံးခဲ့ရပါတယ်။
……….
ကျနော့်သူငယ်ချင်းကတော့… အသက် ၂၅ နှစ်မှာ ကြိုးစင်ပေါ် ရင်ကော့တက်သွားခဲ့ပါတယ်။ ဒုတိယလွတ်လပ်ရေး အတွက် လမ်းဖောက်နေရင်း ဒုတိယလွတ်လပ်ရေးကိုမမြင်ရခင် လမ်းခုလတ်မှာ အသက်စွန့်သွားခဲ့တာပါ …
……….
အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (၂)
ဟုတ်ကဲ့… သူ လူတယောက်မှ မသတ်ခဲ့ဖူးပါဘူး။ ဘယ်အိမ်ကိုမှလဲ ဗုံးမခွဲခဲ့ဖူးပါဘူး။
ဟုတ်ကဲ့… သူ သူတပါးပစ္စည်းကိုလဲ မတရားမယူခဲ့ဖူးပါဘူး။ သူတပါးထိခိုက်နစ်နာအောင် လိမ်ညာခဲ့တာလဲ မရှိခဲ့ ပါ ဘူး။ (သူတပါး မထိခိုက်ရအောင် စစ်ထောက်လှမ်းရေးကို လိမ်ပြောတာတော့ ရှိခဲ့ပါလိမ့်မယ်။) သူတပါး သားမယား ကိုလဲ မပစ်မှားခဲ့ပါဘူး။
သူဟာ ကျောင်းသားတယောက်ပါ။ သတ္တဗေဒအဓိကနဲ့ ပညာသင်နေတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက် ပါ။
ဒါပေမဲ့… … … သူ … အသက် ၂၅ နှစ်မှာ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သေဒဏ်ပေးခံရတယ်။
……….
အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (၃)
ဟုတ်ကဲ့… သူ့ရဲ့ တခုတည်းသော ‘ပြစ်မှု’ ကတော့… စစ်အာဏာရှင်ကို သဲသဲမဲမဲ ဆန့်ကျင်မှုဖြစ်ပါတယ်။… မြန်မာပြည်သူတွေကို သဲသဲမဲမဲချစ်မြတ်နိုးမှု ဖြစ်ပါတယ်။
သူဟာ ကျောင်းသားတယောက်အနေနဲ့… ကျောင်းသားအခွင့်အရေး ဒီမိုကရေစီအခွင့်အရေးအတွက်… ကျောင်းသား သပိတ်တွေမှာ ပါခဲ့တယ်။ တတပ်တအားနဲ့ ဦးစီးဦးဆောင် ဝင်နွှဲခဲ့ပါတယ်။ မှတ်မှတ်ရရ ကျောင်းသားသပိတ် ၃ ခုကို ဖောက်ခွဲရှေ့ဆောင်ခဲ့ပါတယ်။ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန ကျောင်းသားသပိတ်၊ ၁၉၇၅ ဇွန် အလုပ်သမားသတ်ပွဲ နှစ်ပတ်လည် ရွှေတိဂုံကျောင်းသားသပိတ်၊ ၁၉၇၆ မတ် သခင်ကိုယ်တော်မှိုင်းရာပြည့် ကျောင်းသားသပိတ်တွေဟာ ကိုတင်မောင်ဦးကို သိက္ခာသုံးထပ်တင်ပေးခဲ့ပါတယ်။
တကယ်တော့ ကျောင်းသားက ကျောင်းသားသပိတ်မှောက်တာ ဘာမှမဆန်းပါဘူး။…
ဆန်းတာက ကျောင်းသားကို သေဒဏ်ပေးတာပါ။ အသက် ၂၅ နှစ်အရွယ်ကျောင်းသားတယောက်ကို သေဒဏ် ပေးတာက ဆန်းနေပါတယ်။ ကမ္ဘာမှာ ရှိမယ် မထင်ပါဘူး။
……….
အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (၄)
ကိုတင်မောင်ဦးကို ပြည်ပြေးသောင်းကျန်းသူ အဖျက်သမားလို့ စွပ်စွဲပြီး သတ်လိုက်တာဖြစ်ပါတယ်။ ‘နိုင်ငံတော်’ ကို သစ္စာဖောက်တယ်လို့ စွပ်စွဲပြီး စစ်ခုံရုံးက နေ့ချင်းပြီးအမှုစစ် သေဒဏ်စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။
ဟုတ်ပါတယ် သူဟာ ထိုင်းနယ်စပ်အခြေစိုက်တဲ့ ပီဒီပီ သို့မဟုတ် ပြည်ချစ်တပ်မတော် အဖွဲ့ဆီသွားရောက်ဆက် သွယ်ပြီး စစ်သင်တန်းတက်ခဲ့တယ်။ လက်နက်အကူအညီယူခဲ့တယ်။ ဒါပေမဲ့ သူဟာ ‘ပီဒီပီ’ အဖွဲ့ဝင် သို့မဟုတ် ‘ပြည် ချစ်တပ်မတော်’သားအဖြစ် မရပ်တည်ခဲ့ပါဘူး။ လက်နက်ကိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ်ဘဲ ရပ်တည်ခဲ့ပါ တယ်။ ကျောင်းသားတိုက်ပွဲ-လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲ- လက်နက်ကိုင်တော်လှန်ရေးနဲ့ ပေါင်းစပ်ဖို့ ကြိုး ပမ်းခဲ့ခြင်း သာဖြစ်ပါတယ်။
ဒီကနေ့ ABSDF နဲ့တကွ စစ်မှန်တဲ့ တော်လှန်ရေး အင်အားစုအားလုံးလိုလို လက်ခံထားတဲ့ လူထုတိုက်ပွဲနဲ့ လက်နက် ကိုင်တိုက်ပွဲ ပေါင်းစပ်ရေးမူကို ကိုတင်မောင်ဦးက ကျောင်းသားတယောက်အဖြစ် ပထမဆုံး လက်တွေ့အကောင် အ ထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ (လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ဖို့ ကိုတင်မောင်ဦး သွားရောက် ဆက်စပ်ခဲ့တဲ့ ပီဒီပီအဖွဲ့ကြီးရဲ့ ထာဝရခေါင်းဆောင်ကြီး ဦးနုကတော့ ကိုတင်မောင်ဦး ကြိုးပေးခံရပြီး ၄ နှစ်အကြာမှာ ကိုတင်မောင်ဦးကို ကြိုးပေးခဲ့သူတွေထံ ဒူးထောက်အညံ့ခံသွားခဲ့တာကတော့ ကံကြမ္မာရဲ့ သရော်ချက်ပါဘဲ။)
ကျောင်းသား ဆိုတာ ဘယ်သူ့နောက်လိုက်မှမဟုတ် ဘယ်သူ့သြဇာမှမခံပါ…
……….
အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (၅)
ဒါ့အပြင် သူဟာ လူမျိုးကိုအခြေမခံတဲ့ ကျောင်းသားတယောက်လဲဖြစ်ပါတယ်။ မျိုးရိုးဗီဇအားဖြင့် ချင်းတိုင်းရင်းသား တယောက်ဖြစ်ပေမဲ့၊ သူ့ခေါင်းထဲမှာရှိတာက စစ်အာဏာရှင်ကိုခြွင်းချက်မရှိဖြုတ်ချရေးဖြစ်ပါတယ် တနိုင်ငံလုံးအရေး ဖြစ်ပါတယ်၊ ချင်းတိုင်းရင်းသားအရေး မဟုတ်… ချင်းပြည်နယ်အရေးမဟုတ်… တနိုင်ငံလုံးမှာ စစ်အာဏာရှင် စနစ် နိဂုံးချုပ်ဖို့ အရေး ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံ့ဗဟိုချက် ရန်ကုန်မြို့တော်မှာ လူထုတိုက်ပွဲတွေကို ဖောက်ခွဲ ခေါင်း ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တနိုင်ငံလုံးကို ဦးဆောင်မှုပေးဖို့ ရွပ်ရွပ်ချွံချွံကြိုးပမ်းခဲ့တာ တိုင်းရင်းသားထဲမှာ ကိုတင်မောင် ဦး အပြင် နောက်ထပ်ဘယ်နှစ်ယောက်များရှိပါသလဲ၊ ဒီကနေ့ တိုင်းရင်းသားခေါင်းဆောင်တွေရော ဗမာနိုင်ငံရေး သ မားတွေပါ ရှက်တတ်ရင် လဲသေဖို့ကောင်းပါတယ်။
ချင်းတယောက်ဖြစ်ပေမဲ့… ပီဒီပီမှာ စစ်သင်တန်းတက် လက်နက်ယူလာခဲ့ပေမဲ့… သူဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားတယောက်အဖြစ်ဘဲ ရပ်တည်သွားခဲ့သူ ဖြစ်ပါတယ်။ ပြည်ပြေးမဟုတ်၊ ပီဒီပီမဖြစ်ပါ… တော်လှန်တဲ့ကျောင်းသား တယောက်အဖြစ် ကြိုးစင်ကိုရဲရဲတက်သွားသူဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ အသက် ၂၅ နှစ်မှာ လူ့ ဘဝက ဂုဏ်ကြက်သရေထွန်းပစွာ ထွက်ခွာသွားသူ ဖြစ်ပါတယ်။
……….
အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (၆)
ကိုတင်မောင်ဦးကို ကြိုးပေးချိန်မှာ ကျနော်တို့ကျောင်းသားတွေဟာ အင်းစိန်ထောင်ထဲ အစာငတ်ခံတိုက်ပွဲတွေ ဝင် ထားပြီးချိန် ဖြစ်ပါတယ်… အင်းစိန်ထောင် ၃ ဆောင်မှာလဲ ထောင်အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် သွေးချောင်း စီးရိုက်ပွဲ ဆင်ထားပြီးချိန် ဖြစ်ပါတယ်။… သရက်ထောင်မှာလဲ အကျဉ်းစံကျောင်းသားတွေက ထောင်ကို စီးနင်းသိမ်း ပိုက် ဆန္ဒပြခဲ့ချိန် ဖြစ်ပါတယ်။
တနည်းအားဖြင့် ကိုတင်မောင်ဦးအတွေးအခေါ်အတိုင်း စစ်အာဏာရှင်တွေကို ဘယ်နေရာမှဒူးမထောက်ဘဲ အကြမ်း မဖက်လူထုတိုက်ပွဲနည်းဖြစ်တဲ့ အစာငတ်ခံတိုက်ပွဲရော၊ အကြမ်းပတမ်းတိုက်ပွဲနည်းဖြစ်တဲ့ ရင်ဆိုင်ရိုက်ပွဲ ထောင်ထပွဲ တွေကိုပါ ဆင်နွှဲထားကြချိန်ဖြစ်ပါတယ်။ ဒါ တိုက်ဆိုင်မှု မဟုတ်… ကျောင်းသားတွေရဲ့ အသွေးအသားထဲ နက်နက် ရှိုင်းရှိုင်းစိမ့်ဝင်နေတဲ့ မတရားမှုတွန်းလှန်ရေး ဗီဇအတွေးအခေါ်၊ စစ်အာဏာရှင်ကိုဒူးမထောက်ရေးဝိညာဉ် ပုံမှန်တန်ခိုး ပြ ထကြွမှုသာ ဖြစ်ပါတယ်။
……….
အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (၇)
ဒါတွေကြောင့်… ကျောင်းသားတွေဟာ ၁၉၆၂ ခု ဇူလိုင် ၇ ရက်မှာ စစ်အာဏာရှင်တွေရဲ့ သတ်ဖြတ်မှုကို ပထမဆုံး ခံခဲ့ကြရပါတယ်။… ၁၉၅၈ အာဏာသိမ်းပွဲ၊ ၁၉၆၂ နဲ့ ၁၉၈၈ အာဏာသိမ်းပွဲတွေကို ပထမဆုံးဆန့်ကျင်ခဲ့ကြသူတွေ စစ်အာဏာရှင်စနစ်ကို တောက်လျှောက်တိုက်ပွဲဝင်ခဲ့သူတွေ ဖြစ်ခဲ့ကြပါတယ်။ အပေးအယူမလုပ်စတမ်း မစေ့စပ် စတမ်း သို့မဟုတ် အပစ်အခတ်ရပ်စဲရေးမလုပ်စတမ်း တိုက်ပွဲဝင်ခဲ့သူတွေဖြစ်သလို လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲပေါင်းစပ်ရေးကို အရင်ဆုံးသဘောပေါက်ခဲ့သူတွေလဲဖြစ်ပါတယ်။
ဒီသဘောတရားအောက်မှာ ၇၄ မျိုးဆက်ကျောင်းသား ကိုတင်မောင်ဦးဟာ ၇ ရက်ဂျူလိုင် ကျောင်းသားသတ်ပွဲ ၁၄ နှစ်မြောက်နှစ်ပတ်လည်မတိုင်မီ ၁၀ ရက်အလိုမှာ ထီမထင်အသက်ပေးသွားခဲ့သလို ၆၂ မျိုးဆက်ကျောင်းသား ကို အုံးကျော်မြင့်လဲ ၁၉၇၆ ခုထဲမှာဘဲ ရဲရဲကြီး ကြိုးစင်တက်သွားခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နဲ့ သူ့ ရဲဘော်တွေဟာလဲ အခုအခါ ထောင်ဒဏ် ၆၅ နှစ်တွေကို အပြုံးမပျက် စားသုံးနေကြပါတယ်။ မျိုးဆက်တွေပြောင်း သွားလဲ ခံယူချက်က ကျောက်ဆိုင်ကျောက်သား…
……….
အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (၈)
ကျောင်းသား ဆိုတာ ဘယ်သူ့နောက်လိုက်မှမဟုတ်… ဘယ်သူ့သြဇာမှမခံပါ… ဘယ်တော့မှ အာဏာရှင်ကို ဒူးမ ထောက်ပါ။
……….
အို… လူအပေါင်းတို့… ကျောင်းသားဝါဒကို ကောင်းစွာမှတ်သားကြလေကုန်။
ဂါမဏိ
(၁၉၆၂ ဇူလိုင် ၇ ရက်တွင် ကျဆုံးသွားသော ကျောင်းသားများကို ဂုဏ်ပြုရေးဖွဲ့ပါသည်။)
http://www.naytthit.net/?p=15085
ဒေါ်အောင်ဆန်းစုကြည်က မွေးနေ.စုတောင်းကို ငြိမ်းချမ်းရေး ပေးဖို. တောင်းခဲ.ပါတယ်၊ အမျိုးသားရင်ကြားစေ.ရးကိုလည်း ကြိုးစားနေပါတယ် ဒီပိုစ်.တွေ ဒီကွန်းမန်.တွေက ငြိမ်းချမ်းရေးကို ပျက်ဖို.နဲ. အမျိုးသားရင်ကြားစေ.ရေးကို ဝေးကွာစေဖို. ဖြစ်နေပါတယ်။ ချစ်စကိုရှည်စေ မုန်းစကို တိုစေဆိုတာ ကြားဖူးကြမှာပါ။ မေတ္တာတရားရှေ.ထားပြီး ငြိမ်းချမ်းဖို.ပဲ ဦးတည်ကြပါ။
လူအချင်းချင်း ရန်လိုခြင်း ကင်ရှင်းကြပါစေ ပိုစ်.မရှိတိုင်း အဟောင်းပြန်တင်တာတွေ၊ ကွန်းမန်.ပေးစရာမရှိတိုင်း တွေ.သမျှ ကော်ပီကူးတင်တာတွေ ကင်းရှင်းကြပါစေ
တချို့ မှတ်ချက်တွေက spam ထဲ သွားဝင်နေလို့ Not spam ပြန်လုပ်ထားပေးပါတယ်။ တခါတလေ မှတ်ချက်ထည့်ပြီး နောက်တခါပြန်လာကြည့်လို့ မရှိဘဲဖြစ်နေရင် Spam ထဲမှာ ၀င်နေတာ ဖြစ်နိုင်လို့ ဒုတိယအကြိမ် ထပ်ထည့်ဖို့ မလိုပါဘူး။ ကျွန်မ ဘလော့ဂ်ထဲ ရောက်ရင် လာဆဲထားတဲ့ မှတ်ချက်တွေ အနှောင့်အယှက် ပြဿနာလာရှာတဲ့ မှတ်ချက်တွေကလွဲရင် Spam ထဲဝင်နေတာတွေ အားလုံးကို Not spam ပြန်လုပ်ပေးပါတယ်။
၂၀၁၀ ခု ဖေဖေါ်ဝါရီလ ပြည်ထောင်စုနေ့အကြောင်း တင်ခဲ့တဲ့အချိန်ကစပြီး သမိုင်းအမှန်တွေကို တင်တိုင်း ကျွန်မ အမြဲအဆဲခံရပါတယ်။ အခုတော့ လုံးဝဂရုမစိုက်တော့လို့ ဘလော့ဂ်မှာ အခုတင်ထားတဲ့ မေတ္တာပို့သီချင်းညည်းတာတောင်မပျက်ဘူး။
Link မပါဘဲနဲ့ ကိုယ်တိုင် တရားပေါက်ပြီး ရလာတဲ့ တရားတွေလိုလို တရားစာတွေလာရေးတာ၊ သူများပို့စ်ကို ကိုယ့်ပို့စ်လိုလို သူများမှတ်ချက်ကို ကိုယ့်မှတ်ချက်လိုလိုနဲ့ ဘာမှ အညွန်းမပေးဘဲ ကူးလာပြီး လာထည့်သူတွေ ရှိဖူးလို့ ကျွန်မမှာ အညွန်းပြန်ထည့်ပေးဖို့ ပြောခဲ့ရ၊ လာမထည့်ပေးရင် ဖျက်ခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။
အခုလို သမိုင်းဝင် အဖြစ်အပျက်တွေကို ဘယ်ဆိုက်က ကူးလာတယ်ဆိုတဲ့ Link တွေ အတိအကျနဲ့ လာထည့်ပေးတဲ့သူတွေ အားလုံးကို ကျးဇူးတင်ပါတယ်။ စိတ်ဝင်စားသူများ ဖတ်ချင်ရင် ဖတ်လို့ရအောင် လာပေးထားတဲ့ မှတ်ချက်တွထဲမှာလည်း 7, July 1962 တုန်းက အဖြစ်အပျက်တွေကို ဖတ်ရှုနိုင်ပါတယ်လို့ ပို့စ်ထဲမှာ ၀ါကျတကြောင်းထပ်ထည့်ပြီး ကျွန်မ ညွန်းပေးလိုက်မယ်။ Links တွေအတွက် ကျေးဇူးတင်ပါတယ်။
ဦးမသူတော်
နင် လျှာရိုးမရှိတိုင်း ပြောမနေနဲ့ဟဲ့.. နင်တို့စစ်တပ်က လက်နက်မဲ့ပြည်သူတွေကို နှစ် ၅ဝ လုံးလုံး စည်းမဲ့ကမ်းမဲ့ သတ်ချင်တိုင်းသတ်လာပြီး ဘွာတေး ပြောရုံနဲ့ ပြီးရော့လားဟဲ့..
အစ်မငယ်နိုင်
7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ post ကိုရော၊ comments တွေက ဆောင်းပါးတွေကိုပါ သေသေချာချာ ဖတ်ပြီး ကြေကွဲရပါတယ်.. သမိုင်းအမှန်တွေကို တင်ပေးလို့ ကျေးဇူးတင်ပါတယ်..
