မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ


စအိုပေါက်မပါသည့်ကလေးတစ်ဦး စေတနာရှင်များ၏အကူ အညီကို လိုအပ်နေကြောင်း သိရသည်။
ကလေးမြို့၏မြောက်ဘက် ၁၄မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်း စံပြကျေးရွာနေ အဖဦးငွန်တောင်းလိန်နှင့် အမိဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေးတစ်ဦးမွေးဖွားခဲ့ပြီး အဆိုပါကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ဆေးရုံ၌သွားရောက်ဆေးကုသရာ ဆေးရုံမှဆရာဝန်များက ကလေး၏ဗိုက်ကိုအပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။
၂၀၀၉ခုနှစ် သြဂုတ် ၅ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ်အပေါက်ဖောက်ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှဖောက်၍ထုတ်ထားသော အူမကြီးကို ဗိုက်ထဲပြန်ထည့်ပြီး ပုံမှန်အတိုင်းဖောက်ထား သည့် စအိုပေါက်နှင့်ဆက်သွယ်ရန်အတွက် ကလေးအားနည်းနေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။
ကလေးအား အာဟာရရှိသောအစားအစာများကျွေးရန် ဆရာဝန်များက ညွှန်ကြားထားသော်လည်း မိဘများမှာ ငွေရေးကြေးရေးတတ်နိုင်မှုမရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေးပြုစုထားသည်။ ကလေးဆေးကုသမှုစရိတ်လည်း လိုအပ်နေရာ စေတနာ ရှင်များအနေဖြင့် ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တောင်း ဖုန်း- (တစ်ဆင့်) ၀၇၃-၂၂၀၀၇ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။ (ရန်ကုန်တိုင်း(မ်) ဂျာနယ်)

ကိုဝဏ္ဏဘလော့ဂ်မှာ တင်ထားတာ တွေ့လို့ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ ကလေးလးအတွက် ငါးပြားနိုင်ငါးပြား ဆယ်ပြားနိုင်ဆယ်ပြား ကူညီလှူဒါန်းသည့် စေတနာရှင်များ ပေါ်ထွက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အောက်ဆုံးပိုဒ်

5 comments:

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံကို ၅ ရက်တာခရီးမသွားခင်ကတည်းက နေပြည်တော်အတွင်း တိုင်းမှူးတွေ နဲ့ စစ်တိုင်းမှူးတွေဟာ နိုင်ငံတကာဖိအားတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အရေး ဆွေးနွေးကြရာမှ အခုလို ပြသနာကြီးထွားသွားရခြင်းဖြစ်ကြောင်း သတင်းထွက်ပေးနေပါတယ်။ ဒါပေမဲ့ ရွေေးကာက်ပွဲကော်မရှင်က နေပြည်တော်ရဲ့ တပ်တွင်းပြသနာများကို ပြည်သူတွေနှင့် နိုင်ငံတကာက မရိပ်မိအောင် ရွေးကောက်ပွဲနေ့ရက်ကို ကြေညာတော့မယ် ဆိုပြီး အသံတွေထွက်ပေးနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ အာဏာအရှိဆုံးဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ခရီးစဉ် တလျောက်လုံးဘာမှ ထုတ်ဖေါ်မပြောဘဲ နေခြင်းကိုကြည့်ပြီး သိသာနိုင်ပါတယ်။ နေပြည်တော်က အာဏာသိမ်းရန်ကြိုးစားနေတာကို စုံစမ်းခိုင်းနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ တိုင်းမှူးဝေလွင်ကတော့ အခုအချိန်ထိ နေပြည်တော်မှာ လုံခြုံရေးအပြည့်နဲ့ နေရာယူထားကြောင်း ကြားသိရပါတယ်။

30 Jul 10, 01:18
ကိုဇော်: အမရေ အလည်လာခဲ့ပါတယ် ခလေး သတင်းကို စိတ်မကောင်းစွာ လာဖတ်သွားပါတယ်ဗျာ

ကိုဇော်တယောက်ပဲ ဒီပို့စ်နဲ့ ပတ်သက်ပြီး နှုတ်ဆက်ခဲ့ပေမဲ့ ဒီပို့စ်ကို တင်ပြီး ၂၄ နာရီအတွင်းမှာ လူခုနှစ်ရာခန့် လာလည်သွားပြီး အကြိမ် တထောင်ကျော် ၀င်ကြည့်သွားတော့ ဒီကလေးရဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး အတော်လေး စိတ်ဝင်စားကြတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ကလေးအတွက် အကူအညီပေးလိုသူများ အောက်က ဖုန်းနံပါတ်အတိုင်း ဦးငွန်တောင်းလိန်ကို ခေါ်ပေးပါလို့ ပြောရင် ငါးမိနှစ်အတွင်း သွားခေါ်ပေးပါတယ်။ အကူအညီပေးလိုသူ စေတနာရှင်များအနေနဲ့ ကလေးအဖေ ဦးငွန်တောင်းလိန်ရဲ့ မှတ်ပုံတင်နံပါတ်ကို တယ်လီဖုန်းဆက်မေးပြီး မြန်မာပြည်မှာ ဘဏ်ရှိတဲ့ ဘယ်နေရာကဖြစ်ဖြစ် ကလေးမြို့က ရိုးမဘဏ်ကို ပိုက်ဆံလွှဲလို့ ရပါတယ်။ ပိုက်ဆံလွှဲထားပြီ ဆိုတာ အကြောင်းကြားလိုက်ရင် ကလေးမြို့က ရိုးမဘဏ်မှာ သူ့မှတ်ပုံတင်ပြပြီး သွားထုတ်ပါလိမ့်မယ်။

ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တောင်း ဖုန်း- (တစ်ဆင့်) ၀၇၃-၂၂၀၀၇ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

မငယ်ရေ..ဝမ်းသာစရာ လာပြောတာပါ..။

ဒီကနေ့ အခမ်းအနားမှာ တက်လာတဲ့ သူငယ်ချင်း မိတ်ဆွေ တွေဆီကနေ ကလေးလေးအတွက် လောလောဆယ် ကောက်ခံလို့ရတာ ခရိုနာ (၁၇၅၀) ရပါတယ်.. လာမဲ့ အပါတ် ဝါဆို သင်္ကန်းကပ်ရင်လည်း အသစ်ထပ်လာရင် ထပ်ကောက်လို့ရရင် ပြောအုံးမယ်..။

သာဓုခေါ်ပေးပေါ့.. နိုင်သလောက်ပေါ့နော်..။ ငွေကိုတော့ ဒီကနေ ထိုင်းသွားမဲ့ လူကြုံ တယောက်က ယူသွားပေးမယ်..။ ဆိုတော့ ပို့ခ မကုန်တော့ဘူး..။ ဘာပဲပြောပြော ဒီလောက် ဝိုင်းကူတာလည်း ကျေးဇူးတင်စရာပါပဲ..။ တင်ပေးတဲ့ မငယ် ကိုလည်း ကျေးဇူးပါ..။ ကလေးအတွက်လည်း နဲနဲပါးပါး အထောက်အကူ ပြုလည်း မဆိုးဘူးပေါ့..။

သူငယ်ချင်း ဗေဒါ (၈၈)

မငယ်ရေ..ဝမ်းသာစရာ လာပြောတာပါ..။

ဒီကနေ့ အခမ်းအနားမှာ တက်လာတဲ့ သူငယ်ချင်း မိတ်ဆွေ တွေဆီကနေ ကလေးလေးအတွက် လောလောဆယ် ကောက်ခံလို့ရတာ ခရိုနာ (၁၇၅၀) ရပါတယ်.. လာမဲ့ အပါတ် ဝါဆို သင်္ကန်းကပ်ရင်လည်း အသစ်ထပ်လာရင် ထပ်ကောက်လို့ရရင် ပြောအုံးမယ်..။

သာဓုခေါ်ပေးပေါ့.. နိုင်သလောက်ပေါ့နော်..။ ငွေကိုတော့ ဒီကနေ ထိုင်းသွားမဲ့ လူကြုံ တယောက်က ယူသွားပေးမယ်..။ ဆိုတော့ ပို့ခ မကုန်တော့ဘူး..။ ဘာပဲပြောပြော ဒီလောက် ဝိုင်းကူတာလည်း ကျေးဇူးတင်စရာပါပဲ..။ တင်ပေးတဲ့ မငယ် ကိုလည်း ကျေးဇူးပါ..။ ကလေးအတွက်လည်း နဲနဲပါးပါး အထောက်အကူ ပြုလည်း မဆိုးဘူးပေါ့..။

သူငယ်ချင်း ဗေဒါ (၈၈)

သူငယ်ချင်းရေ သာဓု သာဓု သာဓုပါ။ ပိုက်ဆံပို့ရင် ကလေးမြို့က ရိုးမဘဏ်ကို ပို့မှရတယ်နော့်။ အဲဒါ ယူသွားပေးသမားကို အသေအချာ ပြောပြပါ။ မပို့ခင် ဖုန်းဆက်ပြီး သူ့မှတ်ပုံတင် နံပါတ်မေးပါ။ ပြီးတာနဲ့ ပို့ရင် ဘဏ်မှာ အဲဒီမှတ်ပုံတင်နံပါတ်နဲ့ လူနာမည်ကို ပြောပြီး ပို့ရတယ်။ ပြီးရင် ပိုက်ဆံပို့ပြီးကြောင်း အကြောင်းကြားလိုက်ရင် သူက ကလေးမြို့က ဘဏ်မှာ မှတ်ပုံတင် ယူပြီး သွားထုတ်ရတယ်။