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင် အုံကြွခဲ့ကြသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသူ ကျောင်းသား ရာပေါင်းများစွာကို ၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်နေ့မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းခဲ့ပြီး ကျောင်းသား အပေါင်းတို့ရဲ့ အပျိုစင် မိခင် ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖြိုချ ဖျက်ဆီးခဲ့တဲ့ "၇ ဇူလိုင် အရေးတော်ပုံ" အကြောင်းကို စုစည်း တင်ပြ ထားတာ ဖြစ်ပါတယ်။
၇ ဇူလိုင် ကျောင်းသား အရေးတော်ပုံ
၇ ဇူလိုင် အကြောင်း ပြောမယ်ဆိုရင် ပထမဆုံး အဲဒီခေတ် နိုင်ငံရေး အခြေအနေနှင့် ကျောင်းသားထု အခြေအနေများကို မိတ်ဆက် ပြမှသာလျှင် ပြည်စုံ ပေလိမ့်မယ်။
အဲဒီခေတ် အဲဒီ အခြေအနေက ကျောင်းသားတွေထဲမှာ နိုင်ငံရေး အရောင်အသွေးစုံ ထိုးဖောက် ရောယှက်နေတဲ့ အချိန် ဖြစ်တယ်။ ကျောင်းသားတွေထဲမှာ ဆိုရှယ်နီ (ပန်းရောင် ကွန်မြူနစ်) ကျောင်းသား၊ ကွန်မြူနစ်ကို ထောက်ခံတဲ့ ကျောင်းသား၊ ဖဆပလကို ထောက်ခံတဲ့ ကျောင်းသား စတဲ့ ကျောင်းသားအုပ်စုတွေက နိုင်ငံရေးအရောင် အမျိုးမျိုးနဲ့ ကျောင်းသား အရေးအရာတွေကို ဦးတည် လူပ်ရှားနေတဲ့ အချိန် ဖြစ်တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂)
၁၉၅၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှာ ကျင်းပတဲ့ တကသ ရွေးကောက်ပွဲမှာ DSO (Democratic Student's Organization) နဲ့ တိုးတက်သော ကျောင်းသားအုပ်စု (Progressive Student's Force) တို့ ပါဝင် ယှဉ်ပြိုင် ခဲ့ကြတယ်။
DSO အစုဟာ ၁၉၅၃ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက်မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသား အဖွဲ့ (၅) ဖွဲ့က ကျောင်းသား (၁၀၀) ကို ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့ ဖဆပလ ဆိုရှယ်လစ် ခေါင်းဆောင်တွေက နိုင်ငံရေး တလသင်တန်း ပို့ချအပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့တခု ဖြစ်တယ်။
တိုးတက်အစု ကတော့ ၁၉၅၁ ခုနှစ် ကတည်းက ကွန်မြူနစ် ပါတီနဲ့ ဗမာပြည် အလုပ်သမား လယ်သမား ပါတီဝင် ကျောင်းသားခေါင်းဆောင်တွေက ဖွဲ့ပေးခဲ့တဲ့ ဖဆပလ အစိုးရကို အတိုက်အခံ ပြုနေတဲ့ ကျောင်းသား အဖွဲ့အစည်း တခု ဖြစ်တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၃)
ဒီလို ကျောင်းသားတွေထဲမှာ နိုင်ငံရေးရောင်စုံ ယှက်သန်းနေတာဟာ စစ်တပ်က တော်လှန်ရေးကောင်စီ အမည်ခံပြီး နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရား သိမ်းပိုက်ပြီးချိန်ထိ ရှိနေခဲ့တယ်။ အထူးသဖြင့် အဲဒီအချိန်က အာဏာရအစိုးရတွေကို အတိုက်အခံ ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ တက္ကသိုလ်စင်မြင့်ကို အခြေပြု လှုပ်ရှားခဲ့ကြတယ်။
ဒါပေမဲ့ လူသားတွေဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်၊ လွတ်လပ်စွာ တွေးတော ပိုင်ခွင့် ရှိတယ် ဆိုတာ ကိုတော့ ကျနော်တို့ သတိမူရပါလိမ့်မယ်။ အထူးသဖြင့် ပညာတတ် လူတန်းစား အလွှာဟာ တိုးတက်မှု၊ ပြောင်းလဲမှုတွေကို အခြား အလွှာအသီးသီးက လူတန်းစား တွေထက် ပို လက်ခံတတ်ကြတယ်။
နောက်ပြီး အဲဒီခေတ် နိုင်ငံရေးအခြေအနေ ကလည်း လက်ဝဲ၊ လက်ယာ အယူအဆ အမျိုးမျိုး ကွဲပြားနေတဲ့ အချိန်၊ တိုင်းရင်းသားတွေကလည်း တန်းတူ အခွင့်အရေး တောင်းဆိုနေတဲ့ အချိန်၊ တိုင်းပြည်မှာ သွေးစည်းညီညွတ်ရေး ပျက်ပြားနေတဲ့ အချိန်လည်းဖြစ်၊ အမေရိကန်တို့ရဲ့ အားပေးကူညီမှုနဲ့ ကွန်မင်တန် တရုပ်ဖြူ (KMT) တို့ရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ အချိန်လည်း ဖြစ်တယ်။ ဒီတော့ တိုးတက်တဲ့ ကျောင်းသား အများစုဟာ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား အမှီခိုကင်းရေး စိတ်ဓာတ်တွေ ပြင်းထန်နေတဲ့ အချိန်လည်း ဖြစ်တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၄)
ဒီလို နိုင်ငံရေး ပဋိပက္ခ တွေနဲ့ တိုင်းပြည်တွင်း သွေးစည်း ညီညွတ်မှု ပျက်ပြားနေတာကြောင့် ဒီမိုကရေစီ အခွင့်အရေး တွေလည်း မှေးမှိန် နေရတယ်။ နောက်ပြီး အာဏာရ ပထစ အစိုးရ အတွင်းမှာလည်း ဦး - ဗိုလ် - သခင် အကွဲအပြဲကြောင့် အစိုးရကိုယ်တိုင် ချိနဲ့ နေရတယ်။ ဒါတွေကို အခွင့်ကောင်း ယူပြီး ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက တော်လှန်ရေးကောင်စီ အမည်ခံပြီး ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့ကြတယ်။
ဒီလို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရ တရပ်ကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကို အာဏာသိမ်းပြီး နောက် မတ်လ ၄ မှာ တကသ၊ ရကသ၊ ဗကသ တို့က ကွန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြတယ်။
မတ်လ ၆ ရက်နေ့မှာ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြာင်း လက်မှတ်ရေးထိုး ထုတ်ပြန် ကြေညာခဲ့တယ်။
ဒါကို ဗကသများ အဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေး ခေါ်ယူပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌ အဖြစ် တင်မြောက်လိုက်ကြတယ်။ ပြီးတော့ တော်လှန်ရေးကောင်စီက အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ကြပြန်တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၅)
အဲဒီအချိန်က ကျောင်းသားထုအတွင်းမှာ တော်လှန်ရေးကောင်စီကို ထောက်ခံတဲ့ ကျောင်းသားတွေဟာ အနည်းစုသာ ဖြစ်ပြီး အများစုကတော့ တော်လှန်ရေးကောင်စီကို ဆန့်ကျင်ကြတယ်။
မတ်လ ၁၀ ရက်နေ့မှာ ဗကသများ အဖွဲ့ချုပ်က 'တော်လှန်ရေးကောင်စီမှ အခြေအနေကို ထိန်းလိုက်ခြင်းနှင့် ပတ်သက်၍ ဗကသ အဖွဲ့ချုပ် အမှုဆောင်အခိျု့က တော်လှန်ရေးကောင်စီ အစိုးရအား အခိျု့က ထောက်ခံပြီး အခိျု့က မထောက်ခံခြင်းမှာ အယူအဆ ကွဲခြင်းသာ ဖြစ်သည်၊ ဗကသများ အဖွဲ့ချုပ် အနေဖြင့် ကွဲသွားခြင်း မဟုတ်ပါ' လို့ ကြေညာချက် ထုတ်ခဲ့တယ်။
မတ်လ ၁၇ ရက်နေ့မှာ ကမောက်ကမ ပညာရေး စနစ်ကြီးကို ပြုပြင်ပေးဖို့ ဗကသများ အဖွဲ့ချုပ်က တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းတဲ့ မတ်လဟာ ကျောင်းသားတွေ စာမေးပွဲတွေ ဖြေနေတုန်း ဖြစ်တယ်။ ဖြေပြီးတော့လည်း ကျောင်းတွေ ပိတ်တာမို့ လှုပ်ရှားမှုတွေ ဘာတွေတော့ မလုပ်နိုင်ခဲ့ကြပါဘူး။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၆)
ကျောင်းသားတွေရဲ့ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင့်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်ခေါင်းဆောင်တွေ အဖို့ ကျောင်းသားတွေအပေါ် အငြိုးထားစရာ၊ စိတ်ကွက်စရာ အကွက်တကွက် ဖြစ်ခဲ့ ရတယ်။ နောက်ပြီး အစဉ်အလာ ကြီးမားတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး အဆက် ဖြစ်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို နှိပ်ကွပ်ထားမှသာ အာဏာတည်မြဲနိုင်မယ် ဆိုတာကိုလည်း စစ်တပ်ခေါင်းဆောင်တွေ သတိထားမိလာစေခဲ့ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာ "သားသုံးသားကို ပိုင်နိုင်မှသာ တိုင်းပြည်ကို အုပ်စိုးလို့ ရမယ်" ဆိုတဲ့ အတွေးအခေါ် တရပ်ကလည်း ရှိနေပြန်ပါသေးတယ်။ "သားသုံးသား" ဆိုတာက ကျောင်းသား၊ စစ်သား၊ ဘုရားသားလို့ ခေါ်တဲ့ သံဃာတွေပဲ ဖြစ်တယ်။
၇ ဇူလိုင် မတိုင်ခင် ရန်ကုန်တက္ကသိုလ်မှာ ဖြစ်ပျက်နေတဲ့ နောက်ခံအခြေနေကို ပြောရမယ် ဆိုရင်လည်း ၁၉၆၂ ခု၊ မေလ ၉ ရက်နေ့မှာ ဒတ်ခ်ျသံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးက ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်းတို့ ဖမ်းဆီးခံခဲ့ရတယ်။ အဲဒီ (၁၉၆၂ မေလ ၉ ရက်) နေ့မှာပဲ တော်လှန်ရေးကောင်စီက ဥပဒေ အမှတ် (၃) နဲ့ (၄) ကို ထုတ်ပြန်ပြီး ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ် အက်ဥပဒေတွေကို ရုပ်သိမ်းခဲ့တယ်။ အဲဒီ ဥပဒေ (၃) နဲ့ (၄) ဟာ 'ရန်ကုန် တက္ကသိုလ်' နဲ့ 'မန္တလေး တက္ကသိုလ်' ဆိုတဲ့ စကားလုံး ၂ လုံးက လွဲရင် အားလုံး တူပါတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၇)
ဥပဒေ အပြည့်အစုံ ကတော့ -
၁။ (၁) ဤ ဥပဒေကို "၁၉၆၂ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ" ဟု ခေါ်တွင်စေရမည်။
(၂) ဤ ဥပဒေကို ချက်ချင်း အာဏာတည်ရမည်။
၂။ (၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်း ရမည်။
(၂) ယင်းသို့ ရုပ်သိမ်းသည့်အခါ ...
(က) မြန်မာနိုင်ငံ ယေဘုယျ စကားရပ်ဖြင့် အက်ဥပဒေ ပုဒ်မ (၅) ပါ ပြဌာန်းချက်များ အကျိုးသက်ရောက်ရမည်။
(ခ) ရန်ကုန်တက္ကသိုလ်ပိုင် ပစ္စည်းအားလုံးသည် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၏ ကြွေးမြီတာဝန် အားလုံးသည် လည်းကောင်း အစိုးရ၌ တည်ရှိ သက်ရောက်ရမည်။
(၃) ဤ ဥပဒေ စတင် အာဏာတည်သည့် အချိန်မှ အစပြု၍ နိုင်ငံတော် တော်လှန်ရေးအစိုးရသည် ရန်ကုန်တက္ကသိုလ်အား အဆိုပါ ရုပ်သိမ်းခြင်း ခံရသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖြင့် ပေးအပ်ထားသည့် အာဏာနှင့် တာဝန်ဝတ္တရားများကို ဆက်လက် သုံးစွဲ ဆောင်ရွက်ရမည်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၈)
၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို စတင် တည်ထောင်ခဲ့တယ်။ မန္တလေးတက္ကသိုလ် အက်ဥပဒေကိုတော့ ၁၉၅၈ ခုနှစ်ကျမှ ပြဌာန်းကာ သီးခြားတက္ကသိုလ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
တက္ကသိုလ် နှစ်ခုလုံးကို အစိုးရက ဘဏ္ဍာငွေ အခိျု့ ထောက်ပံ့တယ်။ တက္ကသိုလ်တွေမှာ သီးသန့်ဘဏ္ဍာငွေ အခိျု့ ရှိတယ်။ အခြား အရပ်ရပ် ရတဲ့ ဘဏ္ဍာရယ် လို့လည်း ရှိတယ်။ ဒီဘဏ္ဍာငွေတွေနဲ့ တက္ကသိုလ်က လည်ပတ်နေတာပါ။
အက်ဥပဒေအရ တက္ကသိုလ်မှာ အဓိက ဦးဆောင်အဖွဲ့အစည်း နှစ်ခု ရှိတယ်။ တခုက တက္ကသိုလ်ကောင်စီနဲ့ ကျန်တခုက တက္ကသိုလ်ဆီးနိတ်အဖွဲ့ ဖြစ်ပါတယ်။
တက္ကသိုလ်ကောင်စီမှာ အစိုးရဲ့ ကိုယ်စားလှယ်တခိျု့၊ ပြင်ပက ကုန်သည်များ၊ ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးအဖွဲ့များက ကိုယ်စားလှယ်တခိျု့၊ ပြင်ပက ကုန်သည်တွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ စီးပွားရေးအဖွဲ့တွေက ကိုယ်စားလှယ်တခိျု့၊ တက္ကသိုလ် မဟာဌာန အသီးသီးက ပါမောက္ခတွေနဲ့ ကျောင်းသားသမဂ္ဂ ပို့လွှတ်တဲ့ ကိုယ်စားလှယ်တခိျု့ ပါဝင်ပါတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၉)
ကျောင်းသားသမဂ္ဂရဲ့ တက္ကသိုလ်ကောင်စီ ကိုယ်စားလှယ် ၂ ဦး ရွေးကောက်ပွဲကို ၁၉၆၀ မှာ ကျင်းပခဲ့ပြီး ပမညတက ဦးတီပီဝမ်းနဲ့ ဆိုရှယ်နီ ဦးမောင်မောင်ကျော်တို့ အနိုင်ရခဲ့ပါတယ်။
ဆီးနိတ်ကတော့ တက္ကသိုလ် ပါမောက္ခတွေ၊ ဆရာတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး သင်ကြားရေး၊ စာမေးပွဲ စစ်ဆေး အအောင်ပေးရေး၊ စာအုပ်စာတမ်းတွေ ထုတ်ဝေ ပြဌာန်းရေး တို့ကို စီမံ ဆောင်ရွက်တယ်လို့ အကြမ်းဖျင်း သိရပါတယ်။ အစိုးရရဲ့ ကိုယ်စားလှယ် ပါပေမဲ့ သူ့ သဘောထားကို တင်ပြနိုင်ပြီး တိုက်ရိုက် စွက်ဖက်တာ မလုပ်ရပါ။
အဲဒီနောက် မေလ ၁၀ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက တက္ကသိုလ်ကောင်စီဝင်တွေကို ဒဂုံရိပ်သာကို ဖိတ်ခေါ်ပြီး (၁) ဆရာတွေ အကျင့်ပျက်သည်၊ (၂) ကျောင်းသားတွေအကြား နိုင်ငံရေးပယောဂ ဝင်တယ်လို့ စွပ်စွဲပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်တယ်။
ဒီလို လုပ်လိုက်တာဟာ တက္ကသိုလ်အုပ်ချုပ်ရေးကို တော်လှန်ရေးကောင်စီက ထပ်မံ အာဏာသိမ်းလိုက်ခြင်း ဖြစ်တယ်လို့ သမဂ္ဂက အပြင်းအထန် ဝေဖန်ခဲ့တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁ဝ)
ဒါ့အပြင် မေလ ၁၁ ရက်နေ့မှာ တက္ကသိုလ်နဲ့ ဥပစာကောလိပ်တွေက ဥပစာသိပံ္ပ (ခ) တန်း အောင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ သက်ဆိုင်ရာ ဘာသာရပ်တွေမှာ တဘာသာ အနည်းဆုံး အမှတ် ၅၀ ရရမယ်၊ ဖြေဆိုတဲ့ ဘာသာရပ် အားလုံးရဲ့ ပျမ်းမျှအမှတ်ဟာလည်း ၅၀% ရမှသာ ဆေးသိပံ္ပ္ပ၊ စက်မှုလက်မှုသိပံ္ပ၊ စိုက်ပျိုးရေးသိပံ္ပနဲ့ သစ်တောရေးမဟာဌာန တို့မှာ ဆက်လက် ပညာသင်ကြားခွင့် ရမယ်လို့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေဝင်းက ကြေညာခဲ့တယ်။
ဒီလို တော်လှန်ရေးကောင်စီက ပညာရေးလောကကို ဝင်ရောက် စွက်ဖက်နေတာတွေကို တက္ကသိုလ်ဆရာများ အဝန်းအဝိုင်းမှာလည်း မကျေနပ်မှုတွေ ရှိနေခဲ့တယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ တော်လှန်ရေးကောင်စီက တင်းကြပ်တဲ့ အဆောင်စည်းကမ်းတွေကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီကို အမိန့်ပေးလာတယ်။
အဲဒီအခါမှာ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံလို့ မေလ ၁၁ ရက်နေ့မှာ တောင်လှန်ရေးကောင်စီက ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက်ခိုင်းခဲ့တယ်။ မြန်မာစာ ပါမောက္ခ ဦးအေးမောင် အငြိမ်းစား ယူခဲ့တယ်။ ဦးဝန် (မင်းသုဝဏ်) ဌာန ပြောင်းခဲ့တယ်။
မေလ ၁၂ ရက်နေ့ မှာလည်း ရန်ကုန်တက္ကသိုလ် အဆောင်မှူး အခိျု့နဲ့ လက်ထောက်အဆောင်မှူး အခိျု့ နုတ်ထွက်ခဲ့ကြပြန်တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၁)
၁၉၆၂ ခု၊ မေလ ၁၄ ရက်နေ့မှာ တော်လှန်ရေးကောင်စီ အမိန့်အမှတ် (၃၀) ကို ထုတ်ပြန်ပြီး တက္ကသိုလ်ကောင်စီကို ပြန်ဖွဲ့ခဲ့တယ်။ အဓိပတိအဖြစ် ဗိုလ်မှူးချုပ်သန်းဖေ၊ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန်တို့ ပါဝင်တယ်။
သူတို့အလိုကျ တင်းကြပ်တဲ့ အဆောင်စည်းကမ်းသစ်တွေ ထုတ်ပြန်ပေးမဲ့ ၅၈ ခု၊ အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။
ဒါဟာ တက္ကသိုလ်ကို ဗိုလ်နေဝင်း သိမ်းလိုက်တာလို့ ကျောင်းသား အများစုက ခံယူခဲ့ကြတယ်။ ဒီလို တက္ကသိုလ်အုပ်ချုပ်ရေးကို တော်လှန်ရေးကောင်စီက စိတ်ကြိုက် ဖန်တီးနေမှုတွေဟာ ကျောင်းသားထုရဲ့ မကျေနပ်မှုကို ပိုလို့ တိုးစေခဲ့တယ်။
ဦးကာဟာ စစ်တပ်နဲ့ အလွန်နီးစပ်သူ ဖြစ်လို့ ကျောင်းသားတွေဘက်က သူဟာ မရှိသင့်ဘူးလို့ ခံယူထားကြတယ်။ မေလ ၂၂ ရက်နေ့မှာ ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါနဲ့ ကွယ်လွန်တော့ သူ့နေရာကို ဗိုလ်လှဟန် တက်လာတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၂)
ဒါတွေအပြင် အရေးအခင်း ဖြစ်စေဖို့ ဖန်တီးခဲ့တဲ့ တခြား အချက်တွေကလည်း ရှိနေပြန်တယ်။
ဇွန်လ ၁၇ ရက်နေ့ ဒဂုံရိပ်သာမှာ တက္ကသိုလ်ကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့တယ်။
၁၉၆၂ ခု ဇွန်လ ၁၈ ရက်နေ့မှာ ကျောင်းဆောင်နေ ကျောင်းသားတွေကို မတရား ချုပ်ချယ်တဲ့ ကျောင်းဆာင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့ပြန်တယ်။
အဲဒီ မတရား အဆောင်စည်းကမ်း (၂၂) ချက်မှာ ပါတဲ့ အချက်တွေကတော့ ကျောင်းဝင်ခွင့်နဲ့ အဆောင်နေခွင့် ရရေး တို့အတွက် လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီရဲ့ ထောက်ခံချက်နဲ့ လျှောက်ရမည် ဆိုခြင်း။ မိဘ အုပ်ထိန်းသူရဲ့ ဝန်ခံ ကတိပေးချက်နဲ့ ကျောင်းအပ်ရခြင်း။ သတ်သတ်လွတ် စားသူတွေကို တရက် နှစ်ရက်သာ စားခွင့် မပြုတော့ဘဲ တနှစ်ပတ်လုံး စားမှသာ ခွင့်ပြုတော့ခြင်း။ အဆောင်နေ ကျောင်းသားများ အနေနဲ့ မနက် ၇ နာရီ ခွဲမှ ၁၀ နာရီ မနက်စာ ထမင်းကို မဖြစ်မနေ စားရမည်။ ည ၈ နာရီ ထိုးရင် အဆောင်တွင်း ရှိနေရန်၊ သုံးကြိမ် ပျက်ကွက်ပါက အဆောင်က ထုတ်ရန်၊ အဆောင်မှူး သိုမဟုတ် လက်ထောက် အဆောင်မှူး စစ်ဆေးချိန်တွင် မိမိ အခန်းတွင်း ရှိနေရမည်၊ မရှိလျှင် အရေးယူမည် စတဲ့ ကျောင်းနဲ့ လားလားမှ မအပ်စပ်တဲ့ စည်းကမ်းတွေ ချမှတ်လာတာ ဖြစ်တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၃)
ဒီအချက်တွေက ကျောင်းသားထုရဲ့ မကျေနပ်မှုကို ပိုမို ကြီးထွားစေခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သတ်သတ်လွတ်စားခြင်း၊ အစားရှောင်ခြင်း ဆိုတာတွေဟာ ဘာသာရေးနဲ့ သက်ဆိုင်ပြီး ကိုးကွယ်ရာ ဘာသာအလိုက် နေ့ထူးနေ့မြတ်တွေ ကျမှသာ သတ်သတ်လွတ်စားကြ၊ အစားရှောင်ကြတာဟာ ထုံးစံ ဖြစ်တယ်။
အဆောင်စည်းကမ်းတွေကလည်း ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာ ရောက်ပြီး စစ်တပ်လို စည်းကမ်းတွေ တင်းကြပ်တာကို ကျောင်းသားထုအနေနဲ့ လက်ခံနိုင်ခြင်း မရှိဘူး။
ဒီလို တော်လှန်ရေးကောင်စီရဲ့ တဖက်သတ် ချုပ်ချယ် ဖိနှိပ် ကန့်သတ်မှုတွေနဲ့ တက္ကသိုလ်အုပ်ချုပ်ရေးကို စစ်တပ်က ဝင်ရောက် စွက်ဖက်တာတွေကြောင့် ကျောင်းသားထုတွင်း မကျေနပ်မှုတွေ တိုးသထက် တိုးလာရတယ်။
ဇူလိုင်လဆန်းက စပြီး အဆောင်အခိျု့မှာ သဟာယနှင့် စာဖတ်သင်း အမှုဆောင်သစ် ရွေးပွဲတွေနဲ့ တွဲပြီး ကျောင်းသားထု အစည်းအဝေးတွေ ကျင်းပကြတယ်။ ကျင်းပတဲ့ ကျောင်းသားထု အစည်းအဝေးတိုင်းမှာပဲ ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်းသစ်တွေကို ကန့်ကွက်တယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၄)
၁၉၆၂ ခု၊ ဇူလိုင်လ ၃ ရက်နေ့ ကျတော့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထု အစည်းအဝေး တရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းပေးရန်နဲ့ မတရား အဆောင်စည်းကမ်းတွေ ရုပ်သိမ်းပေးဖို့ကို တောင်းဆို ဆန္ဒပြခဲ့ကြတယ်။
ဆန္ဒပြပွဲမှာ ရကသ ဥက္ကဋ္ဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားကြားမှ ဆန္ဒပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်း ပြောကြားသွားပြီး ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်နဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်း ပြောကြားခဲ့တယ်။
ဇူလိုင် ၅ ရက်နေ့မှာ သမဂ္ဂကြီး ၃ ခုက ကြီးမှူးပြီး ဒတ်ခ်ျသံရုံးရှေ့မှာ ဆန္ဒပြပွဲ ကျင်းပကြတဲ့အခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့တယ်။ ဒီလုပ်ရပ်ဟာ သမဂ္ဂကို သေးသိမ်အောင် လုပ်တာ ဖြစ်တယ်လို့ သမဂ္ဂက ယူဆခဲ့တယ်။ ဒါ့ကြောင့် ကျောင်းသားတွေက ကန့်ကွက်ကြပြန်တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၅)
ဇူလိုင်လ ၆ ရက်နေ့မှာ တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နဲ့ ကျောင်းဆောင်ကော်မတီ တွေကို သူတို့ စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြန်တယ်။ ဇူလိုင်လ ၆ ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေး ကတော့ ကန့်ကွက်တယ်လို့ ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင် အပြင်ထွက် လှည့်လည် ဆန္ဒပြပါတော့တယ်။
အနီးအနားမှာရှိတဲ့ အဆောင်တွေက ကျောင်းသားတွေပါ ထွက်လာပြီး ပူးပေါင်းလိုက်ကြတော့ ဆန္ဒပြလူအုပ်ကြီးဟာ အင်အားများလာတယ်။ အဲဒီ အနီးမှာက ရွှေဘို၊ ဒဂုံ၊ တောင်ငူ၊ ရာမည၊ အမရ၊ မန္တလေး၊ သထုံ၊ ပဲခူး၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ ဆိုတော့ ၁၁ ဆောင် ကျောင်းထုပဲ၊ ဧရာမ အုပ်ကြီး ဖြစ်သွားတယ်။
ညအချိန်ကလည်းဖြစ်၊ မကြေနပ်ချက်ကလည်းရှိ၊ တက်ကြွနေကြတာလည်း ဖြစ်တော့ အဲဒီညမှာ အဆောင်တွေမှာ ကာရံထားတဲ့ အကာအရံတွေနဲ့ သံတံခါးတွေကို စတိအဖြစ် ရိုက်ချိုးလိုက်ကြပါတယ်။ အဲဒီ လူအုပ်ဟာ ပြည်၊ ပုဂံ၊ တကောင်း အဆောင်တွေ အထိ လှည့်လည် ဆန္ဒပြခဲ့ကြတယ်။ အဲဒီညက မိန်းကလေးဆောင်တွေက လွဲရင် အကုန် ပါခဲ့တယ်။
အဲဒီနောက် မကျေမနပ် ဖြစ်နေကြတဲ့ ကျောင်းသားတွေ စုပေါင်းပြီး တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ်နဲ့ ပါမောက္ခချုပ် ဦးကာ အိမ်တို့ကို ဝိုင်းပြီး ဆန္ဒပြ ဟစ်ကြွေးတာတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီည ဆန္ဒပြပွဲဟာ နောက်တနေ့ တကသက ကျင်းပမဲ့ ကျောင်းသားထု ဆန္ဒပြ စည်းဝေးပွဲအတွက် လှုံ့ဆော် ပေးလိုက်သလို ဖြစ်ခဲ့ရတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၆)
ဇူလိုင် ၇ ရက် နေ့လည် တနာရီမှာ သမဂ္ဂ အစည်းအဝေးခန်းမမှာ ကျောင်းသားထု အစည်းအဝေး ကျင်းပတယ်။ ဥက္ကဋ္ဌက ကိုဗဆွေလေးပါ။
အဲဒီ ကျောင်းသားထု အစည်းအဝေးကနေ တခဲနက် ဆုံးဖြတ်ခဲ့တာတွေကတော့ ကျောင်းသားတွေကို ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်တယ်။ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တယ်၊ တက္ကသိုလ် အက်ဥပဒေတွေ ရုပ်သိမ်းတာကို ကန့်ကွက်တယ်၊ စတာတွေပဲ ဖြစ်ပါတယ်။
အစည်းအဝေး အပြီးမှာ သမဂ္ဂ ရှေ့က စပြီး ကျောင်းဝင်းအတွင်းမှာပဲ ကြွေးကြော်သံတွေ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြပွဲခဲ့ကြတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက်ကြတယ်။
ဘွဲ့နှင်းသဘင် ရှေ့မှာ လူစုခွဲ ပြန်လာတဲ့ ကျောင်းသားတခိျု့ဟာ သမဂ္ဂ လက်ဖက်ရည်ဆိုင်မှာ၊ လက်ဖက်ရည် သောက်သူ သောက်၊ စကားပြောသူ ပြောနဲ့ ရှိနေတုန်း နေ့လည် ၂ နာရီခွဲ အချိန် လောက်မှာ ရဲကား ၂ စီး တကသ ထဲ ဝင်လာတယ်။ ရဲတပ်ဖွဲ့ ဝင်တွေက တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပါတယ်။
ကျောင်းသားတွေက ခဏတော့ ကြောင်သွားတယ်။ နောက်တော့ ရဲကားဆီ အတင်းပြေးလိုက်ကြတယ်။ ရဲကားကလည်း ချက်ခြင်းပဲ ပြန်ထွက်သွားတာမို့ ကျောင်းသားခေါင်းဆောင်တွေလည်း ပါသွားတယ်။ ကျန် ရဲတခိျု့လည်း တကသ အဆောက်အဦကို ဝင်စီးလိုက်ပြီး ရဲတခိျု့က တကသနဲ့ ကပ်နေတဲ့ ဦးကာ နေအိမ်ထဲကို ပြေးဝင် နေရာယူလိုက်ကြတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၇)
အဲဒီတော့မှ ကျောင်းသားတွေက အော်ရင်း ဟစ်ရင်း လူစုမိသွားတယ်။ ကျောင်းသားတွေက အဓိပတိလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ ကျောင်းသားတခိျု့က သထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်တယ်။ နောက်ပြီး ကျောင်းသားတွေက တကသ ဝင်းထဲ ဝင်ဖို့ ကြိုးစားကြတယ်။
ဒိုင်းကိုယ်စီ ကိုင်ထားတဲ့ ရဲတွေက တန်းစီ ပိတ်ဆို့ပြီး ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ ရိုက်သူက ရိုက်၊ မျက်ရည်ယိုဗုံး သေနတ်ကိုင်ထားတဲ့ ရဲတွေက ကျောင်းသားထုထဲကို မျက်ရည်ယိုဗုံး တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ကျောင်းသားတခိျု့ရဲ့ ရင်ဘတ်ကို ထိမှန်လို့ လဲသူလဲ ကွဲသူကွဲ ဖြစ်ကုန်တယ်။
ကျောင်းသားတွေက လဲကျသူ တခိျု့ကို မချီ သွားပြီး ကျန်တဲ့ ကျောင်းသားထုက ရဲတွေကို ဖိတိုက်ကြတော့တယ်။ ခဲတွေ၊ ပုလင်းတွေ၊ တုတ်တွေ၊ ရရာတွေနဲ့ ပစ်ခတ် တိုက်ခိုက်ကြတော့တယ်။
ကျောင်းသားတွေလည်း တဖြည်းဖြည်း များများ လာတော့ ရဲတွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကို မမှုတော့ဘဲ ရှေ့ကို ပိုတိုး တိုးတက်ကာ တိုက်ခိုက်ကြတယ်။ ရဲတွေ အထိနာလာတယ်။ တခိျု့ ကျောင်းသားတွေလည်း သွေးရဲရဲ သံရဲရဲ ဖြစ်လာတယ်။
တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားတွေက တောင်ငူဆောင်နဲ့ ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာတဲ့အခါ ပါမောက္ခချုပ် ဦးကာရဲ့ အိမ်ရှေ့က ရဲတွေကို ဒုတိယစစ်မျက်နှာ ဖွင့်တိုက်သလို ဖြစ်သွားတော့ ရဲတွေ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲတွေဆီ သွားပေါင်းကာ ပြန်တိုက်ကြတယ်။
ဒဏ်ရာ အပြင်းအထန် ရတဲ့ ကျောင်းသားတွေကို အဆောင်တွေဆီ ပြန်သယ်ခဲ့ကြတယ်။ ဒါတွေကို မြင်ရတဲ့အခါ ကျောင်းသားတွေ ပို စိတ်လှုပ်ရှား ခံပြင်းလာကြတယ်။ ကျောင်းသားထုလည်း များသထက် များလာတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၈)
ရဲတွေလည်း မျက်ရည်ယိုဗုံးတွေ ပေါပေါများများ သုံးပြီး ကျောင်းသားထုကို ဖြိုခွဲ ပေမဲ့ ဘဝတူ ကျောင်းသားတွေရဲ့ သွေးကို မြင်ကြရလို့ ကိုယ့်ကိုယ်ကို ထိခိုက် ဒဏ်ရာရမှာ မမှုတော့တဲ့ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်လို့ မရတဲ့အဆုံး ရဲတွေဟာ အဓိပတိလမ်း ဂိတ်ဘေး လူဝင်လူထွက် တံခါးကို ဖွင့်ပြီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသ အဝိုင်းလေးနားကို ထွက်သွားကြတယ်။ ပြီးတော့ လာကြိုနေတဲ့ ကားတွေနဲ့ ထွက်ခွာသွားကြတော့တယ်။ အဲဒီအခါမှာ ကျောင်းသားတွေက အောင်ပွဲရလိုက်သလို ဝမ်းသာအားရ အော်ဟစ်ကြတော့တယ်။
နောက်ပြီးတော့မှ တကသနဲ့ အနီးဆုံးမှာ ရှိနေတဲ့ အသစ်စက်စက် ပါမောက္ခချုပ် ဦးကာရဲ့ စကိုဒါ ကားအမဲ စ/၆၅၉ ကို သူ့ခြံထဲက တွန်းထုတ်လာပြီး ကားမှန်တွေကို ရိုက်ခွဲကြတယ်။ နောက် မီးရှို့လိုက်ကြတယ်။ ဦးကာရဲ့ ကားကို မီးရှို့ ပြီးတဲ့အခါ ဦးကာရဲ့သား ကားဖြစ်တဲ့ ဗောက်ဝက်စ်ဂွန် ကား အနီရောင် စ/၆၂၀၃ ကို ထပ်ပြီး ခြံအပြင် ထုတ်ကာ မီးရှို့လိုက်ကြတယ်။
ဦးကာ ဆိုတာ အရင်က သင်္ချာကထိကပါ၊ ပါမောက္ခတောင် မဖြစ်ဖူးပါဘူး။ တင်းကြပ်တဲ့ မတရား အဆောင်စည်းကမ်း တွေဟာ သူ့လက်ချက်လို့ ကျောင်းသားတွေက ထင်နေကြတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၁၉)
နေ့လည် ၄ နာရီခွဲ လောက်မှာတော့ ဘယ်နေရာက စောင့်နေမှန်း မသိတဲ့ စစ်ကား ၂ စီး အပြည့် တင်လာတဲ့ တပ်ရင်း (၄) က စစ်သားတွေ ချက်ခြင်းပဲ တက္ကသိုလ်ရိပ်သာလမ်းမပေါ် ရောက်လာပြီး ဆေးရုံရှေ့ကနေ ဓမ္မာရုံအထိ တပ်ဖြန့်လိုက်တယ်။ တက္ကသိုလ်ဝန်းကျင် တခုလုံးကို ပိတ်ဆို့လိုက်ကြတယ်။ စစ်သားတွေက တခါမှ စစ်မြေပြင်မှာ အသုံးမပြုရသေးတဲ့ အသစ်စက်စက် ဂျီသရီး မောင်းပြန်ရိုင်ဖယ် တွေကို ကိုင်ဆောင်ထားကြတယ်။
တပ်ရင်း (၄) ဆိုတာ ဗိုလ်နေဝင်းရဲ့ ကိုယ်ရံတော် တပ်၊ အထူးတပ် ဖြစ်တယ်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့်နဲ့ နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီးစိန်လွင်တို့ပါ ရောက်ရှိလာကြတယ်။
ကျောင်းသားတွေကလည်း ဓမ္မာရုံ တည့်တည့် အမရဆောင် ရှေ့က တံခါးကိုလည်း ပိတ်လိုက်တယ်။ ဒါကြောင့် ကျောင်းသားနဲ့ စစ်တပ်ကြားမှာ အောက်ခြေ နှစ်ပေခန့် အုတ်မြစ်ပေါ်မှာ အုတ်တိုင်တွေနဲ့ သံတိုင်စိုက် ဝင်းထရံပဲ ခြားတော့တယ်။ တဘက်နဲ့ တဘက် သံတိုင်ကြားက မြင်နေရပါတယ်။
အဲဒီအချိန်မှာ အခြေအနေ အနည်းငယ် ငြိမ်သက်သွားပြီး ကျောင်းသားတွေက တက္ကသိုလ် မြက်ခင်းပြင်တွေပေါ်မှာ ဝိုင်းဖွဲ့ စကားပြောသူက ပြော၊ သမဂ္ဂ ကွင်းပြင်ရှေ့ ထိုင်နေသူက ထိုင်နေကြ၊ အဆောင်တွေရဲ့ ဝရန်တာတွေရှေ့ ရပ်ပြီး ကြည့်သူက ကြည့်နေကြ၊ စစ်အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်နေသူတွေကလည်း အော်ဟစ်နေကြနဲ့ ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေကြပါတယ်။ ကျောင်းသားတွေက အတွင်းကနေ အသံနက်ကြီးတွေနဲ့ ညာသံပေးလိုက်ကြ လုပ်နေကြတယ်။
နောက်ပြီး "ဒီကောင်တွေ မပစ်ရဲပါဘူးကွာ၊ အလကားပါ" ဆိုတဲ့ စကားသံတွေ မကြာခဏ ထွက်ပေါ်ခဲ့သလို "မင်းတို့အားလုံး ပေါင်းလို့မှ ၆ တန်း အောင်ရဲ့လားကွာ"၊ "ကောက်ရိုးခြေထောက်၊ မြက်ခြေထောက်" လို့ အော်ဟစ်ပြီး စစ်သားတွေကို လှောင်တဲ့သူက လှောင်နေကြပါတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂ဝ)
နောက်ပိုင်းမှာ မောသွားကြပြီး ကျောင်းသားတွေက တကသ အဆောက်အဦ ရှေ့မှာ ဟောပြောပွဲတွေ ကျင်းပကြတော့တယ်။ စကားပြောသူ ပြော၊ တုံးလုံး လှဲသူ လှဲ နေနေကြတယ်။ စစ်သားတွေလည်း အေးအေးဆေးဆေး ဖြစ်သွားပါတယ်။
အဲဒီလို နှစ်ဖက်စလုံး အေးဆေး ငြိမ်သက်နေချိန်မှာ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီးသိန်းစိန်ရဲ့ ကား ရောက်လာပြီး တံခါးဝမှာ ဒုဗိုလ်မှူးကြီးလှမြင့်၊ ဒုဗိုလ်မှူးကြီးစိန်လွင်တို့နဲ့ ရပ်ပြီး စကားစမြည် ပြောနေတာကို မြင်ကြရပါတယ်။ ၁၀ မိနစ်လောက် အကြာမှာ ဗိုလ်မှူးကြီးသိန်းစိန်လည်း ကားနဲ့ ပြန်ထွက်သွားတယ်။
ဗိုလ်မှူးကြီးသိန်းစိန် ပြန်သွားပြီး မကြာမီပဲ ဗိုလ်မှူးကြီးမင်းသိမ်း ဂျစ်ကားလေး တစင်းနဲ့ ရောက်လာတယ်။ စိန်လွင် လက်ထဲကို စာရွက်လေး တရွက် ထည့်ပေးလိုက်တယ်။ ပြီးတော့ ဆက်ထွက်သွားတယ်။
လှမြင့်နဲ့ စိန်လွင်လည်း အဲဒီမှာ ရှိနေတဲ့ တပ်မှူးတွေကို ခေါ်ပြီး ခေါင်းချင်းရိုက်လိုက်တယ်။
နောက်ပြီး တပ်ရင်းမှူးက လက်ကို ဝိုင်းပြီး သုံးကြိမ် ဝှေ့ယမ်း ပြလိုက်တဲ့ အချိန်မှာတော့ အသင့် နေရာယူထားပြီး ဖြစ်တဲ့ စစ်သားတွေဟာ စစ်မြေပြင်မှာ ရန်သူကို ချေမှုန်းသလိုမျိုး မောင်းပြန်ရိုင်ဖယ် တွေနဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပတိ လမ်းမတလျှောက်ရှိ ကျောင်းသားထုထဲကို ဒလစပ် ပစ်ခတ်ကြပါတော့တယ်။
မန္တလေးဆောင် ခြံစည်းရိုး ပေါ်မှာ ထိုင်နေတဲ့ ကျောင်းသားတွေလည်း သေနတ်ထိမှန်ပြီး ဇောက်ထိုး ပြုတ်ကျကုန်တယ်။ အဓိပတိလမ်း တံခါးမကြီးကို ကိုင်ကာ ရပ်ကြည့်နေသူ တခိျု့လည်း သေနတ်မှန်ပြီး လဲကျကုန်တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၁)
ဒီလို ပစ်ခတ်လိမ့်မယ်လို့ မထင်မှတ်တာကြောင့် ကျောင်းသားအများစုက မှင်သက်မိပြီး နေရာမှာပဲ ကျောင်းသား တော်တော်များများ အသက်ပျောက်ခဲ့ရတယ်။ အခိျု့လည်း ပြေးရင်း လွှားရင်း ထိမှန်ကုန်ကြတယ်။
ကျောင်းသားတခိျု့က နီးစပ်ရာ မန္တလေးအဆောင်ပေါ် တက်ပြေးကြတယ်၊ ဒီလို အဆောင်ပေါ် တက်ပြေးတဲ့ ကျောင်းသားတွေကို စစ်သားတွေက ဒူးထောက်ပြီး မလွတ်တမ်း ပစ်ခတ်ခဲ့လို့ မန္တလေးဆောင် လှေကားရင်းမှာတင် အလောင်းချင်း ထပ်ခဲ့ရတယ်။
ဘေးနားရှိ စာတိုက်ဝင်းထဲက ရပ်ကြည့်နေသူတွေကိုပါ ပစ်ခတ်ခဲ့လို့ စာတိုက်ဝင်းထဲမှာတင် သေဆုံး ဒဏ်ရာရသူ ၄၀ လောက် ရှိတယ်။
စစ်သားတွေက ဒီ မောင်းပြန် သေနတ်တွေနဲ့ ၃ - ၄ မိနစ်လောက် ဆက်တိုက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ တခိျု့လည်း သမဂ္ဂ အဆောက်အဦ ကြီးထဲကို ခိုဝင်လိုက်ကြရတယ်။ နောက်ပိုင်း ဒဏ်ရာ ရနေတဲ့ ကျောင်းသားတွေပါ သမဂ္ဂ အဆောက်အဦထဲကို ရွှေ့ပြောင်းလာကြတယ်။
ဒီ ပစ်ခတ်မှု ပုံစံဟာ ဆန္ဒပြသူ အားလုံးကို အမြစ်ပြတ် ချေမှုန်းမယ့် ပုံစံမျိုး ဖြစ်တယ်။ ဝင်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ပြီးမှ အစီအစဉ်တကျ ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ အင်းလျားကန်ဘက်မှာ တာဝန်ကျတဲ့ ဗိုလ်ကြီးတဦးကသာ လူသားချင်း စာနာစိတ် အပြည့်အဝနဲ့ အင်းလျားကန်ဘက် ထွက်ပြေးလာတဲ့ ကျောင်းသားတွေကို လွှတ်ပေးခဲ့လို့ ကျောင်းသားအခိျု့ လွတ်မြောက်ခဲ့ရတယ်။
တကသ ရင်ပြင်ရှေ့မှာ ရှိတဲ့ ဆန္ဒပြ ကျောင်းသားတွေကို စစ်မြေပြင်ရှိ ရန်သူအလား ပစ်ခတ် ခြေမှုန်း ပြီးတဲ့အခါ ကျောင်းဆောင် အခန်းတွေကို တခန်းခြင်း ဝင်ရောက် ရှင်းကြပြန်တယ်။ ဒါပေမယ် သမဂ္ဂ အဆောက်အဦ ကတော့ ဒဏ်ရာရ ကျောင်းသား တွေကို သယ်ပြီးတာနဲ့ တံခါး ပြတင်းပေါက် အားလုံးကို အလုံ ပိတ်လိုက်တာကြောင့် ဝင်မရှင်းနိုင်တော့ဘဲ စစ်တပ်က ဝိုင်းရုံသာ ဝိုင်းထားလိုက်ကြရတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၂)
ပစ်ခတ်မှုကို ကိုယ်တိုင် ကြုံတွေ့သူတွေရဲ့ ဖွင့်ဟချက် တစိတ်တဒေသ
"ကျနော်သည် ဝပ်နေသည့် အနေအထား ၌ပင် လက်ထောက်ကာ ကိုယ်ကို အနည်းငယ် ကြွပြီး ခေါင်းထောင်၍ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ မြေကြီးပေါ်တွင် ဝပ်နေရာမှ ကုန်ရုန်း ထပြီး စာတိုက်ဘေးဆီသို့ ပြေးနေကြသူ အများအပြား တွေ့ရ၏။ သွေးသံရဲရဲဖြင့် လဲနေသူ ဆယ်ပေါင်း များစွာပါလား။ တခိျု့ ထထိုင်ဖို့ ကြိုးစားနေကြသည်။
ကျနော့် လကျာ်ဘက်၌ လက်လှမ်းမှီရာမှ ကျောင်းသားတယောက်မှာ ပက်လက်လန်နေသည်။ သူ့  မှာ ခေါင်းတခြမ်း မရှိတော့။ ကျန် မျက်နှာတခြမ်းမှ သူ့ မျက်လုံးမှာ မှိတ်တုတ်မှိတ်တုတ် မျက်တောင်ခတ်နေဆဲ။ ပဲ့ထွက်နေသော သူ့ ခေါင်းမှ ဦးနှောက် ဖြူဖြူဖွေးဖွေးတွေ ဖွာထွက်နေသည်။ နီရဲသော သွေးများ ပန်းထွက်နေသည်။ ကျနော် ကြည့်နေဆဲမှာပင် မှိတ်တုတ်မှိတ်တုတ် ခတ်နေသော သူ့ မျက်လုံး ရပ်သွားသည်။
ကျနော် လက်ဝဲဘက် ၄ ပေခန့် အကွာတွင် အခြား တယောက်။ သူလည်း ပက်လက်လန်နေသည်။ သူ့ ဝမ်းဗိုက် ညာဘက်ခြမ်း ပွင့်ထွက်နေပြီး အူများ ပြူထွက်နေသည်။ သူ့ ညာလက်ဖြင့် သူ့ အူများကို လှမ်းကိုင်ပြီး ဝမ်းဗိုက်ထဲသို့ ပြန်သွင်းဖို့ ကြိုးစားနေရာမှ သူ့ လက်သည် မြေကြီးပေါ်သို့ ရုတ်တရက် ကျသွားပြီး တကိုယ်လုံး ငြိမ်သက်သွားသည်။
x x x x x x x x
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၃)
x x x x x x x x
စာတိုက်ဘေး တည့်တည့် ခြံစည်းရိုး လေးမှာ ဒဏ်ရာရထားသူ တယောက်သည် ခြံစည်းရိုး သံတိုင်ကို ကိုင်၍ မတ်တတ်ထလိုက်သည်။ သူ့  ဘယ်ဘက်ပေါင်မှာ သေနတ်ကျည် အနီးကပ် မှန်ထားသဖြင့် အရေပြား တဲတဲလေးသာ ကျန်နေသဖြင့် တွဲလောင်း ဖြစ်နေသည်။
ထိုသူသည် သံတိုင်ကို အားခဲ ခိုထားပြီး သူနှင့် လက်တကမ်းမျှသာ ဝေးသော စစ်သားများသို့ လှမ်းအော်၍ စကားပြောလိုက်၏။ 'ဒီမှာ ကြည့်ပါအုန်း။ လက်နက် ဆိုလို့ ဘာမှ မပါတဲ့ ကျနော်ကို ဘာကြောင့် ခုလို ပစ်ရတာလဲ'။
သူနှင့် လက်တကမ်းမှ စစ်သားသည် သူနှင် နီးသော စစ်ဗိုလ်ကို လှမ်းကြည့်လိုက်သည်။ စစ်ဗိုလ်က ကိုယ်အမူအယာဖြင့် အချက်ပေးလိုက်သည်နှင့် ထိုစစ်သားသည် သူ့ လက်ထဲမှ ဂျီ (၃) ဖြင့် ဒဏ်ရာကိုပြရင်း လဲကျမတတ် ဖြစ်နေသူ လူငယ်အား ရင်ညွှန့်သို့ ချိန်၍ မောင်းဖြုတ်လိုက်ရာ လူငယ်မှာ ပုံလျက် ကျသွားသည်။
'ဟေ့ ရှေ့ကို နောက်ထပ် တက်မလာကြနဲ့။ လာရင် ပစ်သတ်ခံရမှာဘဲ'။ ကျနော် ရပ်နေသော စာတိုက် ခြံစည်းရိုးမှ ၄ - ၅ ပေ မျှသာ ကွာသော နေရာ၌ ရပ်နေသည့် စစ်ဗိုလ်တယောက်က ကျနော်တို့ကို လှမ်း၍ ကြိမ်းမောင်းလိုက်ခြင်းဖြစ်သည်။"
တင့်ဇော်
("၇ ဇူလိုင် မှတ်တမ်း၊" စွမ်းမြိုင် စီစဉ်ပြီး အလင်းအိမ် စာစောင် (ဂျပန်) မှ ထုတ်ဝေသည်။ (ပထမအကြိမ် ၇ ဇူလိုင် ၂၀၀၆) မှ စာမျက်နှာ ၄၆ - ၄၇ နှင့် ၄၈)
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၄)
ဒီ ဆန္ဒပြပွဲကြီးကို နှိမ်နှင်း ဖြိုခွဲဖို့ အတွက် 'လုံခြုံရေးကော်မတီ' ကို ဗိုလ်နေဝင်းက ဖွဲ့ပေးခဲ့တယ်။ ဒီ ကော်မတီမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်စိုး ခေါင်းဆောင်ပြီး ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးသန်းစိန်နဲ့ ဒုရဲချုပ်ဘအေး တို့ ပါဝင်ကြတယ်။ ဒီ ကော်မတီ အဖွဲ့ဝင်တွေဟာ အသံလွှင့်ရုံမှာ ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြတယ်။
ညပိုင်းမှာ ကျောင်းသားတွေကို ပစ်ခတ် နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေဟာ နန်ကင်းဟော်တယ်က အစားအသောက်တွေ မှာယူပြီး အောင်ပွဲခံ စားပွဲသောက်ပွဲတွေ ကျင်းပခဲ့ကြတယ်။
ဒီလို စားသောက်အပြီးမှာ ဗိုလ်လှဟန်နဲ့ ဗိုလ်အောင်ကြီး တို့ဟာ ဗိုလ်နေဝင်းဆီ သတင်းပို့ဖို့ ထွက်လာကြတယ်။
လမ်းမှာ အင်းယားကန်ဟော်တယ် အဝင်ဝမှာ ရှိတဲ့ ပါမောက္ခ ဦးကာ အိမ် ရောက်တဲ့အခါ ဝင်ကြပြီး ဦးကာနဲ့ စကားစမြည် ပြောကြတယ်။ ဒီ ဗိုလ်မှူးကြီးတွေဟာ ဦးကာ အိမ်မှာ စုပြီး ကျောင်းသားဆန္ဒပြမှု အခြေအနေတွေကို စုံစမ်းကြ၊ ဆွေးနွေး တိုင်ပင်တတ်ကြတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၅)
အဲဒီအခါမှာ ဗိုလ်လှဟန်က "သမဂ္ဂကို ခွဲဖို့ သူတို့ အမိန့်ရထားပြီ" လို့ ပြောလိုက်တယ်။ ဒီတော့ ဗိုလ်အောင်ကြီး က "ဟာ - ခင်ဗျားတို့ ခွဲဖို့ အမိန့် မပေးလိုက်ကြနဲ့အုန်း။ ကျနော် ဥက္ကဋ္ဌကြီးကို ပြောအုန်းမယ်လို့" ပြန်ပြောလိုက်တယ်။ ပြီးတော့ ဗိုလ်နေဝင်းဆီ ဆက်သွားကြတယ်။
ဗိုလ်နေဝင်းဆီ ရောက်တော့ ဗိုလ်လှဟန်က အခြေအနေ အရပ်ရပ်ကို အစီရင်ခံတယ်။ ဗိုလ်အောင်ကြီးကတော့ အမြီးကုပ်သွားတယ်။ ဗိုလ်အောင်ကြီးဟာ လုံခြုံရေး ကော်မတီမှာ တိုက်ရိုက် ပါဝင်ခြင်း မရှိပေမယ့် လုံခြုံရေးကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ရာ အသံလွှင်ရုံမှာရော၊ အနီးကပ် ကြီးကြပ် ကွပ်ကဲနေတဲ့ ဗိုလ်မှူးကြီးတွေနဲ့ပါ တချိန်လုံး အတူတကွ ရှိနေပါတယ်။
(၈) လေးလုံး အရေးတော်ပုံကာလ မဆလ ပါတီ အရေးပေါ်ညီလာခံမှာ ဗိုလ်နေဝင်း မိန့်ခွန်းပြောတဲ့အခါ သူ့  ဆီကို ဗိုလ်အောင်ကြီးနဲ့ ဗိုလ်လှဟန် လာတယ်။ ဗိုလ်လှဟန်က အခြေအနေ အရပ်ရပ်ကို သတင်းပို့တယ်။ ဗိုလ်အောင်ကြီးကတော့ ဘာမှ မပြောဘဲ ပြန်သွားကြတယ်။
အသံလွှင့်ရုံ ပြန်ရောက်တော့ "ဥက္ကဋ္ဌကြီးက `အိုကေ (OK)´ လို့ ပြောလိုက်တယ်" လို့ ဗိုလ်အောင်ကြီးက ပြောတယ်။ ဒီတော့မှ သမဂ္ဂကို ဖောက်ခွဲလိုက်တာလို့ ရှင်းပြသွားတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၆)
အမှန်တော့ ကျောင်းသားတွေ သမဂ္ဂ အဆောက်အဦထဲ ဝင်ခိုသွားကြပြီ ဆိုတာ သတင်းပို့ပြီးသားပါ။
အဲဒီအချိန်က ကွန်မြူနစ်တွေက ကျောင်းသားတွေအတွက် လက်နက်တွေ ပို့ပေးထားတယ်၊ ကွန်မြူနစ်တွေရဲ့  မြေပေါ်ဌာနချုပ်ဟာ သမဂ္ဂ အဆောက်အဦ ပဲလို သတင်းတွေ ထွက်နေခဲ့တယ်။
ဒီ အခြေအနေကို ဗိုလ်အောင်ကြီးက ၈၊ ၇၊ ၉၈ ရက်နေ့ VOA နဲ့ တွေဆုံ မေးမြန်းခန်းမှာ ဘယ်လို ပြောလဲ ဆိုတော့ "သမဂ္ဂမှာပေါ့လေ၊ ကျောင်းသားတွေက လက်နက်ကိုင်တဲ့ လူတွေ ရှိတယ်၊ လူနာတွေ ဆွဲသွင်းပြီး တံခါးတွေ ပိတ်သွားတယ်၊ ဘာညာ ဆိုတော့ကာ ညနေဘက် နည်းနည်း စောင်းလာတော့ ဗိုလ်ချုပ်ကြီးက (ဥက္ကဋ္ဌကြီးက) ပြောတယ်။ ပြည်ထဲရေးဝန်ကြီးကို တကယ်လို့ ညမိုးချုပ်သွားလို့ ရှိရင် အဲဒီအပေါ် ပစ်လား ခတ်လား ဖြစ်လို့ ရှိရင် တို့လူတွေ သေမယ်၊ အဲဒီတော့ အသေ မခံနဲ့နော်၊ အဲဒီတော့ ရကွိုင်းလက် ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ"။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၇)
သမဂ္ဂ အဆောက်အဦထဲမှာ လက်နက်ကိုင် လူတွေ ရှိတယ် ဆိုတာ မဟုတ်ပါဘူး၊ ဒါ တော်လှန်ရေး ကောင်စီရဲ့ ကုလားဖန်ပါ။ ဒါဟာ သမဂ္ဂ အဆောက်အဦကို ရကွိုင်းလက် ဂန်းနဲ့ ပစ်ခွင်းဖို့ ဗိုလ်နေဝင်းက လုံခြုံရေးကော်မတီကို အမိန့်ပေးလိုက်တာပဲ။ ဒါပေမဲ့ ရကွိုင်းလက် ဂန်း ကျည် ရှာမရခဲ့ကြဘူး။
ဒီတော့ အမိန့်ပေးရင် ကိုက်ဖို့သာ သိတဲ့ စစ်ခွေးတစုဟာ ဒိုင်းနမိုက်နဲ့ ကပ်ခွဲဖို့ ဒိုင်းနမိုက် ရှာကြပြန်တယ်။ ညသန်းခေါင်ကျော်မှာ သမဂ္ဂကို ဖောက်ခွဲဖို့ ထောက်ကြံ့ ပင်မ ခဲယမ်းသိုလှောင်ရုံ ကနေ ဒိုင်းနမိုက် အမြောက်များ ရရှိခဲ့ပါတယ်။
သမဂ္ဂ အဆောက်အဦကို စိတ်ကြိုက် ဒိုင်းနမိုက်တွေ တပ်ဆင် ဖောက်ခွဲခဲ့သူကတော့ အင်ဂျင်နီယာတပ်က ထားဝယ်သား ဗိုလ်မှူးထွန်းရီပဲ ဖြစ်တယ်။ ဖောက်ခွဲရာမှာလည်း လိုအပ်တဲ့ ပမာဏထက် အဆများစွာ ပိုသုံးခဲ့တယ်။
ဒိုင်းနမိုက်ကို ရန်ကုန် မြို့လယ်လို နေရာမျိုးမှာ တရားဝင် ဖောက်ခွဲဖို့ ဆိုတာ အနည်းဆုံး အဆင့် ဗိုလ်မှူးကြီးတဦးက ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ်ရေးထိုးပေးမှသာ တရားဝင်ပါတယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၈)
ဒီနေရာမှာ တပ်မတော်ရဲ့  တော်သလို အမိန့်ပေးပြီး တော်သလို တရားခံ ရှာတတ်တဲ့ အာဏာရှင် လုပ်ထုံးလုပ်နည်းကို တွေ့ရပါတယ်။
ဗိုလ်နေဝင်းက ဗိုလ်ကျော်စိုး ဆီကို ဖောက်ခွဲဖို့ နှုတ်မိန့် ပေးလိုက်တယ်၊ ဗိုလ်ကျော်စိုးက တဖန် ဗိုလ်ထွန်းရီ ဆီကို နှုတ်မိန့် ပေးပြန်တယ်။
ဒီတော့ ဗိုလ်ထွန်းရီလည်း ဒိုင်းနမိုက်တွေက တပ်ဆင်ထားပြီးပြီ တရားဝင် အမိန့်ပေးတဲ့ စာချွန်လွှာကလည်း မရှိ၊ သူ့ကို အမိန့်ပေးလိုက်တဲ့ ဗိုလ်မှူးကြီးတွေကလည်း မရှိ၊ ဒီအချိန်ကြီး ဘယ်သွား ရှာရမှန်းလည်း မသိ ဖြစ်နေတယ်။
ဒီနေရာမှာ ဓါးခုတ်ရာ ခေါင်းဝင်ခံသူကတော့ တပ်မတော် စစ်မင်းကြီး ဗိုလ်မှူးကြီးဘဦး (မင်းသိမ်း လို့လည်း ခေါ်တယ်) ပဲ။ သူက မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးဖို့ ပြောတော့ ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ် ဝင်ထိုးပေးသွားတယ်။
ဒီတော့မှ ဗိုလ်ထွန်းရီလည်း သမဂ္ဂ အဆောက်အဦမှာ အသင့် တပ်ဆင်ထားပြီး ဖြစ်တဲ့ ဒိုင်းနမိုက်တွေကို ၈ ရက်နေ့ မနက် လင်းအားကြီး ၃ နာရီခွဲ၊ ၄ နာရီ ခန့်မှာ တကသ အပေါ်ထပ် မျက်နှာကြက်ပေါ် တက်ခါ ပုန်းအောင်းနေတဲ့ ဒဏ်ရာရ ကျောင်းသား တခိျု့နဲ့အတူ သမဂ္ဂ အဆောက်အဦ ကြီးကို ဖောက်ခွဲလိုက်ပါတော့တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၂၉)
သမဂ္ဂ အဆောက်အဦမှာ ဘကြီး ကံသိန်းရဲ့ သမဂ္ဂ ဆံပင်ညှပ်ဆိုင်နဲ့ စားသောက်ဆိုင် ရှိပါတယ်။ သမဂ္ဂ ဆံပင်ညှပ်ဆိုင်က ဘကြီး ကံသိန်းဟာ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းတို့ သမဂ္ဂခေတ် ကတည်းက ရှိနေသူပါ။ အဲဒီအချိန်က သမဂ္ဂ စားသောက်ဆိုင် တင်ဒါ ရပြီး ဖွင့်နေတဲ့ သူကတော့ ပန်းချီ ဦးနန်းဝေ ဖြစ်ပါတယ်။ သူတို့ မိသားစုတွေပါ သမဂ္ဂ အဆောက်အဦ ထဲမှာ နေကြပါတယ်။
၇ ရက်နေ့ည ၁၁ နာရီ လောက်မှာ စစ်တပ်က စစ်ဗိုလ် တွေက ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့ရဲ့ နာမည်တွေကို လက်ကိုင် အသံချဲစက် တွေနဲ့ အော်ခေါ်ပါတယ်။ နောက်ပြီး သမဂ္ဂ အဆောက်အဦ ထဲကနေ မိသားစု နဲ့အတူ ထွက်ပေးဖို့ ပြောပါတယ်။ ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့က ညကြီးသန်ခေါင် ကားရှာ မရလို့ မနက်မှ ထွက်ပါရစေလို့ တောင်းပန်တာကို လက်မခံဘဲ၊ ညတွင်းချင်း လူချည်းပဲ ထွက်ရမယ်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမယ်လို့ ပြောတယ်။
ယူနီယံထဲမှာ မသမာသူတွေ ခိုအောင်း နေနိုင်လို့ အပြတ်ရှင်းမယ် လို့လဲ ပြောတယ်။ ဒါကြောင့် သူတို့လည်း မိသားစုနဲ့ ခြေလွတ် လက်လွတ် ညတွင်းချင်း ထွက်ခဲ့ရတယ်။
ဦးကံသိန်း ပြောတာကတော့ အထဲမှာ ခိုအောင်းတဲ့ သူ ဆိုတာလည်း မရှိပါဘူး။ သူတို့ ထင်သလို မြေအောက်ခန်းတွေ ဘာတွေလည်း မရှိပါဘူးတဲ့။
ဒါပေမဲ့ မိုက်လုံးကြီး မနာလို ဝန်တိုတဲ့ စစ်အာဏာရူးတွေကတော့ ၈ ရက်နေ့ လင်အားကြီးမှာ ကျောင်းသားထု ပိုင်ဆိုင်တဲ့ ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်ပါတော့တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၃ဝ)
အဲဒီနေ့ ည (၇) နာရီ အချိန် မြန်မာရေဒီယိုကနေ အသံလွှင့်တဲ့အခါ အာဏာရူး နေဝင်းက
"ကျနော် တိုင်းပြည် တာဝန်ယူသည့် အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါသည်" တဲ့ ...
"အခု ဖြစ်တဲ့ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။ ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်"
လို့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း 'ဓါး ဓါးချင်း လှံ လှံချင်း' ဆိုပြီး ထပ်မံ စိန်ခေါ် စော်ကားခဲ့ပြန်တော့တယ်။
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၃၁)
နောက်ပြီး စစ်အစိုးရက ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ရာမှာလည်း ကျောင်းသား ၁၇ ဦးသာ သေဆုံးကြောင်း ကြေညာခဲ့တယ်။ အမှန်မတော့ မန္တလေးဆောင် တခုထဲတင် စာရင်း အရ ၁၇ ဦး သေဆုံး ခဲ့တယ်။
မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သူရဲ့ ခန္ဓာကိုယ်က သွေးနဲ့ မန္တလေးဆောင် နံရံမှာ "၇ - ၇ - ၆၂ မမေ့ကြနဲ့" လို့ ရေးသွားခဲ့တယ်။
၆၂ ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးလှရွှေကို ဒီဗွီဘီ အသံလွှင့်ဌာနက ဇူလိုင်လ ၇ ရက် ၂၀၀၆ နေ့မှာ ဆက်သွယ်ပြီး "ဘာကြောင့် နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဖြိုဖျက် ပစ်ခဲ့ ရတာလဲ" ဆိုတာကို မေးမြန်း ခဲ့ရာ ဦးလှရွှေက အခုလို ဖြေကြားခဲ့ပါတယ်။
"ဒါကတော့ ခင်ဗျားတို့လဲ သိနေကြတာပဲ။ ဗမာပြည် ခေတ် အဆက်ဆက်က နိုင်ငံရေးမျိုးဆက်တွေ ဆိုတာ ကျောင်းသား သမဂ္ဂ စင်မြင့ပေါ်က ဖြတ်လာကြတာချည်းပါပဲ။ ဒါ တဖက်က ကြည့်လို့ ရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ ဒီ အဆောက်အဦဟာ ခေတ်တခေတ် ဗမာပြည် နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲခေတ် ကိုယ်စားပြုထားတဲ့ အဆောက်အဦပဲ။ ဒီဘက်ခေတ် ကျတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကိုယ်စားပြုတဲ့ အဆောက်အဦ ဖြစ်နေတာပေါ့။ အဲဒီတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို မျက်ကွယ်ပြုချင်တဲ့ လူတွေကတော့ တခြား ရွေးစရာ လမ်းမရှိလို့ ထင်ပါတယ်။"
ကျောင်းသား ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတဲ့ ဆဲဗင်း ဇူလိုင် (၃၂)
ဒီလို နီမောင်းသော ခွပ်ဒေါင်း အပေါင်းတို့ရဲ့ အပျိုစင် မိခင် သမဂ္ဂကို ကျောင်းသားတွေ နဲ့အတူ ဖြိုချ ဖျက်ဆီးခဲ့မှုဟာ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ အဖို့ သမိုင်းမှာ ဖျောက်ဖျက်လို့ မရတော့တဲ့ အမည်းစက်ကြီးပါပဲ။ ဒီ သမဂ္ဂကြီးကပဲ အာဇာနည် ခေါင်းဆောင်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ မြန်မာ့ လွတ်လပ်ရေးကို မွေးဖွားပေးခဲ့တယ်။ နောက်ပြီး သမဂ္ဂ အဆောက်အဦဟာ မြန်မာ နိုင်ငံရဲ့  လူမှုရေး၊ နိုင်ငံရေး ပြယုဂ်လည်း ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ် တို့ရဲ့ လက်ထက်မှာတောင် သမဂ္ဂဟာ ဒီလို လူမဆန်စွာ ရိုင်းပြ ရက်စက်မှုကို မကြုံခဲ့ရဖူးဘူး။
ဒီတော့ ကျနော်တို့ တတွေလည်း ကိုကျော်ဝင်း သွေးနဲ့ ရေးခဲ့ သလို "၇ - ၇ - ၆၂ ကို မမေ့ ကြဖို့" လိုပါတယ်။ နောက်ပြီး ၁၉၆၃ ဇူလိုင်လ ကျောင်းပြန် အဖွင့်မှာ သမဂ္ဂ အဆောက်အဦ နေရာမှာ ယာယီ တဲဖြင့် သမဂ္ဂကို ပြန်လည် တည်ထောင်ကြတယ်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နဲ့ အတူ အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ ရှိတဲ့ ကျောက်တိုက် တခု လုပ်ပြီး ၇ - ၇ - ၇၂ နေ့မှာ ကျဆုံး ခဲ့ရတဲ့ ကျောင်းသား ရာကျော်အတွက် ရည်စူးကာ "ရာကျော် ကျောက်တိုင်" လို့ အမည်တွင်စေခဲ့တယ်။ ဒီ "ရာကျော် ကျောက်တိုင်" ဖွင့်ပွဲမှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း မိန့်ကြားခဲ့သလို "အဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂ စိတ်ဓာတ် ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး၊" ဆိုတဲ့ သမဂ္ဂ စိတ်ဓာတ်ကို အစဉ် နှလုံးသွင်းကြဖို့ လိုပါတယ်။
မှတ်ချက် - ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းတွေ ပြန်ပိတ်လိုက်တဲ့အခါ ရာကျော် ကျောက်တိုင်နဲ့ အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦလည်း ထပ်မံ ဖျက်ဆီးခံရတယ်။
********
https://www.myanmarisp.com/Student_Movements/7july
7th July ကျောင်းသားအရေးတော်ပုံ
(အသေးစိတ်မှတ်တမ်း)
ကို ဖတ်ရန် "7th July ကျောင်းသားအရေးတော်ပုံ" ခေါင်းစဉ်ကို နှိပ်ပါ။
https://www.myanmarisp.com/Student_Movements/7july
7 July နဲ့ပတ်သက်တဲ့ အချက်အလက် လာဖြည့်ပေးသူတွေ စာလာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မှတ်ချက် အတော်များများက spam ထဲ သွားဝင်နေလို့ Not spam ပြန်လုပ်ထားရတယ်။ အာဏာရှင်တွေ ဖုံးထားတဲ့ ရာဇ၀တ်မှုတွေကို ဖေါ်ပြနေလို့ အမှန်တရားကို လက်မခံနိုင်ဘဲ သမိုင်းမှန် လူသိမှာကို ကြောက်လို့တုန်နေသူတွေ အနာပေါ်ဒုတ်ကျလို့ ခံရခက်ပြီး ပြဿနာလာရှာနေသူ အာဏာရှင်နောက်မြှီးဆွဲတွေ ကိုတော့ ၀ဋ်ကြွေးလို့ပဲ သဘောထားကြပါ။ လာဆဲ၊ လာကလိ၊ အမျိုးမျိုး အနှေင့်အယှက်ပေးလည်း ရပ်သွားမယ် မထင်နဲ့။ နောက်ထပ် အာဇာနည်နေ့၊ ရှစ်လေးလုံးနေ့ စက်တင်ဘာ သွေးစွန်းနေ့တွေမှာ အာဏာရှင်တွေရဲ့ လူမဆန်ယုတ်မာ ရက်စက် ကောက်ကျစ်မှုတွေအကြောင်း ဆက်တိုက်လာဦးမှာ ဖြစ်တယ်။
မငယ်နိုင်
သမိုင်းမှန်ကို အမှန်အတိုင်း တင်ပြပေးနေတဲ့ မငယ်နိုင်ရဲ့ 7th July ပို့စ်တွေအတွက် အထူး ကျေးဇူးတင်ပါတယ် ခင်ဗျား။
စစ်တွေမြို့တွင် စစ်သားများက သားအဖ နှစ်ယောက်ကို မင်းမဲ့စရိုက်ဖြင့် လူမဆန်စွာ ပစ်သတ်မှု
ဦးသာထွန်းအောင်က “ဒီကလေးတွေက ရပ်ကွက်ကပါ၊ အလှူလုပ်ဖို့ အုန်းတပင် ရပ်ကွက်ကောင်စီရုံးက ခုံတွေကို ဥက္ကဌ ခွင့်ပြုချက်နဲ့ ငှားတာပါ” လို့ ပြောလိုက်တယ်။ စစ်သားက “ဒီအဖိုးကြီး နာချင်နေပြီနဲ့ တူတယ်” လို့ ပြောပြီး ဦးသာထွန်းအောင်ရဲ့ ရင်ဘတ်ကို သေနတ်ဒင်နဲ့ ထုရိုက်လိုက်တယ်။
အဖေကို သားရှေ့မှာ မတရား ရိုက်နေတော့ သားဖြစ်သူ ဘတင်အောင် ရဲ့ မတရားတာကို ခေါင်းငုံ မခံချင်တဲ့စိတ်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ လူငယ်စိတ်ကြောင့် စစ်သားရဲ့ မျက်နှာကို လက်သီးနဲ့ တစ်ချက် ထိုးလိုက်တာပေါ့။ အနားမှာ ရပ်နေတဲ့ အရာရှိက “ဒီကောင်တွေကို တစ်ယောက်မကျန် သတ်ပစ်လိုက်စမ်း” လို့ အမိန့်ပေးလိုက်တယ်။
အမိန့်ရလိုက်တဲ့ စစ်ဘီလူးဟာ G3 သေနတ်နဲ့ ဦးသာထွန်းအောင် ရဲ့ ရင်ဘတ် ကို ၃ ချက် ပစ်ချလိုက်တယ်။ ပြီးတော့ သား ဘတင်အောင် ရဲ့ ဦးခေါင်းကို အသေချာ ချိန် ပြီး ပစ်လိုက်တယ်။ ဘတင်အောင် ဦးခေါင်း ပွင့်ကျသွားတယ်။ ဒါကို မကျေနပ်နိုင်သေးပဲ ရင်ဘတ်ကို နောက်ထပ် ၂ ချက် ပစ်ထည့်လိုက်တယ်။ သွေးတွေကတော့ ကြောက်မက်ဖွယ် လမ်းမပေါ်မှာ စမ်းချောင်းသဖွယ် စီးဆင်းကုန်တာပေါ့။
အဲဒီနောက် မိုးပေါ်ကို သေနတ် (၇) ချက် ပစ်တယ်။ ပြီးတော့ သေနတ်သံကြားလို ကြောက်ပြီး ထွက်ပြေးနေကြတဲ့ ပြည်သူတွေကို လှမ်းပစ်တော့တာပေါ့။ သေနတ်သံနဲ့အတူ အော်ဟစ်သံတွေ ငိုကြွေးသံတွေ ထွက်ပေါ်လာတယ်။
http://hittai.net/?show=rm&fileid=89&t=home4&id=4
(အပြည့်အစုံကို ဖတ်ရန် "စစ်တွေမြို့တွင် စစ်သားများက သားအဖ နှစ်ယောက်ကို မင်းမဲ့စရိုက်ဖြင့် လူမဆန်စွာ ပစ်သတ်မှု" ခေါင်းစဉ်ကို နှိပ်ပါ။)
စစ်တွေမြို့တွင် စစ်သားများက သားအဖ နှစ်ယောက်ကို မင်းမဲ့စရိုက်ဖြင့် လူမဆန်စွာ ပစ်သတ်မှု
ဦးသာထွန်းအောင်က “ဒီကလေးတွေက ရပ်ကွက်ကပါ၊ အလှူလုပ်ဖို့ အုန်းတပင် ရပ်ကွက်ကောင်စီရုံးက ခုံတွေကို ဥက္ကဌ ခွင့်ပြုချက်နဲ့ ငှားတာပါ” လို့ ပြောလိုက်တယ်။ စစ်သားက “ဒီအဖိုးကြီး နာချင်နေပြီနဲ့ တူတယ်” လို့ ပြောပြီး ဦးသာထွန်းအောင်ရဲ့ ရင်ဘတ်ကို သေနတ်ဒင်နဲ့ ထုရိုက်လိုက်တယ်။
အဖေကို သားရှေ့မှာ မတရား ရိုက်နေတော့ သားဖြစ်သူ ဘတင်အောင် ရဲ့ မတရားတာကို ခေါင်းငုံ မခံချင်တဲ့စိတ်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ လူငယ်စိတ်ကြောင့် စစ်သားရဲ့ မျက်နှာကို လက်သီးနဲ့ တစ်ချက် ထိုးလိုက်တာပေါ့။ အနားမှာ ရပ်နေတဲ့ စစ်ဗိုလ်က “ဒီကောင်တွေကို တစ်ယောက်မကျန် သတ်ပစ်လိုက်စမ်း” လို့ အမိန့်ပေးလိုက်တယ်။
အမိန့်ရလိုက်တဲ့ စစ်ဘီလူးဟာ G3 သေနတ်နဲ့ ဦးသာထွန်းအောင် ရဲ့ ရင်ဘတ် ကို ၃ ချက် ပစ်ချလိုက်တယ်။ ပြီးတော့ သား ဘတင်အောင် ရဲ့ ဦးခေါင်းကို အသေအချာ ချိန် ပြီး ပစ်လိုက်တယ်။ ဘတင်အောင် ဦးခေါင်း ပွင့်ကျသွားတယ်။ ဒါကို မကျေနပ်နိုင်သေးပဲ ရင်ဘတ်ကို နောက်ထပ် ၂ ချက် ပစ်ထည့်လိုက်တယ်။ သွေးတွေကတော့ ကြောက်မက်ဖွယ် လမ်းမပေါ်မှာ စမ်းချောင်းသဖွယ် စီးဆင်းကုန်တာပေါ့။
အဲဒီနောက် မိုးပေါ်ကို သေနတ် (၇) ချက် ပစ်တယ်။ ပြီးတော့ သေနတ်သံကြားလို့ ကြောက်ပြီး ထွက်ပြေးနေကြတဲ့ ပြည်သူတွေကို လှမ်းပစ်တော့တာပေါ့။ သေနတ်သံနဲ့အတူ အော်ဟစ်သံတွေ ငိုကြွေးသံတွေ ထွက်ပေါ်လာတယ်။
http://hittai.net/?show=rm&fileid=89&t=home4&id=4
ပြည်သူကို သတ်စို့
ပြည်သူကိုလေ "ဓါး ဓါးချင်း" ဖြိုခွင်းမယ်။
ဗိုလ်ချုပ်နေဝင်း လူသတ်ဝါဒ ငါတို့လိုက်နာမယ်။
"စစ်တပ်ဟာ ပစ်ရင် မှန်အောင် ပစ်ပါတယ်။"
လမ်းပေါ် ဆန္ဒပြတိုင်း အသေပဲ ပစ်သတ်မယ်။
ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
မပြောင်းချင်တဲ့ လူတွေသတ်ဖို့ ပစ်မိန့် ပေးထားတယ်။
"အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
ကိုယ်ဝန်ဆောင်ပါမရှောင် ငါတို့ ပစ်သတ်မယ်။
မြို့လယ်မှာလဲ မစဲဘဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
ဘယ်မှာ တွန့်ဆုတ်ပါလိမ့် ငါတို့ စစ်သားရယ်။
ပြည်သူဟာလဲ အသေဆိုး သေရတယ်။
သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
"စစ်တပ်ကိုမစမ်းနဲ့၊ သေချင်းဆိုးနဲ့သေမယ်။"
"ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။
ခွပ်ဒေါင်းဇာနည်
ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁
၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်
("တူယှဉ်ကာလေ တစ်ကယ်ပဲ အစွမ်းပြချင်တယ်" အစချီ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန် )
တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာခဲ့ရာ တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ ရေးစပ်ပါသည်။
တပ်မတော်သားများ အမြင်မှန် ရကာ ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။
ခွပ်ဒေါင်းဇာနည်
ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁
၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်
တူယှဉ်ကာ တိုက်စို့
(မူရင်း စစ်ချီသီချင်း )
တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်။
မိုးတွေကလဲ မစဲပဲ ရွာနေတယ်။
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။
စစ်မြေမှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က ဓါးကိုဆွဲလို့ ရှေ့ကတက်ပါတယ်။
ဘယ်မှာ ကြောက်စိတ်ရှိလိမ့် ငါတို့စစ်သားရယ်။
ရန်သူဟာလဲ အရှုံးကြီး ရှုံးရတယ်။
သူတို့အလောင်းကို အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။
"တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို လွန်ခဲ့သော နှစ် ၅ဝ က အနေအထား ဖြစ်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။
ခွပ်ဒေါင်းဇာနည်
ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁
"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"
ဓါး ဓါးချင်း၊ လှံ လှံချင်း
ဓါး ဓါးချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ
(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားတဲ့ မိန့်ခွန်း)
ကျနော် တိုင်းပြည် တာဝန်ယူတဲ့ အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါတယ်။
အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။
ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။
ဓါးကို ဓါးချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်
တူယှဉ်ကာ တိုက်စို့
(မူရင်း စစ်ချီသီချင်း )
တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်။
မိုးတွေကလဲ မစဲပဲ ရွာနေတယ်။
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။
စစ်မြေမှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က ဓါးကိုဆွဲလို့ ရှေ့ကတက်ပါတယ်။
ဘယ်မှာ ကြောက်စိတ်ရှိလိမ့် ငါတို့စစ်သားရယ်။
ရန်သူဟာလဲ အရှုံးကြီး ရှုံးရတယ်။
သူတို့အလောင်းကို အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။
စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံနေရသော တပ်မတော်သားများ အနေဖြင့် "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို လွန်ခဲ့သော နှစ် ၅ဝ က အနေအထား ဖြစ်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။
ခွပ်ဒေါင်းဇာနည်
ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁
ပြည်သူကို သတ်စို့
(လက်ရှိ တပ်မတော်၏ အခြေအနေမှန်နှင့် ကိုက်ညီသည့် စစ်ချီသီချင်း)
ပြည်သူကိုလေ "ဓါး ဓါးချင်း" ဖြိုခွင်းမယ်။
ဗိုလ်ချုပ်နေဝင်း လူသတ်ဝါဒ ငါတို့လိုက်နာမယ်။
"စစ်တပ်ဟာ ပစ်ရင် မှန်အောင် ပစ်ပါတယ်။"
လမ်းပေါ် ဆန္ဒပြတိုင်း အသေပဲ ပစ်သတ်မယ်။
ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
မပြောင်းချင်တဲ့ လူတွေသတ်ဖို့ ပစ်မိန့် ပေးထားတယ်။
"အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
ကိုယ်ဝန်ဆောင်ပါမရှောင် ငါတို့ ပစ်သတ်မယ်။
မြို့လယ်မှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
ဘယ်မှာ တွန့်ဆုတ်ပါလိမ့်၊ ငါတို့ စစ်သားရယ်။
ပြည်သူဟာလဲ အသေဆိုး သေရတယ်။
သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
"စစ်တပ်ကိုမစမ်းနဲ့၊ သေချင်းဆိုးနဲ့သေမယ်။"
"ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။
ခွပ်ဒေါင်းဇာနည်
ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁
၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်
("တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်" အစချီ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန် )
တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာပြီး တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ ရေးစပ်ပါသည်။
တပ်မတော်သားများ အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။
ခွပ်ဒေါင်းဇာနည်
ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁
၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်
စစ်ချီသီချင်းအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီသီချင်းက အဖေ ဆိုနေကျ သီချင်း။ ကျွန်မလည်း မကြာခဏ ညည်းဆိုဖြစ်တဲ့သီချင်းပါ။ အစီစဉ်လိုက်မရပေမဲ့ ဒီသီချင်းကို ကျွန်မ တပုဒ်လုံးနီးပါးရပါတယ်။ ကျွန်မအဖေ အမြဲဆိုတဲ့သီချင်းမို့ ကျွန်မနားထဲမှာ အဖေ့အသံပဲ ကြားယောင်နေပါတယ်။ ဘလော့ဂ်ရေးခါစက အဲဒီသီချင်းကို tag ပို့စ်တခု http://nge-naing.blogspot.com/2009/10/blog-post_16.html မှာတောင်ကျွန်မ ညွန်းဖူးပါတယ်။ ကျွန်မအဖေက ဒီမိုကရေစီခေတ်တုန်းက စစ်သားပါ၊ တပ်မတော်ကို သွေးစွန်းစေတဲ့ မဆလန၀ခေတ်စစ်သား မဟုတ်ပါဘူး။
အမွေလေးဘာလေး ယူကြမလား
ဘာကြောင်.လဲတော.မသိဘူး ကြောင်ချေးကတော. ခုလိုမိုးအေးအေး ဇူလိုင်လများ ရောက်ပီဆိုမှဖြင်.
လွမ်းသလိုလို ဘာလိုလို နဲ. မျက်ရည်လေး ဘာလေးတွေ တတွေတွေကျပီး ရီချင်သလိုလို ငိုချင်သလိုလို
တိုက်ချင်သလိုလို ရိုက်ချင်သလိုလို သြ၀ါဒပေးချင်သလိုလို မိန်.ခွန်းလေးဘာလေး ပြောချင်သလိုလို
အင်တာလေးဘာလေးဗျူးချင်လာသလိုလို ကြေညာချက်လေးဘာလေးထုတ်ချင်သလိုလို
ဟောပြောပွဲလေးဘာလေး စီစဉ်ချင်သလိုလို ဆွမ်းလေးဘာလေးကျွေး လူလေးဘာလေးစုပီး
ဟိုလိုလို ဒီလိုလို လုပ်ချင်သလိုလို ဘာလိုလို ပင်နီလေးဘာလေး ၀တ်ပီး လပ်လျားလပ်လျား
လမ်းသလားချင်လာသလိုလို ခမောက်လေးဘာလေးဆောင်းပီး သခင်သန်းထွန်းမျက်နှာပေါက်နဲ.
တောပြောတောင်ပြော ပြောချင်လာသလိုလို ကားမှတ်တိုင်မှာလူနဲနဲများလာရင်တောင်
အပြေးသွားပီး သခင်စိုးမျက်နှာပေါက်နဲ. ဟစ်တလာလိုမျိုးအလေးပြုခံချင်သလိုလို ဘာလိုလို
နဲ. ဘာမှထူးမလာတဲ. ဘာလိုလိုပေါင်းများစွာ ရောဂါ ရခဲ.တာဆိုရင်လဲ န၀တ တက်ခါစကအိမ်ထောင်ကျ
ခဲ.တဲ.ကြောင်ချေး အခုဆိုမြေးတောင်ရှင်ပြုလို.ရတဲ. အရွယ်ရောက်လာခဲ.ပါပီ။ နှစ်တွေ ဘယ်လောက်
ပဲကြာကြာ ဒီလ ရောက်ရင် ရောဂါက ထိန်းမနိုင်သိမ်းမရ ပြန်ပြန်ပေါ်လာတာလဲ နှစ်တိုင်းပါပဲ။
နှစ်ပေါင်းများစွာ ကြာလာတော.လဲ ရောဂါက တော်တော်လေးကို ကျွမ်းနေပါပီ။ အသက်လေးဘာလေး
လဲရ လာတော. ဒီလိုမျိုး ရောဂါသဲတဲ. အချိန်ရောက်ရင် ကိုယ်တိုင်ဘာလိုလို မလုပ်နှိုင်ပေမဲ.
၇သေ.စိတ်ဖြေ ကိုယ်.နားအနီးတ၀ိုက် က ကလေးတွေ မျိုးဆက်သစ်လေးတွေဆိုပါတော. သူတို.လေးတွေ
ကိုပဲ နည်းပေးလမ်းပြ လုပ်ပီး ရောဂါသက်သာရာသက်သာကြောင်း လေးလုပ်ယူရတယ်။ စိတ်တိုင်းတော.
တယ်မကျလှဘူးပေါ. ။စိတ်တိုင်းမကျ ပေမဲ.လဲ ဘေးကင်း၇န်ကင်း ရောဂါလေးဘာလေးသက်သာတော.လဲ
ဆက်လုပ်နေရတာပေါ.။ လက်ဆင်.ကမ်းပေးတဲ. သဘောလဲပါပါတယ်။ ယူသော်ရဧ။်ပေါ.ခင်ဗျာ။
ပညာအမွေတို. ဥစ္စာအမွေ တို. နောက်မျိုးဆက်ကို မပေးနှိုင်သော်ငြားလည်း ဘာလိုလို ရောဂါ အမွေလေး
ကိုတော.ဖြင်. မျိုးဆက်သစ် များအတွက် ကြောင်ချေးက မသေခင်ကတဲက ပေးခဲ.ပါတယ်ခင်ဗျ။
သာဓု သာဓု သာဓု ပါခင်ဗျာ။။။
ကြောင်ချေး
( အုတ်ကထ)
(ကြောင်ချေးများ ဒီမိုကရေစီ အဖွဲ.ချုပ်။ ဘိုးဘွားရိပ်သာနယ်မြေ)
မငယ်နိုင်
ဟုတ်ကဲ့၊ မငယ်နိုင်။
ပြည်သူ့ တပ်မတော်ခေတ်က ပြည်သူ့ တပ်မတော်သားတွေထဲမှာ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ပြည်သူအတွက် စွန့်လွှတ် အနစ်နာခံပြီး ပေးဆပ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ထဲ ဝင်ခဲ့ကြတာက အများစုမို့လို့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေပါ။
ဒီနေ့ ဗိုလ်သင်တန်း တက်တဲ့ လူ အများစုကတော့ တခြား ဘယ်တိုင်းပြည်မှာမှ မရနိုင်ပဲ မြန်မာ စစ်အာဏာရှင်စနစ်မှာမှ ရနိုင်တဲ့ အခွင့်ထူးခံ ဘဝကို မျှော်ကိုးပြီး ဗိုလ်သင်တန်း လျှောက်ကြတာပါ။
မြန်မာ စစ်ခေါင်းဆောင်တွေက အလွန်အကျွံ လုပ်ပိုင်ခွင့်အာဏာ နဲ့ အကန့်အသတ်မရှိ တရားလွန် ကိုယ်ကျိုးရှာနိုင်တဲ့ အခွင့်အရေး ရနေတာကို အားကျပြီး အဲဒီလို ဖြစ်ချင်လို့ စစ်ထဲ ဝင်လာတာက အများစုပါ။
ပြည်သူ့ တပ်မတော်ခေတ်က ပြည်သူ့ တပ်မတော်သားတွေဟာ ခံယူချက် မှန်ကန်တော့ နေတာထိုင်တာ၊ ပြောတာဆိုတာ၊ ပြုမူတာကအစ ပြည်သူတွေ အထင်ကြီး လေးစားစရာ၊ အားကျ အတုယူစရာ သားကောင်းစစ်သည်တွေ ဖြစ်ခဲ့ပါတယ်။
ဒီနေ့ စစ်ဗိုလ် အများစုက ခံယူချက် မမှန်ကန်တော့ မျိုးစေ့ မမှန်တော့ အပင် မသန်ပါဘူး။ ဒီနေ့ စစ်ဗိုလ် အများစုက ပြည်သူတွေကို မတရား ဖိနှိပ် အနိုင်ကျင့်ပြီး ပြည်သူ့ ဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်နဲ့ စစ်ထဲ ဝင်လာကြတာတာ ဆိုတော့ လက်ရှိ ပြည်သူကို မတရား အနိုင်ကျင့် ဖိနှိပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ စစ်ခေါင်းဆောင်တွေကို နမူနာယူပြီး အရပ်သားတွေကို ဖိနှိပ် ဆက်ဆံတဲ့ အကျင့်ကို ဗိုလ်လောင်းဘဝကတဲက စတင် အတုယူနေကြပါပြီ။ အဲဒီတော့ ရာထူးလေး နည်းနည်း ရလာပြီ ဆိုတာနဲ့ ပြည်သူကို ဖိနှိပ်ချင်တဲ့ သဘောထားက သူတို့ရဲ့ နေတာထိုင်တာ၊ ပြောတာဆိုတာ၊ ပြုမူတာမှာ ပေါ်လွင်သထက် ပိုမို ပေါ်လွင်လာတော့တာပေါ့။
ဒီနေ့ စစ်ဗိုလ် အများစုက ပြည်သူတွေကို မတရား ဖိနှိပ် အနိုင်ကျင့်ပြီး ပြည်သူ့ ငွေကို အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်နဲ့ စစ်ထဲ ဝင်လာကြတာတာ ဆိုတော့ လက်ရှိ ပြည်သူကို မတရား အနိုင်ကျင့် ဖိနှိပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သရုပ်မှန်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးသားဖော်ပြပြီး အမှန်ကို အမှန်အတိုင်း ဝေဖန်တဲ့ မငယ်နိုင် အပါအဝင် ပြည်သူတွေကို ရန်သူလို့ မြင်ပြီး ရန်ရှာနေတာပါ။
ပြည်သူ့ တပ်မတော်ခေတ်က ပြည်သူ့ တပ်မတော်သား စစ်စစ် တယောက်ရဲ့ သမီး မငယ်နိုင်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး တိုက်ပွဲမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ တောက်ရှောက် ပါဝင်လာလို့ လေးစားပါတယ်။
နေပြည်တော်က စစ်ခေါင်းဆောင်တွေက စစ်အာဏာရှင်ရဲ့ တသွေးတသံတမိန့် အာဏာကို သုံးပြီး လွတ်လပ်ရေးပိသုကာ အမျိုးသားခေါင်းဆောင် အစစ်အမှန်၊ တပ်မတော်ဖခင် အစစ်အမှန် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်း၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ကတဲကစပြီး ကျောင်းသားတွေက စစ်အာဏာရှင်ကို ဆန့်ကျင်လာခဲ့ကြလို့ အဲဒီနေ့ကစပြီး ကျောင်းသားတွေကို အကြိမ်ကြိမ် အသေ ပစ်သတ်ပြီး နှိပ်ကွပ်လာခဲ့တဲ့ သမိုင်း၊ နောက်ပိုင်းမှာ ကျောင်းသားပြည်သူ ရဟန်းရှင်လူ လူတန်းစား အားလုံးက စစ်အာဏာရှင်ကို ဆန့်ကျင်လာခဲ့ကြလို့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အားလုံးကို ထပ်တလဲလဲ "စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်ပြ" လာခဲ့တဲ့ သမိုင်းမှန်တွေကို မျိုးဆက်သစ်လူငယ်တွေ မသိနိုင်တော့အောင် ဖုံးကွယ်ထားပါတယ်..
ရုရှားက စစ်ကျွန်တွေက သမိုင်းမှန်ကို မျိုးဆက်သစ်လူငယ်တွေ သိအောင် ဖော်ထုတ်ပေးနေတဲ့ အစ်မ မငယ်နိုင် အပါအဝင် ပြည်သူ့ဘလော့ဂါတွေကို ဆဲဆို ပုတ်ခတ် စော်ကား တိုက်ခိုက်တဲ့ နည်းအပြင် တခြား နည်းပေါင်းစုံနဲ့ နှောင့်ယှက်တယ်..
အခုတခါ ဆရာ ဒေါက်တာ ဦးလှိုင်မြင့်က တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ က ဒီနေ့မှာ ကမ္ဘာပေါ်မှာ ဓါးမနောက်ပိတ်ခွေး ဖြစ်နေရတဲ့ အကြောင်းရင်းတွေက စစ်ခေါင်းဆောင်တွေ သုံးမရအောင် ဖျင်းလွန်းလို့၊ ခိုးလွန်းလို့၊ ရမ်းလွန်းလို့၊ ယုတ်လွန်းလို့၊ ထင်ရာစိုင်းလွန်းလို့၊ ကိုယ်ကျိုးရှာလွန်းလို့၊ တမျိုးတဆွေဝ လုပ်လွန်းလို့ ဆိုတာတွေကို အတွင်းစကားတွေနဲ့ ကွင်းကွင်းကွက်ကွက် ဖွင့်ချနေတော့ ရုရှားက စစ်ခွေးတွေက တီကောင် ဆားထိသလို ဖြစ်နေတာပါ.. ဆရာ ဒေါက်တာ ဦးလှိုင်မြင့် ရဲ့ ပြောင်မြောက်လှတဲ့ အမှန်တရား စကားတွေကို ဗဟုသုတလဲ နည်း၊ အသိဥာဏ်လဲ မွဲလှတဲ့ ရုရှားက စစ်ဗိုလ်တွေက ဘယ်လိုမှ ယှဉ်ပြောလို့ မရမှန်း သိနေတော့ ဆရာ့ကို ကြည်ညိုနေကြတဲ့ ပြည်သူတွေ အကြည်ညိုပျက်အောင် အောက်လမ်းနည်းနဲ့ တိုက်ဖို့ အကွက်ဆင်လာပါပြီ..
"သန်းရွှေ မခိုးဘူး လို့ ပြောရဲလား" ၊ "ဒီပဲယင်းလူသတ်ပွဲမှာ ကြံ့ဖွတ်တွေ မပါဘူး လို့ ပြောရဲလား" ဆိုပြီး ဆရာ ဒေါက်တာ ဦးလှိုင်မြင့်က စစ်ဗိုလ်အားလုံးကို ဆိုင်ယာနိုက် အဆိပ် သောက်ကြေး စိမ်ခေါ်ထားတာကို ဘယ်စစ်ဗိုလ်မှ ယောကျာ်းလို မထွက်ရဲကြတော့ မိန်းမဥာဏ်နဲ့ ဆရာ ဒေါက်တာ ဦးလှိုင်မြင့်ကို နာမည်ဖျက်ဖို့
ကလိမ်ကကျစ်ကွက်တွေ စလာပါပြီ.. အခုရက်ပိုင်းမှာ ရုရှားက စစ်ဗိုလ် mg က "ဒေါက်တာလှိုင်မြင့်" နာမည်နဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို စ ရေးနေပါပြီ..
အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ရေးထားတဲ့ "ဒေါက်တာလှိုင်မြင့်" ဆိုတာ ဆရာ မဟုတ်ဘူး ဆိုတာကို အစ်မ မငယ်နိုင်ရော၊ နိုင်ငံရေးဘလော့တွေကို မှတ်ချက်တွေပါ ဂရုတစိုက် ဖတ်လေ့ရှိတဲ့ စာဖတ်သူ အများစုကပါ သိကြပါတယ်.. နိုင်ငံရေးဘလော့တွေကို ဖတ်နေကျ မဟုတ်တဲ့ စာဖတ်သူ အသစ်တွေ၊ နိုင်ငံရေးဘလော့တွေ ဖတ်ပေမယ့် မှတ်ချက်တွေ ဖတ်လေ့မရှိတဲ့ စာဖတ်သူတွေ လောက်ပဲ မသိကြတာပါ.. ဒါပေမယ့် စိတ်ယုတ်စိတ်ညံ့ပဲ ရှိပြီး အသိဥာဏ်မွဲတဲ့ ရုရှားက စစ်ဗိုလ် mg က စာဖတ်သူတွေ ယုံမယ် ထင်ပြီး သူ ရေးတဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ဒေါက်တာလှိုင်မြင့် ရေးသလို ပုံမှားရိုက်ပြီး ထပ်တလဲလဲ လာတင်နေတာပါ..
ဆရာ ဒေါက်တာ ဦးလှိုင်မြင့်ရဲ့ စိတ်ဓါတ်၊ ခံယူချက် နဲ့ တိုင်းပြည်ကို ကောင်းစေချင်တဲ့ စေတနာကို လူအများက သိနေကြတော့ "ဒေါက်တာလှိုင်မြင့်" နာမည်နဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ဆရာ ရေးတာ မဖြစ်နိုင်ဘူး ဆိုတာကို အစ်မ မငယ်နိုင်က ချက်ချင်း သိပေမယ့် ကျနော့်လို မထင်မရှား ပါမွှားရဲ့ nickname ("သဘာဝကျကျသုံးသပ်သူ") ကို အတုလုပ်ပြီး အစ်မ မငယ်နိုင်ကို တိုက်ခိုက်ထားတဲ့ မှတ်ချက်ကို ရုရှားက စစ်ဗိုလ်တယောက်က ဝင်ရေးသွားတာကိုတော့ အစ်မ မငယ်နိုင်က အမှတ်တမဲ့ ဖြစ်သွားတယ်.. မနေ့က ကျနော် ပြောပြတော့မှ အဲဒီ မှတ်ချက်ကို ဖျက်လိုက်ရတယ်..
ဘာပဲပြောပြော ပြည်သူ့ဘက်သားတွေရဲ့ nicknames တွေကို အတုလုပ်ပြီး ရေးတဲ့ ရုရှားက စစ်ဗိုလ်တွေရဲ့ ကလေးကွက်ကိုတော့ ကျနော်တို့ သတိထားဖို့ လိုပါတယ်.. တချက်လောက် သတိလွတ်သွားရင် ကျနော်တို့ ပြည်သူ့ဘက်သား အချင်းချင်း အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာနိုင်ပါတယ်.. မသိသေးတဲ့ စာဖတ်သူအသစ်တွေကလဲ ယုန်ထင်ကြောင်ထင် ဖြစ်လာနိုင်ပါတယ်.. ဒါကြောင့် အစ်မ မငယ်နိုင် အပါအဝင် ဒီဘလော့ကို လာနေကျ စာဖတ်သူလူဟောင်းတွေက ရုရှားက စစ်ဗိုလ်တွေရဲ့ ညစ်လုံး၊ လှိမ့်လုံးတွေကို မသိသေးသူတွေ သိအောင်၊ ပြည်သူ့ဘက်သားတွေကို ထင်ယောင်ထင်မှား မဖြစ်အောင် မကြာခဏ ဖော်ထုတ်ပေးနေတာ လုပ်သင့်တာကို လုပ်နေကြတာ ဖြစ်လို့ အထူး ကျေးဇူးတင်မိပါတယ်..
သဘာဝကျကျသုံးသပ်သူ (အစစ်)
"ဒေါက်တာလှိုင်မြင့်" (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်ခင်ဗျား
ဆရာ ဒေါက်တာဦးလှိုင်မြင့် မှတ်ချက်ရဲ့ နောက်ဆက်တွဲကို
ဆရာ ဒေါက်တာဦးလှိုင်မြင့် ကို အသိပေးခြင်း
လေးစားရတဲ့ ဆရာ ဒေါက်တာဦးလှိုင်မြင့် ခင်ဗျား
ဘလော့ဂါ မငယ်နိုင် ရဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) အောက်မှာ ဆရာ့နာမည်ကို သုံးပြီး မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ထပ်တလဲလဲ ဝင်ရေးနေတဲ့ ရုရှားက စစ်ဗိုလ်ကို ဆရာ တုံ့ပြန်ထားတဲ့ မှတ်ချက်ရဲ့ နောက်ဆက်တွဲကို အသိပေးပါရစေ ခင်ဗျား..
ဆရာ့ နာမည်ကိုသုံးပြီး ငယ်နိုင်ဘလော့မှာ ရေးနေတဲ့ ဒေါက်တာလှိုင်မြင့် (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်၊ ဆရာခင်ဗျား..
ဒေါက်တာလှိုင်မြင့် (အတု) ဟာ ..........
.......... mg ၊ zaw ၊ han zaw ၊ မောင်၊ တုတ်ကြီး၊ တုတ်ကြီး(ခေတ္တ-နော်ဝေ)၊ နော်ဝေရောက်မြန်မာတစ်ဦး၊ စောင်.ကြည်.နေသူတစ်ဦး၊ အိုပါး (ခေတ္တကိုရီးယား)၊ SV ယောကျာ်း၊ ငယ်နိုင်.ယောက်ျား၊ ကျော်နိုင်၊ K N ၊ မေကိုလတ်၊ ယမင်းအိမ်ဇလီဦး၊ ဦးသူတော်၊ မှော်ဆရာ၊ ဒေါက်တာကျော်သက်၊ ဒီမိုကျော်ကျော်၊ ဓားမဝတီ မဲပြောင်၊ အလင်း၊ Hit ၊ Anonymous ..... ဆိုတဲ့ nicknames တွေ အပါအဝင် nicknames မျိုးစုံကို သုံးပြီး ဒေါက်တာလွမ်းဆွေဘလော့၊ ဧရာဝတီဘလော့၊ Simple Views ဘလော့၊ ငယ်နိုင်ဘလော့၊ ပိတောက်မြေဘလော့၊ ကျေးစေတမန်ဘလော့၊ ဒေါ်လာစားဘလော့၊ Myanmar Express ဘလော့၊ Myanmar Astronomy ဘလော့ .......... တွေ အပါအဝင် ဘလော့ အတော်များများမှာ စစ်အုပ်စုဖက်က ဖားပြီး ဒီမိုကရေစီလိုလားသူ ပြည်သူ့ဘက်သားတွေကို ဆဲဆို ပုတ်ခတ် စော်ကား တိုက်ခိုက်တဲ့ မှတ်ချက်တွေ၊ စကားကပ်ဖဲ့ပြောပြီး ဂွတိုက် ဘု ဂလန့် ပြောတဲ့ မှတ်ချက်တွေ၊ အပြစ်မရှိအပြစ်ရှာပြီး ချိုးဖဲ့တဲ့ မှတ်ချက်တွေ၊ အကြောင်းမရှိ အကြောင်းရှာပြီး ရယ်သွမ်းသွေးတဲ့ မှတ်ချက်တွေ၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် ချဲ့ကားပြီး ထိုးနှက်တဲ့ မှတ်ချက်တွေ၊ သဘာဝမကျတဲ့ ပေါတောတော ဗြောင်လိမ်ဗြောင်စား မှတ်ချက်တွေကို ရက်ရှည်လများ ရေးလာတဲ့ ရုရှားက စစ်ဗိုလ် ဖြစ်ပါတယ်..
အဲဒီ ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို မငယ်နိုင်က ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး မငယ်နိုင်ဘလော့က "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် အောက်မှာ ရုရှားက စစ်ဗိုလ် နောက်တယောက်က "လွတ်လပ်စွာရေးသားခွင့်တွေ နည်းပါးလှချည်လား၊ ဒေါက်တာလှိုင်မြင့် ရဲ့ကွန်းမန့်က ဆဲထားတာလဲမဟုတ်၊ ဝေဖန်ထားတာလဲမဟုတ်၊ ဒါပေမယ့် ခုမရှိတော့ဘူး" ဆိုပြီး ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ဖက်က အလံရှုးလုပ်ပြီး ရေးသွားပြန်ပါတယ်..
အဲဒီ ဒုတိယစစ်ဗိုလ်က "သဘာဝကျကျသုံးသပ်သူ" ဆိုတဲ့ ကျနော့် nickname ကို သုံးပြီး မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက် ရေးသွားတာ ဖြစ်ပါတယ်ခင်ဗျား..
အဲဒီ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ဟာ ကျနော် ("သဘာဝကျကျသုံးသပ်သူ" (အစစ်) ) မဟုတ်ပါဘူး ခင်ဗျား..
အဲဒီ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ဟာ ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို အလံရှုးလုပ်ပြီး ရေးသွားခြင်း ဖြစ်ပါတယ်ခင်ဗျား..
ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို အလံရှုးလုပ်ပြီး ရေးသွားတဲ့ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ကြောင့် ကျနော် "သဘာဝကျကျသုံးသပ်သူ" (အစစ်) ကို စစ်အုပ်စုနောက်မြီးဆွဲတယောက်လို့ အမှတ်မှားမှာကို စိုးလို့ အသိပေးရခြင်း ဖြစ်ပါတယ်ခင်ဗျား..
"ဒေါက်တာလှိုင်မြင့်" (အတု) နဲ့ "သဘာဝကျကျသုံးသပ်သူ" (အတု) လုပ်ပြီး ရေးတဲ့ ရုရှားက စစ်ဗိုလ်တွေရဲ့ မိန်းမလိုမိန်းမရ ကလိမ်ကကျစ် ကွက်တွေအကြောင်း အသေးစိတ်ကို ဘလော့ဂါ မငယ်နိုင် ရဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) နဲ့ ပို့စ် အောက်က မှတ်ချက်တွေမှာ ဖတ်နိုင်ပါတယ် ခင်ဗျား..
အခု ကျနော့်မှတ်ချက်ရဲ့ ခေါင်းစဉ် " "ဒေါက်တာလှိုင်မြင့်" (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်ခင်ဗျား" ကို နှိပ်ပြီး အဲဒီ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ်ကို ဖတ်နိုင်ပါတယ် ခင်ဗျား..
သဘာဝကျကျသုံးသပ်သူ (အစစ်)
.
Saturday, December 17, 2011
~
ကြေးမုံဦးသောင်း
တော်လှန်ရေးကောင်စီ ဖွဲ.စည်းကြောင်း၊ လူထု အကျိုးစီးပွားအတွက် တပ်မတော်က တာဝန်ယူကြောင်း ကြေငြာချက်များနှင့် အတူ အများပြည်သူတို့အား စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုကြရန် မေတ္တာရပ်ခံချက် စာတိုကလေးများကို သတင်းစာများတွင် ဖော်ပြ ပါရှိခဲ့လေသည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း နောက်ဆက်တွဲ သတိပေးထားခဲ့၏။ စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာချက်ကို ဆန့်ကျင်မှုများ ပေါ်ပေါက်လာလေမည်ကို ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများ ကြောက်ရွံ.ကြသည်မှာ သိသာထင်ရှားသည်။
အိမ်စောင့်အစိုးရခေတ်တွင် ကိုကိုးကျွန်းအကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိကရေစီ ၀ါဒီများနှင့် ကွန်မြူနစ်ဟု ယူဆသူများအား ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခမ်းစာ ရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရ အလိုမရှိကြောင်း ကန့်ကွက်စာတမ်းများသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှ စတင်၍ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦး နှင့် မဟာမိတ် အဖွဲ.၊ ရခိုင်သံဃတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ.ချုပ် စသောအဖွဲ.အများက ဆန့်ကျင်ကန့်ကွက်စာများ ထုတ်ပြန်ကြသဖြင့် အစိုးရ သစ်၏ ပြည်ထဲရေး ၀န်ကြီးဌာနအဖို့ ပထမလုပ်ငန်းအဖြစ် ဆန့်ကျင်စာတမ်းများကို လိုက်လံ သိမ်းဆည်းနေရသည်။ လက်ဝဲနိုင်ငံရေးပါတီကြီး ဖြစ်သော ဗမာပြည်အလုပ်သမားပါတီက စစ်တပ်က အာဏာသိမ်းမှုနှင့် စပ်လျဉ်း၍ "လူထုဆန္ဒနည်း မပါပဲ စစ်တပ်နည်းသက်သက်ဖြင့် အာဏာသိမ်းနည်းကို ယေဘူယျအားဖြင့် ပါတီက မနှစ်သက်ကြောင်း" ဟု ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း ကြေငြာ၏။
ရဲဝံ့ပြတ်သားစွာ ကြေငြာသော အဖွဲ.အစည်းများမှာ ကျောင်းသားအဖွဲ.အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများ သမဂ္ဂတို့က စစ်တပ်က အာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေငြာကြသည်။ ကြောငြာချက်နှင့်အညီ စစ်တပ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် တော်လှန်ရေး အစိုးရနှင့် ထိပ်တိုက် တွေ.ကြရလေသည်။
တပြည်လုံးရှိ တက္ကသိုလ် ကျောင်းသားများသည် စစ်အစိုးရ ဆန့်ကျင်ရေး အစည်းအဝေးများကို မတ်လဆန်းကပင် ကျင်းပ၍ ဆန္ဒပြကြသဖြင့် ရန်ကုန် တက္ကသိုလ် အာဏာပိုင်များက ကျောင်းဆောင်များအတွက် စည်းကမ်းသစ် အမိန့်များကို ထုတ်ပြန်သောအခါ လှုပ်ရှားမှုများမှာ ပိုမို ကျယ်ပြန့်လာခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဂျူလိုင် ၃ ရက်နေ့မှ စတင်ကာ "စည်းကမ်းသစ်ကို အလိုမရှိ" ဟုကြွေးကြော်သံများကို အော်ဟစ်သော ရန်ကုန်ကျောင်းသားများသည် တက္ကသိုလ် ပရ၀ုဏ် ပတ်ဝန်းကျင် ဒေသများသို့ လှည့်လည်ဆန္ဒ ပြကြသည်။
ဂျူလိုင် ၅ ရက်နေ့တွင် ကမာရွတ် ရဲဌာနာရှေ.တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြသည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့် ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ရသောအခါတွင် လှုပ်ရှားမှု ပြင်းထန်လာခဲ့တော့၏။ ဂျူလိုင် ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျောင်းသားများသည် တက္ကသိုလ် ပရ၀ုဏ် တခုလုံးမှ တံခါးများကို သော့ခတ်ပိတ်ဆို့ ပြီး "ဒီမီုကရေစီ ခံတပ်ကြီး" ဟု ဆိုင်းဘုတ်များ တင်ကာ ဒီမီုကရေစီ တရားပွဲများကို အသံချဲ.စက်နှင့် ဟောပြောကြသည်။
.
မကျေမနပ် ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုး ဟောပြောနေကြရာ "တော်လှန်ရေးကောင်စီဝင် ဗိုလ်မှုးကြီးများသည် ၃ ယောက်ပေါင်း ၇ တန်းသာ အောင်သူများ ဖြစ်ကြသည်" စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြလေသည်။ ထိုအချိန်တွင် တက္ကသိုလ်တ၀ိုက်တွင် တာဝန်ချထားသည့် ရဲအဖွဲ.ကို ရုပ်သိမ်းကာ စစ်သားများကို တပ်စွဲထားလေပြီ၊ စစ်ကားတစင်းတွင် အသံဖမ်းစက်တခု တပ်ဆင်ထားသည်။
ထိုအသံဖမ်းစက်က ကျောင်းသားတို့က အသံချဲ.စက်မှ ဟောပြောသမျှကို ဗိုလ်နေ၀င်း၏ အိမ်တော်သို့ တိုက်ရိုက် အသံလွှင့်ပေးရသည်။ ဂျူလိုင် ၇ ရက်နေ့တွင်မူ ပြင်းထံစွာ ဟောပြောသော ကျောင်းသားများ၏ ဟောပြောချက်များကို နားမခံနိုင်သဖြင့် ဒေါသအမျက် ချောင်းချောင်းထွက်ကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့အသံလွှင့်စကားဖြင့် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။
တက္ကသိုလ်တ၀ိုက် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲသူ ဒုတိယဗိုလ်မူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါပဲ မိမိတို့ အဆောင်တွင်း၌ ဆန္ဒပြကြသည့် ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိသည့် အဆောင်နေ ကျောင်းသား အများတို့ကိုပါ တွေ.ရာသင်္ချိုင်း ဓားမဆိုင်း ပစ်ခတ် သတ်ဖြတ်ကြသည်။ စစ်သားတို့သည် ဂျီသရီး သေနတ်သစ်များကို ပထမ စတင် အသုံးပြုကာ လက်တည့်စမ်း သတ်ဖြတ်ကြသည်။
ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်းကိရိယာများကို ရန်ကုန်တွင် တပ်ဆင်သည်။ ဂျီသရီး သေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို.သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှု မရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသတ်ရန် လက်ယားနေသူ ဗိုလ်နေ၀င်းအဖို့ အခွင့်အရေး ရရှိသွားတော့သည်။ ကျောင်းသား ၁၅ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိသည်ဟု အစိုးရက ကြေငြာ၏။ သေစာရင်း အမှန်မှာ ကျောင်းသား ၁၀၀ ကျော် ရှိသည်။
.
ကျောင်းဝင်းအတွင်းသို့ ပစ်ခတ် သတ်ဖြတ်ပွဲ ပြီးသောအခါ တကသ အဆောက်အဦကို စစ်တပ်က ၀ိုင်းထားပြန်၏။ တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦကြီး ဖြစ်သည်သာမက မြန့်မာ့နိုင်ငံရေးသမိုင်းတွင် နယ်ချဲ.ဆန့်ကျင်ရေး ခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအမှတ်ပြုထားသည့် ဗိမာန်ကြီး ဖြစ်သည်။
၁၉၂၂ ခုနှစ် တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်းဆောင်များက နယ်ချဲ.ဆန့်ကျင်ရေး တိုက်ပွဲများဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ၁၉၂၇ ခုနှစ်က ဖွဲ.စည်းခဲ့သည်။ သမဂ္ဂအဆောက်အဦကို မျိုးချစ်မြန်မာ သဌေး ဦးညိုက တည်ဆောက် လှူဒါန်းသည်။
တက္ကသိုလ်သမဂ္ဂ အဆောက်အဦကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျမ္မာရေး ကိစ္စများကို အသုံးပြုရန် ဦးတည်သဖြင့် အင်္ဂလိပ် တက္ကသိုလ်အာဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲများ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေး ခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့သည်။ ဦးဘဖေ၊ ဒေါက်တာဗမော် စသော ခေါင်းဆောင်များသည် တကသ ခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။
နောက်ပိုင်း တကသ အသင်းကို ကျောင်းသားခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှ စတင်ပြီး နယ်ချဲ. တိုက်ပွဲ စစ်မြေပြင်၏ ခံတပ် အဆောက်အဦးကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နှက်နှင့် တိုက်ခိုက်နှင်ထုတ်မှု အထိ အရှိန်အဟုန် ပြင်းထံခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီးအဖြစ် မြန်မာတမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။
ဗိုလ်နေ၀င်း တက္ကသိုလ် ရောက်ရှိချိန်တွင် တကသ လှုပ်ရှားမှုများ ကြီးစွာ ဖြစ်ပေါ်ခဲ့သော်လည်း ကျောင်းသားများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုပဲ ကျောခိုင်းနေခဲ့သည်။ "ပြောကြ၊ ဟောကြတာတွက လေကုန်သည်၊ သူ့အဖို့ လည်ပတ်၊ ဘောလုံးကစားရန်ပင် အချိန်မလောက်၊ သူ့လမ်းနှင့်သူ မှန်မှန် ချီတက်လျှက် ရှိခဲ့ပေသည်" ဟု ဒေါက်တာမောင်မောင် ရေးသည့် ဗိုလ်နေ၀င်း အတ္ထုပတ္တိစာအုပ်ကြီးတွင် ဗိုလ်နေ၀င်းက ပြောခဲ့သည်။
ဤ တကသ အဆောက်အဦကြီးမှ ကိုနု၊ ကိုအောင်ဆန်းတို့ လူငယ်တစု နိုင်ငံက ကိုးစားသော ခေါင်းဆောင်များ ဖြစ်ခဲ့သည်ကို ဗိုလ်နေ၀င်းက အမြဲ မနာလိုဖြစ်နေခဲ့သည်။ နယ်ချဲ.တော်လှန်ရေး အရေးတော်ပုံကြီး၌ ဗိုလ်နေ၀င်း မပါခဲ့သောကြောင့် မကျေမနပ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲဝင် တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးကို ဗိုလ်နေ၀င်း မကြည့်လို။
.
ထို့ပြင် ဂျူလိုင် ၇ ရက်နေ့က ကျောင်းသားများကို ပစ်ခတ် သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင်များ သေဆုံးခြင်း မရှိ၊ အချို.မှာ ဖမ်းဆီး၍ပင် မမိသေးပဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုံးအောင်းနေသည်ဆိုသော သတင်းကို ဗိုလ်နေ၀င်း သိရှိသောအခါ တကသ ခေါင်းဆောင် မှန်သမျှကို သတ်ဖြတ်ရန် ရည်ရွယ်ချက်နှင့် တကသ အဆောက်အဦကြီးကိုပါ အပြီးအပြတ် ဖျက်ဆီးရန် အမိန့်ပေးခဲ့ပြန်သည်။ သမဂ္ဂရုံးကို ဖြိုပြီးနောက် ဗိုလ်နေ၀င်း ဥက္ကဌအဖြစ် ဆောင်ရွက်သော တော်လှန်ရေးကောင်စီက "ကျောင်းသားများ၏ စည်းကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်" ဟုကြေငြာခဲ့၏။ ထိုကြေငြာချက်မှာ စစ်တပ်ကို အံတုကြလျှင် ယခုထက် ကြီးမားသော လက်နက်အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့် သဘော သက်ဝင်၏။
ထိုမျှမကသေး၊ တကသ အဆောက်အဦကို ဖျက်ပြီးနောက် ဗိုလ်နေ၀င်းက လူထုအား အသံလွှင့် မိန့်ခွန်းပေးရာတွင် သူ သတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေးများသည် လက်နက်ဟူ၍ အပ်တို တချောင်းမှ မရှိကြသည်ကို ဗိုလ်နေ၀င်း သိပါလျက်နှင့် လက်နက်ကိုင်သူပုန်အဖွဲ.ကြီးများကို ရင်ဆိုင်နေသည့်သဖွယ် ပုံကြီးချဲ.၍ "ဓားကို ဓားခြင်း၊ လှံကိုလှံခြင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်" ဟု ဒေါသဟုန် ဒေါသသံနှင့် အသံလွှင့်၍ ပြောခဲ့ပြန်သည်။
ဗိုလ်နေ၀င်း နှင့် စစ်ဗိုလ်ကြီး တစုသည် ဂျူလိုင် ၇ ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ်ထားသည့် တကသ အဆောက်အဦကြီးကို ဗုံးခွဲ ဖျက်ဆီးမှုကြီး တို့ကို ဒေါသမွှန်သဖြင့် စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူတို့၏ စစ်တပ်အဖို့ မတရားကြီးမားသော ရာဇ၀တ်မှုကြီး ဖြစ်နေသည်ကို စဉ်းစားမိကြသည်။ နူးညံ့ သိမ်မွေ.သော လိပ်ပြာကလေးကို အမြောက် နှင့် ပစ်ခတ် သတ်ဖြတ်သကဲ့သို့ ရာဇ၀င်ရိုင်းနေသည်ကို တစိမ့်စိမ့် တွေးတော၍ မြင်တွေ.မိကြသောအခါ တနေ့တွင် လူထုက ဒဏ်ခတ်လေမည်ကို ကြောက်သွေးဖြာလာကြသည်။
မတရားမှုကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူး တုန်လာကြသောအခါတွင် "တရားခံသည် မိမိ မဟုတ်ပါ" ဟု တဦးကို တဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိ အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုကြသည်။ တော်လှန်ရေးကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယ ဥက္ကဌ ဗိုလ်မူးချုပ် အောင်ကြီးတို့သည် တဦးကိုတဦး တရားခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်။ ဗမာ့တပ်မတော်ကြီး၏ ထိပ်သီးကြီးများသည် သာမန် သူခိုး၊ လူဆိုးအဖွဲ.ကလေးမျှပင် ညီညွတ်မှု မရှိ၊ အမှားကို ၀န်ခံရန် သတ္တိတစက်မှ မရှိသည့် သူရဲဘောကြောင်သူများ ဖြစ်ကြောင်း ပေါ်လွင်လာတော့သည်။
.
ထိုစဉ်က ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ အောင်ကြီးက "တကယ် အမိန့်ပေးတဲ့ စာ ယူလာပြီး မရမ်းကုန်းကို ပေးလာသူက ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂ ဖြိုဖို့ ဒိုင်းနမိုက်တွေ ဂျီအီးဖိုး အင်ဂျင်နီယာ တပ်ခွဲကို မှာယူ၊ အဲဒီမှာ မလုံလောက်လို့ စီအိုဒီ ပင်မစစ် ပစ္စည်းသိုလှောင်ရေး သွားယူခိုင်းသူဟာ ဗိုလ်ကျော်စီုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး အင်းတိုင်ကို သွားရောက် ယူရတာပါ။ ခွဲဖို့ အမိန့်ပေးသူတွေဟာ ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးကောင်စီ ဥက္ကဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့ တပ်က အင်ဂျင်နီယာတပ် ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။
အားလုံး ဒိုင်းနမိုက်တွေ ဆင်ရတာဟာ နံနက်လင်းအားကြီးမှ ဖြစ်ပါတယ်၊ လက်မှတ်ထိုးမည့် အရာရှိ ကြီးကြီးမားမား မရှိလို့ ဒုက္ခရောက်နေတုန်း လမ်းလျှောက်ရင်း ရောက်လာတဲ့ ဗိုလ်မှူးကြီးမင်းသိန်း ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးမင်းသိန်းက၀င်ပြီး ခွဲတဲ့အမိန့်ကို လက်မှတ်ထိုးပေးဖို့ ဗိုလ်ထွန်းရီ က ပြောလို့ ဗိုလ်မှူးကြီးမင်းသိန်းက လက်မှတ်ဝင်ထိုးပြီး ဒိုင်းနမိုက် ခွဲတာ ဖြစ်ပါတယ်။ တရားခံ ဖြစ်ရှာတဲ့ ဗိုလ်အောင်ကြီး ဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နှင့် ဗိုလ်ချုပ် အိမ်လိုက်အသွား ပါမောက္ခချုပ် ဆရာကြီး ဦးကာ ကို ဗိုလ်လှဟန်က `သမဂ္ဂဖြိုဖို့ အမိန့်ရတယ်´ လို့ ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုး ရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး `အဲ့ဒီကိစ္စကိုရပ်ထားပေးပါ၊ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါမယ်´ ဆိုပြီး ဟိုရောက်တော့လဲ ဘာမှ မပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူ ဖြစ်ပါတယ် " ဟု အောင်ကြီး၏ စာတမ်းတွင် ဝေ့လည်ကြောင်ပတ် ရေးသားကာ ဖြေရှင်းသည်။
.
ဗိုလ်နေ၀င်းက တဖန် အကြီမ်ကြိမ် ဖြေရှင်းသည်။ သူ၏ နောက်ဆုံးနေ့ လူထုက လက်မခံတော့သဖြင့် မဆလ ဥက္ကဌကြီး ရာထူးမှ ထွက်ပေးရသောနေ့တွင်ပင် "လူစုလူဝေးရှေ.မှာ ကျွန်တော် စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံး အကြိမ် ဖြစ်နိုင်တာမို့ ကျောင်းသားများက ကျွန်တော်နှင့် တော်လှန်ရေး ကောင်စီတဖွဲ.လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခု တင်ပြပါရစေ" ဟု ပါတီညီလာခံမှ ထပ်မံ ရှင်းပြန်၏။ တက္ကသိုလ်သမဂ္ဂ အဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဂျုလိုင် ၈ ရက်နေ့နံနက်တွင် ဖေါက်ခွဲ ဖျက်ဆီးခဲ့သည်ကို အများသိပြီး ဖြစ်ပါသည်။ ပထမ ဂျူလိုင်လ ၇ ရက်နေ့ညနေ ကျွန်တော် ဆောင်ရွက်ခဲ့သည့် အပိုင်းကို ဖေါ်ပြမှ ပြည့်စုံမည်ဖြစ်၍ ဖေါ်ပြပါမည်။
ဂျူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သေနတ်ပစ်သံ ကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေ မေးရာ ဆရာကြီး ဦးကာတို့မိသားစုအား ဘေးကင်းသည့် နေရာသို့ ပိုထားပြီဖြစ်ကြောင်း ပြောပါသည်။ `ဆူပူသူ ကျောင်းသားခေါင်းဆောင်များကို ဖမ်းမိပြီလား´ ဟု မေးရာ မမိသေးကြောင်း၊ သမဂ္ဂအဆောက်အဦအတွင်းတွင် အချို.ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရ မရှိရအောင် အောက်ပါအတိုင်း ညွန်ကြားပါသည်။
(က) သမဂ္ဂအဆောက်အဦ အတွင်းရှိ သူများကို အဆောက်အဦတွင်းမှ ထွက်ကာ အဖမ်းခံရန် အသံချဲ.စက်ဖြင့် ပြောရန်၊ ထွက်မလာပါက လက်နက်ကြီးများ သုံးမည် ဆိုသည့် အချက် ထဲ့ပြောရန်
(ခ) အသာတကြည် ထွက်၍ အဖမ်းမခံပါက ရီကွိုင်လက် ဂန်း ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါက ရီကွိုင်လက် ဂန်း သုံးရန်၊ အထက်ပါအချက်တို့ကို မမှောင်ခင် ပြီးအောင် ဆောင်ရွက်ရန်။
ဒီနေရာမှာ အရေးကြီးတာ ကျွန်တော် ပြောပါမယ်။ ဖေါက်ခွဲ ဖျက်ဆီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့တွင် ကျွန်တော်နှင့်တကွ တော်လှန်ရေးကောင်စီဝင် အချို.တို့ မပါခဲ့ပါ။ ဂျူလိုင်လ ၈ ရက်နေ့ နံနက်တွင် ဗုံးကြီးကြီး တလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟီးသံကြီး ကြားရသဖြင့် စုံစမ်းတော့မှ သမဂ္ဂအဆောက်အဦကို (ဒိုင်းနမိုင်း) တို့နှင့် ဖျက်ဆီးလိုက်ကြောင်း ကျွန်တော် သိရပါသည်။
အခြား တော်လှန်ရေးကောင်စီဝင် အတော်များများလည်း ထိုပေါက်ကွဲသံ ကြားပြီးမှ သိကြရပါသည်။
သို့သော် အသံလွှင့်ရုံတွင် တော်လှန်ရေးကောင်စီ အချို.တို့ဖြင့် ဖွဲ.စည်းထားသော လုံခြုံရေးကောင်စီအားလုံးနှင့် လုံခြုံရေးတာဝန် ယူရသော လုံခြုံရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးဘနီ၊ ထောက်လှမ်းရေး ဗိုလ်မှူးကြီးမောင်လွင် ရဲမင်းကြီး ဦးဘအေးတို့ ရောက်နေကြပါသည်။
ထို ဂျူလိုင်လ ၈ ရက်နေ့ သမဂ္ဂအဆောက်အဦကို ဖြိုလိုက်ကြောင်း သိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ `ဂျူလိုင်လ ၇ ရက်နေ့ ညနေက ကျွန်တော်က `သမဂ္ဂအတွင်း ၀င်ရောက်နေသည့် ဆူပူသူ ခေါင်းဆောင်များကို ဖမ်းဆီးရာတွင် (လိုအပ်လျှင် ရီကွိုင်းလက် ဂန်းကို သုံးနိုင်သည်) ဆိုသည့် အချက်ကို (သမဂ္ဂအဆောက်အဦကို ဖျက်ခိုင်းသည်) ဟု ယူဆသဖြင့် ဖျက်လိုက်သည်´ ဟု ဖြေပါသည်။
"ဓား ဓားချင်း၊ လှံ လှံချင်း" ဆိုသည့် စကားလုံးများ ပါသည့် ကြေငြာချက်ကို အသံလွှင့်လိုက်ပါသည်။
.
နောက် သုံးလေးလ ကြာပြီးနောက် ကျွန်တော် "အရက်မူးမူးနှင့် သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ အမိန့်ပေးသည်" ဟု နိုင်ငံခြားသတင်းစာဆရာတို့ အသိုင်းအ၀ိုင်းမှာ ပြောဆိုနေသည်ကို ကြားရ၍ ဗိုလ်ကျော်စိုးကို ကျွန်တော် အရက်မူးပြီး ဖျက်ဖို့ အမိန့်ပေးတယ် လို့ ကျွန်တော် တယောက်ထဲကို တရားခံ လုပ်ထားတယ်။ အဲ့ဒါကြောင့် ဂျူလိုင် ၇ ရက်နေ့က အဖြစ်အပျက်ကို ပြောပြခိုင်းပါသည်။ အဲ့ဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက် အမှန်ကို ပြောပြပါတော့သည်။ အရင်က တော်လှန်ရေးကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲကြတာတွေ မပေါ်အောင်လို့ ဗိုလ်ကျော်စိုးက ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်း ဖြစ်ပါသည်။
အဖြစ်အပျက် အမှန်မှာ ထို ဂျူလိုင် ၇ ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တဦးတယောက်က ဖျက်ပစ်လျှင် ကောင်းမည်ဟု ပြောရာမှ ဖျက်သင့်၊ မဖျက်သင့်ကို ဆွေးနွေးကြပါသည်။ နောက်ဆုံး ဗိုလ်ချုပ်ကို အသိပေးပြီး ဗိုလ်ချုပ် သဘောတူလျှင် ဖျက်မည်ဟု ဆုံးဖြတ်ကြပါသည်။
ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီး တင်ပြမည်၊ သဘောတူ၊ မတူ အဖြေကို သူ ယူခဲ့မည်ပြောပြီး ကိုလှဟန်ကို ခေါ်၍ ကားနှင့် ထွက်သွားပါသည်။
ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး `ဗိုလ်ချုပ်က သဘောတူလိုက်ပြီ´ ဟု ပြောသဖြင့် အသံလွင့်ရုံရှိ လူသိုက်တို့ သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများ စုပြီး ဖျက်ပစ်လိုက်ပါသည်။
ထိုအဖြေကို ရပြီးနောက် ဗိုလ်အောင်ကြီး မပါပဲ ကျန်တော်လှန်ရေးကောင်စီဝင်များကို ခေါ်၍ `ဗိုလ်အောင်ကြီး ကျွန်တော်ကို မတင်ပြပဲနှင့် ကျွန်တော်၏ သဘောကို မမေးပဲနှင့် အသံလွှင့်ရုံရှိ လူသိုက်ကို ကျွန်တော် သဘောတူလိုက်သည်ဟု ပြောသည့်´ အကြောင်း တင်ပြခဲ့ပါသည်။ ............" ဟု ဗိုလ်နေ၀င်းက တိုင်းပြည်သို့ ရှင်းပြသည်။
ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေ လင်္ကာ စာတန်းကြီးမှာ ကာရန်မပါ စာသားမချောပါ။ အဖြစ်မှန်ကို ကိုယ်တွေ.မျက်မြင် သိရှိခဲ့သော သတင်းထောက်များအဖို့ ဗိုလ်နေ၀င်း၏ စာရှည်ကြီးကို လုံးစေ့ပတ်စေ့ ဖတ်ပြီး ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးနှင့် တော်လှန်ရေးကောင်စီဝင် စစ်ဗိုလ်ကြီးများသည် လမ်းကြိုလမ်းကြားမှ ခါးပိုက်နှိုက်အဖွဲ.၏ အဆင့်ပင် မရှိ။ အရေးကြုံက မိမိ ကိုယ်လွတ်ရုံးကာ လွယ်ကူစွာ လုပ်ဖေါ်ကိုင်ဖက်ကို တရားခံဟု လက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြသည်ကို သိသာထင်ရှားစွာ မြင်တွေ.ကြရပေသည်။
.
ဂျူလိုင် ၇ ရက် သွေးချောင်းစီး လူသတ်ပွဲကြီးနှင့် ပတ်သက်၍ --
(က) ဗိုလ်နေ၀င်းက `စောစောက မသိ၊ သေနတ်သံကြားမှ သိရသည်´ ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသား ဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့ အသံလွှင့်ခွက်နှင့် လွှင့်ကြားပေးသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်မိန့် ထုတ်သည်မှာ ဗိုလ်နေ၀င်း ကိုယ်တိုင် ဖြစ်သည်။
(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင်က `မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အရ ပစ်မိန့်ပေးခဲ့ပါသည်´ ဟု မဆလပါတီ ပျက်သောအခါတွင် ဖြေရှင်း ဖေါ်ထုတ်ခဲ့သည်။
(ဂ) ကျောင်းသားများ လက်ချက်နှင့် ရဲ ၇ ဦး၊ ၈ ဦး ဒဏ်ရာရရှိသည် ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားဖြစ်သည်။ အဆောင်ဝင်းတံခါး မှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိ စစ်တပ်က ပစ်ခတ် သတ်ဖြတ်ချိန်တွင် တက္ကသိုလ် ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ၊ ကျောင်းသားတို့က ရဲတို့အား ရန်ပြုရန် မဖြစ်နိုင်။
(ဃ) တကသ အဆောက်အဦ မျက်နှာကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန် ဦးတည်ချက်ဖြင့် `အဆောက်အဦကြီးကို ဖျက်စေ´ အမိန့်ပေးသူမှာ ဗိုလ်နေ၀င်း ဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန် ပြောသော ဒုတိယစစ်ဦးစီးချုပ် ဗိုလ်အောင်ကြီးလည်း တာဝန်ရှိသည်။
(င) တကသ ကို ဖျက်ဆီးပြီး နောက်တနေ့ နံနက် ဘာကြောင့် ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေငြာချက်တွင် `တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကို ပြင်ရမည့် တာဝန်သည် မိမိတို့ အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အား တစိတ် တဒေသကို သုံး၍ ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်´ ဟု သတင်းစာတို့မှ ထုတ်ပြန်ခဲ့ပါလျှက် တော်လှန်ရေးကောင်စီ ဥက္ကဌက `မိမိ မသိပါ၊ မိမိ ပါဝင်ခြင်း မရှိပါ´ ဟု ပြောသည်မှာလည်း မဟုတ်မမှန်သော မုသားဟု ထင်ရှားသည်။
(စ) `ယခုဖြစ်ပျက်သည့် ကိစ္စသည် ကျောင်းသားကိစ္စ တခုတည်း မဟုတ်ပဲ နိုင်ငံရေး အမှောင့်ပရောဂ ဖမ်းစားတယ် ဆိုတာ ကျွန်တော်တို့ ရိပ်စားမိပါတယ်´ ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင် အသံလွှင့်ချက်၌ ကျောင်းသားတို့နောက်မှ ဗကပ တို့ ပါလေဟန် ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက် ဖြစ်သည်၊ ထိုအချိန်က ဗိုလ်နေ၀င်းက မြို.ပေါ်ရှိလက်နက်ချ ဗကပ များကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပ များ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန် ဖြစ်သည်။ ကျောင်းသားတို့ လှုပ်ရှားမှုသည် ပြင်ပ ပယောဂ မပါသည်ကို သိပါလျှက် သတ်ဖြတ်မှုကြီး နှင့် ဖျက်ဆီးမှုကြီးကို လူထုက လက်ခံအောင် လီဆယ်ပြောဆိုချက်သာ ဖြစ်သည်။
.
(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက် "ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ် ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြောတော့ပါဘူး၊ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ဆိုင်ဘို့သာ ရှိပါတော့တယ်" ဟုပြောသည်မှာ ဒေါသသံနှင့် တုံရီနေသည်ကို ကြားရသူ လူထုက သိရှိ နားလည်ကြသည်။ ဗိုလ်နေ၀င်း ရာထူးမှ ဆင်းပေးရသော ၈၈ ခုနှစ်က `စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်သည်။ မိုးပေါ်ထောင်ပြီး ဖေါက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့´ ဟု ပြောခဲ့သော မိန့်ခွန်းမှာ အသံ တမျိုးတည်း ရှိသည်ကို လူထုက သတိရကြသည်။
(ည) ထိုစဉ်က လက်တွေ. သတ်ဖြတ် ရုံမျှမက နှုတ်မှလည်း စစ်ကြေငြာခဲ့ပါလျှက် နောက်ပိုင်းမှ သူသတ်သည်၊ ငါသတ်သည်၊ သူဖျက်သည်၊ ငါဖျက်သည် ဟု တဦးကို တဦးက လက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေကာမူ၊ ခေါင်းရှောင်ကြစေကာမူ ဗိုလ်နေ၀င်းသည် အဓိကတရားခံ ဖြစ်သည်ကို လူထုက မေ့မရနိုင်ပေ။
ဤအချက်များကို ထောက်ရှု၍ တပ်မတော်ကြီးကို ဦးစီးကြသော ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများသည် ဘိန်းစား ခါးပိုက်နှိက် အဖွဲ.၀င်တို့မျှပင် သတ္တိမရှိဘဲ လွန်စွာ သူရဲဘောကြောင်ကြသည် ကို သိသာထင်ရှားစွာ မြင်သိနိုင်ကြပေသည်။
ဗိုလ်နေ၀င်း နှင့် စစ်ဗိုလ်တစုသည် အင်္ဂလိပ် နယ်ချဲ.ကို တိုက်ခဲ့သော ကျောင်းသား နိုင်ငံရေးလှုပ်ရှားမှုများတွင် သူတို့ ပါဝင်ခဲ့ခြင်း မရှိသဖြင့် ကျောင်းသားများ၏ လွတ်လပ်ရေးတိုက်ပွဲ ကဏ္ဍကို သမိုင်းမှ ဖျောက်လိုကြသည်။
သမဂ္ဂအဆောက်အဦကို အယူသီး ဘာသာခြားတဦး အခြားဘာသာ အဆောက်အဦကို မမြင်လိုကြသကဲ့သို့ ဖျက်ဆီးခဲ့ကြသည်။ ကျောင်းသားခေါင်းဆောင်များ သမဂ္ဂ၌ ပုန်းနေကြသည်ဟု သတင်းရသဖြင့် သတ်ဖြတ်ရန် သွေးဆာနေသောကြောင့် ဖျက်ဆီးကြသည်။
.
နိုင်ငံ တည်စမှ စတင်ပြီး တပ်မတော်သည် ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီး တို့ကဲ့သို့ သူရဲဘောကြောင်ပြီး ဗိုလ်နေ၀င်းနှယ် လောဘရမက် လွန်ကဲသူတို့၏ လက်တွင်းသို့ ကျရောက်ရသည်မှာ နိုင်ငံ၏ ကံကြမ္မာသာ ဖြစ်ချေတော့၏။ ဗိုလ်နေ၀င်းသည် လူသတ်ပွဲကြီး အပြီးတွင် ခေါင်းရှုတ်သဖြင့် အပန်းဖြေဦးမည်ဟု ဆိုကာ ဥရောပသို့ ဂျူလိုင် ၉ ရက်နေ့က အပန်းဖြေခရီး ထွက်သောအခါ ဗိုလ်အောင်ကြီးအား တိုင်းပြည်ကို အပ်၍ မင်းပဲကြည့်လုပ်တော့ကွာ ဟု တာဝန်ပေးအပ်ခဲ့သည်။ ဥရောပသွား ဗိုလ်နေ၀င်းည် အမှန်တကယ် အပန်းဖြေသွားသည် ဖြစ်၏။
မြန်မာနိုင်ငံတွင် မြင်းပွဲများ ကျင်းပခြင်းမပြုရ ဟု တော်လှန်ရေးကောင်စီဥက္ကဌ အာဏာဖြင့် ဗိုလ်နေ၀င်း ကိုယ်တိုင် အမိန့်ထုတ်ခဲ့သည်။ သို့သော် ဗိုလ်နေ၀င်းသည် ငယ်စဉ်ကပင် လောင်းကစား ၀ါသနာထုံခဲ့သောကြောင့် လောင်းကစားပွဲ မသွားရသဖြင့် ပျင်းရိ ငြီးငွေ.စေသည်။ အပန်းဖြေခရီး ကို အင်္ဂလန်ပြည်၊ လန်ဒန်မြို.သို့သွားကာ မြင်းပြိုင်ပဲ ခွေးပြိုင်ပွဲများသို့ သွားရောက် လောင်းကစားခြင်းဖြင့် အပန်းဖြေခဲ့သည်။ ထိုခရီးပြီး နောက်နှစ်များတွင် တနှစ်လျှင် ငါး ကြီမ်နှုန်းခန့် ဥရောပသို့သွားကာ လောင်းကစားပွဲများ အပန်းဖြေလေ့ရှိခဲ့သည်။
ကျောင်းသားများကို သတ်ဖြတ်၍ တက္ကသိုလ်သမဂ္ဂကို ဖျက်ဆီးပြီး ဥရောပသို့ အပန်းဖြေ မထွက်မှီကလေးတွင် ဗိုလ်နေ၀င်းက ကျောင်းသားများအား မအေ၊ နှမ ရိုင်းစိုင်းစွာ ဆဲဆိုကာ အမိန့်ပေးခဲ့သေးသည်။ ဗိုလ်နေ၀င်းက "မအေ --ိုး တွေ ၊ ကျောင်းမတက်ကြစေနဲ့၊ တက္ကသိုလ်အားလုံး ပိတ်ထား......." ဟု သားသမီးချင်း ကိုယ်ချင်း မစာမနာ အမိန့်ထုတ်ခဲ့သည်။ ဗိုလ်နေ၀င်း၏ခေတ် တလျှောက်လုံး ကျောင်းသားလှုပ်ရှားမှု ပေါ်တိုင်း တက္ကသိုလ်များကို နှစ်ရှည်လများ ပိတ်ရန် အမိန့်ထုတ်လေ့ ရှိရာ ဗိုလ်နေ၀င်း၏တပည့် စစ်အစိုးရများကလည်း ထိုလမ်းစဉ်ကို ဆက်လက် ကျင့်သုံးကြသဖြင့် စစ်အစိုးရများခေတ်၌ ပေါက်ဖွားသည့် မြန်မာလူငယ်များ အထက်တန်းပညာ မတတ်ကြပဲ လူညွန့်တုံးကြရရှာလေသည်။
Credit / ကိုရဲသူရိန်မင်း
(ဧရာဝတီဘလော့မှ ကူးယူ ဖော်ပြပါသည်။)
Post a Comment